menu

Thursday 10 October 2013

အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းတစ်စု ပဋိပက္ခဖြစ်

Photo: အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းတစ်စု ပဋိပက္ခဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ အဓိက ပြေးဆွဲနေသော အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အငှားယာဉ်မောင်း တစ်ဦးကို ဖမ်းဆီးရာမှ အဆိုပါ တပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်း တစ်စုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် (၂) ဝင်းတွင် ခရီးသည် လာရောက် တင်ဆောင်သည့် အငှားယာဉ်မောင်း တစ်ဦးကို  ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ယာဉ်မောင်းက ပြန်လည် ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက လက်ထိတ်ခတ်ကာ လုံခြုံရေး ရုံးခန်းအတွင်း ခေါ်ဆောင်ခဲ့ကြောင်း၊ အငှားယာဉ်မောင်းကို ဖမ်းဆီးချုပ်နှောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် အငှားယာဉ်မောင်းများ အပါအဝင် လူ ၂၀ ခန့်က ဖမ်းထားသော အငှားယာဉ်မောင်းကို ထုတ်ပေးရန် အော်ဟစ် တောင်းဆိုခဲ့ပြီး ရုံးအတွင်း ဝင်ရောက်ကာ ယာဉ်မောင်းနှင့်တွဲ၍ လက်ထိတ်ခတ် ချုပ်နှောင်ထားသည့် စားပွဲခုံကို ဖျက်ဆီးကာ အဆိုပါ ယာဉ်မောင်းကို ကယ်ထုတ်သွားခဲ့ကြောင်း အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ အငှားယာဉ်မောင်း ဦးကျော်ကြီးက ရှင်းပြသည်။  
“လက်ထိတ် တစ်ဖက်ကိုတော့ လူတွေက ရဲတစ်ယောက်ကို ပြန်ဖြုတ်ခိုင်း လိုက်တယ်။ အမှတ် (၂) ကားအဝင်ဂိတ်မှာ လူ ၁၀ ယောက်လောက်က ဆဲနေကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ယာဉ်ရပ်နားစခန်းရှိ ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် ( ၁ ) နှင့် ( ၂ ) ဝင်းအတွင်း ဝင်ရောက်ကာ ခရီးသည် တင်ဆောင်သည့် အငှားယာဉ်မောင်းများကို ဖမ်းဆီး၍ ဒဏ်ငွေရိုက်မှုများ ရှိကြောင်း၊ အဆိုပါ ယာဉ်ရပ်နား စခန်းတွင်းရှိ အငှားယာဉ် အသင်းဝင်သူများကိုသာ ခရီးသည် တင်ဆောင်ခွင့်ပြုပြီး ပြင်ပ အငှားယာဉ်မောင်းများက ခရီးသည်များကို တင်ဆောင်ပါက ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်းတွင် ညပိုင်း အငှားယာဉ် မောင်းနှင်သူ ကိုပေါက်စက ပြောကြားသည်။
“နိုင်ငံတော်ကို အခွန်ဆောင်ထားတာချင်း အတူတူ အသင်းအဖွဲ့တွေ၊ အုပ်စုတွေဖွဲ့၊ အဲဒီဝင်းထဲမှာ Elite ကလည်း Taxi အစီး ၅၀ လောက်ကို အသင်းပုံစံ လုပ်လာတာဆိုတော့၊ တခြားကား သမားတွေက ဘယ်နား ရှာစားရမှာလဲ” ဟု  အဆိုပါ ယာဉ်ရပ်နားစခန်းတွင် အငှားယာဉ် မောင်းနှင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က အဝေးပြေးယာဉ်များ ဆိုက်ရောက်ချိန်တွင် အဆိုပါ အဝေးပြေး ယာဉ်နောက်သို့ အငှားယာဉ်များက အုပ်စုလိုက် လိုက်ပါကြကာ ခရီးသည်လုရာမှ  လူသတ်မှု အပါအဝင် ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့သောကြောင့် ခရီးသည်များအတွက် အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းမှ တာဝန်ရှိသူများက စည်းကမ်းသတ်မှတ်ချက်ဖြင့် အငှားယာဉ်များကို အသင်းအဖွဲ့ပုံစံ ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့် ကိစ္စရပ်မှာ အသင်းဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်းကြောင့် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း အဆိုပါ အဝေးပြေးယာဉ် ရပ်နားစခန်းမှ  အငှားယာဉ် ဂိတ်အသင်းဝင် ကိုသိန်းထိုက်က ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မင်္ဂလာဒုံ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ  အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယင်းကိစ္စရပ်အပေါ် အမှုဖွင့်ထားပြီး စစ်ဆေးဆဲ ဖြစ်သောကြောင့်  အသေးစိတ်ကို မပြောနိုင်သေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ အဓိက ပြေးဆွဲနေသော အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အငှားယာဉ်မောင်း တစ်ဦးကို ဖမ်းဆီးရာမှ အဆိုပါ တပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်း တစ်စုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် (၂) ဝင်းတွင် ခရီးသည် လာရောက် တင်ဆောင်သည့် အငှားယာဉ်မောင်း တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ယာဉ်မောင်းက ပြန်လည် ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက လက်ထိတ်ခတ်ကာ လုံခြုံရေး ရုံးခန်းအတွင်း ခေါ်ဆောင်ခဲ့ကြောင်း၊ အငှားယာဉ်မောင်းကို ဖမ်းဆီးချုပ်နှောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် အငှားယာဉ်မောင်းများ အပါအဝင် လူ ၂၀ ခန့်က ဖမ်းထားသော အငှားယာဉ်မောင်းကို ထုတ်ပေးရန် အော်ဟစ် တောင်းဆိုခဲ့ပြီး ရုံးအတွင်း ဝင်ရောက်ကာ ယာဉ်မောင်းနှင့်တွဲ၍ လက်ထိတ်ခတ် ချုပ်နှောင်ထားသည့် စားပွဲခုံကို ဖျက်ဆီးကာ အဆိုပါ ယာဉ်မောင်းကို ကယ်ထုတ်သွားခဲ့ကြောင်း အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ အငှားယာဉ်မောင်း ဦးကျော်ကြီးက ရှင်းပြသည်။

အာဏာသိမ်းမှုကြောင့် ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းပြီးနောက် အီဂျစ်ကိုပေးသည့် စစ်ရေး အကူအညီများ ဖြတ်တောက်ရန် အမေရိကန် ပြင်ဆင်

Photo: အာဏာသိမ်းမှုကြောင့် ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းပြီးနောက် အီဂျစ်ကိုပေးသည့် စစ်ရေး အကူအညီများ ဖြတ်တောက်ရန် အမေရိကန် ပြင်ဆင်

ဝါရှင်တန်၊  အောက်တိုဘာ ၉

စစ်တပ် အာဏာသိမ်းပိုက်မှုနှင့် ပြည်တွင်း နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသော အီဂျစ်နိုင်ငံ အပေါ် ပေးအပ် ထောက်ပံ့လျက်ရှိသည့် စစ်ဘက်ဆိုင်ရာ အကူအညီအချို့ကို ဖြတ်တောက်မည့် အစီအစဉ်အား လာမည့်ရက်များအတွင်း ထုတ်ပြန် ကြေညာရန် အမေရိကန်အစိုးရ အနေနှင့် ပြင်ဆင်လျက် ရှိသည်ဟု အိမ်ဖြူတော်က ထုတ်ဖော် ပြောဆိုကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီဂျစ်ကို ပေးအပ်နေသည့် အကူအညီများ ဖြတ်တောက်မည်ဟု ဆိုရာတွင် စစ်ဘက် ဆိုင်ရာ အကူအညီများသာ ဖြစ်ပြီး ကျန်ရှိသည့် အကူအညီများ အားလုံးကို ဆိုလိုရင်း မဟုတ်ကြောင်း အမေရိကန် အစိုးရ အရာရှိကြီးများက ပြောကြားသည်။ 
 
ထိုသို့ အီဂျစ်ကို ပေးနေသည့် အကူအညီများ ဖြတ်တောက်ရန် ဆုံးဖြတ်မှုမှာ ပြီးခဲ့သည့် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော စစ်တပ် အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် လတ်တလော အီဂျစ်၌ ဖြစ်ပေါ်နေသော အဓိကရုဏ်းများနှင့်လည်း ဆက်စပ်မှု ရှိကြောင်း ၎င်းတို့က ဆိုသည်။ 

သို့သော်လည်း အချို့သော အကြမ်းဖက် နှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ အကူအညီများကို ဆက်လက်ပံ့ပိုး ပေးသွားနိုင်သည်ဟု အမေရိကန်အစိုးရ အကြီးတန်း  အရာရှိတစ်ဦးက CNN သို့ ပြောကြားသည်။ 

အီဂျစ်နိုင်ငံ၌ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အကူအညီပေးနိုင်မည့် စစ်ဘက် မဟုတ်သော ရန်ပုံငွေများ ပံ့ပိုးပေးမှုကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက် ပေးသွားမည် ဖြစ်သည်။ 

အမေရိကန်သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် အီဂျစ်ကို ပေးအပ်နေသည့် စစ်ဘက်အကူအညီ အချို့ကို ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ရပ်ဆိုင်းခဲ့သည်။

အမည်မဖော်လိုသော အမေရိကန် အစိုးရ အရာရှိကြီးတစ်ဦးကမူ တစ်နှစ်လျှင် ၁ ဘီလီယံခန့်ရှိသည့် အကူအညီ အထောက်အပံ့များ ရပ်ဆိုင်းရန် ပြင်ဆင်မှုသည် လတ်တလော အီဂျစ်နိုင်ငံ၌ ဆန္ဒပြ ပြည်သူများအပေါ် အကြမ်းဖက် နှိမ်နင်းခြင်းနှင့် ယင်းဖြစ်ရပ်ကြောင့် လူအများ သေဆုံးခဲ့ရခြင်းတို့ကြောင့် ရုတ်ခြည်းပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

သို့သော် အမေရိကန်ပြည်ထောင်စုသည် အီဂျစ်ကို စစ်ရေးအကူအညီ ဖြတ်တောက်ကြောင်း တရားဝင် အသိပေး အကြောင်းကြားမှု မပြုလုပ်ရသေးကြောင်း ၎င်းကဆိုသည်။ 

အီဂျစ်နိုင်ငံတွင် သမ္မတမိုဟာမက်မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချကာ ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် အမေရိကန် အစိုးရက ‘အာဏာသိမ်းမှု’ အဖြစ် သတ်မှတ် ဖော်ပြခဲ့ခြင်း မရှိပေ။

ဝါရှင်တန်၊ အောက်တိုဘာ ၉

စစ်တပ် အာဏာသိမ်းပိုက်မှုနှင့် ပြည်တွင်း နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသော အီဂျစ်နိုင်ငံ အပေါ် ပေးအပ် ထောက်ပံ့လျက်ရှိသည့် စစ်ဘက်ဆိုင်ရာ အကူအညီအချို့ကို ဖြတ်တောက်မည့် အစီအစဉ်အား လာမည့်ရက်များအတွင်း ထုတ်ပြန် ကြေညာရန် အမေရိကန်အစိုးရ အနေနှင့် ပြင်ဆင်လျက် ရှိသည်ဟု အိမ်ဖြူတော်က ထုတ်ဖော် ပြောဆိုကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

အီဂျစ်ကို ပေးအပ်နေသည့် အကူအညီများ ဖြတ်တောက်မည်ဟု ဆိုရာတွင် စစ်ဘက် ဆိုင်ရာ အကူအညီများသာ ဖြစ်ပြီး ကျန်ရှိသည့် အကူအညီများ အားလုံးကို ဆိုလိုရင်း မဟုတ်ကြောင်း အမေရိကန် အစိုးရ အရာရှိကြီးများက ပြောကြားသည်။

ထိုသို့ အီဂျစ်ကို ပေးနေသည့် အကူအညီများ ဖြတ်တောက်ရန် ဆုံးဖြတ်မှုမှာ ပြီးခဲ့သည့် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော စစ်တပ် အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် လတ်တလော အီဂျစ်၌ ဖြစ်ပေါ်နေသော အဓိကရုဏ်းများနှင့်လည်း ဆက်စပ်မှု ရှိကြောင်း ၎င်းတို့က ဆိုသည်။

ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက် မောင်းနှင်ရာမှ ဆိုင်ကယ် ၁၀ စီးနှင့် လမ်းဘေး ဈေးဆိုင်များ ၀င်ရောက် တိုက်မိမှု ဖြစ်ပွား

မန္တလေး ၊ ၁၀-၁၀-၂၀၁၃

ယမန်နေ့ ည ၈ နာရီခွဲ အချိန်တွင် ရန်ကုန် - မန္တလေး ကားလမ်းမကြီး ဘေး ပြည်ကြီးတံခွန် မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ မိုးထက်မြင့် လက်ဖက်ရည် ဆိုင်ရှေ့တွင် ယာဉ်မောင်း ဦးရာဂျမ်း ၃၂ နှစ် ( ဘန်းမွှေးရွာ ၊ နောင်ချိုမြို့နယ် နေသူ ) သည် နီဆန်းဒီဇယ် ခြောက်ဘီးကား ကို ရပ်ထားပြီး သော့ဖြုတ်၍ စက်မှုဇုန် ဘက်သို့ ထွက်ခွာ သွားစဉ် ယာဉ်နောက်လိုက် အောင်နိုင် ( မိုးကုတ်မြို့ နေသူ ) က ယာဉ်မောင်း မလာသေး၍ အချိန် ကြာမြင့် နေသဖြင့် ဘက်ထရီ ၀ိုင်ယာကြိုး နှစ်ချောင်းကို ရှော့ခ်တိုက်၍ စက်နှိုး မောင်းနှင် ခဲ့သည်။

ထို့နောက် အဆိုပါ လက်ဖက်ရည် ဆိုင်ရှေ့ရှိ လက်ဖက်ရည် သောက်နေသူ များနှင့် ကယ်ရီဆိုင်ကယ် များ ရပ်တန့် ထားရာ နေရာသို့ ၀င်ရောက် တိုက်မိပြီး ဆိုင်ကယ် နှစ်စီးမှာ ကားနောက်သို့ တရွတ်တိုက် ပါသွားကာ လမ်းဘေးရှိ ဆိုင်ကယ်များ နှင့် ကွမ်းယာ တွန်းလှည်း နှစ်စီး တို့အား ဆက်တိုက် ချိတ်မိခဲ့ရာ စုစုပေါင်း ဆိုင်ကယ် ၁၀ စီးနှင့် ကွမ်းယာဆိုင် နှစ်ဆိုင် တို့မှာ ကြေမွ ပျက်စီး သွားခဲ့ပြီး ယာဉ်မှာ ရန်ကုန် - မန္တလေး ကားလမ်း အရှေ့ဘက်ခြမ်း တံခွန်တိုင် ဈေးရှေ့ရှိ စွမ်းထက် လျှပ်စစ် ပစ္စည်း ဆိုင်သို့ ၀င်ရောက် တိုက်မိရပ်တန့် သွားကာ (ပုံ) ယာဉ်နောက်လိုက် ဖြစ်သူ အောင်နိုင် မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

အရောင်များနှင့် ကစားခြင်း.....(ဂျူး)

                

                 အရောင်များနှင့် အသက်ရှင်နေထိုင်တတ်သူ ဖြစ်လာချိန်မှစ၍ ကျွန်မသည် အရောင်များရှိရာသို့ ရွေးချယ်၍သာ ခြေလှမ်း လှမ်းခဲ့ပါသည်။
                   အရောင်များဆီသို့ သွားရာလမ်းတွင် အဖော်တစ်ယောက်လောက် လိုချင်သည်။ အရောင်တွေက ပြောသည့် စကားကို နားထောင်တတ်သူ ဖြစ်ရမည်။ အရောင်တွေ၏တန်ဖိုးကို နားလည်တတ်သူ ဖြစ်ရမည်။ ကျွန်မ သိပ်လောဘကြီးသွားပြန်ပြီလား။

                   ကျွန်မသည် ငယ်ငယ်တုန်းက လမင်းကြီးထံမှာ ရွှေလင်ပန်းနှင့် ထည့်ပေးမည့် ထမင်းဆီဆမ်းကို ခဏခဏတောင်းခဲ့ဖူးသည်။ တောင်းခံရသည့် မျှော်လင့်ချက်ဖြင့် ပျော်ရွှင်ကျေနပ်နေခဲ့ဖူးသည်။ ယခုအခါ ကျွန်မသည် လောကကြီးထံမှ အဖော်တစ်ယောက် တောင်းဖို့ပင် တွန့်ဆုတ် တွေဝေနေရပြီ။ ဘာကြောင့်လဲဆိုတော့ လောကသည် ကျွန်မ၏ဆန္ဒကို အသိအမှတ်ပြုရာတွင် အမြဲတမ်း လွဲမှားစွာ နားလည်တတ်သောကြောင့် ဖြစ်သည်။ ကျွန်မ အလိုရှိ၍ တောင်းတိုင်း သူက ပေးအပ်တာတော့ မှန်ပါရဲ့။ သို့သော် အများအားဖြင့် ကျွန်မတောင်းသည့်အရာက တခြား သူပေးသည့်အရာက တခြားဖြစ်သည်။ ယခုအခါ ကျွန်မ မလိုချင်ဘဲ လက်ခံနေရသည့် မှားယွင်းသည့် လက်ဆောင်များစွာအတွက် လောကကို ကျေးဇူးတင်နေရတာ ဘယ်လောက်ရယ်စရာကောင်းလိုက်ပါသလဲ။ အချို့အမှားများကို သိမ်းဆည်းကာ မေ့ပျောက်ထား၍ ရနိုင်သော်လည်း အချို့အမှားများကို သိမ်းဆည်းဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ကျား၊ မခွဲခြားခြင်းမရှိဆိုသည့် အချက်ကို ချိုးဖောက်ထားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နေပြည်တော်၊ အောက်တိုဘာ ၈

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမျိုး သား ၂၅ ရာခိုင်နှုန်း၏ သဘောတူညီ ချက်ရမှ ပြင်ဆင်နိုင်မည် ဆိုခြင်းသည် အခြေခံဥပဒေပါ ကျား၊ မခွဲခြားခြင်း မရှိ ဆိုသည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ် ကြောင်း (NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
”ဥပဒေကနေပြီးတော့ ကျား၊ မ ခွဲ ခြားခြင်းကို လက်မခံဘူးဆိုလို့ရှိရင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အတွင်းက တချို့ သော ပုဒ်မတွေရဲ့ ကျား၊ မခွဲခြားခြင်းရဲ့ အကျိုးဆက် ကို ဖြစ်စေတာကို ဘာလို့ လက်ခံနေသလဲလို့ မေးရမှာပဲ။ ဒါ ကြောင့်မို့လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြောင်းကိုပြောင်းရမယ်။ ပြောတော့ သာ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကျား၊ မ မခွဲခြားဘူးလို့ ဆိုတယ်။ တချို့ပုဒ်မ တွေမှာ ကြည့်လိုက်ရင် ကျား၊ မခွဲခြား ခြင်းရှိတယ်” ဟု ၄င်းက ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစု ကြည်က ”ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်လို့ရှိရင် ၇၅ ရာခိုင်နှုန်းကျော် ရရမယ်။ ၇၅ ရာခိုင်နှုန်းကျော် ရရမယ် ဆိုတော့ တပ်မေ တ်ာကိုယ်စားလှယ်တွေ က သဘောတူမှ ဖြစ်မယ်။ တပ်မတော် ကိုယ်စားလှယ်ထဲမှာ အမျိုးသမီး ဘယ် နှယောက်ပါလဲ။ တစ်ယောက်မှ မပါ ဘူး။ အဲဒါကအမျိုးသားတွေက ဆုံးဖြတ် မယ်ဆိုတဲ့ ပုံစံဖြစ်မနေဘူးလား။ ဒါ ကျား၊ မ ခွဲခြားခြင်းမဟုတ်ဘူးလား” ဟု မေးခွန်းထုတ်သည်။

ဖိတ်စာပေးခြင်း သည်းခံပါ


ပျော်ရွှင်မြူးထူးနေသည့်ဟန်ဖြင့် ရယ်ရယ်မောမောနှုတ်ဆက်ကာ အိမ် ပေါ်မှ ဆင်းသွားသည့် စုံတွဲကိုကြည့်ရင်း ကိုကျော်ကြီး သက်ပြင်းချသည်။ ပြီး တော့မှ ”ဒီလို သီတင်း ကျွတ်လတိုင်း   မင်္ဂလာဆောင်တစ်ခုနဲ့ပတ်သက်ပြီးသူ ငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရတာကို အမြဲသတိရနေတယ်”ဟု ပြောလိုက် သည်။ ဤကဲ့သို့ ဝါလကင်းလွတ်ပြီဖြစ် သည့် တစ်ခုသော သီတင်းကျွတ်တွင် ဖြစ်သည်ဟု တာမွေမှ ဝပ်ရှော့ဆရာ ကိုကျော်ကြီးက ပြန်ပြောင်းပြောသည်။
သူ၏ အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်က မင်္ဂလာဆောင်ပါသည် တဲ့။ တိုက်ဆိုင်စွာပင် ထိုနေ့ထိုရက်တွင် ကိုကျော်ကြီးတို့ လင်မယားအကြောင်း တစ်ခုကြောင့် ရန်ဖြစ်ကြသည်။ ငွေရေး ကြေးရေးဟု သူကဆိုပါသည်။
”ဖြစ်ချင် တော့ဗျာ။ အဲဒီရက်မှာပဲ အကြွေးတစ်ခုက ချက်ခြင်းအလော တကြီး လာပူတယ်။ အဲဒါနဲ့ပတ်သက်ပြီး လင်မယား ရန်ဖြစ်ရသလို ပြောရမယ် ဆိုရင်ဗျာ ပျက်လို့မရ တဲ့ တကယ်ငယ် ပေါင်းရဲ့မင်္ဂလာဆောင် သွားဖို့ပါ ပျက် ရော”
တကယ်တော့ ထိုမင်္ဂလာပွဲကို ဒီ အတိုင်းသွားရင် ရနိုင်သော်လည်း ထို စဉ်က သူ့စိတ်ထဲ မိတ်ဆွေဝတ္တရားအရ ထိုက်ထိုက်တန်တန် ကူညီလက်ဖွဲ့ချင် သော်လည်း အဆင်မပြေတော့၍ မသွား တော့ဟု ဆုံးဖြတ်ခဲ့ခြင်းဟု ဆိုပါသည်။

မြန်မာ့လျှပ်စစ်ဌာန ဝန်ထမ်းများ ပစိဖိတ်ကုမ္ပဏီ ပြန်လည် အပ်နှံဟုဆို

Photo: မြန်မာ့လျှပ်စစ်ဌာန ဝန်ထမ်းများ ပစိဖိတ်ကုမ္ပဏီ ပြန်လည် အပ်နှံဟုဆို

မန္တလေး၊ အောက်တိုဘာ ၉

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသည့် ပစိဖိတ် ကုမ္ပဏီလီမိတက်က မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လွှဲပြောင်း ရယူထားသည့် လျှပ်စစ်ဝန်ထမ်းများကို ဌာနသို့ ပြန်လည် လွှဲပြောင်းအပ်နှံရန် အကြောင်းကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။

မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း၊ 
မီတာဖတ်စာရေးနှင့် စာရင်းကိုင်များကို ပစိဖိတ်ကုမ္ပဏီက လက်ခံ ခန့်အပ်ထားခဲ့ရာမှ အဆိုပါဝန်ထမ်း ၂၀ ဦးကို သက်ဆိုင်ရာဌာနသို့ ပြန်လည် လွှဲပေးလိုကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက စတင်၍ စာတင်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဌာနကနေ သူတို့လွှဲပြောင်း ရယူထားတာ ပြန်အပ်ချင်တိုင်း မရပါဘူး။ ဝန်ထမ်းရေးရာ ကြီးကြပ်ရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့က စီစဉ် ဆောင်ရွက်နိုင်တယ်ဆိုတာ ဌာနနဲ့ ကုမ္ပဏီစာချုပ်ထဲမှာ ထည့်ပြီးသားပါ” ဟု ၎င်းကဆိုသည်။

ပစိဖိတ်ကုမ္ပဏီသည် ဓာတ်အား ကောက်ခံခြင်းနှင့် ပတ်သက်၍ စာရင်းသွင်းခြင်းများကို ကွန်ပျူတာ Software စနစ်ဖြင့် အကောင်အထည် ဖော်ခြင်းကြောင့် ဝန်ထမ်းများ မလိုအပ်တော့ကြောင်း ပစိဖိတ် ကုမ္ပဏီမြို့နယ်ရုံးမှ ဦးအောင်လွင်ဦးက ပြောကြားသည်။
“ဝန်ထမ်းတွေကို ထုတ်တယ်ဆိုတာ အတည်မဟုတ်သေးပါဘူး။ ကုမ္ပဏီမှာရှိတဲ့ဌာနက ဝန်ထမ်းတွေ ဌာနကိုပြန်သွားချင် ပြန်သွားလို့ ရအောင်လို့ပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက လွှဲယူထားသည့် လစာကျပ် ၆၃,၀၀၀ ရရှိသည့် ဝန်ထမ်း ၂၀ ဦးကို ဌာနသို့ ပြန်လည် လွှဲအပ်ရန် ပစိဖိတ်ကုမ္ပဏီက စာတင်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းထံမှ သိရသည်။

မီတာဖတ်စာရေး သုံးဦးတွင် စာရင်းကိုင်နှစ်ဦး ထားရှိရကြောင်း၊ မီတာဖတ်စာရေး တစ်ဦးလျှင် မီတာအလုံးရေ ၈၀၀ ခန့် တာဝန်ယူရကြောင်း၊ ကွန်ပျူတာစနစ်ကို အသုံးပြုသဖြင့် အဆိုပါ ဝန်ထမ်းများဦးရေ လျှော့ချခြင်း ဖြစ်ကြောင်း အဆိုပါဌာနနှင့် ကုမ္ပဏီထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက မြို့နယ်များအလိုက် ဓာတ်အား ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများသို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင် လွှဲပြောင်းပေးခဲ့သည်။

မန္တလေး၊ အောက်တိုဘာ ၉

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသည့် ပစိဖိတ် ကုမ္ပဏီလီမိတက်က မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လွှဲပြောင်း ရယူထားသည့် လျှပ်စစ်ဝန်ထမ်းများကို ဌာနသို့ ပြန်လည် လွှဲပြောင်းအပ်နှံရန် အကြောင်းကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။

မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း၊
မီတာဖတ်စာရေးနှင့် စာရင်းကိုင်များကို ပစိဖိတ်ကုမ္ပဏီက လက်ခံ ခန့်အပ်ထားခဲ့ရာမှ အဆိုပါဝန်ထမ်း ၂၀ ဦးကို သက်ဆိုင်ရာဌာနသို့ ပြန်လည် လွှဲပေးလိုကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက စတင်၍ စာတင်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မင်းသားဖြစ်သူ၏ ရိုက်နှက်မှုကြောင့် မင်းသမီးသစ်တစ်ဦး ဒဏ်ရာရရှိ



5 Seriesရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံဇာတ်လမ်းရိုက်ကူးစဉ်ြ
ပဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီးသရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ်
ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က

မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့်မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ဆန္ဒမဲ ဖယောင်းသုတ်ဟု တိုင်ကြားမှု NLD ဦးဥာဏ်ဝင်း ပြစ်ဒဏ် ချမှတ်ခံရ

Photo: ဆန္ဒမဲ ဖယောင်းသုတ်ဟု တိုင်ကြားမှု NLD ဦးဥာဏ်ဝင်း ပြစ်ဒဏ် ချမှတ်ခံရ
Thursday, 10 October 2013

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို ကြားဖြတ် ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်း သုတ်ထားသည်ဟု မမှန်မကန် သတင်းပေး တိုင်ကြားမှုဖြင့် ထောင်ဒဏ်တလ (သို့မဟုတ်) ငွေဒဏ်
တထောင် ပေးဆောင်ရန် ယနေ့ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်၏ ခွပ်ဒေါင်း အမှတ်အသားပါရှိသော မဲလက်မှတ်များပေါ်တွင် ဆန္ဒမဲ မပေးနိုင်စေရန် ဖယောင်းသုတ်ထားသည်ဟု ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဦးဥာဏ်ဝင်းက တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုသည် မမှန်မကန် သတင်းပေးတိုင်ကြားမှု ဖြစ်သည်
ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းကို ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈၂ မမှန် မကန် သတင်းပေးတိုင်ကြားမှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း၊ ယနေ့တွင် ပုဗ္ဗသီရိ မြို့နယ်တရားရုံးက ဦးဥာဏ်ဝင်းကို ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် တထောင် ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် တထောင်ဆိုလို့ ငွေဒဏ် ဆောင်
ခဲ့ပါပြီ။ အသက်အရွယ် ကြီးရင့်တာကို ထောက် ထားပြီး တော့ ပြစ်ဒဏ် ဒီလောက်ပဲ ပေးတာလို့ တရားရုံးက ပြောပါတယ်။ ဦးဥာဏ်ဝင်းရဲ့တင်ပြ
ချက်တွေက လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်လို့ တရားသူကြီးက သုံးသပ်ပါတယ်´´ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် လွှတ်တော်
ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။

ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် အမှု ပြီးပြတ်စေရန် ဒဏ်ငွေ တထောင်
ပေးဆောင် လိုက်သော်လည်း ချမှတ်လိုက်သည့် ပြစ်ဒဏ်နှင့်ပတ်သက်၍ ခရိုင် တရားရုံး၊ တိုင်း တရားရုံး အပါအ၀င် အဆင့်ဆင့် အယူခံဝင်မည်ဖြစ်ပြီး နောက်ဆုံး စာချွန်တော်လွှာ လျှောက်ထားသည့် အဆင့်အထိ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ကျမတို့က မမှန်မကန် တင်ပြခဲ့တာ မဟုတ်ဘူး။ တိုင်တဲ့သူရှိလို့ ပြဿနာ ရှိလို့ ကျမတို့ တိုင်တန်းခဲ့တာဖြစ်တယ်။ ကော်မရှင်က ညံ့ဖျင်းတဲ့ စာရွက်တွေကို သုံးခဲ့ရင် ဖယောင်းတွေ များနေတဲ့ စာရွက် တွေလည်း
ဖြစ်ကောင်း ဖြစ်ပါလိမ့် မယ်။ ပြဿနာ မရှိဘဲ ပြဿနာ လုပ်ပြီး မမှန်မကန် တင်ပြခဲ့တာ မဟုတ်တဲ့အတွက် အဆင့်ဆင့် အယူခံ တက်သွားမှာပါ´´ဟု
ဒေါ်စန္ဒာမင်းက ဆိုသည်။

ဦးဥာဏ်ဝင်းကို ပြစ်ဒဏ်ချမှတ်ရာတွင် တရားသူကြီးက ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သည် ဦးဥာဏ်ဝင်း ၏ တိုင်တန်းမှု ကြောင့် မဲဆန္ဒနယ် ၁၀ ခုကို စစ်ဆေးခဲ့သော်လည်း မဲလက်မှတ်များတွင် ဖယောင်းသုတ်ထားမှု မတွေ့ရှိ ရကြောင်း၊ ဦးဥာဏ်ဝင်း၏ မမှန်ကန်သော တိုင်ကြားမှုကြောင့် အမည်းစက် တခု ဖြစ်ပေါ်စေခဲ့သည့်အပြင် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် လူကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေ
ခဲ့ကြောင်း၊ တိုင်တန်းချက် များကြောင့် နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေ
ခဲ့သည် ဟု ပြောဆိုကြောင်း သိရှိရသည်။

အေးချမ်းမွန် Credit To >ဧရာဝတီ <Thanks
https://www.facebook.com/excellencemedia


နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို ကြားဖြတ် ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်း သုတ်ထားသည်ဟု မမှန်မကန် သတင်းပေး တိုင်ကြားမှုဖြင့် ထောင်ဒဏ်တလ (သို့မဟုတ်) ငွေဒဏ်
တထောင် ပေးဆောင်ရန် ယနေ့ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်၏ ခွပ်ဒေါင်း အမှတ်အသားပါရှိသော မဲလက်မှတ်များပေါ်တွင် ဆန္ဒမဲ မပေးနိုင်စေရန် ဖယောင်းသုတ်ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဦးဥာဏ်ဝင်းက တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုသည် မမှန်မကန် သတင်းပေးတိုင်ကြားမှု ဖြစ်သည်ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းကို ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈၂ မမှန် မကန် သတင်းပေးတိုင်ကြားမှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း၊ ယနေ့တွင် ပုဗ္ဗသီရိ မြို့နယ်တရားရုံးက ဦးဥာဏ်ဝင်းကို ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် တထောင် ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြူး စာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတွေ့

Photo: ဖြူး စာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတွေ့

ဖြူး၊ အောက်တိုတင်ဘာ ၉

တောင်ငူခရိုင် ဖြူးမြို့နယ် ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ရုံးရှေ့ ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်က ရပ်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်ယာဉ်ပေါ်မှ ပလတ်စတစ်အိတ်တွင်း ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်လေးပင်မြို့မှ ထွက်ခွာလာသော ညောင်လေးပင် -တောင်ငူ ပြေးဆွဲသည့် လိုက်ထရပ်ယာဉ်ပေါ်မှ ယာဉ်နောက်လိုက် ဦးချစ်ကိုက ယာဉ်၏ ဘယ်ဘက်ခြမ်း ထိုင်ခုံတန်းအောက်တွင် ပလတ်စတစ်အိတ် အဝါရောင်အတွင်း အမည်းရောင် ပလတ်စတစ်ဖြင့် ထည့်ထားသော သွားတိုက်ဆေးဘူး၊ သွားတိုက်တံ နှစ်ချောင်းနှင့် အစိမ်းရောင်တိပ်ဖြင့် ပတ်လျက် နှစ်လက်မခန့်ရှိသော အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် မသင်္ကာသောကြောင့် အထုပ်ကို ဖြေကြည့်ရာတွင် နာရီစက်သံ ကြားရသဖြင့် အဆိုပါ လမ်းအနီးရှိ ဖြူး မြို့မရဲစခန်း တာဝန်ရှိသူများကို ယာဉ်နောက်လိုက်က အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“၁၀ နာရီ ၃၀  မိနစ်လောက်မှ ဆက်သွယ်ရေးရုံးရှေ့ ခရီးသည်တင်ယာဉ်ပေါ်မှာ ဗုံးတွေ့လို့ ဆိုပြီး လူတွေ တအုပ်ကြီး သွားကြည့်ကြတယ်။ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး ဗုံးကို သဲအိတ်တွေနဲ့ ကာနေတာတွေ့တယ်” ဟု ဖြူးမြို့နယ် ထန်းကုန်းလမ်းပေါ်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက ညနေ ၄ နာရီတွင် လာရောက် စမ်းသပ် စစ်ဆေးပြီးနောက် လက်လုပ်ဗုံးအဖြစ် အတည်ပြုပေးခဲ့ကာ အများပြည်သူကို ထိခိုက်နိုင်သောကြောင့် ဖြူးမြို့နယ် နယ်မြေခံတပ်ရင်းသို့ ယူဆောင်ကာ ရှင်းလင်းမည် ဖြစ်ကြောင်း အဆိုပါ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။
“လက်လုပ်ဗုံးဆိုတာ သေချာပါတယ်။ မြို့နယ် နယ်မြေခံတပ်ရင်းကို ယူဆောင်သွားပါပြီ။ လိုအပ်ရင်တော့ ခွဲပစ်ပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။

ဗုံးတွေ့ရှိရာ နေရာတွင် ညနေ ၄ နာရီခန့်က သဲအိတ်များချကာ စတင် စစ်ဆေးခဲ့ခြင်းကြောင့် ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် နာရီဝက်ခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး လက်လုပ်ဗုံးကို နယ်မြေခံ တပ်ရင်းသို့ သယ်ဆောင်ခဲ့ကြောင်း ဖြူးမြို့နယ် ဒေသခံအချို့က ပြောကြားသည်။

ဖြူး၊ အောက်တိုတင်ဘာ ၉

တောင်ငူခရိုင် ဖြူးမြို့နယ် ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ရုံးရှေ့ ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်က ရပ်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်ယာဉ်ပေါ်မှ ပလတ်စတစ်အိတ်တွင်း ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်လေးပင်မြို့မှ ထွက်ခွာလာသော ညောင်လေးပင် -တောင်ငူ ပြေးဆွဲသည့် လိုက်ထရပ်ယာဉ်ပေါ်မှ ယာဉ်နောက်လိုက် ဦးချစ်ကိုက ယာဉ်၏ ဘယ်ဘက်ခြမ်း ထိုင်ခုံတန်းအောက်တွင် ပလတ်စတစ်အိတ် အဝါရောင်အတွင်း အမည်းရောင် ပလတ်စတစ်ဖြင့် ထည့်ထားသော သွားတိုက်ဆေးဘူး၊ သွားတိုက်တံ နှစ်ချောင်းနှင့် အစိမ်းရောင်တိပ်ဖြင့် ပတ်လျက် နှစ်လက်မခန့်ရှိသော အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် မသင်္ကာသောကြောင့် အထုပ်ကို ဖြေကြည့်ရာတွင် နာရီစက်သံ ကြားရသဖြင့် အဆိုပါ လမ်းအနီးရှိ ဖြူး မြို့မရဲစခန်း တာဝန်ရှိသူများကို ယာဉ်နောက်လိုက်က အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ လွှဲငွေကျပ်သိန်းသုံးရာကျော် နာမည်တူသူက လိမ်လည်ထုတ်ယူ


တိုးကြီး(မုံရွာ) | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၁ မိနစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လွှဲပို့ငွေ ကျပ်သိန်းပေါင်း ၃၆၀ အား လူမှားထုတ်ပေးသည့် ဖြစ်ရပ်တစ်ခု အောက်တိုဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

ထီးချိုင့်မြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာက လွှဲပို့ငွေကျပ်သိန်း ၃၆၀ ကို ငွေလွှဲလက်ခံမည်သူ့နှင့် နာမည်တူ ငွေလွှဲလာထုတ်သူ လူတစ်ဦးထံ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ခံထုတ်ယူသွားသူသည် သိလျက်နှင့် လိမ်လည်၍ ထုတ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း ဘဏ်မန်နေဂျာက အမှုတိုင်ကြား ထားခဲ့ခြင်းဖြစ်သည်။

ယာဉ်ထိန်းရဲနှင့် ဆယ်အိမ်မှူးအား ပုဆိုးချွတ်ပြပြီး ဆဲဆိုထိုးကြိတ်ခဲ့သည့် ယာဉ်မောင်းအား အမှုဖွင့်


ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၆ မိနစ်

အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် စစ်ဆေးရေးပြုလုပ်နေသော ယာဉ်ထိန်းရဲ နှင့် ဆယ်အိမ်မှူးတို့ကို ပုဆိုးချွတ်ပြပြီး ၀င်ရောက်ထိုးကြိတ်ခဲ့သည့် တက္ကစီယာဉ်မောင်းတစ်ဦးကို အောက်တိုဘာ ၉ ရက်တွင် ရဲက ဖမ်းဆီး စစ်ဆေးနေသည်။

အောက်တိုဘာ ၈ ရက်နေ့ ည ၁၁နာ ရီခွဲအချိန်က အင်းစိန်ရဲစခန်းမှ ဒု-ရဲအုပ်လှ အောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း လမ်းဆုံတွင် ယာဉ်စစ်ဆေးရေး လုပ်ကိုင် ဆောင်ရွက်နေစဉ် နေရာနှင့် ကိုက်(၁၀၀) ခန့်အကွာ ရန်ကုန်-ပြည်လမ်း လမ်းလယ်တွင် ယာဉ်အမှတ် ၉ဂ/----၊ ယာဉ်အမျိုးအစား စိစစ်ဆဲယာဉ်နှင့် ဗဗ/---- အငှားယာဉ် မောင်းတို့ ယာဉ်ချင်းငြိသည့် ကိစ္စနှင့်စကားများ ရန်ဖြစ်နေသည်ကို တွေ့ခဲ့ကြသည်။

ထို့ကြောင့် ယာဉ်ထိန်းရဲများက သွားရောက်ဖြေရှင်းပြီး ယာဉ်အား လမ်းဘေးပြောင်းရွှေ့ပေးရန် ပြောခဲ့ရာ အငှားယာဉ်မောင်းက ညစ်ညမ်းစွဲဆဲဆိုပြီး ပုဆိုးချွတ်၍ မဖွယ်မရာ လုပ်ပြသည့်အပြင် ယာဉ်ထိန်းရဲနှင့် ရွာမ အနောက်ရပ်ကွက် ဆယ်အိမ်မှူးတို့အား ဆဲဆိုထိုးကြိတ်ခဲ့သည်ဟုလည်း တိုင်ကြားထားသည်။

ချိန်ကိုက်လုပ်ဆောင်မှုလား၊ စေတနာမှန်လား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာ သူတို့နိုင်ငံမှာ မရှိပါဘူးလို့ အာဏာပိုင်တွေက အကြောက်အကန် ငြင်းဆန်နေကာ၊ သမ္မတဦးသိန်းစိန် အာဆီယံ ထိပ်သီးအစည်းဝေး သွားတက်ချိန်နှင့် အချိန်ကိုက် အကျဉ်းသား (၅၀) ကျော်ကို လွှတ်ပေးလိုက်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု သက်သက်ပါပဲလား။ ဒီလိုမျိုး အကျဉ်းသားတွေကို လွှတ်ပေးချင်တဲ့ မေတ္တာစေတနာတွေဟာ အစိုးရအနေနှင့် နိုင်ငံတကာမှာ မျက်နှာပြရမဲ့ကြားမှာ ဘာကြောင့်များ တဖွာဖွာ ပေါ်ပေါက်လာရသလဲဆိုတာကို ဦးကျော်ဇံသာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မီဒီယာသတင်းသမားတွေနှင့် ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိက ဒီနေ့ ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသမားတွေ လွှတ်ပေးတဲ့ကိစ္စ ဖြစ်ပါတယ်။ အင်မတန် ကြိုဆိုပါတယ်။ ဝမ်းသာစရာ ကောင်းတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလွှတ်ပေးလိုက်တဲ့ အချိန်တိုင်းအချိန်တိုင်းဟာ မြန်မာနိုင်ငံအကြီးအကဲတွေ နိုင်ငံတကာမှာ မျက်နှာပြရမဲ့အချိန်မှာ မျက်နှာပန်းလှအောင်လို့ တမင်တကာ တိုက်တိုက်ဆိုင်ဆိုင် သူတို့ လွှတ်ပေးနေသလားဆိုတာကို ကျနော် စမ်းစစ်လိုတာဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးရတဲ့ အကြောင်းက။ ဆိုတော့ ပထမဦးဆုံး ကိုတိတ် ဘယ်လိုသဘောရပါလဲ။ အခုလွှတ်ပေး တာကကော နိုင်ငံတော်သမ္မတကြီး အာဆီယံမှာသွားတွေ့ရမယ်။ APEC မှာ သွားပြီး စကားပြောရမယ်ဆိုတော့ ဒီဟာနှင့် လွှတ်ပေးမှုနှင့်ဟာ တိုက်ဆိုင်မှုလား။ သူတို့ တမင်တကာ လွှတ်ပေးနေတယ်လို့ ထင်ပါသလား

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိရုပ်ရှင်ကို “အောင်ဆန်း”ဟု အမည်ပေးထားပြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးတော့မည်


ပန်းမြတ်ဇော် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၁ မိနစ်

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ်္တိရုပ်ရှင်ဇာတ်ကားကို “အောင်ဆန်း”ဟု အမည်ပေးကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းတွင် စတင်ရိုက်ကူးမည်ဖြစ်သည်။ ယင်းအမည်ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကာ အမည်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ “အောင်ဆန်း”ဟု အမည်ပေးရခြင်းမှာ ဗိုလ်ချုပ်သည် အောင်ဆန်းအမည်နှင့် ကျောင်းသားဘ၀အား ဖြတ်သန်းခဲ့သည်။ ထို့နောက်တွင် သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး အဆင့်ဆင့် ဖြတ်သန်းခဲ့ခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ကို ထပ်ဟပ်စေသည့် အမည်ဖြစ်ခြင်းကြောင့် “အောင်ဆန်း”ဟု အဖွဲ့ဝင်များက
ရွေးချယ်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူခဲ့သည့်အတွက် ပေးအပ်ခြင်း ဖြစ်သည်။

ပြည်မြို့ ဗိုလ်ချုပ်ရုပ်တု လွမ်းသူ့ပန်းခွေချသူ ထောင်ဒဏ် ၇ ရက် ကျခံရန် တရားရုံးအမိန့်ချ


ရေခဲ (ပြည်) | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၀ မိနစ်

ဇူလိုင် ၁၉ ရက်တွင် ကျရောက်ခဲ့သည့် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွမ်းသူ့ပန်းခွေချသူ ဦးသိန်းမင်းထွန်းကို ပြည်မြို့နယ် တရားရုံးက အောက်တိုဘာ ၉ ရက်တွင် ထောင်ဒဏ် ၇ ရက် သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် ချမှတ်လိုက်သည်။
ဦးသိန်းမင်းဦးသည် ဇူလိုင် ၁၉ ရက် နံနက်က ကြယ်ပုံစံ ပန်းခွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိသည့် မြက်ခင်းပေါ်သို့ ချထားကာ အလေးပြုခဲ့သည်။ ထိုပန်းခွေနှင့် ဗိုလ်ချုပ်ရုပ်တုကို ပြည်ဒေသခံ နှစ်ထောင်ကျော်မှ ဂါရ၀ပြုခဲ့သည်။

ထိုအလေးပြုခြင်းမတိုင်မီ ဇူလိုင်လ ၁၈ ရက်ညနေပိုင်းတွင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပန်းခွေ၊ ပန်းခြင်းချခြင်း၊
ဟောပြောခြင်း မပြုလုပ်ရန် တားမြစ်ကြောင်းနှင့် မလိုက်နာပါက ပုဒ်မ ၁၈၈ဖြင့် အရေးယူမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခဲ့သည်။

သံတွဲပဋိပက္ခတွင် ပျောက်ဆုံးသူ နှစ်ဦး၏ အလောင်းပြန်တွေ့

Photo By narinjara.com
ကေဇင်ဦး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၄ မိနစ်

ဘာသာမတူသည့် လူမျိုးစု နှစ်စုကြား ဖြစ်ပွားခဲ့သည့် စက်တင်ဘာ နောက်ဆုံးပတ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် သံတွဲပဋိပက္ခဖြစ်စဉ်တွင် ပျောက်ဆုံးသွားခဲ့သော ရခိုင်လူမျိုးနှစ်ဦး၏ အလောင်းအား သံတွဲမြို့နယ် လင်းသီကျေးရွာအနီးတွင် အောက်တိုဘာ ၉ ရက်က ပြန်လည်တွေ့ရှိခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ရှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ရဲမှူးကြီးကျော်တင့်က “ရွှေလှေအနောက်ဘက် နှစ်မိုင်လောက်ဝေးတဲ့ လင်းသီရွာနားက အလောင်းတွေကို ပြန်တွေ့တာပါ။ ဆေးစစ်ချက်ရယူဖို့ သံတွဲဆေးရုံကို ပို့ထားပါတယ်”ဟု ပြောသည်။ သေဆုံးသွားသူ နှစ်ဦးမှာ
တောင်ကုတ်ကျေးရွာမှ သံတွဲမြို့သို့ သွားရောက်ရာ လမ်းခရီးတွင် အကြမ်းဖက်ခံရခြင်းဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။

အဆိုပါ နှစ်ဦးအပါအ၀င် ခြောက်ဦးမှာ အောက်တိုဘာ ၁ ရက်တွင် တောင်ကုတ်မှ သံတွဲသို့ လာရောက်စဉ် လမ်းခရီးရှိ ရွှေလှေရွာအနီးတွင် အကြမ်းဖက်ခံရခြင်းဖြစ်ကာ လေးဦးကို ဆေးရုံတင်ထားပြီး နှစ်ဦး ပျောက်နေခြင်းဖြစ်ရာ ယင်းနှစ်ဦး၏ အလောင်းကို အောက်တိုဘာ ၉ ရက်မှ ပြန်တွေ့ခြင်းဖြစ်သည်။

သိန်း ၄၀ ကျော်တန် HTC One ရွှေအစစ်ဖုန်း ရပြီ

Photo: သိန်း ၄၀ ကျော်တန် HTC One ရွှေအစစ်ဖုန်း ရပြီ 


iPhone 5S က ရွှေရောင်၊ Samsung Galaxy S4 က ရွှေရောင်၊ ဒီတစ်ခါ HTC က ရွှေအစစ်နဲ့ လုပ်တဲ့ HTC One ကို မိတ်ဆက်ပြသလိုက်ပါပြီ။ 

ဗြိတိန်အခြေဆိုက် Goldgenie အမည်ရ ကုမ္မဏီနဲ့ ပါတနာဖွဲ့ပြီး ဖန်တီးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အတွင်းက ဖုန်း နည်းပညာ Specification များ ပြောင်းလဲမှု မရှိပါဘူး။ အဓိက ပြောင်းလဲမှုကတော့ အပြင်က ရွှေ အစစ်နဲ့ လုပ်တဲ့ အခွံမှာ ဖြစ်ပါတယ်။ အခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုလည်း ပါဝင် ပါတယ်။ MOBO ဆိုတာ ဗြိတိန် အခြေဆိုက် ဥရောပ အနုပညာတေး ဂီတ ဆုချီးမြင့် မြေတောင်မြောက်ပေးတဲ့ အဖွဲ့ဖြစ်ပြီး ၁၈ နှစ်ပြည့် ပွဲအတွက် HTC က စပွန်ဆာ ပေးထားပါတယ်။ ဒါကြောင့် ရွှေအခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်ဈေးကွက်ကို ပိုရည်ရွယ်တဲ့ စမတ်ဖုန်း ဖြစ်ပါလိမ့်မယ်။ 

ကမ္ဘာတစ်ဝန်းက မှာယူမှုအတွက်လည်း လက်ခံမှာပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၄၀၀ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၄၀ အထက်မှာ ရှိပါတယ်။ အော်ဒါမှာယူ စနစ်နဲ့ HTC ကနေ လည်းကောင်း၊ Goldgenie ကုမ္မစီကနေ လည်းကောင်း မှာယူနိုင်ကြောင်း သိရပါတယ်။ 
.
Ref: mashable
အောင်ခမ်း ( TSJ Team )

http://blog.techspace.com.mm/2013/10/htc-one.html

.

iPhone 5S က ရွှေရောင်၊ Samsung Galaxy S4 က ရွှေရောင်၊ ဒီတစ်ခါ HTC က ရွှေအစစ်နဲ့ လုပ်တဲ့ HTC One ကို မိတ်ဆက်ပြသလိုက်ပါပြီ။

ဗြိတိန်အခြေဆိုက် Goldgenie အမည်ရ ကုမ္မဏီနဲ့ ပါတနာဖွဲ့ပြီး ဖန်တီးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အတွင်းက ဖုန်း နည်းပညာ Specification များ ပြောင်းလဲမှု မရှိပါဘူး။ အဓိက ပြောင်းလဲမှုကတော့ အပြင်က ရွှေ အစစ်နဲ့ လုပ်တဲ့ အခွံမှာ ဖြစ်ပါတယ်။ အခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုလည်း ပါဝင် ပါတယ်။ MOBO ဆိုတာ ဗြိတိန် အခြေဆိုက် ဥရောပ အနုပညာတေး ဂီတ ဆုချီးမြင့် မြေတောင်မြောက်ပေးတဲ့ အဖွဲ့ဖြစ်ပြီး ၁၈ နှစ်ပြည့် ပွဲအတွက် HTC က စပွန်ဆာ ပေးထားပါတယ်။ ဒါကြောင့် ရွှေအခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်ဈေးကွက်ကို ပိုရည်ရွယ်တဲ့ စမတ်ဖုန်း ဖြစ်ပါလိမ့်မယ်။

ကွေးကွေးကောက်ကောက် Samsung စမတ်ဖုန်း တရားဝင်ပြသပြီ

Photo: ကွေးကွေးကောက်ကောက် Samsung စမတ်ဖုန်း တရားဝင်ပြသပြီ


ဓာတ်ပုံကို eveleak မှ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး Samsung ရဲ့  တရားဝင် မိတ်ဆက်ပွဲ ကိုတော့ အောက်တိုဘာလ အတွင်း မှာပဲ ပြုလုပ်သွား မှာ ဖြစ်ပါ တယ်။ 

ဖုန်းတစ်ခုလုံးကို ကွေးကောက်သွားနိုင်တာ တစ်ခု ပိုသွားပေမယ့် အတွင်းက Specification များက နိမ့်မသွား ပါဘူး။ Samsung Galaxy Note 3 က အရည်အသွေးများကိုပဲ အများစု ပြန်လည် မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း ၅ လက်မနဲ့ ၆ လက်မကြား ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ Note 3 လို Pen တော့ မပါလာလောက်ပါဘူး။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ဖြစ်ပြီး အရည်အသွေးလည်း ပိုကောင်းလာမှာ ဖြစ်ပါ တယ်။ 

Samsung နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တစ်နိုင်ငံတည်းထွက် LG က လည်း ကွေးကောက်နိုင်တဲ့ OLED Display များကို ၎င်းတို့ စမတ်ဖုန်းမှာ အသုံးပြုဖို့အတွက် အရေအတွက် အမြောက်အများ ထုတ်လုပ်နေပါပြီ။ လပိုင်း အတွင်းက LG ကလည်း ရှေ့ ဆင့်နောက်ဆင့် Samsung နဲ့ ယှဉ်ပြိုင်ပွဲထုတ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့  Curve လုပ်နိုင်တဲ့ စမတ်ဖုန်း ကို Galaxy Round လို့ အမည်ပေးထားပါတယ်။ 

ဈေးနှုန်းကလည်း မသေးပါဘူး။ အမေရိကန်ဒေါ်လာ ၉၃၃ သတ်မှတ် ထားပြီး မြန်မာပြည်မှာလည်း ၉ သိန်းခွဲ ဝန်းကျင်လောက် ပေါက်ဈေး ရှိလာနိုင်မယ့် စမတ်ဖုန်းပါ။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင် ရောင်း ချသွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )

http://blog.techspace.com.mm/2013/10/samsung_8.html

.

ဓာတ်ပုံကို eveleak မှ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး Samsung ရဲ့  တရားဝင် မိတ်ဆက်ပွဲ ကိုတော့ အောက်တိုဘာလ အတွင်း မှာပဲ ပြုလုပ်သွား မှာ ဖြစ်ပါ တယ်။

ဖုန်းတစ်ခုလုံးကို ကွေးကောက်သွားနိုင်တာ တစ်ခု ပိုသွားပေမယ့် အတွင်းက Specification များက နိမ့်မသွား ပါဘူး။ Samsung Galaxy Note 3 က အရည်အသွေးများကိုပဲ အများစု ပြန်လည် မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း ၅ လက်မနဲ့ ၆ လက်မကြား ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ Note 3 လို Pen တော့ မပါလာလောက်ပါဘူး။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ဖြစ်ပြီး အရည်အသွေးလည်း ပိုကောင်းလာမှာ ဖြစ်ပါ တယ်။

Samsung နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တစ်နိုင်ငံတည်းထွက် LG က လည်း ကွေးကောက်နိုင်တဲ့ OLED Display များကို ၎င်းတို့ စမတ်ဖုန်းမှာ အသုံးပြုဖို့အတွက် အရေအတွက် အမြောက်အများ ထုတ်လုပ်နေပါပြီ။ လပိုင်း အတွင်းက LG ကလည်း ရှေ့ ဆင့်နောက်ဆင့် Samsung နဲ့ ယှဉ်ပြိုင်ပွဲထုတ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့  Curve လုပ်နိုင်တဲ့ စမတ်ဖုန်း ကို Galaxy Round လို့ အမည်ပေးထားပါတယ်။

ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ဖျက်ဆီးမှု ခံခဲ့ရ



သာသနာ့နယ်မြေ ကျူးကျော်ကိစ္စ အကြောင်းပြု၍ မသမာသူများက ရွာ လယ်ရှိ သာသနာ ၂၅ဝဝ စေတီ စိန်ဖူး တော်မြေခအောင် ဖျက်ဆီးမှု မွန်ပြည် နယ် ရေးမြို့ ကလော့ကျေးရွာ၌ ဖြစ်ပွား ခဲ့သည်။
”ဘုရားရဲ့စိန်ဖူးတော်ကို ကြိုးနဲ့ဆွဲ ထားတဲ့ပုံစံ။ ပြီးတော့ ဘုရားရဲ့ ခြံစည်း ရိုးတိုင်တွေအပေါ်မှာ ထိုင်းကလာတဲ့ မီး လုံးအဝိုင်းကြီးတွေ အလှဆင်ထား တယ်။ အလုံး ၄ဝ ကျော်ပေါ့။ သူတို့ ရိုက်ခွဲထားတယ်။ ပြီးတဲ့အခါကျတော့ ဘုရားသုံးဖို့အတွက် ရေပေါ့နော်။ သောက် တော်ရေအတွက်ပိုက် သူတို့ဆင်ထား တယ်။ ပိုက်တွေ မြေမြှုပ် ထားတာကို လည်း သူတို့ပေါက်တူးနဲ့ ပေါက်ထား တယ်။ ပေါက်တူး တစ်လက်ကျန်ခဲ့ တယ်”ဟု ရေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော သည်။
ယင်းကဲ့သို့ သာသနိက စေတီ အ ဆောက်အအုံ အဖျက်အဆီးခံရမှုမှာ ဘုရားဝတ္တကမြေကို ခေတ်အဆက်ဆက် ခြံစည်းရိုးကာရံထားခြင်းမရှိ၍ မသမာ သူများက ကျူးကျော်နေထိုင် ရောင်းချမှု ပြုခဲ့ခြင်းကြောင့် သံဃာ့နာယကအဖွဲ့ ဝင်ဆရာတော်ကြီးများ၏ သြဝါဒကိုခံ ယူပြီး ဒါယကာ၊ ဒါယိကာမများက ခြံ စည်းရိုးကာရံခြင်းလုပ် ငန်းဆောင်ရွက်မှု ပြုလုပ်နေသည့်အချိန် ကာလအတွင်း မှာပင် ဖျက်ဆီးခြင်းခံရကြောင်း ဒေါ်မိ မြင့်သန်းက ပြောသည်။

အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး

Photo: အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး 

ဖြတ်ခနဲ ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကျေမနပ် မြည်တွန် တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင် တစ်ခုလုံး တီးတိုးတီးတိုး စကားသံများသာ ထွက်ပေါ်နေသည်။ 

မိုးရာသီ မကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ ရှိသည်။ လိုင်းပြဿနာများ အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့် မကြာခဏ မီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဘောလုံးပွဲရှိတဲ့ ရက်တွေဆို မကြာခဏ ပျက်တတ်တယ်။ အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပျက်တယ်။ မလာရင်လည်း ပျက်ချင် ထပျက်တာပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ဆုံစည်းရာ လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင် ဦးထူးက ဆိုသည်။

ရန်ကုန်မြို့ အပါအဝင် မြို့တော်တော်များများတွင် လက်ဖက်ရည်ဆိုင် အများစုသည် နိုင်ငံတကာ ဘောလုံးပွဲများ၊ နေ့စဉ်ထွက် မြန်မာဇာတ်ကားများသာမက တစ်နေကုန် ထုတ်လွှင့်ပေးနေသော Skynet၊ 5 Movies နှင့် Myawady Digital တို့မှ ရုပ်ရှင်ကားများကိုလည်း တစ်နေကုန် ဖွင့်လှစ် ပြသကြလေ့ ရှိသည်။ ထို့ကြောင့် မီးမလာပါက သူတို့၏ ဝင်ငွေ ထိခိုက်လေ့ရှိသည်။

“ကျွန်တော်တို့ ဆီမှာကတော့ လက်ဖက်ရည်ဆိုင်ဆိုတာ ကိုယ့်ဆိုင်လူဝင်အောင် ဘောလုံးပွဲလည်း ပြတယ်။ မြန်မာကားလည်း ပြရတယ်။ တစ်နေကုန်လည်း Skynet တို့၊ 5 Movies တို့ကနေလာတဲ့ ရုပ်ရှင်တွေလည်း ပြနေရတယ်။ မီးမလာရင် အဆင်မပြေဘူး။ ဆီဖိုးနဲ့တင်သေပြီ” ဟု ကိုထူးက ဆိုသည်။

လက်ရှိရန်ကုန်

လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိနေသော်လည်း စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အများစု တည်ရှိပြီး အဓိက စက်မှုမြို့တော်ကြီး ဖြစ်သော ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ပမာဏ ၈၂၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောကြားသည်။
“ထုတ်လုပ်နေတာ။ သုံးစွဲမှုပမာဏလည်း ခန့်မှန်းခြေ အဲဒီပမာဏလောက်ပါပဲ” ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို မိုးရာသီတွင် လုံလောက်စွာ ပေးနိုင်သော်လည်း နွေရာသီတွင်မူ အခက်အခဲများ ရှိနေသေးကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် ဓာတ်အားဆုံးရှုံးမှု နည်းပါးစေရန် ရန်ကုန်မြို့ရှိ ခရိုင်အလိုက် တတ်နိုင်သရွေ့ ပြုပြင်မှုများ ဆောင်ရွက်နေပြီး တောင်ပိုင်းခရိုင်တွင် နေရာအတော်များများ မီတာများလဲလှယ် တပ်ဆင်ပြီးဖြစ်ကာ ယခင်ကထက် ဓာတ်အား ဆုံးရှုံးမှု နည်းပါးလာကြောင်း ဦးရန်လင်းက ဆိုသည်။ 

သို့သော်လည်း ယခုနှစ် မိုးရာသီတွင်ပင် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေခဲ့ရကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးထူးက ဆိုသည်။ 

ဘာကြောင့်မလာသလဲ

လက်ရှိ ရန်ကုန်မြို့တော်အား ဖြန့်ဝေနေသော လျှပ်စစ်ဓာတ်အား ပမာဏမှာ မိုးရာသီ ဖြစ်သောကြောင့် လုံလောက်မှုရှိပြီး တစ်ခါတစ်ရံ မီးပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းမှာ ဓာတ်အားလိုင်း ချို့ယွင်းမှုများကြောင့်သာ ဖြစ်ပြီး ရပ်ကွက်အလိုက် ခဏတာ ပြတ်တောက်ခြင်းမျိုးသာ ရှိတော့ ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မီးပြတ်တယ် ဆိုတာကလည်း မိုးတွင်းကာလမှာ လိုင်းတွေက သစ်ပင်နဲ့ ငြိတာတို့ဘာတို့ ရုံးပိတ်ရက်မှာ သစ်ပင်ခုတ်ရတာတို့ကို ပြင်ဆင်တာပေါ့လေ။ တချို့ကာလလေးတွေမှာ ရပ်ကွက်ကို မီးပိတ်ပြီး အလုပ်လုပ်ရ တာလေးတွေ ရှိတယ်” ဟု ဦးရန်လင်းက ဆိုသည်။

စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အများစု တည်ရှိပြီး အဓိက စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အားပမာဏ အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်ကို အားကိုးနေရဆဲဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံကိန်းဌာနမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း ရေအားလျှပ်စစ် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအများစုမှာ တည်ဆောက်ဆဲ ဖြစ်နေကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေအားလျှပ်စစ်ကိုသာ အားကိုးနေရ သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရာတွင် အခက်အခဲများ ရှိနေကြောင်းလည်း ၎င်းကဆိုသည်။ 
“ဂက်စ်တာဘိုင်တွေကနေ ပြီးခဲ့တဲ့နှစ် နွေကဆိုရင် ၄၅၀ မဂ္ဂါဝပ်လောက် ထုတ်ပေးနိုင်တယ်။ အဲဒီလောက် ထုတ်ပေးနိုင်တာတောင်မှ မီလုမီရုံလေးပဲ ရှိတယ်” ဟု ဦးအောင်မျိုးဝင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး

မြို့ကြီးများရှိ ပြည်သူများက လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဝေဖန်မှုများ ရှိနေသော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရှိသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။ 

နှစ် ၃၀ စီမံကိန်းအဖြစ် ရေးဆွဲထားသော အမျိုးသား စွမ်းအင် စီမံကိန်းအရ အဆိုပါ စီမံကိန်း ပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင်ပင်လျှင် မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။ 
“ကျွန်တော်တို့လည်း လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးပဲ။ လူ၊ အရင်းအနှီး၊ နည်းပညာ၊ အချိန်စတာတွေ အကုန်ရှိရမှာ ပြီးရင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်လည်း လုပ်ရ တယ်။ အကုန်အဆင်ပြေအောင် လိုက်လုပ်နေရတာ။ ဒါကြောင့်လည်း ပြည်ပက ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်နေတာ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။

နှစ် ၃၀ အမျိုးသားစွမ်းအင် စီမံကိန်းအရ အဆိုပါ စီမံကိန်း ပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် နှစ်သောင်းကျော် တပ်ဆင် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် မဂ္ဂါဝပ် ငါးထောင်ကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထား သည်။

အချို့ဒေသများတွင် ပုဂ္ဂလိကက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော်လည်း လျှပ်စစ် တစ်ယူနစ် ဈေးနှုန်းမှာ ကျပ် ၆၀၀ နီးနီး အထိရှိသည်ကို တွေ့ရသည်။ 
မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သဘာဝဓာတ်ငွေ့ ထွက်ရှိရာ ရခိုင်နှင့် တနင်္သာရီဒေသများတွင် ထိုသို့အများဆုံး ကြုံနေရသဖြင့် ဒေသခံများ ဝေဖန်လျက် ရှိသည်။ 

ရခိုင်တွင် သဘာဝဓာတ်ငွေ့ ခွဲဝေ သုံးစွဲခွင့်ရရေး လက်မှတ် ကောက်ယူလျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကလည်း ဒေသတွင်းထွက် ရဲတံခွန် စီမံကိန်းမှ ရရှိသော ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းတိုင်းမှ ခံစားခွင့်ရရေး တင်ပြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

စက်မှုဇုန်များ၏ လျှပ်စစ်မီး မျှော်လင့်ချက်

လက်ရှိအချိန်တွင် အိမ်ထောင်စုများ သာမက လျှပ်စစ်ဓာတ်အားပမာဏ အများအပြား သုံးစွဲသော စက်မှုဇုန်များ အတွက်လည်း လျှပ်စစ်ဓာတ် အားလုံလောက်စွာ ရရှိရန် စီစဉ်နေပြီး စက်မှုဇုန် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများ လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ဆိုသည်။ 

ရန်ကုန်မြို့တွင် စက်မှုဇုန် ၁၅ ခု ရှိပြီး ရန်ကုန် စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် နှစ်ခုကို ပုဂ္ဂလိက ဓာတ်အားရရှိရန် စီစဉ်ထားပြီး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် စက်မှုဇုန် ကော်မတီများ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကတော့ ဒီဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမယ့ှ်ု Industry ပေါ်မှာ မူတည်တယ်။ အထည်ချုပ်လောက်၊ ကား တပ်ဆင်တာ လောက်ဆိုရင် ပါဝါသိပ်မလိုဘူး။ ဆောက်မယ့် စက်ရုံတွေက ဘိလပ်မြေ စက်ရုံတွေ၊ Chemical Complex တွေ ဖြစ်နေရင် သူတို့က ပါဝါအများကြီး လိုသွားပြီ။ လက်ရှိ သိရသလောက်တော့ အဲဒီလိုဟာမျိုးကြီးတွေ မလာသေးဘူး။ ပုံမှန် ရိုးရိုးစက်ရုံတွေ လောက်ဆိုရင် စက်မှုဇုန်တစ်ခုကို မဂ္ဂါဝပ် ၃၀၀၊ ၄၀၀ လောက်ပဲ လိုပါလိမ့်မယ်” ဟု Barons Machinery & Engineering မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ရရှိမှုသည် စက်မှုဇုန်များအတွက် အသက်ပင် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် လက်တွန့်နေပြီး မြန်မာ့စီးပွားရေးတွင် ထိခိုက်မှုများ ရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း စာတမ်းပေါင်းများစွာက ဖော်ပြခဲ့ကြသည်။ စက်ရုံအများစု လိုအပ်သော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ မပေး နိုင်ခဲ့သောကြောင့် ပြီးခဲ့သော နှစ်များအတွင်း စက်ရုံများ ဒုက္ခရောက်ခဲ့ရသည်။
“ဖိလစ်ပိုင်မှာ အထည်ချုပ်စက်ရုံ ဖွင့်ဖူးတယ်။ ဟိုမှာက ဒီမှာထက် ကုန်ကျစရိတ် သက်သာတယ်။ လျှပ်စစ်ဓာတ်အား  မှန်မှန်မရရင်တော့ ဒီကထုတ်ကုန်တွေက ဈေးကြီးနေဦးမှာပဲ။ လျှပ်စစ်အတွက် အပိုကုန်ကျစရိတ်တွေ ရှိနေတော့ တခြားဟာတွေမှာ ကုန်ကျစရိတ်တွေ လျှော့ချရတယ်။ အဲဒီတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတာပေါ့” ဟု ရွှေပေါက်ကံ စက်မှုဇုန်မှ နိုင်ငံခြားသား အထည်ချုပ်စက်ရုံ ပိုင်ရှင်တစ်ဦးက မှတ်ချက်ပေးသည်။
အစိုးရက တိကျသော မူဝါဒတစ်ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီး ရေရှည်တွင် လက်ရှိအတိုင်း သွားပါက အားလုံး နစ်နာနိုင်ကြောင်း ၎င်းကဆိုသည်။

“ပြဿနာက အစိုးရက ဘာကိုဦးစားပေးမလဲ ဆိုတာပဲ။ ရှိတဲ့ပါဝါက နည်းနည်းလေး၊ လူတွေကို ဦးစားပေးမလား စက်မှုဇုန်တွေကို ပေးမလားဆိုတာ Political Decision နဲ့ ဆိုင်မယ် ထင်ပါတယ်” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။ 

အရှေ့တောင်အာရှတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှု ထိပ်တန်း နိုင်ငံများတွင် ပါဝင်သော်လည်း လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံး နိုင်ငံဖြစ်သော မြန်မာမှာ ယင်းအတွက် လမ်းကမှိန်ဆဲ ဖြစ်သည်။ 

ဒီနွေရော မီးမှန်မှာလား

နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချမှုကို ရေရှည် အကျိုးစီးပွားအတွက် သေချာစနစ်တကျ စဉ်းစား ဆောင်ရွက်လေ့ ရှိသည်။ လျှပ်စစ်ဓာတ်အား မည်မျှ ရရှိအောင် ဆောင်ရွက်နိုင်သည် ဟူသည်မှာ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် တိုက်ရိုက် သက်ဆိုင်နေ သကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မှုခင်းများနှင့်ပါ သက်ဆိုင်နေသည်။

“လျှပ်စစ်ဓာတ်အားကို ပြည်သူကို ရောင်းလိုက်တယ်။ ပြည်သူဆီက ပိုက်ဆံ ပြန်ရလိုက်တယ် ဆိုတာလောက် စဉ်းစားရင်တော့ မရဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ လျှပ်စစ်ပိုရတဲ့အတွက် ဝင်လာတဲ့ Industry တွေ အဲဒါတွေကနေ သုံးတဲ့အခါမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ များလာမယ်။ လူတွေကို အလုပ်ခန့်မယ်။ တစ်ဦးချင်းဝင်ငွေ တိုးမယ်။ ဒါတွေက တစ်ဆင့်ခံ အကျိုးအမြတ်တွေ။ အဲဒီလို အဆင့်ဆင့် စဉ်းစားရမယ်” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍသို့ အလျင်အမြန် လွဲအပ်သင့်နေပြီး အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ပြည်တွင်းရှိ လျှပ်စစ်လုပ်ငန်းနှင့် နီးစပ်သူများက အကြံပြုကြ သည်။

နိုင်ငံတကာမှာကဲ့သို့ အစိုးရက Transmission ပိုင်းမှလွဲ၍ အခြားကဏ္ဍများကို ပုဂ္ဂလိကသို့ လွဲပြောင်း၍ အပြိုင်အဆိုင် လုပ်ကိုင်စေခြင်းဖြင့် ဝန်ဆောင်ခကိုပါ လျော့ကျစေရန် ဆောင်ရွက်သင့်ကြောင်း ဒေါ်အိဖြူစင်ဌေးက ဆိုသည်။

သို့သော် ယခုနှစ် နွေရာသီတွင် ယခင်နှစ် နွေရာသီများထက် လျှပ်စစ်ဓာတ်အားပိုမို တိုးတက်ရရှိမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများက တညီတညွတ်တည်း ပြောကြားကြ သည်။
သို့သော်လည်း ရေအားလျှပ်စစ်မှ အဓိက ထုတ်လုပ်နေရခြင်း ဖြစ်သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရမည်ဟု ကတိမပေးနိုင်သေးကြာင်း ဦးအောင်မျိုးဝင်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ စက်ရုံအလုပ်ရုံ ပိုင်ရှင်များနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ ကဲ့သို့ပင် ဦးထူးတို့ ကဲ့သို့သော ရပ်ကွက်က လေးများအတွင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင်များကလည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရန် မျှော်လင့်နေသည်။
“နေ့ခင်းနေ့လည် မီးမလာတာ ပြဿနာ သိပ်မရှိဘူးဗျ။ ညပိုင်းလေးလာရင် တော်ပြီ။ ဒီအချိန်မှာပဲ ပိုက်ဆံလေးရှာရတာ။ မီးမလာရင် ဆီဖိုးက သိပ်ကုန်တာဗျ” ဟု ဦးထူးက ဆိုသည်။

နိုင်ငံတကာ ဘောလုံးပွဲများ ကျင်းပလေ့ရှိသော စနေနှင့် တနင်္ဂနွေရက်များသည် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များအတွက် လူဝင်အများဆုံး အချိန်ဖြစ်နေသောကြောင့် သူ့ဆိုင်ကိုယ့်ဆိုင် အပြိုင်ကြဲနေရသော စီးပွားရေး သဘောအရ မီးမလာသောအခါ မီးစက်ဖြင့် လုပ်ငန်း လုပ်ကိုင်ကြရပြန်သည်။
“နွေသာဆိုရင် ကျွန်တော်တို့ တော်တော် ဒုက္ခရောက်တယ်။ ဒါကလည်း ဒီတစ်နှစ်ထဲမှ မဟုတ်တာ နှစ်တိုင်း ဖြစ်နေခဲ့တာပဲ။ ဒီနှစ်တော့ အရင်နှစ်တွေကထက် ပိုအဆင်ပြေမလား မျှော်လင့်မိတယ်” ဟု ဦးထူးက ဆိုလိုက်သည်။

(ရဲဇွန်အောင်)

ဖြတ်ခနဲ ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကျေမနပ် မြည်တွန် တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင် တစ်ခုလုံး တီးတိုးတီးတိုး စကားသံများသာ ထွက်ပေါ်နေသည်။

မိုးရာသီ မကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ ရှိသည်။ လိုင်းပြဿနာများ အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့် မကြာခဏ မီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဘောလုံးပွဲရှိတဲ့ ရက်တွေဆို မကြာခဏ ပျက်တတ်တယ်။ အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပျက်တယ်။ မလာရင်လည်း ပျက်ချင် ထပျက်တာပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ဆုံစည်းရာ လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင် ဦးထူးက ဆိုသည်။

တရားရုံးများ စောင့်ကြည့်မည့် အဖွဲ့တွင် မီဒီယာသမားကို အတွင်းရေးမှူး အဖြစ် ခန့်ရန် ဥပဒေကြမ်းတွင် ထည့်သွင်း

Photo: တရားရုံးများ စောင့်ကြည့်မည့် အဖွဲ့တွင် မီဒီယာသမားကို အတွင်းရေးမှူး အဖြစ် ခန့်ရန် ဥပဒေကြမ်းတွင် ထည့်သွင်း

နေပြည်တော်၊ အောက်တိုဘာ ၉

တရားစီရင်ရေးတွင် အဂတိလိုက်စားမှု ရှိ မရှိနှင့် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စောင့်ကြည့်နိုင်ရန် ဖွဲ့စည်းမည့် တရားရုံး စောင့်ကြည့်ရေး ကော်မတီတွင် သတင်းမီဒီယာသမား တစ်ဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မည့် ပုဒ်မတစ်ခုကို တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ပြည်သူ့လွှတ်တော်က ရေးဆွဲလျက်ရှိသော ယင်းဥပဒေကြမ်းတွင် စာနယ်ဇင်းကောင်စီက ခွင့်ပြုသော သတင်းမီဒီယာသမားများကို မြို့နယ်နှင့် ခရိုင်အလိုက် ဖွဲ့စည်းမည့် တရားရုံး စောင့်ကြည့်ရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်နိုင်ကြောင်း ဖော်ပြထားသည်ဟု ၎င်းကဆိုသည်။ 

တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေမှု ပြန်လည် တည့်မတ်နိုင်ရန် ယင်းဥပဒေကို ရေးဆွဲရခြင်း ဖြစ်ကြောင်း သူရဦးအောင်ကိုက ထပ်လောင်း ပြောကြားသည်။ 
“ဗဟိုအဆင့်ကနေ မြို့နယ်အဆင့်အထိ မီဒီယာတွေကို စောင့်ကြည့်ပြီး ပါစေချင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကိုလည်း အားပြုတဲ့ သဘောပါ” ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ရှင်းပြသည်။ 

လက်ရှိတွင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ရေးဆွဲထားသော အခြေခံမူ သဘောများတွင် ယင်းကဲ့သို့ ကိစ္စများနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းထားခြင်း မရှိကြောင်း၊ ကောင်စီ၏ ခွင့်ပြုချက် ဆိုသည်မှာလည်း အားလုံးကိုယ်စား ထုတ်ပြန်ပေးနိုင်သည့် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သောကြောင့် ယင်းကိစ္စသည် လွဲချော်သည့် အချက်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးကိုကို (Yangon Media Group) က ထောက်ပြ ပြောဆို သည်။
“မီဒီယာသမားရဲ့ တာဝန်က ဒီအလုပ်လုပ်ရမှာ မဟုတ်ပါဘူး။ Police တို့၊ Inspector တို့မှ မဟုတ်တာ၊ ကျွန်တော်တို့က အဝေးကပဲ စောင့်ကြည့်ရမှာ။ အတွင်းကို ဝင်ကြည့်မယ့်သူတွေ မဟုတ်ပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိတွင် တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းကို နှစ်ပိုင်း ခွဲကာ ရေးဆွဲနေခြင်း ဖြစ်ပြီး ပထမပိုင်းမှာ ရေးဆွဲပြီး ဖြစ်၍ ဒုတိယပိုင်းကို ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ မတင်မီ ပြည်သူအများ သိစေရန် ချပြသွားမည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

ဥပဒေကြမ်း ရေးဆွဲခြင်း မပြီးပြတ်သေးသောကြောင့် ပုဒ်မနှင့် အချက်အလက်များ အားလုံး ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

နေပြည်တော်၊ အောက်တိုဘာ ၉

တရားစီရင်ရေးတွင် အဂတိလိုက်စားမှု ရှိ မရှိနှင့် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စောင့်ကြည့်နိုင်ရန် ဖွဲ့စည်းမည့် တရားရုံး စောင့်ကြည့်ရေး ကော်မတီတွင် သတင်းမီဒီယာသမား တစ်ဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မည့် ပုဒ်မတစ်ခုကို တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ပြည်သူ့လွှတ်တော်က ရေးဆွဲလျက်ရှိသော ယင်းဥပဒေကြမ်းတွင် စာနယ်ဇင်းကောင်စီက ခွင့်ပြုသော သတင်းမီဒီယာသမားများကို မြို့နယ်နှင့် ခရိုင်အလိုက် ဖွဲ့စည်းမည့် တရားရုံး စောင့်ကြည့်ရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်နိုင်ကြောင်း ဖော်ပြထားသည်ဟု ၎င်းကဆိုသည်။

ခင်ဝင့်ဝါ၏ ပထမဆုံးဗီဒီယိုဇာတ်ကားကို ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးမည်


ပန်းမြတ်ဇော် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၁ မိနစ်

Miss Internet ဆုအပါအ၀င်ဆုသုံးဆု ဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါ၏ ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင် က အောက်တိုဘာ ၂၃ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က မဇ္ဈိမသို့ ပြောသည်။

ယင်းသို့ရိုက်ကူးဖြစ်ခြင်းမှာ ဒါရိုက်တာကြည်ဖြူသျှင်အနေဖြင့် ခင်ဝင့်ဝါကို Miss #Supranational ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်စဉ်ကပင် သဘောကျခဲ့သည့်အတွက် ခင်ဝင့်ဝါ နှင့်လိုက်မယ့် ဇာတ်ညွှန်းရွေးချယ်ကာ ရိုက်ကူးရန် ကမ်းလှမ်းခဲ့ခြင်းကြောင့်ဖြစ်သည်။

ခင်ဝင့်ဝါက “မကြည်ဖြူသျှင်က သူများနဲ့မတူတဲ့ ဇာတ်ဆန်းဆန်းလေးတွေ ရိုက်တာကြောင့် ညီမအနေနဲ့လက်ခံပြီး ရိုက်ကူးဖို့ လုပ်ဖြစ်သွားတာပါ။ ညီမအတွက် စိုးရိမ်စိတ်တော့ ရှိပါတယ်။ တစ်ခါမှမရိုက်ဖူးတော့ ကောင်းမှ
ကောင်းပါ့မလား၊ ကြိုက်မှကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ ဖြစ်မိတယ်။

ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်သွားမယ်
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဖြစ်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နှစ်ယောက်စလုံးက တရား မျှမျှတတ ယှဉ်ပြိုင်သွားဖို့ သဘောတူ ထားကြတယ်လို့ ဦးရွှေမန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ခရိုနီတွေက ဆက်လက် ထိန်းချုပ်နေတာတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ပြည်သူတွေက ထုတ်ဖော် ပြောလာတာတွေကို အစိုးရပိုင်းက တရားမျှတအောင် လုပ်ဆောင်သွားမယ်၊ လွှတ်တော်ပိုင်းကလည်း ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။

အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးမှု တိုးတက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်


ဖနိဒါ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၁ မိနစ်

အနည်းဆုံး သဘောတူညီချက် ငါးချက် လက်မှတ်ထိုးမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ဒုတိယနေ့အဖြစ် မြစ်ကြီးနားမြို့တွင် ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောတူညီမှုအပါအ၀င် သဘောတူညီချက် ငါးချက် အနည်းဆုံး လက်မှတ်ထိုးနိုင်မည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မြန်မာ့ငြိမ်းချမ်းရေးဂေဟာ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“မနက်ဖြန်မှာ အနည်းဆုံး သဘောတူညီမှု ငါးခုလောက် လက်မှတ်ရေးထိုးနိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကေအိုင်အို ခေါင်းဆောင်များအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေးကို ကေအိုင်အိုဘက်က ငြင်းဆိုတာမရှိသလို ဒါကို တက်ရောက်နိုင်ဖို့လည်း နည်းလမ်းတွေ ပြန်လည်ညှိနှိုင်း ပြီးတော့ ဆွေးနွေးပါ့မယ်လို့ ပြောတာတွေရှိတယ်” ဟု ပြောသည်။

မိန်းမလှကျွန်းတွင် ရေချိုရေငန်စပ် မိကျောင်းများ ယခင်နှစ်များထက် နှစ်ဆ ပိုများလာ


ဖိုးစိုးသူ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၄ မိနစ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ သားရဲတိရစ္ဆာန် ဘေးမဲ့ကျွန်းတစ်ခုဖြစ်သော မိန်းမလှကျွန်းပေါ်တွင် ရေချိုရေငန်စပ် မိကျောင်းများ ယခင်နှစ်များထက် နှစ်ဆပို၍များလာကြောင်း မိန်းမလှကျွန်း သဘာဝသားရဲ တိရစ္ဆာန် ဘေးမဲ့တော တောအုပ်ကြီး ဦးဇော်ထူးအောင်က ပြောသည်။

ယင်းသို့ အကောင်ရေပိုများလာခြင်းမှာ ဒေသခံများနှင့် ဘေးမဲ့တောမှ တာဝန်ရှိသူများက ထိန်းသိမ်းမှုများရှိ၍ ဖြစ်သည်ဟုလည်း ဦးဇော်ထူးအောင်က ပြောသည်။

၎င်းက “အခါတိုင်းနှစ်တွေမှာ မိကျောင်းတွေ ၁၂၀ နဲ့ ၁၅၀ ကြားလောက်ပဲ ရှိကြတယ်။ ဒီနှစ်မှာတော့ ရေလုပ်သားတိုင်းလိုလို မိကျောင်းတွေ့တာတွေ
ရှိတယ်။ အရမ်းကြီးတဲ့ အကောင်ကြီးတွေတော့ မဟုတ်ဘူး။ အကောင်
အရေအတွက် ၃၀၀ လောက်တော့ရှိတယ်။ အလတ်စားကောင်တွေ ညအချိန်မှာ တွေ့ကြတာ များတယ်”ဟု ပြောသည်။

“အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး”...(ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် တွေ့ဆုံခြင်း)

Photo: “အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး”
-------
ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် တွေ့ဆုံခြင်း
----------
ရေးသားသူ- အိဖြူလွင်၊ အောင်သူရ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကိုပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့်လမ်းကြောင်းက ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ်ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေပြင်ဆင်ရေးအပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ 

မေး- လက်ရှိအချိန်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရေပန်းစားနေတဲ့ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကြောင်းက ပိုပြီးလွယ်ကူမယ်လို့ ထင်ပါသလဲ။
ဖြေ- အခြေခံဥပဒေကို ကျွန်တော်တို့ဥပဒေလောကအမြင်နဲ့ ကြည့်တဲ့အခါမှာ ခြောက်ခုပဲရှိတယ်။ နံပါတ်တစ်က ပြည်ထောင်စုမပြိုကွဲရေး၊ နောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ လောကပါလတရားထွန်းကားရေး၊ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နောက်ဆုံး အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က တစ်ဖက်တစ်လမ်းကနေ ၀င်ပါရေး။ ဒီခြောက်ခုက အခြေခံဥပဒေရဲ့ အစနဲ့အဆုံး။ ဒီမှာ နောက်ဆုံးအချက်ဖြစ်တဲ့ တပ်မတော်က၂၅ ရာခိုင်နှုန်းပါမယ်။ ပါပေါ့၊ ဘာဖြစ်လဲ။ အမျိုးသမီးတွေကတောင် ၃၀ ရာခိုင်နှုန်း ယူမယ်လို့ ပြောနေတာ။ ဒါကြောင့် ဒီအချက်တွေကို တော်တော်လေးစဉ်းစားနိုင်တယ်ဆိုရင် ခုအချိန်မှာ အခြေခံဥပဒေအသစ် ရေးဖို့ဆိုတာက တော်တော်လေး ကြောက်စရာကောင်းတယ်။ 

မေး- NLD က ပြောနေတယ်။ အခြေခံဥပဒေကိုပြင်ဖို့ ဒါမှမဟုတ် အသစ်ဆွဲဖို့ရာ ပြည်သူ့သဘောထား ရယူမယ်ဆိုတာက တကယ်ဖြစ်နိုင်မလား။
ဖြေ- ကျွန်တော်က ဘယ်ပါတီကိုမှ ထောက်ခံစရာလည်းမရှိဘူး။ ကျွန်တော် အမေရိကန်နိုင်ငံသား၊ မြန်မာပြည်မှာမွေးတဲ့ အမေရိကန်နိုင်ငံသား။ ဒီတော့ ဘယ်ပါတီကိုမှ အားပေးစရာလည်းမရှိဘူး။ မဲပေးလို့လည်းမရဘူး။ ဒါကြောင့် ကျွန်တော် အခုပြောတဲ့အချိန်မှာ နံပါတ်တစ်အရေးကြီးတာကတော့ ဘယ်တော့မှ ပြည်သူကို Hijack မလုပ်ဖို့  (အတင်းဆွဲသွင်းခြင်းမျိုး) အရေးကြီးတယ် နိုင်ငံရေးပါတီတွေက။ ကောင်းပြီ၊ ပြည်သူက အသစ်ပြန်ရေးချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ် ရေးမယ်ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက်နားလည်လဲ။ ဒီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ပြည်သူကို ဆွဲခေါ်တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာသင်လာတဲ့သူတစ်ယောက် အမြင်မှာတော့ ပြည်သူကို Hijack မလုပ်သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ ကနေ ၂၀၀၈ အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေမရှိဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှုထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော်လည်း နားမလည်ဘူး။ 

မေး- တကယ်တမ်းမှာ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲခြင်း ဆိုတာမျိုးကရော ဖြစ်လာနိုင်မယ့် အလားအလာရှိလား။
ဖြေ- အခုက မသုံးခင်မှာကိုက ပြင်ချင်တယ်။ မပြင်ခင်မှာ လွှင့်ပစ်ချင်တယ်။ အဲဒီတော့ သုံးကြည့်ပါ။ သုံးလို့မရရင် ပြင်ခွင့်ပေးထားတာပဲ။ ပြင်လို့မှမရရင်လည်း လွှင့်ပစ်လိုက်။ ကမ္ဘာမှာ အခြေခံဥပဒေဆိုတာ အမှိုက်ပုံးထဲရောက်တာ အများကြီးပဲ။ 

မေး- အခြေခံဥပဒေအသစ်ကိုသာ တကယ်ရေးနိုင်ခဲ့ရင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းက ပြီးဆုံးသွားနိုင်မှာလား။
ဖြေ- ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခု ထွက်လာတာနဲ့ ရေးပြီးသွားတာနဲ့ ပြဿနာအားလုံး ပြေလည်သွားမယ်လို့ ထင်တာ။ အဲဒါမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ဥပဒေကိစ္စကို နားလည်တာ အရမ်းအားနည်းတယ်။ အခြေခံဥပဒေ ကောင်းသာရှိရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်နေတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ၄၇ ဥပဒေကို ငါးခေါက်လား၊ ခြောက်ခေါက်လား ပြင်ရတယ်။ ပြင်ရင်းနဲ့ ကောင်းလာမယ့်အနေအထား ရောက်တဲ့အခါမှာ နည်းနည်းမှားသွားခဲ့တာ။ ဒါက တချို့နိုင်ငံရေးသမား ပါတီခေါင်းဆောင်တွေ ဆန္ဒစောသွားတာကြောင့်ပဲ။ ၇၄ ဥပဒေကိုလည်း တစ်ခေါက်ပြင်ထားတယ်။ အခု ၂၀၀၈ ပေါ်လာတဲ့အခါ ကျွန်တော်တို့ မပြင်ရသေးဘူး။ ဒါပေမဲ့ အသစ်ရေးချင်တဲ့သူ ပေါ်လာတယ်။ စက်တင်ဘာလလယ်လောက်က ဘန်ကောက်မှာ နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ၂၀၀၈ က ဘယ်တော့မှ ဒီမိုကရေစီကို မဖော်ဆောင်ဘူး၊ ဖက်ဒရယ်ကို မဖော်ဆောင်ဘူး၊ ဒါကြောင့် အသစ်ရေးမယ်လို့ ပြောတယ်။ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ရေး၊ ကြိုက်သလိုရေး ကမ္ဘာမှာ အကောင်းဆုံးအခြေခံဥပဒေကို ရေးနိုင်ရင်တောင် ကျွန်တော်တို့ တပ်မတော်က လက်မခံရင် အဲဒီအခြေခံဥပဒေက အမှိုက်ပုံးထဲရောက်မှာပဲ။ ဒီတော့ အမှိုက်ပုံးထဲရောက်မယ့် အခြေခံဥပဒေကို ဘာလို့အချိန်အကုန်ခံပြီး ရေးနေမလဲ။ ဒီမှာရှိတဲ့ ဥပဒေနားမလည်တဲ့သူတွေကို နားလည်အောင်သင်ပေး။ ဇယား ၂ ထဲမှာ ပြည်နယ်ဥပဒေပြုစာရင်း ၄၄ ချက် ရှိတယ်။ အများဆုံးသုံးနိုင်တာတောင် ၁၅ ခုပဲရှိတယ်။ သုံးဖို့ကျန်သေးတယ်။ 

မေး- UNFC က အသစ်ရေးနေပြီလို့ ပြောတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ- ကျွန်တော် UNFC ဥက္ကဋ္ဌ ခွန်ဥက္ကာနဲ့ အခြေခံဥပဒေနှစ်ခု ရေးဖူးတယ်။ တစ်ခုက ဦးစိန်ဝင်းတို့အတွက်ရေးတာ။ နောက်တစ်ခုလည်းရှိသေးတယ်။ နှစ်ခုစလုံး အမှိုက်ပုံးထဲမှာပဲ။ ဘယ်သူကမှ လက်မခံတာ။ ဒါကြောင့် လက်ခံမယ့် သုံးမယ့်သူမရှိရင် ဘယ်နှခုပဲရေးရေး အသုံးမ၀င်ဘူး။ ပုဒ်မ ၂၀ (စ)မှာ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာတွင် အဓိကတာဝန်ရှိသည်ဆိုပြီး ပါတယ်။ ဒါကြောင့် အသစ်ရေးမယ်ဆိုရင် ကျွန်တော်တို့က တပ်မတော်ကိုသွားပြီး ပြဿနာရှာတာနဲ့ အတူတူပဲ။ 

မေး- တပ်မတော်ကိုသွားပြီး ပြဿနာရှာတယ်ဆိုတဲ့ စကားကို သေချာရှင်းပြပေးပါဦး။
ဖြေ- တချို့ကပြောတယ်။ ကာလုံရှိနေလို့ အာဏာသိမ်းနိုင်တယ်တို့၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ ဖက်ဒရယ်လည်းမရနိုင်ဘူးတို့ဆိုတာ မယုံဘူး။ ယိုးဒယားမှာ အာဏာသိမ်းတာ ဘယ်နှခေါက်ရှိနေပြီလဲ။ တိုင်းပြည်မှာ ကာလုံရှိနေလို့ လိုအပ်တဲ့အခါမှာ နိုင်ငံတော်အာဏာကို အခိုက်အတန့်သိမ်းနိုင်တယ်။ ဥပဒေမှာ မပေးထားရင်လည်း သိမ်းချင်ရင်သိမ်းမှာပဲ။ ဘာလို့လဲ။ အခြေခံဥပဒေဆိုတာ စာအုပ်တစ်အုပ်ပဲ။ အဲဒီစာအုပ်နဲ့ ဂျီသရီး ဘယ်ဟာပိုပြင်းလဲ။ စာအုပ်ပြင်းမလား။ စဉ်းစားကြည့်ပါ။ တစ်ချက် ဖောင်းဆိုပစ်လိုက်ရင် စာအုပ်က ပေါက်သွားမှာပဲ။ လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဖို့က ပိုအရေးကြီးတယ်။ မလုပ်ဖို့အတွက် ကျွန်တော်တို့က တပ်နဲ့အတူတူ လက်တွဲရမယ်။ 

မေး- ဒီအခြေအနေက တကယ့်နိုင်ငံရေးအကျပ်အတည်းဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။
ဖြေ- ၂၀၀၈ ကို လွှင့်ပစ်လိုက်ပြီး အသစ်ရေးကြည့်။ ဒီကြားထဲမှာ တည်ဆဲဥပဒေ လေးရာကျော်နဲ့ သွားရမှာ။ ဒီအချိန်မှာ ကျွန်တော်တို့က လမ်းပျောက်ပြီ။ ၂၀၀၈ ကြောင့် မရဖူးတဲ့ နှစ် ၄၀ ကျော် ပျောက်သွားတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန်ရလာတယ်။ ဒါကို ဆက်သွားချင်လား။ ဒါမှမဟုတ် နိုင်ငံရေးစတန့်ထွင်ချင်သေးလား။ စဉ်းစားရမှာ။

မေး- ဒီပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်ခိုင်ဖြိုးနဲ့ အချင်းချင်း မညီညွတ်တာမျိုး ဖြစ်လာနိုင်လား။
ဖြေ- ကျွန်တော်တို့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အယူအဆကွဲတာကို လက်ခံနိုင်ရမယ်။ အာဏာရှင်လက်အောက်မှာ နေလာတာကြာတော့ အကျင့်ပါနေတယ်။ ချင်းထဲမှာဆိုရင် CPP နဲ့ CNP ရှိတယ်။ သူတို့ပေါင်းဖို့ပြောနေတယ်။ ချင်းအမျိုးသားတစ်ပါတီပဲ ရှိရမယ်တဲ့။ အဲဒါ အာဏာရှင်စနစ်ပဲ။ ဒီမိုကရေစီက အသွင်ကွဲပြားခြင်းကို လက်ခံရမယ်။ နောက် ညှိနှိုင်းနိုင်ရမယ်။ ဒါမှဒီမိုကရေစီ။

မေး- NLD က ပြင်ဆင်ရေးကို USDP နဲ့ တွဲလုပ်မယ့်ပုံစံမျိုး ခုချိန်မှာဖြစ်နေပေမယ့် တကယ်လို့များ တွဲမလုပ်နိုင်ခဲ့ရင် တပ်က ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်လာနိုင်မလဲ။ 
ဖြေ- တပ်က ဘာလုပ်မလဲဆိုတာ ကျွန်တော့်အမြင်မှာတော့ တပ်က လုံးဝလျှော့မှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ သူလျှော့ရင် တပ်ကအားနည်းပြီ။ ဒီ ၂၅ ရာခိုင်နှုန်းကနေ တိုင်းပြည်ကြီးရဲ့ တည်ငြိမ်မှုကို ကောင်းကောင်းကိုင်ထားမှာ။ ဟိုတစ်လောက တပ်ချုပ်ကြီး ထိုင်းမှာ ပြောထားတဲ့စကားရှိတယ်။ သူတို့က တဖြည်းဖြည်းတော့ လျှော့ပေးမှာလို့။ ဒါပေမဲ့ မနက်ဖြန်မဟုတ်ဘူး။ နောက်နှစ်မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်လေးဆယ်ကျော် စောင့်လာခဲ့ပြီးမှ နောက်ထပ် နှစ်လေးဆယ်ကျော် စောင့်ဖို့ဝန်မလေးပါဘူး။ ဒီမှာစောင့်နေရင်း ပညာသင်မယ်။ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာကို သင်ယူရမယ်။ 

မေး- တိုင်းရင်းသားတွေကရော အသစ်မရေးဘဲ ပြင်ဆင်မယ်ဆိုတာကို လက်ခံနိုင်ပါ့မလား။ 
ဖြေ- ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကတော့ မပြောပါဘူး။ တိုင်းရင်းသားလို့ပြောရင် UNFC ကို အားလုံးက ဆိုလိုကြတယ်။ ကျွန်တော် ဦးခွန်ဥက္ကာနဲ့ တွေ့ခဲ့ပါတယ်။ သူက အသစ်ရေးဆွဲရေးကို ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အခြေခံဥပဒေကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှရေးကို ဖော်ဆောင်ပေးနိုင်မယ့်ဟာကို သွားချင်တယ်လို့ ပြောတယ်။ ဒါကြောင့် ခင်ဗျားတို့ statement ပြင်ဖို့လိုတယ်။ ကျွန်တော်တို့ နားလည်တာက UNFC က အသစ်ရေးမယ်လို့ပဲ နားလည်ခဲ့တယ်။ UNFC ရဲ့ နောက်ဆုံးအစည်းအဝေးမှာ ၂၀၀၈ ကတည်းက အာဏာခွဲဝေမှုဇယား ၁၊ ၂၊ ၃၊ ၅ နောက် သယံဇာတခွဲဝေရေး ဒါတွေကို ပြင်ချင်တယ်။ ဒီလိုပဲပြောခဲ့တယ်။ 

မေး- တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမြဲလိုက်ပါနေတဲ့အတွက် MPC ဒါရိုက်တာအနေနဲ့ သူတို့ရဲ့သဘောထားကရော ဘယ်လိုရှိနိုင်ပါသလဲ။
ဖြေ- ခုချိန်ထိတော့ ၂၀၀၈ အခြေခံဥပဒေကို ပစ်ပစ်ခါခါ မကြိုက်ဘူးဆိုတဲ့အဖွဲ့ ကျွန်တော် မတွေ့သေးပါဘူး။ 

မေး- ၂၀၁၅ မတိုင်ခင်မှာရော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက အောင်မြင်နိုင်မယ်လို့ တွက်နိုင်ပါသလား။
ဖြေ- ကျွန်တော့်အသက်က ၅၀ နားကပ်နေပြီ။ ကျွန်တော့်အသက်မှာတော့ ပြင်နိုင်လိမ့်မယ်မထင်ဘူး။ မပြင်သေးဘဲ သုံးကြည့်တာကမှ ပိုပြီးအဓိပ္ပာယ်ရှိသေးတယ်။ တကယ်တမ်းတော့ ဥပဒေပြင်ဖို့အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါဘယ်သူလဲဆိုတော့ တပ်မတော်သားတစ်ယောက်ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သားတစ်ယောက်ကို ရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်။

ဓာတ်ပုံ- အောင်သူရ

ရေးသားသူ- အိဖြူလွင်၊ အောင်သူရ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကိုပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့်လမ်းကြောင်းက ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ်ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေပြင်ဆင်ရေးအပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက် သုံးမှု လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတဦးသိန်းစိန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြား


ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက် သုံးစွဲမှု လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်တွင် ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ သုံးသပ်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အရှေ့အလယ်ပိုင်းမှာ မငြိမ်သက်မှုတွေ ပေါ်ပေါက်ပြီး အာရပ်နွေဦး လှုပ်ရှားမှုဟာ ပဋိပက္ခ အကျပ်အတည်းအဖြစ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဆီးရီးယား ပဋိပက္ခမှာ ဓာတုလက်နက် သုံးစွဲတာဟာ မည်သူက ကျူးလွန်ပါစေ လက်ခံနိုင်ဖွယ်ဖြစ်ရပ် မဟုတ်ပါဘူး။ ကိုရီးယားကျွန်းဆွယ်မှာ အပြုသဘော တိုးတက်မှုတွေ ဖြစ်ပေါ်ကိုလည်း မျှော်လင့်နေပါတယ်''ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူသစ် စတင်ထုတ်ဝေ

Photo: အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူသစ် စတင်ထုတ်ဝေ...

ငွေစက္ကူအတု ပြုလုပ်ခြင်းကို ကာကွယ်နိုင်မည့် လုံခြုံရေး အမှတ်အသားသစ်များ ပါဝင်သော အဆင့်မြင့် နည်းပညာသုံး အမေရိကန်ဒေါ်လာ ၁၀၀ တန်ငွေစက္ကူ များကို အမေရိကန် ဗဟိုဘဏ်က စတင်ထုတ်ဝေလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ငွေစက္ကူအသစ်များကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ဖြန့်ချိ သုံးစွဲမည် ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခု အသစ်ထုတ်ဝေလိုက်သော ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွင် အပြာရောင် 3D လုံခြုံရေးကြိုး၊ ခေါင်းလောင်းနှင့် မင်အိုးပုံ အမှတ်အသားများ ပါဝင်ကြောင်း၊ အဆိုပါ အမှတ်အသားများသည် အတုပြုလုပ်ရန် ခက်ခဲကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် ယခင်က အသုံးပြုခဲ့သော လုံခြုံရေးအမှတ်အသား များဖြစ်သည် ရေစာ ပုံကြမ်းနှင့် ခရမ်းလွန်ရောင်ခြည်တွင် ကြည့်ပါက ပန်းရောင်အဖြစ် မြင်တွေ့ရမည့် ငွေစက္ကူထဲတွင် ထည့်သွင်းထားသည့် လုံခြုံရေးကြိုးလည်း ပါဝင်သည်။

ယခုရိုက်နှိပ်လိုက်သော အမေရိကန် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများအတွက် ၂၀၁၀ ပြည့်နှစ်က ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း မျှော်လင့်မထားသော ထုတ်လုပ်ရေး အခက်အခဲများကြောင့် ကြန့်ကြာနေ ခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုငွေစက္ကူသစ်တွင် ပါသည့် 3D လုံခြုံရေးကြိုးမှာ ပုံနှိပ်ထားခြင်း မဟုတ်ဘဲ ငွေစက္ကူထဲသို့ ထည့်သွင်းထားခြင်း ဖြစ်ပြီး၊ ဂဏန်းနံပါတ် ၁၀၀ များသည်လည်း ငွေစက္ကူကို စောင်းသည့်ဘက် အပေါ် မူတည်၍ ခေါင်းလောင်းပုံ၊ ဘေးတိုက်ပုံနှင့် အတည့်ပုံများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ထို့ပြင် ငွေစက္ကူကို လှည့်လိုက်ပါက ကြေးငွေစက္ကူ၏ ညာဘက်အောက်ခြေ ထောင့်တွင်ရှိသော ဂဏန်းနံပါတ် ၁၀၀ ၏အရောင်မှာ မူလကြေးဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ယခုငွေစက္ကူသစ်တွင် အမေရိကန် ပြည်ထောင်စုကို တည်ထောင်သူ ဖခင်ဖြစ်သော သမ္မတ ဘင်ဂျမင်ဖရန့်ကလင်း၏ ပုံတူ ရုပ်ပုံ ပါရှိမည်ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ဒီဇိုင်းဆော့ဖ်ဝဲ များနှင့် ပုံရိပ်ကြည်လင် ပြတ်သားသော မိတ္တူနှင့် ပုံနှိပ်စက် များကြောင့် သာမန်လူ များအတွက် အတုအစစ် ခွဲခြားရန် ခက်ခဲသည့် ငွေစက္ကူအတုများ များပြားစွာ ထွက်ပေါ်လျက်ရှိသည်။
အမေရိကန် ဒေါ်လာတစ်ရာတန် ငွေစက္ကူသစ်သည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်အ မေရိကန်ထောက်လှမ်းရေးတို့ ဆယ်နှစ်ခန့် ပူးပေါင်း၍ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ်က ပြောကြားသည်။

အမေရိကန်ဒေါ်လာ တစ်ရာတန် ငွေစက္ကူသည် အမေရိကန် အစိုးရထုတ် ငွေစက္ကူများထဲတွင် အတုပြုလုပ်ခြင်း အခံရဆုံးသော ငွေစက္ကူဖြစ်သော်လည်း အမှန်တကယ် လည်ပတ်သုံးစွဲနေသော ငွေစက္ကူများတွင် ငွေစက္ကူအတု အရေအတွက် မည်မျှရှိကြောင်း ကိုမူ အတိအကျ မသိရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

အမေရိကန်ဒေါ်လာ ငွေစက္ကူအတု အရေအတွက်သည် ဒေါ်လာငွေစုစုပေါင်း ပမာဏ၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားသည်။

ထို့ပြင် နိုင်ငံအတွင်း၌ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ငွေစက္ကူအတု ၈၀ ဒသမ ၇ သန်းခန့် သုံးစွဲလျက် ရှိပြီး ပြင်ပတွင် ၁၄ ဒသမ ၅ သန်းခန့် သုံးစွဲလျက် ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားသည်။
၂၀၁၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုပြင်ပတွင် အမေရိကန် ဒေါ်လာ ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ရာ တန်ဖိုးအားဖြင့် ၅၆ ဒသမ ၈ သန်းခန့်ရှိသည်။

The Voice Weekly


ငွေစက္ကူအတု ပြုလုပ်ခြင်းကို ကာကွယ်နိုင်မည့် လုံခြုံရေး အမှတ်အသားသစ်များ ပါဝင်သော အဆင့်မြင့် နည်းပညာသုံး အမေရိကန်ဒေါ်လာ ၁၀၀ တန်ငွေစက္ကူ များကို အမေရိကန် ဗဟိုဘဏ်က စတင်ထုတ်ဝေလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ငွေစက္ကူအသစ်များကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ဖြန့်ချိ သုံးစွဲမည် ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခု အသစ်ထုတ်ဝေလိုက်သော ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွင် အပြာရောင် 3D လုံခြုံရေးကြိုး၊ ခေါင်းလောင်းနှင့် မင်အိုးပုံ အမှတ်အသားများ ပါဝင်ကြောင်း၊ အဆိုပါ အမှတ်အသားများသည် အတုပြုလုပ်ရန် ခက်ခဲကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာကလေးငယ်တစ်ဦး အိပ်နေစဉ် သေနတ်ထိမှန်


မွန်ကြီး (မဲဆောက်)

မဲဆောက် ၊ အောက်တိုဘာ ၈ ။ ။ ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တောင် ဘက် ဖုတ်ဖရ်မြို့နယ် စအိုတိုက် နယ်ရှိ ၃၆ကီလိုမီတာတွင် အောက် တိုဘာ ၆ရက် ည ၁၁နာရီ မိနစ် ၂ဝခန့်တွင် ကလေးတစ်ဦးနေအိမ် အတွင်း အိပ်ပျော်နေစဉ် သေနတ် ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

နေအိမ်အိပ်ခန်းတွင် မောင် နှမသုံးဦးအိပ်ပျော်နေရာမှ၊ မိဘ နှစ်ပါးက မိမိတို့သားငယ်ငိုသံကြား ပြီး အိပ်ခန်းထဲဝင်ကြည့်ရာမှ ကလေး ၏ညာဘက်ပေါင်တွင် ထုတ်ချင်း ပေါက်သေနတ်မှန်ခဲ့ပြီး၊ သေနတ် ကျည်ဆန်ထိပ်ဖူးကိုလည်း အိပ်ရာ ပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု ဖခင် ဖြစ်သူက ပြောသည်။

''သားရဲ့ငိုသံကြားတော့ ကျွန် တော်တို့ လင်မယားနှစ်ယောက် လုံးအိပ်ပျော်နေရာကနေ အိပ် ခန်းထဲကို ဝင်ကြည့်ကြတယ်လေ။ ထင်တာက သားကိုမြွေ(သို့)အ ကောင်တစ်ကောင်ကောင်ကိုက် သွားတယ်ထင်နေတာလေ။ နောက် မှအိပ်ရာပေါ်မှာ သွေးကွက်တွေနဲ့ အတူ ကျည်ဆန်ထိပ်ဖူးကိုတွေ့ရ တယ်''ဟုဆိုပြီး ကလေးငယ်၏ဖခင်ဖြစ်သူက ရှင်းပြခဲ့သည်။

မန္တလေး သုံးလောင်းပြိုင်လူသတ်မှု တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သူများ ကို ဖော်ထုတ်နိုင်

Photo: မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် ဦးဆောင်သော    အထူးအမှုစစ်အဖွဲ့သည် မန္တလေး သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက်ချက်ရရှိသည့် သတင်းများအပေါ် အဖွဲ့လိုက် တွေ့ဆုံခြင်း တို့ကို  ဆောင်ရွက်ခဲ့ရာ တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သူများ ကို  ဖော်ထုတ်နိုင်ခဲ့ကြောင်း  သတင်း ရရှိသည်။

ဖော်ထုတ်နိုင်မှုမှာ     အဆိုပါ အခင်းဖြစ်  နေအိမ်ခြံဝင်း၏ မြောက် ဘက်တစ်ကွက်ကျော်ရှိ ကုမ္ပဏီတွင် တပ်ဆင်ထား သော CCTV မှတ်တမ်း များအား တိုင်းအကူတပ်ဖွဲ့ခွဲ မှုခင်း အကူဌာနစု တာဝန်ခံရဲအုပ်ရဲမြင့်နှင့် အဖွဲ့မှ စည်းရုံးရယူပြီး အောက်တိုဘာ ၈ ရက်က  စိစစ်ကြည့်ရှုလေ့လာရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ က လူနှစ်ဦး စီးနင်း လာသော မော်တော်ဆိုင်ကယ်တစ်စီးသည် ကုမ္ပဏီ ရှေ့မှ (၆၉)လမ်းအ တိုင်း ဖြတ် သန်း မောင်းနှင်လာပြီး အခင်းဖြစ် ကုမ္ပဏီ နေအိမ်ခြံဝင်းရှေ့၌   ရပ်သွားသည်ကို တွေ့ရှိရကြောင်း၊ CCTV မှတ်တမ်းပါ မော်တော်ဆိုင်ကယ်အား လေ့လာရာ ဒလက်ဘီးများ   တပ်ဆင်ထားပြီး နောက်မြီး အချွန်ပုံ သဏ္ဌာန်ရှိကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူမှာ ဆံပင်ထူ၊ ခန္ဓာကိုယ်ဝတုတ်၊ နောက်ထိုင်စီးသူမှာ ခန္ဓာကိုယ်ပိန်သွယ်၊ မျက်နှာသွယ်သူ ဖြစ်ကြောင်း စိစစ်တွေ့ရသည်။

အထူးအမှုစစ်အဖွဲ့မှ    ကုမ္ပဏီ ဝန်ထမ်းများတစ်ဦးချင်း၏လှုပ်ရှား သွားလာပုံနှင့် အကျင့်စာရိတ္တတို့အား စောင့်ကြည့် လေ့လာခဲ့ရာ ယာဉ်မောင်း တာဝန်ဆောင်ရွက်သူ အောင်ကျော် ဟိန်း(ခ) အောင်ကျော်သည် အခင်း မဖြစ်မီ ၄/၅ ရက်ခန့်ကပင်  မီးခံ သေတ္တာထားရှိသည့် အခန်းအတွင်းသို့ အကြောင်းမဲ့ဝင်/ထွက်မှုများပြားခြင်း၊ အခင်းဖြစ်သည့် အောက်တိုဘာ ၂ ရက် က ကုမ္ပဏီပိုင်ငွေကျပ်သိန်း ၂၀၀ ခန့် အား ဘဏ်သို့ပေးသွင်းရန် မော်တော် ယာဉ်ဖြင့် သွားရောက်ရာတွင်လည်း သွားလာနေကြမဟုတ်သည့်   လမ်းမှ မောင်းနှင်ခြင်း၊  အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက အောင်ကျော်ဟိန်း မှာ ကုမ္ပဏီခြံဝင်းအတွင်းရှိ မော်တော် ယာဉ်များအား ခြံပြင်သို့ထုတ်ပြီးနောက် စစ်ကိုင်းမြို့သို့      အကြောင်းမဲ့ သွားရောက်ကာ နေမကောင်းသည်ဟု အကြောင်းပြပြီး ခွင့်တိုင်ကြားခဲ့ခြင်း စသည့် မသင်္ကာဖွယ်ရာ သတင်းစကား များကြားသိခဲ့ရသည်။

ဃဃွှဠ မှတ်တမ်းတွင်  ပါရှိသည့် ဆိုင်ကယ်မောင်းနှင်သူ၏ ပုံသဏ္ဌာန် နှင့် ယာဉ်မောင်း အောင်ကျော်ဟိန်း၏ ပုံသဏ္ဌာန်တို့ ဆင်တူသည်ဟု သုံးသပ် ရရှိပြီး အောင်ကျော်ဟိန်း စီးနင်းသည့် ဆိုင်ကယ်မှာလည်း    ဒလက်ဘီး တပ်ဆင်ထားသည့် ၁၂၅ အမျိုးအစား ဆိုင်ကယ်ဖြစ်ကြောင်း   သိရသဖြင့် အောက်တိုဘာ  ၈     ရက်တွင် အောင်ကျော်ဟိန်းအား  တိုင်းမှုခင်း အကူဌာနစုရုံးသို့  ခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အောင်ကျော်ဟိန်းသည် အောက်တိုဘာ ၁ ရက်က သူငယ်ချင်းဖြစ်သူ သောင်းစုဇင်  ဖုန်းဆက်ခေါ်သဖြင့် ၎င်းပိုင်အနက်ရောင် အမျိုးအစား ဆိုင်ကယ်အမှတ်  ၃၃ယ/---နှင့် ချမ်းမြသာစည်မြို့နယ်  ကံသာယာ ရပ်ကွက်  နေအိမ်သို့ သွားရောက်ခဲ့ ကြောင်း၊ နေအိမ်တွင်ရောက်ရှိနေသူ သောင်းစုဇင်အားခေါ်ယူပြီး   ကျုံး တစ်ပတ် လှည့်လည် မောင်းနှင်ကာ ကုမ္ပဏီရုံးသို့  အလည်အပတ်သွား ရောက်ခဲ့ကြောင်း၊ ကုမ္ပဏီရုံးအဝင် ထိပ်အတွင်းဘက်ရှိ  လုံခြုံရေးကင်း တဲနေရာတွင် အစောင့်တာဝန်ကျသူ ဦးတင်လှိုင်နှင့်တွေ့ဆုံကာ  စကား ပြောနေစဉ်  သောင်းစုဇင်နှင့်ဦးတင်လှိုင် တို့စကားများရန်ဖြစ်ရာမှ ဦးတင်လှိုင်အား သောင်းစုဇင်က ဆံပင်ဆွဲ၍ အင်္ဂတေကြမ်းပြင်နှင့်    ဆောင့်ခဲ့ကြောင်း၊ ယင်းနောက် အနီးရှိအုတ်ခဲ ကျိုးဖြင့် ဦးတင်လှိုင်၏ ဦးခေါင်းအား ထုရိုက်ခဲ့ကြောင်း၊ ယင်းနောက် ကား ကြားအတွင်း   အိပ်နေသူ ဦးဟန် သောင်းအား သောင်းစုဇင်က အုတ်ခဲ ကျိုးဖြင့်   ဦးခေါင်းအားထုရိုက်ပြီး အောင်ကျော်ဟိန်းက ဦးဟန်သောင်း ပါးစပ်အတွင်းသို့    ကားသုတ်သည့်  ပုဆိုးစုတ်ဖြင့်   ထိုးသွင်းခဲ့ကြောင်း၊ ထိုစဉ် ဒေါ်ခင်ခင်ဝင်း(ခ)  မကြည် ဟန်မှာ  အိပ်နေရာမှထလာသည်ကို တွေ့ရှိရသဖြင့် အောင်ကျော်ဟိန်းက ဆံပင်ဆွဲကာ တိုင်ဖြင့်ဆောင့် ရိုက်ခဲ့ ကြောင်း၊    အရိုက်ခံရသူသုံးဦးလုံးမှာ လှုပ်ရှားမှုမရှိတော့သော်လည်း မသေ မည်ကို   စိုးရိမ်သဖြင့် ၎င်းတို့နှစ်ဦး တိုင်ပင်ပြီး    ဆိုင်ကယ်တူးဘောက် အတွင်း အသင့်ပါလာသော ဆေးထိုး အပ်အား ယူဆောင်ပြီး ခြံဝင်းအတွင်း ထားသော ကားတစ်စီးရှိ ဘက်ထရီအိုး အတွင်းမှအက်စစ်အားစုပ်ယူကာရိုက်နှက်ခံထားရသူ  သုံးဦး၏ဝဲရင် အုံနေရာများအား ထိုးသွင်းခဲ့ကြောင်း ထွက်ဆိုသိရှိရသည်။

ယင်းနောက် နှစ်ဦးသားတိုင်ပင်ပြီး ကားတစ်စီးအတွင်းမှ ဟန်တယ်ကို ယူကာ တံခါးမကြီးသော့အား ဖျက်ဆီး ပြီး နေအိမ်အတွင်း  ဝင်ရောက်ခဲ့ ကြောင်း၊ နေအိမ်အပေါ်ထပ်ရှိ မီးခံ သေတ္တာထားသည့် အခန်းအား  သော့ ဖျက်ဝင်ရောက်ပြီး အသင့်ယူဆောင် လာသည့် ဝက်အူလှည့်ဖြင့်  မီးခံ သေတ္တာအား ဖွင့်ရာမရသဖြင့် ပြန်ဆင်း လာပြီး  ဆိုင်ကယ်ဖြင့်   အခင်းဖြစ် နေအိမ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ မီးခံသေတ္တာပေါ်တွင်   တွေ့ရှိသည့် အစိမ်းရောင် အိတ်အား ယူဆောင်ကာ ၎င်းတို့အသုံးပြုခဲ့သည့်  ပစ္စည်းများ အားထည့်၍ ခိုင်လီကြက်ချဉ်စပ်စားသောက်ဆိုင်အနီး လမ်းဘေးချုံတော အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ အဝတ် အစားများအား ပြည်ကြီး တံခွန်မြို့နယ် ယောမင်းကြီးလမ်း တောင်ဘက်ရှိ ရေမြောင်းထဲသို့ လွှင့်ပစ်ခဲ့ကြောင်း သိရသည်။   သောင်းစုဇင်(၂၀)နှစ် မှာလည်း အောင်ကျော်ဟိန်း ကျူးလွန် သကဲ့သို့ပင်    ဝန်ခံထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့က   ဆက်လက်အရေး ယူ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အထက်ပါအမှု ပေါ်ပေါက်ရခြင်းမှာ ကုမ္ပဏီဝန်ထမ်းများ၏   ပူးပေါင်းပါဝင် မှု၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှု တို့ကြောင့် ပေါ်ပေါက်ခဲ့ရခြင်းဖြစ်၍ ပြည်သူလူထုအနေဖြင့်  မှုခင်းများ ဖော်ထုတ်ရာတွင်  ရဲတပ်ဖွဲ့နှင့် ပူးပေါင်း  ဆောင်ရွက်သင့်ကြောင်း ရဲတပ်ဖွဲ့က အကြံပြုထားသည်။

တင်မောင်(မန္တလေး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
 
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် ဦးဆောင်သော အထူးအမှုစစ်အဖွဲ့သည် မန္တလေး သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက်ချက်ရရှိသည့် သတင်းများအပေါ် အဖွဲ့လိုက် တွေ့ဆုံခြင်း တို့ကို ဆောင်ရွက်ခဲ့ရာ တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သူများ ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

ဖော်ထုတ်နိုင်မှုမှာ အဆိုပါ အခင်းဖြစ် နေအိမ်ခြံဝင်း၏ မြောက် ဘက်တစ်ကွက်ကျော်ရှိ ကုမ္ပဏီတွင် တပ်ဆင်ထား သော CCTV မှတ်တမ်း များအား တိုင်းအကူတပ်ဖွဲ့ခွဲ မှုခင်း အကူဌာနစု တာဝန်ခံရဲအုပ်ရဲမြင့်နှင့် အဖွဲ့မှ စည်းရုံးရယူပြီး အောက်တိုဘာ ၈ ရက်က စိစစ်ကြည့်ရှုလေ့လာရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ က လူနှစ်ဦး စီးနင်း လာသော မော်တော်ဆိုင်ကယ်တစ်စီးသည် ကုမ္ပဏီ ရှေ့မှ (၆၉)လမ်းအ တိုင်း ဖြတ် သန်း မောင်းနှင်လာပြီး အခင်းဖြစ် ကုမ္ပဏီ နေအိမ်ခြံဝင်းရှေ့၌ ရပ်သွားသည်ကို တွေ့ရှိရကြောင်း၊ CCTV မှတ်တမ်းပါ မော်တော်ဆိုင်ကယ်အား လေ့လာရာ ဒလက်ဘီးများ တပ်ဆင်ထားပြီး နောက်မြီး အချွန်ပုံ သဏ္ဌာန်ရှိကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူမှာ ဆံပင်ထူ၊ ခန္ဓာကိုယ်ဝတုတ်၊ နောက်ထိုင်စီးသူမှာ ခန္ဓာကိုယ်ပိန်သွယ်၊ မျက်နှာသွယ်သူ ဖြစ်ကြောင်း စိစစ်တွေ့ရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis