menu

Monday 25 November 2013

မန်းလေး ဘောလုံးဒိုင်မှာ နှစ်လောင်းပြိုင်လူသတ်မှုတရားခံများ ၂၄နာရီအတွင်းဖမ်းဆီးရမိ

နိုဝင်ဘာ ၂၅

နိုဝင်ဘာ ၂၄ နေ့တစ်နာရီခန့်က မန်းလေး မဟာအောင်မြေမြို့နယ် စိမ်းပေါင်းရပ်ကွက်
၃၈-၃၉လမ်း၊၈၂-၈၃လမ်းကြားမှာ နာမည်ကြီးဘောလုံးဒိုင်ရှိ ၀န်ထမ်း၂ဦးကို ရက်ရက်စက်စက်
ဓါးနဲ့အချက်ပေါင်းများစွာဝင်ရောက်ခုတ်ခဲ့လို့ ၂လောင်းပြိုင်လူသတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအပေါ်မှာ မြို့ပေါ်က လူတွေက စိတ်ဝင်တစားရှိနေ သုံးသပ်နေကြတာပါ
နေ့ခင်းကြောင်တောင်ဒီလောက်ရက်ရက်စက်စက်ဝင်ရောက်သတ်သွားတာဆိုတော့ မြို့ခံတွေ
စိတ်မှာစိုး၇ိမ်ပူပန်နေကြပါတယ်၊ခုတော့ ယင်းလူသတ်တရားခံတွေကို မဟာအောင်မြေမြို့နယ်
ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ကျိုးစားဖေါ်ထုတ်နိုင်ခဲ့ပါပီ
ယင်းလူသတ်သူတွေဟာရန်ငြိုးကြောင့်လို့သိရပါတယ် ၄င်းတို့ကတော့ ကျော်မျိုးလွင်၊ ဦးလုံးဥသျှောင်ရပ်ကွက်နေသူနဲ့ လင်းလင်းထွန်း(ခ)ကိုလင်းတို့ဖြစ်ကြပါတယ်လို့သိရပါတယ်။
ယင်းတို့ကို ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။

  အောင်မိုး

ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2)

Photo: ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2)

The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။ 

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတင်မက ဟောလိဝုဒ်အသိုင်းအဝိုင်းထိပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအရသော  ဗမာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် မှုကိုပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။ 

ပြင်သစ်မှာ W group ကုမ္မဏီပိုင်ရှင် ဟာ မမျော်လင့်ပဲ သေဆုံးခဲ့ပါတယ်။ သူဌေးဟာ ဘီလျံနာတစ်ဦးဖြစ်ပြီး စီးပွားရေးတင်မကပဲ ပရဟိတ လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့သေဆံးမှု ဟာ သွေးရိုးသားရိုးမဟုတ်ပဲ ဗမာ့စစ်တပ်တွေနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ဆိုပါတယ်။ (ဇာတ်လမ်းထဲမှာ မြန်မာလို့မသုံးပဲ Burma မြန်မာလို့သာ သုံးသွားပါတယ်။)

ထိုင်းနယ်စပ်က မြန်မာ့ပိုင်နက်အတွင်း ဒုက္ခသည်စခန်း မှာ ငွေကြေးတွေ လှူဒါန်းနေတဲ့ သူဌေးဟာ လုပ်ကြံခံလိုက်ရခြင်း ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ကျော်မင်း ( General Kyaw min) ကတရားခံစာရင်းထဲမှာ ပါဝင်နေပါတယ်။ သူဌေးမှာ မွေးစားသားတစ်ဦးတည်းသာရှိပြီး W Group ကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အသက်အန္တရာယ်နဲ့ နီးစပ်နေတဲ့ မွေးစားသား Largo ဟာ W  ကုမ္မဏီကို အပြီးတိုင် ရောင်းချပြီး ပရဟိတလုပ်ငန်းမှာ လှူမယ်လို့ ကြေညာခဲ့ပါတယ်။ သို့တည့်တိုင် ငွေကြေးတွေကို မတရား ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်တွေကြောင့် သူဟာ ဖခင်သေဆုံးမှုကို မြေလှန်စုံစမ်း ရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံ၊ ရှမ်းပြည်နယ်အစွန်အဖျားက ဗိုလ်ချုပ် ကျော်မင်း အုပ်ချုပ်နေတဲ့ ဒေသကို အရောက်သွားပါတယ်။ သာမန်အရပ်သား လို နေထိုင်ရင်း မြန်မာမလေးတစ်ဦးနဲ့ နီးစပ်ခဲ့ပုံတွေကိုပါ ရိုက်ကူး ထားပါတယ်။ အမှန်တော့ ဇာတ်လမ်းကို မြန်မာပြည်မှာ လာရောက်ရိုက် ကူးခြင်းမဟုတ်ပဲ ထိုင်းနိုင်ငံမှာ ရိုက်ကူး ထားခြင်းဖြစ်ပါတယ်။ Trailer ကြည့်ရသလောက်တော့ ဗမာစကားပြော မပါဝင်ပဲ ထိုင်းဘာသာ စကား ပြောတာကိုသာ တွေ့ရပါတယ်။ ဒီအချက်က ဝေဖန်သူတို့ အတွက် ထောက်ပြစရာ တစ်ခု ဖြစ်သွားပါတယ်။ 

မြန်မာ့တောထဲမှာ တစ်လကျော်ကြာနေထိုင်ရင်း ဗမာ့တပ်မတော်နဲ့ တိုက်ခိုက်ရပါတော့တယ်။ ဇာတ်လမ်းအရ ကတော့ ထုံးစံအတိုင်း မြန်မာ့ တပ်မတော်က ဗီလိန်ဖြစ်ပြီး ရွာတွေကို မီးရှို့ လူရက်ရက်စက်စက် သတ်ဖြတ်နေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ စစ်အစိုးရခေတ်ကို အခြေခံပြီး ရိုက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ 

ဇာတ်လမ်းကို ဘယ်လ်ဂျီယံ နာမည်ကြီး ဝတ္ထု Largo Winch ကိုပြန်လည် အသက်သွင်း ခြင်း ဖြစ်ပါတယ်။ ပထမ တစ်ကား Largo Winch ကို ၂၀၀၈ မှာ ရိုက်ကူးပြီး ဇာတ်ကွက်က သိပ်မကွာပါဘူး။ ပထမကားက အမေဇုန်တောထဲမှာ ဖြစ်ပြီး ဒုတိယတစ်ကားကျတော့ မြန်မာ့မြေ အမှတ်နဲ့ ထိုင်းနယ်စပ်မှာ ရိုက်ကူး ထားပါတယ်။ 

ဇာတ်လမ်းနှစ်ခုလုံး ဝတ္ထုတစ်ပုဒ်တည်းကို အခြေလို့ တူနေမယ်မဟုတ်ပါဘူး။ ဇာတ်ကြောရိုးက တူသယောင် ရှိနေပါတယ်။ ပထမ Largo Winch ကလည်း မွေးစားဖခင် အသတ်ခံရမှုကို စုံစမ်းရင်း အမေဇုန်တော ထဲ ရောက်သွားတာမျိုးဖြစ်ပါတယ်။ ဒုတိယ တစ်ကားကျတော့ Burma Jungle (မြန်မာ့တော) ထဲထိရောက်လာတယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါ တယ်။ အက်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဝေဝေဆာဆာပါဝင်ပါတယ်။
 
မင်းသား Largo Winch နေရာမှာ ဂျာမနီဖွား ပြင်သစ်မင်းသား Tomer Sisley က သရုပ်ပြီး၊ ဟောလိဝုဒ် မင်းသမီး Sharon Stone က Largo ရဲ့ စက္ကထရီနေရာမှာ သရုပ်ဆောင် ထားပါတယ်။ 

the Burma Conspiracy (Largo Winch-2) မကြည့်ရသေးသူများအတွက် Download link နဲ့ Trailer link များ မျှဝေပေးလိုက်ရပါတယ်။ 

http://www.youtube.com/watch?v=5L9WMDcuB-Q
http://bluraycdmovie.blogspot.com/2012/07/burma-conspiracy-2011-blu-ray-rip-720p.html
http://www.filestube.com/t/the+burma+conspiracy
http://kat.ph/the-burma-conspiracy-2011-brrip-720p-x264-dual-audio-hindi-english-by-k-rtik-exd-exclusive-t6490992.html
http://thepiratebay.se/torrent/7422853/The_Burma_Conspiracy_%282011%29___m-HD___720p___Hindi___Eng___BHATTI

http://moviesmobile.net/common/dwnload.php?url=20737
http://itunes.apple.com/gb/movie/the-burma-conspiracy/id482682686
http://www.nzbmovieseeker.com/NZB/1322333-The-Burma-Conspiracy/

.
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/entertainment/movie/38895-the-burma-conspiracy

.

The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတင်မက ဟောလိဝုဒ်အသိုင်းအဝိုင်းထိပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအရသော ဗမာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် မှုကိုပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။

ပြင်သစ်မှာ W group ကုမ္မဏီပိုင်ရှင် ဟာ မမျော်လင့်ပဲ သေဆုံးခဲ့ပါတယ်။ သူဌေးဟာ ဘီလျံနာတစ်ဦးဖြစ်ပြီး စီးပွားရေးတင်မကပဲ ပရဟိတ လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့သေဆံးမှု ဟာ သွေးရိုးသားရိုးမဟုတ်ပဲ ဗမာ့စစ်တပ်တွေနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ဆိုပါတယ်။ (ဇာတ်လမ်းထဲမှာ မြန်မာလို့မသုံးပဲ Burma မြန်မာလို့သာ သုံးသွားပါတယ်။)

ထိုင်းနယ်စပ်က မြန်မာ့ပိုင်နက်အတွင်း ဒုက္ခသည်စခန်း မှာ ငွေကြေးတွေ လှူဒါန်းနေတဲ့ သူဌေးဟာ လုပ်ကြံခံလိုက်ရခြင်း ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ကျော်မင်း ( General Kyaw min) ကတရားခံစာရင်းထဲမှာ ပါဝင်နေပါတယ်။ သူဌေးမှာ မွေးစားသားတစ်ဦးတည်းသာရှိပြီး W Group ကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အသက်အန္တရာယ်နဲ့ နီးစပ်နေတဲ့ မွေးစားသား Largo ဟာ W ကုမ္မဏီကို အပြီးတိုင် ရောင်းချပြီး ပရဟိတလုပ်ငန်းမှာ လှူမယ်လို့ ကြေညာခဲ့ပါတယ်။ သို့တည့်တိုင် ငွေကြေးတွေကို မတရား ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်တွေကြောင့် သူဟာ ဖခင်သေဆုံးမှုကို မြေလှန်စုံစမ်း ရတော့မှာ ဖြစ်ပါတယ်။

မန်းကျုံးရေပြင် အမျိုးသမီးအလောင်းတစ်လောင်းပေါ်

နိုဝင်ဘာ ၂၅ ရက် ၂၀၁၃

မန်းကျုံးရေပြင် လမ်း ၈၀၊ ၁၇-၁၈လမ်းကြားတွင် နိဝင်ဘာ၂၃ရက်နေ့ ညနေပိုင်း က အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ သေဆုံးသူ မရွှေဇင်ဖြိုး၂၁နှစ်မှာ ယခုလ ၂၁ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် နေအိမ်မှ ဖုန်းဆက်ရန် ထွက်ခွာသွားခဲ့ပြီး
ပြန်ရောက်လာခြင်းမရှိကြောင်း ၄င်းမိခင်၏ ထွက်ဆိုချက်အရသိရှိရသည်။

ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိသောကြောင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး သေမှုသေခင်းအမှတ် ၆၃/၂၀၁၃ရအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal

ပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို

Photo: ပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်း ၅၁ ဖွဲ့က ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် တောင်းဆိုသော သဘောထား ကြေညာချက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဖွဲ့အစည်း ၅၁ ဖွဲ့တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ Generation Wave၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ၊ အဖြူရောင် တွဲလက်များ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ကျောင်းသား လူငယ်များ၊ တက်ကြွ လှုပ်ရှားသူ ပြည်သူများအား တားဆီး ပိတ်ပင်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းသည် ဒီမိုကရေစီ အစိုးရအနေနှင့် လုံးဝ လုပ်ဆောင်မှု မပြုသင့်သည့်အပြင် ဖမ်းဆီး အရေးယူထား သူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ပေးရန် အထက်ပါ အဖွဲ့အစည်းများ ကိုယ်စား ဒီမိုကရေစီ အင်အားစုမှ မနီလာဟန်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ထပ်ပြီး ပြောဆိုစရာ မရှိသော်လည်း ယင်းသဘောထား ကြေညာချက် ကို ထောက်ခံပါကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောဆိုသည်။
“ဒီလိုအချိန်မှာ ဒီပုဒ်မကိုသုံးပြီး ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်နေတာဟာ မကောင်းဘူး။ ပြန်လွှတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတာဟာ လူရယ်စရာလည်း ဖြစ်တယ်။ အစိုးရ တစ်ရပ်ရဲ့ ပုံရိပ်၊ တရားစီရင်ရေး စနစ်ရဲ့ ပုံရိပ်လည်း မကောင်းဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

နိုင်ငံရေး လှုပ်ရှားသူများကို ၅/ည၊ ပုဒ်မ ၁၇ (၁)၊ (၂)၊ ပုဒ်မ ၅၀၅ ကဲ့သို့သော ပုဒ်မများဖြင့် ဖိနှိပ် အရေးယူခဲ့ သကဲ့သို့ ပုဒ်မ ၁၈ သည်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းခြင်းသာ ဖြစ်ကြောင်း ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုကလည်း ၎င်း၏အမြင်ကို ပြောကြားသည်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေသည် ရှေ့နောက် မညီညွတ်သည့် ဥပဒေ ဖြစ်ပြီး ပုဒ်မ ၂ တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာ တစ်ဦးထက် ပိုသောလူဟု ပြဋ္ဌာန်းထားသော်လည်း ယင်းဥပဒေပုဒ်မ ၅ တွင်မူ တစ်ဦးဖြစ်စေ၊ အများဖြစ်စေဟူသော စကားရပ်သို့ ပြောင်းလဲ သွားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

“အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပြည်သူလူထုဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ တကယ်ကျတော့ မြို့နယ် ရဲတပ်ဖွဲ့ကို ခွင့်တောင်းနေရတယ်။ ဒါဟာ ပုဒ်မ ၁၈ က တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အခြေခံဥပဒေကို လွှမ်းမိုးနေတဲ့သဘော ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ခံထားရသူများနှင့် တရားရုံးတွင် ရင်ဆိုင်နေရသူ ၂၄၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်း ၅၁ ဖွဲ့က ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် တောင်းဆိုသော သဘောထား ကြေညာချက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဖွဲ့အစည်း ၅၁ ဖွဲ့တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ Generation Wave၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ၊ အဖြူရောင် တွဲလက်များ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ကျောင်းသား လူငယ်များ၊ တက်ကြွ လှုပ်ရှားသူ ပြည်သူများအား တားဆီး ပိတ်ပင်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းသည် ဒီမိုကရေစီ အစိုးရအနေနှင့် လုံးဝ လုပ်ဆောင်မှု မပြုသင့်သည့်အပြင် ဖမ်းဆီး အရေးယူထား သူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ပေးရန် အထက်ပါ အဖွဲ့အစည်းများ ကိုယ်စား ဒီမိုကရေစီ အင်အားစုမှ မနီလာဟန်က ပြောကြားသည်။

ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် အစိုးရကို လူပေါင်း ထောင်ချီ ဆန္ဒပြ

မစ္စ ယင့်လပ်, ထိုင်း ၀န်ကြီးချုပ်, ဆန္ဒပြ, လွတ်ငြိမ်းချမ်းသာခွင့်, ထိုင်း နိုင်ငံ, ရှပ်နီ
ဒီနေ့ မနက်ပိုင်းက ဘန်ကောက်မြို့ရှိ ဘတ်ဂျက် ဗျူရို ၀န်းကျင်မှာ တွေ့ရတဲ့ ဆန္ဒပြသူတွေ (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စ ယင့်လပ် အစိုးရကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ ဘန်ကောက်မြို့ပေါ်ရှိ အစိုးရ ရုံးဌာန ၁၃ နေ ရာနဲ့ ရုပ်မြင်သံကြား လွှင့်ရုံတွေ ဆီကို ဒီကနေ့ မနက် ၈ နာရီလောက်မှာ ချီတက် ဆန္ဒပြကြပါတယ်။
အဲဒီ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့ကတည်းက စုဝေးမိခဲ့တဲ့ လူတွေ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ရှပ်နီဆန္ဒပြမှုတွေ နောက်ပိုင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် မတ်လနဲ့ မေလ အတွင်း ဖြစ်ပွားခဲ့တဲ့ ၂လလောက်ကြာတဲ့ ရှပ်နီဆန္ဒပြပွဲတွေမှာ စစ်သား ၆ ယောက်လောက် နဲ့ အရပ်သား ၈၀ ကျော် သေဆုံးပြီး လူ ၂၀၀၀ ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီနေ့ ဆန္ဒပြပွဲတွေကို အတိုက်အခံ ဒီမိုကရက် ပါတီ ခေါင်းဆောင် လွှတ်တော် အမတ်ဟောင်း ဆူထေ့ သောင်ဆူဗန် က ခေါင်းဆောင်ပြီး ထိုင်း ကာကွယ်ရေး ဦးစီး ဌာနချုပ်နဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ် ဦးစီးဌာနချုပ်တွေ၊ ထိုင်းရဲချုပ်ရုံး၊ ဘန်ကောက်မြို့တော် ရဲရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ဘတ်ဂျက် ဗျူရိုနဲ့ ရုပ်မြင်သံကြား သတင်းဌာန Channel 3 ၊ Channel 5 ၊ Channel 7 ၊ Channel 9 ၊ Channel 11 တို့ထုတ်လွှင့်ရာ နေရာတွေကို ချီတက် ဆန္ဒပြကြမှာဖြစ်တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

SEA Games ဘောလုံးပွဲလက်မှတ် ဝယ်ယူနိုင်သည့် နေရာများ

ရန်ကုန်မြို့ - သုဝဏ္ဏ အားကစားကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း။

နေပြည်တော် - မြို့မဈေး၊ Junction နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိကွင်း ဂိတ်အမှတ် (၁)။

မန္တလေး - ဗထူးကွင်း(လမ်း ၃၀နှင့် ၂၉လမ်းထောင်)၊ ချမ်းမြသာစည် (မနောဟရီလမ်းနှင့် ငုရွှေဝါလမ်းကြား-၂၃လမ်း)၊ မန္တလေး ဘောလုံးအကယ်ဒမီ (ငုရွှေဝါလမ်းနှင့် သဇင်လမ်းကြား-၂၃လမ်း)၊ မဟာအောင်မြေ (လမ်း ၄၀ နှင့် ၃၅ လမ်းကြား)။

မှတ်ချက် - ယင်းလက်မှတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ရောင်းချပေးမည် ဖြစ်ရာ အမျိုးသား ဘောလုံးပွဲစဉ် လက်မှတ် နှုန်းထားများမှာ အုပ်စု ပွဲစဉ်များအတွက် ရိုးရိုးတန်း- ကျပ်နှစ်ထောင်၊ အထူးတန်း- ကျပ်လေးထောင်။ ရှုံးထွက်နှင့် ဗိုလ်လုပွဲစဉ်များအတွက် ရိုးရိုးတန်း- ကျပ်သုံးထောင်၊ အထူးတန်း- ကျပ်ငါးထောင်။ အမျိုးသမီး ဘောလုံးပွဲစဉ်များအတွက် ရိုးရိုးတန်း ကျပ်တစ်ထောင်၊ အထူးတန်း ကျပ်သုံးထောင်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

Photo: မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား (တတိယအလွှာ) ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသော FMI ကုမ္ပဏီ၏ စီမံကိန်း အင်ဂျင်နီယာ ဦးထွန်းနိုင်ဦးက ပြောကြားသည်။ 

အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့သည့် ဘုရင့်နောင် လမ်းဆုံရှိ အဆိုပါ နှစ်ထပ်တံတား ဆောက်လုပ်မှု တစ်နှစ်ကျော် အကြာတွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
“တံတားက အကုန်ပြီးသွားပြီ။ အောက်နားက ရေပိုက်လေးတွေ ဆက်စရာပဲ ရှိတော့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တတိယအလွှာ တံတားသည် သမိုင်း ဘူတာရုံလမ်းနှင့် လှိုင်သာယာမြို့နယ် တို့ကို ဆက်သွယ်ထားပြီး အင်းစိန်နှင့် ရန်ကုန်မြို့ထဲကို ဆက်သွယ် ပေးထားသော ဒုတိယအလွှာ တံတား၏ အပေါ်မှ ဖြတ်ကျော် ဆောက်လုပ်ထားသော တံတားတစ်စင်း ဖြစ်သည်။
“ဒီမှာက တံတားက နှစ်စင်းဆိုတော့ အပေါ်က အသွား၊ အပြန် နှစ်လမ်း၊ အောက်က နှစ်လမ်းစီလေ။ အဲဒါဆိုတော့ သွားရတာ တခြား ခုံးကျော်တံတားတွေ ထက်စာရင် ပိုပြီး ယာဉ်ကြော ရှင်းနိုင်တယ်။ ကားသမားတွေအတွက် အဆင်ပြေသွားနိုင်တယ်” ဟု အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

တတိယအလွှာ တံတား (Third Layer) ၏ အောက်မှ ဒုတိယအလွှာ တံတား (Second Layer) ကို အောက်တိုဘာလ ၃၁ ရက် နံနက် ၉ နာရီမှ စတင်ဖြတ်သန်း သွားလာခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တံတားနှစ်စင်းကို တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသော FMI ကုမ္ပဏီထံမှ သိရသည်။

ယခုဖွင့်လှစ်သည့် တံတား၏ အရှည်မှာ ၂၄၁၃ ပေ ၁၀ လက်မ (၇၃၆ မီတာ) ရှိပြီး အမြင့်ဆုံး ခံနိုင်ဝန် တန် ၆၀ ထိ ခံနိုင်၍ မြေပြင်မှ တံတားအမြင့်ပေသည် ၄၇ ပေ ၄ လက်မ (၁၄ ဒသမ ၄၂၉ မီတာ) ရှိကြောင်း တံတား ဆောက်လုပ်မှု မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား သုံးစင်း တည်ဆောက်ခဲ့ရာ ဘုရင့်နောင်နှင့် လှည်းတန်း ခုံးကျော်တံတား တို့ကို ဖွင့်လှစ် နိုင်ခဲ့ပြီး ဖြစ်သော်လည်း ကျန်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာမူ အသုံးပြုနိုင်မည့် ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား (တတိယအလွှာ) ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသော FMI ကုမ္ပဏီ၏ စီမံကိန်း အင်ဂျင်နီယာ ဦးထွန်းနိုင်ဦးက ပြောကြားသည်။

အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့သည့် ဘုရင့်နောင် လမ်းဆုံရှိ အဆိုပါ နှစ်ထပ်တံတား ဆောက်လုပ်မှု တစ်နှစ်ကျော် အကြာတွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
“တံတားက အကုန်ပြီးသွားပြီ။ အောက်နားက ရေပိုက်လေးတွေ ဆက်စရာပဲ ရှိတော့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တတိယအလွှာ တံတားသည် သမိုင်း ဘူတာရုံလမ်းနှင့် လှိုင်သာယာမြို့နယ် တို့ကို ဆက်သွယ်ထားပြီး အင်းစိန်နှင့် ရန်ကုန်မြို့ထဲကို ဆက်သွယ် ပေးထားသော ဒုတိယအလွှာ တံတား၏ အပေါ်မှ ဖြတ်ကျော် ဆောက်လုပ်ထားသော တံတားတစ်စင်း ဖြစ်သည်။
“ဒီမှာက တံတားက နှစ်စင်းဆိုတော့ အပေါ်က အသွား၊ အပြန် နှစ်လမ်း၊ အောက်က နှစ်လမ်းစီလေ။ အဲဒါဆိုတော့ သွားရတာ တခြား ခုံးကျော်တံတားတွေ ထက်စာရင် ပိုပြီး ယာဉ်ကြော ရှင်းနိုင်တယ်။ ကားသမားတွေအတွက် အဆင်ပြေသွားနိုင်တယ်” ဟု အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

မန္တလေး ဘောလုံး လောင်းကစားလုပ်သည့် နေအိမ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်

မန္တလေး ဘောလုံး လောင်းကစားလုပ်သည့် နေအိမ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်

မန္တလေး၊ နိုဝင်ဘာ ၂၄

မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။

“ကောင်လေးကတော့ သွေးကွက်တွေနဲ့ လဲနေတာကို တွေ့တယ်။ အဲဒါနဲ့ လူမှုကူညီရေးအသင်းက ကားနဲ့ ဆေးရုံကို ပို့တဲ့အချိန် လမ်းမှာပဲ သေသွားတယ်။ ဘောလုံးဒိုင် လုပ်တယ် ဆိုတာတော့ သိတယ်။ အဲဒီအိမ်က အမြဲတမ်း တံခါးပိတ်ထားတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် သက်သေခံ ပစ္စည်းများနှင့် မသင်္ကာဖွယ်ရာများကို စုံစမ်း စစ်ဆေးလျက် ရှိပြီး ဘေးပတ်ဝန်းကျင်က မျက်မြင် သက်သေ အဖြစ် ထွက်ဆိုခြင်း မရှိသဖြင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ CID အရာရှိများ ကိုယ်တိုင် လာရောက် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၇) ရဲစခန်းမှ ဒုရဲအုပ်ဝင်းသိန်းက The Voice သို့ ပြောကြားသည်။

“ကျွန်တော့်သားက အဲဒီမှာ အလုပ်လုပ်တာ တစ်လလောက်ပဲ ရှိသေးတယ်။ အဲဒီအလုပ်ကို လုပ်တာ သဘောမကျဘူး” ဟု သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်ကို ဦးလှမြင့် ဆိုသူက ငှားရမ်းထားခြင်း ဖြစ်ပြီး သေဆုံးသူ နှစ်ဦးသည် ၎င်း၏ အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အမှတ် (၇) ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းတွင် (ပ) ၇၈၁။ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ထားရှိပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် စစ်ဆေး စုံစမ်းလျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သြဂုတ်လဆန်းပိုင်းက ပြည်ကြီးတံခွန် မြို့နယ်ရှိ တိုက်ခန်းတစ်ခန်းနှင့် စက်တင်ဘာလ ပထမပတ်ခန့်က ချမ်းအေးသာစံ မြို့နယ်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတို့တွင် ပစ္စည်းယူ လူသတ်မှုများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီ လမ်းထောင့်ရှိ Rainbow Bridge Distribution Co., Ltd. (Panasonic Battery ) မန္တလေးရုံးခွဲတွင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းက သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံများကို တစ်ပတ်အတွင်း ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့သည်။

မန္တလေး၊ နိုဝင်ဘာ ၂၄

မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။

“ကောင်လေးကတော့ သွေးကွက်တွေနဲ့ လဲနေတာကို တွေ့တယ်။ အဲဒါနဲ့ လူမှုကူညီရေးအသင်းက ကားနဲ့ ဆေးရုံကို ပို့တဲ့အချိန် လမ်းမှာပဲ သေသွားတယ်။ ဘောလုံးဒိုင် လုပ်တယ် ဆိုတာတော့ သိတယ်။ အဲဒီအိမ်က အမြဲတမ်း တံခါးပိတ်ထားတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

စင်​ကာ​ပူ​နိုင်​ငံ ​တ​နိုင်​ငံ​စာ​ရှိ​တဲ့ ​ရေ​ခဲ​ပြင်​ကြီး ​အ​န္တာ​တိ​က​တိုက်​မှ ​ကွဲ​ထွက်​လာ

အ​ရှည် ၂၁ ​မိုင်၊ ​အ​ကျယ် ၁၂ ​မိုင်​ရှိ​တဲ့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​အ​န္တာ​တိ​က​တိုက် ​ပိုင်း​အိုင်​လန် ​ပင်​လယ်​ကွေ့​က​နေ ​ကွဲ​ထွက်​လာ​တဲ့​ပုံ​တွေ​ကို ​အ​မေ​ရိ​ကန် ​အ​မျိုး​သား​အာ​ကာ​သ​အေ​ဂျင်​စီ (​နာ​ဆာ)​က ​နိုဝင်​ဘာ​လ ၂၄ ​ရက်​နေ့​က ​ပြ​သ​ခဲ့​တယ်။

ice 2​ရေ​ခဲ​ပြင်​ကြီး ​မ​ကွဲ​ထွက်​ခင်​က​ပုံ​တွေ​နဲ့ ​ကွဲ​ထွက်​လာ​ပြီး ​အာ​ကာ​သ​ဓာတ်​ပုံ​တွေ​ကို ​ပြ​သ​ခဲ့​ပါ​တယ်။

 ဒီ​အက်​ကွဲ​မှု​ကို ၂၀၁၁ ​ခု​နှစ် ​အောက်​တို​ဘာ​လ​က​တည်း​က ​နာ​ဆာ​ရဲ့ “​အော်​ပ​ရေး​ရှင်း ​အိုင့်​စ်​ဘ​ရစ်​ခ်ျ” ​အ​ဖွဲ့​က ​သ​တိ​ထား​မိ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

၂၀၁၃ ​ဇူ​လိုင်​လ​ပုံ​တွေ​မှာ​တော့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​သိ​သိ​သာ​သာ ​ကွဲ​ထွက်​လာ​ခဲ့​ပါ​တယ်။

အ​ခု​အ​ချိန်​မှာ ​ဘီ-၃၁ ​လို့​ခေါ်​တဲ့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​ကုန်း​မြေ​က​နေ ​သပ်​သပ်​ကွဲ​ထွက်​လာ​ပြီးေ​ရွှ့​လျား​နေ​ပါ​တယ်။

 သိ​ပံ္ပ​ပ​ညာ​ရှင်​တ​စု​ဟာ ​စ​တု​ရန်း​ကီ​လို​မီ​တာ ၇၀၀ ​ရှိ​တဲ့ ​ဒီ​ရေ​ခဲ​ပြင်​ကြီး ​ဘယ်​အ​ရပ် ​မျက်​နှာ​ဘက်​ကိုေ​ရွ့​လျား​မယ်​ဆို​တာ ​ဂြိုလ်​တု​က ​ပေး​တဲ့​အ​ချက်​အ​လက်​အ​တွေ​နဲ့ ​လိုက်​လံ ​တွက်​ချက်​နေ​ကြ​ပါ​တယ်။

DVB

ဆံကေသာကို နက်မှောင်ပြီး တောက်ပလာစေမယ့် လက်တွေ့နည်းများ

ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်း...တွေ ရှိပါတယ်။ သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။

နည်းလမ်း (၁)
~~~~~~~

- အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ကြာ ထည့်ထားပါ။

- အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။

- အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

- တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၂)
~~~~~~~~

- နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

- စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေထည့်ပြီး အားလုံးကို နှံ့အောင် သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းပြီး အခြောက်ခံထားပါ။

- နှစ်နာရီကြာတဲ့အခါ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။

စက္ကူနဲ့ လုပ်တဲ့ Lamborghini ပြိုင်ကား

စက္ကူနဲ့ လုပ်တဲ့ Lamborghini ပြိုင်ကား

Lamborghini Aventador AE2 စူပါ ပြိုင်ကားတစ်စီးကို ပုံမှာ မြင်တွေ့ရ ပါမယ်။ သို့ပေမယ့် သူဟာ တကယ့်အစစ် မဟုတ်ပါဘူး။ စက္ကူ နဲ့ သေချာ ခေါက်ရိုးချိုး ဒီဇိုင်းချထားတဲ့ကား ဖြစ်ပါတယ်။

ဖန်တီးသူ ဒီဇီုင်နာ Tara Lesko ရဲ့  ကျွမ်းကျင်မှုကြောင့်ပါ။ ယင်းကဲ့သို့ပဲ အလားတူ ကားများကိုလည်း ခေါက်ရိုး အချိုချလို့ ဖန်တီးပါတယ်။ ၁ အချိုး ၁ စကေးနဲ့တော့ မဟုတ်ပါဘူး။ အရွယ်ငယ် ပါတယ်။ ၈ ပေ အရှည်ရှိတဲ့ ကား ဖြစ်ပါတယ်။ အလားတူပဲ အခြားသော Honda NSX, Bugatti Veyron, Audi A7 အစသဖြင့် ပြိုင်ကားများကိုလည်း ဖန်တီးပါတယ်။ Need for Speed ဂိမ်းစီးရီးမှာ ပါဝင်ခဲ့ ကား အားလုံးကို ကြိုးစားဖန်တီးဖို့ ဖြစ်ပါတယ်။

စက္ကူခေါက်တဲ့ ပညာရပ်ကလည်း လူတိုင်းမတတ်ပါဘူး။ ဒီဇိုင်နာ Taras Lesko နဲ့ အချိုးကျကျ ပြိုင်ကားတစ်စီး ခေါက်ဖို့အတွက် ကားများရဲ့  အစိတ်အပိုင်းကို သေချာ လေ့လာခဲ့ရပါတယ်။ သာမန် ကားဗိသုကာ ပညာရှင် တစ်ဦးမှာ ရှိတဲ့ အတွေးအခေါ် အယူအဆအတိုင်း ရရှိဖို့ဆိုတာ မလွယ်ပါဘူး။ Lamborghini ပြိုင်ကားဟာ အခြားပြိုင်ကားများနဲ့ မတူပဲ အဒွန့်အတတ်တွေ များတာ စက္ကူခေါက်မှ သိရ တွေ့ရပါတယ်။ Taras Lesko ရဲ့  ကြိုးပမ်းမှုကို အောက်ပါ ဗီဒီယိုမှာ လေ့လာ နိုင်ပါတယ်။

https://youtu.be/pBemhDxmg8A
.
Ref: autoblog

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/usa/38888-lamborghini-paper-sport-car

၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း ၀င်ကြေး ကျပ်သုံးသိန်း ပြင်ဆင်

ကျော်ဇေယျ

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဝင်ကြေးကို ကျပ်သုံးသိန်းဖြင့် ပြင် ဆင်သတ်မှတ်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၂ရက်ကပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲမှ သိရသည်။

သို့သော် ပါတီများ၏မကျေ နပ်မှုများ အတွက် စစ်ဆေးတိုင် ကြားမှုအတွက် သတ်မှတ်ထား သည့် ငွေကျပ် ၁ဝသိန်းကိုမူလျှော့ ပေးမည် မဟုတ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ကြားလိုက်သည်။

နိုဝင်ဘာ ၂၂ရက်က အမေ ရိကန်အခြေစိုက် ရွေးကောက်ပွဲဆိုင်ရာဖောင်ဒေး ရှင်း တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင် သည့် ရွေး ကောက် ပွဲကော်မရှင် မဟာဗျူဟာ စီမံချက်ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်း ယှဉ် ပြိုင်သူ၏ ပေးသွင်းရသည့် ယခင် ငွေကျပ် ငါးသိန်းမှ ယခု သုံးသိန်း ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကော် မရှင်ဥက္ကဋ္ဌက ''အခုသုံးသိန်းကို လျှော့ချပေးထားတယ်။ နိုင်သူကို ပြန်ပေးမယ်။ မဲရလဒ်က ရှစ်ပုံတစ် ပုံရှိရင်လဲပြန်ပေးပါမယ်''ဟု ဥက္ကဋ္ဌ ကပြောသည်။

ပါးစပ်ပိတ်ပြီးဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတယ်လိုပြောပြတဲ့ မြောက်ဥက္ကလာ အလက(၅)၊ ခုနှစ်တန်းကျောင်းသူ မမိုးသက်သက်ဇော်

Photo: ပါးစပ်ပိတ်ပြီးဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတယ်လိုပြောပြတဲ့ မြောက်ဥက္ကလာ အလက(၅)၊ 7တန်းကျောင်းသူ မမိုးသက်သက်ဇော်
-------------------------------------------------------------------------
၂၀၁၃ နိုဝင်ဘာ ၂၄ ၂၀း၀၀ အချိန်ခန့်တွင် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ် အမျိုးသမီငယ် တစ်ဦးသည် မော်လမြိုင်---ရေး ခရီးသည်တင် ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း grad 8(B) တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော မမိုးသက်သက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း ၊အဆိုပါ ခလေးငယ်၏ ပြောကြားချက်အရ ၄င်းအား နေအိမ် ရေတွင်း ရေခပ်နေစဉ် အမည်မသိ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ ဖမ်းဆီးခေါ်ဆောင်လာပြီး ရန်ကုန်မြို့ အောင်မင်္ဂလာအဝေပြေးကွင်းမှ ရွှေပြည်စိုး ခရီးသည်တင် မှန်လုံယာဉ်မှ မော်လမြိုင်သို့၎င်း မော်လမြိုင်မှ ရာဇာမင်းကား ဖြင့် သံဖြူဇရပ်မြို့သို့၎င်း ချော့ယူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဤဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သူအား လက်ရဖမ်းဆီးရမိရေး သံဖြူဇရပ်မြို့ မြို့မ စခန်းမူး ဒုရဲမူးစိုအောင်နှင့် တပ်ဖွဲ့ဝင်များ အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရှိရပြီး ကလေး၏ အကြီးတော်စပ်သူ ဒေါ်သန်းသန်းဇော် အား လည်း ဆက်သွယ်၍ မေးမြန်းရာ ကလေးပျောက်ဆုံမှုနှင့် ပတ်သက်၍ နယ်မြေ ရဲကင်းထံ သတင်းပို့ တိုင်းကြားထားကြောင်း သတင်းရရှိပါသည်။
 Thanbyuzayat သံဖြူဇရပ်' FB  မှ..။

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်

‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မင်္ဂလာကိစ္စစီစဉ်နေ
မင်္ဂလာသတင်းကိုသက်မွန်ကအသိ မပေး ချင်သေးဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြော လိုက်၊ ဒီလူက တစ်မျိုးပြောလိုက်။ အဲဒီလို မျိုး အမျိုးမျိုးပြောခံရတာကို သက်မွန်က သဘော မကျဘူး။ သက်မွန်စိတ်ကူးထားတာက အားလုံး သေသချောချာ စီစဉ်ပြင်ဆင်ပြီးမှ ပရိသတ်တွေ ကို အသိပေးချင်တာပါ။ နောက်ပြီး ပရိသတ် တွေထင်လွဲသွား မှာလည်း ဆိုးတယ်။ အဲဒါနဲ့ ကိုယ်က အခုတော့ မင်္ဂလာကိစ္စကို စီစဉ်ဖြစ် နေပြီလို့ ပရိသတ်ကို ပြောပြချင်ပါ တယ်။ ကိုယ်တိုင်ပြောပြလို့ ပရိသတ် သိတယ် ဆိုတာမျိုးပဲ
ဖြစ်စေချင်တယ်။
အချစ်နဲ့အိမ်ထောင်တစ် ခုကိုတည်ဆောက်
အဓိက က တော့ အချစ်ပါ ပဲ။ ကိုယ်မချစ် ဘဲနဲ့လည်း အိမ်ထောင် တစ်ခုကိုတည် ဆောက်လို့ မရ ဘူးလို့  သက်မွန် ခံယူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူစိမ်းလူတစ်ေ ယာက်ကို နားလည်ပေးနိုင်ဖို့၊ ခွင့်လွတ်ပေးနိုင်ဖို့ဆို တာက ကိုယ်ကချစ်မှလည်း ဖြစ်လာမှာလေ။ ယုံကြည်မှုတွေ၊ သည်းခံမှုတွေဆိုတာလည်း ချစ်မှ နားလည်မှုတွေရှိနိုင် မယ်လို့ ယုံကြည် တယ်။ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ် ယောက်က အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ရှိဖို့လည်း လိုတယ်လို့ တွေးတယ်။ ချစ်ပြီးမှ ဒါတွေကို စဉ်းစားပြီး ရွေးချယ်ဖြစ်တယ်။

MRTV Digital စနစ်ဖြင့် ဖမ်းယူနိုင်မည့် စက်များ အခမဲ့ ပေးမည်

Photo: MRTV Digital စနစ်ဖြင့် ဖမ်းယူနိုင်မည့် စက်များ အခမဲ့ ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာ့ရုပ်မြင်သံကြား (MRTV) က စမ်းသပ် ထုတ်လွှင့်နေသည့် Digital ရုပ်သံ ထုတ်လွှင့်မှု စနစ် Digital Video Broadcasting Terrestrial-2 (DVB-T2) ကို ဖမ်းယူ ကြည့်ရှုနိုင်မည့် စက်များကို SEA Games ပြိုင်ပွဲ မတိုင်မီ ဝင်ငွေနည်း မိသားစုများအား အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။

အဆိုပါစက်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီး စက်အလုံးရေ ၃၃၅,၀၀၀ ဝယ်ယူရန် မှာကြားပြီး ဖြစ်ကာ စက်အလုံးရေ ၃၀၄,၉၄၄ လုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အစီအမံဖြင့် ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်လမိသားစု ပျမ်းမျှဝင်ငွေ ကျပ် တစ်သိန်းခွဲအောက် ရရှိပြီး သစ်သားကာ၊ သက်ကယ်နှင့် ဓနိမိုးနေအိမ်ဖြင့် နေထိုင်သည့် ရုပ်မြင်သံကြားစက်တစ်လုံး ပိုင်ဆိုင်သော မိသားစုများနှင့် ကျောင်း၊ အများနှင့် သက်ဆိုင်သော နေရာများနှင့် သာသနာရေး အဖွဲ့အစည်းများကို ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုအခါ Digital Video Broadcasting Terrestrial-2 (DVB-T2) စနစ်ဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စမ်းသပ် ထုတ်လွှင့်နေပြီး လက်ရှိ ထုတ်လွှင့်နေသည့် MRTV၊ MITV လွှတ်တော် ရုပ်သံလိုင်း၊ တိုင်းရင်းသား ရုပ်သံလိုင်းနှင့် လယ်သမား ရုပ်သံလိုင်း တို့ကို ပြသနေကာ SEA Games ပွဲစဉ် အချို့ကို ထုတ်လွှင့်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက ပြောကြားသည်။

“တခြားနိုင်ငံတွေမှာ ဒီလို ပြောင်းတဲ့အခါ အစိုးရက သင့်တော်သလို ကျခံပေးတာ ရှိတယ်။ တစ်နိုင်ငံလုံး အခမဲ့ ဖြန့်တာတော့ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူ တစ်ဦးကမူ ရပ်ကွက် အုပ်ချုပ်ရေးရုံးက ရပ်ကွက် အတွင်းရှိ နေအိမ်များကို စာရင်း လိုက်ကောက်သည်ကို တွေ့ရသော်လည်း မည်သည့်အတွက်မှန်း မသိကြောင်း ပြောဆိုသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာ့ရုပ်မြင်သံကြား (MRTV) က စမ်းသပ် ထုတ်လွှင့်နေသည့် Digital ရုပ်သံ ထုတ်လွှင့်မှု စနစ် Digital Video Broadcasting Terrestrial-2 (DVB-T2) ကို ဖမ်းယူ ကြည့်ရှုနိုင်မည့် စက်များကို SEA Games ပြိုင်ပွဲ မတိုင်မီ ဝင်ငွေနည်း မိသားစုများအား အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။

အဆိုပါစက်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီး စက်အလုံးရေ ၃၃၅,၀၀၀ ဝယ်ယူရန် မှာကြားပြီး ဖြစ်ကာ စက်အလုံးရေ ၃၀၄,၉၄၄ လုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အစီအမံဖြင့် ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်လမိသားစု ပျမ်းမျှဝင်ငွေ ကျပ် တစ်သိန်းခွဲအောက် ရရှိပြီး သစ်သားကာ၊ သက်ကယ်နှင့် ဓနိမိုးနေအိမ်ဖြင့် နေထိုင်သည့် ရုပ်မြင်သံကြားစက်တစ်လုံး ပိုင်ဆိုင်သော မိသားစုများနှင့် ကျောင်း၊ အများနှင့် သက်ဆိုင်သော နေရာများနှင့် သာသနာရေး အဖွဲ့အစည်းများကို ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး

မိတ္ထီလာ၊ နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့် ယင်းကျေးရွာနေ အမဲသား ရောင်းချသူ ဦးမင်းဦး (ခ) ဒါဂျေ (၃၀) နှစ်သည် နေအိမ် ထုပ်တန်းတွင် ငါးမူးလုံး အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကြိုးဆွဲချ သေဆုံးသူ ဦးမင်းဦး၏ သမီးနှစ်ဦး ဖြစ်သော သင်းနုဝေ (၆) နှစ် သူငယ်တန်းသည် ဝဲဘက်ရင်အုံတွင် ဓားဖြင့် ထိုးသွင်းရာ တစ်ချက်ဖြင့် သေဆုံးလျက် ရှိပြီး မေမြတ်နိုဦး (၉) နှစ် တတိယတန်းသည် ဝဲဘက်ရင်အုံတွင် ဓားနှင့် ထိုးသွင်းရာ တစ်ချက် ရရှိထားသော်လည်း အသက်ရှင်နေသေး၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ အမြန်ပို့ဆောင် ခဲ့ရကြောင်း၊ လွန်ခဲ့သည့် ၂ ရက်ခန့်က ဦးမင်းဦးသည် ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့နှင့် စကားများရာမှ ရိုက်နှက်ခဲ့၍ ဒေါ်ခင်နွဲ့က သမီးနှစ်ဦးကို ခေါ်၍ အိမ်မှ ဆင်းသွားခဲ့ရာ ဦးမင်းဦးက သွားရောက်၍ ဇနီးဖြစ်သူကို အိမ်ပြန် ခေါ်ရာတွင် မလိုက်၍ သမီးငယ်နှစ်ဦးကို အိမ်သို့ခေါ်ပြီး ပြစ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ဦးမင်းဦးသည် စိတ်ဆိုးသည့် အခါများတွင် မိသားစုကို သတ်မည်ဟု ကြိမ်းမောင်းမှုများ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားချက်အရ သိရသည်၊၊

ကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့်ဆရာမအား စစ်ဆေးနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း အခြေခံပညာအထက်တန်းကျောင်းမှ အဌမတန်းကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့် ဆရာမအား ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇွန်လ ၁ ၁ရက် က အင်္ဂလိပ်စာသင်ချိန်တွင် ကျောင်းသားက စကားပြော၍ဆိုကာ အင်္ဂလိပ်စာပြဆရာမက ဖိနပ်ဖြင့်ပေါက်လိုက်ခြင်းကို ကျောင်းသားမိဘများက မကျေနပ်၍ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ တိုင်ကြားထားခြင်းဖြစ်သည်။
““ဒီနေ့(နိုဝင်ဘာ ၂၄)ပဲ လာစစ်ဆေးတယ်။ ဆရာမကိုရော၊ ကျောင်းသားမိဘတွေကိုရောပဲ။ သူတို့က စစ်ချက်တွေယူပြီး အထက်ကိုတင်ပြမယ်ပြောတယ်။ ဆရာမကတော့ ငိုနေတယ်””ဟု ၎င်းဒေသခံတစ်ဦးကပြောသည်။
ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများကို စိတ်ကြိုက်ဆုံးမခွင့်ရှိသော်လည်း ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အနိမ့်ကျဆုံးဖြစ်သော ဖိနပ်ဖြင့် ပစ်ပေါက်ဆုံးမ၍ မကျေနပ်သောကြောင့် ပညာရေးဝန်ကြီးဌာနမှ ထိရောက်စွာ အပြစ်ပေးအရေးယူစေလိုကြောင်း ကျောင်းသားမိဘများက တိုင်ကြားထားသည်။

ပညာရေးဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ တတိယတန်းကျောင်းသူလေးများ၏ လက်ကို ကျောင်းသားများအား နမ်းစေ၍ ဂုဏ်သိက္ခာထိခိုက်စေမည့် ပြစ်ဒဏ်ပေးသော ကျောင်းဆရာအား ရာထူးတစ်ဆင့်ချထားလိုက်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိသည်။

7Day Daily

မန်းနေအိမ်တစ်အိမ်တွင် ဓားခုတ်မှုဖြင့် လူနှစ်ယောက်သေဆုံး

မန္တလေး၊ နိုဝင်ဘာ ၂၅

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နေအိမ်တစ်အိမ်တွင် လူသေအလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၂-၈၃လမ်းကြား၊ ၃၈-၃၉လမ်းကြားရှိ နေအိမ်တစ်အိမ်တွင်နေ့လယ် တစ်နာရီခန့်က ဓားခုတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သက်ဆိုင်ရာနယ်မြေရဲ့စခန်းမှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေအိမ်တွင်ကို မြင့်သိန်း ၄၀နှစ် ဦးခေါင်းနောက်စေ့ လည်ပင်းပြက်ရှ ဒဏ်ရာများဖြင့် လည်းကောင်း၊ နေအိမ်ရှေ့လမ်းပေါ်တွင်ကို ဇော်လတ် ၂၅နှစ်၊မှာ ၀ဲရင်အုံ၊ လည်ပင်း၊ ၀ဲလက်မောင်းစုတ်ပြဲ ပြက်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

 သေဆုံးသူ ကို ဇော်လတ်၏ ဖခင် ဦးစိုးမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နမစ(အမှတ်-၇)(ပ)၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရအမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေးအတွင် တိုင်းရဲအကူ တပ်ဖွဲ့ခွဲ (မှု/ကူ)၊ ခရရ(မှု/ကူ)၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal

Saturday 23 November 2013

အခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းမည်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရတွေ့ဆုံဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်က အကောင်အထည်ဖော်ပေးစေလိုကြောင်း မေတ္တာရပ်ခံစာ ရေးသားပေးပို့သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ လွယ်ကူစေဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရေးအတွက် သမ္မတထံ စာရေးသားပေးပို့သွားဖို့ ဒီနေ့ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်က အခုလိုပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေးမှာ လွယ်ကူအဆင်ပြေချောမွေ့ဖို့ ကျနော်တို့က သမ္မတရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ ကျနော်တို့ဥက္ကဌရယ် တွေ့ဆုံဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့တယ်”

လျှပ်စစ်ဝန်ကြီးဌာန သိမ်းယူမြေတွေအတွက် လျော်ကြေးမရရှိသေး

လျှပ်စစ်ဝန်ကြီးဌာန သိမ်းယူမြေတွေအတွက် လျော်ကြေးမရရှိသေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် အခုထိလျော်ကြေးမရသေးဘူးလို့ လယ်သိမ်းခံ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။

လယ်သိမ်းခံရမှုအတွက်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အပါအ၀င် အစိုးရတာဝန်ရှိသူတွေကို တိုင်ကြားတာတွေရှိခဲ့ပေမယ့် ခုချိန်ထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ လယ်သိမ်းခံလယ်သမား ဦးဇော်လင်းအောင်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ၁ဝ လပိုင်း ၄ ရက်နေ့ ဝန်ကြီးဌာနငါးခုကို တင်ပြတဲ့အခါမှာ လျှပ်စစ်ဝန်ကြီးဌာနက လာရောက်စစ်ဆေးမေးမြန်းပြီး ကျနော်တို့ကို ဘာတစ်ခုမှ သူတို့တုန့်ပြန်မှုမရှိဘူး၊ ကျနော်တို့ကို နစ်နာကြေးလည်းမပေးဘူး၊ အဖြူအမည်း မသဲကွဲလို့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ”

လယ်သမားရှစ်ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၃၀ ကျော်ကို လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်ဓါတ်အားခွဲစက်ရုံ တည်ဆောက်ဖို့အတွက်ဆိုပြီး ၂၀၀၄ ခုနှစ်အတွင်း သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ဒီအတောအတွင်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ  သက်တမ်းတစ်နှစ်ကျော် ကြာလာပြီဖြစ်ပေမယ့် လယ်ယာမြေပြဿနာတွေ ဖြေရှင်းနိုင်မှုမရှိသေးတဲ့အပေါ် ဝေဖန်မှုတွေ အမျိုးမျိုးပေါ်ထွက်ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် အခုထိလျော်ကြေးမရသေးဘူးလို့ လယ်သိမ်းခံ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။

လယ်သိမ်းခံရမှုအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အပါအ၀င် အစိုးရတာဝန်ရှိသူတွေကို တိုင်ကြားတာတွေရှိခဲ့ပေမယ့် ခုချိန်ထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ လယ်သိမ်းခံလယ်သမား ဦးဇော်လင်းအောင်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ၁ဝ လပိုင်း ၄ ရက်နေ့ ဝန်ကြီးဌာနငါးခုကို တင်ပြတဲ့အခါမှာ လျှပ်စစ်ဝန်ကြီးဌာနက လာရောက်စစ်ဆေးမေးမြန်းပြီး ကျနော်တို့ကို ဘာတစ်ခုမှ သူတို့တုန့်ပြန်မှုမရှိဘူး၊ ကျနော်တို့ကို နစ်နာကြေးလည်းမပေးဘူး၊ အဖြူအမည်း မသဲကွဲလို့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ”

အသက် ၇နှစ်အရွယ် မြန်မာကလေးတစ်ဦးကို မက်သာဖက်တမင်းဆေးပြား တစ်သောင်းခန့်နှင့်အတူ တွေ့ရှိ

Photo: အသက် ၇နှစ်အရွယ် မြန်မာကလေးတစ်ဦးကို 
မက်သာဖက်တမင်းဆေးပြား တစ်သောင်းခန့်နှင့်အတူ တွေ့ရှိ

 ဘန်ကောက် နိုဝင်ဘာ ၂၃ 
ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားဂိတ်တစ်ခုတွင် ငိုကြွေးနေသော အသက်၇နှစ်အရွယ် မြန်မာလူမျိုး ကလေးတစ်ဦး၏ ကျောပိုးအိတ်ထဲတွင် မက်သာဖက်တမင်းစိတ်ကြွဆေးပြားတစ်သောင်းခန့် တွေ့ရှိခဲ့သည်ဟု ဘန်ကောက်ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ အဆိုပါကလေးကို မြန်မာနယ်စပ်အနီးKanchanaburi ခရိုင် Thong Pha Phum အရပ်တွင် ရဲတပ်ဖွဲ့က ကြာသာပတေးနေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 
ရဲအရာရှိတွေက ကလေးဆီသွားပြီး ဘာဖြစ်လဲ မေးတယ် ဒါပေမဲ့ ကလေးက ထိုင်းစကား မတတ်ဘူး ဟု ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှုး Amnuay Pongsawatက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ကလေးငယ်က သူသည် ကရင်ပြည်နယ် ဘုရားသုံးဆူခရိုင်တွင် နေထိုင်သူဖြစ်ပြီး ဦးလေးအပါအ၀င် အခြားသူ ၃ဦးဖြင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဘာသာပြန်မှ တဆင့် ပြောပြသည်။
် ဆေးပြားများကို ကလေးငယ်၏ ကျောပိုးအိတ်အတွင်း ကလေးပေါင်ဒါမှုံ ၂ဗူးနှင့် အတူ ပလတ်စတစ်အိတ်ငယ် ၅၀ အတွင်းမှ တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ဒါဟာ ကလေးငယ်တွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ယူမှုကို ဖမ်းဆီးမိခဲ့တာပါ ဟု ၄င်းက ပြောသည်။ ရဲတပ်ဖွဲ့က ကလေးငယ်ကို ဦးလေးတော်စပ်သူက ထားပစ်ခြင်း ဖြစ်မည်ဟု ယုံကြည်ထားသည်။  kyl     -     ref;AFP

Popular Myanmar News 

မိခင်နို့စို့ရာမှ ၀မ်းဗိုက်အတွင်း တွယ်ချိတ်ဝင်သွားသော တစ်လသားအရွယ် ကလေးငယ်

ကျိုက်လတ်မြို့နယ် ဆားဖိုသိုင်းချောင်းကျေးရွာတွင် နေထိုင်သော ကိုသန်းဇော်-မအေးအေးခိုင်တို့၏ တစ်လ သားအရွယ်သားငယ်လေးမှာ အောက်တိုဘာ ၂၆ ရက် တွင် မိခင်နို့စို့ရာမှ အင်္ကျီတွယ်ချိတ် ဝမ်းဗိုက်အတွင်း ဝင်သွားခဲ့ကြောင်း သိရသည်။
¤င်းကလေးငယ်အား မိခင်ဖြစ်သူက နို့တိုက်နေစဉ် မိခင်အင်္ကျီတွင် ချိတ်ထားသော တွယ်ချိတ်ကို ကလေး ငယ်လက်ဖြင့် ဆွဲမိရာမှ ပါးစပ်အတွင်းဝင်သွားခဲ့သည်။ ယင်းအတွက် ဖခင်ဖြစ်သူက လက်ဖြင့်နှိုက်ယူရာ ချိတ်မှာ ပိုဝင်သွားခဲ့သည်။
ကလေး၏ ပါးစပ်အတွင်းမှ သွေးထွက်ကာ နာကျင် လွန်း၍ အော်ဟစ်ငိုယိုနေသဖြင့် လူမှုဝန်ထမ်းစိတ်ရှိသော လူငယ်များ၏ကူညီမှုကြောင့် ကျိုက်လတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။ ထိုမှ မအူပင်ဆေးရုံ ကြီးသို့ တစ်ဆင့်လွှဲခဲ့သည်။ ကလေးမိဘများမှာ ပျိုးနုတ်၊ ကောက်စိုက်တောင်သူများသာဖြစ်သည့်အတွက် စေတနာ ရှင်များ၊ အသင်းအဖွဲ့များမှ လိုအပ်သည့် ကူညီထောက်ပံ့မှု များပေးကာ မအူပင်ဆေးရုံကြီးသို့ အရောက်ပို့ပေးခဲ့သည်။

မြစ်ကမ်းဘေးမှ အနာဂတ်မရေရာသော ဘဝများ

မန္တလေးမြို့တော် ဧရာဝတီ မြစ်ကမ်းဘေးရှိ တာရိုးတစ်လျှောက်တွင် ယိုင်နဲ့နဲ့ပုံစံ ရှိသော ထရံကာ၊ ဝါးကပ်မိုး တဲအိမ်ကလေးပေါင်း များစွာ ပြွတ်သိပ် ကြပ်ညှပ်စွာ ရှိနေသည်။ ဖုန်အလိမ်းလိမ်းဖြင့် အရောင်မထွက်သော ယင်းတဲတို့မှ ဆိုးဝါးသော အနံ့အသက်များ လေထုအတွင်း လွှမ်းခြုံနေသည်။
အဆိုပါ တဲအိမ်များသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျူးကျော်ဟု သတ်မှတ်ထားသော တဲများ ဖြစ်ပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အချို့ကို လက်ခံ ကျင်းပမည့် မန္တလေးမြို့တော်တွင် ယင်းပွဲတော် မတိုင်မီ မြို့တော် ဂုဏ်သိက္ခာအတွက် သက်ဆိုင်ရာ၏ ဖယ်ရှား ရှင်းလင်းခြင်း ခံရတော့မည့် ကျူးကျော် နေထိုင်သူများ၏ နေအိမ်များပင် ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “မြစ်ကမ်းဘေးမှာ ဒီလိုမျိုး တဲလေးတွေနဲ့ ကျူးကျော်ပြီးနေတာ အမှန်အတိုင်း ပြောရင် မြို့အင်္ဂါရပ်နဲ့လည်း မညီဘူး။ အရုပ်ဆိုးစေတယ်လေ။ မကြာခင် ဆီးဂိမ်းကလည်း စတော့မယ်။ နိုင်ငံခြားသား ခရီးသည်တွေလည်း ဝင်လာကြတော့မယ် ဆိုတော့ ဒါတွေရှိနေတာ အမြင်မတင့်တယ်ဘူးပေါ့” ဟု ပြောဆိုသည်။
မြစ်ကမ်းဘေးတွင် ကျူးကျော် နေထိုင်သူများကလည်း ၎င်းတို့၏ ကျူးကျော် နေထိုင်မှုသည် မြို့တော်ကို အရုပ်ဆိုးစေသည် ဆိုသော အချက်ကို သဘောတူ လက်ခံကြသော်လည်း ကျူးကျော် နေထိုင်ကြသူများသည် ဧရာဝတီမြစ်ကို အခြေပြု အသက်မွေး ဝမ်းကျောင်းကြသူများ ဖြစ်ကြပြီး မြစ်ကမ်းဘေးရှိ သဲစုပ် လုပ်ငန်းအတွက် သဲသယ်ကြသူ၊ အခယူ အဝတ်လျှော်ပေးကြသူ၊ ဆိုက်ကပ်လာသော လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ကြသည့် ကုန်တင်ကုန်ချ အထမ်းသမားများ၊ မုန့်မျိုးစုံ ရောင်းချသူ၊ တစ်နိုင်တစ်ပိုင် ထမင်းဆိုင် ဖွင့်ကြသူများ ဖြစ်ပြီး မြစ်ကမ်းဘေး နေရာမှ လွဲ၍ အခြား မည်သည့် နေရာကိုမျှ ရွှေ့ပြောင်း နေထိုင်လိုစိတ် မရှိကြချေ။
“တရားဝင် အိမ်ဆောက်ပြီး နေလို့လည်းမရတော့ မိုးကာတဲလေးတွေနဲ့ နေကြတော့ အရုပ်ဆိုးတယ် ဆိုတာလည်း အားလုံးက သိကြပါတယ်။ လက်လည်း လက်ခံပါတယ်။ ဒါပေမဲ့ ဒီမှာနေတဲ့လူတွေ အကုန်လုံး နီးပါးက ဒီနေရာကလွဲပြီး ဘာအလုပ်မှ မလုပ်တတ်လို့ ဆင်းရဲလွန်းလို့ နေကြရတာပါ” ဟု ဧရာဝတီ မြစ်ကမ်းဘေးတွင် ကျူးကျော်တဲဖြင့် ဆယ်စုနှစ်ပေါင်း များစွာ နေထိုင်လာခဲ့သော သားသည် မိခင် ခဝါသည် အမျိုးသမီး တစ်ဦးက ဆိုသည်။

ဘာဟာကိုမဆို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

Photo: ဘာဟာကိုမဆို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းများကို အသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်း လိုက် လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

အဓိက အသုံးပြုတဲ့ နည်းပညာ Concept ကတော့ လူမှာ ရှိနေတဲ့ လျှပ်စစ်ဓာတ်နဲ့ အရာဝတ္တုတစ်ခုခုကို ထိတွေ့တဲ့ ယင်းအရာဝတ္ထု က ပြန်လည် တန်ပြန် တုန့်ပြန်မှုပေးတဲ့ သဘောတရား ဖြစ်ပါတယ်။ ယင်း Sensitive ဖြစ်မှု ကို အထင်ရှားဆုံးဖြစ်လာအောင် Makey Makey အမည်ရ ဆားကစ်က ဖန်တီးပေးတာ ဖြစ်ပါတယ်။ တီထွင်သူ Jay Sliver ရဲ့  ဖန်တီးချက်ကို အား လုံး အံ့သြမင်သက် ခဲ့ရပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပါဘူး။ ဘာ Application မှ Install လုပ်စရာ မလိုပါဘူး။ တကယ် ခပ်ရှင်းရှင်း ဆားကစ် တစ်ခုမျှ သာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း ဖန်တီးနိုင်ပါတယ်လို့တောင် Sliver ကဆိုထားပါတယ်။ http://makeymakey.com/ ဒီဝဘ်ဆိုဒ်မှာ သူအသေး စိတ်ရှင်းလင်း ပြ သထားပါတယ်။ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Makey Makey (Make everything a key) အမည်ရ ဆားကစ်က ဘယ်လို အလုပ်လုပ်ဆိုတာ စမ်းသပ်ပြသထာတဲ့ အောက်ပါ ဗီဒီယိုမှာ လေ့လာကြည့် ရှုနိုင်ပါတယ်။
--
http://youtu.be/_DWQ6ce2Ags
--
အောင်ခမ်း ( smart.com.mm )

http://smart.com.mm/index.php?option=com_content&view=article&id=18663:mit-devices-hands-on&catid=110&Itemid=640

.

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းများကို အသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်း လိုက် လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ

Photo: မြန်မာလူငယ်တစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ 

Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။ 

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။ 

တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။ 

NS က စစ်မှုထမ်းအနေနဲ့ တိုင်းပြည် ကာကွယ်ဖို့ အသက်ပေးရတာမို့ ရထားပေါ်မှာ ရေသောက်တာ လက်ခံပေးနိုင်ကြောင်း ခွင့်ပြုနိုင်ကြောင်း ၎င်းတို့ နိုင်ငံသားများက ထောက်ခံ ဖြည့်တွေးပေးကြ ပါတယ်။ သို့ပေမယ့် Post တင်သူ Hopimgu ကိုတော့ အပြင်းအထန် ကန့်ကွက်ဝေဖန်ပြီး ဆိုးရွားလှတဲ့ comment များလည်း တွေ့ရ ပါတယ်။ 

သတင်း ဖတ်ရှုရန် - 

http://therealsingapore.com/content/exposed-guy-who-%E2%80%98stomped%E2%80%99-photo-nsf-drinking-water-mrt-ft?fb_comment_id=fbc_196728750515857_319758_196737500514982#f555889856a636

https://www.facebook.com/photo.php?fbid=648646585158474&set=a.518622691494198.110993.518247218198412&type=1&relevant_count=1

ဒီတော့ ကာယကံရှင်ကို ရိုးရာလေးက စာပို့ဆက်သွယ် မေးမြန်းလိုက်ချိန်မှာ သူဟာ Stomp မှာ အကောင့်လည်း မဖွင့်ဖူးကြောင်း၊ ယင်းသတင်းလည်း မရေးကြောင်း၊ ဓာတ်ပုံလည်း သူမရိုက်ရကြောင်း၊  ပိုပြီးတော့ ထင်ရှားတဲ့အချက်တစ်ခုကတော့ သူဟာ စင်္ကာပူမှာ မဟုတ်ပဲ မြန်မာပြည်က Forever Group မှာ အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရ ပါတယ်။ စင်္ကာပူမှာ ကျောင်းတက် ခဲ့ဖူးပေမယ့် ယခု မြန်မာပြည်မှာ ရှိနေသူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အသစ်လုပ်တဲ့ Passport နဲ့ ဘယ်နိုင်ငံခြားခရီးစဉ်မှ မသွားရသေးကြောင်း ဆိုပါတယ်။

ဒီတော့ သွားပုပ်လေလွင့်တဲ့ The Real Singapore ဝဘ်ဆိုဒ်မှာ စင်္ကာပူများ က ထောက်ခံအားပေးပေမယ့် ရွှေ့ ပြောင်းလုပ်သား နဲ့ မြန်မာလူမျိုး များကတော့ အတော်လေး ပြင်းထန် ရှုံ့ ချနေပါပြီ။ မင်းသန့်နိုင်လို့ အမည် ရတဲ့ မြန်မာလူငယ်အနေနဲ့ ယခုလို အသရေအဖျက်ခံရမှုအတွက် တရားဝင် တရားစွဲဖို့လည်း အစီအစဉ် ရှိကြောင်း ဆိုပါတယ်။ 

စင်္ကာပူမှာတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က တင်လိုက်တဲ့ သတင်းကြောင့် မို့ ရွှေ့ ပြောင်းလုပ်သား၊ ရွှေပြောင်း နေထိုင်သူများကိ မလိုလားတဲ့ စင်္ကာပူ နိုင်ငံသားများက ကန့်ကွက်မှု၊ လှုံ့ဆော်မှုများ ပြုလုပ်နေပါတယ်။ ယခု ပြဿနာက စင်္ကာပူရောက်နေတဲ့ မြန်မာလူမျိုး လူများစုကို သွားရောက် ထိခိုက်စေနိုင်ပါတယ်။ လက်ရှိမှာ ကာယကံရှင်ကိုယ်တိုင် ယင်းသတင်း မှားယွင်းကြောင်း အများသိအောင် ရိုးရာလေးကို ယခုလို ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါတယ်။ 

.
အောင်ခမ်း ( ရိုးရာလေး ) 

http://www.yoyarlay.com/local-news/crime/38864-myanmar-student-accused-by-singapore

.

Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။

တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။

ကျောင်းဆရာမနှင့်စာရေးမအား ပြည်သူ့စစ်ခေါင်းဆောင်က ရိုက်နှက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃။

ရှမ်းပြည်နယ်၊ နမ်းစန်မြို့ တိုင်းကောင်းလွယ်ယင်ကျေးရွာတွင်
နိုဝင်ဘာ ၂၁ရက် ညနေ ၃နာရီက ကျောင်းဆရာမနှင့် စာရေးမ
နှစ်ဦးအား ပြည်သူ့စစ်ခေါင်းဆောင်က သေနက်ဖြင့် ရိုက်နှက်မှု
ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်စန်မြို့တွင်ေ နထိုင်သော အလယ်တန်းပြ ဆရာမ
ဒေါ်လှမျိုးသွယ်နှင့် ကျောင်းစာရေးမ ဒေါ်နန်နွမ်ဟွမ်
တို့သည် ၎င်းတို့တာဝန်ကျ တိုင်း ကောင်း လွယ်ယင်ေ
ကျေးရွာ စာသင်ကျောင်းမှ နမ်စန်မြို့သို့ ဆိုင်ကယ်ဖြင့်
အပြန် ပအိုဝ့်ပြည်သူ့စစ်ခေါင်းဆောင် အိမ်ရှေ့အရောက် ပအိုဝ့် ပြည်သူ့စစ်ခေါင်းဆောင်၏မြေးမှ ဖြတ်ပြေးရာ ဆိုင်ကယ်ဖြင့်ပွတ်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဆိုင်ကယ်ဖြင့်ပွတ်မိသောကြောင့် ပအိုဝ်ပြည်သူ့စစ်
ခေါင်းဆောင်မှ ဆရာနှစ်ဦးအား ဆိုင်ကယ် ဦးထုပ်ချွတ်ကာ
သေနတ်ဒင်ဖြင့် ထုရိုက် မှုကြောင့် နှစ်ဦးစလုံးဦးခေါင်းပေါက်ကာ
နမ့်စန်ပြည်သူ့ဆေးရုံကြီးတွင် နှစ်ချက်ချုပ်ခဲ့ရကြောင်း ကာယကံ
ရှင်နှင့် နီးစပ်သူက ပြောကြားသည်။

"ဆရာမဒေါ်လှမျိုးသွယ် ယောင်္ကျားက နမ့်စန်ရဲစခန်းက
ဒုရဲအုပ်ပါ။ ဘယ်သူက အဲဒီ့လိုဖြစ်တာ ကျေနပ်မှာလဲ။
အထက်ကို မလွန်ဆန်နိုင်လို့ ပါ”ဟု ကာယကံရှင်နှင့် နီးစပ်သူများက ပြောကြားသည်။

တရုတ်နိုင်ငံသား နှစ်ဦး သိန်းနှစ်ရာတန်စိန်ပွင့် ခိုးယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံသား နှစ်ဦးသည် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စိန်နှစ်ပွင့်အားခိုးယူမှုတစ်ခု နိုဝင်ဘာ၂၂ရက် နံနက် ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။

ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ
နေလ၀န်း ရတနာပစ္စည်းဆိုတွင် မသင်းပွင့်လှိုင်နှင့်
မသိမ့်သိမ့်ဇွန်တို့မှ ဆိုင်ခင်းကျင်း ရောင်းချနေစဉ် တရုတ် လူမျိုးအမျိုးသား နှစ်ဦးတို့မှ အဆိုပါစိန်နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြည့်ရှုနေကြပြီး ဈေးမတည့်သဖြင့်
၎င်းတို့နှစ်ဦး မှာ ပြန်သွားခဲ့ကြောင်း ထို့နောက်တွင် စိန်အလွတ်နှစ်ပွင့်ထည့်ထားသည့်ဘူးအား ဖွင့်ကြည့်ရာ
မတွေ့တော့သဖြင့် ဆိုင်ပိုင်ရှင်ဒေါ်မိုးမိုးမှ ပန်းပဲတန်းရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ၎င်းရုံးမှသိရသည်။

အမှုအား ပန်းပဲတန်းမမစ(ပ) ၃၈၁/၁၃ ပြစ်မှုပုဒ်မ- ၃၈၀ဖြင့်
အမှုဖွင့်ပြီး၊ အမှုစစ်ဒုရဲအုပ်နှင့် စစမရဲအုပ်တို့အဖွဲ့သည်
မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းတို
့နှစ်ဦးအား မင်္ဂလာဒုံလေဆိပ် လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူးရုံးတွင်
တွေ့ရှိရပြီး Mr.lou Xian Chun ၏ ပိုက်ဆံအိတ်အတွင်းမှ စိန်နှစ်ပွင့်အား ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား ခိုးမှုအတိုင်းဆောင်ရွက်မှာ ဖြစ်ပြီး သံရုံးနှင့်
ဆက်သွယ်ကာ ၎င်းတို့၏နိုင်ငံသို့ ပြန်လည် ပို့ဆောင် အရေးယူစေမည်ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။

ရေးသားသူ- ဝေဖြိုး၊ ဇော်ရဲထွဋ်

People Power

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူ ခြောက်ဦးကို ကြည့်မြင်တိုင် တရားရုံး ပြစ်ဒဏ်ထပ်ချ

Photo: လက်ပံတောင်းတောင်အရေး ဆန္ဒပြသူ ခြောက်ဦးကို ကြည့်မြင်တိုင် တရားရုံး ပြစ်ဒဏ်ထပ်ချ 

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကန့်ကွက် ဆန္ဒပြမှုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားသည့် ဦးမိုဃ်းသွေး အပါအဝင် ခြောက်ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ထပ်ချလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ်  တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားပြီး ဖြစ်သော်လည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြစ်ဒဏ် နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် တရားသူကြီးက ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

Generation Wave မှ ကိုမိုဃ်းသွေး အပါအဝင် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးအတွက် ရန်ကုန်မြို့တော်ရှိ တရုတ်သံရုံးသို့ လမ်းလျှောက် ဆန္ဒပြမှု ဦးဆောင်သူ ခြောက်ဦးသည် လမ်းလျှောက် ဆန္ဒပြရာတွင် ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်တို့ကို ခွင့်ပြုချက်မဲ့ စီတန်း လှည့်လည်ခဲ့သဖြင့် အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့များက ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အလုံမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံရုံးထုတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။ 
“ပုဒ်မ ၁၈ ဆိုတာ မရှိသင့်တဲ့ကိစ္စ ဖြစ်တယ်။ ရှိခဲ့ရင်လည်း ပြင်သင့်တယ်။ အသွင်ကူးပြောင်းရေးလို့ ပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံကို သွားနေတဲ့ နိုင်ငံမှာ မရှိသင့်တော့တဲ့ ကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပေးပြီး သက်ဆိုင်ရာက စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းသင့်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ရုံးတာဝန်ခံ ဖြစ်သူ ဦးသက်ဦးက ဆိုသည်။  

လက်ရှိတွင် ပုဒ် ၁၈ အပါအဝင် အခြားနိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံရသော တက်ကြွလှုပ်ရှားသူများ (Activists) နှင့် နိုင်ငံရေးသမားပေါင်း ၂၀၀ ကျော်ခန့် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ခန့်မှန်းထားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကန့်ကွက် ဆန္ဒပြမှုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားသည့် ဦးမိုဃ်းသွေး အပါအဝင် ခြောက်ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ထပ်ချလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားပြီး ဖြစ်သော်လည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြစ်ဒဏ် နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် တရားသူကြီးက ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မူဝါဒ အပြောင်းအလဲ လုပ်မည့် သတင်းများကြောင့် ဂျပန်ကားများ ဈေးကျ

Photo: မူဝါဒ အပြောင်းအလဲ လုပ်မည့် သတင်းများကြောင့် ဂျပန်ကားများ ဈေးကျ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

အရောင်းအဝယ် နည်းပါးလာခြင်းနှင့် အတူ ၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည်ဟူသော သတင်းများကြောင့် ဂျပန် လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် မော်တော်ယာဉ်များ ကျပ် ၁၀ သိန်းခန့် (ယန်း တစ်သိန်းခန့်) ဈေးကျ သွားကြောင်း လေလံဈေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာလလယ်မှ စ၍ ဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ပြီး လေလံဆွဲသူ နည်းပါးလာခြင်းကြောင့် ဈေးဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ပွဲစားအချို့က ပြောကြားသည်။
“ဝယ်ရောင်းတွေရော၊ နိုင်ငံခြားက တိုက်ရိုက် ကားဝယ်စီးတဲ့ သူတွေရော လက်တွန့် နေကြတဲ့အတွက် လေလံဆွဲသူ နည်းပြီးတော့ ဈေးတွေ ကျလာတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက်ထဲမှာတော့ ပွိုင့် ၃ (၁၃၀၀ စီစီ) ကားတွေက စလစ်ကားတွေထက်စာရင် ပိုရောင်းရတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆိပ်ကမ်းရောက် မော်တော်ယာဉ် တန်ဖိုး (CIF) ပေါ်မူတည်၍ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“ကားဈေးက သူတို့ ဆိပ်ကမ်းအရောက် တန်ဖိုးဖြတ်တဲ့ (CIF) အပေါ်မှာ မူတည်တယ်။ သူထက်ဝက်ကျရင် ကားဈေးလည်း ထက်ဝက် လိုက်ကျမှာပဲ။ သူတက်ရင် လိုက်တက်မယ်။ ဒါပေမဲ့ အတက်ထက် ကျဖို့ ပိုများပါတယ်” ဟု ဦးအေးကျော်က ရှင်းပြသည်။

ရောင်းမထွက်သည့် မော်တော်ယာဉ်များမှာ ရန်ကုန်မြို့တော်ရှိ ယာဉ်ရပ်နား စခန်းများအတွင်း ပြည့်နှက်လျက် ရှိသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ယခင်ကထက် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ထိုးကျနေခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဦးထွန်းထွန်းက ပြောဆိုသည်။

ဆိပ်ကမ်းအရောက် မော်တော်ယာဉ် တန်ဖိုး (CIF) များကို ၂၀၁၄ ခုနှစ်အတွင်း ထပ်မံ ပြောင်းလဲဦးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂

အရောင်းအဝယ် နည်းပါးလာခြင်းနှင့် အတူ ၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည်ဟူသော သတင်းများကြောင့် ဂျပန် လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် မော်တော်ယာဉ်များ ကျပ် ၁၀ သိန်းခန့် (ယန်း တစ်သိန်းခန့်) ဈေးကျ သွားကြောင်း လေလံဈေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာလလယ်မှ စ၍ ဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ပြီး လေလံဆွဲသူ နည်းပါးလာခြင်းကြောင့် ဈေးဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ပွဲစားအချို့က ပြောကြားသည်။
“ဝယ်ရောင်းတွေရော၊ နိုင်ငံခြားက တိုက်ရိုက် ကားဝယ်စီးတဲ့ သူတွေရော လက်တွန့် နေကြတဲ့အတွက် လေလံဆွဲသူ နည်းပြီးတော့ ဈေးတွေ ကျလာတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက်ထဲမှာတော့ ပွိုင့် ၃ (၁၃၀၀ စီစီ) ကားတွေက စလစ်ကားတွေထက်စာရင် ပိုရောင်းရတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆိပ်ကမ်းရောက် မော်တော်ယာဉ် တန်ဖိုး (CIF) ပေါ်မူတည်၍ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သူရိယ နေဝန်းသတင်းဂျာနယ် ကို ဦးတေဇ တရားစွဲမည်

သူရိယ နေဝန်းသတင်းဂျာနယ် ကို ဦးတေဇ တရားစွဲမည်

ဖြစ်ပုံတွေကို ရိုးရာလေးက ဘာမှ ရှင်းမပြချင်တော့ပါဘူး။ ဦးတေဇရဲ့  Official Facebook Page မှ ရေးသားချက်များကို ဘာစာမှ မပြင်ပဲ ပြန်လည် ဖော်ပြ ပေးလိုက် ရပါတယ်။ 

"ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေ တဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ် ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစု ဝင် ယောက်ျား ပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်း များ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ် သည့် အတွက် နောက် တစ်ခေါက် ထပ်သေရမှာ မကြောက်တတ် သူဆိုတာကိုလည်း သတိပြုမိ ပုံမပေါ်ပါ။

ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက်လည်း လူကြီး လူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်။

တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာစာစောင်တချို့ မှ စော်ကားရေး သားထားသော မိမိရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်း လုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ် ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်ရရှိသည့် အခြေအနေများ ကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ် လှပ တိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ကမ္ဘာသို့တင်ပြသွားပါမယ်။"

မူရင်း ဦးတေဇ၏ Post အား သွားရောက် ကြည့်ရှုရန် - 

https://www.facebook.com/photo.php?fbid=685094081525057&set=a.479789525388848.113704.266495883384881&type=1

ရိုးရာလေး ပြည်တွင်း သတင်း 

.

ဖြစ်ပုံတွေကို ရိုးရာလေးက ဘာမှ ရှင်းမပြချင်တော့ပါဘူး။ ဦးတေဇရဲ့  Official Facebook Page မှ ရေးသားချက်များကို ဘာစာမှ မပြင်ပဲ ပြန်လည် ဖော်ပြ ပေးလိုက် ရပါတယ်။

"ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေ တဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ် ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစု ဝင် ယောက်ျား ပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်း များ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မင်္ဂလာဆောင်တွင် ဂန်းနန်းစတိုင် အကဖြင့် ပျော်မြူးနေစဉ် သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက် အောင်ပွဲခံရာမှ အနည်းဆုံး သုံးဦးသေဆုံး

article-2512007-1996769200000578-523_636x338

 ယီမန်မှ မင်္ဂလာဆောင်တစ်ခုတွင် သက်ဆိုင်သူများက တောင်ကိုရီးယား ပေါ့ပ်အဆိုတော် PSY ၏ ဂန်းနန်းစတိုင်အကဖြင့် ပျော်မြူးနေချိန်တွင် လက်နက်များ ပါလာသည့် ဧည့်သည်အချို့က အေကေ-၄၇ ဖြင့် လေထဲသို့ သေနတ်ပစ်ဖောက် အောက်ပွဲခံရန် ကြိုးပမ်းရာမှ အနည်းဆုံး သုံးဦးသေဆုံးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက်သည့် အခိုက်တွင် တစ်ယောက်သည် သူ၏သေနတ်ကို မထိန်းနိုင်တော့ပဲ ကပွဲအတွင်းမှ လူအုပ်ထဲသို့ ဝှေ့ယမ်းမိလိုက်သဖြင့် ယခုကဲ့သို့ သွေးမြေကျခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို  Liveleak မှ ထုတ်လွှင့်ပြသခဲ့သည်။ ရေကူးကန်အနီး သွေးအိုင်ထဲလဲနေသူ၊ ကျည်ဆန်ထိမှန်ပြီး လူးလှိမ့်နေသူကို ဆွဲယူရွေ့ပြောင်းနေပုံများနှင့် မင်္ဂလာပွဲညတွင် အထိတ်တလန့် အော်ဟစ်သံများ လွှမ်းမိုးသွားသည့် ဗီဒီယိုဖိုင်များ ဖြစ်သဖြင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်ပေ။
ယီမန်မှ နယ်မြေအများစုတွင် ယခုကဲ့သို့ တရားမ၀င် သေနတ်ကိုင်ဆောင်မှုများ ရှိနေသည်မှာ မထူးဆန်းတော့သော ကိစ္စပင် ဖြစ်နေခဲ့သည်။ လက်နက်ကိုင်များက မင်္ဂလာပွဲအပါအ၀င် အခြားသော အခမ်းအနားများတွင် အောင်ပွဲခံသည့် အနေဖြင့် သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်သည်မှာလည်း အလေ့အထတစ်ခုလို ဖြစ်လာခဲ့သည်။ ယခုဖြစ်ရပ်အတွက် သေနတ်သမားကို ဖမ်းဆီးမှုရှိ မရှိ အတိအကျ ဖော်ပြထားခြင်း မရှိပါ။
Ref: Daily Mail
The Myanma Age

လန်ဒန်မြို့တွင် နှစ်ပေါင်း ၃ဝ ကြာ ကျွန်အဖြစ် ခိုင်းစေခံခဲ့ရသူ အမျိုးသမီး သုံးဦးအား ကယ်ဆယ်နိုင်ခဲ့

လန်ဒန်မြို့တွင် နှစ်ပေါင်း ၃ဝ ကြာ ကျွန်အဖြစ် ခိုင်းစေခံခဲ့ရသူ အမျိုးသမီး သုံးဦးအား ကယ်ဆယ်နိုင်ခဲ့

Saturday, November 23, 2013

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ နေအိမ်တစ်လုံးတွင် နှစ် ၃ဝ ကြာ ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရသော အမျိုးသမီးသုံးဦးအား ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ၎င်းနေအိမ်မှ အသက် ၆၇ နှစ်အရွယ် အိမ်ရှင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို နိုဝင်ဘာ ၂၁ ရက်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် ဗြိတိန်နိုင်ငံသားများ မဟုတ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းရေး ဌာနဖြစ်သည့် စကော့တလန် ယာ့ဒ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကျွန်အဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ အမျိုးသမီးသုံးဦးမှာ အသက် ၆၉ နှစ်အရွယ် မလေးရှားနိုင်ငံသူ အမျိုးသမီး တစ်ဦး၊ အသက် ၅၇ နှစ်အရွယ် အိုင်ယာလန် အမျိုးသမီးတစ်ဦးနှင့် အသက် ၃ဝ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ တစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့အနက်တစ်ဦးက လူမှုရေးအဖွဲ့သို့ ဆက်သွယ်ခဲ့ပြီးနောက် ၎င်းတို့အားလုံးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

http://www.myawady.net.mm/allnews/global/item/30936-2013-11-23-09-35-35

အိုစမာဘင်ဘာဒင်ကို ခြေရာခံနိုင်ရေး ကူညီခဲ့သော ဆရာဝန်ကို စွဲချက်အသစ် လူသတ်မှုတစ်ခုဖြင့် တရားစွဲ

အိုစမာဘင်ဘာဒင်ကို ခြေရာခံနိုင်ရေး ကူညီခဲ့သော ဆရာဝန်ကို
 စွဲချက်အသစ် လူသတ်မှုတစ်ခုဖြင့် တရားစွဲ

အိုစမာဘင်လာဒင်ကို  စီအိုင်အေက ခြေရာခံနိုင်ရေးတွင် အဓိက ကူညီခဲ့သော ပါကစ္စတန် ခွဲစိတ်ဆရာဝန် ရှိက်ကီလ် အဖီဒီကို ပါကစ္စတန်အစိုးရက လူသတ်မှုတစ်ခုနှင့် စွဲချက်တင်လိုက်သည်။

နိုဝင်ဘာ ၂၂ရက်က တရားစွဲဆိုမှုသည် အမေရိကန်အတွက် ဟီးရိုတစ်ယောက် သဖွယ်ဖြစ်သော အဖီဒီမှာ ပါကစ္စတန်အတွက် လူသတ်တရားခံ ဖြစ်ခဲ့ရသည်။ 

အမေရိကန်သည် ၂၀၁၁ခုနှစ် မေလက ပါကစ္စတန်နိုင်ငံ အစွန်ပိုင်းတွင် ဆရာဝန် အဖီဒီ၏ သတင်းပေးမှုကြောင့် အိုစမာဘင်လာဒင်၏ နေအိမ်ကို ၀င်စီးပြီး သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

Lashkar-e-Islam အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဖီဒိကို ပါကစ္စတန်က လွန်ခဲ့သောနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့သည်။ 

သို့သော် အဖီဒီက သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ယင်းတရား စီရင်မှုသည် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တင်းမာ သွားစေခဲ့သည်။

သြဂုတ်လကမူ ပါကစ္စတန် အာဏာပိုင်များက ဆရာဝန်ကို အမှုကို မှားယွင်းမှုအဖြစ် သတ်မှတ်ကာ တရားစီရင်မှု ပြန်စစေခဲ့ဖူးသည်။ 

ယခုစွဲချက်အသစ်မှာ ၂၀၀၅ခုနှစ်က က သေဆုံးခဲ့သော လူနာတစ်ဦး၏ မိခင်က အမှုဖွင့် တိုင်ကြားထားသော ဖြစ်ရပ်ဖြစ်သည်။ 

ထိုအမျိုးသမီးက အဖီဒီသည် ကိုက်ဘာလွတ်မြောက်ဒေသမှ ဆေးရုံတစ်ခုတွင် သူ၏သားကို အဖီဒီက ခွဲစိတ်ကုသပေးစဉ်က  ခွဲစိတ်ပါရဂူမဟုတ်ဘဲ လုပ်ကိုင်ခဲ့သဖြင့် သူ၏ သားမှာ သေဆုံးသည်ဟု စွတ်စွဲထားသည်။

အဖီဒီ၏ ရှေ့နေ ဆန်မီလာအဖီဒီက သောကြာနေ့ နံနက်တွင် ကိုက်ဘာအာဏပိုင်များက သူ၏အမှုသည်မှာ လူသတ်မှုကျူးလွန်ထားသည်ဟု အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

ဆရာဝန်နှင့် သူ၏ရှေနေတို့၏  မျိုးရိုးအမည်များမှာ အဖီဒီချည်းသာ ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ဆွေမျိုး တော်စပ်ခြင်း မရှိဟု သိရသည်။
Ref: Reuters

အိုစမာဘင်လာဒင်ကို စီအိုင်အေက ခြေရာခံနိုင်ရေးတွင် အဓိက ကူညီခဲ့သော ပါကစ္စတန် ခွဲစိတ်ဆရာဝန် ရှိက်ကီလ် အဖီဒီကို ပါကစ္စတန်အစိုးရက လူသတ်မှုတစ်ခုနှင့် စွဲချက်တင်လိုက်သည်။

နိုဝင်ဘာ ၂၂ရက်က တရားစွဲဆိုမှုသည် အမေရိကန်အတွက် ဟီးရိုတစ်ယောက် သဖွယ်ဖြစ်သော အဖီဒီမှာ ပါကစ္စတန်အတွက် လူသတ်တရားခံ ဖြစ်ခဲ့ရသည်။

အမေရိကန်သည် ၂၀၁၁ခုနှစ် မေလက ပါကစ္စတန်နိုင်ငံ အစွန်ပိုင်းတွင် ဆရာဝန် အဖီဒီ၏ သတင်းပေးမှုကြောင့် အိုစမာဘင်လာဒင်၏ နေအိမ်ကို ၀င်စီးပြီး သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Lashkar-e-Islam အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဖီဒိကို ပါကစ္စတန်က လွန်ခဲ့သောနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့သည်။

သို့သော် အဖီဒီက သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ယင်းတရား စီရင်မှုသည် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တင်းမာ သွားစေခဲ့သည်။

တပ်သား ၄၀ ဖြင့် လွှတ်တော် လုံခြုံရေးအဖွဲ့ ဖွဲ့ပေးရန် တင်ပြထားခြင်း မရှိဟုဆို

Photo: တပ်သား ၄၀ ဖြင့် လွှတ်တော် လုံခြုံရေးအဖွဲ့ ဖွဲ့ပေးရန် တင်ပြထားခြင်း မရှိဟုဆို 

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လွှတ်တော် လုံခြုံရေးအတွက် တပ်သား ၄၀ ဦးဖြင့် သီးသန့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပေးရန် လွှတ်တော်က အစိုးရထံ တင်ပြထားသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က တပ်သား ၄၀ ဦးဖြင့် လွှတ်တော် လုံခြုံရေးတပ် သီးသန့် ဖွဲ့စည်းပေးရန် အစိုးရကို တောင်းဆိုထားခြင်းလည်း မရှိကြောင်း ၎င်းက ရှင်းပြသည်။ 
“လွှတ်တော်က တောင်းတာ မဖြစ်နိုင်ပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာမှ မရှိတာ။ လွဲနေတာ ဖြစ်ပါလိမ့်မယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

လွှတ်တော်အတွင်း လုံခြုံရေးကို လိုအပ်ပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအရ ထပ်မံ၍ ဖြည့်ဆည်း ခန့်အပ်သွားရန် ရှိသော်လည်း လွှတ်တော် လုံခြုံရေး သီးသန့်တပ်ဖွဲ့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် လွှတ်တော် လုံခြုံရေးအတွက် SP၊ CID နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဝန်ထမ်း ၁၀၀ ဦးရေ အောက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေပြီး မလုံလောက်ပါက အင်အား ဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

လွှတ်တော်ရုံးအတွင်း ဝန်ထမ်းအင်အား ၄၀၀ ခန့် ရှိပြီး ၂၀၁၅ ခုနှစ် မတိုင်မီ ဝန်ထမ်း ၈၀၀ ခန့် တိုးမြှင့် ခန့်အပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ လွှတ်တော်အတွင်း လာရောက် လည်ပတ်သူနှင့် အခြား ကိစ္စရပ်များအတွက် လုံခြုံရေး တိုးမြှင့်ပါက ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အတိုင်းသာ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လွှတ်တော် လုံခြုံရေးအတွက် တပ်မတော်တစ်ခု သီးသန့် ဖွဲ့စည်းရန် ဆိုသည်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အပြင် လွှတ်တော် ကိုယ်စားလှယ် များကိုလည်း အသိပေး ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

လွှတ်တော်ဘက်က ယင်းသို့ ငြင်းဆို ထားသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးကမူ လွှတ်တော်က တပ်သား ၄၀ ဖြင့် ကိုယ်ပိုင် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့ပေးရန် အစိုးရထံ တောင်းဆိုထားခြင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ ရက်နေ့က ကန့်ကွက်လွှာ ပြန်လည် ပေးပို့ထားကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေတွင် ပြောကြားထားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂

လွှတ်တော် လုံခြုံရေးအတွက် တပ်သား ၄၀ ဦးဖြင့် သီးသန့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပေးရန် လွှတ်တော်က အစိုးရထံ တင်ပြထားသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က တပ်သား ၄၀ ဦးဖြင့် လွှတ်တော် လုံခြုံရေးတပ် သီးသန့် ဖွဲ့စည်းပေးရန် အစိုးရကို တောင်းဆိုထားခြင်းလည်း မရှိကြောင်း ၎င်းက ရှင်းပြသည်။
“လွှတ်တော်က တောင်းတာ မဖြစ်နိုင်ပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာမှ မရှိတာ။ လွဲနေတာ ဖြစ်ပါလိမ့်မယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

လွှတ်တော်အတွင်း လုံခြုံရေးကို လိုအပ်ပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအရ ထပ်မံ၍ ဖြည့်ဆည်း ခန့်အပ်သွားရန် ရှိသော်လည်း လွှတ်တော် လုံခြုံရေး သီးသန့်တပ်ဖွဲ့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် လွှတ်တော် လုံခြုံရေးအတွက် SP၊ CID နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဝန်ထမ်း ၁၀၀ ဦးရေ အောက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေပြီး မလုံလောက်ပါက အင်အား ဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့

Photo: တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့

ရန်ကုန်၊ နိုဝင်ဘာ ၂၂

၂၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ လိမ္မော်ခြံလမ်းရှိ နေအိမ်တစ်အိမ် မီးလောင်နေကြောင်း သတင်းအရသွားရောက်ခဲ့ရာအဆိုပါလမ်းရှိ ဒေါ်ကြုံဟွမ်(ဘ)ဦးကျော်ရှိန်နှင့်
သားဖြစ်သူ ဇော်ညွန့်(ခ)ပေါက်စီ (ဘ)ဦးဝမ်ကြားရှီ တို့နေထိုင်သော
လေးပင်၊ သုံးခန်း၊ ဓနိမိုး၊ထရံကာမြေစိုက်နေအိမ်အားမီးလောင်နေသည်ကို
တွေ့ရှိရပြီး ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၉၁၅အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ်သက်၍စစ်ဆေးရာသားဖြစ်သူ
ဇော်ညွန့်(ခ)ပေါက်စီသည် အရက်မူးလွန်ပြီး နေအိမ်ခန်းအတွင်းရှိ အ၀တ်ပုံအား ဂတ်(စ်)မီးခြစ်ဖြင့်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၃၂၀၀၀၀)ခန့်ဆုံးရှုံးခဲ့ကာ မီးရှို့သူ ဇော်ညွန့်(ခ)ပေါက်စီအား  တိုက်ကြီးမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တရုတ်၏ တတိယမြောက် ဒရုန်း ပထမဆုံးအကြိမ် ပျံသန်း

တရုတ်၏ တတိယမြောက် ဒရုန်း ပထမဆုံးအကြိမ် ပျံသန်း

နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံက လျှို့ဝှက်ဒရုန်း တစ်ခုကို ကာလအတန်ကြာ ကြံစည်ခဲ့ပြီး နောက်ပိုင်းတွင် နိုဝင်ဘာ ၂၁ရက်က ပထမဆုံး အကြိမ်ပျံသန်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ကြေညာခဲ့သည်။

မီဒီယာများက “ဓားထက်ထက်” ဟု အမည်ပေးထားသော လျှို့ဝှက်စစ်ဆင်ရေးသုံး ဒရုန်းသည် မျက်မြင်သက်သေများ ရှေ့တွင် မိနစ် ၂၀ခန့် ပျံသန်းမှုပြုခဲ့သည်။ 

တရုတ်သည် လွန်ခဲ့သော နှစ်များကလည်း J-20 နှင့်  J-31 ကို တီထွင်ခဲ့ဖူးသည်။ 

ပြီးခဲ့သောလ စက်တင်ဘာက အရှေ့တရုတ်ပင်လယ်မှ အငြင်းပွားဖွယ် ကျွန်းအနီးတွင် မောင်သူမဲ့ လေယာဉ်တစ်စီး ပျံသန်းခဲ့သည့် အတွက် ဂျပန်တို့၏ တင်းမာမှုများ မြင့်တတ်လာခဲ့သည်။

ယင်းဖြစ်ရပ် ပြီးသည်နောက်ပိုင်းတွင် ဂျပန်က နိုင်ငံ၏လေပိုင်နက်တွင် နောက်တစ်ကြိမ် ဒရုန်းကိုတွေ့လျှင် ပစ်ချမည်ဟု ကြိမ်းဝါးခဲ့သည်။  

လေ့လာသုံးသပ်သူများက တရုတ်သည် မောင်းသူမဲ့ လေယာဉ်များ လုပ်ရခြင်းမှာ အကြောင်းပြချက်နှစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ ပထမတစ်ခုမှာ ဒရုန်းကဲ့သို့သော ခေတ်မီ လေယာဉ်ငယ်များဖြင့် တရုတ်နိုင်ငံ၏ ခေတ်သစ်စစ်လက်နက်တပ်ဆင်မှုကို အလျှင်အမြန် အရှိန်မြင့်လာနိုင်စေရန်နှင့် ဒုတိယ တစ်ချက်မှာ ယခုကဲ့သို့သော နည်းပညာများ ကမ္ဘာ့တစ်ဝန်းလုံး ပျံ့နှံ့သွားနိုင်အောင် လုပ်နိုင်သည့် အနေအထား တစ်ရပ်ကို ဆုပ်ကိုင် ထားလို၍ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ 

လက်ရှိအချိန်တွင် ဒရုန်းပိုင်ဆိုင်မှုအတွက် ဦးဆောင်နေသာ နိုင်ငံနှစ်ခုမှာ အမေရိကားနှင့် အစ္စရေးတို့ ဖြစ်သည်။ 

သူတို့ ဒရုန်းလုပ်ရသည့် ရည်ရွယ်ချက်များထဲတွင် ပစ်မှတ်များကို တိုက်ခိုက်ရန် တိကျမှန်ကန်သော အချက်အလက်များ စုဆောင်းခြင်းမှ စတင်ခဲ့သည်။ 

တရုတ်သည်လည်း မောင်းသူမဲ့ လေယာဉ်အပေါ် တူညီသော စိတ်ဝင်စားမှုမျိုးနှင့် စတင်ခဲ့သည်ဟုလည်း သုံးသပ်နိုင်၏။

Ref: BBC

နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံက လျှို့ဝှက်ဒရုန်း တစ်ခုကို ကာလအတန်ကြာ ကြံစည်ခဲ့ပြီး နောက်ပိုင်းတွင် နိုဝင်ဘာ ၂၁ရက်က ပထမဆုံး အကြိမ်ပျံသန်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ကြေညာခဲ့သည်။

မီဒီယာများက “ဓားထက်ထက်” ဟု အမည်ပေးထားသော လျှို့ဝှက်စစ်ဆင်ရေးသုံး ဒရုန်းသည် မျက်မြင်သက်သေများ ရှေ့တွင် မိနစ် ၂၀ခန့် ပျံသန်းမှုပြုခဲ့သည်။

တရုတ်သည် လွန်ခဲ့သော နှစ်များကလည်း J-20 နှင့် J-31 ကို တီထွင်ခဲ့ဖူးသည်။

ပြီးခဲ့သောလ စက်တင်ဘာက အရှေ့တရုတ်ပင်လယ်မှ အငြင်းပွားဖွယ် ကျွန်းအနီးတွင် မောင်သူမဲ့ လေယာဉ်တစ်စီး ပျံသန်းခဲ့သည့် အတွက် ဂျပန်တို့၏ တင်းမာမှုများ မြင့်တတ်လာခဲ့သည်။

ယင်းဖြစ်ရပ် ပြီးသည်နောက်ပိုင်းတွင် ဂျပန်က နိုင်ငံ၏လေပိုင်နက်တွင် နောက်တစ်ကြိမ် ဒရုန်းကိုတွေ့လျှင် ပစ်ချမည်ဟု ကြိမ်းဝါးခဲ့သည်။

၂၂ သိန်း ကျော်တန် BlackBerry Porsche Design P’9982

၂၂ သိန်း ကျော်တန် BlackBerry Porsche Design P’9982

ငွေ ၂၂ သိန်းကျော်တန် ဇိမ်ခံဖုန်းတစ်လုံး ကိုင်ချင်တယ်။ ဈေးကြီး ရင်ပြီးရော ရွှေတွေ၊ ကျောက်တွေ စည်ထားတဲ့ ဖုန်းတွေကိုလည်း မလိုချင်သူ များအတွက် BlackBerry Porsche Desigen P’9982 က ရွေးစရာ ဖြစ်လာ မှာပါ။

BlackBerry ဖုန်းကုမ္မဏီနဲ့ ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Porsche ရဲ့  ဒီဇိုင်း လုပ်ငန်းခွဲ Porsche Design တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Porsche Design နဲ့ BlackBerry တို့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်တာ အတော်လေးကြာပါပြီ။ အားလုံးက ဈေးကြီး စမတ်ဖုန်းတွေချည်း ဖြစ် ပါတယ်။ ဇိမ်ခံကား၊ ဇိမ်ခံပစ္စည်း၊ ဇိမ်ခံ အသုံးအဆောင် ပစ္စည်းများမှ ကြိုက်နှစ်သက်သူ များအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါ တယ်။ 

ဖန်သားပြင် အရွယ် ၄.၂ လက်မ ရှိပြီး မျက်နှာပြင် အရွယ်အသွေးက 1280x768 pixel resolution ရှိပါတယ်။ ကင်မရာက 8 megapixel ပါ။ 4G Connectivity ထောက်ပံ့ပေးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Dual-core processor အသုံးပြုထားတဲ့ စမတ်ဖုန်းပါ။ internal storage 64 GB ရှိပြီး micro SD card ထည့်သွင်း အသုံးပြု နိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ BlackBerry Z10 ရဲ့  Hardware များနဲ့ အနီးစပ်ဆုံးရှိတဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။ 

OS ကတော့ BlackBerry ရဲ့ နောက်ဆုံးထွက် BB10.2 ကို အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ Android လည်း မဟုတ် iOS လည်းမဟုတ် Windows Phone လည်း မဟုတ်တဲ့ BB OS ကလည်း သီးသန့်ဆန်တဲ့ ဖုန်းတစ်လုံး ဖြစ်စေမှာ ဖြစ်ပါတယ်။ နည်းပညာ Specification များက သိပ်အမြင့်ကြီး မဟုတ်ပေမယ့် Hardware နဲ့ Appearance အပိုင်းကို သေ ချာ ဂရုစိုက် ဖန်တီးပေးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်မှာ သားရေတု ဖုံးထားပြီး ကားတစ်ခုလုံးအတွက် အသုံးပြုတဲ့ သတ္တုများ က ပေါ့ ပါးပြီး အကြမ်းခံကြောင်း ဆိုပါတယ်။ 

ဈေးလည်း ကြီးပါတယ်။ အမေရိကန်ဒေါ်လာ ၂၂၇၀ ဝန်းကျင် ရှိပြီး မြန်မာငွေနဲ့ တွက်ကြည့်လိုက်တော့ ၂၂ သိန်းဝန်းကျင်လောက် သွားကျ သွာတကို တွေ့ရ ပါတယ်။ ဒီတော့ ရွှေ၊ ကျောက်၊ ပတ္တမြား မဖုန်းပေ မယ့် ဈေးကြီးပြီးလှတဲ့ ဇိမ်ခံ စမတ်ဖုန်း အသုံးပြုချင်သူများအတွက် BlackBerry Porsche Desigen P’9982 ကို မိတ် ဆက်ပေးလိုက် ရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

www.smart.com.mm/index.php?option=com_content&view=article&id=18664:blackberry-porsche-design-p-9982-hands-on&catid=79&Itemid=435

.

ငွေ ၂၂ သိန်းကျော်တန် ဇိမ်ခံဖုန်းတစ်လုံး ကိုင်ချင်တယ်။ ဈေးကြီး ရင်ပြီးရော ရွှေတွေ၊ ကျောက်တွေ စည်ထားတဲ့ ဖုန်းတွေကိုလည်း မလိုချင်သူ များအတွက် BlackBerry Porsche Desigen P’9982 က ရွေးစရာ ဖြစ်လာ မှာပါ။

BlackBerry ဖုန်းကုမ္မဏီနဲ့ ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Porsche ရဲ့  ဒီဇိုင်း လုပ်ငန်းခွဲ Porsche Design တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Porsche Design နဲ့ BlackBerry တို့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်တာ အတော်လေးကြာပါပြီ။ အားလုံးက ဈေးကြီး စမတ်ဖုန်းတွေချည်း ဖြစ် ပါတယ်။ ဇိမ်ခံကား၊ ဇိမ်ခံပစ္စည်း၊ ဇိမ်ခံ အသုံးအဆောင် ပစ္စည်းများမှ ကြိုက်နှစ်သက်သူ များအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါ တယ်။

ဖန်သားပြင် အရွယ် ၄.၂ လက်မ ရှိပြီး မျက်နှာပြင် အရွယ်အသွေးက 1280x768 pixel resolution ရှိပါတယ်။ ကင်မရာက 8 megapixel ပါ။ 4G Connectivity ထောက်ပံ့ပေးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Dual-core processor အသုံးပြုထားတဲ့ စမတ်ဖုန်းပါ။ internal storage 64 GB ရှိပြီး micro SD card ထည့်သွင်း အသုံးပြု နိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ BlackBerry Z10 ရဲ့  Hardware များနဲ့ အနီးစပ်ဆုံးရှိတဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis