![]() လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိကြသော Android OS ဖုန်းအချို့ပေါ်တွင် ကွန်ပျူတာများ၌အသုံးပြုသော Ubuntu OS အားထည့်သွင်းကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Android OS ပေါ်တွင် Ubuntu အား ထည့်သွင်းအသုံးပြုရာ၌ ဖုန်းတွင်ပါဝင်သော Android OS အား ဖျက်ရန်မလိုအပ်ဘဲ ကွန်ပျူတာများတွင် Windows နှစ်ခုတင်ကာ အသုံးပြုသကဲ့သို့ပင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်း Ubuntu အားအသုံးပြုနေစဉ်တွင်ပင် ဖုန်းဝင်လာပါကလည်း ဖုန်းပြောနိုင်မည်ဖြစ်ပြီး အသုံးမပြုလိုတော့ပါကလည်း အလွယ်တကူပင် Android OS ဘက်သို့ပြောင်းလဲသွားကာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ |
Tuesday, 3 July 2012
Android OS ဖုန်းများတွင် Ubuntu OS တင်၍ အသုံးပြုနိုင်မည်
SMS, Email တို့ဖြင့် မဲပေးနိုင်မည့် ရင်ထဲကအကယ်ဒမီအစီအစဉ်သစ် မြ၀တီဒီဂျစ်တယ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ရန်စီစဉ်
ရေလွှမ်းမိုးမှုကြောင့် အိန္ဒိယမှာ လူ ၈၀ ခန့်သေ
India နိုင်ငံအရှေ့ပိုင်းမှာ မုတ်သုန်မိုးရွာသွန်းမှုကြောင့် ရေကြီးပြီး ၇၉ ယောက်ထက်မနည်း သေဆုံးပြီး ၂ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ အာသံပြည်နယ်မှာ ဗြဟ္မာ့ပုတ္တရမြစ် (Brahmaputra) ရေလျှံခဲ့တဲ့ အတွက် တချို့ရွာလုံးကျွတ် ရေအောက်ရောက်ခဲ့ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ စစ်တပ် ကိုလည်း ဖြန့်ချထားပါတယ်။
ဂူဝါဟာတီမြို့ (Guwahati) တမြို့လုံးနီးပါးမှာ အစားအသောက်တွေ၊
သောက်ရေတွေ၊ ဆေးဝါးတွေကို အကူအညီပေးနေတယ်လို့ ဗိုလ်မှူး RN Nair က
သတင်းထောက်တွေကို ပြောပါတယ်။ သောင်တင်နေတဲ့ ဒုက္ခသည်တွေကို
ရဟတ်ယာဉ်တွေပေါ်ကနေ အစားအသောက် အထုတ်တွေ ကြဲချပေးတယ်လို့လည်း သူကပြောပါတယ်။
ရိုးရိုးယဉ်ယဉ် တို့ဝတ်ဆင်(လှမြင့်(ရန်ကုန်တက္ကသိုလ်))
သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့်
သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့်
မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်များကို ဖော်ဆောင်ကြရမည်မှာ
မြန်မာလူငယ်တို့၏ တာဝန်ဟု ထင်မြင်မိပါသည် . . .
ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှုစရိုက်၊
ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုတစ်ရပ် ဖြစ်သည်။ မြန်မာမှု၊
မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုရေးနယ်ပယ်တွင် လက်ခံထားသော
သိမ်မွေ့ပြေပြစ် နှစ်သက်ဖွယ်၊ မြန်မာမှုအမွေဖြစ်သည်။ ရိုးသား ခြင်းဟူသည်
အစဉ်အမြဲ တင့်တယ်၊ တန်ဖိုးရှိသည်။ ယဉ်ကျေးမှုဟူသည် လူ့တန်ဖိုး
အနှစ်သာရဖြစ်သည်။ အစဉ်အမြဲ တင့်တယ်၍ ယဉ်ကျေးမှု အနှစ်သာရ ပြည့်စုံသော
ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှု အဖွဲ့အစည်းတွင်
မည်သည့်အချိန်၊ မည်သည့် ခေတ်ကာလတွင်မဆို မရိုးနိုင်သော ဆန်းသစ်နေသည့်
အ၀တ်အဆင်ဖြစ်သည်။ |
အကောင်းဘက်ကို ဦးတည် လာနေတဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်
မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာပေါ်က အဆိုးရွားဆုံး အဖိနှိပ် ရက်စက်ဆုံးနိုင်ငံ အဆင့်ကနေ အကောင်း ဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်းမှာ ရောက်ရှိလာကြောင်း မနေ့က ထုတ်ပြန်တဲ့ Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်လောက်က စတင်ပြီး နိုင်ငံရေးအရ သဘောထား
ပျော့ပြောင်းမှုရှိတဲ့ လမ်းစတွေ ပွင့်လင်းလာခဲ့တဲ့အတွက် အကောင်းဘက်ကို
ဦးတည်လာတယ်လို့ ဆိုပါတယ်။
“၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ခုချိန်ဆို ... ရှင်ဘယ်ရောက်နေမှာလဲ(ဂျူး)

အခုည ကျွန်မဆီမှာ လရောင်ဟာ ခရမ်းရောင်ဖြစ်နေခဲ့တယ်။ တိမ်တွေကင်းစင်ပြီး ကြယ်ကလေးတွေ ခပ်ကျဲကျဲပြန့်နေတဲ့ ကောင်းကင်အောက်မှာ ကျွန်မတစ်ယောက်တည်း။ ခွာညိုပန်းချုံဘေးက ထိုင်ခုံလေးပေါ်မှာ ကျွန်မထိုင်နေခဲ့တာ အကြာကြီးပဲ။ ကျွန်မဘေးက နေရာလွတ်လေးမှာ ဇန်န၀ါရီနှင်းစက်တွေနဲ့ စိုရွှဲသွားခဲ့တဲ့အထိပါပဲ။ ခွာညိုပန်းတွေက လရောင်အောက်မှာ မွှေးလိုက်တာ။ ခွာညိုပန်းကို ရှင်မသိပါဘူး။ တကယ်တော့လည်း သဇင်နဲ့ နှင်းဆီကလွဲလို့ ဘယ်ပန်းကိုမှ နာမည်မှန်အောင်လည်း ရှင် မခေါ်တတ်ခဲ့ပါဘူး။
“လုံခြုံမှုဆိုတာရှိမှ လွတ်မြောက်တယ်လို့ နားလည်ပါတယ်” ၊ နိုင်ငံရေး အကျဉ်းသား ကိုအေးအောင် နှင့် တွေ့ဆုံခြင်း
ယနေ့နံနက်ပိုင်း(ဇူလိုင် ၃ရက်နေ့) တွင် လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်ဖြင့် ကလေးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုအေးအောင်အား
ကလေးမြို့ရှိ တည်းခိုရာ နေအိမ်၌ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကိုအေးအောင်သည်
၁၉၉၈ ခုနှစ်တွင် ထိန်းသိမ်းခံရပြီး ၁၉၉၉ ခုနှစ်တွင် ပုဒ်မ ၅(ည)၊ ၁၇/၁ နှင့်
၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါသည်။![]() မေး။ ။ဒီနေ့ ထောင်ကနေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကိုအေးအောင်ရဲ့ စိတ်ခံစားမှုကို ပြောပြပါ ။ ဖြေ။ ။လွတ်မြောက်တယ်ဆိုတာကဗျာ ထောင်ထဲကနေပြီး ပေငါးရာပတ်လည်တော့ ထွက်လာပြီပေါ့။ |
မြန်မာ့နည်း ၊ မြန်မာ့ဟန်ဖြင့် ဓမ္မစေတီခေါင်းလောင်းကြီးကို ၁၄ ရက်အတွင်း ဆယ်ယူနိုင်သည်ဆိုသော ဦးစံလင်း၏ သတင်းစာရှင်းလင်းပွဲ
သမိုင်းရာဇ၀င်ကြီးမားသော ဓမ္မစေတီခေါင်းလောင်းကြီး ပြန်လည်ပင့်ဆောင်ဆယ်ယူပြီး ရွှေတိဂုံစေတီတော်ပေါ်တွင် မူလ နေရာသို့ ပြန်လည်ကပ်လှူပူဇော် နိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက် ၍ ယခင်က သုတေသနပြု ရှာဖွေဖူးသော ဦးစံလင်းမှ ဓမ္မ စေတီခေါင်းလောင်းကို မြန်မာ့ နည်း၊ မြန်မာ့ဟန်ဖြင့် ဆယ်ယူဖူး ခဲ့ကြောင်းနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို City Star Hotel ပထမထပ်တွင် ၂-၆-၂၀၁၂ ညနေ ၄း၀၀ နာရီအချိန် တွင် ပြုလုပ်ခဲ့ပါသည်။
ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် Burma ဟုခေါ်ဝေါ်သုံးစွဲမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားမလိုက်နာခြင်း မဟုတ်ကြောင်း NLD ပြောကြား
သုဝဏ္ဏကွင်းတွင် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည့် မြန်မာ ယူ-၂၂
|
ယနေ့
ညနေပိုင်းက သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အေအက်ဖ်စီ ယူ-၂၂
ဘောလုံးပြိုင်ပွဲ အုပ်စု (G) ခြေစစ်ပွဲ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်တွင်
အိမ်ရှင် မြန်မာလူငယ် အသင်းက မလေးရှားအသင်းကို တိုက်စစ်မှူး ကောင်းစည်သူ ခြေစွမ်းပြ
ဂိုးများဖြင့် (၂-၁) အနိုင်ရရှိခဲ့သည်။
ထိုရလဒ်ကြောင့် မြန်မာအသင်းသည် ပွဲကြည့် ပရိသတ် ၂၈၀၀၀ ကျော်ရှေ့မှောက်တွင် အရှေ့တောင် အာရှ နိုင်ငံများအနက် ၂၀၁၃ အာရှ အသက် ၂၂နှစ်အောက် ပြိုင်ပွဲကြီးအား ပထမဆုံး ခြေစစ်ပွဲ အောင်သည့် နိုင်ငံအဖြစ် မော်ကွန်း ရေးထိုးနိုင်ခဲ့သည်။ မြန်မာအသင်းနှင့် အတူ ရမှတ်တူ ဂိုးကွာခြားချက် အရ အုပ်စုဗိုလ် ဖြစ်ခဲ့သည့် တောင်ကိုရီးယား အသင်းမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ |
ကမ္ဘာကျော် အဆိုတော် Engelbert Humperdinck ၏ တေးဂီတ ဖျော်ဖြေပွဲ ဖျက်သိမ်း
မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်မည့် ကမ္ဘာကျော် အဆိုတော် Engelbert
Humperdinck ၏ တေးဂီတ ဖျော်ဖြေပွဲကို ၎င်းမိသားစု၏ ကျန်းမာရေး အခြေအနေအရ
ဖျက်သိမ်းလိုက်ကြောင်း၊ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ဇူလိုင်လ ၁၁
ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ယင်းဖျော်ဖြေပွဲအတွက် လက်မှတ် ဝယ်ယူထားသူများ
My Asia Ticket လက်မှတ် အရောင်းဌာနအဖြစ် ရောင်းချပေးခဲ့သည့်
"ကမ္ဘာကျော်မင်းသား ဂျက်ကီချမ်း ဇူလိုင် ၅ ရက်နေ့ မန္တလေး လာမည်"
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူး မင်း
သား ဂျက်ကီချမ်းမှာ ဇူလိုင်လ ၅
ရက်နေ့တွင် မန္တလေးသို့ လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ
ကလေးများရန်ပုံငွေအဖွဲ့ (Unicef)မှ ထုတ်ပြန်ထားသည်။
Unicef ၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ
Unicef ၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ
တရုတ်နိုင်ငံ ပေကျင်းမြို့မှ တစ်ဆင့်
မန္တလေးမြို့သို့ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၅ ရက်ညနေ ၃ နာရီ တွင် ၄င်း၏
အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်ကြောင်း
ဇူလိုင်
၅ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ မန္တလေး တောင်တော်သို့ လေ့လာလည်ပတ်
မည်ဖြစ်ကြောင်း Unicef မှ ထုတ်ပြန်ထားသည်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်
ယနေ့နံနက်ပိုင်း္ပ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူအချို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့
ရုံးခန်းသို့ ရောက်ရှိလာပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ရစဉ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ |
Subscribe to:
Comments (Atom)



ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှုစရိုက်၊
ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုတစ်ရပ် ဖြစ်သည်။ မြန်မာမှု၊
မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုရေးနယ်ပယ်တွင် လက်ခံထားသော
သိမ်မွေ့ပြေပြစ် နှစ်သက်ဖွယ်၊ မြန်မာမှုအမွေဖြစ်သည်။ ရိုးသား ခြင်းဟူသည်
အစဉ်အမြဲ တင့်တယ်၊ တန်ဖိုးရှိသည်။ ယဉ်ကျေးမှုဟူသည် လူ့တန်ဖိုး
အနှစ်သာရဖြစ်သည်။ အစဉ်အမြဲ တင့်တယ်၍ ယဉ်ကျေးမှု အနှစ်သာရ ပြည့်စုံသော
ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှု အဖွဲ့အစည်းတွင်
မည်သည့်အချိန်၊ မည်သည့် ခေတ်ကာလတွင်မဆို မရိုးနိုင်သော ဆန်းသစ်နေသည့်
အ၀တ်အဆင်ဖြစ်သည်။





