menu

Friday 30 August 2013

ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် တပ်ဖြန့်ထားသည့် မြေထဲ ပင်လယ်သို့ ရုရှား စစ်သင်္ဘောများ စေလွှတ်

ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် စစ်သင်္ဘော တပ်ဖြန့်ထားသည့် မြေထဲ ပင်လယ်သို့ ရုရှား စစ်သင်္ဘောများ စေလွှတ်
Friday, August 30, 2013

ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။

စစ်ဘက် အသိုင်းအဝိုင်းများ၏ ပြောကြားချက်အရ အဆိုပါ စစ်သင်္ဘောများ စေလွှတ်ခြင်း သည်လက်ရှိ ဖြစ်ပေါ် နေသော ဆီးရီးယား အရေးအား တုံ့ပြန်ရန် အတွက် ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှားရေတပ်၏ ပြောကြားချက်အ ရ ထိုကဲ့သို့ စစ်သင်္ဘော များ စေလွှတ်ခြင်း သည် မြေထဲပင်လယ် အတွင်း သို့ စစ်သင်္ဘော များ အလှည့်ကျ စေလွှတ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယား အရေးတွင် မည်သည့်စစ်ရေးအရ ကြားဝင် တိုက်ခိုက်မှုမျိုးကို မဆို ပြင်းပြင်းထန်ထန် ကန့်ကွက် လျက်ရှိပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက် မရရှိဘဲ တိုက်ခိုက်ခြင်းသည် အပြည်ပြည် ဆိုင်ရာ ဥပဒေ အား ချိုးဖောက်ခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် နိုင်ငံသည် ဆီးရီးယားအား ဝင်ရောက် တိုက်ခိုက်နိုင်ရန် အတွက် အသင့် ပြင်ဆင်ထားသည့် အနေဖြင့် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ၎င်း၏ ငါးစင်းမြောက် ဖျက်သင်္ဘောဖြစ်သည့် USS Stout အား တပ်ဖြန့်ချ ထားကြောင်း သိရသည်။

မြ၀တီ

Friday, August 30, 2013

ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။

စစ်ဘက် အသိုင်းအဝိုင်းများ၏ ပြောကြားချက်အရ အဆိုပါ စစ်သင်္ဘောများ စေလွှတ်ခြင်း သည်လက်ရှိ ဖြစ်ပေါ် နေသော ဆီးရီးယား အရေးအား တုံ့ပြန်ရန် အတွက် ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှားရေတပ်၏ ပြောကြားချက်အ ရ ထိုကဲ့သို့ စစ်သင်္ဘော များ စေလွှတ်ခြင်း သည် မြေထဲပင်လယ် အတွင်း သို့ စစ်သင်္ဘော များ အလှည့်ကျ စေလွှတ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိရသည်။

မြေယာပြဿနာ ပြေလည်အောင်ဖြေရှင်းရန် သူရဦးရွှေမန်းက သမ္မတထံသ၀ဏ်လွှာပို့

နေပြည်တော်- လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်မှုများ နှေးကွေးလျက်ရှိသဖြင့် တောင်သူလယ်သမား ပြည်သူများအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုလျော့နည်းကျဆင်းလာသည်ကို ၀မ်းနည်းဖွယ် ကြားသိနေရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြရေးသားထားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယကမှ နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးပြီးဆုံးသည့် ယခုလ ၂၉ ရက်တွင် သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဖေ့စ်ဘွတ် Like button ကို ကြော်ငြာသည့်ပုံစံဖြစ်စေရန် ထည့်သွင်းခဲ့သည့်အတွက် သန်း ၂၀ ခန့် လျော်ကြေးပေးရ

ဖေ့စ်ဘွတ်သုံးစွဲသူများ၏ ကြိုက်နှစ်သက်ကြောင်း ဖော်ပြသည့် “Like” (ကြိုက်ပါသည်) Button များကို ကြော်ငြာသည့်ပုံစံ ဖြစ်စေရန် အသုံးပြုခဲ့သည့်အတွက် ဖေ့စ်ဘွတ်အနေဖြင့် ကန်ဒေါ်လာသန်း ၂၀ ခန့် ပေးရန် တရားသူကြီးတစ်ဦးက အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ သန်း ၂၀ ကို ရှေ့နေများ၊ အင်တာနက်ဆိုင်ရာ တစ်သီးပုဂ္ဂလလုံခြုံရေးအဖွဲ့များ
နှင့် တရားစွဲရာ တွင် ပါဝင်ခဲ့သည့် ဖေ့စ်ဘွတ်သုံးစွဲသူများမှ ခွဲဝေယူရမည်ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ခရိုင်တရားသူကြီး တစ်ဦးဖြစ်သူ Richard Seeborg က ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းမှာ ကြော်ငြာလုပ်ငန်းမှ တစ်ဆင့်ဒေါ်လာဘီလီယံနှင့်ချီ၍၀င်နေသည့် “ဖေ့စ်ဘွတ်က သုံးစွဲသူများ၏စာမျက် နှာများတွင် “like” ခြင်းမှာ သုံးစွဲသူများ၏ သဘောတူညီချက်မပါသည့်အတွက်”ဘဏ္ဍာရေးအရ ထိခိုက်မှုရှိစေသောကြောင့်ဖြစ်သည်ဟု သိရသည်။
ဖေ့စ်ဘွတ်မှ ထောက်ပံ့မှုဖြင့် တင်ဆက်သည့် ဇာတ်လမ်းအစီအစဉ်များတွင် သုံးစွဲသူများ၏အမည်များ သို့မဟုတ် ကြော်ငြာများအား ကြိုက်နှစ်သက်သည်ဆိုသည်ကို အတည်ပြုရာတွင် သုံးစွဲသူများ၏ ခွင့်ပြု ချက်မရရှိခဲ့ဟု တရားရုံးမှတ်တမ်းများအရ သိရသည်။

လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း

လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း
Friday, August 30, 2013

ရန်ကုန်လေဆိပ်မှ မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင် ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကားခမှာ နိုင်ငံခြားသား တဦးလျှင် ၅ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။

လေဆိပ်မှ ရန်ကုန်မြို့တွင်း ဆူးလေဘုရား၊ ပန်းဆိုးတန်းလမ်းအထိ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းကြောင်း ၃ ခု အတိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း၊ သိရှိရသည်။

ခရီးသည် ၁၅ဦးဆံ့သည့် Airport Shuttle ၄ စီးဖြင့် စတင်ပြေးဆွဲ
မည်ဖြစ်ကြောင်း၊ဝန်ဆောင်မှုများ အတွက် လေဆိပ်အတွင်း ကောင်တာ
ဖွင့်ရေးအတွက် ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ဖုန်းဆက်ခေါ်
လျှင် အိမ်တိုင်ရာကြိုသည့်စနစ်ဖြင့် လေဆိပ်သို့ ပို့ဆောင်ပေးမည်
ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်လေဆိပ်တွင် ခရီးသည်စောင့်ဆိုင်းနေသော ပါရမီ၊ ရွှေပျံလွှား၊ ရွှေလွန်းပျံကုမ္ပဏီတို့မှ တက္ကစီ စီးရေ ၃၀၀ နီးပါး
ရှိသည်ဟု ဆိုသည်။

ရွှေပျံလွှားကုမ္ပဏီမှ အငှားယာဉ်မောင်းတဦးဖြစ်သူ ကိုကျော်သူရလှိုင်က ...
“အပြိုင်အဆိုင်ဖြစ်လာတော့ ၀န်ဆောင်မှု ကောင်းတဲ့သူက အသာရမှာပေါ့။
ကျနော်တို့က ခရီးသည်တယောက်ကို မြို့ထဲခရီးကို ၇,၀၀၀ ကျပ် ယူတယ် ဆိုတာက ကားတစီးလုံးကို ငှားပေးတဲ့သဘောလေ၊သူတို့က ၃,၅၀၀ ကျပ်
နဲ့ယူတယ်ဆိုတာက လူအများစုနဲ့တင်တာကိုး၊ လုပ်ငန်းပိုင်းမှာ ထိခိုက်မှု
လည်း နည်းနည်းတော့ရှိနိုင်တာပေါ့” ဟု ပြောသည်။

ဧရာဝတီblog

http://www.myanmaronlinenews.net/2013/08/blog-post_6191.html

ရန်ကုန်လေဆိပ်မှ မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင် ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကားခမှာ နိုင်ငံခြားသား တဦးလျှင် ၅ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။

Fashion ဆိုင်များမှ ၀န်ထမ်းများ၏ လှည့်စားခြင်းကို ဈေးဝယ်ရာတွင် သတိပြုကြရန်လို

Fashion ဆိုင်များမှ ၀န်ထမ်းများ၏ လှည့်စားခြင်းကို ဈေးဝယ်ရာတွင် သတိပြုကြရန်လို

Friday, August 30, 2013


အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။
Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။
Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း
ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင် သင်္ကေတ တစ်ခုခုနဲ့ အချက်ပြတယ်။ ဥပမာ- လက်ဖျောက် တီးတာတို့၊ လေချွန်တာ တို့ပေါ့ဗျာ။ အဲဒီ အချိန်အထဲမှာ ဝယ်သူကို ဈေးတင်ပြီးသား ဖြစ်နေရင်လည်း အခြား တစ်ယောက်က ရုပ်ရှင် ရိုက်ရတာပေါ့။ စာရွက်တစ်ခုကို ကြည့်ပြီး ဈေးမှားနေတယ်လို့ ပြောရ တာပေါ့'' ဟု ပြောပြခဲ့သည်။
လာရောက် ဝယ်ယူသူများကို အရောင်း ဝန်ထမ်းများက အနွေးထည်များနှင့် ဘောင်းဘီများမှာ ဒီဇိုင်းလှပါက ငွေကျပ်နှစ်သောင်း ဝန်းကျင်အထိ ဈေးတင်၍ ရကြောင်း သိရသည်။
''လည်သာ ဂျာကင်တွေ ဆိုရင်တော့ ဈေးနှုန်း မကပ်ထားတာ များတယ်။ ပြီးတော့ ဈေးတင်လို့ ကောင်းတယ်။ ပြီးရင် ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေ ခွဲယူကြတာပေါ့။ ဆိုင်တွေမှာက အထာ ရှိတယ်။ သူဌေးတို့၊ ဆိုင်အုပ်ချုပ်သူတို့ ရှိရင် ဝန်ထမ်းတွေက စကားပြောနေတာတို့၊ ထိုင်နေ တာတို့တွေ မရှိဘူး။ အကုန်လုံးက ကြိုးစားနေတဲ့ ပုံစံတွေ လုပ်နေတာ အကုန်လုံး မတ်တတ် ရပ်နေကြတယ်။ ဝယ်ယူသူများ အနေဖြင့် ဝယ်ယူပါက ဈေးနှုန်း ကပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်သင့်တယ်။ ဒါမှမဟုတ် ဆိုင်တွေမှာ သူဌေးရှိတဲ့ အချိန် ဝယ်သင့်တယ်'' ဟု အထက်ပါ အရောင်း ဝန်ထမ်းက သုံးသပ် ပြောပြခဲ့သည်။

ပြည်မြန်မာ

အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။
Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။
Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း
ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင်

ဆီးဂိမ်းကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိဟု မလေးရှား အိုလံပစ်ကော်မတီဥက္ကဋ္ဌ ချီးကျူး

မလေးရှား အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကော့ချီက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းကစားကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။

ကော့ချီမှာမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောလူမျိုးရေး ပဋိပက္ခဖြစ်စဉ်များကြောင့်နေပြည်တော် ဆီးဂိမ်းအတွက် လုံခြုံရေးစိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သူဖြစ်ပြီး ယခုအခါပြိုင်ပွဲကျင်းပရန်သုံးလအလိုတွင် စိုးရိမ်မှု မရှိတော့ဟု
ပြန်လည် ပြောဆိုခဲ့ကြောင်း မလေးရှားသတင်းစာ The Star တွင် ဖော်ပြထားသည်။

“ဆီးဂိမ်းကျင်းပမယ့်ကစားကွင်းတွေ အားလုံးအသင့်ဖြစ်နေပါပြီ။ တည်ဆောက်ထားတဲ့ပုံစံတွေနဲ့ အသုံးအဆောင်တွေက တကယ့်ကိုအထင်ကြီးစရာပါ။ ဖွင့်ပွဲလုပ်မယ့် ကစားကွင်းကြီးကလည်း ဧရိယာအလွန်ကျယ်ပြီး ကမ္ဘာ့အဆင့်မီ ကွင်းကြီးပါ။ အစောပိုင်းက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကြောင့် ကျွန်တော်တို့ စိုးရိမ်ခဲ့ပေမယ့်
မြန်မာအိုလံပစ်ကော်မတီရဲ့ပြင်ဆင်ထားမှုကြောင့် မစိုးရိမ်တော့ပါဘူး” ဟု ကော့ချီက ဆိုသည်။

ကွာခြားပုံ


ဆီးရီးယားသည် အမေရိကန်ကို အောင်ပွဲခံလိမ့်မည်ဟု အာဆတ်ပြော


အမေ ရိကန်နှင့် သူ၏မဟာမိတ်များ ထိပ် တိုက်ရင်ဆိုင်မှုများရှိလာပါက သူ့နိုင်ငံက အောင်မြင်မှုရရှိရမည် ဟု ဆီးရီးယားသမ္မတဘာရှာ အယ်လ်အာဆတ်က သန္နိဋ္ဌာန်ချ ထားကြောင်း ကြာသပတေးနေ့ ထုတ် Lebanese Daily သတင်း စာက ဖော်ပြခဲ့သည်။

သံသယဖြစ်ရသော ဓာတု လက်နက်ဖြင့်တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက် အမေရိကန်နှင့် အနောက် အင်အားကြီးနိုင်ငံများက အန္တရာယ် များသော စစ်ရေးအရတိုက်ခိုက် ရန် သတိပေးခဲ့ကြသည်။ ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား များသေဆုံးခဲ့ရာ ကလေးဒါဇင် ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ တိုက်ခိုက်မှုမှာ ဩဂုတ် ၂၁ရက် ကဒမတ်စကတ်မြို့ ဆင်ခြေဖုံး ၌ဖြစ်ပွားခဲ့သည်။

မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ

Photo: မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ
Friday, August 30, 2013

မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ဒီဇယ်ဆီ တင်သွင်း
သည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

နမ်ဒင်း(Nam Dinh) မြောက်ပိုင်းခရိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကင်းလှည့်
စဉ် နင်း(Ninh) ကမ်းရိုးတန်းမှ အရှေ့ တောင် ဘက် ရေမိုင် ၂၁ မိုင်
အကွာတွင် သံသယဖြစ်ဖွယ် သင်္ဘော ၂ စီးသို့ ချဉ်းကပ်ခဲ့ရာ သင်္ဘောသား
များက ဗီယက်နမ် သင်္ဘောတစီးပေါ်သို့ ဒီဇယ်ဆီများ ရွှေ့ပြောင်းနေ
သည်ကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ်နိုင်ငံ အခြေစိုက် Thanh Nien News သတင်း တပုဒ်၌ ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

“ရောင်ဝင်း”(Yong Win) အမည်ရ မြန်မာသင်္ဘော တစီးကို အင်္ဂါနေ့က တရားမ၀င် ဒီဇယ်ဆီများ၊ သင်္ဘောသားများ နှင့် အတူ ဖမ်းဆီးလာပြီး ဟိုင်သင်း(Hai Thinh) သင်္ဘောဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒီဇယ်ဆီ အရောင်းအ၀ယ်လုပ်နေကြသည့် သင်္ဘော ၂ စီးမှ သင်္ဘောသားများကလည်း တရားမ၀င် လောင်စာဆီ ရောင်း ၀ယ်မှုတွင် ပါဝင်ပတ်သက်ကြောင်း ၀န်ခံကြသည်ဟု အဆိုပါ သတင်းက ဖော်ပြသည်။
ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ရောင်ဝင်း အမည်ရှိ မြန်မာ သင်္ဘော (ဓာတ်ပုံ - Thanh Nien News)

ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ရောင်ဝင်း အမည်ရှိ မြန်မာ သင်္ဘော

သင်္ဘောသား ၇ ဦးပါသော ဗီယက်နမ် သင်္ဘောသည် သင်္ဘောသား ၁၇ ဦးပါသော “ရောင်ဝင်း” အမည်ရ မြန်မာ သင်္ဘော ထံက ဒီဇယ်ဆီ တန်ချိန် ၅၀၀၀ ကျော် ၀ယ်ယူရန် ရှိခဲ့ကြောင်းလည်း Thanh Nien News သတင်းက ဆိုသည်။

နောက်ဆက်တွဲ သတင်းအရ “ရောင်ဝင်း” မြန်မာသင်္ဘောတွင် ကပ္ပတိန်နှင့် သင်္ဘောသား ၁၆ ဦး ပါရှိကာ သင်္ဘောသားများထဲ က ၁၄ ဦး မှာ မြန်မာများဖြစ်ကြပြီး ၂ ဦးမှာ တရုတ်များဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေ
သည်ဟုလည်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ် မရခဲ့ပါ။

ဧရာဝတီ

မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ဒီဇယ်ဆီ တင်သွင်း
သည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

နမ်ဒင်း(Nam Dinh) မြောက်ပိုင်းခရိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကင်းလှည့်
စဉ် နင်း(Ninh) ကမ်းရိုးတန်းမှ အရှေ့ တောင် ဘက် ရေမိုင် ၂၁ မိုင်
အကွာတွင် သံသယဖြစ်ဖွယ် သင်္ဘော ၂ စီးသို့ ချဉ်းကပ်ခဲ့ရာ သင်္ဘောသား
များက ဗီယက်နမ် သင်္ဘောတစီးပေါ်သို့ ဒီဇယ်ဆီများ ရွှေ့ပြောင်းနေ
သည်ကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ်နိုင်ငံ အခြေစိုက် Thanh Nien News သတင်း တပုဒ်၌ ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

“ရောင်ဝင်း”(Yong Win) အမည်ရ မြန်မာသင်္ဘော တစီးကို အင်္ဂါနေ့က တရားမ၀င် ဒီဇယ်ဆီများ၊ သင်္ဘောသားများ နှင့် အတူ ဖမ်းဆီးလာပြီး ဟိုင်သင်း(Hai Thinh) သင်္ဘောဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား

Photo: လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း
ပြင်သစ် ပြောကြား
Friday, August 30, 2013

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ
၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း
ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။

ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော်
လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲမရှိဟုလည်း ထပ်လောင်း
ပြောဆိုလိုက်သည်။

"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန်အနေနဲ့၊ ပြင်သစ်က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန်ရည်ရွယ်ပြီး ဖြစ်ကြောင်း
ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

Friday, August 30, 2013

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ
၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း
ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့

ရန်ကုန်၊ သြဂုတ် ၃၀

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့်
လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ်
အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့် မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၀၃၀ အချိန်တွင် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင်လမ်း၌ ယာဉ်လမ်းရှင်းရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ် အုန်းကျော်အား ယာဉ်အားရပ်ကာ ဆဲဆိုပြီးဓါးနှင့်ထိုးမည်ဟု ကြိမ်းဝါး၍ မောင်းနှင်ထွက်သွားခဲ့ပါသည်။

ဆမ်ဆောင်းဖုန်းများအတွက် မြန်မာစာ စက်လည်ပတ်စနစ် စတင်အသုံးပြု

ဆမ်ဆောင်းဖုန်းများအတွက် မြန်မာစာ စက်လည်ပတ်စနစ် စတင်အသုံးပြု

ရန်ကုန်၊ သြဂုတ် ၂၉

နောက်ဆုံးထုတ် ဆမ်ဆောင်းဖုန်း အမျိုးအစားသုံးခုတွင် အဆင့်မြှင့်၍ မြန်မာစာ စက်လည်ပတ်စနစ် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက်က ပြောကြားသည်။

“Root ဖောက်စရာ မလိုပါဘူး။ ဒီအတိုင်း Update လုပ်ရုံနဲ့ အသုံးပြုနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

အသစ်တင်သွင်းလာသော Samsung  Galaxy S4၊ Galaxy Grand Duos (Dual GSM SIM) နှင့် Galaxy Grand Duos (CDMA+GSM Dual) ဖုန်းများတွင် ယင်းစနစ်ထည့်သွင်းပြီးဖြစ်ကာ ယခင်ဝယ်ယူထားသူများလည်း Update ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်မိုးအောင်က ပြောကြားသည်။

“သိပ်မကြာခင်မှာ တခြားဆမ်ဆောင်း အမျိုးအစား ဖုန်းတွေမှာ သုံးလို့ရအောင် ကြိုးပမ်းနေပါတယ်။ နောက်ထပ် အသစ်ဝင်လာမယ့် ဆမ်ဆောင်းဖုန်း မော်ဒယ်လ် အသစ်တွေမှာ တစ်ပါတည်းပါမယ်” ဟု ၎င်းကဆိုသည်။

ဆမ်ဆောင်းကုမ္ပဏီသည် မြန်မာစာစနစ်ကို ၂၀၁၂ ခုနှစ်က စတင်စမ်းသပ်ခဲ့ပြီး ဆမ်ဆောင်းမိုဘိုင်းလ်ဖုန်း အသုံးပြုသူများကို သုံးကြိမ်စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ကာ ယခုအခါ ဆမ်ဆောင်းဖုန်းများတွင် တရားဝင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ 

“မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေကတော့ နောက်ပိုင်း တော်တော်ထွက်တယ်။ ဝယ်သူအများစုက ဈေးနှုန်းကို ပိုအလေးထားတယ်” ဟု Star Mobile ဖုန်းဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။

ဆမ်ဆောင်းကုမ္ပဏီမှ တရားဝင် တင်သွင်းထားသော မိုဘိုင်းလ်ဖုန်းများတွင် ဘာသာစကား ၁၀ မျိုးပါရှိပြီး ယခုအခါ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ဘာသာစကားများ ထပ်မံတိုးချဲ့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဆမ်ဆောင်းကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းသို့ ယင်းကုမ္ပဏီမှ တရားဝင် တင်သွင်းထားခြင်း မရှိသော ဆမ်ဆောင်း ထုတ်ကုန်များကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဖုန်း Version မြှင့်ခွင့် မပြုတော့ကြောင်း ဆမ်ဆောင်းမြန်မာထံမှ သိရသည်။

ရန်ကုန်၊ သြဂုတ် ၂၉

နောက်ဆုံးထုတ် ဆမ်ဆောင်းဖုန်း အမျိုးအစားသုံးခုတွင် အဆင့်မြှင့်၍ မြန်မာစာ စက်လည်ပတ်စနစ် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက်က ပြောကြားသည်။

“Root ဖောက်စရာ မလိုပါဘူး။ ဒီအတိုင်း Update လုပ်ရုံနဲ့ အသုံးပြုနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

အသစ်တင်သွင်းလာသော Samsung Galaxy S4၊ Galaxy Grand Duos (Dual GSM SIM) နှင့် Galaxy Grand Duos (CDMA+GSM Dual) ဖုန်းများတွင် ယင်းစနစ်ထည့်သွင်းပြီးဖြစ်ကာ ယခင်ဝယ်ယူထားသူများလည်း Update ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်မိုးအောင်က ပြောကြားသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်ဖြုတ်ခြင်း ပညာရေးဝန်ကြီးဌာန မဖြေရှင်းက အဖွဲ့အစည်းများနှင့် ပူးပေါင်း ကိုင်တွယ်မည်


ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ် ဖြုတ်လိုက်ခြင်းနှင့် ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာနက ၁၅ ရက်အတွင်း ပြေ လည်အောင်မဖြေရှင်းပေး ပါက ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဖြေရှင်းရလိမ့်မည်ဟု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ၅ ခုက ကြေညာချက် ထုတ်၍ အသိပေးလိုက်သည်။
ပညာရေးဝန်ထမ်းများ၏ ဘဝလုံ ခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ရပ်တစ် ခုအား ပြုလုပ်ခဲ့သည်ဟုဆိုကာ ပညာ ရေးဝန်ကြီးဌာနကို သြဂုတ် ၂၆ ရက် ရက်စွဲဖြင့် ထိုသို့ တောင်းဆိုမှုပြုခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က တရားဝင်ဖွဲ့စည်း ခဲ့သော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ တက္ကသိုလ် ဆရာ၊ ဆရာမအသင်းတို့က စုပေါင်း၍ တောင်းဆိုခြင်းဖြစ်သည်။ ၄င်းတို့၏ ကြေညာချက်၌ လုပ်သက် ၁၈ နှစ်ပြည့် သည်အထိ တာဝန်ကိုကျေပွန်စွာ ထမ်း ဆောင်ခဲ့သူအား ခွင့်မဲ့ ၅ ရက်ပျက်ကွက် ရုံမျှဖြင့် ပြစ်မှုနှင့် ပြစ်ဒဏ်လုံးဝ မမျှတမှု ကို ပညာရေးဝန်ကြီးဌာနက ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများ မျက်ကွယ် ပြု၍ ပုဂ္ဂိုလ်ရေး အာဃာတဆန်ဆန် လုပ်ပိုင်ခွင့်အာဏာကို လွန်ကဲစွာအ သုံး ပြုကြောင်း ၄င်းတို့အသင်းများက သုံးသပ် ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားသည်။

"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"


ဩဂုတ် ၂၉ ၂၀၁၃

၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။ ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်းချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။

တစ်ကောင် ဒေါ်လာ နှစ်သောင်းတန် မြင်း ၂၄ ကောင် ဝယ်ယူ

Friday, August 30, 2013

(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အသုံးပြုရန် ခြောက်ပေ အမြင့်ရှိ နိုင်ငံတကာအဆင့်မီ မြင်း ၂၄ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းနီးပါးနှုန်းဖြင့် သြစတြေးလျ နိုင်ငံမှ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

ဝယ်ယူထားသော မြင်းများအားလုံး အောက်တိုဘာလ ပထမပတ် အတွင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ရောက်ရှိမည်ဖြစ်ရာ ယင်းမြင်းများကို မြန်မာ မြင်းများနှင့် ရောနှော၍ SEA Games ပြိုင်ပွဲဝင် အားကစားသမားများ မဲစနစ်ဖြင့် ပြိုင်ပွဲဝင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုမြင်းများသည် မြင်းစီးအဖွဲ့ချုပ်ပိုင် မြင်းများ မဟုတ်ဘဲ မြန်မာနိုင်ငံ က ငွေကြေး ကြွယ်ဝသူ မြင်းစီး ဝါသနာရှင်များက ဝယ်ယူထားသော မြင်း များဖြစ်ရာ SEA Games ပြိုင်ပွဲ ပြီးဆုံးသည်နှင့် ပိုင်ရှင်များထံ ပြန်လည် အပ်နှံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အိမ်ဦးနတ်ကို မမေ့စေချင်လို့တဲ့(ရေးသားသူ- သင်းရီ)

Photo: အိမ်ဦးနတ်ကို မမေ့စေချင်လို့တဲ့
---------
ရေးသားသူ- သင်းရီ

၁၇-၈-၂၀၁၃ နေ့က Myanmar Peace Center တွင် ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအနေဖြင့် အုပ်ချုပ်ရေးယန္တရားကို ပြင်ဆင်နေပြီဖြစ်တဲ့အတွက် စနစ်ဟောင်းမှ အကျင့်ဟောင်းများကိုမပြင်သည့် အဖွဲ့အစည်းများကို တိုင်ကြားဖို့ ပြည်သူများကို ဖိတ်ခေါ်သည့်အကြောင်း အွန်လိုင်းသတင်းတစ်ပုဒ်တွင်   ဖတ်လိုက်ရသဖြင့် အားတက်မိရ၏။ 

သို့သော်လည်း တိုင်းပြည်နှင့်အ၀န်းရှိ အောက်ခြေအဖွဲ့အစည်းဆိုသည့်ဟာတွေထံမှ အသံတွေကတော့ ထူးမခြားနားနှင့် ဒုံရင်းဒုံရင်း၌ပင် ရှိနေသေးကြောင်း နားမစွင့်ဘဲနှင့်ပင် နားမဆံ့အောင် ကြားနေရသည်။ တစ်ရွာတစ်ပုဒ်ဆန်းသည့် တစ်တောတစ်ကြက်ဖ တွန်နေကြသံတွေလားလည်းမသိ။ ခုထိကို အာဏာပါဝါတွေ ပြချင်နေကြတုန်းရှိသည်ထင်၏။

အာဏာဆိုသည်ကလည်း သည်းခြေကြိုက်ဖြစ်သည့်အပြင် စိတ်ထင်တိုင်းကြဲခွင့်ရှိသည့်အာဏာကို နှစ်ပေါင်းများစွာကြာအောင် လွယ်လွယ်ကူကူ အသုံးချခဲ့ဖူးသူအဖို့တော့ လက်နှင့်အာဏာ ခွာခွာထားဖို့ခက်မည်မှာ သေချာသည်။ သည်အကြောင်းစဉ်းစားမိတော့ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးပါတီလက်ကိုင်တုတ်တွေ ဖြစ်ခဲ့ဖူးသည့် ပျူစောထီးတပ်ဗိုလ်တွေအကြောင်း အတွေးရောက်မိသည်။ သည်တပ်က စည်းနှင့်ကမ်းနှင့် စနစ်တကျဖွဲ့စည်းထားသည့် တပ်မဟုတ်တော့ မည်းမည်းမြင်ရာ ပြည်သူတွေအပေါ် လက်နက်အားကိုးနှင့် အနိုင်ကျင့်၊ ဓားပြတိုက် လူသတ်လုပ်သဖြင့် လက်နက်သိမ်းပြီး တပ်ကိုပါ ဖျက်သိမ်းပစ်ခဲ့ရလေသည်။ သည်တော့ ခြောက်လုံးပြူးတကားကားဖြင့် တစ်လျှောက်လုံးနေလာခဲ့သည့် ပျူစောထီးတပ်မှ ဗိုလ်ကြီး၊ ဗိုလ်ငယ်တွေ လက်နက်မရှိဘဲ မနေတတ်ကြတော့လို့ အခွံဖြစ်သွားသည့် သူတို့ခါးပေါ်မှ ခြောက်လုံးပြူးအိတ်တွေထဲ ပြောင်းဖူးစဉ်းရိုးတွေ ထည့်ပေးထားရသတဲ့။ အဲ့သည့်အခါကျမှ နေသာထိုင်သာရှိသွားကြသတဲ့။

အခုလည်း သည်လိုပဲထင်ပ။ အာဏာပါဝါဆိုတာ မပြဘဲနေမိလျှင် မိုးကြိုးပစ်တတ်လေသလားမသိ။ တစ်နည်းမဟုတ် တစ်နည်းနှင့်တော့ ပြနေကြသည်ထင်၏။ တကယ်တော့ လက်တွေ့ကိုင်တွယ်အသုံးချလို့ရသည့် အာဏာကိုထားဦး အာဏာဆိုသည့်စကားလုံး၏ အနက်ဂယက်ကပင် စွဲလမ်းယစ်မူးစေတတ်သလားထင်သည်။

တလောတလော အချို့ရပ်ကွက်တွေထဲမှာ မတော်တဆကြားရသည့် အသံလေးတစ်ခုကို ဖောက်သည်ချချင်သည်။ 

အခြားမဟုတ်။ ဆိုက်ကားပေါ်တင်ပြီး ရပ်ကွက်ထဲလှည့်လာသည့် အသံချဲ့စက်အော်လံကြီးနှင့် တရားပွဲဖိတ်သည့်အသံဖြစ်သည်။ တရားပွဲဖိတ်သည့်ကိစ္စပေမို့ ဓမ္မာရုံမှ နိဗ္ဗာန်ဆော်စစ်ကဖိတ်သည်ဆိုလျှင် ကျက်ထားမှတ်ထားသည့် စာသံပေသံဘုန်းကြီးကျောင်းသံနှင့်ပေမို့ ထွေထွေထူးထူး ပြဿနာမရှိလှပေသည့် ရပ်ကွက်ထဲမှ
ရွာဆော်လုပ်နေကျ တစ်ယောက်ယောက်ကို လက်သင့်ရာ စားတော်ခေါ်လိုက်မိပြီဆိုလျှင်တော့ ကြားရသူတွေအဖို့ နားထဲကို နကျယ်ကောင်ဝင်ပြီး အသိုက်ဆောက်သလို ခံစားရတော့၏။

သိကြသည့်အတိုင်းပင် ရပ်ကွက်ထဲမှာ သည်နှယ်မိုက်ခွက်ကိုင်ပြီး ဆော်ဆော်သြသြလုပ်ရသူတွေ အများစုဆိုသည်က ဓမ္မာရုံမှ နိဗ္ဗာန်ဆော်မဟုတ်လျှင် န၀တ၊ နအဖတို့ လက်ထက်တော်များ အဆက်ဆက်ကတည်းက မ၀တ၊ ရ၀တရုံးများတွင် လက်တိုလက်တောင်းခိုင်းထားသော မိုက်ကိုင်လိုင်စင်ရလာခဲ့ကြသူတွေ ဖြစ်နေတတ်သည်။ အဲ့သည်လိုလိုင်စင်ရသူမျိုးတွေ တရားပွဲဖိတ်ကြပြီဆိုလျှင်တော့ အာဏာသံလေးက မပျောက်ချင်သေးသမို့ အော်ပုံလေးကလည်း ယဉ်သကိုဆိုသလိုဖြစ်တော့၏။ နားဆင်ကြည့်ပါ။

“ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူများခင်ဗျား၊ ဒီကနေ့ ည ၇ နာရီတိတိတွင် ရပ်ကွက်သံဃဒါန ဆွမ်းလောင်းဓမ္မာရုံတွင် ဆရာတော်ဘဒ္ဒန္တပညာသာမိက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောဖော်ညွှန်ပြ ဆိုဆုံးမမည်ဖြစ်သည့်အတွက် ယနေ့ ည ၇ နာရီတိတိအချိန်ထက် နောက်မကျစေဘဲ ရပ်ကွက်ဓမ္မာရုံသို့ မပျက်မကွက်လာရောက်နာယူကြပါရန် အသိပေးကြေညာအပ်ပါသည်..”တဲ့...။

သည်အသံက နားထဲဓားထမ်းဝင်လာလိုက်သလိုဆိုတော့ ဟဲ့ဘယ့်နှယ့်ဟာကြီးတုံးဖြစ်ရသည်။ ၇ နာရီတိတိအချိန်ထက် နောက်မကျစေဘဲ မပျက်မကွက်လာရောက်နာယူပါရန် အသိပေးကြေညာအပ်ပါသည်တဲ့။ အသံကလည်း ပင်ကိုဗီဇအတိုင်း မာချဉ်ချဉ်ဆိုတော့ အကယ်၍များ တရားနာမလာရောက်ခဲ့လျှင်ပင် အရေးယူတော့မည့်ပုံ။

သည်တော့ အာဏာကိုလက်ထဲကိုင်ပြီး နေရာတကာတွင်ကျယ်လာခဲ့သူ မြို့နယ်၊ တိုင်း၊ အထက်ဗဟိုဘာညာတွေမပြောနှင့် ရ၀တရုံးမှ လက်တိုလက်တောင်း မိုက်ခွက်ကိုင် အောက်ခြေလူတန်းစားကပင် အာဏာသံဖားတစ်ပိုင်းငါးတစ်ပိုင်း ဖြစ်ချင်တုန်းရှိသေးသည်ဆိုသည်က ကြားရုံနှင့်သိဆိုသလို ဖြစ်ရ၏။

သည်ရက်ထဲ သတင်းတစ်ပုဒ်ကြားရပြန်သည်။ ရှစ်လေးလုံးငွေရတုပွဲလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်မိသည့် ကျောင်းဆရာမလေးတစ်ဦးကို ပညာရေးဌာနက အလုပ်ကနေရပ်စဲပြီး ပင်စင်ပေးပစ်လိုက်သည်တဲ့။ ထိုသို့ပင်စင်ပေးခံရသည့်အကြောင်း သတင်းသမားတွေကို အဲ့သည့်ဆရာမလေးက ပြောပြမိသဖြင့် သတင်းတွေထဲပါလာသည့်အခါ ထိုသို့ သတင်းစာတွေထဲပါအောင် လုပ်ရကောင်းလားဆိုသည့် ပြစ်မှုထပ်တိုးလျက် ပေးထားသည့်ပင်စင်ကိုပါ ထပ်ဖြုတ်ပစ်ပြန်သတဲ့။ ဆိုသည့်အခါ အာဏာရှင်ခေတ်ကြီးက ကုန်မကုန်နိုင်သေးပါလားဟု စိုးရိမ်စိတ်ဝင်သည်။

တကယ်တော့သမိုင်းထဲတွင် ဖျောက်ပစ်ဖျက်ပစ်၍မရနိုင်သည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကို သမိုင်းတင်သည့် ငွေရတုအထိမ်းအမှတ်ပွဲသည် တရားဝင်ကျင်းပသည့် ပြည်သူ့ပွဲဖြစ်၏။ ထို့ကြောင့်ပင် ထိုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကိုယ်တိုင် တက်ရောက်ကာ “သမိုင်းကို ဖျောက်လို့မရဘူး။ အဲဒီသမိုင်းက အားနည်းချက်တွေကိုဖော်ထုတ်ပြီး အားသာချက်တွေဖြစ်အောင်လုပ်ဖို့က လက်ရှိလူသားတွေရဲ့ တာဝန်ဖြစ်တယ်”ဟုပင် တရားဝင်ပြောသွားခဲ့သေးသည်။ သို့ပါလျက် လက်ရှိပြည်သူတစ်ယောက်ဖြစ်သည့် အဲ့သည်ဆရာမလေးက ၀န်ကြီးဦးအောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့သည့် ရှစ်လေးလုံးငွေရတုအထိမ်းအမှတ်ပွဲနှင့်နှီးနွှယ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်မိသည့် ၎င်းတွင်အပြစ်ရှိပါလားဟု ပြန်လည်ထုချေတင်ပြပိုင်ခွင့်မရှိခဲ့။ ထုချေတင်ပြခွင့်မရရှိလိုက်ဘဲ အပြစ်ဒဏ်အပေးခံရသည်ဆိုသည့်အခါ မဖြစ်မနေအပြစ်ဟု သတ်မှတ်လိုသဖြင့် နင်မဟုတ်လျှင် နင့်အဖေသာဖြစ်ရမည်ဟု သိုးငယ်အားကိုက်စားလေ၏ဆိုသည့် ၀ံပုလွေပုံပြင်လိုမျိုးဖြစ်လေပေါ့ဟု ထင်မိသည်။ ပေးခဲ့သော force to retire ဆိုသည့် အပြစ်ဒဏ်ကလည်း ပြင်းထန်လွန်းလှသည်။ တစ်ခါထပ်၍ နင်လားငါလားစိတ်ဖြင့် ပေးပြီးပင်စင်ကိုပါ ထပ်ဖြုတ်ပစ်ပြန်သေးဆိုသည့်အခါ နာယကဂုဏ်နှင့်ကင်းလွတ်စွာ တမင်အငြိုးနှင့်ပေးသော မတရားအပြစ်ဒဏ်ဟုသာ သတ်မှတ်ရတော့မည်ထင်၏။

သည်သတင်းကြောင့် စိတ်မချမ်းမသာဖြစ်မိသည်နှင့် တစ်ဆက်တည်းလည်း န၀တလက်ထက်က ၀န်ထမ်းတွေကို ၃၃ ချက် မေးခွန်းတွေမေးပြီး စိတ်ဓာတ်ရေးရာအရချိုးနှိမ်ကာ အလုပ်ထုတ်ပစ်ခဲ့တာတွေ ပင်စင်ပေးပစ်ခဲ့တာတွေကို သတိရသည်။ နိုင်ငံရေးနှင့်ပတ်သက်ရကောင်းလားဟု ရမယ်ရှာအပြစ်ကြီးလုပ်လျက် သားစဉ်မြေးဆက် လူတောတိုးမရအောင်၊ နိုင်ငံရေးကို လှည့်မကြည့်ဝံ့လောက်အောင် ရက်ရက်စက်စက် ချိုးနှိမ်ပစ်ခဲ့တာတွေ၊ မျက်လုံးထဲသဲနှင့် ပက်ခဲ့တာတွေ၊ နိုင်ငံရေးမျက်ကန်းတွေ ဖြစ်ကုန်အောင်လုပ်ခဲ့တာတွေကို သတိရသည်။ 

စင်စစ်တွင် ပြည်သူတွေ နိုင်ငံရေးကို စိတ်မ၀င်စားရဲ စိတ်မ၀င်စားဝံ့အောင် စိတ်ဓာတ်ရေးရာအရ ချိုးနှိမ်လုပ်ဆောင်ပစ်ခြင်းသည် တိုင်းပြည်၏အနာဂတ်ကို အသူတရာနက်သော အမှောင်ချောက်ကမ်းပါးကြီးအတွင်းသို့ မိုက်မဲစွာတွန်းချပစ်ခြင်းသာဖြစ်၏ဟု တိတိကျကျပင် ဆိုချင်သည်။ နိုင်ငံရေးအသိ မထွန်းကားဘဲနှင့် နိုင်ငံချစ်စိတ်ကို မမွေးမြူနိုင်။ နိုင်ငံချစ်စိတ်မရှိဘဲလည်း နိုင်ငံ၏တိုးတက်ရာတိုးတက်ကြောင်းကို ရွက်ဆောင်နိုင်လိမ့်မည်မဟုတ်ဆိုသည်မှာ ငြင်းဖွယ်မရှိပါ။ တစ်ခါတစ်ရံ၌ အကြောင်းတစ်ခုခုက စေ့ဆော်ရိုက်သွင်းသဖြင့် မတော်တဆရလာသော မျက်ကန်းအာဂန္တုမျိုးချစ်စိတ်လို ကသန်းကကြောင်ယောင်ခြောက်ဆယ် စိတ်ဓာတ်လိုမျိုးကိုမူ အမှတ်မထင်ကောက်ရသလို ရကောင်းရနိုင်သော်လည်း ကြောင်းကျိုးခိုင်လုံစွာ တွေးခေါ်တတ်သည့် ခိုင်မြဲတည်တံ့သော၊ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲသော နိုင်ငံချစ်စိတ်မျိုးကိုမူ မရနိုင်ပါ။

ကိုယ့်အရေး ကိုယ့်ကိစ္စသက်သက်ကိုသာ သိတတ်လျက် နိုင်ငံကိုမချစ်တတ်သည့် ပြည်သူများ (သို့မဟုတ်) နိုင်ငံရေးဆိုသည်နှင့် ကင်းကင်းကွာကွာနေလိုသော ပြည်သူများ မှီခိုနေထိုင်သည့် တိုင်းပြည်သည်လည်း မတိုးတက်နိုင်ပါ။

လွန်လေပြီးခဲ့သည့် န၀တခေတ်ဆိုသည်ကတော့ နိုင်ငံရေးဆိုသည့် ဝေါဟာရနှင့် နိုင်ငံရေးသမားကို သေနတ်ပြောင်းဝနှင့်တေ့ကာ မစင်တွင်းထဲ တွန်းချနှစ်မြှုပ်လျက် စစ်တပ်ကိုသာ ရွှေပိန်းချစိန်စီအမွှမ်းတင်ခဲ့သည့်ခေတ် ဖြစ်ခဲ့သည်။ ယခုတော့ သူတို့တွေကိုယ်တိုင် နိုင်ငံရေးသမားတွေဖြစ်လာခဲ့ကြပြီကိုမူ ထားတော့။ ဟိုအခါတုန်းကဖြင့် နိုင်ငံရေးသမားတွေကို ရာဇ၀တ်မှုကျူးလွန်သူတွေအဖြစ်သာ သတ်မှတ်ရှုမြင်စေခဲ့သည်။

ယခုကား စစ်တပ်ကအုပ်ချုပ်သော စစ်အစိုးရခေတ်မဟုတ်တော့။ ၂၀၁၀ တွင် ကျင်းပခဲ့သည့် ပြည်သူက ရွေးချယ်တင်မြှောက်သော ရွေးကောက်ပွဲကို ကျော်ဖြတ်ခဲ့ပြီ။ ထို့ကြောင့် ပုံစံအားဖြင့်ကို ပြည်သူ့ကိုယ်စားလှယ်များက တာဝန်ယူရသော ပြည်သူ့အစိုးရဖြစ်လာခဲ့ပြီ။ ထို့ကြောင့် အစိုးရသည်လည်း ပြည်သူထဲမှ ပြည်သူသာလျှင်ဖြစ်ခဲ့ပြီ။ ပြည်သူနှင့်တစ်သားတည်းမို့ အာဏာကိုပိုင်စိုးသော အာဏာရှင်မဟုတ်တော့။ 

မနေ့တစ်နေ့ကမှပင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအပါအ၀င် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများသည် အာဏာပိုင်များမဟုတ်ကြ။ ပြည်သူ့အခွန်ဘဏ္ဍာငွေကိုစားသည့် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရသော ပြည်သူ့ဝန်ထမ်းတွေသာဖြစ်သည်ဟု မီဒီယာများနှင့် တွေ့ဆုံပွဲတစ်ခုတွင် ပြောသွားခဲ့သေးတာ မှတ်သားထားမိသည်။ နားဝင်ချိုလိုက်တာဟုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ခေတ်စစ်စစ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိပေတော့အံ့ဟုလည်း မျှော်မိရသည်။

သို့ပါလျက် ကြားရသည့်သတင်းတွေကမမွှေး။ တိုးတိုးပြီးပွင့်ရမည့်အစား ပြန်ပြန်ပြီးပိတ်သွားသလားဟုပင် ခံစားလာရသည်။ သည်လိုပုံနှင့် မိုးကြီးချုပ်လျှင် စဉ်းစားမိတော့ ရှေ့ရေးက ရင်လေးစရာအတော်ကောင်းနေပြန်၏။

နောက်ထပ်ကြားရပြန်သေးသည့်သတင်းက အဘယ်သို့သောအကြောင်းကြောင့် ဘယ်ဥပဒေအရ ဘာကိုစိုးရိမ်၍ ဘယ်ကစတင်ချမှတ်လိုက်ပြန်သည့် အမိန့်မှန်းတော့မသိ။ ခန်းမတွေ ဟိုတယ်တွေမှာ အခမ်းအနားတွေလုပ်လိုလျှင် သာမန်စာအုပ်မိတ်ဆက်ပွဲလို ပွဲလေးမှစ၍ မည်သို့သော အခမ်းအနားမျိုးကိုမဆို ရက် ၂၀ ကြိုတင်ပြီး သက်ဆိုင်ရာကို ခွင့်တောင်းရမည်တဲ့။ ခွင့်ပြုမိန့်ကျမှ ကျင်းပရမည်တဲ့။ 

အမှန်တော့ သည်အခမ်းအနားတွေဆိုသည်က နိုင်ငံတော်ကို ပုန်ကန်ခြားနားမည့် အခမ်းအနားတွေလည်းမဟုတ်။ နိုင်ငံ၏ သည်အချိန်နှင့် သည်အခြေအနေက ဒီမိုကရေစီရေးအတွက် လေတိုးမခံနိုင်သေးသည့်အခြေအနေမျိုး၌သာ ရှိနေသေးကြောင်း လူတိုင်းသိဖြစ်ပေရာ နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ချစ်သည့်သူမှန်လျှင် လေတိုးမည်စိုး၍ အသက်ကိုပင် ပြင်းပြင်းမရှူကြ။ ဒီမိုကရေစီပျိုးပင်ပေါက်ကလေး ရှင်ပါစေသန်ပါစေဟု ရေကြည်လောင်း ပေါင်းသင်မြေတောင်မြှောက်လိုကြသူတွေသာရှိသည်။

သို့သော် သင်ခန်းစာယူစရာသမိုင်းကိုတော့ ပြောကြလေမည်ပေါ့။ အမှားကိုမြင်တော့လည်း ပြင်စေလိုကြောင်း စေတနာရင်းစွဲဖြင့် ထောက်ပြဝေဖန်သမှုတော့ ပြုကောင်းပြုကြပေမပေါ့။ ဒါကို စိုးရိမ်စရာအခြေအနေတစ်ရပ်ဟု မမြင်စေချင်။ ၀ဲပေါက်နေသူ ပင်လယ်ရေကြောက်သလိုမျိုးမဖြစ်စေချင်။ ပွင့်လင်းမြင်သာသော အလင်းရောင်သည်သာ အရာရာသံသယမှ ကင်းဝေးစေနိုင်၏ဟု ယုံကြည်သင့်သည်။ ပွင့်လင်းမြင်သာမှု တံခါးပေါက်မှန်သမျှကို ပိတ်ဆို့ထားခဲ့သော လွန်ခဲ့သည့်ခေတ်ထဲမှ လောင်ပုပ်တက်နေသည့် မှားယွင်းမှုအိုင်းအနာဆွေးတွေက အနာဖေးပင်မတက်တတ်သေးပါ။ သင်ခန်းစာယူစရာ ပူပူနွေးနွေးကြီးတွေပင် ရှိနေပါသေးသည်။

ထို့ကြောင့် မည်သည့်နေရာ၌မဆို စည်းကမ်းဆိုသည်က ရှိကောင်းသည်မှန်သော်လည်း လွတ်လပ်မှုကိုချုပ်ကိုင်ဖို့၊ ပွင့်လင်းမှုတံခါးတွေကို ပိတ်ဆို့ပစ်ဖို့ ရည်ရွယ်လျက်ဖြင့်တော့ စည်းကမ်းမဟုတ်သည့် ချုပ်ချယ်ခြင်းတွေကို မချမှတ်သင့်၊ မဆောင်ရွက်သင့်ဟု မြင်မိရသည်။

တွေးမိရင်းမှပင် ငယ်စဉ်က ကြုံခဲ့ရဖူးသော လင်မယားနှစ်ယောက်ထံ စိတ်ကရောက်မိ၏။ ထိုလင်မယားတွင် လင်က မယားကို နေ့ရှိသရွေ့ဆိုသလို အကြောင်းမရှိအကြောင်းရှာလျက် ရိုက်ပုတ်နှိပ်စက်တတ်လေသည်။ သည်အခြေအနေကို အမြင်မတော်သူတွေက ဘာ့ကြောင့်များ ဇနီးသည်ကို အကြောင်းမဲ့နှိပ်စက်နေရတာလဲ မေးသည့်အခါ ယောက်ျားလုပ်သူဖြေပုံက မှတ်သားလောက်သည်။

“ကျုပ်ဆိုတဲ့ အိမ်ဦးနတ်ရှိနေတဲ့အကြောင်း မမေ့အောင်လို့ ရိုက်ရိုက်ပေးနေရတာ..”တဲ့။

သြော်.. ဒီလိုပေကိုးဟု ထိုယောက်ျားကို ထိုစဉ်က တအံ့တသြဖြစ်ခဲ့ရဖူးသည်။

ယခုတွေ့ကြုံကြားသိနေရသည့် အထွေထွေအကြောင်းကြောင်း ကိစ္စများတွင်တော့ ထိုသို့ မအံ့သြပါရစေနှင့်တော့ဟုသာ တောင်းတောင်းပန်ပန် ပြောချင်နေမိရသည်။

ထို့အတူလည်း ခြောက်လုံးပြူးအိတ်ထဲ ပြောင်းဖူးစဉ်းရိုးထည့်ပေးထားမှ နေသာထိုင်သာရှိသွားကြသည့် ပျူစောထီးဗိုလ်တွေလိုလည်း ရုပ်ပျက်ဆင်းပျက်မဖြစ်ကြစေချင်ပါ..ဟု။ ။

၁၇-၈-၂၀၁၃ နေ့က Myanmar Peace Center တွင် ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအနေဖြင့် အုပ်ချုပ်ရေးယန္တရားကို ပြင်ဆင်နေပြီဖြစ်တဲ့အတွက် စနစ်ဟောင်းမှ အကျင့်ဟောင်းများကိုမပြင်သည့် အဖွဲ့အစည်းများကို တိုင်ကြားဖို့ ပြည်သူများကို ဖိတ်ခေါ်သည့်အကြောင်း အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရသဖြင့် အားတက်မိရ၏။

သို့သော်လည်း တိုင်းပြည်နှင့်အ၀န်းရှိ အောက်ခြေအဖွဲ့အစည်းဆိုသည့်ဟာတွေထံမှ အသံတွေကတော့ ထူးမခြားနားနှင့် ဒုံရင်းဒုံရင်း၌ပင် ရှိနေသေးကြောင်း နားမစွင့်ဘဲနှင့်ပင် နားမဆံ့အောင် ကြားနေရသည်။ တစ်ရွာတစ်ပုဒ်ဆန်းသည့် တစ်တောတစ်ကြက်ဖ တွန်နေကြသံတွေလားလည်းမသိ။ ခုထိကို အာဏာပါဝါတွေ ပြချင်နေကြတုန်းရှိသည်ထင်၏။

၁၅ နှစ်အရွယ် ကလေးစစ်သား တပ်မတော်က အိမ်ပြန် မပို့ဟုဆို

Photo: ၁၅ နှစ်အရွယ် ကလေးစစ်သား တပ်မတော်က အိမ်ပြန် မပို့ဟုဆို 

ရန်ကုန်၊ သြဂုတ် ၂၉

အုပ်ထိန်းသူ မိဘများ၏ သဘောတူညီမှု မရှိဘဲ တပ်မတော် တပ်ရင်း တစ်ရင်းဖြစ်သည့် ခြေမြန် တပ်ရင်း ၄၂၀ ၏ စစ်သားအဖြစ် စုဆောင်းခံရသူ အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးကို နေအိမ်သို့  ပြန်လည် ပို့ဆောင် ပါရန် အဆိုပါ တပ်ရင်းထံ မိဘများက တောင်းဆိုထားသော် လည်း ပြန့်ပို့ပေးခြင်း မရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၅၅ ရပ်ကွက်တွင် နေထိုင်သည့် ဒသမတန်း ကျောင်းသား မောင်ခိုင်စောလင်းကို သာစည် မြို့နယ်ရှိ ခမရ ၄၂၀ တပ်ရင်းက ကလေး စစ်သားအဖြစ် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း စုဆောင်းခဲ့ပြီး မိဘများက အဆိုပါ တပ်ရင်းအထိ ယခုလ (သြဂုတ်လ) ၁၉ ရက်နေ့တွင်  သွားရောက် ခေါ်ယူရာ ပြန်လည် ပို့ဆောင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ပြန်ပို့ပေးခြင်း မရှိသေး ကြောင်း အဆိုပါ လူငယ်၏ မိခင် ဒေါ်ဝင်းဝင်းမာက ရှင်းပြသည်။

လှည်ကူးမြို့နယ် အင်တိုင်းကျေးရွာနေ ဒေါ်စုစုခင်က သာစည်မြို့ ခမရ ၄၂၀ တပ်ရင်းသို့ အခကြေးငွေ  နှစ်သိန်း ရယူကာ လာရောက် ပို့ဆောင်သွားသည် ဟု အဆိုပါတပ်မှ တပ်ကြပ်ကြီး တစ်ဦးက ယင်းလူငယ်၏ မိဘများ သာစည်တွင် သွားရောက် ခေါ်ယူစဉ် ပြောကြားထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်မကလေးက ငယ်သေးတယ်၊ သူ့ကို ကျောင်းဆက်ထားချင်တယ်” ဟု အဆိုပါလူငယ်၏ မိခင် ဒေါ်ဝင်းဝင်းမာက ဆိုသည်။

မောင်ခိုင်စောအောင်သည် ဇွန်လ ၁၉ ရက်နေ့တွင် ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ကလေးစစ်သား ပပျောက်ရေးလို့ ကြွေးကြော်နေတဲ့ အချိန်မှာ ဒီဖြစ်ရပ်တွေ မရှိသင့်တော့ပါဘူး” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ တပ်ရင်းသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၂၀၁၅ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား ပပျောက်ရေးနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး သုံးနှစ် စီမံကိန်း သဘော တူညီချက်ကို ၂၀၁၂ ခုနှစ်ဧပြီလ ၂၈ ရက်တွင် ILO အုပ်ချုပ်ရေး အဖွဲ့နှင့် မြန်မာ အစိုးရကြား လက်မှတ် ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံရှိ ကလေး စစ်သားများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ၄၂ ဦး၊ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် ၂၄ ဦးနှင့် ဇူလိုင်လတွင် ၄၂ ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းများကို စီမံကိန်း ကာလအတွင်း လုပ်ဆောင်နိုင်ခြင်း ရှိ မရှိကို နှစ်စဉ် ဇွန်လအတွင်း ကျင်းပသော ILO ညီလာခံတွင် သုံးသပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၂၉

အုပ်ထိန်းသူ မိဘများ၏ သဘောတူညီမှု မရှိဘဲ တပ်မတော် တပ်ရင်း တစ်ရင်းဖြစ်သည့် ခြေမြန် တပ်ရင်း ၄၂၀ ၏ စစ်သားအဖြစ် စုဆောင်းခံရသူ အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးကို နေအိမ်သို့ ပြန်လည် ပို့ဆောင် ပါရန် အဆိုပါ တပ်ရင်းထံ မိဘများက တောင်းဆိုထားသော် လည်း ပြန့်ပို့ပေးခြင်း မရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၅၅ ရပ်ကွက်တွင် နေထိုင်သည့် ဒသမတန်း ကျောင်းသား မောင်ခိုင်စောလင်းကို သာစည် မြို့နယ်ရှိ ခမရ ၄၂၀ တပ်ရင်းက ကလေး စစ်သားအဖြစ် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း စုဆောင်းခဲ့ပြီး မိဘများက အဆိုပါ တပ်ရင်းအထိ ယခုလ (သြဂုတ်လ) ၁၉ ရက်နေ့တွင် သွားရောက် ခေါ်ယူရာ ပြန်လည် ပို့ဆောင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ပြန်ပို့ပေးခြင်း မရှိသေး ကြောင်း အဆိုပါ လူငယ်၏ မိခင် ဒေါ်ဝင်းဝင်းမာက ရှင်းပြသည်။

ကင်ဂျုံအန်၏ ရည်းစားဟောင်းကို သေဒဏ်ပေးဟုဆို

Photo: ကင်ဂျုံအန်၏ ရည်းစားဟောင်းကို သေဒဏ်ပေးဟုဆို

ပြုံယမ်း၊ သြဂုတ် ၂၉

လက်ရှိ အာဏာရ တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအန်၏ ရည်းစားဟောင်းဟု ဆိုကြသူ မြောက် ကိုရီးယားတွင် လူသိများသော စင်မြင့် ဖျော်ဖြေသူ ဒါဇင်ခန့်အနက် တစ်ဦးအပါအဝင် ဖြစ်သော တေးသံရှင် ဟွန်ဆောင်ဝူးကို ညစ်ညမ်းရုပ်ရှင် ရိုက်သည့် ဥပဒေ ချိုးဖောက်မှုဖြင့် လက်ဖြောင့် တပ်ဖွဲ့ကို အသုံးပြုကာ ပစ်ခတ် သေဒဏ်ပေးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ The Chosunilbo က ရေးသား ဖော်ပြထားသည်။

သေဆုံးသူ ဟွန်ဆောင်ဝူးသည် မွန်ကျုံဂျင်း အမည်ဖြင့် ကျော်ကြား ကာ မြောက်ကိုရီးယား သံစုံ တီးဝိုင်းကြီး တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့က လိင်ရုပ်ရှင်များ ရိုက်ကူးသည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရခြင်း ဖြစ်ကာ သုံးရက်အကြာ ၂၀ ရက်နေ့တွင် လူအုပ်၏ ရှေ့မှောက်၌ သေဒဏ်ပေးခံရခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ သတင်းရင်းမြစ်များက ဆိုသည်။

ယင်းတင်ဆက် ဖျော်ဖြေသူ အမျိုးသမီးနှင့်အတူ အန်ဟာဆု သံစုံတီးဝိုင်း မှ တေးသံရှင်များ၊ ဂီတပညာရှင်များ၊ ကချေသည်များလည်း သေဒဏ်ပေးမှု တွင် ပါဝင်သွားပြီး ၎င်းတို့ လိင်ဆက်ဆံနေသည့် ဗီဒီယိုကို အချင်းချင်း ပြန်ရိုက်ကြကာ ရောင်းစားခဲ့ကြခြင်း ဖြစ်ကာ ယခုဆိုလျှင် အဆိုပါ ဗီဒီယိုခွေသည် တရုတ်နိုင်ငံတွင်ပင် ပျံ့နှံ့လျက် ရှိပေသည်။

၎င်းတို့ကို နိုင်ငံရေး အတိုက်အခံများကဲ့သို့ ဆက်ဆံခဲ့ကြကြောင်း တောင် ကိုရီးယား သတင်းစာ၏ မြောက်ကိုရီးယား ပြည်တွင်း သတင်းရင်းမြစ်များ က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်က ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဟွန်ဆောင်ဝူးတို့ စတင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအီ၏ အမိန့်ဖြင့် လမ်းခွဲခဲ့ကြကာ ဟွန်သည် စစ်သားတစ်ဦး နှင့် လက်ထပ်ခဲ့သည်။

လက်ရှိခေါင်းဆောင်၏ ဇနီးဖြစ်သူ ရီဆိုဂျူးသည်လည်း အန်ဟာဆု သံစုံ တေးဂီတဝိုင်းမှ အဖွဲ့ဝင် တစ်ဦးပင် ဖြစ်ခဲ့သည်။

သေဒဏ်ပေးခံရသည့် အနုပညာသမားများ ပါဝင်သည့် အန်ဟာဆု သံစုံတီးဝိုင်းနှင့် ဝမ်ဂျေးဆန် အလင်းရောင် တီးဝိုင်းတို့ကိုလည်း လက်ရှိ ပြဿနာ ဖြစ်ပွားနေစဉ်တွင် ဖျက်သိမ်းထားသည်ဟုလည်း ယင်းသတင်းက ဖော်ပြထားသည်။

“အန်ဟာဆု၊ ဝမ်းဂျေးဆန် အလင်းရောင်က ဂီတသမားတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စက်သေနတ်နဲ့ သေဒဏ်ပေးခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။

ဟွန်ဆောင်ဝူးသည် မြောက်ကိုရီးယားတွင် နာမည်ကျော်သော အနုပညာရှင် ဖြစ်ပြီး အကျိုးပြု ပေါ်လစီ သီချင်းများ၊ ဝါဒဖြန့် သီချင်းများ လည်း သီဆိုခဲ့သူ ဖြစ်သည်။

ပြုံယမ်း၊ သြဂုတ် ၂၉

လက်ရှိ အာဏာရ တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအန်၏ ရည်းစားဟောင်းဟု ဆိုကြသူ မြောက် ကိုရီးယားတွင် လူသိများသော စင်မြင့် ဖျော်ဖြေသူ ဒါဇင်ခန့်အနက် တစ်ဦးအပါအဝင် ဖြစ်သော တေးသံရှင် ဟွန်ဆောင်ဝူးကို ညစ်ညမ်းရုပ်ရှင် ရိုက်သည့် ဥပဒေ ချိုးဖောက်မှုဖြင့် လက်ဖြောင့် တပ်ဖွဲ့ကို အသုံးပြုကာ ပစ်ခတ် သေဒဏ်ပေးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ The Chosunilbo က ရေးသား ဖော်ပြထားသည်။

သေဆုံးသူ ဟွန်ဆောင်ဝူးသည် မွန်ကျုံဂျင်း အမည်ဖြင့် ကျော်ကြား ကာ မြောက်ကိုရီးယား သံစုံ တီးဝိုင်းကြီး တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့က လိင်ရုပ်ရှင်များ ရိုက်ကူးသည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရခြင်း ဖြစ်ကာ သုံးရက်အကြာ ၂၀ ရက်နေ့တွင် လူအုပ်၏ ရှေ့မှောက်၌ သေဒဏ်ပေးခံရခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ သတင်းရင်းမြစ်များက ဆိုသည်။

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

ကလေး၊ သြဂုတ်၂၉

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တောင်ဥက္ကလာ ဓားနဲ့ ပါးကို ခြစ်တဲ့ အမှုပေါ်ပြီ

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။

ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရတယ်။

သတိ ဗိဿနိုးနတ်မင်းကြီး အိပ်နေသည်(ရေးသားသူ- မောင်သာချို)

Photo: သတိ ဗိဿနိုးနတ်မင်းကြီး အိပ်နေသည်
----------------
ရေးသားသူ- မောင်သာချို

(တစ်)
လေယာဉ်ဖြင့်ခရီးသွားတိုင်း လေယာဉ်ပေါ်ကနေ ဖတ်စရာမှတ်စရာ တစ်ခုခုရတတ်ပါသည်။ နံနက်စောစော ထထပြီးပျံတတ်ကြသည့် လေယာဉ်ပေါ်၌ လေယာဉ်မယ်ကလေးများက သတင်းစာပူပူနွေးနွေးကို ဗန်းကလေးများပေါ်တွင်တင်လျက် ခရီးသည်များကို လိုက်လံပေးဝေတတ်ပါသည်။ အချို့အချို့သော လေယာဉ်တွေများကျတော့ ဂျာနယ်များကိုပင်လျှင် လေယာဉ်ပေါ်၌ တင်ပေးထားတတ်ပါသည်။ ကိုယ့်ရှေ့တည့်တည့်ရှိ ထိုင်ခုံနောက်မှီ၏ အိတ်ထဲတွင်ကား မဂ္ဂဇင်းတစ်စောင်တလေ အမြဲတမ်းရှိနေတတ်ပါသည်။ inflight magazine ဆိုတော့ လေယာဉ်ပျံထဲတွင်ဖတ်သည့် မဂ္ဂဇင်းဟုပဲဆိုကြပါစို့။

ကျွန်တော်တို့နိုင်ငံထဲ၌ ပြည်တွင်းလေကြောင်းလိုင်းတော်တော်များများရှိရာ သူ့လေကြောင်းလိုင်းနှင့်သူ၊ သူ့မဂ္ဂဇင်းနှင့်သူကြိုးစား၍ ထုတ်ဝေကြသူများချည်းပင် ဖြစ်ပါသည်။ မည်သည့်လေယာဉ်ကိုပဲစီးစီး inflight magazine ကိုတော့ တောင်လှန်၊ မြောက်လှန်ဖြင့် ကျွန်တော် ဖတ်လေ့ရှိမြဲဖြစ်ပါသည်။

တစ်နေ့ ပုဂံ-မန္တလေး-ဟဲဟိုးခရီးစဉ်ဖြင့် လိုက်ပါသွားနေခဲ့စဉ် ထုံးစံအတိုင်း inflight magzinge တစ်အုပ်ကိုဆွဲပြီး ဖတ်ရှုလိုက်ရာ မြန်မာမင်္ဂလာဆောင်များနှင့်ပတ်သက်၍ အချက်အလက်လွဲချော်နေမှုကလေးတစ်ခု တွေ့လိုက်သဖြင့် သည်စာစုကို ရေးမိလိုက်ခြင်းဖြစ်ပါသည်။

မဂ္ဂဇင်းနာမည်ကို ထားလိုက်ပါတော့။ မဂ္ဂဇင်းနာမည်ကိုပြောလျှင် လေကြောင်းလိုင်းကို မှန်းဆနိုင်သောကြောင့်ဖြစ်ပါသည်။ စာရေးသူ၏အမည်ကိုလည်း ထားလိုက်ပါလေတော့။ ဆောင်းပါးက ပုဂံဘုရားပွဲများအကြောင်း ရေးထားသည့်ဆောင်းပါးဖြစ်ပါသည်။ Pagoda Festivals of Bagan တဲ့။

(နှစ်)
ဆောင်းပါးရှင်က ခရစ်နှစ်သုံးပြက္ခဒိန်အရ ဇူလိုင်မှသည် အောက်တိုဘာအထိ မြန်မာအလိုအရ ၀ါတွင်းသုံးလသည် ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်ကာလဖြစ်သဖြင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော်တို့ ခရီးသွားလာခြင်းကို တားမြစ်ထားကြောင်း၊ မင်္ဂလာပွဲကျင်းပခြင်း၊ ဘုရားပွဲကျင်းပခြင်းတို့ကိုလည်း တားမြစ်ထားကြောင်း ရေးပါသည်။

ထို့နောက် ရဟန်းသံဃာတော်တို့ကို ၀ါတွင်းသုံးလ ခရီးမသွားကြရန် ကန့်သတ်ထားရသည့် ပထမအကြောင်းကိုရေးပြီးနောက် မင်္ဂလာမဆောင်ကြရသည့် ဒုတိယအကြောင်းတရားကို ရေးသောအခါ ဤသို့ရေးပါသည်။

The second is because to celebrate a marrige with song and music would be too distracting during these months when monks are deep in study or sitting for exams. ၀ါတွင်းသုံးလ၌ ရဟန်းသံဃာတော်တို့ ပရိယတ္တိစာပေများကို ကျားကုတ်ကျားခဲ လေ့လာဆည်းပူးနေကြရခြင်း၊ စာမေးပွဲဖြေဆိုနေကြရခြင်းများကြောင့် မင်္ဂလာဆောင်အခမ်းအနားကျင်းပရာမှ တေးဂီတသံများကို ကြားနေရသော် စိတ်အာရုံပျံ့လွင့်မည်ကိုစိုးသဖြင့် ၀ါတွင်းသုံးလ၌ မင်္ဂလာမဆောင်ရဟု ကန့်သတ်ထားခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့နိုင်ပါသည်။

လေယာဉ်ပေါ်ရောက် နိုင်ငံခြားသားတို့ ဖတ်ရှုမိသော် အချက်အလက်အမှားကို ရသွားမည်စိုး၍ သည်စာကို ကျွန်တော် ရေးဖြစ်ခြင်းဖြစ်ပါသည်။

(သုံး)
ရဟန်းတို့သည် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစတင်ကာ ၀ါကပ်ရပါသည်။ ထို့ကြောင့် ၀ါခေါင်လပြည့်၊ တော်သလင်းလပြည့်တို့ကို ကျော်လွန်ပြီးနောက် သီတင်းကျွတ်လပြည့်သို့ ရောက်သောအခါ ၀ါတွင်းသုံးလ ပြည့်မြောက်ပါသည်။ ယင်းကို “ပူရိမ၀ါ”ဟု ခေါ်ပါသည်။ ထိုသုံးလတွင် ရဟန်းတို့ မိမိတို့ ၀ါကပ်သည့်ကျောင်းမှ အရပ်တစ်ပါးသို့ ညအိပ်ညဥ့်နေ ခရီးမသွားကြရန် ၀ိနည်းတော်က ထိန်းချုပ်ထားပါသည်။

သို့သော် ရဟန်းတစ်ပါးပါးသည် ခရီးလွန်နေသဖြင့် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ၀ါမကပ်နိုင်ဘဲ တစ်လနောက်ကျပြီး ၀ါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင်မှ ၀ါကပ်ခဲ့သော် တန်ဆောင်မုန်းလပြည့်နေ့သို့ရောက်ပါမှ ၀ါတွင်းသုံးလပြည့်ပါသည်။ ယင်းကို “ပစိမ၀ါ”ဟုခေါ်ပါသည်။ အကယ်၍ ၀ါထပ်ခဲ့သော် ဒုတိယ၀ါဆိုလပြည့်ကျော်တစ်ရက်ကျမှ ၀ါတွင်းသုံးလစတင်ပါသည်။ ထိုသုံးလ၌ ရဟန်းတို့ခရီးမသွားခြင်းသည် ၀ိနည်းနှင့်သက်ဆိုင်ပါသည်။

(လေး)

ထိုဝါတွင်းသုံးလ၌ မင်္ဂလာမဆောင်စကောင်းဟူ၍လည်း လောကီနယ်ပယ်က ယူဆပါသည်။ ယင်းသည် ဟိန္ဒူအယူဝါဒကဆင်းသက်လာသည့် ထုံးတမ်းစဉ်လာဖြစ်ပါသည်။

မဇ္ဈိမဒေသခေါ် အိန္ဒိယ၌ “ရာဇမတ္တဏ်”ကျမ်းသည် ဟိန္ဒူယဉ်ကျေးမှုနယ်ပယ်တွင် ထင်ရှားပါသည်။

ထိုကျမ်းအလိုအရ ၀ါဆိုလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းကြီး စတင်၍အိပ်သည်ဟု ဆိုပါသည်။ ထို့နောက် နှစ်လတိတိကြာညောင်းချိန် တော်သလင်းလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းကြီး အနည်းငယ်လွန့်ကာ လက်ယာနံတောင်းမှ လက်ဝဲနံတောင်းသို့ ပြောင်းပြီးအိပ်သည်ဟု ဆိုပါသည်။ တစ်ဖန် နှစ်လတိတိ ဆက်အိပ်ပြီးနောက် တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းနိုးသည်ဟု ဆိုပါသည်။ လေးလတိတိ။ ထို့ကြောင့် ဟိန္ဒိုယဉ်ကျေးမှုနယ်ပယ်တွင် ဗိဿနိုးနတ်မင်း အိပ်ပျော်နေသည့် လေးလအတွင်း၌ ထိမ်းမြားလက်ထပ်သမှု မပြုစကောင်းပါကြောင်း “ရာဇမတ္တဏ်”ကျမ်းက ဆိုထားခဲ့ပါသည်။

ယင်းကိုအခြေခံထားကာ ၀ါတွင်းသုံးလ၌ မင်္ဂလာမဆောင်သင့်ကြောင်း မြန်မာတို့က ဆင့်ပွားယူဆလျက် ကျင့်ဆောင်လာခဲ့ကြပုံရပါသည်။ မင်္ဂလာဆောင်က ဂီတသံများက ရဟန်းတို့ပရိယတ္တိစာပေလေ့လာမှုကို အာရုံပျက်စေသဖြင့် ရှောင်ရှားခဲ့ခြင်းတော့ မဖြစ်တန်ရာပါ။

သုံးဆယ့်ရှစ်ဖြာမင်္ဂလာက ဘုရားဟောဖြစ်ပါသည်။ မင်္ဂလာဆိုတာ ဘာလဲကို သိချင်သူလူသားတို့အား နတ်သားကတစ်ဆင့် ဟောကြားသည့်တရားပဲဖြစ်ပါသည်။ မင်္ဂလာဆယ့်နှစ်ပါးကမူ လောကီမင်္ဂလာဖြစ်ပါသည်။ ထိုလောကီမင်္ဂလာ ဆယ့်နှစ်ပါးထဲ၌ မင်္ဂလာဆောင်ခြင်းပါဝင်ပါသည်။ အာဝါဟ၀ိဝါဟမင်္ဂလာတဲ့။

အာဝါဟက သမီးဆောင်ယူခြင်းမင်္ဂလာ။ ယောက်ျားကလေးအိမ်သို့ သမီးကိုပို့ပြီး ကျင်းပဆင်နွှဲသည့်မင်္ဂလာ။ ၀ိဝါဟက သမီးပေးခြင်းမင်္ဂလာ။ မိန်းကလေးအိမ်၌ ယောက်ျားကလေးက လာရောက်ပြီး ကျင်းပဆင်နွှဲသည့်မင်္ဂလာ။ ယခုခေတ် ဟိုတယ်များ၌ဆောင်သည့်မင်္ဂလာကိုကား မည်သည့်မင်္ဂလာဟု ခေါ်ဆိုရမည်လည်း ကျွန်တော်မသိ။ ထားပါတော့။

(ငါး)
ပုဂံက ဧည့်လမ်းညွှန်တစ်ယောက်ကို ကမ္ဘာလှည့်ခရီးသည်တစ်ယောက်က မေးပါသည်။ ဂေါတမမြတ်စွာဘုရားမှာ ဘ၀ပေါင်းဘယ်နှဘ၀ရှိသလဲ။ သူက ၅၅၀ (သို့မဟုတ်) ၅၄၇ ဇာတ်ကို သိထားပုံရပါသည်။ ဧည့်လမ်းညွှန်ကမသိ။ ထို့ကြောင့် ဆယ့်လေးငါးဘ၀လောက်ရှိမည်ဟု ဖြေပစ်ခဲ့ကြောင်း ကျွန်တော့်ကို ပြောပြဖူးပါသည်။ 

အခု လေယာဉ်ပေါ်မှာ။ inflight magazine ။ အင်္ဂလိပ်ဘာသာနဲ့။ ဂီတသံမှာ ရဟန်းတို့ စိတ်မလွင့်ပါးစေရန် ၀ါတွင်းသုံးလ မင်္ဂလာမဆောင်ကြတာပါတဲ့။

သတိ။ မင်္ဂလာမဆောင်ရ။ ဗိဿနိုးနတ်မင်းကြီးအိပ်နေသည်။       ။
(တစ်)
လေယာဉ်ဖြင့်ခရီးသွားတိုင်း လေယာဉ်ပေါ်ကနေ ဖတ်စရာမှတ်စရာ တစ်ခုခုရတတ်ပါသည်။ နံနက်စောစော ထထပြီးပျံတတ်ကြသည့် လေယာဉ်ပေါ်၌ လေယာဉ်မယ်ကလေးများက သတင်းစာပူပူနွေးနွေးကို ဗန်းကလေးများပေါ်တွင်တင်လျက် ခရီးသည်များကို လိုက်လံပေးဝေတတ်ပါသည်။ အချို့အချို့သော လေယာဉ်တွေများကျတော့ ဂျာနယ်များကိုပင်လျှင် လေယာဉ်ပေါ်၌ တင်ပေးထားတတ်ပါသည်။ ကိုယ့်ရှေ့တည့်တည့်ရှိ ထိုင်ခုံနောက်မှီ၏ အိတ်ထဲတွင်ကား မဂ္ဂဇင်းတစ်စောင်တလေ အမြဲတမ်းရှိနေတတ်ပါသည်။ inflight magazine ဆိုတော့ လေယာဉ်ပျံထဲတွင်ဖတ်သည့် မဂ္ဂဇင်းဟုပဲဆိုကြပါစို့။

ကျွန်တော်တို့နိုင်ငံထဲ၌ ပြည်တွင်းလေကြောင်းလိုင်းတော်တော်များများရှိရာ သူ့လေကြောင်းလိုင်းနှင့်သူ၊ သူ့မဂ္ဂဇင်းနှင့်သူကြိုးစား၍ ထုတ်ဝေကြသူများချည်းပင် ဖြစ်ပါသည်။ မည်သည့်လေယာဉ်ကိုပဲစီးစီး inflight magazine ကိုတော့ တောင်လှန်၊ မြောက်လှန်ဖြင့် ကျွန်တော် ဖတ်လေ့ရှိမြဲဖြစ်ပါသည်။

တစ်နေ့ ပုဂံ-မန္တလေး-ဟဲဟိုးခရီးစဉ်ဖြင့် လိုက်ပါသွားနေခဲ့စဉ် ထုံးစံအတိုင်း inflight magzinge တစ်အုပ်ကိုဆွဲပြီး ဖတ်ရှုလိုက်ရာ မြန်မာမင်္ဂလာဆောင်များနှင့်ပတ်သက်၍ အချက်အလက်လွဲချော်နေမှုကလေးတစ်ခု တွေ့လိုက်သဖြင့် သည်စာစုကို ရေးမိလိုက်ခြင်းဖြစ်ပါသည်။

ရှမ်းပြည်နယ်ဒေသအချို့ ရေကြီး၊ မြေပြိုမှုများဖြစ်ပွား

Photo: ရှမ်းပြည်နယ်ဒေသအချို့ ရေကြီး၊ မြေပြိုမှုများဖြစ်ပွား
------------------
ရန်ကုန်-  သြဂုတ် ၂၆ ရက်မှစ၍ ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းကာ ဒေသအချို့ ရေဖုံးလွှမ်းမှုနှင့်အတူ မြေပြိုမှု အန္တရာယ်များလည်း ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ မိုင်းလားမြို့များတွင် ရေဘေးနှင့် မြေပြိုမှုအန္တရာယ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့ကားလမ်းမှာ သြဂုတ် ၂၈ ရက်တွင် အရှည် ပေ ၂၀၀ ခန့်အထိ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်မှ  တာဝန်ရှိသူတစ်ဦးကပြောသည်။ 

မိုင်းလား ကားလမ်းမြေပြိုမှုတွင် အိမ်စီးကားတစ်စီးပါ မြေဖုံးအုပ်သွားပြီး ကားပေါ်ပါခရီးသည်သုံးဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ကျိုင်းတုံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

“မြို့နယ်အချို့မှာ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ရေးဘေးကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့တယ်။ လူအသေအပျောက်တော့ မရှိပါဘူး”ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျိုင်းတုံ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့များတွင် တောင်ကျရေစီးဆင်းမှုကြောင့် ဒေသတွင်းဖြတ်သန်းစီးဆင်းနေသော ချောင်းများ ရေလျှံပြီး ရပ်ကွက်အချို့ရေနစ်မြုပ်ကာ သီးနှံစိုက်ခင်းများလည်း ပျက်စီးမှု ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

“တောင်ကျရေစီးပြီး စိုက်ခင်းတွေထဲကို သဲတွေဖုံးသွားလို့ သီးနှံစိုက်ခင်း ဧကတစ်ရာနီးပါး ပျက်စီးခဲ့ရတယ်။ ကတ်ဝုန်းရွာမှာတော့ သစ်ပင်ပိလို့ လူတစ်ယောက်ကို ဆေးရုံတင်ပို့ပေးခဲ့ပါတယ်”ဟု ကျိုင်းတုံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း တိမ်တိုက်ကြီးတစ်ခုသည် သြဂုတ် ၂၅ ရက် သန်းခေါင်ယံမှစ၍ မြန်မာနိုင်ငံ အရှေ့နှင့် အရှေ့မြောက်ဘက်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ ရွေ့လျားလာသောကြောင့် အဆိုပါဒေသများတွင် လျှပ်တစ်ပြက်ရေကြီးမှုနှင့် မြေပြိုမှုအန္တရာယ်များ သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားခဲ့သည်။ 

ထို့အပြင် မိုးဇလက ရှမ်းပြည်နယ်အပါအ၀င် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။ 

လာမည့်ရက်များတွင် မိုးလျော့နည်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဓာတ်ပုံ- SHAN NEWS
ဓာတ်ပုံ- SHAN NEWS
ရန်ကုန်- သြဂုတ် ၂၆ ရက်မှစ၍ ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းကာ ဒေသအချို့ ရေဖုံးလွှမ်းမှုနှင့်အတူ မြေပြိုမှု အန္တရာယ်များလည်း ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ မိုင်းလားမြို့များတွင် ရေဘေးနှင့် မြေပြိုမှုအန္တရာယ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့ကားလမ်းမှာ သြဂုတ် ၂၈ ရက်တွင် အရှည် ပေ ၂၀၀ ခန့်အထိ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မိုင်းလား ကားလမ်းမြေပြိုမှုတွင် အိမ်စီးကားတစ်စီးပါ မြေဖုံးအုပ်သွားပြီး ကားပေါ်ပါခရီးသည်သုံးဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ကျိုင်းတုံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis