အောင်မြင်သော စွန့်ဦး စီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်လိုပဲ မအောင်မြင်တဲ့ စွန့်ဦးစီးပွား တီထွင်သူတို့မှာလည်း သူတို့ရဲ့  အမူအကျင့် ၅ ရပ်ရှိနေပါတယ်။ ဒါကို စီးပွားရေးဆိုင်ရာ စာရေးဆရာ Stephen key က သူ့အတွေ့အကြုံအတိုင်း ရေးသားခဲ့ပါတယ်။ မှတ်သား၊ သိမြင်စရာလေးတွေ ပါတာမို့ ဆီလျော် သလို ဘာသာပြန်မျှဝေ ပေးလိုက် ရပါတယ်။
အလုပ်တစ်ခုစပြီ။ အခုအလုပ်မပြီးသေး
မအောင်မြင်သော Entrepreneur အများစုရဲ့  အမူအကျင့် တစ်ခု ဖြစ် ပါတယ်။ Product တစ်ခု ထွက်ဖို့ အရေး၊ Task တစ်ခု ပြီးဖို့အရေး အချိန်အရမ်းယူတယ်။ သတ်သတ်မှတ်မှတ်လေးတော့ ရှိရမှာပေါ့။ ကိုယ့် Plan အတိုင်းဆိုရင် နောက် တစ်ခု လုပ်ရမှာ ဖြစ်ပေမယ့် လက်ရှိ လုပ်ငန်းစဉ်မှာပဲ အချိန်ကြာမြင့်နေသူဟာ ကျရှုံးဖို့ ပိုများပါတယ်။ အလုပ်ပြီးမြောက်ခြင်းက အကောင်းဆုံးဖြစ်ခြင်းထပ် အများကြီးသာ တယ်လို့လည်း အောင်မြင်သော Entrepreneur တို့က အကြံပေး ပြော ဆိုထားပါတယ်။ မိမိ Product ရဲ့  ၈၀ ရာခိုင်နှုန်းကိုပဲ ပြီးအောင် လုပ်နိုင်ရင်တောင် ဈေးကွက်ထဲ ချပြနိုင်ပါတယ်တဲ့။ တစ်ခါပြီးတော့ နောက် ထပ် အခွင့်အရေး မရှိတော့ဘူးလို့ မသိစိတ်ထဲက စွဲလမ်းနေတဲ့ အယူအမှား က ပထမဆုံး တစ်ခေါက်မှာလည်း Perfect မဖြစ်နိုင်သလို နောက်ထပ် လည်း ပြင်ဆင်ဖို့ သူအချိန်ပေးမှာ မဟုတ်ပါဘူး။







![ကြေးဆင်းတုတော် မျက်လုံးတော်ပွင့်၍
လာရောက်ဖူးမြော်သူ များပြား
[ လှမြင့် ၊ မကွေး ၊ ဇန်ဇ၀ါရီ ၃၁ ]
မကွေးမြို့ ရန်နိုင် ရပ်ကွက် မြို့ပတ်လမ်းရှိ ဖန်ခါးမြေဟိုတယ် ဘုရားခန်းအတွင်း၌ သီတင်းသုံးနေတော်မူ သော ကြေးဆင်းတုတော်၏ ဘယ်ဘက်မျက် လုံးတော်မှာ ဇန်န၀ါရီ ၂၉ရက် နံနက်ပိုင်း က ထူးခြားစွာပွင့်တော်မူခဲ့၍ ယခုအခါ အဆိုပါကြေးဆင်းတုတော်အား လာရောက် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
““ဇန်န၀ါရီ ၂၉ရက် မနက် ၆နာရီ ၄၅မိနစ်ခန့်က ဟိုတယ်ဝန်ထမ်းလူငယ်လေး တစ်ဦးက ဆင်းတုတော်ကို ရေချမ်းသွားကပ် တော့ ဘယ်ဘက်မျက်လုံးတော်ပွင့်နေတယ် လို့ လာပြောတယ်။ ဒါနဲ့ ကျွန်မတို့သွားကြည့် တယ်။ ပထမတော့ မပွင့်တပွင့်ပဲ တဖြည်း ဖြည်းနဲ့ ပွင့်လာတာ ခုမြင်ရတဲ့အတိုင်းပဲ””ဟု ဟိုတယ်မန်နေဂျာ၏ဇနီးက ပြောသည်။
အဆိုပါကြေးဆင်းတုတော်ကို ၂၀၁၃ ခုနှစ်တွင် မြသလွန်စေတီတော်၏ ဘုရားပွဲဈေး နိဗ္ဗာန်ကုန်ဆိုင်မှ ပင့်ဆောင် ပူဇော်ခဲ့ခြင်းဖြစ်ပြီး ဆင်းတုတော်မှာ ဉာဏ် တော် ၁၁ လက်မရှိကြောင်း သိရသည်။](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn2/t1/s403x403/1507114_719873711364885_1322088112_n.jpg)



















