
(တစ်)
ဆြာဒင့်အိမ်နောက်က တောအုပ်ငယ်မှာ ပိန်းပိတ်အောင် မှောင်မိုက်နေ၏။ ပုစဉ်းရင်ကွဲသံ မှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော အကာလညအခါပေတည်း။ သက်ကြီးခေါင်းချချိန်လွန်ခဲ့ပြီ။ အိပ်ရာအနီးစားပွဲပေါ်မှ ဖွင့်လျက်သားကွန်ပျူတာနှင့်ကပ်လျက်ရှိသော မှိန်ပျပျစာကြည့်မီး အလင်းရောင်လဲ့လဲ့အောက်တွင် ဆြာဒင်တစ်ယောက်အိပ်၍ မပျော်နိုင်သေးချေ။ အိပ်ရာပေါ်တွင်လဲလျောင်းလိုက်၊ကွန်ပျူတာရှေ့တွင်ထထိုင်လိုက်ဖြင့် ဖေ့စ်ဘွတ်ခ်နှင့်အလုပ်ရှုပ်လျက်ရှိ၏။အထူးသဖြင့် ကွန်ပျူတာဆီမှတိန်ခနဲ အသံကြားလျှင် ဆြာဒင်သည် ဆတ်ခနဲကွန်ပျူတာဆီသို့ ထသွားကာ မောက်စ်ခလုတ်ကို ကောက်ကိုင်လှုပ်ယမ်းရင်းတစ်စုံတစ်ခုသောအာရုံတွင် စိတ်ဇောကပ်လျက်ရှိ၏။
ဆြာဒင်၏စိတ်ဇောအာရုံကို ဖမ်းစားညှို့ယူ၊ ရတက်ပူစေသည် ကား LIKE ဟူသောအရာပေ တည်း။ ဖေ့စ်ဘွတ်ခ်လောကတွင် LIKE သည်လွန်စွာအဖိုးတန်လှ ၏။ LIKE များများရရေးသည် အရေးကြီး၏။ LIKE သည်သာ ဆြာဒင့်ဘဝ၊ LIKE သည်သာ ဆြာဒင်၏ကိုးကွယ်ရာပေတည်း။
လွန်ခဲ့သောနာရီဝက်ခန့်က ဆြာဒင်၏ဖေ့စ်ဘွတ်ခ်တွင် ဆြာ ဒင်တင်ခဲ့သော စတေးတပ်က ‘ဝတ်ကြောင်ကိုလွတ်အောင်ရုန်း မယ်လို့ကတုံးစိန်ကကြံ’ဟူ၏။ ရှေးခေတ်ဗမာဇာတ်မင်းသားကြီး ဦးစိန်ကတုံး၏ ညီတော်မင်းနန် နှစ်ပါးသွားမြိုင်ထသီချင်းမှ အပိုင်းအစတစ်ခုမျှသာဖြစ်လေသည်။ ယင်းစတေးတပ်တင်ပြီးသည်၏ နှစ်မိနစ်မရှိတရှိမှာပင် LIKE သူဦးရေငါးဆယ်ကျော်လေပြီ။ တစ်ဦးသောဖေ့စ်ဘွတ်ခ်မိတ်ဆွေကမူဆြာဒင်၏စတေးတပ်ကို မည်သို့သဘောပေါက်လေသည်မသိ။ ‘သြော် . . . ဆြာဒင် ကတုံးကေနဲ့ဖြစ်သွားပြီကိုး’ဟု Comment မှတ်ချက်ပြု၏။ ကိစ္စမရှိလေ။ ဆြာဒင့်မျှော်လင့်သည့်အဓိက အချက်မှာLIKE များများရရေးသာမဟုတ်တုံလော။
ဆြာဒင့်အိမ်နောက်က တောအုပ်ငယ်မှာ ပိန်းပိတ်အောင် မှောင်မိုက်နေ၏။ ပုစဉ်းရင်ကွဲသံ မှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော အကာလညအခါပေတည်း။ သက်ကြီးခေါင်းချချိန်လွန်ခဲ့ပြီ။ အိပ်ရာအနီးစားပွဲပေါ်မှ ဖွင့်လျက်သားကွန်ပျူတာနှင့်ကပ်လျက်ရှိသော မှိန်ပျပျစာကြည့်မီး အလင်းရောင်လဲ့လဲ့အောက်တွင် ဆြာဒင်တစ်ယောက်အိပ်၍ မပျော်နိုင်သေးချေ။ အိပ်ရာပေါ်တွင်လဲလျောင်းလိုက်၊ကွန်ပျူတာရှေ့တွင်ထထိုင်လိုက်ဖြင့် ဖေ့စ်ဘွတ်ခ်နှင့်အလုပ်ရှုပ်လျက်ရှိ၏။အထူးသဖြင့် ကွန်ပျူတာဆီမှတိန်ခနဲ အသံကြားလျှင် ဆြာဒင်သည် ဆတ်ခနဲကွန်ပျူတာဆီသို့ ထသွားကာ မောက်စ်ခလုတ်ကို ကောက်ကိုင်လှုပ်ယမ်းရင်းတစ်စုံတစ်ခုသောအာရုံတွင် စိတ်ဇောကပ်လျက်ရှိ၏။
ဆြာဒင်၏စိတ်ဇောအာရုံကို ဖမ်းစားညှို့ယူ၊ ရတက်ပူစေသည် ကား LIKE ဟူသောအရာပေ တည်း။ ဖေ့စ်ဘွတ်ခ်လောကတွင် LIKE သည်လွန်စွာအဖိုးတန်လှ ၏။ LIKE များများရရေးသည် အရေးကြီး၏။ LIKE သည်သာ ဆြာဒင့်ဘဝ၊ LIKE သည်သာ ဆြာဒင်၏ကိုးကွယ်ရာပေတည်း။
လွန်ခဲ့သောနာရီဝက်ခန့်က ဆြာဒင်၏ဖေ့စ်ဘွတ်ခ်တွင် ဆြာ ဒင်တင်ခဲ့သော စတေးတပ်က ‘ဝတ်ကြောင်ကိုလွတ်အောင်ရုန်း မယ်လို့ကတုံးစိန်ကကြံ’ဟူ၏။ ရှေးခေတ်ဗမာဇာတ်မင်းသားကြီး ဦးစိန်ကတုံး၏ ညီတော်မင်းနန် နှစ်ပါးသွားမြိုင်ထသီချင်းမှ အပိုင်းအစတစ်ခုမျှသာဖြစ်လေသည်။ ယင်းစတေးတပ်တင်ပြီးသည်၏ နှစ်မိနစ်မရှိတရှိမှာပင် LIKE သူဦးရေငါးဆယ်ကျော်လေပြီ။ တစ်ဦးသောဖေ့စ်ဘွတ်ခ်မိတ်ဆွေကမူဆြာဒင်၏စတေးတပ်ကို မည်သို့သဘောပေါက်လေသည်မသိ။ ‘သြော် . . . ဆြာဒင် ကတုံးကေနဲ့ဖြစ်သွားပြီကိုး’ဟု Comment မှတ်ချက်ပြု၏။ ကိစ္စမရှိလေ။ ဆြာဒင့်မျှော်လင့်သည့်အဓိက အချက်မှာLIKE များများရရေးသာမဟုတ်တုံလော။

![Photo: [ Satire ]
ပြင်ပြင်၊ မပြင်ပြင် ..... ငါ့ထိုင်ခုံ ပြန်ပေး
ဒီရပ်ကွက်လေးက လူတော်တော် စုံတယ်။ ကြံ့ခိုင်ရေးလည်း ရှိတယ်။ အန်အယ်လ်ဒီလည်း ရှိတယ်။ ရာအိမ်မှူးတွေ ရှိတယ်။ စီအိုင်ဒီက ရဲမေလည်း ရှိတယ်။ စစ်သား မိန်းမလည်း ရှိတယ်။ စွမ်းအားရှင် လိုလိုတွေ၊ အရန်မီးသတ်လိုလို တွေကလည်း ရှိတယ်။
သူတို့တွေရှိတာ ပျော်စရာ သိပ်ကောင်းတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် မှိုချိုးမျှစ်ချိုး ပြောကြတယ်။
ကိုထွေးကို ကိုညိုက “ဖွတ်မျိုးတွေ” လို့ ခေါ်တယ်။ ကိုထွေးကတော့ ကိုညိုကို ဒီလိုပြောတယ်။ “ထဘီ လိုက်ဆွဲနေတဲ့ အကောင်” တဲ့။
ကိုညိုကတော့ သူ့ကိုယ်သူ ဒီမိုမောင်ညိုလို့ ကင်ပွန်းတပ်တယ်။
ကိုထွေးကတော့ “မောင်ညိုက ဒီမို မဟုတ်ဘူး။ ဟိုမိုကွ။ ခြောက်နေတာ” လို့ ပြောတယ်။
ဟိုးအရင် အစိမ်းရောင် ခေတ်တုန်းကတော့ ရပ်ကွက်ထဲမှာ အရန်မီးသတ်ယောင် ဆောင်ထားတဲ့ စွမ်းအားရှင်တွေနဲ့ သူတို့ကို နောက်ကွယ်က ထိန်းချုပ်ထားတဲ့ အမျိုးသား နိုင်ငံရေးအသင်းက လူတွေကို ကြောက်ရတယ်။
အခုခေတ်ကျတော့ ဒီမိုကိုညိုကို ကြောက်ကြရပြန်တယ်။ ဒီမို ကိုညိုက သူ့ကို မခန့်လေးစားလုပ်ရင် “ငါ့အမေနဲ့ တိုင်ပြောမယ်” လို့ အမြဲပြောတယ်။ သူ့အမေက နည်းနည်း ပေါက်ပေါက်ရောက်ရောက် ရှိတော့ ရပ်ကွက်သားတွေက ကြောက်ကြတယ်။
ကိုထွေးကတော့ သူနဲ့ ရန်ဖြစ်ရင် “အဘနဲ့ တိုင်ပြောမှာနော်” တဲ့။ သူ့ကိုတော့ အရင်ကတည်းက လူရာ မသွင်းဘူးလေ။ ငပေါကြီးလို့ပဲ သတ်မှတ်ထားတာ။ ဒါပေမဲ့ သူ့ အဘတွေကိုတော့ ကြောက်ရတုန်းပဲ။
ဒီမိုကိုညိုက စစ်သားမိန်းမ ဒေါ်ချိုကိုလည်း ကြည့်မရဘူး။ စီအိုင်ဒီက ရဲမေ မသိန်းကိုလည်း ကြည့်မရဘူး။ ဒီမိုကိုညိုက သူတို့ကို “စစ်ခွေး နောက်လိုက်တွေ” လို့ ခေါ်တယ်။
ဒေါ်ချိုနဲ့ မသိန်းကတော့ ဘာမှ မပြောပါဘူး။ သူ့ဘာသာ ဘယ်လိုခေါ်ခေါ် ကိုယ့်ထမင်း ကိုယ်ရှာစား နေရတာတဲ့။
ဒီမိုကိုညိုရဲ့ အပေါင်းအသင်း အဟောင်းတွေကတော့ သူ့ကို အခုလို မှတ်ချက်ပြုတယ်။
“သူခိုးပြေးမှ ထိုးကွင်း ထနေတာပါ။ ၂၀၀၇ တုန်းက အပြင်သွားဖို့ ခေါ်တာတောင် ဖျားနေလို့တဲ့”
ဒါပေမဲ့ အခုတော့ ဒီမိုကိုညိုက သူတို့ ပါတီမှာ အကောင် ဖြစ်နေပြီ။ အရင်နှစ်တုန်းက ပါတီက ထုတ်တဲ့ ဂျာနယ် ကိုယ်စားလှယ် ယူပြီး ရပ်ကွက်ထဲ လှည့်ရောင်းတာ တော်တော်လေး မြတ်လိုက်ဖူးတယ်။
တစ်ခုပဲ ပြောစရာရှိတယ်။
ကိုညိုက ထောင်မကျဖူးတာပဲ။
ဒါကိုလည်း နောင်တရလို့ မဆုံးဘူး။ ဒါပေမဲ့ ဂျာနယ် ရောင်းပေးတဲ့အတွက် ၂၀၁၅ မှာတော့ ရပ်ကွက်စည်းရုံးရေး ကိုယ်စားလှယ်ဖြစ်ဖို့ ရေပန်းစား နေပြီ။
ကိုထွေးက ပေါတောတောမို့ လူချစ်လူခင် များပါတယ်။ ဒါပေမဲ့ ဘဘကြီးတို့ ပါတီကဆိုတော့ လူမမြင်ရသေးခင် အသံကြားကတည်းက နားကြောက စိမ့်နေပြီ။
ကိုထွေးတို့ ပါတီကို တည်ထောင်ခဲ့တာက ပြည်သူအားလုံး လေးစားချစ်ခင် အားကျခဲ့ရတဲ့ စာဖတ်နေသူကြီး မဟုတ်လား။ အရင်ခေတ်တုန်းကတော့ ကိုထွေးတို့ ခေတ်ကောင်းတာပေါ့။ လမ်းထိပ်က ဈေးဆိုင်တွေ အကုန်ပိတ်ရမယ် ဆိုတုန်းကလည်း ကိုထွေးပဲ အီးအိုကို ဝင်ပြောခဲ့တာလေ။ ကိုထွေးကိုတော့ ဘာညာသာရကာ အာရကေလေး ပေးရတာပေါ့။ အခုတော့ ဈေးသည်တွေက ကိုထွေးနဲ့ စကားပြောရမှာပဲ ရှက်သလိုလို။
အရင် ကိုထွေးက စည်ပင်နဲ့လည်း ပိုင်တယ်။ ရယကနဲ့လည်း ပိုင်တယ်။ အခုတော့ ရာအိမ်မှူးတွေကလည်း ခပ်ခွာခွာ လုပ်နေပြီ။
အရင်က အရန်မီးသတ်တစ်ပိုင်း ဖြစ်ခဲ့တဲ့ လူတွေကလည်း မီးသတ်တစ်ပိုင်း၊ ကြက်ခြေနီတစ်ပိုင်း လုပ်ပြီး ကိုထွေးကို စွန့်ခွာသွားပြီ။
ဘာတဲ့ “အဲ့ဒီ ပါတီကလို့ ပြောတာ ရှက်စရာ ကောင်းသတဲ့”
အခုတစ်လော ရပ်ကွက်ထဲမှာ လူအကုန်လုံးက ညောင်နှစ်ပင် ဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်တစား ဖြစ်နေကြပြီ။
ဘာတဲ့။
ဒီမို ကိုညိုက သူ့အမေကို သမ္မတ မဖြစ်အောင် ပိတ်ပင်ထားတဲ့ ညောင်နှစ်ပင် ဥပဒေထဲက ၅၉ (စ) ကို ပြင်ရမယ်တဲ့။ မပြင်ရင် လမ်းပေါ်ထွက် ဆန္ဒပြမယ်ဆိုပဲ။ သူ့အမေ သမ္မတဖြစ်မှ တိုင်းပြည် တိုးတက်မှာဆိုပဲ။
အခုဆို ဒီမိုကိုညိုမှာ ပြင်ဆင်ရေးသမားတွေ တော်တော်များများ ရှိနေပြီ။
ကိုထွေးကတော့ ညောင်နှစ်ပင် ဥပဒေထဲက ၅၉ (စ) ကို ပြင်လို့ မဖြစ်ဘူးတဲ့။ အဲ့ဒါကို ပြင်လိုက်ရင် လူမျိုးခြား၊ ဘာသာခြားတွေ မြန်မာနိုင်ငံကို ကြီးစိုးသွားလိမ့်မယ်တဲ့။ ရပ်ကွက်ကလည်း ဘာသာရေး သိပ်ပြင်းထန်တဲ့ ရပ်ကွက်မို့ ကိုထွေးကို ထောက်ခံကြပြန်တယ်။
ဒါကြောင့် ရပ်ကွက်က ဒီမို ကိုညိုကို ပြင်ဆင်ရေးသမားလို့ ခေါ်တယ်။ ကိုထွေးကိုတော့ ပုတ်သင်ညိုတဲ့။ ဘာလာလာ ထောက်ခံလို့ဆိုပဲ။
ဒီမို ကိုညိုနဲ့ ကိုထွေးတို့ လုပ်လိုက်တာ တစ်အိမ်တည်းမှာတောင် မိသားစုတွေ စိတ်ဝမ်း ကွဲကုန်ပြီ။ ဟိုတစ်နေ့ကတောင် မျက်စောင်းထိုး အိမ်က အဘိုးကြီးနဲ့ သူ့သား “ပြင်မယ်” “မပြင်ဘူး” အော်ရင်း ရန်ဖြစ်ကြတယ်။
ရပ်ကွက်ထဲက တစ်ဦးတည်းသော ကွန်မြူနစ်ကြီးတော့ ပြောတာ ရှင်းတယ်။
“အဲ့ဒီစာအုပ် တစ်ခုလုံး မီးရှို့ပြီး အသစ် ပြန်ရေးရမှာ” တဲ့။
အဲ့ဒီ ကွန်မြူနစ် ဘဘကြီးကိုတော့ တစ်ရပ်ကွက်လုံး ကြောက်ကြတယ်။ စိတ်မထင်ရင် အော်ဆဲပြီး ထိုးမယ် တကဲကဲ လုပ်တတ်တာ။
ဒီကြားထဲမှာ ဒေါ်ချိုကလည်း ကျိတ်ဝမ်းသာနေတယ်။ ပြင်မယ်၊ မပြင်ဘူးနဲ့ တစ်တိုင်းပြည်လုံး ရန်ဖြစ်ရင် သူ့ယောက်ျား အခြေအနေကောင်းပြီး အခွင့်အရေးတွေ ရလာနိုင်တယ် ဆိုပြီးတော့ပေါ့လေ။
ဒေါ်သိန်းကတော့ ရန်တွေဖြစ်လို့ အမှုတွေ စီအိုင်ဒီ ရောက်လာရင် လက်ဗွေရာတွေ စစ်ရတာ စိတ်ညစ်ဖို့ ကောင်းတယ်ဆိုပြီး တွေးပူနေတယ်။
အရန်မီးသတ်လိုလို၊ ကြက်ခြေနီလို လိုတွေကတော့ ယူနီဖောင်းကို မီးပူ တိုက်နေတယ်။ သူတို့ကတော့ ရုတ်ရုတ်ဖြစ်ရင် ဧည့်စာရင်း စစ်ရမှာဆိုပြီး ပျော်နေတယ်။
“ဧည့်စာရင်း စစ်ရင် ခြင်ထောင် လှန်ရမှာ” ဆိုပဲ။
ဘာတွေမှန်းကို မသိတော့ပါဘူး။
လောလောဆယ်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကတော့ လော်စပီကာနဲ့ လိုက်အော်နေတယ်။
“ဧည့်စာရင်း မတိုင်ပါက မိမိတာဝန်သာ ဖြစ်ပါသည်” တဲ့။
တစ်နေ့ နေပူပူမှာ လမ်းထောင့်က အရူးကြီးက “ပြင်ပြင်၊ မပြင်ပြင် ..... ငါ့ထိုင်ခုံပြန်ပေး .... ဝေးဟေး ဟေး ပလို့ဂျိ” လို့ ဘာမှန်း မသိတဲ့သီချင်းကို ဆိုပြီး ကနေပါတယ်။
စိုပြေ (သံချောင်းပါတီ)](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/t1/1897867_709922779027984_1076156615_n.jpg)
![Photo: [ Satire ]
အားနာပါသည် M.P.T
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ လာတော့မည်။ သူတို့ကလည်း လိုင်စင် ချပေးလိုက်သည့် အစိုးရကိုမှ မျက်နှာမထောက်။ စစချင်း ဆောက်နှင့်ထွင်းသလို ရှစ်လအတွင်း ဖုန်းကတ်သန်း ၃၀ ထုတ်လုပ် ရောင်းချမည်ဟု ကြေညာသည်။
ယခု မဲဖောက်ကာ ရောင်းနေသည့် ၁၅၀၀ ကျပ်ထက် နည်းသော ဈေးနှုန်းဖြင့် ရောင်းမည်ဟုလည်း ကြေညာလိုက်သည်။ ပြောခလည်း လျှော့ပေးဦးမည်တဲ့။
လက်ရှိ ဆင်းမ်ကတ် ရောင်းနေသည့် အစိုးရနှင့် ပါတနာကြီးတို့ မျက်လုံး ပြူးသွားသည်။ ငါတို့ ခွင်ပျောက်တော့မှာပဲ ဟုလည်း တွေးကြသည်။ ခွင်ပျောက်လျှင် နောက်ခွင် အသစ်တစ်ခုလည်း စဉ်းစားကြသည်။ ပြည်သူတွေကလည်း လက်ရှိ လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ဒါကို လက်ရှိ ဆင်းမ်ကတ် ရောင်းနေသူတွေလည်း သိကြသည်။
ဒါကြောင့် သူတို့ကလည်း ပြည်ပ ကုမ္ပဏီတွေလို ကြေညာလိုက်သည်။ လာမည့် သြဂုတ်လအတွင်း ဆင်းမ်ကတ်တွေ အလကား ဝေမည်ဟု ဖြစ်သည်။ သို့သော် ပြည်သူတွေက မရတော့။ ပြည်ပမှ ပြည်ပ ဖြစ်ကုန်ပြီ။
တို့ပြည်သူတွေက အငြိုးအတေး ကြီးသည်။ ပြည်ပတွေ လာလို့ကတော့ ငါတို့ကို ကုပ်သွေး စုပ်ထားတဲ့ ပြည်တွင်းက ကောင်တွေကို လှည့်တောင် မကြည့်ဘူးဟု ဆုံးဖြတ်ထားသည်။ အခုလို ပြည်ပတွေ မလာခင်တုန်းတော့ ဒီကောင်တွေကို သည်းခံပြီး ပေါင်းလိုက်ဦးမည်ဟု တွေးထားကြသည်။
လက်ရှိ အဖြစ်အပျက်ကြောင့် ရွာက ကိုမြကြီး အရက်ဆိုင်ကို သတိရမိသည်။ စိုပြေတို့ ရွာကား ရန်ကုန် ရွှေမြို့တော်ကြီးနှင့် ဝေးကွာလွန်းလှသော တနင်္သာရီတိုင်း ဒေသကြီးအတွင်း တည်ရှိသည်။ အချိန်ကာလက လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်သည်။
ရွာတွင် ကိုမြကြီး၏ အရက်ဆိုင်က နာမည်ကြီးသည်။ နာမည်ကြီးသလောက် ဆိုင်ကလည်း ကြီးသည်။ အဘယ်ကြောင့် နာမည်ကြီးသနည်း။ ရွာတွင် တစ်ဆိုင်တည်းသော အရက်ဆိုင်မို့ ဖြစ်သည်။ ဒီလို တစ်ဆိုင်ထဲသော အရက်ဆိုင် ဖြစ်ဖို့ကလည်း မလွယ်လှ။
သူကြီးခေါ် ဥက္ကဋ္ဌကိုလည်း ပေးရသည်။ ရဲလည်း ပေးရသည်။ ပြည်သူ့စစ်လည်း ပေးရသည်။ မီးသတ်လည်း ပေးရသည်။ စွမ်းအားရှင်ကိုလည်း ခွံ့ရသည်။
အို... ရွာတွင် အာဏာရှိသူ မှန်သမျှအကုန် ပေးရသည်။
ပေးရုံနှင့် အားမရ။ အရက်လည်း အလကား တိုက်ရသည်။ အမြည်းလည်း အလကား ကျွေးရသည်။ သူ့တင်ပဲလားဆိုတော့ မဟုတ်။ ရွာဦးကျောင်းကိုလည်း လှူရသေးသည်။ ဒီလိုလှူမှ ရွာသားတွေ ကြည်ဖြူကြမည်လို့ တွက်ထားပုံ ရသည်။
ဒီလိုပေးဖို့၊ ဒီလို လှူဖို့အတွက် အရက် ရောင်းရသည်။ အရက်ဆိုင်ကလည်း တစ်ဆိုင်တည်းမို့ တော်သေးသည်။ တစ်ရွာလုံး တစ်ဆိုင်တည်းမို့ စိတ်ကြိုက်ဈေး တင်ရောင်းသည်။ အရက်ဖြူ တစ်ပုလင်း မြို့မှာ တစ်ရာ ရောင်းသည်။ ကိုမြကြီးတို့ကတော့ ရွာမှာ ငါးရာနှင့် ပြန်ရောင်းသည်။ ဓနိရည်ကို အခြားရွာများထက် ဈေးသုံးဆလောက် တင်ရောင်းသည်။ ဘီယာလည်း ထိုနည်း၎င်း။ ဝီစကီဆိုလျှင် လေးငါးဆ တင်ရောင်းသည်။ ကိုမြကြီး ဟန်ကျသည်။
ဘေးရွာတွေကလည်း အလှမ်းဝေး။ မြို့ကိုလည်း သွားမသောက်နိုင်။ ဒီလိုဆိုတော့ တစ်ရွာလုံးမှာလည်း တစ်ဆိုင်၊ ရှိသမျှ ရွာသားတွေက ကိုမြကြီးတို့ ဆိုင်မှာပင် အံကလေး ကြိတ်ကာ အားပေးကြသည်။
ကိုမြကြီး မြတ်သည်။ တော်တော်လေး မြတ်သည်။ ရွာသားတွေ အားပေးလွန်းသဖြင့် တခါတစ်ရံ ဆိုင်မှာ အရက်ပင် ပြတ်သွားတတ်သည်။ ဒူးရင်းသီးပေါ်ချိန်၊ တညင်းသီး သီးချိန်များ ဆိုလျှင်တော့ ကိုမြကြီးဆိုင်က အရက်ကို လိုသလောက် မရောင်းနိုင်။ ဒါကြောင့် တစ်ယောက်လျှင် လစ်ပိုတစ်ပုလင်းစာသာ ရောင်းနိုင်တော့သည်။ ထိုမျှ ရောင်းကောင်းသည်။ အဲဒီ အချိန်တုန်းကတော့ ကိုမြကြီးတို့ ရွှေခေတ်ပင်။
အစတုန်းကတော့ ရွာသားတွေက ကိုမြကြီးဆိုင် ဈေးကြီးသည်ကို သိပ်မသိ။ နောက်တော့ ရွာသားတွေ မြို့ကို ဒူးရင်းသီး အရောင်းအဝယ် ကိစ္စတွေဖြင့် အရောက်များတော့ မြို့က အရက်ဈေးနှုန်းတွေ သိလာသည်။ ကိုမြကြီးဆိုင်က အရက်ဈေး တအား ကြီးလွန်းမှန်း သိလာကြသည်။
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မြို့ကို မရောက်ဖူးသူများကလည်း ကိုမြကြီးဆိုင် ဈေးကြီးလွန်းမှန်း သိကုန်ကြသည်။ ကိုမြကြီးကို ဈေးကြီးသဖြင့် ဈေးလျှော့ပေးပါဟု ဝိုင်းပြောသည်။ ဈေးကြီးလျှင် မသောက်နဲ့ဟု ကိုမြကြီးက ပြန်ပြောသည်။ ရွာသားတွေ ငြိမ်ကုန်သည်။ ကိုမြကြီးဆိုင်မှာမှ မသောက်လျှင် သောက်စရာ အရက်ဆိုင်မရှိ။ ကိုယ်တိုင် ချက်သောက်တော့လည်း သူကြီးက ဖမ်းသည်။ ဒါကြောင့် ကိုမြကြီး ကလန်ကဆန်လုပ်၍ မဖြစ်ဟု သဘောထားလိုက်ကြသည်။ ကိုမြကြီးမှာ အာဏာရှိသည်။
နောက်သုံးလေးနှစ် အကြာတွင် ရွာက ဒူးရင်းသီး ပိုင်ရှင်တစ်ဦးက အရက်ဆိုင် ဖွင့်ဖို့ ကြေညာလိုက်သည်။ ဈေးသက်သက် သာသာဖြင့် ဖွင့်မည်ဟုလည်း သတင်းလွှင့်လိုက်သည်။ ရွာက အရက်သမားတွေ ပျော်ကြသည်။
ကိုမြကြီးတို့ မိသားစု ပျာယာ ခတ်သွားသည်။ ပြိုင်ဘက်ပေါ်လာလျှင် သူတို့ ရောင်းအား ကျလိမ့်မည်။ ရွာသားတွေက ဈေးသက်သာသည့် ဆိုင်တွင်သာ သောက်ကြလိမ့်မည်။ ဒါဆို ကိုမြကြီးတို့ စီးပွားပျက် နိုင်သည်။ မဖြစ်။ ကန့်ကွက်သည်။ ဒူးရင်းခြံ ပိုင်ရှင် အရက်ဆိုင် မဖွင့်ဖြစ်အောင် လုပ်ရမည်။ သူကြီးကို သွားပြောသည်။ သူကြီးကို ငွေပေးထားကြောင်း၊ အရက်လည်း တိုက်ကြောင်း၊ ပြီးတော့ ဒူးရင်းခြံ ပိုင်ရှင်သည် ဒီရွာ ဇာတိ မဟုတ်ကြောင်း၊ ဒါကြောင့် ဒူးရင်း ခြံပိုင်ရှင် အရက်ဆိုင် မဖွင့်ရန် တားဆီးပေး သင့်ကြောင်း ပြောသည်။ ဒူးရင်းခြံ ပိုင်ရှင်နှင့်လည်း ရန်သွားဖြစ် လိုက်သေးသည်။ ကိုမြကြီးက ရွာမှာ ငါတို့ အလှူဆုံးဟု ကြွားသည်။ ရွာဦးကျောင်း ဆရာတော်ကိုလည်း သွားပြောသည်။ အခြား အရက်ဆိုင်များကို ဖွင့်ခွင့်ပေးလိုက်မည် ဆိုပါက ယခုလောက် လှူနိုင်တော့မည် မဟုတ်သဖြင့် ဆရာတော် အနေဖြင့် တားဆီးပေးရန် ဖြစ်သည်။
သို့နှင့် ဆရာတော်ကလည်း ဒူးရင်းခြံ ပိုင်ရှင်ကို အရက်ဆိုင် မဖွင့်ရန် တားဆီးသည်။ သူကြီးကလည်း တားဆီးသည်။ ရွာသားများကတော့ ဒူးရင်းခြံပိုင်ရှင် ဖွင့်မည့် အရက်ဆိုင်ကို အားထားကြသည်။ သို့သော်လည်း ဆရာတော်နှင့် သူကြီးက တားဆီးသဖြင့် မဖွင့်ဖြစ်လိုက်။
ဒူးရင်းခြံပိုင်ရှင်က မဖွင့်ဖြစ်လိုက်သဖြင့် ကိုမြကြီးက ရွာ၏ အရက်လောကကြီးကို ဆက်လက် ထိန်းချုပ်ထားနိုင်လိုက်သည်။ ရွာသားများကတော့ မကျေနပ်ကြ။ ဆန္ဒပြမည် တကဲကဲ ဖြစ်ကုန်သည်။
ကိုမြကြီး လက်ဝါးကြီး အုပ်မှုကိုလည်း သိရှိသွားကြပြီ။ အရက်သမားများတင် မကျေနပ်ကြသည် မဟုတ်။ အရက်သမားများ၏ မိသားစုများကလည်း ကိုမြကြီးကို မကျေနပ်။ ကိုမြကြီးကတော့ ဆက်လက် ပန်းပန်လျက်ပါပဲ။
အရက်ဈေးကို စိတ်ကြိုက် တင်ရောင်းသည်။ ကိုမြကြီးနှင့် မတည့်သူကို မရောင်း။
သွား... မင်း အရက်ပျံ ရေရောသောက်။ ပြီးရင်သေ။ ဒါပဲ။
သိပ်မကြာပါ။
ရွာက သူကြီး သေသွားသည်။ နောက်ထပ် သူကြီး (ဥက္ကဋ္ဌ) အသစ် တက်လာသည်။
သူကြီးအသစ်ကလည်း အရက်သမား ဖြစ်သည်။ ကိုမြကြီး အရက်ဆိုင်ကို သိပ်မကျေနပ်။ သူကြီးအသစ်က ကျေးရွာအတွင်း သတ်မှတ်ထားသော အခွန်အခများ ပေးနိုင်လျှင် အရက်ဆိုင်များ ဖွင့်နိုင်ကြောင်း ကြေညာလိုက်သည်။ အရင် ဒူးရင်းခြံပိုင်ရှင်ကတော့ အရက်ဆိုင် မဖွင့်ဖြစ်။ အခြားရွာများက သူဌေးများက အရက်ဆိုင် လာဖွင့်ကြသည်။
ထိုအခါတွင်တော့ ကျေးရွာအတွင်း ကိုမြကြီး အရက်ဆိုင် အပါအဝင် အရက်ဆိုင် လေးဆိုင်အထိ ရှိလာသည်။ နောက်ထပ် ဖွင့်သည့် အရက်ဆိုင်များက အခြားရွာများက အရက် ဈေးနှုန်းအတိုင်း ရောင်းသည်။ စားပွဲထိုး ကောင်းကောင်း ထားသည်။ အမြည်း ကောင်းကောင်းရသည်။ သန့်ရှင်း သပ်ရပ်သည်။ ရွာရှိ အရက်သမားများသည် အရက်ဆိုင် အသစ်များဆီသို့သာ သွားတော့သည်။
ကိုမြကြီးဆိုင်ကို အပေါ့ပင် ဝင်မသွားတော့။ ကိုမြကြီးလည်း ပျာပျာသလဲ ဖြစ်သွားသည်။ နေ့စဉ် သူ့ဆိုင်ကို လာသောက်သူ မရှိတော့။ အရက်ဈေးများကို အခြားဆိုင်များထက် လျှော့ရောင်းသည်။ အမြည်းကောင်းကောင်း ထားလာသည်။ သို့သော်လည်း ရွာသားများက ကိုမြကြီးကို စိတ်နာနေဆဲ။ ဘယ်သူမှ သွားမသောက်။ သပိတ်မှောက်သည်။
သို့နှင့် ကိုမြကြီးလည်း ရောင်းမကောင်းတော့။ ယခင်က ငါးပေါင်းထုပ်များကို ဖောက်သည် ယူရောင်းခဲ့သော်လည်း ယခုတော့ ငါးပေါင်းထုပ်ကိုပင် ကိုယ်တိုင်ထုပ်ပြီး ရောင်းနေရပြီ။
ယခု အစိုးရ၏ ဖုန်းကတ် ရောင်းသူများလည်း ကိုမြကြီး အတိုင်းပင် ဖြစ်ဖို့ ရှိတော့သည်။ ပြည်သူများက စိတ်ပျက်နေသည်မှာ ကြာပြီ။ ဘယ်လိုပင် လျှော့ရောင်းရောင်း။ လှည့်ကြည့်ကြမည် မဟုတ်တော့။ အခွင့်သာတုန်း အချိန်က ပြည်သူများကို ကုပ်သွေး စုပ်ခဲ့ပြီးပြီ။ ပြည်သူများလည်း ခံခဲ့ရပြီးပြီ။ ပြည်သူများအနေနှင့် ကိုမြကြီး အရက်ဆိုင်ကို ရှောင်သကဲ့သို့ အစိုးရ ဖုန်းကိုလည်း ရှောင်တော့မည် ဖြစ်သည်။ ဟန်ကျပေစွ။ အာဏာရှိပေစွဆိုသည့် ကိုမြကြီးခမျာ သနားစရာ ကောင်းပေစွ။
တစ်ခုပြောဖို့ ကျန်သွားသည်။
ယခု ကိုမြကြီး အရက်မရောင်းတော့ချေ။
စိုပြေ (သံချောင်းပါတီ)](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-frc3/t1/s403x403/1899995_706491066037822_1868184021_n.jpg)
![Photo: [ Satire ]
ဝန်ကြီးများ အငြိမ့်သဘင်
လော်ဘီအုတ်ခဲ စိတ်ညစ်ရ ပြန်သည်။ ပူလစီဆိုလား မူနပီဆိုလား ဂျာနယ်တစ်စောင်က ပြည်ထောင်စု ဝန်ကြီးတစ်ဦး၏ ပြောကြားချက်များကို ဘွင်းဘွင်းကြီး ဖော်ပြလိုက်လို့ ဖြစ်သည်။ အပြည့်အစုံ သိလို၍ ဖုန်း အစုတ်လေးကို အမြန်ဖွင့်ကာ ဖွဘုတ်ပေါ် ကပိုကရိုလေး တက်ကြည့်ရသည်။
ထုံးစံအတိုင်း ခွီးတဲ့မှ အမ်ပီတီ။ လိပ်ခရု ကော်နက်ရှင်။
အဝိုင်းလေး လည်နေတာ ငါးမိနစ်ခန့် ထိုင်ကြည့်နေပြီးမှ ဖွဘုတ်ကြီး ပေါ်လာသည်။
တွေ့ပြီ။
ဝန်ကြီး ကလော်တုတ်နေသည့် ဗီဒီယိုဖိုင်။ ဝန်ကြီးနောက်မှ ပုန်း၍ ဖိုသီဖတ်သီ ရိုက်ကူးထားသည့် ဗီဒီယို ဖိုင်လေးကို ကြည့်လိုက်သည်။
ဝန်ကြီးက အစကတော့ အကောင်း။ နောက်မှ ဘာထဖြစ်သည် မသိ။ အစက ကျွဲ၊ နွား၊ ကြက်၊ ဝက် ကိစ္စ မေးမြန်းရင်းမှ ရွာသားတစ်ဦးက ရေသန့်လိုချင်သည် ဟုဆိုသော် ဝန်ကြီးတစ်ယောက် ဗြုန်းခနဲ ဒေါသ ပေါက်ကွဲသွားသည်။ ဘာကြောင့်တော့ မသိ။ အုတ်ခဲ နားမလည်။ ဖွဘုတ်ပေါ်မှာတော့ ဝန်ကြီး ပြောစကားတွေကို ချပြကာ ပယ်ပယ်နယ်နယ် ကလော်တုတ် နေကြသည်။ အဆဲ ကောင်းကောင်းဖြင့် ဆွမ်းကြီးလောင်း နေကြသည်။ မျက်နှာ မမြင်ရတိုင်း ပျော်ပျော်ကြီး သမနေကြသည်။ ဝန်ကြီးတစ်ယောက် ဖွဘုတ်ပေါ်တွင် ဆဲနည်းပေါင်းစုံဖြင့် လူထုမေတ္တာကို ခံယူနေရသည်။ ဘာမှန်းမသိ ဝင်ဆဲလိုက်ပြီး ဆဲကောင်းသကွာ ဆိုကာ ပြုံးပျော်ကြသည်။
ဖွဘုတ်မှာ ဆဲတာက လွယ်သည်။ ဆဲသည်ဟု အဓိပ္ပာယ် သက်ရောက်သည့် စာလုံးလေးများကို ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်လျက် လက်ကွက်ကို တပေါက်ပေါက်နှိပ်၊ Enter တဒေါက်ဒေါက် ခေါက်နေရုံ။ သူ့လည်း ကိုယ်မသိ။ ကိုယ့်လည်း သူမသိ။ ဆဲရတာ အရသာရှိပေ၏။
ကောင်းလေစွ။
“ကျုပ်က နယ်လှည့်ပြီး ပါးရိုက်လာတာကွ” ဟု ဝန်ကြီးက ပြောသည်။ အုတ်ခဲပင် ကြက်သီး တဖြန်းဖြန်း ထ၍ ပါးနှစ်ဖက်ကို ယောင်ပြီး စမ်းမိလေသည်။
ဝန်ကြီးကို သံယောင်လိုက်လျက် ဖွဘုတ် ပေါ်တွင် ပါးရိုက်သည့်ဓလေ့ ခေတ်စားလာသည်။ အချင်းချင်း တွေ့လျှင် ပါးရိုက်မည် တကဲကဲ ဖြစ်ကုန်ကြသည်။ ပါးရိုက်တတ်သည့် ဝန်ကြီးက မင်းသမီး သက်သက်မို့ဥနှင့် အမျိုးတော် မတော် စုံစမ်းကြသူများလည်း ရှိသည်။ တချို့ကတော့ ပါးရိုက်ရန် အတွက်ဆို နယ်လှည့်စရာပင် မလိုဘဲ မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးထဲ ဝင်သွားလျှင်ပင် ရိုက်ရမည့် သူများကို တွေ့လိမ့်မည်ဟု ဝန်ကြီးကို အကြံပေးကြသည်။ အင်တာနက်လိုင်း မကောင်းသူများက “သားတို့အတွက်ပါ များများ ရိုက်ခဲ့ပါ အဘ” ဟု မြှောက်ပင့်ကြသည်။
ဝန်ကြီးက စီတန်း လှည့်လည် ဆန္ဒပြသူများကို ကြိုက်သလောက် လှည့်နိုင်ပြီး မကျေနပ်လျှင် လဲသေနိုင်ကြောင်း ဆက်ပြောသည်။ လုံးဝ မကျေနပ်သည့် ဆန္ဒပြသူများ ဘုန်းခနဲ လဲသေကုန်ကြသည်။ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်။ ထောင်ထဲပို့မည်ဟု ဆိုသည်။
“သွား ထောင်ထဲကို။ ငါတို့အစိုးရ ထွက်ရင် မင်းပြန်ထွက်။ ဒါပဲ” ဟု ဆိုသည်။ နိုင်ငံရေးသမားများ ထောင်ထဲ မဝင်လို၍ လမ်းကြို လမ်းကြားထဲ ပြေးပုန်းကြသည်။
“ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲနိုင်အောင် လုပ်လာတာ” ဟုလည်း ဝန်ကြီးက ပြောသည်။ အတိုက်အခံ ပါတီများ သနားလွန်း၍ မျက်ရည်ဖြိုင်ဖြိုင် ကျပေးရှာသည်။ ရွာသားများကို ဝန်ကြီးက ကြိမ်းမောင်းသည်။ “ခင်ဗျားတို့ ဘုကန့်လန့်လုပ်ရင် ခင်ဗျားတို့အတွက် မလုပ်ပေးဘူး။ တိုင်ချင်တဲ့ နေရာတိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါလို့ ပြောလိုက်ရုံပဲ” ဟု ပြောသည်။ ရွာသားများက မိမိတို့ အနာဂတ်အတွက် ရင်လေးလွန်းသဖြင့် ငိုချင်ပက်လက် ဖြစ်ကြကုန်သည်။
ဒီဝန်ကြီး ဒီလိုပြောတာ အဆန်းမဟုတ်။ ကျန်တဲ့ ဝန်ကြီးတွေလည်း ခပ်တည်တည်နှင့် ပေါက်ကရ ပြောတတ်ကြသည်။
နေ့စဉ် ခွက်ထိုးခွက်လန် ရယ်မောနေရသဖြင့် ဝန်ကြီး မလုပ်ဘဲ လူရွှင်တော် လုပ်ကြရန် ပြည်သူများက တိုက်တွန်းကြသည်။ လူရွှင်တော်တွေ ပြက်လုံး ထုတ်တာလောက်တော့ ဝန်ကြီးများ သနားသည်။ ဟိုဝန်ကြီး တစ်ပါးက လယ်သမားများ အကြွေး ဆပ်နိုင်ဖို့ ထမင်းတစ်နပ် လျှော့စားရန် အကြံပေးသည်။ လယ်သမားတွေ အစာအိမ်ရောဂါ ရကုန်သည်။ တချို့က မထူးဇာတ်ခင်းကာ ဘုန်းကြီး ဝတ်သွားကြသည်။
ငြိမ်းချမ်းရေး ဝန်ကြီးတစ်ပါးက တရုတ်ကြီးကို ကြောက်ရတယ်လို့ ပြောသည်။ ပြည်သူများက ဘယ်သူ့ ကြောက်ရမှန်းမသိ၊ ဘယ်သူ့ အဖေခေါ်ရမှန်းမသိ မျက်စိသူငယ် နားသူငယ် ဖြစ်ကုန်သည်။
စီးပွားရေး ဝန်ကြီးတစ်ဦးက မိမိဝန်ကြီး လုပ်လာတာ သုံးနှစ် ပြည့်တော့မည် ဖြစ်သော်လည်း မြေတစ်ကွက်တောင် မပိုင်သေးဟု မျက်ရည် ခံထိုးသည်။ ဝန်ကြီးကို သနားသူများက ကျူးကျော်တဲများတွင် သွားနေရန် အကြံ ပေးကြသည်။
တပ်မတော်အစိုးရ လက်ထက်က အစစအရာရာ အရှုံးခံ လုပ်ပေးခဲ့တာမို့ တိုင်းပြည်က အဆင်းရဲဆုံး ဖြစ်သွားရတာလို့ ရန်ကုန်ဝန်ကြီးချုပ်က ပြောပြန်သည်။ ဒီတစ်ခါတော့ အစကတည်းက မျက်ရည်ဝဲ နေကြသည့် ပြည်သူတစ်ရပ်လုံး မိမိတို့ဘဝကို တွေးမိကာ ဗြဲခနဲ ငိုကုန်သည်။ မြေကြီးပေါ် ခြေဆောင့် ငိုကုန်သည်။ မည်သူမှ မျက်ရည် မထိန်းနိုင်။ အုတ်ခဲတောင် အဲဒီတုန်းက တစ်ပတ်ဆယ်ရက် ငိုမဆုံး ဖြစ်ခဲ့ရသည်။ ခုတောင် ပြန်တွေးရင် ငိုချင်သည်။ နိုင်ငံတော်၏ စေတနာကြီး ကိုလည်း နားလည်သွားသည်။ အစိုးရကို အင်မတန် သနားသွားသည်။
သူတို့ခမျာ... ငါတို့အတွက် ဒီလောက် လုပ်ပေးလိုက်ရတာ.... ဟင့်... ရွှတ်... ငွား ဟူ၍။
ဒီလိုမျိုး တစ်တိုင်းပြည်လုံး မျက်ရည်လည်ရွှဲ ဖြစ်နေရချိန်မှာ ခုဝန်ကြီးက နယ်လှည့်၍ ပါးရိုက်ဦးမည် ဆိုတော့ ပြည်သူတွေ ဘာလုပ်ရမှန်း မသိတော့။
ဒီကိစ္စက ရှော့ရှိသည်။
ရှော့အကြီးကြီး ရှိသည်။
အုတ်ခဲပင် ဘယ်နား သွားပုန်းရ ကောင်းမည်နည်းဟု ပြေးပေါက် ရှာမိသည်။ အရေးကြုံသော် အကြံဥာဏ်ကောင်းများ ပေးတတ်သည့် ဆရာသခင် ပြည်သူ့သံချောင်းကို အကူအညီ တောင်းရမည်။
ပြည်သူ့သံချောင်းက အချွန်နှင့်မမည့် ပါတီတစ်ခု တည်ထောင်ရင်း ၂၀၁၅ တွင် အစိုးရဖြစ်ချင်နေသူ ဖြစ်သည်။ သူ့အစိုးရ တက်လာလျှင် ဘာညာသာရကာ လုပ်ပေးမည်ဟု အရက်ဆိုင်တကာ ပတ်ပြောနေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာထံ အုတ်ခဲ အမြန် ဖုန်းဆက်သည်။
ဘီယာလေးမြုံ့ရင်း ဒူးနှန့်ကာ တိုင်းရေးပြည်ရေးများ စဉ်းစားနေသည့် ဆရာသခင် သံချောင်းက စိတ်မပူရန် အုတ်ခဲကို နှစ်သိမ့်သည်။ အဲ့ဒီဝန်ကြီးက ဘာတွေပြောလို့တုံးဟု ဆရာသခင်က မေးသော် အုတ်ခဲ ဇာတ်သံနှော၍ ဝန်ကြီး ပြောသမျှ အစီရင်ခံ ပြလိုက်သည်။ ဘီယာမူးနေသည့် ဆရာသခင်က ဝန်ကြီး လေသံကို လိုက်တုကာ အုတ်ခဲကို ပယ်ပယ်နယ်နယ် ကလော်တုတ်တော့သည်။
“ဘယ်အရက်သမားကိုမှ ဂရုမစိုက်ဘူး၊ ခင်ဗျား မှတ်ထား။ နယ်တကာ လှည့်ပြီး ဖဲရိုက်ရဲတယ်။ သံချောင်း အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် ဖြတ်ဖောက်ချုပ် လုပ်ထည့်မှာပဲ။ နိုင်ငံတကာ မှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။
သံချောင်းကို ဆန့်ကျင်တဲ့ကောင် ဆိုရင် သွား မင်းဖြတ်ဖောက်ချုပ်လုပ်။ ငါ့ အစိုးရထွက်ရင် မင်းအတု ပြန်တပ်။ ..ဒါပဲ...
ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲခိုးပြီး နေရာရလာတာ။ ခင်ဗျား ဘုကန့်လန့်ပြောရင် ခင်ဗျားအတွက် အရက်မတိုက်ဘူး။ တိုင်ချင်တဲ့နေရာ တိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော် မူးနေလို့ မသိဘူးလို့ ပြောလိုက်ရုံပဲ။
ရှင်းတယ်နော်။ ဂေ့” ဟူ၍ဖြစ်သည်။
ဆရာသခင် အမူးလွန်နေပြီကို ရိပ်မိသော အုတ်ခဲတစ်ယောက် ဖုန်းအမြန်ပြန်ချကာ ကိုယ့်နဖူးကိုယ် ဖတ်ခနဲ ရိုက်လိုက်မိ တော့သတည်း။
လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့
(လော်ဘီအုတ်ခဲ)](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn2/t1/s403x403/1459779_702575726429356_1649971311_n.jpg)
![Photo: [ Satire ]
ခွန်အားတိုး နို့အရက်
ဒီနေ့က ဂျာနယ်ဖတ်မိခြင်းကို စိုပြေတစ်ယောက် နောင်တရနေသည်။ အခုတော့ မတတ်နိုင်တော့။ လူကြီး မိဘစကား နားထောင်ရမည်ဟု အမေက ဆုံးမထားသည်။
စိုပြေ ဝမ်းနည်းနေသည်။ ရင်ကွဲပက်လက်ကလေး ဖြစ်နေသည်။ ငယ်ချစ်ဦးကို စွန့်လွှတ်ရတော့မည်။
စိုပြေ ငိုလေသည်။
ဒီကိစ္စက သမ္မတကြီးကြောင့် ဖြစ်သည်။
ဂျာနယ်ထဲမှာ သတင်းတွေ ပါလာသည်။ ကျေးလက်နေ ပြည်သူလူထုမှာ အရက်သောက်သုံးမှု များပြားနေသောကြောင့် အရက်အစား နွားနို့သောက်ကြ ပါရန် သမ္မတကြီးက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ သမ္မတကြီးကို အဖရင်းသဖွယ် ကြည်ညိုလာသည့် စိုပြေတစ်ယောက် ဒီကိစ္စကိုတော့ ကန့်ကွက်လိုသည်။ ဒါက စိုပြေ့အရေး တစ်ခုတည်းမဟုတ်။ အမျိုးသားရေး ဖြစ်သည်။
သမ္မတကြီးက နွားနို့ သောက်ခိုင်းသည်။ အရက်ကိုလည်း ဖြတ်ခိုင်းသည်။ အရက်ကြောင့် အမှုအခင်းတွေ အဖြစ်များလို့ အရက်အစား နွားနို့သောက်ကြပါဟု သမ္မတကြီးက တိုက်တွန်းလိုက်သည်။ ထိုအခါ အရက်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ နွားနို့က မူးလို့လားဟု အရက်သမားတွေ စမ်းကြည့်ကြသည်။ မြန်မာပြည်ကလူ တော်တော်များများ နွားနို့ မသောက်ဖူးကြ။ အရက်ပဲ သောက်ဖူးကြသည်။ ဒါကို ဂရန်းရွိုင်ရယ်မှ တာဝန်ရှိသူများ အသိဆုံး။
အရက်သမားတွေ ပိုဆိုးလာသည်။ အချို့က နွားနို့ကို အရက်နှင့် အတူတူဟု ထင်ကြသည်။ နွားနို့သောက်လျှင်လည်း မူးမည်ဟုထင်၍ မျက်စိစုံမှိတ် စမ်းသောက် ကြည့်ကြသူများလည်း ရှိသည်။
"နွားနို့ကလည်း ရေလိုပါလား။ မူးလည်းမမူးဘူး" ဟု နွားနို့ မသောက်ဖူးသည့် အရက်သမားများက မှတ်ချက်ပြုသည်။
အရက်သမား အများစုကတော့ သမ္မတပေါ်လစီ ချိန်းသဖြင့် အရက်တွေ ဈေးတက်ကုန်တော့မှာပဲဟု တွေးကြသည်။
အရက်သမား အတွေးသည် အမြဲမှန်သည့် အတွက် မကြာခင် အရက်တွေ တကယ်ဈေး တက်ကုန်သည်။ နိုင်ဂံဂျားဖြစ်၊ ပြည်တွင်းဖြစ် အကုန်ဈေးတက်သွားသည်။ ဝမ်းနည်းပေရ တည့်တကား။
အရက်ဆိုင်ကို မေးကြည့်တော့ ဘာဖြစ် လို့ဈေးတက်မှန်း ရေရေရာရာ မသိရ။
"သမ္မတက မသောက်ခိုင်းတော့ အဖမ်းအဆီးတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ဈေးတက်ထားရတာ။ အရက်ဆိုင်တောင် ပိတ်ရင်ပိတ်သွားနိုင်တယ်" ဟု ဘူတာရုံ အနီး ဘီအီးဆိုင်ရှိ အသက်ကိုးနှစ်အရွယ် စားပွဲထိုးက တွေးတွေးဆဆ ပြောသည်။
သူ့စကားကိုလည်း အရက်သမား အများစုက ထောက်ခံကြသည်။ ထောက်ခံ ပြီးနောက် မဖြစ်သင့်ဘူးဟု တစ်ပြိုင်နက်တည်း ပြောကြကာ အေ့ခနဲ လေချဉ်တက်ကြသည်။ ဒီကိစ္စက ရှော့ခ်ရှိသည်လေ။
"နွားနို့အရက်ဆိုပြီး ထုတ်ရင် မကောင်းဘူးလား။ လူတွေ နွားနို့သောက်ပြီးသားလည်း ဖြစ်မယ်။ အရက်လိုလည်း မူးရမယ်" ဟု ဘာညာသရကာ အရက်မျိုးစုံ ထုတ်လုပ်ရောင်းချနေသည့် အရက်ကုမ္ပဏီ ပိုင်ရှင်က စဉ်းစားသည်။ ဖြစ်နိုင်မလားဟု အရက်ချက် လုပ်သားတွေကို မေးသည်။
အဖြေက နွားနို့အရက် ဖြစ်နိုင်သည်။
မဖြစ်နိုင်စရာလည်း အကြောင်းမရှိ။ နာနတ်ဝိုင်၊ စပျစ်ဝိုင်တို့ကို ဈေးပေါပေါဖြင့် ထုတ်ရောင်းဖူးပြီ။ နွားနို့ရောတာလောက် ကလေးကတော့ အပျော့။ အေးဆေး။
ဆိုဂျူတစ်ပုလင်းကို သုံးရာဖြင့် ရောင်းနိုင်သည်။ မန်ကျည်းအရက် ကိုလည်း စည်ဖြင့်ထည့်ကာ ဘီယာလို ရောင်းခဲ့ပြီးပြီ။ အရက်သမားများ တစ်ခဲနက်အားပေး ခဲ့ကြသည်ကော။
ယခုတော့ ထိုအရက်သမားများ အားမပေးနိုင်တော့။ အကုန်ဖောရှောကာ သေကုန်ပြီဖြစ်သည်။
ဒါက မထူးဆန်း။ တစ်ဗိုလ်တက်လျှင် တစ်ဗိုလ်ဆင်းမည်။ ရဲရဲတောက် အရက်သမားများဖြစ်သည်။ ထို့ကြောင့် ဈေးကွက်သစ်ရှာရမည်။
သမ္မတကြီးက လမ်းညွှန်ချက် ချပေးခဲ့ပြီ။
အရက်အစား နွားနို့သောက်ရမည် တဲ့။ ဘယ်အရက်သမားမှ နွားနို့ပြောင်း သောက်မည်ဟုတ်။ သောက်ခြင်းသောက် နွားနို့အရက် ကိုသာ သောက်လိမ့်မည်။ ဒါဆို ဈေးကွက်အောင်ပြီ။
နွားနို့အရက် ချက်ဖို့ကလည်း ဘာမှမခက်။ ယခင် အရက်ချက်နည်း အတိုင်း ချက်ပြီး အဖြူရောင်နှင့် နို့အရသာ ထည့်လိုက်ရုံသာ ဖြစ်သည်။
(အရက်ချက်နည်း ကိုတော့ မဖော်ပြတော့ပြီ။ အရက်သမား များ အော်ဂလီဆန်မည် စိုးသောကြောင့် ဖြစ်သည်)
တိရစ္ဆာန်ချစ်သူများ အဖွဲ့ကလည်း လူတွေ နွားနို့သောက်ခြင်းကြောင့် နွားပေါက်ကလေးတွေ အတွက် နို့ဝေစု နည်းသွားမည်။ နွားနို့ဝအောင် မစို့ရလျှင် နွားကလေးတွေ ပိန်မည်။ ဒါဆို နွားအခွင့်အရေး ချိုးဖောက် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လူများ အရက်မသောက်ဘဲ နွားနို့ကိုသာ သောက်ပါက နွားအကောင်ရေ များလာမည်။ ဒါဆို မြက်တွေ ပိုကုန်မည်။
မြက်တွေ မျိုးတုံးသွားနိုင်သည်။ ဒါဆို သဘာဝပတ်ဝန်းကျင် ကိုလည်း ထိခိုက်နိုင်သည် ဟု သဘာဝပတ်ဝန်းကျင် သမားများက တွေးကြပြန်သည်။ သူတို့က အမျိုးသား အကျိုးစီးပွား ထက် သစ်ပင်သစ်ရိပ် မရှိတော့မည်ကိုသာ ဦးစားပေး တွေးပူကြသူများ ဖြစ်သည်။
နွားနို့ရောင်းသည့်  ကုလားများတော့ တွက်ခြေကိုက်သည်။ အရင်က နို့တစ်ပုံး ကုန်အောင် မနည်းရောင်းရသော်လည်း ယခုတော့ နို့နှစ်ပုံး ကုန်သည်။ တကယ်တော့ ရေနှစ်ပုံး ကုန်သွားခြင်းသာ ဖြစ်သည်။ ကုလားတို့ ပျော်လေသည်။
ကုလားက စာဖတ်သည်။ နို့သောက်ရမည်ဟု ညွှန်ကြားကြောင်း ဖတ်လိုက်ရသည့် သမ္မတကြီးကို ကုလား ကျေးဇူးတင်သည်။ ဂျိုးဖြူရေ ကိုလည်း ကုလား ကျေးဇူးတင်သည်။
"ဟာရေး... ကုလား... အားဂျီးကျေးဂျုး တင်ဒလယ် ညော်" ဟုဆိုသည်။
ဒီမိုတွေကတော့ ထုံးစံအတိုင်း အစိုးရကို အပြစ်တင်သည်။ နွားနို့က နေရာတိုင်းတွင် မရ။ အရက်သာ လမ်းတိုင်းတွင် ရသည်။ ဒါကြောင့် အရက်သမားတွေ များတာဟု ဆိုသည်။
အရက်စက်ရုံတွေ နေရာအနှံ့ ရှိနေပြီး အရက်တွေ ဈေးပေါနေခြင်းသည် အစိုးရကြောင့် ဟု ဒီမိုတွေက ဆိုသည်။ ဒါကလည်း ရိုးနေဘီ။
ဒီမိုတွေက အစိုးရဘာလုပ်လုပ် အပြစ်တင်ဖို့တာဝန် သူတို့မှာရှိသည်ဟု ခံယူထားကြပုံ ရသည်။
အစိုးရလော်ဘီတွေ ကတော့ နွားနို့ ကောင်းကြောင်း ဝါဒဖြန့်သည်။
နွားနို့သောက်သဖြင့် သမ္မတဖြစ် သွားသော ပုံပြင်တွေကို ပြောကြသည်။ သူတို့ ကလည်း အစိုးရဘာလုပ်လုပ် ကောင်းသည်ဟု ဇွတ်ငြင်းသူများ ဖြစ်သည်။
လယ်သမားများ ကတော့ သနားစဖွယ်။ "ငါတို့မှာ နွားမှ မရှိတော့တာ ဘယ်က နွားနို့ရမလဲ" ဟု စဉ်းစားသည်။ အရင်က နွားနို့သောက်ခဲ့သည့် အချိန်များကို ပြန်တမ်းတကုန်ကြသည်။ မျက်ရည် ပေါက်ပေါက်ယိုသည်။ တစ်ဖက်နိုင်ငံတွေသို့ ရောက်ကုန်သော နွားများကို လွမ်းဆွတ်လာသည်။ ယခုတော့ နွားတွေ မရှိသဖြင့် ထွန်စက်တွေကို အားကိုးရသည်။ ထိုစက် တွေကလည်း နှစ်ပတ်လောက် လှိမ့်လိုက်လျှင် ထယ်သွားတွေ ခွေကုန်သည်။ ဒီဇယ်လည်း ကုန်သည်။
နွားနှင့်ဆို ဒီလိုမဖြစ်။ နောက်ချေးလည်း ရသည်။ နွားနို့လည်း သောက်ရသည်။
ဒီလိုနှင့် တိုင်းပြည်ထဲတွင် နွားနို့နှင့် အရက်ကိစ္စ တော်တော် ရှုပ်ထွေးသွားသည်။
အရက်သမားများ ကတော့ ဆုံးဖြတ်ချက် ခိုင်မာသည်။ နွားနို့ကို မသောက်။ အရက်သာ သောက်မည်။ ပြဿနာက အရက်မသောက် တဲ့လူတွေ ဖြစ်သည်။
အရက်မသောက်တဲ့ လူတွေက မဆီမဆိုင် ကန့်ကွက်ကြသည်။ ဝေဖန်ကြသည်။ ရှုတ်ချကြသည်။ အရက်သမားက ဘာဖြစ်၊ သမ္မတကြီးက ဘာဖြစ်၊ နွားနို့က ဘာဖြစ် စသဖြင့် လျှာအရိုးမရှိ လျှောက်ပြောကြသည်။
ဒီထဲမှာ စုန်းပြူးအရက်သမား အချို့တော့ ရှိသည်။ ဒီမို အရက်သမားက အရက်ဝိုင်းတွင် နွားနို့မကောင်းကြောင်း လျှောက်ပြောသည်။ အစိုးရကို ထောက်ခံသူ အရက်သမား ကတော့ နို့မှုန့်နှင့် အရက်ကို ရောသောက်သည်။ ပြီးလျှင် ဘယ်သူမှမမြင်အောင် ဖွက်ကြသည်။ သူ့နည်းနှင့်သူ ဟန်ကျပေစွ တကား။
သို့နှင့် ...
မကြာမီ အရက်ဆိုင်တွင် ကြော်ငြာတစ်ခု လာကပ်သွားသည်။ ထိုကြော်ငြာ ပိုစတာကို ကြည့်ရင်း အရက်သမားများ သွားရည် ပလောက်ခနဲ၊ ပလောက်ခနဲ ယိုစီးကုန်သည်။
ကြော်ငြာထဲမှာက ကုန်စည်နှင့် ကိုက်ညီအောင် အလန်းလွန်နေသော မော်ဒယ်လေး။
စာသားကတော့ “ခွန်အားတိုး နို့အရက်” ဟူ၍ဖြစ်သည်။ ဝမ်းမြောက်လွန်း သဖြင့် အရက်သမားများ လမ်းပေါ်ထွက်၍ ဘရိတ်ဒန့် ဆွဲကြလေ တော့သတည်း။
အချွန်နှင့် “မ” မည့် စိုပြေ (သံချောင်းပါတီ)](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn2/s403x403/1625655_699102043443391_1580296454_n.jpg)
![Photo: [ Satire ]
အုတ်ခဲနှင့် မူဝါဒလမ်းစဉ်ကိစ္စ အရှုပ်တော်ပုံကြီး
(လော်ဘီအုတ်ခဲ)
လက်ဖက်ရည်ဆိုင်မှာ ချထားတဲ့ ဂျာနယ်တစ်စောင်ကို လော်ဘီအုတ်ခဲ ကောက်ဖတ်မိသည်။ ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံကို မြင်ရသည်။ ခေါင်းစဉ်ကြီး ကလည်း ပြူးနေ၏။
အို... ဘာတဲ့။
နေပြည်တော်မှာ စာဖတ်နေသည့် ဘဘကြီး ချမှတ်ခဲ့တဲ့ မူဝါဒတွေအတိုင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ်က ကျင့်သုံးသွားမည် ဆိုပါလား။ အုတ်ခဲ ကျောပင်စိမ့်ရလေ၏။ ကြက်သီးများ တဖုဖုထ၍ နားသယ်မွေးများတောင် ဖလန်းဖလန်း ထောင်ရလေ၏။
မဖြစ်။ ဒီကိစ္စက ရှော့ခ်ရှိသည်။
ဂျာနယ်ကို မလှန်သေးဘဲ ဖုန်းအစုတ်လေးကို ထုတ်ကာ ဖွဘုတ်ကို ဖွင့်လိုက်သည်။ ဒီကိစ္စကို ဖွဘုတ်လွှတ်တော်မှာ ဝင်ရှင်းရမည်။ ဖွဘုတ် ဆိုတာက မြန်မာနိုင်ငံမှာ အော်ချက်ထုတ်လို့ အကောင်းဆုံးနေရာ မဟုတ်လား။
"သောက်.... ကွိစိကွစ အမ်ပီတီ"။
အရေးထဲ အင်တာနက်လိုင်းက တဖုတ်ဖုတ် ပြုတ်ကျနေသဖြင့် MPT ကို အသံထွက်အောင် ဆဲမိသေးသည်။ အမ်ပီတီဆိုတဲ့ ဆက်သွယ်ရေးဌာန ကလည်း မြန်မာနိုင်ငံမှာ ဘောလုံးသမားများ ပြီးလျှင် ဒုတိယ အဆဲအခံရဆုံး ဖြစ်သည်။
လိုင်းပြန်ကောင်းလို့ ဖွဘုတ်ပွင့်လာတော့ လော်ဘီအုတ်ခဲ အော်ချက်ထုတ်ရန် ပင်မလို။ ဖွဘုတ်မှာ ကိုယ့်ထမင်း ကိုယ်စားပြီး တွေ့ကရာလူ ပတ်ဆဲနေသည့် စေတနာ့ဝန်ထမ်း များက ဂျာနယ်မျက်နှာဖုံးကို ဓာတ်ပုံရိုက်ကာ တင်ထားပြီးပြီ။ ဒီတော့ အုတ်ခဲ နောက်မှအသာလိုက်ပြီး မီးရှို့ဖို့သာ လိုတော့သည်။
တင်ထားတာတွေ တစ်ခုချင်း လိုက်ဖတ်ကြည့်တော့ ပစ်စာထက် ဆိုးတဲ့ ဆဲစာတွေ ဖြစ်နေသည်။ ဘယ်အချိန် ကတည်းက တေးထားကြသည်မသိ။ ကာချုပ်ကို ပယ်ပယ်နယ်နယ် ကလော်နေ ကြသည်။ နောက်တစ်မိနစ် နေလျှင်ပဲ မြန်မာနိုင်ငံကြီး ပျက်စီးတော့မယောင်ယောင် ရေးသားနေကြသည်။ ညသန်းခေါင် မကျော်ခင်မှာပဲ ကာချုပ်က အာဏာပြန် သိမ်းတော့မလို အော်ချက် ထုတ်နေကြသည်။
ဆဲစာရေးသူများ အောက်မှာ ဆဲစာ အားပေးသူများနှင့် အဆဲသန်သူများ ခမျာ အမြီးပင် မမြှောက်အား၊ ချိုပင်မသွေး အားဘဲ သူ့ထက်ငါဦးအောင် ကလော်တုတ်နေ ကြ၏။ ပဲလှော်ကြား ဆားညပ်မည့် ကိန်းမြင်သဖြင့် အုတ်ခဲ အသာလေး ငြိမ်နေလိုက်ရသည်။
ရေးတဲ့ဂျာနယ် ကလည်း ခေါင်းစဉ်ကို ဟိုလိုလိုဒီလိုလို လုပ်၏။
ဖွတဲ့ လူကလည်း အဲဒီ ဟိုလိုလိုဒီလိုလို ကိုပင် ဟိုဒင်းလိုလို ဒီဒင်းလိုလို လုပ်ပြန်၏။
ပျော်စရာ ကောင်းပေတည့်တကား။
တချို့က စာဖတ်နေသည့် ဘဘကြီး ချမှတ်ပေးသည်ဟု ဆိုသည့်အတွက် ကြိုးကိုင်သူကို မိပြီဟု ကြွေးကြော်ကြသည်။ ထိုလမ်းစဉ်အတိုင်း လိုက်နာမည်ဟု ဆိုသည့်အတွက် တိုင်းပြည်ချောက်ထဲ ကျတော့မည်ဟု မှတ်ယူကာ ငိုကြွေးကြသည်။ ချောက်ထဲမကျရန် ကယ်တင်သူများ ထပ်လာဦးမည် စိုးသဖြင့် အထုပ်ပြင်သူ ပြင်ကြသည်၊ ကတုတ်ကျင်း တူးသူ တူးကြသည်။
ဘာကြောင့် ဒီလောက် ရုတ်ရုတ် သဲသဲဖြစ်နေကြပါလိမ့်ဟု အုတ်ခဲ စဉ်းစားသည်။ ပုစွန်ဆိတ် ဦးနှောက်ကလေးကို ညှစ်ထုတ်သည်။ တစ်ခါမှ မစဉ်းစားမဆင်ခြင် မိခဲ့သမျှ ခုတော့ စဉ်းစားရသည်။ စဉ်းစားသည်ပဲ အဖတ်တင်ပြီး ထုံးစံအတိုင်း ဘာ အသိဉာဏ်မှ မထွက်။ ကိုယ့်မျက်နှာကိုယ် တံတွေးနှင့် သုတ်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး ဖွဘုတ်ကို ပိတ်လိုက်သည်။ ရှေ့မှဂျာနယ်ကို မြင်တော့ ကိုယ့်နဖူးကိုယ် ရိုက်မိသည်။
ဟုတ်သားပဲ။ ခေါင်းစဉ်ပဲ ဖတ်မိတာ။ အထဲမှာ စာတွေ ပါသေးပေသကိုး။ ဒါကို အရင်ဖတ်ကြည့်ရန် အုတ်ခဲ မေ့နေသည်။ ဖွဘုတ်ပေါ်က လူတွေကလည်း စာကို မဖတ်ဘဲ ခေါင်းစဉ်နှင့်ပင် ဒူးတုန်နေကြသည်။
အုတ်ခဲ ဂျာနယ်ကို ကောက်လှန်သည်။
အပြည့်အစုံဖတ်ကြည့်သည်။
ဒီတော့မှ ဇာတ်ရည်လည်ရသည်။
စာဖတ်နေတဲ့ ဘဘကြီး လမ်းစဉ်ဆိုတာက တပ်ကိစ္စဖြစ်သည်။ ပြည်သူနှင့် လားလားမဆိုင်။
ကာချုပ်က ဒီလိုပြောသည်။ "တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄) ရပ်နှင့် တပ်ကို ကောင်းအောင် လုပ်ပေးရမယ်။
(၁) လေ့ကျင့်ရေးနှင့် တပ် တည်ဆောက်၊
(၂) အုပ်ချုပ်ရေးနှင့် တပ် တည်ဆောက်၊
(၃) သက်သာချောင်ချိရေးနှင့် တပ် တည်ဆောက်၊
(၄) စိတ်ဓာတ်နှင့် တပ် တည်ဆောက်ရမယ်။
ဒီ တပ်တည်ဆောက်ရေး တာဝန်ကြီး (၄) ရပ်ဆိုတာ အရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချမှတ်ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော်အတွက် အမြဲတမ်း လိုက်နာရမယ့် မူဝါဒ ဖြစ်ပါတယ်" လို့ဖြစ်သည်။
လော်ဘီအုတ်ခဲ ခုမှ သက်ပြင်းကျသည်။
ဝမ်းသာအားရဖြင့် ဆရာသခင်ဖြစ်သူ ပြည်သူ့သံချောင်းထံ ဖုန်းဆက်သည်။
"အသို့ကြောင့် အလောတကြီး အမောတကော ဖြစ်နေရပါသနည်း ချစ်တပည့်" ဟု သံချောင်းက မေးသော် လော်ဘီအုတ်ခဲ တစ်ယောက် အကြောင်းစုံကို ဇာတ်သံနှော၍ ရှင်းပြရတော့သည်။
ဒီဂျာနယ်က ဒီလိုရေးလို့ ဒီမှာ ဒါတွေ ဖြစ်ကုန်ဘီဟု ရှင်းလိုက်သည်။
ဆရာသခင် သံချောင်းက ဉာဏ်တိမ်သည့် အုတ်ခဲကို “ဟက် ဟက်” ဟု သနားရယ် ရယ်သည်။ ထို့နောက် အုတ်ခဲတို့ တပည့်ကျော်များ တစ်သက်လုံး လိုက်နာသွားရမည့် မူဝါဒ များကို ဆရာသခင်က ချမှတ်လေတော့သည်။
ပြည်သူ့သံချောင်း ချမှတ်ပေးလိုက်သည့် လမ်းစဉ်များမှာ -
၁။ အရက်သမား၊ ဘိန်းစားများနှင့် တပ်တည်ဆောက်။
၂။ မာဆတ်၊ ကေတီဗီ၊ နိုက်ကလပ် များနှင့် တပ်တည်ဆောက်။
၃။ ဘီအီးဆိုင်များကို အခြေခံ၍ ဘီယာဆိုင်များကို ဝိုင်းကြ။
၎။ ကားပါမစ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြ။
ဟူ၍ဖြစ်သည်။
အင်မတန် ကောင်းမွန်သည့် လမ်းညွှန်ချက်များ ဖြစ်တာမို့ ဘိုးစဉ်ဘောင်ဆက် လိုက်နာ ကျင့်သုံးသွားရန် လော်ဘီအုတ်ခဲ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချလိုက် တော့သတည်း။
လွန်တာရှိ ဝန္တာမိပါ အရပ်ကတို့။](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc1/t1/s403x403/1604522_695333767153552_736636736_n.jpg)












