menu

Sunday 29 September 2013

လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်

လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်
2013-09-29

လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဆန္ဒပြချီတက်ရတာနဲ့ပတ်သက်ပြီး လက်ပံတောင်းအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက အခုလို ပြောပါတယ်။

" သိမ်ကိုတော့ ကျွန်တော်တို့ မူလအတိုင်းရှိစေချင်ပါတယ်၊ အစိုးရကို ကျွန်တော်တို့ ဆန့်ကျင်နေခြင်းမဟုတ်ဘူး၊ ကျွန်တော်တို့ သာသနာတော်နဲ့ အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ကျောင်းနဲ့ အဆောက်အအုံကိုသာ အစီရင်ခံစာပါအတိုင်းလေးဖြစ်စေချင်တဲ့အတွက် ဒီနေ့ ပွဲလေးကို ကျွန်တော်တို့ အပါအဝင် ဒေသခံတွေ ဆရာတော်ဘုရားတွေနဲ့အတူ ကျွန်တော်တို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေ ပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တဲ့ ၁၀ လပြည့် အထိမ်းအမှတ်နဲ့ ဒီဆန္ဒပြပွဲကို ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

2013-09-29

လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဆန္ဒပြချီတက်ရတာနဲ့ပတ်သက်ပြီး လက်ပံတောင်းအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက အခုလို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်အနားပေးခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်


Photo: ဗိုလ်ချုပ်မှူးကြီးစောမောင်အနားပေးခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်
============================

Q - ဗိုလ်ချုပ်မှူးကြီးစောမောင်အနားယူတဲ့အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့အကြီးအကဲတစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေးပြောပြပေးပါ။
A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။

Q - ဗိုလ်ချုပ်မှူးကြီးက စာသိပ်ဖတ်တယ်လို့သိရပါတယ်။ တစ်နေ့ကို သုံး လေးနာရီလောက်ပဲအိပ်တယ်လို့လည်း ကြားဖူးတယ်။
A - ဟုတ်ပါတယ်။ မနက် ၈း၃၀ ဆိုရင် ၇ုံးရောက်ပြီ။ ရောက်တာနဲ့စာဖတ်တယ်။ တစ်ခုပြောစရာရှိတာက စာဖတ်ရင်း အဘကဆေးလိပ်သောက်တတ်တယ်။ စီးကရက်မသောက်ဘူး။ မန္တလေးသားဆိုတော့ နဂါးဒေါ်ဥဆေးပေါ့လိပ်ပဲ သောက်တယ်။ စာထဲစိတ်ရောက်သွားရင် ဆေးလိပ်မီးပေါက်တာတောင်မသိဘူး။ တစ်ပတ်ကို အဘရဲ့အကျီဆေးလိပ် မီးပေါက်ဖာရတာ ၄၊ ၅ ပေါက်ပဲ။ ယောက်လမ်းထဲကဆိုင်မှာ။ ထမင်းစားချိန်ဆို ဒုချုပ်(ဗိုလ်ချုပ်ကြီးသန်းရွှေပေါ့) ဆီသွားပြီး ထမင်းစားတယ်။ ၁၂း၃၀ လောက်ပြန်လာပြီး ဝင်စာတွေဖတ်မယ်။ ရုံးခန်းထဲမှာ စာအုပ်ဗီရို ၁၁ လုံးရှိတယ်။ ဘယ်ဗီ၇ိုမှာ ဘာစာအုပ်ရှိတယ်ဆိုတာသူသိတယ်။

Q - လုပ်ဖော်ကိုင်ဖက်တွေကလည်းသူ့အပေါ်လေးစားချစ်ခင်ကြတယ်လို့ကြားမိပါတယ်။ 
A - ဘယ်တော့မှအာဏာနဲ့ခိုင်းတာပြောတာမရှိဘူး။ အားလုံးက လေးစားကြည်ညိုကြပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ဆို တစ်နေ့ ၂ ခါ ၃ ခါ လာတွေ့တယ်။ ဗိုလ်ချုပ်ကြီးချစ်ဆွေဆိုရင် ရုံးခန်းကနီးနီးလေးဗျ။ ရုံးခန်းထဲကထွက်လာရင် ကျွန်တော်တို့ကိုလှမ်းမေးတယ်။ ဗိုလ်ချုပ်မှူးကြီးရှိတယ်ရင် ဘယ်တော့မှ ၇ုံးခန်းရှေ့ကဖြတ်မလျှောက်ဘူး။ ဒါ ကျွန်တော်တို့ ကြုံခဲ့ရသလောက်ပေါ့။
Q - အနားပေးလိုက်တဲ့အချိန်မှာ ဘယ်မှာရှိနေတာလဲ။ အကျယ်ချုပ်လိုလို ထိန်းသိမ်းလိုက်တယ်လိုလိုပဲ ကြားရခဲ့ရတာ ဆိုတော့။
A - အနားပေးလိုက်တဲ့အချိန်မှာ ဒဂုံရိပ်သာ ကာကွယ်ရေးဝန်ကြီးဌာနကတပ်မတော်ဂေဟာမှာပါပဲ။ စစ်ရုံးနဲ့လည်းနီးတယ်လေ။ အဲဒီအချိန်တုန်းက ပိုင်ဆိုင်မှုကအရမ်းနည်းပါတယ်။ နိုင်ငံတော်ကပေးထားတဲ့ ငွေကြာရံကအိမ်တစ်လုံးရယ် ဆာကူရာတာဝါ မှာအခန်းတစ်ခန်းရယ် ဒါပဲ၇ှိတယ်။ သားသမီးတွေဆိုရင်လည်း သိမ်သိမ်မွေ့မွေ့နေကြတာပဲ။ အကြီးဆုံးကိုသီဟစောက MOFA  မှာ။ သမီးလတ် မချို (မကေသီစော) က ဆရာဝန်ဗိုလ်ကြီး။ ကိုသူရစောက ကွန်ပျူတာလုပ်ငန်းလုပ်တယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ဇနီး ဒေါ်စောရီဆို ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုရင် ကျွန်တော်တို့ရဲဘော်သားသမီးတွေကို ကိုယ်တိုင် ထမင်းချက်ကျွေးတာ။ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုလိုနေခဲ့ရတာ။ ရဲဘော်တွေနဲ့တောင် လက်ပွန်းတတီးနေကြတာလေ။

Q - ဗိုလ်ချုပ်မှူးကြီးဖတ်တဲ့စာတွေထဲမှာ ဘယ်လိုစာမျိုးတွေအများဆုံးပါလဲအစ်ကို။
A - ၉၀ ပတ်ဝန်းကျင်ဆိုတော့ဗျာ ရွေးကောက်ပွဲနဲ့ပတ်သက်တာ နိုင်ငံရေးနဲ့ပတ်သက်တာတွေအများဆုံးဖတ်တယ်။ အဲဒီတုန်းကစာပေစိစစ်က ဒုဝန်ကြီးဦးစိုးညွှန့်က ထွက်သမျှစာအုပ်တွေပို့ပေးတယ်။ အားလုံးဖတ်တယ်။

Q - တစ်ဘက်က နိုင်ငံတော်တာဝန်တွေ ရှိတယ်။ တစ်ဘက်မှာ မိသားစု၇ှိတယ်။ အဲဒီကြားမှာ ဘယ်လိုဖြတ်သန်းခဲ့တာမြင်လဲ။
A - ၈၈ ခုနှစ်နောက်ပိုင်းမှာ မိသားစုနဲ့အချိန်ပေးတာအရမ်းနည်းပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ ၇ုံးမှာပဲ အိပ်ဖြစ်တာများတယ်။ ၉၀ ခုနှစ်နောက်ပိုင်းကျမှ အိမ်ပြန်အိပ်တာ။ ကျန်းမာရေးလည်း နည်းနည်းဖြစ်နေပြီ။ သွေးတိုး၊ နှလုံးနဲ့ ကျောက်ကပ်ပေါ့။ ဗိုလ်မှူးရဲသွေးတို့ အနီးကပ်ကြည့်နေရပြီပေါ့။

Q - ဗိုလ်ချုပ်မှူးကြီးပြောခဲ့သမျှထဲမှာ သမိုင်းတွင်ခဲ့တဲ့စကားပေါ့။ စစ်တန်းလျားပြန်မယ်ဆိုတာ။ အဲဒါနဲ့ပတ်သက်ပြီးတော့
A - သူကအောက်ခြေစစ်သားဘဝကလာတာဆိုတော့ တကယ့်ကိုစစ်သားစစ်စစ်ကြီးပေါ့။ နိုင်ငံေ၇းသမားမဟုတ်ဘူး။ သူ အမြဲပြောလေ့ရှိတယ်။ ငါ့ကွာ ရန်သူ့နယ်မြေမှာ ဘယ်လိုသေမလဲဆိုပြီး နေခဲ့ တိုက်ခဲ့ရတာ။ ဒီလိုအခြေအနေဖြစ်လာ လိမ့်မယ်လို့မတွေးမိပါဘူး။ သမတလည်းမလုပ်ချင်ဘူး။ ဝန်ကြီးချုပ်လည်းမလုပ်ချင်ဘူး။ စစ်သားပဲလုပ်ချင်တယ်။ေ၇ွးကောက်ပွဲပြီးရင်တော့ လုပ်စရာရှိတာလုပ်ပြီး စစ်တန်းလျားပဲပြန်မယ်ကွာတဲ့။ မိန့်ခွန်းတွေထဲမှာလည်းပါ ပါတယ်။ ရုံးမှာလည်းပြောလေ့ရှိတယ်။

Q - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားမျိုးရှိခဲ့တယ်လို့အစ်ကိုထင်လဲ။
A - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့သိရသလောက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုပြီး တပ်မတော်ရဲ့မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ကျွန်တော်ထင်တယ်။ ခေါ်တာတောင်မ ကလေးမလေး၊ သူငယ်မလေး ဆိုပြီးပဲခေါ်တာ။ အဲဒီအချိန်တုန်းကဆိုရင် အားလုံးအသိပဲ။ ရွေးကောက်ပွဲကာလ နိုင်ငံတကာဖိအားတွေ ရှိတယ်။ ပြည်တွင်းဖိအားတွေရှိတယ်။ ပါတီတွေနဲ့နိုင်ငံေ၇းအင်အားစုတွေရဲ့ စိန်ခေါ်မှုတွေရှိတယ်။ ပြည်တွင်းထိုးစစ်တွေ ရှိတယ်။ ၉၁ - ၉၂ မှာဆိုရင် ၇ိုဟင်ဂျာပြသနာပေါ်ခဲ့သေးတယ်။ အခုမှပေါ်တာမဟုတ်ဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်ဝင်းမြင့်က နမခတိုင်းမှူးပေါ့။ အဲဒီလိုအချိန်မှာဒေါ်စုတို့က တစ်ခုခုလုပ်ပြီဆိုရင် `ဒီသူငယ်မလေးကတော့လုပ်ပြန်ပြီ အလုပ်တော့ရှုတ် ဦးတော့မယ်´ ဆိုပြီးပြောတတ်တယ်။ သူ့မိန့်ခွန်းတစ်ခုထဲမှာလည်းပါတယ်။ `အမိန့်အာဏာဟူသမျှဖီဆန်ကြတဲ့။ သိပ်မှား တယ်။ ကျွန်တော်ကို ပြောခွင့်ပြုပါ။ ကျွန်တော်အာဃာတနဲ့ပြောတာမဟုတ်ဘူးဆိုတာ အစောကြီးကတည်းကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကျွန်တော်ပြောတယ်။ မှန်ပါတယ်။ ဒေါ်ခင်ကြည်ဆုံးတုန်းက အန်ကယ်ရယ်မကြိုက်ရင် မကြိုက်ဘူးပြောပါ။ အဲဒါဆိုရင် ကျွန်တော်အခုပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒါမလုပ်ပါနဲ့။ ၂/၈၈ ကိုလည်း မထိပါနဲ့ဦး။ ၈/၈၈ ကိုလည်းမထိပါနဲ့ဦး။ ပုံနှိပ်ထုတ်ဝေရေးနဲ့ပတ်သက်လို့လည်း ခဏလိုက်နာပါဦး´တဲ့။ ဒါ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောခဲ့တာပါ။ သူ့မှာ ဖိအားတွေအရမ်းများခဲ့ပါတယ်။ အဲဒီဖိအားတွေကြောင့်ပဲ ကျန်းမာရေးထိခိုက်ခဲ့တာပါ။

Q - ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တာနဲ့ပတ်သက်ပြီး အဲဒီတုန်းက ကောလာဟလတွေအများကြီးထွက်ခဲ့တယ်။ အဲဒီအပေါ်မှာအစ်ကိုသိသလောက်ပြောပြပေးပါဦး။
A - ပြောရမယ်ဆိုရင်တော့ ကျွန်တော့်အမြင်ပေါ့ မှားချင်လည်းမှားနိုင်ပါတယ်။ အဲဒီတုန်းက တပ်ခေါင်းဆောင်တွေကြားမှာ စီးပွားရေးကိစတွေဘာတွေမရှိသေးဘူး။ ငွေရေးကြေးရေးကိစတွေမရှိဘူး။ အပြိုင်အဆိုင်ဆိုတာမရှိဘူး။ သူ့ကိုအားလုံးက လေးလေးစားစားဆက်ဆံကြတယ်။ အကွဲအပြဲဆိုတာ နေရာလုတာ အာဏာလုတာမရှိဘူးလို့ထင်တယ်။ အဓိကအချက်က ဖိအားတွေများပြီး ကျန်းမာရေးထိခိုက်လာခဲ့တယ်။ နောက်ပိုင်းပိုပြီးဆိုးလာတယ်။ Golf တောင်မရိုက်နိုင်တော့ဘူး။ PSO တွေတောင်အိမ်မလာခိုင်းတာ။ ပြီးတော့အမြဲစိတ်တိုနေတတ်တယ်။ ဒါကြောင့်ကျန်းမာရေးအရအနားပေးလိုက်တာပါ။ ဒါအမှန်ပါပဲ။ အနားပေးလိုက်တော့ ကျွန်တော်တို့မျက်ရည်တောင်ကျခဲ့ရတယ်။

Q - အနားပေးလိုက်တဲ့နေ့ကအခြေအနေနဲ့ပတ်သက်ပြီး မှတ်မိသလောက်ပြောလို့ရမလားအစ်ကို။
A - ၁၉၉၂ ခုနှစ်၊ ဧပြီလပေါ့။ သင်္ကြန်၇ုံးပိတ်ရက်တွေမှာ ကျွန်တော်တို့ဗိုလ်ချုပ်မှူးကြီးရဲ့၇ုံးခန်းကိုပြင်ကြ ဆင်ကြပေါ့။ သင်္ကြန်အပြီးမှာ ဗိုလ်ချုပ်မှူးကြီးက၇ုံးမတက်နိုင်တော့ဘူး အဲဒီအချိန်အိမ်မှာ ဆရာဝန်ကအနားယူဖို့ပြောထားလို့။ အနားပေး လိုက်ပြီဆိုတဲ့အမိန့်စာကို ဗိုလ်ချုပ်ကြီးခင်ညွှန့်ကအိမ်ကိုသွားပေးခဲ့တာလို့သိရတယ်။ ကျွန်တော်တို့၇ုံးအဖွဲ့တွေကိုတော့ စစ်ဆင်ရေးက G1 ကြီး၊ အခုသမတကြီးဦးသိန်းစိန်ပေါ့။ လာပြီးတော့ပြောတယ်။ ရဲဘော်တို့ကိုယ်လုပ်စရာရှိတာဆက်လုပ်ပေါ့။ စစ်သားစစ်သားအလုပ်လုပ်ရမယ်ပေါ့။ နောက်ကျွန်တော်တို့လည်း စစ်ဆင်ရေးဘက်ရောက်၊ အဲဒီကနေ ထလရ နောက် ပင်စင်ယူပြီး အခုတော့ လူမူရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေပဲလုပ်တော့တယ်။ အနားပေးပြီးနောက်ပိုင်း ကိုသူရစော နဲ့တွေ့ဖြစ်တာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမိသားစုနဲ့ထပ်မဆုံဖြစ်တော့ဘူး။


နဒီလှိုင်(IR)တွေ့ဆုံမေးမြန်းသည်။
Q - ဗိုလ်ချုပ်မှူးကြီးစောမောင်အနားယူတဲ့အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့အကြီးအကဲတစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေးပြောပြပေးပါ။
A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။

Q - ဗိုလ်ချုပ်မှူးကြီးက စာသိပ်ဖတ်တယ်လို့သိရပါတယ်။ တစ်နေ့ကို သုံး လေးနာရီလောက်ပဲအိပ်တယ်လို့လည်း ကြားဖူးတယ်။
A - ဟုတ်ပါတယ်။ မနက် ၈း၃၀ ဆိုရင် ၇ုံးရောက်ပြီ။ ရောက်တာနဲ့စာဖတ်တယ်။ တစ်ခုပြောစရာရှိတာက စာဖတ်ရင်း အဘကဆေးလိပ်သောက်တတ်တယ်။ စီးကရက်မသောက်ဘူး။ မန္တလေးသားဆိုတော့ နဂါးဒေါ်ဥဆေးပေါ့လိပ်ပဲ သောက်တယ်။ စာထဲစိတ်ရောက်သွားရင် ဆေးလိပ်မီးပေါက်တာတောင်မသိဘူး။ တစ်ပတ်ကို အဘရဲ့အကျီဆေးလိပ် မီးပေါက်ဖာရတာ ၄၊ ၅ ပေါက်ပဲ။ ယောက်လမ်းထဲကဆိုင်မှာ။ ထမင်းစားချိန်ဆို ဒုချုပ်(ဗိုလ်ချုပ်ကြီးသန်းရွှေပေါ့) ဆီသွားပြီး ထမင်းစားတယ်။ ၁၂း၃၀ လောက်ပြန်လာပြီး ဝင်စာတွေဖတ်မယ်။ ရုံးခန်းထဲမှာ စာအုပ်ဗီရို ၁၁ လုံးရှိတယ်။ ဘယ်ဗီ၇ိုမှာ ဘာစာအုပ်ရှိတယ်ဆိုတာသူသိတယ်။

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။

AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေးမျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။

Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။

AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။

Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

ကာ/ချုပ် နဲ့ KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံ

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်အမျိုးသား အစည်း အရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံကြတယ်လို့ သတင်းရပါတယ်။ 


 ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဓာတ်ပုံ- မြ၀တီ

အခုလို KNU ခေါင်းဆောင်တွေနဲ့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုဟာ ဒါဆို ၂ ကြိမ်
မြောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြစဉ်က ညစာစားပွဲတခုမှာ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရင်းတနှီး တွေ့ဆုံခဲ့ဖူးကြပါသေးတယ်။ 


ငါတို့တွေဟာ ၉၉ ရာခိုင်နှုန်း (ဆောင်းပါးရှင်-ကေသွယ်)

Photo: ငါတို့တွေဟာ ၉၉ ရာခိုင်နှုန်း

(ဆောင်းပါးရှင်-ကေသွယ်)

စက်တင်ဘာလ ၁၇ ရက် တုန်းက Occupy Wall Street လှုပ်ရှားမှုရဲ့ နှစ်နှစ်ပြည့် နှစ်လည်ဆိုတဲ့ မထင်မရှား သတင်းလေးတစ်ခုကို ဖတ်လိုက်ရတော့ အတွေးတွေ ဟိုဒီခုန်ပေါက်ရင်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် လောက်က အကြောင်းကလေးတစ်ခုဆီ သတိရမိသွား၏။

အဲဒီနေ့က ဘုရင့်နောင် တိုက်ခန်းတစ်ခုမှာနေတဲ့ သူငယ်ချင်းနောက်ကို လိုက်လည်ခြင်း ဖြစ်သည်။ ကြို့ကုန်း အာအိုင်တီကျောင်းဝင်းထဲက ပြန်လာကြတာဆိုတော့ အင်းစိန် လမ်းမကြီးပေါ်မှာပဲ ဘူတာရုံလမ်းထိပ်မှာဆင်း၊ ဆိုက်ကားငှားစီးပြီး လမ်းထဲဝင်ခဲ့ကြသည်။ လမ်းတစ်ဝက် မီးရထားလမ်းအကျော်လောက်မှာ ရထားတံခါး အပိတ်အဖွင့်နဲ့ ကားတွေ၊ ဆိုက်ကားတွေ ကျပ်ညပ်နေတော့ ဆိုက်ကားဆရာက ဘေးနားက ရပ်ကွက်အသစ်ကြီးတွေထဲက ဖြတ်ချသည်။ ဒီနေရာတွေဟာ အရင်က ဘုစုခရု ကျူးကျော်လူနေရပ်ကွက်တွေ ဆိုတာတော့ သိထားဖူးသည်။ ၉၁ ခုနှစ်လောက်ကမှ မီးအကြီးအကျယ် လောင်လိုက်လို့ အခုလို အကွက်သစ်တွေ ဖြစ်လာတယ်ဆိုတာလည်း သိထားပေမယ့်လို့ အထဲမှာ ဒီလောက်ကြီး သီးသီးသန့်သန့် ရှိနေမယ်လို့ ထင်မထားမိ။ ရပ်ကွက်ထဲမှာတော့ ဘူတာရုံလမ်းပေါ်က ဆူညံရှုပ်ထွေးနေတဲ့ ဆိုက်ကားတွေ၊ ဈေးသွားတွေရဲ့ မြင်ကွင်းနဲ့ ဆန့်ကျင်စွာပဲ တိတ်ဆိတ် သန့်ရှင်းနေသည်။ တချို့တိုက်အိမ်ကြီးတွေဆိုရင် နန်းတော်ကြီးတွေလားပင် အောက်မေ့ရသည်။ အထဲမှာလည်း ကားကြီးတွေရပ်ထားလိုက်တာ သုံး၊ လေးစီး ။ ဒါပေမဲ့ ဆိုးလိုက်တဲ့လမ်းတွေဆိုတာ။ ဆိုက်ကားဆရာက ချိုင့်တွေ၊ခွက်တွေကို ကြိုးစားရှောင်ရင်း ဒီသူဌေးကြီးတွေကလည်းဗျာ အိမ်ကြီးတွေမှ အားမနာ လမ်းကလေး ဘာလေးတောင် ကောင်းအောင်မခင်းကြဘူးလို့ ညည်းရှာသည်။ အရာရာကို နိုင်ငံရေးလုပ်ချင်နေတတ်တဲ့ ကိုယ်ကလည်း မနေနိုင်။ လမ်းတွေ၊ တံတားတွေဆိုတာ အစိုးရက ပြည်သူ့ဘဏ္ဍာတွေနဲ့ လုပ်ပေးရတာလေလို့ လျှာရှည်မိတော့ ဆိုက်ကားဆရာက ''ဟာ အစ်မကလည်း အစိုးရက နေပြည်တော်မှာ လမ်းတွေခင်းနေတာ အကုန်အကျတွေ များနေမှာပေါ့''တဲ့။ ကိုယ်လည်း ဘာဆက်ပြောရမှန်းကို မသိခဲ့။ သူငယ်ချင်းက တံတောင်နဲ့တွက်ပြီး ကြိတ်ရယ်ရင်း ဟုတ်တာပဲ သူတို့ဒီလောက် ၀င်ငွေတွေကောင်းနေတာ ဆင်းရဲနေတဲ့ နိုင်ငံအတွက် နည်းနည်းတော့ ပြန်လုပ်ပေးမှပေါ့။ ငါဖြင့် ဒီဧရာမ တိုက်အိမ်ကြီးတွေကို ဈေးသွားဈေးပြန် နေ့တိုင်းမြင်နေတာ သူတို့လို ဖြစ်ချင်စိတ်ပေါက်မလာဘဲ ဓားပြတိုက်ချင်စိတ်တွေပဲ ပေါက်ပေါက်လာတယ်''လို့ စိတ်ချဉ်ပေါက်ဟန် နောက်လေ၏။

အဲဒီတုန်းက ကြုံခဲ့၊ ပြောခဲ့၊ ရယ်ခဲ့၊ မောခဲ့တာလေးကို အခုနေ ပြန်စဉ်းစားကြည့်တော့ သြော် ဒါဟာ ခေတ်စနစ်တစ်ခုရဲ့ လူမှုစီးပွားကို သရုပ်ဖော်နိုင်တဲ့ အကျစ်လျစ်ဆုံး ဇာတ်ကွက်ကလေး တစ်ခုပါလားလို့ သဘောပေါက်လာရသည်။ ကိုယ်တိုင်ကတော့ အဲဒီတုန်းက သူငယ်ချင်းဖြစ်သူ နောက်ပြောခဲ့သလို ဓားပြတိုက်ချင်စိတ်တွေ ပေါက်မနေခဲ့ပေမယ့်လို့ ခေတ်စနစ်တစ်ခုရဲ့ ရေဆန်မှာ ရုန်းကန်လှုပ်ရှားနေခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဘာတွေလုပ်လို့ အဲဒီလောက် ချမ်းသာနေမှန်း မသိတဲ့ သူဌေးကြီးတွေကိုတော့ မုဒိတာပွားကြည်နူး အားကျမနေမိခဲ့တာတော့ သေချာလှသည်။

အဲဒီလိုပါပဲ။ ၀င်ငွေကွာဟမှု မြင့်မားလာတဲ့ အမေရိကန်နိုင်ငံမှာ အခြေခံလူတန်းစားတွေ ဓားပြတိုက်ချင်စိတ်ပေါက်ပြီး ငွေရှင်ကြေးရှင် ဘဏ်တိုက်ကြီးတွေရှိရာ စတော့အိပ်ချိန်းတွေရှိရာ နယူးယောက်မြို့လယ်ကောင်က ကမ္ဘာကျော် ဝေါလ်လမ်းမကြီးပေါ်ကို စုဝေး ရောက်ရှိလာကြပြီး Occupy Wall Street ဝေါလ်လမ်းမကြီးကို သိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ နှစ်နှစ်က စတင်ခဲ့ကြသည်။

ဖိနှိပ်မှုတွေအောက်မှာ လူနေမှု အဆင့်အတန်း ကွာခြားချက်တွေ မြင့်မားခဲ့တဲ့ လူ့သမိုင်းတစ်လျှောက် တော်လှန်ရေးတွေ အမျိုးမျိုးကို ဖြတ်သန်း ပြီးခဲ့ကြပြီ။ အခုလည်း လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ပေမယ့် စီးပွားရေး ကွာဟချက်တွေ တစ်နည်းတစ်ဖုံ ရှိလာပြန်တော့ မကျေနပ်မှုတွေ ပေါ်ပေါက်လာကြပြန်သည်။ အရင်းရှင် စီးပွားရေးစနစ်ရဲ့ အညွန့်အဖူးတွေကို အလွယ်အသင့် စားသုံးနိုင်နေတဲ့ တစ်ရာခိုင်နှုန်းလောက်သာရှိတဲ့ ငွေရှင်ကြေးရှင်ကြီးတွေကို ၉၉ ရာခိုင်နှုန်းလို့ တင်စားထားတဲ့ ပြည်သူတွေက အော်ဟစ်တောင်းဆို နေကြပြန်လေပြီ။ We are the 99% - ငါတို့တွေဟာ ၉၉ ရာခိုင်နှုန်းဆိုတဲ့ စာသားက Occupy လှုပ်ရှားမှုရဲ့ဆောင်ပုဒ်ဖြစ်လာသည်။ သို့ပေမဲ့ ဒီ ၉၉ ရာခိုင်နှုန်းထဲကမှ အင်မတန် နည်းပါးသော အစိတ်အပိုင်းကသာ ဒီလှုပ်ရှားမှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။ သေချာစဉ်းစားကြည့်တော့ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ သူဌေးရပ်ကွက်ထဲက ဆိုက်ကားဆရာလို ပြည်သူ့အခွင့်အရေး ရပိုင်ခွင့် ဆိုတာတွေကို နားမလည်နိုင်အားကြတဲ့ ပြည်သူတွေကပဲ ဒီကမ္ဘာကြီးမှာ အများစုမဟုတ်လား။

စိတ်မကောင်းစရာကောင်းတာက အဲဒီလှုပ်ရှားမှုအပေါ်မှာ ထောက်ခံအားပေး ပါဝင်မှုတွေထက် အထင်သေးဝေဖန် မျက်ကွယ်ပြုမှုတွေကသာ ပိုများနေခဲ့ကြခြင်းဖြစ်သည်။ ဦးတည်တောင်းဆိုချက် သတ်သတ်မှတ်မှတ် မရှိဘူးလို့ ဝေဖန်ကြပေမယ့် ၀င်ငွေမညီမျှမှု၊ စီးပွားရေး မကျေနပ်မှုတွေကို အခြေခံပြီး ဖြစ်လာတယ်ဆိုတာကိုတော့ အားလုံး သိနေကြသည်ပင်။ တချို့ကလည်း အိမ်ခြေယာမဲ့တွေ၊ အလုပ်မလုပ်တဲ့ အချောင်သမားငပျင်းတွေလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲကြသည်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကို ပိုပြီး နက်ရှိုင်းလာစေတာ က တက္ကသိုလ်ပညာသင်စရိတ် ကြီးမြင့်မှုတွေကို မကျေနပ်တဲ့ ကျောင်းသားတွေပါဝင်လာမှု။ ဒါ့အပြင် လူလတ်တန်းစား ပညာတတ်တချို့ကပါ ထောက်ပြဝေဖန်လာတာတဲ့ ပုဂ္ဂလိကပိုင် ဘဏ်ကြီးတွေ၊ အာမခံလုပ်ငန်းကြီးတွေနဲ့ အစိုးရတွေရဲ့ ဒွေးရောယှက်တင် ဖြစ်လာမှုတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အခွန်ရှောင်ရှားမူတွေ၊ တစ်ကမ္ဘာလုံးက အကောင်းဆုံးရယ်လို့ သတ်မှတ်ပြီး ဦးတည် ချီတက်နေကြတဲ့ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဟာကွက်ကြီးတွေ ကြီးမားထင်ရှားလာတာနဲ့အမျှ ဒီလှုပ်ရှားမှုကြီးရဲ့ မီးစာက ငြိမ်းတော့မသွားခဲ့။

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ Occupy လှုပ်ရှားမှုဟာ နိုင်ငံပေါင်း ၈၀ ကျော်အထိ ပျံ့နှံ့ခဲ့သည်။ နိုင်ငံအသီးသီးရဲ့ မြို့လယ်ကောင် စီးပွားရေးရပ်ကွက်တွေက ဘဏ်ကြီးတွေ စတော့အိပ်ချိန်းကြီးတွေရှေ့မှာ ဆန္ဒပြပွဲတွေ လုပ်ကြသည်။ တချို့က သပိတ်စခန်းတွေဖွင့်ကြသည်။ အာရှတိုက်မှာဆိုရင် တောင်ကိုရီးယား မွန်ဂိုလီးယားနဲ့ ဟောင်ကောင်လို နိုင်ငံတွေအထိပင် ကူးစက်လာခဲ့သည်။ Occupy Cetral လို့ခေါ်တဲ့ ဟောင်ကောင်ရဲ့ လှုပ်ရှားမှုဆိုရင် မြို့လယ်ခေါင်က HSBC ဘဏ်ကြီး ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး အကြာရှည်ဆုံး သပိတ်အဖြစ်နဲ့ တစ်နှစ်နည်းပါးကြာအောင် စံချိန်ချိုးခဲ့ပြီး နောက်တော့ ဘဏ်က တရားစွဲလို့ ရုပ်သိမ်းခဲ့ရသည်။

ဘာကြောင့်လဲတော့မသိ၊ အဲဒီ လှုပ်ရှားမှုသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေမှာ ဟုန်းခနဲ သတင်းဖြစ်သွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူထုစိတ်ဝင်စားမှု လျော့ပါးသွားလို့လား၊ မီဒီယာကြီးတွေကကို အသားမပေးချင်တော့တာလားတော့မသိ။ မှေးမှိန် အရှိန်ကျသွားခဲ့သည်။ အခုလို နှစ်ပတ်လည် ကာလမှာတောင် နာမည်ကြီး သတင်းမီဒီယာကြီးတွေမှာ ရှာမတွေ့တော့။

တချို့ကလည်း ဒါဟာ ကမ္ဘာ့စီးပွားရေး စနစ်ကြီးတစ်ခုလုံးကို ခြိမ်းခြောက်တဲ့ Radical movement - အစွန်းရောက် တော်လှန်မှုလို့ သမုတ်ပြီးတော့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ရောထွေး တံဆိပ်ကပ်ပစ်ချင်ကြသည်။ ရှေးရိုးစွဲဝါဒီ- Conservative တွေကလည်း အလုပ်သမား သမဂ္ဂတွေရဲ့သွေးထိုး လှုံ့ဆော် ဖြားယောင်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်မှုလို့ နှိမ်ချကဲ့ရဲ့ကြသည်။ ဒါပေမဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ ချန်ပီယံ လူမည်းကြီး မာတင်လူသာကင်းက I have a dream လို့ ပြောခဲ့တဲ့အချိန်တုန်းက တစ်နေ့မှာ အမေရိကန် သမ္မတဟာ လူမည်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့ကြမည်မဟုတ်။ ပိုမိုကောင်းမွန်ပြီး တရားမျှတလာတဲ့ လူ့ဘောင်တစ်ခုဖြစ်လာဖို့ ဒီလိုပဲ မျိုးဆက်တစ်ခုကနေ နောက်တစ်ခုကို ပခုံးပြောင်းပြီး သွားရပေမည် ။

တကယ်တော့ Radical လား၊ Conservative လား၊ လက်ဝဲလား လက်ယာလား၊ သူဌေးကြီးလား ဆင်းရဲသားလားဆိုတဲ့ အရှိတရား အစွန်းတွေဆီကနေ အသိတရားတွေနဲ့ နည်းနည်းချင်းစီ ရှေ့တိုးချဉ်းကပ်နိုင်ကြမှသာ မျှခြေကျတဲ့ တည်ငြိမ်မှုတစ်ခုကို ရနိုင်မယ်ဆိုတာဟာ တရားဓမ္မတစ်ခုဖြစ်သလို သဘာဝ ဓမ္မတစ်ခုလည်းဖြစ်သည်မဟုတ်လား။ အလယ်အလတ်လမ်းစဉ် လိုက်တယ် -Liberal ကျတယ် ဆိုတာလည်း ဖက်ရှင်လုပ်ရုံ သက်သက်မဟုတ်ဘဲ တကယ်ကို အပေးအယူလုပ်နိုင်မှ။ ပြုပြင်ပြောင်းလဲတယ်ဆိုတာလည်း ဟန်ပြသက်သက်မဟုတ်ဘဲ တကယ်ကို လိုအပ်မှုတစ်ခုအဖြစ် လက်ခံပြီး စိတ်ရောကိုယ်ပါ ပြောင်းလဲလိုစိတ်ရှိမှ။

ဒါပေမဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာတောင် တိုင်းပြည်ခေါင်းဆောင် တချို့က လူထုအသွင်နဲ့ လှုပ်ရှားမှုတွေကို စိုးရိမ် ကြောင့်ကြနေကြသည်။ တချို့ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေဟာလည်း တော်လှန်ရေးဆိုတဲ့ စကားလုံးကို ဆက်ပြီး မနှစ်သက်ကြတော့။ Radical ဆိုတဲ့ စကားလုံးဆိုရင်တော့ အားလုံးက အလန့်တကြား လက်ရှောင်ကြပေလိမ့်မည်။ အမေရိကန် ဒီမိုကရက်ပါတီ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီလာရီကလင်တန်ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်း ရှိခဲ့ဖူးသည်။ တစ်ခါတစ်ရံမှာ ပုံရိပ်တွေနဲ့ တကယ့်အဖြစ်မှန်တွေ၊ စကားလုံးတွေနဲ့ အလုပ်ဖြစ်မှုတွေကို ကျွန်မတို့ ရောတိရောထွေး ဖြစ်နေကြရတဲ့ ဟောဒီကမ္ဘာကြီးမှာ ဒီမိုကရေစီဆိုတာကိုက Radical အတွေးအခေါ်တစ်ခုပဲ ဖြစ်နေပါသေးတယ်တဲ့။

တိုက်တိုက်ဆိုင်ဆိုင်ပဲ Occupy လှုပ်ရှားမှုတွေအကြောင်း အတွေးစိုက်ရာ လက်ကလိုက်ရေးနေမိတုန်း စက်တင်ဘာ ၂၃ ရက်က စင်ကာပူနိုင်ငံမှာ လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုကို ကြားလိုက်ရတယ်။ ဟောင်ကောင် သတင်းဌာနတစ်ခုက သတင်းထောက်မလေးတစ်ယောက်က မေးခြင်းဖြစ်သည်။ ဟောင်ကောင်မြို့လယ်က စီးပွားရေးရပ်ကွက်မှာ ပြန်စဖို့လုပ်နေတဲ့ Occupy Central အကြမ်းမဖက် လှုပ်ရှားမှုဟာ ဟောင်ကောင်ရဲ့ စီးပွားရေးကို အဟန့်အတားဖြစ်စေတယ်လို့ မြင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒါကို ဘယ်လိုထင်ပါသလဲတဲ့။ ပြီးတော့ ဒီမိုကရေစီနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ပါမလဲတဲ့။ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ''မြန်မာပြည်မှာတော့ ငွေကြေးဆိုင်ရာ အဆောက်အအုံကြီးတွေ မရှိတော့ အဲဒီပြဿနာမရှိဘူးလေ''လို့ ဟာသနှောတော့ တချို့ပွဲကျသွားကြသည်။ ပြီးတော့မှ လေးလေးနက်နက် သူမဆက်ပြောတာက ''ဒီမိုကရေစီဆိုတာ အများထင်နေကြသလို နိုင်ငံရေးနဲ့ စီးပွားရေးကို ဟန်ချက်ညီအောင် ထိန်းညှိနေရတာမျိုးမဟုတ်ဘဲ အခွင့်အရေးနဲ့ တာဝန်ကျေပွန်မှုကိုသာ ဟန်ချက်ညီဖို့ လိုအပ်တာပါ''လို့ ဖွင့်ဆိုသွားခဲ့သည်။

လူတော်တော်များများကတော့ ဒီမိုကရေစီလို့ဆိုတာနဲ့ အရင်းရှင် စီးပွားရေးစနစ်ကိုပါ တွဲမြင်နေတတ်ကြသည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံဟာ လှည်းကြီးတစ်စီးဆိုရင် ဒီမိုကရေစီဆိုတာက လှည်းဘီးကြီးရဲ့ ၀င်ရိုးကြီးဖြစ်ပြီး စီးပွားရေးစနစ်၊ ပညာရေးစနစ် ဆိုတာတွေက ဒီလှည်းကြီး ခရီးပေါက်အောင်ဟန်ချက်ညီညီ ရွေ့လျားပေးနေတဲ့ လက်တံတွေသာမို့ ဒီမိုကရေစီ ၀င်ရိုးဆုံလည်ကြီးမှာ မြဲမြဲမြံမြံ တွဲစပ်နေဖို့သာ အရေးကြီးလေသည်။ သင်္ချာတစ်ပုဒ်လိုဆိုရင်တော့ မတူညီတဲ့ ကိန်းဂဏန်းတွေကို ဒီမိုကရေစီပိုင်းခြေနဲ့ ပျမ်းမျှချနိုင်သလို မတူညီတဲ့မျဉ်းတွေကိုလည်း ဒီမိုကရေစီ စက်ဝန်းထဲက လွတ်လပ်ခြင်း တရားမျှတခြင်းဆိုတဲ့ ဆုံမှတ်တွေမှာ ဖြတ်နိုင်ဖို့သာ မဟုတ်လား။

ဒီမိုကရေစီ အတောင်အလက် မစုံသေးသလို အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်လည်း အရွယ်မရောက်သေးတဲ့ မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရယ်သွမ်းသွေးသလို ငွေကြေးဈေးကွက် အဆောက်အအုံကြီးတွေ မပေါ်သေးလို့ Occupy လှုပ်ရှားမှု လုပ်စရာမလိုသေးပေမယ့် ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေကတော့ စီးပွားရေးမညီမျှမှု ပင်လယ်ကြီးထဲမှာ ကမ်းမမြင်လမ်းမမြင် ကူးခပ်နေကြဆဲ။

စက်တင်ဘာလ ၁၇ ရက် တုန်းက Occupy Wall Street လှုပ်ရှားမှုရဲ့ နှစ်နှစ်ပြည့် နှစ်လည်ဆိုတဲ့ မထင်မရှား သတင်းလေးတစ်ခုကို ဖတ်လိုက်ရတော့ အတွေးတွေ ဟိုဒီခုန်ပေါက်ရင်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် လောက်က အကြောင်းကလေးတစ်ခုဆီ သတိရမိသွား၏။

အဲဒီနေ့က ဘုရင့်နောင် တိုက်ခန်းတစ်ခုမှာနေတဲ့ သူငယ်ချင်းနောက်ကို လိုက်လည်ခြင်း ဖြစ်သည်။ ကြို့ကုန်း အာအိုင်တီကျောင်းဝင်းထဲက ပြန်လာကြတာဆိုတော့ အင်းစိန် လမ်းမကြီးပေါ်မှာပဲ ဘူတာရုံလမ်းထိပ်မှာဆင်း၊ ဆိုက်ကားငှားစီးပြီး လမ်းထဲဝင်ခဲ့ကြသည်။ လမ်းတစ်ဝက် မီးရထားလမ်းအကျော်လောက်မှာ ရထားတံခါး အပိတ်အဖွင့်နဲ့ ကားတွေ၊ ဆိုက်ကားတွေ ကျပ်ညပ်နေတော့ ဆိုက်ကားဆရာက ဘေးနားက ရပ်ကွက်အသစ်ကြီးတွေထဲက ဖြတ်ချသည်။ ဒီနေရာတွေဟာ အရင်က ဘုစုခရု ကျူးကျော်လူနေရပ်ကွက်တွေ ဆိုတာတော့ သိထားဖူးသည်။ ၉၁ ခုနှစ်လောက်ကမှ မီးအကြီးအကျယ် လောင်လိုက်လို့ အခုလို အကွက်သစ်တွေ ဖြစ်လာတယ်ဆိုတာလည်း သိထားပေမယ့်လို့ အထဲမှာ ဒီလောက်ကြီး သီးသီးသန့်သန့် ရှိနေမယ်လို့ ထင်မထားမိ။ ရပ်ကွက်ထဲမှာတော့ ဘူတာရုံလမ်းပေါ်က ဆူညံရှုပ်ထွေးနေတဲ့ ဆိုက်ကားတွေ၊ ဈေးသွားတွေရဲ့ မြင်ကွင်းနဲ့ ဆန့်ကျင်စွာပဲ တိတ်ဆိတ် သန့်ရှင်းနေသည်။ တချို့တိုက်အိမ်ကြီးတွေဆိုရင် နန်းတော်ကြီးတွေလားပင် အောက်မေ့ရသည်။ အထဲမှာလည်း ကားကြီးတွေရပ်ထားလိုက်တာ သုံး၊ လေးစီး ။

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

Photo: လိုင်စင်ရ အသံတိတ် လူသတ်သမားများ

(လဲ့ရည်မြင့်၊ သင်းရတနာဆု)

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။ 

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။ 

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။ 

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ  စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ  ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။ 
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။

(လဲ့ရည်မြင့်၊ သင်းရတနာဆု)

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

လယ်တီသိမ်ကို ထိန်းသိမ်းဖို့ ချီတက်လမ်းလျှောက် သူတွေ စစ်ကိုင်းအ၀င်မှာ တားဆီးပြီ

၂၉-၉-၂၀၁၃ ညနေ၅နာရီ၂၄မိနစ်
 လက်ပန်တောင်းတောင်ဒေသရှိ ကြေးနီစီမံကိန်းကြောင့်မကြာခင် ဖြိုဖျက်ခံရတော့မည့်လယ်တီဆရာတော်ဘုရားကြီး၏သိမ်နှင့်စေတီတော် ထိန်းသိမ်းကာကွယ်ရေးအတွက်မန္တလေးမြို့မှချီတက်လာသောပြည်သူများ စစ်ကိုင်းတံတားကိုဖြတ်ကျော်ပြီးစစ်ကိုင်းမြို့ကိုစဝင်ချိန်မှာရဲတပ်ဖွဲ့ဝင်များသံဆူးကြိုးဖြင့်ကာရံလိုက်ပြီးဒုတ်တွေဖြင့်ဝင်ရိုက်နေပြီပြည်သူတွေကိုဆွဲရမ်းထိုးကြိပ်နေပြီ မြင်းခြံမှကိုသန့်ဇင်နှင့်နှစ်ယောက်ဖမ်းသွားပြီ၊ယခုကိုသန့်ဇင်ပြန်လွတ်လာပြီပြည်သူတွေလက်ခြင်းချိပ်ပြီလမ်းပေါ်တွင်ထိုင်ချလိုက်ပြီလုံထိန်းများကားပေါ်ဆွဲတင်ရန်ကြိုးစားနေသည် အချုပ်ကားများ၊လူနာတင်ကားများပါ အသင့်ရှိနေသည်၊၊ ပြည်သူများမှစစ်ကိုင်းမြို့ကိုဝင်နိုင်ရန် ဆက်လက်ကြိုးစားနေပြီးလုံထိန်းများမှနံပါတ်များဖြင့်ဝိုင်းရံထားသော်လည်းအောင်မြင်စွာဖြင့်ချီတက်လာနိုင်ပြီးကောင်းမှုတော်စေတီအနီးရောက်ရှိပြီလုံထိန်းရဲများထပ်မံပိတ်ဆို့ထားသည်၊၊ချီတက်ဆန္ဒပြပြည်သူမျာဖမ်းဆီးခံရမှုမရှိသေးပ

 ၉-၉-၂၀၁၃ ညနေ၅နာရီ၃၂မိနစ်
လက်ပန်တောင်းတောင်ခြေရှိလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်ရန်မန္တလေးမြို့မှစတင်ချီတက်လာသောပြည်များအခက်အခဲအမျိုးကြားမှယခုစစ်ကိုင်းမြို့ကောင်းမှုတော်စေတီနှင့်မနီးမဝေးကိုရောက်ရှိလာပြီပြည်သူအင်အား(၁၀၀၀) ကျော်ခန့်ရှိပြီးစစ်ကိုင်းမြို့နေပြည်သူ များမှလဲလှိုက်လှိုက်လှဲလှဲအားပေးကူညီနေကြပါသည်၊ဘုရားကြီးတွင်ခေ တ္တနားမည်စီစဉ်ထားသည်၊၊လုံထိန်းရဲများမှလဲဘုရားအနီးတွင်ထပ်မံပိတ်ဆို့နိုင်ရန်ပြင်ဆင်နေသည်၊၊


ထန်းတပင်မြို့နယ်တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှုဖြစ်


ရန်ကုန်၊ စက်တင်ဘာ ၂၉

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊စန္ဒယော်ကျေးရွ
အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေ
ဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာနေအိမ်တွင် ဓါးဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ
ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်းထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့်

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်မှုကြောင့် တောင်ငူတွင် ထပ်မံရေကြီး

Photo: စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်မှုကြောင့် တောင်ငူတွင် ထပ်မံရေကြီး

တောင်ငူ၊ စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ဒုတိယအကြိမ်မြောက် ကျော်လွန်ခဲ့သဖြင့် မြို့အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ခံများ ထံမှသိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေမှာ  စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်သို့ ကျော်လွန်ပြီး ၆၁၆  စင်တီမိတာအထိ ရောက်ရှိ ခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
“စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်ကို ရောက်ရှိနေပေမယ့် ၆၄၅ စင်တီ မီတာလောက်ကို ရောက်မှ လူနေအိမ်ခြေတွေ ရွှေ့ပြောင်း တတ်တာပါ။ ရွှေကျင်နဲ့ မဒေါက်မှာ စိုးရိမ်ရေမှတ် အထက်မှာ မရှိတဲ့အတွက် တောင်ငူမှာ အရမ်းစိုးရိမ်စရာ အနေအထားမှာ ရှိမနေပါဘူး” ဟု ဦးမျိုးမြင့်အောင်က ရှင်းပြသည်။

တောင်ငူမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ် (၉) ရပ်ကွက်ရှိ ကြက်သျှာစွန်းနှင့် ဝိုင်းလေးကွက်သစ်၊ သဖန်းပင် ကျေးရွာအုပ်စု အလယ်ကျွန်း ကျေးရွာနှင့် မိုးကောင်းကျေးရွာအုပ်စု မိုးကောင်းရွာသစ်၊ စစ်တောင်းမြစ် ကမ်းနားလမ်း ရပ်ကွက်များဖြစ်သော ရပ်ကွက် ၂၀ နှင့်ပေါက်ခို ကျေးရွာများမှ အိမ်ထောင်စု ၆၀၀ နီးပါး၏ လူနေအိမ်များတွင် အနိမ့်ပိုင်းနေရာအလိုက် ရေအနက် သုံးပေမှ ငါးပေအထိ မြစ်ရေ ဝင်နေပြီး အိမ်ခြေအချို့မှာ နီးစပ်ရာ အိမ်များတွင် ရွှေ့ပြောင်း နေထိုင်နေရကြောင်း အဆိုပါ ရပ်ကွက်များတွင် နေထိုင်သူအချို့က ပြောကြားသည်။
“အနိမ့်ပိုင်းတွေမှာ ငါးပေလောက် ရှိပါတယ်။ ကြက်သျှာစွန်းနဲ့ ဝိုင်းလေး ကွက်သစ်ဆိုရင် ရေက အကုန်အစင် ပြန်မကျသေးခင် ဗြုန်းဆို ပြန် တက်လာတာပါ။ ကူညီစောင့်ရှောက်မှုတွေ၊ ရွှေ့ပြောင်းရတာတွေ မရှိသေးပါဘူး” ဟု တောင်ငူမြို့နယ် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာထိုက်က ပြောကြားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ပထမပတ်က တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်မှတ် ကျော်လွန် ရောက်ရှိခဲ့မှုကြောင့် တောင်ငူမြို့ ရပ်ကွက်ပေါင်း ၂၀ ကျော်မှ လူဦးရေ နှစ်သောင်း နီးပါးကို ရေဘေးဒုက္ခသည် စခန်း၁၉ ခုဖွင့်လှစ်၍ ရက်ပေါင်း ၂၀ ခန့် နေရာချထားပေးခဲ့ရကြောင်း တောင်ငူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

ဇေယျာကို (တောင်ငူ)

တောင်ငူ၊ စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ဒုတိယအကြိမ်မြောက် ကျော်လွန်ခဲ့သဖြင့် မြို့အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ခံများ ထံမှသိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်သို့ ကျော်လွန်ပြီး ၆၁၆ စင်တီမိတာအထိ ရောက်ရှိ ခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
“စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်ကို ရောက်ရှိနေပေမယ့် ၆၄၅ စင်တီ မီတာလောက်ကို ရောက်မှ လူနေအိမ်ခြေတွေ ရွှေ့ပြောင်း တတ်တာပါ။ ရွှေကျင်နဲ့ မဒေါက်မှာ စိုးရိမ်ရေမှတ် အထက်မှာ မရှိတဲ့အတွက် တောင်ငူမှာ အရမ်းစိုးရိမ်စရာ အနေအထားမှာ ရှိမနေပါဘူး” ဟု ဦးမျိုးမြင့်အောင်က ရှင်းပြသည်။

ထွေးဦးမြန်မာ ရုပ်သေးပညာရှင် ဦးမောင်ကြည် ဖျော်ဖြေမှု ပြီးဆုံးချိန် ရုတ်တရတ် ကွယ်လွန်


ရန်ကုန်၊ စက်တင်ဘာ ၂၈

ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် စက်တင်ဘာ ၂၇ ရက်နေ့ညက ပြုလုပ်သော ထိုင်း-မြန်မာ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ကပြဖျော်ဖြေခဲ့သည့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ပင်တိုင် ရုပ်သေးပညာရှင်ဖြစ်သူ ဦးမောင်ကြည်မှာ အဆိုပါ ခန်းမအတွင်း ဖျော်ဖြေမှု ပြီးဆုံးချိန် ဆေးသောက်နေစဉ် ရုတ်တရက် သေဆုံးခဲ့ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဒေါ်တင်တင်ဦးက The Voice သို့ ပြောကြားသည်။

ထိုင်း-မြန်မာ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ရုပ်သေး အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ပြီးနောက် ပစ္စည်းများ သိမ်းဆည်း၍ အပြီးတွင် ဦးမောင်ကြည်က အသင့် ယူဆောင် လာသည့် ဆေးဝါးများကို သောက်သုံးစဉ် လဲကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ တပည့်လည်းဖြစ်သည့် ရုပ်သေးပညာရှင် တစ်ဦးဖြစ်သူ ဒေါ်တင်တင်ဦးကပင် ထပ်မံရှင်းပြသည်။
“ဆေးကို အစာမရှိဘဲ သောက်နေတာတွေ့လို့ ပေါင်မုန့်လေးစားပြီး သောက်ပါလို့ ပြောတာကို ဆရာက ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးကို အရင်သောက်တယ်။ ပြီးတော့ ပေါင်မုန့်စားနေတုန်း ရှေ့ကို ငိုက်ကျပြီး ကျွန်မလက်ပေါ်မှာတင် ဆုံးသွားတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။

သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောကြားသည်။

တရုတ်နယ်စပ် မူစယ်မြို့၌ လူ ၂ ဦး ဓားပြတိုက်ပြီး ဆိုင်ကယ်လု

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ လူ ၂ဦးက၃ရက်ဆက်တိုက်ဓားဖြင့်ခုတ်ဓားပြလိုက်တိုက်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရပါသည်။
စက်တင်ဘာ ၂၃ ရက် ညနေ ၇ နာရီခန့် အသက် ၃၀ နှစ်ရှိ မစံပယ် အလုပ်နားချိန် အမှတ် ၂ စည်ပင် သာယာဈေးမှအပြန် တောင်ရပ်ကွက် သစ္စာကားပစ္စည်းဆိုင်လမ်းကြား၌ လူ ၂ ဦးက ဓားပြတိုက် ကြောင်း ဆို၏။
ဓားပြတိုက်ခံရသူ မစံပယ် (Photo: Hsai Pen)
ဓားပြတိုက်ခံရသူ မစံပယ် (Photo: Hsai Pen)
“နှာခေါင်းမှာ ဓားထိသွားတယ်။ ဒဏ်ရာပြင်းတော့ မန္တလေးဆေးရုံကို ပို့လိုက်ရတယ်။ အချက်ပေါင်း ၅၀ ကျော် ချုပ်ရတယ်” ဟု တောင်ရပ်ကွက်နေ စိုင်းထွန်း က ပြောပါသည်။
ထို့အတူ စက်တင်ဘာ ၂၄ ရက် နံနက် ၆:၃၀ နာရီ ထိုဖူးနွေးဝယ်ရန် ပန်လုံရပ် စည်ပင်ဝန်ထမ်းအိမ် ယာမှ ထွက်လာသည့် အမေနှင့်ကလေး ၂ ယောက်(အသက် ၁၄ နှစ် နှင့် ၃ နှစ်)အား လူ ၂ ဦးက ဓားပြ တိုက်ကြောင်း၊ အသက် ၁၄ နှစ်အရွယ် ပပ မှာ နှာခေါင်း၌ ဓားဒဏ်ရာရရှိကာ မိခင်ဖြစ်သူ ဒေါ်အေးမြ မှာ လက်ကျိုးသွားကြောင်း ဆိုပါသည်။

နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေး

နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေးအပ်ကာ အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၆ ခုတွင် ဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခြင်းကို စက်တင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး စီးပွားရေးရာ ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စု ၀န်ကြီးများနှင့် ဌာနအသီးသီးသည် မူလပုံမှန် တာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ပြောင်းလဲရသည့် လုပ်ငန်းတာဝန်များကြောင့် သီးခြားကွင်းဆင်းရန် အချိန်မပေးနိုင် ခြင်းများရှိရာ အောက်ခြေတွင် ထိတွေ့ဆောင်ရွက်နိုင်သည့် အခြေအနေ မပေးခြင်း၊ အစိုးရ၏ ရုံးလုပ်ငန်း စနစ်များကို ခေတ်နှင့်အညီ လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ Mind Set နှင့် လုပ်နည်းလုပ်ဟန်များကို အချိန်ယူပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် ဒုတိယ၀န်ကြီးများကို Delivery Unit/Taskforce များအဖြစ် မူလသမားရိုးကျ လုပ်နည်းလုပ်ဟန်မှ ခွဲထွက်ပြီး ပိုမို၍ အကျိုးရှိထိရောက်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တာဝန်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

ရောင်းချရန် ပြန်ပေးဆွဲ ခံထားရသော ကလေးငယ် ၉၂ ဦးအား တရုတ်ရဲတပ်ဖွဲ့ ကယ်တင်

ပေကျင်း ၊ ၂၉-၉-၂၀၁၃
တရုတ်ရဲတပ်ဖွဲ့ သည် ရောင်းချရန် အတွက် ဂိုဏ်းဖွဲ့ တစ်ခု၏ ပြန်ပေးဆွဲခြင်း ခံထားရသော ကလေးငယ် ၉၂ ဦးနှင့် အမျိုးသမီး ၂ ဦးအား ကယ်တင်ခဲ့ပြီး သံသယ ရှိသူ ၃ဝ၁ ဦးအား ဖမ်းဆီးခဲ့ ကြောင်း ယခုနှစ်များ အတွင်း လူမှောင်ခို ကူးမှုနှင့် ပတ်သက်၍ အကြီးမားဆုံး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု ဖြစ်ကြောင်း တရုတ်နိုင်ငံ ပိုင် ဆင်ဟွာ သတင်းဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။
တရုတ် ရဲတပ်ဖွဲ့သည် ၆ လကြာ စုံစမ်းမှု ပြုလုပ် ခဲ့ပြီးနောက် ပြည်နယ် ၁၁ ခုရှိ နေရာ အသီးသီး အား တစ်ပြိုင်နက် တည်းဝင်ရောက် စီးနင်း ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာန က ဖော်ပြခဲ့သည်။

သို့ရာတွင် ထိုသို့ ကယ်ဆယ်မှုနှင့် ဖမ်းဆီးမှု ပြုလုပ်သည့် ရက်စွဲ အတိအကျ နှင့် ပြန်ပေးဆွဲ ခံထားရသော ယောက်ျားလေး နှင့် မိန်းကလေး အရေအတွက် တို့ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။ ကျေးလက် ဒေသများတွင် သားယောက်ျား ကလေးများအား ပိုမို အလေးပေး မှုနှင့် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒတို့သည် လွန်ခဲ့သော နှစ်များတွင် ကလေးသူငယ် နှင့် အမျိုးသမီး များအား လူမှောင်ခို ကူးမှု ပိုမိုမြင့်မား လာစေခဲ့ပြီး ပြန်ပေးဆွဲ ခံရသော အမျိုးသမီး များသည်

တရုတ်ပြည်မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ စိုင်းစိုင်း

တရုတ်နိုင်ငံ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်ကို သွားရောက်ခဲ့တဲ့ မြန်မာပြည်က သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က မြန်မာတွေရဲ့ ချမ်းသာတဲ့ ရိုးသားမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ 


 တရုပ်နိုင်ငံ၊ ရွှေကြက်ဖ ရုပ်ရှင် ပွဲတော် ပိတ်ပွဲတွင်တွေ့ရတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်၊ 
(ဓာတ်ပုံ- Thet Mon Myint's Facebook)


အဖြစ်ကတော့ တရုတ်ပြည် ရုပ်ရှင်ပြပွဲက အပြန် လေယာဉ်စရိတ် ဒေါ်လာ ၄၂၀၀ ထုတ်ပေးခဲ့တာမှာ တကယ်ကျသင့်စရိတ်က ဒေါ်လာ ၂၁၀၀ ပဲ ရှိတာမို့ အခုလို ၂ ဆ ပိုပေးလာတာ နားမလည်လို့ သွားမေး၊ ရှင်းပြ ပြီး ဒေါ်လာ ၂၁၀၀ ကို ပြန်ပေးလိုက်တယ်တဲ့။ 

ကြုံကြရ ဘုံဘ၀က ငါးပိဒုက္ခ (ဆောင်းပါးရှင်-ဒေါက်တာခင်မောင်ညို)

Photo: ကြုံကြရ ဘုံဘ၀က ငါးပိဒုက္ခ

(ဆောင်းပါးရှင်-ဒေါက်တာခင်မောင်ညို)

"ကိုဘသစ် နံနက်စောစောကြီး ဘယ်ကလှည့်လာတာလဲ"

"မော်လမြိုင်က ပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက် နေမကောင်းလို့ သွားကြည့်တာ။ ဘကြီးက အသက် ၈၁ နှစ် ရှိပြီ"

"အခြေအနေ ဘယ်လိုရှိလဲ"

"ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့ လေကောင်းလေသန့် ရတယ်။ သန်သန်မာမာ ဆိုပေမယ့် ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှ မကောင်းဘူးကွလို့ ပြောရမှာပဲ"

"အင်း ဇရာကို ညာလို့မရဘူး"

"ဒါနဲ့ ဘာသတင်း ထူးသေးလဲ"

"ခင်ဗျားပြောတဲ့ ငါးပိကိစ္စတော့ ထူးတယ်ဗျ။ MRTV က သတင်းတွေ ထုတ်ပြန်တယ်"

"ဟုတ်လား။ လုပ်စမ်းပါဦး"

"သူတို့ဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း စတဲ့ငါးပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကို ပို့သတဲ့"

"ဓာတ်ခွဲခန်းပို့လည်း ယူရီးယား တွေ့မှာပဲပေါ့"

"မတွေ့ဘူးတဲ့။ ငါးပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယား တွေ့တယ်။ ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယား ဓာတ်မြေသြဇာ ထည့်ထားတာ ဖြစ်ရမယ်ပေါ့။ တကယ်လို့ ငါးပိဟူသရွေ့ ယူရီးယား ပါတယ်ဆိုရင် ကျန်တဲ့ငါးပိ Sample နှစ်ခုမှာလည်း ဒီလိုယူရီးယားကို တွေ့ရမယ်လို့ ဗအုပ်ခိုင်က ကောက်ချက်ချတယ်"

"ကိုဗအုပ်ခိုင် ကောက်ချက်ချတာကို ကြားတော့ ကျုပ်ဘကြီး ပြောတာကို သတိရတယ်"

"ကျုပ်မော်လမြိုင် သွားတယ်လေ။ ဘကြီးနေမကောင်းလို့ သွားကြည့်တာ။ ကျုပ်ပြောပြတယ် မဟုတ်လား"

"ပြောပါတယ်"

"မော်လမြိုင်ရောက်တော့ ဘကြီးက နေကောင်းနေပြီ။ သူ့ကိုကြက်ပေါင်းရည်တို့ ငှက်သိုက်တို့ကို တိုက်တော့ မသောက်ဘူး။ ဒါနဲ့ ဘကြီးကို မေးတာပေါ့။

"ဘကြီး ဘာလို့ဒါတွေ မသောက်လဲ"

"ဒါတွေက ဓာတုဗေဒ ပစ္စည်းတွေ ပါမယ်လေ"

"ဟင် ဘကြီးဘယ်လိုလုပ် သိလဲ"

"သိဆို ကြက်ပေါင်းရည်ဆိုတာ ခဏလေး ထားရင်တောင် ပုပ်သွားတာပဲလေ။ တစ်ညလောက်ကြာရင် သိုးသွားတာပဲ"

"ဒါနဲ့ ကျုပ်လည်းဘကြီးကို ဒါတွေမတိုက်ရဲတော့ဘူး။ ကြာကြာခံအောင် လုပ်ထားတဲ့ အစာဆိုတာ တစ်စုံတစ်ခု ထည့်ရတယ်။ ဥပမာ ငါးဆားနယ် ဆိုပါတော့။ ဆားက မပုပ်အောင် လုပ်ထားတယ်။ ငါးသေတ္တာဆို ဆီကမပုပ်အောင် လုပ်ထားတာပေါ့"

"အင်း ဒါကြောင့် မြန်မာဆိုင်ကဟင်းတွေ ဆီများတာပေါ့"

"ဟုတ်တယ်။ မြန်မာပြည်လို ပူတဲ့ဒေသတွေမှာ ဟင်းတွေမှာ ဆီတွေအုပ်နေမှ မပုပ်သိုးတာပေါ့။ ရေခဲသေတ္တာထဲ ထည့်ပြီးထားရင် နှစ်ရက်သုံးရက်တော့ ခံတယ်။ Freezer ထဲ ထည့်ထားရင် ဒီထက်ကြာကြာ ခံတယ်"

"ခင်ဗျားဘကြီးက ခေါင်းမာတာပဲ"

"သူပြောတာ မှန်ပါတယ်။ အမှန်တော့ အန္တရာယ်နည်းတဲ့ Sodium Benzoate လိုမျိုးကို အစားအသောက်တွေမှာ Food Preservative အနေနဲ့ ခွင့်ပြုထားတယ်။ ဒါပေမဲ့ အချို့ကျတော့လည်း ယမ်းစိမ်း (Sodium Nirate) ကို ထည့်တယ်။ ၀က်အူချောင်းတို့မှာထည့်တာ ရှေးကတည်းကပဲ"

"ဘာမှ မဖြစ်ဘူးလား"

"ကင်ဆာ ဖြစ်တာပေါ့။ ဒါကလည်း များမှပါ။ ရှောက်ယိုတွေမှာ ကော့ပါးဆာလဖိတ် (ဒုတ္ထာ)ထည့်တာလည်း အန္တရာယ်များတယ်"

"စိမ်းစိမ်းလေးဖြစ်အောင် ထည့်တာပဲ မဟုတ်လား"

"မှန်ပါတယ်။ အစားအသောက်တွေမှာ Adulteration ဆိုတာမျိုးတွေ အများကြီးပါ"

"ဒါဆိုရင် ငါးပိမှာ ယူရီးယား မြေသြဇာ ထည့်တယ်ဆိုတာ ခင်ဗျားလက်ခံတာပေါ့"

"ဒါကို ကျွန်တော်ဘာမှ ကောက်ချက်မပေးလိုပါဘူး။ အရင်အပတ်က ကျွန်တော်ပြောသလိုပါပဲ။ ငါးတွေရဲ့ ကိုယ်ထဲမှာ ယူရီးယားတွေ ပါနေတယ်။ ဒါကြောင့် ကျွန်တော်က ယူရီးယားကို ငါးပိမှာတွေ့ရင် ဓာတ်မြေသြဇာကြောင့်ဆိုတာ မပြောနိုင်ဘူးလို့ ပြောခဲ့တာပဲ"

"ဒါပေမဲ့ ကိုဘသစ်ရ ကိုဗအုပ်ခိုင်က သူတို့ဟာ ဧရာဝတီတိုင်း ရန်ကုန်တိုင်းစတဲ့ ငါးပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကို ပို့တယ်။ ငါးပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယား တွေ့တယ်။ ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယား ဓာတ်မြေသြဇာ ထည့်ထားတာ ဖြစ်ရမယ်လို့ ဗအုပ်ခိုင်က ကောက်ချက်ချထားတယ်"

"ဒါကြောင့် ပြောတာပေါ့။ စောစောက စကားကို ပြန်ကောက်မယ်။ ကျုပ်ဘကြီးကို အားဖြစ်စေတာတွေ ဘာတိုက်တိုက် မသောက်ဘူး။ ဘကြီးက "ငါအားရှိပါတယ်။ မင်းဒီမှာကြည့်ဆိုပြီး ခြံထောင့်ကို ခေါ်သွားတယ်။ ပြီးတော့ ဧရာမ ကျောက်တုံးကြီးကို မပြတယ်"

"သူကျောက်တုံးကြီးကို မပြတယ် ဟုတ်လား"

"ဟုတ်တယ်။ ဒါပေမဲ့ ကျောက်တုံးကြီးကို သူမမနိုင်ဘူး"

"ဒါဆို သူအားရှိတယ်ဆိုတာ မှားနေတာပေါ့"

"ဒါပေမဲ့ သူကပြောတယ်။ "ဟေ့ ဒီမှာတွေ့လား။ ဒီကျောက်တုံးကို ငါ ၁၈ နှစ်သားကလည်း မမနိုင်ဘူး။ ခုလည်း မမနိုင်ဘူး။ ငါ ၁၈ နှစ်သားလောက် အားရှိတုန်းပဲတဲ့"

"ဟားဟား။ သူ့လောဂျစ်ကလည်း တစ်မျိုးကြီးပဲ"

"ဒါကြောင့် ပြောတာပေါ့။ မတွေ့တာ မဖြစ်တာ စောစောက ဘကြီး မမနိုင်တာတွေကို ကောက်ချက်ချလို့ မရဘူး။ သူတို့ တကယ်လို့ ငါးပိဟူသရွေ့ ယူရီးယား ပါတယ်ဆိုရင် ကျန်တဲ့ငါးပိ Sample နှစ်ခုမှာလည်း ဒီလိုယူရီးယားကို တွေ့ရမယ်လို့ ပြောတယ်။ ဒါဟာ ဖြစ်နိုင်သလို မဖြစ်လည်း မဖြစ်နိုင်ဘူး။ ယူရီးယားဟာ ကြာလာရင် အမိုးနီးယားနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်သွားတယ်။ နောက်ပြီး ယူရီးယားကို ဘက်တီးရီးယား အချို့ကလည်း စားသုံးတယ်"

"ဒါဆို သူတို့ကောက်ချက်တွေဟာ မှားနေတာပေါ့"

"သိပ္ပံစကားနဲ့ ပြောရင်တော့ မသေချာတဲ့ ကောက်ချက်ပေါ့။ တောင်ပေါ်မှာ လူသုံးယောက်ကို တွေ့တယ်။ တစ်ယောက်ပဲ ဘုရားရှိခိုးတယ်။ ဒါကြောင့် ကျန်တဲ့နှစ်ယောက်က ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးဆိုတဲ့ ကောက်ချက်လိုမျိုးပါ"

"ဒီလို ကောက်ချက်ချရင် မှားလား"

"မှားနိုင်ပါတယ်။ ခုဟာက မြန်မာတစ်မျိုးသားလုံး စားသောက်နေတဲ့ ငါးပိကိစ္စကို ပြောတာကြောင့် သတိထားဖို့ ပြောတာပါ။ ဓာတ်ခွဲခန်းကတော့ ပါမပါ အဖြေထုတ်ပေးတာပဲ။ ဒါပေမဲ့ တစ်ခါတစ်ခါ ဘယ်လောက်ပါတာကိုပဲ စမ်းလို့ရမယ် ဆိုတာမျိုးလည်း ရှိတယ်။ အချို့ ငါးပိလုပ်ရင် အူတွေကလီစာတွေကို မထုတ်ဘူး။ အချို့က အူတွေကလီစာတွေ ထုတ်တယ်။ မတူဘူး။ အူကလီစာတွေပါရင် ငါးပိတွေထဲမှာ ယူရီးယားတွေ များနေမှာ အသေအချာပဲပေါ့"

"ဒါဆိုရင် ငါးပိကို စားသုံးဖို့ သင့်တယ်ပေါ့"

"ကျုပ်က အဲဒါကို ပြောချင်တာ မဟုတ်ဘူး။ လွဲမှားနေတဲ့ လောဂျစ်တွေ အယူအဆတွေနဲ့ မှားတဲ့ကောက်ချက်တွေ မချမိဖို့ပါ။ သိပ္ပံပညာမှာ မှန်ကန်တဲ့ ကောက်ချက်တွေချလို့ ခုလိုကမ္ဘာကြီး တိုးတက်လာတာပါ။ ခင်ဗျားကို ဒီအကြောင်းတွေ ပြောပြရဦးမယ်"

"ပြောပါဗျာ၊ ခင်ဗျားဘကြီးလို ပြောချင်တာက ကျုပ်ဟာ သိပ္ပံပညာကို အရင်ကလည်း နားမလည်ဘူး။ ခုလည်း နားမလည်ဘူး၊ ဒါကြောင့် ကျုပ်က ငယ်ငယ်ကလိုပဲ ခုထိ ပညာတော်နေတာ"

"ဟားဟားဟား"

"ကိုဘသစ် နံနက်စောစောကြီး ဘယ်ကလှည့်လာတာလဲ"

"မော်လမြိုင်က ပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက် နေမကောင်းလို့ သွားကြည့်တာ။ ဘကြီးက အသက် ၈၁ နှစ် ရှိပြီ"

"အခြေအနေ ဘယ်လိုရှိလဲ"

"ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့ လေကောင်းလေသန့် ရတယ်။ သန်သန်မာမာ ဆိုပေမယ့် ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှ မကောင်းဘူးကွလို့ ပြောရမှာပဲ"

"အင်း ဇရာကို ညာလို့မရဘူး"

"ဒါနဲ့ ဘာသတင်း ထူးသေးလဲ"

"ခင်ဗျားပြောတဲ့ ငါးပိကိစ္စတော့ ထူးတယ်ဗျ။ MRTV က သတင်းတွေ ထုတ်ပြန်တယ်"

ဒိုင်းမွန်းပလာဇာတွင် ပြုလုပ်သည့် ဟစ်ဟော့ရှိုးပွဲတွင် ရန်ဖြစ်ပြီး လူသေဆုံးသည့် ကောလာဟလ မဟုတ်မှန်

Photo: ဒိုင်းမွန်းပလာဇာတွင် ပြုလုပ်သည့် ဟစ်ဟော့ရှိုးပွဲတွင် ရန်ဖြစ်ပြီး လူသေဆုံးသည့် ကောလာဟလ မဟုတ်မှန်



စက်တင်ဘာ ၂၇ ရက်ည ၇ နာရီခန့်က ဒိုင်းမွန်းပလာဇာ ခေါင်မိုးတွင် ပြုလုပ်သည့် ဟစ်ဟော့ရှိုးပွဲတွင် ရန်ဖြစ်ရင်း လူသေဆုံးသည်ဆိုသည့် ကောလာဟလများ ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လူသေဆုံးသည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း နယ်မြေခံ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးနှင့် မန္တလေးပြည်သူ့ ဆေးရုံမှ အရေးပေါ် မှုခင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ကျွန်တော်လည်း အခုတင် ဖေ့ဘွတ်ခ် ထိုင်ကြည့်နေတာ။  ရှိုးပွဲမှာ လူသေဆုံးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ သေချာမမေးမြန်း မစုံစမ်းဘဲနဲ့ သတင်းအမှားတွေ လျှောက်ရေးကြတယ်။ ရန်ဖြစ်တယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေတော့ မရပါဘူး။ ရန်ဖြစ်တဲ့ လူငယ်တွေကိုလည်း သူတို့အချင်းချင်း ကျေနပ်လို့ အမှုဖွင့်ထားတာမျိုး မရှိပါဘူး" အဆိုပါ ရှိုးပွဲပြုလုပ်ရာ အမှတ် (၈)ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီက အတည်ပြု ပြောကြားခဲ့သည်။

ရှိုးပွဲပြုလုပ်နေစဉ် စက်တင်ဘာ ၂၇ ရက် ည ၉ နာရီက ရှိုးပွဲလာရောက် ကြည့်ရှုသော လူငယ်များသည် ကခုန်နေစဉ် အချင်းချင်း ထိုးကြိတ်ရိုက်နှက်ခြင်း၊ ပုလင်းကွဲများဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် လူငယ် ၇ ဦးသည် ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေး ဆေးရုံကြီး အရေးပေါ်ထိခိုက် ကုသဌာနတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း ဆေးရုံကြီး အရေးပေါ် မှုခင်းမှတ်တမ်းများအရ သိရသည်။

စက်တင်ဘာ ၂၇ ရက်ည ၇ နာရီခန့်က ဒိုင်းမွန်းပလာဇာ ခေါင်မိုးတွင် ပြုလုပ်သည့် ဟစ်ဟော့ရှိုးပွဲတွင် ရန်ဖြစ်ရင်း လူသေဆုံးသည်ဆိုသည့် ကောလာဟလများ ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လူသေဆုံးသည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း နယ်မြေခံ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးနှင့် မန္တလေးပြည်သူ့ ဆေးရုံမှ အရေးပေါ် မှုခင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ကျွန်တော်လည်း အခုတင် ဖေ့ဘွတ်ခ် ထိုင်ကြည့်နေတာ။ ရှိုးပွဲမှာ လူသေဆုံးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ သေချာမမေးမြန်း မစုံစမ်းဘဲနဲ့ သတင်းအမှားတွေ လျှောက်ရေးကြတယ်။ ရန်ဖြစ်တယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေတော့ မရပါဘူး။ ရန်ဖြစ်တဲ့ လူငယ်တွေကိုလည်း သူတို့အချင်းချင်း ကျေနပ်လို့ အမှုဖွင့်ထားတာမျိုး မရှိပါဘူး" အဆိုပါ ရှိုးပွဲပြုလုပ်ရာ အမှတ် (၈)ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီက အတည်ပြု ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းတွင် စခန်းချထားသော နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူ

Photo: ထိုင်း-မြန်မာနယ်စပ် ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းတွင် စခန်းချထားသော နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူ


ထိုင်း-မြန်မာ နယ်စပ်ရှိ ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းများတွင် တပ်စွဲထားသော နှစ်ဖက်တပ်များ နေရာပြောင်း ဆုတ်ခွာရန် စက်တင်ဘာ ၂၇ ရက်က မြ၀တီမြို့၊ အေးချမ်းဖြိုး ရိပ်သာတွင် ပြုလုပ်ခဲ့သော TBC(Town Border Committee) ၏ အကြိမ် (၃၀)မြောက် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြောင်း သိရသည်။

"အဓိက ဆွေးနွေးတာကတော့ ပြဿနာဖြစ်နေတဲ့ ဆင်ဖြူသိမ်ကုန်းနဲ့ မယ့်ကွန်ကစ်ဘက်မှာ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်တပ်တွေ ချထားတယ်။ ဒါကို ရွှေ့ဆိုင်းဖို့ ဆွေးနွေးကြတယ်။ ဒေသဆိုင်ရာ နယ်ခြားကော်မတီမှာ ဆွေးနွေးခဲ့ပြီးပြီ။ ဒီနေ့ထပ် ဆွေးနွေးပြီး ဆုတ်ခွာဖို့ သဘောတူလိုက်ပါတယ်" ဟု ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အမှတ် (၄) ဒေသကွပ်ကဲရေးတပ် တပ်ရင်းမှူး ဥုကရစ်နိုကဖန်က ဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြ၀တီမြို့၏ မြောက်ဘက်တစ်မိုင်ခန့် အကွာတွင် ရှိနေသော ဆင်ဖြူသိမ်ကုန်းကျွန်းသည် မြန်မာပိုင်မြေ ဖြစ်သော်လည်း သောင်ရင်းမြစ်လမ်းကြောင်း ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံဘက် တာ့ခ်ခရိုင်ဘက်သို့ ရောက်သွားရာမှ ထိုကျွန်းတွင် မြန်မာတပ်စိတ် တစ်ခုကို နေရာချထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မက်ကွန်ကစ်ကျွန်းမှာ မြ၀တီမြို့၏ တောင်ဘက် ၁၅ မိုင်ခန့် အကွာတွင် ရှိနေသည်။

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသည် TBC အဆင့်ဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် အခြားအဆင့်များ ကျန်ရှိနေသေးကြောင်း၊ ဆွေးနွေးပွဲ သဘောတူညီခဲ့သည် ဆိုခြင်းထက် ထိုအချက်အလက်များကို ဆွေးနွေးခဲ့ကြသည် ဆိုခြင်းက ပိုမှန်နိုင်ကြောင်း ကရင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက စက်တင်ဘာ ၂၈ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။  

"ဟိုဘက်က တောင်းဆိုတာကို ဒီဘက်က လိုက်လျောမယ်။ ဒီဘက်က တောင်းဆိုတာကို ဟိုဘက်က လိုက်လျောမယ်ဆိုပြီး သဘောတူညီ ခဲ့ကြတာပါ" ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ စခန်းချထားသော နှစ်ဖက်တပ်များ နေရာပြောင်း ဆုတ်ခွာရန်အတွက် အစည်းအဝေးပေါင်း အကြိမ် (၃၀)ကျော် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီ ခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိများက ဆိုသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် မြ၀တီတံတား အနီးတွင် ရှိနေသော ရေလယ်ကျွန်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေလယ်ကျွန်းကို သာယာလှပအောင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကျွန်းပေါ်တွင် ဖြစ်ပွားနေသော မူးယစ်ဆေးဝါး ကိစ္စနှင့် ရာဇ၀တ်မှု ဖြစ်ပွားခြင်းများကို နှစ်ဖက်ညှိနှိုင်း ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။

သောင်ရင်းမြစ် အတွင်းရှိ မြန်မာပိုင် ရေလယ်ကျွန်းသည် မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု အများအပြား ဖြစ်ပေါ်နေသော နေရာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကော့မူးရာ ကရင်လူငယ် အစည်းအရုံး (KYO) က လူငယ်လက်နက်ကိုင် အင်အား ၂၅ ဦးနှင့်အတူ ကျွန်းကိုဝင်ရောက် ထိန်းချုပ်ခဲ့ပါသည်။ ထိုသို့ ထိန်းချုပ်လိုက်ခြင်းမှာ ရေလယ်ကျွန်း၌ မူးယစ်ဆေးဝါး ရောင်းချမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ကျွန်းပေါ်တွင် မူးယစ်ဆေးဝါး ဖြန့်ချိရေး လုပ်ကိုင်နေသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ပြီးနောက် KYO များ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် အမှတ် (၄)ဒေသ ကွပ်ကဲရေးတပ်၊ တပ်ရင်းမှူး ဥုကရစ်နိုကဖန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘက်မှ TBC ယာယီဥက္ကဋ္ဌ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးရန်နိုင်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းများတွင် တပ်စွဲထားသော နှစ်ဖက်တပ်များ နေရာပြောင်း ဆုတ်ခွာရန် စက်တင်ဘာ ၂၇ ရက်က မြ၀တီမြို့၊ အေးချမ်းဖြိုး ရိပ်သာတွင် ပြုလုပ်ခဲ့သော TBC(Town Border Committee) ၏ အကြိမ် (၃၀)မြောက် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြောင်း သိရသည်။

"အဓိက ဆွေးနွေးတာကတော့ ပြဿနာဖြစ်နေတဲ့ ဆင်ဖြူသိမ်ကုန်းနဲ့ မယ့်ကွန်ကစ်ဘက်မှာ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်တပ်တွေ ချထားတယ်။ ဒါကို ရွှေ့ဆိုင်းဖို့ ဆွေးနွေးကြတယ်။ ဒေသဆိုင်ရာ နယ်ခြားကော်မတီမှာ ဆွေးနွေးခဲ့ပြီးပြီ။ ဒီနေ့ထပ် ဆွေးနွေးပြီး ဆုတ်ခွာဖို့ သဘောတူလိုက်ပါတယ်" ဟု ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အမှတ် (၄) ဒေသကွပ်ကဲရေးတပ် တပ်ရင်းမှူး ဥုကရစ်နိုကဖန်က ဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြ၀တီမြို့၏ မြောက်ဘက်တစ်မိုင်ခန့် အကွာတွင် ရှိနေသော ဆင်ဖြူသိမ်ကုန်းကျွန်းသည် မြန်မာပိုင်မြေ ဖြစ်သော်လည်း သောင်ရင်းမြစ်လမ်းကြောင်း ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံဘက် တာ့ခ်ခရိုင်ဘက်သို့ ရောက်သွားရာမှ ထိုကျွန်းတွင် မြန်မာတပ်စိတ် တစ်ခုကို နေရာချထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မက်ကွန်ကစ်ကျွန်းမှာ မြ၀တီမြို့၏ တောင်ဘက် ၁၅ မိုင်ခန့် အကွာတွင် ရှိနေသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်

Photo: လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား



လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် Daily Eleven သတင်းစာ၏ "လက်ရှိအချိန်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများကို ခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းတို့မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများကို လက်ရှိဓာတ်အားခ နှုန်းထားများထက် ပိုသောနှုန်းဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထို့ကြောင့် အဆိုပါ ကုမ္ပဏီများအား ရောင်းချရမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၀န်ကြီးဌာန အနေဖြင့် သတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ" မေးခွန်းကို ပြန်လည်ဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက "ပုဂ္ဂလိက ကုမ္ပဏီတွေကို လောလောဆယ်ကတော့ သူတို့ကို ကျွန်တော်တို့က ဓာတ်အားထုတ်လုပ်ခွင့်ပဲ ပေးထားတာ။ ဓာတ်အားရောင်းချတာတော့ သူတို့ကို ရောင်းခွင့်မပေးသေးပါဘူး။ မပေးသေးဘူး ဆိုတာက ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်တာကလည်း အခုလောလောဆယ် gas နဲ့ ထုတ်တာပါ။ ထုတ်တဲ့အခါမှာ ကျွန်တော်တို့က ဘာကိုပဲ သူတို့ကိုပေးလဲဆိုတော့ သူတို့စက်တပ်ဆင်ပြီး ထုတ်လုပ်ခကိုပဲ သူတို့ကို ပေးတာ။ ကျန်တာက ကျွန်တော်တို့ ၀န်ကြီးဌာနက နေပြီးတော့ ဒီဓာတ်အားတွေကို ယူပြီးတော့မှ ပြည်သူလူထုကိုဖြန့်မှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ နံပါတ်တစ် အပိုင်းက သူတို့ရဲ့ ဓာတ်အားထုတ်လုပ်ခကို ကျွန်တော်တို့ လက်ရှိဝန်ကြီးဌာနက ထုတ်လုပ်နေတဲ့ gas turbine တွေရဲ့ ဓာတ်အားထုတ်လုပ်ခထက် မများစေရဘူး။ အဲဒီနှုန်းတော့ ကျွန်တော်တို့ Level ဖြစ်အောင်ချိန်ပြီး လုပ်ပေးပါတယ်။ လောလောဆယ် ကျွန်တော်တို့ အခုလုပ်နေတာကတော့ သူတို့ဆီက ဓာတ်အားကို ကျွန်တော်တို့က ၀ယ်ပြီးတော့မှ ကျွန်တော်တို့ကပဲ ပြည်သူကို ဖြန့်တဲ့နည်းကို သုံးပါသေးတယ်။ နောက်ဆိုရင်တော့ ခုနက ပုဂ္ဂလိက ဓာတ်အားထုတ်ရောင်းတဲ့ ဟာတွေ ပေါ်လာရင် အဲကျရင်လည်း အခုကျွန်တော်တို့ ၀န်ကြီးဌာနက ပါမယ်။ ပါမယ် ဆိုတာက ဓာတ်အားခ မြင့်သွားမှာ စိုးလို့ပါတာပါ။ ဓာတ်အားခကို ကျွန်တော်တို့က ထိန်းချုပ်ဖို့ပါ။ မြင့်အောင်လုပ်လို့ မရဘူး။ ကျွန်တော်တို့ကနေပြီး တကယ့်စံနှုန်း သတ်မှတ်ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက် တာကိုပဲ ကျွန်တော်တို့က ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် မလုပ်ရသေးဘူး။ လာမယ့်နွေမှာ စက်မှုဇုန်တွေ ကျွန်တော်စပြီး လုပ်ကြည့်မယ်။ ဒါလည်း ကျွန်တော်ခင်ဗျားတို့ အားလုံးကိုခေါ်ပြီး ပွင့်ပွင့်လင်းလင်း ချပြပါမယ်။ ကျွန်တော်တို့ ဘယ်လောက်နဲ့ လုပ်မလဲ။ ဘယ်လိုလုပ်မလဲ။ ဒါကို ခင်ဗျားတို့ အနေနဲ့ ၀ိုင်းပြီးသုံးသပ် ပေးကြပါ။

နောက်တော့ ပုဂ္ဂလိက လုံးဝဖြစ်သွားရင်တော့ သူတို့ပဲ ထုတ်ရောင်းဖြစ်သွားမယ် ။အဲဒီ step ကို ကျွန်တော်တို့က သွားလို့မရသေးဘူး။ ပုဂ္ဂလိကကလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့နှုန်းနဲ့ မရောင်းနိုင်ဘူး။ သူတို့ရောင်းမယ်ဆို သူတို့က ခင်ဗျားတို့ ပြောသလိုပဲ ၁၀၀ ကျော်မယ်။ ၂၀၀ ကျော်မယ်။ ကျွန်တော်တို့ ပေးမရောင်းဘူး။ ကျွန်တော်တို့ပဲ ထိန်းထားတာ" ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီအချို့သည် မြို့နယ်အချို့၌ အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် နေမှုများ ရှိကြောင်း၊ ဥပမာ မန္တလေးတွင် ရှိကြောင်း၊ ၎င်းတို့အား လျှပ်စစ်ဓာတ်အား ရောင်းချခြင်းကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လက်ရှိအစိုးရမှ ရောင်းချနေသည့် ဈေးနှုန်းဖြစ်သည့် တစ်ယူနစ် ၃၅ ကျပ်နှုန်းသာ ကောက်ခံရန် သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် Daily Eleven သတင်းစာ၏ "လက်ရှိအချိန်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများကို ခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းတို့မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများကို လက်ရှိဓာတ်အားခ နှုန်းထားများထက် ပိုသောနှုန်းဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထို့ကြောင့် အဆိုပါ ကုမ္ပဏီများအား ရောင်းချရမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၀န်ကြီးဌာန အနေဖြင့် သတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ" မေးခွန်းကို ပြန်လည်ဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့

Photo: အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများအားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့လိုက်သည့်အပြင် အဆိုပါ ထောင်အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်းကမ်းလျော့ရဲမှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်းများကိုလည်း ဆောင်ရွက်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်းအကျဉ်းထောင်အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက "ကော့သောင်းအကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေ အကုန်လုံးကို အခြားထောင်တွေမှာ ပြောင်းပြီး တာဝန်ပေးထားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အကျဉ်းဦးစီး ၀န်ထမ်းတွေကို အခြားထောင်တွေမှာ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်" ဟု စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

"စုံခုံဖွဲ့ပြီး စစ်ဆေးတာ ပြီးသွားပြီ။ ဒီစစ်ဆေးချက်တွေကို ပြည်ထောင်စု ၀န်ကြီးဆီ တင်ပြထားတယ်။ ဘယ်လိုဆက်လက် ဆောင်ရွက်မယ် ဆိုတာတော့ မသိရသေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာန အနေနဲ့ ထိထိရောက်ရောက် အရေးယူ သွားမယ်ဆိုတာတော့ သိရတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြားသည်။

ကော့သောင်းအကျဉ်းထောင် အတွင်းရှိ အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားပြီး အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့ ထောင်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများအားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့လိုက်သည့်အပြင် အဆိုပါ ထောင်အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်းကမ်းလျော့ရဲမှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်းများကိုလည်း ဆောင်ရွက်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်းအကျဉ်းထောင်အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

Photo: ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ


ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။

ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။  

ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။

SEA Games ကျင်းပမည့် နေပြည်တော် အခြေခံကျောင်းများ ဒီဇင်ဘာ တစ်လလုံး ပိတ်မည်


ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SEA Games ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်တွင် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း အခြေခံကျောင်းများ ဒီဇင်ဘာတစ်လလုံး ပိတ်မည် ဖြစ်သဖြင့် အစားထိုး ကျောင်းဖွင့်ရက်ကို သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။
“ဆီးဂိမ်းကျင်းပမယ့် နေပြည်တော်မှာပဲ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဆက်တက်ရမှာ။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေက အရင်စာသင်နှစ် အတိုင်းပဲ ကျောင်းပိတ်မှာ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

SEA Games ပြိုင်ပွဲအချို့ ကျင်းပမည့် ရန်ကုန်မြို့တွင် ကျောင်းပိတ်ခြင်း ရှိမရှိ မသတ်မှတ်ရသေးသော်လည်း အောက်တိုဘာလတွင် ကျရောက်မည့် သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် ကျောင်းများ ဆက်လက် ဖွင့်လှစ်ရေးအတွက် စီစဉ်လျက် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
“အစကတော့ အောက်တိုဘာ ကျောင်းတက်ရမယ်လို့ ပြောတယ်။ အခုတော့ မတက်ရတော့ဘူးတဲ့။ ဒါပေမဲ့ နှစ်ဝက် စာမေးပွဲတွေကိုတော့ အရင်ကလို နိုဝင်ဘာမှာ မစစ်တော့ဘူး။ အောက်တိုဘာမှာ စစ်မယ်လို့ ကြားတယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကျောင်းသူတစ်ဦးက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်ရေးဆွဲရေး ပြည်သူ့ ဆန္ဒ ကောက်ခံမည်ဟု NLD ဆို

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်ရေးဆွဲရေး ပြည်သူ့ ဆန္ဒ ကောက်ခံမည်ဟု NLD ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈

အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ သဘောထားကို ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် ပြန်လည် ရေးဆွဲရန်အတွက် အားသာချက်၊ အားနည်းချက်များကို တိုင်းရင်းသား ပါတီများနှင့် ဆွေးနွေးခဲ့သော်လည်း တူညီသော ဆုံးဖြတ်ချက် မရသဖြင့် ပြည်သူ့ဆန္ဒ ကောက်ခံရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ လမ်းကြောင်း ဖြစ်ပြီး အသစ်ပြန်ရေးခြင်းသည် ပါတီ၏ လမ်းကြောင်း မဟုတ်သဖြင့်  ပြတ်သားစွာ ပြောကြားရန် လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက The Voice သို့ ပြောကြားသည်။  

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် အစိုးရ ဖွင့်ပေးသောလမ်းကို လျှောက်ခြင်း ဖြစ်ပြီး အသစ်ပြန်လည် ရေးဆွဲပါက အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မှတ်ချက်ပေးသည်။
“အစိုးရကို ထိပ်တိုက် ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းတယ်။ သမိုင်းကြောင်းတွေလည်း အများကြီး ရှိတယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုများက ပြင်ဆင်ရာတွင် ဦးတည်ချက်များ ကွဲလွဲနေပြီး အခြေခံဥပဒေ ကို ပြင်ဆင်ခြင်းနှင့် ပြန်လည် ရေးဆွဲခြင်း လုပ်ငန်းတွင် အကျိုးသက်ရောက်မှု ကြီးစွာကွာဟကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက သုံးသပ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ပြောင်းလဲရေး လုပ်ငန်းစဉ်များ မဖြစ်နိုင်သည့်အတွက် အသစ်ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရန် ကြိုးပမ်းခြင်းက အကျိုးကျေးဇူး ပိုရနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ပါတီ၏ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေး ကော်မတီကို သြဂုတ်လ ၆ ၇က်နေ့က ရှေ့နေ ခြောက်ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းတွင် အခြေခံဥပဒေ ပြင်ဆင်ချက်များကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၈

အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ သဘောထားကို ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် ပြန်လည် ရေးဆွဲရန်အတွက် အားသာချက်၊ အားနည်းချက်များကို တိုင်းရင်းသား ပါတီများနှင့် ဆွေးနွေးခဲ့သော်လည်း တူညီသော ဆုံးဖြတ်ချက် မရသဖြင့် ပြည်သူ့ဆန္ဒ ကောက်ခံရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ လမ်းကြောင်း ဖြစ်ပြီး အသစ်ပြန်ရေးခြင်းသည် ပါတီ၏ လမ်းကြောင်း မဟုတ်သဖြင့် ပြတ်သားစွာ ပြောကြားရန် လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက The Voice သို့ ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis