menu

Saturday 26 January 2013

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှလှူဒါန်းခဲ့မည်ဟုဆို



စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှလှူဒါန်းခဲ့မည်ဟု ယနေ့မီဒီယားများနှင့်တွေ့စုံစဉ်ပြောကြားသွားခဲသည်။ " မြန်မာလူမျိုးမှန်ရင်ခပ်ညံ့ညံ့ပဲလို့ထင်မှာစိုးလို့ ကျွန်တ်ာကျိုးစားနေတာပါ ကျွန်တော့်ရဲ့စည်းစိမ်တွေအားလုံး ကျွန်တော်လှူဒါန်းခဲ့ဖို့မိသားစုကိုလည်းကျွန်တော်ပြောပြီးပြီ ဒါကြောင့် ဒါကိုတစ်စိုက်မတ်မတ် လုပ်နေတယ် ဆိုတာက မြန်မာတွေမညံ့ဘူးဆိုတာကို နိုင်ငံခြားသားတွေကိုပြခြင်လို့ ပါ"ဟု ၄င်းကပြောသည်။
လက်ရှိအချိန်တွင် ဦးဇော်ဇော်ပိုင်ဆိုင်သော Max Myanmar Group of companies ၏ တစ်နှစ်လည်ပတ်ငွေမှာ ဒေါ်လာသန်းငါးရာကျော်ရှိနေပြီး ၀န်ထမ်းအင်အားတစ်သောင်းကျော်ဖြင့်လည်ပတ်နေကြောင်းသိရသည်။
The Messenger

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ

Photo: ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ

ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။

ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။ ဘယ်ပုလင်းမှာလည်း မမောက်ပါဘူး။ သူကိုယ်တိုင်ကလည်း တရုတ်စစ်တပ် မှာ စစ်ကားမောင်း ဒရိုင်ဘာ တစ်ဦး ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် မတ်လလောက်က တရုတ်နိုင်ငံအရှေ့ ပိုင်း Wenzhou မြို့ မှာ သရုပ်ပြ မောင်းနျင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Guinness
ရိုးရာလေး ထူးဆန်းထွေလာ

http://www.yoyarlay.com/33981-guiness-world-record-car-driver

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။

ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။ ဘယ်ပုလင်းမှာလည်း မမောက်ပါဘူး။ သူကိုယ်တိုင်ကလည်း တရုတ်စစ်တပ် မှာ စစ်ကားမောင်း ဒရိုင်ဘာ တစ်ဦး ဖြစ်ပါတယ်။

ဝတပ်ကို တရုတ်လက်နက်ရောင်း

Photo: ဝတပ်ကို တရုတ်လက်နက်ရောင်း

စုမြတ်မွန်
25.01.2013

တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့  လက်နက်ကိုင်အဖွဲ့တခုကို
တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ
လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး
လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က
လက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့
လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့က
ပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearf
ဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့
အစိုးရတပ်တွေကြားတိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့
တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်က
နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ဖို့
ခေတ်မှီလက်နက်တွေကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တယ်လို့
လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane အဖွဲ့ရဲ့ ဒီဇင်လာဘာလက ထုတ်ပြန်တဲ့
ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ရောင်းချခဲ့တဲ့အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ဆိုပါတယ်၊ Jane ထောက်လှမ်းရေး
အစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက်လက်နက်တွေလို့
သုံးနှုန်းထားပါတယ်၊ ဒီအစီရင်ခံစာကိုရေးသားတဲ့ ထိုင်းအခြေစိုက်
လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ Anthony Davis က တရုတ်အစိုးရဟာ
ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို
အတိမ်းအစောင်းမရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့တွေကို လှစ်လျှူရှုထားမထားနိုင်သလို ဗဟိုအစိုးရကိုလဲ လစ်လျှူ
မရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက်ကိရိယာတွေကို
တိုက်ရိုက်ပေးနေသလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာ
အစိုးရအဖွဲ့ထဲက အဆင့်မြင့်တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊
အဲဒီလိုပြောလို့ တိုက်ရိုက်ငွေကြေးထောက်ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊
သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေကိုထိန်းထားဖို့ လိုပါတယ်"

Jane အဖွဲ့ရဲ့ ထောက်လှမ်းရေးသုံးသပ်ချက် အစီရင်ခံစာနဲ့ ပါတ်သက်လို့
တရုတ်နိုင်ငံခြားရေးဌာနက တစုံတရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊
သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင်ခံစာနဲ့
ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊
ကျွန်တော်တို့ရဲ့  ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့
တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံချက်ကို
ကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေထဲမှာ ဝ တပ်ဖွဲ့ဟာ အင်အားအများဆုံးဖြစ်ပြီး
စစ်သားအင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ်အစိုးရက
ဝင်ရောက်မစွက်ဖက်ရေးမူကို မူအားဖြင့် ကျင့်သုံးနေတယ်ဆိုပေမဲ့ ဝတပ်ဖွဲ့ကို
လက်နက်တွေ အကြီးအကျယ် ထောက်ပံ့နေခဲ့တာ ကြာပြီလို့ စစ်ရေးသုံးသပ်သူတွေက
ဆိုပါတယ်။

UWSA ဝအဖွဲ့ဟာ 1989 ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့
လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တခုဖြစ်ပါတယ်၊
တရုတ်အစိုးရက ကွန်မြူနစ်တွေကို တိုက်ရိုက်ထောက်ခံလာခဲ့သလို
ခွဲထွက်ဖွဲ့စည်းတဲ့ သူပုန်အဖွဲ့တွေနဲ့လဲ ဆက်ဆံရေး မပျက်ခဲ့ပါဘူး၊
အဲဒီအထဲမှာ တရုတ်အစိုးရဟာ တရုတ်ဘာသာစကားပြောတဲ့ ဝ အဖွဲ့နဲ့
ပိုပြီးရင်းနှီးတယ်လို့ Yale တက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေတဲ့ Josh
Gordon ကမြင်ပါတယ်၊ ဝ တွေဟာ တရုတ်တွေရဲ့ ကိုယ်ပွားဖြစ်တယ်လို့ သူက
ဆိုပါတယ်။

"သူတို့ဟာ တရုတ်ယွမ်ငွေကို သုံးတယ်၊ တရုတ်လက်ကိုင်ဖုန်းတွေကို သုံးတယ်၊
မြို့ထဲက နေရာတော်တော်များများမှာ တရုတ်ဆီက လျှပ်စစ် စွမ်းအင်ကို
သုံးတယ်၊ တရုတ်ရဲ့ အင်တာနက်ကို သုံးစွဲ ဆက်သွယ်နေကြပါတယ်။"

အရင် စစ်အစိုးရလက်ထက်တုန်းက UWSA ဝအဖွဲ့နဲ့ 1990 ပြည့်လွန်နှစ်တွေမှာ
အပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာ
အထူးဒေသတွေပေးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားခဲ့ပါတယ်။ ဝဒေသဟာ
အာရှမှာ Methamphetamine စိတ်ကြွဆေးတွေ အများဆုံးထွက်ရှိရာ ဒေသဖြစ်လာသလို
ဝအဖွဲ့ဟာ ဒေသတွင်းမှာ အကြီးကျယ်ဆုံး မူးယစ်ဆေးရောင်းချတဲ့ အဖွဲ့အဖြစ်
လက်ခံကြထားကြပါတယ်၊ ဝခေါင်းဆောင် ဝေလျှောက်ခန်ရဲ့ ဓါတ်ပုံတွေကို
အလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ DEA က
၂၀၁၁ ခုနှစ်က ထိုင်းပျော်ပွဲစားရုံတွေမှာ ချိတ်ဆွဲ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရက ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ တရုတ်
မြန်မာနယ်စပ်ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တာ မဟုတ်ပါဘူးလို့
Davis ကပြောပါတယ်၊ သူ့ရဲ့ သုံးသပ်ချက်ကတော့ မြန်မာအစိုးရအနေနဲ့
ကချင်ပြည်နယ်မှာ တိုက်ခိုက်သလိုမျိုး ဝ ဒေသကို တိုက်ခိုက်ဖို့
စိတ်တောင်မကူးနဲ့ဆိုတာမျိုး အချက်ပေးချင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်တွေက လှုံ့ဆော်
သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ ဝကို ပြန်လည်အားဖြည့်ပေးခြင်းအားဖြင့်
သူတို့အနေနဲ့ စစ်ရေးအတားအဆီးကို အားပေးနေတာပါ၊ တရုတ်နိုင်ငံအကျိုးအတွက်
လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲကရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုကို သူတို့က
ပြန်လည်အားဖြည့်ပေးနေတာဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်က အဆင့်မြင့်စစ်အရာရှိကြီးတယောက်ကို ဒီလထဲမှာပဲ တရုတ်က စေလွှတ်ခဲ့ပါတယ်၊
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် အနောက်နိုင်ငံတွေရဲ့
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံထားရချိန်ကာလကဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာ
အတော်ကို သြဇာညောင်းခဲ့ပါတယ်။  ဒါပေမဲ့ သမ္မတဦးသိန်းစိန်လက်ထက်
ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့နောက်ပိုင်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလဲ
အနောက်နိုင်ငံတွေက ဆိုင်းငံ့လိုက်ပြီးတဲ့နောက် မြန်မာအပေါ် တရုတ်ရဲ့ သြဇာ
လွှမ်းမိုးမှုဟာ လျှော့ပါးလာခဲ့ပါတယ်၊ ဒါကြောင့် တရုတ်က ဝ တပ်ဖွဲ့ကို
လက်နက်တွေရောက်ပြီး တုံ့ပြန်လိုက်တာလို့ လုံခြုံရေးဆိုင်ရာ
လေ့လာသုံးသပ်သူ Anthony Davis က သုံးသပ်ပါတယ်

အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တခုကို
တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ
လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး
လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က
လက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့
လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့က
ပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearf
ဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့
အစိုးရတပ်တွေကြားတိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့
တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်က
နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက်ပါတယ်။

ကချင်အရေး ကြားလူက တဆင့် ဆွေးနွေးဖို့ NLD အဆိုပြု

Photo: ကချင်အရေး ကြားလူက တဆင့် ဆွေးနွေးဖို့ NLD အဆိုပြု

ကိုမိုးဇော်
25.01.2013

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေရေး လွှတ်တော်တွင်း ဒုတိယနေ့ အဖြစ်ဆွေးနွေးရာမှာ တိုင်းရင်းသားတွေ အပါအ၀င် အရပ်ဖက် ကိုယ်စားလှယ်တွေ က သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တခုကနေ ကြားဝင်စေ့စပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ ကချင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို အရင်ရပ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးမှုအပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖက်က ဘယ်လို သဘောထားရှိနေပါသလဲ။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာ မနေ့ကတင်သွင်းခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရရှိမယ့်  ခိုင်မာတဲ့ အခြေခံမူတွေ ချမှတ်ပေးရေးအဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေပါတယ်။

ဒီလိုဆွေးနွေးရာမှာ ပါဝင်ဆွေးနွေးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာကို အလေးထားတင်ပြ ဆွေးနွေးခဲ့ကြသလို သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတခုကနေ ကြားဝင်စေ့စပ်ဖို့ အဆိုကိုလည်း တင်ပြဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

"အမြင်မတူတဲ့ဘက်နှစ်ဘက် ကိုယ့်အမြင်နဲ့ကိုယ်တော့ မှန်တယ်လို့ ထင်ကြတာပဲ
ဖြစ်ပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေဟာ တစ်ခါတစ်လေမှာ သက်ဆိုင်သူတွေနဲ့
တိုက်ရိုက်ဆွေးနွေး ဖြေရှင်းလိုက်လို့ အောင်မြင်သွားတာရှိနိုင်တာပဲ။
ပြင်းထန်တဲ့ အမြင်ကွဲလွဲမှုရှိတဲ့အခါတွေမှာကျတော့ တိုက်ရိုက်တွေ့ဆုံဖို့
အဆင်မပြေတာတွေ ရှိပါတယ်။ အဲဒီအခါ ကြားဝင်ဆောင်ရွက်ပေးကြရတာ လိုအပ်လာတာ
တွေ့ရပါတယ်"

ဒါကတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၎က ဦးအောင်ကြည်ညွှန့် ဆွေးနွေး တာဖြစ်ပါတယ်။ဒီလို ကြားဝင်ဆောင်ရွက်မယ့် လူ သို့မဟုတ် အဖွဲ့အစည်းနဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ဆွေးနွေးပါတယ်။

"ဘယ်လိုအောင်မြင်အောင် ကြားဝင်ဆောင်ရွက်ပေးမဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ်
အဖွဲ့အစည်းတခုဟာ နံပါတ်တစ်က နှစ်ဘက်က လေးစားရေး အရေးကြီးပါတယ်။
နံပါတ်နှစ်ကတော့ နှစ်ဘက်ရဲ့ဩဇာလွှမ်းမိုးမှုကင်းကြောင်း သံသယဖြစ်ဖွယ်မရှိသူ
ကြားနေသူဖြစ်ရပါမယ်။ နံပါတ်သုံးက နှစ်ဘက်လုံးရဲ့ စိုးရိမ်သောကတွေကို
မျှတစွာ အလေးအနက် ထားပြီးတော့ ကြားနာနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။
နံပါတ်လေးက "အသွား တမန် အပြန် ရှိစေ "ဆိုတဲ့ စေ့စပ်ညိနှိုင်းရေးကို ကျွမ်းကျင်တဲ့သူ  ဖြစ်ရမယ်။ နံပါတ်ငါးကတော့ အများလေးစားကြည်ညို အားထားခြင်း ပညာစွမ်းအားရှိတဲ့သူ ဖြစ်ရမှာ
ဖြစ်ရပါမယ်"

အမျိုးသားလွှတ်တော်ရဲ့ တပ်မတော်သားကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှုးဝင်းသိန်းကတော့ ကချင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အခုလို ဆွေးနွေးထားပါတယ်။

"အပစ်အခတ် ရပ်စဲမှုဟာ တပ်မတော်တစ်ခုတည်းမှ တစ်ဘက်သတ် အပစ်ရပ်တံ့လို့
မဖြစ်ပါ။ ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်များမှလည်း မည်သည့်နည်းနှင့် မဆို မြန်မာ့တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် အရပ်သားများကို
ဦးတည်သည့် မီးရထားလမ်း ကားလမ်း နှင့် တံတားများအား မိုင်းခွဲခြင်း ရဲစခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်းကဲ့သို့ အဖျက်လုပ်ငန်းများအား ရပ်တံ့ပေးရန်
လွှတ်တော်မှ အဆုံးအဖြတ် မှတ်တမ်းတင်သင့်ပါတယ်ခင်ဗျာ။  ကေအိုင်အေ ကေအိုင်အို
ဘက်မှလည်း တစ်သွေမတိမ်း လိုက်နာ ဆောင်ရွက်နိုင်မှသာလျှင် နယ်မြေဒေသ
ဖွံ့ဖြိုး တိုးတက်ရေးကို အခြားဒေသရှိ တိုင်းရင်းသားများနည်းတူ
ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းရန်
ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မလွှဲမသွေလိုအပ်လှပါတယ်။
တစ်ဦးနှင့် တစ်ဦးယုံကြည်မှု တည်ဆောက်ရပါမယ်ခင်ဗျာ။ ယုံကြည်မှုရရှိရေးအတွက်
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရပါမယ်။  နှစ်ဦးနှစ်ဘက်
တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ဖို့ အပစ်အခတ် ရပ်စဲဖို့ လိုပါတယ်။ ဒါကြောင့် ကေအိုင်အို
ကေအိုင်အေ ဘက်မှလည်း အခြားအဖွဲ့ များ နည်းတူ အပစ်အခတ်ရပ်စဲရေး
သဘောတူ လက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးသင့်ပါတယ်။"

မနေ့က ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားကိုယ်စားလှယ်အများစုက နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ KIO/KIA ကို အင်အားသုံး နှိမ်နင်းဖို့ ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အမျိုးသား လွှတ်တော်မှာ တင်ပြဆွေးနွေးနေတဲ့အချက်တွေအပေါ်မှာ KIO ဖက်က ဘယ်လို သဘောထားရှိပါသလဲ။

"အခုဒီလိုမျိုး တိုက်ပွဲတွေပြင်းထန်တဲ့ အချိန်မှာ နှစ်ဘက် ဆွေးနွေးတာပဲ ပြောဦး။ ဒီလိုနှစ်ဘက်တည်းနဲ့တော့ဘယ်လိုမှ ဆွေးနွေးစရာလည်း အကြောင်းတော့မရှိဘူး။ ဒါကြောင့်မို့ ကြားအဖွဲ့အစည်း တစ်ခု Third Party တစ်ခုကတော့ ပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့ အဖြေက အဲ့လိုလမ်းကြောင်းတော့ ရှိလာတယ်ခင်ဗျာ။ ဒီတော့ Third Party ဆိုတာ
ဘယ်လိုဟာမျိုး အဖွဲ့အစည်းဖြစ်ရမလဲ။ ဘယ်လောက်အထိ အာမခံပေးနိုင်တဲ့
ကြားမှာဘယ်လောက်အထိဖြန်ဖြေပေးနိုင်တဲ့ အာမခံချက် တာဝန်ခံပေးနိုင်တဲ့
အဖွဲ့အစည်းဖြစ်ရမလဲ။ ပုဂ္ဂိုလ်ဖြစ်ရမလဲ ဆိုတာတော့ ဆက်ပြီး ဆွေးနွေးစရာတော့ ရှိတယ်ခင်ဗျ။ လောလောဆယ်ဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာကတော့ တွေ့ဆုံမှုကို UNFC ကပဲ ဦးစီး ဦးဆောင်လုပ်ဆောင်သွားကြပါ။ အဲဒီမှာ ကျနော်တို့အဖွဲ့အစည်းက ကိုယ်စားလှယ် ကလည်း ပါဝင်ပြီးမှပဲ လိုအပ်တဲ့ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့အမြင်ပါ အဲလိုအမြင်နဲ့ပဲ
ပြဿနာကို လျော့နည်းသွားအောင်ပေါ့နော် အဲလို အဆိုပြုထားတာ ရှိတယ်ခင်ဗျာ"

ဒါကတော့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်ပြောသွားတာပါ။ လောလောဆယ်မှာတော့ KIO ဌာနချုပ်အနီးက စစ်ရေးအရအရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို အစိုးရတပ်တွေက နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်။ ဒီကနေ့မှာလည်းမနက် ၆နာရီကထည်းက တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရဖက်ကတော့ KIO/KIA ဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်အရေးကို ကိုယ်စားလှယ် ၁၃ ဦးက
ဆွေးနွေးဖို့ စာရင်းပေးသွင်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကတော့ ပြည်သူ့လွှတ်တော်မှာလည်း ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ချက်ချင်းရပ်စဲရေးအတွက် လွှတ်တော်က ဆောင်ရွက်ဖို့ ဆုံးဖြတ်အတည်ပြု တာတွေရှိခဲ့ပါတယ်ခင်ဗျာ။

အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေရေး လွှတ်တော်တွင်း ဒုတိယနေ့ အဖြစ်ဆွေးနွေးရာမှာ တိုင်းရင်းသားတွေ အပါအ၀င် အရပ်ဖက် ကိုယ်စားလှယ်တွေ က သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တခုကနေ ကြားဝင်စေ့စပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ ကချင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို အရင်ရပ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးမှုအပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖက်က ဘယ်လို သဘောထားရှိနေပါသလဲ။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာ မနေ့ကတင်သွင်းခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရရှိမယ့် ခိုင်မာတဲ့ အခြေခံမူတွေ ချမှတ်ပေးရေးအဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေပါတယ်။

ခါယာဘွမ်ကုန်း ကျပြီ

ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့၏ နောက်ဆုံး ခံတပ်ဟု ပြော၍ ရသော ခါယာဘွမ် တောင်ကုန်းကို တပ်မတော်က ယနေ့ နံနက်၁၁နာရီ တွင်သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ကနဦး သတင်းရရှိပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက တပ်မတော်က ၈၁ မမ ၊ ၁၀၅ မမ၊ ၁၂၀မမ များ နှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ ပြင်ထန်းခဲ့တယ်လို့လည်း သိရပါတယ်။ တပ်မတော်က တစ်နာရီအတွင်းမှာ လက်နက်ကြီး ကျည်း၁၂၈၀ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောဆိုပါတယ်။ခါယာဘွမ်ကုန်းကို ဆုံးရှုံးသကဲ့သို့ ထိခိုက်ဒဏ်ရာရသူများတယ်လို့ လည်း သိရပါတယ်။ ယနေ့ သတင်းစားမှာတော့ ကေအိုင်အေ ရဲ့ သဘောဆန္ဒအရ တိုက်ပွဲမရပ်ဘဲ ဆွေးနွေးဖို့ကို လွှတ်တော်က အတည်ပြုတဲ့အကြောင်း ဖော်ပြထားပါတယ်။

အဘ မင်းထက် စံ Facebook

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

Photo: ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

စနေနေ့၊ ဇန်နဝါရီလ 26 ရက် 2013 ခုနှစ်	

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်း၌ ရှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အစိုးရတပ်တို့ ယခုတပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွါး ခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။

“၁၉ ရက်နေ့မှာနဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ၃  ကြိမ်ဖြစ်ပွါးတယ်။ တောင်ပိုင်းသျှမ်းတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော် ပေါ့။ ဆနိန်းရွာဘက် ကပေါ့။ အခုလဆန်းပိုင်းက သျှမ်းတပ်ဖွဲ့က စစ်သား ၂ ယောက်ဆိုင်ကယ် စီး တာကို မြန်မာစစ်တပ်ကတွေ့တော့ လိုက်ပစ်တယ်။ သျှမ်းစစ်သား ၂ ယောက်ကလဲ ဆိုင်ကယ် ပစ်ပြီး ထွက်ပြေးတယ်။ သူတို့ဆိုင်ကယ် ဗမာစစ်သားသိမ်းသွားတယ်။ အဲဒီကစပြီးတော့ သျှမ်းတပ်က ပြန်စောင့်ရင်းနဲ့ အခုလို တိုက်ပွဲဖြစ်သွားတာ” ဟု ပင်လုံရောက် ဆနိန်းဒေသခံကပြောသည်။

ပင်လုံမြို့နယ် ဆနိန်းအုပ်စုအတွင်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ တိုင်း လက်အောက်ခံ ခလရ ၂၉၆ တပ်ရင်းမှ အင်အား ၈၀ ခန့်က စစ်ကြောင်း ၂ ကြောင်း ခွဲကာ လှုပ်ရှားကြောင်း၊ ယခုလ ၁၉ ရက်နေ့က လည်း ဆနိန်းအုပ်စု ကောင်းလုံးရွာ ဘုန်းကြီးကျောင်းအနီး သျှမ်းတပ်ဖွဲ့က လမ်းကူးစဉ် မြန်မာ့တပ်မတော်၏ အဆိုပါစစ်ကြောင်းက လိုက်လံပစ်ခတ်ခဲ့ကြောင်း သျှမ်းတပ်ဖွဲ့က တုန့်ပြန်ပစ်ခတ်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“၂၁ နဲ့ ၂၂ ရက်နေ့တုန်းက ပင်လုံအနောက်မြောက် ဆနိန်းအုပ်စုနဲ့ကပ်ရက် လွယ်ခူးကျေးရွာအုပ်စု ဘက်မှာလဲ သျှမ်းတပ်ဖွဲ့ကို မြန်မာစစ်ကြောင်းက လိုက်ပစ်တယ်။ အဲတာတော့သျှမ်းဘက် ကပြန်ပစ်တယ် ။ တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ မြန်မာ့တပ်မတော်ဘက်က ၂ ယောက် ဒဏ်ရာရတယ်။ သေတာတော့ မရှိဘူး” ဟု အဆိုပါ ဒေသခံကဆက်ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ပွားမှု အပါအ၀င် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပါ။

ယနေ့နေ့လည်ပိုင်းကလည်း စစ်သားအပြည့်ပါ မြန်မာစစ်ယာဉ်တန်း ၄ စီး ဆနိန်းအုပ်စုဘက် ထပ်တက်သွား သည်ကိုတွေ့ရကြောင်း မြင်တွေ့ရသည့်မြို့ခံများကပြောသည်။

အဆိုပါ ဆနိန်းအုပ်စုဘက်သို့ မြန်မာ့တပ်မတော်မှစစ်ကြောင်းများပြန်လည် လှုပ်ရှားလာသည့် အတော အတွင်း ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပြန်လည်တွေ့ရသည်ဟု ဒေသခံ များကပြောဆိုသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည့် တနှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၆၈ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး ၄၄ ကြိမ်မှာ မြန်မာ့တပ်မတော် နှင့်ပစ် ခတ်ခဲ့ရကြောင်း ကျန်တိုက်ပွဲများမှာ ပြည်သူ့စစ်တပ်ဖွဲ့နှင့်ပစ်ခတ်ခဲ့ရကြောင်း သျှမ်းပြည်တပ်မတော်၏ နှစ်ပတ်လည်အစည်းအဝေး၌အစီရင်ခံတင်ခဲ့ကြသည်ဟု ဆိုပါသည်။

RCSS/SSA သျှမ်းပြည်တပ်မတော်မှတပ်သားများ

အေးချမ်းမွန်မှ   သျှမ်းသံတော်ဆင့်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
စနေနေ့၊ ဇန်နဝါရီလ 26 ရက် 2013 ခုနှစ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်း၌ ရှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အစိုးရတပ်တို့ ယခုတပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွါး ခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။

“၁၉ ရက်နေ့မှာနဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ၃ ကြိမ်ဖြစ်ပွါးတယ်။ တောင်ပိုင်းသျှမ်းတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော် ပေါ့။ ဆနိန်းရွာဘက် ကပေါ့။ အခုလဆန်းပိုင်းက သျှမ်းတပ်ဖွဲ့က စစ်သား ၂ ယောက်ဆိုင်ကယ် စီး တာကို မြန်မာစစ်တပ်ကတွေ့တော့ လိုက်ပစ်တယ်။ သျှမ်းစစ်သား ၂ ယောက်ကလဲ ဆိုင်ကယ် ပစ်ပြီး ထွက်ပြေးတယ်။ သူတို့ဆိုင်ကယ် ဗမာစစ်သားသိမ်းသွားတယ်။ အဲဒီကစပြီးတော့ သျှမ်းတပ်က ပြန်စောင့်ရင်းနဲ့ အခုလို တိုက်ပွဲဖြစ်သွားတာ” ဟု ပင်လုံရောက် ဆနိန်းဒေသခံကပြောသည်။

စစ်တပ်မှတားဆီးမှုရှိသော်လည်း လိုင်ဇာကိုရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများပြော

Photo: စစ်တပ်မှတားဆီးမှုရှိသော်လည်း လိုင်ဇာကိုရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများပြော

Written by မိုးဇော်	    Saturday, 26 January 2013 
  			
ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့ထိ လမ်းလျှောက်ချီတက်ပွဲတစ်လျှောက်တွင် စစ်တပ်မှတားဆီးမှုရှိခဲ့သော်လည်း နောက်ထပ် မည်သည့်တားဆီးမှုမျိုးမဆို ရှိလာခဲ့ရင်လည်း ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများက ပြောသည်။

ငြိမ်းချမ်းရေးလိုလားသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်က " ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်တန့်ဖို့အတွက် တောင်းဆိုမှုဖေါ်ထုတ်တဲ့နေရာမှာ မည့်သည့်အတားအဆီးပဲဖြစ်ပါစေ ကျနော်တို့က ကျော်ဖြတ်သွားမယ်။ လိုင်ဇာမြို့ကို ရောက်အောင်သွားမယ်။ ဖမ်းမယ်ဆိုရင်လည်း အဖမ်းခံသွားပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ နောက်ဆုံးဖြတ်ချက်ပါပဲ။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။

ငြိမ်းချမ်းရေးလိုလားသူများ လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်တိုင်းမှ ပဲခူးတိုင်းအဝင်တွင် အစိုးရစစ်တပ်မှ ဟန့်တားမှုရှိခဲ့ကြောင်းကို ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။

" ကျနော်တို့ ရန်ကုန်တိုင်းအထွက် ပဲခူးတိုင်းကိုအဝင်ပေါ့ အဲဒီမှာ အစိုးရစစ်တပ်ကနေပြီးတော့ တားပါတယ်။ အပြာရောင်ပေါ်မှာ peace (ငြိမ်းချမ်းရေး)ဆိုတဲ့ စာတန်းနဲ့ ရေးထားတဲ့အလံတွေကို ကျနော်တို့ကကိုင်ထားပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံတွေကို စစ်တပ်ကနေပြီးတော့ ဖြုတ်ခိုင်းပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံကို ဖြုတ်ပြီးမှ ဖြတ်သွားရမယ်လို့ပြောပါတယ်။ ဆိုတော့ ကျနော်တို့လေး သူတို့နဲ့ စကားသိပ်မများချင်တာနဲ့ ဖြုတ်ပေးခဲ့ပါတယ်။ " ဟု ပြောသည်။

ယနေ့တွင် ငြိမ်းချမ်းရေးလိုလားသူများမှာ ရန်ကုန်မြို့နှင့် ၁၁၃ မိုင်ခန့် ဝေးကွာသော ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်သော ငြိမ်းချမ်းရေးလိုလားသူများကို လမ်းတစ်လျှောက်တွင်ရှိသော ပြည်သူလူထုများက တက်တက်ကြွကြွနှင့် လိုက်ပါပူးပေါင်းကြပြီး ပြုစုစောင့်ရှောင့်မှုများ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်မြို့မှ လူပေါင်း(၅၀)နှင့်စတင်ထွက်ခွာလာခဲ့ပြီး ယခုပဲခူးတိုင်းအဖြတ်မှာ လူပေါင်း(၁၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။


ပဲခူးမြို့သူမြို့သားများမှ ငြိမ်းချမ်းရေးလိုလားသူများကို တက်တက်ကြွကြွကြိုဆိုနေစဉ်

အေးချမ်းမွန်မှ  Arakan Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Written by မိုးဇော် Saturday, 26 January 2013

ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့ထိ လမ်းလျှောက်ချီတက်ပွဲတစ်လျှောက်တွင် စစ်တပ်မှတားဆီးမှုရှိခဲ့သော်လည်း နောက်ထပ် မည်သည့်တားဆီးမှုမျိုးမဆို ရှိလာခဲ့ရင်လည်း ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများက ပြောသည်။

ငြိမ်းချမ်းရေးလိုလားသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်က " ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်တန့်ဖို့အတွက် တောင်းဆိုမှုဖေါ်ထုတ်တဲ့နေရာမှာ မည့်သည့်အတားအဆီးပဲဖြစ်ပါစေ ကျနော်တို့က ကျော်ဖြတ်သွားမယ်။ လိုင်ဇာမြို့ကို ရောက်အောင်သွားမယ်။ ဖမ်းမယ်ဆိုရင်လည်း အဖမ်းခံသွားပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ နောက်ဆုံးဖြတ်ချက်ပါပဲ။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။

လှိုင်မြို့နယ် သံလမ်းမှတ်တိုင်တွင် ၁၂၄ မြောက်ပိုင်းခရိုင်အထူးယာဉ်လိုင်းမှ အမျိုးသမီးတစ်ဦးကိုတိုက်မိခဲ့

Photo: လှိုင်မြို့နယ် သံလမ်းမှတ်တိုင်တွင် ၁၂၄ မြောက်ပိုင်းခရိုင်အထူးယာဉ်လိုင်းမှ အမျိုးသမီးတစ်ဦးကိုတိုက်မိခဲ့


လှိုင်မြိုင်နယ် သံလမ်းမှတ်တိုင်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က ၁၂၄ မြောက်ပိုင်း ခရိုင်အထူးယာဉ်လိုင်းတစ်စီးမှ လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးအား ယာဉ်တိုက် မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယာဉ်တိုက်ခံရသူ အမျိုးသမီး၏ နေထိုင်ရာလိပ်စာကို လှိုင်ရတနာအိမ်ရာမှ ရာအိမ်မှူးဦးမောင်မောင်ညွန့်နှင့် တာဝန်ရှိသူများက စုံစမ်းလျက်ရှိပြီး ယာဉ်မောင်းကို လှိုင် ရဲစခန်းရှိ တာဝန်ရှိသူမှ လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ၁၂၄ မော်တော်ယာဉ်အား ယာဉ်တိုက်မှုဖြစ်သည့်နေရာတွင်
ရပ်ထားပြီး ယာဉ်ပိုင်ရှင် အား ခေါ်ဆောင်ထားကြောင်း သိရသည်။

သုတလင်း

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လှိုင်မြိုင်နယ် သံလမ်းမှတ်တိုင်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က ၁၂၄ မြောက်ပိုင်း ခရိုင်အထူးယာဉ်လိုင်းတစ်စီးမှ လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးအား ယာဉ်တိုက် မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယာဉ်တိုက်ခံရသူ အမျိုးသမီး၏ နေထိုင်ရာလိပ်စာကို လှိုင်ရတနာအိမ်ရာမှ ရာအိမ်မှူးဦးမောင်မောင်ညွန့်နှင့် တာဝန်ရှိသူများက စုံစမ်းလျက်ရှိပြီး ယာဉ်မောင်းကို လှိုင် ရဲစခန်းရှိ တာဝန်ရှိသူမှ လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ၁၂၄ မော်တော်ယာဉ်အား ယာဉ်တိုက်မှုဖြစ်သည့်နေရာတွင်
ရပ်ထားပြီး ယာဉ်ပိုင်ရှင် အား ခေါ်ဆောင်ထားကြောင်း သိရသည်။

သုတလင်း

Popular Myanmar News Journal

ငါးက နှိပ်ပေးသော ငါးမာဆက်

Photo: ငါးက နှိပ်ပေးသော ငါးမာဆက်

Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။

ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

ယင်း အလေ့အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများမှာပါ ပြုလုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့အထိ ပြုလုပ် ပါတယ်။ ယင်း ငါးများရဲ့  နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊ လေဖြတ် ခြင်းတို့မှ ပြန်လည်ကောင်းမွန်လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။
---
Ref: wiki
ရိုးရာလေး ဗဟုသုတ

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။

ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

ပုပ္ပားတောင်ပေါ်က ဇာတ်လိုက် (သို့မဟုတ်) ဗီလိန်များ

Photo: ပုပ္ပားတောင်ပေါ်က ဇာတ်လိုက် (သို့မဟုတ်) ဗီလိန်များ


ရနံ့သင်းထုံတဲ့ စကားဝါပန်းတွေ ပေါများသော ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင် ကျောက်ပန်းတောင်း မြို့နယ်ထဲမှာ ရှိပါတယ်။ မိုးခေါင်ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့ အညာဒေသဖြစ်တဲ့ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ပုဂံ-ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့ နေရာတွေကြားထဲက တခုတည်းသော အမြဲစိမ်းတောလို့ ဆိုရင်လည်း မမှားပါဘူး။


ပုပ္ပားတောင်ကြီးဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ငါးထောင်ခန့် မြင့်မားပြီး ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်အဟောင်းကြီး တခုပဲဖြစ်ပါတယ်။ ဒီတောင်ကြီးဟာ ဆယ့်နှစ်ရာသီ စိမ်းလန်းနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ အဖိုးတန် သဘာဝ ပန်းချီကားတချပ်လည်း ဖြစ်ပါတယ်။

တောင်ပေါ်မှာတော့ ရာသီမရွေး မျှတတဲ့ အအေးဓာတ်ရှိသလို သဘာဝစိမ့်စမ်းတွေ၊ ပရဆေးပင်တွေ၊ ဇီဝမျိုးကွဲတွေ၊ ဂေဟစနစ်တွေနဲ့ ပုပ္ပားတောင်နဲ့ ပတ်သက်ပြီး လူသိများတဲ့ စကားဝါပန်းတွေလည်း ရှိပါတယ်၊ ဒီတောင်ပေါ်ကနေ ကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းတွေ၊ မြေပြင်တွေကိုလည်း ရှုမျှော်မဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုပ္ပားတောင်ကြီး ပေါက်ကွဲစဉ်အခါတုန်းက ပဲ့ကျလာတဲ့ အစိတ်ပိုင်းတခုဟာ အဲဒီတောင်ကြောပေါ်မှာပဲ တည်ရှိနေပြီး နတ်တောင် သို့မဟုတ် ပုပ္ပားတောင်ကလပ်လို့ လူသိများကြပါတယ်။ အဲဒါ ပုပ္ပားတောင်ကလပ်ဟာ ပင်လယ်ရေပြင်အထက် ပေပေါင်း နှစ်ထောင့် ငါးရာခန့် မြင့်ပါတယ်။

ဒီတောင်ပေါ်မှာတော့ စေတီပုထိုးတွေ၊ ဆုတောင်းပြည့် ဘုရား၊ ရန်အောင်မြင် ဘုရားနဲ့ ယုံကြည်ကိုးကွယ်သူတွေ ရှိသည့်အလျောက် နတ်နန်းတွေလည်း အမျိုးမျိုးရှိပါတယ်။

ပြည်တွင်းပြည်ပ ဘုရားဖူးတွေ၊ လေ့လာရေး အဖွဲ့တွေနဲ့လည်း နေ့စဉ် စည်ကားနေလျက် ရှိပါတယ်။ တောင်ကလပ် အခြေအထိ ကားတွေနဲ့ တက်လို့ရပေမယ့် အပေါ်ကိုတော့ မတ်စောက်တဲ့ လှေကားတွေပေါ်ကနေပဲ နာရီဝက်လောက် ကြာအောင် ခြေလျင်တက်ရပါတယ်။ ဒီလိုအမော့တက်တွေကို တက်ဆင်းရတဲ့အတွက် သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေအတွက် မလွယ်ကူပါဘူး။

ဘုရားဖူးသူ၊ လေ့လာသူတွေ တောင်ကလပ် အခြေကို ရောက်တယ်ဆိုရင်ပဲ ပန်းအော်ရောင်းသူတွေ၊ ဆေးမြစ်အော်ရောင်း သူတွေနဲ့အတူ မျောက်စာရောင်းသူတွေကလည်း ဝိုင်းအုံပြီး ဆူညံပွက်လောရိုက်နေပါတယ်။

ပုပ္ပားကို ဘုရားဖူး သွားကြတဲ့သူတွေဟာ အဲဒီတောင်ခြေကို ရောက်တာနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာကတော့ အုပ်စုလိုက် ရှိနေတဲ့ ပုပ္ပားတောင်ရဲ့ ဇာတ်လိုက် ဒါမှမဟုတ် ဗီလိန် တဖြစ်လဲ မျောက်တွေဖြစ်ပါတယ်။ သူတို့တွေဟာ ဘုရားဖူးသူတွေ အလာကို စောင့်နေကြပြီး ဘုရားဖူးကားတွေ တောင်ခြေကိုဝင်လာတာနဲ့ သူတို့ကလည်း လာရာလမ်းတွေမှာ အဆင်သင့် စောင့်နေကြပြီး ဖြစ်ပါတယ်။

သူတို့ဟာ အုပ်စုလိုက် စုဖွဲ့နေသလို တကောင်ချင်းစီပါ ဘုရားပေါ်တက်ရာ ဇောင်းတန်း တလျှောက် လှေကားပေါ်၊ နံရံတွေပေါ်နဲ့ အမိုးတွေပေါ်ကနေပြီး တက်လာတဲ့ ဘုရားဖူးတွေမှာ သူတို့အတွက် အစာပါမပါ စိစစ်ရေးဂိတ် အစောင့်တွေလို မျက်ခြေမပြတ် စောင့်ကြည့် နေကြပါတယ်။

ဘုရားဖူးသူတွေအနေနဲ့ အပြင်မှာ အနီးကပ် တွေ့ရခဲလှတဲ့ မျောက်တွေကို တွေ့မြင်ကြရတဲ့အခါ အရမ်းပျော်ရွှင်ကြပြီး မှတ်တမ်း ဓါတ်ပုံရိုက်ကြ၊ အနီးကပ် ကြည်စယ်ကြတာတွေ လုပ်ကြပါတယ်၊ ဒါပေမယ့် မျောက်တွေက သူတို့အတွက် အစာပါလာသလား ဆိုတာကိုပဲ စောင့်ကြည့်နေကြပါတယ်။

ငှက်ပျောသီး ဒါမှမဟုတ် အဲဒီမှာ ရောင်းပေးနေတဲ့ မျောက်စာတွေ သူတို့အတွက် ဝယ် မဝယ် မျောက်တွေက စောင့်ကြည့် နေကြပါတယ်၊ တယောက်ယောက်က ဝယ်လိုက်တာနဲ့ အဲဒီလူဟာ သူတို့ပစ်မှတ်အဖြစ် ဝိုင်းပြီး စုလိုက်သွားကြပါတယ်၊ သူတို့ကို ချက်ချင်း ချမကျွေးနိုင်ရင်တော့ အဲဒီလူ အိနြေ္ဒပျက်လောက်တဲ့ထိ လုယက်ကြပါတော့တယ်။

ဒါ့အပြင် တချို့ဘုရားဖူးတွေက နားနားနေနေ စားသောက်ဖို့ ယူလာတဲ့ မုန့်ထုပ်တွေနဲ့ အချိုရေဗူးတွေ ဆိုရင်လည်း မျောက်တွေက မြင်တာနဲ့ မရရအောင် လုကြပါတယ်။ နောက်ဆုံး ဘုရားလှူမယ့် ပန်းကအစ လုယက်စားသောက်ကြတဲ့ အတွက် ဘုရားဖူးတွေလဲ စိတ်ညစ်ရတဲ့ အနေအထားအထိ ဖြစ်ရပါတယ်။

သူတို့အကြောင်းကို သိနေတဲ့ ဘုရားဖူးတွေက ကြွေးချင်ရင်တောင် မျောက်စာ ရောင်းတဲ့လူကို ပိုက်ဆံပေးပြီး ကျွေးခိုင်းလိုက်ကြပါတယ်။ တချို့က သူတို့ လုယက်မှုတွေကို မြင်ရတော့ ကြောက်ပြီး မကျွေးရဲကြတော့တာလည်း တွေ့ရပါတယ်။ တောင်ကလပ် အခြေမှာရှိတဲ့ သစ်သီးဆိုင် မုန့်ဆိုင်တွေဆိုရင်လည်း ဈေးထိုင်ရောင်းရင်းနဲ့ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြရပါတယ်။

ပုပ္ပားတောင်ကလပ်ပေါ်မှာ သတင်းသုံးနေတဲ့ ဆရာတော်တပါးရဲ့ မိန့်ကြားချက်အရတော့ မျောက်တွေက ခရီးသွားဧည့်သည်တွေ ကျွေးတဲ့ အစားအစာတွေကိုပဲ အဓိက စားရတယ်လို့ သိရပါတယ်၊ ဘုရားဂေါပကအဖွဲ့က တခါတရံ အလှူလုပ်သလို ပုဂ္ဂလိက အလှူရှင်တချို့ကလည်း တပတ်ကို ၂ ရက် ငှက်ပျောက်သီးတွေကို ကားနဲ့ သယ်ပြီး အလှူပေးကြောင်း ဆရာတော်က မိန့်ပါတယ်။

ဒါပေမယ့် မျောက်တွေအတွက် အစားအသောက် လုံလောက်မှု မရှိကြောင်း၊ ဘုရားဖူး ခရီးသည်တွေကိုလည်း လုယက်၊ နှောက်ယှက်တဲ့အတွက်ကြောင့် ထိန်းသိမ်းမှုတွေ ပြုလုပ်ရပြီး ဒီလို ထိန်းသိမ်းတဲ့အခါမှာ သူတို့အကြောက်ဆုံး လက်နက်ကတော့ လေးဂွလို့ သိရပါတယ်။

“တကယ်တော့ ဒီမြေ၊ ဒီဒေသက သူတို့ အရင် ကျက်စားနေတဲ့မြေကွ။ ငါတို့လူတွေက ဒီပုပ္ပားတောင် နေရာကို သူတို့နောက်မှ လာပြီး အမှီသဟဲပြုနေကြတာ။ သူတို့နေရာကို ငါတို့က ကိုလိုနီအဖြစ် သိမ်းခဲ့ကြတာပေါ့ကွာ။ အရင်တုန်းကတော့ သူတို့နည်း သူတို့ဟန်နဲ့ အစားအစာ လုံလောက်မှာပေါ့၊ လူတွေသိမ်းလိုက်မှပဲ အစာ မလောက်တာလား မသိပါဘူးကွာ။ သူတို့ကလည်း တနှစ်ကို ၃ သားလောက် မွေးတော့ များတာ မြန်လာတာပေါ့” လို့ ဆရာတော်က မိန့်ပါတယ်။

ပုပ္ပားတောင်ပေါ်မှာရှိတဲ့ မျက်ကွင်းဖြူ အမျိုးအစား မျောက်တွေဟာ ကမ္ဘာပေါ်မှာ ရှားပါးမျောက်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ပုပ္ပားတောင်မှာသာ ရှိတဲ့အကြောင်းနဲ့ ဒီတောင်ပေါ်ကို လူစိမ်းတွေ တဖြည်းဖြည်း စိမ့်ဝင်လာတာနဲ့အမျှ မျောက်တွေ ဖမ်းဆီး စားသောက်ခံရမှု ကြုံနေရတဲ့အကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက သတိပေး ထောက်ပြ ပြောဆိုထားပါတယ်။

ပုပ္ပားတောင်ကြီးဟာ မျောက်တွေအတွက် သဘာဝ သစ်သီး၊ သစ်ဥတွေ ရှားလာသလို စိမ်းလန်းစိုပြေနေတဲ့ ပုပ္ပားတောင်ပေါ်က အဖိုးတန်သစ်ပင်တွေနဲ့ သဘာဝပေါက်ပင်ကြီးတွေကို အစိုးရနဲ့ သူတို့ရဲ့ လက်ရင်း စီးပွားရေး လုပ်ငန်းရှင်တွေက ခုတ်ယူပြီး စီးပွားရေး တွက်ခြေကိုက်မယ့် အပင်တွေကို စိုက်ပျိုး လုပ်ဆောင်လာကြတဲ့အတွက် သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပုပ္ပားတောင်မကြီးရဲ့ မြောက်ဘက်အခြေမှာ ရှိတဲ့ ငရံ့ကုန်း၊ တောင်ပေါ်၊ ကျောက်တံခါး စတဲ့ ရွာတွေဘက်မှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပိုင် ဘိလပ်မြေအစားထိုး စက်ရုံကလည်း မီးတောင်က ထွက်ထားတဲ့ ချော်မြေတွေကို တူးဖော်နေကြတဲ့အတွက် လယ်ယာမြေ အသိမ်းခံရခြင်းတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ တောင်နံရံများ ပျက်စီးမှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။မှ-ဧရာဝတီ

အေးချမ်းမွန်မှ   သတင်းစုံလင် ဖေ.ဘုတ်တခွင် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရနံ့သင်းထုံတဲ့ စကားဝါပန်းတွေ ပေါများသော ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင် ကျောက်ပန်းတောင်း မြို့နယ်ထဲမှာ ရှိပါတယ်။ မိုးခေါင်ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့ အညာဒေသဖြစ်တဲ့ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ပုဂံ-ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့ နေရာတွေကြားထဲက တခုတည်းသော အမြဲစိမ်းတောလို့ ဆိုရင်လည်း မမှားပါဘူး။


ပုပ္ပားတောင်ကြီးဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ငါးထောင်ခန့် မြင့်မားပြီး ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်အဟောင်းကြီး တခုပဲဖြစ်ပါတယ်။ ဒီတောင်ကြီးဟာ ဆယ့်နှစ်ရာသီ စိမ်းလန်းနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ အဖိုးတန် သဘာဝ ပန်းချီကားတချပ်လည်း ဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ်ကမင်းသား၊ သင်္ဘောသား၊ စစ်သားဖြစ်ချင်ခဲ့ တာလို့ဆိုသူ ဇင်ဝိုင်း

Photo: ဆယ်ကျော်သက် အရွယ်ကမင်းသား၊ သင်္ဘောသား၊ စစ်သားဖြစ်ချင်ခဲ့ တာလို့ဆိုသူ ဇင်ဝိုင်း

26 JANUARY 2013  | BY 8 DAYS

လူတိုင်းလူတိုင်းမှာ ဆယ်ကျော် သက်ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့် ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာ တွေရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက် ပေးလိုက်ပါတယ်။
ဆယ်ကျော်သက် အရွယ်က ဖြစ်ချင်ခဲ့တာက
ကျွန်တော် ဆယ်ကျော်သက် အရွယ်ကဖြစ်ချင်ခဲ့တာက သားသုံး သားပေါ့။ မင်းသားဖြစ်ရင်ဖြစ် မဖြစ်ရင် သင်္ဘောသား၊ သင်္ဘောသားဆိုရင် နိုင်ငံတကာ သွားလို့ရ မယ်ဆိုပြီး ဖြစ်ချင်ခဲ့တာ။ နောက်တစ် ခုက ထုံးစံအတိုင်း ယောကျာ်းလေး ဆိုတော့ စစ်သား ဖြစ်ချင်ခဲ့တာ။ အဲဒီ သုံးခုထဲမှာ အခု မင်းသားဖြစ်လာ တယ်ပေါ့။
အနုပညာကို လုပ်ဖြစ်သွားတာက
ကျွန်တော် ဒီအနုပညာ အလုပ်ကိုလုပ်ချင်လို့ သေချာလေ့လာပြင် ဆင်ခဲ့တယ်။ အနုပညာ လောကထဲကို ဟိုးအောက်ခြေကစပြီး ဝင်လာခဲ့တာ၊ မီးထိုး၊ မှန်ထိုး ၊ မှတ်တမ်းကြည့် အဲဒါတွေ အကုန်လုပ်ခဲ့တာ။
ဖြစ်ချင်တာတွေ များတဲ့အချိန်မှာ ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ ဘယ်လိုရွေးချယ် သင့်တယ်လို့ထင်မိလဲ
ဖြစ်ချင်တာ၊ ဖြစ်သင့်တာဆို တာထက် ကျွန်တော်ပြောချင်တာ ကိုယ့်ကိုယ်ကိုယ် မြင်ဖို့လိုပါတယ်။ ကိုယ်တကယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ သိဖို့လိုတယ်။ ကိုယ်က ဟိုဟာဖြစ်ချင်သလို၊ ဒီဟာဖြစ်ချင်သလိုနဲ့ ချမ်းသာချင်တယ် ဆိုရင်လည်း နည်းမျိုးစုံရှိတာပေါ့။ နာမည်ကြီးချင် တယ်ဆိုရင်လည်း နာမည်ကြီးအောင် လုပ်ဖို့နည်းလမ်းပေါင်းစုံရှိ တာပဲ။ ကိုယ်က ဒါရိုက်တာဖြစ်ချင် တာလား၊ သရုပ်ဆောင်ဖြစ်ချင် တာလား၊ ဆရာဝန်ဖြစ်ချင်တာ လား၊ ဆရာဝန်ဖြစ်ချင်တာဘာ ကြောင့်လဲ၊ လူအများရဲ့ အသက်ကို ကယ်ချင်လို့လား။ ပိုက်ဆံလိုချင်လို့ လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်မေးဖို့လိုပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ ဝါသနာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာ ရှင်းရှင်းကြီးပေါ်လာ တတ်ပါတယ်။
သားသမီးတွေကို ထိန်းချုပ်ခဲ့ဖူးလား
ကျွန်တော်က သားသမီးတွေကို ထိန်းချုပ်တာမျိုးမလုပ်ဘူး။ သူတို့ဖြစ်ချင်တာကိုပဲ ပံ့ပိုးပေးခဲ့တာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော့်သားက ကျွန်တော်မှမဟုတ် တာ။ ကျွန်တော်ဖြစ်ချင်တာကို လိုက်ဖြစ်ရအောင် ခေါ်လို့မရဘူး။ သူဖြစ်ချင်တာ သူလုပ်မှာပေါ့။ ကျွန်တော်လည်း ငယ်ဘဝတုန်းက မိဘတွေကို ပြောတာမှမဟုတ်တာ။ ကိုယ်ဖြစ်ချင်တာကိုလုပ်ခဲ့တာ။ မိဘတွေကလည်း တတ်နိုင်သမျှ သားသမီးတွေဖြစ်ချင်တာကို လွတ်လပ်စွာ လုပ်ခွင့်ပေးရမယ်။
မိဘတွေကို အကြံပေးစကား
ခေတ်ကြီးကလည်း ပိုပြီးတိုး တက်လာပြီ။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေရဲ့ ဖြစ်ချင်တာတွေကို ပံ့ပိုးပေးတာ အကောင်းဆုံး ပါပဲ။

ကျော်မျိုးနိုင်

အေးချမ်းမွန်မှ  8 DAYS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လူတိုင်းလူတိုင်းမှာ ဆယ်ကျော် သက်ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့် ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာ တွေရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက် ပေးလိုက်ပါတယ်။
ဆယ်ကျော်သက် အရွယ်က ဖြစ်ချင်ခဲ့တာက
ကျွန်တော် ဆယ်ကျော်သက် အရွယ်ကဖြစ်ချင်ခဲ့တာက သားသုံး သားပေါ့။ မင်းသားဖြစ်ရင်ဖြစ် မဖြစ်ရင် သင်္ဘောသား၊ သင်္ဘောသားဆိုရင် နိုင်ငံတကာ သွားလို့ရ မယ်ဆိုပြီး ဖြစ်ချင်ခဲ့တာ။ နောက်တစ် ခုက ထုံးစံအတိုင်း ယောကျာ်းလေး ဆိုတော့ စစ်သား ဖြစ်ချင်ခဲ့တာ။ အဲဒီ သုံးခုထဲမှာ အခု မင်းသားဖြစ်လာ တယ်ပေါ့။
Related Posts Plugin for WordPress, Blogger...

ShareThis