menu

Wednesday 25 July 2012

အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံပင်ဖြစ်ပါစေ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို နိုင်ငံ၏ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းကြသည်မှာ သံသယဖြစ်စရာ စိုးစဉ်းမျှမရှိချေ။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများမှာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲအောင် များပြားပါသည်။ သို့သော် လူအချို့၏ လွဲမှားသော အသုံးချမှုများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မြန်မာပြည်သူအချို့၏ တန်ဖိုးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

မကြာသေးမီက မြန်မာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများကို နောက်ခံထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု အများကသတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ ရိုက်ကူးလာသည်ကို တွေ့လာရသည်။ ယင်းဓာတ်ပုံများအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လူပြောအများဆုံး ဖြစ်လာသည့် ဓာတ်ပုံတစ်ပုံမှာ ပုဂံဘုရားများကို နောက်ခံထား၍ မော်ဒယ်တစ်ဦး၏ ခေတ်ဆန်သည့် ၀တ်စုံဒီဇိုင်းများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံပင်ဖြစ်သည်။ ပြည်တွင်းလစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့သော ယင်းဓာတ်ပုံများကို မြန်မာဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် မအပ်စပ်သည့် ဓာတ်ပုံများဟု အဆိုပါဓာတ်ပုံကို ကြည့်မိသူ ပရိသတ်အများစု၏ ဝေဖန်မှုများ ရှိလာသည်။

တရုတ်သတင်းစာ ဘာသာပြန်လွဲမှား၊ မြစ်ဆုံသဘောထား ပြည်သူနှင့် တစ်ထပ်တည်းပါဟု ဦးအောင်သိန်းလင်း ပြောကြား

တရုတ်နိုင်ငံထုတ်Southern Weekend အပတ်စဉ်ထုတ် သတင်းစာ ၌ ဖော်ပြထားချက်သည် မိမိ၏ဖြေဆိုမှုနှင့် လွဲမှား နေသည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင် သိန်းလင်းက ပြောသည်။
''သူတို့ ဘာသာပြန်လွဲမှားပြီး ရေးတာ။ သူတို့လွဲတာပဲ ဖြစ်နိုင်ပါတယ်။ ဒီဟာ(မြစ်ဆုံစီမံကိန်း)နဲ့ ပတ်သက်ပြီး ထင်ထင် ရှားရှားဖြစ်အောင် လေ့လာ ဆန်းစစ်သင့်တယ်လို့ ကျွန် တော့်ယူဆချက် အတိုင်း ပြောတာ။ လေ့လာ ဆန်းစစ်ပြီးတော့မှ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ထိခိုက်နိုင်တယ်ဆိုရင်တော့ ဒီလုပ်ငန်းတွေက လုပ်လို့မဖြစ်ဘူး ဆို ဘယ်သူ မှလုပ်ကြမှာ မဟုတ် ပါဘူးလို့''ဟု ဇူလိုင် ၂၃ ရက်၊ ညနေ ၆ နာရီခွဲခန့် တွင် ပေါ်ပြူ လာနယူးစ်၏ ဆက်သွယ်မေးမြန်းချက်ကို ဦးအောင်သိန်းလင်း က ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)
မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ(ဇေ၀င်းနောင်)

မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေအားလုံးဟာလည်း မြန်မာ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပတ်သက်လာတဲ့ ကိစ္စတွေမှာ အခြားသော တိုင်းရင်းသားတွေနဲ့အတူ ကိုယ်နေထိုင်ရာ၊ ကိုယ်ကြီးပြင်ရာ၊ ကိုယ်ရှင်သန်ရာ နိုင်ငံအတွက် ရပ်တည်ပါဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ... . .


ရန်ကုန်မြို့၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာကြီးလေးရပ်မှ ဆုတောင်းပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အနောက်ပိုင်းဟာ ကိုဆိုဗိုလို ဖြစ်လာမလားဆိုတဲ့ ဆောင်းပါးကို အွန်လိုင်းလူမှုရေး ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားသူ ကိုအောင်ဇင်လတ်ဆီက ခွင့်ပြုချက်ရယူပြီး Weekly Eleven News Journal မှာ ဖော်ပြခဲ့ပါတယ်။ စိတ်ဝင် စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုအဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး Eleven MediaGroup ရဲ့ အာဘော်မဟုတ်ဘူးဆိုတာကိုတော့ နိဒါန်းချီထားခဲ့ပါတယ်။ ဂျာနယ်ထွက်တဲ့နေ့ (ဇူလိုင် ၂၃) မှာ တစ်ယောက်က ရုံးကို ဖုန်းဆက်ပါတယ်။ ကိုဆိုဗိုလို့ ဘာလို့ သုံးနှုန်းရတာလဲ၊ နောက်တစ်ကြိမ် ထပ်ဖြစ်အောင် လုပ်နေတာလား၊ ဒီလိုလုပ်လို့ တရားစွဲခံထားရတာမျိုးတွေရှိတာ သိတယ် မဟုတ်လားဆိုတာမျိုး ပြောလာပါတယ်။ သူ့အမည်ကို မေးတော့ မဖြေပါဘူး။
၂၄ ရက်နေ့မှာလည်း ဒီကိစ္စကိုပဲ တစ်ယောက်က ဖုန်းဆက်ပါတယ်။

ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
RFA
မြန်မာစစ်တပ်က ဖမ်းဆီးသွားသော ကချင်ရွာသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေကြစဉ်။
အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က အခုလို စုံစမ်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ ပြောကြား




U-khin-shwe
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားနေစဉ်
စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သတင်းနှင့် မီဒီယာများမှတစ်ဆင့် လယ်သမားများအား သွေးထိုးမြှောက်ပင့်၍ အရေးဆိုနေကြသော ကုမ္ပဏီများ သိမ်းယူပြီး စက်မှုဇုန်များ၊ အိမ်ရာများ၊ စီမံချက်များ ဆောင်ရွက်နေသည်ဟု စွပ်စွဲချက်များသည်လည်း လွဲမှားသော စွပ်စွဲချက်များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရှိ မြန်မာ့ကြွေးမြီ လျော့ချရေး လုပ်ငန်းစဉ် ဂျပန် စတင်



မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ရှိခဲ့သော ကြွေးမြီများအနက် ဂျပန်အစိုးရမှ လျော်ပေးခဲ့သည့် ကြွေးမြီ ဖြေလျော့ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မီဇူဟိုကော်ပိုရိတ်ဘဏ်မှ သိရသည်။

မီဇူဟိုကော်ပိုရိတ်ဘဏ်၏ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ အထက်တန်းအရာရှိ ဒေါ်မီမီနေမင်းဝင်းက ''ဂျပန်အစိုးရအတွက် လုပ်ပေးနေတာပါ။ မြန်မာနိုင်ငံကို ဖြေလျော့ပေးဖို့ သဘောတူညီခဲ့တဲ့ ကြွေးမြီ ဖြေလျော့ပေးတဲ့ လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပေးနေပါတယ်။ အခု ပထမအဆင့် ဖြေလျော့မှုပြီးရင် နောက်ထပ်ဖြေလျော့မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားပါသည်။

အဆိုပါကြွေးမြီ ဖြေလျော့ပေးရေး အစီအစဉ်ကို ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ငါးရက် ကြာသွားရောက်ခဲ့သည့်ခရီးစဉ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ကြွေးမြီဖြေလျော့ရေး အစီအစဉ်တစ် ခုလုံးတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ လျော်ပေးမည်ဖြစ်ပြီး အစီအစဉ် ပထမအဆင့် အနေဖြင့် ယန်း ၁၂၇ ဒသမ ၄ ဘီလျံ လျော်ပေးမည်ဖြစ်ကာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်များ တိုးတက်မှု အရှိန်အဟုန်ကို မူတည်ပြီး ကျန်ရှိသည့် ယန်း ၁၇၆ ဒသမ ၁ ဘီလျံ ကိုလျော်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအပါအ၀င် နိုင်ငံလေးနိုင်ငံမှ ဆင်များအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ဥရောပနိုင်ငံအချို့တွင် စတင်ပြသ




5171
www.lifesizememories.com တွင် ဖော်ပြထားသည့် မြန်မာနိုင်ငံမှ မှတ်တမ်းဓာတ်ပုံ
မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ သီရိ လင်္ကာနိုင်ငံများရှိ အာရှဆင်များအား ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ကို ဥရောပနိုင်ငံအချို့တွင် စတင်ပြသနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ပြင်သစ်နိုင်ငံမှ ဒါရိုက်တာ Klaus Reisinger နှင့် Frederique Leng-aigne တို့က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး R2 Flims ၏ ထုတ်လုပ်မှုဖြင့် ပြင်သစ်၊ သြစတြီးယား နိုင်ငံတို့တွင် ၂၀၁၂ ခုနှစ် မေလမှစတင်၍ ရုံတင်ပြသလျက်ရှိကာ ရုပ်ရှင်ပွဲတော် အချို့တွင်လည်း တင်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
“လေးနိုင်ငံက တစ်နည်းပြောရင်တော့ ဆင်လောကမှာ အာဖရိကဆင် နဲ့ အာရှဆင်နှစ်မျိုးပေါ့။ အဲဒီအထဲ မှာ အာရှဆင်နဲ့ပတ်သက်လို့ အဓိက ရှိတဲ့နိုင်ငံတွေက ဆင်တွေနဲ့ပတ်သက်တဲ့ nature ရော၊ cultureရော ရိုက်ပြ ထားတယ်” ဟု ရုပ်ရှင်လာရောက် ရိုက်ကူးသည့် ခရီးစဉ်များတွင် လိုက်ပါခဲ့သည့် မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းမှ ဦးခင်မောင်ကြီးက ပြောပြသည်။

အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင် သဇင် အားအနုပညာလုပ်ငန်းများ လုပ်ဆောင်ခွင့်နှစ် နှစ်ပိတ်လိုက်သည်ဆိုသည့်သတင်းများမှာမဟုတ် မှန်

အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင် သဇင် အားအနုပညာလုပ်ငန်းများ
လုပ်ဆောင်ခွင့်နှစ် နှစ်ပိတ်လိုက်သည်ဆိုသည့်သတင်းမျ

ချင်းမိုင် မြန်မာကျောင်းထိုင် ဆရာတော် ဆက်ထားခွင့် ပြုမည်

 ချင်းမိုင်(မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကိုးကွယ်နေသည့် “ဝပ်ဆိုင်မွန်း”  ဘုန်းတော်ကြီးကျောင်းတွင် မြန်မာကျောင်းထိုင်ဆရာတော် ဆက်လက် ထားရှိခွင့် ပြန်လည်ရရှိမည်ဟု ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးမှ သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ စဉ် ယင်လပ် က နှုတ်ဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု သံမှူး ဦးနိုင်ထွန်း က ဗုဒ္ဓဟူးနေ့ နံနက်တွင် အကြောင်းကြားလာကြောင်း ချင်းမိုင်မြို့ မြန်မာ ဗုဒ္ဓဘာသာအသင်း က ဆိုသည်။

“သံမှူးနဲ့ ဖုန်းပြောလို့ ရတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဝပ်ဆိုင်မွန်းကိစ္စကို ထိုင်းဝန်ကြီးချုပ်ကို တင်ပြတယ်။ မြန်မာကျောင်းထိုင် အဖြစ် ထားပေးဖို့ တောင်းဆိုတဲ့အခါမှာ ရတယ်လို့ ဝန်ကြီးချုပ်ကနေ ဆောင်ရွက်ပေးမယ်လို့ အာမခံသွား တယ်။ လက်ခံ သဘောတူသွားတယ်တဲ့” ဟု အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီး က မဇ္ဈိမကို ပြောသည်။

''ပုဂ္ဂိုလ်ရေးအရထောက်ခံဆွေးနွေး ခြင်းမပြုရန် ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွေမန်းသတိပေး''

ယနေ့ ဇူလိုင် ၂၅ ရက်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး"
အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးနွေးတင်ပြမှုအား
မဟာအောင်မြေမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ဦးအုန်းကြိုင်နှင့်ပြင်ဦးလွင်မဲဆန္ဒနယ်မှဦးကျော်သီဟမှ ပုဂ္ဂိုလ်ရေးအရထောက်ခံဆွေးသကဲ့သို့ဖြစ်သည့်အတွက်
ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွေမန်းက လွတ်တော်ကိုယ်စားလှယ်များအား ပြည်သူ့လွတ်တော်နည်းဥပဒေ ၁၃၀ အပိုဒ်ခွဲ (င) အရ သာမာန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူနှင့်စပ်လျှင်း၍
ဖော်ပြချက်များမပါရှိစေရန်နှင့် အပိုဒ်ခွဲ (စ) အရ ဆွေးနွေးရာတွင် လွတ်တော်၏ဆွေးနွေးမှုအဆိုဖြင့်သာထောက်ခံဆွေးနွေးရန်သတိပေးပြောကြားသည်။

ဖျက်အားပြင်း ဓာတုလက်နက်များရှိသည်ဟု ဆီးရီးယား ထုတ်ဖော်ဝန်ခံ




အယ်ဗျူဒါမြို့တွင် တစ်ဆိုင်တည်းကျန်ခဲ့သောဆိုင်၌ မုန့်ဝယ်ရန် တန်းစီနေသူများကို ဇူလိုင်လ ၂၃ ရက်က တွေ့ရစဉ်
ဆီးရီးယားတွင် ဖျက်အားပြင်း ဓာတုလက်နက်များ၊ ဇီဝလက်နက် များရှိကြောင်း အစိုးရက ထုတ်ဖော်ဝန်ခံခဲ့ပြီး နိုင်ငံတွင်းမည်သည့်အခြေ  အနေရောက်ရှိနေပါစေ ပြည်သူများ ကို ယင်းလက်နက်များဖြင့် တိုက်ခိုက် သွားမည်မဟုတ်ဘဲ ပြည်ပမှ ကျူးကျော်လာမှသာ အသုံးပြုသွား မည်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျီဟတ်မက်ဒက်ဆီက ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ကြေညာအပြီး အမေရိကန်သမ္မတ အိုဘားမားက ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အနေဖြင့် ဓာတုလက်နက်များ အသုံးပြုမည်ဆိုပါက အလွန်အဖြစ်ဆိုးသော အမှားအယွင်းတစ်ခု ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အာဆတ်အစိုးရသည် ၁၆ လ ကြာမြင့်လာခဲ့သော လူထုတော်လှန်ရေး အဆုံးသတ်ပစ်ရန်အတွက် ဓာတုလက်နက်များ ရွှေ့ပြောင်းချထားရန် ပြင်ဆင်နေသည်ဟု နိုင်ငံတကာက စိုးရိမ်နေစဉ် ယင်းကဲ့သို့ ဆီးရီးယားအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်တွင် Ava ကုမ္ပဏီ၏ ကလေးနို့မှုန့်များ၌ ကင်ဆာဖြစ်စေသော အဆိပ်များ တွေ့ရှိ



တရုတ်နိုင်ငံရှိ Ava  နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သော ကလေးနို့မှုန့်များတွင် ကင်ဆာဖြစ်စေသော အဆိပ်များကို တွေ့ရှိခဲ့မှုကြောင့် ယင်းနို့မှုန့်များကို ပြန်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း တရုတ်စား သောက်ကုန် အရည်အသွေး စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ထုတ်လုပ်ခဲ့သော နို့မှုန့်များတွင် မှိုကြောင့်ဖြစ်သော အဆိပ်သင့် aflatoxin ပစ္စည်း ပါဝင်မှုမြင့်မားနေကြောင်း စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနို့မှုန့်များကို ကုမ္ပဏီက ပြန်သိမ်းမှု စတင်နေ ပြီဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတင်ပြမှု အပြည့် အစုံ

လေစားအပ်ပါသော လွှတ်တော် ဥက္ကဌ ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ
ရှင်။ကျမက ရန်ကုန်တိုင်းဒေသကြီး ကောမှုးမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမ အနေနဲ့
ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ်
စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။
အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့
ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာမရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃
ခုနှစ်ကစပြီး ဒီနေ့ နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပါယ်ဖေါ်ထားပါတယ်။အဲ့ဒီ့အထဲမှာဗမာတွေလည်းပါပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ ပြောစကားအချို့အား မနှစ်သက်၍ ပခုက္ကူမြို့မှ လူအင်အား ၃၀၀ က ဆန္ဒဖော်ထုတ်သွားမည်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ ပြည်သူအများကိုမျက်ကွယ်ပြု၍
ပြည်သူတွေ ရူးနေသည်ဟု တရုတ်နိုင်ငံထုတ်
သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင်ဖြေကြားခဲ့မှုများအ
ပေါ် သဘောမတွေ့သဖြင့် ပခုက္ကူမြို့ခံ လူ ၃၀၀ ခန့်မှ ယခုလ ၃၀ ရက်တွင် ဆန္ဒဖော်ထုတ်မှုတစ်ခုပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးသို့ ယနေ့ ဇူလိုင်လ ၂၅ ရက် ရက်စွဲဖြင့်လျှောက်ထားခဲ့ကြောင်းသိရသည်။

ပြောသားပဲ..အာ မချောင်ပါနဲ့လို့


အလွယ်တွေးခဲ့ကြတဲ့ မလွယ်ရေးချ မလွယ်ပုံတစ်ခု(-မောင်သာချို-)

(တစ်)
    မိုးခပ်ဖွဲဖွဲရွာ၍နေသော နေ့ တစ်နေ့၌ တောသူတောင်သား လင်မယား နှစ်ယောက်တို့ သူ
တို့သားကလေး၏ ကြွင်းကျန်ရစ်သောအလောင်းကို ဆေးရုံ ရေခဲတိုက်ထဲ၌ထားရစ်ခဲ့ကာ ပစ္စည်း ပစ္စယမျိုးစုံကို သိမ်းဆည်းပြီး နောက် ယောက်ျားဖြစ်သူက သားငယ်ခွ၍ခွ၍ အိပ်လေ့အိပ်ထရှိသော ဖက်ခေါင်းအုံးကလေးကို ပိုက်လျက်  မိန်းမဖြစ်သူက ကလေးငယ်ဆော့ကစားနေကျ မွေးပွဝက်ဝံရုပ်ကလေးကို ပွေ့ချီ လျက်မျက်ရည်တို့ကို လက်ဖမိုး ကလေးနှင့်သုတ်ကာသုတ်ကာ ကျောခိုင်းထွက်ခွာသွားကြသော မြင်ကွင်းကို ကျွန်တော့်ဘ၀၌ မေ့ ပျောက်နိုင်တော့မည်မဟုတ်ပါ။
    ကလေးက အသက်သုံးနှစ် ၀န်းကျင်အရွယ် ပြေးလွှားဆော့ ကစားတတ်ခါစ၊ နှိုက်နှိုက်ချွတ် ချွတ်မေးခွန်းများကို မေးတတ် ခါစ အရွယ်ကလေးဖြစ်ပါသည်။
မိဘများက တောသူတောင်သား (သို့မဟုတ်) နယ်သူ နယ်သားများဖြစ်ဟန်တူပါရဲ့။ ရန်ကုန်မြို့နေ အသိမိတ်ဆွေတစ်ဦးဦး၏အိမ်ကို ခေတ္တတည်းခိုကာ သည်ကလေးကို ဆေးလာကုခြင်း ဟုနားလည်ရပါသည်။

မြစ်ဆုံနှင့်ပတ်သက်၍ တရုတ်အင်ဂျင်နီယာအဖွဲ့ ပြောဆိုချက်များကို မြန်မာပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များတုံ့ပြန်

 မြစ်ဆုံဆည်တည်ဆောက်ရေးနှင့်ပတ်သက်၍ တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့မှ ဝေဖန်ပြောဆိုထားသော သဘောထားကြေညာချက်ကို ပြည်တွင်းရှိ ပတ်ဝန်းကျင်ရေးရာ ထိန်းသိမ်းရေးပညာရှင်များက တစ်စုတစ်စည်းတည်း ပြန်လည်တုံ့ပြန်လိုက်သည်။
 မြစ်ဆုံဆည်နှင့် ပတ်သက်၍ အချက်(၁၁) ချက်ပါရှိသော သဘောထားအချက်ကို ယင်းအဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ၂၀၁၂ ခုနှစ် မတ်လအတွင်း ဖော်ပြထားချက်ကို ပြည်တွင်းရှိ ပတ်ဝန်းကျင်ထိန်း
သိမ်းရေးသမားခုနစ်ဦးက ပြန်လည်ချေပပြောဆိုထားခြင်း ဖြစ်သည်။
 ယင်းဝေဖန်ချက်တွင် “မြစ်ဆုံမှ ထုတ်လွှတ်သော လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ပို့မည်ဟု ပြောဆိုနေချိန်တွင် မြန်မာတို့ကရသော လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းမှာ အခမဲ့ဖြစ်ကြောင်း မြန်မာအများစုက သိပုံမရပါ”ဟု ရေးသားထားသည်။ ထိုသို့ရေးသားချက်ကို “ဧရာဝတီမြစ်ကြီးတစ်ခုလုံး ရင်းနှီးထားရတာကို ဘာအရင်းအနှီးမှ မစိုက်ဘဲရတာတဲ့။ ပြောရက်တယ်ဗျာ”ဟု ဒေါက်တာထွန်းလွင်က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂျပန်မီးရထားအလုပ်သမားသမဂ္ဂ မြန်မာအလုပ်သမားများကို ကူညီမည်

 ဂျပန်နိုင်ငံမှ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံမီးရထား အလုပ်သမားများသမဂက မြန်မာနိုင်ငံတွင်းရှိ အလုပ်သမားရေးရာ ကိစ္စရပ်များအား အကူအညီပေးသွားဖြစ်ကြောင်း အဆိုပါသမဂ္ဂမှ နိုင်ငံခြားရေးရာကော်မတီ ညွှန်ကြားရေးမှူး မစ္စတာဆာတိုရုရာမာဒ (Mr. Satoru Yamada)က ပြောသည်။

“ဒီက အလုပ်သမားတွေရဲ့ တင်ပြချက်ကို နားထောင်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ကူညီမှုပေးသွားမယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါတွေ့ရှိချက်များကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်းရှစ်နိုင်ငံပါဝင်သော ICLS (Interanational Centre for Labour Solidarity)သို့ တင်ပြပြီး ကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းသမဂ္ဂမှ ဒုတိယဥက္ကဋ္ဌအိုဆာမုယုမုနုက ပြောကြားသည်။

အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ – ဧရာဝတီ)
ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တို့က ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

"မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား သေနတ်ပစ်ဖောက် လုယက်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ"

မဲဆောက်။ ဇူလိုင် ၂၅

မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့လယ်တွင် ယခင်လ ၂၄ ရက် မွန်းလွဲပိုင်းက အင်ပါယာရွှေဆိုင် ကိုဓားပြ ၀င်တိုက်ခဲ့သူများထဲမှ တစ်ဦးဟု ယူဆရသူ အားထိုင်း ရဲက ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ ပြီးနောက် ယနေ့ နံနက်တွင် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာအာဏာပိုင် များထံသို့လွဲပြောင်းပေးလိုက်သည
်။ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရွှေဆိုင် ကိုဓားပြတိုက်သူ သုံးဦးထဲမှ တစ်ဦးဟု ယူဆရသူ ကိုလင်း ၂၈ နှစ်ကို ယခုရက်ပိုင်း အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အကြီးဆုံး သစ်သီးဝလံဈေး ဖြစ်သည့် (တလာထိုင်းဈေး) တွင် ထိုင်းရဲက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က မဲဆောက်သို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် ထိုင်းဘက် မှမြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis