menu

Saturday 23 November 2013

အခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းမည်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရတွေ့ဆုံဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်က အကောင်အထည်ဖော်ပေးစေလိုကြောင်း မေတ္တာရပ်ခံစာ ရေးသားပေးပို့သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ လွယ်ကူစေဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရေးအတွက် သမ္မတထံ စာရေးသားပေးပို့သွားဖို့ ဒီနေ့ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်က အခုလိုပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေးမှာ လွယ်ကူအဆင်ပြေချောမွေ့ဖို့ ကျနော်တို့က သမ္မတရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ ကျနော်တို့ဥက္ကဌရယ် တွေ့ဆုံဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့တယ်”

လျှပ်စစ်ဝန်ကြီးဌာန သိမ်းယူမြေတွေအတွက် လျော်ကြေးမရရှိသေး

လျှပ်စစ်ဝန်ကြီးဌာန သိမ်းယူမြေတွေအတွက် လျော်ကြေးမရရှိသေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် အခုထိလျော်ကြေးမရသေးဘူးလို့ လယ်သိမ်းခံ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။

လယ်သိမ်းခံရမှုအတွက်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အပါအ၀င် အစိုးရတာဝန်ရှိသူတွေကို တိုင်ကြားတာတွေရှိခဲ့ပေမယ့် ခုချိန်ထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ လယ်သိမ်းခံလယ်သမား ဦးဇော်လင်းအောင်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ၁ဝ လပိုင်း ၄ ရက်နေ့ ဝန်ကြီးဌာနငါးခုကို တင်ပြတဲ့အခါမှာ လျှပ်စစ်ဝန်ကြီးဌာနက လာရောက်စစ်ဆေးမေးမြန်းပြီး ကျနော်တို့ကို ဘာတစ်ခုမှ သူတို့တုန့်ပြန်မှုမရှိဘူး၊ ကျနော်တို့ကို နစ်နာကြေးလည်းမပေးဘူး၊ အဖြူအမည်း မသဲကွဲလို့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ”

လယ်သမားရှစ်ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၃၀ ကျော်ကို လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်ဓါတ်အားခွဲစက်ရုံ တည်ဆောက်ဖို့အတွက်ဆိုပြီး ၂၀၀၄ ခုနှစ်အတွင်း သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ဒီအတောအတွင်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ  သက်တမ်းတစ်နှစ်ကျော် ကြာလာပြီဖြစ်ပေမယ့် လယ်ယာမြေပြဿနာတွေ ဖြေရှင်းနိုင်မှုမရှိသေးတဲ့အပေါ် ဝေဖန်မှုတွေ အမျိုးမျိုးပေါ်ထွက်ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် အခုထိလျော်ကြေးမရသေးဘူးလို့ လယ်သိမ်းခံ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။

လယ်သိမ်းခံရမှုအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အပါအ၀င် အစိုးရတာဝန်ရှိသူတွေကို တိုင်ကြားတာတွေရှိခဲ့ပေမယ့် ခုချိန်ထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ လယ်သိမ်းခံလယ်သမား ဦးဇော်လင်းအောင်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ၁ဝ လပိုင်း ၄ ရက်နေ့ ဝန်ကြီးဌာနငါးခုကို တင်ပြတဲ့အခါမှာ လျှပ်စစ်ဝန်ကြီးဌာနက လာရောက်စစ်ဆေးမေးမြန်းပြီး ကျနော်တို့ကို ဘာတစ်ခုမှ သူတို့တုန့်ပြန်မှုမရှိဘူး၊ ကျနော်တို့ကို နစ်နာကြေးလည်းမပေးဘူး၊ အဖြူအမည်း မသဲကွဲလို့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ”

အသက် ၇နှစ်အရွယ် မြန်မာကလေးတစ်ဦးကို မက်သာဖက်တမင်းဆေးပြား တစ်သောင်းခန့်နှင့်အတူ တွေ့ရှိ

Photo: အသက် ၇နှစ်အရွယ် မြန်မာကလေးတစ်ဦးကို 
မက်သာဖက်တမင်းဆေးပြား တစ်သောင်းခန့်နှင့်အတူ တွေ့ရှိ

 ဘန်ကောက် နိုဝင်ဘာ ၂၃ 
ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားဂိတ်တစ်ခုတွင် ငိုကြွေးနေသော အသက်၇နှစ်အရွယ် မြန်မာလူမျိုး ကလေးတစ်ဦး၏ ကျောပိုးအိတ်ထဲတွင် မက်သာဖက်တမင်းစိတ်ကြွဆေးပြားတစ်သောင်းခန့် တွေ့ရှိခဲ့သည်ဟု ဘန်ကောက်ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ အဆိုပါကလေးကို မြန်မာနယ်စပ်အနီးKanchanaburi ခရိုင် Thong Pha Phum အရပ်တွင် ရဲတပ်ဖွဲ့က ကြာသာပတေးနေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 
ရဲအရာရှိတွေက ကလေးဆီသွားပြီး ဘာဖြစ်လဲ မေးတယ် ဒါပေမဲ့ ကလေးက ထိုင်းစကား မတတ်ဘူး ဟု ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှုး Amnuay Pongsawatက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ကလေးငယ်က သူသည် ကရင်ပြည်နယ် ဘုရားသုံးဆူခရိုင်တွင် နေထိုင်သူဖြစ်ပြီး ဦးလေးအပါအ၀င် အခြားသူ ၃ဦးဖြင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဘာသာပြန်မှ တဆင့် ပြောပြသည်။
် ဆေးပြားများကို ကလေးငယ်၏ ကျောပိုးအိတ်အတွင်း ကလေးပေါင်ဒါမှုံ ၂ဗူးနှင့် အတူ ပလတ်စတစ်အိတ်ငယ် ၅၀ အတွင်းမှ တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ဒါဟာ ကလေးငယ်တွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ယူမှုကို ဖမ်းဆီးမိခဲ့တာပါ ဟု ၄င်းက ပြောသည်။ ရဲတပ်ဖွဲ့က ကလေးငယ်ကို ဦးလေးတော်စပ်သူက ထားပစ်ခြင်း ဖြစ်မည်ဟု ယုံကြည်ထားသည်။  kyl     -     ref;AFP

Popular Myanmar News 

မိခင်နို့စို့ရာမှ ၀မ်းဗိုက်အတွင်း တွယ်ချိတ်ဝင်သွားသော တစ်လသားအရွယ် ကလေးငယ်

ကျိုက်လတ်မြို့နယ် ဆားဖိုသိုင်းချောင်းကျေးရွာတွင် နေထိုင်သော ကိုသန်းဇော်-မအေးအေးခိုင်တို့၏ တစ်လ သားအရွယ်သားငယ်လေးမှာ အောက်တိုဘာ ၂၆ ရက် တွင် မိခင်နို့စို့ရာမှ အင်္ကျီတွယ်ချိတ် ဝမ်းဗိုက်အတွင်း ဝင်သွားခဲ့ကြောင်း သိရသည်။
¤င်းကလေးငယ်အား မိခင်ဖြစ်သူက နို့တိုက်နေစဉ် မိခင်အင်္ကျီတွင် ချိတ်ထားသော တွယ်ချိတ်ကို ကလေး ငယ်လက်ဖြင့် ဆွဲမိရာမှ ပါးစပ်အတွင်းဝင်သွားခဲ့သည်။ ယင်းအတွက် ဖခင်ဖြစ်သူက လက်ဖြင့်နှိုက်ယူရာ ချိတ်မှာ ပိုဝင်သွားခဲ့သည်။
ကလေး၏ ပါးစပ်အတွင်းမှ သွေးထွက်ကာ နာကျင် လွန်း၍ အော်ဟစ်ငိုယိုနေသဖြင့် လူမှုဝန်ထမ်းစိတ်ရှိသော လူငယ်များ၏ကူညီမှုကြောင့် ကျိုက်လတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။ ထိုမှ မအူပင်ဆေးရုံ ကြီးသို့ တစ်ဆင့်လွှဲခဲ့သည်။ ကလေးမိဘများမှာ ပျိုးနုတ်၊ ကောက်စိုက်တောင်သူများသာဖြစ်သည့်အတွက် စေတနာ ရှင်များ၊ အသင်းအဖွဲ့များမှ လိုအပ်သည့် ကူညီထောက်ပံ့မှု များပေးကာ မအူပင်ဆေးရုံကြီးသို့ အရောက်ပို့ပေးခဲ့သည်။

မြစ်ကမ်းဘေးမှ အနာဂတ်မရေရာသော ဘဝများ

မန္တလေးမြို့တော် ဧရာဝတီ မြစ်ကမ်းဘေးရှိ တာရိုးတစ်လျှောက်တွင် ယိုင်နဲ့နဲ့ပုံစံ ရှိသော ထရံကာ၊ ဝါးကပ်မိုး တဲအိမ်ကလေးပေါင်း များစွာ ပြွတ်သိပ် ကြပ်ညှပ်စွာ ရှိနေသည်။ ဖုန်အလိမ်းလိမ်းဖြင့် အရောင်မထွက်သော ယင်းတဲတို့မှ ဆိုးဝါးသော အနံ့အသက်များ လေထုအတွင်း လွှမ်းခြုံနေသည်။
အဆိုပါ တဲအိမ်များသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျူးကျော်ဟု သတ်မှတ်ထားသော တဲများ ဖြစ်ပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အချို့ကို လက်ခံ ကျင်းပမည့် မန္တလေးမြို့တော်တွင် ယင်းပွဲတော် မတိုင်မီ မြို့တော် ဂုဏ်သိက္ခာအတွက် သက်ဆိုင်ရာ၏ ဖယ်ရှား ရှင်းလင်းခြင်း ခံရတော့မည့် ကျူးကျော် နေထိုင်သူများ၏ နေအိမ်များပင် ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “မြစ်ကမ်းဘေးမှာ ဒီလိုမျိုး တဲလေးတွေနဲ့ ကျူးကျော်ပြီးနေတာ အမှန်အတိုင်း ပြောရင် မြို့အင်္ဂါရပ်နဲ့လည်း မညီဘူး။ အရုပ်ဆိုးစေတယ်လေ။ မကြာခင် ဆီးဂိမ်းကလည်း စတော့မယ်။ နိုင်ငံခြားသား ခရီးသည်တွေလည်း ဝင်လာကြတော့မယ် ဆိုတော့ ဒါတွေရှိနေတာ အမြင်မတင့်တယ်ဘူးပေါ့” ဟု ပြောဆိုသည်။
မြစ်ကမ်းဘေးတွင် ကျူးကျော် နေထိုင်သူများကလည်း ၎င်းတို့၏ ကျူးကျော် နေထိုင်မှုသည် မြို့တော်ကို အရုပ်ဆိုးစေသည် ဆိုသော အချက်ကို သဘောတူ လက်ခံကြသော်လည်း ကျူးကျော် နေထိုင်ကြသူများသည် ဧရာဝတီမြစ်ကို အခြေပြု အသက်မွေး ဝမ်းကျောင်းကြသူများ ဖြစ်ကြပြီး မြစ်ကမ်းဘေးရှိ သဲစုပ် လုပ်ငန်းအတွက် သဲသယ်ကြသူ၊ အခယူ အဝတ်လျှော်ပေးကြသူ၊ ဆိုက်ကပ်လာသော လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ကြသည့် ကုန်တင်ကုန်ချ အထမ်းသမားများ၊ မုန့်မျိုးစုံ ရောင်းချသူ၊ တစ်နိုင်တစ်ပိုင် ထမင်းဆိုင် ဖွင့်ကြသူများ ဖြစ်ပြီး မြစ်ကမ်းဘေး နေရာမှ လွဲ၍ အခြား မည်သည့် နေရာကိုမျှ ရွှေ့ပြောင်း နေထိုင်လိုစိတ် မရှိကြချေ။
“တရားဝင် အိမ်ဆောက်ပြီး နေလို့လည်းမရတော့ မိုးကာတဲလေးတွေနဲ့ နေကြတော့ အရုပ်ဆိုးတယ် ဆိုတာလည်း အားလုံးက သိကြပါတယ်။ လက်လည်း လက်ခံပါတယ်။ ဒါပေမဲ့ ဒီမှာနေတဲ့လူတွေ အကုန်လုံး နီးပါးက ဒီနေရာကလွဲပြီး ဘာအလုပ်မှ မလုပ်တတ်လို့ ဆင်းရဲလွန်းလို့ နေကြရတာပါ” ဟု ဧရာဝတီ မြစ်ကမ်းဘေးတွင် ကျူးကျော်တဲဖြင့် ဆယ်စုနှစ်ပေါင်း များစွာ နေထိုင်လာခဲ့သော သားသည် မိခင် ခဝါသည် အမျိုးသမီး တစ်ဦးက ဆိုသည်။

ဘာဟာကိုမဆို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

Photo: ဘာဟာကိုမဆို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းများကို အသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်း လိုက် လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

အဓိက အသုံးပြုတဲ့ နည်းပညာ Concept ကတော့ လူမှာ ရှိနေတဲ့ လျှပ်စစ်ဓာတ်နဲ့ အရာဝတ္တုတစ်ခုခုကို ထိတွေ့တဲ့ ယင်းအရာဝတ္ထု က ပြန်လည် တန်ပြန် တုန့်ပြန်မှုပေးတဲ့ သဘောတရား ဖြစ်ပါတယ်။ ယင်း Sensitive ဖြစ်မှု ကို အထင်ရှားဆုံးဖြစ်လာအောင် Makey Makey အမည်ရ ဆားကစ်က ဖန်တီးပေးတာ ဖြစ်ပါတယ်။ တီထွင်သူ Jay Sliver ရဲ့  ဖန်တီးချက်ကို အား လုံး အံ့သြမင်သက် ခဲ့ရပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပါဘူး။ ဘာ Application မှ Install လုပ်စရာ မလိုပါဘူး။ တကယ် ခပ်ရှင်းရှင်း ဆားကစ် တစ်ခုမျှ သာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း ဖန်တီးနိုင်ပါတယ်လို့တောင် Sliver ကဆိုထားပါတယ်။ http://makeymakey.com/ ဒီဝဘ်ဆိုဒ်မှာ သူအသေး စိတ်ရှင်းလင်း ပြ သထားပါတယ်။ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Makey Makey (Make everything a key) အမည်ရ ဆားကစ်က ဘယ်လို အလုပ်လုပ်ဆိုတာ စမ်းသပ်ပြသထာတဲ့ အောက်ပါ ဗီဒီယိုမှာ လေ့လာကြည့် ရှုနိုင်ပါတယ်။
--
http://youtu.be/_DWQ6ce2Ags
--
အောင်ခမ်း ( smart.com.mm )

http://smart.com.mm/index.php?option=com_content&view=article&id=18663:mit-devices-hands-on&catid=110&Itemid=640

.

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းများကို အသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်း လိုက် လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ

Photo: မြန်မာလူငယ်တစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ 

Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။ 

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။ 

တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။ 

NS က စစ်မှုထမ်းအနေနဲ့ တိုင်းပြည် ကာကွယ်ဖို့ အသက်ပေးရတာမို့ ရထားပေါ်မှာ ရေသောက်တာ လက်ခံပေးနိုင်ကြောင်း ခွင့်ပြုနိုင်ကြောင်း ၎င်းတို့ နိုင်ငံသားများက ထောက်ခံ ဖြည့်တွေးပေးကြ ပါတယ်။ သို့ပေမယ့် Post တင်သူ Hopimgu ကိုတော့ အပြင်းအထန် ကန့်ကွက်ဝေဖန်ပြီး ဆိုးရွားလှတဲ့ comment များလည်း တွေ့ရ ပါတယ်။ 

သတင်း ဖတ်ရှုရန် - 

http://therealsingapore.com/content/exposed-guy-who-%E2%80%98stomped%E2%80%99-photo-nsf-drinking-water-mrt-ft?fb_comment_id=fbc_196728750515857_319758_196737500514982#f555889856a636

https://www.facebook.com/photo.php?fbid=648646585158474&set=a.518622691494198.110993.518247218198412&type=1&relevant_count=1

ဒီတော့ ကာယကံရှင်ကို ရိုးရာလေးက စာပို့ဆက်သွယ် မေးမြန်းလိုက်ချိန်မှာ သူဟာ Stomp မှာ အကောင့်လည်း မဖွင့်ဖူးကြောင်း၊ ယင်းသတင်းလည်း မရေးကြောင်း၊ ဓာတ်ပုံလည်း သူမရိုက်ရကြောင်း၊  ပိုပြီးတော့ ထင်ရှားတဲ့အချက်တစ်ခုကတော့ သူဟာ စင်္ကာပူမှာ မဟုတ်ပဲ မြန်မာပြည်က Forever Group မှာ အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရ ပါတယ်။ စင်္ကာပူမှာ ကျောင်းတက် ခဲ့ဖူးပေမယ့် ယခု မြန်မာပြည်မှာ ရှိနေသူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အသစ်လုပ်တဲ့ Passport နဲ့ ဘယ်နိုင်ငံခြားခရီးစဉ်မှ မသွားရသေးကြောင်း ဆိုပါတယ်။

ဒီတော့ သွားပုပ်လေလွင့်တဲ့ The Real Singapore ဝဘ်ဆိုဒ်မှာ စင်္ကာပူများ က ထောက်ခံအားပေးပေမယ့် ရွှေ့ ပြောင်းလုပ်သား နဲ့ မြန်မာလူမျိုး များကတော့ အတော်လေး ပြင်းထန် ရှုံ့ ချနေပါပြီ။ မင်းသန့်နိုင်လို့ အမည် ရတဲ့ မြန်မာလူငယ်အနေနဲ့ ယခုလို အသရေအဖျက်ခံရမှုအတွက် တရားဝင် တရားစွဲဖို့လည်း အစီအစဉ် ရှိကြောင်း ဆိုပါတယ်။ 

စင်္ကာပူမှာတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က တင်လိုက်တဲ့ သတင်းကြောင့် မို့ ရွှေ့ ပြောင်းလုပ်သား၊ ရွှေပြောင်း နေထိုင်သူများကိ မလိုလားတဲ့ စင်္ကာပူ နိုင်ငံသားများက ကန့်ကွက်မှု၊ လှုံ့ဆော်မှုများ ပြုလုပ်နေပါတယ်။ ယခု ပြဿနာက စင်္ကာပူရောက်နေတဲ့ မြန်မာလူမျိုး လူများစုကို သွားရောက် ထိခိုက်စေနိုင်ပါတယ်။ လက်ရှိမှာ ကာယကံရှင်ကိုယ်တိုင် ယင်းသတင်း မှားယွင်းကြောင်း အများသိအောင် ရိုးရာလေးကို ယခုလို ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါတယ်။ 

.
အောင်ခမ်း ( ရိုးရာလေး ) 

http://www.yoyarlay.com/local-news/crime/38864-myanmar-student-accused-by-singapore

.

Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။

တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။

ကျောင်းဆရာမနှင့်စာရေးမအား ပြည်သူ့စစ်ခေါင်းဆောင်က ရိုက်နှက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃။

ရှမ်းပြည်နယ်၊ နမ်းစန်မြို့ တိုင်းကောင်းလွယ်ယင်ကျေးရွာတွင်
နိုဝင်ဘာ ၂၁ရက် ညနေ ၃နာရီက ကျောင်းဆရာမနှင့် စာရေးမ
နှစ်ဦးအား ပြည်သူ့စစ်ခေါင်းဆောင်က သေနက်ဖြင့် ရိုက်နှက်မှု
ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်စန်မြို့တွင်ေ နထိုင်သော အလယ်တန်းပြ ဆရာမ
ဒေါ်လှမျိုးသွယ်နှင့် ကျောင်းစာရေးမ ဒေါ်နန်နွမ်ဟွမ်
တို့သည် ၎င်းတို့တာဝန်ကျ တိုင်း ကောင်း လွယ်ယင်ေ
ကျေးရွာ စာသင်ကျောင်းမှ နမ်စန်မြို့သို့ ဆိုင်ကယ်ဖြင့်
အပြန် ပအိုဝ့်ပြည်သူ့စစ်ခေါင်းဆောင် အိမ်ရှေ့အရောက် ပအိုဝ့် ပြည်သူ့စစ်ခေါင်းဆောင်၏မြေးမှ ဖြတ်ပြေးရာ ဆိုင်ကယ်ဖြင့်ပွတ်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဆိုင်ကယ်ဖြင့်ပွတ်မိသောကြောင့် ပအိုဝ်ပြည်သူ့စစ်
ခေါင်းဆောင်မှ ဆရာနှစ်ဦးအား ဆိုင်ကယ် ဦးထုပ်ချွတ်ကာ
သေနတ်ဒင်ဖြင့် ထုရိုက် မှုကြောင့် နှစ်ဦးစလုံးဦးခေါင်းပေါက်ကာ
နမ့်စန်ပြည်သူ့ဆေးရုံကြီးတွင် နှစ်ချက်ချုပ်ခဲ့ရကြောင်း ကာယကံ
ရှင်နှင့် နီးစပ်သူက ပြောကြားသည်။

"ဆရာမဒေါ်လှမျိုးသွယ် ယောင်္ကျားက နမ့်စန်ရဲစခန်းက
ဒုရဲအုပ်ပါ။ ဘယ်သူက အဲဒီ့လိုဖြစ်တာ ကျေနပ်မှာလဲ။
အထက်ကို မလွန်ဆန်နိုင်လို့ ပါ”ဟု ကာယကံရှင်နှင့် နီးစပ်သူများက ပြောကြားသည်။

တရုတ်နိုင်ငံသား နှစ်ဦး သိန်းနှစ်ရာတန်စိန်ပွင့် ခိုးယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံသား နှစ်ဦးသည် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စိန်နှစ်ပွင့်အားခိုးယူမှုတစ်ခု နိုဝင်ဘာ၂၂ရက် နံနက် ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။

ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ
နေလ၀န်း ရတနာပစ္စည်းဆိုတွင် မသင်းပွင့်လှိုင်နှင့်
မသိမ့်သိမ့်ဇွန်တို့မှ ဆိုင်ခင်းကျင်း ရောင်းချနေစဉ် တရုတ် လူမျိုးအမျိုးသား နှစ်ဦးတို့မှ အဆိုပါစိန်နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြည့်ရှုနေကြပြီး ဈေးမတည့်သဖြင့်
၎င်းတို့နှစ်ဦး မှာ ပြန်သွားခဲ့ကြောင်း ထို့နောက်တွင် စိန်အလွတ်နှစ်ပွင့်ထည့်ထားသည့်ဘူးအား ဖွင့်ကြည့်ရာ
မတွေ့တော့သဖြင့် ဆိုင်ပိုင်ရှင်ဒေါ်မိုးမိုးမှ ပန်းပဲတန်းရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ၎င်းရုံးမှသိရသည်။

အမှုအား ပန်းပဲတန်းမမစ(ပ) ၃၈၁/၁၃ ပြစ်မှုပုဒ်မ- ၃၈၀ဖြင့်
အမှုဖွင့်ပြီး၊ အမှုစစ်ဒုရဲအုပ်နှင့် စစမရဲအုပ်တို့အဖွဲ့သည်
မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းတို
့နှစ်ဦးအား မင်္ဂလာဒုံလေဆိပ် လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူးရုံးတွင်
တွေ့ရှိရပြီး Mr.lou Xian Chun ၏ ပိုက်ဆံအိတ်အတွင်းမှ စိန်နှစ်ပွင့်အား ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား ခိုးမှုအတိုင်းဆောင်ရွက်မှာ ဖြစ်ပြီး သံရုံးနှင့်
ဆက်သွယ်ကာ ၎င်းတို့၏နိုင်ငံသို့ ပြန်လည် ပို့ဆောင် အရေးယူစေမည်ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။

ရေးသားသူ- ဝေဖြိုး၊ ဇော်ရဲထွဋ်

People Power

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူ ခြောက်ဦးကို ကြည့်မြင်တိုင် တရားရုံး ပြစ်ဒဏ်ထပ်ချ

Photo: လက်ပံတောင်းတောင်အရေး ဆန္ဒပြသူ ခြောက်ဦးကို ကြည့်မြင်တိုင် တရားရုံး ပြစ်ဒဏ်ထပ်ချ 

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကန့်ကွက် ဆန္ဒပြမှုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားသည့် ဦးမိုဃ်းသွေး အပါအဝင် ခြောက်ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ထပ်ချလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ်  တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားပြီး ဖြစ်သော်လည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြစ်ဒဏ် နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် တရားသူကြီးက ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

Generation Wave မှ ကိုမိုဃ်းသွေး အပါအဝင် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးအတွက် ရန်ကုန်မြို့တော်ရှိ တရုတ်သံရုံးသို့ လမ်းလျှောက် ဆန္ဒပြမှု ဦးဆောင်သူ ခြောက်ဦးသည် လမ်းလျှောက် ဆန္ဒပြရာတွင် ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်တို့ကို ခွင့်ပြုချက်မဲ့ စီတန်း လှည့်လည်ခဲ့သဖြင့် အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့များက ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အလုံမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံရုံးထုတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။ 
“ပုဒ်မ ၁၈ ဆိုတာ မရှိသင့်တဲ့ကိစ္စ ဖြစ်တယ်။ ရှိခဲ့ရင်လည်း ပြင်သင့်တယ်။ အသွင်ကူးပြောင်းရေးလို့ ပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံကို သွားနေတဲ့ နိုင်ငံမှာ မရှိသင့်တော့တဲ့ ကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပေးပြီး သက်ဆိုင်ရာက စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းသင့်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ရုံးတာဝန်ခံ ဖြစ်သူ ဦးသက်ဦးက ဆိုသည်။  

လက်ရှိတွင် ပုဒ် ၁၈ အပါအဝင် အခြားနိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံရသော တက်ကြွလှုပ်ရှားသူများ (Activists) နှင့် နိုင်ငံရေးသမားပေါင်း ၂၀၀ ကျော်ခန့် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ခန့်မှန်းထားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကန့်ကွက် ဆန္ဒပြမှုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားသည့် ဦးမိုဃ်းသွေး အပါအဝင် ခြောက်ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ထပ်ချလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားပြီး ဖြစ်သော်လည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြစ်ဒဏ် နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် တရားသူကြီးက ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မူဝါဒ အပြောင်းအလဲ လုပ်မည့် သတင်းများကြောင့် ဂျပန်ကားများ ဈေးကျ

Photo: မူဝါဒ အပြောင်းအလဲ လုပ်မည့် သတင်းများကြောင့် ဂျပန်ကားများ ဈေးကျ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

အရောင်းအဝယ် နည်းပါးလာခြင်းနှင့် အတူ ၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည်ဟူသော သတင်းများကြောင့် ဂျပန် လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် မော်တော်ယာဉ်များ ကျပ် ၁၀ သိန်းခန့် (ယန်း တစ်သိန်းခန့်) ဈေးကျ သွားကြောင်း လေလံဈေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာလလယ်မှ စ၍ ဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ပြီး လေလံဆွဲသူ နည်းပါးလာခြင်းကြောင့် ဈေးဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ပွဲစားအချို့က ပြောကြားသည်။
“ဝယ်ရောင်းတွေရော၊ နိုင်ငံခြားက တိုက်ရိုက် ကားဝယ်စီးတဲ့ သူတွေရော လက်တွန့် နေကြတဲ့အတွက် လေလံဆွဲသူ နည်းပြီးတော့ ဈေးတွေ ကျလာတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက်ထဲမှာတော့ ပွိုင့် ၃ (၁၃၀၀ စီစီ) ကားတွေက စလစ်ကားတွေထက်စာရင် ပိုရောင်းရတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆိပ်ကမ်းရောက် မော်တော်ယာဉ် တန်ဖိုး (CIF) ပေါ်မူတည်၍ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“ကားဈေးက သူတို့ ဆိပ်ကမ်းအရောက် တန်ဖိုးဖြတ်တဲ့ (CIF) အပေါ်မှာ မူတည်တယ်။ သူထက်ဝက်ကျရင် ကားဈေးလည်း ထက်ဝက် လိုက်ကျမှာပဲ။ သူတက်ရင် လိုက်တက်မယ်။ ဒါပေမဲ့ အတက်ထက် ကျဖို့ ပိုများပါတယ်” ဟု ဦးအေးကျော်က ရှင်းပြသည်။

ရောင်းမထွက်သည့် မော်တော်ယာဉ်များမှာ ရန်ကုန်မြို့တော်ရှိ ယာဉ်ရပ်နား စခန်းများအတွင်း ပြည့်နှက်လျက် ရှိသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ယခင်ကထက် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ထိုးကျနေခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဦးထွန်းထွန်းက ပြောဆိုသည်။

ဆိပ်ကမ်းအရောက် မော်တော်ယာဉ် တန်ဖိုး (CIF) များကို ၂၀၁၄ ခုနှစ်အတွင်း ထပ်မံ ပြောင်းလဲဦးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂

အရောင်းအဝယ် နည်းပါးလာခြင်းနှင့် အတူ ၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည်ဟူသော သတင်းများကြောင့် ဂျပန် လေလံဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် မော်တော်ယာဉ်များ ကျပ် ၁၀ သိန်းခန့် (ယန်း တစ်သိန်းခန့်) ဈေးကျ သွားကြောင်း လေလံဈေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာလလယ်မှ စ၍ ဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ပြီး လေလံဆွဲသူ နည်းပါးလာခြင်းကြောင့် ဈေးဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ပွဲစားအချို့က ပြောကြားသည်။
“ဝယ်ရောင်းတွေရော၊ နိုင်ငံခြားက တိုက်ရိုက် ကားဝယ်စီးတဲ့ သူတွေရော လက်တွန့် နေကြတဲ့အတွက် လေလံဆွဲသူ နည်းပြီးတော့ ဈေးတွေ ကျလာတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက်ထဲမှာတော့ ပွိုင့် ၃ (၁၃၀၀ စီစီ) ကားတွေက စလစ်ကားတွေထက်စာရင် ပိုရောင်းရတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဆိပ်ကမ်းရောက် မော်တော်ယာဉ် တန်ဖိုး (CIF) ပေါ်မူတည်၍ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သူရိယ နေဝန်းသတင်းဂျာနယ် ကို ဦးတေဇ တရားစွဲမည်

သူရိယ နေဝန်းသတင်းဂျာနယ် ကို ဦးတေဇ တရားစွဲမည်

ဖြစ်ပုံတွေကို ရိုးရာလေးက ဘာမှ ရှင်းမပြချင်တော့ပါဘူး။ ဦးတေဇရဲ့  Official Facebook Page မှ ရေးသားချက်များကို ဘာစာမှ မပြင်ပဲ ပြန်လည် ဖော်ပြ ပေးလိုက် ရပါတယ်။ 

"ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေ တဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ် ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစု ဝင် ယောက်ျား ပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်း များ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ် သည့် အတွက် နောက် တစ်ခေါက် ထပ်သေရမှာ မကြောက်တတ် သူဆိုတာကိုလည်း သတိပြုမိ ပုံမပေါ်ပါ။

ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက်လည်း လူကြီး လူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်။

တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာစာစောင်တချို့ မှ စော်ကားရေး သားထားသော မိမိရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်း လုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ် ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်ရရှိသည့် အခြေအနေများ ကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ် လှပ တိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ကမ္ဘာသို့တင်ပြသွားပါမယ်။"

မူရင်း ဦးတေဇ၏ Post အား သွားရောက် ကြည့်ရှုရန် - 

https://www.facebook.com/photo.php?fbid=685094081525057&set=a.479789525388848.113704.266495883384881&type=1

ရိုးရာလေး ပြည်တွင်း သတင်း 

.

ဖြစ်ပုံတွေကို ရိုးရာလေးက ဘာမှ ရှင်းမပြချင်တော့ပါဘူး။ ဦးတေဇရဲ့  Official Facebook Page မှ ရေးသားချက်များကို ဘာစာမှ မပြင်ပဲ ပြန်လည် ဖော်ပြ ပေးလိုက် ရပါတယ်။

"ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေ တဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ် ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစု ဝင် ယောက်ျား ပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်း များ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မင်္ဂလာဆောင်တွင် ဂန်းနန်းစတိုင် အကဖြင့် ပျော်မြူးနေစဉ် သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက် အောင်ပွဲခံရာမှ အနည်းဆုံး သုံးဦးသေဆုံး

article-2512007-1996769200000578-523_636x338

 ယီမန်မှ မင်္ဂလာဆောင်တစ်ခုတွင် သက်ဆိုင်သူများက တောင်ကိုရီးယား ပေါ့ပ်အဆိုတော် PSY ၏ ဂန်းနန်းစတိုင်အကဖြင့် ပျော်မြူးနေချိန်တွင် လက်နက်များ ပါလာသည့် ဧည့်သည်အချို့က အေကေ-၄၇ ဖြင့် လေထဲသို့ သေနတ်ပစ်ဖောက် အောက်ပွဲခံရန် ကြိုးပမ်းရာမှ အနည်းဆုံး သုံးဦးသေဆုံးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက်သည့် အခိုက်တွင် တစ်ယောက်သည် သူ၏သေနတ်ကို မထိန်းနိုင်တော့ပဲ ကပွဲအတွင်းမှ လူအုပ်ထဲသို့ ဝှေ့ယမ်းမိလိုက်သဖြင့် ယခုကဲ့သို့ သွေးမြေကျခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို  Liveleak မှ ထုတ်လွှင့်ပြသခဲ့သည်။ ရေကူးကန်အနီး သွေးအိုင်ထဲလဲနေသူ၊ ကျည်ဆန်ထိမှန်ပြီး လူးလှိမ့်နေသူကို ဆွဲယူရွေ့ပြောင်းနေပုံများနှင့် မင်္ဂလာပွဲညတွင် အထိတ်တလန့် အော်ဟစ်သံများ လွှမ်းမိုးသွားသည့် ဗီဒီယိုဖိုင်များ ဖြစ်သဖြင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်ပေ။
ယီမန်မှ နယ်မြေအများစုတွင် ယခုကဲ့သို့ တရားမ၀င် သေနတ်ကိုင်ဆောင်မှုများ ရှိနေသည်မှာ မထူးဆန်းတော့သော ကိစ္စပင် ဖြစ်နေခဲ့သည်။ လက်နက်ကိုင်များက မင်္ဂလာပွဲအပါအ၀င် အခြားသော အခမ်းအနားများတွင် အောင်ပွဲခံသည့် အနေဖြင့် သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်သည်မှာလည်း အလေ့အထတစ်ခုလို ဖြစ်လာခဲ့သည်။ ယခုဖြစ်ရပ်အတွက် သေနတ်သမားကို ဖမ်းဆီးမှုရှိ မရှိ အတိအကျ ဖော်ပြထားခြင်း မရှိပါ။
Ref: Daily Mail
The Myanma Age

လန်ဒန်မြို့တွင် နှစ်ပေါင်း ၃ဝ ကြာ ကျွန်အဖြစ် ခိုင်းစေခံခဲ့ရသူ အမျိုးသမီး သုံးဦးအား ကယ်ဆယ်နိုင်ခဲ့

လန်ဒန်မြို့တွင် နှစ်ပေါင်း ၃ဝ ကြာ ကျွန်အဖြစ် ခိုင်းစေခံခဲ့ရသူ အမျိုးသမီး သုံးဦးအား ကယ်ဆယ်နိုင်ခဲ့

Saturday, November 23, 2013

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ နေအိမ်တစ်လုံးတွင် နှစ် ၃ဝ ကြာ ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရသော အမျိုးသမီးသုံးဦးအား ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ၎င်းနေအိမ်မှ အသက် ၆၇ နှစ်အရွယ် အိမ်ရှင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို နိုဝင်ဘာ ၂၁ ရက်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် ဗြိတိန်နိုင်ငံသားများ မဟုတ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းရေး ဌာနဖြစ်သည့် စကော့တလန် ယာ့ဒ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကျွန်အဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ အမျိုးသမီးသုံးဦးမှာ အသက် ၆၉ နှစ်အရွယ် မလေးရှားနိုင်ငံသူ အမျိုးသမီး တစ်ဦး၊ အသက် ၅၇ နှစ်အရွယ် အိုင်ယာလန် အမျိုးသမီးတစ်ဦးနှင့် အသက် ၃ဝ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ တစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့အနက်တစ်ဦးက လူမှုရေးအဖွဲ့သို့ ဆက်သွယ်ခဲ့ပြီးနောက် ၎င်းတို့အားလုံးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

http://www.myawady.net.mm/allnews/global/item/30936-2013-11-23-09-35-35

အိုစမာဘင်ဘာဒင်ကို ခြေရာခံနိုင်ရေး ကူညီခဲ့သော ဆရာဝန်ကို စွဲချက်အသစ် လူသတ်မှုတစ်ခုဖြင့် တရားစွဲ

အိုစမာဘင်ဘာဒင်ကို ခြေရာခံနိုင်ရေး ကူညီခဲ့သော ဆရာဝန်ကို
 စွဲချက်အသစ် လူသတ်မှုတစ်ခုဖြင့် တရားစွဲ

အိုစမာဘင်လာဒင်ကို  စီအိုင်အေက ခြေရာခံနိုင်ရေးတွင် အဓိက ကူညီခဲ့သော ပါကစ္စတန် ခွဲစိတ်ဆရာဝန် ရှိက်ကီလ် အဖီဒီကို ပါကစ္စတန်အစိုးရက လူသတ်မှုတစ်ခုနှင့် စွဲချက်တင်လိုက်သည်။

နိုဝင်ဘာ ၂၂ရက်က တရားစွဲဆိုမှုသည် အမေရိကန်အတွက် ဟီးရိုတစ်ယောက် သဖွယ်ဖြစ်သော အဖီဒီမှာ ပါကစ္စတန်အတွက် လူသတ်တရားခံ ဖြစ်ခဲ့ရသည်။ 

အမေရိကန်သည် ၂၀၁၁ခုနှစ် မေလက ပါကစ္စတန်နိုင်ငံ အစွန်ပိုင်းတွင် ဆရာဝန် အဖီဒီ၏ သတင်းပေးမှုကြောင့် အိုစမာဘင်လာဒင်၏ နေအိမ်ကို ၀င်စီးပြီး သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

Lashkar-e-Islam အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဖီဒိကို ပါကစ္စတန်က လွန်ခဲ့သောနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့သည်။ 

သို့သော် အဖီဒီက သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ယင်းတရား စီရင်မှုသည် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တင်းမာ သွားစေခဲ့သည်။

သြဂုတ်လကမူ ပါကစ္စတန် အာဏာပိုင်များက ဆရာဝန်ကို အမှုကို မှားယွင်းမှုအဖြစ် သတ်မှတ်ကာ တရားစီရင်မှု ပြန်စစေခဲ့ဖူးသည်။ 

ယခုစွဲချက်အသစ်မှာ ၂၀၀၅ခုနှစ်က က သေဆုံးခဲ့သော လူနာတစ်ဦး၏ မိခင်က အမှုဖွင့် တိုင်ကြားထားသော ဖြစ်ရပ်ဖြစ်သည်။ 

ထိုအမျိုးသမီးက အဖီဒီသည် ကိုက်ဘာလွတ်မြောက်ဒေသမှ ဆေးရုံတစ်ခုတွင် သူ၏သားကို အဖီဒီက ခွဲစိတ်ကုသပေးစဉ်က  ခွဲစိတ်ပါရဂူမဟုတ်ဘဲ လုပ်ကိုင်ခဲ့သဖြင့် သူ၏ သားမှာ သေဆုံးသည်ဟု စွတ်စွဲထားသည်။

အဖီဒီ၏ ရှေ့နေ ဆန်မီလာအဖီဒီက သောကြာနေ့ နံနက်တွင် ကိုက်ဘာအာဏပိုင်များက သူ၏အမှုသည်မှာ လူသတ်မှုကျူးလွန်ထားသည်ဟု အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

ဆရာဝန်နှင့် သူ၏ရှေနေတို့၏  မျိုးရိုးအမည်များမှာ အဖီဒီချည်းသာ ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ဆွေမျိုး တော်စပ်ခြင်း မရှိဟု သိရသည်။
Ref: Reuters

အိုစမာဘင်လာဒင်ကို စီအိုင်အေက ခြေရာခံနိုင်ရေးတွင် အဓိက ကူညီခဲ့သော ပါကစ္စတန် ခွဲစိတ်ဆရာဝန် ရှိက်ကီလ် အဖီဒီကို ပါကစ္စတန်အစိုးရက လူသတ်မှုတစ်ခုနှင့် စွဲချက်တင်လိုက်သည်။

နိုဝင်ဘာ ၂၂ရက်က တရားစွဲဆိုမှုသည် အမေရိကန်အတွက် ဟီးရိုတစ်ယောက် သဖွယ်ဖြစ်သော အဖီဒီမှာ ပါကစ္စတန်အတွက် လူသတ်တရားခံ ဖြစ်ခဲ့ရသည်။

အမေရိကန်သည် ၂၀၁၁ခုနှစ် မေလက ပါကစ္စတန်နိုင်ငံ အစွန်ပိုင်းတွင် ဆရာဝန် အဖီဒီ၏ သတင်းပေးမှုကြောင့် အိုစမာဘင်လာဒင်၏ နေအိမ်ကို ၀င်စီးပြီး သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Lashkar-e-Islam အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဖီဒိကို ပါကစ္စတန်က လွန်ခဲ့သောနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့သည်။

သို့သော် အဖီဒီက သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ယင်းတရား စီရင်မှုသည် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တင်းမာ သွားစေခဲ့သည်။

တပ်သား ၄၀ ဖြင့် လွှတ်တော် လုံခြုံရေးအဖွဲ့ ဖွဲ့ပေးရန် တင်ပြထားခြင်း မရှိဟုဆို

Photo: တပ်သား ၄၀ ဖြင့် လွှတ်တော် လုံခြုံရေးအဖွဲ့ ဖွဲ့ပေးရန် တင်ပြထားခြင်း မရှိဟုဆို 

ရန်ကုန်၊ နိုဝင်ဘာ ၂၂

လွှတ်တော် လုံခြုံရေးအတွက် တပ်သား ၄၀ ဦးဖြင့် သီးသန့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပေးရန် လွှတ်တော်က အစိုးရထံ တင်ပြထားသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က တပ်သား ၄၀ ဦးဖြင့် လွှတ်တော် လုံခြုံရေးတပ် သီးသန့် ဖွဲ့စည်းပေးရန် အစိုးရကို တောင်းဆိုထားခြင်းလည်း မရှိကြောင်း ၎င်းက ရှင်းပြသည်။ 
“လွှတ်တော်က တောင်းတာ မဖြစ်နိုင်ပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာမှ မရှိတာ။ လွဲနေတာ ဖြစ်ပါလိမ့်မယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

လွှတ်တော်အတွင်း လုံခြုံရေးကို လိုအပ်ပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအရ ထပ်မံ၍ ဖြည့်ဆည်း ခန့်အပ်သွားရန် ရှိသော်လည်း လွှတ်တော် လုံခြုံရေး သီးသန့်တပ်ဖွဲ့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် လွှတ်တော် လုံခြုံရေးအတွက် SP၊ CID နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဝန်ထမ်း ၁၀၀ ဦးရေ အောက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေပြီး မလုံလောက်ပါက အင်အား ဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

လွှတ်တော်ရုံးအတွင်း ဝန်ထမ်းအင်အား ၄၀၀ ခန့် ရှိပြီး ၂၀၁၅ ခုနှစ် မတိုင်မီ ဝန်ထမ်း ၈၀၀ ခန့် တိုးမြှင့် ခန့်အပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ လွှတ်တော်အတွင်း လာရောက် လည်ပတ်သူနှင့် အခြား ကိစ္စရပ်များအတွက် လုံခြုံရေး တိုးမြှင့်ပါက ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အတိုင်းသာ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လွှတ်တော် လုံခြုံရေးအတွက် တပ်မတော်တစ်ခု သီးသန့် ဖွဲ့စည်းရန် ဆိုသည်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အပြင် လွှတ်တော် ကိုယ်စားလှယ် များကိုလည်း အသိပေး ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

လွှတ်တော်ဘက်က ယင်းသို့ ငြင်းဆို ထားသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးကမူ လွှတ်တော်က တပ်သား ၄၀ ဖြင့် ကိုယ်ပိုင် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့ပေးရန် အစိုးရထံ တောင်းဆိုထားခြင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ ရက်နေ့က ကန့်ကွက်လွှာ ပြန်လည် ပေးပို့ထားကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေတွင် ပြောကြားထားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂

လွှတ်တော် လုံခြုံရေးအတွက် တပ်သား ၄၀ ဦးဖြင့် သီးသန့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပေးရန် လွှတ်တော်က အစိုးရထံ တင်ပြထားသည် ဆိုခြင်းမှာ မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က တပ်သား ၄၀ ဦးဖြင့် လွှတ်တော် လုံခြုံရေးတပ် သီးသန့် ဖွဲ့စည်းပေးရန် အစိုးရကို တောင်းဆိုထားခြင်းလည်း မရှိကြောင်း ၎င်းက ရှင်းပြသည်။
“လွှတ်တော်က တောင်းတာ မဖြစ်နိုင်ပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာမှ မရှိတာ။ လွဲနေတာ ဖြစ်ပါလိမ့်မယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

လွှတ်တော်အတွင်း လုံခြုံရေးကို လိုအပ်ပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအရ ထပ်မံ၍ ဖြည့်ဆည်း ခန့်အပ်သွားရန် ရှိသော်လည်း လွှတ်တော် လုံခြုံရေး သီးသန့်တပ်ဖွဲ့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် လွှတ်တော် လုံခြုံရေးအတွက် SP၊ CID နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဝန်ထမ်း ၁၀၀ ဦးရေ အောက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေပြီး မလုံလောက်ပါက အင်အား ဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့

Photo: တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့

ရန်ကုန်၊ နိုဝင်ဘာ ၂၂

၂၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ လိမ္မော်ခြံလမ်းရှိ နေအိမ်တစ်အိမ် မီးလောင်နေကြောင်း သတင်းအရသွားရောက်ခဲ့ရာအဆိုပါလမ်းရှိ ဒေါ်ကြုံဟွမ်(ဘ)ဦးကျော်ရှိန်နှင့်
သားဖြစ်သူ ဇော်ညွန့်(ခ)ပေါက်စီ (ဘ)ဦးဝမ်ကြားရှီ တို့နေထိုင်သော
လေးပင်၊ သုံးခန်း၊ ဓနိမိုး၊ထရံကာမြေစိုက်နေအိမ်အားမီးလောင်နေသည်ကို
တွေ့ရှိရပြီး ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၉၁၅အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ်သက်၍စစ်ဆေးရာသားဖြစ်သူ
ဇော်ညွန့်(ခ)ပေါက်စီသည် အရက်မူးလွန်ပြီး နေအိမ်ခန်းအတွင်းရှိ အ၀တ်ပုံအား ဂတ်(စ်)မီးခြစ်ဖြင့်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၃၂၀၀၀၀)ခန့်ဆုံးရှုံးခဲ့ကာ မီးရှို့သူ ဇော်ညွန့်(ခ)ပေါက်စီအား  တိုက်ကြီးမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တရုတ်၏ တတိယမြောက် ဒရုန်း ပထမဆုံးအကြိမ် ပျံသန်း

တရုတ်၏ တတိယမြောက် ဒရုန်း ပထမဆုံးအကြိမ် ပျံသန်း

နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံက လျှို့ဝှက်ဒရုန်း တစ်ခုကို ကာလအတန်ကြာ ကြံစည်ခဲ့ပြီး နောက်ပိုင်းတွင် နိုဝင်ဘာ ၂၁ရက်က ပထမဆုံး အကြိမ်ပျံသန်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ကြေညာခဲ့သည်။

မီဒီယာများက “ဓားထက်ထက်” ဟု အမည်ပေးထားသော လျှို့ဝှက်စစ်ဆင်ရေးသုံး ဒရုန်းသည် မျက်မြင်သက်သေများ ရှေ့တွင် မိနစ် ၂၀ခန့် ပျံသန်းမှုပြုခဲ့သည်။ 

တရုတ်သည် လွန်ခဲ့သော နှစ်များကလည်း J-20 နှင့်  J-31 ကို တီထွင်ခဲ့ဖူးသည်။ 

ပြီးခဲ့သောလ စက်တင်ဘာက အရှေ့တရုတ်ပင်လယ်မှ အငြင်းပွားဖွယ် ကျွန်းအနီးတွင် မောင်သူမဲ့ လေယာဉ်တစ်စီး ပျံသန်းခဲ့သည့် အတွက် ဂျပန်တို့၏ တင်းမာမှုများ မြင့်တတ်လာခဲ့သည်။

ယင်းဖြစ်ရပ် ပြီးသည်နောက်ပိုင်းတွင် ဂျပန်က နိုင်ငံ၏လေပိုင်နက်တွင် နောက်တစ်ကြိမ် ဒရုန်းကိုတွေ့လျှင် ပစ်ချမည်ဟု ကြိမ်းဝါးခဲ့သည်။  

လေ့လာသုံးသပ်သူများက တရုတ်သည် မောင်းသူမဲ့ လေယာဉ်များ လုပ်ရခြင်းမှာ အကြောင်းပြချက်နှစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ ပထမတစ်ခုမှာ ဒရုန်းကဲ့သို့သော ခေတ်မီ လေယာဉ်ငယ်များဖြင့် တရုတ်နိုင်ငံ၏ ခေတ်သစ်စစ်လက်နက်တပ်ဆင်မှုကို အလျှင်အမြန် အရှိန်မြင့်လာနိုင်စေရန်နှင့် ဒုတိယ တစ်ချက်မှာ ယခုကဲ့သို့သော နည်းပညာများ ကမ္ဘာ့တစ်ဝန်းလုံး ပျံ့နှံ့သွားနိုင်အောင် လုပ်နိုင်သည့် အနေအထား တစ်ရပ်ကို ဆုပ်ကိုင် ထားလို၍ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ 

လက်ရှိအချိန်တွင် ဒရုန်းပိုင်ဆိုင်မှုအတွက် ဦးဆောင်နေသာ နိုင်ငံနှစ်ခုမှာ အမေရိကားနှင့် အစ္စရေးတို့ ဖြစ်သည်။ 

သူတို့ ဒရုန်းလုပ်ရသည့် ရည်ရွယ်ချက်များထဲတွင် ပစ်မှတ်များကို တိုက်ခိုက်ရန် တိကျမှန်ကန်သော အချက်အလက်များ စုဆောင်းခြင်းမှ စတင်ခဲ့သည်။ 

တရုတ်သည်လည်း မောင်းသူမဲ့ လေယာဉ်အပေါ် တူညီသော စိတ်ဝင်စားမှုမျိုးနှင့် စတင်ခဲ့သည်ဟုလည်း သုံးသပ်နိုင်၏။

Ref: BBC

နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံက လျှို့ဝှက်ဒရုန်း တစ်ခုကို ကာလအတန်ကြာ ကြံစည်ခဲ့ပြီး နောက်ပိုင်းတွင် နိုဝင်ဘာ ၂၁ရက်က ပထမဆုံး အကြိမ်ပျံသန်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ကြေညာခဲ့သည်။

မီဒီယာများက “ဓားထက်ထက်” ဟု အမည်ပေးထားသော လျှို့ဝှက်စစ်ဆင်ရေးသုံး ဒရုန်းသည် မျက်မြင်သက်သေများ ရှေ့တွင် မိနစ် ၂၀ခန့် ပျံသန်းမှုပြုခဲ့သည်။

တရုတ်သည် လွန်ခဲ့သော နှစ်များကလည်း J-20 နှင့် J-31 ကို တီထွင်ခဲ့ဖူးသည်။

ပြီးခဲ့သောလ စက်တင်ဘာက အရှေ့တရုတ်ပင်လယ်မှ အငြင်းပွားဖွယ် ကျွန်းအနီးတွင် မောင်သူမဲ့ လေယာဉ်တစ်စီး ပျံသန်းခဲ့သည့် အတွက် ဂျပန်တို့၏ တင်းမာမှုများ မြင့်တတ်လာခဲ့သည်။

ယင်းဖြစ်ရပ် ပြီးသည်နောက်ပိုင်းတွင် ဂျပန်က နိုင်ငံ၏လေပိုင်နက်တွင် နောက်တစ်ကြိမ် ဒရုန်းကိုတွေ့လျှင် ပစ်ချမည်ဟု ကြိမ်းဝါးခဲ့သည်။

၂၂ သိန်း ကျော်တန် BlackBerry Porsche Design P’9982

၂၂ သိန်း ကျော်တန် BlackBerry Porsche Design P’9982

ငွေ ၂၂ သိန်းကျော်တန် ဇိမ်ခံဖုန်းတစ်လုံး ကိုင်ချင်တယ်။ ဈေးကြီး ရင်ပြီးရော ရွှေတွေ၊ ကျောက်တွေ စည်ထားတဲ့ ဖုန်းတွေကိုလည်း မလိုချင်သူ များအတွက် BlackBerry Porsche Desigen P’9982 က ရွေးစရာ ဖြစ်လာ မှာပါ။

BlackBerry ဖုန်းကုမ္မဏီနဲ့ ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Porsche ရဲ့  ဒီဇိုင်း လုပ်ငန်းခွဲ Porsche Design တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Porsche Design နဲ့ BlackBerry တို့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်တာ အတော်လေးကြာပါပြီ။ အားလုံးက ဈေးကြီး စမတ်ဖုန်းတွေချည်း ဖြစ် ပါတယ်။ ဇိမ်ခံကား၊ ဇိမ်ခံပစ္စည်း၊ ဇိမ်ခံ အသုံးအဆောင် ပစ္စည်းများမှ ကြိုက်နှစ်သက်သူ များအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါ တယ်။ 

ဖန်သားပြင် အရွယ် ၄.၂ လက်မ ရှိပြီး မျက်နှာပြင် အရွယ်အသွေးက 1280x768 pixel resolution ရှိပါတယ်။ ကင်မရာက 8 megapixel ပါ။ 4G Connectivity ထောက်ပံ့ပေးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Dual-core processor အသုံးပြုထားတဲ့ စမတ်ဖုန်းပါ။ internal storage 64 GB ရှိပြီး micro SD card ထည့်သွင်း အသုံးပြု နိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ BlackBerry Z10 ရဲ့  Hardware များနဲ့ အနီးစပ်ဆုံးရှိတဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။ 

OS ကတော့ BlackBerry ရဲ့ နောက်ဆုံးထွက် BB10.2 ကို အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ Android လည်း မဟုတ် iOS လည်းမဟုတ် Windows Phone လည်း မဟုတ်တဲ့ BB OS ကလည်း သီးသန့်ဆန်တဲ့ ဖုန်းတစ်လုံး ဖြစ်စေမှာ ဖြစ်ပါတယ်။ နည်းပညာ Specification များက သိပ်အမြင့်ကြီး မဟုတ်ပေမယ့် Hardware နဲ့ Appearance အပိုင်းကို သေ ချာ ဂရုစိုက် ဖန်တီးပေးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်မှာ သားရေတု ဖုံးထားပြီး ကားတစ်ခုလုံးအတွက် အသုံးပြုတဲ့ သတ္တုများ က ပေါ့ ပါးပြီး အကြမ်းခံကြောင်း ဆိုပါတယ်။ 

ဈေးလည်း ကြီးပါတယ်။ အမေရိကန်ဒေါ်လာ ၂၂၇၀ ဝန်းကျင် ရှိပြီး မြန်မာငွေနဲ့ တွက်ကြည့်လိုက်တော့ ၂၂ သိန်းဝန်းကျင်လောက် သွားကျ သွာတကို တွေ့ရ ပါတယ်။ ဒီတော့ ရွှေ၊ ကျောက်၊ ပတ္တမြား မဖုန်းပေ မယ့် ဈေးကြီးပြီးလှတဲ့ ဇိမ်ခံ စမတ်ဖုန်း အသုံးပြုချင်သူများအတွက် BlackBerry Porsche Desigen P’9982 ကို မိတ် ဆက်ပေးလိုက် ရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

www.smart.com.mm/index.php?option=com_content&view=article&id=18664:blackberry-porsche-design-p-9982-hands-on&catid=79&Itemid=435

.

ငွေ ၂၂ သိန်းကျော်တန် ဇိမ်ခံဖုန်းတစ်လုံး ကိုင်ချင်တယ်။ ဈေးကြီး ရင်ပြီးရော ရွှေတွေ၊ ကျောက်တွေ စည်ထားတဲ့ ဖုန်းတွေကိုလည်း မလိုချင်သူ များအတွက် BlackBerry Porsche Desigen P’9982 က ရွေးစရာ ဖြစ်လာ မှာပါ။

BlackBerry ဖုန်းကုမ္မဏီနဲ့ ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Porsche ရဲ့  ဒီဇိုင်း လုပ်ငန်းခွဲ Porsche Design တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Porsche Design နဲ့ BlackBerry တို့ ပူးပေါင်းပြီး စမတ်ဖုန်းထုတ်လုပ်တာ အတော်လေးကြာပါပြီ။ အားလုံးက ဈေးကြီး စမတ်ဖုန်းတွေချည်း ဖြစ် ပါတယ်။ ဇိမ်ခံကား၊ ဇိမ်ခံပစ္စည်း၊ ဇိမ်ခံ အသုံးအဆောင် ပစ္စည်းများမှ ကြိုက်နှစ်သက်သူ များအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါ တယ်။

ဖန်သားပြင် အရွယ် ၄.၂ လက်မ ရှိပြီး မျက်နှာပြင် အရွယ်အသွေးက 1280x768 pixel resolution ရှိပါတယ်။ ကင်မရာက 8 megapixel ပါ။ 4G Connectivity ထောက်ပံ့ပေးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Dual-core processor အသုံးပြုထားတဲ့ စမတ်ဖုန်းပါ။ internal storage 64 GB ရှိပြီး micro SD card ထည့်သွင်း အသုံးပြု နိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ BlackBerry Z10 ရဲ့  Hardware များနဲ့ အနီးစပ်ဆုံးရှိတဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။

“ခွင့်လွှတ်ခြင်း ဆိုတဲ့အရာက အကောင်းဆုံး ဖြေရှင်းနည်း တခုပါ” (သရုပ်ဆောင် နေတိုးနှင့်တွေ့ဆုံခြင်း)

 နေတိုး, အဖြူရောင်ရဲတိုက်, ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင် နေတိုး (ဓာတ်ပုံ – မေမြန်မာ / ဧရာဝတီ)

စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်) ရဲ့ဝတ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပုံဖော် ရိုက်ကူးထားပြီး လတ်တလော  ရုံတင်ပြသနေပြီဖြစ်တဲ့ “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားက   မူရင်းဝတ္ထုနဲ့ ကွဲလွဲချက် ရှိနေတယ်၊ ဇာတ်ကား ကြော်ငြာ ပိုစတာမှာ “မှော်ဝင်အနုပညာရှင် ၃ ဦး ရဲ့ အားပြိုင်ပွဲ” လို့ ကြေညာခဲ့ပေမယ့် ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ကောင် သရုပ်ဆောင် တွေရဲ့ ဇတ်ဝင်ခန်း တွေက မမျှမတဖြစ်နေတယ် ဆိုတဲ့ ဝေဖန် အငြင်းပွား တွေ  လူမှု ကွန်ရက်  Facebook  စာမျက်နှာ တွေနဲ့ ပရိသတ် တွေကြားမှာ ထွက်ပေါ်နေတာ နဲ့ ပတ်သက်လို့ “အဖြူရောင်ရဲတိုက်´´ ရုပ်ရှင် ဇတ်ကားရဲ့ အဓိက သရုပ်ဆောင်တဦး ဖြစ်တဲ့ မင်းသားနေတိုးကို ဧရာဝတီသတင်းထောက် မေမြန်မာက တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။     ။  “အဖြူရောင်ရဲတိုက်” နဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ကိုနေတိုး ပရိသတ် တွေရဲ့ခံစားချက်အပေါ် ကိုနေတိုးအမြင်ကို ပြောပြပေးပါဦး။
ဖြေ။     ။ ဒီဇာတ်ကားကိုကြည့်တဲ့အချိန်မှာ ပရိသတ်ခံစားရသလိုပဲ ကျနော်လည်းမြင်မိတယ်။ ဒီလိုဘာကြောင့် ဖြစ်လာသလဲ ဆိုတဲ့အပေါ်မှာ ပရိသတ်တွေက ကျနော်တို့ အနုပညာရှင်တွေကို မေးမြန်းတဲ့အပိုင်းတွေ ရှိခဲ့တယ်။ တချို့ဇာတ်ဝင်ခန်းတွေ  မပါဝင်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေက ဒါရိုက်တာကို အဓိက ဦးစားပေးပြီး မေးမြန်း ခဲ့တဲ့အပေါ်မှာ ဒါရိုက်တာရဲ့ဖြေကြားမှုတွေအပေါ်မှာ တချို့ဖြေကြားမှုတွေက ပြည့်စုံမှုနည်းနေတဲ့ အတွက်ကြောင့် ဝေဖန်မှု တွေက ဒီထက်မကပြင်းထန်လာတယ်။ အခုအချိန်မှာတော့ ပရိသတ်တွေနားလည်ကျေနပ်လောက်တဲ့ ဖြေကြားမှုတွေ ဒါရိုက်တာက ဖြေကြားလိုက်တဲ့အခါကျမှ ဒါတွေကြောင့် ဒီလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ အပေါ်မှာလည်း သူတို့ကျေနပ်သွားတဲ့အတွက် သူတို့စိတ်ကလေးတွေ အေးချမ်းသွားပြီလို့ ကျနော်မြင်ပါတယ်။

မှန်မှန်ကန်ကန်တန်းစီပါ၊ ကြားမဖြတ်ပါနှင့် ဤဈေးတွင် အယုတ်အလတ် အမြတ်မရွေး မှတ်ပုံတင်မလိုဘဲ… သာတူညီမျှ ပေးပါသည်

အချိန်မှာ ညနေ ၄ နာရီခွဲခန့်သာ ရှိသေးသည်။ နေရောင်မပျောက် သေးသည့်အပြင် နေအရှိန်လည်း ကျန်သေးသည်မို့ အပူဓာတ်ရှိနေချိန် လည်း ဖြစ်သည်။ ထို့ပြင် လမ်းနှင့် မလိုက် ဖက်လှအောင် ချထားသည့် စပီကာ ဘောက်များအတွင်းက မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း စသည့် မြူးကောင်း၊ ကကောင်းမည့် သီချင်းများ မနားမနေ ထွက်ပေါ်နေပြန် သည်။ ထိုစပီကာနှင့် ကပ်လျက်အနေအ ထားတွင်တော့ ဝါးလုံးသုံးလေးငါးလုံးဖြင့် လူတစ်ကိုယ်စာအနေအထား အရွယ်နှင့် မတ်တတ်ရပ်ရန် လွယ်ကူ မည့်ပုံသဏ္ဌာန် ပြုလုပ်ထားသည်ကိုလည်း တွေ့ရပြန် သည်။ ထိုဝါးလုံးအတန်းထဲ၌ မည်သည့် အရာများ ရှိနေမည်နည်း။ သင်တွေးဆ ကြည့်နိုင်သည်။ အဖြေကို ဆိုရလျှင် ၎င်းဝါးလုံးတန်းအတွင်း၌ ”လူသား” များစွာ မညီမညာရပ်နေကြသည်။ အသေးစိတ်ထပ်ကြည့်မည်ဆိုပါက အဆိုပါ ဝါးလုံးအကာအရံထဲတွင် ပျိုပျို အိုအို လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး အစုံစုံသော လူများ ထိုင်လျက်တစ်ဖုံ၊ ရပ်လျက်တစ်သွယ် မြင် တွေ့နိုင်လေသည်။ ထိုနေရာသည် ရန် ကုန်မြို့လယ်နှင့် အနည်းငယ်လှမ်းသည့် လူနေထူ ထပ်သော မြို့နယ်တစ်ခုအတွင်း၌ ရှိနေခြင်းဖြစ်ပြီး ၎င်းမြင်ကွင်းနှင့် မလှမ်းမကမ်းရှိ လမ်းသွယ်တစ်ခုတွင်လည်း အတန်းလိုက်တည်ရှိနေသည့် လူများကို တွေ့မြင်နိုင်မည်။ လူတန်းကြီး ၏ ဘေး၌ လည်း စပီကာဘောက်မဲမဲကြီးများ ချထား သည်ကို အထက်ပါပုံစံအတိုင်း တွေ့နိုင် သည်။ ယင်းစပီကာအတွင်းမှ သီချင်းသံများက တစ်ဖက်နှင့် တစ်ဖက် အပြိုင်ဆူညံ ကောင်းတုန်းလည်း ဖြစ်သည်။ထိုအချိန်အထိ အဆိုပါမြင်ကွင်းများ လှုပ်ရှားမှု သိပ်မတွေ့ရသေး။ တန်းစီရပ်နေသည့် လူများကြားမှ ကလေးငယ်များ ကမူ လူများတန်းစီထားသည့် အပြင်ဘက်သို့ ထွက်သူထွက်၊ ကစားသူကစား သာဖြစ်ပြီး လူကြီးလူရွယ်များက ဇွဲ ကောင်းစွာ ရပ်နေကြတုန်းပင် ဖြစ်သည်။
အသက် ၄ဝ နီးပါး ရှိပြီဖြစ်သည့်   ‘ဒေါ်ငွေ’ က အနည်းငယ် ‘ဝ’ သည့် အတွက် ဝါးလုံးတန်းအတွင်း ကြာကြာ မရပ်နိုင်ဘဲ ဆောင့်ကြောင့်ထိုင်ချလိုက် သည်။ သို့သော် ထိုင်နေသည့်အတွက် ထမီတိုတိုအောက်မှ ခြေသလုံးပေါ်သို့ ခြင်ကိုက်ခံရကာ ယခင်နေပူ၍ မိုးထား သည့်စာအုပ်ဖြင့် ဝှေ့ယမ်းခတ်လိုက်သည်။ ပါးစပ်မှလည်း နေပူ၍ အိုက် လာသည့် အကြောင်းအနည်းငယ် ညည်းတွားပြီး အ ချိန်အတိအကျ မသိသော်လည်း တစ်နာရီ နီးပါးခန့် ယင်းဝါးလုံးတန်းအတွင်းရောက် ရှိနေခြင်းဖြစ်ကြောင်း ‘ဒေါ်ငွေ’က ဆို သည်။ သို့ သော် စကားကြာကြာမပြောနိုင်။ စပီကာမှ ”ကတ် စဝေပါပြီ” ဟူ၍ ထွက် လာသည့်အသံကြောင့် ‘ဒေါ်ငွေ’ ကဲ့သို့ ထိုင်နေသည့် လူတချို့ ရုတ်ချည်းမတ် တတ်ရပ်လိုက်ကာ လူအများက ‘ဟေး’ ‘ဝါး’ စသည်ဖြင့် သူ့ထက်ငါ စတင် တိုး ကျိတ်ကြတော့သည်။

ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို

မင်းမင်း|သောကြာနေ့၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ်

သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်ပင် ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်ပေးရန် သံဃာအပါး ၁၂၀ ခန့်က သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ချီတက်တောင်းဆိုကြသည်။

ထိုအစ္စလာမ်ဘာသာရေးကျောင်းသည် လွန်ခဲ့သည့် နှစ် ၃၀ ကျော်က ၁၅ပေပတ်လည်ရှိ အကြော်တဲဖြစ်ပြီး ယခုဆောက်လုပ်နေမှုမှာ အလျား ၄၅ပေx အနံ ၈၀ပေ ဖြစ်နေသည့်အတွက် အုပ်ချုပ်ရေးပိုင်းမှ ပြန်လည်စိစစ်ရန် သံဃာများက အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးတွင် သွားရောက်ကာ စာတင်ခဲ့ခြင်းဖြစ်သည်။

သံဃာများ၏ တောင်းဆိုသော စာထဲတွင် 'အဆောက်အဦး၏ အကျယ်အဝန်းအား စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီးစစ်ဆေးပေးရန်'ဟု ပါရှိရာ အရှေ့ပိုင်းအခရိုင်ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်းတို့အနေဖြင့် ဆုံးဖြတ်မပေးနိုင်သောကြောင့် တိုင်းအစိုးရသို့ တင်ပြပေးမည်ဟု ပြောသည်။

စိတ်ကိုဘယ်လိုကူးရပါ့....( မောင်သာချို )

Photo: စိတ်ကိုဘယ်လိုကူးရပါ့
----------
ရေးသားသူ- မောင်သာချို

(တစ်)
အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုယန္တရားကြီးကြောင့် ပျက်စီးသွားရတဲ့ နယ်ပယ်အသီးသီးထဲမှာ လူတွေရဲ့ စိတ်ကူးစိတ်သန်းနယ်ပယ်လည်းပါမယ်လို့ ကျွန်တော်ထင်တယ်ဗျာ။

မြန်မာ့စီးပွားရေးလောက ချုံးချုံးကျသွားရကြောင်းကိုတော့ ၀န်ခံထားကြပြီးသားပါ။မြန်မာ့ပညာရေးလောက
သုံးစားမရတော့ကြောင်းလည်းဆွေးနွေးခဲ့ကြပြီးသားပါ။ မြန်မာ့အားကစားလောက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေကြောင်းလည်း သုံးသပ်ခဲ့ကြပြီးသားပါ။ မြန်မာ့အနုပညာလောကစံချိန်စံညွှန်းတွေလျော့ကျသွားကြောင်းလည်းဝေဖန်ခဲ့ကြပြီးသားပါ။ ဘယ်ခေါင်းစဉ်ခွဲကိုပဲ ကောက်လှန်လှန်သိပ်မဟန်တာတွေချည်းသာလို့ ၀န်ခံရမယ့် အနေအထားပါ။အဲသည့်လိုမြန်မာတို့ပျက်သွားရပုံနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ စိတ်ကူးပုံစိတ်ကူးနည်းတွေအထိ ကမ္ဘာက သြချရလောက်အောင်ပျက်စီးယိုယွင်းသွားကြရတဲ့အကြောင်းတွေကဖြင့်မကြားချင်မှအဆုံးပါပဲ။

(နှစ်)
ဂျပန်ကနေပြန်လာသူ လေးငါးယောက်လောက်က သူတို့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ စာရေးသူကျွန်တော့်ကို မကြာခဏမျှဝေပေးတတ်ကြပါတယ်။ 
	
တစ်ခါမှာတော့ တစ်ယောက်က ဂျပန်မီးရထားစီးသူတွေနဲ့ ဂျပန်ဘူတာရုံတွေအကြောင်းကို ဖောက်သည်ချလာခဲ့ပါလေရော။ စာဖတ်သူ ကျွန်တော့်မိတ်ဆွေတို့ တိရိစာန်ဥယျာဉ်အ၀င်အ၀က လူဝင်ပေါက်မှာ တပ်ထားတဲ့ ဒလက်ကြီးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ လူဝင်တဲ့အခါ ဒလက်ကလည်သွားပြီး လူကဒလက်နဲ့အ တူ ပါသွားရတဲ့၊ လူဝင်လူထွက်ကို စနစ်တကျဖြစ်အောင် လုပ်ပေးထားတဲ့ ကိရိယာလို့ဆိုပါတော့။
	 
ဂျပန်က မီးရထားဘူတာရုံတွေမှာ အဲသည့်လိုဒလက်တွေ တပ်ထားပေးပါတယ်။ ဒလက်ထဲ ကို လူဝင်ပြီးလှည့်တဲ့အခါလက်မှတ်တစ်စောင်ပေးလိုက်တာနဲ့ဒလက်က အလိုလိုလည်သွားပြီးသားဆိုပါတော့။ လက်မှတ်တစ်စောင်တည်းပေးပြီး ဒလက်ထဲမှာ လူနှစ်ယောက်ဝင်ရပ်ရင် ဒလက်က မလည်ပါဘူး။ ထစ်နေပါတယ် ဒါဆိုလူက မလည်တဲ့ဒလက်ထဲမှာတစ်နေပြီး အထဲကိုဝင်လို့မရတော့ပါဘူး။ သိပ်ကောင်းတဲ့ ဂျပန်စနစ်ပေါ့။
	
 ဒါပေမဲ့အဲသည့်လို သိပ်ကောင်းတဲ့ ဂျပန်စနစ်ကို ခေါင်းခြောက်သွားအောင်လုပ်ဖို့ ပေါ်ပေါက်လာတာက မြန်မာ့စိတ်ကူးပါ။ မြန်မာနိုင်ငံသားက ဂျပန်ကို မေးပါတယ်။ လူနှစ်ယောက်က လူတစ်ယောက်တည်း နီးနီးလောက်ဖြစ်အောင်ဖက်ပြီးတော့ ကပ်ထားမယ်။ ပြီးတော့ လက်မှတ်တစ်စောင်တည်းပြပြီးဝင်မယ်ပေါ့။ ဂျပန်အမျိုးသားက ရယ်ပါတယ်။ မရပါဘူးဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက်ပဲကပ်ပြီး ၀င်ဝင်စက်ကနှစ်ယောက်မှန်းသိပါတယ်ပေါ့။ လက်မှတ်နှစ်စောင်မပေးရင် မလည်ပါဘူးပေါ့။
	
မြန်မာက လက်မလျှော့ပါဘူး။ ဒါဆို ကလေးတွေကုန်းပိုးသ  လိုပိုးပြီးဝင်မယ်ဆိုရင်ရောပေါ့။ သည်တစ်ခါမှာတော့ ဂျပန်ငိုင်ကျသွားပါတယ်။   Cross Question အမေးခံလိုက်ရတဲ့လူလို ဘာပြန် ဖြေရမှန်းမသိ ဖြစ်သွားပုံရပါတယ်။အေးဗျာ ကျွန်တော်တို့ ဂျပန်တွေ ဘယ်သူမှ အဲသည်လို မတွေးမိကြဘူးတဲ့။ စိတ်မကူးမိကြဘူးတဲ့။ ၀မ်းသာရမှာလားမသိ။ ၀မ်းနည်းရမှာလားမသိ။ မြန်မာ့ စိတ်ကူးရဲ့ သူမတူအောင် ထောင့်စေ့ပုံ။ လူတစ်ယောက်အတွက်လက်မှတ်တစ်စောင်ခသက်သာ 
အောင်ကုန်းပိုးပြီးဝင်ရင် ရနိုင်တယ်လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ်မကူးမိကြ။

(သုံး)
နောက်တစ်ခါ အခွေကိစ္စလေးပြောချင်သေးတယ်ဗျ။ အမျိုးမျိုးအထွေထွေသော အခွေတွေပေါ့။စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရောအစုံ။

ကျွန်တော်တို့ဆီမှာ အဲသည့် အခွေမျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလောနဲ့ ၀ယ်လို့ရနိုင် တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့်မူရင်းအခွေတွေကို ငွေနှစ်ရာနဲ့လည်းရနိုင်၊ ငွေသုံးရာနဲ့လည်းရနိုင်တဲ့အခွေ တွေဆိုပါတော့။ လူထုပါးစပ်ထဲ မှာကတော့လွယ်လွယ်ခေါ်နေတဲ့ ဝေါဟာရတစ်လုံးရှိပါတယ်။ ခိုးကူးတဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်းအနှီးကြီးကြီးနဲ့ လုပ်ထားကြရတဲ့ တေးဂီတထုတ်လုပ်သူတွေ၊ရုပ်ရှင်ဗီဒီယိုထုတ်လုပ်
သူတွေဟာ စီးပွားပျက်မတတ် ထိခိုက်ကြရတာကိုလည်း အားလုံးသိပြီးသားပါ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန်ရှိသူတွေနဲ့၊ ရဲတွေနဲ့ပူးပေါင်းပြီး ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေကြတာတွေကလည်းမကြာမကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေတဲ့အခြေအနေ။
	 
တစ်ရက် အနောက်ကမ္ဘာ မှာ အနေကြာခဲ့ အနေကြာဆဲသူ တစ်ယောက်နဲ့ စကားဝိုင်းဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေဘက်ဆီကို စကားဝိုင်းရောက်သွားတော့ အိုင်တီနည်းပညာ သိပ်ကိုရှေ့တန်း ရောက်တဲ့နိုင်ငံမှာ အခွေတွေကို ကူးမရောင်းဘူးလားလို့ ကျွန်တော်က မေးမိပါတယ်။ ဆိုကြပါစို့ လေဒီဂါဂါရဲ့အခွေ၊ တေလာ ဆွစ်ရဲ့အခွေ၊ ဂျပ်စတင်ဘီဘာရဲ့ အခွေ။ 

အမေးခံရတဲ့လူ ကြောင်တက်တက်ဖြစ်သွားသဗျ။ သူတို့ဆီမှာ တစ်ခါမှ စိတ်ကူးလေ့ကူးထမရှိတဲ့ စိတ်ကူးမျိုးကို သိလိုက်ရလို့ အံ့သြသွားပုံလည်း ရပါတယ်။ အေးဗျာ.. တဲ့။ ကူးရောင်းရင်တော့ ဈေးသက်သာမှာ သေချာပေါက်ပေါ့တဲ့။ ဒါပေမဲ့ အဲသည့်ကမ္ဘာကလူတွေက အဲသည်လိုမျိုးလုပ်ပြီး ပိုက်ဆံရှာဖို့ စိတ်ကူး လေ့ရှိကြပုံမရဘူးတဲ့။ မအံ့သြဘူးလား။

(လေး)
	
သွေးဆေးထဲမှာ အုတ်နီခဲမှုန့်ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ နှမ်းထဲမှာ ကျောက်စရစ်ခဲကလေးတွေ ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ် ကူးသူတွေရှိပါတယ်။ သူတစ်ပါး ပြုစုထားတဲ့ အဘိဓာန်စာအုပ်ကြီးထဲကနေ ကိုယ့်စိတ်ကြိုက်စကားလုံးတချို့ ရွေးထုတ်ကာ ကိုယ့်ကိုယ်ကိုယ် အိတ်ဆောင်အဘိ ဓာန်ပြုစုသူလုပ်ရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ အနောက်တိုင်းဆေးပညာကနေလာတဲ့ သောက်ဆေးတွေကို အမှုန့်လုပ်၊ ပုလင်းထဲထည့်၊ ရွာစဉ်လှည့်
ကာ မိမိကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးအဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေးဆရာကြီးအဖြစ်ကုသဖို့ စိတ်ကူးသူတွေရှိပါတယ်။
	
စိတ်ဆိုတာ ကူးလို့ရတဲ့အရာဖြစ်လို့ ဘယ်သူမဆို စိတ်ကူးနိုင်ခွင့်ရှိကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ဘယ်လိုစိတ်ကူးမျိုးကို ကူးနေသလဲ၊ ဂုဏ်သိက္ခာရှိတဲ့လူတွေ ကူးတဲ့ စိတ်ကူးမျိုးမှဟုတ်ရဲ့လားဆိုတာက ဘ၀ရဲ့ပြဿနာပါ။
	  
ကြီးမြတ်တဲ့လူမျိုးဟာ ပေါက်တတ်ကရတွေကို စိတ်ကူးလေ့ကူးထမရှိပါဘူး။ အခုကျွန်တော်တို့ စိတ်ကူးနေကြတာတွေက လက်မှတ်တစ်စောင်တည်းနဲ့ လူနှစ်ယောက်ဝင်လို့ရအောင် ကုန်းပိုးပြီးဝင်မယ်ဆိုတဲ့ စိတ်ကူးမျိုး။ သူများတကာ နှလုံးသားနဲ့၊ ဉာဏ်ပညာနဲ့ ရင်းနှီးထုတ်လုပ် ထားတဲ့အခွေကို ခိုးကူးမယ်ဆိုတဲ့စိတ်ကူးမျိုး။
	
လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကိုခန့်မှန်းတဲ့အခါ သူတို့မှာဘယ်လိုစိတ်ကူးမျိုးတွေရှိနေကြ
သလဲဆိုတာကလည်း ထည့်သွင်းတိုင်းတာရတဲ့ပေတံတစ်ချောင်းပါ။ အခု...ကျွန်တော်တို့ စိတ်ကူးနေကြပုံတွေ...။

ရှက်ပါတယ်။	။
(တစ်)
အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုယန္တရားကြီးကြောင့် ပျက်စီးသွားရတဲ့ နယ်ပယ်အသီးသီးထဲမှာ လူတွေရဲ့ စိတ်ကူးစိတ်သန်းနယ်ပယ်လည်းပါမယ်လို့ ကျွန်တော်ထင်တယ်ဗျာ။

မြန်မာ့စီးပွားရေးလောက ချုံးချုံးကျသွားရကြောင်းကိုတော့ ၀န်ခံထားကြပြီးသားပါ။မြန်မာ့ပညာရေးလောက
သုံးစားမရတော့ကြောင်းလည်းဆွေးနွေးခဲ့ကြပြီးသားပါ။ မြန်မာ့အားကစားလောက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေကြောင်းလည်း သုံးသပ်ခဲ့ကြပြီးသားပါ။ မြန်မာ့အနုပညာလောကစံချိန်စံညွှန်းတွေလျော့ကျသွားကြောင်းလည်းဝေဖန်ခဲ့ကြပြီးသားပါ။ ဘယ်ခေါင်းစဉ်ခွဲကိုပဲ ကောက်လှန်လှန်သိပ်မဟန်တာတွေချည်းသာလို့ ၀န်ခံရမယ့် အနေအထားပါ။အဲသည့်လိုမြန်မာတို့ပျက်သွားရပုံနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ စိတ်ကူးပုံစိတ်ကူးနည်းတွေအထိ ကမ္ဘာက သြချရလောက်အောင်ပျက်စီးယိုယွင်းသွားကြရတဲ့အကြောင်းတွေကဖြင့်မကြားချင်မှအဆုံးပါပဲ။

(နှစ်)
ဂျပန်ကနေပြန်လာသူ လေးငါးယောက်လောက်က သူတို့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ စာရေးသူကျွန်တော့်ကို မကြာခဏမျှဝေပေးတတ်ကြပါတယ်။

တစ်ခါမှာတော့ တစ်ယောက်က ဂျပန်မီးရထားစီးသူတွေနဲ့ ဂျပန်ဘူတာရုံတွေအကြောင်းကို ဖောက်သည်ချလာခဲ့ပါလေရော။ စာဖတ်သူ ကျွန်တော့်မိတ်ဆွေတို့ တိရိစာန်ဥယျာဉ်အ၀င်အ၀က လူဝင်ပေါက်မှာ တပ်ထားတဲ့ ဒလက်ကြီးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ လူဝင်တဲ့အခါ ဒလက်ကလည်သွားပြီး လူကဒလက်နဲ့အ တူ ပါသွားရတဲ့၊ လူဝင်လူထွက်ကို စနစ်တကျဖြစ်အောင် လုပ်ပေးထားတဲ့ ကိရိယာလို့ဆိုပါတော့။

ယာဉ်တိုက်မှုကျူးလွန်ပြီး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂၁-၁၁-၂၀၁၃ ရက်နေ့ ၁၇၄၀ ချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ စစ်တောင်းတံတားဟောင်း၊ ဒုတိယတံတားကုန်းအနီး၊ ပေ(၇၀၀)ခန့်အကွာတွင် သိမ်ဇရပ်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းနေ ကိုကို(၄၇)နှစ်မောင်းနှင်ပြီး ယာဉ်၏ ဦးခေါင်းပိုင်းတွင် ၀ိုင်ယာလက်မီးနီတပ်ဆင်ထားသည့် ၉ဂ/xxxx Toyota Harrier ယာဉ်သည် ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်၊ ကျောက်ညှပ်ကျေးရွာနေ မဝေေ၀စိုး(၂၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မကေခိုင်ဦး(၁၅)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်အား နောက်မှ ၀င်ရောက်တိုက်မိခဲ့သည်။

အခင်းဖြစ်နေရာသို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မဝေေ၀စိုးတွင် ၀ဲ/ယာတံတောင်/ ယာနဖူး/ခြေထောက်/ပုခုံးပွန်းပဲ့ဒဏ်ရာနှင့် မကေခိုင်ဦးတွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ ၀ဲတံတောင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းတွေ့ရှိရသဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ကိုကိုအား စစ်မေးခဲ့ရာ ကိုကိုမှ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံရေးနှင့်ထောက်လှမ်းရေးဌာနမှ ရဲမှူး(၁)ဦး ဖြစ်ကြောင်းပြောဆိုသဖြင့် ထပ်မံစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အယောင်ဆောင်ပြောဆိုခဲ့ ကြောင်းနှင့် ၀ါယာလက်မီးနီအား ယာဉ်တွင်အယောင်ဆောင်တပ်ဆင်သုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကိုကိုအား သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်လည်းကောင်း၊ (ပ)၁၉၅/၁၃၊ ပြစ်မှုပုဒ်မ ၁၄၀/၁၇၀ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

တိုယိုတာ၏ ဂျိမ်းစ်ဘွန်းကား လာမည့်လတွင် မိတ်ဆက်မည်

ကမ္ဘာကျော် စပိုင်ရုပ်ရှင် ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင်သာ ပါဝင်လေ့ရှိသော စိတ်ကူးယဉ်ဆန်လွန်းလှသည့် ကိုယ်ဟန်အမူအရာဖြင့် အမိန့်ပေးစေခိုင်းနိုင်သည့် အဆင့်မြင့်နည်းပညာသုံး မော်တော်ကား တစ် မျိုးကို လာမည့် ဒီဇင်ဘာလ၊ သို့မဟုတ် ၂၀၁၄ ခုနှစ်ဆန်းပိုင်းလများတွင် ဈေးကွက်သို့ တရားဝင်မိတ်ဆက်မည်ဖြစ်ကြောင်း ကားကုမ္ပဏီ တိုယိုတာမှ ယခုလလယ်ပိုင်းတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် FV2 ဟု အမည်ပေးထားသည့် အဆိုပါ Hi-Tech မော်တော်ကားမှာ တစ်ယောက်စီးမျှ သာဖြစ်ပြီး ဘေးတွဲပါသော ဆိုင်ကယ်တစ်စီးမျှသာ အလေးချိန်ရှိမည် ဖြစ်သည်။ စိတ်ကူးယဉ် အဆင့်မှ သည် လက်တွေ့ဆန်ဆန် တီထွင်လာနိုင်သည်အထိ ရည်ရွယ်ထားခဲ့သော FV2 ကို Tokyo Motor Show တွင် ခင်းကျင်းပြသမည် ဖြစ်သည်။ ကားအတွင်း ထည့်သွင်းထားသည့် နည်းစနစ်က ယာဉ်မောင်းသူ၏ အမိန့်ပေးသံနှင့် ကိုယ်ဟန်အမူအရာကို နားထောင်ကာ မောင်း၊ ရပ် လုပ်ဆောင်ချက်များကို ၎င်း ဘာသာ ဆုံးဖြတ်လျက် တိုက်ရိုက်လုပ် ဆောင်မည်ဖြစ်သည်။ ထို့ပြင် ကား၏ အရောင်ကိုလည်း ယာဉ်မောင်းသူမှ ပြောင်းလဲပေးနိုင်သည်ဟု ဆိုသည်။ ကုမ္ပဏီမှ ရူပဗေဒနည်းကျကျဖြင့် ယုတ်္တိရှိစွာ တီထွင်ဖန်တီးထားသည့် မော်တော်ကားဟု အကျယ်တ၀င့် ရှင်းပြခဲ့ပြီး ပြပွဲတွင်မူ အသေးစိတ် အချက်အလက်များ ထပ်မံထုတ်ပေး သွားဖွယ် ရှိနေသည်။

ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်

Photo: ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက် ရှိနေသည့် ခုံးကျော်တံတား တစ်ခုဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘုရင့်နောင်ခုံးကျော် တံတားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ပြီး တံတားအလယ်ပိုင်းအလွှာ လမ်းကြောင်းကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင်ကျန်ရှိနေသည့် အပေါ်ဆုံးအလွှာ ခုံးကျော်တံတား လမ်းကြောင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြု ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း လမ်း/ တံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI Co.Ltd မှ တာဝန်ယူ တည်ဆောက်နေပြီး ကျပ် ၂၆ ဘီလျံခန့် ကုန်ကျနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ဇွန်လ အတွင်းက The Daily Eleven သတင်းစာနှင့် သီးသန့်တွေ့ဆုံ အင်တာဗျူးတွင် ဖြေကြားထားခဲ့သည်။

ထို့ပြင် ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Capital Development Co.ltd မှ စီမံကိန်း ဒါရိုက်တာ၏ ပြောကြားချက်အရ သိရသည်။

ယင်းရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၁၇ ဘီလျံ ကုန်ကျနိုင်သည်ဟုလည်း မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

(နိုဝင်ဘာ ၂၂ ရက်က ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာ တည်ဆောက်ပြီးစီး နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက် ရှိနေသည့် ခုံးကျော်တံတား တစ်ခုဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘုရင့်နောင်ခုံးကျော် တံတားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ပြီး တံတားအလယ်ပိုင်းအလွှာ လမ်းကြောင်းကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင်ကျန်ရှိနေသည့် အပေါ်ဆုံးအလွှာ ခုံးကျော်တံတား လမ်းကြောင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြု ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း လမ်း/ တံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နေပြည်တော် လေဆိပ်တွင် လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် အေးရှားဝေါလ်ကုမ္ပဏီ တောင်းဆို

Photo: နေပြည်တော် လေဆိပ်တွင် လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် အေးရှားဝေါလ်ကုမ္ပဏီ တောင်းဆို

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူရန် အေးရှားဝေါလ် ကုမ္ပဏီက တောင်းဆိုထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် (၁) အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် (၁) အား တည်ဆောက်ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန်မှာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှု မရှိပါက ဆက်လက် အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်း ရယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

''နေပြည်တော် လေဆိပ်ကို နိုင်ငံတကာ လေကြောင်းလိုင်း အများစု ဆင်းသက်မှုမရှိလို့ နိုင်ငံပိုင်အဖြစ် ပြန်အပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကို လက်ခံပြီး နိုင်ငံတော်က ပြန်လည်လွှဲပြောင်းယူဖို့ မယူဖို့ကတော့ ဆွေးနွေးနေဆဲ အဆင့်ပဲ ရှိပါသေးတယ်'' ဟု လေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

နေပြည်တော်လေဆိပ် အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န် ဆောင်မှုလုပ်ငန်းများကို အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ နေပြည်တော် လေဆိပ်အား နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် တောင်းဆိုခြင်းအပေါ် လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ''လေဆိပ်ဆိုာကတော့ လေကြောင်းလိုင်းတွေ ဆင်းမှပဲ အကျိုးအမြတ် ရမှာပေါ့။ လေကြောင်းလိုင်းတွေ အများစု ဆင်းဖို့ဆိုတာက စီးပွားရေးသမားတွေ လာမှပဲ ဖြစ်မှာပေါ့။ နေပြည်တော်ကတော့ စီးပွားရေးမြို့တော် မဟုတ်ဘဲ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အတွက် နိုင်ငံတော် ဧည့်သည်တွေ လာတာများတယ်။ အစည်းအဝေးပွဲတွေ ဆွေးနွေးပွဲတွေရှိမှပဲ နိုင်ငံတကာ လေယာဉ်တွေ ဆင်းတာပဲရှိတယ်။ စီးပွားရေးအရ တွက်ချက်ပြီး လုပ်မယ်ဆိုရင် ကိုယ်ဆုံးဖြတ်တာကို ကိုယ့်ဘာသာ ခံရမယ်။ လူကြီးတွေ ဖြစ်ချင်တာ လုပ်ပေးပြီး တွက်ခြေမကိုက်မှ ပြန်လွှဲမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ အချိန်တစ်ခုကို စောင့်ကြည့်သင့်တယ်။ အစိုးရအနေနဲ့ အရှုံးခံပြီးလုပ်ဖို့ ဆိုတာကလည်း တော်တော် စဉ်းစားရမယ်။ ပြောရရင်တော့ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီး လုပ်ထားတာဖြစ်လို့ စာချုပ်ပါ စည်းကမ်းချက်တွေကို နှစ်ဖက်စလုံး လိုက်နာသင့်တယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ဘီအိုတီ စနစ်ဖြင့် လုပ်ကိုင်ရန် လုပ်ငန်းရယူ ဆောင်ရွက်ပြီးချိန်မှ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်းကြောင့် နိုင်ငံပိုင်အဖြစ် ပြန်လည်ရယူပေးရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က ''စီးပွားရေးအရရှုံးလို့ ပြန်အပ်မယ့် လုပ်ငန်းတစ်ခုကို နိုင်ငံတော်ကဆက်ပြီး အရှုံးခံလုပ်ဖို့ ဆိုတာက ခက်ခဲနိုင်တဲ့အတွက် တခြားနည်းလမ်း ရှာသင့်တယ်။ Third Party အဖွဲ့အစည်း တစ်ခုခုက အကြံဉာဏ်တောင်းခံပြီး ဆောင်ရွက်သင့်တယ်။ စီးပွားရေး လုပ်ငန်းရှင်ကတော့ မြတ်မယ်လို့ ယူဆပြီးလုပ်တာပဲလေ။ အကျိုးအမြတ် ရမယ်ထင်လို့ ယူထားတဲ့ လုပ်ငန်းကို ရှုံးလို့ပြန်အပ်တယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တခြားနည်းလမ်း စဉ်းစားသင့်ပါတယ်'' ဟု ပြောကြားသည်။

အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd သည် နေပြည်တော်လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။

၎င်းအပြင် အေးရှားဝေါလ် ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ဆိပ်ကမ်းလုပ်ငန်းများအား ဆောင်ရွက်ခွင့် ရရှိထားသည်။

(နေပြည်တော်လေဆိပ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာထွန်း))
(နေပြည်တော်လေဆိပ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာထွန်း))

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူရန် အေးရှားဝေါလ် ကုမ္ပဏီက တောင်းဆိုထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် (၁) အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် (၁) အား တည်ဆောက်ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန်မှာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှု မရှိပါက ဆက်လက် အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်း ရယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား RCSS ၏ ထောက်ခံချက်ဖြင့် နိုင်/စစ် ကော်မတီမှ စစ်ဆေးနေပြီး ပါဂျောင် လူသတ်မှုကို CID က စတင်စစ်ဆေး

သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသည့် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ၎င်း၏ မိခင်အဖွဲ့အစည်းဖြစ်သည့် RCSS ၏ ထောက်ခံချက်ဖြင့် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ စစ်ဆေးနေသော်လည်း တစ်ပြိုင်နက်တည်း မြန်မာပြည် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး သံချောင်းအား သာယာဝတီ ထောင်အတွင်း CID တပ်ဖွဲ့က လွန်ခဲ့သည့် နှစ်လခန့်က စစ်ဆေးခဲ့ပြီး သက်ဆိုင်သူများကိုလည်း ထပ်မံမေးမြန်း စုံစမ်းနေကြောင်း မေးမြန်းခံရသူများထံမှ သိရသည်။

မေးမြန်းစုံစမ်း ခံခဲ့ရသည့် မြောက်ပိုင်းမှ ပြန်လည် ရောက်ရှိလာသော ကိုသိန်းထွန်းက ''CID ရုံးမှာပဲ ကျွန်တော်တို့ အဖွဲ့တွေကို အမှုအသွားအလာကို မေးတာပါ။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုပေါ့နော်။ ဥပဒေ လမ်းကြောင်းအရ ဘယ်လောက် အရေးယူနိုင်မလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်။ သူတို့က ရာဇ၀တ်မှုကို ကျူးလွန်ခဲ့တာပါ။ သူတို့ ကျူးလွန်ခဲ့တဲ့အတိုင်း အရေးယူ စေချင်ပါတယ်။ ကိုထွန်းအောင်ကျော် အမေကလည်း တိုင်ချက်ဖွင့်ထားတယ်။ တချို့က သမ္မတဆီကို စာတင်ထားတယ်။ အခုလည်း သမ္မတရဲ့ ညွှန်ကြားချက်အရ လာရောက် မေးမြန်းတဲ့အကြောင်း သူတို့ကပြောတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ မြောက်ပိုင်းပြန်တွေ စုပြီးစာထပ်တင်ဖို့ ရှိပါတယ်။ အရေးယူမှု အနေနဲ့ကတော့ ကျွန်တော်တို့ ထင်သလောက် မပေါက်ဘူး ဖြစ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဲဒီတုန်းက ရိုက်ကူးထားတဲ့ ဗီဒီယို အခွေတွေလည်း ရှိနေပါတယ်။ သက်သေခံ အမျိုးမျိုးလည်း ရှိနေတယ်။ ဒါပေမဲ့ သူတို့ဘက်က ဘယ်လိုယူဆလို့လဲတော့ မသိဘူး။ အမှုက ကြန့်ကြာနေသလို ဖြစ်နေတယ်'' ဟု ကိုသိန်းထွန်းက ပြောကြားသည်။

အိန္ဒိယမှ ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစု

အိန္ဒိယမှ ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစု

တစ်မိသားစုလုံးပေါင်း အရပ်အရှည်က ၂၆ပေ ရှိပါတယ်။ အိမ်ထောင်ဦး စီး ဖြစ်သူ Sharad Kulkarni အမည်ရ အသက် ၅၂ နှစ်အရွယ် အမျိုးသားက ၇ ပေ ၁.၅ လက်မ၊ ဇနီးဖြစ်သူ Sanjot (အသက် ၄၆ နှစ်) ကတော့ ၆ပေ ၂.၆ လက်မ၊ သမီးနှစ်ဦးကတော့ အသက် ၂၂ - Mruga က ၆ပေ ၁ လက်မ၊ Sanya ၁၆ နှစ်က ၆ ပေ ၄ လက်မ ရှိပါတယ်။

ဒီတော့ တစ်မိသားစုလုံးပေါင်းရဲ့  အရပ်ကို ပေါင်းလိုက်တဲ့အခါ ၂၆ ပေ ရှိသွားစေ ပါတယ်။ အိန္ဒိယနိုင်ငံ Pune မြို့ မှာ နေထိုင်တဲ့ သာမန် မိသားစု တွေပါပဲ။ သို့ပေမယ့် အရပ်တွေကတော့ သာမန်လူတွေထက် သိသိသာသာ ရှည်နေပါတယ်။

တစ်မိသားစုလုံး အများပြည်သူသုံး ဘတ်စ်ကားနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးမပြုပါဘူး။ ကိုယ်ပိုင် ဆိုင်ကယ်များ ဝယ်ထား ရပါတယ်။ သို့ပေမယ့် သူ့တို့အရပ်ကြောင့်မို့ ဆိုင်ကယ်စီးလည်း သိသိသာသာ ကြီးထွား နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ မှတ်တမ်းသစ်တစ်ခုအနေနဲ့ Sharad တို့မိသားစုကို ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစုလို့ အသိအမှတ်ပြုစေခဲ့ကြောင်း သိရပါတယ်။
.
Ref: dailymail

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/entertainment/123-discovery/38844-tallest-family-in-the-world

ပြီးခဲ့သည်များကို ထားခဲ့ရန် ဦးခင်ညွန့်က ပြောကြောင်း ဦးဝင်းတင်ပြော

ရန်ကုန် ၊ နိုဝင်ဘာ ၂၁ ။ ။ဟံသာဝတီ ဦးဝင်းတင်အား ဦးခင်ညွန့်က ပြီး ခဲ့သည်များကိုထားခဲ့ရန်ပြောခဲ့ ကြောင်း နိုဝင်ဘာ ၁၈ ရက်က ရန် ကုန်တိုင်းမ်သတင်းစာနှင့်တွေ့ ဆုံစဉ် ဦးဝင်းတင်က ပြောသည်။

မကြာမီရက်ပိုင်း က ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့်နိုင်ငံတော်အတွင်းရေးမှူး ဖြစ်ခဲ့သူဦးခင်ညွန့်နှင့် ဝါရင့်သတင်း စာဆရာနှင့် လက်ရှိအမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ် ဒီပါတီ)၏ နာယကဖြစ်သူ ဟံသာဝတီဦး ဝင်းတင် တို့တွေ့ ဆုံခဲ့ရာတွင် ဦးခင်ညွန့်က ''ပြီးတာတွေအတွက် ထားလိုက်ပါတော့ အဘရယ်''ဟု ပြောခဲ့ကြောင်း ရန်ကုန်တိုင်းမ် သတင်းစာနှင့်တွေ့ဆုံစဉ် ဟံသာ ဝတီဦးဝင်းတင်က ပြောသည်။

ငွေစက္ကူတွင် သမ္မတပုံ ရိုက်နှိပ်မည်ဆိုပါက စံဇာဏီဘို ကန့်ကွက်မည်

မြန်မာနိုင်ငံတွင်း ရိုက်နှိပ် ထုတ်ဝေ သုံးစွဲလျက် ရှိသည့် ငွေစက္ကူများတွင် သမ္မတပုံ သုံးစွဲမည်ဆိုပါက ကန့်ကွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နက္ခတ်ဗေဒ ပညာရှင် ဆရာစံဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သုံး ငွေစက္ကူများတွင် နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြု ရန် ပြည်သူ့လွှတ်တော်၌ အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် နိုင်ငံရေးပါတီ အမှတ်တံဆိပ်ဖြစ်သည့် ခြင်္သေ့ပုံ ရိုက်နှိပ်ခြင်း ကို ထည့်သွင်း ပြောကြားခဲ့သည်။

ဦးသိန်းညွန့်၏ အဆိုအပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် နောက်ထပ် ငွေစက္ကူများ ထပ်မံ ထုတ်ဝေသည့်အခါ နိုင်ငံ့ခေါင်းဆောင်၊ ထင်ရှားသည့် ရှုခင်းများ၊ အဆောက်အအုံများ၊ အထိမ်းအမှတ်များ စသည့်ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ်မည်ဟု ဖြေကြားမှု ရှိခဲ့သည်။

စက်ရုံ ကြီးကြပ်ရေးမှူးကို အထည်စစ်ဆေးရေး ခေါင်းဆောင် ကတ်ကြေးဖြင့်ထိုး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ စက်မှုဇုန်တွင်းရှိ BRAVO အထည်ချုပ် စက်ရုံတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားဝတ် ဂျာကင်တစ်ထည် စုတ်ပြဲမှုနှင့် ပတ်သက်၍ စကားများရာက စက်ရုံ ကြီးကြပ်ရေးမှူးအား အထည်စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်က ကတ်ကြေးနှင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရွှေပေါက်ကံ နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အထည်ချုပ် စက်ရုံတွင် နိုဝင်ဘာလ ၁၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အသက် ၃၅ နှစ်အရွယ် စက်ရုံ ကြီးကြပ်ရေးမှူး ဒေါ်မင်းမင်းထွေးစိုးနှင့် အထည် စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်ဖြစ်သူ မနီနီသန်းတို့ နှစ်ဦး အမျိုးသားဝတ် ဂျာကင်တစ်ထည် ပြဲသည့်ကိစ္စ စကားများခဲ့ရာမှ မနီနီသန်းက စက်ရုံ ကြီးကြပ်ရေးမှူး ဒေါ်မင်းမင်းထွေးစိုး၏ ဘယ်ဘက် လက်မောင်းကို အရှည်လေးလက်မခန့်ရှိ အထည်ညှပ် ကတ်ကြေးဖြင့် ထိုးစဉ် ဝင်ရောက် ဖျန်ဖြေခဲ့သော အထည်ချုပ် အလုပ်သမား မရွှေဇင်ဝင်း၏ ညာဘက် လက်တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

BRAVO အထည်ချုပ်စက်ရုံ ကြီးကြပ်ရေးမှူးကို အထည် စစ်ဆေးရေး ခေါင်းဆောင် အမျိုးသမီး ကတ်ကြေးဖြင့် ထိုးမှုနှင့် ပတ်သက်၍ ရွှေပေါက်ကံ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ် အလုပ်ရှင်နှင့် အလုပ်သမား ဖျန်ဖြေရေး ကော်မတီမှ တာဝန်ရှိသူများသို့ ဆက်သွယ် မေးမြန်းခဲ့ရာ စက်ရုံ တာဝန်ရှိသူများက သတင်းပေးပို့မှု မရှိသဖြင့် ၎င်းတို့ အနေနှင့် မသိရှိကြောင်း ပြန်လည် ဖြေကြားသည်။

မုံးစီးဒေသက စခန်းပုန်းတခုကို အစိုးရတပ်ဖွဲ့တွေ စီးနင်းသိမ်းပိုက်

မူးယစ်ဆေးဝါး, တရားဥပဒေ စိုးမိုးရေး, Ethnics, ရှမ်းပြည်နယ်
သိမ်းဆည်းရမိသည့် ပစ္စည်းနှင့် လက်နက်များ (ဓာတ်ပုံ – ဦးရဲထွဋ် / Facebook)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့  မုံးစီးဒေသက မူးယစ်ဆေးဝါး ထုတ်လုပ်နေတယ်လို့ ယူဆရတဲ့ စခန်းပုန်းတခုကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာန ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီလ ၂၀ ရက်နေ့က စီးနင်း သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိပါတယ်။
ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဒေသခံလူထုရဲ့ သတင်းပေးပို့ချက်အရ မုံးစီးဒေသကို ရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ အခုလ ၂၀ ရက်နေ့က မုံးစီးရွာ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းပုန်းကိုပါ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေက ဖော်ပြထားပါတယ်။
ပူးပေါင်းတပ်တွေ စခန်းပုန်းကို စီးနင်းသိမ်းပိုက် ရာမှာတော့ လူ ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် အသေးစား ၂၂ လက်၊ ခဲယမ်းမျိုးစုံ ၈၉၇ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ ဗုံးသီးနှစ်လုံး၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ညကြည့် မှန်ပြောင်း တခု၊ အသံတိတ်ကိရိယာ တခု၊ စနိုက်ပါ မှန်ပြောင်းတခုတို့ကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။
ဒါ့အပြင် ကာလ တန်ကြေး စုစုပေါင်း ကျပ် ၂၇၇ ဒသမ ၁ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီအထဲမှာ ဘိန်းဖြူ ၆ ဒသမ ၃ ကီလိုဂရမ်၊ ဘိန်းညို ၁၂ ဒသမ ၇ ကီလိုဂရမ်၊ ဘိန်းစိမ်း ဝ ဒသမ ၈ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၃ ဒသမ ၁ ကီလိုဂရမ်လည်း ပါတယ်တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ အထဲမှာ မူးယစ်ဆေးပြားရိုက်ဖို့ ဖော်စပ်ထားတဲ့ အညိုရောင်အမှုန့် ၄ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၇၂ဝဝ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ယာဉ်ငယ်တစ်စီးတို့ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးရမိထားသူတွေကိုတော့ ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲလည်ပတ်ရာမှ ပြင်သစ်နိုင်ငံသူတစ်ဦး အမောဖောက်သေဆုံး

နိုဝင်ဘာ ၁၇ ရက်ညတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အဝေရာမီးပုံးပျံကွင်း၌ ပြင်သစ်နိုင်ငံသူ Mrs.YE  LAVAL  ODETTE (၈၃)နှစ်သည် ၎င်း၏ဧည့်လမ်းညွှန်နှင့်အတူ တောင်ကြီးမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုပြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ လည်ပတ်ရာမှ အမောဖောက်လာသဖြင့် ပွဲတော်ကွပ်ကဲရုံးရှိ လူနာတင်ယာဉ်အား အကူအညီတောင်းခံပြီး စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းခုလပ်၌ သေဆုံးသွားကြောင်း သိရသည်။

Mrs.YE  LAVAL   ODETTE  သည် မူလက နှလုံးရောဂါအခံရှိကြောင်း စုံစမ်းသိရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးရန်အတွက်  မြို့မနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းအမှတ်(၂၂/၂ဝ၁၃)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။                      

စိုင်းတင်ဦး(ရှမ်း/တောင်)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
Related Posts Plugin for WordPress, Blogger...

ShareThis