menu

Wednesday 30 October 2013

ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း KIA နှင့် အစိုးရတပ်တို့ ထိတွေ့ပစ်ခတ်မှု ရှိနေသေး

ကချင်, ငြိမ်းချမ်းရေး, KIA
တရုတ်ပြည်ဘက်ခြမ်းရှိ ရန်လူး ဒုက္ခသည်စခန်းတွင်း မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

ကချင်ပြည်နယ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်နေပြီ ဖြစ်သော်လည်း ဗန်းမော်မြို့ မန်စီခရိုင်တွင်မူ မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တပ်ခြင်းထိတွေ့ မှုများ ရှိနေသေးကြောင်း သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် မြန်မာအစိုးရ တပ်သည် မန်စီမြို့နယ် အတွင်းရှိ မှောင်ခို လမ်းများကို ရှင်းလင်းရာမှ KIA နှင့် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထိတ်လန့်ကာ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အဖွဲ့အနေနဲ့ကတော့ တိုင်းမှူးကို စာတင်ထားပါတယ်။ နှစ်ဘက်စလုံး ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်မယ် ဆိုတာတော့ သိပါတယ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ဖို့တော့ နှစ်ဘက်စလုံးကို ပြောပါတယ်။ ပြီးတော့ အများပြည်သူ လူထုတွေ ဒုက္ခရောက် နေရတယ်၊ ထိတ်လန့်အောင် မလုပ်ဖို့တော့ ပြောထားပါတယ်” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
မြန်မာအစိုးရ အနေဖြင့် စီမံကိန်းကြောင့် မန်စီတလျှောက်ရှိ သစ်မှောင်ခို လုပ်ငန်းကို လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း၊အောက်တိုဘာ လဆန်းပိုင်းက ကျင်းပခဲ့သည့် မြန်မာအစိုးရနှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူ စာချုပ်တွင်လည်း ပြည်သူများ သွားလာသည့် လမ်းကြောင်းများကို ပြန်လည်ဖွင့်ပေးကာ ပြည်သူလူထုနှင့် စည်းလုံးရေး အနေဖြင့် ပြန်လည် ၀င်ရောက်မည် ဖြစ်ကြောင်း၊ မန်စီဒေသတွင် အစိုးရက စစ်လေ့ကျင့်ရေး စခန်း ပြုလုပ်ရန် ပြောဆိုထားကြောင်း ၎င်းက ထပ်မံပြောသည်။

နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ အစိုးရလျှပ်စစ်မီး မသုံးဘဲ မီးစက်သာ သုံးမည်

ဆီးဂိမ်းပြိုင်ပွဲ, နေပြည်တော်, အားကစား ၀န်ကြီးဌာန, လျှပ်စစ်မီး
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ကစားသမား များကို ကြိုဆိုသည့် ဆိုင်းဘုတ်ကို လူစည်းကားရာ နေရာအများစုကို စိုက်ထူထားသည့် မြင်ကွင်း။ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို    ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြု ဖွင့်လှစ်မည်ဖြစ်သည်။
နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက်ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင်တယ်လေ။ မီးစက်ပဲ သုံးမယ်။  ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်းအနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။
အလားတူ ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားတွင်လည်း အစိုးရဓာတ်အားစနစ်ကို အသုံးမပြုဘဲ မီးစက်များကိုသာ အသုံးပြုပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ မနေ့တုန်းက SUV ကားတစင်းနဲ့ ၀င်တိုက်မိရာက မီးလောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ Xinjiang ဒေသက သံသယရှိသူ ၂ ယောက်ကို ရဲတွေက လိုက်လံ စုံစမ်းနေပါတယ်။

လူ ၅ ဦးသေဆုံးပြီး ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စုံစမ်းနေသလို၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ ပြောဆိုခဲ့တာပါ။

မီးလောင်မှု ဖြစ်ပွားအပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ၀ီဂါလူမျိုးစုတွေ သုံးလေ့ရှိတဲ့ နာမည်နဲ့ လူ ၂ ယောက် တည်းခိုခဲ့တာ ရှိမရှိ အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားထားတဲ့အကြောင်း ဘေဂျင်းမြို့က ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဖြူး ၁၁၅မိုင်တွင် ဗုံးလန့်

ရန်ကုန်၊ အောက်တိုဘာ ၃၀။   
ရန်ကုန်၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ် နေပြည်တော်အမြန်လမ်းမကြီးဘေး ၁၁၅မိုင်ယာဉ်ရပ်နားစခန်း၏ FeeL စားသောက်ဆိုင်အနီးရှိ တွင် ယခုညနေ၅နာရီခန့်၌ ဗုံးထည့်ထားသည်ဟု ယူဆရသော ပိုင်ရှင်မဲ့ ကြွတ်ကြွတ်အိတ်အနက်တစ်လုံးကို တွေ့ရှိခဲ့ ကြောင်း ၁၁၅မိုင်ရှိ စားသောက်ဆိုင် တစ်ဆိုင်တာဝန်ရှိသူတစ်ဦးက PeoplePower သို့ ဆက်သွယ်ပြောကြားသည်။

”သက်ဆိုင်ရာ လုံခြုံရေးတွေ လာစစ်ဆေးတော့ ဗုံးမဟုတ်ဘူးဆိုတာသိရတယ်”ဟု၎င်းကဆိုသည်။

ယင်းသတင်းထွက်ပေါ်ခြင်းကို ဖြူးမြို့မ ရဲစခန်းသို့ အတည်ပြုမေးမြန်းရာ ပြီးခဲ့သောအောက်တိုဘာလ ၉ ရက်နေ့က စာတိုက်ရှေ့တွင်ဗုံးတွေ့သည့် ဖြစ်စဉ်သာ နောက်ဆုံးဖြစ်စဉ်ရှိကြောင်းတာဝန်ရှိ ရဲအရာရှိတစ်ဦး က ပြန်လည်ဖြေကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုထိသြဇာရှိတုန်းလား


Photo: အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုထိသြဇာရှိတုန်းလား
-------------------------------

ရေးသားသူ- အောင်သူရ၊ အိဖြူလွင်၊ ရန်မျိုးနိုင်

လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစားယူသွားခဲ့သူတစ်ဦး၏ မကြာမီက ပြောစကားတစ်ခွန်းကြောင့် နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။ 

သာမန်အငြိမ်းစားတစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းကျွတ်ကာလတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။ 

ထိုသို့ သွားရောက်ဂါရ၀ပြုစဉ် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက “မြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်နေမှုကို ဘေးကစိတ်ဝင်တစား စောင့်ကြည့်တဲ့သဘောရှိတယ်။ မဖြစ်သင့်တာတွေမဖြစ်ပေါ်ဖို့အတွက်လည်း သူ့မှာစိုးရိမ်စိတ်တွေရှိခဲ့တယ်”ဟု ဦးရွှေမန်းက တစ်ဆင့်ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြောဆိုလာသည့်အတွက် လက်ရှိအစိုးရနှင့် တပ်မတော်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် သြဇာသက်ရောက်မှု ရှိနေသေးသလားဆိုသည့် သံသယမှာလည်း နိုင်ငံရေးစိတ်ဝင်စားသူများကြား ကြီးထွားလာခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ၊ စိုးရိမ်ပူပန်မှုများရှိလာသည့်အသံများ ကြားလာရသည်။ 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအေးမောက်ကမူ ဦးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု မထင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောကြားသည်။

“လွှတ်တော်ထဲမှာတော့ ၁၀၀ ရာခိုင်နှုန်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်။ ဝေဖန်နိုင်တယ်။ တကယ်လို့သာ နောက်ကရှိနေသေးတယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌတို့၊ ဘာတို့က နည်းနည်းတော့တွန့်မှာပေါ့”ဟု ဦးအေးမောက်က ဥပမာပေး၍ပြောဆိုသည်။

ဦးအေးမောက်နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမင်းသူကလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ထောက်ခံပြောဆိုသည်။ 

“တကယ်တော့ သွားနေတဲ့လမ်းကြောင်းက ရှင်းပါတယ်။ လူထုဆန္ဒအတိုင်းသွားနေတယ်”ဟု ဦးမင်းသူကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၂၀၁၀ အငြိမ်းစားမယူမီ တပ်မတော်ခေါင်းဆောင်များအား ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ တက်လာသည့်အချိန်မှစ၍ နိုင်ငံရေးတွင် ၀င်ရောက်မစွက်ဖက်ရန် မှာကြားခဲ့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် လက်ရှိအခြေအနေတွင် ၀င်ရောက်လာပါကလည်း လွှတ်တော်တွင် ၎င်းပြောသည့်အတိုင်း ဖြစ်မည်မဟုတ်တော့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကသုံးသပ်သည်။

အငြိမ်းစားယူပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံမှ ကြွချီလာသော ဗုဒ္ဓစွယ်တော်အတွက် အလှူငွေထည့်ဝင်ခြင်း၊ ပျဉ်းမနားမြို့ရှိ သာသနာ့ဗိမာန်နှင့် သံဃာ့ဆေးရုံတို့အား ငွေကြေးလှူဒါန်းသည့်သတင်းများသာ ထွက်ပေါ်ခဲ့သည်။ 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အငြိမ်းစားယူပြီးသည့်အချိန်မှစ၍ နေပြည်တော်ရှိ A1 အိမ်တော်တွင် နေထိုင်လျက်ရှိပြီး စာဖတ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက  ပြီးခဲ့သည်နှစ်ကုန်ပိုင်းတွင် မီဒီယာများသို့ပြောကြားသည်။ 

စာဖတ်နေသော အသက် ၈၀ ရှိနေပြီဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဦးဌေးဦးနှင့် ဦးအောင်သောင်းတို့ ယခုနှစ်လယ်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမှ ပြန်လည်ပြောကြားခြင်းမရှိခဲ့ပေ။  

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အစိုးရနှင့် ၀န်ကြီးဌာနများအပေါ် နိုင်ငံရေးအရ ပတ်သက်မှုမရှိသော်လည်း လက်ရှိတပ်မတော်ခေါင်းဆောင်များကမူ အချို့သော အကြောင်းအရာများ၌ ဦးသန်းရွှေထံမှ အကြံဉာဏ်ရယူတာမျိုးရှိနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကမ္ဘာကျော်သတင်းစာဆရာ ဘာတေးလ်လင့်တနာကသုံးသပ်သည်။ အထူးသဖြင့် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်သောကိစ္စများတွင် ဦးသန်းရွှေထံမှ အကြံဉာဏ်တောင်းခံနိုင်ကြောင်း မြန်မာ့အရေးအတွက် ဘာတေးလ်လင့်တနာကဆိုသည်။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ

ရေးသားသူ- အောင်သူရ၊ အိဖြူလွင်၊ ရန်မျိုးနိုင်

လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစားယူသွားခဲ့သူတစ်ဦး၏ မကြာမီက ပြောစကားတစ်ခွန်းကြောင့် နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။

သာမန်အငြိမ်းစားတစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းကျွတ်ကာလတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။

နဖူးတွင် ဓားမြှောင်တစ်ဆုံး ထိုးသွင်းခံရသူ အမျိုးသမီး အသက်မသေ

ပုသိမ်၊ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြိ့နယ် ပြင်ခရိုင်မြို့နယ်ခွဲ သက္ကယ်သောင် ကျေးရွာတွင် အောက်တိုဘာလ ၂၄ ရက်နေ့ က အမျိုးသမီးတစ်ဦး ခြောက်လက်မ အရှည်ရှိသော ဓားမြှောင်ဖြင့် ဘယ်ဘက် နဖူးအတွင်းတစ်ဆုံး ထိုးသွင်းခံခဲ့ရသော်လည်း အသက်သေဆုံးမှု မရှိကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်က သက္ကယ်သောင် ကျေးရွာတွင် နေထိုင်သူ အသက် ၃၈ နှစ် အရွယ် ဒေါ်မေစုသည် ၎င်း၏ ယောင်းမ ဖြစ်သူ ဒေါ်ဒါးဂျလူး၏ နေအိမ်တွင် အတူရှိစဉ် ဒေါ်ဒါးဂျလူး၏ အလုပ်သမား ဦးသန့်ဇင် ရောက်ရှိလာခဲ့ပြီး ကြိုတင်ငွေလစာ ထုတ်ပေးရန် တောင်းဆိုရာမှ စကားများ ရန်ဖြစ်ရာ ဦးသန့်ဇင်က ဒေါ်ဒါးဂျလူးကို လက်သီးဖြင့် ထိုးကြိတ်နေ သောကြောင့် ဒေါ်မေစုနှင့် မိသားစုဝင်များက ဝင်ဆွဲခဲ့ရာ ဦးသန့်ဇင်က ဒေါ်မေစု၏ ဆံပင်ကို ဆောင့်ဆွဲကာ အသင့်ယူဆောင်လာသော အလျားခြောက်လက်မ၊ အကျယ် တစ်လက်မခန့်ရှိ ဓားမြှောင်ဖြင့် ဘယ်ဘက် နဖူးအတွင်းသို့ တစ်ဆုံးထိုးသွင်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မမိုးမိုးခိုင် (ခ) ဘူလားခက ရှင်းပြသည်။

အာဘွားပေးအပြီး ပရိသတ်ဖျားမှာစိတ်ပူနေတဲ့ ၀ိုင်းစု

တတိယအယ်လ်ဘမ်““အာဘွား”” အတွက်    ဂျန်းရှင်းစကွဲတွင် ပရိုမိုးရှင်းပွဲ စတင်ချိန်၌ မိုးများရွာနေသော်လည်း ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး မိုးစိုသွားသည့် ပရိသတ်များ ဖျားနာမှာကို စိုးရိမ်နေကြောင်း ၀ိုင်းစုခိုင်သိန်းက ပြောသည်။

““ပရိသတ်တွေက မိုးရေထဲမှာ သင်္ကြန်လိုမျိုး ဖြစ်နေပြီးတော့ ပျော်နေကြတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကိုးနာရီ၊ ဆယ်နာရီခွဲထိကို မပြန်ကြဘဲ အားပေးကြတာဆိုတော့ ဖျားမှာလည်း စိုးရိမ်တယ်။ Facebook ပေါ်မှာတွေ့တာ တချို့ဖျားနေကြပြီဆိုတော့ ၀ိုင်းစုစိတ်မကောင်းဘူး။ ကျယ်ကျယ်ဝန်းဝန်းနဲ့ စတိတ်စင်ဆောက်ပြီး ဖျော်ဖြေပေးချင်တဲ့စိတ်နဲ့လုပ်လိုက်တာ၊ မုန်တိုင်းလည်းရှိတယ်ဆိုတော့ အခုလိုမျိုး ကြုံသွားတဲ့အတွက် စိတ်မကောင်းပါဘူး”” ဟု ၀ိုင်းစုခိုင်သိန်းက ပြောသည်။

လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာလ ၂၉
ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။
news_lktpytk_htet-aung-phyo 
ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်
အလုပ်ချိန်အဖြစ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ အလုပ်လုပ်ကိုင်ရပြီး ပုံမှန်အချိန်ပို အလုပ်ချိန်အဖြစ် ည ၉ နာရီ အထိ အလုပ်လုပ်ကိုင်ရကြောင်း၊ အော်ဒါအပေါ် မူတည်ကာ တစ်ခါတစ်ရံ ည ၁၁ နာရီ အထိ အလုပ် လုပ်ကိုင်ရသော်လည်း လုပ်သားတစ်ဦး၏ တစ်လစာ လုပ်အားခမှာ ကျပ်ရှစ်သောင်းသာ ရရှိသဖြင့် လုပ်အားခ တိုးပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားတစ်ဦးက ပြောကြားသည်။

အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ်......(အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်))



ဘ၀မှာ နေရေးဟာ အရေးကြီးသလို သေရေးကလည်း အရေးကြီးတာပဲ၊ "ရှင်ချောင် သေကျပ်၊ ရှင်ကျပ် သေချောင်" လို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးမခဲ့တယ်။ ရှင်စဉ်အခါ ဘာသာရေး စည်းကမ်းတွေ ချိုးဖောက်ပြီး ပျော်ပျော်နေ သေခဲလို့ဆိုတာ ချောင်ချောင်နေခဲ့ရင် သေတဲ့အခါ အကျပ်အတည်းနဲ့ တွေ့ရတတ်တယ်၊ ရှင်စဉ်အခါ ဘာသာရေး ကျင့်ဝတ်နဲ့အညီ စည်းနဲ့ကမ်းနဲ့ ခပ်ကျပ်ကျပ်နေပါမှ သေတဲ့အခါမှာ ချောင်ချောင်လည်လည်နဲ့ သေရတယ်၊ ကြပ်မတ်ဆိုတဲ့အတိုင်း ဘ၀မယိမ်းယိုင်ဖို့ တည်ငြိမ်ဖို့၊ မတိမ်းစောင်းဖို့၊ တည့်တည့်မတ်မတ်ဖြစ်ဖို့ သီလက ကြပ်ပေးတယ်၊ သီလက အကြီးအမှူးပြု ကြပ်ပေးလို့ ကြီးကြပ်တယ်လို့လည်း ဆိုနိုင်တယ်။
ဒီဘက်ဘ၀ စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းနေမှ ဘ၀ကူးတဲ့အခါ ဘ၀ကူးကောင်းမယ်၊ စည်းမရှိ၊ ကမ်းမရှိ၊ အထိန်းအကွပ်မဲ့ ပျော်သလို ချောင်ချောင်နေခဲ့ရင် ဘ၀ကူး မကောင်းနိုင်ဘူး၊ နောင်ဘ၀ အကျပ်တွေ့မယ်၊ အခက်တွေ့မယ်ဆိုတဲ့ သဘောပါပဲ၊ ဘ၀ဆိုတာ သောတာပန် မဖြစ်မချင်း ဂတိမမြဲသေးဘူး၊ လားရာဘ၀က စိတ်မချရသေးဘူး၊ သောတာပန် ဖြစ်ပြီးပါမှ စိတ်ချရတယ်၊ အဲဒီအတွက် ဘာလိုလဲဆိုရင် အဟောင်းပြုတ်ဖို့ လိုပါတယ်၊ အဟောင်းပြုတ်မှ အဟုတ်ပြောင်းပါမယ်၊ တကယ်ပြောင်းပါမယ်၊ အမှန်ပြောင်းပါမယ်၊ အမှန်အကန် ပြောင်းပါမယ်၊ သေချာရေရာတဲ့ ပြောင်းခြင်းနဲ့ ပြောင်းပါမယ်၊ အဟောင်းဆိုတာ ဘာလဲဆိုတော့ အနမဂတဂ္ဂ သံသရာက စွဲကပ်ပါလာတဲ့ ဟောင်းနွမ်းလှပေမယ့် မဆွေးမြည့်နိုင်တဲ့ အပါယ်မျိုးစေ့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိပါ၊ အဲဒီ ငါ...ငါ...ငါဆိုတဲ့ အတ္တအဟောင်း ပြုတ်ပါမှ အဟုတ်ပြောင်းမှာပါ။

မိုးအကုန် ဆောင်းအကူးကာလမှာ ကျန်းမာရေးကို အထောက်အကူပြုမယ့် စူပါအစားအစာ

 

အခုကာလဟာ မိုးရာသီလည်း မကုန်သေးတဲ့အပြင် ဆောင်းရာသီလို့လဲ ပြောလို့မရသေးတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလမှာ ရာသီပေါ်သီးနှံတွေ လှိုင်လှိုင်ထွက်ရှိပြီး စားသုံးသင့်တဲ့ အစားအစာတွေလဲ အများအပြားပါပဲ။ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အစားအစာတွေထဲကမှ ဖရုံသီးကို Houston Methodist Hospital မှ အာဟာရ ဗေဒပညာရှင် Dr.Kari Kooi  က ရွေးချယ်တင်ပြထားပါတယ်။
ဒီရာသီမှာရွှေဖရုံသီးကို စားသုံးပေးသင့်ပါတယ်။ ရွှေဖရုံသီးမှာ ဘီတာကယ်ရိုတင်းပါဝင်မှု မြင့်မားပြီး အဲဒီဓာတ်ဟာ ဗီတာမင်အေ အဖြစ် ကို ပြောင်းလဲနိုင်ပါတယ်။ အမြင်အာရုံကို ပိုမိုအားကောင်းစေပြီး ဆောင်းတွင်းမှာ ကိုယ်ခန္ဓာကို ပူနွေးနေအောင် ဇီဝဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။အုတ်ဂျုံပေါင်မုန့်နဲ့ တွဲဖက်စားသုံးခြင်း၊ ရွှေဖရုံသီးနဲ့ လုပ်ထားတဲ့ ကွတ်ကီးတွေကို စားသုံး ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။
ဒါ့အပြင် ရွှေဖရုံစေ့ဟာလည်း ကိုယ်ခန္ဓာအတွက် ပါဝါအိမ်ကြီးသဖွယ်ပါပဲ။ ရွှေဖရုံစေ့မှာ နှလုံးကို ကျန်းမာစေတဲ့ အဆီဓာတ်၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် မက်ဂနီဆီယမ်လိုမျိုး သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါနေတဲ့အတွက် အရိုးကျန်းမာရေးကို လည်း မြှင့်တင်ပေးနိုင်ပါတယ်။သံဓာတ်ပါဝင်မှု များတာကြောင့် လည်း အောက်စီဂျင်ကို ဆဲလ်တွေဆီကို ပိုမိုရောက်ရှိစေနိုင်ပါတယ်။ဖရုံစေ့လှော်ကို နေ့ပိုင်းမှာစားသုံးပေးရင် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

"စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ"

 
ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရ

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ
စုန်းမဆိုသော အယူအစွဲမျိုးသည် ယနေ့ခေတ်တွင် အမှန်တရားအဖြစ် လက်ခံနိုင်ရန် ခက်ခဲသွားသည့် ခေတ်နောက်ပြန်ဆွဲမှုမျိုးဟု ဝေဖန်ခံရမည့် အခြေအနေ ရှိနေသည်။ သို့သော်လည်း ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရသည်။ စုန်းမအဖြစ် စွပ်စွဲခံရသော အဆိုပါ အမျိုးသမီးသည် ကလေးများကို သတ်ဖြတ်ကာ နှလုံးသားကို ထုတ်စားလေ့ရှိကြောင်း လူပြောများလာသည့်နောက် ဒေသတွင်းရှိ ရွာသားများက သူမကို ဝိုင်းဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စုန်းမကို ရွာသားများက ဖမ်းဆီးကာ နှိပ်စက်ညှင်းဆဲခဲ့ကြသည်။

တရုတ်ရေငုပ် သင်္ဘောမှ JL-2 ဒုံးကျည်သည် အမေရိကန်မြို့များသို့ ပစ်ခတ်ရောက်ရှိနိုင်

တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်တင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တိုက်ပွဲဝင် ကင်းလှည့်တာဝန်များကို ဒုတိယကျွန်း ဆက်တန်းအနီးတွင်

တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း တရုတ်စစ်ဘက်ရေးရာ ကျွမ်းကျင်သူ လီလီက တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

စစ်အေးကာလအတွင်း ဒီဇိုင်းရေး ဆွဲတည်ဆောက်ခဲ့သည့် အစောပိုင်း ကာလ တရုတ် ရေငုပ်သင်္ဘောများသည် အရွယ်အစား သေးငယ်၍ အသံကျယ်လောင်ပြီး အကွာအဝေး အနည်းငယ်သာ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း လက်ရှိတရုတ်နိုင်ငံ၏ မျိုးဆက်သစ် Type-094 Jin အတန်းအစား ရေငုပ်သင်္ဘောများသည် ဒုတိယကျွန်း ဆက်တန်း အထိ မောင်းနှင် ရောက်ရှိနိုင်ကြောင်း၊ ၎င်းတို့တွင် JL-2 အမျိုးအစား ဒုံးကျည် ၁၆ စင်း တပ်ဆင်ထားပြီး အကွာအဝေး ကီလိုမီတာ ၈ဝဝဝ (၄၉၇ဝ မိုင်) ထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။

တက်တူးနဲ့ဆေးမှင်သာ သေရင်ကိုယ့်နောက် ပါလာမှာလို့ ထင်နေကြသူတွေ


ခန္ဓာကိုယ်အရေပြားအပေါ်ယံလွှာကို ဖောက်ထွင်း၍ မော်တာတပ်ထားသည့် အပ်ဖျားလေးက တဒီဒီမြည်ကာ ကြိုတင် ရေးခြယ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကစားနေသည်။
ထိုအပ်ဖျားလေးပြေးလွှားနေသည့် အရေပြားပိုင်ရှင်မှာ အသက် ၂၂ နှစ်ဝန်းကျင်ခန့်ရှိ လူငယ်ကတော့ တစ်ချက်လေးမှ ညည်းငြူသံမထွက်ပဲ တစ်ချက်တစ်ချက်တွန့် သွားယုံမှလွဲ၍ သင်ဖြူးဖြာပေါ်တွင် မှောက်လျက်...
 ခံစားနေရသည့် နာကျင်မှုကိုကြိတ်မှိတ်ထားရ၍ပဲလား သောက်ထားသည့် ယမကာရှိန်ကြောင့်လား မသိ အံကြိတ်ထားသည့် မျက်နှာကတော့ အပ်ဖျားဝင်သွားသည့်လမ်းကြောင်းလေးပေါ်မှ သွေးရောင်များကဲ့သို့ နီနီရဲရဲဖြစ်၍ နေပေသည်။
ခံသည့်လူကခံနေသလို (ဆေး)ဆွဲပေးသူကလည်း အပ်ဖျားလေးအား အ၀တ်စနှင့်သုတ်လိုက် အရေပြားမှ သွေးများကို သုတ် လိုက်နှင့် သူ့တာဝန်သူထမ်းဆောင်နေကြသည်။
အနီးနားတစ်ဝိုက်က ပုံစံမျိုးစုံပါသည့် ဆေးရောင်ခြယ် စာအုပ်များ၊ စာရွက်များအား ကြည့်ရှုနေသည့် လူငယ်တစ်သိုက်ကလည်း ဒီပုံလန်းတယ် ဟိုပုံလန်းတယ်နှင့် စည်စည်ကားကား.....
ဒါကတော့ ယခုခတ်လူငယ်များ၏ တက်တူး(Tattoo) (ခေါ်) ဆေးမင်ကြောင်ထိုးပွဲ အသေးစား မြင်ကွင်းအချို့ပင်...

တိုင်းပြည်နယ်နိမိတ် တည်တံ့ရေး လိုင်ဇာညီလာခံသို့ အစိုးရ တောင်းဆို

 ပြည်တွင်းငြိမ်းချမ်းရေး, အပစ်အခတ် ရပ်စဲရေး, တိုင်းရင်းသား, ဖယ်ဒရယ်, လိုင်ဇာ
လိုင်ဇာ တိုင်းရင်းသားညီလာခံကို လုံခြုံရေးယူနေသော ကချင်လွတ်မြောက်ရေး တပ်သား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လတ်တလော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပနေသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံသို့ နေပြည်တော် အစိုးရမှ လျှို့ဝှက်အနေဖြင့် ပေးပို့ထားသော နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အဆိုပြုချက်များတွင် “တိုင်းပြည်နယ်နမိတ် တည်တံ့ရေးအတွက် ပတ်သက်သည့်တာဝန်ကို ပူးတွဲထမ်းဆောင်ရန်”ဟု ရေးသားပါရှိသည်။
ဧရာဝတီက ဖတ်ရှုခွင့်ရသည့် ယင်းအဆိုပြုချက် ၁၅ ချက်တွင် “ပင်လုံ စိတ်ဓာတ်”ဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းရေးသားထားသော်လည်း တိုင်းရင်းသားအဖွဲ့များက ပြောကြားတောင်းဆိုနေသည့် “ဖယ်ဒရယ်” ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စ ပါဝင်ခြင်း မရှိပေ။
အစိုးရ၏ အဆိုပြုချက်များမှာ  ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ချမှတ်ရေး၊ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆိုင်သည့် လမ်းညွှန်စည်းမျဉ်းများ၊ နှစ်ဘက်တပ်များ ထိတွေ့မှုမရှိစေရန် ပြန်လည်နေရာချထားရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ဆက်ဆံရေးရုံးများ ဖွင့်ခွင့်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် အခွင့်အလမ်း၊
လူ့အခွင့်အရေးများ ကာကွယ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ ဖွဲ့ရေး၊ ပူးတွဲအပစ်အခတ်ရပ်စဲရေးကော်မတီ၊ ပူးတွဲငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သူများအကြား ယုံကြည်မှုတည်ဆောက်ရန် ဆောင်ရွက်မည့်အချက်၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ နောက်ဆက်တွဲ ပါဝင်လက်မှတ်ရေးထိုးခွင့်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များ ဖြစ်သည်။

သိန်း (၃၀၀) တန် လက်ပတ်နာရီ ခိုးယူခဲ့သူနှစ်ဦးကို ဖမ်းဆီး

ဇော်ဇော်ထွေး

ဗဟန်း ရွှေတောင်ကြားရပ်ကွက်တွင် ဖြစ်ပွားခဲ့သော သိန်း ၃၀၀ တန် လက်ပတ်နာရီတစ်လုံးနှင့် အခြား ပစ္စည်းများခိုးယူခဲ့သူ နှစ်ဦးကို ဖမ်းဆီးမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့များမှ ပူးပေါင်းဖော်ထုတ်ခဲ့ပြီး သံသယရှိထားသော ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်တွင် နေထိုင်သည့် ကိုလှမြင့်ကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပန်းဆိုး တန်းဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ရာတွင် ပါဝင်သည့်ဟု သတင်းရရှိထားသော ဒဂုံမြို့သစ် တွင်နေသည့် ကိုသက်နိုင်ဝင်းဆိုသူကို အောက်တိုဘာ ၂၇ ရက်က ရေလယ်ကျောက်တန်းဘုရားပေါ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ခိုးယူမှုမှာ အောက်တိုဘာ ၂၄ ရက်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်ရှိ ကုမ္ပဏီ ရုံးခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၉
ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။
 ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ပွားဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy   ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့်Internet Governance  ဖိုရမ်၌ အထက်ပါအဖွဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။
”မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား

ရန်ကုန်၊ အောက်တိုဘာ ၃၀။

လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဦးဥတ္တမလမ်းတွင်
အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်
တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ် ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမ
အိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာ
သော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်ခဲ့ကြောင်းသိရ၍ ရဲတပ်ဖွဲ့မှ
ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ထံမှ သိရသည်။

မဟာဓာတ်အားလိုင်း ပျက်ကျမှုကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်

ရန်ကုန်၊ အောက်တိုဘာ ၂၉
တစ်နိုင်ငံလုံးနှင့် ချိတ်ဆက်ထားသည့် မြောင်းတကာ-ရွှေတောင် ၂၃၀ KVA မဟာဓာတ်အားလိုင်း ပျက်ကျမှုကြောင့် အောက်တိုဘာလ ၂၉ ရက် ည ၆ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ မြန်မာတစ်နိုင်လုံးတွင် တစ်နာရီဝန်းကျင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြောကြားသည်။
ယင်း ဓာတ်အားလိုင်း ပျက်ကျမှုမှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် မြောင်းတကာ-ရွှေတောင်မြို့ အကြားရှိ မဟာဓာတ်အားလိုင်းတွင် ဖြစ်ပြီး ပျက်ကျရခြင်း အကြောင်းရင်းကို မသိရှိရသေးကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း အဆိုပါ ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ထပ်မံပြောကြားသည်။
“ညအချိန်မှာ လျှစ်စစ်မီး အသုံးများတာ ဆိုတော့ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး လေတိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ အခုတော့ ပြန်ကောင်းသွားပါပြီ၊ ပျက်ချိန် မိနစ် ၅၀ လောက်ရှိမယ်။ ဒါပေမဲ့ တစ်လိုင်းချင်း ပြန်တင်ရတာမို့ တချို့မြို့တွေမှာတော့ တစ်နာရီ၊ တစ်နာရီခွဲလောက် ကြာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်အနီးရှိ သာယာကုန်း လျှပ်စစ် ဓာတ်အားပေးရုံရှိ မိုးကြိုးလွှဲ (LA) ချို့ယွင်း ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားဖြန့်ဖြူးရေး စနစ်ပြတ်တောက်မှု (System Break Down) ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအားလုံး လျှပ်စစ်မီးများ တစ်နာရီကျော်ကြာ ပြတ်တောက်ခဲ့သည်။

The Voice Weekly

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ SMS ပို့ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုနိုင်တော့မည်

 ပြည် တွင်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၂ဝကို SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းများ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်းအသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမ က ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက် ထားခြင်းဖြစ်ပြီး ပြည် တွင်း SMS တစ်စောင်ပေးပို့ခြင်းကို ကျပ်၃၀၊ ပြည်ပနိုင်ငံများကို ကျပ် ၅ဝသတ်မှတ်ထားပြီး ဖုန်းခေါ်ဆို ခြင်းကို မူ နိုင်ငံ အလိုက် ဈေးနှုန်း ကွာခြားမှုရှိသည်ဟု သိရသည်။

''ဒီဝက်ဘ်ဆိုက်ကနေ ဖုန်း ခေါ်လို့ရမယ်။ အက်စ်အမ်အက်စ် ပို့လို့ရမယ်။ ပုံစံကတော့ Skype လိုမျိုးပါ။ ပြည်ပခေါ်ဆိုခကိုတော့ အကြမ်းဖျင်း သတ်မှတ်ထားတာ မျိုးပဲရှိသေးတယ်။ ဥပမာ- စင် ကာပူနိုင်ငံဆိုရင် တစ်မိနစ်ရှစ်ကျပ် လောက်ပေါ့။ လိုင်းကောင်း ဖို့အ တွက်ကိုတော့ အဓိကပြင်ဆင် ထားတယ်''ဟု Myan Pay မှ တာ ဝန်ရှိသူ ဦးရန်နောင်စိုးက ပြော သည်။

အဆိုပါ စနစ်အား အသုံး ပြုနိုင်ရန်အတွက် အွန်လိုင်းတွင် စာရင်းပေးသွင်းထားရန် လိုအပ် ပြီး Myan Pay မှ ငွေဖြည့်ကတ် များကိုဝယ်ယူရမည်ဖြစ်ကာ ကျပ် ၁၀၀၀၊ ကျပ်၂ဝဝဝနှင့် ကျပ်၅၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

Yangon Media Group

တနင်္သာရီ မြစ်ကြောင်းရှိ ရွာတချို့တွင် ကမ်းပြိုမှုများ ဖြစ်ပေါ်နေပြီး အိမ်များပြောင်းရွှေ့နေရ

Photo: တနင်္သာရီ မြစ်ကြောင်းရှိ ရွာတချို့တွင် ကမ်းပြိုမှုများ ဖြစ်ပေါ်နေပြီး အိမ်များပြောင်းရွှေ့နေရ

တနင်္သာရီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတချို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လာနေကာ လူနေအိမ်များ ပြောင်းရွှေ့နေရကြောင်း သိရသည်။

တနင်္သာရီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကမ်းဘေးများတွင် တည်ထားသော ကျေးရွာများမှာ တစ်နှစ်ကျော်အတွင်း ကမ်းပါးပြိုကျမှုများ တဖြည်းဖြည်း ကြုံတွေ့လာရခြင်းဖြစ်ပြီး နေအိမ်များအပြင် ဘုန်းကြီးကျောင်းများလည်း ပြောင်းရွှေ့ရတော့မည့် အနေအထားများ ကြုံတွေ့လာနေရကြောင်း သိရသည်။

"ကျွန်တော်တို့ သာရဖုံရွာမှာ မြစ်ကမ်းရဲ့ တစ်ဖက်တစ်ချက်မှာ အရှေ့သာရဖုံနှင့် အနောက်သာရဖုံဆိုပြီး ရှိပါတယ်။ အခု အရှေ့သာရဖုံက ဓမ္မမဉ္ဖူကျောင်းတိုက် သိမ်ကျောင်းဟောင်းကို တောင်ပေါ်ကို ပြောင်းရွှေ့လိုက်ရပါပြီ။ အလားတူပါပဲ အနောက်သာရဖုံက ရွှေမော်တင်ကျောင်းတိုက်၊ ဓမ္မလင်္ကာရ ကျောင်းတိုက်တို့လည်း ကမ်းပါးတွေ ပြိုကျလာနေလို့ ပြောင်းရွှေ့ရမယ့် အနေအထားကို ကြုံတွေ့လာနေ ရပါပြီ။ ကမ်းပါးနှင့် ကျောင်းဝင်းကြားမှာ လူသွားလမ်းလေးက ခုနစ်ပေလောက်ပဲ ကျန်ပါတော့တယ်" လို့ အနောက်သာရဖုံ ကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

မြစ်ကမ်းပါး ပြိုကျမှုများမှာ မိုးရာသီအတွင်း အများဆုံး ဖြစ်ပေါ်ခဲ့ကာ ယခုလက်ရှိ တနင်္သာရီမြစ်ကြောင်း တစ်လျှောက်ရှိ အနောက်သာရဖုံ၊ အရှေ့သာရဖုံ၊ ကျွန်းရှည်၊ ပ၀ရွာမ၊ စန်းသစ်၊ ၀ါရစ်၊ သထာ၊ သပြေပင်တို့၌ အများဆုံး ကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ ကျေးရွာများတွင် ကမ်းပါးပြိုကျမှုများကြောင့် နေအိမ် ၁၀ လုံးစီ ပြောင်းရွှေ့ထားရပြီးဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

"သထာကျေးရွာနှင့် သပြေပင်ကျေးရွာတွေမှာလည်း ဘုန်းကြီးကျောင်းက ကမ်းပါးပြိုကျနေတဲ့ နေရာနှင့် ကပ်နေပါပြီ။ ကမ်းပါးပြိုရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မြစ်ကြောင်းထဲကို သဲစုပ်သင်္ဘောကြီးတွေ ၀င်ရောက်လာပြီး သဲတွေစုပ်ပါတယ်။ သဲတင် သင်္ဘောကြီးတွေ ၀င်လာပြီး သဲတွေတင်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ကမ်းပါးတွေ ပြိုကျမှု ဖြစ်ပွားလာတာပဲ။ ကမ်းပါးတွေ ပြိုကျတာ ဖြစ်လာတော့ သဲသင်္ဘောကြီးတွေလည်း ဒီနားကို မလာတော့တာ တွေ့ရတယ်" လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ယခင်က ယခုကဲ့သို့ ပြိုကျလာမှုများ မကြုံဖူးကြောင်း ဆက်လက်ပြိုကျ နေပါက လူနေအိမ်များ တဖြည်းဖြည်းပြောင်းရွှေ့ သွားရနိုင်သောကြောင့် မြေကတုတ်များ တည်ဆောက်ပေးသင့်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။        

အနောက်သာရဖုံ ကျေးရွာရှိ  ကမ်းပါးပြိုကျမှု မြင်ကွင်း
အနောက်သာရဖုံ ကျေးရွာရှိ ကမ်းပါးပြိုကျမှု မြင်ကွင်း

တနင်္သာရီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတချို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လာနေကာ လူနေအိမ်များ ပြောင်းရွှေ့နေရကြောင်း သိရသည်။

တနင်္သာရီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကမ်းဘေးများတွင် တည်ထားသော ကျေးရွာများမှာ တစ်နှစ်ကျော်အတွင်း ကမ်းပါးပြိုကျမှုများ တဖြည်းဖြည်း ကြုံတွေ့လာရခြင်းဖြစ်ပြီး နေအိမ်များအပြင် ဘုန်းကြီးကျောင်းများလည်း ပြောင်းရွှေ့ရတော့မည့် အနေအထားများ ကြုံတွေ့လာနေရကြောင်း သိရသည်။

"ကျွန်တော်တို့ သာရဖုံရွာမှာ မြစ်ကမ်းရဲ့ တစ်ဖက်တစ်ချက်မှာ အရှေ့သာရဖုံနှင့် အနောက်သာရဖုံဆိုပြီး ရှိပါတယ်။ အခု အရှေ့သာရဖုံက ဓမ္မမဉ္ဖူကျောင်းတိုက် သိမ်ကျောင်းဟောင်းကို တောင်ပေါ်ကို ပြောင်းရွှေ့လိုက်ရပါပြီ။ အလားတူပါပဲ အနောက်သာရဖုံက ရွှေမော်တင်ကျောင်းတိုက်၊ ဓမ္မလင်္ကာရ ကျောင်းတိုက်တို့လည်း ကမ်းပါးတွေ ပြိုကျလာနေလို့ ပြောင်းရွှေ့ရမယ့် အနေအထားကို ကြုံတွေ့လာနေ ရပါပြီ။ ကမ်းပါးနှင့် ကျောင်းဝင်းကြားမှာ လူသွားလမ်းလေးက ခုနစ်ပေလောက်ပဲ ကျန်ပါတော့တယ်" လို့ အနောက်သာရဖုံ ကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေးသို့ နိုင်ငံခြား ခရီးသွား အများအပြား လာရောက်လေ့လာ

Photo: ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေးသို့ နိုင်ငံခြား ခရီးသွား အများအပြား လာရောက်လေ့လာ

အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်းရပ် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်ရေး လုပ်ငန်းသို့ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသား ခရီးသွားများ အများအပြား လာရောက်လေ့လာမှုများ ရှိနေကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေး လုပ်ငန်းများအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းမှ စတင်တူးဖော်မှုများ ပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံသားများမှ စိတ်ဝင်စားမှုများ ရှိခဲ့ကြပြီး ထိုင်းမီဒီယာများကလည်း လာရောက်မှတ်တမ်း ရယူကာ သတင်းဖော်ပြမှုများ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ထိုင်းဘုရင်၏ အရိုးအိုး တွေ့ရှိခဲ့ကြပြီး နောက်ပိုင်း၌ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များပါ လာရောက်လေ့လာ လည်ပတ်မှုများ ရှိခဲ့ကြောင်း ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ) မှ သိရသည်။

"စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်း ခရီးသွားဧည့်သည် ၁၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေအပြင် အမေရိကန်၊ ပြင်သစ်၊ ဟော်လန်၊ ဂျာမနီနဲ့ ဂျပန်စတဲ့ နိုင်ငံတွေကနေ လာရောက်လေ့လာ လည်ပတ်နေတာတွေ ရှိပါတယ်။ ထိုင်းနိုင်ငံက လာရောက်လည်ပတ်ကြသူ အချို့ဆိုရင် သူတို့ရဲ့ ဘုရင်အုတ်ဂူရှေ့မှာ မျက်ရည်ကျပြီး ငိုနေတာတွေ တွေ့ရပါတယ်" ဟု ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ)မှ သမိုင်းအချက်အလက် ရှာဖွေပေးသည့် ကိုဖိုးဝေက ဆိုသည်။

ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေး လုပ်ငန်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များမှာ ဧရာဝတီမြစ်အတွင်း အပျော်စီးသင်္ဘော တစ်စီးဖြစ်သည့် Road to Mandalay ခရီးစဉ်ဖြင့် မန္တလေးမြို့မှတစ်ဆင့် လာရောက်လည်ပတ် ကြသူများအပြင် အမရပူရသို့ လာရောက်လည်ပတ် ကြရာမှ အဆိုပါ လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း အုတ်ဂူရှိရာသို့ စိတ်ဝင်စား လာရောက်လေ့လာမှုများ ရှိနေကြကြောင်း သိရသည်။

လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်အုတ်ဂူ ရှိရာနေရာအား ထိုင်းဘုရင်ဟောင်း၏ ပုံတူရုပ်တု၊ အယုဒ္ဓယ ကျေးရွာငယ် ပုံစံနှင့် အပန်းဖြေဥယျာဉ်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ယိုးဒယား အစားအစာ အရောင်းဆိုင်များအပြင် အပျော်စီးကားများပါ ထည့်သွင်းပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ 

ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေး လုပ်ငန်းသို့  လာရောက်လေ့လာနေသည့် နိုင်ငံခြားသားများအား တွေ့မြင်ရစဉ်
ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေး လုပ်ငန်းသို့ လာရောက်လေ့လာနေသည့် နိုင်ငံခြားသားများအား တွေ့မြင်ရစဉ်
အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်းရပ် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်ရေး လုပ်ငန်းသို့ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသား ခရီးသွားများ အများအပြား လာရောက်လေ့လာမှုများ ရှိနေကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေး လုပ်ငန်းများအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းမှ စတင်တူးဖော်မှုများ ပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံသားများမှ စိတ်ဝင်စားမှုများ ရှိခဲ့ကြပြီး ထိုင်းမီဒီယာများကလည်း လာရောက်မှတ်တမ်း ရယူကာ သတင်းဖော်ပြမှုများ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ထိုင်းဘုရင်၏ အရိုးအိုး တွေ့ရှိခဲ့ကြပြီး နောက်ပိုင်း၌ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များပါ လာရောက်လေ့လာ လည်ပတ်မှုများ ရှိခဲ့ကြောင်း ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ) မှ သိရသည်။

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်

Photo: တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။

"၀" နဲ့ "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ခြင်းအပေါ် မှတ်ချက်ပေးရန်ကိုမူ ဦးဒွဲပီဆားက ငြင်းဆန်ခဲ့ပါသည်။

"ကျွန်တော်ဖြေဖို့တော့ တာဝန်မရှိဘူး။ ပြောရခက်တယ်လေ" ဟု ၎င်းကဆိုသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၏ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက တရုတ်ဘက်မှ ခွင့်ပြုချက် မရသဖြင့် "၀" နှင့် "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ဆိုသော သတင်းများ ကြားနေရသည်ဟု ဆိုသည်။

"သူတို့ ဘာကြောင့်မတက်တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ဆို တရုတ်ဘက်ကနေပြီး နည်းနည်းလေး ခွင့်ပြုချက် မရဘူးလိုလို၊ ဘာလိုလို ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုတော့ အသံကြားတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၏ နိုင်ငံခြားရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ထို့ကြောင့် ဦးအောင်မြင့်ထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်သည်ဆိုသော အချက်က "ဖြစ်နိုင်ခြေများကြောင်း" ပြန်လည်ဖြေကြားသည်။

"ဖြစ်နိုင်ခြေ များပါတယ်။ အပိုင်းသုံးပိုင်း ရှိနိုင်တယ်။ ပထမပိုင်းကတော့ သူတို့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပြီ။ ထပ်ထိုးစရာ မလိုတဲ့အတွက် လိုင်ဇာပွဲကို မတက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒုတိယ တစ်ချက်က မြန်မာပြည်နိုင်ငံရေးကို နားမလည်တဲ့အတွက် ၀င်မပါတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ အမှောင့်ပယောဂ တွေကြောင့်ပေါ့ဗျာ။ မတက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီလိုပွဲမျိုးကို သူတို့တက်သင့်တယ်လို့တော့ ယူဆပါတယ်" ဟု ဦးအောင်ကျော်ဇောက The Daily Eleven သို့ ပြောကြားသည်။

"၀" နှင့် "မိုင်းလား" အဖွဲ့သည် နီးစပ်မှုရှိသော မဟာမိတ် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး "၀" အဖွဲ့က လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသဖြင့် "မိုင်းလား" အဖွဲ့လည်း မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အောက်တိုဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် နေသည်ကို အောက်တိုဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အောက်တိုဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် နေသည်ကို အောက်တိုဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

R-30-10
ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်

လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။
နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။
အသိပေး ကြေညာရာတွင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်ကာ ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်သည်ဟူသော အကြောင်းပြချက်၊ ဖြေရှင်းချက် တစ်ရပ်ကိုသာ ဖော်ပြထားသည်။
ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ်ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်

တရုတ်နိုင်ငံပိုင် ​Huawei ​တယ်လီဖုန်းကုမ္ပဏီကို ​သြစတြေးလျအစိုးရက ​သြစတြေးလျနိုင်ငံမှာ ​ဝင်ခွင့်မပေးတဲ့အပေါ် ​တရုတ်အစိုးရက ​ဝေဖန်မှု ​လုပ်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​အင်တာနက် ​မြန်နှုန်း ​ဒိထက်မက ​မြန်ဆန်ဖို့အတွက် ​အစိုးရက ​ကြိုးစားနေပြီး ​အဲဒီအတွက် ​နိုင်ငံတကာက ​ကုမ္ပဏီကြီးတွေကို ​ဝင်ခွင့် ​ပေးထားပေမယ့် ​တရုတ်ပိုင် ​ကုမ္ပဏီကို ​ဝင်ခွင့် ​ပိတ်ပင် ​ထားတာဖြစ်ပါတယ်။

ယခင် ​လေဘာ ​အစိုးရ ​ခေတ်တုန်းကလည်း ​တရုတ်တယ်လီဖုန်း ​ကုမ္ပဏီကို ​သြစတြေးလျနိုင်ငံထဲ ​ဝင်ခွင့်ပေးရင် ​သြစတြေးလျရဲ့ ​လုံခြုံရေးအတွက် ​စိတ်မချရဘူးဆိုပြီး ​ဝင်ခွင့် ​ပိတ်ပင်ခဲ့ပါတယ်။

အခု ​တက်လာတဲ့ ​လစ်ဘရယ် ​အစိုးရကပါ ​ထပ်မံ ​ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ​တရုတ်အစိုးရက ​အမျက်ဒေါသ ​ထွက်နေပါတယ်။

ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ

လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်လိုမျိုးဖြစ်သော glioblastoma  ကိုဖြစ်စေနိုင်သည်ဆိုသော အချက်ကို ချေဖျက်နိုင်ခဲ့သည်။

အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA  အတွင်းမှ sequence  (၇)သန်းကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်းကျအတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

ယခုလေ့လာမှုတွင် ရင်သားကင်ဆာကိုဖြစ်စေနိုင်သည်ဟု ယူဆသော Epstein Barr  ဗိုင်းရပ်စ်နှင့် gliobl astoma ကို ဖြစ်စေနိုင်သည်ဟုယူဆရသော cytomegalovirus  များကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနခေါင်းဆောင် University of Gothenburg  မှ သုတေသီ Erik larsson  က ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်များကို အဆိုပါ ဗိုင်းရပ်စ်များက ဖြစ်စေနိုင်သည်ဟူသော သက်သေပြချက်တစ်စုံတစ်ရာ မိမိတို့မရခဲ့ကြောင်းရှင်းပြခဲ့ပါသည်။

chatroom ကြောင့် ချွေးမနှင့် ချိန်းတွေ့မိခဲ့သည့် တရုတ်အမျိုးသား


တရုတ် အမျိုးသား တစ်ဦးဟာ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ တွေ့ဖို့ ချိန်းမိခဲ့တဲ့ မိန်းကလေးဟာ သူ့သားရဲ့ မိန်းမ ဖြစ်နေတာကြောင့် ပြဿနာတွေ တက်ခဲ့ရကြောင်း သိရပါတယ်။

အသက် ၅၇ နှစ်ရှိ အဆိုပါ တရုတ်အမျိုးသား ၀မ်ဟာ သူ့ချွေးမဖြစ်သူ လီလီနဲ့ အွန်လိုင်း ချက်ရွန်းမှ တဆင့် သိကျွမ်း ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ မိမိတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို လိမ်ညာ ခဲ့ကြတာပါ။

အချင်းချင်း လိမ်လည် ပို့ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး သူတို့ နှစ်ယောက်ဟာ တရုတ်နိုင်ငံ၊ မူလင်မြို့ရှိ ဟိုတယ် တစ်လုံးမှာ တွေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။

နယူး ဇီလန်တောင် နှင်းဂူအတွင်း တောင်တက်သမားနှစ်ဦး ပိတ်မိ သေဆုံး

 
ဝယ်လင်တန်မြို့မှ ဂျပန်တောင် တက်သမား တစ်ဦးနှင့် ၎င်း၏အဖော်တို့သည် နယူးဇီလန်တောင်ရှိ နှင်းဂူအတွင်း နှစ်ရက်ကြာ ပိတ်မိနေခဲ့ပြီး ဆိုးရွားသည့် ရာသီဥတု ဒဏ်ကြောင့် ကွယ်လွန် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

North Island အနောက်ပိုင်း Taranaki တောင်တွင် ပိတ်မိသေဆုံးခဲ့သူ နှစ်ဦးမှာ အသက် ၃၁နှစ်အရွယ် ဟီဂိုဂီ အိုဂါဝါနှင့် အသက် ၂၉ နှစ်အရွယ် နီကိုးလ် ရှက်တန် ဆိုသူတို့ ဖြစ်ပြီး ဟီဂိုဂီ အိုဂါဝါသည် နယူးဇီလန်တွင် ပညာ သင်ကြားနေသော ဂျပန်ဘူမိ သိပ္ပံပညာရှင် တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အမြန်လမ်းမကြီး ပြွန်ပေါက်အတွင်း တွေ့ရှိရသည့် အမျိုးသမီးအလောင်းနှင့် ပတ်သတ်၍ ရဲစခန်းအသီးသီးသို့ အကူအညီတောင်းခံ

ဖြူး  အောက်တိုဘာ  ၂၈

ဖြူးမြို့နယ်  ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉/ ၄) နှင့် (၁၁၉/၅) အကြားြ>ွပန်ပေါက် အမှတ် (၁၂ဝ/၂)  အတွင်းဒဏ်ရာ များနှင့် ပုပ်ပွနေသည့် အမျိုးသမီး အလောင်းနှင့်ပတ်သက်၍ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ဖြူးအမြန် လမ်းရဲစခန်းက  အောက်တိုဘာ ၂၁ ရက်တွင် ရဲစခန်းများသို့ ကူညီစုံစမ်း ပေးနိုင်ရန်   အကြောင်းကြားထား ကြောင်း သိရသည်။

အမှုမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က အထက် ဖော်ပြပါနေရာတွင်   ပုပ်ပွနေသော အမျိုးသမီးတစ်ဦး၏  အလောင်းကို တွေ့ရှိရကြောင်းသတင်းအရ   ဖြူး အမြန်လမ်းရဲစခန်းက  တာဝန်ယူ၍ ဒုရဲအုပ်ဝင်းနိုင် ဦးစီးရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ   သွား ရောက်စစ်ဆေးခဲ့ရာ အမည်၊ နေရပ် မသိရသော ပုပ်ပွနေသည့် အမျိုးသမီး အလောင်းကို    ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊     ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ   တစ်ချက်တို့ဖြင့် သေဆုံးနေ ကြောင်းတွေ့ရပြီး  လက် ချောင်း၊ ခြေချောင်းများမှာ ပျက်စီးနေ သည်ကို တွေ့ရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis