menu

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, 5 October 2014

မြန်မာနှစ်ဦးက လူသတ်တရားခံအစစ်လား

ဓာတ်ပုံ − ရိုက်တာ

‘‘ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား’’
၉၅ ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော်က ‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။
ယင်းစစ်တမ်းကို ထိုင်းရဲတပ်ဖွဲ့ နှင့် သဘောထားချင်းမတူညီသည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။
အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်းကို Survey Planet မှတစ်ဆင့် ကောက်ယူခဲ့ရာ ခေတ္တမျှအတွင်း လူ တစ်ထောင်ခန့်က ၀င်ရောက်ဖြေဆိုခဲ့ ကြသည်။
CSI LA ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်လည်း ဤအမှုအ ကြောင်းကို စဉ်ဆက်မပြတ် တင် ပြနေပြီး ရဲတပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့အနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက် တွန်းနေသည်။ ယင်းစာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှုသူ ပေါင်း မူလက သောင်းဂဏန်းမျှ သာ ရှိခဲ့ရာမှ အောက်တိုဘာ ၄ ရက်တစ်ရက်တည်းတွင် တစ် သိန်းကိုးထောင်ကျော်သို့ရောက် ရှိသွားကြောင်း တွေ့ရသည်။
ဗြိတိန်စုံတွဲအသတ်ခံရမှု၏ တရားခံများမှာ မြန်မာအလုပ်သ မားများဖြစ်ကြောင်း ထိုင်းရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် တွင် ယင်းကြေညာချက်အပေါ် မယုံကြည်သည့် ဝေဖန်မှုများ ထိုင်းနိုင်ငံပြည်သူများကိုယ်တိုင် အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများက အင်တာနက်စာ မျက်နှာများတွင် ဖော်ပြလာကြသည်။ DNA ကို ဗြိတိန်နိုင်ငံမှ စစ်ဆေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများ၊ အမှုစစ်ဆေးရာတွင် တရားမျှတမှုရရှိရေးတောင်းဆိုမှုများ ထွက်ပေါ်လာနေသည်။

Saturday, 24 May 2014

ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တိုက်ခိုက်ခံရ



 ဆရာတော်ဦးဝီရသူ၏ Wirathu အမည်ဖြင့် အသုံးပြု လျက်ရှိသည့် ဖေ့စ်ဘွတ်ခ်စာမျက် နှာမှာ ယခုလ ၂၃ရက်က ဟတ် ကာအချို့၏ တိုက်ခိုက်မှုကြုံခဲ့ရ၍ အကောင့်အသစ်ပြုလုပ်လိုက်ရ ကြောင်း သတင်းရရှိသည်။
မူလအကောင့်ဟောင်းကို ယခုလ ၂၂ရက်၌ ဟက်ခံလိုက် ရသည့်အတွက် ၎င်းကိုယ်တိုင်နေ့ စဉ်ပုံမှန်ရေးတင်နေကျဖြစ်သည့် တစ်နေ့တာလုပ်ဆောင်ချက်များ နှင့်အခြားသော ရေးသားနေကျအ ကြောင်းအရာများအား‘Wira Thu (၀ီရသူ) အမည်ဖြင့်အကောင့်သစ် ပြုလုပ်ကာ ပြန်လည်သုံးစွဲနေ ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
‘‘အရင်အကောင့်ဟောင်းက သူငယ်ချင်း ငါးထောင်ပြည့်သွား လို့ဆိုပြီး Like ပေ့ခ်ျလုပ်ထားတာ။ အဲဒီပေ့ခ်ျကပါ အခုဟက်ခံလိုက် ရတော့ သုံးမရတော့ဘူး။ အ ကောင့်သစ်မှာ လူများလာမှပဲ Like ပေ့ခ်ျထပ်လုပ်တော့မယ်’’ဟု ဆရာတော်ကမိန့်ကြားသည်။
ဆရာတော်အနေဖြင့် ဖေ့စ် ဘွတ်ခ် လုံးဝအသုံးမပြုတော့ ကြောင်း အစိုးရသတင်းစာများ တွင် ထည့်သွင်းထားသည်ဟူ သော ကြော်ငြာဖြတ်ပိုင်းတစ်ခု လည်းဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လျက် ရှိပြီး ယင်းကြေညာချက်မှာလုပ် ကြံဖန်တီးထားခြင်းသာ ဖြစ် ကြောင်း၊ ဆရာတော်အနေဖြင့် အစိုးရသတင်းစာတွင် ကြေညာခြင်းများလုံးဝမပြုလုပ်ခဲ့ကြောင်းမိန့်ကြားသည်။ ဆရာတော်ဦးဝီရသူက ၎င်းကိုယ်တိုင် သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျိုးချစ်စိတ်များ၊

ပုသိမ်မြို့နယ်တွင် ကြွက်များရုတ်တရက် သေဆုံး၍ ပလိပ်ရောဂါအရေးပေါ် ကြိုတင်ကာကွယ်ရေးပြုလုပ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်ကြွက်များရုတ်တရက် သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် ပလိပ်ရောဂါကြိုတင်ကာကွယ် ရေးအတွက် နှစ်ဆယ့်လေးနာရီ ပတ်လုံး စောင့်ကြည့်ရေးလုပ်ငန်း များပြုလုပ်ထားသည်ဟု ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
မေလ ၂၂ ရက်နံနက်က ဧရာ ဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာ ကျေးရွာရှိလမ်းများ၊ အိမ်များတွင် ကြွက်ကောင်ရေစုစုပေါင်း ၄၀၀ ခန့် ရုတ်တရက်သေဆုံးမှုများ တွေ့ရှိရ၍ ကျေးရွာသူ၊ ရွာ သားများက မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးများသို့ သတင်းပေးပို့ခဲ့ ကြသည်။
‘‘ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ သွားတော့ အိမ်တစ်အိမ်မှာဆိုရင် ကြွက်ကောင်ရေ ၁၅၈ ကောင် လောက်သေတာ တွေ့တယ်။ ရွာထဲကိုသွားကြည့်တော့လည်း တခြားကြွက်သေကောင် ၂၀၀ လောက်ထပ်တွေ့တယ်။ အဲဒါနဲ့ ကြွက်သေတွေကို ကျင်းတူး၊ မဖောက်ထုံးနဲ့ဖျန်းပြီး မြေမြှုပ်ခဲ့ရ တယ်။ နောက်ထပ် ထပ်တွေ့ရင် လည်း လက်အိတ်နဲ့ကိုင်ဖို့၊ မြေ မြှုပ်ဖို့အတွက်လုပ်ပေးဖို့ အသိ ပညာပေးခဲ့တယ်’’ ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူးဦးသောင်းတင်က ပြော သည်။
ကြွက်များ ရုတ်တရက်သေ ဆုံးခြင်းမှာ ရှောပြာကျေးရွာ၌ သာမက အိုင်သပြု၊ ခမောက်စု၊ ညောင်ဝိုင်းစသည့်ကျေးရွာများ တွင်လည်း ဖြစ်ပွားနေကြောင်း၊ ကျုံပျော်မြို့နယ်အတွင်း အချို့ ကျေးရွာများ၌လည်း ယခုကဲ့သို့ ကြွက်များ ရုတ်တရက်သေဆုံးမှု များရှိနေကြောင်း ဒေသခံများက ပြောသည်။

တရုတ်သို့ လူကုန်ကူးသည့်ဂိုဏ်း မန္တလေးတွင် ဖမ်းမိ

တရုတ်သို့ လူကုန်ကူးသည့်ဂိုဏ်း မန္တလေးတွင် ဖမ်းမိ

သတို့သမီး လိုအပ်ချက် မြင့်တက်နေသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာ အမျိုးသမီးငယ် များကို သွေးဆောင် ဖျားယောင်းကာ လူကုန်ကူးမှုများ ဆောင်ရွက်လျက် ရှိရာ အဆိုပါ မြန်မာ အမျိုးသမီး များကို ပို့ဆောင်နေသော ဂိုဏ်းကို မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားကြီးဝင်းမှ တစ်ဆင့် ခြေရာခံမိကာ မေလလယ်ခန့်တွင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) မှတပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ပြောကြားသည်။
မိထ္ထီလာမြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်မြို့သို့ လူကုန်ကူး ခေါ်ဆောင်ရန်အတွက် မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားဝင်းတွင် စည်းရုံးခေါ်ဆောင်နေသူ သုံးဦးကို ဖမ်းဆီးရမိသည့်အပြင် စည်းရုံး ခေါ်ဆောင်ခဲ့သည့် မိထ္ထီလာမြို့ရှိ အမျိုးသမီး နှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိပြီး မန္တလေးမြို့တော်ရှိ တည်းခိုခန်း တစ်ခုသို့ စည်းရုံး ခေါ်ဆောင်လာမည့် အမျိုးသမီးများကို စောင့်ဆိုင်းနေသူ နှစ်ဦးကိုလည်း ဧပြီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ပြည် န၀ဒေးတံတားအောက် လုယက်သတ်ဖြတ်မှု တစ်နှစ်တစ်လပြည့် ဆန္ဒဖော်ထုတ်ပွဲ ပြည်မြို့၌ပြုလုပ်

Photo: ပြည် န၀ဒေးတံတားအောက် လုယက်သတ်ဖြတ်မှု တစ်နှစ်တစ်လပြည့် ဆန္ဒဖော်ထုတ်ပွဲ ပြည်မြို့၌ပြုလုပ် 

ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး ပြည်မြို့ န၀ဒေးတံတားအောက်တွင် သမီးရည်းစား စုံတွဲတစ်တွဲ လုယက်သတ်ဖြတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများအား တစ်နှစ်တစ်လ ပြည့်သည့်တိုင် ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်ခြင်း မရှိသေးသည့်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ရေး ဆန္ဒဖော်ထုတ်ပွဲကို မေ ၂၃ ရက်က ပြည်မြို့တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ပြည်မြို့မြင်းစီး ကျောက်ရုပ်မှ နံနက် ၉ နာရီတွင်စတင်ခဲ့ပြီး ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ရွှေတစ်ချောင်းလမ်း၊ လမ်းမတော်နှင့် အခင်းဖြစ်ပွားရာ န၀ဒေးတံတားအောက်တို့တွင် ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးပါ။ တရားဥပဒေအထက်တွင် မည်သူမှမရှိပါစေနှင့်။ အကြမ်းဖက်လုယက် သတ်ဖြတ်ခွင့်လိုင်စင် မည့်သူ့တွင်မျှ မှမရှိပါစေနှင့် အပါဝင်အခြား ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြကာ ၁၁ နာရီတွင်ဆန္ဒဖော်ထုတ်ပွဲကို အဆုံးသတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့က တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး အရပ်ဘက်အဖွဲ့စည်များ၊ နိုင်ငံရေးအင်အားစုများ၊ မြို့ခံစုစုပေါင်း ၂၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး ယနေ့ကြိမ်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးသည့်အပေါ် ဦးဆောင်စာတင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုပြည့်လွင်(ခ)ကိုဖြူဖွေးက “ကိုဇော်မင်းဦး အသတ်ခံရခြင်းဟာ ပထမအကြိမ် မဟုတ်ပါဘူး။ ငါးသည်မလေးလည်း အသတ်ခံခဲ့ရဖူးပါတယ်။ ဒီအမှုတွေ ကျူးလွန်ခွင့်ရနေတာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ အဓိကတာဝန်ရှိမယ်လို့ ကျွန်တော်ထင်တယ်။ သူကအရေးတယူနဲ့ တရားစွဲပေးမယ်ဆိုရင် ကျွန်တော်တို့ လုံခြုံမှုရှိလာမယ်လို့ထင်တယ်။ ပြည်မှာက လူသတ်မှုသုံးခုလောက် တရားခံမဖမ်းမိခြင်းဟာ အုပ်ချုပ်ရေးမှူးညံ့လို့ ဖြစ်နေတာပါ အလားတူ ဖြစ်ရပ်မျိုးတွေ မပေါ်ပေါက်စေချင်တော့ဘူး” ဟု ပြောသည်။         

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ညဦးပိုင်းက တံတားအောက် သောင်ပြင်တွင် ထိုင်နေကြသည့် သမီးရည်းစားစုံတွဲအား အမျိုးသားသုံးဦးက အကြမ်းဖက်လုယက် သတ်ဖြတ်သွားခဲ့ပြီး ကိုဇော်မင်းဦးအား အခင်းဖြစ်ပွားရာ နေရာအနီး မြစ်ထဲတွင် သေဆုံးလျက်တွေ့ခဲ့ရပြီး မအိဇင်မိုးကိုမှာလည်း လက်စွပ်တစ်ကွင်း ချွတ်ယူသွားခြင်း ခံခဲ့ရကာ ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံသို့ပိုဆောင် ပေးခဲ့ရပြီးနောက် အနီးနားတွင် ပုန်းအောင်းနေသည့်  ခ.လ.ရ ၇၅ မှ တပ်မတော်သားသုံးဦးကိုတွေ့ရှိ ဖမ်းဆီးခဲ့မိရာမှ မိခင်တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အကြိမ်ထိ တရားခံများအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။

“ဒီနေ့ဆန္ဒဖော်ထုတ်ပွဲ လုပ်နေကြရတာဟာ သမီးရည်းစားစုံတွဲလေး လုယက်သတ် ဖြတ်ခံခဲ့ရတဲ့အပေါ်မှာ ပြစ်မှုကျူးလွန်သူတွေဟာ တပ်မတော်သားတွေလို့ ယုံကြည်ပြီး သူတို့ကို အပြစ်ပေးအရေးယူပေးဖို့ တောင်းဆိုနေကြတာ ဖြစ်သလို အချိန်ကြာနေပေမယ့်လည်း မြို့ခံလူထုတွေက မမေ့သေးဘူးဆိုတာ ပြတာပါ။ နောက်တစ်ချက်က တာဝန်ရှိသူတွေကိုလည်း တာဝန်သိသိအရေးယူ ဆောင်ရွက်စေချင်တာလည်း ပါပါတယ်” ဟုဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် မြို့ခံတစ်ဦးက ပြောပြသည်။

(ပြည်မြို့န၀ဒေးတံတားအောက်တွင် လုယက်သတ်ဖြတ်ခံခဲ့ရမှုအား တရားခံကို ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဆန္ဒဖော်ထုတ်နေစဉ်)

ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး ပြည်မြို့ န၀ဒေးတံတားအောက်တွင် သမီးရည်းစား စုံတွဲတစ်တွဲ လုယက်သတ်ဖြတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများအား တစ်နှစ်တစ်လ ပြည့်သည့်တိုင် ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်ခြင်း မရှိသေးသည့်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ရေး ဆန္ဒဖော်ထုတ်ပွဲကို မေ ၂၃ ရက်က ပြည်မြို့တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ပြည်မြို့မြင်းစီး ကျောက်ရုပ်မှ နံနက် ၉ နာရီတွင်စတင်ခဲ့ပြီး ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ရွှေတစ်ချောင်းလမ်း၊ လမ်းမတော်နှင့် အခင်းဖြစ်ပွားရာ န၀ဒေးတံတားအောက်တို့တွင် ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးပါ။ တရားဥပဒေအထက်တွင် မည်သူမှမရှိပါစေနှင့်။ အကြမ်းဖက်လုယက် သတ်ဖြတ်ခွင့်လိုင်စင် မည့်သူ့တွင်မျှ မှမရှိပါစေနှင့် အပါဝင်အခြား ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြကာ ၁၁ နာရီတွင်ဆန္ဒဖော်ထုတ်ပွဲကို အဆုံးသတ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရုပ်ရှင်ဂီတအ နုပညာရှင်များ စုပေါင်းလက်မှတ်ရေးထိုး


Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရုပ်ရှင်ဂီတအ နုပညာရှင်များ စုပေါင်းလက်မှတ်ရေးထိုး 

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ရုပ်ရှင်ဂီတ အနုပညာရှင်များ စုပေါင်းလက်မှတ် ရေးထိုးခြင်းကို မေ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုပ်ရှင်၊ ဂီတအနုပညာရှင်များ ဖြစ်ကြသည့် တေးရေးမြင့်မိုးအောင်၊ တေးရေးရွှေဂျော်ဂျော်၊ တေးရေး ညီညီသွင်၊ အဆိုတော် ကိုရဲလွင်၊ သျှီ၊ မေခလာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီလူမင်း၊ ဒါရိုက်တာကြည်ဖြူသျှင်၊ သရုပ်ဆောင်ချစ်သုဝေ၊ မြင့်မြတ်၊ ဒါရိုက်တာကိုပေါက်၊ သဉ္ဇာနွယ်ဝင်း စသူတို့ တက်ရောက်ကာ လက်မှတ်ရေးထိုး ခဲ့ကြသည်။

“ဒီအခြေခံဥပဒေက of the army၊ by the army၊ for the army ဖြစ်နေတာကို of the people၊ by the people၊ for the people ဖြစ်ဖို့လိုတယ်။ အဲဒီလို အခြေခံဥပဒေဖြစ်ဖို့အတွက် ပြည်သူတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေနဲ့ တစ်သားတည်း အတူတူဝိုင်းပြီး လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်လို့ ရိုးရိုးရှင်းရှင်းလေး ယုံကြည်လို့ပါပဲ” ဟု လက်မှတ်ရေးထိုးပွဲသို့ လာရောက် လက်မှတ်ရေးထိုးခဲ့သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဆိုသည်။

ထို့အပြင် သရုပ်ဆောင် ချစ်သုဝေကလည်း “ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာလည်း ပြင်ဆင်သင့်တဲ့အတွက် ထရီဇာတို့ အနုပညာရှင်တွေ အားလုံးစုပေါင်းပြီး ထရီဇာတို့ ဆန္ဒကိုပြောကြတာ။ ထရီဇာတို့ အနုပညာရှင်တွေအားလုံး လက်မှတ်ရေးထိုးပြီး ဖော်ထုတ်ကြတာပါ” ဟု လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ ရှင်းပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူုးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် မအူပင်မြို့များတွင် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ရုပ်ရှင်ဂီတ အနုပညာရှင်များ စုပေါင်းလက်မှတ် ရေးထိုးခြင်းကို မေ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုပ်ရှင်၊ ဂီတအနုပညာရှင်များ ဖြစ်ကြသည့် တေးရေးမြင့်မိုးအောင်၊ တေးရေးရွှေဂျော်ဂျော်၊ တေးရေး ညီညီသွင်၊ အဆိုတော် ကိုရဲလွင်၊ သျှီ၊ မေခလာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီလူမင်း၊ ဒါရိုက်တာကြည်ဖြူသျှင်၊ သရုပ်ဆောင်ချစ်သုဝေ၊ မြင့်မြတ်၊ ဒါရိုက်တာကိုပေါက်၊ သဉ္ဇာနွယ်ဝင်း စသူတို့ တက်ရောက်ကာ လက်မှတ်ရေးထိုး ခဲ့ကြသည်။

“ဒီအခြေခံဥပဒေက of the army၊ by the army၊ for the army ဖြစ်နေတာကို of the people၊ by the people၊ for the people ဖြစ်ဖို့လိုတယ်။ အဲဒီလို အခြေခံဥပဒေဖြစ်ဖို့အတွက် ပြည်သူတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေနဲ့ တစ်သားတည်း အတူတူဝိုင်းပြီး လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်လို့ ရိုးရိုးရှင်းရှင်းလေး ယုံကြည်လို့ပါပဲ” ဟု လက်မှတ်ရေးထိုးပွဲသို့ လာရောက် လက်မှတ်ရေးထိုးခဲ့သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဆိုသည်။

အရှေ့ဘီးနှစ်ဘီးပါ မော်တော်ဆိုင်ကယ် မော်ဒယ်လ် အသစ်တစ်မျိုး မြိတ်ဈေးကွက် အတွင်းဝင်ရောက်



ရေလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်လျက် ရှိသော မြိတ်မြို့တွင် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှ စ၍ မြို့တွင်း ၊ အနီးအနား မြို့များသို့ သွားလာရေး အတွက် မော်တော်ဆိုင်ကယ် များကို အဓိကထား သုံးစွဲ လာခဲ့ရာ မော်တော် ဆိုင်ကယ် အသစ်များလည်း နှစ်စဉ် ဈေးကွက် အတွင်း ဒီဇိုင်းစုံဖြင့် ၀င်ရောက်လျက် ရှိသည်။

ယခု မေလ အတွင်းတွင် ထိုင်းနိုင်ငံမှ ၀င်ရောက် လာသော 125CC TriCity Yamaha အမျိုးအစား မော်တော် ဆိုင်ကယ် ဒီဇိုင်းအသစ် တစ်မျိုး ၀င်ရောက် လာကြောင်း သိရသည်။ အဆိုပါ ဆိုင်ကယ်သည် အရှေ့တွင် ဘီးနှစ်ဘီး ပါကာ အော်တိုဂီယာ အမျိုးအစား ဖြစ်ပြီး အင်ဂျင်ပါဝါ 125 ဖြစ်သည်။ အင်ဂျင်စက်သံ ငြိမ့်ညောင်းပြီး ဓာတ်ဆီသုံး အင်ဂျင် ဖြစ်ကာ အရောင်အားဖြင့် အနီရောင် နှင့် အဖြူရောင် တို့ ဖြစ်သည်။

အဆိုပါ ဆိုင်ကယ် ကို မြိတ်မြို့ ၊ အမှတ်(၁) ကျောင်းလမ်း ၊ မြစ်ငယ်ရပ်ကွက် ရှိ Easy Rider Motobike Co., Ltd. ( HONDA Show Room ) တွင် လိုင်စင်ပါပြီး ငွေကျပ် ၂၆ သိန်းခန့်ဖြင့် ရောင်းချ ပေးလျက် ရှိကြောင်း သိရှိရသည်။ (ဇော်မျိုးနိုင်)

Themyawadydaily

အခြေခံဥပဒေကို လူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်၍ မရနိုင်ဟုဆို


နေပြည်တော်၊ မေ ၂၃

တပ်မတော်အစိုးရက ဦးဆောင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုတောင်းဆိုသည့် အတိုင်း ပြင်ဆင်ပေးရန် မဖြစ်နိုင်ဘဲ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပြဋ္ဌာန်းချက်များကိုသာ လွှတ်တော်က ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတီခွန်မြတ်က ပြောကြားသည်။

“တပ်က ရေးဆွဲခဲ့တဲ့ ဒီဥပဒေက သူ့ဘက် ပါနေတယ်။ ခုပြည်သူက ပြင်စေချင်တဲ့ အတိုင်းလည်း လုပ်လို့မရဘူး။ အဲဒါကြောင့် ဥပဒေကို ဥပဒေအတိုင်းပဲ လုပ်ရမယ်” ဟု ဦးတီခွန်မြတ်က ဆိုသည်။

ပြည်သူလူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်မည် မဟုတ်သည့်အပြင် တပ်မတော်၏ လိုလားချက်များကို လိုက်လျောပြီး ပြင်ဆင်သင့်သည့် အချက်များကို မပြင်ဘဲ နေမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မလေးနိုက်ကလပ်၌ ဖမ်းဆီးခံရသူ ၁၇ ဦးတွင် မြန်မာမိန်းကလေး နှစ်ဦးပါဝင်

ရန်ကုန်-
မလေးရှားနိုင်ငံ ကပုန်း မြို့ရှိ နိုက်ကလပ်တစ်ခုကို နယ် မြေခံအထူးရဲတပ်ဖွဲ့မှ ၀င်ရောက် ဖမ်းဆီးရာ အကဖြင့် ဖျော်ဖြေတင်ဆက်နေသော မြန်မာအမျိုးသမီးနှစ်ဦးအပါအ၀င် ၁၇ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
မေလ ၁၇ ရက်ညက ကွာလာလမ်ပူမြို့နယ် ကပုန်းမြို့ရှိ နိုက်ကလပ်တစ်ခုအား နယ်မြေခံအထူးရဲတပ်ဖွဲ့နှင့် မှုခင်းအရာရှိ ၂၃ ဦးတို့ဝင်ရောက်ဖမ်းဆီးရာ အခြားနိုင်ငံသား ၁၇ ဦးနှင့်  နိုက်ကလပ်တွင် ကပြဖျော်ဖြေနေသော မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးမိကြောင်း မလေးရှားနိုင်ငံ TV7 သတင်းဌာန၌  ဖော်ပြထားကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသမီးနှစ်ဦး အပါအ၀င် ဖမ်းဆီးရမိသောသူများသည် မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူများ ဖြစ်ကြောင်း ထိုသတင်းဌာနက ဖော်ပြထားသည်။
‘‘ကပုန်းက နိုက်ကလပ်ကို ဖမ်းဆီးတဲ့အကြောင်းကို TV7 က နေ ထုတ်လွှင့်ပြသသွားပါတယ်။ အဲဒီကလပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးခံရတဲ့အကြောင်း ပြောပြ သွားပါတယ်။ ကွာလာလမ်ပူအ နီး ကပုန်းမှာ မြန်မာမိန်းကလေး အတော်များများ နိုက်ကလပ်တွေ မှာ အလုပ်လုပ်ကြပါတယ်’’ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်ပေးနေသာ ကိုသုတစံက ပြောသည်။

7Day Daily

ထိုင်းစတော့ရှယ်ယာ ပိတ်၍ နှစ်လုံးထီ လောင်းကစားသူများ အခက်တွေ့


(Paula Bronstein/Getty Images)
 
ထိုင်းနိုင်ငံတွင် စစ်တပ် က အာဏာသိမ်း၍ ထိုင်းစတော့ ရှယ်ယာဈေးကွက်များ ပိတ်ထား သောကြောင့်မေလ ၂၂ ရက် ညနေပိုင်းနှင့် ၂၃ ရက်တစ်ရက်လုံး မြန်မာနိုင်ငံတွင် နှစ်လုံးထီ ဂဏန်း မထွက်နိုင် ကြောင်း သတင်းရရှိသည်။
ထိုင်းစတော့ရှယ်ယာ ဈေး ကွက် ပိတ်လိုက်သောကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး အများစု တွင် နှစ်လုံးထီ ရပ်နားထားပြီး ပဲခူးတိုင်းဒေသကြီးတွင် အခြား လိုင်းတစ်လိုင်းဖြင့် နှစ်လုံးထီက စားခဲ့ကြသည်။ ထိုင်းစတော့ရှယ် ယာဈေးကွက်များရက်ကြာရှည် ပိတ်ထားမည်ဆိုပါက နှစ်လုံးထီ ထိုးသူများလက်ခံလျှင် အခြား နိုင်ငံစတော့ရှယ်ယာဈေးကွက် ဖြင့် နှစ်လုံးထီကစားသွားမည်ဖြစ် ကြောင်း မြန်မာနှစ်လုံးထီဒိုင် ကြီး များကပြောသည်။
မေလ ၂၂ ရက်တွင်ထိုင်း နိုင်ငံ စစ်တပ်မှ အာဏာသိမ်းမှုကြောင့် စတော့ရှယ်ယာေ ဈး ကွက်ကို ထိုနေ့ည ၄ နာရီတွင် ပိတ်ထားခဲ့သည်။ ထိုသို့ပိတ် ထားသောကြောင့် ထိုင်းနိုင်ငံ စတော့ရှယ်ယာဈေးကွက်မှ ကိန်း ဂဏန်းကို ယူကာ တရားမ၀င် လုပ်ကိုင်နေသော မြန်မာနှစ်လုံး ထီဒိုင်များမှာ ထိုနေ့ညနေတွင် နှစ်လုံးထီဂဏန်းမထွက်နိုင်ဘဲ ရပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုင်း နိုင်ငံစတော့ရှယ်ယာဈေးကွက် ဖြင့် နံနက်ပိုင်း နှစ်လုံးထီဂဏန်း နှင့် ညနေပိုင်း နှစ်လုံးထီဂဏန်းစသည်ဖြင့် နှစ်ကြိမ် ကစားကြ သည်။

Thursday, 22 May 2014

ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးကောလာဟလ မိသားစုဝင်ငြင်း


ဦးမောင်အေးအား အငြိမ်းစားမယူမီနိုင်ငံခြားခရီးစဉ်တစ်ခုတွင်တွေ့ရစဉ် (RAVEENDRAN/AFP)

အငြိမ်းစားဒုတိယဗိုလ် ချုပ်မှူးကြီးမောင်အေးသည် အ ပြင်တွင် သွားသွားလာလာမရှိ တော့သော်လည်း ကျန်းမာရေး ကောင်းမွန်နေကြောင်း ထွက်ပေါ်နေသော ကောလာဟလများနှင့် ပတ်သက်၍ ၎င်း၏မိသားစုဝင် တစ်ဦးက တုံ့ ပြန်ပြောကြားသည်။
အငြိမ်းစားဒုတိယဗိုလ်ချုပ် မှူးကြီး မောင်အေး မေလ ၂၁ ရက် နံနက်တွင် တပ်မတော်ဆေး ရုံ၌ ကွယ်လွန်သည့်သတင်း မှာ မဟုတ်မှန်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူနှင့် အမှတ်-(၁)တပ်မတော်စစ်ဆေးရုံတို့က လည်း ငြင်းဆိုသည်။
၎င်း ကွယ်လွန်ကြောင်း သတင်းများ ထွက်ပေါ်ပြီး နာရီ ပိုင်းအကြာတွင် သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အငြိမ်းစားဒုတိယဗိုလ် ချုပ်မှူးကြီးကွယ်လွန်သည့် သ တင်းမှာ မဟုတ်မှန်ကြောင်း ဖြေ ရှင်းထားသည်။
‘‘လွန်ခဲ့တဲ့ ခုနစ်လလောက် ကတရုတ်နိုင်ငံမှာ သုံးလကြာသွားရောက်ကုသမှု ခံယူပြီးနောက် ကျန်းမာရေးပိုကောင်းလာတယ်။ ဆေးရုံတက်နေရတာတော့ မရှိဘူး’’ ဟု ဦးမောင်အေး ၏ မိသားစု ၀င်တစ်ဦးက ပြောသည်။
 ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၁၁ ခုနှစ်က တာဝန်မှ အနားယူပြီးနောက်ပိုင်း ကျန်းမာရေးမကောင်းသည့် သ တင်းများ မကြာခဏထွက်ပေါ်ခဲ့ပြီး ၎င်း၏ကျန်းမာရေးသတင်း များအတွက် မိသားစုဝင်အချို့က မကြာခဏ ဖြေရှင်းခဲ့ကြရသည်။
အနားယူပြီး တစ်နှစ်အကြာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လေ ဖြတ်ဝေဒနာကြောင့် စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီး ယင်းသတင်းဖော်ပြမှုကြောင့် ပြည်တွင်းထုတ်ဂျာနယ်နှစ်စောင် ကို စာပေစိစစ်မှ တာဝန်ရှိသူများ က ခေါ်ယူသတိပေးခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလက ၎င်း မိသားစုတည်ထောင်ထား သော အေးမြစိုးဖောင်ဒေးရှင်း သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာရှင်များအား ခွဲစိတ်ပေးခြင်း၊ ၎င်း၏ဇာတိကန့် ဘလူမြို့တွင် မဟာရွှေစည်ကြီး ဘုရားဆွမ်းလောင်းပွဲတွင် လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင် အေးမှာ ကျန်းမာရေးအခြေအနေ ကြောင့် လာရောက်နိုင်ခြင်းမရှိ ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြထားသည်။

7Day Daily

နေပြည်တော်-ရန်ကုန် အစိုးရ၀န်ထမ်း သီးသန့်ယာဉ်လိုင်း သောကြာနေ့တိုင်းပြေးဆွဲမည်



အစိုးရ၀န်ထမ်းအထူးသီး သန့်ယာဉ်လိုင်းအစီအစဉ်ကို နေ ပြည်တော်ကုန်းလမ်းပို့ဆောင် ရေးနှင့် ညွှန်ကြားရေးဦးစီးဌာနမှ ကားအစီးရေငါးစီးဖြင့်ယခုလာ မည့် သောကြာနေ့မှစ၍ တစ်ပတ် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ် ကြောင်းနေပြည်တော်မြို့မဈေး ဂိတ်တာဝန်ခံဦးတင်ဌေးကပြော သည်။
‘‘တစ်ပတ်တစ်ကြိမ် သော ကြာနေ့တိုင်းပြေးဆွဲသွားမှာပါ။ အခုလာမယ့်သောကြာနေ့က စပြီး ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။သက် ဆိုင်ရာအစိုးရ၀န်ကြီးဌာနတွေမှာ လက်မှတ်တွေရောင်းပေးနေပါ ပြီ။ တနင်္ဂနွေနေ့ည ၆နာရီမှာ ရန် ကုန်ကနေ ပြန်ထွက်လာမှာဖြစ်ပါ တယ်’’ဟု ဦးတင်ဌေးကပြော သည်။
အဆိုပါယာဉ်လိုင်းအတွက် ယာဉ်စီးခလက်မှတ်များကို ၀န် ထမ်းတစ်ဦးလျှင် ၃၂၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အ သက်အာမခံကြေးအတွက် ၃၀၀ ကျပ်ဖြင့် ထားရှိပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လမ်းချော်မှုဖြစ်ပွား ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ


ရန်ကုန် မေ ၂၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်က စင်ကာပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း Airbus A -330 လယာဉ်အမျိုးအစား လေယာဉ်အမှတ် 9V STS သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းအဆင်းတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူး သုံးဦး၊ လေယာဉ်ဝန်ထမ်း ၁၀ ဦး၊ ခရီးသည် ၂၅၂ ဦး စုစုပေါင်း ၂၆၅ ဦး ပါရှိပြီး စင်ကာပူမှ ရန်ကုန်လေဆိပ်အရောက် လေဆိပ်ပြေး လမ်း ၂၁ အတိုင်း ချဉ်းကပ် ဆင်းသက်လာစဉ် ပြေးလမ်းနှင့် စတင်ထိတွေ့ပြီးနောက် ပြေးလမ်းမြောက်ဘက်ထိပ်အစပ်မှ ပေ ၂၀၀၀  မရောက်မီ ဘေးသို့ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက်ဘီးကျသွားခဲ့သည်။ ထို့နောက် လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိသွားကာ ပြေးလမ်း မြောက်ဘက်ထိပ်အစပ်မှ ပေ ၄၀၀၀ ခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ


 ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေအပေါ် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဆီယံအသင်းရဲ့ သဘောထားတွေဟာ နေပြည်တော်မှာ နောက်ဆုံး ကျင်းပခဲ့တုန်းက အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားတွေအတိုင်း မပြောင်းလဲဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး


နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ်မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၄၂ နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့်
အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

RSO သောင်းကျန်းသူများအား နှစ်နိုင်ငံ ပူးပေါင်းရှင်းလင်းရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား မေ ၁၈ ရက်က အကြောင်းကြားထားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မေ ၂၁ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်အတွင်း တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်မူးနေသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းမိ

Photo: မေ ၂၁ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်အတွင်း တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်မူးနေသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းမိ

မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းတွင် တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်သေစာ သောက်စားထားသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ တက္ကစီအား လုယူမောင်းနှင် ထွက်ပြေးခဲ့သူမှာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသား၊ ငါး ရောင်းချနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းရှေ့တွင် မောင်စိုးပြည့်မွန် အသက် ၂၈ နှစ် ကြည့်မြင်တိုင်မြို့နယ်နေသူက တက္ကစီတစ်စီးအား တားခဲ့ပြီး ယာဉ်၏နောက်ခန်း၌ ၀င်ထိုင်ခဲ့ကာ ယာဉ်မောင်းကို နောက်မှသိုင်းဖက်ပြီး ထိုးခဲ့ကြောင်း သိရသည်။

တက္ကစီယာဉ်မောင်းဖြစ်သူ ဦးစိုးမိုး စမ်းချောင်းမြို့နယ်တွင် နေသူက အင်းလျားလမ်းရှိ သစ်သီးဆိုင်တန်း အရောက်တွင် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း၊ ထိုအချိန်တွင် စိုးပြည့်မွန်က အဆိုပါတက္ကစီအား ဆက်လက်မောင်းနှင်သွားခဲ့ကာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းထောင့်နှင့် အင်းလျားလမ်းထောင့်အနီးတွင် လိုက်ထရပ်ယာဉ်တစ်စီးအား တိုက်မိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုက်မိချိန်တွင် ယာဉ်ထိန်းရဲနှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက “ကျွန်တော်က ဓမ္မစေတီလမ်းကနေ အင်းလျားလမ်းပေါ်ကို မောင်းလာတယ်။ ကွန်ပျူတာတက္ကသိုလ်ရှေ့ အရောက်မှာ ကားရှေ့ကနေ မောင်းလို့မရအောင် လမ်းကိုပိတ်ပြီးတော့ အမျိုးသားတစ်ဦးက တားပါတယ်။ သူက ကားအနားရောက်လာလို့ ကျွန်တော်က မှန်ဖွင့်တဲ့အချိန်မှာ ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ ကားကိုမောင်းတဲ့အချိန်မှာ သူက ကားနောက်တံခါးကိုဖွင့်ပြီး အတင်းဝင်လာပြီးတော့ ကျွန်တော့်လည်ပင်းကို ညှစ်ပြီးထိုးတယ်။ အဲဒီမှာ ကျွန်တော်သူ့ကိုပြောတယ်။ အစ်ကို ဘယ်သွားချင်လဲ။ ရောက်အောင်လိုက်ပို့ပေးမယ်ပြောတာ မရဘူး။ မရတာနဲ့ ကျွန်တော်လည်း ကားကို ထိုးရပ်ပြီးတော့ ထွက်ပြေးခဲ့တယ်” ဟု ဖြစ်စဉ်အား မေ ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

“ကျွန်တော်သိရတာတော့ အနားမှာ ယာဉ်တိုက်မှုဖြစ်လို့ သွားစစ်တယ်။ တိုက်လိုက်တဲ့ ယာဉ်မောင်းရဲ့လိုင်စင်ကို စစ်ဖို့မေးတဲ့အခါမှာ သူက သွားစစ်တဲ့ ယာဉ်ထိန်းရဲကို ထိုးတယ်။ အဲဒီမှာ ၀ိုင်းဖမ်းခဲ့တာပါ” ဟု အင်းလျားလမ်းမီးပွိုင့်ရှိ တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က“ဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့သူက အရက်သေစာ သောက်စားထားပါတယ်။ သူ့ကို ဖမ်းမိတဲ့အခါမှာလည်း အထိုးခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ အခုသူ့ကို ဗဟန်းမြို့နယ် ရဲစခန်းအတွင်းမှာ စစ်ဆေးနေပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိကိုလည်း ဆေးစာအဖြေထွက်မှ သိရမယ်။ အကယ်၍ သုံးစွဲထားရင်တော့ ထပ်ပြီး အရေးယူသွားမယ်။ ဘာကြောင့် ဒီလိုလုပ်တယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ” ဟု မေ ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူကို ဗဟန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် ကမာရွတ် မြို့မရဲစခန်း၌ တက္ကစီယာဉ်အား လုယူသွားသူကို ယာဉ်တိုက်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက မေ ၂၁ ရက် ညပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက “အဲဒီယာဉ်က ကျွန်တော်တို့ ကမာရွတ်ဘက်မှာလည်း ယာဉ်တိုက်မှုလေးမှု ဖြစ်ပွားခဲ့တယ်။ ပြီးတော့ သွားစစ်တဲ့ ယာဉ်ထိန်းရဲကိုလည်း ပြန်လည်ရန်ပြုတဲ့အတွက် သူ့ကို အမှုဖွင့်ထားတယ်” ဟု ပြောကြားသည်။

လုယူခံရသည့် တက္ကစီယာဉ် (ပုံသေး)နှင့် ကျူးလွန်သူကို ပြန်လည်ဖမ်းဆီးရမိခဲ့သည့် အင်းယားလမ်းမီးပွိုင့်အနီး (ပုံကြီး) ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းတွင် တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်သေစာ သောက်စားထားသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ တက္ကစီအား လုယူမောင်းနှင် ထွက်ပြေးခဲ့သူမှာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသား၊ ငါး ရောင်းချနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းရှေ့တွင် မောင်စိုးပြည့်မွန် အသက် ၂၈ နှစ် ကြည့်မြင်တိုင်မြို့နယ်နေသူက တက္ကစီတစ်စီးအား တားခဲ့ပြီး ယာဉ်၏နောက်ခန်း၌ ၀င်ထိုင်ခဲ့ကာ ယာဉ်မောင်းကို နောက်မှသိုင်းဖက်ပြီး ထိုးခဲ့ကြောင်း သိရသည်။

Tuesday, 20 May 2014

ဝူခုန်းမင်းသား ဒုသမ္မတနှင့်သာ တွေ့ခွင့်ရမည်

သရုပ်ဆောင် တရုတ်မင်းသားအား တွေ့ရစဉ်

တရုတ်လူမျိုး ၀ူခုန်းသရုပ်ဆောင်မင်းသားသည် နိုင်ငံ တော်ဒုတိယသမ္မတနှင့်သာ တွေ့ ဆုံခွင့်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အနောက်အရပ်သို့ ခရီးသွား ခြင်းအမည်ဖြင့် မြန်မာပရိသတ် အကြားနာမည်ကျော်ကြားသည့် ၀ူခုန်းသရုပ်ဆောင်မင်းသား မစ္စတာ လျူချီယိုလင်တန်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက စီစဉ်ခဲ့ကြသော်လည်း ဒုတိယသမ္မတကသာ လက်ခံတွေ့ဆုံမည်ဟု အစိုးရဘက်မှ အကြောင်းပြန်ကြားလာကြောင်း ရန်ကုန်မြို့ရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို)မှ သတင်းရရှိသည်။
‘‘ပထမကတော့ သမ္မတနဲ့ တွေ့ဖို့ စီစဉ်ခဲ့ပေမယ့် အခုဒုသမ္မ တနဲ့ပဲ တွေ့တော့မယ်။ သမ္မတ အနေနဲ့က တခြားတိုင်းပြည်ရေး ရာတွေလုပ်စရာရှိသေးလို့ ဖြစ်မှာ ပေါ့။ ယဉ်ကျေးမှုကိစ္စတွေကိုင်တဲ့ သမ္မတနဲ့ပဲ တွေ့တော့မှာ။ ဘယ် ဒုသမ္မတဖြစ်မလဲတော့ အခုအချိန်မှာ မသိသေးဘူး’’ ဟု ယင်းဗဟိုအသင်းမှ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကပြောသည်။

အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦးမိုးကြိုးပစ်၍ သေဆုံး

အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦး မိုးကြိုးပစ်ခံရ၍ သုံးဦးလုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ မင်း လှမြို့နယ်၊ ရွာသာယာကျေးရွာ တွင် မေလ ၁၈ရက် ညနေ ၆နာရီခွဲက ယင်းကျေးရွာနေ အသက်(၄၅)နှစ်ရှိ အိမ်ထောင်ဦးစီး၊အ သက်(၄၀)နှစ်ရှိ ဇနီးသည်နှင့်အ သက်(၁၄)နှစ်ရှိ သားဖြစ်သူတို့ သည် ၎င်းတို့၏ အိမ်အောက်၌ အိမ်အမိုးမိုးရန် သက်ငယ်ပျစ်နေ ကြစဉ် မိုးကြိုးပစ်ခံရသောကြောင့် ရခဲ့သည့် ဒဏ်ရာများဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း များတွင်ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၉/၂၀၁၄ဖြင့်အမှု ဖွင့်စစ်ဆေးနေကြောင်းသတင်း ရရှိသည်။
မိုးတိမ်တောင်ရာသီဥတု သည်အချိန်အခါမဟုတ်မိုးရွာ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်စေ တတ်သည်။ အထူးသဖြင့် နေ့ လယ်ပိုင်းအချိန်များတွင် အများ ဆုံးဖြစ်လေ့ရှိသည်။ မိုးကြိုးပစ်ခံရ ခြင်းနှင့် မိုးကြိုးစက်ကွင်းကြောင့် နှစ်စဉ်လူ ၇၀ခန့်သေဆုံးနေရာ

သမ္မတဦးသိန်းစိန် အမြန်လမ်းကို ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကို ကွင်းဆင်းကြည့်ရှုနေစဉ် (ဓာတ်ပုံ - MOI)
ယာဉ်မတော်တဆမှု များကြောင့် ခြောက်နှစ်အတွင်း လူပေါင်း ၃၈၀ ဦး သေဆုံးပြီး နောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ ကြံ့ခိုင်မှုအခြေ အနေကို ပြန်လည်ပြုပြင်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ် တိုင် မေလ ၁၉ရက်က ပထမဆုံး အကြိမ်ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ လမ်းပိုင်းတစ် လျှောက်ရှိ တံတားများကို မူလ စီမံကိန်း ရည်မှန်းချက်ပါအတိုင်း ရှစ်လမ်းသွားတံတားအဖြစ်ထပ်မံ တိုးချဲ့တည်ဆောက်သွားမည်ဖြစ် ပြီး လမ်းမကြီးတစ်လျှောက်ကို လည်း လေးလမ်းသွားမှ ခြောက် လမ်းသွားအဖြစ် တိုးချဲ့သွားမည် ဟုသိရသည်။
လမ်းမကြီးပေါ်တွင် ယာဉ်မ တော်တဆမှုများဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်၏ချို့ယွင်းမှု နှင့် ရာသီဥတုကြောင့်ဖြစ်ရာ ယာဉ်မတော်တဆမှုဖြစ်ပွားမှု လျော့နည်းရေးအတွက် အသိပညာပေးလုပ်ငန်းများပိုမိုဆောင်ရွက်သွားရန်၊ လမ်းတံတား ကြံ့ခိုင် ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် နိုင်ငံ တော်သမ္မတဦးသိန်းစိန်ကလမ်း ညွှန်ခဲ့သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တိုင်းတာချက်များအရ  ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး ၏ ခြောက်ရာခိုင်နှုန်းကို အမြန်ပြု ပြင်သွားရန် ဦးစားပေးဆောင် ရွက်ရေးကိုလည်း သမ္မတကပြော ကြားခဲ့သည်။

တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

Photo: တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

တောင်ငူ၊ မေ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း တောင်ငူခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊ လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

ဂေဟာတွင် မိဘမဲ့ကလေး ၇၀ ခန့်ရှိပြီး ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ရ၍ အရေးပေါ် ကုသပေးနေရကြောင်း၊ ကျန်ကလေးများကို ပြင်ပလူနာဌာနတွင် ကုသပေးနေရပြီး စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းကဆိုသည်။

အစာအဆိပ်သင့်သည့် ပြဿနာနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း၊ ဒီးဒိုအချိုရည် လာရောက် လှူဒါန်းသွားသူ၏ အမည်သာ သိရပြီး နေရပ်လိပ်စာ ပေးမသွားကြောင်း မိဘမဲ့ အမျိုးသမီးကလေးများ ဂေဟာမှ ဆရာကြီးတစ်ဦးက ပြောကြားသည်။

“မနက်ပိုင်းမှာ ကျောင်းတိုက်က လုပ်ကျွေးတဲ့ ဆန်ပြားသုပ်ကို ကလေးတွေ အကုန်စားတယ်။ ပြီးတော့ မနေ့က ရန်ကုန်က အလှူရှင်တစ်ဦး လာလှူထားတဲ့ အချိုရည်ကို တစ်ယောက် တစ်ဘူး တိုက်တယ်။ ပြီးတော့ မကြာဘူး၊ ကလေးနှစ်ယောက် အော့အန်ပြီး သတိလစ်သွားတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ” ဟု အဆိုပါ မိဘမဲ့ဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဒိနီက ဆိုသည်။

ကလေးငယ်များ အစာအဆိပ်သင့်ပြီး ဆေးရုံသို့ လိုက်ပါပို့ဆောင်ရန် အကြောင်းကြားချိန်သည် မွန်းလွဲ ၁ နာရီခန့် ဖြစ်ရာ ကလေးငယ်များကို ဆေးရုံကြီးသို့ သုံးကြိမ်ခန့်ခွဲ ပို့ဆောင်ပေးခဲ့ရကြောင်း တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ပြောကြားသည်။

ကလေးငယ်များသာမက ဂေဟာတွင် လာရောက်လုပ်ကိုင် ကူညီပေးနေသူ အမျိုးသားသုံးဦးကိုလည်း ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ ကလေးအများစုမှာ မူးဝေ အော့အန်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ကလေးငယ်များကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးကူညီရေးအသင်း မော်တော်ယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

“သမီးတို့ မနက်က မုန့်ဟင်းခါးသုပ် ကျွေးတယ်။ ပြီးတော့ ဒီးဒိုအချိုရည် တစ်ယောက် တစ်ဘူး ပေးလို့ အားလုံး သောက်ကြတယ်။ သမီးကတော့ ဘာမှ မဖြစ်ဘူး။ ကလေးနှစ်ယောက်က အန်ပြီး သတိတွေ လစ်သွားတော့မှ ဆရာကြီးတွေက ဆေးရုံပို့တာပါ” ဟု အဆိုပါ ဂေဟာတွင် နေထိုင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ မခင်ဝေကျော်က ဆိုသည်။

ဇေယျာသီရိ မိဘမဲ့အမျိုးသမီးများ ဂေဟာကို ၁၉၅၈ ခုနှစ်ခန့်တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိတွင် ကလေးငယ်အရွယ်စုံ အမျိုးသမီး အယောက် ၇၀ ခန့်ကို ကယ်တင် စောင့်ရှောက်လျက် ရှိပြီး စတင် တည်ထောင်သည့် အချိန်မှစ၍ နှစ်ပေါင်း ၅၅ နှစ် အတွင်း ယင်းသို့ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်း မရှိကြောင်း ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူ၊ မေ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း တောင်ငူခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊ လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis