menu

Wednesday 25 December 2013

တောင်ကြီး၊စိန်ပန်းရပ်ကွက်အနီးလမ်းဘေး၌မပေါက်ကွဲသေးသော လက်လုပ်ဗုံးတွေ.ရှိ

Kyaw Swar Myint's photo.
Kyaw Swar Myint's photo.
Kyaw Swar Myint's photo.


တောင်ကြီး ။ဒီဇင်ဘာ (၂၅)

ယနေ.နေ.လည်၁၂နာရီ၅၅မိနစ်ခန်.အချိန်ကရှမ်းပြည်နယ်(မြောက်ပိုင်း)
တောင်ကြီးမြို.၊စိန်ပန်းရပ်ကွက်ရှိ ပြည်တော်အေးလမ်း၌မပေါက်ကွဲသေးသော
လက်လုပ်ဗုံးတစ်လုံးအားသက်ဆိုင်ရာမှအချိန်မှီရှာဖွေတွေ.ရှိကာဖောက်ခွဲ
ဖျက်ဆီးခဲ.ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ.ဌာနချုပ်မှ သတင်းရရှိသည်။

အဆိုပါလက်လုပ်ဗုံးကို၎င်းလမ်းတွင်သန်.ရှင်းရေးတာဝန်ကျသောစည်ပင်
သန်.ရှင်းရေးဝန်ထမ်းတစ်ဦးကစတင်တွေ.ရှိခဲ.ခြင်းဖြစ်ပြီးသက်ဆိုင်ရာ
တာဝန်ရှိသူများထံသတင်းပေးပို.ခဲ.ခြင်းကြောင့်ပြည်သူအများထိခိုက်
ဒဏ်ရာရမှုမရှိစေပဲအချိန်မီဖောက်ခွဲဖျက်ဆီးနိုင်ခြင်းဖြစ်သည်ဟုရှမ်းပြည်နယ်
ရဲတပ်ဖွဲ.မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကပြောသည်။

အခုတွေ.တာကစိန်ပန်းရပ်ကွက်မှာရှိတဲ.အစ္စလာမ်ဘာသာရေးကျောင်း
ရဲ.မြောက်ဖက်နဲ.ရှမ်းပြည်နယ်ရဲတပ်ဖွဲ.မှူးရုံးကြားမှာတွေ.တာ။အခုတွေ.တဲ.
ဗုံးနဲ.အရင်တွေ.ခဲ.တဲ.ဗုံးအမျိုးအစားချင်းကတော့အတူတူပဲ။
အချိန်မရွေးပေါက်နိုင်ပြီးအန္တရာယ်ရှိတဲ.အတွက်ဖောက်ခွဲဖျက်ဆီးလိုက်ရ
တာပါ။ဟုမိုင်းရှင်းလင်းရေးအဖွဲ.တွင်ပါဝင်ခဲ.သောတပ်မတော်သားတစ်ဦး
ကပြောသည်။

ယခုအကြိမ်လက်လုပ်ဗုံးတွေ.ရှိမှုသည် ယခုလအတွင်းတတိယအကြိမ်
မြောက်ဖြစ်ပြီး၎င်းလက်လုပ်ဗုံးများမကြာခဏတွေ.ရှိနေခြင်းနှင့်ပတ်သတ်၍
သက်ဆိုင်ရာမှစုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းထပ်မံသိရသည်။

(အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်)

""မန္တလေးမြို့ မောင် ကိန်းရွှေဆိုင် အား ဓားပြတိုက် ခဲ့သော အားရှန့်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း သိရ""

""မန္တလေးမြို့ မောင် ကိန်းရွှေဆိုင် အား ဓားပြတိုက် ခဲ့သော အားရှန့်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း သိရ""
==========================================
မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း၈၀၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြားရှိ မောင် ကိန်း ရွှေဆိုင် အား ဒီဇင် ဘာ ၂၄ ရက် ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က ပစ္စတိုတစ်လက်ဖြင့် တစ်ကိုယ်တော် ဓားပြတိုက်ခဲ့သော အားရှန့် သည် မန္တလေးမြို့ ၆၄ လမ်း၊သိပ္ပံလမ်း တောင် ဘက်တွင် နေထိုင်ကြောင်း၊ ဦးလေး ဖြစ်သူမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း ၊ ၎င်းကိုင် ဆောင် ခဲ့ သည့် သေနတ်အား ဦးလေးဖြစ်သူ နေထိုင် သည့် လောက်ကိုင် ရှိ နေအိမ်အ စောင့် ကိုးကန့်များ ထံမှ ယူဆောင် လာခြင်း ဖြစ်ကြောင်း ၎င်းသတိရ လာချိန်တွင် ထွက်ဆိုခဲ့သည်။ အားရှန့်၏ ဦးလေးဖြစ်သူမှာ ဦးလျူကွယ် ရှီ (ကိုးကန့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တစ်ဦးဖြစ်ပြီး ၎င်း နေထိုင် သည့် နေအိမ်ကို ရှာဖွေသော်လည်း မသင်္ကာဖွယ် ပစ္စည်း တစ်စုံတစ် ရာ မ တွေ့ကြောင်း သိရသည်။ ထို့နောက် အားရှန့်၏ ကျန်းမာရေး အ ခြေ အ နေ ကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်း မရှိသေးဘဲ အနီးကပ် စောင့်ကြည့်နေ ကြောင်း သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့

မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း၈၀၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြားရှိ မောင် ကိန်း ရွှေဆိုင် အား ဒီဇင် ဘာ ၂၄ ရက် ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က ပစ္စတိုတစ်လက်ဖြင့် တစ်ကိုယ်တော် ဓားပြတိုက်ခဲ့သော အားရှန့် သည် မန္တလေးမြို့ ၆၄ လမ်း၊သိပ္ပံလမ်း တောင် ဘက်တွင် နေထိုင်ကြောင်း၊ ဦးလေး ဖြစ်သူမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း ၊ ၎င်းကိုင် ဆောင် ခဲ့ သည့် သေနတ်အား ဦးလေးဖြစ်သူ နေထိုင် သည့် လောက်ကိုင် ရှိ နေအိမ်အ စောင့် ကိုးကန့်များ ထံမှ ယူဆောင် လာခြင်း ဖြစ်ကြောင်း ၎င်းသတိရ လာချိန်တွင် ထွက်ဆိုခဲ့သည်။ အားရှန့်၏ ဦးလေးဖြစ်သူမှာ ဦးလျူကွယ် ရှီ (ကိုးကန့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တစ်ဦးဖြစ်ပြီး ၎င်း နေထိုင် သည့် နေအိမ်ကို ရှာဖွေသော်လည်း မသင်္ကာဖွယ် ပစ္စည်း တစ်စုံတစ် ရာ မ တွေ့ကြောင်း သိရသည်။ ထို့နောက် အားရှန့်၏ ကျန်းမာရေး အ ခြေ အ နေ ကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်း မရှိသေးဘဲ အနီးကပ် စောင့်ကြည့်နေ ကြောင်း သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့

PCC 772 နစ်မြုပ်ခြင်း၂ (သို့) အသေးစား ရေငုပ်သင်္ဘောများ

 
တောင်ကိုရီးယား စစ်သင်္ဘော ချောင်နန် နစ်မြုပ်ရခြင်းမှာ အဓိက လက်သည် တရားခံလို့ ယူဆကြတဲ့ Yono အတန်းအစား ရေငုပ်သင်္ဘော ငယ်လေးတွေ အကြောင်းပါ။ မြောက်ကိုရီးယားဟာ သူ့ရဲ့ ရေပြင်ပိုင်နက်ကို ကာကွယ်ဖို့ ခေတ်မှီတဲ့ စစ်သင်္ဘောကြီးတွေ ရေငုပ်သင်္ဘောကြီးတွေ အမြောက်အများ မပိုင်ဆိုင်ပါဘူး။ သူ့မှာရှိနေတဲ့ Sang-O၊ Yogo စတဲ့ ယူကိုစလားဗီးယား နိုင်ငံက တည်ဆောက်ပေးတဲ့ ရေငုပ်သင်္ဘော ငယ်လေးတွေနဲ့ ဒုတိယကမ္ဘာစစ်မျိုးဆက် ရေငုပ်သင်္ဘော တွေပဲ ရှိတာပါ။ မြန်မာနိုင်ငံ အာဇာနည်ကုန်း ဗုံးခွဲတုန်းက ကွန်မင်ဒိုတွေ လာချပေးတဲ့ စစ်ဆင်ရေးလိုမျိုး ကွန်မင်ဒိုတွေ သယ်ဆောင်ဖို့ Sang-O အတန်းအစားတွေကို အဓိကထားသုံးပါတယ်။ (မြန်မာပြည် စစ်ဆင်ရေးတွင် ၎င်းအမျိုးအစားများ သုံးသည်ဟု ဆိုလိုသည် မဟုတ်ပါ)။ Yogo အတန်းအစား အငယ်စားတွေ၊ ၂၀၀၀ခုနှစ်နောက်ပိုင်း Yono အတန်းအစား အငယ်စားတွေကို အများဆုံး အသုံးပြုပါတယ်။ 


ဒုတိယကမ္ဘာစစ် ဂျပန်ရေတပ်သုံး TypeA အမျိုးအစား ရေငုပ်သင်္ဘောငယ်


သည်လို ရေငုပ်သင်္ဘော အငယ်စားတွေကို Midget အတန်းအစား ရေငုပ်သင်္ဘောတွေလို့ ယျေဘူယျ ခေါ်ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား၊ ယူကိုဆလားဘီးယား၊ အီရန်၊ စတဲ့ ရေတပ်ငယ်လေးတွေက စစ်ဆင်ရေးအတွက် အဓိက သုံးကြပြီး၊ အခြား ခေတ်မှီ ရေတပ်မတော်တွေမှာတော့ ကင်းထောက်ဖို့၊ သုတေသနပြုဖို့နဲ့ မိုင်းခင်းဖို့ သုံးကြသလို၊ ပင်လယ်ဓမြတွေ၊ မူးရစ်ဆေးဝါး ဂိုဏ်းတွေ၊ သူပုန်တပ်ဖွဲ့လို အဖွဲ့တွေကလဲ သယ်ယူပို့ဆောင်ရေး အတွက် သုံးကြတဲ့ အဖိုးနဲ ဝန်ပါ ရေငုပ်သင်္ဘောငယ်တွေ ဖြစ်ပါတယ်။

ကလေးတစ်ဦး.....(မင်းလူ)



    ကလေးတစ်ဦး
    သူရူးတစ်မည်
    သဘင်သည်တစ်ယောက် ...
    ဆိုသော စကားရှိသည်။ ကျွန်တော် နားလည်သလောက်တော့ ကလေးငယ်များ၊ သူရူးများနှင့် သဘင်သည်များသည် စကားသုံးခွန်းပြောလျှင် တစ်ခွန်းမှန်တက်သည်ဟု ဆိုခြင်း ဖြစ်သည်။ သဘင်သည်ဆိုသည်မှာ အနုပညာသည်များ၏ ကိုယ်စားပြု အမှတ်အသားဟုထင်သည်။
    ထိုသူသုံးမျိုးသည် စကားတော့ အများကြီး ပြောတက်သော သဘာဝရှိသည်။ ထို့ကြောင့် သုံးခွန်းတစ်ခွန်းဟု ဆိုသလားမသိ။ ဤတွင်စဉ်းစားစရာရှိလာသည်။ ထိုသုံးဦး၏စကားသည် သုံးခွန်းမှာ တစ်ခွန်းမှန်သည်ဟု ဆိုသောကြောင့် ကျန်နှစ်ခွန်းကတော့ မှားသည်ဟု ပြောရာရောက်နေကြသည်။
    သူတို့စကားဆိုလျှင် သုံးခွက်တစ်ခွက်တင်ကျိုပြီး သုံးနဲ့စားပြီးမှယုံ။ တိတိကျကျပြောလျှင် သူတို့စကားသည် သုံးဆယ့်သုံးဒသမ သုံးသုံး ရာခိုင်နှုန်းသာ မှန်သည်ဟု ဆိုရမလို ဖြစ်နေ၏။
    သို့ရာတွင် ဘယ်အရာမဆို နှိုင်းယှည်မှုပြုလိုက်လျှင် တန်ဖိုးပြောင်းလဲသွားတက်စမြဲ ဖြစ်သည်။ ထမင်းလုံးတစ်စေ့သည် လူတစ်ယောက်အဖို့ ဘာမျှမဟုတ်လောက်သော်လည်း ပုရွက်ဆိတ်တစ်ကောင်အတွက်ဆိုလျှင် ရက်ပေါင်း အတော်ကြာအောင် အစာအဖြစ် ဖူလုံနိုင်လေသည်။
    ထိုကဲ့သို့ပင် စကားဆယ်ခွန်းမှာမှ တစ်ခွန်းမှန်ခြင်းနှင့်စာလျှင် သုံးခွန်းတစ်ခွန်းမှန်ခြင်းက ဂုဏ်ယူဖွယ်ပင် ဖြစ်၏။ တကယ်တော့လည်း လောကတွင် တန်ဖိုးရှိသော မှန်ကန်သောအရာတို့သည် အနည်းစုသာဖြစ်တက်သည် မဟုတ်လား။

နတ်များ အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အိုက်စ်လန်လမ်းသစ်စီမံကိန်း ဆိုင်းငံ့ထားရ


အဲလ်ဖ်တန့်စ် ကျွန်းဆွယ်မှ ရေဂျာဗစ်ရှိ ဂါဒါဘာရာထိ ဖောက်လုပ်မည့် လမ်းပိုင်းစီမံကိန်းကို Friends of Lava အမည်ရှိ အဖွဲ့တစ်ခုက အလေးအနက် ဆန့်ကျင်ခဲ့ကြသည်။

အိုက်စ်လန် နိုင်ငံတွင် လမ်းဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို နတ်များ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် တရားရုံးက တားဆီးထားလိုက်ကြောင်း သိရသည်။ အဲလ်ဖ်တန့်စ် ကျွန်းဆွယ်မှ ရေဂျာဗစ်ရှိ ဂါဒါဘာရာထိ ဖောက်လုပ်မည့် လမ်းပိုင်းစီမံကိန်းကို Friends of Lava အမည်ရှိ အဖွဲ့တစ်ခုက အလေးအနက် ဆန့်ကျင်ခဲ့ကြသည်။ အဓိကအားဖြင့် ယခုလမ်းသစ် စီမံကိန်းသည် နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု တန်ဖိုးများကို ထိပါးစေမည်ဟု ယင်းအဖွဲ့က ထောက်ပြခဲ့သည်။

ထို့အပြင် လမ်းပိုင်းဖောက်လုပ်မှုများက Elfမျိုးနွယ်ခေါ် ဒဏ္ဍာရီလာ နတ်သူငယ်လေးများ၏ ရပ်တည်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်းလည်း ၎င်းတို့က ယုံကြည်လျှက် ရှိသည်။ ယခုအခါ အိုက်စ်လန် တရားရုံးချုပ်က ကြားဝင်လာပြီး လမ်းသစ်စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ခဲ့သည်။ အေးချမ်းသာယာသည့် ကမ္ဘာ့မြောက်ဖျား နိုင်ငံတစ်ခုဖြစ်သော အိုက်စ်လန်တွင် နတ်သူငယ်လေးများ တည်ရှိသည်ဆိုသော အယူအဆ ခိုင်ခိုင်မာမာ စွဲကပ်နေဆဲ ဖြစ်သည်။

ပျောက်အောင်ကုမှာလား ကုန်အောင်ရိတ်မှာလား

Photo: ပျောက်အောင်ကုမှာလား ကုန်အောင်ရိတ်မှာလား
-----------------
ရေးသားသူ- ရဲနောင်

“ဤကြော်ငြာစာအုပ်ဖြင့် ဆေးကုခန်းသို့လာပါက စမ်းသပ်မှုအပိုင်း အခမဲ့၊ ကုသမှုအပိုင်း ၅၀ ရာခိုင်နှုန်း”ဟု ရေးသားထားသော ဆေးခန်းကြော်ငြာစာအုပ် ကိုင်ဆောင်ထားသည့် လူနာလေးငါးယောက် ရန်ကုန်တိုင်း လသာမြို့နယ် စဥ့်အိုးတန်းလမ်းရှိ ခေတ်မီဆေးကုခန်းအတွင်း၌ ဆေးကုသရန် အလှည့်စောင့်နေကြသည်။

နောက်ဆုံးပေါ် စက်ကိရိယာများ၊ ထူးချွန်သောပညာရှင်များ၊ ကျွမ်းကျင်သောဆရာဝန်များဖြင့် အော်တာနေးတစ်ဆေးပညာကို အသုံးပြု၍ နာတာရှည်ဖြစ်ပွားခံစားနေရသည့် ရောဂါများနှင့် ရောဂါအကြီးအသေးအားလုံးကို တစ်ကြိမ်တည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဆိုသောကြောင့် ယခုကဲ့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

“ဆေးထိုးတာ တစ်သိန်း၊ သောက်ဆေးက လေးသိန်း။ နောက်ထပ် ခြောက်ရက်ဆက်တိုက် ဆေးထိုးရမယ်။ ဆယ်သိန်းကျော်လောက်တော့ ကုန်မယ်ပြောတယ်”ဟု ခေတ်မီဆေးခန်းတွင် ကုသမှုခံယူခဲ့သူ မမိုးမိုးကပြောသည်။

မမိုးမိုးသည် ခေါင်းအလွန်ကိုက်သောဝေဒနာကို ၁၀ နှစ်ကျော် ခံစားနေရသောကြောင့် ပျောက်ကင်းအောင် ကုသနိုင်သည်ဆိုသော အဆိုပါဆေးခန်းကြော်ငြာကြောင့် ယုံကြည်အားကိုးစွာဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ လွန်ခဲ့သော တစ်လကျော်က အဆိုပါဆေးခန်းသို့ လာရောက်ဆွေးနွေးခဲ့ရာတွင် ကုသရန်ငွေကြေးမလုံလောက်သောကြောင့် ထပ်မံစုဆောင်း၍ ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ခြင်းဟုဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးအရေးယူမည်ဟု ပြောကြားထားသော အဆိုပါကြော်ငြာအားကောင်းကောင်းနှင့် ရောဂါအမြစ်ပြတ်ကုသသည်ဆိုသော ဆေးခန်းများမှာ ဗဟုသုတနည်းပါး၍ ရောဂါဝေဒနာ အမြန်ဆုံးပျောက်ကင်းလိုသော လူနာများကို လိမ်လည်မှုများပြုလုပ်ကာ ငွေရှာကောင်းနေဆဲပင်ဖြစ်သည်။

နောက်ဆုံးပေါ် ခေတ်မီစက်သစ်များကို အသုံးပြု၍ အထူးကုဆရာဝန်ကြီးများက ကုသပေးနေသည်ဟု ကြော်ငြာထားသော်လည်း လက်တွေ့၌ တခြားစီဖြစ်နေသည်ဟုဆိုသည်။ နားကြပ်မကိုင်။ သွေးပေါင်ချိန်လည်းမတိုင်းဘဲ မြန်မာစကားပြန်နှင့် ဆေးကုသသော တရုတ်ဆေးဆရာတစ်ဦးက ဘယ်ဘက်လက်ကောက်ဝတ်တွင် သွေးခုန်နှုန်းစမ်းသပ်၍ ကျောက်ကပ်အားနည်းနေသည်။ ထို့ကြောင့် ခေါင်းကိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုကာ ဆေးတစ်လုံးထိုးပေးခဲ့ခြင်းဖြစ်သည်ဟု မမိုးမိုးက ၎င်း၏အတွေ့အကြုံကို ပြန်ပြောပြသည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို မမိုးမိုးတစ်ယောက်သာ ခံစားရခြင်းမဟုတ်ဘဲ အဆိုပါအပျောက်ကုဆေးခန်းများတွင် သွားရောက်ကုသခဲ့သော လူနာအားလုံးနီးပါး ကြုံတွေ့ခဲ့ရသည်။ ကိုယ်တိုင်ကြုံတွေ့ဖူးသူ လူနာ ၁၅ ယောက်ကျော်ကို 7 Day Journal က မေးမြန်းမှုများပြုလုပ်ခဲ့ရာ တရုတ်ဆေးဆရာကုသကြောင်း၊ သေချာမစမ်းသပ်ဘဲ ရောဂါကုသမှုပေးကြောင်း၊ အနည်းဆုံး ကျပ်ဆယ်သိန်းခန့် ကုန်ကျကြောင်းဆိုသော အဖြေများသာရရှိခဲ့သည်။

အမျိုးသားရောဂါများ၊ အမျိုးသမီးရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်။ ဆီးချို၊ သွေးချိုရောဂါကို အချိန်တိုအတွင်း ပျောက်ကင်းအောင်ကုသပေးနိုင်သည်။ လေးဘက်နာရောဂါ၊ ဂေါက်(ခေါ်) အဆစ်အမြစ်ရောင်ရောဂါတို့ကို ကုထုံးတစ်ကြိမ်၊ နှစ်ကြိမ်အတွင်း အမြစ်ပြတ်စေရမည်။ နာတာရှည်ပန်းနာရင်ကျပ်ရောဂါ ပြန်လည်ဖြစ်ပွားခြင်းမရှိစေရ။ လိပ်ခေါင်းရောဂါကို မနာမကျင် သွေးတစ်စက်မှမထွက်ဘဲ ၁၅ မိနစ်အတွင်း ထပ်မံမဖြစ်ပွားစေသည်အထိ ကုသပေးသည်။ အအေးမိတုပ်ကွေးမှအစ ၉၆ ပါးရောဂါပေါင်းစုံကို ကျော်လွန်ကာ အမျိုးမျိုးအသွယ်သွယ်သော ရောဂါများကို ခေတ်မီစက်သစ်ကြီးများ၊ နောက်ဆုံးပေါ်ဆေးပညာများ၊ ကျွမ်းကျင်သောပညာရှင်များက အမြစ်ပြတ်ပျောက်ကင်းစေရန် တာဝန်ယူကုသပေးနေသည်ဟု ကြော်ငြာကာ ဆေးခန်းတစ်ကြိမ်ပြလျှင် အနည်းဆုံးငွေကျပ်ငါးသိန်းမှ ဆယ်သိန်းကျော်အထိယူနေကြသော အပျောက်ကုဆေးခန်းများမှာ ရန်ကုန်မြို့တွင် အနည်းဆုံး ခုနစ်ခု၊ ရှစ်ခု ရှိနေပါသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်ဆေးခန်းများနှင့် တရုတ်ဆေးဆရာဝန်များအား ခွင့်ပြုချက်လုံးဝမရှိက ဆေးကုသခွင့်မပေးပါ။ ယနေ့အထိ ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆရာဝန်များမရှိသေးပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

အဆိုပါ အပျောက်ကုဆေးခန်းများတွင် ကုသနေသော တရုတ်ဆေးဆရာများမှာ ခွင့်ပြုချက်လိုင်စင်မရှိသော၊ ယုံကြည်အားကိုးဖွယ်မရှိသောသူများသာ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။

တရုတ်ဆေးဆရာများ ကုသသော အဆိုပါဆေးခန်းအချို့ကို မေးမြန်းရာတွင်လည်း မြန်မာနိုင်ငံဆေးကောင်စီက ခွင့်ပြုထားသော မြန်မာဆရာဝန်များ ကုသမှုပေးပြီး ခေတ်မီစက်ကိရိယာများဖြင့် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကလည်း ဆေးခန်းသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ကြသည်ဟု ပြန်လည်ဖြေကြားကြသည်။

သို့သော် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ အလယ်ဘလောက်ရှိ နယူးဟောင်ကောင်အထူးကုဆေးခန်း၊ လမ်းမတော်မြို့နယ်၊ (၁)လမ်း ပုဂံအိမ်ရာရှိ အရှေ့တိုင်းဆေးခန်း၊ လသာမြို့နယ် စဥ့်အိုးတန်းအောက်လမ်းတွင် ဖွင့်လှစ်ထားသော ခေတ်မီဆေးကုခန်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ပိုလိုဆေးခန်းနှင့် မြန်မာနိုင်ငံရေကြောင်းသိပ္ပံကျောင်းရှေ့ရှိ ရွှေပိတောက်ဆေးခန်းတို့တွင် ခွင့်ပြုချက်လိုင်စင်မရှိသော တရုတ်ဆရာဝန်များက ကုသမှုများပေးနေပြီး လူနာများများရရှိရေးအတွက်လည်း သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာများထည့်သွင်းခြင်း၊ လူစည်ကားရာလမ်းဆုံတွင် လက်ကမ်းစာအုပ်ဝေငှခြင်း၊ အိမ်တိုင်ရာရောက် ကြော်ငြာစာအုပ်၊ စာရွက်ဝေခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။

လိုင်စင်မဲ့ဆေးကုသမှုများနှင့် အပျောက်ကုဆေးခန်းများကို စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုနှစ်ဇွန်လလယ်က ပုဂ္ဂလိကဆေးခန်းငါးခုသို့ သွားရောက်စစ်ဆေးခဲ့သည် ဆိုသော်လည်း အဆိုပါဆေးခန်းများမှာ ယနေ့ထိရှိနေဆဲဖြစ်သည်။

“ဂျာမနီကလာတဲ့စက်တွေနဲ့ကုတယ်။ ဆရာဝန်ကြီးတွေလည်းရှိတယ်ဆိုတော့ သွားပြမိတာ။ တစ်လအတွင်း ၁၅ သိန်းလောက် ကုန်သွားတယ်။ ဘာမှမထူးဘူး”ဟု အဆစ်အမြစ်ရောင်ရောဂါကို ၁၀ နှစ်ကျော် ခံစားနေရသူတစ်ဦးက နယူးဟောင်ကောင်ဆေးခန်းသို့ သွားရောက်ကုသခဲ့စဉ် အတွေ့အကြုံကိုပြောပြသည်။

အမျိုးအမည်မသိ၊ အထောက်အထားတစ်စုံတစ်ရာမှ မပါသော သောက်ဆေးများနှင့် ဆေးကုသခွင့်လိုင်စင်မရှိသော လူမျိုးခြားဆေးဆရာများက ကုသမှုပေးနေသည်မှာ သွားရောက်ကုသနေသော လူနာများအတွက် စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်၏။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွင်မူ ဆေးခန်းကို မှတ်ပုံတင်ခြင်းမရှိဘဲ ဖွင့်လှစ်ပါက ထောက်ဒဏ်ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။ လိုင်စင်မဲ့ နိုင်ငံခြားသားဆရာဝန် ဆေးကုသမှုများကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု မြန်မာနိုင်ငံဆေးကောင်စီက သတိပေးချက်ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါဆေးကုခန်းများသည် မြန်မာနိုင်ငံဆေးတက္ကသိုလ်များမှ ဘွဲ့ရထားသော ဆရာဝန်တစ်ဦး၏ ဆမ(ဆရာဝန်မှတ်ပုံတင်)ကို အသုံးပြု၍ လိုင်စင်လျှောက်ထားပြီး ဆေးကုသမှု၌ လိုင်စင်မဲ့ နိုင်ငံခြားသားဆေးပညာရှင်များက ကုသမှုပေးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆေးခန်းရှေ့တွင် မြန်မာနိုင်ငံဆေးကောင်စီ၏ အသိအမှတ်ပြု မြန်မာဆရာဝန်များ၏ ဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး ဆေးခန်းအတွင်းသို့ဝင်လျှင် အနောက်တိုင်းဆေးများကို မှန်ဗီရိုကြီးများအတွင်း၌ ထည့်သွင်းပြသထားမည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် ကုသမှုပြုလုပ်ရာတွင် တရုတ်ဆေးဆရာများဖြစ်ပြီး အနောက်တိုင်းဆေးဝါးများကို အသုံးပြုသည်မဟုတ်ပါ။

“အောက်ထပ်မှာ ဆရာတို့ကို ပြင်ပလူနာကြည့်ဖို့ဆိုပြီးထားတယ်။ လူနာလာပြီဆိုတာနဲ့ အပေါ်ထပ်ကိုဆွဲတင်၊ ပြီးတော့ အဲဒီ အိစံကွား (တရုတ်ဆေးဆရာ)တွေနဲ့ ကုခိုင်းတာ။ ဘယ်လောက်တော်လဲ မတော်လဲပြောမယ်ဆိုရင် သွေးပေါင်ချိန် ၁၈၀ လောက်တက်နေရင် အိစံကွားတွေ ဘာမှမလုပ်တတ်တော့ဘူး။ အဲဒီကျမှ အောက်ထပ်က မြန်မာဆရာဝန်ဆီလာပြီး သွေးပေါင်ချပေးပါဦးပြောတယ်”ဟု အပျောက်ကုဆေးခန်းတစ်ခုတွင် နှစ်လကျော်အလုပ်လုပ်ခဲ့ဖူးသူ ဒေါက်တာမောင်မောင်အောင်က လွန်ခဲ့သောခြောက်လခန့်က အတွေ့အကြုံကိုပြောသည်။

ခေတ်မီစက်သစ်ကြီးများဟုဆိုရာတွင်လည်း အသည်းကြီး၍ အာထရာဆောင်းရိုက်ခိုင်းရာတွင် normal (ဘာမျှမရှိ)ဟု အဖြေပေးကြောင်း ဆေးခန်းတွင် တရုတ်ဆေးဆရာလေးဦး အပေါ်ထပ်၌ရှိကြောင်း၊ အောက်ထပ်ရှိ အနောက်တိုင်းဆေးများနှင့် မြန်မာဆရာဝန်များမှာ ဟန်ပြသက်သက်သာဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါအပျောက်ကုဆေးခန်းများကို စောင့်ကြည့်စစ်ဆေးနေသော်လည်း လစ်လျှင်လစ်သလိုလုပ်နေကြကြောင်း၊ သက်သေမရှိသောကြောင့် ပြုလုပ်၍မရကြောင်း၊ တွေ့ကြုံခဲ့လျှင် သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကပြောသည်။

“ဒီကိစ္စက လူတော်တော်များများ နစ်နာနေတဲ့ကိစ္စပါ။ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာကို ညှိနှိုင်းအကြောင်းကြားစာပို့ပြီးသားပါ။ အခုလိုရှိနေသေးတာကတော့ စစ်ဆေးအရေးယူမှုမှာ အားနည်းချက်တွေရှိနေတာကို ဖော်ပြတာပဲ”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အခြေခံကျန်းမာရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သော ဥပဒေများလိုအပ်နေပြီး ယခုကဲ့သို့ လိုင်စင်မဲ့ဆေးကုသသူနှင့် ဆေးခန်းဆိုင်ရာပြဿနာများမှာ မလိုလားအပ်သောကိစ္စရပ်များဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကျန်းမာရေးမြှင့်တင်မှုကော်မတီမှ အတွင်းရေးမှူး ဒေါက်တာနေလင်းကပြောသည်။

“ဒါတွေကို အာဏာပိုင်တွေက စံနမူနာအနေနဲ့ အရေးယူမှုတွေပြုလုပ်ဖို့လိုတယ်။ ဒါမှနောက်မလုပ်ရဲမှာ။ အခုဟာက အရေးယူမှုတွေ အားနည်းနေတယ်”ဟု ဒေါက်တာနေလင်းကပြောကြားသည်။

မြန်မာနိုင်ငံဆေးကောင်စီလက်မှတ်ရ အထူးကုဆရာဝန်ကြီးတစ်ဦးထိုင်သော ဆေးခန်းတွင် တစ်ကြိမ်သွားပြလျှင် ငွေကျပ်နှစ်သောင်းခန့်ကုန်ပါသည်။ အပျောက်ကုဆေးခန်းများတွင် လိုင်စင်မဲ့ဆေးကုသသူ၏ ကုသမှုက တစ်ကြိမ်လျှင် ငွေကျပ်တစ်သိန်းမှ ငါးသိန်းကျော်အထိ ကုန်ကျမည်ဖြစ်သည်။ ယုံကြည်စိတ်ချရမှုနှင့် ကုန်ကျငွေက နှိုင်းယှဉ်ကြည့်လျှင် ဆီနှင့်ရေ၊ မိုးနှင့်မြေကဲ့သို့ပင်။

“လိမ်စား၊ လုပ်စားနေကြတာ။ ဘာနဲ့တူသလဲဆိုတော့ ခြင်းထဲဝင်လာတဲ့ကြက်ကို ကုန်အောင်အမွေးနုတ်မယ်ဆိုတဲ့အတိုင်းပဲ”ဟု မသိနားမလည်သော လူနာများအပေါ် လိမ်လည်ပြုမူနေကြခြင်းကို ဒေါက်တာမောင်မောင်အောင်ကဝေဖန်လိုက်သည်။
ရေးသားသူ- ရဲနောင်

“ဤကြော်ငြာစာအုပ်ဖြင့် ဆေးကုခန်းသို့လာပါက စမ်းသပ်မှုအပိုင်း အခမဲ့၊ ကုသမှုအပိုင်း ၅၀ ရာခိုင်နှုန်း”ဟု ရေးသားထားသော ဆေးခန်းကြော်ငြာစာအုပ် ကိုင်ဆောင်ထားသည့် လူနာလေးငါးယောက် ရန်ကုန်တိုင်း လသာမြို့နယ် စဥ့်အိုးတန်းလမ်းရှိ ခေတ်မီဆေးကုခန်းအတွင်း၌ ဆေးကုသရန် အလှည့်စောင့်နေကြသည်။

နောက်ဆုံးပေါ် စက်ကိရိယာများ၊ ထူးချွန်သောပညာရှင်များ၊ ကျွမ်းကျင်သောဆရာဝန်များဖြင့် အော်တာနေးတစ်ဆေးပညာကို အသုံးပြု၍ နာတာရှည်ဖြစ်ပွားခံစားနေရသည့် ရောဂါများနှင့် ရောဂါအကြီးအသေးအားလုံးကို တစ်ကြိမ်တည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဆိုသောကြောင့် ယခုကဲ့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

“ဆေးထိုးတာတစ်သိန်း၊ သောက်ဆေးက လေးသိန်း။ နောက်ထပ် ခြောက်ရက်ဆက်တိုက် ဆေးထိုးရမယ်။ ဆယ်သိန်းကျော်လောက်တော့ ကုန်မယ်ပြောတယ်”ဟု ခေတ်မီဆေးခန်းတွင် ကုသမှုခံယူခဲ့သူ မမိုးမိုးကပြောသည်။

ပြည်သူ့ချန်ပီယံအသင်းမှ ကြယ်တစ်ပွင့်

Photo: ပြည်သူ့ချန်ပီယံအသင်းမှ ကြယ်တစ်ပွင့်
------------
ရေးသားသူ- အေးမွန်ရာပြည့်

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်သူ့အချစ်တော် မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ပရိသတ်များအာရုံကို ထူးထူးခြားခြား ညှို့ယူဖမ်းစားနိုင်ခဲ့သူတစ်ဦးရှိခဲ့ပါသည်။ သူက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာအသင်း၏ ကစားကွက်များကို ကွင်းလယ်မှ ပုံဖော်ပေးနေသူဖြစ်သည်။ ထိုင်းနှင့်ပွဲမှအပ ကျန်ပွဲစဉ်တိုင်းတွင် မြန်မာအသင်း၏ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းကစားနိုင်ခဲ့ပြီး ဆီးဂိမ်းပွဲစဉ်လေးပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်များ ဂိုးသွင်းယူနိုင်ရန်အတွက်လည်း ဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ 

အသင်းသားအားလုံးနီးပါးမှာ ကျားကျားလျားလျားဟန်ပန်များကြား အမျိုးသမီးတစ်ဦး၏ ဟန်ပန်ရှိသူ၊ အသားအရေဖြူဝင်းပြီး ဆံရှည်လေးဖြင့် ချစ်စဖွယ်အသွင်ရှိသူ၊ နုနယ်ဟန်ရှိသော်လည်း အမျိုးသားတစ်ဦးကဲ့သို့ စွမ်းဆောင်နိုင်သည့် သူမကို မြန်မာဘောလုံးပရိသတ်များက ထူးထူးခြားခြားအားပေးခဲ့ကြသည်။

ပြိုင်ဘက်အသင်းဖြစ်သော ထိုင်းနိုင်ငံဘောလုံးအသင်း၏မန်နေဂျာ ဒေါက်တာချန်ဗစ်ပိုချီဝင်းကပင် သူ၏နည်းစနစ်၊ ကြံ့ခိုင်မှု၊ ရွေ့လျားပုံများကို အလွန်ကောင်းမွန်ပြီး ပါးနပ်ကြောင်း လက်မတစ်ထောင်ထောင်နှင့် ချီးကျူးခဲ့သည်။

သူမသည် ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရခဲ့သော မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား ကျောနံပါတ်(၇) ၀တ်ဆင်သည့် သန်းသန်းထွေးပင်ဖြစ်ပါသည်။

မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းတွင် ကျင်းပသည့် အမျိုးသမီးဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် သန်းသန်းထွေး၏ အားကြိုးမာန်တက်ကစားနေပုံများက
ဘောလုံးပွဲတစ်ခါမှ မကြည့်ဖူးသူများနှင့် ဘောလုံးအားကစားနည်းမကြိုက်သူများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် စတင်သော အဖွင့်ပွဲစဉ်မှ ၂၀ ရက် တတိယနေရာလုပွဲစဉ်အထိ ဆယ်ရက်အတွင်း ဘောလုံးပွဲလေးပွဲစလုံးတွင် အချိန်ပြည့်မနားတမ်း၊ မမောတမ်း ကစားသွားနိုင်သည့် သန်းသန်းထွေးမှာ မြန်မာပြည်တွင်းနေထိုင်သူ အမျိုးသမီး၊ အမျိုးသား၊ ကလေးလူကြီးအများစု၏ တစ်ခဲနက်အားပေးမှုကို သိမ်းကျုံးရယူသွားသည်။

တကယ်တော့ သန်းသန်းထွေးသည် မြန်မာအမျိုးသမီးဘောလုံးသမားဘ၀အဖြစ် ဖြတ်သန်းလာသည်မှာ ဆယ်စုနှစ်တစ်စုကျော်ပင် ရှိနေပြီဖြစ်သည်။ 

သို့သော် မြန်မာနိုင်ငံအတွင်း ပြုလုပ်သည့် ၂၀၁၃ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှသာ မြန်မာအသင်းမှာ ပရိသတ်ထောင်ပေါင်းများစွာရှေ့တွင် ကစားခွင့်ရခဲ့သည့်အတွက် ယခုအချိန်မှ ပရိသတ်များ ၎င်းကို အနီးကပ်အားပေးခွင့်ရရှိခဲ့ခြင်းပင်။

“ဒီမှာ အိမ်ရှင်အဖြစ်ကျင်းပတာ မကြုံဘူးတော့ ဒီလောက်ပရိသတ်ကြီးရှေ့မှာ တစ်ခါမှမကန်ဖူးဘူး။ ၂၀၀၇ တုန်းကတော့ အိမ်ရှင်လုပ်လိုက်ပေမယ့် ခုလိုတစ်နိုင်ငံလုံးလည်းမပြနိုင်တော့ လူသိပ်မသိလိုက်ဘူး။ အခုဟာကတော့ အမျိုးသမီးတစ်သင်းလုံးကို အားပေးကြတာ တစ်နိုင်ငံကို အုန်းအုန်းကျွက်ကျွက်ပဲ”ဟု မသန်းသန်းထွေးကပြောသည်။

မသန်းသန်းထွေးကို ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးရှိ ဗောဓိကျေးရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးမိဘနှစ်ပါးက မွေးဖွားခဲ့သည်။ မိန်းကလေးလေးဦး၊ ယောက်ျားလေးနှစ်ဦးရှိပြီး မွေးချင်းခြောက်ယောက်အနက် ငါးယောက်မြောက်သမီးဖြစ်သည်။

ကျေးရွာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားစဉ် အသက်(၁၂)နှစ်ခန့် အရွယ်ကတည်းက ညနေကျောင်းဆင်းချိန်တိုင်း ယောက်ျားလေးသူငယ်ချင်းများအကြား ၀င်ရောက်ကာ ဘောလုံးကန်လေ့ရှိသည်။ ထိုအချိန်ကတည်းက ဘောလုံးအသံကြားလျှင် ထမင်းစားနေရင်းတန်းလန်းကပင် ပြေးသွားတတ်သည့် မသန်းသန်းထွေးအား မိဘများနှင့် မွေးချင်းမောင်နှမများက ဘောလုံးကစားခြင်းမှာ မိန်းကလေးတစ်ယောက်လုပ်ရမည့် အလုပ်မဟုတ်ဟုဆိုကာ မကြာခဏဆူပူခံရလေ့ရှိသည်။

တစ်ကြိမ်တွင် ၎င်းနှင့် ညီမ၀မ်းကွဲတို့ အိမ်မှဝယ်ခိုင်းသည့် ပစ္စည်းတစ်ခုဝယ်ရန် အမေဖြစ်သူက အပြင်သို့ခိုင်းစဉ် ကရင်ရွာများအလိုက် ကျင်းပနေသည့် အမျိုးသမီးဘောလုံးပွဲနှင့် ကြုံကြိုက်၍ ၀တ်လာသည့် ဂါဝန်ကိုချွတ်ကာ အောက်ခံကွာတားဘောင်းဘီဖြင့် ၀င်ကစားသည်အထိ ဘောလုံးပိုးဝင်ခဲ့သည်။ အစ်မဖြစ်သူက ဂါဝန်ချွတ်ဘောလုံးကန်၍ ညီမကရှက်ကာ အိမ်သို့ပြန်တိုင်သဖြင့် ကြိမ်းမောင်းခံခဲ့ရခြင်းဖြစ်စဉ်မှာ ဘ၀တွင် အမှတ်အရဆုံးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်ဟု မသန်းသန်းထွေးက ပြန်ပြောင်းပြောသည်။

“အစက အိမ်က ဒီအလုပ်ကို မိန်းကလေးတစ်ယောက်နဲ့ မသင့်တော်ဘူးဆိုပြီး လုံးဝပေးမလုပ်ဘူး။ သူတို့ပြောလည်း ကိုယ်က သိပ်အာရုံထဲမှာမထားဘူး။ ဘောလုံးပွဲတွေ့တိုင်း ၀င်ကစားတာပဲ။ စိတ်ကတအားထက်သန်နေတော့ နောက်ဆုံးမှာ အိမ်ကမနိုင်တော့လို့ လုပ်ခွင့်ပြုလိုက်ရတာ”ဟု သန်းသန်းထွေးက ဘောလုံးကစားသမားဖြစ်လာရသည့်အကြောင်းကို ရယ်မောရင်းပြောသည်။

ယခုကဲ့သို့ နိုင်ငံ့လက်ရွေးစင် အမျိုးသမီးဘောလုံးသမားတစ်ဦးဖြစ်လာရန် သန်းသန်းထွေး ဖြတ်သန်းလာခဲ့ရသည့်အဆင့်များက မနည်းမနောပေ။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင်များမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အဖြစ် တစ်ဆင့်ချင်းတက်ခဲ့ရခြင်းဖြစ်သည်။ အားကစားတွင်အာရုံစိုက်ခဲ့ပြီး ပညာရေးတွင်မူ ၁၀ တန်းဖြင့် တစ်ပိုင်းတစ်စရပ်ခဲ့သည်။

ပထမဆုံးနိုင်ငံတကာပွဲဖြစ်သည့် ၂၀၀၁ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမလက်ရွေးစင် ၃၀ဦးထဲတွင် ရွေးချယ်ခံခဲ့ရသော်လည်း နောက်ဆုံးရွေးချယ်မှုအဆင့်တွင် ပြုတ်ကျန်ခဲ့သည်။

လက်ရွေးစဉ်တွင် အရွေးမခံရသော်လည်း ဆက်လက်ကြိုးစားခဲ့ရာ ထိုနှစ်တွင်ပင် (၁၉)နှစ်အောက် နိုင်ငံတကာပြိုင်ပွဲ၌ ပထမဆုံးအကြိမ် နိုင်ငံကိုယ်စားပြုကစားသမားအနေဖြင့် စတင်ပါဝင်ခွင့်ရခဲ့သည်။

အသက်(၂၇)နှစ်အရွယ် သန်းသန်းထွေးသည် ၂၀၀၁ ခုနှစ်မှ လက်ရှိအချိန်ထိ နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးသမားတစ်ဦးအနေဖြင့် နိုင်ငံတကာပွဲပေါင်း ၈၀ ခန့် ပါဝင်ကစားခဲ့ပြီး ဖြစ်သည်။ နိုင်ငံအလိုက် ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြုကစားကာ အမိနိုင်ငံအမျိုးသမီးဘောလုံးအသင်းအတွက် အာဆီယံရွှေဆုနှစ်ဆု၊ ဆီးဂိမ်းပြိုင်ပွဲများတွင် ငွေဆုနှင့် ကြေးဆုနှစ်ခုစီ၊ စုစုပေါင်းဆုတံဆိပ်ခြောက်ဆု ရယူပေးထားသည်။

ဘောလုံးကွင်းအတွင်းတွင်သာမကဘဲ ကွင်းပြင်ပတွင်ပါ လူတော်တစ်ယောက် အမြဲဖြစ်ချင်သည့်စိတ်ကြောင့် ကွင်းတွင်းနှင့် လေ့ကျင့်ခန်းလုပ်ရာတွင်လည်း
ပွဲရည်ရွယ်ချက်ရှိရှိနှင့်သာ အရာရာကို ကြိုးစားလုပ်ဆောင်သည်။ မိမိကိုယ်ကိုယ်သာ ပြိုင်ဘက်အဖြစ်ခံယူပြီး အမြဲကြိုးစားလေ့ရှိသည်။

ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သူ မသန်းသန်းထွေးသည် ကွင်းတွင်းစိတ်ဓာတ် အင်မတန်ကောင်းမွန်သည့် အမျိုးသမီးဖြစ်ပြီး နိုင်ချင်စိတ်လည်း အပြည့်ရှိသူဖြစ်ကြောင်း၊ နိုင်ငံလက်ရွေးစင်အသင်းဖော်များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း မြန်မာအမျိုးသမီးအသင်းမှ လက်ထောက်နည်းပြဖြစ်သူ ဒေါ်သက်သက်ဝင်းက မှတ်ချက်ပြုပြောကြားသည်။

“သူက တအားအရယ်သန်တယ်။ ဟာသတစ်ခုခု ရှေ့မှာလုပ်ပြရင် ရယ်လို့ကိုမပြီးတော့ဘူး။ ပျော်တတ်ပါတယ်။ သူ့ပုံလေးက လုံးလုံးလေးမို့ တစ်သင်းလုံးက သူ့ကို ဘူးသီးလို့ ချစ်စနိုးခေါ်ကြတယ်”ဟု ဒေါ်သက်သက်ဝင်းက တပည့်ဖြစ်သူနှင့်ပတ်သက်ပြီး ပြောသည်။ ဘောလုံးကစားရင်း သူအားကျသော ကစားသမားများမှာ ပြည်ပတွင် စီရော်နယ်ဒို၊ ပြည်တွင်း၌ ကျော်ကိုကိုဖြစ်သည်။

ဘောလုံးကွင်းအတွင်းတွင် ကြမ်းကြမ်းတမ်းတမ်းနှင့် ကစားနေရသော်လည်း ကွင်းပြင်ပတွင်မူ သာမန်မိန်းကလေးတစ်ယောက် နေထိုင်ပုံ၊ ၀တ်စားပုံအတိုင်းသာ နေထိုင်ပြီး ၀တ်စားပုံစမတ်ကျလွန်းသည့် မိန်းကလေးများကို တွေ့လျှင်လည်း တစ်ခါတစ်ရံ အားကျမိသည်ဟု မသန်းသန်းထွေးကဆိုသည်။

“မိန်းကလေးတွေ လှလှပပလေးဝတ်ရင် ကိုယ်လည်းအားကျတယ်။ ဒါပေမဲ့ ကိုယ်လုပ်နေရတဲ့အလုပ်က အဲဒီလို နူးနူးညံ့ညံ့လုပ်ရတဲ့အလုပ်မှ မဟုတ်တာဆိုပြီး ပြန်တွေးလိုက်ရတဲ့အခါတွေလည်းရှိတယ်”ဟု ရှေ့ဆံပင်များအားလုံးကို ဘီးကုပ်ပန်းရောင်ဖြင့် အပြောင်သိမ်းကာ မျက်နှာတွင် သနပ်ခါးရေကျဲကိုသာ ပွတ်လိမ်းထားသည့် မသန်းသန်းထွေးကပြောသည်။

ပြောဆိုနေရင်း လက်သည်းဆိုးဆေးပန်းရောင်ဆိုးထားသည့် ၎င်း၏ ဘယ်ဘက်လက်ချောင်းလေးများကို ငုံ့ကြည့်နေသည်။ ညာဘက်တွင်တော့ လက်သည်းဆိုးဆေးဆိုးထားခြင်းမရှိပါ။

လူငယ်သဘာဝ ငယ်စဉ်က ရည်းစားတစ်ယောက် ထားခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူမရှိသေးဟု သန်းသန်းထွေးကပြောသည်။

“အခုချိန်မှာ တစ်ကိုယ်တည်းပါပဲ။ အချစ်ရေးဘာမှမစဉ်းစားသေးဘူး။ အဲဒီဟာတွေအတွက် သိပ်လည်းအာရုံမရှိဘူး။ အိမ်ထောင်ပြုဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။

အချစ်ရေး၊ အိမ်ထောင်ရေးဘက် မလှည့်နိုင်သေးသော်လည်း သူ့ဘ၀ရှေ့ရေးအတွက်တော့ စဉ်းစားစရာများ တစ်ပုံတစ်ပင်ပင်။ ယခုဆီးဂိမ်းပြိုင်ပွဲပြီးလျှင် သူ့မဘ၀အတွက် အဆုံးအဖြတ်ရွေးချယ်ရမည့် လမ်းဆုံတွင် ရောက်ရှိနေသည်။

ဆီးဂိမ်းပွဲပြီးလျှင် မိခင်ရေကြောင်းပို့ဆောင်ရေးဌာနနှင့် ဘောလုံးအဖွဲ့ချုပ်နှစ်ခုအနက် တစ်ဖက်ဘက်သို့ အပြီးတိုင်ပြောင်းရွှေ့ရန် မိခင်ဌာနက ဖိအားပေးနေသည်။ အသက်အရွယ် အချိန်ပိုင်းတစ်ခုအတွင်းသာ ကစားနိုင်မည့် ချစ်မြတ်နိုးလှသည့် ဘောလုံးကစားနည်းနှင့် ရေရှည်ဝင်ငွေနှင့် အလုပ်အကိုင်တစ်ခုကိုပေးနိုင်မည့် အစိုးရ၀န်ထမ်းဘ၀ နှစ်ခုအနက် တစ်ခုကို အပြီးရွေးချယ်ရတော့မည်ဖြစ်သည်ဟု မသန်းသန်းထွေးက ၎င်း၏အခက်အခဲကိုပြောပြသည်။ သို့သော် ယခုအချိန်ထိ ဘာဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေး . . . 

“တစ်ခါတလေ ဘောလုံးချည်းကစားနေရတာ နှစ်ကြာလာတော့လည်း တစ်ခါတစ်ရံငြီးငွေ့မှုဖြစ်မိတယ်။ ဒါပေမဲ့လည်း ကိုယ်က ဒီအလုပ်ပဲ ကောင်းကောင်းလုပ်တတ်တာ။ ရုံးမတက်ရတော့ ရုံးပိုင်းဆိုင်ရာတွေကိုလည်း ကောင်းကောင်းမသိဘူး။ လူကြီးတွေအချင်းချင်းတော့ ညှိပေးမယ်တော့ပြောတယ်။ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး”ဟု မသန်းသန်းထွေးကပြောသည်။ ထိုသို့ ဘ၀အနာဂတ်အရေးနှင့်ပတ်သက်ပြီး ငေးမောစွာပြောနေစဉ်အချိန်၌ ပြိုင်ဘက်၏ကွင်းလယ်ကို ထိန်းချုပ်သော ကွင်းလယ်ဗိုလ်ချုပ် ကျောနံပါတ်(၇) အမျိုးသမီးဘ၀ပုံစံနှင့် များစွာကွာခြားနေသည်။

လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာနတွင် အကြီးတန်းစာရေးဖြစ်သည့်အတွက် လစာ ၁၁၀၀၀၀ ကျပ်၊ လက်ရွေးစင်ဘောလုံးကစားသမား ရွေးချယ်ခံထားစဉ် လစာသုံးသိန်းရသည်။

သူမ ဘောလုံးဆက်ကန်သည်ဖြစ်စေ၊ မကန်သည်ဖြစ်စေ မြန်မာပရိသတ်များ၏ ရင်ဘတ်ထဲတွင်တော့ မသန်းသန်းထွေးတစ်ယောက်က နက်နက်ရှိုင်းရှိုင်း ၀င်ရောက်နေရာယူထားပါပြီ။

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာတို့ အမြဲဂုဏ်ယူနေမည့် အခိုက်တန့်ဖြစ်သော သုံးနာရီကျော်ကြာ ရေကုန်ရေခန်းယှဉ်ပြိုင်ခဲ့သည့် သမိုင်းဝင် မြန်မာ-ထိုင်းအမျိုးသမီးပွဲစဉ်မှ မြန်မာအသင်းကစားသမားတစ်ဦးအဖြစ် မှတ်တမ်းကောင်းကိုလည်း ရေးထိုးနိုင်ခဲ့ပါပြီ။

ဓာတ်ပုံ- ညီညီဇော်
ရေးသားသူ- အေးမွန်ရာပြည့်

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်သူ့အချစ်တော် မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ပရိသတ်များအာရုံကို ထူးထူးခြားခြား ညှို့ယူဖမ်းစားနိုင်ခဲ့သူတစ်ဦးရှိခဲ့ပါသည်။ သူက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာအသင်း၏ ကစားကွက်များကို ကွင်းလယ်မှ ပုံဖော်ပေးနေသူဖြစ်သည်။ ထိုင်းနှင့်ပွဲမှအပ ကျန်ပွဲစဉ်တိုင်းတွင် မြန်မာအသင်း၏ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းကစားနိုင်ခဲ့ပြီး ဆီးဂိမ်းပွဲစဉ်လေးပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်များ ဂိုးသွင်းယူနိုင်ရန်အတွက်လည်း ဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။

အသင်းသားအားလုံးနီးပါးမှာ ကျားကျားလျားလျားဟန်ပန်များကြား အမျိုးသမီးတစ်ဦး၏ ဟန်ပန်ရှိသူ၊ အသားအရေဖြူဝင်းပြီး ဆံရှည်လေးဖြင့် ချစ်စဖွယ်အသွင်ရှိသူ၊ နုနယ်ဟန်ရှိသော်လည်း အမျိုးသားတစ်ဦးကဲ့သို့ စွမ်းဆောင်နိုင်သည့် သူမကို မြန်မာဘောလုံးပရိသတ်များက ထူးထူးခြားခြားအားပေးခဲ့ကြသည်။

ပြိုင်ဘက်အသင်းဖြစ်သော ထိုင်းနိုင်ငံဘောလုံးအသင်း၏မန်နေဂျာ ဒေါက်တာချန်ဗစ်ပိုချီဝင်းကပင် သူ၏နည်းစနစ်၊ ကြံ့ခိုင်မှု၊ ရွေ့လျားပုံများကို အလွန်ကောင်းမွန်ပြီး ပါးနပ်ကြောင်း လက်မတစ်ထောင်ထောင်နှင့် ချီးကျူးခဲ့သည်။

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ


ရက်သတ္တပတ်တစ်ခုစာ အိပ်ရေးပျက်လျှင်ပင် စိတ်ဖိစီးမှု၊ ခုခံအား၊ရောင်ရမ်းမှုဖြစ်စဉ်များကို ထိန်းချုပ်သော မျိုးဗီဇများ၏ လုပ်ငန်းများ ချွတ်ယွင်းကုန်သည်။
အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများမှာ
- နေ့ညဇီဝစက်ဝန်း မမောက်ကမဖြစ်ခြင်းကြောင့် သွေးဖြူဥလုပ်ငန်းများ ချွတ်ယွင်းပြီးခုခံအားလျော့ကျသည်။
- အိပ်ရေးပျက်လျှင်ဦးနှောက်၏ ကြိုတင်မှန်းဆတတ်သော လုပ်ငန်းများကို အဆပေါင်းများစွာ ဖြစ်ပေါ်စေသောကြောင့် စိုးရိမ်စိတ်လွန်ကဲတတ်သည်။
- အိပ်ရေးပျက်ခြင်းကြောင့်စိတ်တည်ငြိမ်စေရန် ထိန်းချုပ်ပေးသော ဓာတုပစ္စည်းများ ကျဆင်းပြီး စိတ်ဓာတ်ကျတတ်သည်။
- အလွန်အကျွံအိပ်ရေးပျက်ပါက စဉ်းစားနိုင်စွမ်း၊ သတင်းအချက်မှတ်သားနိုင်စွမ်း ကျဆင်းပြီး မှတ်ဉာဏ် ထိခိုက်တတ်သည်။
- တစ်နေ့လျှင် ငါးနာရီမှ ခြောက် နာရီထက်လျော့နည်းစွာ အိပ်သူများသည် သွေးတိုးရောဂါ ခံစားရနိုင်ချေ များပြားသည်။
- အိပ်ပျော်သည့်အခါ သွေးပေါင်ချိန် တဖြည်းဖြည်းကျသည်။ အိပ်ရေးပျက်ခြင်းကြောင့် ညအချိန် သွေးပေါင်ပြန် မကျတော့သည့်အခါ ရေရှည်တွင် နှလုံးရောဂါရစေသည်။
- အိပ်ရေးမ၀လျှင် ဖိစီးမှုဟော်မုန်းများထွက်လာပြီး အင်ဆူလင်ယဉ်ပါးမှု (insulin resistance) မြင့်တက်စေသောကြောင့် ဆီးချိုသွေးချို တက်လာစေသည်။

ပုဂ္ဂလိကကျောင်းက ကလေးတစ်ဦးထိခိုက်မှုအတွက် တာဝန်ယူမှုပျက်ကွက်စွပ်စွဲ


Written by  ဇော်ဇော်ထွေး ရန်ကုန်၊ မဇ္ဈိမ။    ။ကျောင်းအတွင်း ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လုံလောက်သော တာဝန်ယူဆောင်ရွက်မှုကို Horizon ပုဂ္ဂလိကကျောင်းက ပျက်ကွက်ခဲ့သည်ဟု ကာယကံရှင် မိသားစုက ဒီဇင်ဘာ ၂၅ တွင် မီဒီယာများသို့ အသိပေးပြောဆိုလိုက်သည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းအတွင်း ကလေးတစ်ဦး မတော်တဆမှုတစ်ခုတွင် ကျောင်းက တာဝန်ယူဆောင်ရွက်ပေးမှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် အလုံလမ်း jasper house ကော်ဖီဆိုင်တွင် သတင်းမီဒီယာများဖြင့် တွေ့ဆုံပြီး အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကလေးထိခိုက်ခဲ့မှုအတွက် အကျိုးအသင့် အကြောင်းသင့် ရှင်းမပြကြဘူး၊ ပြီးတော့ သူတို့ပြောထားတဲ့ ဆေးဝါးကုသစောင့်ရှောက်မှု အပြည့်အဝမရဘူး၊ တာဝန်ယူဖြေရှင်းဆောင်ရွက်မှုမရှိတဲ့အပြင် ကလေးထိခိုက်တာကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီဖြစ်စဉ်တွေကြောင့် ဒီကျောင်းအပေါ် ယုံကြည်မှု လျော့နည်းသွားပါပြီ” ဟု ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးသန့်စင် က ပြောသည်။
ဖြစ်စဉ်တွင် အသက် ၃ နှစ်ကျော်အရွယ်ရှိ သမီးငယ်ဖြစ်သူမှာ ကျောင်းတွင် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာတွင် ကျောင်းဘက်က မိဘများသို့ ခြေချော်လဲသဖြင့် ထိခိုက်မိကြောင်း သာမာန်အတိုင်းသာ ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် သူနာပြုတစ်ဦးထားရှိပြီး ပြုစုကုသမှုပေးသည်ဟု ကတိပြုထားသော်လည်း သူနာပြုဆရာမ မရှိဘဲ ဆရာမကသာလျှင် အနာအားရေဆေးပြီး ဘီတာဒိုင်းဆေးရည်သာ လိမ်းပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။
အဆိုပါ ကလေးငယ်မှာ ကျောင်းကစားကွင်း လျောပေါ်မှာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသော်လည်း မည်ကဲ့သို့ပြုတ်ကျခဲ့ကြောင်းကိုပင် ရှင်းပြနိုင်မှုမရှိကြောင်းနှင့် ကလေးငယ်၏ ညာဘက်မျက်ခုံးစွန်းတောင့်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

စမ်းတဝါးဝါး ပညာရေးမြှင့်တင်မှု


ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်နေသော အစိုးရသစ် လက်ထက် အရှိန်အဟုန် ပြင်းစွာနှင့် ပြင်ဆင်နေသည့် ပြန်တမ်းဝင် အရာရှိများ၏ ပညာရေး မြှင့်တင်မှု စီမံကိန်းများသည် ကလေးသူငယ်များနှင့် လက်တွေ့ ထိတွေ့ သင်ကြားနေရသူ ဆရာ ဆရာမများ၊ စီမံခန့်ခွဲရေး တာဝန်ရှိသူများနှင့် အဆင့်မြင့်ပညာရေး သုတေသန ပညာရှင်များအတွက် ထင်သလောက် ခရီးမပေါက်ခဲ့ချေ။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြိမ်ကြိမ် ပြောင်းလဲခဲ့သော ပညာရေး ပြုပြင်မှုများကို ယုံကြည်မှု မဲ့လာသော ပညာရေး အသိုင်းအဝိုင်းက အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှု လုပ်ငန်း များကြောင့် ပညာရေးစနစ် ထပ်မံ မနိမ့်ကျသွားရန် အငြိမ်းစား ပညာရေး ဝန်ထမ်းများ၊ ပြင်ပ ပညာရှင်များက အပြိုင်အဆိုင် သုံးသပ် ထောက်ပြကြသည်။
အစိုးရ၏ နှစ်ပေါင်းများစွာ ပညာရေး အသုံးစရိတ်ကို အနည်းဆုံး ခွဲဝေပေးခြင်း၏ ရလဒ်ကြောင့် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ၊ လူမှု စီးပွားရေး အပါအဝင် စာသင်ကျောင်းများ၏ အသွင်အပြင်၊ သင်ရိုးညွှန်းတမ်း အားလုံးမှာ ဒေသတွင်း နိုင်ငံများအကြား မျက်နှာငယ်ကြရသည်။

အသုံးစရိတ် မရသောကြောင့် အမိုး၊ အကာ မလုံခြုံသော စာသင်ကျောင်းများ၊ ဘဝအာမခံချက် မပေးထားသော ပဋိပက္ခ ဒေသများနှင့် ဝေးလံခေါင်သီသော ဒေသများမှ အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခြေအနေတို့ကို ဥပမာပေးပြီး လက်ရှိ ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို အား မရသေးကြောင်း၊ အဆင့်မြင့်ကဏ္ဍတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ပေါက်ရန် တောင်းဆိုမှုမှာလည်း ရှုပ်ထွေးနေသော စီမံခန့်ခွဲမှုကြောင့် သီးခြားခွဲထုတ် မရသည့် အခြေအနေ ဖြစ်နေကြောင်း အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှုတွင် ပါဝင်နေသူများက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

Photo: ၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

အငြင်းပွားနေသောပုဒ်မ ၁၈၊ ၅၀၅ (ခ) စသည်တို့ ပြင်ဆင် ဖျက်သိမ်းပေးရန် အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့ ၅၉ ဖွဲ့တို့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား သုံးရာခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားကြောင်း ၈၈ မျိုးဆက်ကျောင်းသား ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံရေး ဖိနှိပ်မှုများ မပြုလုပ်ရန်၊ နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများကို ပြင်ဆင် ဖျက်သိမ်းပေးရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် တရားစွဲဆိုဆဲ အမှုများကို ဖျက်သိမ်းပေးရန် တို့ကို ဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် တောင်းတဲ့အတွက် အာဏာပိုင်တွေကလည်း ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက The Voice သို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့် ပြုမပြုကို ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြောင်းပြန်မည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အချိန်တွင် နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီး ထောင်ချခံရသော နိုင်ငံရေးသမား ၄၀ ရှိပြီး တရားစွဲဆိုခြင်း ခံထားရသူပေါင်း နှစ်ရာကျော် ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ပြောဆိုသည်။

အခြေခံဥပဒေနှင့် ရှေ့နောက်မညီ ဖြစ်နေသည့် ပုဒ်မဟု ပြည်တွင်းပြည်ပက ဝေဖန်ခံထားရသည့် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈) ကို လာမည့် ဇန်နဝါရီ လွှတ်တော် အစည်းအဝေး များတွင် ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားထားသည်။

၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဖြစ်ပွားစေသည့် ကိစ္စများအနက် တစ်ခုဖြစ်သည့် လောင်စာဆီဈေး မြင့်တက်မှုကို ဆန္ဒပြမှုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

အငြင်းပွားနေသောပုဒ်မ ၁၈၊ ၅၀၅ (ခ) စသည်တို့ ပြင်ဆင် ဖျက်သိမ်းပေးရန် အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့ ၅၉ ဖွဲ့တို့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား သုံးရာခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားကြောင်း ၈၈ မျိုးဆက်ကျောင်းသား ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံရေး ဖိနှိပ်မှုများ မပြုလုပ်ရန်၊ နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများကို ပြင်ဆင် ဖျက်သိမ်းပေးရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် တရားစွဲဆိုဆဲ အမှုများကို ဖျက်သိမ်းပေးရန် တို့ကို ဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြို့လယ်ကောင် တရားမဝင် အနှိပ်ခန်း ဖွင့်သူ ၁၃ဦး ဒဏ်ငွေတစ်ထောင်စီ ချမှတ်


မန္တလေး၊ ဒီဇင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စကြနွယ်စဉ် ရပ်ကွက် ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ HAWEII SPA အလှပြင်ဆိုင်တွင် တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသူ ၁၃ ဦး ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ မြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ တစ်ထောင်ကျပ်စီ ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တရားမဝင် အနှိပ်ခန်း ဦးစီးလုပ်ကိုင်သူ ဦးမင်းသန့်နှင့် အနှိပ်နှိပ်သူ ၁၂ ဦး တို့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မဟာအောင်မြေ မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာကြီး အမှတ် ၁၇၆၂/၂၀၁၃ ဖြင့် မြို့နယ် တရားသူကြီးက လက်ခံစစ်ဆေးပြီး ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"အနှိပ်ခန်း တွေကတော့ အစားစားပဲ။ ဟိုတယ်တွေ မှာလည်း ရှိတယ်၊ အလှပြင်ဆိုင် တွေမှာ ခေါင်းလျှော်ပြီး နှိပ်ပေးတဲ့ အနှိပ်ခန်းတွေ ရှိတယ်၊ နောက်ပြီး ကိုယ့်အချိတ်အဆက်နဲ့ ကိုယ် လိင်ဆက်ဆံလို့ ရတဲ့ အနှိပ်ခန်း တွေလည်း ရှိတယ်" ဟု အနှိပ်ခန်းများကို သွားလေ့ရှိသူ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၂၂ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်


မော်လမြိုင်၊ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန် သင်းခွေချပ်များ မှောင်ခို တင်ဆောင်လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ်-မြိတ် ရွှေလီရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။

သင်းခွေချပ် ၄၈ ကောင်ကို မှောင်ခို သယ်ဆောင်လာသည့် ယာဉ်နှင့် လူကို ပေါင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယာဉ်ပေါ့ဆစွာ မောင်းနှင်မှုဖြင့် ပေါင်ရဲစခန်းတွင် အမှုဖွင့်သွားမည့်အပြင် တိရစ္ဆာန်များ မှောင်ခိုသယ်ခြင်း ကြောင့် သစ်တောဦးစီး ဌာနကလည်း သစ်တောဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ပေါင်မြို့နယ် စခန်းမှူးက ဆိုသည်။

"မှန်လုံကားက လူတွေတော့ ဒဏ်ရာ တစ်ယောက်မှမရဘူး၊ ရန်ကုန်ကား ပြောင်းစီးသွားကြတယ်။ ကားအဖြူကို ကြည့်တော့ သင်းခွေချပ်တွေကို အိတ်နဲ့ထုပ်ပြီး တင်လာတဲ့ ကားဖြစ်နေတယ်၊ အဲ့ဒီ ကားသမားက ခြေထောက် ထိသွားလို့ ဆေးရုံတင် လိုက်ရတယ်" ဟု ကျွဲခြံ-ရွာသစ်ပိုင်း နေသူ မျက်မြင် ဦးအောင်ဌေးက ဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ် နယ်စပ်မြေ ကျူးကျော်ခံရမှု တပ်မတော်တွင် တာဝန်ရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပြောကြား

Photo: မြန်မာ-အိန္ဒိယနယ်စပ် နယ်စပ်မြေ ကျူးကျော်ခံရမှု တပ်မတော်တွင် တာဝန်ရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပြောကြား

တမူး၊ ဒီဇင်ဘာ၂၄

မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွား နယ်မြေတွင် အိန္ဒိယနိုင်ငံ၏ ကျူးကျော်ခံရမှုအတွက် တပ်မတော်တွင် တာဝန်အပြည့်အဝ ရှိကြောင်း တမူး၊ ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့တို့ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဒီဇင်ဘာလ  ၂၄ ရက်နေ့တွင် တမူးမြို့၌ ပြုလုပ်သော ယင်းနယ်မြေ ကျူးကျော်မှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားသည်။
“ကျွန်တော်တို့ တပ်မတော်ကို အပြည့်အဝ အားကိုးတယ်။ ဆက်လက်ပြီး ကျူးကျော် မခံရဖို့အတွက် တပ်မတော်မှာ တာဝန်ရှိတယ်” ဟု အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်မှ ဦးကျော်သက်ဝင်းက ဆိုသည်။

မိမိတို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားများအား မုန်းတီး၍ ပြုလုပ်ခြင်း မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးမခံလိုခြင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေအား လေးစားလိုက်နာ စေလို၍ ဖြစ်ကြောင်း တမူး လူငယ်ကွန်ရက်မှ ဦးယဉ်ကိုဦးက ဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲကို တမူးမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများထံမှ သိရသည်။
“ဒီကိစ္စက နိုင်ငံရဲ့ အရေးကိစ္စဖြစ်တော့ နိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါဝင်တာပါ။ အားလုံး ၇၅ ယောက်ပါပါတယ်” ဟု ယင်းပါတီဝင် တမူးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ပြောကြားသည်။

နှစ်နိုင်ငံ အငြင်းပွားနယ်မြေအဖြစ် သတ်မှတ်ထားသော နယ်စပ်နယ်နိမိတ် မှတ်တိုင် BP 77-78 ကြားတွင် (Integrated Check Post –ICP) ရုံးတည်ဆောက်ရန် မြေပြုပြင်နေခြင်းနှင့် ပတ်သက်၍ တမူး လူငယ်ကွန်ရက်နှင့် အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်တို့မှ ဦးဆောင်ကာ တမူး၊ ကလေး၊ ကလေးဝ၊ မင်းကင်းမြို့ ဒေသခံတို့မှ ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်ပြီး နယ်စပ် ဂိတ်အမှတ် (၁) ရှိရာ နန်းဖာလုံဈေးရှေ့မှ စတင်ကာ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုကြပြီး မြန်မာ-အိန္ဒိယ ချစ်ကြည်မှု မပျက်ပြားစေရေး၊ မြန်မာနိုင်ငံ နယ်နိမိတ် ကျူးကျော်မှု ရပ်ဆိုင်းရေး၊ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေ လေးစားလိုက်နာရေး၊ ကဘော်သူ၊ ကဘော်သားများ စည်းလုံး ညီညွတ်ရေး စသည့်အချက်များ ပါဝင်သော မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြပြီး ကံကြီးဝ တံတားပေါ်မှ အိန္ဒိယနိုင်ငံဘက်သို့ လှည့်လည်ကြကာ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုကြပြီး မဟူရာလမ်းအတိုင်း တမူးမြို့သို့ ဝင်ရောက်ကာ ကဘော်ချိုင့်ဝှမ်းမြို့တော် ဆိုင်းဘုတ်တွင် ဆန္ဒပြခြင်းကို ရပ်ဆိုင်းခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ နယ်စပ်နယ်နိမိတ် မှတ်တိုင် ဘီပီ ၇၇ နှင့် ၇၈ ကြားတွင် အိန္ဒိယနိုင်ငံ မိုရ်ရေးမြို့ရှိ အာသံ (၉) တပ်ရင်းမှ စစ်ဆေးရေးဂိတ်တစ်ခု တည်ဆောက်ရန် မြေပြုပြင်ခြင်းအား မြန်မာ အာဏာပိုင်များဘက်မှ (၁၀) ကြိမ်ထက်မနည်း ကန့်ကွက်စာ ပေးပို့သော်လည်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သည့် နေ့တွင်ပင် မြေပြုပြင်နေခြင်း ရှိကြောင်း အဆိုပါ လူမှုအဖွဲ့အစည်းများက ပြောကြားသည်။

တမူး၊ ဒီဇင်ဘာ၂၄

မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွား နယ်မြေတွင် အိန္ဒိယနိုင်ငံ၏ ကျူးကျော်ခံရမှုအတွက် တပ်မတော်တွင် တာဝန်အပြည့်အဝ ရှိကြောင်း တမူး၊ ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့တို့ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တမူးမြို့၌ ပြုလုပ်သော ယင်းနယ်မြေ ကျူးကျော်မှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားသည်။
“ကျွန်တော်တို့ တပ်မတော်ကို အပြည့်အဝ အားကိုးတယ်။ ဆက်လက်ပြီး ကျူးကျော် မခံရဖို့အတွက် တပ်မတော်မှာ တာဝန်ရှိတယ်” ဟု အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်မှ ဦးကျော်သက်ဝင်းက ဆိုသည်။

မိမိတို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားများအား မုန်းတီး၍ ပြုလုပ်ခြင်း မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးမခံလိုခြင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေအား လေးစားလိုက်နာ စေလို၍ ဖြစ်ကြောင်း တမူး လူငယ်ကွန်ရက်မှ ဦးယဉ်ကိုဦးက ဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲကို တမူးမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများထံမှ သိရသည်။
“ဒီကိစ္စက နိုင်ငံရဲ့ အရေးကိစ္စဖြစ်တော့ နိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါဝင်တာပါ။ အားလုံး ၇၅ ယောက်ပါပါတယ်” ဟု ယင်းပါတီဝင် တမူးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ပြောကြားသည်။

နယ်စပ်တွင် မြန်မာတပ် လူပ်ရှားမူ အာသံရိုင်ဖယ် စီစစ်မည်

နယ်စပ်တွင် ကင်းလှည့်နေသော အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- အင်တာနက်)
(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂၀၁၃)

မိုးရေးမြို့နှင့် ကပ်ရပ် တည်ရှိသော မြန်မာ- အိန္ဒိယ နယ်စပ်တွင် မြန်မာဘက်က တပ်အင်အားများ အကြီးအကျယ် ဖြည့်တင်းနေသည်ဆိုသော သတင်းဟုတ် မဟုတ်ကို စစ်ဆေးရန် အာသံရိုင်ဖယ်အား ညွှန်ကြားထားသည်ဟု The Economic Time တွင် ယနေ့ သတင်း ဖေါ်ပြသည်။

အင်ဖါးမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မူနီပူရ် Manipur ပြည်နယ် ပြည်ထဲရေးဝန်ကြီး Gaikhangam က တောင်ပိုင်း အာသံရိုင်ဖယ် အကြီးအကဲမှ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရသို့ များမကြာမှီ စာပေးပို့မည် ဖြစ်ပြီး ယင်းစာအား ဗဟို အစိုးရသို့လည်း မိတ္တူ ပေးပို့မည်ဟု ပြောဆိုသည်။

မြန်မာ စစ်တပ် အာဏာပိုင်များသည် မိုးရေးမြို့ အနီးရှိ နယ်စပ်တွင် အိန္ဒိယဘက်မှ Integrated Check Post – ICP-  (စစ်ဆေးရေးဂိတ်) တည်ဆောက်နေသည့် နေရာမှာ မြန်မာပိုင် နယ်မြေဖြစ်ကြောင်း ပြောဆိုထားပြီး ကန့်ကွက်ထားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆောက်လုပ်နေသော နေရာသည် မိုးရေးမြိုနှင့် မြန်မာ နယ်စပ်အကြားတွင် တည်ရှိပြီး မြန်မာဘက်ကမှ အိန္ဒိယသို့ အဓိက သွင်းကုန်များကို စစ်ဆေးသော ဂိတ်ဖြစ်သည်ဟု ဆိုသည်။

အခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ SNLD ပြော

မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အကျိုးမဖြစ်စေသလို တိုင်းရင်းသား အခွင့်အရေးတွေလည်း ကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင်ကြောင်း ၊ ဒါကြောင့် ဒီဖွဲ့စည်းပုံကိုမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အရင်တုန်းကလိုပဲ လုံးဝမပြင်ဘူးဆိုရင်တော့ ကျနော်တို့ အရင်တုန်းက ခံယူတဲ့အတိုင်းပဲ မဝင်ပဲနေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝမဝင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်လိမ့်မယ်၊ လောလောဆယ် ပြောင်းလဲလာတယ်၊ အများပြည်သူကလည်း တောင်းဆိုတယ်ဆိုတော့ ဝင်ဖို့ဆိုတာကတော့ ကျနော်တို့က စဉ်းစားရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်၊ ဒီဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျနော်တို့ဒါရင်းခဲ့တာတွေ၊ ဘဝတွေ ပေးဆပ်ခဲ့တာတွေကလည်း အလကားဖြစ်ကုန်မှာပေါ့၊ ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ၊ ညီလာခံကနေ ထွက်ခဲ့တာပဲ”

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း


ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ။ ။ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူ တည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင် ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အတွင်းမှ လူ ငယ်လေး ရှစ်ဦးသည် လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များ ကို ကိုင်ချင် သုံးချင် ကြသည့် ဖုန်းခရေဇီများဖြစ်ကြ သည်။

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်း စား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်း တို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်း ဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်ဦးတို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်းချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေ သုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြ သည်။

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

Photo: မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

"အဲဒီလူက ဆိုင်ထဲဝင်လာတော့ ဘာကြည့်ချင်လဲမေးတာကို ဘာမှပြန်မပြောဘူး။ လက်ပဲခါပြတယ်။ သမီးက သူနောက်လိုက်ပြီး ပစ္စည်းပြဖို့လုပ်တာကို သူကဟန်းချိန်ကောင်တာနားရောက်တော့ သေနတ်ထုတ်ပြီး အပေါ်ကိုထောင်ပစ်တယ်။ ပြီးတော့ ပါလာတဲ့တူနဲ့ရွှေကောင်တာတွေကို ရိုက်ခွဲပြီး နှိုက်ယူတယ်။ ဆိုင်ထဲမှာ သေနတ်ငါးချက်လောက်ပစ်ပြီး တစ်ယောက်မှ မလှုပ်နဲ့လို့ အော်ပြောတယ်။ သူ့ပါးစပ်မှာ အုပ်ထားတာပါ" ဟု မောင်ကိန်းရွှေဆိုင်မှ မဇင်မာဆွေက ပြောသည်။

"ဆိုင်ပြင်ရောက်တော့လည်း သူကလူတွေကိုခြောက်လှန့်ပြီး သေနတ်ထပ်ဖောက်တယ်။ နောက်ပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်မယ့်အချိန် အငိုက်မှာ ကျွန်တော်ကပြေးကန်ပြီး ၀င်လုံးခဲ့တာပါ။ သေနတ်ပစ်တာက အားလုံး ကိုးချက်လောက်ရှိမယ်"ဟု မောင်ကိန်းရွှေဆိုင်မှ ကားမောင်းသူ ကိုအာကာက ပြောသည်။

"အခုဖြစ်စဉ်ကို ကျူးလွန်သူက အရပ်ဖက်လား၊ စစ်ဘက်လား မပြောနိုင်သေးပါဘူး။ သူ့ကိုဝိုင်းပြီးဖမ်းဆီးတာမို့ ခုချိန်မှာ သတိလစ်နေလို့ စစ်ဆေးနိုင်ခြင်း မရှိသေးဘူး" ဟု တိုင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။       

သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်

မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

"အဲဒီလူက ဆိုင်ထဲဝင်လာတော့ ဘာကြည့်ချင်လဲမေးတာကို ဘာမှပြန်မပြောဘူး။ လက်ပဲခါပြတယ်။ သမီးက သူနောက်လိုက်ပြီး ပစ္စည်းပြဖို့လုပ်တာကို သူကဟန်းချိန်ကောင်တာနားရောက်တော့ သေနတ်ထုတ်ပြီး အပေါ်ကိုထောင်ပစ်တယ်။ ပြီးတော့ ပါလာတဲ့တူနဲ့ရွှေကောင်တာတွေကို ရိုက်ခွဲပြီး နှိုက်ယူတယ်။ ဆိုင်ထဲမှာ သေနတ်ငါးချက်လောက်ပစ်ပြီး တစ်ယောက်မှ မလှုပ်နဲ့လို့ အော်ပြောတယ်။ သူ့ပါးစပ်မှာ အုပ်ထားတာပါ" ဟု မောင်ကိန်းရွှေဆိုင်မှ မဇင်မာဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ပြသမည့် ၂၀၁၄ ကမ္ဘာ့ဖလား ရုပ်တု ရန်ကုန်မြို့သို့ ရောက်ရှိ


မြန်မာနိုင်ငံတွင် နှစ်ရက်ကြာ ပြသမည့် ၂၀၁၄ ကမ္ဘာဖလားရုပ်တုသည် ယခုမွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလားရုပ်တုသည် အိန္ဒိယနိုင်ငံ ကိုကတ္တားမြို့မှ Private လေယာဉ်ဖြင့် နံနက် ၁၁ နာရီ ၃၀ မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ဖလား ရုပ်တုနှင့် အတူ ဖီဖာမှ တာဝန်ရှိသူတစ်ဦး၊ စပွန်ဆာ ပေးထားသည့် Coca Cola ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးနှင့်အတူ အဖွဲ့ဝင်များ လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

ဖီဖာသည် ကမ္ဘာ့ဖလားကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ လှည့်လည်ပြသလေ့ ရှိသော်လည်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

ယင်းကမ္ဘာ့ဖလားကို ရန်ကုန်မြို့ရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်းတွင် ထားရှိသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် ပရိသတ်များအား ပြသသွားမည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်သွားရန် စပွန်ဆာပေးထားသည့် ကိုကာကိုလာကုမ္ပဏီမှ စီစဉ်ထားကြောင်း သိရသည်။

ဖီဖာသည် ယင်းကမ္ဘာ့ဖလားကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်သို့ လိုက်လံပြသလျက်ရှိပြီး ယင်းခရီးစဉ်မှာ လာမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။


EMG
Related Posts Plugin for WordPress, Blogger...

ShareThis