menu

Sunday 18 May 2014

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်

Photo: ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်

ပုသိမ်၊ မေ ၁၇ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်းမြို့နယ်ခွဲ ဓမ္မိကာရုံကျောင်း တိုက်ဆရာတော် ဦးဉာဏက မိန့်ကြားသည်။

“ဦးကျော်မြင့်ဆိုတဲ့ ဒကာကြီးက အမဲသတ်လိုင်စင် ၂၇ ခုကို အမည်အမျိုးမျိုးနဲ့ ရထားတယ်။ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနဲ့ ငရုတ်ကောင်း မြို့နယ်ခွဲတွေမှာလည်း သားသတ်လိုင်စင်တွေ ရထားတယ်။ ဒီစည်သွတ်စက်ရုံ ဖွင့်ပြီဆိုရင် နေ့စဉ် ကျွဲ၊ နွားကောင်ရေ ၁၅၀ ထက်မနည်း အသတ်ခံရတော့မယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ၊ ငပုတောမြို့နယ် မော်တင်စွန်း ဒေသနှင့် မြစ်တစ်ရာ တိုက်နယ်အတွင်းရှိ ကျေးရွာများရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားများကိုသာ အားထားနေရကြောင်း ရေနက်ကွင်းနှင့် တောတောင်လျှိုမြောင် များပြားသောဒေသ ဖြစ်ခြင်းကြောင့်  ဆီထွက်သီးနှံ (ဆောင်းမြေပဲ) စိုက်ပျိုးခြင်းနှင့် တောတောင်ကို အမှီပြု၍ လုပ်ကိုင် နေရခြင်းတို့ကြောင့် ကျွဲနွားရှားပါးမည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

“လူတစ်ဦးနှစ်ဦးက အချိန်တိုအတွင်းမှာ အလွန်ချမ်းသာ သွားနိုင်ပေမယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေကတော့ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။

ပုသိမ်၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်းမြို့နယ်ခွဲ ဓမ္မိကာရုံကျောင်း တိုက်ဆရာတော် ဦးဉာဏက မိန့်ကြားသည်။

ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို ပြင်ဆင်

Photo: ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို ပြင်ဆင် 

တောင်ငူ၊ မေ ၁၇

ယခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို အဆင့်မြင့် နိုင်လွန်ကတ္တရာ ခင်းခြင်းနှင့် လမ်းအကျယ် တိုးချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းများ၊ စတီးလက်ရန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်လျက် ရှိကြောင်း အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ တိုးချဲ့လုပ်ဆောင်နေခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု များလာခြင်းကြောင့် မဟုတ်ဘဲ မူလကတည်းက ရှိနှင့်ပြီး လျာထားချက်များ အတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်လမ်းသာ သွားနိုင်သည့် အသွား၊ အပြန် လမ်းပိုင်းများကို အနည်းဆုံး သုံးလမ်း မောင်းနိုင်သည့် လမ်းဖြစ်ရန် တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူးရုံးမှ အင်ဂျင်နီယာမှူး ဦးပြည့်ဖြိုးဆယ်က ပြောကြားသည်။

“အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ မဖြစ်ခင်ကတည်းက ပုံမှန်လမ်းပြုပြင် ထိန်းသိမ်းရေးတွေကို လုပ်နေတာပါ။ အခုလည်း အမြန်လမ်းအစ မိုင်တိုင် အမှတ် ၀ ကနေ ၂၅/၀ မိုင်အထိ အဆင့်မြင့် နိုင်လွန်ကတ္တရာ ခင်းတဲ့လုပ်ငန်းကို လုပ်နေပါတယ်။ ၂၀၁၄ အကုန် အပြီးလုပ်မှာပါ” ဟု ၎င်းကဆိုသည်။

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် အမြန်သေလမ်းမကြီးဟု ဝေဖန်မှုများ ဟိုးလေးတကျော် ထွက်ပေါ်နေချိန် နေပြည်တော်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၌ မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က ၃၃၆ မိုင် သုံးဖာလုံ ရှည်လျားသည့် ယင်းအမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်နေသေးကြောင်း ဝန်ခံ ပြောဆိုကြသည်။

အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ပြီး အမေရိကန်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက်ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။

အထိတ်တလန့် ဖြစ်ဖွယ် ယာဉ်တိမ်းမှောက်မှုများကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်  ပြုလုပ်ခဲ့သော အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်အကြာ မေလ ၁၂ ရက် ညတွင်  နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၅ မိုင် ၅ ဖာလုံ အရောက် အရှိန်လွန်ကာ မီးရထား ခုံးကျော်တံတားအောက် ပြုတ်ကျ တိမ်းမှောက်ခဲ့၍ အစိုးရဝန်ထမ်း သုံးဦး အပါအဝင် ခရီးသည် ၁၄ ဦး သေဆုံးကာ ခရီးသည် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည့် အတွက် အမြန်လမ်း၏ အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်သံများ ပိုမိုထွက်ပေါ်လာချိန်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရှစ်လမ်းသွား ချဲ့ဖို့ထက် ရှိပြီသား လမ်းကို နိုင်ငံတကာ စံနှုန်းအတိုင်း အရည်အသွေးမီ လုပ်ဖို့ လိုပါတယ်၊ နိုင်ငံတကာက ဟိုင်းဝေးလမ်းတွေလည်း ရှစ်လမ်းသွား မဟုတ်ပါဘူး။ လေးလမ်းကိုပဲ အန္တရာယ်ကင်းကင်းနဲ့ မြန်အောင် မောင်းနိုင်အောင် ဖောက်ထားတယ်။ တရုတ်နဲ့ ယိုးဒယားက လမ်းတွေမှာတောင် အကွေ့တွေကို  အရှိန်ချပြီး ကွေ့စရာ မလိုအောင် ဖောက်ထားတယ်။ တံတား အတက်အဆင်းတွေမှာ ကားမခုန်ဘူး” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ဝေဖန်ပြောကြားသည်။

၃၆၅ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလ ၁၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇  ဦး၊ ဒဏ်ရာရရှိသူပေါင်း ၁၁၁၄ ဦး ရှိခဲ့ရာတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို အဆင့်မြင့် နိုင်လွန်ကတ္တရာ ခင်းခြင်းနှင့် လမ်းအကျယ် တိုးချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းများ၊ စတီးလက်ရန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်လျက် ရှိကြောင်း အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ တိုးချဲ့လုပ်ဆောင်နေခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု များလာခြင်းကြောင့် မဟုတ်ဘဲ မူလကတည်းက ရှိနှင့်ပြီး လျာထားချက်များ အတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်လမ်းသာ သွားနိုင်သည့် အသွား၊ အပြန် လမ်းပိုင်းများကို အနည်းဆုံး သုံးလမ်း မောင်းနိုင်သည့် လမ်းဖြစ်ရန် တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူးရုံးမှ အင်ဂျင်နီယာမှူး ဦးပြည့်ဖြိုးဆယ်က ပြောကြားသည်။

သွေးတိုးရောဂါကာကွယ်ရန် ကျန်းမာရေးအစားအစာများ


အစားအသောက်ကို အာသာငမ်းငမ်း ဖြစ်နေချိန်တွင် သွေးတွင်း သကြားပါဝင်မှုနှုန်းနှင့် သွေးတိုးခြင်း ကိုလျှော့ချရန် ကြိုးပမ်းမှုမှာ ခက်ခဲသော အလုပ်တစ်ခုဖြစ်နိုင်သည်။

သွေးပေါင်တက်ခြင်း၊ ကျခြင်းမရှိဘဲ ပုံမှန်အတိုင်း ရှိနေစေမည့် အစားအသောက် အနည်း ငယ်ကို ဖော်ပြပေးလိုက် ပါသည်။

ဒေါက်ခွရွက်စားပါ (Spinach)

ဒေါက်ခွရွက်တွင် ကျန်းမာသူတစ်ဦးတွင် ရှိသင့်သည့် သွေးပေါင်အတိုင်း ရှိနေစေရန်နှင့် သွေးတိုးခြင်းကို လျှော့ချရာတွင် အဓိကပါဝင်သော မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ်တို့ အပြည့်ပါဝင်သည်။ ထို့ကြောင့် သင်၏ နေ့စဉ်အစားအသောက်တွင် အစိမ်းရောင်ဟင်းရွက်တစ်မျိုးဖြစ်သည့် ဒေါက်ခွရွက်ကို ထည့်သွင်းစားသောက်ခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်သည်။

မြန်မာပျားရည်ဆမ်းကာလအလွန်

ရန်ကုန်မြို့တွင်း သွားလာနေသည့် မြို့ခံများကိုတွေ့ရစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လွန်ခဲ့သော ၂ နှစ်တာကာလ ယ ခုလို မေလမျိုးမှာ မြန်မာနှင့် ပတ် သက်သည့် သတင်းများက စိတ် လှုပ်ရှားစရာ၊ အားတက်စရာတွေ ချည်းသာ။ အမေရိကန်။ အီးယူ။ ကုလသမဂ္ဂစသော နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးထံမှ ချီး ကျူးသံတွေသာ ကြားနေရသည်။ မြန်မာ၏ အချိုမြိန်ဆုံး  ပျားရည် ဆမ်းကာလများဟု ဆိုရပေမည်။ သို့ရာတွင် ၂ နှစ်အကြာတွင် အ ခြေအနေတွေက ပြောင်းလဲသွား ခဲ့သည်။
ယခုရက်ပိုင်းကြားရသော သတင်းများက မြန်မာအစိုးရအ တွက်တော့ သာယာနာပျော်ဖွယ် မရှိလှ။ ပြီးခဲ့သည့် ကြာသပတေး နေ့တွင် အမေရိကန်သမ္မတအို ဘားမားက ကန်လွှတ်တော်ကို အကြောင်းကြားပြီး မြန်မာအပေါ် ကျန်ရှိနေသေးသည့် စီးပွားရေး ပိတ်ဆို့မှုများကို နောက်တစ်နှစ် သက်တမ်းတိုးလိုက်သည်။ နောက်တစ်ခါ    ဥရောပသမဂ္ဂကလည်း လာပြန်ချေပြီ။
ယခုနှစ် ဧပြီလကုန်တွင် သက်တမ်းကုန်ခဲ့သည့် မြန်မာအ ပေါ် စစ်ရေးပိတ်ဆို့အရေးယူထား မှုကို တစ်နှစ်ထပ်မံသက်တမ်းတိုး လိုက်သည်ဟု မေလဒုတိယပတ် တွင် ကြေညာချက်ထုတ်ပြန်လိုက် ပါသည်။ စစ်ရေးပိတ်ဆို့မှုဆို သည်မှာ အီးယူအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် လက်နက်ရောင်းချခြင်း အပါအ၀င် မြန်မာနှင့် စစ်ရေးပူး ပေါင်းလုပ်ဆောင်မှုများ မလုပ် ကြရန်ဖြစ်၏။ ထိုဆုံးဖြတ်ချက်ကို အီးယူနိုင်ငံခြားရေးနှင့် မူဝါဒရုံး အကြီးအကဲ ကက်သရင်း အက်ရှ တန်နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌတို့က အတည်ပြုခဲ့သည်ဟု အီးယူကဆိုသည်။
ထိုကဲ့သို့ မြန်မာအပေါ်အ ရေးယူပိတ်ဆို့မှုများကို သက် တမ်းတိုးလိုက်သည်ဆိုသည့် သဘောက အမေရိကန်ရော၊ အီးယူကပါ မြန်မာ၏ပြုပြင် ပြောင်းလဲရေးများကို မယုံကြည်ကြသေးဘဲ စောင့်ကြည့်အကဲခတ်နေဆဲ အဆင့်သာ ရှိနေဆဲဆိုသည့်သဘော ဖြစ်သည်။

သံဃာများ မဲပေးခွင့်ရရန် တောင်းဆိုမည် မဟုတ်ဟု မဘသပြော

သံဃာများ မဲပေးခွင့်ရရှိ ရေးအတွက် အစိုးရထံ တောင်းဆို မည့်ဆုံးဖြတ်ချက်ကို ၎င်းတို့အနေ ဖြင့် မည်သည့်အခါကမျှ မချမှတ်ခဲ့ ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ- ဗဟို) က ငြင်းဆိုလိုက်သည်။
လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် သံဃာများမဲပေး ခွင့်ပြုရန် တောင်းဆိုမည်ဖြစ် ကြောင်း မဘသ(ဗဟို)မှ ဆရာတော်တစ်ပါးဖြစ်သည့် မကွေးကျောင်းတိုက်ဆရာတော် အရှင်ပါမောက္ခက ပြောကြားခဲ့ကြောင်း မေလ ၁၅ ရက်ထုတ် The Voice Daily သတင်းစာတွင် ပါလာခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ဝေဖန်မှုများအပေါ် မဘသ(ဗဟို)က ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
‘‘ဒါဟာ လုံးဝမဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်မျိုးဘယ်တုန်းက မှ လည်း မချပါဘူး’’ဟု မဘသ (ဗဟို) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင် က ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်တွင် မေလ ၁၇ ရက်က ကျင်းပခဲ့သည့် မဘသ (ဗဟို)၏ အမျိုးစောင့် ဥပဒေဆိုင်ရာ သတင်းစာ ရှင်း လင်းပွဲ၌ သတင်းဌာနတစ်ခု၏ မေးမြန်းချက်ကို အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ၀ူခုန်းမင်းသား တွေ့ဆုံမည်



ဝူခုန်းမင်းသားဟု နာ မည်ကျော်ကြားသည့် သရုပ် ဆောင်မစ္စတာ လျူချီယိုလင်တန် သည် မေလတတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ ဆုံမည်ဟု သတင်းရရှိသည်။
အနောက်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ် ကားတွင် စွန်းဝူခုန်းမျောက်မင်း အဖြစ် မြန်မာပရိသတ်များအ ကြိုက်တွေ့ခဲ့သည့် မင်းသားမှာ  မေလ ၂၁ ရက်မှ ၂၆ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး စဉ်အဖြစ် လာရောက်လည်ပတ် မည်ဟု မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(မန္တလေး တိုင်းဒေသကြီး) အတွင်းရေးမှူးဦးပိုမြင့်က ပြောသည်။
‘‘အဓိကကတော့ မြန်မာ ပြည်မှာရှိတဲ့ သူ့ပရိသတ်တွေ နဲ့ လာတွေ့တာပါ။ တစ်ခါတည်း နေပြည်တော်မှာ သမ္မတကြီးနဲ့ တွေ့မယ်။ ရန်ကုန်နဲ့ မန္တလေးက မိဘမဲ့ကလေးတွေကို လှူဖို့ အ စီ အစဉ်တွေပါမယ်။ ပုဂံကိုတော့ လေ့လာရေးသဘောနဲ့ သွားမှာ’’ ဟု ဦးပိုမြင့်ကပြောသည်။
ဝူခုန်းမင်းသား မြန်မာ နိုင်ငံသို့ စတင်ရောက်ရှိမည့် မေ ၂၁ ရက်တွင် မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း (ဗဟို)နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၂ ရက်တွင် ရန် ကုန်မြို့၊ ၂၃ ရက်တွင် နေပြည် တော်၊ ၂၄ ရက်တွင် မန္တလေးမြို့ နှင့် ၂၅ ရက်တွင် ပုဂံညောင်ဦး အစရှိသည့် မြို့များသို့ သွားရောက်မည်ဖြစ်ကာ ၂၆ ရက် တွင်မူ တံတားဦးအပြည်ပြည်ဆိုင် ရာလေဆိပ်မှ တစ်ဆင့် ဘေဂျင်း မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ထုတ်ပြန်ထားသည်။

မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ပြန်လည် ပြင်ဆင်မည်

 နိုင်ငံရေး, ပါတီ, ရွေးကောက်ပွဲ, ကော်မရှင်, မဲဆွယ်, စည်းရုံးခွင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး (ဓာတ်ပုံ – ဧရာဝတီ)

လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် မူကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သုံးသပ်ပြီး ပြန်လည် ပြင်ဆင်သွားမည်ဟု သိရသည်။
ရန်ကုန်မြို့တွင် မေလ ၁၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
ဒုတိယအကြိမ် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်း စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် မူကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ရန် ပြင်ဆင်နေသည်။
နိုင်ငံရေး ပါတီများကို ပေးပို့ထားသည့် မူကြမ်းတွင် မဲဆွယ် စည်းရုံးခွင့် ကာလကို ရွေးကောက်ပွဲ မတိုင်မီ ရက် ၃၀ သတ်မှတ်ထားပြီး မဲဆွယ် စည်းရုံးမှုများနှင့် စုဝေး ဟောပြောခွင့်များ ပြုလုပ်ရာတွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက် ရယူရမည်ဟု ဖော်ပြထားသည်။

စစ်သားများ နိုင်ငံရေးလုပ်လိုလျှင် တပ်မှ ထွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

တပ်မတော်, ဒေါ်အောင်ဆန်းစုကြည်, နိုင်ငံရေး, ဗိုလ်ချုပ်အောင်ဆန်း, ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, ဗိုလ်စိန်မှန်, ရန်ကုန်
ယနေ့ကျင်းပသော ဖွဲ့စည်းပုံ ပြင်ရေး လူထုဟောပြောပွဲမှ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တပ်မတော်သားများ နိုင်ငံရေး လုပ်လိုပါက တပ်မတော်မှ ထွက်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး လူထုဟောပြောပွဲတွင် ပြောဆိုလိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သည် အဓိကျနေပြီး တပ်မတော်သားများသည် အခွင့်ထူးခံ မဖြစ်ရန် လိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် တပ်မတော်သားများနှင့် ပြည်သူများအကြား တန်းတူညီမျှ မှု မရှိစေရန် ခွဲခြားထားသော ဥပဒေတရပ်ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် တပ်မတော် အနေဖြင့် နိုင်ငံ့ အနာဂတ် အတွက် ဂုဏ်သိက္ခာရှိရှိ ရွေးချယ် ဆုံးဖြတ်ရမည့်အချိန်ဖြစ်ကြောင်း၊ တပ်မတော်သား များ အနေဖြင့် နိုင်ငံရေး လုပ်လို ပါက တပ်မတော်မှ ထွက်ရမည်ဖြစ်ပြီး ယင်းသို့ တပ်မှ ထွက်၍ နိုင်ငံရေး လုပ်ခြင်း သည် ပညာရှိခြင်း၊ သတ္တိရှိ ခြင်း နှင့် ပြည်သူလူထုအပေါ် စေတနာရှိကြောင်း  ပြသရာရောက်ကြောင်း၊ တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် ပင်လျှင် နိုင်ငံရေးလုပ်ရန် တပ်မတော်မှ ထွက်ခဲ့ကြောင်း ၎င်း ကပြောသည်။

နာဂဇာတ်ကား ရိုက်ကူးရေးအတွက် တားမြစ်ခံထားရတာမို့ ရိုက်ကူးရေးတန့်နေတယ်လို့ ဖွင့်ဟသွားတဲ့ ကြည်ဖြူသျှင်

ဒါရိုက်တာတစ်ယောက်အနေနဲ့ သူဖန်တီးတဲ့ ဇာတ်ကားတော်တော်များများဟာ လူကြီးလူငယ်လူလတ်မရွေး ကလေးတွေကအစ ကြိုက်မဲ့ ဇာတ်အိမ်ဖန်တီးမှုတွေနဲ့ ကာတွန်းဆန်တဲ့ ကားလေးတွေနဲ့ပရိသတ်ရင်ထဲကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ သူမရဲ့လတ်တလော ဇာတ်ကားဖန်တီးမှုအကြောင်းကို မေးမြန်းတီးခေါက်ကြည့်တဲ့အခါ ‘အခု ရိုက်ကူးနေတဲ့ ဇာတ်ကားနာမည်က မချစ်တတ်သူတို့အကြောင်းတဲ့။ မင်းသားက ကောင်းပြည့် မင်းသမီးက ကစ်ကစ်ပေါ့။ ၀တ္ထုက လွန်းထားထား (ဆေးတက္ကသိုလ်) ပါ။ ဇာတ်လေးက အိမ်နီးချင်း ကောင်လေးနဲ့ကောင်မလေးက က ပြိုင်ဖက်တွေ မတည့်ကြဘူး။ အဲဒီမှာ တက္ကသိုလ်တက်ရင်းနဲ့အိမ်ပွဲစား၊ ကားပွဲစားလုပ်တယ်။ မတည့်ကြဘူး။ သူတို့နှစ်ယောက်ရဲ့ခံစားမှုမှာ အချစ်ဆိုတာ မရှိဘူး။ ငွေက အရေးကြီးဆုံးပဲပေါ့။ အဲ့ဒီလိုဇာတ်ပုံစံလေးပါတဲ့။ ဒီကားလေးက ရန်ကုန်မှာပါပဲ။ ကရ၀ိတ်ပါမယ်။ ဇာတ်နဲ့သင့်တော်တဲ့ အိမ်တွေမှာ ရိုက်ဖြစ်မယ်။ အဓိက ကတော့ ရန်ကုန်မှာပါပဲ။ ခုက မိုးလဲကျပြီဆိုတော့ ရိုက်ရတာ သည်းထိတ်ရင်ဖိုပါပဲ။

ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်း တွေ့ရှိ

ပေ ၁၃၀ ရှည်ပြီး၊ အမြင့် ၆၅ ပေ ရှိမယ်လို့ ခန့်မှန်း
 ကမ္ဘာ့ မြေပေါ်မှာ သက်ရှိ ထင်ရှား ရှိခဲ့ဖူးတဲ့ အကြီးဆုံး သတ္တဝါလို့ ယူဆ ရတဲ့ ဒိုင်နိုဆော တကောင်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကို အာဂျင်တီးနား နိုင်ငံမှာ ရှေးဟောင်း သိပ္ပံ ပညာရှင် တွေက တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။

လူ့အရပ်ထက် မြင့်တဲ့ ပေါင်ရိုးတွေ အပေါ် အခြေခံပြီး တွက်ချက်မှု တွေအရ ဒီ ဒိုင်နိုဆောဟာ ပေ ၁၃၀ ရှည်ပြီး၊ အမြင့် ၆၅ ပေ ရှိမယ်လို့ ခန့်မှန်း ရပါတယ်။

အလေးချိန် အားဖြင့် အာဖရိက ဆင် ၁၄ ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှမယ့် ၇၇ တန် ရှိမယ်လို့ ယူဆရ ပါတယ်။

လည်ပင်းနဲ့ အမြီးရှည်လျားတဲ့ ဒီ ဒိုင်နိုဆော အမျိုး အစား အတွက် နာမည်တော့ မသတ်မှတ် ရေသေး ပါတယ်။

ဒါပေမယ့် သတ္တဝါဟာ Titanasaurs အမျိုး အစား အုပ်စုမှာ ပါဝင် တယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

နာမည်လေးလုံးပိုင်ရှင် မင်းသမီးနဲ့ သတင်းကို ငြင်းလည်းမငြင်း၊ ၀န်လည်း ၀န်မခံသေးတဲ့ ရဲရင့်အောင်

 
လွမ်းလွန်းလို့ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ရဲရင့်အောင်ကို ခုလတ်တလော နာမည်လေးလုံးပိုင်ရှင် မင်းသမီးလေးနဲ့ ချစ်နေကြတယ်ဆိုပြီး အသံတွေ ထွက်နေတာမို့ အဲ့ဒီအကြောင်း သူ့ကို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ လျှို့ဝှက်ရတဲ့ အကြောင်းအရာ တစ်ချို့ကြောင့် လျှို့ဝှက်ထားရတာမျိုးတော့ ရှိတယ်။ ခုလောလောဆယ်ကတော့ ဘယ်အခြေအနေမှ မရောက်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်က အချစ်ကြီးတဲ့သူထဲမှာ ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ နွယ်နဲ့ ပတ်သက်တဲ့ စတေးတပ်စ်က ကျွန်တော်အဲ့ဒီသီချင်းလေးကို ကြိုက်လို့၊ ရင်ထဲမှာစွဲနေလို့ တင်လိုက်တာပါ။

အရက်ဟာ သင့်အလှအပရေးရာတွေ ဘယ်လိုအကျိုးပြုနိုင်

အရက်သောက်တာဟာ အသားအရေအတွက် မကောင်းဘူးလို့ ကြားဖူးမှာပါ။ ဒါပေမယ့် အရက်၊ ဘီဟာက အသားအရေ၊ ဆံပင်အတွက် ကောင်းကျိုးပြုနေတဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ ဒါ့အပြင် အရက်၊ ဘီယာစတာတွေနဲ့ ဖော်စပ်ထားတဲ့ အလှကုန်တွေဟာလည်း အသားအရေအတွက် အထူးအကျိုးပြုတယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ဘီယာ
ဘီယာကို ရှန်ပူတွေ ဖော်စပ်တဲ့နေရာမှာ သုံးကြပါတယ်။ ဒါ့အပြင် ဘီယာနဲ့ ရေချိုးပေးတဲ့အခါ အသားအရေ သန့်စင်တောက်ပသွားသလို ဆံပင်လည်း နူးညံ့တယ်လို့ သိရပါတယ်။
၂။ဝိုင်
ဝိုင်မှာဆိုရင် အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ ဓာတ်ပါဝင်တဲ့အတွက် အသားအရေအတွက် အထူးကောင်းမွန်စေတဲ့အပြင် ပါးရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဖောက်ခွဲရေးယမ်းများတင်ဆောင်လာသည့် (၂၂)ဘီးကား ဆိုင်ကယ်နှင့် ယာဉ်တိုက်မိရာမှ လူတစ်ဦးသေ


17.5.2014 မြန်မာယမ်စီကြေးနီလုပ်ငန်း Heavyworkshop မှ မျိုးကိုကို မောင်းနှင်လာသောလုပ်ငန်းသုံး
Ton 100 ကြီးမှ Doublecup ကားလေးအားတက်ကြိတ်မှုဖြစ်ပွား ခဲ့ရာ ကားလေးမောင်းနှင်သော
ယဉ်မောင်း သေဆုံးခဲ့ကြောင်း သိရှိရပါသည်/ သတင်း၊ ကိုတိုးကြီး (facebook)  
မြင်းမူ၊ မေ ၁၆

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးစောင်းကျေးရွာ မျက်စိကုဆေးရုံးအနီး မုံရွာ - မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၄၅/၀ နှင့် ၄၅/၁ အကြားနေရာတွင် မေလ ၁၅ ရက်နေ့ မနက် ၈ နာရီက ဖောက်ခွဲရေးယမ်းများ သယ်ဆောင်လာသည့် (၂၂)ဘီးကားသည် ဆိုင်ကယ်နှင့်တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာအရပ်သို့ မြင်းမူမြို့မရဲစခန်းမှ ရဲအုပ် တင်မောင်ရွှေနှင့် အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ဦးရှာ ရွယ်(ခ) ဦးမောင်နိုင် ဆိုသူသည် CHENELONG (၂၂)ဘီးအမျိုးအစား ယာဉ်အမှတ် ၅င/ ၇၇… အဖြူရောင် ယာဉ်တစ်စီးပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်သုံး ဖောက်ခွဲရေးယမ်းများအား တင်ဆောင်၍ မောင်းနင်းလာစဉ် မြောင် မြို့နယ်၊ လွင်ကြီးကျေးရွာနေ ကိုကျော်ဝင်းမြင့် အသက်(၄၉)နှစ်ဆိုသူက ယင်ဇိုင်း 110 အမျိုးအစား ယာဉ် အမှတ် ၂၁ယ/၂၁….. ဆိုင်ကယ်အား လားရာတူယာဉ်ကြောအတိုင်း စီးနင်းလာစဉ် (၂၂)ဘီးကား၏ လက် ယာဘက်ရှေ့ဘီးတို့နှင့်ချိန်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ ကားဘီးဖြင့်ကြိတ်မိပြီး အဆိုပါနေရာတွင်သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား

  အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့် လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုး တာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီး ဖြစ်ကြောင်းနဲ့ မြန်မာအစိုးရ အနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွားမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေရေးနည်းဥပဒေ ပြဌာန်းရေးဆွေးနွေးပွဲမှာ သတင်းထောက်တစ်ဦးက အမေရိကန်က ပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး လိုက်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။

ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာရဲ ၄ ဦးကျဆုံး

 မြန်မာနယ်ခြားရဲတပ်ဖွဲ့နဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ဒီနေ့မနက် ၉ နာရီခွဲလောက်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ အမည်မဖေါ်လိုတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

နြယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးဟာ မိုင်တိုင် ၅၂ ခေါ် နတ်ရေကန်စခန်းဖက်ကို ဒီနေ့မနက်က သွားရောက်စဉ်မှာ အသင့်စောင့်နေတဲ့ RSO အင်အား ၆၀ လောက်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ ခိုလှုံနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖလားလက်မဲ့ဘ၀ကို ၀င်ဘလေမှာ အဆုံးသတ်တဲ့ အာဆင်နယ်

YoYarLay's photo.
YoYarLay's photo.

အက်ဖ်အေဖလား ကြမ္မာဆိုးကို အက်ဖ်အေဖလားနဲ့ အာဆင်နယ် ပြန်အဆုံးသတ်ခဲ့ပြီလို့ တင်စားဖို့ စောနေသေးပေမယ့် (၈)နှစ်တာ ကင်းကွာခဲ့တဲ့ အောင်ပွဲအနံ့အသက်ကိုတော့ အာဆင်နယ် ပြန်ရှုရှိုက်နိုင်ခဲ့ပါပြီ။ (၂၀၀၅)ခုနှစ်မှာ မန်ယူကို ပင်နယ်တီ (၅-၄)ဂိုးနဲ့ နိုင်ပြီး ဝေးလ်နိုင်ငံ၊ ကာဒစ်ဖ်မြို့က မီလန်နီယမ်ကွင်းမှာ အာဆင်နယ် အောင်ပွဲခံခဲ့ခြင်းက လန်ဒန်မြို့မြောက်ပိုင်း ဟော်လိုဝေးဒေသ အခြေစိုက် အသင်းတစ်သင်းအတွက် လေမုန်တိုင်း မလာခင် လေညှင်းတိုက်ခတ်မှုပါပဲ။

ဒီပွဲမှာ (၉)မိနစ် (၂)ဂိုးနဲ့ အာဆင်နယ် အဖြစ်ဆိုးပြန်ပြီလို့ ထင်ခဲ့ကြရတဲ့ စိုးရိမ်ပူပန်မှုတွေကို အာဆင်နယ် ပရိသတ်တွေ လွှင့်ပစ်နိုင်ခဲ့တာက ကာဇိုလာ၊ ကိုစီယယ်နီ၊ ရမ်ဆေးတို့ရဲ့ သွင်းဂိုးတွေနဲ့ပါ။ အာဆင်နယ်အတွက်တော့ ဒီနှစ် အက်ဖ်အေဖလားဟာ(၁၁)ကြိမ်မြောက်ဖြစ်ပြီး မန်ယူရဲ့စံချိန်ကို အမှီလိုက်နိုင်ခဲ့သလို (၉)နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့
မျှော်လင့်ချက်တွေ ပြည့်မြောက်သွားခဲ့ခြင်းပါပဲ။

@z (ရိုးရာလေး)

ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်သမ္မတ မပြင်ဆင်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်သမ္မတ မပြင်ဆင်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန် 

ရန်ကုန်၊ မေ ၁၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဝေဖန်ပြောကြားသည်။

“နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေကို နားထောင်ကြည့်လိုက်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်တည်စေချင်တဲ့ သဘောထားတွေ ပါနေပါတယ်။ အဓိကကျတဲ့ ပုဒ်မတွေ မပြင်ဘဲနဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲတဲ့ ပုဒ်မတွေကို ပြင်ဖို့ မကြိုးစားပါနဲ့။ မပြင်ချင်ဘူးဆိုရင် မပြင်ချင်ဘူး ပြောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အစိုးရ အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဝေဖန်သင့်သည်များကို သိက္ခာရှိရှိ အဆင့်မြင့်မြင့် ဝေဖန်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်ရေး အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ရမည် ဖြစ်ကြောင်း မတ်လ နောက်ဆုံးပတ် နိုင်ငံတော်သမ္မတ သက်တမ်း သုံးနှစ်ပြည့် မိန်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်း ပြောကြားထားသည်။

ထို့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစနစ် ချွတ်ခြုံကျခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အစိုးရ အဖွဲ့အစည်းများမှ ပူးပေါင်း လုပ်ဆောင်ရန် အချိန်ကျနေပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
“အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်သူများရဲ့ အင်အား၊ အရည်အသွေးနဲ့ ရွေးချယ်တက်မှုကို အဓိက ထားရမယ့် အချိန်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဗဟိုပူးပေါင်းကော်မတီကို မေလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းကို ပူးတွဲဟောပြောမည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေး ပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီ ၄၃၆ အရဆိုရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက် မရှိဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အဓိက ပုဒ်မတွေကို ကျွန်မတို့ ပြင်လို့ မရဘူး။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားကြည့်ပါ။ အခြား ပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေး ရနေတာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လား ဆိုတာ ကျွန်မ စဉ်းစားစေချင်ပါတယ်” ဟု ပုဒ်မ  ၄၃၆ ပြင်ဆင်ရေးနင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းသို့ ပူးတွဲဟောပြောပွဲများ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကို လွှတ်တော်ပြင်ပမှ လူထုအားဖြင့် ဖိအားပေးခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ထောက်ပြသည်။
“တစ်ဖက်နဲ့ တစ်ဖက် ဝေဖန်နေကြတာထက် တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို တက်လှမ်းနိုင်ရင် ပိုကောင်းပါမယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာ အထိခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ မန္တလေးမြို့တွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အခြေခံဥပဒေမှ ပေးအပ်ထားသော ပြင်ဆင်ခြင်း စည်းမျဉ်းများကို မကျော်လွန်ဘဲ တရားဥပဒေစိုးမိုးရေးနှင့်အညီ ပြင်ဆင်ရန် နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနှင့် သတိပေးခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အခြေခံဥပဒေ ပြင်ဆင်ဖို့ အခွင့်အာဏာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို အခွင့်အရေး ပေးထားတာ။ အဲဒီတော့ လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးခြင်းဖြင့် ပြင်ဆင်ရေးကို လှုပ်ရှားသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်၊ မေ ၁၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဝေဖန်ပြောကြားသည်။

“နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေကို နားထောင်ကြည့်လိုက်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်တည်စေချင်တဲ့ သဘောထားတွေ ပါနေပါတယ်။ အဓိကကျတဲ့ ပုဒ်မတွေ မပြင်ဘဲနဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲတဲ့ ပုဒ်မတွေကို ပြင်ဖို့ မကြိုးစားပါနဲ့။ မပြင်ချင်ဘူးဆိုရင် မပြင်ချင်ဘူး ပြောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အစိုးရ အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဝေဖန်သင့်သည်များကို သိက္ခာရှိရှိ အဆင့်မြင့်မြင့် ဝေဖန်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လာအို ကာကွယ်ရေးဝန်ကြီး လိုက်ပါသည့် လေယာဉ် ပျက်ကျ

Photo: လာအို ကာကွယ်ရေးဝန်ကြီး လိုက်ပါသည့် လေယာဉ် ပျက်ကျ

ဗီယင်တိန်း၊ မေ ၁၇

လာအိုနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက် အရာရှိများ စီးနင်း လိုက်ပါလာသော စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်တိန်းမှ ထွက်ခွာလာသော အဆိုပါ စစ်ဘက် လေယာဉ်သည် မြို့တော်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၁) အကွာရှိ ရှန်ခေါင်ပြည်နယ်ထဲသို့ ပျက်ကျသွားသည်ဟု ယူဆရသည်။

လေယာဉ်ပေါ်တွင် လာအို ကာကွယ်ရေးဝန်ကြီး ဒိုယန်ချေဖီချစ်နှင့် အခြားအရာရှိ ၂၀ ခန့် ပါသွားသည်ဟုလည်း ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ရှန်ခေါင်ပြည်နယ်သို့ ဧည့်ခံပွဲတစ်ခု တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ဖွယ်ရှိပြီး ယခုကဲ့သို့ လေယာဉ် ပျက်ကျသွားပြီးနောက် လေယာဉ်ပေါ် ပါသွားသူများ၏ သေဆုံး၊ ဒဏ်ရာရ သတင်းကိုမူ ယခုအထိ မသိရသေးပေ။

ယမန်နှစ် အောက်တိုဘာလကလည်း လာအို လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရာသီဥတု ဆိုးဝါးခြင်းကြောင့် မဲခေါင်မြစ်ထဲသို့ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါသူ လူ ၄၉ ဦးစလုံး သေဆုံးခဲ့ရသည်။

လူဦးရေ ခုနစ်သန်းခန့်သာ ရှိပြီး ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော လာအိုနိုင်ငံသည် တစ်ပါတီ ကွန်မြူနစ်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ကာ အာရှတိုက်အတွင်း အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ဗီယင်တိန်း၊ မေ ၁၇

လာအိုနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက် အရာရှိများ စီးနင်း လိုက်ပါလာသော စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်တိန်းမှ ထွက်ခွာလာသော အဆိုပါ စစ်ဘက် လေယာဉ်သည် မြို့တော်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၁) အကွာရှိ ရှန်ခေါင်ပြည်နယ်ထဲသို့ ပျက်ကျသွားသည်ဟု ယူဆရသည်။

လေယာဉ်ပေါ်တွင် လာအို ကာကွယ်ရေးဝန်ကြီး ဒိုယန်ချေဖီချစ်နှင့် အခြားအရာရှိ ၂၀ ခန့် ပါသွားသည်ဟုလည်း ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ရှန်ခေါင်ပြည်နယ်သို့ ဧည့်ခံပွဲတစ်ခု တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ဖွယ်ရှိပြီး ယခုကဲ့သို့ လေယာဉ် ပျက်ကျသွားပြီးနောက် လေယာဉ်ပေါ် ပါသွားသူများ၏ သေဆုံး၊ ဒဏ်ရာရ သတင်းကိုမူ ယခုအထိ မသိရသေးပေ။

ယူတဲ့နေရာ ပြန်ထားပါ....( ဒေါက်တာခင်မောင်ညို )


Written by - ဒေါက်တာခင်မောင်ညို

“ဒါကကောင်းတဲ့အကျင့်ပဲ၊ ကဲ လက်ဖက်ရည်လေး သောက်လိုက်ပါဦး၊ ခင်ဗျားအဘိုး ချီးမွမ်းခန်းထုတ်နေတာနဲ့ လက်ဖက်ရည်တောင် အေးကုန်ပြီ”

“ကျုပ်က ချီးမွမ်းခန်းထုတ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ တက်တဲ့အခါ ပြည်သူတွေ အင်မတန်သဘောကျတာကို စဉ်းစားမိလို့ပါ”

“ကျွန်တော်လည်း အဲဒီအချိန်ကိုမီပါတယ်။ သီချင်းတွေဆိုတဲ့အခါ ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီဆိုတာမျိုးပေါ့”

“မြူနီစီပယ်မင်းကြီး ဗိုလ်မှူးကြီးထွန်းစိန်ဆိုတာ တောက်လျှောက် မြို့တော်စည်ပင်သာယာရေးအတွက် လုပ်တယ်။ ရန်ကုန်တစ်မြို့လုံး သန့်ရှင်းသွားတယ်”

“မြူနီစီပယ်ဟာလည်း မြို့တော်စည်ပင်သာယာရေး ဖြစ်လာတာပဲမဟုတ်လား”

ဒါကို ကျွန်တော်ပြောသည် မဟုတ်ပါ။လက်ဖက်ရည်ဝိုင်းကို ရောက်လာသည့် ကိုမြတ်လင်းက ဝင်ပြောတာပါ။

Related Posts Plugin for WordPress, Blogger...

ShareThis