menu

Monday 3 September 2012

နိုင်ငံခြားဧည့်သည်အတွက် ကန့်သတ်နယ်မြေသစ် ၅ ခု

(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

မြန်မာပြည်က မြို့တချို့ကို နိုင်ငံခြားဧည့်သည် သွားခွင့် ပိတ်ထားတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

''သြဂုတ်လကုန်ပိုင်းလောက်မှာ ဟိုတယ်နဲ့ခရီး ဝန်ကြီးဌာနက အသင်းကို ညွှန်ကြားချက် ပို့ထားပါတယ်။ ရခိုင်ပြည်နယ်က နေရာတချို့နဲ့ ရှမ်းပြည်နယ်က နေရာတချို့ကို နိုင်ငံခြားသားဧည့်သည်များ သွားခွင့် မပြုတော့တဲ့အကြောင်း ညွှန်ကြားချက်ထဲမှာ ပါတယ်''လို့ သူက ရှင်းပြပါတယ်။

ပိတ်ထားတဲ့နေရာတွေကတော့ ရှမ်းပြည်နယ်က မိုင်းလားမြို့၊ ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦး စတဲ့နေရာတွေဖြစ်တယ်လို့ သိရတယ်။

ပိတ်ထားတဲ့နေရာထဲမှာ ငပလီ မပါဘူး လို့ ဆိုပါတယ်။

မေတ္တာဖြင့် နှောင်ဖွဲ့သော ကရင်ရိုးရာ လက်ချည်ပွဲ(နှင်းပန်းအိမ်)

 “ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်း ရှိတယ်” လို့ ကျမ မှတ်သားခဲ့ဖူးပါတယ်။ သဘာဝတရားနဲ့ ယှဉ်တဲ့ အရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဒီသဘာဝတရားတွေကို ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့တွဲပြီး ယဉ်တွဲဖေါ်ပြခဲ့တဲ့ ဝါခေါင်လပြည့် ကရင်ရိုးရာ လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နို့ဖိုးဒုက္ခ သည်စခန်းထဲ မှာ ကျင်းပခဲ့ပါတယ်။

မိုးဖွဲ မှုန်မှုန်တွေကြားမှာ ရိုးရာဝတ်စုံ ဝတ်ထားတဲ့ အဘိုးအဘွားတွေ လူကြီးလူငယ် ပျိုရွယ်သူတွေ စခန်းရုံးထဲမှာ ကျင်းပမယ့် လက်ချည်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ စခန်းရုံးထဲမှာ လူတွေ အပြည့်ပါပဲ။ နိုင်ငံခြားသားတွေလည်း ကရင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝိဉာဉ်ခေါ်မယ့် စကောတွေရှေ့မှာ အဘိုးအဘွားတွေနဲ့ လူငယ်
ယောက်ျားလေး မိန်းကလေးတွေနဲ့ အတူ ထိုင်နေကြပါတယ်။


စားပွဲရှည်ကြီးပေါ်မှာ စကောအချပ်ပေါင်း ၃ဝ လောက် ရှိပါတယ်။ ကြံကို အခွံခွာပြီး ပိုင်းထားတဲ့ ကြံဆစ်ပိုင်းတွေ၊ ငှက်ပျောတဖီး၊ ထမင်း ခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်၊ ဝါးရေခွက်၊ ဝါးယောက်မ၊ ချည်ဖြူလုံးတွေ ပန်းနုနွယ်အညွှန့်
တွေကို စကောထဲ စုထည့်ထားတယ်။

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ


ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။

ယခုလ ၁ ရက် နေ့မှစတင်၍ အစိုးရတပ်အင်အား မြစ်ကြီးနား၊ ဖားကန့်ကားလမ်းအတိုင်း အရပ်ဝတ်ဖြင့် လာရောက်
ဖြည့်တင်းနေပြီး ဖားကန့်၊ ဆိုင်းတောင်၊ လောန်ခန် စသည့်နေရာများ အပါအဝင် နေရာအနှံ့ အနည်းဆုံး စစ်သား ၅ဝ မှ ၂ဝဝ ကြား ရှိနေသည်ဟု KIA စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

“တရက်နေ့ နှစ်နာရီကနေ အစိုးရတပ် ၆ဝ လောက် ကားနှစ်စီးနံ့ မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လာတယ်။ ဘယ်တပ်ရင်းဆိုတာ မသိသေးဘူး။ အားလုံးအင်အား ဘယ်လောက်ဆိုတာ ခန့်မှန်းရခက်တယ်။ တနေရာမှာ ၅ဝ ကနေ ၂ဝဝ ကြားရှိတယ်။ သူတို့က အရပ်ဝတ်နဲ့ ဒေသခံတွေနဲ့ရောပြီး တက်လာတာ”ဟု KIA တပ်သားတဦးက ပြော သည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စ စစ်ဆေးရေးအဖွဲ့ဥက္ကဌအစားထိုးပြောင်းလဲ"

နိုင်ငံ တော်ဖွဲ့စည်းပုံ ခုံရုံးမှပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်ကြောင်းစာကို ပြည်သူ့လွှတ်တော် ဥက္ကဌ မှဖတ်ကြားခဲ့ပြီး
ပြည်သူ့လွှတ်တော်မှအမိန့်အမှတ် (၂/၁၂ ) ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးနန္ဒ ကျော်စွာ အစား အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ အားအစားထိုးပြောင်းလဲ
ဲလိုက်သည်။

" အစားထိုးခြင်းဟာ

ဦးသိန်းဆွေသည် ဥပဒေရေးရာနှင့် အထူးလေ့လာသုံးသပ်ရေးကော်မရှင်က ဒုဥက္ကဌ လည်းဖြစ်သလို

ဦးခေါင်းတစ်ခု စာ အသားပိုပါလာသော ကလေးအား အောင်မြင်စွာခွဲစိတ်နိုင်

ရန်ကုန်၊စက်တင်ဘာ ၃
မွေးရာပါ ဦးနှောက်ကျွံရော ဂါဖြင့် ဦးခေါင်းတစ်ခုစာ အသား ပိုပါလာသော ကလေးငယ်အား ယနေ့ စက်တင်ဘာလ ၃ တွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ ကြောင်းသိရသည်။

အသက် ၁ လနှင့် ရက် ၂ဝ ရှိ အဆိုပါ ကလေးငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦ
းနှောက် နှင့် အာရုံကြောခွဲစိတ်ဌာနတွင် တက်ရောက်ကုသပြီး ခြောက်ရက် အကြာတွင် ခွဲစိတ်ဆရာဝန် ဦးမြတ် သူ၊ ဒေါက်တာကျော်စွာအောင်နှင့် မေ့ဆေးဆရာဝန် ဦးအောင်ကြည်တို့
ပါဝင်သော အဖွဲ့က ခွဲစိတ်ပေးခြဲ့ခင်း ဖြစ်ကြောင်း သိရသည်။

နံနက် ၉ နာရီမှ စ၍ ခွဲခန်းသို့ ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ပြီးစီးကြောင်း ဆေးရုံဆင်း ရမည့် ရက်ကိုမူမသိရှိရသေးကြောင်း ကလေး၏ မိဘများကပြောသည်။

Sky Net ရုပ်သံက ဂစ်တာ တစ်လုံးကို ၅၈၈ သိန်းဖြင့် လေလံဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂

၈၈ မျိုးဆက် ကျောင်းသားများ၏ စေတနာဝဿန် ဂီတ ရန်ပုံငွေပွဲတွင် ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီ ရေးဆွဲထားသော ဂစ်တာကို ၅၈၈ သိန်း ဖြင့် လေလံဆွဲ ဝယ်ယူခဲ့ကြောင်း Sky Net ၏ General Manager ဦးဝင်းနိုင်က ပြောကြားသည်။

" ၈၈မျိုးဆက် ကျောင်းသားတွေကို ပြည်သူတွေ ကိုယ်စား အလှူငွေ ထည့်ဝင် ပေးတာပါ " ဟု ၄င်းက အဆိ

ုပါ ဂစ်တာကို ဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး The Voice Weekly သို့ရှင်းပြသည်။

အဆိုပါပွဲတွင် ဂစ်တာကို လေလံ စတင်ခဲ့ရာ ၈ သိန်း ၈ သောင်းနဲ့ ပရိတ်သတ် တစ်ဦးမှ လေလံ စတင် ပေးခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ သိန်း ၅၀၀ထိ နောက်ဆုံးပေးပြီးနောက် SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားခဲ့ကြောင်း အဆိုပါ ဂစ်တာလေလံပွဲစဉ် ကြေညာသူ ဦးအရိုင်းက ပြောဆိုသည်။

သမိုင်းက ဒဏ်ခတ်လိမ့်မယ်( မောင်သွေးချွန် )

သမိုင်းမရှိလို့ မျက်စိစုံမှိတ်ပြီး ငြင်းဆိုနေရင် သမိုင်းမသိရင် သမိုင်းသစ် မော်ကွန်းရေးထိုးဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ သမိုင်းကို ငြင်းပယ်ခြင်းဟာ သမိုင်းအစဉ်အလာ မကောင်းခဲ့သူတွေရဲ့ ဖုံးဖိလှည့်ဖြားခြင်းသာပါပဲ။ သတ္တိရှိရင် သမိုင်းအမှန်ကို ချပြခင်းပြရဲရမယ်။ အမှားကျူးလွန်ခဲ့ရင်တောင်မှ ပြုပြင်ပြီး လမ်းမှန်အတိုင်း ခရီးဆက်ရပါလိမ့်မယ်  . . .


နိုင်ငံတော်သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ရဲ့ အသံဗလံများ မကြားခဲ့ရတာ အတော်ကြာခဲ့ပါပြီ၊ ၂၀၁၂ မေလ နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြီးကို ''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော တိုက်တွန်းပြောဆို အကြံပေးလိုက်ပြီးချိန်ကစပြီး အကြံပေးအဖွဲ့ရဲ့ အသံတွေ လုံးဝဆိုသလို တိုးတိတ်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဦးကိုကိုလှိုင်ရဲ့ အသံကို ပြည်သူလူထုကြီးရဲ့ တုံ့ပြန်ဝေဖန်သံ၊ ဆဲသံဆိုသံတွေက ဖုံးလွှမ်းသွားလိုက်တာ ဘ၀ဂ်ထိတိုင်အောင် ပွက်ပွက်ညံသွားပါရောလား။

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဆိုတာ နိုင်ငံတော်အစိုးရသစ်ရဲ့ နံပါတ်တစ် ရည်မှန်းချက်ပါ။ ၂၁ ရာစု ကမ္ဘာသစ်ကြီးထဲမှာ မြန်မာတွေ မညံ့ဘူးဆိုတာ သက်သေပြဖို့ အစိုးရသစ်က ကြိုးပမ်းနေချိန်မှာ သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင်ကြီးက ''ဖယောင်းတိုင်မီးထွန်းပြီးနေပါ''လို့ နိုင်ငံတော်ကို ၁၉ ရာစုထဲပြန်ပို့ကာ မှောင်ကြီးချတဲ့ အကြံဉာဏ်ကို လူသိရှင်ကြား တင်ပြသွားခဲ့ပါတယ်။ သူရဲ့ အကြံပေးတင်ပြချက်ဟာ နိုင်ငံတော်ရဲ့ မဟာဗျူဟာကိုရော ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကိုပါ ပြက်ရယ်ပြုလိုက်သလို ရှိပါတော့တယ်။

ပြည်ပ အတိုက်အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာဟု မိုးသီးဇွန် ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များတွင် မြန်မာနိုင်ငံသား အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးနေသော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ကို ပြည်ပ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ယုံကြည်မှု မြင့်တက်လာကြောင်း ခေတ္တ ပြည်တော် ပြန်လာသ

ူ ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။

စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောာင်မင်းအပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံသည့် ပွဲ ၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့နှင့် KNU တို့ တတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေး

ပြည်ထောင်စု စာရင်းစစ်ချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး အသစ်ခန့်အပ်

နေပြည်တော်၊ စက်တင်ဘာ ၃

ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား စာရင်းစစ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးအပ်လိုက်သော သဝဏ်လွှာတွင် ဖော်ပြသည်။


ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းမှာ စစ်ဘက်ဆိုင်ရာ တာဝန်များကို ပြန်လည် ထမ်းဆောင်မည်ဟု နိုင်ငံတော် သမ္မတ၏ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

“အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်"

ရန်ကုန်၊ စက်တင်ဘာ(၁)

လွန်ခဲ့သည့် အနှစ် ၅၀ ကျော် မြန်မာ့ပညာရေးစနစ်သည် အရှေ့တောင်အာရှတွင် ထိပ်ပိုင်းတစ်နေရာဝယ် ရှိခဲ့သော်လည်း ယခုအချိန်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့နော

က်ရောက်နေ၍ မြန်မာ့ပညာရေးမှာ အောက်ကျနောက်ကျ ဖြစ်နေရကြောင်း ကုန်သည် စက်မှုအသင်းချုပ် လစဉ် ဟောပြောပွဲတွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ဒေါက်တာဦးသိန်းက “အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်"ဟူသည့်ခေါင်းစဉ်ဖြင့် ယနေ့ ဟောပြောခဲ့သည်။

အဓိကအားဖြင့် ပညာရေးမြှင့်တင်ရန်လိုအပ်နေခြင်းမှာ တက်လာတော့မည့် စီးပွားရေးလုပ်ငန်းများအတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊ တတ်သိကျွမ်းကျင်စီမံခန့်ခွဲအုပ်ချုပ်တတ်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်များ၊ စသည့် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးရန်ဖြစ်ကြောင်း ဦးသိန်းက ထပ်မံပြောကြားခဲ့သည်။

ဇာဂနာမှ မီဒီယာသမားများသို့ စာပေးပို့တောင်းပန်

ရန်ကုန်လေဆိပ်တွင် ဆဲဆိုခဲ့ခြင်းအပေါ် မီဒီယာသမားများသို့ တောင်းပန်ကြောင်းစာတစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှတဆင့် ပေးပို့ခဲ့သည်။
ယင်းစာကိုသတင်းဂျာနယ်တိုက်များနှင့် ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့ ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

" ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း"

၂၀၁၂

သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။

“မီးလောင်သေဆုံးခဲ့သော ရဲအုပ်ဝင်းမြင့်သန်းမှာ ယင်းနေ့နံနက် ရှစ်နာရီထိ ဖုန်းဆက်သွယ်မှုရှိခဲ့ဟုသတင်းရှိပြီး ၎င်းအမှုအားစီအိုင်ဒီ မှ ကိုင်တွယ်ဖြေရှင်လျှက်ရှိဟုသိရ”

နေပြည်တော်၊စက်တင်ဘာ၊၂

Photo: ပုရ၀ုဏ်အတွင်းရှိ ညောင်ပင်မှာ ရင်ပြင်အထက်ပေနှစ်ဆယ်ကျော်ထိ
မီးဟက်ခံထားရသည်။
ပျဉ်းမနားမြို့နယ်၊ရွာကောက်ရပ် မဟာလေးကျွန်းစင်္ကြာရှင်စေတီတော်
ရင်ပြင်တွင် မီးလောင်းသေဆုံးနေသောရဲအုပ်ဝင်းမြင့်သန်း သည်သြဂုတ်လ
၂၈ ရက်နေ့နံနက်ပိုင်းအချိန်တွင် မီးလောင်သေဆုံးဖွယ်ရှိသည်ဟု
ယင်းဘုရားတည်ရှိသော ရွှေဗျိုင်းအင်းတောရကျောင်းမှ သံဃာအချို့ က
ပေါ်ပြူလာနယူစ်းနှင့်တွေဆုံစဉ်သုံးသပ်သည်။ သေဆုံးသူမှာ ရဲအုပ်
အဆင့်ဖြစ်ပြီး အသက်(၄၁)နှစ်အရွယ် ဦးဝင်းမြင့်သန်းဖြစ်ကြောင်း
စက်တင်ဘာလ(၂)ရက်နေ့ထုတ်ကြေးမုံသတင်းစာ၏ နာရေးကြော်ငြာ
ကဏ္ဍမှ သိရသည်။၎င်းသည်နေပြည်တော်၊သတင်းတပ်ဖွဲ့မှဖြစ်ပြီး
မည်သို့မည်ပုံ သေဆုံးသည်ကို စီအိုင်ဒီ ဌာနမှ စုံစမ်းစစ်ဆေးလျှက်
ရှိကြောင်းသိရသည်။အခင်းဖြစ်ပွားပုံအသေးစိပ်ကို စုံစမ်းဆဲဖြစ်ပြီး၊
သေဆုံးရုပ်အလောင်းကို တွေရှိရာ မဟာလေးကျွန်းစင်္ကြာရှင်စေ
တီတော်တည်ရာ ရွှေဗျိုးအင်းကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံသို့လဲ
ဆိုင်ရာကသွားရောက်မေးလျှောက်လျှက်ရှိသည်ဟုသိရသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သိန်းလင်း၏အဆိုကို NLD ကိုယ်စားလှယ်ကန့်ကွက်

ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ကန့်ကွက်ဆန္ဒပြုနေသော ဒေါ်အောင်ဆန်းစုကြည်၊ မတ်တပ်ရပ်နေသူများမှာ ထောက်ခံဆန္ဒပြုကြသူများဖြစ်ပါသည်။
စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ 'တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ ကုမ္ပဏီ အမည်ဖောက်၍ လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သီးစားခ ရယူနေခြင်းများ ရှိနေပါသဖြင့် လယ
်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူများကို ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ချထားပေးသင့်ကြောင်း' အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သင့် မသင့်ကို ဆုံးဖြတ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက ''ယင်းအဆိုတွင် စားကျက်မြေများဟု ဆိုထားသော်လည်း ဆွေးနွေးရာတွင် လယ်ယာမြေများဟု ဆွေးနွေးခဲ့သဖြင့် လယ်ယာမြေဥပဒေကို ကျော်လွန် ဖောက်ဖျက်ရာရောက်ကြောင်း၊ စားကျက်မြေများနှင့်ပတ်သက်၍ ယခုခေတ်တွင် ကျွဲနွားများ ပိုနေသည်ဆိုသည်မှာ လုံးဝမှားယွင်းနေကြောင်း၊

ကွန်မြူနစ်တရုတ်ကို ချီးမြှောက်ထားသော ပြဋ္ဌာန်းစာအုပ်သစ်အား ဟောင်ကောင်တွင် ထပ်မံဆန္ဒပြ



ဟောင်ကောင်အစိုးရရုံးရှေ့တွင် တရုတ်ပြဋ္ဌာန်းစာအုပ်သစ်ဆန့်ကျင်ရေး ပြုလုပ်နေမှုကို စက်တင်ဘာလ ၁ ရက်က တွေ့ရစဉ်    Photo:AFP

ကွန်မြူနစ်တရုတ်ကို ချီးမြှောက်ထားသော ပြဋ္ဌာန်းစာအုပ်သစ်အား စာသင်နှစ်မစတင်မီ အစိုးရက ပြန်လည်ဖယ်ရှားပေးရန် တွန်းအားပေးသည့်အနေဖြင့် မိဘများနှင့် ကျောင်းသားများပါဝင်သော လူ ၄၀၀၀၀ ခန့် က ဟောင်ကောင်တွင် စက်တင်ဘာလ ၁ ရက်က စုဝေးဆန္ဒပြခဲ့ကြသည်။

မိုးရေထဲတွင် ဆန္ဒပြသူများက အစိုးရရုံးအပြင်ဘက်၌ စုရုံးခဲ့ကြပြီး ဆန္ဒပြသူ ၄၀၀၀၀ ခန့်ရှိသည်ဟု ပုဂ္ဂလိကရုပ်သံ RTHK က ထုတ်လွှင့်ခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသူ ၈၁၀၀ ခန့်သာရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လကလည်း လူ ၉၀၀၀၀ ခန့်က ယင်းပြဋ္ဌာန်းစာအုပ်သစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရထားသော ဟောင်ကောင်တွင် ကလေးများအပေါ် တရုတ်က ၀ါဒဖြန့်ချိရန်ကြိုးပမ်းမှုအဖြစ် စွပ်စွဲခဲ့ကြသည်။   

မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင်ဝင်ရောက်

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုန်း ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
RFA
ရွှေမြင်တင် ဘုရားတောင်ခြေတွင် လုံခြုံရေးများ၏ ပိတ်ဆို့တားဆီးခံနေရသော မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများ
ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူတွေဟာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပြီး မခံမရပ်နိုင်တဲ့ တခြား ရွှေတူးဖော်ရေးဇုန်တွေကပါ အလုပ်သမားတွေ သောင်းနဲ့ချီ စုဝေးခဲ့ကြတယ်လို့ ထုံးကြီးဇုန် (၈) က ရွှေလုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

ပြင်သစ်တိုတယ်ရေနံကုမ္ပဏီ မုတ္တမကွေ့ရှိ M 11 လုပ်ကွက်မှ ဝေစု ၄၀ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီထံမှ ၀ယ်ယူ

ပါရီ၊ စက်တင်ဘာ - ၃

ပြင်သစ်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီ တိုတယ်သည် မြန်မာ့ကမ်းလွန်ပင်လယ် မုတ္တမကွေ့ရှိ M 11 လုပ်ကွက်တွင် ထုတ်လုပ်ခွင့်ဝေစု ၄၀ ရာခိုင်နှုန်းကို မဖော်ပြနိုင်သော ငွေကြေးပမာဏတစ်ခုဖြင့် ထိုင်းနိုင်ငံ PTT Exploration and Production ရေနံကုမ္ပဏီထံမှ ၀ယ်ယူလိုက်ကြောင်း ထုတ်ဖော်ပြောကြာ

းလိုက်သည်။

တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစ၍ တူးဖော်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ထိုင်းနိုင်ငံရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပေးပို့နေသော ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ ယခုအကြိမ်သည် ကုမ္ပဏီအတွက် ၁၉၉၈ ခုနှစ်မှစ၍ မြန်မာ့စွမ်းအင်ကဏ္ဍတွင် ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

ပုသိမ်ရေဘေးသင့်ပြည်သူများအား ဒီချုပ်ဥက္ကဌ အလှူငွေသွားရောက်ပေးအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့
(စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက်တချို့အား အလှူငွေများပေးအပ် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၅ နာရီခွဲတွင်
ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ရောက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ

မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။
Photo courtesy of Ministry of Information
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံစဉ်။
"စွန့်လွှတ်မှု အပြည့်နဲ့ ဆောင်ရွက်ပါမယ်၊ စစ်မှန်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ရိုးသားဖြောင့်မှတ်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ပူးတွဲ ဆောင်ရွက်မှုများနဲ့ ဆောင်ရွက်သွားပါမယ်လို့ လိုရင်း ကျွန်တော်တင်ပြပါရစေ။ ရုပ်ရှင် အဖွဲ့ အစည်း ပဲဖြစ်ဖြစ် စာပေ အဖွဲ့ အစည်းပဲ ဖြစ်ဖြစ် ဂီတအဖွဲ့ အစည်းပဲ ဖြစ်ဖြစ်ပါ။ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုအောက်မှာ အစိုးရရယ် ပြည်သူရယ် civil society ရယ် ဆိုတာ ဇာတ်ကောင် ၃ ခုပဲ ရှိပါတယ်။ အဓိက ဇာတ်ကောင် တစ်ခုဖြစ်သော Civil Society ဒါကြောင့်မို့ ဒီ Civil Society က သူ့ ရဲ့ဇာတ်ကောင်ကို သူကျကျနန လုပ်ပေးရမယ်၊ ကျွန်တော်တို့ ကူညီမှာ ဖြစ်ပါတယ်။"

ကမ်းလင့်လက်များ ... မျှော်နေဆဲ





ကျောင်းကုန်းမြို့ အမှတ် (၃)ရပ်ကွက် ဓမ္မာရုံတွင် လာရောက်ခိုလုံနေသည့် ရေဘေးသင့် မိသားစုတစ်စု    ဓာတ်ပုံ - မင်းသီဟဇော်
မိုးသားတွေက ခပ်ညို့ညို့။ လေပြင်းတွေက ခပ်ထန်ထန်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ရေပြင်ကျယ်ကြီးက တစ်မျှော်တစ်ခေါ် ကျယ်ပြန့်သည့် ကွင်းလုံးအပြည့်။ ဒေသခံမဟုတ်သည့် ကျွန်တော်တို့အတွက်တော့ ဒီရေပြင်ကြီးက ပင် လယ်တစ်ခုလို့ပင် ထင်ချင်စရာကောင်းနေသည်။

ဒီမြင်ကွင်းတွေက ရေကြီးမှုဒဏ်ခံစားခဲ့ရသည့် ဧရာဝတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်သို့ သွားရောက်သတင်းရယူစဉ်မြင် တွေ့ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်တို့ သွားရောက်သတင်းရယူခဲ့သည့် ဒေသတွေက သာပေါင်းမြို့နယ်နှင့်  ကျေးရွာများ၊ ကျောင်းကုန်းမြို့နယ်နှင့် ကျေးရွာများဖြစ်သည်။ သာပေါင်းကို ကျွန်တော်တို့ရောက်တော့ မြို့ထဲမှာ ရေကအနည်းငယ်ပြန်ကျသွားပြီး ကျေးရွာများတွင်မူ အိမ်များ စာသင်ကျောင်းများ ရေနစ်မြုပ်နေဆဲ ဖြစ်သည်။ ကျောင်းကုန်းသို့ ရောက် တော့ မြို့မဈေးနားတွင်ပင် လှေများဖြင့် သွားလာနေရသေးသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် နေပြည်တော်၏ ပြန်ကြားမှုကို စောင့်မျှော်နေဆဲ

ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေပြီး နေပြည်တော်မှ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေကြောင်း ထိုင်းအစိုးရအိမ်တော်နှင့် နီးစပ်သူတစ်ဦးကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြခဲ့သည်။
မစ္စယင်လပ်ခ်သည် မကြာမီကပင် မြန်မာသမ္မတဦးသိန်းစိန

်နှင့် အကြို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဆီဟာဆက်ဖုန်ကာတက်ကော်နှင့် ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (NESDB) အထွေထွေအတွင်းရေးမှူးချုပ် ဘာကွန်တမ်ပီတေလာပိုင်ဆစ်တို့လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်အပတ်က လာရောက်ခဲ့ကာ ၀န်ကြီးချုပ်၏ မူလက မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၃ မှ ၁၅ ရက်တွင် လာရောက်ရန်ရှိသော်လည်း စက်တင်ဘာ ၁၉ မှ၂၁ ရက်တွင် လာရောက်ရန် အချိန်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာ ပေါင်တိုဝီချက်ချိုင်းကူက သြဂုတ် ၂၆ ရက်က ပြောခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြန်လာခြင်းဖြစ်ကြောင်း မိုးသီးဇွန်နှင့် ထွန်းအောင်ကျော်တို့ပြောကြား

ရန်ကုန်၊ စက်တင်ဘာ-၃
ABSDF (ဗဟို)ဥက္ကဋ္ဌဟောင်းများဖြစ်သည့် (ဦး)မိုးသီးဇွန်၊ (ဦး)ထွန်းအောင်ကျော်အပါအ၀င် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိနေသည့် အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက်ရေးအတွက် ကူညီလုပ်ဆောင်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ၄င်းတို့က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ABSDF တွင် တစ်ချိန်က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ဖူးသူများနှင့် ပြည်ပရောက် မြန်မာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော အဆိုပါ အဖွဲ့ကို ''အမိမြေ ငြိမ်းချမ်းရေးလုပ်ငန်း'' ဟု အမည်ပေးထားသည်။ ၄င်းတို့သည် ပြည်တွင်းတွင် ၂၁ ရက်ကြာ နေထိုင်ခွင့်ရထားပြီး အဆိုပါကာလအတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံနိုင်ရန် ကြိုပမ်းမည်ဟု ဆိုသည်။

သမ္မတရဲ့ ရခိုင်အရေး ရပ်တည်ချက် မန်းသံဃာနဲ့လူထု ထောက်ခံဆန္ဒဖော်ထုတ်

သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး သံဃာတော် (၅) ထောင်ကျော်အပါအ၀င် ပရိသတ် အင်အား စုစုပေါင်း (၁) သောင်းကျော်လောက် ဆန္ဒပြပွဲမှာ ပါဝင်အားပေး ခဲ့ကြပါတယ်။
RFA
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက သံဃာတော် (၅) ထောင်ကျော် အပါအ၀င် ပရိသတ် အင်အား တသောင်းကျော် ဆန္ဒပြနေစဉ်။
ပထမဆန္ဒပြပွဲကို မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ (၈၄) လမ်းထောင့်မှာ စတင်စုဝေးပြီး (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို (၈၁) လမ်း အထိချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis