menu

Saturday 2 November 2013

Facebook ပေါ်မှ ဓာတ်ပုံများကြောင့် Software ပညာရှင်တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်
အိန္ဒိယ နိုင်ငံမှ Software ပညာရှင် တစ်ဦးသည် Facebookပေါ်မှ ဓာတ်ပုံများကြောင့် မိမိကိုယ်ကိုယ် ကြေကွဲဖွယ် အဆုံးစီရင်သွားရှာကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းနှင့် ဇနီးဖြစ်သူ ဆန်ဒါဟာရာတို့သည် ဘာသာမတူကြချေ။ ချန်နိုင်းတွင် နေထိုင်သော ဆန်ဒါဟာရာနှင့် လက်ထပ်ရန် ချန်ဒန်က ရည်ရွယ်ခဲ့သော်လည်း ၎င်း၏ မိသားစုက လုံးဝ သဘောမတူဘဲ တားဆီးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချန်ဒန်သည် ချန်နိုင်းရှိ ခရစ္စယာန် ဘုရားကျောင်း တစ်ခုတွင် ဆန်ဒါဟာရာ၏ အလိုအတိုင်း လက်ထပ်ခဲ့ပြီး ယင်းအစီအစဉ်ကိုမူ မိသားစု မသိအောင် လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း ဆန်ဒါဟာရာက မင်္ဂလာပွဲ ဓာတ်ပုံများကို Facebookပေါ်တွင် လွှင့်တင်လိုက်သည့်အခါ ချန်ဒန်၏ ဝမ်းကွဲညီအစ်ကို တစ်ဦးက စတင်သတိပြုမိသွားသည်။ ထိုမှတစ်ဆင့် သတို့သားဖြစ်သူ ချန်ဒန်၏ မိသားစုကို အသိပေးခဲ့သည်။ ထိုအခါ ချန်ဒန်၏ မိဘများက သားဖြစ်သူကို ချက်ချင်း ဆက်သွယ်ကာ ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့သလို ၎င်း၏ အသိမဲ့မှုကြောင့် မိမိတို့ အလွန် နာကျင်ခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ မိဘများထံမှ ခါးသီးသော စကားလုံးများကြောင့် ဝမ်းနည်းသွားသော ချန်ဒန်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်သော နည်းလမ်းကို ထွက်ပေါက်အဖြစ် ရွေးချယ်လိုက်ရှာသည်။

ဒီအခါကို လွမ်းတယ်.....( ဒေါက်တာခင်မောင်ညို)


  • "မီတာခတွေ တက်လိုက်တာတော်"

    အရာရှိကတော် ဒေါ်ကြော့က အိမ်ရှေ့မှ အော်နေသည်။ ခင်မောင်ကျော် ပိုက်ဆံတောင်းလိုက် ကတည်းက ဒေါ်ကြော့အသံ ထွက်လာခြင်း ဖြစ်သည်။

    "အမေက ပိုက်ဆံတောင်းလိုက်ရင် တစ်ခုခုပြောပြီ"

    "ခင်မောင်ကျော်၊ မင်းတို့မီတာခတွေ တက်တော့ ငါ့မှာလည်း မလောက်မင မဖြစ်အောင် ချွေတာရမှာပေါ့"

    "ဒါကတော့ အမေရယ်။ လူတိုင်း လျှပ်စစ်ရအောင် လုပ်တာ။ ပုဂ္ဂလိကကို လွှဲရတယ်လေ။ ဘယ်ကုမ္ပဏီကမှ အရှုံးခံ မရောင်းဘူး အမေရဲ့။ နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်ဓာတ်က အရေးကြီးတယ်။ ဒါဟာ မောင်းနှင်အားလို့ခေါ်တယ် အမေရဲ့"

    "ဒါတွေ လာပြောမနေနဲ့၊ နင့်အဖေ မောင်းနှင်အားကတော့ အရက်ပဲ။ နင်ကလည်း ဘီယာသောက်တတ် လာတယ်။ နင်တို့ပေးတဲ့ ပိုက်ဆံနဲ့ မီတာခနဲ့ ဘယ်လိုကာမိမှာလဲ။ ပိုက်ဆံထပ်ရှာဦး"

ဆီးရီးယား လေတပ်စခန်း အစ္စရေးလေယာဉ်များ တိုက်ခိုက်

news_for_syratiryt_cna

ဒမတ်စကတ်၊ နိုဝင်ဘာ ၁
ဆီးရီးယားနိုင်ငံမြောက်ပိုင်း လာတာကီယာ ပြည်နယ်တွင်းရှိ လေတပ်စခန်းတစ်ခုကို အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
လက်ဘနွန် အခြေစိုက် ရှီးယား စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာအဖွဲ့သို့ လွှဲပြောင်းပေးပို့ရန် စီစဉ်ထားသည့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း Al- Arabiya သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးတို့၏ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန် အရာရှိများက အတည်ပြု ပြောကြားခဲ့သော်လည်း မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း အတိအကျ ဖော်ပြသွားခြင်းမရှိပေ။
“ဟစ်ဇဘိုလာတွေကို လွှဲပြောင်းပေးမယ့် ဒုံးကျည်တွေကို တိုက်ခိုက်လေ့ရှိတဲ့ သမိုင်းတော့ ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
လတ်တာကီးယား ဒေသတွင်းရှိ ဆီးရီးယား လေတပ်စခန်းတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှု နောက်ကွယ်တွင် အစ္စရေးနိုင်ငံ ရှိနေကြောင်း ဒူဘိုင်းအခြေစိုက် Al- Arabiya သတင်းတွင် ဖော်ပြထားသည်။

ကချင် ဒုက္ခသည် အမျိုးသမီးကို တရုတ်သို့ ရောင်းစားသူ ကေအိုင်အို အရေးယူမည်


လိုင်ဇာ၊ နိုဝင်ဘာ ၁
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေ လိုင်ဇာရှိ ဂျေယန်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ အသက်မပြည့်သေးသူ မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ယွမ်ငွေ သုံးသောင်းဖြင့် ရောင်းစားခဲ့သူကို အရေးယူရန် ကြိုးပမ်းလျက် ရှိကြောင်း စစ်ရှောင်စခန်း အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာနော်ဂျာက ပြောကြားသည်။
ဂျေယန်းစခန်းမှ အသက် ၁၇ နှစ်အရွယ် ကချင်အမျိုးသမီးကို ၂၀၁၃ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူး ခဲ့သည်ဆိုသော လထော်ဇော်ဝမ် (ခ) ဘရန်မိုင်သည် လက်ရှိ ယူနန်ပြည်နယ် ရင်ဂျန်းမြို့တွင် နေထိုင်လျက် ရှိကြောင်း သတင်းရသဖြင့် ကေအိုင်အို ကချင်အမျိုး သမီးရေးရာအဖွဲ့သို့ အရေးယူနိုင်ရန် တင်ပြထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“အရင်က သူရောင်းစားခဲ့ဖူးတဲ့ ယောက်ျားလေး တစ်ယောက်ရဲ့အမေက ရင်ဂျန်းမှာနေတော့ သူကတရုတ်ရဲကို တိုင်းထားတာ။ အခုတရုတ်ရဲက လထော်ဇော်ဂမ်ကို ရင်ဂျန်းက မထွက်နိုင်အောင် ထိန်းထားတယ်လို့ ပြောတယ်” ဟု ဆရာနော်ဂျာက ဆိုသည်။

ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ

Photo: ၀န်ထမ်းအယောင်ဆောင်၍ လိမ်လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မြို့နယ်များ၌ အထက်အကြီး
အကဲများ၏ အမည်အားအသုံးပြုကာ အယောင်ဆောင်လိမ်လည်မှု
ကျူးလွန်နေကြောင်း သတင်းရရှိသူ ကျော်မိုးနိုင်(ခ)ကျော်ကျော်ဆိုသူအား စုံစမ်းဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိသူ ကျော်မိုးနိုင်
(ခ)ကျော်ကျော်၊ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ၊ တိုက် (၂၂)ပထမထပ်တွင် နေထိုင်ကြောင်း အတည်ပြုစုံစမ်းရရှိသဖြင့် ၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ (ဘ)ဦးကျင်သိန်းအား ၁ဂ/၆၅၉၉နံပါတ်တပ်ဆင်ထားသည့် NISSAN BLUE BIRD အနက်ရောင် (မှန်များ၌စတေကာကပ်) မော်တော်ယာဉ်
တစ်စီးနှင့်အတူတွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့
ခေါ်ယူ၍ ရှာဖွေစစ်ဆေးခဲ့ပါသည်။

ကျော်မိုးနိုင်(ခ)ကျော်ကျော်၏ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းစီးနင်းအသုံးပြုသည့် ယာဉ်အတွင်းမှ ဗိုလ်မှူးကြီးအဆင့်
ဆောင်းသည့် ရွှေချည်ထိုးဦးထုပ် (၁)လုံး၊ အနီရောင်ဝါယာလက်မီးလုံး (၁)လုံး၊ လက်ထိပ် (၂)ကွင်း၊ အနက်ရောင်လက်ကိုင်စကားပြောစက် (၁)လုံး၊ ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးစာတမ်းပါ အစိမ်းရောင်ကဒ်(၁)ခု၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်မောင်းတံဆိပ်တစ်စုံ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးစာတမ်းပါ မှတ်စုစာအုပ် (၁)အုပ်၊ ယာဉ်၏အမိုးပေါ်တွင်တင်သုံးသည့် စကားပြော စက်ဧရိယာတိုင် (၁)ခု၊ ကျော်မိုးနိုင်အမည်ပါလိပ်စာကဒ် (၂၀)ခုတို့အား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကျော်မိုးနိုင်(ခ)ကျော်ကျော်အား ဒဂုံမြို့မ
ရဲစခန်း(ပ)၂၃၅/၂၀၁၃၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေပုဒ်မ ၆(၁)ဖြင့်
လည်းကောင်း၊ (ပ)၂၃၆/၂၀၁၃၊ ပုဒ်မ ၁၄၀/၁၇၀ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်ထားရှိပါသည်။

အထက်ပါအမှုများဖြင့် အရေးယူဆောင်ရွက်ထားသူ ကျော်မိုးနိုင်(ခ)
ကျော်ကျော်သည် အခြားမြို့နယ်များတွင်လည်းအထက်အကြီးအကဲများ၏
အမည်များအသုံးပြု၍့ အရာရှိအဖြစ်အယောင်ဆောင်ကာ လိမ်လည်မှုများ
ကျူးလွန်ထားကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မြို့နယ်များ၌ အထက်အကြီး
အကဲများ၏ အမည်အားအသုံးပြုကာ အယောင်ဆောင်လိမ်လည်မှု
ကျူးလွန်နေကြောင်း သတင်းရရှိသူ ကျော်မိုးနိုင်(ခ)ကျော်ကျော်ဆိုသူအား စုံစမ်းဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိသူ ကျော်မိုးနိုင်
(ခ)ကျော်ကျော်၊ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ၊ တိုက် (၂၂)ပထမထပ်တွင် နေထိုင်ကြောင်း အတည်ပြုစုံစမ်းရရှိသဖြင့် ၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ (ဘ)ဦးကျင်သိန်းအား ၁ဂ/၆၅၉၉နံပါတ်တပ်ဆင်ထားသည့် NISSAN BLUE BIRD အနက်ရောင် (မှန်များ၌စတေကာကပ်) မော်တော်ယာဉ်
တစ်စီးနှင့်အတူတွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့
ခေါ်ယူ၍ ရှာဖွေစစ်ဆေးခဲ့ပါသည်။

ကျော်မိုးနိုင်(ခ)ကျော်ကျော်၏ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းစီးနင်းအသုံးပြုသည့် ယာဉ်အတွင်းမှ ဗိုလ်မှူးကြီးအဆင့်
ဆောင်းသည့် ရွှေချည်ထိုးဦးထုပ် (၁)လုံး၊ အနီရောင်ဝါယာလက်မီးလုံး (၁)လုံး၊ လက်ထိပ် (၂)ကွင်း၊ အနက်ရောင်လက်ကိုင်စကားပြောစက် (၁)လုံး၊ ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးစာတမ်းပါ အစိမ်းရောင်ကဒ်(၁)ခု၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်မောင်းတံဆိပ်တစ်စုံ၊

ဆယ်စုနှစ်အလွန် မြန်မာ့ပညာရေး

edu_ssnalmmpny_lym

ပညာရေးကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များ များစွာရှိနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။
နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ နှုတ်မှထွက်သော စကားများ၏ နောက်ကွယ်တွင် တာဝန်ယူမှု တာဝန်ခံမှုများ ဆက်လက်ပါ ဝင်လာမည်လားဟု မျှော်လင့်ရပါသည်။
ရာစုနှစ်ထက်ဝက် အုပ်ချုပ်သူအစိုးရ အဆက်ဆက်၏ လွယ်လင့်တကူ ပြောင်းလဲခဲ့သော ပညာရေး မူဝါဒများကြောင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဟပ်ထိုးလဲခဲ့ရသည့် မြန်မာ့ပညာရေးသည် ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်မှုကြောင့် အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး ယန္တရား သိသိသာသာ အားကောင်းလာသည်ကို တွေ့မြင်ရသည်။
သို့သော် ပညာရေးမူဝါဒ ရေးဆွဲနေသည်မှာ အထက်အရာရှိပိုင်း ဖြစ်ပြီး စီစဉ်ဆုံးဖြတ်ချက် ပေးသူမှာလည်း အဆင့်မြင့် ရာထူးခံများသာ ဖြစ်နေသေးသည်။ နှစ်ရှည်စီမံချက်များ ရေးဆွဲစဉ်၊ မူဝါဒတစ်ခု အကောင်အထည် ဖော်စဉ်နှင့် စီမံကိန်းတစ်ခု ရေးဆွဲစဉ် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ကို အောက်ခြေ အရာရှိအဆင့် တစ်နည်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် အနီးကပ် ထိတွေ့ကြုံနေရသူ ဆရာ၊ ဆရာမများ မရရှိသေးပေ။

ငွေလေးထောင် လက်ခံသူအသက် ၅၀ ကျော် အမျိုးသမီးကြီး ပြည့်တန်ဆာပုဒ်မဖြင့် တရားစွဲခံရဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့တွင် အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက ငွေကျပ်လေးထောင် လာရောက်ပေးမှုကို လက်ခံခဲ့သည့် အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပြည့်တန်ဆာ ပုဒ်မဖြင့် ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူ မအေးမြလင်းက ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးအေးမြင့်သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဆူးလေဘုရား ဂေါပကအဖွဲ့ဝင် (အစ်ကိုဝမ်းကွဲ တော်စပ်သူ) ဦးဟုတ်ကြည်ထံ လစဉ် မုန့်ဖိုးကို လာရောက် တောင်းခံစဉ် အစ်ကိုမှာ အလုပ် မအားသေးသဖြင့် စောင့်နေခဲ့ကြောင်း၊ ယင်းနောက် ဖရဲသီး စားချင်သောကြောင့် ဘုရားပေါ်မှဆင်းပြီး လမ်းလျှောက်ခဲ့ရာ မြို့တော်ခန်းမရှေ့တွင် လူငယ်တစ်ဦး ရောက်ရှိလာပြီး ငွေလေးထောင်ကျပ် ကို လာပေးခဲ့ကြောင်း၊ အစ်ကိုဖြစ်သူက ပေးခိုင်းသည်ဟု တွေးထင်ကာ လက်ခံခဲ့ပြီးနောက် အိမ်ပြန်ရန် ဆူးလေကားဂိတ်သို့ လာစဉ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးတွင် ကျင်းပမည့် တေးသံရှင်လင်းလင်း၏ Solid Solo Show ပွဲမိန့် မရ

မန္တလေး၊ နိုဝင်ဘာ ၁

တေးသံရှင်လင်းလင်း၏ ဒုတိယမြောက် တစ်ကိုယ်တော် Solid Solo Show ကို မန္တလေးမြို့တော်၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပွဲမိန့်မရသဖြင့် ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ရှိ နန်းမြင့်မျှော်စင်ရှေ့၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တေးသံရှင်လင်းလင်းက ပြောကြားသည်။

ပထမအကြိမ် တစ်ကိုယ်တော် ရှိုးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ရှိုးပွဲကို မန္တလေးမြို့တော်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲမိန့်မရသည့်အတွက် ပြင်ဦးလွင်မြို့တွင် ပြုလုပ်ရခြင်း ဖြစ်ကြောင်း လင်းလင်းက ရှင်းပြသည်။
“ရန်ကုန်ပြီးရင် မန္တလေး၊ မန္တလေးပြီးရင် ပြင်ဦးလွင်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် မန္တလေးမှာ ပွဲမိန့်မရတဲ့အတွက် ပြင်ဦးလွင်မှာ အရင်လုပ်ဖြစ်သွားတာပါ။ မန္တလေးမှာ ပွဲမိန့်ရပြီ ဆိုတာနဲ့ ချက်ချင်း ရှိုးပွဲလုပ်ဖြစ်မှာပါ” ဟု လင်းလင်းက ဆိုသည်။

မန္တလေးမြို့တော်တွင် ပြုလုပ်ရန် ပွဲမိန့်မရခြင်းမှာ စက်တင်ဘာ၂၇ ရက်နေ့က ဒိုင်းမွန်းပလာဇာတွင် ပြုလုပ်ခဲ့သည့် ဟစ်ဟော့ရှိုးပွဲတစ်ခုတွင် ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့သည့်အတွက် ထောက်ခံချက်မရှိ၍ ပွဲမိန့်မရရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လင်းလင်း Show ပွဲစီစဉ်သူ ဦးရှမ်းမက ပြောကြားသည်။

ဘီးလင်းမြို့ ကန်သာယာရပ် NLD ပါတီဝင်များ နုတ်ထွက်ရန် ဆုံးဖြတ်

ဈာန်မိုးသစ်

ဘီးလင်း ၊ နိုဝင်ဘာ ၁ ။ ။ မွန်ပြည် နယ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၏ ငွေကြေးအလွဲသုံးမှု၊ ဒီမို ကရေစီနည်း လမ်း တကျ ရွေးချယ် ခြင်း မရှိမှုနှင့် နှိမ်ချခွဲခြားဆက် ဆံခံနေမှုလုပ်ရပ်များအပေါ် ကန် သာယာရပ် ကွက်မှNLD ပါတီ ဝင်များက သည်းခံ နိုင်စွမ်းမရှိ သဖြင့် အောက်တိုဘာ ၃၁ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် ရပ်ကွက် ပါတီရုံးခန်း၌ အစည်း အဝေးပြု လုပ်၍ စုပေါင်းနုတ်ထွက်ကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ရပ်ကွက်NLD ပါတီဥက္ကဋ္ဌ ဒေါ်ယင်းမာ မြင့်က မြို့နယ် ပါတီတာဝန်ရှိသူ များ၏လုပ်ရပ်များကို ရှင်းလင်း တင်ပြခဲ့ပြီး ရပ်ကွက်ပါတီ ဒုဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကော်မရှင် အဖွဲ့ ရွေးချယ်စဉ် ကပင် နည်းလမ်း မကျခဲ့သောလုပ်ရပ်များ၊ အလွဲ သုံးစားပြုထား သည့် ငွေကြေးကိစ္စ များကို အစည်းအဝေးတက်ရောက် လာသူများအား တင်ပြခဲ့သည်။

ရပ်ကွက်အမှုဆောင်ကော် မတီဝင် ဦးချစ်ကိုနှင့် ဦးဟန်ထွေး တို့က ပါတီအတွင်း ဒီမိုကရေစီ လမ်းစဉ်နှင့် သွေဖည် လုပ်ဆောင် နေသော ကိစ္စရပ်များကိုလည်း ကောင်း၊ ရပ်ကွက်ပါတီအတွင်း ရေးမှူးက ပါတီဥက္ကဋ္ဌ ၏ ငွေစာ ရင်းရှင်းတမ်းကို မကျေနပ်၍ ပါတီ တာဝန်ရှိသူ အဆင့်ဆင့်ထံ ကန့် ကွက်တင်ပြသော် လည်း အောက် ခြေပါတီ ဝင်များ၏ ဆန္ဒကိုလျစ် လျူရှုနေသော ကိစ္စရပ်များကို ရှင်း လင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )အပြည့်အစုံ



  • ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။  ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု  ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို  ( professional army )  မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ )  နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army  မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ  ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ  ( ရယ်သံများ ) ။
  • လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ် ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့  Identity  ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။  ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။  ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရဲ့အကြောင်းက စစ်ရေးသဘောအားဖြင့်ရော လူသားဆန်ဆန်ကြည့်ရင်ပါ  ''ခေါင်းဆောင်မှု  Leadership '' ဆိုတာ ဘာလဲဆိုတာကို သိချင်လို့ပါ ။

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိ


ဟိန်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက်တွင် အဆုံးသတ်ကာ ရန်ကုန်မြို့သို့ နံနက် ၉နာရီအချိန်က ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လေဆိပ်သို့ ရောက်ရှိချိန်တွင် လူ(၃၀၀)ကျော် လာရောက်ကြိုဆိုကြပြီး "အမေစု သမ္မတ ဖြစ်ရမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရမည်" ဟု ကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥရောပနောက်ဆုံးခရီးစဉ်ဖြစ်သော အီတလီခရီးစဉ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Emma Boninoနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာစစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက် ကမ္ဘာကိုကျွန်မပေးချင်တဲ့ သတင်း စကားကတော့ အလွန်ကို ရိုးရှင်းပါတယ်။ ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုတာပါပဲ။ အားလုံးအနေနဲ့လည်း သတိပြုမိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးဆို ရင်စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အခွင့်ထူးခံတဲ့နေရာတစ်နေရာက ဆက်လက်ရရှိနေဦးမှာပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၈ရက်က အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မှတ်တိုင် (၅၉) အလွန်

per_ht59al_PLO

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လျှင် အချက်အလက်အားဖြင့် အများအပြား ရှိနိုင်သည် ဆိုသော်လည်း အများစုအာရုံပြုသော အချက်မှာ နှစ်ခုသာရှိသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။
နံပါတ် (၁) မှာ ဖက်ဒရယ်အရေး ဖြစ်ပါသည်။ ဤသည်မှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်နေသောကိစ္စ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Power Sharing? Resource Sharing ပင် ဖြစ်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို သာမန်အားဖြင့် ပထမဆုံး သက်တမ်းအတွင်းတွင် မပြုသင့်ဟူသော အယူအဆများ ရှိသည့်တိုင် အစိုးရအဖွဲ့မှပင် အရဲစွန့်၍ ပြင်ဆင်သည့်ကိစ္စကို အစပျိုးလိုက်သည်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်ပင် သမ္မတကြီးအနေနှင့် သူ၏ ပထမသက်တမ်း အတွင်းမှာပင် လက်နက်ပြဿနာကို အဆုံးသတ်ရန် အာသီသ ပြင်းပြနေသည့်အလျောက် အခြေခံဥပဒေ ပြင်ဆင်ရေးကို အရဲစွန့်၍ ဖွင့်ဟလိုက်သည်ဟု ယူဆနိုင်ပါသည်။
တပ်မတော် အနေနှင့်လည်း ပြင်ဆင်ရေးအဆို လွှတ်တော်တွင်း ရောက်သည်မှ အစပြု၍ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီများတွင်ပါ ပူးပေါင်း ပါဝင်နေသည်ဖြစ်ရာ ပြင်ဆင်ရေးအား မူအရ သဘောတူသည်ဟု ဆိုနိုင်ပါသည်။သို့ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော လိုက်လျောမှု အားလုံးကို တပ်မှ သဘောတူပေးရန် အလားအလာရှိသည်ဟု ယူဆနိုင်ပါသည်။ သို့သော် ဒို့တာဝန် အရေးသုံးပါးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခြိမ်းခြောက်နိုင်သော ကိစ္စများကိုမူကား သဘောတူပေးရန် အခက်အခဲ ရှိနိုင်သည်ဟု မျှော်လင့်နိုင်ပါသည်။ ဤတွင် ဆိုခဲ့ပါအတိုင်း လိုက်လျောနိုင်သည်များကို လိုက်လျောပေးခြင်းဖြင့် တပ်အနေနှင့် တစ်ဆင့်ချင်း Liberalization လုပ်ခြင်းကို ဥပမာကောင်း တစ်ခုအဖြစ် ပြနိုင် ပါလိမ့်မည်။ ၂၅ ရာခိုင်နှုန်း ကိစ္စနှင့် ကာ/လုံ ကိစ္စများကိုမူကား ဝေဖန်မှုအချို့ ရှိသည့်တိုင် လက်တွေ့ သဘောတွင် အလှမ်းဝေးပါ သေးသည်။

“ဟီရိုရှီးမားပုံပြင်”....(စိုးမင်း)

"Hiroshima Peace Memorial Museum"
"Hiroshima Peace Memorial Museum"

သီတင်းဝါလကျွတ်တော့မှပဲ ကိုယ့်ဆီကလူတွေမလည်း ဟိုဘက်ကမ်းကမီးထိန်ထိန်၊ သည်ဘက်ကမ်းကမီးထိန်ထိန်၊ တထိန်ထိန်တောက်အောင် ရှို့တဲ့သူကရှို့၊ တအုန်းအုန်းမြည်အောင် ဗျောက်အိုးဖောက် ပေသီးထုတဲ့သူကထုဆိုတော့ မသိသားဆိုးရွားလှတဲ့ကောင်တွေ သည်ရထားပေါ်တက်ရင် ဘယ်ဘူတာရောက်မလဲဆိုတဲ့အကြောင်း ပြောပြချင်လာပါတယ်။ တိုက်တိုက်ရယ်မှဆိုင်ဆိုင် အခုရက်ပိုင်း သွားလေ့လာဖြစ်တဲ့နေရာက ဟီရိုရှီးမားမြို့ကလေး ဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ ပညာသင်ကြားဖူးတဲ့ကလေးတွေမှန်သမျှ အဲဒီမြို့ကလေးနံမယ်ကို မသိတဲ့သူ မရှိဘူး။ ကျောင်းသင်ခန်းစာတိုင်းမှာ ပါတယ်လေ။ သူတို့ဆီက ပြတိုက်ထဲမှာ ကိုယ်တို့ မြန်မာပြည်က ဆဋ္ဌမတန်း မြန်မာ့သမိုင်းဖတ်စာကလေးတောင် တွေ့ခဲ့မိသေးတယ်။ အဲဒီအထဲမှာလည်း ဟီရိုရှီးမား နဲ့ နာဂါဆာကီအကြောင်းပါတယ် မဟုတ်လား။ ကမ္ဘာပေါ်မှာ ဗုံးရယ်လို့ပြောလိုက်ရင် သူ့ထက်ကြောက်စရာကောင်းတာတောင် သူ့လောက် ကြောက်စရာ မကောင်းဘူးလို့ ပြောရမယ့် အနုမြူဗုံးတွေ ပေါက်ကွဲခဲ့တဲ့နေရာပေါ့။ သူတို့နိုင်ငံတွေကတော့ “Atomic Bomb” လို့ခေါ်ကြတယ်။

          အဲဒီမြို့ကလေးနှစ်မြို့အကြောင်းကိုပြောမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ နီးပါးဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလကို ပြန်ဇာတ်ကြောင်းလှန်မှ သဘောပေါက်လိမ့်မယ်။ သိမှီသူတွေ ဘယ်ရှိတော့မလဲ။ ကိုယ့်အဘိုးအဘွားတွေ လက်ထက်တုန်းကဟာကို။ ဒါလေးများ ဘာခက်လို့လဲ။ ဆယ်တန်းအောင်ပြီးတဲ့သူတိုင်း သိပြီးသား။ ကမ္ဘာ့သမိုင်းထဲတင်မကဘူး။ မြန်မာ့သမိုင်းထဲတောင် ပါသေးတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြတာလေ။ ဟုတ်တော့ ဟုတ်သားပါပဲ။ ဒါပေသိ နည်းနည်းလေးတော့ လွဲနေသေးတယ်။ ကိုယ်တို့သင်ရတဲ့ အဲဒီသမိုင်းကြောင်းက ဟိုးတုန်းက ရွှေမန်းတင်မောင်သားတွေငါ့ညီ ငါ့မြေ ငါ့အမေဆိုပြီးရိုက်တဲ့ သီဟတင်စိုး ဇာတ်လမ်းမျိုးတွေ။ ကမ္ဘာ့သမိုင်းနဲ့လည်း မကွာပါဘူး။ အမေရိကန်ကရိုက်တဲ့ပုလဲဆိပ်ကမ်း” (Pearl Harbor) ကို ပြန်ကြည့်ပါလား။

ဒေါက်တာ စင်သီယာမောင် နှင့် အင်တာဗျူး

 ဒေါက်တာ စင်သီယာမောင်, ကျန်းမာရေး, ထိုင်း, နယ်စပ်
ဒေါက်တာ စင်သီယာမောင် (ဓာတ်ပုံ – maetaoclinic.org)

၈၈ အရေးတော်ပုံကနေ ပေါက်ဖွားလာပြီး မယ်တော်ဆေးခန်းလို့ လူသိများတဲ့ “ကျောင်းသား ဆေးခန်း” ဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ၊ အထောက်အထား မဲ့နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ နယ်စပ်တလျှောက်မှာ နေထိုင်သူတွေရဲ့  အားကိုးအားထားရတဲ့ ဆေးခန်းတခု ဖြစ်ပါတယ်။
ဒီဆေးခန်းမှာ မြန်မာနိုင်ငံထဲက လာရောက်ကုသနေတဲ့ လူနာတွေနဲ့ ထိုင်းနိုင်ငံ နယ်စပ်မြို့မှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေကို အတွင်းလူနာ၊ အပြင်လူနာတွေအဖြစ် တရက်ကို အယောက် ၃၀၀ ခန့် နေ့စဉ် အခမဲ့ ကုသပေးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်က ထောင်ချီတဲ့ ရွှေ့ပြောင်း ကလေးငယ်တွေကိုလည်း ပညာသင်ကြားပေးလျက် ရှိပါတယ်။
မြန်မာနိုင်ငံရဲ့  တံခါးဖွင့်စ ပြုလာတဲ့ နိုင်ငံရေးအခြေအနေမှာ ဒီဆေးခန်းကို ရန်ပုံငွေ ထောက်ပံ့နေတဲ့ အလှူရှင်တွေရဲ့  လှုပ်ခတ်မှုတွေ ရှိနေသလို လက်ရှိနေရာကနေပြီးတော့လည်း ရွှေ့ပြောင်းရမယ့် အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့် ဆေးခန်းရဲ့  လက်ရှိ ရပ်တည်နေတဲ့ အခြေအနေ၊ ရှေ့ဆက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်းထားပါတယ်။

လက်နက်ကိုင်အဖွဲ့များ ရှိနေသောကြောင့် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ဟုဆို

Photo: လက်နက်ကိုင်အဖွဲ့များ ရှိနေသောကြောင့် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ဟုဆို

နေပြည်တော်၊ နိုဝင်ဘာ ၁

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသေးသည့်အတွက် မတရားအသင်း အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။

၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ အချိန်မီ ဆောင်ရွက်နိုင်ရန် ကိစ္စနှင့် ပတ်သက်၍ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် အဆင့်များစွာ ကျန်ရှိနေပြီး အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတို့ကို ကျူးလွန်အားပေးသည့် အသင်းများ၊ ကူညီထောက်ပံ့သည့် အသင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အဆိုပါ ဥပဒေကို ဆက်လက်ထားရှိရမည် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။
“ဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့တွေ အားလုံးမှာ လက်နက်တွေ ကျန်ရှိနေတယ်။ အချိန်မရွေး မမျှော်လင့်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထုကို အဓမ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တံတား၊ အဆောက်အအုံ၊ မော်တော်ယာဉ်များတွင် မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ခြင်း အစရှိသည့် အကြမ်းဖက်မှုများကို လက်နက်ကိုင် အဖွဲ့အစည်းများက ပြုလုပ်ပါက မတရားအသင်း အက်ဥပဒေ ပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ 

ထို့ပြင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများကို ယင်းဥပဒေဖြင့် တရားရုံးများက စီမံဆောင်ရွက်ရသဖြင့် ပယ်ဖျက်ရန် မသင့်ကြောင်း၊ ဥပဒေပါ အချက်အချို့ကိုမူ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ ပြုလုပ်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးက ထပ်လောင်းပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် လက်နက်ကိုင် တပ်ဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ရေးအတွက် သဘောတူညီထားသည်။ 

ယနေ့တွင်ပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူလူထု သို့ ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယုံကြည်မှု ပိုမိုခိုင်မာလာကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက် လာသည်ဟု ပြောဆိုသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ ဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား ၅၆ ဦးကို စက်တင်ဘာလ အတွင်းက လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၁

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသေးသည့်အတွက် မတရားအသင်း အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။

၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ အချိန်မီ ဆောင်ရွက်နိုင်ရန် ကိစ္စနှင့် ပတ်သက်၍ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် အဆင့်များစွာ ကျန်ရှိနေပြီး အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတို့ကို ကျူးလွန်အားပေးသည့် အသင်းများ၊ ကူညီထောက်ပံ့သည့် အသင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အဆိုပါ ဥပဒေကို ဆက်လက်ထားရှိရမည် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်း

Photo: မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်း

ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသော တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် Krosa အမည်ရှိ တိုင်ဖုန်းမုန်တိုင်း သည် နိုဝင်ဘာ ၄ ရက်နေ့ နောက်ပိုင်းတွင် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

တစ်နာရီ မိုင် ၅၀ လေတိုက်နှုန်းရှိသော အဆိုပါမုန်တိုင်း လမ်းကြောင်း ပြောင်းသွားသဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းမှ ကင်းလွတ် သွားသောကြောင့် တောင်သူလယ်သမားများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

တိုင်ဖုန်းမုန်တိုင်းသည် ဗီယက်နမ် မြောက်ပိုင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်မည်ဟု ယခင်က ခန့်မှန်းထားပြီး ယခုအခါ ဗီယက်နမ် အလယ်ပိုင်း ကုန်းတွင်းဒေသ၊ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ တောင်ပိုင်း ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းပြောင်းခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က “ဟိုရက်တွေက ရွာတဲ့မိုး ကြောင့် စပါးပင်တွေ မိုးမိပြီး မြေစိုက်ကုန်လို့ မိုးဆက်ပြီး မရွာအောင် ဆုတောင်းနေရတာ၊ အခုလို မိုးမရွာတော့ဘူးဆိုမှပဲ သက်ပြင်းချနိုင်တော့တယ်” ဟု ဆိုသည်။

မုန်တိုင်း အရှိန်ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့နှင့်အနောက်)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးနှောင်းကာလ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ရိတ်သိမ်းခါနီး စပါးခင်းများနှင့် ရိတ်သိမ်းပြီးစ ကောက်လှိုင်းများ ပျက်စီးခဲ့ရကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသော တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် Krosa အမည်ရှိ တိုင်ဖုန်းမုန်တိုင်း သည် နိုဝင်ဘာ ၄ ရက်နေ့ နောက်ပိုင်းတွင် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

တစ်နာရီ မိုင် ၅၀ လေတိုက်နှုန်းရှိသော အဆိုပါမုန်တိုင်း လမ်းကြောင်း ပြောင်းသွားသဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းမှ ကင်းလွတ် သွားသောကြောင့် တောင်သူလယ်သမားများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ပုဂံတွင် လေးနေရာ အင်တာနက် အခမဲ့အသုံးပြုနိုင်

Photo: ပုဂံတွင် လေးနေရာ အင်တာနက် အခမဲ့အသုံးပြုနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံ၏ ခရီးသွား ဝင်ရောက်မှု အများဆုံး နေရာတစ်ခုဖြစ်သော ပုဂံဒေသ၏ အထင်ကရ နေရာလေးခုတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် Red Link ကုမ္ပဏီက ဆောင်ရွက်ပေးထားကြောင်း ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

ပုဂံဒေသသည် နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းဒေသ ဖြစ်ခြင်း၊ နိုင်ငံခြား ခရီးသွားများ အများဆုံး ဝင်ရောက်ခြင်းတို့ကြောင့် ခရီးသွားများ အဆင်ပြေစေရန် နည်းပညာ အလှူတစ်ခုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံ တန်ခိုးကြီး ဘုရားများဖြစ်သော ရွှေဆံတော်ဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် ပုဂံ-ညောင်ဦး လေဆိပ်တို့တွင် စီစဉ်ပေးထားပြီး လူတစ်ဦးလျှင် 64 KB မှ 128 KB အထိ မြန်နှုန်းရရှိရန် စီစဉ်ပေးထားကြောင်း ၎င်းကရှင်းပြသည်။
“အခုနောက်ပိုင်း အင်တာနက် သုံးတဲ့လူ အရမ်းများလာတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လုပ်ပေးတော့ အရမ်းကောင်းပါတယ်” ဟု နယ်သတင်းထောက်တစ်ဦးက ပြောကြားသည်။

Red Link ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ Public Area များတွင် Wifi အသုံးပြုနိုင်ရန် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ရွှေတိဂုံ စေတီတော်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်တို့ကို လတ်တလော ရည်ရွယ်ထားပြီး SEA Games အားကစားပြိုင်ပွဲအမီ နေရာနှစ်နေရာခန့် အသုံးပြုနိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Red Link ကုမ္ပဏီသည် ရန်ကုန်နှင့် ငွေဆောင်ကမ်းခြေ တို့တွင်လည်း SEA Games ကာလအတွင်း အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်နေသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံ၏ ခရီးသွား ဝင်ရောက်မှု အများဆုံး နေရာတစ်ခုဖြစ်သော ပုဂံဒေသ၏ အထင်ကရ နေရာလေးခုတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် Red Link ကုမ္ပဏီက ဆောင်ရွက်ပေးထားကြောင်း ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

ပုဂံဒေသသည် နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းဒေသ ဖြစ်ခြင်း၊ နိုင်ငံခြား ခရီးသွားများ အများဆုံး ဝင်ရောက်ခြင်းတို့ကြောင့် ခရီးသွားများ အဆင်ပြေစေရန် နည်းပညာ အလှူတစ်ခုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံ တန်ခိုးကြီး ဘုရားများဖြစ်သော ရွှေဆံတော်ဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် ပုဂံ-ညောင်ဦး လေဆိပ်တို့တွင် စီစဉ်ပေးထားပြီး လူတစ်ဦးလျှင် 64 KB မှ 128 KB အထိ မြန်နှုန်းရရှိရန် စီစဉ်ပေးထားကြောင်း ၎င်းကရှင်းပြသည်။

ဆင်ဖြူတော်နင်း၍ ဆင်ဦးစီးသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၂

၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့
ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊ တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဖြစ်ပြီး ၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာ(စွယ်စုံအထီး)ဆင်အား
သေဆုံသူဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက်
လေ့ကျင့်ပေးနေစဉ် ၀၇၃၀အချိန်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မြန်မာ နိုင်ငံ မှာ မငြိမ်သက် မှု တွေ ဖြစ် ပွား စဉ် က ဂျီဟဒ် လုပ် ဖို့  ဆော် သြ ခဲ့ သူ တာလီဘန် အကြီး အကဲ အမေရိကန် ဒရုန်း လက် ချက် နဲ့  သေ

မြန်မာ နိုင်ငံ မှာ မငြိမ်သက် မှု တွေ ဖြစ် ပွား စဉ် က ဂျီဟဒ် လုပ် ဖို့  ဆော် သြ ခဲ့ သူ တာလီဘန် အကြီး အကဲ အမေရိကန် ဒရုန်း လက် ချက် နဲ့  သေ 

ငယ်ငယ် ရွယ်ရွယ် နဲ့  ပါကစ္စတန် တာလီဘန် အဖွဲ့  ရဲ့  ခေါင်းဆောင် ဖြစ် လာ ခဲ့ တဲ့ ဟာကီမူ လာ မာရွှတ် ဟာ သောကြာ နေ့  က အမေရိကန် စီအိုင်အေ ရဲ့  မောင်းသူ မဲ့ ထောက်လှမ်းရေး လေယာဉ် ရဲ့  တိုက်ခိုက် မှု ကြောင့် သေဆုံး ခဲ့ ပါတယ်။

သောကြာ နေ့  က ဗလီ တက် ပြီး အပြန် မှာ သူ့  ရဲ့  မော်တော် ကား ကို ဒရုန်း က ထပ် ချပ် မကွာ လိုက်လံ တို ခိုက် မှု ကြောင့် သေရတာ လို့  FNG က သိရ ပါတယ်။ 

အသက် ၃၄ နှစ် အရွယ် ရှိ တဲ့ ဟာကီ မူလာ ဟာ အမေရိကန် အစိုးရ က ဆု ငွေ ဒေါ်လာ ငါးသန်း ကျော် ထုတ် ခံ ထား ရ ပြီး ၊ ပါကစ္စတန် က ဆု ငွေ ထုတ် ထား တဲ့ ထင်ရှား တဲ့ အကြမ်းဖက် ခေါင်းဆောင် တစ်ဦး ဖြစ် ပါတယ်။

လက်ရှ် ကာ အီ တိုင် ဘာ နဲ့  လက် တွဲ လုပ် ဆောင် စဉ် က ထိုင်း တောင်ပိုင်း မငြိမ်သက် မှု တွေ မှာ ဟာကီ မူလာ က သွေး ထိုး ပေး ခဲ့ြ့ပီး ၂၀၀၉ ခုနှစ် ပါကစ္စတန် တာလီ ဘန် ခေါင်းဆောင် ဖြစ် လာ ပြီး တဲ့ နောက် ၂၀၁၂ ခုနှစ် မြန်မာ နိုင်ငံ နိုင်ငံ အနောက် ပိုင်း မငြိမ်သက် မှု မှာ တာလီဘန် ခေါင်းဆောင် အနေ နဲ့  ဂျီဟဒ် လုပ် ဖို့  ဆော် သြ ခဲ့ ပါတယ်။

နာဝတ် ရှရဇ် အစိုးရ နဲ့  တာလီဘန် ခေါင်းဆောင် တွေ ငြိမ်းချမ်းရေး ဆွေးနွေး တဲ့ အချိန် ကာ လ မှာ ပဲ ဒရုန်း တိုက်ခိုက်မှု ကြောင့် တာ လီ ဘန် ခေါင်းဆောင် တစ်ဦး သေဆုံး သွား တာ ဖြစ် ပါတယ်။ 

အောက်တိုဘာ လ ၂၃ ရက်နေ့  က ပါကစ္စတန် ၀န်ကြီး ချုပ် နာဝတ် ရှဇ် နဲ့  အိုဘားမား တွေ့ ဆုံ မှု မှာ ပါကစ္စတန် မှာ အမေရိကန် ရဲ့  စစ်ရေး လှုပ်ရှား မှု တွေ ကို လျှော့ ချ မယ် လို့  ကတိပေး ခဲ့ ပေမယ့် အမေရိကန် ရဲ့  ဒရုန်း တိုက်ခိုက် မှု နဲ့  ပတ်သက် ပြီး တော့ ရပ် တန့်  ဖို့  တော့ အစီအစဉ် မရှိ ဘူး လို့  အိုဘား မား က ပြော ပါတယ်။ 

နာဝတ် ရှရဇ် က လည်း ၂၀၀၈ မွမ်ဘိုင်း တိုက် ခိုက် မှု မှာ ကြိုးကိုင်တယ် လို့  စွပ် ဆွဲ ခံ ရတဲ့ လက်ရှ် ကာ အီ တိုင်ဘာ က ဟာဖစ် ဆာအိဒ် ကို ဘယ် လို  ဖိအား တွေ မှ ပေး ဖို့  အစီအစဉ် မရှိ ဘူး လို့  ပြောကြား ခဲ့ ပါတယ်။ 

တာလီဘန် က ဟာ ကီမူ လာ ရဲ့  အသုဘ ကို စနေ နေ့  မှာ လုပ်မယ် လို့ ကြေငြာ ထား ပါတယ်။

ငယ်ငယ် ရွယ်ရွယ် နဲ့  ပါကစ္စတန် တာလီဘန် အဖွဲ့  ရဲ့  ခေါင်းဆောင် ဖြစ် လာ ခဲ့ တဲ့ ဟာကီမူ လာ မာရွှတ် ဟာ သောကြာ နေ့  က အမေရိကန် စီအိုင်အေ ရဲ့  မောင်းသူ မဲ့ ထောက်လှမ်းရေး လေယာဉ် ရဲ့  တိုက်ခိုက် မှု ကြောင့် သေဆုံး ခဲ့ ပါတယ်။

သောကြာ နေ့  က ဗလီ တက် ပြီး အပြန် မှာ သူ့  ရဲ့  မော်တော် ကား ကို ဒရုန်း က ထပ် ချပ် မကွာ လိုက်လံ တို ခိုက် မှု ကြောင့် သေရတာ လို့  FNG က သိရ ပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှိ တဲ့ ဟာကီ မူလာ ဟာ အမေရိကန် အစိုးရ က ဆု ငွေ ဒေါ်လာ ငါးသန်း ကျော် ထုတ် ခံ ထား ရ ပြီး ၊ ပါကစ္စတန် က ဆု ငွေ ထုတ် ထား တဲ့ ထင်ရှား တဲ့ အကြမ်းဖက် ခေါင်းဆောင် တစ်ဦး ဖြစ် ပါတယ်။

လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီနေ၍ မိုးသီးဖွန် ၂၀၁၅ ရွေးကောက်ပွဲဝင်မည်

လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီနေ၍ မိုးသီးဖွန် ၂၀၁၅ ရွေးကောက်ပွဲဝင်မည်

ABSDF ကျောင်းသားတပ်မတော် ဥက္ကဌဟောင်း ဦးမိုးသီးဖွန်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွတွင်လူ့ ဘောင်သစ်ပါတီမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။မိုးသီးဖွန်သည်   ကျောင်းသားတပ်မတော် ABSDFကိုဦးဆောင်ခဲ့သူတစ်ဥိးဖြစ်သည့်အပြင်လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီအားတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီးလက်ရှိတွင်အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဥိးဖြစ်ကြောင်းသိရသည်။

" ကျွန်တော်ကို့ မြန်မာနိုင်ငံသားအဖြစ်ပြန်ခံယူဖို့ ဝန်ကြီးအောင်မင်းတို့ ဦးစိုးသိန်းတို့ ကလဲတိုက်တွန်းကြတယ်။အခုရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ အတွက် မြန်မာနိုင်ငံသားဖြစ်ခွင့်ပြန်လျှောက်ထားပါတယ်။  အရင်အစိုးရလက်ထက်တုန်းက ကျွန်တော့်ကို သေဒဏ်ပေးခဲ့တာရှိပေမယ့် နိုင်ငံသားအဖြစ်ပယ်ဖျက်ခဲ့တာမျိုးမရှိဘူး။ဖွဲ့ စည်းပုံအခြေခံဥပေဒအရလဲ မြန်မာနိုင်ငံသားအဖြစ်ကျွန်တော်ကိုပြန်ပယ်ဖျက်ခွင့်မရှိပါဘူး"ဟုဦးမိုးသီဇွန်ကဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီထံတိုက်ရိုက်လျှောက်ထားပြီးဒီမိုကရေစီအရေး၊လူ့ အခွင့်အရေးတန်းတူညီမျှရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမူများပြုလုပ်ရန် လွတ်တော်တွင်းဝင်ရောက်လိုသောကြောင့် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်သည်ဟုယင်းကဆိုသည်။

" ပါတီဝင်တွေရဲ့ တိုက်တွန်းချက်ကြောင့် ရွေးကောက်ပွဲဝင်ဖြစ်တာပါ။ ကျွန်တော်တစ်ကိုယ်ထဲအနေနဲ့ ဆိုရင်တော့ လွတ်တော်ထဲနေ့ တိုင်းသွားနိုင်ပါ့မလား လုပိနိုင်ပါမလားစိတ်ပူတယ်။
လက်ရှိလွတ်တော်ထဲမှာ ကြံခိုင်ရေးပါတီဝင်တွေအများကြီးရှိတဲ့ အတွက်သူတို့ ကို ပြောချင်တာကဖွဲ့ စည်းပုံအခြေခံဥပေဒေပြင်ဆင်ရေးအတွက် ကူညီကြပါ။ပြည်သူတွေကျေးဇူးတင်နေမယ့် ကိစ္စလေးတစ်ခုမှတ်တိုင်လေးတစ်ခုဖြစ်အောင်လုပ်ကြပါလို့ အကြံပေးချင်တယ် " ဟု ဦးမိုးသီဖွန်ကဆိုသည်။

၈၈မျိုးဆက်တစ်ဦးဖြစ်သည့် မိုးသီးဖွန်သည် ဗကသ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦးတွင် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
လူ့ ဘောင်သစ်ပါတီတည်ထောင်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။ ၄င်းသည်ရန်ကုန်တက္ကသိုလ်တွင်ရူပဗေဒဘာသာရပ်ဖြင့်ပညာသင်ကြားခဲ့ကာ ကိုလန်ဘီယာတက္ကသိုလ်တွင်နိုင်ငံတကာဆက်ဆံရေးမဟာတန်းတွင်ပညာသင်ကြားခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

ပန်မိုးဝါ (ရိုးရာလေး)

ABSDF ကျောင်းသားတပ်မတော် ဥက္ကဌဟောင်း ဦးမိုးသီးဖွန်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွတွင်လူ့ ဘောင်သစ်ပါတီမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်
မည်ဖြစ်ကြောင်းသိရသည်။မိုးသီးဖွန်သည် ကျောင်းသားတပ်မတော် ABSDFကိုဦးဆောင်ခဲ့သူတစ်ဥိးဖြစ်သည့်အပြင်လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီအားတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီးလက်ရှိတွင်အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဥိးဖြစ်ကြောင်းသိရသည်
" ကျွန်တော်ကို့ မြန်မာနိုင်ငံသားအဖြစ်ပြန်ခံယူ
ဖို့ ဝန်ကြီးအောင်မင်းတို့ ဦးစိုးသိန်းတို့ ကလဲတိုက်တွန်းကြတယ်။အခုရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ အတွက် မြန်မာနိုင်ငံသားဖြစ်ခွင့်ပြန်လျှောက်ထားပါတယ်။ အရင်အစိုးရလက်ထက်တုန်းက ကျွန်တော့်ကို သေဒဏ်ပေးခဲ့တာရှိပေမယ့် နိုင်ငံသားအဖြစ်ပယ်ဖျက်ခဲ့တာမျိုးမရှိဘူး။ဖွဲ့ စည်းပုံအခြေခံဥပေဒအရလဲ မြန်မာနိုင်ငံသားအဖြစ်ကျွန်တော်ကိုပြန်ပယ်ဖျက်ခွင့်မရှိပါဘူး"ဟုဦးမိုးသီဇွန်ကဆိုသည်။

အဆုတ်သန့်စင်စေသော ကန်ဇွန်းရွက်ပြုတ်ဟင်းချို

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။
လိုအပ်သောပစ္စည်းများ
ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည်         (၄၀၀) ဂရမ်
ရေ             (၄)လီတာမျှ
ရေကောင်းကောင်းဆန့်သည့်
အိုးကြီး         (၁)အိုး
ပြုလုပ်နည်း
အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။
အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။
ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။
အကျိုးသက်ရောက်ပုံများမှာ
(၁)    အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်ဝန်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။
(၂)အာပုပ်နံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။
(၃)ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။
(၄)အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။

HT

Health Updates Journal No. 89

စက်မှုဇုန် လုပ်သားများသည် ခေတ်သစ်ကျွန်ဟု အစီရင်ခံစာ ထုတ်ပြန်

အလုပ်ရှင်, အစိုးရ, အလုပ်သမား, စက်ရုံအလုပ်ရုံ, စက်မှုဇုံ, ဥပဒေ
လုပ်သားထု၏ ပကတိအခြေအနေများကို အများပြည်သူ၊ အလုပ်ရှင်၊ အစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိုမိုသတိပြုမိစေရန် အလုပ်သမားများက လိုလားနေ (ဓာတ်ပုံ – ဧရာဝတီ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အလုပ်သမားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ ဆုံးရှုံးနေဆဲဖြစ်ပြီး အလုပ်ရှင် အလုပ်သမား ပြဿနာများတွင် စိန်ခေါ်မှုများလည်း ပိုမိုကြုံတွေ့လာရကြောင်း Labour Right Clinic အဖွဲ့မှ အစီရင်ခံစာတရပ် ထုတ် ပြန်လိုက်သည်။
၂၀၁၂-၁၃ ခုနှစ်အတွင်းရှိ ရန်ကုန်စက်မှုဇုန် အလုပ်သမားများ အခြေအနေကို ခေတ်သစ်ကျွန်သဘောက်အမည်ဖြင့် အစီရင်ခံစာထုတ်ပြန်ရာတွင် အလုပ်သမားများ ဘ၀ လုံခြုံမှု မရှိခြင်း ၊ ဥပဒေအရ အကာအကွယ်ရရှိမှု နည်းပါးခြင်းနှင့် အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ ဟူ၍ အပိုင်း ၃ ပိုင်းခွဲ တင်ပြထားသည်။
အစီရင်ခံစာ ထုတ်ပြန်ရခြင်းရည်ရွယ်ချက်မှာ စက်မှုဇုန်များရှိ လုပ်သားထု၏ ပကတိအခြေအနေများကို အများပြည်သူ၊ အလုပ်ရှင် ၊ အစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ပိုမိုသိရှိပြီး ဂရုပြု ပူးပေါင်းဆောင်ရွက်ပေးလာစေရန် ဖြစ်ကြောင်း Labour Right Clinic အဖွဲ့မှ ကိုချစ်ဦးမောင်က မီဒီယာများသို့ ပြောကြားသည်။
” အမျိုးသမီး အလုပ်သမားတွေမှာ ဘ၀လုံခြုံမှု မရှိဘူး။ သူတို့သွားရေးလာရေးတွေက အရမ်းဝေးတယ်။ စက်ရုံပိုင်ရှင်တွေ လုပ်ပေးတဲ့နေရာ တွေက စက်ရုံနဲ့ အရမ်းဝေးတဲ့ နေရာတွေ၊ ဘစ်ကားဂိတ်နဲ့ အရမ်းဝေးတဲ့နေရာတွေ ဖြစ်နေတော့ သူတို့ပြန်ရတဲ့အချိန်တွေက သူတို့အတွက် ဘ၀လုံခြုံမှု မရှိတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ အမျိုးသမီးတွေအတွက် အကြီးမားဆုံး စိန်ခေါ်နေတဲ့ ပြဿနာပါ ”ဟု လုပ်သားနှင့်လုပ် ခွင့်ရေးရာအတိုင်ပင်ခံစင်တာမှ ကိုရန်နိုင်ထွေးက ဆိုသည်။

တောင်းဆိုချက်တွေရမယ်ဆိုရင် အစိုးရစစ်တပ်နဲ့ လက်တွဲဖို့ အသင့်လို့ KIA ဗိုလ်မှူးပြော

လိုင်ဇာ ညီလာခံကို လုံခြုံရေးယူပေးနေသော ကချင်လွတ်မြောက်ရေးတပ်သားများ (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)
 လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသာလက်နက်ကိုင် အင်အားစုတွေရဲ့ ထိပ်သီးညီလာခံမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ အပစ်ခတ်ရပ်ပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေချိန်မှာ ဒီနှစ် နှစ်ဆန်းပိုင်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေတဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လယ်ဂျားယန် ရှေ့တန်းစခန်းတွေမှာ အခြေအနေတွေက တဖက်နဲ့ တဖက် တပ်ဖွဲ့တွေ အော်ဟစ် လှမ်းစကားပြောတဲ့ အနေအထားမှာ ရှိနေပါတယ်။

လယ်ဝဲယန် တောင်ကုန်းဟာ အခု နှစ်ဆန်းပိုင်းတုန်းက မြန်မာ အစိုးရ စစ်တပ်ရဲ့ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် သိမ်းပိုက်ခံရတဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးတဲ့ ၇လ အကြာ အခုအချိန်မှာ တဖက်နဲ့ တဖက် ခြင်းခတ်ဖို့ စကားပြောဖို့ လှမ်းခေါ် ကြပေမယ့် နှစ်ဖွဲ့ကြား နေရာမှာ ထောင်ထားတဲ့ မိုင်းတွေကို ကြောက်လို့ တဖက်နဲ့ တဖက် ကူးလူး ဆက်ဆံမှုတော့ မရှိကြဘူးလို့ ကေအိုင်အေ ဗိုလ်မှူး တယောက်က ပြောပါတယ်။

စစ်ပွဲတွေ ဖြစ်ခဲ့ကြတာဟာ ဘာကြောင့်လဲလို့ ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ ဗိုလ်မှူးက နိုင်ငံရေးကြောင့် ဖြစ်တယ် ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို စစ်တပ်က လက်ဝါးကြီးအုပ်တဲ့ အတွက် အခုလို တိုက်ပွဲတွေ ဖြစ်ရတာလို့ ဆိုပါတယ်။

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

Photo: တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှုကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်းမှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆိုပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ယင်း ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်တွင် ထိုင်ခုံများကို ဖိုင်ဘာခုံတန်း ရှည်များဖြင့် အစားထိုးပြီး တွဲဆိုင်းသေး တစ်ခုတွင် ပန်ကာ ၆ လုံးထိ တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။

စီးနင်းခအဖြစ် ခရီးသည် တစ်ဦးလျှင် ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးကိုမူ (၁) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ''အခုလို မြို့ပတ်ရထားကို အဆင့်မြှင့်ပြီး ပန်ကာတွေ၊ လက်ကိုင်တွေ တပ်လိုက်တော့ စီးရတာ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီထက်ပိုလျှော့ချ ပေးနိုင်ရင် ခရီးသွားတွေ ရထားကိုပဲ အာရုံစိုက် စီးလာနိုင်တယ်။ ကားကျတော့ လမ်းကျပ်လို့ ဘယ်အချိန် ရောက်မယ်မှန်း မသိဘူး'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှုကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်းမှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆိုပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ကျောင်းဆရာ ဆရာမများအတွက် တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံ ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှဟုဆို


မြန်မာနိုင်ငံရှိ ကျောင်းဆရာ ဆရာမများ၏ တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံသည် ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှကြောင်း အောက်တိုဘာ ၃၁ ရက် သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးများအတွက် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယူနီဆက်ဖ်မြန်မာ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ ခုနှစ် ဘတ်ဂျက်တွင် ပညာရေး သုံးစွဲငွေမှာ ပညာရေး ၀န်ကြီးဌာနသို့ ခွဲဝေသတ်မှတ် ပေးခြင်းဖြင့် တိုင်းတာပါက ကျပ် ၇၅၂၀၆၆ သန်းရှိပြီး ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများ အတွက် စုစုပေါင်း သုံးစွဲငွေ ကျပ် ၆၈၃၃၃၆၂ သန်း၏ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် စာရင်းရှင် သုံးစွဲငွေ၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် ငွေလုံးငွေရင်း သုံးစွဲငွေ၏ ၆ ဒသမ ၇ ရာခိုင်နှုန်းမှာ ပညာရေးအတွက် သုံးစွဲကြောင်း သိရသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိန်းက ''Social Budget, Social Investment ဆိုတာတွေက ၀န်ကြီးဌာန သုံးခုပေါင်းကို ခေါ်လိုက်တာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုပ်ပေးရမှာ။ နောက်လာမည့် ဘတ်ဂျက်တွေမှာ လိုအပ်တဲ့ အတိုင်းတိုးဖို့ တောင်းခံရမယ်။ Plan ပါရမယ်။

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

Photo: တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

(ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))
(ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။

အပစ်ရပ် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်တွင် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ လက်မှတ်ထိုးရန် အချက်များပါဝင်

8.1.1
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို ဒေသခံများက ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်း၊ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လက်မှတ် ရေးထိုးရန် အချက်များ ပါဝင်ကြောင်း သိရသည်။
''ဖက်ဒရယ် တပ်မတော်နဲ့ ပတ်သက်ပြီး ခြုံပြောရရင် တပ်မတော်က အရပ်ဘက်အုပ်ချုပ်မှု အောက်မှာ ရှိရမယ်ဆိုတဲ့ အချက်လေးတွေ ပါလာမယ်။ နောက်ပြီးတော့ ချင်းမိုင်ညီလာခံမှာတုန်းက တင်ထားတာရှိတယ်။ ဥပမာပြည်ထောင်စုကို ကာကွယ်ရမယ့် တာဝန်ပဲယူရမယ်။ ကျန်တာမယူရဘူး။ နောက်ပြီးတော့ ဥပဒေ ထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တာဝန်ချင်း မတူတဲ့အတွက်၊ အလုပ်မတူတဲ့ အတွက် ရဲတပ်ဖွဲ့နဲ့ ခွဲခြားထားရမယ်'' ဟု (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက် ညဦးပိုင်းက ပြောကြားသည်။

ခရိုနီများ၏ အခွန်ရှောင်တိမ်းမှုများ အပါအ၀င် ကိစ္စအများစုတွင် အစိုးရ၏ ကိုင်တွယ်ပုံမှာ အလွန်ပျော့လွန်း နေသည်ဟု NDF ပါတီဥက္ကဋ္ဌ ဝေဖန်


ခရိုနီများ၏ အခွန်ရှောင်တိမ်းမှုများ အပါအ၀င် ကိစ္စအများစုတွင် လက်ရှိအစိုးရ၏ ကိုင်တွယ်ပုံများမှာ ပျော့လွန်းသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက Daily Eleven သို့ ပြောကြားသည်။
ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် နိုဝင်ဘာ ၁ ရက်မှစကာ ဓာတ်အားခ နှုန်းထားများကို တိုးမြှင့်ကာ ပြောင်းလဲ ကောက်ခံမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ကြေညာခဲ့သည်။
ယင်းကဲ့သို့ ကောက်ခံခြင်းအပေါ် ပြည်သူများ၏ စားဝတ်နေရေးကို ပြန်ကြည့်ပြီး ပြည်သူများ အနေဖြင့် ထိုမျှလောက် အခွန်အခတွေ ပေးနိုင်မှု ရှိမရှိ၊ ပြည်သူများ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ရပ်တန့်နေရန်နှင့် ထပ်တက်မလာစေရန် အစိုးရဘက်က မည်ကဲ့သို့ လုပ်ပေးနိုင်မလဲ ဆိုသည်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းနှင့် ဘဏ္ဍာငွေအတွက် ဆိုပါက ခရိုနီများ အခွန်ရှောင်တိမ်းမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခြင်းကို အရင်လုပ်သင့်သည်ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

တာမွေ လမ်း ၁၄၀ ရှိ ဆိုင်အချို့  ညအချိန်မတော် ဖျက်ဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁။

တာမွေမြို့ နယ် လမ်း ၁၄၀ တွင် အောက်တိုဘာ ၁ ရက်နေ့
ည၁၁ နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးက လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ဆိုင်အချို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှု တစ်ခု
ဖြစ်ပွားခဲ့ကြောင်း People Power သတင်းထောက်က
သတင်းပေးပို့သည်။

လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ ဖျက်ဆီးခံခဲ့ရပြီး ရုန်းရင်း
ဆန်ခတ်ဖြင့် ပဋိပက္ခအသွင်ဆောင်လာသည့်အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင့် လုံထိန်းတပ်ဖွဲ့ဝင်အချို့  လာရောက်ထိန်းသိမ်းရသည့်အခြေအနေကို တွေ့ရှိရပြီး
နာရီပိုင်းအတွင်း အခြေအနေမှာ ပြန်လည်ငြိမ်သက်သွား
ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ငါးနိုင်ငံ ခရီးစဉ်မှ ယနေ့ပြန်လည် ရောက်ရှိမည်


ဥရောပ ငါးနိုင်ငံခရီးစဉ် ထွက်ခွာနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂ ရက် (ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပ ခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်မှ စတင်ခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီ နိုင်ငံများသို့ သွားရောက်ခဲ့သည်။
ခရီးစဉ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက နိုင်ငံတွင် လူဖြူလူမည်း ခွဲခြားမှုကို အဆုံးသတ်ခဲ့သော နယ်လ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ရရှိခဲ့ဖူးသည့် ၁၉၉၀ ပြည့်နှစ် ကတည်းက ဥရောပသမဂ္ဂ (EU) မှ ချီးမြှင့်ထားသော Sakharov လူ့အခွင့်အရေးဆုကို ပြင်သစ်နိုင်ငံ၌ လက်ခံရယူခြင်းနှင့် လွန်ခဲ့သည့် (၁၉)နှစ်က ပေးအပ်ထားသည့် ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုကို အီတလီနိုင်ငံ၌ ကိုယ်တိုင်လက်ခံ ရယူခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ဗြိတိန်သို့ ရောက်ရှိစဉ်အတွင်း မြောက်အိုင်ယာလန် Belfast မြို့ရှိ Wellington ကောလိပ်တွင် အမှာစကား ပြောကြားခြင်းနှင့် အင်္ဂလန်တောင်ပိုင်း ကင်ဘာလေမြို့ရှိ ကမ္ဘာကျော် Sandhurst စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိမ်ရှေ့မင်းသား ချားလ်စ်အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis