မြန်မာနိုင်ငံမှာ ရေလုပ်သားတွေ ချစ်မြတ်နိုးကြတဲ့ ဧရာဝတီလင်းပိုင်တွေဟာ မျိုးတုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာမို့ ၀ိုင်းဝန်း ထိမ်းသိမ်းစောင့်ရှောက်ကြဖို့ ဒီတပတ်မှာ ပြောပြပါရစေ
"လင်းပိုင်တွေဟာ လူတွေကို အန္တရာယ်မပေးဘူး။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ရေချိုးဆိပ်တွေမှာ တခါတလေ လူသားစားတဲ့ ငါးမန်းတွေတွေ့ရတတ်တယ်။ အဲဒီနေရာကို လပိုင်တွေလည်း ရောက်လာရင် ကလေးတွေနဲ့ ရေချိုးတဲ့ လူတွေကို အကာအကွယ်ပေးလေ့ရှိတယ်
တံငါသည်တွေကလည်း လပိုင်တွေကို တော်တော်ချစ်တာ တွေ့ရတယ်။ ဘာလို့လည်း ဆိုတော့ နွေကျလို့ ဧရာဝတီမြစ်ထဲမှာ ရေနဲသွားလို့ ရှိရင် တံငါသည်တွေ ငါးရှာမရဖြစ်နေရင် အဲဒီအချိန်မှာ