ဇာတ်ကားရိုက်ကူးမှုများကိုရပ်နားလိုက်ပြီး
တခြားအနုပညာအလုပ်များ ဆက်လက်လုပ်ကိုင်နေသော မယ်လိုဒီသည်
ကိုရီးယားဖျော်ဖြေရေးပွဲတွင် သီချင်း အသစ် ၄ ပုဒ်သီဆိုခဲ့ကြောင်း
သူမကပြောသည်။
“အားပေးတဲ့ ပရိသတ်တွေ အရမ်းယဉ်ကျေးတယ်။ အရမ်းလည်းနွေးထွေးတယ်။ သူတို့ လိုက်ဆိုလို့ရတဲ့ သီချင်းဆိုလိုက်ဆိုပေးတယ်။ မျိုးဆိုအဲဒီမှာဆိုတာ သီချင်းအသစ်ပဲ ၄ ပုဒ်၊ အသစ်ဆိုတော့ ကိုယ့်အသိုင်းအ၀ိုင်းထဲက မကြားဖူးတဲ့သီချင်းဖြစ်သွားတာပေါ့ နော်။ သူတို့မသိတဲ့သီချင်းအသစ် ၄ ပုဒ်ကိုလည်း ငြိမ်ပြီးနားထောင်ပေးတယ်။ များသောအားဖြင့် ပျော်ချင်လို့လာကြတာလေ။ သီချင်းအသစ်တွေဆိုတချို့တွေ သိပ်ပြီးနားမထောင်ချင်ဘူး။ အော်တာ ဟစ်တာတို့ရှိတယ်။ သူတို့က အဲလိုမျိုးမရှိဘူး”ဟု မယ်လိုဒီကပြောသည်။

မကွေးမြို့ ပြည်တော်သာလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ
ကောင်းမွန်ရေသန့်စက်ရုံတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီ မိနစ်
၅၀အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရေသန့်စက်ရုံ
အတွင်း ရေသန့်ဘူး၊ အဖုံး တို့ကို ပါကင်ပိတ်ရာတွင် အသုံးပြုသော အပူပေးစက်၏
ဝါယာကြိုးမှ အပူချိန်များ၍ ၀ါယာရှော့ဖြစ်ရာမှ
စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားဧည့်သည်တစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက
စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း
စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့ သိရတယ်။

အမေရိကန်မှ နာမည်ကျော်ဆပ်ကပ်ပညာရှင် နစ်ခ်ဝါလန်ဒါသည်
နိုင်ယာဂါရာရေတံခွန်ကိုဖြတ်ပြီး ကြိုးတန်းလျောက်ရန်
ခွင့်ပြုချက်ရသွားပြီဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက်
မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်က
စစ်ရေးပြပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။