menu

Tuesday 5 June 2012

ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း

တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားးခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး

သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား
အလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။

မြန်မာအလုပ်သမား တစ်ထောင်ကျော် ခန့် ရှိသည့် အဆိုပါ အလုပ်ရုံတွင်ယမန်နေ့ က
ကမ္ဘောဒီးယားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ရိုက်ကြရာ မြန်မာအလုပ်သမား
၁၀ဦးခန့် ဒါဏ်ရာရရှိသွားပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးမိုးဆိုသူမှာ ယနေ့ နံနက်ပိုင်းက
ဆေးရုံတွင် သေဆုံးသွားကြောင်းအလုပ်သမား ကိုလွင်ကပြောသည်။ ၀ိုင်းရိုက်သည့်
ကမ္ဘောဒီးယားလူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း အလုပ်သမားများကပြောသည်။

မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်းသတ်မှတ်ချက် ထုတ်ပြန်





မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်း သတ်မှတ်ချက်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ တင်သွင်းလာမည့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး လေယာဉ်များ၏ အသုံးပြုနိုင်မည့် သတ်တမ်းသတ်မှတ်ချက်မှာ လေယာဉ် ထုတ်လုပ်ခဲ့သည့်နေ့မှ စတင်ကာ နှစ်ပေါင်း ၂၀ အတွင်း(သို့) လေ ယာဉ်ဆင်းသက်သည့် အကြိမ်အရေအတွက် ငါးသောင်း ပြည့်မြောက်သည်အထိသာ အသုံးပြုရမည် ဖြစ်သည်။

ဆန္ဒပြမှု ဖြစ်ပွားနေသောအစ္စလာမ်ဘာသာဝင်များကို ထောင်ချောက် အတွင်း မသက်ဆင်းမိရန် ကိုမြအေးက ပြောဆို

ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း လည်း ပြောဆိုသွား ပြီး ယနေ့ထုတ် သတင်းစာတွင် သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆို သည့် စကားလုံး ကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆို သွားသည်။

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ(ဒေါက်တာဇော်မြင့်နီ)

လေထုညစ်ညမ်းမှုနှင့် အက်ဆစ်မိုး ရွာသွန်းမှုများမှာ လာမည့်နှစ်ကာလများတွင် မြန်မာ့ရေမြေအတွက် စိန်ခေါ်နေသော ပြဿနာများဖြစ်လာနိုင်သည်  . . .

 
ရွှေလီမြစ်ဝှမ်းအတွင်း ရွှေတူးဖော်ရာမှ ထွက်ရှိသည့် မျောစာများဖုံးလွှမ်းသဖြင့် လယ်မြေများ ပျက်စီးမှုမြင်ကွင်း
၂၀၀၀ ပြည့်နှစ်လောက်က ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် ဌာနတွင်း စာတမ်းဖတ်ပွဲများကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပခဲ့ရာ မိမိလည်း ပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းလေးတစ်ခု ဖတ်ဖြစ်ခဲ့သည်။
စာတမ်းတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ၎င်းတို့ဖြစ်ပေါ်ရ ခြင်း၏ အကြောင်းရင်းများ ထိုစဉ်က မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အခြေအနေများကို စု၊တု၊ ပြု၍ အကျဉ်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ပါမောက္ခဒေါက်တာဦးသိန်း (ငြိမ်း)ပြုစုပြီး အခြေခံပညာဦးစီးဌာန အလယ်တန်း အထွေထွေသိပ္ပံဘာသာရပ်တွင် ပြဋ္ဌာန်းထားသည်။ ''မြေကမ္ဘာ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း''အခန်းတွင် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အဓိက ဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

ဆန္ဒပြသူများကို သတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် အီဂျစ်သမ္မတဟောင်း မူဘာရက်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်




ကိုင်ရိုမြို့ရှိ တဟီရာရင်ပြင်တွင် မူဘာရက် ဆန့်ကျင်သူများက ဇွန်လ ၂ ရက်တွင် ဆန္ဒပြနေစဉ်
၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော ၁၈ ရက်ကြာမြင့်သည့် အီဂျစ်လူထု ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများ အသတ်ခံရမှုတွင် ပါဝင်မှု စွဲချက်ဖြင့် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်ကို အီဂျစ်တရားရုံးတစ်ခုက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ မူဘာရက်သည် ယင်းစွဲချက်ဖြင့် သေဒဏ်ကျခံရနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၈၁ ခုနှစ်တွင် နိုင်ငံကို စတင်အုပ်ချုပ်ခဲ့ပြီး အနှစ် ၃၀ ခန့်အုပ်စိုးခဲ့သော မူဘာရက်၏ အမှုကို ရုံးတင်စစ်ဆေးမှု ၁၀ လခန့် ကြာမြင့်ခဲ့ကာ ဇွန်လ ၂ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ

- တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။

နူကလီးယား အစီအစဉ်အားလုံး ဖျက်သိမ်းထားကြောင်း မြန်မာကာကွယ်ရေးဝန်ကြီးပြော

မြန်မာအစိုးရရဲ့ နူကလီယား သုတေသန အစီအစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှလုံခြုံရေးဆိုင်ရာ ညီလာခံမှာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စကားပြန်ကနေတဆင့် ရှင်းလင်းပြောခဲ့တာပါ။ မြန်မာအစိုးရဟာ မြောက်ကိုရီးယား ရဲ့ အကူအညီနဲ့ နူကလီးယား လက်နက်တည်ဆောက်ဖို့ နည်းပညာ အကူအညီ ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပါတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့မှုများအား အောက်ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေး (၂၇)နှစ်၊ (ဘ)ဦးလှတင်သည် ကျောက်နီမော် ကျေးရွာ၊ စံပြရပ်ကွက်တွင် စက်ချုပ်သင်ပြီး နေအိမ်သို့ ပြန်လာစဉ် ကျောက်နီမော် ကျေးရွာ၊ ကျောက်ထရံ ရပ်ကွက်နှင့် ချောင်းဝရွာသို့ သွားသော တာဘောင်လမ်းဘေးရှိ ကုက္ကိုလ်ပင်အနီး ပြာတော၊ ဒီရေတောတွင် ၄င်းအား အမည်မသိ လူများက ဓားဖြင့်ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လူသတ်မှု သတင်းကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးဝင်းမောင်က ကျောက်နီမော် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ရာ ရဲစခန်းမှ ပထမ သတင်းပေး တိုင်ချက် အမှတ် (ပ)၂၃/ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၈၂ လူသတ်မှု၊ လုယက်မှုအရ အမှုဖွင့် ဆောင်ရွက်ခဲ့ပါတယ်။ အမှုနှင့် ပတ်သက်၍ တရားခံများအား အချိန်မီ ဖမ်းဆီးနိုင်ရေးအတွက် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုးနှင့် အဖွဲ့သည် မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိပြီး ဆက်စပ် သတင်းဖော်ထုတ်ခဲ့ရာ မင်္သကာသူများ ဖြစ်ကြတဲ့ ထက်ထက်(ခ)ယော်ရှီး၊ (ဘ)ဦး ကျော်သောင်း၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်နေ ရော့ပီး (ဘ)ဆွေရွစ်တမောက်၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် သာယာရပ်နေ ခိုချီး (ဘ)အကွက်ချေ  ဘင်္ဂါလီအစ္စလာမ်၊ တို့သုံးဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ

(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။
AFP
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ၆ ရက်တာ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာစဉ်။
ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်း ထိုင်းအာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။
ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ  ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကိုလိုက်ပါသွားတဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက RFA ကို  ပြောပါတယ်။

တောင်ကုတ်-ရန်ကုန် ခရီးသည် အနည်းဆုံး ၈ ဦး လူအုပ်စု၏ သတ်ဖြတ်ခြင်းခံရ


ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။

ကျောက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။
ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ အဓိကရုဏ်းဖြစ်ပွား၊ စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူ ပျောက်ဆုံးရာမှ စတင်ခဲ့ခြင်းဖြစ်




rakhine1
ရဲစခန်းရှေ့တွင် လာရောက် တောင်းဆိုနေကြသော စစ်တွေ ဒေသခံများကို တွေ့ရစဉ်
စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ ညပိုင်းတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပြီး စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုရထံ တင်ပြပေးခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ (၃)ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်တွေမြို့ နာဇီရပ်ကွက်မှ  ဦးအောင်သန်းဝေ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၄င်း၏မိသားစုနှင့် ဆွေမျိုးများသည် အမှတ် (၁) ရဲစခန်းရှေ့သို့ သွားရောက်တိုင်တန်းခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis