menu
Sunday 7 October 2012
နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ
Photo: နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ
မန္တလေးတိုင်းဒေသကြီးသာစည် မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့  အစည်းတွေ့ဆုံဆွေးနွေးပွဲတွင် သာစည်မြို့နယ်ပြည်သူတစ်ဦးမှ ၈၈ မျိုးဆက်ကျောင်းသားကို မင်းကိုနိုင်သည်အရပ်ဘက်လူအဖွဲ့ အစည်းများအတွက် စွမ်းစွမ်းတမံ ကြိုစားဆောင်ရွက်တဲ့ သူတစ် ယောက်ဖြစ်ပါကြောင်း ထိုစကား  နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်အား  မိမိ၏စိတ်ဆန္ဒထဲတွင် နိုင်ငံတော် သမ္မတဖြစ်စေချင်ကြောင်း ကိုမင်းကိုနိုင်မှလည်း နိုင်ငံတော်  သမ္မတဖြစ်ရင်ဘာလုပ်မလဲဆိုသည့် ဥပမာလေးပြန်လည်ပြောကြား သည်။
“အဲဒီမှာ ကျွန်တ်ာအကြောက် ဆုံးကိစ္စက နိုင်ငံတော်သမ္မတကြီး အဲဒါတော်တော်ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့တစ်ခါတုန်းက ကိုလိုနီခေတ်ကလွတ်လပ်ရေးရ တော့မယ်ဆိုတော့ နိုင်ငံတော်မှာ ဘယ်လိုအုပ်ချုပ်မှာလဲ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၄၇ ကိုဆွဲကြတဲ့ အချိန်မှာ ဟိုကျေးလက်ဒေသတွေ  မှာ ကျွန်တော်ပြည်နယ်တွေကို မပြောချင်တော့ဘူး။ သူ့နယ်နဲ့ လူမျိုးကို ကိုယ်စားပြုသလိုဖြစ် သွားမှာစိုးလို့ပြည်နယ်တစ်ခုက တောရွာမှာလှည်းဒေါက်ကိုဘောင်း တိဝတ်ပေးပြီးထောင်ထားရင် တောင်ယူနီဖောင်းဝတ်တွေလာပြီ ဆိုပြီးထွက်ပြေးကြတယ်။ အဲလို  ကြောက်တဲ့ရွာ အထူးသဖြင့်ကာ ကီရောင်ဆိုပိုကြောက်တယ် အဲဒီ  အရောင်ယူနီဖောင်းဝတ်တွေကြီး စိုးပြီး အဲဒီအရောင်ဝတ်လာပြီဆို လုပ်ချင်တာကို လုပ်လို့ရတယ်ဆို ပြီးထင်နေတဲ့ရွာအဲမှာကလေး တစ်ယောက်ကို ဆရာတော်က ရှင်းပြတယ်။ လွတ်လပ်ရေးလည်း  ရတော့မယ်။ လွတ်လပ်ရေးရရင် ကိုယ့်သမ္မတနဲ့ ကိုယ်ဖြစ်တော့ မယ်။ အဲဒီအချိန်မှာ စာစီစာကုံး ရေးခိုင်းတယ်။ ခေါင်းစဉ်က သင်နိုင်ငံတော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ်မလဲ ကျွန်တော်နိုင်ငံ  တော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ် မလဲရေးရတော့ ကလေးက ရေးပါတယ်။ ကျွန်တော်နိုင်ငံတော်  သမ္မတဖြစ်ခဲ့လျှင် ပုလိပ်လုပ်ပါ မည်လို့ကလေးကရေးလိုက်တယ်။  ပြီးသွားပြီဆရာတော်ကိုကလေးက မေးတယ်။ နိုင်ငံတော်သမ္မတဖြစ် ရင်ဘာလုပ်လို့ရလဲ ဆိုတော့ဆရာ တော်ကလည်း ပြန်ပြောတယ်။ မင်းလုပ်ချင်တာလုပ်လိုရပြီ။ ဘာလဲ၊ ညာလဲပြောတော့အဲတော့ ကလေးကပြောပါတယ်။ ကျွန်တော် ပုလိပ်လုပ်ပါမယ်တဲ့ အဲတော့ ကျွန်တော်ကိုနိုင်ငံတော်သမ္မတဖြစ်  အောင်တိုက်တွန်းတဲ့လူက ကျွန်တော်သမ္မတဖြစ်လို့ပုလိပ်လုပ် ရင်ဘယ်လိုလုပ်မလဲ အဲတာ လည်းစဉ်းစားထားပါဒါအရေးကြီး ပါတယ်။ လူဆိုတာဖောက်ပြန်တက် ပါတယ်။ ဒီနေ့နောက်ဆုံးစက္ကန့်  အထိပဲ အာမခံနိုင်ပါတယ်။ ဒီခန်းမအပြင်ရောက်သွားရင် ဘာဖြစ်မလဲ ကျွန်တော်မသိပါ  ဘူး။ အဲတစ်ခုကတော့ ရိုးရိုးသား ပြောပါမယ်။ ကျွန်တော်တို့ကျောင်း  ထဲမှာ ဒေါင်းအလံကိုင်ပြီး၊ ထွက် လာတယ်ဆိုတာတစ်ချက်ထဲပါ သိဖို့ အရေးကြီးပါတယ်။ တစ်ချိန် အနာဂတ်မှာနိုင်ငံတော်မှာ ဦးဆောင်မယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့   တာအမှန်ပါ။ ဒါဆိုဘာလို့ဝင်ရှုပ်  တာလဲလို့မေးရင်ခံပါမယ်။ အနိုင်ကျင့်လွန်းနေလို့မခံချင်လို့ပြန် ချတာဒီတစ်ခုထဲပါ ကျွန်တော်သိ တာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘတ်စ်ကားနဲ့ စီးပြီးကျောင်းသွား ရတဲ့ ကျောင်းသားတစ်ဦးပါဘာ မှ အခွင့်ထူးခံမရှိပါဘူး။ သာမန် ပြည်သူထဲက မွေးလာတဲ့သားတစ်  ယောက်ပါ။  ဘတ်စ်ကားစီးပြီး ကျောင်းသွား နေရတဲ့ဘ၀မှာ ရုံးချိန်ကြီးမှာ နိုင်ငံတော်ကောင်စီတစ်ယောက်  ရဲ့ ၉၂၉ ကားကြီးကအတင်း ကျော်တက်ပါတယ်။ သူရုံးသွား မယ်ပေါ့။ ဘတ်စ်ကားကလည်း ရုံးသမားတွေနဲ့ ကျောက်ကုံးပေါ် ကို တက်နေတဲ့အချိန်မှာ အဲတုန်း ကလမ်းလေးတွေက ကျဉ်းကျဉ်း လေးမျက်နှာချင်းဆိုင်နှစ်စီးပဲရှောင် လို့ရတယ်။ ရုံးတက်နေတဲ့အချိန် မှာ ဘတ်စ်ကားကလည်း စစ်ခေတ် တုန်းကကျန်ခဲ့တဲ့ချက်ပလက်ကြီး  အဲဒီကားကြီးဂီးဂီးလို့အော်ပြီးတက်  နေတဲ့ အချိန်မှာ နောက်ကနိုင်ငံ တော်ကောင်စီကသူကိုလမ်းမပေး ရကောင်းလာဆိုပြီးတော့ ဟွန်း တွေတရစပ်တီးပြီးတော့။ သူပေး  လို့မရဘူး။ အဲတာကို သူမစဉ်းစား ခိုင်းဘူး။ ရှောင်လိုရတဲ့အချိန်မှာ သူကကျော်တက်ပြီးတော့ ကားပေါ် ကဆင်းပြီးတော့ ကားမောင်းတဲ့ လူကိုကိုယ်ထိလက်ရောက်ကျူးလွန်  တယ်။ အဲဒိသတင်းကြားတာနဲ့ ကျွန်တော်တို့ကျောင်းလွယ်အိတ် ကိုချပြီးလိုက်သွားပါတယ်။ ဒါမျိုး  တော့ဘယ်လိုမှ လက်မခံနိုင်ဘူး။ သတင်းကြားလိုက်တယ်။ ကား မောင်းတဲ့လူတော်တော်လေးအရှက်   အကွဲအကျိုးနည်းဖြစ်သွားတယ်။ ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ကို ထမ်းဖို့လာတယ်။ အဲတာကို သူနားမလည်ဘူးလား သူတစ် ယောက်ထဲ နိုင်ငံဝန်ကိုထမ်းဖို့လာ တာမှမဟုတ်တာ ဒီလောက်ပြော သိရောပေါ့။ အဲလို အနိုင်ကျင့်တာ  တွေဟာ နေရာတကာမှာ ဒီနေရာ     မှမဟုတ်ဘူး။ အခွင့်ထူးခံတယ် အနိုင်ကျင့်တယ်။ နှစ်ချက်အဲနှစ် ချက်ကို မခံချင်လို့ ကျွန်တော်တို့  တုံ့ပြန်တာ။ ကျွန်တော်တို့ အမှန်တရားအတွက်ပဲ။ ဒေါင်း အလံကိုင်ပြီးတက်လာတာကျား မှန်းသိလျက်နဲ့ ဖက်လုံးခဲ့တာပါ။ ခေါင်းကကိုက်ကိုက်ကိုယ်လုံးကပဲ စ၀ါးဝါး ဆိုပြီးတော့ပါ အဲဒီတော့ တစ်ချိန်မှာ နိုင်ငံတော်ခေါင်းဆောင်  ငါဖြစ်လာတယ်ဆိုပြီး ဘာမှလေ့လာ ဆည်းပူးတာမျိုးရင့်ကျက်အောင်ပြု စုပျိုးထောင်တာမျိုးမရှိဘူး။ အခြားကျောင်းသားတွေမှာရှိလိမ့် မယ်။ ကိုယ်စီကိုယ်စီအဲနေရာမှာ ကွဲပြားသွားလိမ့်မယ်ငါသာလျှင် နိုင်ငံကိုဦးဆောင်မယ်။ ခေတ်ကို လည်း ငါတို့ဦးဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ မျိုးဆက်ကျောင်း သားတွေရှိပါတယ်။ သူတို့စိတ် အား ထက်သန်သူတို့ရဲ့ ရိုးသား မှုနဲ့ သူတို့ရဲ့အရည်အချင်းတွေကို ကြည့်ပြီးတော့ ပြည်သူတွေဆုံး ဖြတ်ပေးပါ။ လက်ရှိဦးဆောင်နေ တဲ့ သူတွေကိုလည်း ပြည်သူတွေ  ပဲအဆုံးဖြတ်ပေးပါအမှတ်ပေးပါ ကျွန်တော်တစ်ဦးထဲသဘောက တော့ရှင်းပါတယ်။ ကျွန်တော်သာ ပုလိပ်လုပ်ချင်ရင်အကုန်ဒုက္ခ ရောက်ကုန်မယ်ဒါရိုးရိုးစောစော စီးစီးပြောထားခဲ့တာပါ”ဟု ပြော ကြားခဲ့သည်။
အဆိုပါကဲ့သို့ကိုမင်းကိုနိုင်မှ နယ်လှည့်ကာဆွေးနွေးဟောပြော စဉ်များတွင်လည်းသက်ဆိုင်ရာမြို့ နယ်အလိုက်ပြည်သူ့ရဲများ အစိုးရ  ရုံးမှတာဝန်ရှိသူများက တစ်စိတ် တစ်ပိုင်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ဖြိုးအောင်
News from : The Hot News
Post By : Aye Chan Mon
မန္တလေးတိုင်းဒေသကြီးသာစည် မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတွေ့ဆုံဆွေးနွေးပွဲတွင် သာစည်မြို့နယ်ပြည်သူတစ်ဦးမှ
၈၈ မျိုးဆက်ကျောင်းသားကို မင်းကိုနိုင်သည်အရပ်ဘက်လူအဖွဲ့ အစည်းများအတွက် စွမ်းစွမ်းတမံ ကြိုစားဆောင်ရွက်တဲ့ သူတစ် ယောက်ဖြစ်ပါကြောင်း ထိုစကား နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်အား မိမိ၏စိတ်ဆန္ဒထဲတွင် နိုင်ငံတော် သမ္မတဖြစ်စေချင်ကြောင်း ကိုမင်းကိုနိုင်မှလည်း နိုင်ငံတော် သမ္မတဖြစ်ရင်ဘာလုပ်မလဲဆိုသည့် ဥပမာလေးပြန်လည်ပြောကြား သည်။
“အဲဒီမှာ ကျွန်တ်ာအကြောက် ဆုံးကိစ္စက နိုင်ငံတော်သမ္မတကြီး အဲဒါတော်တော်ပြဿနာရှိတယ်။
ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ၃ဦးအား အမှုဖွင့်
မန္တလေးမြို့တော်တွင် ယခုနှစ် မေလ တတိယပတ် အတွင်းက ပြုလုပ်ခဲ့သည့် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ရရှိရေးအတွက် ဖယောင်းတိုင် ထွန်း၍ လူစုလူဝေးဖြင့် စီတန်း လှည့်လည်မှုတွင် ပါဝင်သူ သတင်းစာ ဆရာ တစ်ဦး အပါအဝင် ဒေသခံ သုံးဦးအား ချမ်းအေးသာစံ မြို့နယ် အမှတ် ၈ ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၈ြ
ဖင့် အမှုဖွင့် ထားကြောင်း မန္တလေး ဒေသခံများ ကပြောကြားသည်။
“အမဆီကို ၆ရက်နေ့က လာအကြောင်းကြားတယ်၊ စခန်းမှာ စစ်ချက်ယူမယ် ဆိုတာ၊ သူတို့ လာခေါ်တဲ့ အချိန်မှာ မအားသေးလို့ဒီနေ့မှ သွားလိုက်တယ်၊ မေးတာကတော့ ဖယောင်းတိုင် ထွန်းတုန်းက ဖြစ်စဉ်တွေကို မေးတယ်၊ အမလည်း ပြန်မေးလိုက်တယ်၊ မေ ၂၂ ရက်က ထောက်လှမ်းရေးရုံးမှာ စစ်ချက်ပေးပြီးသားလို့ ပြောတော့ စခန်းက အမှုဖွင့်တာ ရဲစစ်ချက် မရှိသေးလို့စစ်မေးတာပါလို့ ဖြေတယ်၊အမတို့ကို မေ ၂၇ ရက်ကတည်းက အမှုဖွင့်ထားတယ်လို့ စခန်းမှူးက ပြောတယ်“ဟု ဒေါ်အမာနီက ပြောကြားသည်။
စစ်တွေမြို့၊ လမ်းမကြီးရှိကုလားဗလီအတွင်းမှ အိမ်ငယ်တစ်ဆောင်မီးလောင်
Photo: .စစ်တွေမြို့၊ လမ်းမကြီးရှိကုလားဗလီအတွင်းမှ အိမ်ငယ်တစ်ဆောင်မီးလောင် 
ယနေ့ ၇-၁၀-၂၀၁၂ နေ့ နေ့လည်ပိုင်းတွင် ကုလားဗလီကြီးအတွင်းမှ မီးခိုးများထွက်လာသဖြင့် သက်ဆိုင်ရာများမှဝင်ရောက်စစ်ဆေးကြည့်ရှုရာတွင် တစ်စုံတစ်ဦးက မီးရှို့ရန်ကြိုးစားထားမှုအားတွေ့ရှိရသဖြင့် မီးမလောင်ကျွမ်းမီ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့သည်။ အိမ်ပေါ်ထပ်တွင် စက္ကူများအထပ်လိုက် စီထားပြီးတစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိစွာဖြင့် တမင်တကာမီးရှို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်အား မီးငြိမ်းသတ်မှုအပြီး တစ်နာရီးနီးပါးအကြာတွင် ဗလီအတွင်းမှ အိမ်တစ်ဆောင်ထပ်မံပြီးမီးလောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုအား ...သက်ဆိုင်ရာမှ အချိန်မီး ငြိမ်းသတ်နိုင်မှုကြောင့် အိမ်တစ်ဆောင်သာမီးကျွမ်းခဲ့ရသည်။ ယခုကဲ့သို့မီးရှို့မှုမှာ ဘင်္ဂလီကုလားများကိုယ်တိုင် မိမိအိမ်ကိုမိမိမီးရှို့ထွက်ပြေးပြီး ပတ်ဝန်ကျင်အနီးနေ ရခိုင်ပြည်သူများအား အပြစ်ဖို့ရန်အတွက် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အဆိုပါဗလီအနီးပတ်ပတ်လည်တွင် ၂၄ နာရီပတ်လုံး လုံခြုံရေးများအပြည့် တာဝန်ယူစောင့်ရှောက်လျှက်ရှိကြောင်းသိရသည်။ ယခုမီးရှို့မှုဖြစ်စဉ်မှာ ပထမတစ်ကြိမ်မီးရှို့ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ဒုတိယတစ်ကြိမ်ထပ်မံကြိုးစားပြိး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။ ကောလဟာလသတင်းအရ ယခုရက်ပိုင်းအတွင် ဘင်္ဂလီကုလားများမှ စစ်တွေမြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရရှိထားပြီး ယခုကဲ့သို့မီးလောင်မှုမှာ တိုက်ဆိုင်နေလျှက်ရှိကြောင်း သုံးသပ်ရရှိပါသည်။
News from :Rakhine Straight Views
Post By : Aye Chan Mon
ယနေ့ ၇-၁၀-၂၀၁၂ နေ့ နေ့လည်ပိုင်းတွင် ကုလားဗလီကြီးအတွင်းမှ မီးခိုးများထွက်လာသဖြင့် သက်ဆိုင်ရာများမှဝင်ရောက်စစ်ဆေးကြည့်ရှုရာတွင် တစ်စုံတစ်ဦးက မီးရှို့ရန်ကြိုးစားထားမှုအားတွေ့ရှ
ိရသဖြင့် မီးမလောင်ကျွမ်းမီ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့သည်။ အိမ်ပေါ်ထပ်တွင် စက္ကူများအထပ်လိုက် စီထားပြီးတစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိစွာဖြင့် တမင်တကာမီးရှို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်အား မီးငြိမ်းသတ်မှုအပြီး တစ်နာရီးနီးပါးအကြာတွင် ဗလီအတွင်းမှ အိမ်တစ်ဆောင်ထပ်မံပြီးမီးလောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုအား ...သက်ဆိုင်ရာမှ အချိန်မီး ငြိမ်းသတ်နိုင်မှုကြောင့် အိမ်တစ်ဆောင်သာမီးကျွမ်းခဲ့ရသည်။ ယခုကဲ့သို့မီးရှို့မှုမှာ ဘင်္ဂလီကုလားများကိုယ်တိုင် မိမိအိမ်ကိုမိမိမီးရှို့ထွက်ပြေးပြီး ပတ်ဝန်ကျင်အနီးနေ ရခိုင်ပြည်သူများအား အပြစ်ဖို့ရန်အတွက် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း သမ္မတ၏ ပြင်ဆင်ချက် အရေးပေါ် အစည်းအဝေးခေါ် ဆွေးနွေးမည်
Photo: နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း သမ္မတ၏ ပြင်ဆင်ချက် အရေးပေါ် အစည်းအဝေးခေါ် ဆွေးနွေးမည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အောက်တိုဘာ ၈ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူဆွေးနွေးသွားမည်ဟု ပူးပေါင်းကော်မတီမှ သိရသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော်လည်း နိုင်ငံတော် သမ္မတမှ အချက် ၁၆ ချက်ဖြင့် ပြန်လည်ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့်အတူ ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော်မှ ကော်မတီဝင် ၁၅ ဦးတို့မှ လွှတ်တော်အစည်းအဝေး မကျင်းပမီ နေပြည်တော်ရှိ လွှတ် တော်အတွင်း အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
...
“အစည်းအဝေး မလုပ်လို့ မဖြစ်တဲ့ အခြေအနေပါ။ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်နဲ့ ပေးပို့လာတဲ့ ပြင်ဆင်ချက်တွေက တိတိကျကျ မသိရသေးဘူးဆိုတော့ အစည်းအဝေးရောက်မှ ကြည့်ပြီး ကြိုတင် လေ့လာဆွေးနွေးထားမှ ရမှာပါ။ ဒါမှ ပဉ္စမအကြိမ် လွှတ်တော်မှာ ဟန်ချက်ညီညီနဲ့ အတည်ပြု သွားနိုင်မယ် ထင်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းဥပဒေကို အတည်ပြုပြီးပါက နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများသည် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်လာမည် ဖြစ်ပြီး ယခု အစိုးရသစ် သက်တမ်းတွင် အချိန်မီ အကောင်အထည် ပေါ်ပေါက်သွားမှသာ ဘက်စုံထောင့်စုံမှ ပြုလုပ်နေသော အစိုးရ ပြယုဂ်ကို ပီပြင်ပေါ်လွင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သောကြောင့် အမှန်တကယ် အရေးတကြီး လိုအပ်နေသော ဥပဒေ တစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အချက်အလက်များကို ကြိုတင်လေ့လာ၍ ကော်မတီဝင်တို့၏ လေ့လာတွေ့ရှိချက်နှင့် ဖြစ်နိုင်ခြေ ရှိမည့် ကိစ္စများကို ပူးပေါင်းကာ ပြည်ထောင်စုသို့ အမြန်ဆုံး တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ သဘောထားနှင့်ပြင်ဆင်ချက်၌ ဥပဒေကြမ်း တစ်ခုလုံးရှိ အခန်း ၁၉ ခန်း၊ အပိုဒ်တစ်ခုလုံးရှိ အပိုဒ် ၅၆ ပိုဒ်တွင် ပြင်ဆင်ချက် ၁၁ ချက်နှင့် ဥပဒေရေးထုံး ပြင်ဆင်ချက် ၅ ချက် ပါဝင်ကြောင်း အကြမ်းဖျင်း သိရသည်။
News from : yatanarpon 
Post By : Aye Chan Mon
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အောက်တိုဘာ ၈ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူဆွေ
းနွေးသွားမည်ဟု ပူးပေါင်းကော်မတီမှ သိရသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော်လည်း နိုင်ငံတော် သမ္မတမှ အချက် ၁၆ ချက်ဖြင့် ပြန်လည်ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့်အတူ ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော်မှ ကော်မတီဝင် ၁၅ ဦးတို့မှ လွှတ်တော်အစည်းအဝေး မကျင်းပမီ နေပြည်တော်ရှိ လွှတ် တော်အတွင်း အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
...
မြန်မာနိုင်ငံအပါအ၀င် လေးနိုင်ငံအကြား ၂၀၁၅ ခုနှစ်၌ ခရီးသွား ၂၅သန်း အပြန်အလှန် သွားလာနိုင်ရန် ဆောင်ရွက်မည်
Photo: မြန်မာနိုင်ငံအပါအ၀င် လေးနိုင်ငံအကြား ၂၀၁၅ ခုနှစ်၌ ခရီးသွား ၂၅သန်း အပြန်အလှန် သွားလာနိုင်ရန် ဆောင်ရွက်မည်  
SUNDAY, 07 OCTOBER 2012 14:32
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်စသည့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် အာဆီယံ CLMV လေးနိုင်ငံအကြား ၂၀၁၃-၂၀၁၅ ခုနှစ်တွင် ခရီးသွား ဧည့်သည် ၂၅ သန်း အပြန်အလှန် ၀င်ထွက်သွားလာနိုင်ရန် ခရီးသွား စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါစာချုပ်တွင် လေးနိုင်ငံ ပူးပေါင်း၍ တစ်ခုတည်းသော ခရီးသွားဗီဇာစနစ်အား ဆက်လက် အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် လေးနိုင်ငံအကြား ခရီး သွား ၁၅ သန်းဝင်ရောက်၍ အဆိုပါ ၁၅ သန်းမှ လေးသန်းမှာ လေးနိုင်ငံအကြား အလွယ်တကူ သွားလာနိုင်မည့် တစ်ခုတည်းသော ခရီးသွား ဗီဇာ (Four Countries, One Destination) ကိုင်ဆောင်နိုင်ရေးအတွက် တစ်ခုတည်းသော ဗီဇာထုတ်ပေးနိုင်ရေး အတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သဘောတူစာချုပ်အား စက်တင်ဘာလ ၁၄ ရက်နေ့က ဟိုချီမင်းစီးတီးတွင် ကျင်းပသည့် CLMV လေးနိုင်ငံခရီးသွားလုပ်ငန်း ၀န်ကြီးများ အစည်းအဝေး၌ CLMV လေးနိုင်ငံမှ ၀န်ကြီးများက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“CLMV နိုင်ငံတွေအကြားမှာ ကမ္ဘာလှည့်ခရီးသည် သွားလာမှုက ၂၀၁၁ ခုနှစ်မှာ တိုးတက်လာခဲ့ပြီး လေးနိုင်ငံအကြား သွားလာမှုက ၁၂ သန်း ၀န်းကျင်ရှိခဲ့ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုနှုန်းမှာ နှစ်စဉ် တိုးတက်လာသည် ဆိုသော်လည်း အာဆီယံဒေသတွင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ 
ပုဂံညောင်ဦးဒေသသို့ ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွားများအား စက်တင်ဘာလက တွေ့ရစဉ် ဓါတ်ပုံ-ကိုနော် (ပုဂံ)
News from : Eleven Media Group
Post By : Aye Chan Mon
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်စသည့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် အာဆီယံ CLMV လေးနိုင်ငံအကြား ၂၀၁၃-၂၀၁
၅ ခုနှစ်တွင် ခရီးသွား ဧည့်သည် ၂၅ သန်း အပြန်အလှန် ၀င်ထွက်သွားလာနိုင်ရန် ခရီးသွား စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါစာချုပ်တွင် လေးနိုင်ငံ ပူးပေါင်း၍ တစ်ခုတည်းသော ခရီးသွားဗီဇာစနစ်အား ဆက်လက် အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် လေးနိုင်ငံအကြား ခရီး သွား ၁၅ သန်းဝင်ရောက်၍ အဆိုပါ ၁၅ သန်းမှ လေးသန်းမှာ လေးနိုင်ငံအကြား အလွယ်တကူ သွားလာနိုင်မည့် တစ်ခုတည်းသော ခရီးသွား ဗီဇာ (Four Countries, One Destination) ကိုင်ဆောင်နိုင်ရေးအတွက် တစ်ခုတည်းသော ဗီဇာထုတ်ပေးနိုင်ရေး အတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီ ဦးဝင်းတင်ပြောကြား
Photo: လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီ ဦးဝင်းတင်ပြောကြား  
SUNDAY, 07 OCTOBER 2012 13:31
လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီဦးဝင်းတင်က ‘သတင်းစာ များက သမိုင်းကိုပြောနေကြသည်’ ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို အောက် တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ရှိ Central Hotel တွင် သံလွင် (Citizen Empowerment Program) က စီစဉ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ၀ါရင့်သတင်းစာဆရာကြီးများ ဖြစ်ကြသည့် ဟံသာဝတီဦးဝင်းတင်နှင့် ကြေးမုံဦးကိုကိုကြီးတို့က သတင်းစာနှင့်သမိုင်းဆက်နွှယ်ပုံ အကြောင်းများကို ဟောပြော ဆွေးနွေးခဲ့ကြသည်။
“လွတ်လပ်တဲ့ သတင်းစာကသာ သမိုင်းကို ပြောနိုင်ပါတယ်။ နောက်ထပ်တစ်ခုက သတင်းစာတစ်စောင်ဟာ အနှောင်အဖွဲ့ကင်းရပါမယ်။ စာနယ်ဇင်းသမားတွေဟာ မိမိတို့ဆိုင်ရာ ကဏ္ဍရဲ့သမိုင်းတွေကို လေ့လာမှု ရှိရပါမယ်”ဟု ဟံသာဝတီဦးဝင်းတင် က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စာနယ်ဇင်းသမားဘ၀မှာ အတော်လေးခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ အရင်အချိန်က သတင်းစာသမားတစ်ယောက်ဖြစ်ဖို့ ဆိုတာ ဒီကနေ့ခေတ် လောက်မလွယ်ကူပါဘူး။ အခုအချိန် မှာသတင်းလွတ်လပ်ခွင့်အထိုက်အ လျောက်ရနေပြီ၊ ရေးသားခွင့်ရနေပြီဆိုတော့ ရှေ့မှာလျှောက်လှမ်းခဲ့ကြတဲ့ သတင်းစာဆရာကြီးတွေရဲ့အကြောင်းကို လေ့လာသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ကျန်တဲ့မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင်ထိန်း ကျောင်းပေးရတဲ့ အနေအထားဖြစ်တဲ့ အတွက် ဒီစတုတ္ထမဏ္ဍိုင်မှာရှိတဲ့ သ တင်းစာသမားတွေဟာ ကိုယ့်ရဲ့အတွေးအခေါ်၊ ရပ်တည်ချက် အမြင်တွေနဲ့ သွားနေတဲ့သမိုင်းမှတ်တမ်းတွေကို တင်ပြရပါမယ်။ သတင်းစာသမား တွေဟာ ခံယူချက်ဝမ်းစာပြည့်ရပါ မယ်။ ၀မ်းစာဆိုတာ အမှားအမှန်ကို တွေးခေါ်တတ်ရမယ်၊ ဝေဖန်ပိုင်းခြားတတ်ရမယ်၊ ရဲရဲဝံ့ဝံ့တင်ပြရဲတယ်ဆိုတဲ့ ခံယူချက်တွေနဲ့လုပ်ဖို့လိုပါတယ်။ အမှန်ဘက်က ရပ်တည်ယုံတင်မကဘဲ အမှားကိုလည်းဖော်ထုတ်ရမယ်။ အမှားကိုဖြိုခွဲရမယ်ဆိုတဲ့ ရပ်တည် ချက်နဲ့ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ကြေးမုံ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
“အားလုံးသိတဲ့အတိုင်း  ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်ဟာ အရေးကြီး တဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်ပိုမို အားကောင်းရေးအတွက် ကျွန်တော်တို့ရဲ့ ပထမ ဦးဆုံးအစီအစဉ်အဖြစ် (Journalist Empowerment Program) ကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ပြီး ရင် မြန်မာ့နိုင်ငံရေး နောက်ခံသမိုင်း ကြောင်းကို ဆရာကြီးဒေါက်တာကျော် ၀င်း (သမိုင်းဌာန၊ ပါမောက္ခအငြိမ်း စား၊ ရန်ကုန်တက္ကသိုလ်) ကို အပိုင်းလေးပိုင်းခွဲပြီး ပို့ချဖို့စီစဉ်ထားပါတယ်။ နယ်မြို့တွေမှာလည်း ဒီလိုမျိုးဆောင် ရွက်သွားဖို့ ရှိပါတယ်”ဟု သံလွင်အဖွဲ့မှ ကိုဇော်မင်းကျော်က ပြောကြား ခဲ့သည်။
သံလွင်အဖွဲ့သည် မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ အလေ့အထများ ပိုမိုဖွံ့ဖြိုးစေရန်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။
News from : Eleven Media Group
Post By : Aye Chan Mon
လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီဦးဝင်းတင်က ‘သတင်းစာ များက သမိုင်းကိုပြောနေကြသည်’ ဆွေးနွေးပွဲတွင်ပြောကြ
ားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို အောက် တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ရှိ Central Hotel တွင် သံလွင် (Citizen Empowerment Program) က စီစဉ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ၀ါရင့်သတင်းစာဆရာကြီးများ ဖြစ်ကြသည့် ဟံသာဝတီဦးဝင်းတင်နှင့် ကြေးမုံဦးကိုကိုကြီးတို့က သတင်းစာနှင့်သမိုင်းဆက်နွှယ်ပုံ အကြောင်းများကို ဟောပြော ဆွေးနွေးခဲ့ကြသည်။
ပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် Pacific Electric ကုမ္ပဏီတို့ရရှိ
Photo: ပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် Pacific Electric ကုမ္ပဏီတို့ရရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်အလိုက် ပုဂ္ဂလိကကုမ္ပဏီများကို ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု သိရ  
SUNDAY, 07 OCTOBER 2012 10:55
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီ နှင့် Pacific Electric ကုမ္ပဏီတို့ရရှိခဲ့ကြောင်း သိရှိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးလျက်ရှိရာ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဒိုင်းမွန်းစတားကုမ္ပဏီအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်တို့တွင် Pacific Electric ကုမ္ပဏီအားလည်းကောင်း လုပ်ကိုင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရှိရသည်။
"ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေ ထုတ်လုပ်မယ့် ဂတ်စ်အင်ဂျင်တွေကနေ ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကို တစ်ယူနစ် ၈၀ လောက်နဲ့ ၀ယ်ရမယ်။ တစ်ယူနစ်ကို ၅၀ ကျပ်လောက်နဲ့ ပြည်သူကိုဖြန့်ရမယ်။ ရေအားလျှပ်စစ်ကရရှိတဲ့ အမြတ်နဲ့ သဘာဝဓာတ်ငွေ့က အရှုံးကို ပြန်ကာရမယ်။ ရင်းနှီးမြှုပ်နှံသူတွေလုပ်ချင်အောင်လည်း မင်းတို့တည်ဆောက်ကြပါ။ ထွက်သမျှဝယ်ပါ့မယ်ဆိုပြီးတော့ အာမခံထားရပါတယ်" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွင် ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်ဆောင်ရွက်ခွင့်ရရှိပါက လုပ်ကိုင်ခွင့်ရရှိသည့် သက်ဆိုင်ရာမြို့နယ်များအတွက် လုံလောက်သော လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် နွေရာသီလျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသည့်အခါ ကိုယ်ပိုင် အရံလျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး လုပ်ငန်းဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေးအတွက် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမည့် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ဂက်စ်တာဘိုင်မှ မဂ္ဂါဝပ် ၅၀၀ စီထုတ်လုပ် မည့် ကိုရီးယား၊ တရုတ်နှင့်ထိုင်းနိုင်ငံများမှ ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များအလိုက် ဆက်လက်လုပ်ကိုင်ခွင့်များချ ထားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်း၌ ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပမာဏ ၁၈၅၀ မဂ္ဂါဝပ်လိုအပ်လျက်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင် ကြောင်းသိရှိရသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ နီးပါး လိုအပ်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု စတင်လုပ်ကိုင်ခွင့်ရရှိသည့် ဒိုင်းမွန်းစတားကုမ္ပဏီမှာ မကြာခင်ကာလအတွင်းက Pepsi  အချိုရည်ကုမ္ပဏီနှင့် မြန်မာပြည်ဖြန့်ချိရေးဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ထို့ပြင်ဂျုံစက်လုပ်ငန်း၊ ဓာတ်မြေသြဇာလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် Capital Hyper Market ကိုလည်းဖွင့်လှစ်ထားသည်။ Pacific Electric ကုမ္မဏီမှာ အငြိမ်း စားအင်ဂျင်နီယာများစုပေါင်းတည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး လျှပ်စစ်တာဝါတိုင်များတည်ဆောက်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
ရန်ကုန်မြို့တော်အနေဖြင့် ၂၀၁၁ -၂၀၁၂နွေရာသီတွင် မဂ္ဂါဝပ် ၈၅၀ သုံးစွဲခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မဂ္ဂါဝပ် ၁၅၅၀ သာပေးနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်မူ ယင်းပြသနာမကြုံတွေ့နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အားသုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၀၆ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၅၅၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၁-၂၀၁၂ တွင်မူ မဂ္ဂါဝပ် ၈၅၀ အထိရှိလာခဲ့ပြီး တစ်နိုင်ငံလုံးအတွက် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၁၀၀ ခန့်၊ သဘာဝဓာတ်ငွေ့သုံးစက်များမှ မဂ္ဂါဝပ် ၄၀၀ ခန့်သာ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
News from : Eleven Media Group
Post By : Aye Chan Mon
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီ နှင့် Pacific Electric ကုမ္ပဏီတို့ရရှိခဲ့ကြောင်း သိရှိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးလျက်ရှိရာ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဒိုင်းမွန်းစတားကုမ္ပဏီအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်တို့တွင် Pacific Electric ကုမ္ပဏီအားလည်းကောင်း လုပ်ကိုင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာ့ဈေးအကြီးဆုံး လပ်တော့
Photo: ကမ္ဘာ့ဈေးအကြီးဆုံး လပ်တော့
နောက်ထပ် Laptop တစ်မျိုးကလည်း ကမ္ဘာ့ဈေးအကြီးဆုံး Laptop ဖြစ်ကြောင်း ကြေညာလိုက်ပြန်ပြီ ဖြစ်ပါတယ်။ Tulip အမည်ရ နယ်သာလန် ကွန်ပျူတာပစ္စည်းကုမ္မဏီမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
Tulip E-Gold Diamond လို့အမည်ပေးထားတဲ့ Notebook ဖြစ် ပါတယ်။ ရွေဖြူ Pallidium ကိုယ်ထည်နဲ့လုပ်ထားပြီး ၉၀ ကာရပ်အဆင့် သန့်စင်တဲ့ စိန်လည်း ထည့်သွင်းထားပါသေးတယ်။ Tulip ရှေ့ နဲ့ နောက်လိုဂို နှစ်ခုကို လေးထောင့် ပုံသဏ္ဍန် ပတ္တမြား နှစ်လုံး ထည့်သွင်း ထားပြီး ယင်းတန်ဖိုးသီးသန့်တောင် ယူရိုငွေ ၂၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အပြည် မျက်နှာပြင်ကို သားရေ၊ ဖိုက်ဘာ၊ သစ်သား၊ သတ္တု အားလုံး အချိုးညီ ပေါင်းစပ်ထည့်သွင်း တည်ဆောက်ထားပါတယ်။
Notebook ဆိုတာထက် ဖက်ရှင်ကျကျ ပစ္စည်းတစ်ခုပုံ ပေါက်နေပါတယ်။ အတွင်းက နည်းပညာဆိုင်ရာ Hardware နဲ့ software ကတော့ ဝယ်သူ စိတ်တိုင်းကျ ထည့်သွင်းပေးပြီး နောက်ဆုံးပေါ် ပစ္စည်းများ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အပိုအိတ်တစ်ခုလည်း ပါဝင်ပါသေးတယ်။ integrated web camera, Bass reflex sound system တို့ ပါရှိပါတယ်။ အပြင်ဘက်၊ အတွင်းဘက် အလင်းအမှောင်မျိုးစုံမှာ အသုံးပြုနိုင်မယ့် Anti-glared display ၁၂လက်မ အရွယ်အစားကို အသုံးပြု ထားပါတယ်။
လက်ရှိ Tulip E-Gold Diamond -Notebook တစ်လုံးရဲ့ ပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၃သိန်းခွဲ ရှိတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး လပ်(ပ်)တော့ ဖြစ်တယ်လို့ Tulip တို့ ကြေညာထားပါတယ်။
----
Ref:zurmat.
Aung Kham (TSJ team)
News from : TechSpace Journal
Post By : Aye Chan Mon
နောက်ထပ် Laptop တစ်မျိုးကလည်း ကမ္ဘာ့ဈေးအကြီးဆုံး Laptop ဖြစ်ကြောင်း ကြေညာလိုက်ပြန်ပြီ ဖြစ်ပါတယ်။ Tulip အမည်ရ နယ်သာလန် ကွန်ပျူတာပစ္စည်းကုမ္မဏီမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
Tulip E-Gold Diamond လို့အမည်ပေးထားတဲ့ Notebook
ဖြစ် ပါတယ်။ ရွေဖြူ Pallidium ကိုယ်ထည်နဲ့လုပ်ထားပြီး ၉၀ ကာရပ်အဆင့် သန့်စင်တဲ့ စိန်လည်း ထည့်သွင်းထားပါသေးတယ်။ Tulip ရှေ့ နဲ့ နောက်လိုဂို နှစ်ခုကို လေးထောင့် ပုံသဏ္ဍန် ပတ္တမြား နှစ်လုံး ထည့်သွင်း ထားပြီး ယင်းတန်ဖိုးသီးသန့်တောင် ယူရိုငွေ ၂၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အပြည် မျက်နှာပြင်ကို သားရေ၊ ဖိုက်ဘာ၊ သစ်သား၊ သတ္တု အားလုံး အချိုးညီ ပေါင်းစပ်ထည့်သွင်း တည်ဆောက်ထားပါတယ်။
လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ( ကျော်သူ )
Photo: လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ
.by Kyaw Thu on Saturday, 6 October 2012 
.၂ဝ၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့တော် စံတော်ချိန် နံနက် (၈းဝဝ) နာရီအချိန်တွင် ကျွန်တော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ ည (၉း၃ဝ) နာရီအချိန်ခန့်တွင် အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ ပြည်သူလူထုတို့၏ ဝမ်းပန်းတသာနဲ့ တခဲနက်ကြိုဆိုမှု မြင်ကွင်းအစုံတို့ကို ကျွန်တော်တို့ Online ပေါ်မှ တဆင့်မြင်တွေ့ရမှုသည် ကျွန်တော်တို့နှင့်အတူ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သူလူထုတို့ အတွက် ကြက်သည်းမွေးညင်းများ ထလောက်အောင်ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ရသည်။ ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ဝမ်းနည်းလွမ်းဆွတ်မှုသည်လည်း ထပ်ချပ်မကွာ ခံစားခဲ့ရသည်။ ပြည်တွင်းရှိ မြန်မာလူထူတို့ အတွက် အားကိုးအားထားရာ ငြိမ်းချမ်းရေးမိခင်တစ်ဦးရဲ့ နွေးထွေးမှု ရင်ခွင်ထဲသို့ လုံခြုံစိတ်ချစွာ ပြန်လည် ရောက်ရှိသကဲ့သို့ ခံစားခဲ့ကြသလို ပြည်ပရှိ မြန်မာလူထုအတွက်မူ နာရီပိုင်းကလေးအတွင်းသာ အိပ်မက် မက်သကဲ့သို့ နွေးထွေးမှု၊ ကြည်နှုးမှုတို့ကို ခံစားထိတွေ့ခဲ့ရသည်။ သို့သော် အမေစု၏ သြဝါဒ စကားများ ကား အဖိုးမဖြတ်နိုင်၊ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုအားလုံး လက်တွေ့ကျင့်ကြံကြဖို့သာ အရေးကြီး လှသည် မဟုတ်ပါလား။ ဘုရားသခင်တိုင်းသည်လည်း လူသားအားလုံးအတွက် ငြိမ်းချမ်းရေး တရားတော် မြတ်တို့ကို ဟောကြားခဲ့ကြသည်။ သို့သော်ငြားလည်း  လူသားတို့သည် ဘုရားသခင်တို့၏ ဆိုဆုံးမ စကား များအား မလိုက်နာ၊ မကျင့်ကြံခြင်းကြောင့် စစ်ပွဲပေါင်းမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့ နေရခြင်းပင် မဟုတ် ပါလား။ ဤနေရာတွင် အမေစုအား ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကားမဟုတ်။ အသိပညာ၊ အတတ်ပညာ များစွာတို့နှင့် ပြည့်စုံသောပညာရှိတစ်ဦးအဖြစ် တင်စားပြောဆိုခြင်း သက်သက်သာဖြစ်သည်။
ထို့ကြောင့် ပြည်ပတွင်ရှိကြကုန်သော မြန်မာပြည်သူလူထုတို့သည်လည်း အမေပြောကြားခဲ့သော၊ ဆုံးမခဲ့သော သြဝါဒစကားများကို လိုက်နာကျင့်ကြံကြပြီး  မြန်မာ့အရေးကို စွမ်းဆောင်ကြဖို့ ပြင်ဆင် နေကြပြီဟု ယုံကြည်မိပါတော့သည်။ အတ္တနဲ့ပရကို ဒွန်တွဲလက်ကိုင်ပြုကြကာ အများအကျိုး တိုင်းပြည် အကျိုး၊ နိုင်ငံအကျိုးကို ပေးဆပ်ကြရမည်ဖြစ်သည်။ ထို့မှသာ မြန်မာပြည်တွင်းရှိ အခြေခံလူတန်းစားများ ဖြစ်သည့် ဆင်းရဲချို့တဲ့သော ဒုက္ခသည်များအတွက် ဘဝလမ်းခရီးသည် သာယာဖြောင့်ဖြူးတော့မည်။ သို့မှသာ တိုင်းပြည်သာယာဝပြောကာ ငြိမ်းချမ်းမှုပန်းတိုင်ကို ဆုပ်ကိုင်နိုင်မည်ဖြစ်တော့သည်။  ပြည်တွင်း မြန်မာပြည်လူထုအတွက် အင်အားများရှိသွားသကဲ့သို့ ပြည်ပရှိမြန်မာလူထုများတွင်လည်း  ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝရပ်တည်မှု လမ်းကြောင်းမှန်ကိုလည်း သိရှိတွေ့မြင်ခဲ့ရပြီဖြစ်သည်။
အမေစုကို မြန်မာလူထု လူကြီး၊ ကလေးမကျန် သိရှိကြသည်မှာ အမေစုသည် နာမည်ကြီး အဆိုတော်မဟုတ်၊ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ယောက်မဟုတ်၊ အမေစု၏တိုင်းပြည်အပေါ်၊ လူထု အပေါ်ထားရှိသော မှန်ကန်သည့် စေတနာ၊ မေတ္တာ၊ သစ္စာတရားများကြောင့်ပင် ဖြစ်တော့သည်။ အမေစု ၏မေတ္တာသည် မည်မျှထိရောက်သနည်းဆိုရသော် ကျွန်တော်ပြောပြပါတော့မည်။ ကျွန်တော်တို့ နေထိုင် ရပ်တည်ရာဖြစ်သော ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံအသီးသီးတို့တွင် ဆင်းရဲမွဲပြာကြနေသော နိုင်ငံများ ရှိနေသကဲ့သို့ ချမ်းသာကြွယ်ဝနေသော တိုင်းဌာနေများလည်း များစွာရှိကြသည်။ ယခု အမေစုကို တစ်ကမ္ဘာလုံးသော ကမ္ဘာပြည်သူများအားလုံးလိုလို သိရှိကြသည်မှာ အမေ့ရဲ့ လူသားများအပေါ်ထား ရှိသောမေတ္တာ၊ စေတနာများကြောင့်ပင် ဖြစ်တော့သည်။ ကမ္ဘာ့ချမ်းသာကြွယ်ဝသော အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံကြီးများတင်မက ကမ္ဘာံအဆင်းရဲဆုံး နိုင်ငံစာရင်းဝင် အီသီယိုး ပီးယားနိုင်ငံမှ ပြည်သူများကပင် အမေစုအား လေးစားကြည်ညိုမှုကို ကျွန်တော်မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ ရခြင်းကြောင့်ပင် ဖြစ်တော့သည်။ ထိုနေ့သည်ကား ၁၇.၉.၂ဝ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ Department of States တွင် အမေရိကန်အစိုးရအရာရှိကြီးများနှင့် NED ဆုပေးပွဲအတွက် တွေ့ဆုံအပြီးတွင် ကျွန်တော်တို့တည်းခိုရာ ဟိုတယ်သို့ TAXI ကားဌါးပြီး အပြန်လမ်းတွင် Taxi မောင်းသူ သည် ကျွန်တော်တို့အား ဘယ်နိုင်ငံမှလာကြောင်းဟု စကားစမေးတော့သည်။ ကျွန်တော်တို့မှ မြန်မာ နိုင်ငံမှလာကြောင်း ပြန်လည်ပြောသောအခါ မည်သည့်နေရာတွင် အဲ့ဒီ မြန်မာနိုင်ငံဆိုတာ ရှိသလည်းဟူ၍ စပ်စုပြန်သည်။ ထိုအခါ ကျွန်တော်တို့နှင့်ပါလာသူ NED အဖွဲ့မှ ပုဂ္ဂိုလ်က တရုတ်ပြည်၊ အိန္ဒိယပြည်တို့ အကြား ယိုးဒယားနိုင်ငံရဲ့ နံဘေးမှာရှိကြောင်း ပြောပြသော်လည်း ထိုယာဉ်မောင်းလုပ်သူသည် ခေါင်းတ ညိမ့်ညိမ့်နှင့်လုပ်ကာ သိပ်မရှင်းကြောင်း၊ မျက်စိတွင် သိပ်မပေါ်ကြောင်းပြောနေတော့သည်။ ထိုအခါ ကျွန်တော်သည် “Do you know Aung San Suu Kyi ?” (အောင်ဆန်းစုကြည်ကို…သိလား) ဟုမေးလိုက်သော် ထို Taxi မောင်းသမားသည် ပြာပြာသလဲနှင့် “Ah! I see … I see … I really admire her and I have the greatest respect for her. She is the real leader.”(ဟာ သိတယ် … သိတယ် ငါသူ့ကို သိပ်လေးစားတယ်၊ သိပ်ကြည်ညိုဖို့ကောင်းတယ်၊ တကယ့်ခေါင်းဆောင်ကောင်းဘဲ) ဟုပြောကြားခြင်းကို ကျွန်တော်တို့ အံ့သြဝမ်းသာ ဂုဏ်ယူစွာဖြင့်ကြုံတွေ့ ခဲ့ရသည်။ ထို Taxi မောင်းသမား သည် ဤသည်နှင့် မကျေနပ်သေး “Do you have the photo of Aung San Suu Kyi. I want it!.”(မင်းတို့ဆီမှာ အဲဒီ အောင်ဆန်းစုကြည်ရဲ့ပုံရှိလား … ငါလိုချင်လို့ပါ) ဟု ပြောကြားခဲ့ ပြန်တော့သည်။ ထိုအခါ ကျွန်တော်တို့တွင် မရှိကြောင်း ပြန်လည်ပြောကြားသောအခါ သူသည်အတော့်ကို စိတ်မကျေမနပ် ဖြစ်သွားကာ၊ “I put my heros, my God and the leaders who saved my country in the front of my car, benefactor, and drive it. Because your leader stands by the side of commoners all the people, I idolize her and want to put it in the front of my car.” (ငါက ငါ့ရဲ့ သူရဲကောင်း တွေ… ငါတို့ဘုရားသခင်… ငါ့တို့ရဲ့တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်တွေကို… ငါ့ရဲ့ကျေးဇူးရှင် ဒီ မော်တော်ကား ခေါင်းခန်းမှာထားပြီး ငါအလုပ်လုပ်တယ်။ ဒါကြောင့် မင်းတို့ရဲ့ ခေါင်းဆောင်ဟာလည်း လူသားအားလုံး… ငါ့တို့လို အခြေခံလူထုတွေဖက်ကရပ်တည်လို့ ငါလေးစားချစ်ခင်ပြီး ငါ့မော်တော်ကား ရှေ့မှာထားချင်လို့ပါ) ဟု စိတ်မကောင်းစွာ ပြောကြားတော့သည်။ ကျွန်တော်လည်း မည်သို့ပြန်လည် ပြောရမည် မသိဖြစ်နေကာ ကျွန်တော်၏လက်သည် ကျွန်တော့်ရဲ့လွယ်အိတ်အား ကိုင်လိုက်စဉ် တစ်စုံ တစ်ရာအား စမ်းမိသွားတော့သည်။ ထိုအရာကား ကျွန်တော်ခရီးသွားတိုင်း ကျွန်တော်လွယ်သွားလေ့ရှိ သော ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ ရင်ထိုးလေးပင် ဖြစ်တော့သည်။ ထိုအခါ ကျွန်တော်သည် ဝမ်းသာအားရဖြင့် ရင်ထိုးငယ်အားဖြုတ်ယူကာ “This is our mother, Aung San Suu Kyi who you want.” (မင်းလိုချင်တဲ့ ငါ့တို့အားလုံးရဲ့ အမေစုပုံ) ဟု ပြောကြားကာ သူ၏လက်ထဲသို့ ပေးလိုက်တော့သည်။ သူသည် ချက်ချင်း ဆိုသလို သူ၏မော်တော်ကား အား လမ်းတစ်နေရာတွင်ထိုးရပ်ပြီး  မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ဘုရားသခင်တို့ကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားသော နေရာတွင် အမေစုအား နေရာတစ်နေရာပေး ချိတ်ဆွဲထားလိုက်တော့သည်။ ထို့ကြောင့် အမေစုအား ကမ္ဘာ့နိုင်ငံအသီးသီးမှ  ကမ္ဘာပြည်သူအပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာနိုင်ငံ ခေါင်းဆောင်ဟူသမျှ လေးစားအသိအမှတ် ပြုကြသည်မှာ အမေစုရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့်သစ္စာတရား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိသော  မေတ္တာ တရားတို့၏ စွမ်းပကားတို့၏ ထုထည်ကြီးမားလှသော အရှိန်အဝါအား လက်တွေ့ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။ "ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်" ဆိုသည့်စကား မှန်ကန်လှ ပေတော့သည် အမေရယ်။ သို့သော် ပြည်ပမှာရှိနေကြတဲ့ သားတို့ သမီးတို့ အားလုံးကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ရပြီပေါ့ အမေ။
(ဤဖြစ်ရပ်မှန် ဆောင်းပါးဖြင့် ပြည်ပရှိ မြန်မာပြည်သူလူထုအားလုံးတို့အား ဂုဏ်ပြုလိုက်ရပါသည်။)
ကျော်သူ
News from : ကျော်သူ
Post By : Aye Chan Mon
.၂ဝ၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့တော် စံတော်ချိန် နံနက် (၈းဝဝ) နာရီအချိန်တွင် ကျွန်တော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သည် ရန်ကုန်မြို့သို့ ည (၉း၃ဝ) နာရီအချိန်ခန့်တွင် အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ ပြည်သူလူထုတို့၏ ဝမ်းပန်းတသာနဲ့ တခဲနက်ကြိုဆိုမှု မြင်ကွင်းအစုံတို့ကို ကျွန်တော်တို့ Online ပေါ်မှ တဆင့်မြင်တွေ့ရမှုသည် ကျွန်တော်တို့နှင့်အတူ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သူလူထုတို့ အတွက် ကြက်သည်းမွေးညင်းများ ထလောက်အောင်ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ရသည်။ ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ဝမ်းနည်းလွမ်းဆွတ်မှုသည်လည်း ထပ်ချပ်မကွာ ခံစားခဲ့ရသည်။ ပြည်တွင်းရှိ မြန်မာလူထူတို့ အတွက် အားကိုးအားထားရာ ငြိမ်းချမ်းရေးမိခင်တစ်ဦးရဲ့ နွေးထွေးမှု ရင်ခွင်ထဲသို့ လုံခြုံစိတ်ချစွာ ပြန်လည် ရောက်ရှိသကဲ့သို့ ခံစားခဲ့ကြသလို ပြည်ပရှိ မြန်မာလူထုအတွက်မူ နာရီပိုင်းကလေးအတွင်းသာ အိပ်မက် မက်သကဲ့သို့ နွေးထွေးမှု၊ ကြည်နှုးမှုတို့ကို ခံစားထိတွေ့ခဲ့ရသည်။
မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား( ကိုကို(စက်မှုတက္ကသိုလ်))
Photo: မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား
==========================================
ရန်ကုန်မြို့ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့ကြားသိရပါတယ်။မနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူက သူငယ်ချင်းရေ စင်ကာပူကိုမီမမီတော့မသိဘူး။အခု တို့မြို့တော်ရန်ကုန်က ဗန်ကောက်ကို မီတော့မယ်ကွလို့ပြောပါတယ်။တယ်ဟုတ်ပါလားသူငယ်ချင်းရေ ဆိုစမ်းပါဦင်္းကွလို့ ဆိုတော့ သူက ယဉ်ကြော တွေပိတ်ဆို့ကြပ်ညပ်လာတာကိုပြောတာလို့စိတ်တိုတိုနဲ့ပြောပါတယ်။
 ဟုတ်ပါတယ်။အခုဆို အစည်းအဝေးတွေမှာ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ခါတိုင်း ၁၀မိနစ်လောက်မောင်းရတဲ့ ခရီးကို အခု နာရီဝက်မကမောင်းနေရကြောင်းညည်းကြတယ်။တစ်ယောက်ကဆိုရင် အခုဆို အရင်ထက်အနည်းဆုံး နာရီဝက်လောက်ကြိုထွက်နေရကြောင်း၊လမ်းမှာယာဉ်ကြောပိတ်ဆို့နေတာတွေနဲ့ အချိန်အလဟသကုန်နေရကြောင်းပြောပါတယ်။တစ်ယောက်ကဆိုရင် ရုံလာပြီးရင် တစ်နေရာရာသွားဖို့ တွန့် ဆုတ်နေကြောင်း၊ယာဉ်ကြောပိတ်တာကိုကြောက်လို့ဖြစ်ကြောင်း ထပ်ညည်းပါတယ်။
သူတို့ပြောသလို အပြောင်းအလဲတွေကြားမှာ တကယ့်ကိုကြီးကြီးကျယ်ကျယ်သိသိသာသောခံစားရတဲ့ အပြောင်းအလဲတစ်ခုက ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တစ်ခြားပိုမိုဆိုးဝါးလာခြင်းပဲဖြစ်ပါတယ်။အိမ်နီးချင်း ဘန်ကောက်က ရန်ကုန်နဲ့ယှဉ်ရင်တကယ့် မဟာမြို့တော်ကြီးတစ်ခုပါ။နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးတွေ၊ အဖွဲ့အစည်းကြီးတွေနဲ့လှုပ်ရှားတက်ကြွနေတဲ့မြို့တော်ကြီးပါ။မြန်မာနိုင်ငံက စီးပွားရေးအရလဲ ဘန်ကောက်လို ဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘဲ ယာဉ်ကြောပိတ်ဆို့မှုကတော့ အမီလိုက်ချင်တာဟာ စဉ်းစားစရာ ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရက အများပြည်သူတွေ တော်တော်များများကားစီးနိုင်အောင် ကားတင်သွင်းမှုဆိုင်ရာမူဝါဒတွေ ကို အံအားသင့်စရာကောင်းလောက်အောင်ဖြေလျော့ပေးအပြီးမှာ ရန်ကုန်ရဲ့လမ်းမတွေအပေါ် ကားသစ်အကြီး အငယ်တွေစုပြုံရောက်ရှိလာပါတယ်။မြို့တော်ကြီးက ကားသစ်တွေနဲ့ပနံရသွားပါတယ်။ဒါပေမယ့် ဘေးထွက် ဆိုးကျိုးအဖြစ် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာပါတယ်။
အဲသလိုဆိုလိုက်လို့ ကားတင်သွင်းမှုကိုရပ်ပစ်လိုက်ရမယ်မဆိုလိုပါဘူး။လူတွေကားစီးနိုင်တော့ပျော်စရာပေါ့။ သို့သော် ကားသစ်တွေတင်သွင်းလာမှုနဲ့အတူဖြစ်ပေါ်လာမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေအတွက် စီမံမှုတွေကို ဆက်လုပ်ကြရမှာဖြစ်ပါတယ်။အခုကုန်းကျော်တံတားတွေစထိုးနေတာ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။သို့သော် ကုန်းကျော်တံတားထိုးရုံနဲ့ယာဉ်ကြောပိတ်ဆို့မှုလုံးဝပြေလည်မသွားနိုင်ပါဘူး။ ဥပမာ လှည်းတန်းကုန်းကျော် တံတား ဆောက်ပြီးရင် လှည်းတန်းလမ်းဆုံမှာ ယာဉ်ကြောပိတ်ဆို့မှုကျသွားနိုင်ပေမယ့် အရပ်အနားမရှိ ဆက်တိုက် မောင်းလာနိုင်မယ့်ကားတွေဟာ ဟံသာဝတီအ၀ိုင်း ဒါမှမဟုတ်မြေနီကုန်းမှာ ပြန်ပြီးပိတ်ဆို့သွားမှာဖြစ်ပါတယ်။ ရွှေဂုံတိုင်ကုန်းကျော်တံတားပြီးလို့ ရွှေဂုံတိုင်မှာမပိတ်ဆို့တော့ရင် ဗဟန်းရေတာရှည်လမ်းမီးပွိုင့်လိုနေရာမျိုးမှာ ပြန်ပိတ်သွားနိုင်ပါတယ်။
Something is better than nothing ဆိုတာကြားဖူးပါတယ်။ဘာမှမရှိတာထက်စာရင်တော့ တစ်ခုခုရှိလိုက် တာပိုကောင်းတာပေါ့။ကုန်းကျော်တံတားမရှိတာထက်စာရင် ရှိလာတော့ပိုကောင်းတာပေါ့။ဒါပေမယ့် ယာဉ် ကြောပိတ်ဆို့မှုဖြေရှင်းရေးအစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့လမ်းတွေအားလုံးကို ခြုံလွှမ်းလေ့လာအဖြေထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ကုန်းကျော်တံတားတွေ၊နှစ်ထပ်လမ်းတွေထိုးရမယ်။လမ်းဆုံလမ်းခွတွေမှာ Traffic density တွေ ၊ Traffic volume တွေကို သေသေချာချာတွက်ချက်ပြီး မီးပွိုင့်တွေရဲ့ဝါနီစိမ်း အချိန်တွေကိုပြန်သတ်မှတ် ရမယ်။(ဒါမှမဟုတ် အချို့နိုင်ငံတွေလို အာရုံခံကိရိယာကတစ်ဆင့် ကားတွေကိုအာရုံခံပြီး အဖွင့်အပိတ်လုပ်ပေး တာမျိုးလည်းစဉ်းစားနိုင်ပါတယ်)။ ခေတ်မီဘတ်စကားသယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုပြုပြင်ပြောင်းလဲရ မယ်။Bus Interchange တွေနဲ့ ခရုပတ်လမ်းကြောင်းစနစ်လိုမျိုးစဉ်းစားနိုင်တယ်။ ဘတ်စ်ကားအပြင် ခရီးသည် အမြောက်အမြားကို အချိန်တိုတိုအတွင်းပို့ဆောင်ပေးနိုင်တဲ့ Mass Transit စနစ်ကြီးရေးဆွဲအကောင် အထည်ဖော်ရမယ်။ မက်ထရိုရထားစနစ်(စင်ကာပူက အမ်အာရ်တီလို)စနစ်မျိုးအပြိုင်လုပ်ရမယ်။အချို့အစီ အစဉ်တွေဟာ ငွေကုန်ကြေးကျသိပ်မများလှပေမယ့် အချို့ကိစ္စတွေက ရင်းနှီးမြှပ်နှံမှုကြီးကြီးမားမားလိုအပ်မှာ ဖြစ်ပါတယ်။
ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ မိုင်နာဘာသာအဖြစ် Traffic Engineering ကို တို့ကနန်းဆိတ် ကနန်း လောက်သင်ခဲ့ဖူးတာလေးတွေရယ်၊နိုင်ငံတကာမှာမြင်တွေ့ကြုံခဲ့ရတဲ့ပုံစံလေးတွေရယ်ပေါင်းစပ်ပြီး စဉ်း စားနေမိတာဖြစ်ပါတယ်။Traffic Engineer ကြီးတွေကပိုသိနားလည်ပါလိမ့်မယ်။ကြုံတုန်းပြောရရင် မြန်မာနိုင်ငံ မှာ ထရက်ဖစ်အင်ဂျင်နီယာဆိုတာ လက်ချိုးရေလို့ရပါတယ်။မြို့ပြအင်ဂျင်နီယာသင်တန်းတွေမှာ ဘာသာခွဲ တစ်ခုအနေနဲ့သင်ကြားပေးခဲ့တာတွေရှိပါတယ်။အဲဒါကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်စီမံနိုင်ဖို့ ထရက်ဖစ်အင်ဂျင်နီယာတွေပြန်လည်မွေးထုတ်ပေးဖို့လဲလိုအပ်နေပြီဖြစ်ပါတယ်။
ရန်ကုန်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာအကောင်းဆုံးစီးပွားရေးမြို့တော်ဖြစ်ပါတယ်။ဘန်ကောက် လို တကယ့်လုပ်ငန်းကြီးတွေအခြေလာစိုက်ရင်၊စက်မှုဇုန်ကြီးတွေစည်ပင်လာရင်၊ပြည်တွင်းစီးပွားလုပ်ငန်းတွေ အရှိန်ကောင်းလာရင် မြို့တော်ရန်ကုန်ဟာ လူတွေယာဉ်တွေနဲ့ပြည့်ကျပ်နေမှာဖြစ်ပါတယ်။
ဖြစ်တော့မှအလန့်တကြားထစီမံကြတာထက် ဖြစ်လာနိုင်မှာကို ကြိုတင်မှန်းဆပြီး (ကြိုစိုးရိမ်ပြီး) ယခုကတည်းက မြို့ပြယာဉ်ကြောပိတ်ဆို့မှုပြသနာကို ၀ိုင်းဝန်းအဖြေရှာကြရတော့မှာပါ။
 by Yangon Media Group on Saturday, October 6, 2012 at 8:35am ·
ကိုကို(စက်မှုတက္ကသိုလ်)
ဘန်ကောက်မြို့၏ ပုံ
ရန်ကုန်မြို့ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့ကြားသိရပါတယ်။မနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူက သူငယ်ချင်းရေ စင်ကာပူကိုမီမမီတော့မသိဘူး။အခု တို့မြို့တော်ရ
န်ကုန်က ဗန်ကောက်ကို မီတော့မယ်ကွလို့ပြောပါတယ်။တယ်ဟုတ်ပါလားသူငယ်ချင်းရေ ဆိုစမ်းပါဦင်္းကွလို့ ဆိုတော့ သူက ယဉ်ကြော တွေပိတ်ဆို့ကြပ်ညပ်လာတာကိုပြောတာလို့စိတ်တိုတိုနဲ့ပြောပါတယ်။
ဟုတ်ပါတယ်။အခုဆို အစည်းအဝေးတွေမှာ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ခါတိုင်း ၁၀မိနစ်လောက်မောင်းရတဲ့ ခရီးကို အခု နာရီဝက်မကမောင်းနေရကြောင်းညည်းကြတယ်။တစ်ယောက်ကဆိုရင် အခုဆို အရင်ထက်အနည်းဆုံး နာရီဝက်လောက်ကြိုထွက်နေရကြောင်း၊လမ်းမှာယာဉ်ကြောပိတ်ဆို့နေတာတွေနဲ့ အချိန်အလဟသကုန်နေရကြောင်းပြောပါတယ်။တစ်ယောက်ကဆိုရင် ရုံလာပြီးရင် တစ်နေရာရာသွားဖို့ တွန့် ဆုတ်နေကြောင်း၊ယာဉ်ကြောပိတ်တာကိုကြောက်လို့ဖြစ်ကြောင်း ထပ်ညည်းပါတယ်။
ပြည်ခိုင်ဖြိုးပါတီ၌ ဥက္ကဌ ရာထူးဆက်ရှိမည် နှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ယခင်နာယကကြီးများ တာဝန်ယူထားခြင်းလုံးဝမရှိကြောင်း ဦးဌေးဦးမှ အတည်ပြုပြောကြား
Photo: ပြည်ခိုင်ဖြိုးပါတီ၌ ဥက္ကဌ ရာထူးဆက်ရှိမည် နှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ယခင်နာယကကြီးများ တာဝန်ယူထားခြင်းလုံးဝမရှိကြောင်း ဦးဌေးဦးမှ အတည်ပြုပြောကြား
မကြာခင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုညီလာခံကြီး၌ ပါတီ ဥက္ကဌရာထူးအား ထားရှိမည်မဟုတ်ကြောင်း နှင့် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး၌ နာယကကြီးအဖြစ် တာဝန်ယူသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ရှိ နာယကကြီးအအဖြစ်ရှိနေသေးကြောင်း သတင်းများထွက်ပေါ်လျှက်ရှိနေပြီး အဆိုပါသတင်းများ မှာ ကောလဟာလသာဖြစ်ကြောင်း ပါတီ ညီလာခံကြီး၌ ဥက္ကဌရာထူးအား ဆက်လက်ထားရှိ မည်ဖြစ်ကြောင်း နှင့် ယခင် အသင်းကြီး၏ နာယကအဖြစ် တာဝန်ယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာလည်း အသင်းကြီးအား ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းစဉ်ကပင် နာယက နေရာမှာမရှိတော့ကြောင်း ၊ ပြည်ခိုင်ဖြိုးပါတီ(ဗဟို) အထွေထွေ အတွင်းရေးမှူးဦးဌေးဦးက အတည်ပြုပြောကြားလိုက်သည်။ “ပါတီရဲ့ ဖွဲ့စည်းပုံအရ ဥက္ကဌရော ၊ ဒု ဥက္ကဌရော ရှိပါတယ်။ ဒုဥက္ကဌဆို တစ်ယောက်ထက်မက ပိုရှိပါတယ်။ထပ်လည်းရှိနေမှာပါ။ ပါတီမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရှိတယ်။ ဒါပေမယ့် အဲဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေထဲကနေ ပါတီရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေရှိတယ်။ အဲဒါကတော့ နိုင်ငံတော်သမ္မတကြီးအပါအ၀င်  ပြည်ထောင်စုဝန်ကြီးတွေပဲ ၊ ပါတီတာဝန်တွေကို ထမ်းဆောင်ခွင့်မရှိတော့တဲ့ ၀န်ကြီးတွေ ကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အရေအတွက်နည်းသွားတယ်။ အဲဒါကြောင့် အဲဒီအရေအတွက်လည်း ပြန်ဖြည့်ရမယ် ၊ ဒါက ပါတီညီလာခံမှာ လုပ်မယ့်ကိစ္စပါ။ ဥက္ကဌကတော့ ရှိမှာပဲ ၊ သို့သော အဲဒီဥက္ကဌ တာဝန်ကို ဆောင်ရွက်လို့ မရဘူးဆိုရင်လည်း ဒီတာဝန်ကို ပါတီမှာ အမြဲတမ်းကျန်ခဲ့ပြီး ဆောင်ရွက်နိုင်တဲ့သူ ကယူပြီးဆောင်ရွက်မှာပါ့။ ရာထူးယူချင်ယူမှာပေါ့ ရာထူးမယူပဲနဲ့ ဒီတာဝန်ကိုပဲယူမှာပါ။ နောက်တစ်ခုက အ၇င် အသင်းကြီးတုန်းက  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တွေဟာ အသင်းကြီးမှာ နာယကတွေဘဲ အဲဒီမှာ အသင်းကြီးလို့ စတင်ဖွဲ့စည်းပေးခဲ့တည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးလည်းပါတယ်။ ကျွန်တော်တို့ န.ယ.က အဖွဲ့လို့ ဖျက်သိမ်းပြီး ၊ အစိုးရသစ်ကို စတင်ဖွဲ့စည်းတဲ့အချိန်မှာ ရော ၊ အသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ချိန်မှာရော န.ယ.က အဖွဲ့ဝင်တွေ န.ယ.ကနေရာမှာ လုံးဝမရှိတော့ပါဘူး။ သို့သော်လက်ရှီ မှာ ပါတီ နာယက အဖွဲ့ကို လိုအပ်ရင်ထားနိုင်ဖို့တော့ ကျွန်တော်တို့ ဖွဲ့စည်းမယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကို နာယက အဖြစ် ဆက်ထားမယ်ဆိုတဲ့ သဘောမျိုးတော့မဟုတ်ပါဘူး´´ဟု USDP ဗဟိုအတွင်းရေးမှူး ၊ ပြည်သူ့လွှတ်တော် နိုင်ငံ သားများ၏ မူလအခွင့်အရေး နှင့် ဒီမိုကရေစီရေးကော်မတီ ဥက္ကဌ ဦးဌေးဦးမှ Hot News သတင်းထောက်အားပြောကြားသွားခဲ့သည်။ ပါတီဗဟိုညီလာခံကျင်းပရာ၌လည်း ယခင်ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၌ မပါခဲ့သော မြို့နယ် ၊ ခရိုင် နှင့် တိုင်းတို့၌ ပါတီဥက္ကဌများအား ရွေးချယ်ထားရှိမည်ဖြစ်ကာ ပါတီဥက္ကဌအားလည်း ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ၊ လိုအပ်ပါက နာယက အဖွဲ့အားလည်းထား ရှိမည်ဖြစ်ကြောင်း ဦးဌေးဦး၏ ပြောကြားချက်အရသိရှိသည်။
ခန့်ခန့်(ဒဿနိက)
News from : The Hot News
Post By : Aye Chan Mon
မကြာခင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုညီလာခံကြီး၌ ပါ
တီ ဥက္ကဌရာထူးအား ထားရှိမည်မဟုတ်ကြောင်း နှင့် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး၌ နာယကကြီးအဖြစ် တာဝန်ယူသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ရှိ နာယကကြီးအအဖြစ်ရှိနေသေးကြောင်း သတင်းများထွက်ပေါ်လျှက်ရှိနေပြီး အဆိုပါသတင်းများ မှာ ကောလဟာလသာဖြစ်ကြောင်း ပါတီ ညီလာခံကြီး၌ ဥက္ကဌရာထူးအား ဆက်လက်ထားရှိ မည်ဖြစ်ကြောင်း နှင့် ယခင် အသင်းကြီး၏ နာယကအဖြစ် တာဝန်ယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာလည်း အသင်းကြီးအား ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းစဉ်ကပင် နာယက နေရာမှာမရှိတော့ကြောင်း ၊ ပြည်ခိုင်ဖြိုးပါတီ(ဗဟို) အထွေထွေ အတွင်းရေးမှူးဦးဌေးဦးက အတည်ပြုပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ
Photo: မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ	
SUNDAY, 07 OCTOBER 2012 10:58
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းချပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း နိုင်ငံ တကာနည်းတူ ဖုန်း Sim card  တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူ၁၀၀ဦးလျှင် ခုနစ်ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ကြောင်းလည်း စာရင်းဇယားများအရ သိရှိရပါသည်။
“ကျေးလက်နေပြည်သူတွေကတော့ ဒီလိုအရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက် ပျော်နေမှာပဲ။ ဒါပေမယ့်လည်း သူတို့တွေက မိုဘိုင်းဖုန်းတစ်လုံးကို အဲလောက်တန်ဖိုးမပေးရဘူး ဆိုတာကိုတော့ သူတို့သိချင်မှ သိမယ်။ သူတို့ကတော့ အားပေးကြမှာပါ။သူတို့အတွက် ဆက်သွယ်ရေး အဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ၀မ်းနည်းစရာကောင်းတာက သူတို့တွေ ဖုန်းတစ်လုံးကို ဈေးကြီးပေး ၀ယ်လိုက်ရတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညာချခံလိုက်ရတာပေါ့ဗျာ။ နယ်ကလူ တွေကတော့ ဆက်သွယ်ရေးက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်နေကြမှာပါ။ နောက်ဆုံး မိုဘိုင်းဖုန်းတွေကို လတ်တလောမှာ ဈေးမလျှော့ပေးနိုင်ရင် တောင်မှပဲ ခေါ်ဆိုခတွေကို လျှော့ပေးစေချင်တယ်။ လူအိပ်တဲ့အချိန်တွေ တော့မဟုတ်ဘူးပေါ့ဗျာ။” ဟု ကိုထက်လင်းစိုး(Mr. Htet Computer Virus Lab)က ပြောကြားခဲ့ပါသည်။
မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်း မွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလိုမျိုးဖြစ်နေတာကိုရော မြန်မာ့ ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်  . . .
မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ၂၀၁၁ ခုနှစ် မတ်လကုန်တွင် ၃.၈ သာရှိခဲ့ရာမှ လက်ရှိ အချိန်တွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ ၇.၅ အထိရှိလာပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများအား မီရန်ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း သိရသည်။
GSM/ UMTS မိုဘိုင်းတယ်လီဖုန်းများအား လွှမ်းခြုံဧရိယာအတွင်း ရှိ ကျေးလက်ဒေသများမှ ပြည်သူများ အတွက် အရစ်ကျရောင်းချပေးရာတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း လိုင်းကားစီးရင်း ဖုန်းပြောနေသည့် ခရီးသွားတစ်ဦး
အဆိုပါ သတ်မှတ်ချက်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံသော ပုဂ္ဂိုလ်များဖြစ်ရန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲရန်၊ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီးပြည်နယ် မန်နေဂျာများမှ ကြီးကြပ်ရောင်းချရန်၊ GSM(2.75G) မိုဘိုင်းတယ်လီဖုန်းများ အား နိုင်ငံဝန်ထမ်းများ ရောင်းချပေး နေသည့်အတိုင်း ပထမအရစ် ၄၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။ တယ်လီဖုန်းများ ရောင်းချရငွေမှ ၂ ရာခိုင် နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးရွာနှင့်မြို့နယ်များသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားမည် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
“သူတို့ရဲ့ ပထမနှစ် စီမံကိန်းက ဖုန်းအလုံးရေ လေးသန်းမှာတစ်သန်း ကျော်လောက်ပဲ ရောင်းရသေးတယ်လို့တော့ ကြားရပါတယ်။ ဒီအတွက်ပစ္စည်းတွေ အကုန်လုံးလည်း တပ်ထားပြီး သွားပြီလို့တော့လည်း ကြားတယ်။ ဒီကုန်ကျစရိတ်တွေကြောင့် သူတို့ဘက်က ဈေးလျှော့ရောင်းပေးလို့ မရ သေးဘူးလို့ ပြောပါတယ်။ သူတို့တွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို သူတို့ တွက်ပြထားတာတွေတော့ ရှိတယ်။ အခုကျွန်တော့ အမြင်ကတော့ အခုသူတို့ အရစ်ကျစနစ်နဲ့ ရောင်း ကြည့်လို့ဝယ်လိုအားရှိနေသေးတယ် နောက်ပြီး ၀ယ်လိုအားမရှိတော့ဘူး ဆိုရင်တော့ သူတို့တဖြည်းဖြည်းနဲ့ လျှော့ပေးမှာပါ။”ဟုလည်း ဦးဇော်မင်းဦး (မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်း - အတွင်းရေးမှုး) ကလည်း ရှင်းပြခဲ့သည်။
ထို့ပြင်အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည့်သူများအနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် မိမိဆန္ဒအရ ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ ကျန်ရှိသည့်ငွေများကို လစဉ်ပေးသွင်းရမည်၊ မြန်မာ့ဆက် သွယ်ရေးမှကနဦး တပ်ဆင်ခနှုန်းထားများ လျှော့ချပါက ပြောင်းလဲလျှော့ချသည့် နှုန်းအသစ်အားခံစားခွင့်ရရှိမည်၊ နှုန်းထားအသစ်ထက် ကျော်လွန်သွင်း ၍ သွင်းထားပြီးဖြစ်ပါက ပိုမိုပေး သွင်းထားမိသည့် ငွေပမာဏအားပြန် လည်ထုတ်ပေးမည် မဟုတ်ကြောင်း၊ မိုဘိုင်းတယ်လီဖုန်းခ ငွေများအား ကျေး ရွာအုပ်ချုပ်ရေးမှူးမှစုစည်း၍ နီးစပ် ရာမြို့နယ် ဆက်သွယ်ရေးစခန်းများ သို့ ပေးသွင်းရမည်၊ အင်တာသုံးစွဲ လိုပါက သတ်မှတ်နှုန်းထားအတိုင်း သုံးစွဲခွင့်ရှိမည်၊ အရစ်ကျပေးသွင်းငွေ ကို လစဉ်ပေးသွင်းခြင်းမရှိခြင်း၊ သုံးစွဲနေစဉ် ပြည်ပနိုင်ငံများနှင့် တရားမ၀င် ခေါ်ဆိုမှုများရှိသည်ဟု သံသယဖြစ် ဖွယ်ရှိသည်ဟု စစ်ဆေးတွေ့ရှိပါက လိုင်းဖြတ်တောက်မည်၊ ပထမအရစ် ငွေပေးသွင်းပြီးချိန်တွင် စတင်သုံးစွဲ ခွင့်ရှိမည်၊ ငွေအကျေပေးသွင်းပြီးချိန် တွင် တယ်လီဖုန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ အထောက်အထား များအား လွှဲပေးမည်၊ တပ်ဆင်ခပေး သွင်းမှုမကျေခင် လွှဲပြောင်းရောင်းချ ခြင်း၊ ပေါင်နှံခြင်းများမပြုလုပ်ရ စသည့်အချက်များကိုထည့်သွင်းချုပ် ဆိုရမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းတယ်လီဖုန်းများရောင်း ချရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကနဦးတပ်ဆင်ခ ၄၀၀၀၀ ကျပ်ပေးသွင်းပြီးချိန်တွင် ၂ရာခိုင်နှုန်း ခွဲဝေပေးသွားမည်ဖြစ်သည့်အပြင် လစဉ်ကျပ် ၁၀၀၀၀ ပေးသွင်းချိန်တွင် လည်း ၂ ရာခိုင်နှုန်းခွဲဝေ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း ယင်းကဲ့သို့ ကျေးလက်နေပြည်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချမည့်အပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ပိုမိုလာခဲ့ပြီး မိုဘိုင်းဖုန်းကတ်များ၏ တန်းဖိုး ကိုလည်း အခြားဒေသတွင်းနိုင်ငံများ နည်းတူဖြစ်သင့်သည့် တန်းဖိုးတစ်ခု သို့ အမြန်ဆုံးလျှော့ချပေးရန်လည်း လိုလား လျက်ရှိကြောင်း သိရှိရသည်။  ကျေးလက်ဒေသတွင် မိုဘိုင်းဖုန်းများ အား အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်အပေါ် ဒေါက်တာကျော်သန်းမိုး (လက်ထောက် ကထိက-ရန်ကုန် တက္ကသိုလ်)ကလည်း” ဒီဖုန်းကတ် တွေက သူများနိုင်ငံမှာဈေး ပေါပေါ နဲ့အလကားပေးနေတာတွေ။အခုက ရောင်း မကုန်တဲ့ အခြေအနေဆိုတော့ ထိုးရောင်းတဲ့သဘောလို့ထင်ပါတယ်။ ဈေးချရ တော့မယ့် အခြေအနေမျိုးမှာ ဈေးမလျှော့တာက သူတို့အမြတ် မရမှာစိုးလို့ ရောင်းပေးတယ်လို့ ထင် တာပဲ။ အမှန်တကယ်ဒီဖုန်းကတ်တွေ အလကားပေးလိုက်လို့လဲ ဘာမှမဖြစ် ပါဘူး။ ဖုန်းဆက်ခနဲ့တင် အများကြီး ပြန်ရနေပြီး ဈေးအသက်သာဆုံးလေး ငါးသောင်းလောက်နဲ့ ရောင်းပေးရင်တောင် ၀မ်းသာစရာ ဖြစ်ရမယ့်ဟာ လေ။ ဖုန်းမရှိတာ ထက်စာရင်ဒီလို ရောင်းပေးတာ ကောင်းတယ်လို့ အကောင်းဘက်ကတွေးလို့ရသလို မကောင်းတဲ့ ဘက်ကတွေးကြည့်ရင်တော့ ဒါလူလည်ကျတာပဲ။သူတို့ ရောင်းမကုန်တော့လို့ ထိုးရောင်းတယ် လို့ထင်တာပဲ။” ဟု ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းအား မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်း ခြုံထားနိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် GSM/ UMTS  တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသည့် မိုဘိုင်းတယ်လီဖုန်း ရေဒီယိုစခန်း ၇၀၀ ခန့်ရှိပြီး မို ဘိုင်းတယ်လီဖုန်းရေဒီယိုစခန်းမှ မြေ ပြန့်ဒေသတွင် ၇ မိုင်မှ ၈ မိုင်ခန့် အကွာအဝေးအထိသုံးစွဲနိုင်ပြီး၊ တောင် ပေါ်ဒေသဖြစ်ပါကသုံးစွဲနိုင်မှုမှာ ယင်း အကွာအဝေးထက် လျော့နည်းနိုင်ကြောင်း သိရသည်။
“မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်းမွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလို မျိုးဖြစ်နေတာကိုရော မြန်မာ့ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒီအစီအစဉ် ကို ကန့်ကွက်ပါတယ်။ မ၀ယ်ကျပါနဲ့ အားလုံးသပိတ်မှောက်ကြပါ”ဟု IT ပညာရှင်တစ်ဦးက ပြောပါသည်။
News from : Eleven Media Group
Post By : Aye Chan Mon
ပုံမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လွတ်တော်အတွင်းဖုန်းပြောနေပုံဖြစ်ပါသည်-- google
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ
ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းချပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း နိုင်ငံ တကာနည်းတူ ဖုန်း Sim card တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူ၁၀၀ဦးလျှင် ခုနစ်ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ကြောင်းလည်း စာရင်းဇယားများအရ သိရှိရပါသည်။
“ကျေးလက်နေပြည်သူတွေကတော့ ဒီလိုအရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက် ပျော်နေမှာပဲ။ ဒါပေမယ့်လည်း သူတို့တွေက မိုဘိုင်းဖုန်းတစ်လုံးကို အဲလောက်တန်ဖိုးမပေးရဘူး ဆိုတာကိုတော့ သူတို့သိချင်မှ သိမယ်။ သူတို့ကတော့ အားပေးကြမှာပါ။သူတို့အတွက် ဆက်သွယ်ရေး အဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ၀မ်းနည်းစရာကောင်းတာက သူတို့တွေ ဖုန်းတစ်လုံးကို ဈေးကြီးပေး ၀ယ်လိုက်ရတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညာချခံလိုက်ရတာပေါ့ဗျာ။ နယ်ကလူ တွေကတော့ ဆက်သွယ်ရေးက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်နေကြမှာပါ။ နောက်ဆုံး မိုဘိုင်းဖုန်းတွေကို လတ်တလောမှာ ဈေးမလျှော့ပေးနိုင်ရင် တောင်မှပဲ ခေါ်ဆိုခတွေကို လျှော့ပေးစေချင်တယ်။ လူအိပ်တဲ့အချိန်တွေ တော့မဟုတ်ဘူးပေါ့ဗျာ။” ဟု ကိုထက်လင်းစိုး(Mr. Htet Computer Virus Lab)က ပြောကြားခဲ့ပါသည်။
နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုစွဲချက်ဖြင့် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို ဖမ်းဆီးခံရ
Photo: နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုစွဲချက်ဖြင့် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို ဖမ်းဆီးခံရ		
SUNDAY, 07 OCTOBER 2012 11:44
၂၀၁၁ ခုနှစ်က ပြည်ပတွင်ဆေးကုရန် မနီလာလေဆိပ်မှထွက်ခွာမည့် အာရိုယို ထွက်ခွာခွင့်တားဆီးခံရစဉ်
ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံပိုင် အောင်ဘာလေရန်ပုံငွေမှ ဒေါ်လာ ၈ ဒသမ ၈ သန်းကို ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် လွှဲပြောင်းသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း အာရိုယိုကို ဖမ်းဆီးရန် တရားရုံးကဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မနီလာရှိ စစ်ဆေးရုံတစ်ခုတွင်  ကုသမှုခံယူရန်အတွက် ဆေးစစ်မှုများပြုလုပ်နေသည့် အာရိုယိုကို ရဲများက၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာရိုယိုသည် ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်မှုစွဲချက်ဖြင့် ယခုလနှစ်အစောပိုင်းတွင်  ထိန်းသိမ်းခံခဲ့ရသော်လည်း ဇူလိုင်လ၌ အာမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။
အာရိုယိုသည် ရွေးကောက်ပွဲတွင်ပြန်လည် ရွေးချယ်ခံရန်အတွက် လွှတ်တော်သို့စာရွက်စာတမ်းများ တင်သွင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင်ဖမ်းဆီးမိန့် ထွက်ရှိလာခြင်းဖြစ်သည်။
အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အာရိုယိုသည် လက်ရှိတွင် အောက်လွှတ်တော်မှ ဥပဒေပြုအမတ်တစ်ဦး ဖြစ်သည်။ ကျောရိုးနှင့် ဆက်စပ်သောရောဂါဝေဒနာခံစားနေရသည့် အာရိုယိုသည် ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုအတွက် ကုသမှုခံယူရန် ဆေးရုံတက်ရောက်ခြင်းဖြစ်သည်။
အာရိုယိုသည် နိုင်ငံတော်ပိုင်ရန်ပုံငွေ အလွဲသုံးစားပြုမှုစွဲချက်အပြင် ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲ တွင်မဲမသမာမှုပြုလုပ်သည့်စွဲချက်နှင့် တရုတ်ကုမ္ပဏီတစ်ခုနှင့် broadband  သဘောတူညီမှုတစ်ခုကိုဖျက်သိမ်းမှုအပေါ် ခြစားမှုများနှင့်ပတ်သက်သည့် စွဲချက်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းစွဲချက်အားလုံးကို အာရိုယိုက ငြင်းဆိုခဲ့သည်။
ဖိလစ်ပိုင်တွင် ငွေကြေးအလွဲသုံးစားပြုသည့်ပြစ်မှုအတွက် အာမခံမရှိဘဲ ယင်းပြစ်မှုအတွက် အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။	အာရိုယိုသည် ပြည်ပတွင်ဆေးကုသမှုခံယူရန်အတွက် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာရန်ကြိုးစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည်။
Ref:BBC
News from : Eleven Media Group
Post By : Aye Chan Mon
၂၀၁၁ ခုနှစ်က ပြည်ပတွင်ဆေးကုရန် မနီလာလေဆိပ်မှထွက်ခွာမည့် အာရိုယို ထွက်ခွာခွင့်တားဆီးခံရစဉ်
ဖိလစ်ပိုင်သမ္မတအဖြ
စ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံပိုင် အောင်ဘာလေရန်ပုံငွေမှ ဒေါ်လာ ၈ ဒသမ ၈ သန်းကို ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် လွှဲပြောင်းသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း အာရိုယိုကို ဖမ်းဆီးရန် တရားရုံးကဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ငပုတောမြို့နယ်တွင် ဆင်စွယ်ခိုးဂိုဏ်း ဖမ်းဆီးရမိ
Photo: ငပုတောမြို့နယ်တွင် ဆင်စွယ်ခိုးဂိုဏ်း ဖမ်းဆီးရမိ
Sunday, October 07, 2012
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တောကလေး
အုပ်စု တောကြီးချောင်းအတွင်း သြဂုတ် ၈ ရက်က တောဆင်ရိုင်း အကောင်ငယ်တစ်ကောင်၊ နှာမောင်း ဖြတ်တောက်ခံရပြီး သေဆုံး၍
ေ
ရတွင် မျောနေသည်ကိုလည်းကောင်း၊ စက် တင်ဘာ ၁၈ ရက်က သစ်ပုတ်ကြိုးဝိုင်း အကွက်အမှတ်(၁၁၄) ကုက္ကိုချောင်း အတွင်း
တောဆင်အထီးတစ်ကောင် မြားဒဏ်ရာဖြင့် နှာမောင်းအရင်းမှဖြတ်
်တောက်ခံရပြီး သေဆုံးနေသည်ကို လည်းကောင်း တွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ငပုတော မြို့နယ် သစ်တောဦးစီးဌာနမှ စက်တင်ဘာ ၁၇ ရက်က တရားလိုပြုလုပ်၍ မြို့မရဲစခန်း သို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
တိုင်ကြားချက်နှင့်ပတ်သက်၍ စက် တင်ဘာ ၂၆ ရက်က တောင်ကလေး ရဲကင်းမှူး ဒုတိယရဲအုပ်ခင်မောင် ထွေးနှင့်အဖွဲ့၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ကျုံကူးရဲစခန်းမှ ဒုတိယရဲအုပ်ကိုကို အောင်တို့ ပူးပေါင်းအဖွဲ့သည် ငပုတော မြို့နယ် ရွာသစ်ရွာနေ ဌေးမြင့် (ဘ) ဦး ညီထွေး အသက် ၅ဝ နှစ်နှင့် ငပုတော မြို့နယ် စမ်းကြီးရွာနေသူများဖြစ်သည့် ခင်မောင်မြင့် (ဘ) ဦးခင်ရီ အသက် ၃၈ နှစ်၊ မျိုးသက်အောင် (ဘ) ဦးသိန်းဝင်း အသက် ၂၂ နှစ်၊ စိုးမင်းပိုင် (ဘ) ဦးငမိုး အသက် ၂၂ နှစ်၊ မျိုးအောင် (ဘ) ဦးသိန်းဝင်း အသက် ၂၅ နှစ်၊ မောင် အေး (ဘ) ဦးဖိုးထူး အသက် ၂၉ နှစ်၊ တိုက်မောင်း (ဘ) မသိရ၊ အသက် (မသိရ)စုစုပေါင်း ခုနစ်ဦးတို့အား စစ် ဆေးခဲ့သည်။
မျိုးသက်အောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများအား စမ်းကြီး ကျေးရွာအုပ်စု ခေါင်းဖြတ်တောင်ရှိ တဲအနီး တောတွင်းချုံများအတွင်း ဝှက် ထားသော သက်သေခံ
ပစ္စည်းများဖြစ်သည့် ပြောင်းဖြုတ်ထားသော ဒင်နှင့် ပြောင်းကာ
တွဲလျက်ရှိသော သေနတ် လေးလက်၊ သံထည်ပြောင်း ခုနစ်ခု၊ လုပ်ကျည် သုံးတောင့်၊ ကျည်ခွံသုံးခု၊ သံ ကျည်ဖူး လေးခု၊ ဘောစိ ၄၅ လုံး၊ ယမ်း စိမ်းဘူး သုံးဘူး၊ မီးကူးယမ်း/နောက်ပို့ ယမ်း ၁၃ ခု၊ တိတ်အကြည် နှစ်ခွေ၊ ပတ် တီးလိပ် တစ်ခု အသုံးပြု ပြီး ယမ်းခွေ ၇ဝ ခု၊ ဖော့ကတ်လေးခု၊ ကျည်ခွံထုတ်တံ နှစ်ချောင်း၊ ထိပ်ဖူးချွန် ပုံစံပါ ဝါးတုတ်တစ်ချောင်း
တို့အား ဖော်ထုတ် သိမ်းဆည်းရ မိခဲ့သည်။
ဖမ်းဆီးရမိသူ ခုနစ်ဦးအား ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးချက် များရယူဆောင်ရွက်လျက် ရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ် ရရှိရေး အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးရမိနိုင်ရေး ဥပဒေအရ ထိရောက် စွာ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြ၀တီ
ဓာတ်ပုံ - မြစ်မခ
News from :Myanmar Online News
Post By : Aye Chan Mon
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တောကလေး
အုပ်စု တောကြီးချောင်းအတွင်း သြဂုတ် ၈ ရက်က တောဆင်ရိုင်း အကောင်ငယ်တစ်ကောင်၊ နှာမောင်း ဖြတ်တောက်ခံရပြီး သေဆုံး၍
ရတွင် မျောနေသည်ကိုလည်းကောင်း၊ စက် တင်ဘာ ၁၈ ရက်က သစ်ပုတ်ကြိုးဝိုင်း အကွက်အမှတ်(၁၁၄) ကုက္ကိုချောင်း အတွင်း
တောဆင်အထီးတစ်ကောင် မြားဒဏ်ရာဖြင့် နှာမောင်းအရင်းမှဖြတ်
်တောက်ခံရပြီး သေဆုံးနေသည်ကို လည်းကောင်း တွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ငပုတော မြို့နယ် သစ်တောဦးစီးဌာနမှ စက်တင်ဘာ ၁၇ ရက်က တရားလိုပြုလုပ်၍ မြို့မရဲစခန်း သို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး ထွက်ခွာ
Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး ထွက်ခွာ
နေပြည်တော် - အောက်တိုဘာ ၇
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ ကိုရီးယား သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်မှ ကိုရီးယားသမ္မတနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယဉ်ဖြင့် ထွက်ခွာသွားသည်။
...
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြ သည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊ နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ အဖွဲ့ဝင်များ အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်းကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြသည်။
News from : မြ၀တီ
Post By : Aye Chan Mon
နေပြည်တော် - အောက်တိုဘာ ၇
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ က
ိုရီးယား သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်မှ ကိုရီးယားသမ္မတနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယဉ်ဖြင့် ထွက်ခွာသွားသည်။
...
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြ သည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ 2.75G (GSM) Internet Service များ (၃ဝ)မိနစ်ခန့် ဆက်သွယ်မှု ခေတ္တဆိုင်းငံ့ရန် အသိပေးတင်ပြချက်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ GSM / UMTS မိုဘိုင်းလ်တိုးချဲ့တပ်ဆင်ရေးစီမံကိန်းအရ ဆောင် ရွက်လျက်ရှိသော ရန်ကုန်မြို့ Huawei GSM / UMTS စနစ်တွင် ချိတ်ဆက်အသုံး ပြုလျက်ရှိသည့် Internet User များမှာ နေ့စဉ်နှင့်အမျှ တိုးတက်များပြာ
းလာ လျက်ရှိရာ SGSN Capacity (2.75 G) Expansion ပြုလုပ်ခြင်းကို အောက်ဖော် ပြပါ နေ့ရက်၊ အချိန်များတွင် ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါသည်-
နေ့စွဲ အကြောင်းအရာ ပြတ်တောက်ချိန်
၁ဝ-၁ဝ-၂ဝ၁၂ SGSN Upgrade နံနက် (ဝ၂းဝဝ) နာရီမှ
(ဗုဒ္ဓဟူးနေ့) (ဝ၂း၃ဝ)နာရီထိ(၃ဝ)မိနစ်
၁၅-၁ဝ-၂ဝ၁၂ Resource Adjustment နံနက်(ဝ၂းဝဝ)နာရီမှ
(တနင်္လာနေ့) ပြုလုပ်ခြင်း (ဝ၂း၃ဝ)နာရီထိ (၃ဝ)မိနစ်
ပွဲလှရုံသက်သက်(နန္ဒ၀င်း (ဆေး-၁))
thn-10-7-1
for-show ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ကျွန်တော်ဘာသာပြန်ဆိုလိုက်တော့ ပွဲလှရုံသက်သက်လို့ ပြန်မိပါ တယ်။ ရုပ်ပြရုံအမှန်တကယ် အနှစ်သာရရှိရှိ ပြုလုပ်ခြင်းမဟုတ် တဒင်္ဂကာလလေးအတွက်သာ အဆင်ပြေစေပြီး ရေရှည်အကျိုးမရှိစေသော ဆေးမြီးတိုနှင့်တူသော လိမ်လည်သည့်လုပ်ရပ် စသည်ဖြင့် ထပ်မံအကျယ်ချဲ့ဖွင့်ဆိုမည်ဆိုရင် ဆိုနိုင်ပါသေးတယ်။ တစ်ခေတ်တစ်ခါက ဆိုတာကြားဖူးခဲ့ပါတယ်။ အဌာရသ(၁၈)ရပ်တတ်စရာမလိုပါဘူး။ခွင်ရယ်၊လမ်းကြောင်းရယ်၊အထာရယ် for show  ရယ် တတ်ရင် အဆင်ပြေတယ်လို့ ဆိုရလောက်အောင်ကို for show  ကိစ္စတွေဟာ အရေးပါခဲ့ပါတယ်။ ဖြစ်ချင်တော့ အလိမ်ခံနေရသူတွေကိုယ်တိုင်ကလည်း သိသိကြီးနဲ့ကို ဒီကလေးတွေ ငါ့ကိုလေးစားလွန်းလို့ လုပ်ထားတာပဲဆိုကာ ဘ၀ရှင်မင်းတရားကြီးစိတ်နှင့် ပေးသမျလက်ဆောင်ယူ ကျွေးသမျှ အကုန်စားပြီး ကောင်းပါသည် ကောင်းပါသည်ဆိုပြီး လူလိမ်လက်ခံတွေ လုပ်ကြပါတယ်။
တူရကီ-ဆီးရီးယား အပြန်အလှန်ပစ်ခတ်မှု များဆက်တိုက်ဖြစ်ပွား
 wmt11
အောက်တိုဘာလ ၄ ရက်နေ့က တူရကီ-ဆီးရီးယားနယ်စပ်တွင် စောင့်ကြပ်နေသော တူရကီစစ်သားများ
ဆီးရီးယားဘက်မှပစ်ခတ်လာသော အမြောက်ဆန်သည် နယ်စပ်အနီး တူရကီရှိ ဟာတေပြည်နယ်မှ ရွာတစ်ရွာအနီးကျလာခဲ့မှုကြောင့် တူရကီစစ်သားများက အောက်တိုဘာလ ၆ ရက်တွင် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း တူရကီသတင်းဌာန Anadoula က ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့အပြန်အလှန်ပစ်ခတ်မှုမှာ အောက်တိုဘာလ ၆ ရက်တွင် လေးရက်မြောက်ရှိလာပြီဖြစ်သည်။
အောက်တိုဘာလ ၃ ရက်တွင် ဆီးရီးယားက တူရကီရှိ Akcakale မြို့ကို အမြောက်များဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် အရပ်သားငါးဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရခဲ့သည်။ ယင်းပစ်ခတ်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် တူရကီဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်က ဆီးရီးယားသည် တူ ရကီ၏ကာကွယ်ရေးစွမ်းရည်နှင့် ခိုင်မာသောသံန္နိဋ္ဌာန်ကို စမ်းသပ်မည်ဆိုပါက အမှားကြီးမှားသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
Abu Hamza ကိုအမေရိကန်မှာ စတင်ရုံးထုတ်
အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ Abu Hamza al-Masri။ (ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၀၃)။
အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ အဘူဟမ်ဇာ အယ်လ် မာဆရီ (Abu Hamza al-Masri) နဲ့အတူ နောက်ထပ် အကြမ်းဖက်သမား အဖြစ် သံသယရှိသူ လေးယောက်တို့ဟာ စနေနေ့က ဗြိတိန် နိုင်ငံကနေ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိလာပြီး နာရီပိုင်း အတွင်းမှာပဲ၊ အမေရိကန် တရားရုံးတွေမှာ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ သူတို့ကို ဗြိတိန်ကနေ အမေရိကန်နိုင်ငံကို မပို့ဖို့ နှစ်ပေါင်းများစွာ တရားဆိုင် ခဲ့ကြပေမဲ့၊ အဘူဟမ်ဇာရဲ့ နောက်ဆုံးအယူခံကို ဗြိတိန်ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချခဲ့ပြီးတော့ သူဟာ အမှုရင်ဆိုင်ဖို့ အမေရိကန် ပြည်ထောင်စုကို သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေ ရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊
Photo: ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ 
စားသောက်ကုန် ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိကချင်ပြည်နယ် အတွင်းစစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်
အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော် အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများအခက်အခဲဖြစ်နြေ ကကြောင်း ပူတာအိုမြို့နယ်မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်း ကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။
 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို
 တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်းဝယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။
ထို့အပြင်ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှု ကြာရှည်နေခြင်းကြောင့်
 ပြည်သူအချို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရကြောင်း၊ စေတနာ
ရှင်များ၏ လာရောက် လှူဒါန်းမှုများသည်လည်း အမှန်တကယ်လိုအပ်သူများ
ဆီသို့ မရောက်ရှိဘဲ လက်သင့်ရာကိုသာ လှူဒါန်းသကဲ့သို့ ဖြစ်နေကြောင်း
ကိုလည်း ကြားသိခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
 ထို့အတူပင် ပူတာအိုဒေသတွင် ယခင်နှစ်များက ဒေသထွက်ဆန်စပါးဖြင့် 
လုံလောက်သော်လည်း ယခုအခါ လယ်မြေအချို့ ရေနစ်မြုပ်မှုကြောင့် စားနပ်
ရိက္ခာ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာရှားပါးနေကြောင်း
 အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။
ထို့အပြင် “ကျွန်မ တနေ့ကပဲ ပူတာအိုက ပြန်လာတာပါ။ တချို့တွေဆိုစား
စရာမရှိဘူး။ ၀ယ်စားတဲ့သူတွေကလည်း ဆန်နို့ဆီဘူးနှစ်ဘူးကို တစ်ထောင့်ငါးရာကျော် ပေးပြီးဝယ်စားနေရတယ်။ ပူတာအိုကို အလှူရှင်တွေ
လာတာကိုတော့ မကြားမိဘူး။ မြန်မာ့လေကြောင်းနဲ့ ဆန်တွေသယ်တာ
ကိုတော့ကြားတယ်။ ဒါပေမဲ့ဆန်တွေက ၀န်ထမ်းတွေကိုလည်း တစ်ယောက်ကို၊ တစ်လကိုတစ်ပြည်နှုန်းလောက်ပဲ ရတယ်။”ဟု ၎င်းကဆက်လက်
 ပြောဆိုသည်။
အဆိုပါဒေသသို့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူများသည်လာမည့်ရက် အနည်းငယ်အတွင်းသွားရောက်လေ့လာမည်ဖြစ်ပြီး အဆိုပါဒေသ၏ လိုအပ်မှုများကို သွာရောက်လေ့လာကာ လိုအပ်နေသူများသို့ စားနပ်ရိက္ခာလှူဒါန်းမှုအချို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ဟိုမှာ လိုအပ်နေတာဘာတွေလဲ၊ စေတနာရှင်တွေ
လှူဒါန်းမှု ပြည်သူတွေဆီ မရောက်ရတဲ့ အကြောင်းရင်ကဘာတွေလဲဆိုတာ
သွားလေ့လာမှာပါ။
 ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ လှူမှာပါ။ ငွေသားပဲယူသွားပြီး မြစ်ကြီးနားကနေ ပစ္စည်းဝယ်ပြီလှူမယ်။ အဓိကကတော့ စားသောက်ကုန်ပါပဲ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။
ဒီမိုဝေယံ
News from : Shwemyanmar media group
Post By : Aye Chan Mon
စားသောက်ကုန် ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိကချင်ပြည်နယ် အတွင်းစစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်
အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော် အထိ ဈေ
းနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့် ပြည်သူအများအခက်အခဲဖြစ်နြေ ကကြောင်း ပူတာအိုမြို့နယ်မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်း ကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။
“ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို
တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။ အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်းဝယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။
မြန်မာ့စီးပွားရေးအလှည့်အပြောင်းနှင့် ခရိုနီပွတ်တိုက်မှု
Photo: မြန်မာ့စီးပွားရေးအလှည့်အပြောင်းနှင့် ခရိုနီပွတ်တိုက်မှု
ယခုတစ်လော ဘဏ်လောကတွင် ငွေကြေးအရှုပ်တော်ပုံများရှိနေပြီး ကမ္ဘောဇဘဏ်ဥက္ကဌအား သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေသည်ဟူသော ကောလဟာလများထွက်ပေါ်နေပြီး သောကြာနေ့က ကမ္ဘောဇဘဏ်များတွင် ပုံမှန်မဟုတ်သော ငွေသွင်းငွေထုပ်မှုများကို အကြောင်းပြကာ ကမ္ဘေဇဘဏ် ဒေ၀ါလီခံရပြီဟု ပြည်သူလူထုအကြားထိတ်လန့်အောင် လှုံ့ဆော်မှုများပေါ်ထွက်ခဲ့သည်။ ခဲမှန်ဖူးသော ပြည်သူလူထုသည်လည်း အဟုတ်မှန်ထင်ကာ ဘဏ်များမှ ငွေထုတ်ယူမှုကြောင့် ငွေကြေးအကြပ်အတည်းဖြစ်ပေါ်လုနီးပါးဖြစ်ခဲ့ရသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတွင် ငွေထုတ်သူပြည်သူများမှာ ည ၈ နာရီအထိစောင့်ဆိုင်းကာ ငွေများထုတ်ယူခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကမ္ဘေဇဘဏ် ဒုဥက္ကဌမှပြောကြားရာ "ဒီလိုပုံစံမျိုး အရင်တစ်ခေါက်ကလည်း လုပ်ခဲ့ပြီးပြီ။ အခုတစ်ခေါက်က သေသေချာချာ အကွက်ချပြီးလုပ်ခဲ့တာ၊ အောက်တိုဘာ ၁၊၂၊၃၊၄ ရက်တွေက ပုံမှန် ဘဏ်မှာ လူကြပ်ရက်တွေပါ။ ဘဏ်တွေ ၆ လချုပ်ပိတ်တဲ့အချိန် စာရင်းချုပ်နေလို့ ငွေလွှဲတွေ၊ အတိုးတွေ၊ ငွေထုတ်တာတွေ ခဏရပ်တဲ့အချိန်ပါ။ တခြားဘဏ်တွေလဲ ဒီလိုပါဘဲ။ ဒါကိုအကြောင်းပြပြီး ပြည်သူတွေအကြားရှုပ်ထွေမှုဖြစ်အောင်လုပ်တာ၊ ပြည်သူတွေ ဘဏ်တွေကို ယုံကြည်မှုမရှိဘဲ ငွေလက်ကိုင်သုံးစွဲမှ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်အောင်လုပ်လို့ရမှာကို၊ ပြည်သူတွေဘက်ကလည်း လိမ်ဆင်ကြီးထဲမ၀င်အောင်သတိထားဖို့လိုမယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) အားဆက်သွယ်မေးမြန်းရာ၊ တာဝန်ရှိသူတစ်ဦးက "ယခုလောလောဆယ် ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်တဲ့ အမှုတစ်မှုမှ မရှိသေးပါဘူး။ ဥပဒေပြင်ဆင်ဖို့နဲ့ အဖွဲ့ကို ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေပဲရှိပါတယ်"ဟု အတည်ပြုဖြေကြားသွားပါတယ်။ ယခုဖြစ်ရပ်များနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက သုံးသပ်ပြောဆိုရာမှာ "အရင်က ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဘာနဲ့တူသလဲဆိုတော့ ကျောက်ကမ်းပါးစောင်းမှာ ကျောက်တုံးတစ်တုံးလိမ့်နေတာနဲ့တူတယ်၊ အရှိန်လေးရနေတော့ စီးပွားရေးသမားတွေကော၊ ပြည်သူတွေကပါ သတိမထားမိဘူး။ စီးပွားရေးတွေ လည်ပတ်နေတယ်ပေါ့၊ အခုအစိုးရပြောင်းပြီးနောက်ပိုင်းမှာ စီးပွားရေးပေါ်လစီတွေ တစ်ခုပြီးတစ်ခုပြောင်းလဲလုပ်ဆောင်နေတော့ အရင် ချောက်ထဲကိုဦးတည်နေတဲ့အရှိန်ရပ်သွားတယ်၊ ရပ်သွားတော့ အကုန်လုံးလုပ်ရကိုင်ရတာခက်ကုန်တယ်။ ကားပါမစ်မရှိတော့ဘူး။ ကားဈေးတွေကျလာတယ်၊ အရင် ကျပမ်းကားပွဲစားတွေ စထိလာတယ်။ နောက်မြေဘက်ကို လှည့်သွားတယ်။ မြေဈေးတွေ တက်ကုန်တယ်။ အစိုးရပြန်ကိုင်မယ်ဆိုရော တက်တဲ့ဈေးတွေ ပျောက်ချင်းမလှပျောက်ကုန်တယ်။ အဲဒီတော့ အချောင်ရတဲ့ ပါမစ်စီးပွားရေးတို့၊ ခွင်တို့ဆိုတာတွေ သိပ်မတွေ့ရတော့ဘူး၊ ပါမစ်သမားနဲ့ ခွင်သမားတွေ စားခွက်ပျောက်လာတယ်၊ တစ်ချို့ အရင်အစိုးရလက်ထက် အောင်မြင်တယ်လို့ပြောနေတဲ့ အမရာဘဏ်တို့ ထူးထရေးဒင်းတို့တွေက တဖြည်းဖြည်းအကျဘက်ကိုရောက်နေပြီ။ အဲဒီထဲကမှ ကမ္ဘေဇဘဏ်တို့ Max တို့ကျတော့ အချိန်မှီပြောင်းလဲပြီး Clean Business ဘက်ကိုဦးတည်လာနိုင်တယ်။ အခွန်ပေးသွင်းမှုစာရင်းကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီ။ နောက် သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြောင်းလဲမှုကြောင့် နိုင်ငံတကာကစီးပွားရေးသမားတွေကလည်း မြန်မာနိုင်ငံကို တဖြည်းဖြည်းဝင်လာတယ်။ ၀င်လာတဲ့သူတွေကလည်း ယခင်နာမည်ပျက်စီးပွားရေးသမားတွေထက် အခြားနာမည်ပျက်မရှိသူတွေကို ဦးစားပေးစဉ်းစားလာတယ်။ ဥပမာ Coaca Colar တို့ Pepsi တို့ပေါ့။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံရဲ့ စီးပွားရေးသမားတွေထဲမှာ နောက်ပြန်လှည့်ချင်တဲ့သူတွေရှိနေတယ်ဆိုတာ ထင်ရှားတယ်။ သူတို့ တွေက Clean Business ကိုအလေ့အကျင့်မရှိဘူး။ မတိုးနိုင်ဘူး။ ဒီတော့နောက်ပြန်လှည့်ဖို့ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာပါ။ ဒါမြန်မာ့စီးပွားရေးအလှည့်အပြောင်းမှာ ခရိုနီပွတ်တိုက်မှုဖြစ်တာပါ။ ဒါကို အစိုးရပိုင်းကော ပြည်သူတွေကပါ သတိရှိဖို့လိုတယ်။ သူတို့တွေ ဆွဲခေါ်တိုင်းလိုက်ခဲ့ရတာ နှစ်၂၀ ကျော်ပါပြီ။ ဒီအချိန်မှာ မအသင့်တော့ဘူး။ အစိုးရပိုင်းကလည်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ ပြည်သူတွေဖက်က ရှင်းရှင်းလင်းလင်းသိအောင်လို့လည်း Public Report လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးမှာတင် Transparency ရှိဖို့လိုတာမဟုတ်ပါဘူး။ စီးပွားရေးပိုင်းမှာလည်း လုပ်ငန်းရှင်တွေဘက်က Transparency ရှိဖို့လိုပါတယ်" ဟု ထောက်ပြပြောဆိုသွားပါတယ်။ by:People Development for Knowledge
News from :People Development For Knowledge
Post By : Aye Chan Mon
ယခုတစ်လော ဘဏ်လောကတွင် ငွေကြေးအရှုပ်တော်ပုံများရှိနေပြီး ကမ္ဘောဇဘဏ်ဥက္ကဌအား သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေသည်ဟူသော ကောလဟာလများထွက်ပေါ်နေပြီး သောကြာနေ့က ကမ္ဘောဇဘဏ်များတွင် ပုံမှန်မဟုတ်သော ငွေသွင
်းငွေထုပ်မှုများကို အကြောင်းပြကာ ကမ္ဘေဇဘဏ် ဒေ၀ါလီခံရပြီဟု ပြည်သူလူထုအကြားထိတ်လန့်အောင် လှုံ့ဆော်မှုများပေါ်ထွက်ခဲ့သည်။ ခဲမှန်ဖူးသော ပြည်သူလူထုသည်လည်း အဟုတ်မှန်ထင်ကာ ဘဏ်များမှ ငွေထုတ်ယူမှုကြောင့် ငွေကြေးအကြပ်အတည်းဖြစ်ပေါ်လုနီးပါးဖြစ်ခဲ့ရသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတွင် ငွေထုတ်သူပြည်သူများမှာ ည ၈ နာရီအထိစောင့်ဆိုင်းကာ ငွေများထုတ်ယူခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကမ္ဘေဇဘဏ် ဒုဥက္ကဌမှပြောကြားရာ
ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် – ဦးဇင်ဝိုင်းနှင့် အင်တာဗျူး
Photo: ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် – ဦးဇင်ဝိုင်းနှင့် အင်တာဗျူး
ဧရာဝတီ| October 6, 2012 
သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၇၃-၇၄ ခုနှစ်မှာ ၁၄ နှစ်သားအရွယ်မှ စတင်ပြီး ရုပ်ရှင်အနုပညာလောကကို ၀င်ရောက်လာခဲ့ကာ အနုပညာလောကရဲ့ အောက်ခြေသိမ်းအလုပ်ကအစ မျိုးစုံ လုပ်ကိုင်လာခဲ့သူပါ။ နောက်တော့ သင်္ကြန်မိုး ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြု ခံခဲ့ရပြီး ဒဏ္ဏာရီဇာတ်ကားနဲ့ပါ ထပ်မံ အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်မှာ မြင့်မြတ်နှလုံးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဌာနဆိုင်ရာ လက်အောက်က လွတ်ကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ်၂၀၁၂ ဧပြီလက ပြန်လည်ဖွဲ့စည်းရာမှာ ပြည်သူ့ဆန္ဒမဲများနဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းနဲ့ လိုအပ်ချက်တွေအပြင် ရှေ့ဆက် ဘယ်လိုမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတာတွေကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။     ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးမြင့်လာဖို့အတွက် အခြေခံအကျဆုံး အကြောင်းအရာတွေက ဘာဖြစ်မလဲ။
ဖြေ ။     ။ အခြေခံအကျဆုံး အကြောင်းအရာကတော့ (၁) ကျနော်တို့ ရုပ်ရှင်လောကသား အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ အရည်အသွေးတိုးမြှင့်အောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ တခြားဘယ်အချက်တွေကြောင့်ပဲ မြန်မာ့ရုပ်ရှင် ကျတယ်ပြောပြော အကြောင်းပေါင်းစုံစွာ ကျလာပေမယ့်လည်း အဓိက အချက်ထဲမှာ ကျနော်တို့ရဲ့ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အရည်သွေးသည် နိုင်ငံတကာ စံချိန်နှုန်းထက် မြင့်တက်တိုးမြင့်အောင် လုပ်ဆောင်ဖို့ဆိုတာ ဒါအရေးကြီးဆုံးအချက် ဖြစ်ပါတယ်။
နံပါတ် (၂) အချက်အနေနဲ့ကတော့ ကျနော်တို့ လောကသားများရဲ့ စနစ်တကျ လုပ်တတ်ကိုင်တတ်ဖို့ပါ။ ကျနော်တို့က မိရိုးဖလာ လုပ်ကိုင်လာကြတဲ့ လူတွေဖြစ်ကြတဲ့အတွက် နိုင်ငံတကာက စနစ်တွေနဲ့ လုပ်ကိုင်တဲ့နေရာမှာ အားနည်းမှုများစွာရှိပါတယ်။ ကျနော်တို့ ရုပ်ရှင်လောကကို တင့်တောင်းတင့်တယ် ဖြစ်ချင်ရင်၊ တန်းတခုကို ရောက်လာချင်တယ်ဆိုရင် စနစ်တကျလုပ်တတ်ဖို့ လိုပါသေးတယ်။ စည်းကမ်းတကျ အချိန်ကို
လေးစားခြင်း၊ မိမိတာဝန်ကို လေးစားခြင်း၊ မိမိအလုပ်အပေါ်မှာ လေးစားခြင်း စတဲ့ ဒီစနစ်တွေလည်း အများကြီး အရေးကြီးပါတယ်။
နံပါတ် (၃) အချက်ကတော့ အခြေခံအကျဆုံး ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးတဲ့ စတူဒီယိုတို့၊ စက်ကိရိယာ ပစ္စည်းများ ဒါတွေကို နိုင်ငံတကာအဆင့်မီ တိုးမြှင့်ဖို့လိုပါတယ်။ ကျနော်တို့မှာရှိနေတဲ့ ငွေကြေး အင်အားနဲ့က ဘယ်လိုမှ လှမ်းမမီနိုင်ပါဘူး။ ဒီအတွက်ကို ကျနော်တို့ကို ပူးပေါင်းပါဝင်လာမယ့် အဖွဲ့အစည်းတွေ ၀ိုင်းဝန်းကူညီမယ့် အဖွဲ့အစည်းတွေကို ကမ်းလှမ်းနေပါတယ်။
နံပါတ် (၄) အချက်အနေနဲ့ ကျနော်တို့ရဲ့ အနုပညာဖန်တီးတဲ့နေရာမှာ လွတ်လပ်စွာ ဖန်တီးခွင့်ရဖို့ပါ။ ဒီမှာလည်း လွတ်လပ်ခြင်းဆိုတာနဲ့အတူ အမှိုက်တွေ၊ စရိုက်တွေ၊ ဒိုက်တွေ ပါလာမှာပါ။ ဒါကလည်း အချိန်နဲ့ လူထုရဲ့ ပရိသတ်ရဲ့ စိစစ်ဖြတ်တောက်သွားမှုနဲ့ ဒါတွေက ဘေးရောက်သွားမှာပါ။ ကျနော်တို့ လွတ်လပ်စွာဖန်တီးချင်တယ်ဆိုတာကလည်း ဟီရိသြတ္တပတရား ပျက်ပြားအောင်တို့ တခြားသူကို စော်ကားမော်ကားရိုက်ချင်တာ ဒါတွေမဟုတ်ပါဘူး။ ခေတ်စနစ်အရ တကယ် ကျနော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ထင်ဟပ်ပြီးတော့မှ တကယ့်သဘာဝခေတ်ကို ထင်ဟပ်ပြီးတော့ ရိုက်ကူးချင်ပါတယ်။ အဲ့ဒီလို ရိုက်ကူးခွင့်ရဖို့ဆိုတာကလည်း အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတာတွေကို လျှော့ပေါ့ပေးဖို့ လိုပါတယ်။
နံပါတ် (၅) အချက်အနေနဲ့ကတော့ ကျနော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ ရုပ်ရှင်၊ ဗီဒီယို စတဲ့ပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ မှန်မှန်ကန်ကန် စီးဆင်းသွားစေချင်ပါတယ်။ ဘယ်လောက်ပဲ အရည်အသွေးရှိတဲ့ ပစ္စည်းကို ထုတ်လုပ်ထုတ်လုပ် ဒီပစ္စည်းများဟာ တရားဝင်ရောင်းချရခြင်း မရှိဘဲနဲ့ နည်းလမ်းမှားစွာနဲ့ ဖြစ်သွားတယ်ဆိုရင် ကျနော်တို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေကြေးက ပြန်လာဖို့မရှိပါဘူး။ မရှိဘူးဆိုရင် မိမိကုန်ကျစရိတ်နဲ့ ပြန်ဝင်လာတဲ့ ငွေကြေးနဲ့ မကိုက်ညီဘူးဆိုရင် ဒီလုပ်ငန်းက ဘယ်လိုမှ ရှင်သန်နိုင်ဖို့ မရှိပါဘူး။ အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်းတွေလည်း ထုတ်လုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဗီဒီယိုဆိုရင်လည်း ဗီဒီယို ဈေးကွက် ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာအောင်၊ ရုပ်ရှင်ဆိုရင်လည်း ရုပ်ရှင်ရုံအသစ်တွေ ပိုမိုတိုးတက်လာအောင် ရှိပြီးသားရုံတွေကိုလည်း အဆင့်မီရုံတွေ ဖြစ်လာအောင် အများကြီးလုပ်ရမှာပါ။
မေး ။     ။ အခု ဆင်ဆာမူဝါဒတွေ လျှော့ချလိုက်တာဟာလည်း မြန်မာ့ရုပ်ရှင်လောက ကောင်းမွန်ဖို့ နည်းလမ်းအစလို့
ပြောလို့ရပါသလား။
ဖြေ ။     ။ မှန်ပါတယ်ဗျ။ အရင်ကထင်စာရင် ကျနော်တို့ လူးသာလွန့်သာလာပါပြီ။ တချို့ဇာတ်ကားလေးများကိုလည်း ကျနော်တို့ လိုချင်တဲ့အတိုင်း မဟုတ်တောင်မှ အတိုင်းအတာ တခုအထိ ဖန်တီးခွင့်လေးတွေ ရလာပါပြီ။ အဲ့ဒါတွေလည်း ဖန်လည်း ဖန်တီးနေကြပါပြီ။ ဒါပေမယ့် လက်တွေ့ဖြစ်လာတဲ့ ရလဒ်ကိုတော့ ကြည့်ကြရမှာပါပဲ။ ကျနော်တို့ ဖန်တီးလိုက်တာဟာ တကယ်တမ်းကျတော့မှ ဘယ်လို ပိတ်ဆို့မှုတွေနဲ့ ကြုံရမလဲဆိုတာတော့ ကျနော်တို့ကလည်း ကြိုတင်မျှော်မှန်းထားမှုတွေလည်း ရှိပါတယ်။
မေး ။     ။ ဌာနဆိုင်ရာ လက်အောက်ကနေ မညီမျှမှုတွေ၊ လိုအပ်ချက်တွေ အများအပြားနဲ့ ယိုင်နဲ့နဲ့ လွတ်မြောက်လာတဲ့
မြန်မာ့ရုပ်ရှင်အစည်းအရုံးကို  ပြန်လည် တည့်မတ်လာအောင် လုပ်ရတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ ။     ။ ကျနော်တို့မှာ အရမ်းကို ခက်ခဲပင်ပန်းပါတယ်ခင်ဗျ။ ကျနော်တို့ အခု ရှေ့လာမယ့် အောက်တိုဘာ ၁၀ ရက်ဆို ၆ လ ပြည့်ပါပြီ။ ၆ လအတွင်းမှာ ကျနော်တို့ အမှုဆောင်များရော၊ ကျနော်တို့နဲ့ ၀ိုင်းဝန်းကူကြတဲ့ လောကသားများ အများစု ရှိပါတယ်။ ကျနော်တို့တွေသည် တနေ့မှာ ရုံးကို အနည်းဆုံး ၁၀ နာရီနဲ့ အထက် ၁၄၊ ၁၅ နာရီထိုင်ပြီး လုပ်ကြပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဒီ ၆ လအတွင်းမှာ ကြိုးစားရုန်းကန်မှုဟာ ကျနော်တို့ဖြစ်ချင်သလောက် ခရီးက မပေါက်ပါဘူး။ အလားသဏ္ဍန်တခုနဲ့ နှိုင်းရမယ်ဆိုရင် အခု ကျနော်တို့နိုင်ငံ ဖြစ်နေသလို ဖြစ်နေတာပါပဲ။ ပြောင်းလဲမှု တခုကို ဦးတည်တယ်ဆိုပေမယ့် ဒီပြောင်းလဲမှုကို တားဆီးနေတဲ့သူတွေ ပိတ်ပင်နေတဲ့သူတွေ ကန်လန့်ခံနေတဲ့သူတွေ အခက်အခဲတွေကြောင့်လို့ တွေ့ရပါတယ်။
ကျနော်တို့ဟာ အရင် ဗဟိုဦးစီးစနစ်ဆိုတာကို ပြောင်းလဲပြီးတော့ ဒီမိုကရေစီပေါ့နော်၊ အများဆန္ဒနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ စနစ်လုပ်တာ အလွန်ကောင်းပါတယ်။ သို့သော် ဒီမိုကရေစီ စံချိန်စံညွှန်းကို ကျနော်တို့ လောကသားများအားလုံး ကျနော်တို့နိုင်ငံလိုပဲပေါ့နော်၊ မကျင့်သုံးနိုင်သေးတဲ့၊ အလေ့အကျင့် မရသေးတဲ့အချိန်ကျတော့ အရင်တုန်းကလို အမိန့်ပေးမှ လုပ်တာတို့၊ အာဏာရှိမှ ကြောက်တယ်ဆိုတာ မျိုးလေးတွေပေါ့။ အခုချိန်မှာ ကျနော်တို့ဟာ အာဏာရှင်လည်း မဟုတ်ပါဘူး။ အာဏာရှိတဲ့သူကလည်း ကျောထောက် နောက်ခံမပေးတော့ စည်းရုံးခြင်းနဲ့ သိမ်းသွင်းပြီးတော့ပေါ့ ဒီလိုပဲ အင်အားလေး စုစည်းပြီး ညီညွတ်မှုလေးတခုနဲ့ပဲ သွားကြရတာပါ။
အဲ့ဒီအခါမှာတော့ အရင်တုန်းကလို အာဏာရှိတဲ့လူတယောက်က ထိုင်နေပြီးတော့ အာဏာနဲ့ အမိန့်ကို ပေးတယ်။ သူခွဲဝေပေးတဲ့ အာဏာကို ကိုင်တွယ် သုံးစွဲတဲ့သူကလည်း အာဏာရှိမယ်။ အဆင့်ဆင့် လက်ဝေခံများနဲ့  တကယ်ကို လုံးဝပျက်ဆီးသွားတာပါ။ ကျနော်တို့က အဲ့ဒီစနစ်တွေ ဖျောက်လိုက်တဲ့အခါကျတော့ တဖက်က ဘာပေါ်လာလဲဆိုတော့ အဆင့်ဆင့်ကို လေးစားမှုမရှိတဲ့ ကိစ္စမျိုးပေါ့။ မိမိတာဝန်မိမိ မယူတာမျိုးတို့၊ ဒါ NGO ပဲ၊ ငါက ဘာနာခံစရာ ရှိလဲဆိုတဲ့ ကိစ္စမျိုးတွေက အစပေါ့၊ ကျနော်တို့မှာ တော်တော်ခက်ခဲပါတယ်။ ကိုယ်စီရဲ့ ကျင့်ဝတ်နဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ ကျနော်တို့မှာ အလေ့အကျင့် နည်းသေးတာကိုး။ ဒါကလည်း အပြစ်ပြောလို့မရပါဘူး။ အပြောင်းအလဲ ကာလတခုဆိုတော့ ဒီလို ခက်ခဲအကြမ်းအတမ်းမှုတော့ ကြုံရမှာပါပဲ။ ဒီကြမ်းတမ်းမှုကို ကျနော်တို့က တတ်နိုင်သမျှ စည်းရုံးပြီးတော့ လူတိုင်းလူတိုင်း ဒီအသိစိတ်ဓာတ်လေး ၀င်အောင် ကြိုးစားကြရမှာပါပဲ။
မေး ။     ။ နိုင်ငံတကာ ထိုးဖောက်ဖို့ဆိုတာ ထားဦး၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ အဆင့်အတန်းနီးပါးလောက် လိုက်မီနိုင်ဖို့ ဒီကနေ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းအနေနဲ့ ဘယ်လောက်အထိ ကြိုးစားရပါဦးမလဲ။
ဖြေ ။     ။ နိုင်ငံတကာဆိုတာကို ဘေးဖယ်လိုက်ပါဦး။ ကျနော်တို့ ပထမဆုံး ကျင့်ကြံနေတာက ပြည်တွင်းမှာရှိတဲ့ ပြည်တွင်း ဈေးကွက်ပေါ့နော်၊ အဓိကကတော့ မြန်မာရုပ်ရှင်ကို ကြည့်ကြတဲ့ မြန်မာပရိသတ်များဟာ မြန်မာဇာတ်ကားများကို လေးလေးစားစား အလေးထားပြီး ပြန်ကြည့်လာတဲ့ အဆင့်ရောက်အောင် ကျနော်တို့က ကြိုးစားရဦးမှာပါ။ မြန်မာဇာတ်ကားဆိုတာ ငါတို့အတွက် ကြည့်သင့်တဲ့အရာ၊ တကယ်ကိုမှ တန်ဖိုးရှိတဲ့အရာ တခုခုပေါ့နော်၊ အကျိုးပြုစေတဲ့ အရာတခုခု ဖြစ်လာဖို့ ကျနော်တို့က ပထမအဆင့်အနေနဲ့ ကြိုးစားရဦးမှာ။ အဲ့ဒီအဆင့်လေးရဖို့ကိုတောင် ကျနော်တို့ တော်တော် ကြိုးစားရဦးပါမယ်။ ဒါလက်ရှိ အခြေအနေအရပေါ့နော်။
နောက် ဒေသတွင်း နိုင်ငံများနဲ့ ယှဉ်နိုင်ဖို့ဆိုတာ ကျနော်တို့လောကသားတွေက မိမိမှာရှိတဲ့ Mind-set (စိတ်နေသဘောထား) တွေကိုလည်း ပြောင်းမယ်၊ နိုင်ငံတော်အဆင့် ဖန်တီးပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ကလည်း မြန်မာ့ရုပ်ရှင်ဆိုတာ မြန်မာနိုင်ငံမှာတော့ မပျောက်ပျက်ကောင်းတဲ့ အမျိုးသားလက္ခဏာ တရပ်၊ ယဉ်ကျေးမှု လက္ခဏာတရပ်၊ ဒါ့အတွက် မြန်မာ့ရုပ်ရှင်ကို မပျောက်ပျက်အောင် ငါတို့က ၀ိုင်းဝန်းပြီးတော့ အားပေးရမယ် ဆိုတာမျိုးလည်း အားပေးမယ်၊ ကျနော်တို့ကလည်း အစွမ်းကုန် ကြိုးစားကြမယ်ဆိုရင်တောင်မှ နောက် နှစ်ပေါင်း ၂၀ လောက် ကြိုးစားရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရှေ့က ပြေးနေတဲ့သူက သူကရပ်နေမှာ မဟုတ်ဘူးလေ။ ပြေးသထက်ပြေးနေမှာပါပဲ။ ကျနော်တို့ ရှေ့မှာ ကျနော်တို့ထက် ကြိုတင် ပြုပြင်ခဲ့ကြတဲ့ အားကစားဆိုတဲ့ လောကဆိုတာတောင်မှပဲ နိုင်ငံတော်က ငွေကြေးအလုံးအရင်းနဲ့ ပုံအောပြီးတော့မှ ပြင်ပက ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ပုံအောပြီးလုပ်ကြတာပါပဲ။ ဒီဆယ်စုနှစ်ကျော် အနှစ်နှစ်ဆယ်အတွင်းမှာပဲ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတော့လည်း ထင်သာမြင်သာရှိအောင် တိုးတက်မှုမရှိသေးပါဘူး။ တိုးတက်မှု မရှိလို့ မပြုပြင်ရဘူးလား ဆိုတော့လဲ အားကစားဆိုတာလည်း ကျနော်တို့နိုင်ငံရဲ့ ပြယုဂ်ပဲလေ။ ကြိုးစားနေရမှာပါပဲ။
ဒီလိုပဲ စာပေ၊ဂီတ၊ ရုပ်ရှင်ဆိုတဲ့ အရာတွေကလည်း နိုင်ငံတိုင်းမှာ အင်အာကြီးတခုပါပဲ။ ဒါမရှိရင် မရပါဘူး။ တချို့နိုင်ငံမှာ ဒီအင်အားကြီးနဲ့ပဲ တခြားနိုင်ငံတွေကို လွှမ်းမိုးနိုင်တာတွေ အများကြီးရှိပါတယ်။ သို့သော် ကျနော်တို့ တခု ကံကောင်းနေတာက ကျနော်တို့နိုင်ငံရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာ တခုပါပဲ။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုပေါင်းကို တရာ့သုံးဆယ်ကျော်နဲ့ စုဖွဲ့ထားတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ ဓလေ့တွေ ထုံးတမ်းအစဉ်အလာတွေ၊ စရိုက်လက္ခဏာတွေ ပေါင်းစုံပြီးတော့ ဒီထူးခြားတဲ့ အချက်လေးတွေမှာ ကမ္ဘာက မသိသေးတဲ့၊ အလွန်ချစ်စရာကောင်းတဲ့ အလွန်ကို ချီးကျူးဂုဏ်ယူစရာကောင်းတဲ့ ဓလေ့စရိုက်တွေ အများကြီးရှိပါသေးတယ်။ ဥပမာ- ကိုရီးယား ဇာတ်ကားတွေ ကမ္ဘာကို ဖြန့်တယ်။ ဒါကိုကြည့်တဲ့အခါမှာ သူတို့ ဓလေ့စရိုက်တွေထက် ကျနော်တို့ မြန်မာမှာ ဒီထက် ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေရှိပါသေးတယ်။ ဒါလေးတွေကို ကျနော်တို့က စနစ်တကျ အနုပညာဂုဏ်မြောက်အောင် ဖော်ကျူးနိုင်ရင် နိုင်ငံတကာက စိတ်ဝင်းစားခြင်းကို ခံရမှာပါ။
နောက်တခု ကျနော်တို့မှာ သဘာဝက ပေးထားတဲ့ အမွေအနှစ် ရေခဲတောင်လည်းရှိတယ်။ ကန္တာရ လွင်ပြင်လိုဆန်တဲ့ အပူပိုင်းဇုန်လည်း ရှိတယ်။ အလွန်လှပတဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်လိုမျိုးတွေလည်း ရှိတယ်။ ပင်လယ်ကမ်းနားလည်း ရှိတယ်။ ဒီအလှအပတွေကလည်း နှစ်ပေါင်းများစွာ ကျနော်တို့က သံကွန်ချာထဲ နေလာခဲ့ကြတာဆိုတော့ ကမ္ဘာသူ ကမ္ဘာသားများမသိတဲ့၊ မထိတွေ့ရတဲ့ အစိမ်းသက်သက် နယ်မြေလိုလည်း ဖြစ်နေပါတယ်။ ဒီနယ်မြေဒေသ အလှအပတွေကို ကျနော်တို့ တိုင်းရင်းသားများရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက် ထုံးတမ်းအစဉ်အလာတွေနဲ့ ကျနော်တို့  မြန်မာတွေရဲ့ နှလုံးသားပေါ့လေ၊ ဒါတွေကို အနုပညာနဲ့ ထုံမွမ်းတင်ပြနိုင်မယ် ဆိုရင်တော့ အားသာချက်တခုဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အနှစ် ၂၀ လောက် မှန်းတာပါ။ နို့မဟုတ်ရင်တော့ နှစ် ၃၀၊ ၄၀ လောက် လိုက်ရမယ့် သဘောရှိပါတယ်။ ဒါတောင်မှ အားလုံးက ပြုပြင်ပြောင်းလဲပြီး အမြင်ကြည်ကြည်လင်လင်နဲ့ ကူညီကြမှာသာ ဒီအဆင့်ရောက်မှာပါ ခင်ဗျာ။
မေး ။     ။ ၁၉၂၀ မှာ မြန်မာ့ရုပ်ရှင် စပေါ်လာပြီး ၁၉၇၀ နီးပါးအထိ ရွှေရောင်လွှမ်းခဲ့တဲ့ ခေတ်ကာလကနေ အဲ့ဒီနောက်ပိုင်း  ဒီကနေ့အချိန်အထိ ယိုင်နဲ့လာခဲ့ရတာ ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။
ဖြေ ။     ။ ရုပ်ရှင်ဆိုတာ ဘယ်နိုင်ငံမှာမှ နိုင်ငံတော်ကနေ ချုပ်ကိုင်ပြီးလုပ်လိုက်လို့  ရုပ်ရှင်ကြီး တိုးတက်သွားတယ်ဆိုတာ မရှိပါဘူး။ နိုင်ငံတော်က ချုပ်ကိုင်မယ်ဆိုရင် ၀ါဒဖြန့်ချိရေး ယန္တရားတခုပဲ ဖြစ်သွားမယ်လေ။ ကျနော်တို့နိုင်ငံမှာတော့ ၁၉၆၃ ခုနှစ် မတိုင်ခင်အထိတော့ ရုပ်ရှင်ဆိုတာ လွတ်လပ်စွာ ဖန်တီးကြတယ်။ အနုပညာဖန်တီးမှုတွေ စက်မှုဘက်ဆိုင်ရာရော၊ ကျန်တဲ့ ရုပ်ဝတ္ထုပိုင်းမှာရော၊ ကျန်တဲ့ဒေသတွင်း နိုင်ငံတွေထက်တောင်မှ မြင့်ခဲ့ပါသေးတယ်။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး ဖြစ်လာပြီးတဲ့နောက်မှာတော့ အရာရာအားလုံးဟာ ပြည်သူပိုင်ဖြစ်ကြရတာပါပဲ။ ပထမဆုံး ရုပ်ရှင်ရုံတွေ ပြည်သူပိုင် သိမ်းလိုက်ပါတယ်။ အဲ့ဒီတော့ ပုဂ္ဂလိက လုပ်ငန်းမဟုတ်တော့တဲ့အတွက် ၀န်ထမ်းများရဲ့ စေတနာ လျော့ပါးလာမှုကြောင့် ဒီရုံတွေက တဖြည်းဖြည်းနဲ့ အဆင့်အတန်း နိမ့်ကျသွားရတာပါ။ လူတွေက ရုပ်ရှင်ရုံထဲဆို မ၀င်ချင်တော့တဲ့ ဘ၀ရောက်ကြပါတော့တယ်။ နောက် ဖလင်ဆိုတာက နိုင်ငံခြားငွေနဲ့ ၀ယ်ရတာပါ။ အဲ့တော့ ဒါကိုလည်း ဖျော်ဖြေရေးသက်သက်လောက်ဖြစ်တဲ့ Entertainment လောက်အတွက် သုံးတဲ့ ရုပ်ရှင်အတွက်ကို ရွှေနဲ့ ဆက်ဝယ်ရတယ်။ အဲ့ဒီတုန်းက ဒေါ်လာကို ရွှေနဲ့နှိုင်းတာကိုး။ ဒီလို ၀ယ်ရတဲ့ ဖလင်တွေကို အကုန်အကျ မခံနိုင်ဘူးဆိုပြီးတော့ ဖလင်တွေကို ပထမလျော့ နောက်တော့ လုံးဝ မသွင်းတော့တဲ့အထိ ရောက်ကုန်တာပါပဲ။ ဒါကြောင့်မို့ ဗီဒီယိုဆိုတာ ဖြစ်လာရတာလေ။
နောက် မူဝါဒပိုင်းဆိုင်ရာ ချုပ်ကိုင်မှုတွေပါလာတယ်။ တဖြည်းဖြည်းတင်းကျပ်လာတဲ့ ဆင်ဆာ မူဝါဒတွေက ဘယ်လောက်အထိလဲဆိုရင် လင်မယားရန်ဖြစ်လို့ မိန်းမကို ယောကျာ်းက ရိုက်လိုက် နှက်လိုက်တာဆိုရင် အမျိုးသမီးရေးရာနဲ့ ထိပ်တိုက်တိုးရတဲ့ အဖြစ်မျိုး၊ တလလောက်ပျောက်နေတဲ့ သမီးကို လိုက်ရှာရင်းတွေ့လို့ ကားကို လမ်းဘေးထိုးရပ်ပြီး သမီးကိုတွေ့လို့ သမီးနောက် ပြေးဆင်းလိုက်သွားတဲ့ အခန်းမျိုးမှာ ကားကို ဖြူနီကျားမှာ မရပ်လို့ဆိုပြီး ယာဉ်စည်းကမ်းက ခွင့်မပြုဘူးဆိုပြီး ဖြတ်တောက်ခံရတဲ့ ကိစ္စမျိုးတွေပေါ့နော်။ ဌာနဆိုင်ရာပေါင်းစုံကနေ သိပ်တင်းကျပ်လာတဲ့အခါမှာ အနုပညာဖန်တီးမှုဆိုတာ ဘောင်ထဲမှာ ရောက်သွားတာပါ။
ကြာတော့လည်း ဒီဘောင်ထဲကနေ ဖန်တီးလာရတဲ့ အခါကျတော့ ကျနော်တို့ ဦးနှောက်တွေ၊ Mind-set တွေလည်း ပျက်သုဉ်းလာကြတာပါပဲ။ လွတ်လပ်စွာ ဖန်တီးတွေးခေါ်ခြင်း ရှိတော့ဘူး။ စ စဉ်းစားလိုက်တာနဲ့ ဆင်ဆာနဲ့ ဘယ်လိုလွတ်အောင် ရိုက်ရမလဲဆိုတဲ့ ကိစ္စတွေသာ အဓိက ဦးတည်ချက်ဖြစ်လာတာပါပဲ။ အခြေခံ စက်မှုပိုင်းဆိုရင်ရာမှာလည်း တိုးမြင့်လာခြင်းမရှိပါဘူး။ တချို့ စတူဒီယိုကြီးတွေဆိုရင်လည်း ဒီလုပ်ငန်းနဲ့ ဘယ်လိုမှ အမြတ်အစွန်း မရနိုင်တော့တဲ့အတွက် ကိုယ့်ဘာသာကိုယ် ပိုင်းခြားရောင်းပစ်တာတွေလည်း ရှိတယ်။ တချို့ဆို နိုင်ငံတော်ကကို သိမ်းပစ်လိုက်တာတွေရှိပါတယ်။ ပုဂ္ဂိုလ်တဦးတည်းအနေနဲ့ ဒီလောက် မြေယာတွေ ပိုင်ဆိုင်ထားတာ မသင့်တော်ဘူးဆိုရင် ပိုင်းခြားပြီး အကွက်တွေရိုက်ပြီးတော့မှ သက်ဆိုင်ရာက သိမ်းလိုက်ကြတာပါ။
ဒါ့အပြင် တဖြည်းဖြည်း နိမ့်ကျလာတဲ့ ၄၀၀၊ ၅၀၀ လောက်ရှိတဲ့ ရုပ်ရှင်ရုံတွေကိုလည်း မကိုက်တော့လို့ ဆိုပြီး ထုခွဲရောင်းချလိုက်ပြန်ရော။ တပ်မတော် အစိုးရလက်ထက်ကျပြန်တော့ ပုဂ္ဂလိက ပြန်လွှဲတယ်။ ပထမတုန်းကတော့ ရုပ်ရှင်ရုံ တရုံဖျက်ရင် တရုံပြန်ရမယ်ဆိုတဲ့ မူနဲ့ပေါ့။ ဒါပေမယ့် အဲဒီမူကလည်း စာရွက်ထဲမှာပဲ ရှိတာပါ။ လက်တွေ့မှာတော့ အကောင်အထည် မပေါ်ပါဘူး။ ဆူးလေဘုရားလမ်းမှာရှိတဲ့ ရုပ်ရှင်ကြီးတွေနေရာမှာ ဟိုတယ်ကြီးတွေ အပြိုင်းအရိုင်း ဖြစ်လာတာပါပဲ။ နယ်မြို့ တော်တော်များများမှာလည်း ဒီလိုပဲ ရုပ်ရှင်ရုံတွေကို ပုဂ္ဂလိက ပြန်ရောင်းချလိုက်တာပါပဲ။ မြန်မာတနိုင်ငံလုံးမှာ လက်ရှိ ၁၁၆ ရုံ စာရင်းပေါက်ရှိပါတယ်။ မြန်မာဇာတ်ကားကို တကယ်ပြနေတာက ၄၉ ရုံပဲ ရှိပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ဒီလို ဖြစ်ခဲ့ကြရတာပါ။
မေး ။     ။  နိုင်ငံတကာမှာ အသက်အရွယ် အပိုင်းအခြားအလိုက် သတ်မှတ် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေရှိသလို မြန်မာ့ရုပ်ရှင်လောက မှာရော ဒီလိုမျိုး လုပ်သင့်တယ်လို့ မြင်ပါလား။ နောက်ပိုင်းမှာ လုပ်ဖို့ရော ရှိပါလား။
ဖြေ ။     ။ လုပ်သင့်ပါတယ်။ စရိုက်ကတည်းက ဒါ ၁၈ နှစ်အောက် ကြည့်ဖို့ ရိုက်တယ်၊ ဒါက ၁၈ နှစ် အထက် ကြည့်ဖို့ရိုက်တယ် မဟုတ်ပါဘူး။ သူတို့ဆီမှာ ဒါ ရိုက်ကူးလိုက်တာပါပဲ။ ရိုက်ကူးလိုက်တဲ့ ကားအပေါ်မှာသာ ဆင်ဆာက သတ်မှတ် ပေးလိုက်တာပါပဲ။ စားသုံးသူက သူ့ဘာသာ ရွေးချယ် ကြည့်သွားရုံပါပဲ။ ဆင်ဆာဆိုတာနဲ့ ဒီကားမိုလို့ မပြရဘူး။ ဟိုကားမိုလို့ မလုပ်ရဘူး မရှိပါဘူး။ ကျနော်တို့ နိုင်ငံမှာလည်း တချိန်သော ကာလကျရင် ကျနော်တို့ ဖန်တီးလို်က်တဲ့ အနုပညာဇာတ်ကားတွေကိုပေါ့၊ မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ ဖြတ်တောက်ခြင်း မပြုတော့တဲ့ အဆင့်အထိရောက်အောင် သွားရမှာပါ။ ကြားကာလမှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းမျဉ်းများကို ပါသင့်ပါထိုက်တဲ့ အဖွဲ့ဝင်များနဲ့ စုစည်းထားတဲ့ ဆင်ဆာအဖွဲ့ဆိုတာ ရှိပါလိမ့်မယ်။ ဒီကာလကို ကျော်လွန်ပြီဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်ကတော့ ရှေ့မှာ ဆင်ဆာဆိုတာ မရှိတော့ဘူး။ ဆင်ဆာသည် ကျနော်တို့က အဆင့်ပဲ သတ်မှတ်ပေးလိုက်မယ်။ ပြီးရင် ဒါကို မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး ပြဖို့ပါပဲ။ ဖန်တီးလိုက်တဲ့ အနုပညာသည် ပုဂ္ဂိုလ်တခု အဖွဲ့အစည်းတခုကို သွားရောက် ထိခိုက်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ် အဖွဲ့အစည်းနဲ့ တိုက်ရိုက်ဖြေရှင်း၊ သူတို့တရားစွဲလာရင် ဖြေရှင်းကြ။ ကျနော်တို့ မှားရင်ခံ၊ ကျနော်တို့ မှန်ရင်ဆက်လုပ် ဒီလိုမျိုးပေါ့နော်။ ကျနော်တို့ရဲ့ အဓိက ဆင်ဆာသည် စာနယ်ဇင်းဆရာကြီးများက ထောက်ပြ ဝေဖန်မယ်၊ ရှုတ်ချမယ်၊ မဟုတ်တာလုပ်ရင်။ နောက် အဓိက ကျနော်တို့ရဲ့ ဆင်ဆာ Member များကတော့ ပြည်သူပါပဲ။
မေး ။     ။ အနာဂတ် မြန်မာ့ရုပ်ရှင်လောကရဲ့ အဆင့်အတန်းကို ဘယ်လောက်အထိ မျှော်မှန်းထားပါလဲ။
ဖြေ ။     ။ ကျနော် တခါတရံ အလွန်စိတ်ဓာတ်ကျပါတယ်။ သို့သော်လည်း ကျနော်သည် ရုပ်ရှင်ထမင်းကို နှစ်ပေါင်းများစွာ စားခဲ့ပြီးပါပြီ။ ကျနော့ တသက်မကဘူး၊ ကျနော့သားပါ ရုပ်ရှင်ထမင်းကို စားခဲ့ပါတယ်။ ဒီအချိန်မှာ ကျနော့်အတွက် မဟုတ်ပေမယ့် နောင်လာနောက်သားများအတွက် ကျနော်တို့က ဖန်တီးပေးခဲ့ရပါမယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်က ကျနော့်ထက် တတ်တဲ့ ကျနော့်ထက် သိတဲ့ ရုပ်ရှင်လောက မျိုးဆက်သစ်တွေကို အခုလက်ရှိဖြစ်နေတာထက် ပိုမိုကောင်းမွန်တဲ့ လောကကြီးတခုကို ဖန်တီးပြီး သူတို့ လက်ထဲကို ထည့်ပေးခဲ့ချင်ပါတယ်။ ဒါမှ တာဝန်ကျေတဲ့ မျိုးဆက်ဟောင်းတယောက် ဖြစ်ပါလိမ့်မယ်။ ဒီ့အတွက် ကျနော် အစွမ်းကုန် ကြိုးစားနေပါတယ်။ ဘယ်လောက်အထိ ဖြစ်နိုင်မလဲဆိုတာကတော့ ကျနော့်ရဲ့ အသိဥာဏ်၊ အရည်အချင်း၊ စွန့်လွှတ်နိုင်မှု၊ ကြိုးစားမှု ပြီးတော့ ကျနော်တို့ လောကသားများရဲ့ ကံတရား၊ ဒါ့အပြင် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်း အသီးသီးကနေပြီးတော့ ၀ိုင်းဝန်းပံ့ပိုးမှု ဒါတွေ အများကြီး လိုအပ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ရုပ်ရှင်လောကရဲ့ အနာဂတ် ကောင်းကျိုးဆိုးကျိုးဟာ ဖြစ်သွားမှာပါ။
ကျနော်မြင်တာတော့ လက်ရှိဖြစ်နေတာထက် ပိုကောင်းလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကို လွန်ခဲ့တဲ့ တနှစ်ကဆိုရင် မှုန်ဝါးဝါးပါ။ အခုချိန်မှာ ကျနော်တို့သွားချင်တဲ့ အနာဂတ် ပုံရိပ်လေးကို မြင်နေရပါပြီ။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် သူတို့တွေသည် တကယ်လုပ်နေကြတာကို ကျနော်တို့ သိထားကြပါတယ်။ သူတို့အချင်းချင်းကြားမှာလည်း တဦးနဲ့တဦး လေးစားမှု၊ ချစ်ခင်မှု၊ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်နေပြီလို့ မြင်ပါတယ်။ ဒီအားတွေနဲ့သာ ဦးဆောင် ချီတက်သွားမယ်ဆိုရင် ကျနော်တို့ ရုပ်ရှင်လောကဆိုတဲ့ ကဏ္ဍတခုကလည်း ဒီအရွေ့ထဲမှာ ပူးပေါင်းပါဝင်ပြီးတော့ ကျနော်တို့ကလည်း နိုင်ငံအကျိုးကို သယ်ပိုးမယ်။ နိုင်ငံတော် ဒီကနေ့သွားနေတဲ့ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ဒါတွေကို ကျနော်တို့ ရုပ်ရှင်လောကသားတွေက ပူးပေါင်းပါဝင်မယ်။
ဒီလိုမျိုး တုန့်ပြန်မှုတွေနဲ့ ကျနော်တို့ လောက တိုးတက်မြင့်မားလာအောင် ပြန်လည်ပြီး ကြည့်ရှုတယ်၊ စောင့်ရှောက်တယ် ဒီလိုသာ အပြန်အလှန်သွားကြမယ်ဆိုရင် ကျနော်တို့လောကဟာလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍတွေနဲ့ တပြေးညီ ကျနော်တို့ ရုပ်ရှင်ကဏ္ဍလည်း တိုးတက်လာမှာပါပဲ။ ကျနော်တို့ ရုပ်ရှင်လောကသားများသည် မိမိလောက ကောင်းစားရေးအတွက်၊ တခြား မည်သည့်လောက ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်မျိုးမဟုတ်ပါဘူး။ ဒီအချိန်မှာ ကျနော်တို့ လောကကို တကျပ်ပေးရမလား၊ ပညာရေးလောကကို တကျပ်ပေးရမလား၊ ဘယ်ဟာကို ယူမလဲဆိုရင် ကျနော်တို့လောကကို မပေးပါနဲ့၊ ပညာရေးလောကကို ပေးပါ။ မင်းတို့ကို တကျပ်ပေးရမလား၊ ကျန်မာရေးလောကကို တကျပ်ပေးရမလား ဆိုရင် ကျနော်တို့ကို မပေးပါနဲ့  ကျန်းမာရေးကို ပေးပါ။ ကျနော်တို့ ဒီလိုပဲ ခံယူပါတယ်။ ကျနော်တို့လည်း ကျနော်တို့ဖာသာနည်းနဲ့ ကြိုးစားနေသလို လောကကောင်းအောင် ကြိုးစားရင်း တိုင်းပြည်ကောင်းအောင် အမျိုးသားရေး ကောင်းအောင် ကြိုးစားသွားမှာပါ။     ။
၂၀၁၁ ခုနှစ် အောက်တိုဘာလက ဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာစဉ် လာရောက်ကြိုဆိုသည့် သရုပ်ဆောင် ဇင်ဝိုင်း (ဓာတ်ပုံ – မန္တလေးအလင်း)
News from : ဧရာဝတီသတင်း
Post By : Aye Chan Mon
၂၀၁၁ ခုနှစ် အောက်တိုဘာလက ဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာစဉ် လာရောက်ကြိုဆိုသည့် သရုပ်ဆောင် ဇင်ဝိုင်း (ဓာတ်ပုံ – မန္တလေးအလင်း)
သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၇၃-၇၄ ခုနှစ်မှာ ၁၄ နှစ်သားအရွယ်မှ စတင်ပြီး ရုပ်ရှင်အနုပညာလောကကို ၀င်ရောက်လာခဲ့ကာ အနုပညာလောကရဲ့ အောက်ခြေသိမ်းအလုပ
်ကအစ မျိုးစုံ လုပ်ကိုင်လာခဲ့သူပါ။ နောက်တော့ သင်္ကြန်မိုး ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြု ခံခဲ့ရပြီး ဒဏ္ဏာရီဇာတ်ကားနဲ့ပါ ထပ်မံ အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်မှာ မြင့်မြတ်နှလုံးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဌာနဆိုင်ရာ လက်အောက်က လွတ်ကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ်၂၀၁၂ ဧပြီလက ပြန်လည်ဖွဲ့စည်းရာမှာ ပြည်သူ့ဆန္ဒမဲများနဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းနဲ့ လိုအပ်ချက်တွေအပြင် ရှေ့ဆက် ဘယ်လိုမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတာတွေကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
အိုင်းစတိုင်း၏ ဦးနှောက်ကို iPad ပေါ်တွင် ကြည့်နိုင်ပြီ
Photo: အိုင်းစတိုင်း၏ ဦးနှောက်ကို iPad ပေါ်တွင် ကြည့်နိုင်ပြီ
06 OCTOBER 2012 
ခေတ်သစ် သိပ္ပံလောက၏ ပြောင်းလဲမှု များစွာကို အတွေးသစ်များဖြင့်
တင်ပြနိုင်ခဲ့သည့် ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၏ ဦးနှောက် အကြောင်းကို အပြည့်အစုံ သိနားလည်ခွင့်ရမည့် Application အမျိုးအစားအား iPad ပေါ်တွင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
Application တွင် ၁၉၅၅ ခုနှစ်၌ အိုင်းစတိုင်း သေဆုံးသည့်အခါ ၎င်း၏ဦးနှောက်ကို မှတ်တမ်းတင်ထားသည့် အရာများစွာပါဝင်မည်ဖြစ်ပြီး ရာပေါင်းများစွာသော ဦးနှောက် ဓာတ်ပုံများကိုပါ တွေ့မြင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။ အိုင်းစတိုင်း၏ ဦးနှောက်ပုံစံကို လေ့လာခြင်းမှာ သုတေသန ပညာရှင်များအတွက် စိတ်ဝင်စားဖွယ်ရာ ကောင်းသည်ဟု Application ဖန်တီးသူများက ဆိုသည်။
ZZ
News from :   ITTIMES
Post By : Aye Chan Mon
ခေတ်သစ် သိပ္ပံလောက၏ ပြောင်းလဲမှု များစွာကို အတွေးသစ်များဖြင့်
တင်ပြနိုင်ခဲ့သည့် ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၏ ဦးနှောက် အကြောင်းကို အပြည့်အစုံ သိနားလည်ခွင့်ရမည့် Ap
plication အမျိုးအစားအား iPad ပေါ်တွင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်းမှ iPad အသုံးပြုသူများအား Download ဆွဲယူအသုံးပြုခွင့် ပေးထားသည့် ၎င်း Application သည် အိုင်းစတိုင်း၏ ဦးနှောက်မှ ဓာတ်ပုံများကို တစ်ပုံချင်းစီ ကြည့်ရှုခွင့်ရရန် ပြုလုပ်ပေးထားပြီး ဉာဏ်ရည်ထက်မြက်ရခြင်း၏ အကြောင်းရင်းများကိုလည်း ရှင်းလင်းပြထားသည်။
Related Posts Plugin for WordPress, Blogger...
ShareThis