menu

Monday 19 August 2013

ရာဇ၀င်ထဲက ငယ်နိုင် (သူရိန်လှိုင်ဝင်း)

7.25.22
ဘန်ကောက်မြို့ပြင်ရှိ Bang Na အမြန်လမ်းမကြီးကို ဇူလိုင်တတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ)ကျော်ဇင်ဝင်း
ဘုရင့်နောင်မင်းတရား ယိုးဒယားကို ဘယ်လိုသိမ်းပိုက်ခဲ့လဲ ဆိုတာကို တွေးမနေပါ နဲ့တော့။ ဆင်ဖြူရှင်မင်းတရား အယုဒ္ဓယကို ဘယ်လိုအနိုင်ယူခဲ့လဲ ဆိုတာကိုလည်း ပြန်စဉ်းစား မနေပါနဲ့တော့။ အရင်တုန်းက ယိုးဒယားကို ငါတို့ ဘယ်လိုနိုင်ခဲ့တာ၊ ယိုးဒယားဆိုတာ ငကြောက်တွေပါ၊ ငါတို့ငယ်နိုင်တွေပါလို့ အာပေါင်အာရင်းသန်သန် ပြောရင်း သမိုင်းထဲမှာ တ၀ဲလည်လည် ဖြစ်နေတဲ့ အချိန်တွေကို ချန်ထားခဲ့ လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ စစ်ဘုရင်တွေ ခေတ်လွန်သွားပြီ။ အခုယိုးဒယားဟာ အရင်ယိုးဒယား မဟုတ်တော့ဘူး။ အခုယိုးဒယားဟာ အရင်တုန်းက မြန်မာတွေ နိုင်ချင်တိုင်းနိုင်ခဲ့တဲ့ ယိုးဒယား မဟုတ်တော့ဘူး။ အမှန်အတိုင်း မရှက်မရွံ့ ပြောရရင် အခုယိုးဒယားဟာ မြန်မာထက် အဘက်ဘက်မှာ အဆပေါင်းများစွာ သာနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ အခုယိုးဒယားဟာ ကျွန်တော်တို့ထက် ဆယ်နှစ်လောက် ရှေ့ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော် ၁၉၆၀ ၀န်းကျင်လောက်မှာ အာရှနိုင်ငံတွေထဲမှာ အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်။

ခြောက်ပေကျော် အရှည်ရှိမိကျောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်း

Photo: ခြောက်ပေကျော် အရှည်ရှိမိကျောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၁၈

ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ခြောက်ပေ ခြောက်လက်မ အရှည်ရှိ မိကျောင်းတစ်ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သြဂုတ်လ ပထမပတ်က လာရောက် လှူဒါန်းထားကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က The Voice သို့ ပြောကြားသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ မရမ်းချောင်းနှင့် ကုတင်ချောင်းအစပ်တွင် အလျားတစ်ပေခန့်ရှိ အဆိုပါမိကျောင်းကို ၂၀၀၃ ခုနှစ်က ငါးဖမ်းပိုက်တွင်းမှ ဖမ်းဆီးရမိခဲ့သည် ရေလုပ်ငန်း လုပ်ကိုင်သော ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ဝယ်ယူမွေးထားခဲ့ပြီး အသက် ၁၂ နှစ် အရှည်ခြောက်ပေ ခြောက်လက်မ အရွယ်တွင် သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“သားရဲတိရစ္ဆာန်မှန်ရင် ဘာမှအိမ်မှာ (ပုဂ္ဂလိကအနေနဲ့) မွေးခွင့်မရှိဘူး” ဟု မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဆင် ရှိသူများရှိပြီး မှတ်ပုံတင်ထားသောဆင် သေပါက ပိုင်ရှင်က ပြန်ရောင်းချခွင့် ရှိသော်လည်း နိုင်ငံခြားကို ရောင်းချပါက တရားမဝင်ကြောင်း၊ လုပ်ငန်းပါမစ်ရှိသော ကုမ္ပဏီတစ်ခုမှ ကုမ္ပဏီပိုင် အိမ်မွေးငှက်၊ ငါးတို့မှ ပေါက်ဖွားသော တိရစ္ဆာန်များကို မွေးမြူခွင့် ရှိသော်လည်း မျိုးဆက်သုံးကြိမ်မြောက် တိရစ္ဆာန်ကိုသာ ပြန်လည် ရောင်းချခွင့် ရှိကြောင်း ၎င်းကပြောကြားသည်။

“ကန့်သတ်ထားတဲ့ တိရစ္ဆာန်ကို နိုင်ငံခြားကို ခိုးထုတ်တာ မှောင်ခိုလုပ်တာ ဆိုရင်တော့ ဥပဒေနဲ့ ငြိစွန်းတယ်” ဟု ၎င်းကဆိုသည်။

ယင်းမိကျောင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ငါးမြစ်ချင်း နှစ်ပိဿာ ကျွေးကြောင်း၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မိကျောင်း ၁၃ ကောင် ရှိကြောင်း မိကျောင်းများကို ထိန်းသိမ်း စောင့်ရှောက်သူ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များ၏ ကျွေးမွေးစရိတ်သည် တစ်ရက်လျှင် ကျပ်လေးသိန်းခွဲနှင့် ငါးသိန်းကြား ရှိသည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောဆိုသည်။

ရလေး

ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ခြောက်ပေ ခြောက်လက်မ အရှည်ရှိ မိကျောင်းတစ်ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သြဂုတ်လ ပထမပတ်က လာရောက် လှူဒါန်းထားကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က The Voice သို့ ပြောကြားသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ မရမ်းချောင်းနှင့် ကုတင်ချောင်းအစပ်တွင် အလျားတစ်ပေခန့်ရှိ အဆိုပါမိကျောင်းကို ၂၀၀၃ ခုနှစ်က ငါးဖမ်းပိုက်တွင်းမှ ဖမ်းဆီးရမိခဲ့သည် ရေလုပ်ငန်း လုပ်ကိုင်သော ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီက ဝယ်ယူမွေးထားခဲ့ပြီး အသက် ၁၂ နှစ် အရှည်ခြောက်ပေ ခြောက်လက်မ အရွယ်တွင် သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“သားရဲတိရစ္ဆာန်မှန်ရင် ဘာမှအိမ်မှာ (ပုဂ္ဂလိကအနေနဲ့) မွေးခွင့်မရှိဘူး” ဟု မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။

စက်တင်ဘာလအတွင်း နာရီဖုန်းများ ထုတ်ရန် ရှိသည်ဟု Samsung ဆို

Photo: စက်တင်ဘာလအတွင်း နာရီဖုန်းများ ထုတ်ရန် ရှိသည်ဟု Samsung ဆို

ဆိုးလ်၊ သြဂုတ် ၁၈

Galaxy Gear ဟု အမည်ပေးထားသည့် ဖုန်းပါ ပြောနိုင်သော လက်ပတ်နာရီ ဖုန်းများကို လာမည့် စက်တင်ဘာလအတွင်း ထုတ်နိုင်ရန် ပြင်ဆင်ထားပြီး ယင်းဖုန်းများဖြင့် အင်တာနက်၊ အီးမေးလ်များကိုပါ သုံးစွဲနိုင်မည် ဖြစ်ကြောင်း Samsung အီလက်ထရွန်နစ် ကုမ္ပဏီက သတင်း ထုတ်ပြန် ထားသည်။

Galaxy Gear လက်ပတ်နာရီတွင် Google ထုတ် Android OS ကို ထည့်သွင်းပေးထားပြီး Apple ထုတ် နာရီဖုန်းကိုပါ ဈေးကွက်တွင် ယှဉ်ရန် ပြင်ဆင်ထားသည်ဟု Samsung က ဆိုသည်။

ယင်းနာရီကို လာမည့် စက်တင်ဘာ ၄ ရက်နေ့တွင် ဈေးကွက် တင်မည် ဖြစ်ပြီး ဘာလင်တွင် ကျင်းပမည့် IFA အီလက်ထရွန်နစ် ပြပွဲ မတိုင်မီ နှစ်ရက် အလိုတွင် ရောင်းချရန် ပြင်ဆင်ထား ခြင်းလည်း ဖြစ်သည်။

Samsung အနေဖြင့် ယခုထုတ်မည်ဟု ကြေညာလိုက်သော နာရီဖုန်းကြောင့် ဈေးကွက်တွင် Apple အပြင် Sony ကုမ္ပဏီနှင့်ပါ ထိပ်တိုက် ရင်ဆိုင်လာရဖွယ် ရှိသည်။ 

ယခုနှစ်အတွင်း ကမ္ဘာ့နာရီ ထုတ်လုပ်သူများ၏ နာရီ ရောင်းချရသည့် စုစုပေါင်း တန်ဖိုးမှာ ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိပြီး ဝတ်ဆင်နိုင်သည့် ဖုန်း ဈေးကွက်သည် လက်ရှိ စမတ်ဖုန်း ဈေးကွက်ကို ကျော်တက် နိုင်ရန်မှာ မသေချာကြောင်း တစ်စိတ်တစ်ပိုင်း အနေနှင့်သာ အောင်မြင်နိုင်ကြောင်း ဆိုးလ်ရှိ Nomura Holding ကုမ္ပဏီမှ သုတေသီ ချွန်ချန်ဝေါင်းက ဆိုသည်။

လေ့လာ သုံးသပ်သူများက ထိုနေ့တွင် Samsung ထုတ် Galaxy Note 3 ဆိုသည့် တက်ဘလက်နှင့် စမတ်ဖုန်း နှစ်မျိုးသုံးကိုလည်း တစ်ပြိုင်တည်း ထုတ်မည် ထင်ကြောင်း bloomberg.com တွင်လည်း ရေးသားထားသည်။
ဆိုးလ်၊ သြဂုတ် ၁၈

Galaxy Gear ဟု အမည်ပေးထားသည့် ဖုန်းပါ ပြောနိုင်သော လက်ပတ်နာရီ ဖုန်းများကို လာမည့် စက်တင်ဘာလအတွင်း ထုတ်နိုင်ရန် ပြင်ဆင်ထားပြီး ယင်းဖုန်းများဖြင့် အင်တာနက်၊ အီးမေးလ်များကိုပါ သုံးစွဲနိုင်မည် ဖြစ်ကြောင်း Samsung အီလက်ထရွန်နစ် ကုမ္ပဏီက သတင်း ထုတ်ပြန် ထားသည်။

Galaxy Gear လက်ပတ်နာရီတွင် Google ထုတ် Android OS ကို ထည့်သွင်းပေးထားပြီး Apple ထုတ် နာရီဖုန်းကိုပါ ဈေးကွက်တွင် ယှဉ်ရန် ပြင်ဆင်ထားသည်ဟု Samsung က ဆိုသည်။

ယင်းနာရီကို လာမည့် စက်တင်ဘာ ၄ ရက်နေ့တွင် ဈေးကွက် တင်မည် ဖြစ်ပြီး ဘာလင်တွင် ကျင်းပမည့် IFA အီလက်ထရွန်နစ် ပြပွဲ မတိုင်မီ နှစ်ရက် အလိုတွင် ရောင်းချရန် ပြင်ဆင်ထား ခြင်းလည်း ဖြစ်သည်။

Samsung အနေဖြင့် ယခုထုတ်မည်ဟု ကြေညာလိုက်သော နာရီဖုန်းကြောင့် ဈေးကွက်တွင် Apple အပြင် Sony ကုမ္ပဏီနှင့်ပါ ထိပ်တိုက် ရင်ဆိုင်လာရဖွယ် ရှိသည်။

သမ္မတဦးသိန်းစိန် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများ ကြည့်ရှုသည်ဟု တရုတ်မဂ္ဂဇင်း ဖေါ်ပြ

သမ္မတဦးသိန်းစိန်သည် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုကြောင်း မြန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ဝေသည့် “ယနေ့တရုတ်ပြည်” မဂ္ဂဇင်းက ဖော်ပြလိုက်သည်။

ယနေ့တရုတ်ပြည်မဂ္ဂဇင်းသည် သမ္မတဦးသိန်းစိန်နှင့် သီးသန့်အင်တာဗျူးပြုလုပ်ထားသည်ကို ဇူလိုင်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြလိုက်ခဲ့ရာ သမ္မတ၏ ထိုသို့ပြောကြားမှု ပါဝင်လာခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်စဉ် ယနေ့တရုတ်ပြည်မဂ္ဂဇင်းမှ သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းဖြစ်ကြောင်းလည်း မဂ္ဂဇင်းတွင်ဖော်ပြထားသည်။

သမ္မတက သူငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုသလို မြန်မာပြည်သူများသည်လည်း တရုတ်ဇာတ်ကားများနှင့် မစိမ်းကြောင်း၊ ထိုကြောင့် တရုတ်ဇာတ်လမ်းများ မြန်မာနိုင်ငံတွင် ပြသရန် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း သတင်းထောက်ကို ပြောကြားခဲ့သေးသည်။

Facebook တည်ထောင်သူ ဇူကာဘတ် Facebook အကောင့် လည်း အဟက်ခံရ

ဘာမှ အားမငယ်ကြနဲ့ စိတ်မပျက်ကြနဲ့ ဖေစ့်ဘွက်ပိုင်ရှင် ဇူကာဘတ်တောင် အဟက်ခံလိုက်ရပါပြီ ..............  :P :P :P

ဇူကာဘတ် Facebook အကောင့် လည်း အဟက်ခံရ
( TechSpace Journal )

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့  Facebook တောင်အဟက် ခံရတဲ့အနေအထားပါ။ အကောင့်ကို ယူသွားတဲ့ အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ သို့ပေမယ့် ဇူကာဘတ်ပိတ်ထားတဲ့ Privacy Policy ကိုဖြတ်ပြီး သူ့ Wall မှာ Post သွားတင်တဲ့အဆင့်အထိ ဖြစ်သွားပါတယ်။

ဟက်ကာ ကတော့ ပါလက်စတိုင်း နိုင်ငံမှ Khalil Shreateh အမည်ရ Web Developer တစ်ဦး ဖြစ်ပါတယ်။ Facebook က Personal Account တိုင်းဆီမှာ ကိုယ်တိုင်သတ်မှတ်လို့ရမယ့် Account Setting, Privacy Policy UI တို့ပေးထားပေမယ့် ယင်း အတားအဆီးအားလုံးကို ဖြတ်လို့ Khalil အမည်ရ ပုဂ္ဂိုလ်က ကမ္ဘာပေါ်မှာ ရှိရှိသမျှ အကောင့်အားလုံးရဲ့  Wall သို့ ဝင်ကြည့်နိုင်တဲ့အဆင့်အထိကို ရောက်သွားပါတယ်။ ဒါနဲ့ လက်တည့် စမ်းချင်တာကြောင့် Facebook Zukerberg ရဲ့  Facebook Timeline ထဲကိုဝင်ပြီး Link တစ်ခုနဲ့အတူ စာရှည် ရေး တင်လိုက်ပါတယ်။

ယင်းလုပ်ရပ်ကြောင့် Facebook လုံခြုံရေး အင်ဂျင်နီယာနဲ့ ဇူကာဘတ်တို့ အံ့သြတုန်လှုပ်ရအေင် ဖြစ်ခဲ့ရပြီး Khalil ရဲ့  Account ကို ယာယီ suspend လုပ်လိုက်ပါတယ်။ အမှန်တော့ Facebook ရဲ့  Bug တွေကို ရှာပေး နိုင်သူက Facebook ရဲ့  တရားဝင် ဆုငွေချီးမြင့်ခြင်းကို ခံရမှာပါ။ သို့ပေမယ့် Khalil ဟာ Facebook ပေါ်က နာမည်ကြီး ပုဂ္ဂိုလ်များရဲ့  Wall သုံးလေးခု အထိဝင်ပြီး Privacy ချိုးဖောက် Post တင်မှုကြောင့် ဘာခံစားခွင့်မှ ရရှိတော့မှာ မဟုတ်ပါဘူး။ ဇူကာဘတ်ရဲ့  ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးရဲ့  Wall ပေါ်တောင် Post တင်ခဲ့ ပါသေးတယ်။

သူ့အနေနဲ့ ဇူကာဘတ်ရဲ့  ဝေါကို ဝင်ရခြင်းအတွက် ဗွေမယူစေလိုကြောင်း အားနာချက်များ ယခုကဲ့သို့ ရှိပါကြောင်း တရားဝင် ဝင်ရောက်ရေးသားခဲ့တဲ့အတွက် စောင့်ကြည့်သူများ အံ့သြသွားစေပါတယ်။ နောက်ဆုံးရင် Facebook account ပိုင်ရှင်များအနေနဲ့ Account အချက်အလက်လုံခြုံရေး အလွယ်တကူ ဖောက်ထွင်းခံရနိုင်ပြီး အကောင့်ပါ ပျောက်ဆုံးနိုင်မယ့် အနေအထားတစ်ခုကို မီးမောင်းထိုးပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Facebook Engineer Team ရဲ့  ပြောကြားချက်အရ Khalil ထောက်ပြသော Bug ကို ပြန်လည် ပြင်ဆင် လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/08/facebook_19.html

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့  Facebook တောင်အဟက် ခံရတဲ့အနေအထားပါ။ အကောင့်ကို ယူသွားတဲ့ အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ သို့ပေမယ့် ဇူကာဘတ်ပိတ်ထားတဲ့ Privacy Policy ကိုဖြတ်ပြီး သူ့ Wall မှာ Post သွားတင်တဲ့အဆင့်အထိ ဖြစ်သွားပါတယ်။

ဟက်ကာ ကတော့ ပါလက်စတိုင်း နိုင်ငံမှ Khalil Shreateh အမည်ရ Web Developer တစ်ဦး ဖြစ်ပါတယ်။ Facebook က Personal Account တိုင်းဆီမှာ ကိုယ်တိုင်သတ်မှတ်လို့ရမယ့် Account Setting, Privacy Policy UI တို့ပေးထားပေမယ့် ယင်း အတားအဆီးအားလုံးကို ဖြတ်လို့ Khalil အမည်ရ ပုဂ္ဂိုလ်က ကမ္ဘာပေါ်မှာ ရှိရှိသမျှ အကောင့်အားလုံးရဲ့  Wall သို့ ဝင်ကြည့်နိုင်တဲ့အဆင့်အထိကို ရောက်သွားပါတယ်။ ဒါနဲ့ လက်တည့် စမ်းချင်တာကြောင့် Facebook Zukerberg ရဲ့  Facebook Timeline ထဲကိုဝင်ပြီး Link တစ်ခုနဲ့အတူ စာရှည် ရေး တင်လိုက်ပါတယ်။

ဝေလမင်းသမီး ဒိုင်ယာနာ သေဆုံးမှုတွင် ဗြိတိန်စစ်တပ် ပူးပေါင်း ကြံစည်ခဲ့ဟု သတင်းထွက်

လန်ဒန်၊ သြဂုတ် ၁၈

လွန်ခဲ့သည့် ၁၆ နှစ်၊ ၁၉၉၇ ခုနှစ်က ဗြိတိန်နိုင်ငံ ဝေလမင်းသမီး ဒိုင်ယာနာ သေဆုံးခဲ့ရမှုတွင် ဗြိတိန် စစ်တပ်က ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော ထုတ်ဖော် ပြောဆိုမှုတစ်ရပ် ထွက်ပေါ်လာကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနများက ရေးသား ဖော်ပြသည်။

အဆိုပါ သတင်း ထုတ်ဖော်မှုအရ ဗြိတိန် အိမ်ရှေ့စံမင်းသား ချားလ်စ်၏ ကြင်ရာတော်ဖြစ်သူ ဝေလ မင်းသမီး ဒိုင်ယာနာသည် ပြင်သစ်နိုင်ငံ၌ ခရီးသွားနေစဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ ဗြိတိန်စစ်တပ်မှ တပ်ဖွဲ့ဝင် တစ်ဦး၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ် သည်ဟု ဆိုသည်။

CNN သတင်းဌာန အဆိုအရ အဆိုပါ သတင်းပေးပို့ချက်ကို ဗြိတိန် အထူး တပ်ဖွဲ့ဝင် တစ်ဦး၏ ယောက္ခမ ဖြစ်သူများက စစ်တပ် အာဏာပိုင်များထံသို့ လည်းကောင်း၊ ထိုမှတစ်ဖန် လန်ဒန် ရဲတပ်ဖွဲ့ထံသို့ လည်းကောင်း ပေးပို့ ခဲ့ကြောင်း၊ ထိုသို့ ပေးပို့ခဲ့သည့် သတင်းကို Sunday People သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် သတင်း ဆောင်းပါးအဖြစ် ဖော်ပြခဲ့သော်လည်း ယင်း အထူးတပ်ဖွဲ့ဝင်၏ အမည်ကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

မန်းတွင် ကျပ်သိန်း ၁၅၀ကျော်တန် ကျောက်မျက်ပစ္စည်းခိုးယူခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းမိ

မန္တလေး- သြဂုတ် ၁၉
ကျောက်မျက်ရတနာပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှ
ကျပ်သိန်း ၁၅၀ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို ယခင်လအတွင်းက
ခိုးယူခဲ့သူ တရုတ်နိုင်ငံသားနှစ်ဦးအနက်မှ တစ်ဦးအား သြဂုတ် ၁၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ ကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၆ရက်နေ့တွင် မန္တလေး၇၃လမ်းပေါ်ရှိ အောင်သပြေကျောက်မျက်ရတနာအရောင်း ဆိုင်သို့
တရုတ်လူမျိုးနှစ်ဦးရောက်ရှိလာပြီး ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းဝယ်ယူကြည့်ရှု့လိုကြောင်း ပြော သဖြင့် ဆိုင်မှ
ပြသရာ ၄င်းတို့မှ ပစ္စည်းများကို ကြည့်ရှု့ပြီး ပြန်လည်ထွက်ခွာသွားရာ ၃မီနစ်ခန့်အကြာ
ဆိုင်ရှင်ဒေါ် သင်းသင်းနိုင်မှ ပြသခဲ့သည့် ပစ္စည်းများအား ပြည်လည်စစ်ဆေးရာ နီလာစိန်ပတ်လက်စွပ်တစ်ကွင်း၊
ကျောက်စိမ်းစွဲသီးတစ်ခုပျောက်ဆုံးနေကြောင်း သိရသဖြင့် အဆိုပါ တရုတ်လူမျိုးနှစ်ဦးအား အရေးယူပေးပါရန် နယ်မြေ ရဲစခန်းအမှတ်(၃)တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

စစ်ခေါင်းဆောင်များ ရောင့်ရဲစိတ်မွေးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ရောင့်ရဲတင်းတိမ်စိတ် အမြဲမွေးမြူထားကြကြရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက် အရာရှိများနှင့် သင်တန်းသား အရာရှိများကို သြဂုတ် ၁၇ ရက်တွင်
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားမှုကို အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် မျက်နှာဖုံးသတင်းအဖြစ် သြဂုတ်လ ၁၈ ရက်တွင် ဖေါ်ပြပါရှိလာခြင်းဖြစ်သည်။

"စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် ရောင့်ရဲ တင်းတိမ်စိတ် အမြဲမွေးမြူထားကြစေလိုကြောင်း ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် မိမိ၏ လုပ်ငန်း တာဝန်အပေါ် စေတနာထားလုပ်ကိုင်သွားကြစေလိုကြောင်း" ဟု သတင်းစာက
ရေးသားဖေါ်ပြသည်။

သို့သော် လက်ရှိ အစိုးရစစ်တပ်၏ ထိပ်တန်းအရာရှိဟောင်းအချို့တည်ထောင်ထားသည့် စီးပွားရေးဦးပိုင်လီမိတက်
သည် အမြတ်များသည့် လုပ်ငန်းအမြောက်အများကို လုပ်ကိုင်နေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိနေပြီး ထိုလုပ်ငန်းများမှ အမြတ်မည်မျှရသည်ကို ပြည်သူများထံ တစ်ကြိမ်မျှ ချမပြခဲ့ခြင်း မရှိသေးပေ။

မြန်မာ မိန်းကလေး တစ်ဦးအား မလေးရှားနိုင်ငံတွင် ၀ိုင်းဝန်း အဓ္ဓမ ပြုကျင့်မှုဖြစ်ပွား

မြန်မာ မိန်းကလေး တစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်း အဓ္ဓမ ပြုကျင့်ခံရ 

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။

ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး  မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။

by Myanmar News Now

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင် လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့် မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့် ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

ကိုယ်ခံပညာပေါင်းစုံ ထိုးသတ်ပွဲ အမေရိကန်နိုင်ငံသားကို အောင်လ အနိုင်ရ

နယူးဂျာစီ၊ သြဂုတ် ၁၈

အမေရိကန် ပြည်ထောင်စုတွင် လူကြိုက်များလာသည့် ရုံတွင်း အားကစားဖြစ်သော ကိုယ်ခံပညာ ပေါင်းစုံ CFFC (Cage Fury Fighting Championships) ပြိုင်ပွဲတွင် ပရိသတ်များ၏ ‘မြန်မာစပါးအုံး’ ဟု တင်စားခြင်း ခံရသော ကချင် တိုင်းရင်းသား အင်ဆန် အောင်လသည် ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂွတ်ဒ်ရစ်ဂ်ျကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင် ရရှိသွားကြောင်း Cffc.Tv တွင် ဖော်ပြထားသည်။

ဒေသ စံတော်ချိန် သြဂုတ် ၁၈ရက်နေ့တွင် အတ္တလန္တာမြို့တော် နယူးဂျာစီရှိ အားကစားရုံ၌ ကျင်းပခဲ့သည့် CFFC ကစားပွဲ ပွဲစဉ် ၂၆ တွင် ဒုတိယအချီ ပွဲချိန် တစ်မိနစ်နှင့် ၄၄ စက္ကန့် အကြာတွင် ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂွတ်ဒ်ရစ်ဂ်ျက အရှုံးပေးလိုက်သဖြင့် အနိုင်ရရှိ သွားခြင်း ဖြစ်ကြောင်း အားကစား ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သော Topology.com တွင် ဖော်ပြထားသည်။

အောင်လက ယခုပွဲစဉ်အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် မွေထိုင်း၊ ဘောက်ဆင်၊ ဘရာဇီး ကိုယ်ခံပညာ ဖြစ်သည့် ဂျင်ဂျစ်ဆု တို့ကို တစ်ပတ်လျင် ၆ ရက် ပြင်းထန်စွာ လေ့ကျင့်ခဲ့ရကြောင်း တစ်ရက်လျင် အားကစား နည်းမျိုးစုံကို ဆက်ရှင်ခွဲကာ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း cffc.tv တွင် ဖော်ပြသည်။

မြန်မာပြည်ရောက်မယ့်ဧည့်သည်တို့ မြည်းစမ်းသင့်တဲ့ စားစရာ ၁ဝ မျိုး

Photo: မြန်မာပြည်ရောက်မယ့်ဧည့်သည်တို့ မြည်းစမ်းသင့်တဲ့ စားစရာ ၁ဝ မျိုး
Sunday, August 18, 2013


ကမ္ဘာကျော် Time မဂဇင်း၏ အွန်လိုင်းစာမျက်နှာရှိ ခရီးသွားကဏ္ဍ ဆောင်းပါး တစ်ပုဒ်တွင် မြန်မာပြည်အလည်သွားသူများ မြည်းစမ်းကြည့်သင့်သော အစားအသောက် ဆယ်မျိုး အကြောင်း ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသအများစုကဲ့သို့ပင် မြန်မာပြည်ရှိဆိုင်များတွင် တစ်ပန်းကန်ခြင်း ပြင်ဆင်ရောင်းချပေးသည်ကို တွေ့ရှိရမည်ဟု သြဂုတ် ၁၄ ရက်နေ့က ပေါ်ထွက်လာသော အဆိုပါ အစားအသောက်အညွှန်းတွင် ရေးထားသည်။

(အနောက်တိုင်းဆိုင်များတွင် အသုပ်၊ ဟင်းရည်၊ အဓိကဟင်းလျာ စားဖွယ်ရာတို့ကို အစီအစဉ်အတိုင်း ပြင်ဆင် တည်ခင်းပေးလေ့ ရှိသောကြောင့် ယင်းသို့ ရေးသားခြင်း ဖြစ်မည်ဟု ယူဆရသည်။)

မြန်မာပြည်သို့ ရောက်ရှိမည့် နိုင်ငံတကာခရီးသွားများ မြည်းစမ်းသင့်သည်ဟု Time က ညွှန်းသည့် အစားအသောက် ဆယ်မျိုးတွင် ရှမ်းပြည်နယ်မှ အစပြု ပျံ့နှံ့လာသည်ဟု ဆိုနိုင်သည့် စားဖွယ်ရာ ၃ မျိုး ပါဝင်နေ၏။
ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲ နှင့် တိုဟူးနွေးတို့ ဖြစ်သည်။

စားဖွယ်ရာ ၁၀ မျိုးကို Time တွင် ဖော်ပြထားသည်များကို အစဉ်အတိုင်း ဆီလျော်စွာ ဘာသာပြန် ဖော်ပြအပ်ပါသည်။ ထိပ်ဆုံးတွင် လက်ဘက်သုပ်ကို ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။

လက်ဘက်သုပ်
မြန်မာနိုင်ငံတွင် အထင်ရှားဆုံး စားဖွယ်ရာမှာ လက်ဘက်သုပ် ဖြစ်ဖွယ် ရှိသည်။ လက်ဘက်နှင့် ပဲမျိုးစုံ သီးခြားစီ တည်ခင်းလေ့ရှိသကဲ့သို့ ရောနယ်ပြီးသုံးဆောင်နိုင်ရန်လည်း တည်ခင်းလေ့ရှိသည့် အချိုပွဲတစ်မျိုးဖြစ်သည်။
ဂေါ်ဖီထုပ် ခေါ် မုန်လာထုပ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုပ်သီးတို့လည်း ပါဝင်လေ့ရှိသည်။ အဆာပြေစားစရာ၊ အချိုပွဲ၊ ထမင်းဝိုင်းအစတွင် သုံးဆောင်သည့် ပဏာမစားဖွယ်ရာအဖြစ် စားသောက်ခြင်းကို တွေ့နိုင်သကဲ့သို့ ထမင်းနှင့် တွဲဘက် စားသည့် ဟင်းလျာတစ်ခွက်လည်း ဖြစ်နိုင်သည်။
အလွန်အကျွံစားသုံးပါက အိပ်ပျော်မည်မဟုတ်ကြောင်း မြန်မာပြည်သားတို့က ပြောဆိုကြသည်။

ငါးထမင်းနယ်
ထမင်းကို ရေချိုငါး၊ ကြက်သွန်ဖြူဆီသတ်တို့နှင့် ရောနယ်ထား၏။ ဆနွင်းမှုန့် ပါ၏။
 ကြက်သွန်မိတ်ဖြူး၊ ဆီရွှဲရွှဲ၊ အနံ့ အတန်အသင့်ပြင်းသည့် ငါးထမင်းနယ်ကို ၀က်ခေါက်ကြော်ဖြင့်လည်း စားကြသည်။

မြန်မာဟင်းလျာ
အဓိကဟင်းလျာတစ်မျိုးဖြစ်သော ဆီပြန်ဟင်းကို ၀က်သား၊ ငါး၊ ပုဇွန် စသဖြင့် နှစ်သက်ရာ ရွေးနိုင်သည်။
ဟင်းရံအများအပြားတွင် အသုပ်၊ အရည်သောက် အနည်းငယ်၊ ဟင်းသီးဟင်းရွက်စုံ၊ ငါးပိရည်၊ ဘာလချောင်ကြော်တို့ ပါဝင်သည်။
မြန်မာထမင်းဆိုင်များတွင် ယင်းတို့ကို စားသောက်ပြီးပါက အချိုတည်းနိုင်မည့် လက်ဘက်သုပ် သို့မဟုတ် ထန်းလျက်ခဲတို့ ရောက်လာပေမည်။

လက်ဘက်ရည်ဆိုင်မှ စားဖွယ်ရာများ
မြန်မာပြည်တွင် လက်ဘက်ရည်ဆိုင် ဆိုသည်မှာ လက်ဘက်ရည်ကိုသာ သီးသန့်ရောင်းသည့်နေရာ မဟုတ်ပေ။
တစ်ဆိုင်နှင့်တစ်ဆိုင်လည်း စားစရာ ရရှိမှု မတူညီပေ။
မြန်မာတို့၏ ဆိုင်များတွင် မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းသုပ်တို့ ရနိုင်သည်။
အိန္ဒိယနွယ်ဖွားတို့၏ဆိုင်များတွင်မူ စမူဆာ၊ အာလူး ပူရီ၊  နံပြားတို့ ရနိုင်သည်။
တရုတ်ဆိုင်များတွင် အချိုမုန့်မျိုးစုံ၊ ပေါက်စီ၊ အသားပေါင်းတို့ ရရှိနိုင်သည်။

မြန်မာမုန့်ပဲသရေစာ
မြန်မာမုန့်ုတို့ကို အချိုပွဲအဖြစ် မစားကြဘဲ အဆာပြေအဖြစ်သာ စားသောက်ကြသည်။
အရှေ့တောင်အာရှဒေသတွင်းမုန့်များနှင့် မတူသည့်အချက်မှာ သကြား အထူးပြုခြင်းမဟုတ်သည့်အချက်ပင်။
နို့၊ အုန်းနို့၊ သာကူ၊ အသီးအနှံတို့ ထည့်ထားသည်ကို တွေ့ရမည်။
မုန့်များတွင် ဆနွမ်းမကင်း၊ ဘိန်းမုန့်၊ မုန့်ပျစ်သလက်တို့ ပါဝင်သည်။

အကြော်စုံ
ဆီထဲနှစ်ကြော်သော မုန့်များကို မြန်မာတို့နှစ်သက်ကြသည်။ ကြော်ထားသည့်မုန့်များကို ရှောင်နိုင်မည်မဟုတ်ပေ။
အကြော်စုံ၊ စမူဆာ၊ ကော်ပြန့်ကြော်တို့ကို  လမ်းဘေးဆိုင် သို့တည်းမဟုတ် လက်ဘက်ရည်ဆိုင်တို့တွင် ရှာဖွေတွေ့နိုင်သည်။
မြည်းစမ်းသင့်သော အကြော်တစ်မျိုးမှာ ဘူးသီးကြော် ဖြစ်၏။  ဘူးသီးစိတ်လေးများကို မုန့်နှစ်ဖြင့် ကြော်ထားခြင်းဖြစ်၏။
ဘူးသီးကြော်ပူပူကို မကျည်းသီးနှစ်ဖြင့် လုပ်ထားသော အချဉ်ရည်ဖြင့် တို့စားကြ၏။ တခါတရံ အချဉ်ရည်ထဲ ပဲမှုန့်ထည့်ထားသည်ကိုလည်း တွေ့နိုင်၏။

တိုဟူးနွေး
ပဲကိုအခြေခံထားသည့် တိုဟူးနွေးသည် ရှမ်းတိုင်းရင်းသားတို့၏ စားဖွယ် တစ်မျိုးဖြစ်သည်။
တိုဟူးနွေးကို ခေါက်ဆွဲ၊ ၀က်သား သို့တည်းမဟုတ် ကြက်သားချက်တို့ဖြင့် စီမံကြသည်။ ငရုပ်ဆီဆမ်းသကဲ့သို့ အရွက်တချို့ ပြုတ်ထည့်ထားသည်ကိုလည်း တွေ့နိုင်သည်။

နန်းကြီးသုပ်
မြန်မာပြည်သားတို့က ခေါက်ဆွဲသုပ်ကို နှစ်သက်စွာ စားသုံးတတ်ကြသည်။
အရသာအရှိဆုံးသော ခေါက်ဆွဲသုပ်မှာ နန်းကြီးသုပ်ဖြစ်ဖွယ်ရှိ၏။

ဆန်ဖြင့်လုပ်သာ အမျှင်ကြီးကြီးထူထူ မုန့်ဖတ်ကို ကြက်သားချက်၊ ငါးဖယ်ကြော်၊ ကြက်ဥပြုတ်တို့ဖြင့် နယ်ထားသောအသုပ်ဖြစ်သည်။

မုန့်ဟင်းခါး
တရားဝင် သတ်မှတ်မထားသော နိုင်ငံတော် အစားအစာမှာ မုန့်ဟင်းခါး ဖြစ်သည်။ မုန့်ဟင်းရည်တွင် ငါး၊ ငှက်ပျော်ဖတ်တို့ ပါဝင်သည်။ နံနက်စာအဖြစ် စားသုံးလေ့ရှိသော်လည်း နေ့ရောညပါ ရောင်းကြသည်ကို တွေ့ရှိနိုင်သည်။
မုန့်ဟင်းခါးထဲသို့ ဘဲဥပြုတ်၊ အကြော် တစ်မျိုးမျိုးကို ထည့်စားတတ်ကြ၏။ ချဉ်စပ်အရသာနှစ်သက်သူတို့က သံပုရာ တစ်စိတ်၊ ငရုပ်သီးမှုန့်အနည်းငယ်ထည့်ပြီးသုံးဆောင်တတ်ကြ၏။

ရှမ်းခေါက်ဆွဲ
 ရှမ်းခေါက်ဆွဲကို ကြက်သွန်ကြော်ဆီသတ်၊ ကြက်သား သို့မဟုတ် ၀က်သား ချက်ဟင်း ထည့်စားကြသည်။
အရည်ဖြင့် စားသကဲ့သို့ အရည်မထည့်ဘဲ အသုပ်လည်း စားကြသည်။

(မိုးမခ http://moemaka.blogspot.com  ကနေ ကူးယူ ဖော်ပြပါတယ်)


မုန့်ဟင်းခါး  - ဓာတ်ပုံ  ညီလင်းသစ် http://nyilinnthit.blogspot.com/

အေးချမ်းမွန် Credit To >ဧရာဝတီ  < Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia

ကမ္ဘာကျော် Time မဂဇင်း၏ အွန်လိုင်းစာမျက်နှာရှိ ခရီးသွားကဏ္ဍ ဆောင်းပါး တစ်ပုဒ်တွင် မြန်မာပြည်အလည်သွားသူများ မြည်းစမ်းကြည့်သင့်သော အစားအသောက် ဆယ်မျိုး အကြောင်း ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသအများစုကဲ့သို့ပင် မြန်မာပြည်ရှိဆိုင်များတွင် တစ်ပန်းကန်ခြင်း ပြင်ဆင်ရောင်းချပေးသည်ကို တွေ့ရှိရမည်ဟု သြဂုတ် ၁၄ ရက်နေ့က ပေါ်ထွက်လာသော အဆိုပါ အစားအသောက်အညွှန်းတွင် ရေးထားသည်။

(အနောက်တိုင်းဆိုင်များတွင် အသုပ်၊ ဟင်းရည်၊ အဓိကဟင်းလျာ စားဖွယ်ရာတို့ကို အစီအစဉ်အတိုင်း ပြင်ဆင် တည်ခင်းပေးလေ့ ရှိသောကြောင့် ယင်းသို့ ရေးသားခြင်း ဖြစ်မည်ဟု ယူဆရသည်။)

မြန်မာပြည်သို့ ရောက်ရှိမည့် နိုင်ငံတကာခရီးသွားများ မြည်းစမ်းသင့်သည်ဟု Time က ညွှန်းသည့် အစားအသောက် ဆယ်မျိုးတွင် ရှမ်းပြည်နယ်မှ အစပြု ပျံ့နှံ့လာသည်ဟု ဆိုနိုင်သည့် စားဖွယ်ရာ ၃ မျိုး ပါဝင်နေ၏။
ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲ နှင့် တိုဟူးနွေးတို့ ဖြစ်သည်။

ညောင်ဦးတွင် ပြင်သစ်အမျိုးသမီးအား ရိုက်နှက်လုယက်သွားသူကို ရဲတပ်ဖွဲ့က နှစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

Photo: ညောင်ဦးတွင် ပြင်သစ်အမျိုးသမီးအား ရိုက်နှက်လုယက်သွားသူကို ရဲတပ်ဖွဲ့က နှစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့
Monday, August 19, 2013

ညောင်ဦးမြို့၊ အမှတ် ၇ နယ် မြေ၀က်ကြီးအင်းရပ်၊ ဆူးလေကုန်း ဘုရားအနီး သြဂုတ် ၃ ရက် ညနေပိုင်းက ပြင်သစ်ခရီးသွားဧည့်သည် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့်ရိုက်နှက်ကာ ပိုက်ဆံအိတ် လုယူပြေးသူကို ရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ်အမျိုးသမီး မစ္စအမ်မလီ ဆိုသူအား တုတ်ဖြင့်ရိုက်ကာ ငွေလုယူ ထွက်ပြေးသွားသူမှာ အသက် ၂၀ အရွယ် ရဲမင်းစိုး (ခ) မျိုးမင်းဦး ဆိုသူဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား (မြောက်ရွာ)တွင် လက်ရှိနေထိုင်သူ တစ်ဦးဖြစ်ပြီး ညောင်ဦးမြို့ တစ်ဖက်ကမ်း ပခုက္ကူကျွန်းရွာ ဇာတိဖြစ်ကြောင်း သိရသည်။

အဆိုပါအမှု ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု/ကူအဖွဲ့၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့၊ ညောင်ဦးခရိုင် အထူးမှုခင်းနှိမ်နှင်းရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲလှည့်ကင်းအဖွဲ့တို့သည် မသင်္ကာသူ လူငယ်အား စတင်တွေ့ရှိ စစ်ဆေးမေးမြန်းရာမှ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသင်္ကာလူငယ်သည် သြဂုတ် ၁၆ ရက်တွင် ပြင်သစ်သူအား တုတ်ဖြင့်ရိုက်ကာ ပိုက်ဆံအိတ် လုယူခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ၎င်းကျူးလွန်ခဲ့ပုံနှင့် ထွက်ပြေးခဲ့ရာ လမ်းကြောင်းတွင် ငွေဖြည့်ကတ်ကဲ့သို့ ကတ်ပြားတစ်ခုအား လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့မှ သက်သေများဖြင့် သွားရောက်ရှာဖွေ သိမ်းဆည်းရာ ကတ်မှာ ပြင်သစ်အမျိုးသမီး Miss Amilie Schaitt အမည်ပါ Cridit Card ဖြစ်နေကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ချက်များအရ ညောင်ဦးဈေးအတွင်း လဲလှယ်ခဲ့သော ဒေါ်လာငွေတချို့ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ယခုဖော်ထုတ် ဖမ်းဆီးရမိထားသူအား ယခင်ဖြစ်ပွားခဲ့သော အမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။



ပြစ်မှုကျူးလွန်သူက ရဲတပ်ဖွဲ့ဝင်များအား ၎င်းရိုက်နှက် လုယူခဲ့သည့် နေရာအား လိုက်လံပြသနေစဉ်

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia
ပြစ်မှုကျူးလွန်သူက ရဲတပ်ဖွဲ့ဝင်များအား ၎င်းရိုက်နှက် လုယူခဲ့သည့် နေရာအား လိုက်လံပြသနေစဉ်
ညောင်ဦးမြို့၊ အမှတ် ၇ နယ် မြေ၀က်ကြီးအင်းရပ်၊ ဆူးလေကုန်း ဘုရားအနီး သြဂုတ် ၃ ရက် ညနေပိုင်းက ပြင်သစ်ခရီးသွားဧည့်သည် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့်ရိုက်နှက်ကာ ပိုက်ဆံအိတ် လုယူပြေးသူကို ရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ်အမျိုးသမီး မစ္စအမ်မလီ ဆိုသူအား တုတ်ဖြင့်ရိုက်ကာ ငွေလုယူ ထွက်ပြေးသွားသူမှာ အသက် ၂၀ အရွယ် ရဲမင်းစိုး (ခ) မျိုးမင်းဦး ဆိုသူဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား (မြောက်ရွာ)တွင် လက်ရှိနေထိုင်သူ တစ်ဦးဖြစ်ပြီး ညောင်ဦးမြို့ တစ်ဖက်ကမ်း ပခုက္ကူကျွန်းရွာ ဇာတိဖြစ်ကြောင်း သိရသည်။

အဆိုပါအမှု ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု/ကူအဖွဲ့၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့၊ ညောင်ဦးခရိုင် အထူးမှုခင်းနှိမ်နှင်းရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲလှည့်ကင်းအဖွဲ့တို့သည် မသင်္ကာသူ လူငယ်အား စတင်တွေ့ရှိ စစ်ဆေးမေးမြန်းရာမှ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီဂျစ်အဓိကရုဏ်း လျော့ပါးဖွယ်မရှိ

Photo: အီဂျစ်အဓိကရုဏ်း လျော့ပါးဖွယ်မရှိ
Monday, August 19, 2013

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူအများစုကို ဗလီကနေ ရှင်းထုတ်ပစ်လိုက်လို့ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အပါအဝင် တဘက်နဲ့တဘက် တင်းတင်းမာမာနဲ့ ရှေ့တိုးနောက်ဆုတ် မရ ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးသွားခဲ့ပါတယ်။ ကိုင်ရိုမြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေကနေ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသတွေ ခြုံလွှမ်းတဲ့နေ့ ဆိုတဲ့ သောကြာနေ့ နောက်ပိုင်းမှာ၊ အာဏာက ဖယ်ရှားခံ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) ကို ထောက်ခံသူတွေ ဝင်ရောက်ခိုလှုံနေတဲ့ al-Fatah ဗလီကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဗလီကို သေနတ်နဲ့ လှမ်းပစ်ခတ်နေတာတွေ၊ ဗလီထဲမှာ လူတွေ အကာအကွယ် ပြေးယူရင်း ဝရုန်းသုန်းကား ဖြစ်နေကြတာတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ရပါတယ်။ ဗလီမျှော်စင်ပေါ်ကနေ အနည်းဆုံး လူတဦးက ပြန်ပြီး ပစ်ခတ်နေတယ်လို့လည်း သတင်းရရှိပါတယ်။ ဒီအတောအတွင်းမှာပဲ ညမထွက်ရအမိန့်ကို အာခံတဲ့အနေနဲ့ ကိုင်ရိုမြို့တော် Alexandria မြို့နဲ့ တခြားမြို့ အများအပြားမှာ သမ္မတ မော်စီကို ထောက်ခံ သူတွေ စနေနေ့ကပဲ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ကြွေးကြော်သံတွေဟစ်အော်၊ အလံတွေလွှင့်ထူပြီး သမ္မတ မော်စီ ရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်လာတာကို လည်း ရုပ်မြင်သံကြားသတင်းမှာ ကြည့်ရပါတယ်။ ရဲတပ်ဖွဲ့ဘက်ကရော အရပ်သားတွေဘက်ကပါ ဘယ်ဘက်ကမှာ လျှော့မယ့်ပုံမရှိဘူးလို့ ကိုင်ရိုမြို့တော်မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။



အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြစဉ်။

အေးချမ်းမွန် Credit To >VOA Burmese < Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia
အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြစဉ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူအများစုကို ဗလီကနေ ရှင်းထုတ်ပစ်လိုက်လို့ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အပါအဝင် တဘက်နဲ့တဘက် တင်းတင်းမာမာနဲ့ ရှေ့တိုးနောက်ဆုတ် မရ ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးသွားခဲ့ပါတယ်။ ကိုင်ရိုမြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေကနေ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသတွေ ခြုံလွှမ်းတဲ့နေ့ ဆိုတဲ့ သောကြာနေ့ နောက်ပိုင်းမှာ၊ အာဏာက ဖယ်ရှားခံ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) ကို ထောက်ခံသူတွေ ဝင်ရောက်ခိုလှုံနေတဲ့ al-Fatah ဗလီကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။

အိမ်သာတစ်လုံး အလိုရှိသည် (မင်းလူ)

Photo: အိမ်သာတစ်လုံး အလိုရှိသည် (မင်းလူ)
Monday, August 19, 2013

"အိမ်သာ" ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ကို တစ်ခါမျှ နက်နက်နဲနဲ မစဉ်းစားမိခဲ့ဖူးချေ။
ဆိုးသွမ်းသောလူကို လူဆိုးဟု ခေါ်ကြသည်။ ရူးနေသောခွေးကို ခွေးရူးဟု ခေါ်ကြသည်။ သို့ဖြစ်လျှင် အိမ်သာဆိုသည်မှာ သာယာသောအိမ်ကလေး။

အိမ်သာတဲ့။ ဘယ်လောက်လှသော နာမည်လေးပါလဲ။ အကယ်၍သာ ထိုစကားလုံးကလေးသည် ယခုလက်ရှိ အသုံးပြုနေသော အနက်အဓိပ္ပါယ်မျိုး မဟုတ်ခဲ့လျှင် ကလောင်နာမည်အဖြစ်တောင်မှည့်ခေါ်ဖို့ ကောင်းသေးတော့သည်။ "မောင်အိမ်သာ"။ ကဗျာဆန်လွန်းလှပေသည်။ ကိုယ်ကိုယ်တိုင်ပင် ထိုကလောင်နာမည်ကို ယူချင်ယူဖြစ်ခဲ့ပါလိမ့်မည်။
ခုတော့ အညစ်အကြေးစွန့်သော နေရာကိုမှ ထိုနာမည်လှလှကလေး ပေးထားခဲ့ကြသည်။ ဘာကြောင့်လဲ။

မြန်မာတို့သည် အလွန်ယဉ်ကျေးဖွယ်ရာသော လူမျိုး၊ စိတ်မချမ်းသာစရာကိုပင် နားခံသာအောင် ပြောတတ်သည့်လူမျိုးဖြစ်သည်။ သေဆုံးခြင်းကို ကွယ်လွန်သည်၊ အနိစ္စရောက်သည်ဟု သုံးနှုန်းကြသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသည်ဟူ၍ ကျန်ရစ်သူတွေစိတ်ဖြေသာအောင် ပြောတတ်ကြသေးသည်။ ယုတ်စွအဆုံး အလွန်စက်ဆုပ်ဖွယ်ကောင်းသော ပုဒ်မ ၃၇၆ ကိုတောင် အဓမ္မပြုကျင့်မှုဟု နားဝင်ချိုအောင် ဆိုတတ်ပေသေးသည်။

အိမ်သာကိစ္စမှာလည်း ထို့အတူပင်ဖြစ်လိမ့်မည်။ အညစ်အကြေးစွန့်ပစ်ရာ ရွံရှာဖွယ်ကောင်းသော နေရာကိုပင် မသတီစရာ မဖြစ်အောင် စကားလုံးလှလှဖြင့် ဖုံးကွယ်တန်ဆာဆင်ပေးလိုက်ခြင်း ဖြစ်နိုင်၏။
နောက်တစ်ချက်က ချစ်ခြင်းမယား ရည်းစားလူလုတာလို ခံရခက်သောဝေဒနာထဲတွင် ဝမ်းထဲက ရစ်ရစ်နာနေပြီး မအောင့်နိုင်၊ မအည်းနိုင်ဖြစ်နေစဉ် စွန့်ပစ်စရာ နေရာရှာလို့ မတွေ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့သော အချိန်အခါမျိုးမှာ အိမ်သာတစ်လုံးကို တွေ့လိုက်ရလျှင် စိတ်ထဲမှာ ဘယ်လောက်ကြည်နူးသွားသည်ကို လူတိုင်းကြုံဖူးကြပါလိမ့်မည်။ ထို့ကြောင့်လည်း အိမ်သာမည်ပေသည်။ အိမ်သာဆိုသော ဝေါဟာရကို စတင်တီထွင်ခဲ့သူကို ချီးကျူးထိုက်ပါ၏။

☼ ☼ ☼

ကျွန်တော်သည် ငယ်ငယ်ကတည်းက အိမ်သာကို စိတ်ဝင်စားခဲ့သည်။ ကလေးဘဝနောက်ဖေးကို အိုးကလေးနှင့် ထိုင်ခဲ့ရစဉ်က လူကြီးတွေလို အိမ်သာထဲ ဝင်ချင်လိုက်သည်မှာ ကျွန်တော်၏ အကြီးဆုံးရည်မှန်းချက်တွေထဲမှာ တစ်ခုအပါအဝင်ဟု ဆိုလောက်သည်။
ပထမဆုံးအကြိမ် အိမ်သာထဲဝင်ထိုင်ခွင့်ရခဲ့စဉ်က စိတ်လှုပ်ရှားရမှုသည် ကျောင်းစတက်သောနေ့၊ ချစ်သူနှင့် စတွေ့ရသောနေ့တို့နှင့် နှိုင်းယှဉ်နိုင်သည်။ ကျောင်းမှာ သူငယ်ချင်းနှင့်အတူ အိမ်သာတစ်ပေါက်တည်းမှာ ကျောချင်းကပ်ထိုင်ရင်း စကားတပြောပြော လုပ်ရခြင်းကိုလည်း ဘယ်တော့မှမမေ့။

အလုပ်ကို အပြင်းအထန်လုပ်ခြင်း၊ စည်းစနစ်ကြီးခြင်းတို့တွင် အဖေ့အမွေကို မရရှိခဲ့သော်လည်း အိမ်သာတက်ရာမှာတော့ အဖေ့ခြေရာကို နင်းနိုင်သူဖြစ်လေသည်။ အဖေသည် အိမ်သာတက်လျှင် သတင်းစာတွေယူသွားပြီး ကုန်အောင်ဖတ်လေ့ရှိသည်။ နာရီဝက် တစ်နာရီကြာသည်။ နောက်ပိုင်း သတင်းစာတွေ စာမျက်နှာလျှော့လိုက်သောအခါ တိုင်း၊ နယူးစ်ဝိခ် မဂ္ဂဇင်းများဖြင့် အားဖြည့်ခဲ့သည်။

ကျွန်တော်သည်လည်း အိမ်သာသွားလျှင် တစ်ခုခုတော့ဖတ်လိုက်ရမှ ကျေနပ်တတ်လေသည်။ ကျွန်တော့်အကျင့်က ဆေးလိပ် မသောက်ရသေးလျှင် အိမ်သာသွားချင်စိတ် မပေါ်။ သတင်းစာ မလာသေးလျှင်လည်း အိမ်သာဝင်လို့မရ။ မနေ့ကပိတ်ရက်မို့ ဒီနေ့သတင်းစာ မလာလျှင်လည်း အတော်ဒုက္ခရောက်သည်။ မဂ္ဂဇင်းဖြစ်ဖြစ်၊ တခြားစာအုပ်ဖြစ်ဖြစ် ဖတ်စရာတစ်ခုခုတွေ့လျှင် တော်သေးသည်။ ဘာမှဖတ်စရာမရှိလျှင် ကျွန်တော်ဝမ်းချုပ်သောနေ့ပင်ဖြစ်သည်။
အိမ်သာထဲမှာ စာဖတ်ရခြင်းသည် ပက်လက်ကုလားထိုင်ပေါ်မှာ ဖတ်ရခြင်းလောက် သက်သောင့်သက်သာ မရှိတာမှန်သည်။ သို့ရာတွင် သူကလည်း တစ်မျိုးသောရသကို ဖြစ်ပေါ်စေသည်။

ကျွန်တော် အိမ်သာသွားလျှင် လွတ်လွတ်လပ်လပ် နားအေးပါးအေးသွားချင်သည်။ အပြင်က ဆူဆူညံညံအသံတွေ ကြားနေလျှင် စိတ်မဖြောင့်။ တစ်ခါတစ်ရံ ည လူခြေတိတ်ချိန်ကျမှ စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေဖတ်ရင်း အိမ်သာဝင်ရတာကို သိပ်သဘောကျသည်။
အိမ်သာတစ်လုံးအနေဖြင့် ကျွန်တော်အကြိုက်ဆုံးအနေအထားကား အိမ်နောက်ဘက် မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုတွင် ဝါးထရံကာ အထပ်သားမိုးထားသောပုံစံဖြစ်သည်။ အိမ်သာသို့သွားရာလမ်းကြောင်းကလေးသည် ကွေ့ကွေ့ကောက်ကောက်ကလေး။ စိန်ပန်း သို့တည်းမဟုတ် စွယ်တော်ပင်တစ်ပင်က အုပ်မိုးနေရမည်။ မိုးကလေး တဖြောက်ဖြောက်ရွာနေလျှင် ပိုကောင်းသည်။ ကျွန်တော် စိတ်ကူးဖြင့် ဆောက်ထားသော အိမ်သာကလေးတစ်လုံးပင်တည်း။

☼ ☼ ☼

လူတော်တော်များများသည် လူပျိုပေါက်၊ အပျိုပေါက်ဘဝက အိမ်သာထဲမှာ ရည်းစားစာ ခိုးဖတ်ခဲ့ဖူးကြပါလိမ့်မည်။ ရေမွှေးနံ့သင်းပျံ့သော၊ ပန်းပွင့်ပုံ၊ လိပ်ပြာပုံတို့ပါသော အပြာရောင်၊ အဝါရောင် စာရွက်ကလေးများသည် အိမ်သာနှင့် မလိုက်ဖက်လှသော်လည်း ထို့ထက်လုံခြုံ စိတ်ချရသောနေရာမရှိပြီ။

ကျွန်တော်ငယ်စဉ်က ကဗျာ စရေးခါစတုန်းက တခြားလူတွေ မြင်မှာ၊ သိမှာကို ရှက်သည်။ ကျွန်တော့်ကဗျာတွေကို ဖတ်ပြီး ဟားတိုက်ရယ်မောကြမှာကို ကြောက်သည်။ ထို့ကြောင့် အိမ်သာထဲဝင်၍ ချစ်သူ၏ပါးပြင်မှ သနပ်ခါးမှုန့်အကြောင်း သွယ်လျသော လက်ချောင်းကလေးများနှင့် ရွှေဝါရောင် မွေးညင်းကလေးများ အကြောင်းကို ကဗျာ ရေးခဲ့လေသည်။
ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ဆိုလျှင် လူကြီးတွေမသိအောင် အိမ်သာထဲမှာ ပန်းချီခိုးဆွဲရင်း လေ့ကျင့်ခဲ့ရသည်ဟု ပြောဖူးသည်။ ခုတော့ သူသည် နာမည်ကျော် ပန်းချီဆရာတစ်ယောက်ဖြစ်နေပြီ။ နောက်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ကတော့ သူ့အတွက် လုံခြုံမှု၊ စိတ်ချရမှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိမှုတို့ကိုပေးခဲ့သော အိမ်သာကို ဂုဏ်ပြုသောအားဖြင့် အိမ်သာတစ်လုံး၏ အတွင်းပိုင်း ရှုခင်းပုံကို ဆီဆေးပန်းချီကားတစ်ချပ်အဖြစ် တခမ်းတနား ရေးဆွဲဂုဏ်ပြုခဲ့သည်။

ကျွန်တော်သည် မီးရထားဖြင့် အကြိမ်ကြိမ် ခရီးသွားခဲ့ဖူးသည်။ တွဲသစ်၊ တွဲဟောင်း၊ တွဲအို မျိုးစုံအောင် စီးဖူးသည်။ ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်ခန်းတို့ကိုလည်း စုံအောင် စီးဖူးသည်။
ရိုးရိုးတန်း ထိုင်ခုံများသည် ထိုင်ရတာ သက်သောင့်သက်သာမရှိ။ ညရထားဆိုလျှင် အိပ်ဖို့ အခက်အခဲရှိသည်။ အရမ်း အိပ်ချင်လွန်းတော့မှ ကြမ်းပြင်ပေါ် တစ်ခုခုခင်းပြီး မသက်မသာအိပ်ရသည်။ တချို့ ရထားတွေကျတော့ ခုံတန်းနှစ်ခုကြားမှာပါ လူတွေ၊ ကုန်တွေ အပြည့်အသိပ်ပါလာတတ်သည်။ ထိုင်ရတာတောင် မလူးသာ မလွန့်သာ။
အထက်တန်းတွဲတွေကျတော့ ဇိမ်ကျကျသွားနိုင်သည်။ ခုံတွေကကျယ်သည်။ တွဲသစ်က ခုံတွေဆိုလျှင် ဆိုဖာက အိအိစက်စက် ခုံတစ်ခုံတိုင်းမှာ ဆေးလိပ်ခွက်၊ စားပွဲငယ် အရှင်တစ်ခုပါသည်။ ရှေ့မှာ ခြေတင်စရာပါသည်။ အိပ်ချင်လျှင် ထိုင်ခုံနောက်မှီကို ပက်လက် ကုလားထိုင်လို လှန်ချလို့ရသည်။
အိပ်ခန်းဆိုတာကတော့ ပြောစရာတောင်မလို၊ ကိုယ့်အခန်းနှင့်ကိုယ် လေးယောက်တစ်ခန်း၊ နှစ်ယောက်တစ်ခန်း သီးသီးသန့်သန့်၊ အိပ်ချင်လျှင် စင်ပေါ်တက်ပြီး အိပ်လိုက်ရုံပင်။ အိပ်မှာ အိပ်ရတာနှင့်မခြား။

တစ်ခုပဲကွာသည်။ ရထားက ဘယ်ညာယိမ်းထိုးနေသဖြင့် ပုခက်ထဲထည့်ပြီး ချော့သိပ်ခြင်းကို ခံရသလို ငြိမ့်နေသည်။ ရထားသံ ဂျုံးဂျုံးဂျက်ဂျက်ကလည်း စည်းဝါးကျကျ သီချင်းဆိုပြနေသလို အတော် စည်းစိမ်ကြီးလေသည်။
ရိုးရိုးတန်း၊ အထက်တန်း ဘယ်လိုပဲကွာကွာ၊ တူညီတာတစ်ခုတော့ရှိသည်။ တွဲတိုင်း တွဲတိုင်းမှာရှိသော အိမ်သာများသည် ကြွေကျောက် ခြေနင်းခုံများနှင့် မြေပြင်ကို ဒိုးယိုပေါက်မြင်နေရသော ပြွန်ပေါက်တစ်ခု တပ်ထားသည်ချည်းဖြစ်ခြင်းပင်။

☼ ☼ ☼

"ကျုပ်ကို အိမ်သာလို သဘောထားကြတယ်၊ အရေးကြုံမှပဲ သတိရတတ်ကြတယ်၊ ကိစ္စလဲပြီးရော အမြန်ဆုံး ပြန်ထွက်ချင်ကြတယ်၊ လှည့်ကြည့်ဖော်တောင် မရတော့ဘူး"
ဥပမာဆောင်၍ ပြောတတ်ကြသည်။ လူတို့ကသာ အိမ်သာနှင့်နှိုင်း၍ ပြောကြသော်လည်း အိမ်သာကိုယ်တိုင်ကတော့ ဘယ်သောအခါမှ စိတ်မဆိုးတတ်ချေ။ သူ့ကို မေ့နေလို့လည်း စိတ်မနာ။ သူ့ဆီ ရောက်လာသူကိုလည်း စကားနာမထိုး။ အရေးပေါ် ရောက်ရှိလာသူတိုင်းကို သဘောထားကြီးစွာ ဆီးကြိုသည်ချည်း ဖြစ်သည်။
အိမ်သာသည် မျက်နှာကြီးငယ် မလိုက်တတ်။ မည်သူ၏ ပစ္စည်းကို နေရာကောင်းကောင်းပေးမည်၊ မည်သူ့ပစ္စည်းတော့ ချောင်ထဲပို့ထားမည်ဟူ၍ မရှိချေ။

သုဿာန်တွေမှာမှ နေရာကောင်းမကောင်း၊ တွင်းအတိမ်အနက် ခွဲခြားမှု ရှိတတ်သေးသည်။ မီးသင်္ဂြိုဟ်ရာမှာလည်း အရိုးကျရုံလောက်သာ ရှို့ချင် ရှို့လို့ရသည်။ အရိုးပြာကို ပြန်လိုချင်လို့ ရသေးသည်။ အိမ်သာကတော့ မည်သူ၏ပစ္စည်းကိုမှ ပြန်လည် ထုတ်ပေးရိုး ထုံးစံမရှိ။
အိမ်သာသည် တစ်ပါးသူ၏ရွံရှာဖွယ် အညစ်အကြေးမှန်သမျှကို ကြည်ဖြူစွာ လက်ခံသည်။ သူ့ကိုယ်သူ အညစ်အနွမ်းခံ၍ လူအများ၏ သန့်ရှင်းရေး၊ စိတ်ချမ်းသာရေးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ပေးသည်။
သူသည် သစ္စာရှိသည်။ ရိုးသားသည်။ နားလည်တတ်သည်။ အနစ်နာခံသည်။ ခွင့်လွှတ်တတ်သည်။ အဆင့်အတန်းခွဲခြားမှု လုံးဝမရှိ။

ကျွန်တော်သည် အိမ်သာတစ်လုံး အလိုရှိပါသည်။ ။

မင်းလူ
(သြဂုတ်၊ ၁၉၈၇၊ ချယ်ရီမဂ္ဂဇင်း)

အေးချမ်းမွန် Credit To > ချယ်ရီမဂ္ဂဇင်း < Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia
"အိမ်သာ" ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ကို တစ်ခါမျှ နက်နက်နဲနဲ မစဉ်းစားမိခဲ့ဖူးချေ။
ဆိုးသွမ်းသောလူကို လူဆိုးဟု ခေါ်ကြသည်။ ရူးနေသောခွေးကို ခွေးရူးဟု ခေါ်ကြသည်။ သို့ဖြစ်လျှင် အိမ်သာဆိုသည်မှာ သာယာသောအိမ်ကလေး။

အိမ်သာတဲ့။ ဘယ်လောက်လှသော နာမည်လေးပါလဲ။ အကယ်၍သာ ထိုစကားလုံးကလေးသည် ယခုလက်ရှိ အသုံးပြုနေသော အနက်အဓိပ္ပါယ်မျိုး မဟုတ်ခဲ့လျှင် ကလောင်နာမည်အဖြစ်တောင်မှည့်ခေါ်ဖို့ ကောင်းသေးတော့သည်။ "မောင်အိမ်သာ"။ ကဗျာဆန်လွန်းလှပေသည်။ ကိုယ်ကိုယ်တိုင်ပင် ထိုကလောင်နာမည်ကို ယူချင်ယူဖြစ်ခဲ့ပါလိမ့်မည်။
ခုတော့ အညစ်အကြေးစွန့်သော နေရာကိုမှ ထိုနာမည်လှလှကလေး ပေးထားခဲ့ကြသည်။ ဘာကြောင့်လဲ။

မြန်မာတို့သည် အလွန်ယဉ်ကျေးဖွယ်ရာသော လူမျိုး၊ စိတ်မချမ်းသာစရာကိုပင် နားခံသာအောင် ပြောတတ်သည့်လူမျိုးဖြစ်သည်။ သေဆုံးခြင်းကို ကွယ်လွန်သည်၊ အနိစ္စရောက်သည်ဟု သုံးနှုန်းကြသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသည်ဟူ၍ ကျန်ရစ်သူတွေစိတ်ဖြေသာအောင် ပြောတတ်ကြသေးသည်။ ယုတ်စွအဆုံး အလွန်စက်ဆုပ်ဖွယ်ကောင်းသော ပုဒ်မ ၃၇၆ ကိုတောင် အဓမ္မပြုကျင့်မှုဟု နားဝင်ချိုအောင် ဆိုတတ်ပေသေးသည်။

Ooredoo ကုမ္ပဏီမှ ၀န်ထမ်းပေါင်း သုံးသောင်းကျော်အထိ အလုပ်ခန့်မည်

Photo: Ooredoo ကုမ္ပဏီမှ ၀န်ထမ်းပေါင်း သုံးသောင်းကျော်အထိ အလုပ်ခန့်မည်

ကာတာအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ ၀န်ထမ်းများ စတင်ခေါ်ယူနေပြီး ၀န်ထမ်းပေါင်း သုံးသောင်းကျော်အထိ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း Ooredoo မြန်မာနိုင်ငံမှ အကြီးတန်းကိုယ်စားလှယ် အရာရှိ Mr. Ross Cormack ၏ ပြောကြားချက်အရ သိရသည်။

"Ooredoo အနေနဲ့ ဒေသခံ ပြည်သူတွေကို ၀န်ထမ်းအဖြစ် ခန့်အပ်သွားဖို့ အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အတော်ဆုံး ၀န်ထမ်းတွေကို ရွေးချယ်ခန့်အပ်ပြီး အကောင်းဆုံး ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေကို ကာတာမှာရှိတဲ့ Ooredoo ရုံးချုပ်ကိုပို့ပြီး ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးသွားမယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ၀န်ထမ်းတွေကို လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတတ်ပညာတွေကို သေသေချာချာ လွှဲပြောင်းပေးသွားမှာပါ" ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် Ooredoo မြန်မာနိုင်ငံမှ အကြီးတန်း ကိုယ်စားလှယ် အရာရှိ Mr. Ross Cormack က ပြောကြားသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လိုသူများ အနေဖြင့် OoredoowebsiteMyanmarcareers@Ooredoo.com သို့ လျှောက်ထားနိုင်သည့်အပြင် www.facebook.com\ooredoomyanmar နှင့် www.linkedin .com/company/ooredoomyanmar စသည့်တို့တွင် အလုပ်လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာအလုပ်သမား ၉၉ ရာခိုင်နှုန်းကျော်အထိ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီတွင် အလုပ်ခန့်ထား သွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများ၏ လစာကို မြန်မာကျပ်ငွေဖြင့်သာ ပေးအပ် သွားမည် ဖြစ်ကြောင်းလည်း Ooredoo မြန်မာနိုင်ငံမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack က အတည်ပြုပြောကြားသည်။

Eleven Media Group

အေးချမ်းမွန် Credit To >Thit Htoo Lwin blog < Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia
ကာတာအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ ၀န်ထမ်းများ စတင်ခေါ်ယူနေပြီး ၀န်ထမ်းပေါင်း သုံးသောင်းကျော်အထိ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း Ooredoo မြန်မာနိုင်ငံမှ အကြီးတန်းကိုယ်စားလှယ် အရာရှိ Mr. Ross Cormack ၏ ပြောကြားချက်အရ သိရသည်။

"Ooredoo အနေနဲ့ ဒေသခံ ပြည်သူတွေကို ၀န်ထမ်းအဖြစ် ခန့်အပ်သွားဖို့ အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အတော်ဆုံး ၀န်ထမ်းတွေကို ရွေးချယ်ခန့်အပ်ပြီး အကောင်းဆုံး ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေကို ကာတာမှာရှိတဲ့ Ooredoo ရုံးချုပ်ကိုပို့ပြီး ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးသွားမယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ၀န်ထမ်းတွေကို လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတတ်ပညာတွေကို သေသေချာချာ လွှဲပြောင်းပေးသွားမှာပါ" ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် Ooredoo မြန်မာနိုင်ငံမှ အကြီးတန်း ကိုယ်စားလှယ် အရာရှိ Mr. Ross Cormack က ပြောကြားသည်။

နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ(ရေးသားသူ- ရဲမိုး)

Photo: နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ
---------------------------
ရေးသားသူ- ရဲမိုး

ဒီမနက် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုပြောစရာရှိသည်။ သတင်းကောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာ
သည်နှင့်အမျှ အမျိုးသားရေးကြွေးကြော်သံများ၊ မျိုးချစ်လက်ခမောင်းခတ်သံများနှင့် သာသနာ့အရေးနှိုးဆော်သံများ ဆတက်
ထမ်းပိုး လှိုင်လှိုင်ကြီး ကြားရတော့မည်ဆိုသည့် သတင်းဖြစ်သည်။ သတင်းဆိုးကတော့ ထိုကြွေးကြော်မည့်ပုဂ္ဂိုလ်အများစုသည် လူလိမ်
များဖြစ်သည်ဆို သည့်အချက်ဖြစ်ပါသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီကို အကူးအပြောင်းကာလမှာ ရေပန်းမစားသည့် နိုင်ငံရေး သမားများက မျိုးချစ်ဝါဒနှင့် လူများစုဘာသာရေးကို အာဏာရရှိရေးအတွက်မည်သို့အသုံးချလေ့ရှိသလဲဆိုတာကို ဒီနေ့ဆွေးနွေးကြပါစို့။

အာဏာရှင်စနစ်က ရုန်းထွက်လာသည့် နိုင်ငံတိုင်းမှာ အဖိနှိပ်ခံခဲ့ရသည့် ပြည်သူလူထုက တိုက်ပွဲဝင်ဒီမိုကရေစီသူရဲ ကောင်းများကို ချစ်မြတ်နိုးအား ကိုးကြသည်ချည်းပင်။ ဒီမိုကရေစီသူရဲကောင်းများနှင့် သူတို့၏ပါတီများကို ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်နိုင်သည့် အာဏာရှင် အကြင်းအကျန်များ လုပ်လေ့ရှိသည့် မဟာဗျူဟာကတော့ မိမိကိုယ်ကိုယ် မျိုးချစ်များအဖြစ် မျက်နှာဖုံးစွပ်မျက်လှည့်ပြသည့် နည်းဖြစ်ပါသည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလက ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွား ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သည့်အခါ ဒီမိုကရေစီခေါင်းဆောင် ဘောရစ်ယဲလ်ဆင် နှင့် ပြုပြင်ပြောင်းလဲသူများကို အံတုယှဉ်ပြိုင်ဖို့အတွက် ရုရှလစ် ဘရယ်ဒီမိုကရက်တစ်ပါတီကို အာဏာရှင်လူဟောင်းတချို့ပူး ပေါင်းတည်ထောင်ခဲ့ကြသည်။ ပါတီနာမည်က “လစ်ဘရယ်ဒီမိုကရက်” ဖြစ်သည့်တိုင် မူဝါဒက “လစ်ဘရယ်”လည်းမဟုတ် “ဒီမိုကရက်”လည်းမဟုတ်ပါ။ သူတို့ခေါင်းဆောင်ကရုရှစစ်တပ် ဗိုလ်မှူးကြီးဟောင်းနှင့်လူမျိုး ခွဲခြားရေး
ဝါဒီ ဗလာဒီမာဇီရင်နော့စကီး။

ပြည်သူအများကထောက်ခံ သည့် ဒီမိုကရေစီ တိုက်ပွဲဝင် ဘော့ရစ်ယဲလ်ဆင်နှင့် အခြား နိုင်ငံရေးသမားများကို ရိုးသားစွာ မယှဉ်နိုင်သည့် ဇီရင်နော့စကီးက သူ့ကိုယ်သူ “မျိုးချစ်”ဟုကြေညာ သည်။ ရုရှားမျိုး၊ ရုရှမြေ၊ ရုရှယဉ်ကျေးမှုနှင့်  ရုရှအော်သိုဒေါက်စ်ဘာသာဂိုဏ်းကို ကာကွယ်မြှင့် တင်ကြဟု ကြေးကြော်သည်။ ရုရှ အရှေ့ဖျားဒေသမှ တရုတ်နှင့် ဂျပန်လူမျိုးများကို နှင်ထုတ်ရမည်ဟု ဆော်သြသည်။

အမေရိကန်ပြည်ထောင်စု ကို အလည်အပတ်ရောက်ချိန် ရုပ်မြင်သံကြားပေါ်မှာ “လူဖြူမျိုး နွယ်စု”ကို ကာကွယ်ကြဟု တရားဟောသည်။ ဂျူးဆန့်ကျင်ရေးကို ဖြန့်ဖြူးသည်။

နိုင်ငံရေးကျွမ်းကျင်သူအချို့က “ဖက်ဆစ်”လို့သမုတ်သည့် ဇီရင်နော့စကီးနှင့် သူ့ပါတီ ရုရှနိုင်ငံ ရေးမှာ မအောင်မြင်ဘူးဟု မထင်ပါနှင့်။ အပြောင်းအလဲကာလမှာ မရင့်ကျက်သေးသည့် ရုရှပြည်သူများက သူ့ကိုထောက်ခံခဲ့ကြ သည်။ ရုရှကွန်မြူနစ်တပ်နီတော် မှာ ဗိုလ်မှူးကြီးအဖြစ် တာဝန်ယူခဲ့သည့် ဇီရင်နော့စကီးကအော်သို ဒေါ့က်စ်ဘာသာရေးကြွေးကြော်သည်ကို အဟုတ်ထင်ခဲ့ကြသည်။

၁၉၉၃ ခုနှစ် ဒူးမားလွှတ်တော်ရွေးကောက်ပွဲမှာတော့ ပြု ပြင်ပြောင်းလဲရေးခေါင်းဆောင် ဘောရစ်ယဲ့လ်ဆင်ကို ထောက်ခံသည့် “ရုရှဒီမိုကရေစီရွေးချယ်မှု” ပါတီက မဲ ၁၅ ရာခိုင်နှုန်းသာရခဲ့ပြီး ဇီရင်နော့စကီး“၏ အယ်လ်ဒီပီအာရ်ပါတီက မျိုးချစ်နှင့်ဘာသာ ရေးကြွေးကြော်မှုများကြောင့် မဲ ၂၂ဒသမ ၉ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးကိုရရှိခဲ့သည်။ ထိုအချိန်ကစ၍ ရုရှပြည်သူနှစ်ခြမ်းကွဲသွားခဲ့သည်ဟု ကျွမ်းကျင်သူအချို့သုံးသပ်ကြသည်။

ရုရှအာဏာရှင်များ၏ မျက် လှည့်ကို နောင်အခါမှ ပြန်သိရသည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုခေါင်းဆောင်တစ်ဦ်း ဖြစ်သူ အလက်ဇန်းဒါးနီကိုလေ ဗစ်ခ်ျရာကော့လဗ်က သူ့အတ္ထုပ္ပတ္တိမှာ ဖွင့်ချခဲ့သည်။ ဇီရင်နော့စကီး၏ပါတီသည် ဆိုဗီယက် ကွန်မြူနစ်ပါတီခေါင်းဆောင် အချို့နှင့် ကေဂျီဘီထောက်လှမ်းရေးတို့က ဒီမိုကရေစီအပြောင်း အလဲမဖြစ်ခင်ကတည်းက ကြို တင်ဖွဲ့စည်းထားခဲ့သည့်ပါတီဆို သည့်အချက်ဖြစ်သည်။ ရည်ရွယ်ချက်က ဒီမိုကရေစီအင်အားစု
များ၏ လူထုထောက်ခံမှုကို ဖြိုခွဲရန်“ဖျက်မြင်း”အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သူက ကေဂျီဘီညွှန်ကြားရေးမှူး ဗလာဒီမာကရုခ်ျကေ့ဗ်ဟု ထိုအတ္ထုပ္ပတ္တိမှာ ပြန်လည်ရေးသားခဲ့သည်။

ဇီရင်နော့စကီးကိုယ်တိုင် နောက်ပိုင်းမှာ ပြန်ဝန်ခံခဲ့ရသည့် အချက်ကတော့ဂျူးဆန့်ကျင်ရေးဟောပြောသည့်သူကိုယ်တိုင်က ဂျူးဖြစ်နေခြင်းပင်။ သူ့ဖခင်က ဂျူးအစစ်၊ မိခင်က ရုရှလူမျိုး။

“ခါတော်မီမျိုးချစ်ဝါဒအတု” ကို ၂၀ ရာစု၏တွေးခေါ်ရှင်နှင့် သိပ္ပံပညာရှင်အဲလ်ဘတ်အိုင်း စတိုင်းက “ကလေးတွေမှာဖြစ် သလိုပဲ...လူသားမျိုးနွယ်အတွက် “၀က်သက်ရောဂါ”ဆိုပါစို့”ဟုပြောခဲ့သည်။ ဗိုင်းရပ်စ်လို ကူးစက်မှုမြန်သည်။ နာကျင်သည်။ အမာရွတ်ကျန်သည်။

ဇီရင်နော့စကီးတစ်ယောက် ရုရှမှာ အမျိုးသားရေးတိုက်ပွဲဝင် နေသည့်အချိန်မှာ မြန်မာန၀တ ဗိုလ်ချုပ်ကြီးများလည်း “မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” များနှင့် လုံးပန်းနေချိန်ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့၏ ရုပ်တုကြီး များတည်ဆောက်ပြီး ရုပ်ရှင်၊ ရေဒီယိုနှင့်သတင်းစာများမှာလည်း စောင့်ကြည့်သူများက  'Pagodas and Soldiers'  ဟု သရော်ခဲ့ကြသလို ဗိုလ်ချုပ်များ အပြိုင်အဆိုင်ဘုရားတည်၊ ဆွမ်းကပ်လုပ်ခဲ့သည့်အချိန်ဖြစ်သည်။

အတုအယောင်မျိုးချစ်ဝါဒသည် အကျည်းတန်သည့်ဇာတ်မင်းသားတို့ဇာတ်ခုံမှာတင့်တယ် စေဖို့သုံးသည့် မျက်နှာချေဘူးလို ပင် လူထုချဉ်ဖတ်နိုင်ငံရေးသမားများအကြားမှာ ခေတ်စားလေ့ရှိပါသည်။

ပြောရလျှင် ပြည်သူအများစုက ထောက်ခံသည့် ခေါင်းဆောင် အချို့ပင်ရွေးကောက်ပွဲနီးသည့် အခါ ပြိုင်ဘက်ကို အလဲထိုးဖို့ ဤနည်းကို သုံးစွဲခဲ့ကြဖူးသည်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုကဘာသာရေး ကြွေးကြော်သံနှင့် မဲဆွယ်အနိုင်ရသွားခဲ့ဖူးသည်။ 	

၂၀၁၅ မှာ လူထုခေါင်း ဆောင်ဒီမိုကရေစီချန်ပီယံနှင့် သူမ၏ပါတီကိုယှဉ်ပြိုင်ဖို့မဖြစ်နိုင်သည့်အဖွဲ့အစည်းအချို့ ယခု လမ်းကြောင်းကို လိုက်ကောင်း လိုက်နိုင်ပါသည်။ မျိုးချစ်ဝါဒနှင့် ဘာသာရေးအခြေခံနိုင်ငံရေးပါတီသစ်များပေါ်လာလျှင် မအံ့သြကြပါနှင့်။ လက်ရှိပါတီများက “မျိုးချစ်၊ ဘာသာချစ်”များနေ့ချင်းညချင်းဖြစ်လာလျှင်လည်း မအံ့သြကြပါနှင့်။ သင်္ကြန်စာလိုပြောရလျှင်တော့...

“မည်သည့်အခါမျှ လူမျိုးကိုမချစ်သူများ...တစ်မုဟုတ်ချင်း မျိုးချစ်များဖြစ်လတ္တံ့။ ပြည်သူ့ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ကာ အမြတ်ထုတ်သူ နိုင်ငံရေးသမားတဖြစ်လဲ ခရိုနီကြီးများက ရဟန်း၊ သံဃာအရှင်သူမြတ်တို့ကို ချဉ်းကပ်လာလတ္တံ့။ ဘာသာရေးကို နိုင်ငံရေးမှာအသုံးမချသူကို မိစာဒိဋ္ဌိဟုစွပ်စွဲကြလတ္တံ့။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြွေးကြော်သူလူထုခေါင်းဆောင်
ကို အမျိုးဘာသာမကာကွယ်နိုင်သူဟု ယိုးစွပ်ကြလတ္တံ့”

ကျွန်တော်ကတော့ အင်္ဂလိပ်လူမျိုးစာရေးဆရာ ဂျူလီယန်ဘန်းစ်၏ မျိုးချစ်ဝါဒအနက်ဖွင့်မှုကို လေးလေးနက်နက်လက်ခံသည်။

“အကြီးမြတ်ဆုံး မျိုးချစ်ဝါဒဆိုတာ ကိုယ့်နိုင်ငံက ဂုဏ်သိက္ခာ မရှိစွာ၊ မိုက်မဲဆိုးဝါးစွာပြုမူနေ ချိန်မှာ ပွင့်ပွင့်လင်းလင်းဝေဖန်ရဲမှုဖြစ်တယ်”

ရုရှတွင် မျက်လှည့်ပွဲအရှိန်တက်နေဆဲဖြစ်သည်။ ယုံချင်ယုံ၊ မယုံချင်နေ ဇီရင်နော့စကီးသည် လက်ရှိ ဒူးမားအောက်လွှတ်တော်၏ ဒုဥက္ကဋ္ဌဖြစ်ပါသည်။

မြန်မာမှာတော့ မျက်လှည့်ပွဲစတော့မည်။  ပြည်သူချစ်လူထုခေါင်းဆောင်နှင့်  အဖွဲ့ကို လက်နက်ပုန်းနှင့်တိုက်ခိုက်ဖို့ ပြကွက် များစတင်လာလိမ့်မည်။

ကန့်လန့်ကာဖွင့်တော့မည်။

ဘင်သံပင်ကြားနေရပြီ။

မြန်မာဒေးဗစ်ကော့ပါးဖီးလ်များကိုကြည့်ရှူဖို့နေကြာစေ့ထုပ်၊ ကွာစေ့ထုပ်များကို ၀ယ်ထားကြပါစို့။	  ။
ဒီမနက် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုပြောစရာရှိသည်။ သတင်းကောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာ
သည်နှင့်အမျှ အမျိုးသားရေးကြွေးကြော်သံများ၊ မျိုးချစ်လက်ခမောင်းခတ်သံများနှင့် သာသနာ့အရေးနှိုးဆော်သံများ ဆတက်
ထမ်းပိုး လှိုင်လှိုင်ကြီး ကြားရတော့မည်ဆိုသည့် သတင်းဖြစ်သည်။ သတင်းဆိုးကတော့ ထိုကြွေးကြော်မည့်ပုဂ္ဂိုလ်အများစုသည် လူလိမ်
များဖြစ်သည်ဆို သည့်အချက်ဖြစ်ပါသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီကို အကူးအပြောင်းကာလမှာ ရေပန်းမစားသည့် နိုင်ငံရေး သမားများက မျိုးချစ်ဝါဒနှင့် လူများစုဘာသာရေးကို အာဏာရရှိရေးအတွက်မည်သို့အသုံးချလေ့ရှိသလဲဆိုတာကို ဒီနေ့ဆွေးနွေးကြပါစို့။

အာဏာရှင်စနစ်က ရုန်းထွက်လာသည့် နိုင်ငံတိုင်းမှာ အဖိနှိပ်ခံခဲ့ရသည့် ပြည်သူလူထုက တိုက်ပွဲဝင်ဒီမိုကရေစီသူရဲ ကောင်းများကို ချစ်မြတ်နိုးအား ကိုးကြသည်ချည်းပင်။ ဒီမိုကရေစီသူရဲကောင်းများနှင့် သူတို့၏ပါတီများကို ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်နိုင်သည့် အာဏာရှင် အကြင်းအကျန်များ လုပ်လေ့ရှိသည့် မဟာဗျူဟာကတော့ မိမိကိုယ်ကိုယ် မျိုးချစ်များအဖြစ် မျက်နှာဖုံးစွပ်မျက်လှည့်ပြသည့် နည်းဖြစ်ပါသည်။

တာလီဘန်တို့က မြန်မာနိုင်ငံတွင် စစ်သင်တန်းတစ်ခု ဖွင့်လှစ်ထားကြောင်း အိန္ဒိယ သတင်းဌာန တစ်ခုက ဖော်ပြ

Jcorrection-19-8
မြန်မာနိုင်ငံအတွင်း တာလီဘန်တို့က စစ်သင်တန်းပေးနေသည့် သတင်းအား ဘင်္ဂလားဒေ့ရှ် ၀က်ဘ်ဆိုက်တစ်ခု၌ သြဂုတ် ၁၆ ရက်က ဖော်ပြထားစဉ်
အူရဒူဘာသာဖြင့် ရေးသားထားသော အင်တာနက် ဖိုရမ်တစ်ခုတွင် ပါရှိသည့် ကြည်လင်ပြတ်သားမှုရှိသော ဓာတ်ပုံ ၂၀ ကျော်အရ တာလီဘန်များသည် ရိုဟင်ဂျာများဟုခေါ်သည့် မွတ်စလင်များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် အင်ဒိုနီးရှား နိုင်ငံသားများကို စုစည်းကာ မြန်မာနိုင်ငံအတွင်းရှိ လျှို့ဝှက်နေရာ တစ်ခုတွင် စစ်သင်တန်းများ ပေးနေကြောင်း အိန္ဒိယအခြေစိုက် Asian News International (ANI) သတင်းဌာန၏ ရေးသားမှုကို ဘင်္ဂလားဒေ့ရှ် အင်တာနက် သတင်းစာတစ်စောင်တွင် သြဂုတ် ၁၇ ရက်က ဖော်ပြခဲ့သည်။
ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုတွင် ဇူလိုင် ၁၂ ရက်က အူရဒူဘာသာဖြင့် ပုံစာရေးထိုးထား ပါရှိခဲ့သည့် အဆိုပါ ဓာတ်ပုံများကို ‘Bab-e-Islam Jihadi Internet Forum’ တွင် ဖော်ပြခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းဆိုင်ရာ မီဒီယာသုတေသနသိပ္ပံ (MEMRI) ၏ ဂျီဟက်နှင့် အကြမ်းဖက် ခြိမ်းခြောက်မှု စောင့်ကြည့်ရေးအဖွဲ့ (JTTM) သုတေသနအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် RSO အဖွဲ့နှင့် မြန်မာလုံထိန်းတပ်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ ငြင်းဆို

N-19-8
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် အမှတ် ၅၄ နှင့် ၅၅ အကြား ဂေါ်ရီတိုလာ ဒေသတွင် ကုလားဆိုး RSO အဖွဲ့နှင့် မြန်မာလုံထိန်းတပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိဘဲ သတင်းအမှားသာဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးမှ သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ပြောဆိုလိုက်သည်။
နယ်စပ်မှတ်တိုင် အမှတ် ၅၅ ၀န်းကျင်တွင် သြဂုတ် ၁၄ ရက် ည ၉ နာရီမှ ကြာသပတေးနေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတစ်စောင်ဖြစ်သည့် သြဂုတ် ၁၇ ရက်ထုတ် Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်ကြသည့်  ဒေသခံများကို ကိုးကားပြီး သတင်းစာမှ ဖော်ပြချက်များတွင် RSO အပါအ၀င် လက်နက်ကိုင်တချို့သည် နစက ရုပ်သိမ်းပြီးနောက်ပိုင်း နယ်စပ်တွင် ပြန်လည်စုစည်းနေကြောင်း၊ နစကအစား လုံထိန်းရဲတပ်ဖွဲ့များ အစားထိုး ၀င်ရောက်မှု နှေးကွေးသဖြင့် ယင်းသို့စုစည်းရန် အခွင့်အရေး ရနေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၃၁ ရက်ကလည်း RSO ခေါင်းဆောင်များဖြစ်သည့် Shariful Islam နှင့် ZiaulHaque တို့အား ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားခဲ့သည်။

ရွှေတိဂုံဘုရားက ပျောက်သွားသည့် ရွှေခွက် အဘိုးအိုထံတွင် ပြန်တွေ့

ရွှေတိဂုံစေတီပေါ်တွင် ပျောက်ဆုံးသွားသည့် ဘုရားဖူးတစ်ဦး၏ အလေးချိန် ငါးကျပ်သားခန့်ရှိသော ရွှေခွက်တစ်ခု ကို နေ့တွင်းချင်းပင် အဘိုးအိုတစ်ဦးထံမှ ဘုရားလုံခြုံရေးအဖွဲ့က ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ယင်းအဖြစ်အပျက်သည် သြဂုတ် ၁၇ ရက်က ရွှေတိဂုံစေတီရင်ပြင် အင်္ဂါထောင့်၊ ပအိုဝ် တန်ဆောင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ရွှေခွက်ပိုင်ရှင်သည် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်သင်းသင်းဖြစ်ပြီး သူမသည် ရွှေခွက်ဖြင့် ရေချမ်းကပ်ပြီး ဘုရားဝတ်ပြုနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုလည်း ရဲက မှတ်တမ်းတင်ထားသည်။
ဒေါ်သင်းသင်းက ဘုရား ၀တ်ပြုပြီးနောက် ရွှေခွက်ကို မတွေ့တော့သောအခါ ဘုရားလုံခြုံရေးအဖွဲ့ကို အကြောင်းကြားပြီး လိုက်လံ ရှာဖွေခဲ့ကြသည်ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

Monday, August 19, 2013

မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦးလည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။

အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့သူဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis