၁။ ဆံပင်ကျွတ်ရသော အကြောင်းရင်း
အမျိုးသား အများစု ဆံပင် ဆုံးရှုံးတတ်ကြတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ
မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာ ဖြစ်တတ်ပါတယ်။ ဆေးကုသမှု ခံယူနေ ရတဲ့
သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက် သူတွေမှာ ဆံပင်
ကျွတ်တတ်ကြပါတယ်။ နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေ ကလည်း ဆံသား ဆုံးရှုံးစေတဲ့
အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀
ကျော်လာရင် ၈၅ ရာခိုင်နှုန်းလောက်ကတော့ ဆံပင် ကျွတ်လာတတ်ပါတယ်။ တချို့ဆိုရင်
အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရ တတ်ပါတယ်။
၂။ ဆံသားကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း
ခေါင်းမကြာခဏ ဖြီးတာ၊ ဆံပင်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပင်ကို
စည်းနှောင်တာနဲ့ ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းလဲတာတွေကြောင့် ဆံပင်
ဆုံးရှုံး မှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့်
ဆံသား ပျက်စီးစေတတ်ပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း
လေ့လာမှု
အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပင်ကျွတ်တာဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ
တွေ့ရှိခဲ့ပါတယ်။ သင်က ဆေးလိပ်သောက် တတ်သူ ဖြစ်နေပြီး ဆံပင်လည်း
ကျွတ်တယ်ဆိုရင် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာကြောင့်
အရေးကြောင်းဖြစ်တာနဲ့ အရွယ် မတိုင်ခင် အိုမင်းမှုကို ဖြစ်စေပါတယ်။
(တစ်)
မြန်မာမှုနယ်ပယ်၌ မင်္ဂလာတရားနှင့် ပတ်သက်၍ နှစ်မျိုးနှစ်စား ကွဲပြားခြားနားရာ တစ်မျိုးက လောကုတ္တရာမင်္ဂလာဖြစ်ပြီး တစ်မျိုးက လောကီရေးရာမင်္ဂလာ ဖြစ်ပါသည်။ အမျိုးအမည်အားဖြင့် မထင်ရှားသူ နတ်သားတစ်ပါးက လျှောက်ထားမေးမြန်းလာသဖြင့် မင်္ဂလာတရားဆိုတာဘာဟု ဂေါတမဘုရားရှင်က မိန့်ကြားသော မင်္ဂလာရှိသည့် အခြားအရာတို့မှာ စုစုပေါင်း ၃၈ ခုရှိရာ ယင်းတို့သည် ၃၈ ဖြာမင်္ဂလာအဖြစ် ထင်ရှားပါသည်။ နောက်တစ်မျိုးကမူ နိစ္စဓူဝ-လူမှုလောကထဲ၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် မင်္ဂလာများဖြစ်ပြီး လောကီရေးရာမင်္ဂလာ ၁၂ ပါးအဖြစ် ထင်ရှားပါသည်။ ဤတွင် လောကီရေးရာမင်္ဂလာ ၁၂ ပါးထဲ၌ အာဝါဟ၀ိဝါဟဟူ၍လည်း မင်္ဂလာတစ်ပါးက တစ်မင်္ဂလာကိုပင်လျှင် ပါဝင်၍ နေပါလေသည်။
သတို့သားအတွက် သတို့သမီးကို ဆောင်ယူကာ သတို့သားအိမ်၌ ဆောင်နှင်းသော မင်္ဂလာကို အာဝါဟမင်္ဂလာတဲ့။ သတို့သမီးအတွက် သတို့သားကို ဆောင်ယူကာ သတို့သမီးအိမ်၌ ဆောင်နှင့်သော မင်္ဂလာကို ၀ိဝါဟမင်္ဂလာတဲ့။ လူ့အမျိုးအနွယ်ကြီး အဆက်မပြတ် အဓွန့်ရှည် စီးဆင်းနေသမျှ ကာလပတ်လုံး လုလင်နှင့် လုံမတို့၏ အာဝါဟ၀ိဝါဟ မင်္ဂလာပွဲတို့က ဆင်နွှဲမြဲဆင်နွှဲနေကြမည်သာ ဖြစ်ပါသည်။

လီဒိုလမ်းမကြီးတစ်လျှောက်လုံးမှာ နေရပ်ကိုပြန်သည်လား၊ နေရပ်ကို
စွန့်ခွာသည်လား မသိနိုင်သည့် ယာဉ်ကြီးယာဉ်ငယ်တွေကိုပဲ တွေ့လာရသည်။
ဝန်းကျင်တစ်ခုလုံးက ညို့မှောင်နေသလို မိုးစက်တွေကြားက
တောင်တန်းတွေဆိုတာကလည်း သဲသဲကွဲကွဲ မရှိလှ။ လီဒိုလမ်းမကြီးက
နေမိုးကောင်းလမ်းဘက်ကို ခွဲထွက်လိုက်တော့ ဖားကန့်ဘက်ကို တက်မယ့်
ဗင်ကားတစ်စီးစ၊ နှစ်စီးစလောက်သာ ခရီးသွားဖော် အဖြစ်ရှိတော့သည်ကို
သတိထားမိ၏။ သေချာတာကတော့ ဖားကန့်ကို စွန့်ခွာလာကြပြီ။ ဗင်၊ ဆပ်ဖ်၊
ပါဂျဲရိုကားတွေ၊ ဆယ်ဘီးကားတွေနဲ့ မိသားစုလိုက်
အိမ်ပြောင်းရွှေ့ပုံသဏ္ဌာန်များဖြင့် ဖားကန့်ဒေသကို
စွန့်ခွာလာကြသည့်ကားတွေကို လမ်းတစ်လျောက်လုံးတိမ်း ရှောင်မောင်းနှင်လာရင်း
ယခုခရီးစဉ် သွားရောက်ဖို့ ပြင်ဆင်စဉ်ကြုံရသည့် အခက်အခဲကို တွေးမိသေးသည်။