အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) စစ်စခန်းတခုမှာ အစ္စလာမ် ကိုရမ်ကျမ်းစာတွေကို မီးရှို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမင်သက်သက် မရည်ရွယ်ဘဲ ဘာသာရေးပစ္စည်းတွေကို ထိခိုက်မိတဲ့ အဖြစ်အပျက်တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်း အာဖဂန် သမ္မတ Hamid Karzai ရဲ့ ရုံးက ပြောပါတယ်။
အဖြစ်အပျက်နဲ့ ပတ်သက်လို့ မကျေမနပ် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ နိုင်ငံအရှေ့ပိုင်းမှာ အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်ထားသူ တယောက်ရဲ့ပစ်ခတ်မှုကြောင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး သွားခဲ့ကြောင်းလည်း NATO တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။