menu

Friday 2 November 2012

၈၈ မျိုးဆက်အဖွဲ့နှင့် ABSDF တွေ့မည်

Photo: ၈၈ မျိုးဆက်အဖွဲ့နှင့် ABSDF တွေ့မည်
Friday, November 02, 2012 

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့သို့ ယနေ့ရောက်ရှိလာသည့် အဖွဲ့ဝင် ၈ ဦးပါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးမည် ဖြစ်သည်။

...ABSDF ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက”ဒီခရီးစဉ်မှာ သူတို့ ကျွန်တော်တို့နဲ့ ဆွေးနွေးဘို့ ရှိတယ်။ အဓိက လက်ရှိနိုင်ငံရေး အခင်းအကျင်းကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ရဲ့ မူဝါဒတွေကို တင်ပြပြီး ဘယ်လို လက်တွဲပူးပေါင်းလို့ရမလဲ ဆိုတာတွေကို ဆွေးနွေးသွားဘို့ရှိတယ်” ဧရာဝတီသတင်းဌာနကို ပြောသည်။

ABSDF ကျောင်းသားတပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပြီး နယ်စပ်ဒေသသို့ ရောက်ရှိသွားသော ကျောင်းသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခု ၎င်းတို့ တွေ့ဆုံမည့် ၈၈ အဖွဲ့နှင့် မျိုးဆက် တခုတည်း ဖြစ်သည်။

ထိုင်းခရီးစဉ်တွင် ပါဝင်သည့် ၈၈ အဖွဲ့ ကိုယ်စားလှယ်များ
ကိုမြအေး၊ ကိုပြုံးချို၊
ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင်၊
ကိုစိုးထွန်း၊ မမီမီလွင်၊ မစမ်းစမ်းမော်

၈၈ အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာတိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနှင့်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း အပါအ၀င် အကြောင်းအရာအများအပြား ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တွေ့ဆုံလိုသော်လည်း ခေါင်းဆောင်များ အားလုံး ဗဟိုကော်မတီအစည်းအဝေး တက်ရောက်နေသဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ရပ်ဆိုင်းထားရသည်ဟု KNU ဘက်မှ တာဝန်ရှိသူ တဦးက ပြောသည်။

၈၈ မျိုးဆက်အဖွဲ့ ကိုယ်စားလှယ်များသည် ယခုလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဘန်ကောက်၊ ချင်းမိုင်နှင့် အခြားဒေသအချို့ကို သွားရောက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် တွေဆုံရန်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့ အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည်
ပြီးခဲ့သည့်နှစ်များအတွင်း ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အများစုမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့ကြသည်။

ဒီမိုကရေစီဖော်ဆောင်နေသော မြန်မာပြည်၏ အထင်ကရ အင်အားစုတခု အဖြစ် လှုပ်ရှားလျက်ရှိသည်။
ှုIrrawaddy

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း
ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့သို့ ယနေ့ရောက်ရှိလာသည့် အဖွဲ့ဝင် ၈ ဦးပါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးမည် ဖြစ်သည်။

...ABSDF ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက”ဒီခရီးစဉ်မှာ သူတို့ ကျွန်တော်တို့နဲ့ ဆွေးနွေးဘို့ ရှိတယ်။ အဓိက လက်ရှိနိုင်ငံရေး အခင်းအကျင်းကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ရဲ့ မူဝါဒတွေကို တင်ပြပြီး ဘယ်လို လက်တွဲပူးပေါင်းလို့ရမလဲ ဆိုတာတွေကို ဆွေးနွေးသွားဘို့ရှိတယ်” ဧရာဝတီသတင်းဌာနကို ပြောသည်။

ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင်ကြိုးဆွဲချသေဆုံးနေသော လူသေအလောင်းတစ်လောင်းကိုမြင်တွေ့

Photo: ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင်ကြိုးဆွဲချသေဆုံးနေသော လူသေအလောင်းတစ်လောင်းကိုမြင်တွေ့


စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏ အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ်ခါးခြံဝင်းတစ်ခုတွင် ပျားဖွတ်ရန် ပျားအုံလိုက်ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော လူသေအလောင်း တစ်လောင်းအား အောက်တိုဘာ (၂၇)ရက်၊ညနေ (၅)နာရှိအချိန် ခန့်က တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြား သည်။

““ဦးအောင်ဝင်းရဲ့သနပ်ခါးခြံဘက်မှ ပျားလိုက်ဖွတ်သူတစ်ဦး က ကြိုးဆွဲချပြီးသေဆုံးနေတဲ့လူသေအလောင်းကိုတွေ့ခဲ့ရတာဖြစ်ပါတယ်””ဟု ၎င်းမြို့ခံတစ်ဦးကဆို ပါတယ်။

သစ်ပင်တွင်လူတစ်ဦးကြိုးဆွဲ ချသေဆုံးနေခြင်းကို သက်ဆိုင်ရာ သို့ ဆက်သွယ်မေးမြန်းရာတာဝန် ရှိသူတစ်ဦးက ““သေဆုံးသူက ဇရစ် ကျေးရွာနေ ကို—–အသက်(၄၀) နှစ်ဆိုသူဖြစ်ပါတယ်။ပျားဖွတ်သွား တဲ့သူက လူသေအလောင်းကိုတွေ့ ရတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက သက်ဆိုင် ရာ ရဲဌာနကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။
သေမှုသေခင်းအမှတ် စဉ် ၁၂/၂၀၁၂အရ အရာတော် ရဲစခန်းက
ဆောင်ရွက်ထားပါတယ်”” ဟု တာဝန်ရှိသူ ရဲအရာရှိတစ်ဦး ကပြောကြားခဲ့ပါသည်။

အရာတော်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏ အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ်ခါးခြံဝင်းတစ်ခုတွင် ပျားဖွတ်ရန် ပျားအုံလိုက်
ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော လူသေအလောင်း တစ်လောင်းအား အောက်တိုဘာ (၂၇)ရက်၊ညနေ (၅)နာရှိအချိန် ခန့်က တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြား သည်။

““ဦးအောင်ဝင်းရဲ့သနပ်ခါးခြံဘက်မှ ပျားလိုက်ဖွတ်သူတစ်ဦး က ကြိုးဆွဲချပြီးသေဆုံးနေတဲ့လူသေအလောင်းကိုတွေ့ခဲ့ရတာဖြစ်ပါတယ်””ဟု ၎င်းမြို့ခံတစ်ဦးကဆို ပါတယ်။

သရုပ်ဆောင်လုပ်ရန် မစဉ်းစားသေးဟု နန်းခင်ဇေယျာဆို

Photo: သရုပ်ဆောင်လုပ်ရန် မစဉ်းစားသေးဟု နန်းခင်ဇေယျာဆို

ကျော်ဇင်မန်း(မြစ်မခ)

 
  ဂျပန်နိုင်ငံ၌ကျင်းပသော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ ယခုချိန်ထိ သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စဉ်းစားထားခြင်း မရှိသေးကြောင်း သိရသည်။
 
 
“အခုချိန်ထိတော့ သရုပ်ဆောင်တစ်ဦးအဖြစ်လုပ်ဖို့ကို မစဉ်းစားသေးပါဘူး။ အရင်ပုံမှန်လုပ်နေတဲ့အလုပ်ကိုပဲ လုပ်နေမှာပါ” ဟု နန်းခင်ဇေယျာက ပြောသည်။
 
 
လက်ရှိအချိန်တွင် နန်းခင်ဇေယျာ Miss Mysnmar တစ်ဦးအဖြစ်နှင့်သာ စီးပွားရေးကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ကူး နေခြင်းဖြစ်ပြီး ယခင်အလုပ်အကိုင်ဖြစ်သော Tourist Guide တစ်ဦးအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။
 
 
“နိုဝင်ဘာလ(၈)ရက်နေ့မှာ Program တစ်ခုကို လက်ခံထားပါတယ်။ အဲဒီ့ခရီးစဉ်မှာ ဂျာမန်ခရီးသွားတွေအတွက် ဧည့်လမ်းညွှန်အဖြစ် တာဝန်ယူပေးရမှာပါ”ဟု နန်းခင်ဇေယျာကပြောသည်။
 
 
 နန်းခင်ဇေယျာအနေဖြင့် ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိနေပြီး ၎င်းနှင့်အတူပါဝင်လှူဒါန်းလိုပါက ၎င်း၏ G-mail အကောင့်ဖြစ်သော nangkhinzayyar@gmail.com သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း ၎င်း၏ Face book စာမျက်နှာတွင် ဖော်ပြထားသည်။
 
 
နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံတွင်ပြုလုပ်သော Miss International 2012 ပြိုင်ပွဲတွင် Miss Internet ဆုနှင့် Miss People’s Choice ဆုများကိုရရှိခဲ့ပြီး လက်ရှိအချိန်တွင် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
ဂျပန်နိုင်ငံ၌ကျင်းပသော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ ယခုချိန်ထိ သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စဉ်းစားထားခြင်း မရှိသေးကြောင်း သိရသည်။

“အခုချိန်ထိတော့ သရုပ်ဆောင်တစ်ဦးအဖြစ်လုပ်ဖို့ကို မစဉ်းစားသေးပါဘူး။ အရင်ပုံမှန်လုပ်နေတဲ့အလုပ်ကိုပဲ လုပ်နေမှာပါ” ဟု နန်းခင်ဇေယျာက ပြောသည်။

လက်ရှိအချိန်တွင် နန်းခင်ဇေယျာ Miss Mysnmar တစ်ဦးအဖြစ်နှင့်သာ စီးပွားရေးကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ကူး နေခြင်းဖြစ်ပြီး ယခင်အလုပ်အကိုင်ဖြစ်သော Tourist Guide တစ်ဦးအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧည့်လမ်းညွှန် လုပ်ဖို့ အသေကြိုးစားခဲ့ရတော့ ဒီအလုပ်ကို မရပ်တန့် ချင်ဘူး

Photo: ဧည့်လမ်းညွှန် လုပ်ဖို့ အသေကြိုးစားခဲ့ရတော့ ဒီအလုပ်ကို မရပ်တန့် ချင်ဘူး

02 NOVEMBER 2012 

ဂျပန်နိုင်ငံမှာ Miss International ပြိုင်ပွဲဝင်ခဲ့တဲ့ အချိန် တုန်းက စင်ပေါ်မှာ သူ့ရဲ့ပြိုင်ပွဲဝတ်စုံ နဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ ဝေဖန်မှုပေါင်း မြောက်များစွာခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ် ချက်ကြောင့်ဝတ်ဆင်ခဲ့တာဖြစ်ပြီး မြန်မာမိန်းကလေးတစ်ယောက်ဖြစ် တာကြောင့် ဒီလိုဝတ်စားဆင်ယင်မှု မျိုးကိုလုံးဝမနှစ်သက်ပါဘူးလို့ဆိုပါ တယ်။ အင်တာနက်စာမျက်နှာပေါ် က ဝေဖန်ချက်တွေကြောင့် ဂျာနယ် မဂ္ဂဇင်းတွေရဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ မှာတောင်မှ အဝတ်အစားကို သေချာစွာဂရုတစိုက်ရွေးချယ်ဝတ် ဆင်ပြီးမှ ရိုက်ကူးတယ်လို့သိရပါ တယ်။
Q.ဧည့်လမ်းညွှန်တစ်ယောက် ဘဝနဲ့ ခုလိုအာရုံစိုက်ခံလာရတဲ့ ဘဝဘယ်အရာကိုပိုနှစ်သက်လဲ
A. ဧည့်လမ်းညွှန်ဆိုတာက ညီမရဲ့ တကယ့် Professional ဘဝ၊ ဒီအလုပ်ကလည်း ကိုယ့်နိုင်ငံ ရဲ့ ပုံရိပ်နဲ့ အများကြီးသက်ဆိုင်တဲ့ အလုပ်၊ Miss အနေနဲ့ပြိုင်ပွဲဝင်ခဲ့ တာကလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ စည်းလုံးမှုကိုပြခွင့်ရလိုက်တယ်။ မြန်မာဆိုတာဘာလဲ ဒီစင်မြင့်ပေါ် မှာ ပြသခွင့်ရလိုက်တဲ့အတွက်လည်း ကျေနပ်ပါတယ်။
Q. ခုလိုပြိုင်ပွဲဝင်ပြီးပြန်လာတဲ့ အခါမှာ MTF ဘယ်လိုနားလည် မှုတွေနဲ့ ဆက်လက်လုပ်ကိုင်မှာပါ လဲ။
A. MTF နဲ့ က ထွေ ထွေထူးထူးချုပ်ကိုင်ထားမျိုးမရှိပါ ဘူး။ ညီမရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ဓာတ်ပုံရိုက်တာကအစ တခြားအနုပညာအလုပ်တွေလုပ် တာပါ၊ အားလုံးကိုတော့ သူတို့ကို တင်ပြရပါတယ်။ ညီမရဲ့Miss Myanmar သက်တမ်းကလည်း ၂၀၁၃ မတ်လဆိုရင် စာချုပ်ပြည့်ပါ ပြီ။
Q.စာချုပ်ပြည့်သွားရင်ရော ဘာတွေဆက်လုပ်ဖို့အစီအစဉ်ရှိလဲ။
A.ညီမက ခုဆုရတယ်ဆို တာကလည်း မြန်မာပြည်သူပြည် သားတွေချစ်လို့ပေးတဲ့ဆုပါ။ အဲဒီ တော့ ကိုယ့်မြန်မာနိုင်ငံအတွက် ကောင်းတာတွေကို တတ်နိုင်တဲ့ ဘက်ကလုပ်သွားဖို့ပဲအစီအစဉ်ရှိပါ တယ်။
Q. နန်းခင်ဇေယျာကို Role Model တစ်ယောက်အနေနဲ့ပဲ ရပ်တည်စေချင်တယ်လို့ပြောတဲ့ အပေါ်ရော
A. ခုကတော့ ညီမလည်း ရုပ်ရှင်မရိုက်သေးဘူး။ ဒီပြည်သူလူ ထုက ညီမရဲ့ ပုံရိပ်တွေကို မြင်ချင် တယ်ဆိုလို့သာ ဓာတ်ပုံတွေရိုက် ဖြစ်တာ။ ညီမခုအလုပ်နှစ်ခုကို မျှပြီး လုပ်နေပါတယ်။ ညီမပရဟိတ အလုပ်တွေပဲပိုလုပ်ချင်ပါတယ်။
Q.Miss World အတွက် ဖိတ်ကြားထားခြင်းခံရတယ်ဆိုတော့ ပြိုင်ပွဲဝင်ဖြစ်ဦးမှာလား
A. အဲဒီကိစ္စသွားပြိုင်ဖို့မပြိုင်ဖို့ အသေးစိတ်မသိရသေးဘူး။ ပြင်ဆင် ရဖို့အပိုင်းတွေလည်းအများကြီးရှိ တယ်။ Miss World က နောက်နှစ် မှဆိုတော့ ညီမရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာကြိုမသိနိုင် ဘူး။ နောက်နှစ်ပြိုင်ရမယ့် အချိန်မှာ ညီမကို ပြိုင်ဖို့လိုလိုလားလားရှိဦး မယ်ဆိုရင်တော့ ညီမပြိုင်ဖြစ်သွား မှာပါ။
Q.ခုလိုလူတွေအများကြီးက ကိုယ့်ကိုသောင်းသောင်းဖြဖြကြိုတဲ့ မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ဖူး လား။
A. ညီမလုံးဝတွေးမထားတဲ့ အရာပါ။ Miss International ပြိုင်ပွဲ ပြီးတော့ ညီမကိုယ့်အလုပ်တွေနဲ့ တော်တော်လေးပြတ်သွားခဲ့သေး တယ်။ နိုင်ငံတကာမှာပြိုင်တဲ့ အချိန်က လူတွေအများကြီးရဲ့ အားပေးမှုကိုလည်း ရခဲ့တယ်။ ပြန်လာတော့လည်း လူတွေအများ ကြီးကကိုယ့်ကိုကြိုဆိုကြတော့ အရမ်းကို ပီတိဖြစ်ရပါတယ်။ အဲဒီ အချိန်မှာ ပရိသတ်တွေအတွက် ဘာပြန်လုပ်ပေးရမလဲဆိုတဲ့ စိတ်ဖြစ်မိတယ်။
Q.ခုလိုဖြစ်ရပ်တွေပေါ်မှာ ညီမလေးရဲ့ ခံစားမှုက
A.ညီမ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုလေးစားပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ညီမကိုချစ်တဲ့ စိတ်မဟုတ်ဘဲ မြန်မာနိုင်ငံကိုချစ်တဲ့ စိတ်နဲ့အားပေးခဲ့တာဆိုတော့ မျိုးချစ်စိတ်ကို လုံးဝအသိအမှတ်မပြု လို့မရပါဘူး။
Q. မြန်မာမိန်းကလေးတွေကို ညီမပြောချင်တဲ့စကားတစ်ခွန်း လောက်
A. နိုင်ငံတကာမှာ ပြိုင်ပွဲဝင် နိုင်အောင်ကြိုးစားကြပါ။ နောင် အနာဂတ်မှာ ညီမထက်ပိုပြီး တော်တဲ့၊ လှတဲ့ဆုတွေအများကြီး ရနိုင်တဲ့မိန်းကလေးတွေ မြန်မာနိုင်ငံ မှာ အများကြီးရှိပါသေးတယ်လို့
Q.နန်းခင်ဇေယျာ အနာဂတ် စိတ်ကူးက
A.ညီမဘဝကို ဒီ့ထက်ပိုပြီး တိုးတက်အောင် အချိန်တိုင်းမှာ ကြိုးစားနေပါမယ်။
Q. ဂျပန်ပြိုင်ပွဲဝင်နေတဲ့ အချိန် ညီမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ် သက်ပြီး အားမလိုအားမရဖြစ်ကြ တဲ့အပေါ် ညီမဘာပြောချင်လဲ
A.ညီမ ဒီပြိုင်ပွဲဝင်ဖို့ ပြင်ဆင် ချိန်နည်းလွန်းပါတယ်။ ပြင်ပလှုပ် ရှားသွားလာမှုတွေအတွက် ပြင် ဆင်ချိန်လုံးဝမရလိုက်ပါဘူး။ စာရွက် စာတမ်း၊ ဓာတ်ပုံတွေအများကြီး ပို့ဖို့ ပြင်ဆင်ရတယ်။ ညီမသာ ဒီ့ထက် ပြင်ဆင်ချိန်ပိုရခဲ့မယ်ဆိုရင် ဒီ့ထက်ပို တဲ့ ရလာဒ်ထွက်မယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။
Q.ပြိုင်ပွဲကပြန်လာပြီးတဲ့ အချိန် ဓာတ်ပုံတွေရိုက်ကူးမှုမှာရော MTF ဝတ်စားဆင်ယင်မှုကိုရော ထိန်းချုပ်ထားသေးလား
A. မရှိပါဘူး။ ညီမက မြန်မာ တစ်နိုင်ငံလုံးရဲ့ စံပြမယ်တစ်ယောက် လည်းဖြစ်တယ်။ ပြိုင်ပွဲမှာ Bikini ဝတ်တာကိုလည်း မြန်မာတစ် နိုင်ငံလုံးက အင်တာနက်မှာ Comment တွေတော်တော်များများ ပေးထားတယ်။ ညီမသာလျှပ်ပေါ် လော်လီသာဝတ်နေမယ်ဆိုရင် ညီမနောက်ကလိုက်လာကြမယ့် သူတွေအတွက် အရမ်းရင်လေး ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း ညီမအတတ်နိုင် ဆုံးဂရုစိုက်သလိုအပြင်မှာ သွားလာ တဲ့အချိန်မျိုးဆိုလည်း ဂရုစိုက်ဖြစ် သွားတာပါ။ ညီမရဲ့ စိတ်ကြိုက် ဝတ်ချင်တဲ့ ပုံစံဆိုရင်တော့ T-Shirt နဲ့ ဂျင်းဘောင်းဘီရှည်ပါပဲ။
Q. မြန်မာနိုင်ငံသူနိုင်ငံသား တွေကို ညီမပြောချင်တဲ့စကား
A. ညီမအားလုံးကိုကျေးဇူး တင်တယ်။ ညီမကိုဝေဖန်ပေးတဲ့ ကောင်းတာရော၊ မကောင်းတာ ရောအားလုံးက ညီမကိုခွန်အားတွေ ဖြစ်စေပါတယ်။ မြန်မာတစ်နိုင်ငံလုံး ကနိုင်ငံသူနိုင်ငံသားတွေအားလုံး ကိုချစ်ပါတယ်။ အဲဒီတော့ သူတို့ တွေအတွက် ညီမဘာတွေလုပ်ပြ သွားမလဲဆိုတာကိုစောင့်ကြည့်စေချင် ပါတယ်။ ဘဝဆိုတာကတော့ ဒီလို ပါပဲ။ ဘယ်သူမှ လွယ်ကူတယ်ရယ် လို့ ရှိမှာမဟုတ်ပါဘူး။ ညီမ ဧည့် လမ်းညွှန်တစ်ယောက်လုပ်မယ်ဆို တော့လည်း စာတွေတော်တော်ဖတ် ခဲ့ရတယ်။ အင်တာဗျူးတွေအကြိမ် ခပ်များများဖြေခဲ့ရတယ်။ ဒီအလုပ်ရ ဖို့ ငါးနှစ်ခြောက်နှစ်လောက် အသေ အကြေကြိုးစားခဲ့ရတာဆိုတော့ ကိုယ်မြတ်နိုးတဲ့အလုပ်ကိုလည်း မရပ်တန့်လိုက်ချင်ဘူး။ 

အေးချမ်းမွန်မှ  8 DAYS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :8 DAYS
ဂျပန်နိုင်ငံမှာ Miss International ပြိုင်ပွဲဝင်ခဲ့တဲ့ အချိန် တုန်းက စင်ပေါ်မှာ သူ့ရဲ့ပြိုင်ပွဲဝတ်စုံ နဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ ဝေဖန်မှုပေါင်း မြောက်များစွာခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ် ချက်ကြောင့်ဝတ်ဆင်ခဲ့တာဖြစ်ပြီး မြန်မာမိန်းကလေးတစ်ယောက်ဖြစ် တာကြောင့် ဒီလိုဝတ်စားဆင်ယင်မှု မျိုးကိုလုံးဝမနှစ်သက်ပါဘူးလို့ဆိုပါ တယ်။ အင်တာနက်စာမျက်နှာပေါ် က ဝေဖန်ချက်တွေကြောင့် ဂျာနယ် မဂ္ဂဇင်းတွေရဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ မှာတောင်မှ အဝတ်အစားကို သေချာစွာဂရုတစိုက်ရွေးချယ်ဝတ် ဆင်ပြီးမှ ရိုက်ကူးတယ်လို့သိရပါ တယ်။
Q.ဧည့်လမ်းညွှန်တစ်ယောက် ဘဝနဲ့ ခုလိုအာရုံစိုက်ခံလာရတဲ့ ဘဝဘယ်အရာကိုပိုနှစ်သက်လဲ
A. ဧည့်လမ်းညွှန်ဆိုတာက ညီမရဲ့ တကယ့် Professional ဘဝ၊ ဒီအလုပ်ကလည်း ကိုယ့်နိုင်ငံ ရဲ့ ပုံရိပ်နဲ့ အများကြီးသက်ဆိုင်တဲ့ အလုပ်၊ Miss အနေနဲ့ပြိုင်ပွဲဝင်ခဲ့ တာကလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ စည်းလုံးမှုကိုပြခွင့်ရလိုက်တယ်။ မြန်မာဆိုတာဘာလဲ ဒီစင်မြင့်ပေါ် မှာ ပြသခွင့်ရလိုက်တဲ့အတွက်လည်း ကျေနပ်ပါတယ်။

သြဇာပြနေကြသော ရန်ကုန်တိုင်းအရှေ့ ပိုင်း ဆေးရုံကြီးပေါ်က ဆေးရုံဝန်ထမ်းများ

သြဇာပြနေကြသော ရန်ကုန်တိုင်းအရှေ့ ပိုင်း ဆေးရုံကြီးပေါ်က ဆေးရုံဝန်ထမ်းများ

02 NOVEMBER 2012  

ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများသည် ဆေးရုံတက်  ရောက်သူလူနာများ၊ လူနာစောင့်များနှင့် ဧည့်သည်များ အပေါ်တွင် ဩဇာပြ ၍မချေမငံဆက်ဆံနေကြကြောင်းသိရသည်။ "ကျွန်မက နှလုံးသွေးကြောကျဉ်း လို့ ဆေးရုံလာတက်တာပါ ဆေးရုံကို ရောက်လာတော့လမ်းလျှောက် နိုင်ပါ သေးတယ်။ အဲဒါကို ဆေးရုံဝန်ထမ်း တွေက တွန်းလှည်းနဲ့ အတင်းခေါ်ပြီး ကျွန်မတက်ရမယ့် အဆောင်ကိုလိုက်ပို့ ပေးတယ်။ မစီးချင်ဘူးဆိုရင်လည်း အော် ငေါက်သေးတယ်။ X-ray ရိုက်မယ့် ဓာတ်ခွဲခန်းကို သွားတော့ လည်းလမ်းလျှောက် သွားနိုင်ရဲ့သားနဲ့ တွန်းလှည်းကြီးနဲ့ အတင်းလာခေါ် တယ်။ ပြီးတော့တွန်းလှည်းခတောင်း တယ်။ ကိုယ်ကလည်း အြွေကမရှိဘူး။ တစ်ထောင်တန်လည်း မပေးချင်ဘူး လေ။ ဒါကြောင့်ပြန်အမ်းပေးဖို့ ပြော တော့ တစ်ထောင်တန်ပေးပါ ပြန်အမ်း ပေးမယ်ဆိုပြီးတောင်းတယ်။ ကျွန်မက မပေးဘူးအကြွေရရင်လာ ယူဆိုတော့မှ အကြွေယူလာပြီး ပိုက်ဆံလာတောင်း တယ်" ဟု ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ပေါ်တွင် နှလုံးသွေးကြောကျဉ်းရောဂါ နှင့်တက်ရောက် နေသူလူနာတစ်ဦးထံမှ သိရသည်။ အဆိုပါဆေးရုံတွင် မနက်တိုင်း ပိုးသတ်ဆေးဖျန်း၍ သန့်ရှင်းရေး ပြုလုပ်လျက်ရှိရာ ပိုးသတ်ဆေးနံ့မခံ နိုင်သော လူနာများကစင်္ကြံများသို့ ထွက်၍ အနံ့ရှောင်သောအခါတွင် လည်းအော်ဟစ်ငေါက်ငမ်း၍ လူနာများ အား ခုတင်ပေါ်တွင်သာနေရန် ဆူပူ လျက်ရှိကြောင်း သိရသည်။ "အဖွားက အသက် (၈၀) ရှိ ပါပြီ နှလုံးကြီးလို့ ဆေးရုံလာတက်တာ ပါ။ ပိုးသတ်ဆေးတွေဖျန်းတော့ အနံ့ တွေကမခံနိုင်လို့စင်္ကြံန်မှာသွားနေတာ။ အဲဒါကို ခေါင်းလောင်းလိုက်တီး နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်က အထဲ ကိုဝင်အပြင်မှာမနေနဲ့၊ လူနာစောင့်တွေ ကဟိုးအောက်မှာသွားနေ၊ လူနာတွေ ကအခန်းထဲကိုဝင် ဆရာဝန်ကြီးတွေ လာရင်ဆူလိမ့်မယ်ဆိုပြီးခါးကြီးထောက် ပြီး အော်ဟစ်နေလို့ အဖွားတို့လည်း အနံ့မခံနိုင်တဲ့ကြားထဲက အထဲကို အမြန်ဝင်ပြေးရတယ်"ဟု အသက် ၈၀ အရွယ် နှလုံးကြီးရောဂါဖြင့်ဆေးရုံတက် ရောက်ဆေးကုသခံနေသူ အဖွားအိုထံမှ သိရသည်။ "ဟုတ်တယ် ကျွန်မလည်း နှလုံး သမားပါပဲ။ အနံ့အသက်တွေရှူမိရင် မခံနိုင်အောင် အရမ်းမောလာပါတယ်။ အဲဒါကြောင့် ကျွန်မလည်း အပြင် စင်္ကြံန်မှာ အနံ့ထွက်ရှောင်တာ အဲဒါ ခေါင်းလောင်းတီးပြီးလိုက်အော်နေတဲ့ ဆေးရုံဝန်ထမ်းအဖိုးကြီးက ညည်း လည်း လူနာပဲမဟုတ်လား။ အထဲဝင် နေ။ ဆရာဝန်ကြီးဆူမယ်ဘာညာလာ ပြောတာနဲ့ ကျွန်မလည်း အနံ့မခံနိုင် လို့အပြင်ထွက်တာပြီးရင်ဝင်မှာဘာညာ ပြောပြီး စကားများတယ်။ အရမ်းလူပါး ဝတယ် ဆရာဝန်တွေ ဆရာမတွေက အော်တာငေါက်တာထားပါတော့ သူတို့ က ဘာမှလည်းမဟုတ်ဘဲနဲ့လာပြီး ရင့် ရင့်သီးသီးတွေပြောကြတယ်။ မလိုအပ် ပဲ အကူအညီတွေလိုက်ပေး ပိုက်ဆံ တောင်း၊ မရရင်အော်ငေါက်နေကြ တာ။ တကယ်စိတ်ပျက်ဖို့ကောင်းပါ တယ်။ ဝန်ထမ်းတွေ ဒီလိုဖြစ်နေတာကို အပေါ်ကလူကြီးပိုင်းဆရာဝန်တွေသိစေ ချင်ပါတယ်။ ထိထိရောက်ရောက်လည်း အပြစ်ပေးစေချင်ပါတယ်။ ကျန်းမာရေး မကောင်းလို့ စိတ်ညစ်ရတာတစ်မျိုး ဘာမဟုတ်တဲ့ သူတွေအော်တာ ငေါက် တာခံရတာတစ်မျိုးနဲ့ ဆေးရုံ တက်ရ တာ စိတ်မချမ်းသာပါဘူး"ဟု အသက် ၂၅ နှစ်အရွယ် လူနာတစ်ဦးကပြော သည်။ သူမ၏ ခင်ပွန်းဖြစ်သူက လည်း ဆေးရုံဝန်ထမ်းများငွေကြေးတောင်း ခံပုံမှာ အကြွေးရှင်က အကြွေးတောင်း သလိုတစာစာတောင်းကြောင်း ဆေးရုံ မှာလစာယူထားသောကြောင့် ဆေးရုံ အလုပ်များကိုလုပ်ကိုင် နေကြသော် လည်း ဆေးကုသခံယူသူများထံမှလက် ဘက်ရည်ဖိုး တောင်းခံမှုများရှိကြောင်း လူနာများကိုမ ချေမငံဆက်ဆံကြောင်း လူထုပုံရိပ်သို့ဖြည့်စွက်ပြောကြားသွားသည်။ 
 
မေအိမ့်ဒါလီမွန်

အေးချမ်းမွန်မှ  THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE
  ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများသည် ဆေးရုံတက် ရောက်သူလူနာများ၊ လူနာစောင့်များနှင့် ဧည့်သည်များ အပေါ်တွင် ဩဇာပြ ၍မချေမငံဆက်ဆံနေကြကြောင်းသိရသည် ။ "ကျွန်မက နှလုံးသွေးကြောကျဉ်း လို့ ဆေးရုံလာတက်တာပါ ဆေးရုံကို ရောက်လာတော့လမ်းလျှောက် နိုင်ပါ သေးတယ်။ အဲဒါကို ဆေးရုံဝန်ထမ်း တွေက တွန်းလှည်းနဲ့ အတင်းခေါ်ပြီး ကျွန်မတက်ရမယ့် အဆောင်ကိုလိုက်ပို့ ပေးတယ်။ မစီးချင်ဘူးဆိုရင်လည်း အော် ငေါက်သေးတယ်။ X-ray ရိုက်မယ့် ဓာတ်ခွဲခန်းကို သွားတော့ လည်းလမ်းလျှောက် သွားနိုင်ရဲ့သားနဲ့ တွန်းလှည်းကြီးနဲ့ အတင်းလာခေါ် တယ်။ ပြီးတော့တွန်းလှည်းခတောင်း တယ်။ ကိုယ်ကလည်း အြွေကမရှိဘူး။ တစ်ထောင်တန်လည်း မပေးချင်ဘူး လေ။ ဒါကြောင့်ပြန်အမ်းပေးဖို့ ပြော တော့ တစ်ထောင်တန်ပေးပါ ပြန်အမ်း ပေးမယ်ဆိုပြီးတောင်းတယ်။ ကျွန်မက မပေးဘူးအကြွေရရင်လာ ယူဆိုတော့မှ အကြွေယူလာပြီး ပိုက်ဆံလာတောင်း တယ်" ဟု ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ပေါ်တွင် နှလုံးသွေးကြောကျဉ်းရောဂါ နှင့်တက်ရောက် နေသူလူနာတစ်ဦးထံမှ သိရသည်။

သံတွဲ ဗလီတခုတွင် လက်နက်များတွေ့ရှိသဖြင့် အမှုဖွင့်ထား

သံတွဲ ဗလီတခုတွင် လက်နက်များတွေ့ရှိသဖြင့် အမှုဖွင့်ထား
စနေလင်း| November 2, 2012 |

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ဗလီတခုတွင် ဘာသာရေးနှင့် မသက်ဆိုင်သော ဓား၊ လှံ၊ လေးခွနှင့် ဂျင်ဂလိများကို တွေ့ရှိခဲ့သောကြောင့် အဆိုပါဗလီမှ တာဝန်ရှိသူ ၄ ဦးကို အမှုဖွင့် အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း သံတွဲမြို့ ရဲစခန်းမှ စုံစမ်းသိရသည်။

...“အခု အဲဒီ ဗလီ ဂေါပကအဖွဲ့က တာဝန်ရှိသူရယ်၊ ဘာသာရေး ဆရာရယ်၊ ညစောင့်ရယ် အပါအ၀င် လူ ၄ ဦးကို အမှုဖွင့်ထား လိုက်ပါပြီ။ ဘာသာရေးနဲ့ မသက်ဆိုင်တာတွေကို လက်ဝယ်ထားရှိတဲ့အတွက် ပြစ်မှုနံပါတ် ပ/ ၁၁၄/ ၂၀၁၂ နဲ့ အမှု ဖွင့်ထားပါတယ်” ဟု တာဝန်ကျ ရဲအရာရှိက ပြောသည်။

ယင်းဗလီတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ရှာဖွေတွေ့ရှိသည် ဆိုသည့်သတင်းများ ထွက်ပေါ်နေကြောင်း။ ယင်းသတင်း မမှန်ကန်ကြောင်း၊ ကောလာ ဟလ များသာ ဖြစ်ကြောင်း၊ လူနေအိမ်များကိုလည်း ယနေ့အထိ ရှာဖွေခြင်း မပြုလုပ်သေးကြောင်း၊ ဒေသခံများဘက်ကလည်း လက်နက် လာရောက်အပ်နှံခြင်းမျိုး မရှိသေးကြောင်း သူက ဆက်ပြောသည်။

သဲတွဲမြို့တွင် လက်ရှိအခြေအနေမှာ တည်ငြိမ်လျှက်သာရှိပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်တို့ အကြား ကွဲပြားမှု မရှိကြောင်း၊ မြို့အတွင်း လုံခြုံရေးမှာလည်း တဦးနှင့်တဦး ပဋိပက္ခ ဖြစ်နိုင်မည့်အသွင် မတွေ့ရကြောင်း၊ မြို့မိမြို့ဖ များမှာလည်း ထိုသို့ဖြစ်ပွားလာမည်ကို မလိုလားကြောင်း သံတွဲမြို့ရှိ မြို့မိမြို့ဖ တဦးက ဆိုသည်။

သံတွဲမြို့တွင် ပေါက်ကွဲ စေတတ်သော လက်နက်များ သိမ်းဆည်းရမိသည် ဆိုသည့်သတင်းမှာ facebook စာမျက်နှာများတွင် ပျံ့နှံ့လျှက်ရှိပြီး ယင်းသို့ ကောလာဟလ သတင်းများ လွှင့်နေခြင်းမှာ ရခိုင်ပြည်နယ် မငြိမ်မသက် ဖြစ်စေရန် လံှု့ဆော်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပက်သက်ပြီး facebook စာမျက်နှာများတွင် ဖော်ပြနေသော အချက်အလက် တချို့သည် တကယ်ဖြစ်နေသော အနေအထားနှင့် ကွဲလွဲမှုများရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ
ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

Irrawaddy

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း
ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ဗလီတခုတွင် ဘာသာရေးနှင့် မသက်ဆိုင်သော ဓား၊ လှံ၊ လေးခွနှင့် ဂျင်ဂလိများကို တွေ့ရှိခဲ့သောကြောင့် အဆိုပါဗလီမှ တာဝန်ရှိသူ ၄ ဦးကို အမှုဖွင့် အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း သံတွဲမြို့ ရဲစခန်းမှ စုံစမ်းသိရသည်။
...“အခု အဲဒီ ဗလီ ဂေါပကအဖွဲ့က တာဝန်ရှိသူရယ်၊ ဘာသာရေး ဆရာရယ်၊ ညစောင့်ရယ် အပါအ၀င် လူ ၄ ဦးကို အမှုဖွင့်ထား လိုက်ပါပြီ။ ဘာသာရေးနဲ့ မသက်ဆိုင်တာတွေကို လက်ဝယ်ထားရှိတဲ့အတွက် ပြစ်မှုနံပါတ် ပ/ ၁၁၄/ ၂၀၁၂ နဲ့ အမှု ဖွင့်ထားပါတယ်” ဟု တာဝန်ကျ ရဲအရာရှိက ပြောသည်။

ကချင်စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများကို ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်၍်ကျပ် သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်း

ကချင်စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများကို ဓမ္မဒူတ
ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်၍်ကျပ် သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်း

ရန်ကုန-် နိုဝင်ဘာ၂
ပူတာအိုတွင် ဆန်ရှားနေမှုနှင့် နှစ်ဖက်စစ်ရေးကြောင့် ကချင်စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများကို ဓမ္မဒူတ
ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်၍ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း မက်စ်မြန်မာ ဥက္ကဌ ဦးဇော်ဇော် တို့က အောက်တို
ဘာ ၃၁ ရက်နေ့နှင့် နိုဝင်ဘာ၁ ရက်နေ့များတွင်ကျပ် သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားအရောက် ဆန်၁အိတ်လျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် အရောက်ပို့ကာ မြစ်ကြီးနားမှပူတာအိုသို့ တပ်မတော်လေကြောင်း
ဖြင့် ဆန်အိတ်ပေါင်း ၆၄၀ အပါအ၀င် ဆီ၊ ဆားနှင့် မားမားခေါက်ဆွဲခြောက်စုစုပေါင်း သိန်းပေါင်း ၁၅၀ကျော်ကို လှူဒါန်းခဲ့သည့်အပြင်
မြစ်ကြီးနား ၀ိုင်းမော် ရှိ စစ်ရှောင်စခန်း ၃၈ခုအားလည်း ဆန်၊ ဆီ၊ ဆား၊ စောင်နှင့် စားသောက်ဖွယ်ရာ ဆေးဝါးစုစုပေါင်း ကျပ်သိန်း
၅၃၀ ကျော်တန်ဖိုးရှိ ပစ္စည်းတို့ကို လှူဒါန်းခဲ့သည်ဟု လိုက်ပါလှူဒါန်းခဲ့သူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဆရာတော်အရှင်ဆေကိန္ဒက ``အခြေအနေနဲ့အချိန်အခါအရ လှူဖြစ်တာပါ။ လှူချင်နေတာကြာပါပြီ´´ဟုမိန့်ကြားသည်။
စစ်ရှောင်စခန်းများသို့ သွားရောက်လှူဒါန်းစဉ် စခန်းရှိ ဒုက္ခသည်တို့၏တောင်းဆိုမှုကို ယခုအချိန်ထနားထဲမှ မထွက်သေးပါကြောင်း
ဆရာတော်ကဆက်လက်မိန့်ကြားသည်။
``ဘုန်းဘုန်း စစ်ပြေငြိမ်းအောင်မြန်မြန်လုပ်ပေးပါဘုရား၊ အိမ်မြန်မြန်ပြန်ချင်ပါပြီ ဘုရားတဲ့ အခုထက်ထိ ဒီစကား နားထဲက
မထွက်သေးပါဘူး´´ ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။
လက်ရှိဖြစ်ပွားနေသောစစ်ကို အမြန်ဆုံးပြေငြိမ်းစေရန် စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအ၀င် ကချင်ပြည်သူတို့အား
ငြိမ်းချမ်းရေးတရား ၃ ပွဲဟောကြားခဲ့ပြိး စစ်ပွဲအမြန်ဆုံးရပ်စဲရေးကို ဆရာတော် အရှင်ဆေကိန္ဒ ကတိုက်တွန်းခဲ့သည်။
ခရစ်ယာန်ဘာသာရေး ဆရာတော်တို့နှင့် ခင်မင်ရင်းနှီးစွားတွေ့ဆုံခဲ့သေးပြိး အလှူငွေများပေးအပ်ချီးမြင့်ခြင်းနှင့် အတူ စစ်
ဘေးသင့်နှင့် မိဘမဲ့ကလေး ၅၀၀၀ ဦးတို့အားလည်း တစ်ဦး ၁၀၀၀ ကျပ်စီ လှူဒါန်းခဲ့သေးကြောင်းသိရှိရပါသည်။ မင်းသုအော

အေးချမ်းမွန်မှ  Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ပူတာအိုတွင် ဆန်ရှားနေမှုနှင့် နှစ်ဖက်စစ်ရေးကြောင့် ကချင်စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများကို ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်၍ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း မက်စ်မြန်မာ ဥက္ကဌ ဦးဇော်ဇော် တို့က အောက်တို
ဘာ ၃၁ ရက်နေ့နှင့် နိုဝင်ဘာ၁ ရက်နေ့များတွင်ကျပ် သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားအရောက် ဆန်၁အိတ်လျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် အရောက်ပို့ကာ မြစ်ကြီးနားမှပူတာအိုသို့ တပ်မတော်လေကြောင်း
ဖြင့် ဆန်အိတ်ပေါင်း ၆၄၀ အပါအ၀င် ဆီ၊ ဆားနှင့် မားမားခေါက်ဆွဲခြောက်စုစုပေါင်း
သိန်းပေါင်း ၁၅၀ကျော်ကို လှူဒါန်းခဲ့သည့်အပြင်

ဘုရင်နှစ်ပါး ရင်မနေရမည့် စိန်ရတုကြိုစစ်ပွဲများ(ခန့်ကျော်ထင်လှိုင်(လွိုင်ကော်))

မြန်မာရာဇ၀င်တွင် အနှစ်လေးဆယ်စစ်ဟု ရှိခဲ့သည်။ မွန်ဘုရင် ရာဇာဓိရာဇ်နန်းတက်သည်ကို မကျေနပ်သော ဦးရီးတော်မြောင်းမြစားလောက်ဖျားက
“အနှစ်ကို ယူပါ။ အကာအခွံကိုပဲ ပေးတော်မူပါ” ဟူသော စကားဖြင့် အင်းဝဘုရင် စွာစော်ကဲထံ အကူအညီတောင်းရာမှ အနှစ်လေးဆယ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အနှစ်လေးဆယ်ဟု လွယ်အောင်ပြောသော်လည်း တကယ်က

အနှစ်လေးဆယ်မပြည့်ပါ။ ၃၈နှစ်သာ ရှိသည်။ တရစပ်တိုက်ကြခြင်းလည်း မဟုတ်ပါ။
စစ်နားလိုက်၊ စစ်ပြင်လိုက်၊ စစ်တိုက်လိုက် လုပ်ကြခြင်းဖြစ်သည်။ ထိုစစ်ပွဲက မင်းကြီးစွာစော်ကဲ လက်ထက်မှာမပြီး။ သားတော်မင်းဆွေ(ဘုရင်မင်းခေါင်) လက်ထက်မှာ ဆက်တိုက်သည်။ မပြီး။ အင်းဝမင်း သီဟသူလက်ထက်ထိ ဖြစ်သည်။ မွန်ဘုရင် ရာဇာဓိရာဇ်နတ်ရွာစံပြီး ထီးနန်းရေးရာ ရှုပ်ထွေးနေချိန်မှာ ရာဇာဓိရာဇ်၏သမီးတော် ရှင်စောပုကို တစ်မိပေါက်အစ်ကို ဗညားရံက အင်းဝမင်းသီဟသူထံ ဆက်လိုက်မှ စစ်ပွဲပြီးတော့သည်။

ချယ်ရီတွေ ပွင့်ပြီဖြစ်ကြောင်း အစိုးရမင်းများလည်း အသိ(မောင်သာချို)

(တစ်)

ခရစ်နှစ် ၂၀၁၂ ခုနှစ်ထဲ၌ ဖတ်ရှုဖြစ်ခဲ့သော သတင်းအတိုအထွာကလေးများအနက် ကျွန်တော့်စိတ်ကို အလှုပ်ရှားစေဆုံးနှင့် ကျွန်တော့်လိပ်ပြာကို အနှိုးထစေဆုံး သတင်းကလေးတစ်ပုဒ်၏ အကြောင်းကိုများ လက်တို့စမ်းပါဦးဟု ပြောလာခဲ့သည်ရှိသော် ကျွန်တော်ကတော့ ချယ်ရီပန်းများ ပွင့်ကြ
သည့် သတင်းကလေးကိုပဲ လက်ဆင့်ကမ်းလိုက်ချင်ပါသည်။

ဟုတ်ပါသည်။ ချယ်ရီပန်းတို့ပွင်

့သော သတင်း။

သတင်းအရင်းအမြစ်က ဂျပန်နိုင်ငံက လာပါသည်။

ယခုနှစ် ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တုန်းက ထုတ်ပြန်လိုက်သည့် သတင်းပဲ ဖြစ်ပါသည်။

အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုး တစ်ဦး သတ်ဖြတ်ခံရ

Photo: အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုး တစ်ဦး သတ်ဖြတ်ခံရ

အမေရိကန် သံအမတ်ကြီး ဒဲရစ် မက်ချယ် ( Derek Miitcheel) အဖွဲ့ ရမ်းဗြဲမြို့ကို လာရောက်လည်ပတ် ကြည့်ရှု့သည့် နေ့တွင်ပင် အဆိုပါ မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦး လည်ပင်း ဓါးနှင့်လှီး သတ်ဖြတ် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ရှေးဟောင်း အမွေအနှစ် ရမ်းဗြဲမှ ကိုရန်တောင် ဘုရား။
အမေရိကန် သံအမတ်ကြီးသည် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည် တစ်နာရီတွင် ရမ်းဗြဲမြို့ကို နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် တစ်ခြား အနောက်နိုင်ငံ သံအမတ်ကြီးများနှင့် အတူ လာရောက် လည်ပတ်ကြည့်ရှု့ခဲ့သည်။

“ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အမေရိကန် သံအမတ်ကြီး ရမ်းဗြဲကို မရောက်မှီ နာရီ အနည်းငယ် အလိုမှာ  ရမ်းဗြဲမြို့နယ် ရမ်းပေါက်အုပ်စု ရွေရွာသစ်က ရခိုင်လူကြီး တစ်ယောက် အသတ်ခံရတယ်။ အခုတော့ အဲဒီ အလောင်းက ရမ်းဗြဲမြို့နယ် ပြည်သူ့ ဆေးရုံကို ရောက်ရှိနေပြီ “ ဟု ရမ်းဗြဲဒေသခံ ဦးကျော်က နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ် ရမ်းပေါက် ကျေးရွာ အုပ်စု ရွေရွာသစ်ရွာမှ ဦးထွန်းမြ (၅၄)  ဖြစ်သည်။

“ သူက ရွာကနေ ၄၅ မိနစ်ခန့်ဝေးတဲ့ ကွမ်းခင်းမှာ အလုပ် လုပ်နေစဉ် မနေ့က  နံနက် ၁၁ နာရီက အသတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ ညာဘက်ပါးမှာ ဓါးဒဏ်ရာ တချက်တွေ့တယ်။ နောက် လည်ပင်းကို ဓါးနဲ့ လှီးထားပါတယ်။ သူအသတ်ခံရတာကို ကြည့်ရင် ရခိုင်တွေ သတ်တာ မဟုတ်ဘူးဆိုတာ သေချာသလောက်  ပြောနိုင်ပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့  ရခိုင် တစ်ဦး သတ်ဖြတ်ခံရမူကြောင့် ရမ်းဗြဲမြို့နယ်တွင် ဒေသခံ ပြည်သူများ အထူး ဒေါသထွက်နေကြပြီး အာဏာပိုင်များ အပေါ် မကျေနပ်မူများလည်း ရှိနေကြောင်း သိရသည်။

“ အခု ရမ်းဗြဲမြို့ပေါ်မှာ ကမန် လူမျိုး ၄၀၀ ခန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စုထားတယ်။ သွားချင်သလို သွားလာနေကြတယ်။ စစ်ဆေးတာ၊ လူစာရင်း စစ်တာတွေ ဘာမှ မရှိဘူး။ အာဏာပိုင်တွေက ခုလို လုပ်နေရင် အချိန် မရွှေးပြဿနာ ပေါ်နိုင်တယ်။ ဒီအပေါ်မှာ မြို့လူထု တော်တော်ခံပြင်းနေကြတယ်” ဟု သူက ပြောသည်။

မြို့ပေါ်တွင် စစ်သားများ လုံခြုံရေး ယူထားသော်လည်း နယ်များတွင် လုံခြုံရေး လုံးဝ ကင်းမဲ့နေသည်ဟု သူက ဆိုသည်။

ထိုကဲ့သို့ လုံခြုံရေး ကင်းမဲ့နေသော အခြေအနေမျိုးတွင် တုတ်ဓါးလက်နက်များကို သုံးရက်အတွင်း အပ်ရမည်ဟု အာဏာပိုင်များက ကျေညာချက်ထုတ်ပြန်သဖြင့် အဆိုပါ လုပ်ရပ် အပေါ်တွင်လည်း မေးခွန်းများ ထွက်ပေါ်နေကြောင်းသိရသည်။

အမေရိကန်သံအမတ်ကြီး Derek Mitchell သည် ဗြိတိန်သံအမတ်ကြီး Andrew Heyn, ၊ သြစတေးလျသံ အမတ်ကြီး Ms. Bronte Moules တို့နှင့် အတူ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး လိုက်ပါလျှက် အရေးအခင်း ဖြစ်ပွားရာ ရခိုင်ပြည်နယ်မှ နေရာ ဒေသများကို လိုက်လံ ကြည့်ရှု့နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် ကြာသပတေးနေ့မှ စပြီး ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြောင်း သိရသည်

အေးချမ်းမွန်မှ Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
အမေရိကန် သံအမတ်ကြီး ဒဲရစ် မက်ချယ် ( Derek Miitcheel) အဖွဲ့ ရမ်းဗြဲမြို့ကို လာရောက်လည်ပတ် ကြည့်ရှု့သည့် နေ့တွင်ပင် အဆိုပါ မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦး လည်ပင်း ဓါးနှင့်လှီး သတ်ဖြတ် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ရှေးဟောင်း အမွေအနှစ် ရမ်းဗြဲမှ ကိုရန်တောင် ဘုရား။
အမေရိကန် သံအမတ်ကြီးသည် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည် တစ်နာရီတွင် ရမ်းဗြဲမြို့ကို နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် တစ်ခြား အနောက်နိုင်ငံ သံအမတ်ကြီးများနှင့် အတူ လာရောက် လည်ပတ်ကြည့်ရှု့ခဲ့သည်။

“ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အမေရိကန် သံအမတ်ကြီး ရမ်းဗြဲကို မရောက်မှီ နာရီ အနည်းငယ် အလိုမှာ ရမ်းဗြဲမြို့နယ် ရမ်းပေါက်အုပ်စု ရွေရွာသစ်က ရခိုင်လူကြီး တစ်ယောက် အသတ်ခံရတယ်။ အခုတော့ အဲဒီ အလောင်းက ရမ်းဗြဲမြို့နယ် ပြည်သူ့ ဆေးရုံကို ရောက်ရှိနေပြီ “ ဟု ရမ်းဗြဲဒေသခံ ဦးကျော်က နိရဉ္စရာသို့ ပြောသည်။

ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို

Photo: ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို

သာလွန်ဇောင်းထက်| November 2, 2012 | 

စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင်ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ထုတ် မော်ဒန် ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်း တွေ့ဆုံမေးမြန်းတွင် ဦးခင်ညွန့်က ပြည်တွင်း ငြိမ်းချမ်းရေးရှိရန် အစိုးရနှင့် တိုင်းရင်းသားများအကြား ရိုးသားမှုရှိမှ အောင်မြင်နိုင်ပြီး လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေး ပန်းတိုင်ရောက်ရန် လိုအပ်နေသေးကြောင်း၊ အစိုးရ၀န်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့် အောက်ခြေအထိ ဆင်းပြီး ပြည်သူများနှင့် ထိတွေ့ရန် လိုအပ်ကြောင်း၊ ပြည်သူနှင့် ထိတွေ့ နားထောင်မှသာလျှင် ပြဿနာများ အဖြေထွက်မည် ဖြစ်ကြောင်း ပြောထားသည်။

“ဦးခင်ညွန့်က ပါတီ နိုင်ငံရေးတော့ မလုပ်ဘူး၊ အမျိုးသား နိုင်ငံရေးတော့ လုပ်မယ် ဆိုတော့ သူ့နည်း သူ့ဟန်နဲ့ နိုင်ငံရေး လုပ်မယ် ဆိုတဲ့ သဘော သက်ရောက်တယ်။ နောက်ပြီး အဲဒီ အင်တာဗျူးထဲမှာ ဝန်ကြီးတွေ အနေနဲ့ အောက်ခြေ အထိ ဆင်းပြီး ပြည်သူတွေ ကြားမှာ လေ့လာသင့်တယ် ဆိုတာမျိုး ဝေဖန်ထားတာ တွေ့ရတယ်။ ဒါက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါတီတခု မဖွဲ့ရင်တောင် သူ့အနေနဲ့ တနည်းတဖုံ ပါချင်သေးတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆရပါတယ်” ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်က ပြောသည်။

Open News ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောကလည်း အမျိုးသားနိုင်ငံရေး ဆိုသော ဝေါဟာရသည် အာဏာရှင်ခေတ်မှ နိုင်ငံရေး အသုံးအနှုန်းသာဖြစ်ပြီး လက်ရှိ ပြောဆိုချက်များအရ ဦးခင်ညွန့်သည် နိုင်ငံရေးလောက ပြန်လည် ၀င်လာမည် ဆိုသည်ကို သိသာစေသည်ဟု သုံးသပ်သည်။

“တကယ်တမ်း ပြောရရင်တော့ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာ အရင်ခေတ်တုန်းက အသုံးအနှုန်းဟောင်းပါ။ နိုင်ငံရေးက တူတူပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာက နိုင်ငံ့အရေးကို လုပ်တာပဲ။ ရွေးကောက်ပွဲ ၀င်ချင်လည်း ၀င်မယ်၊ မ၀င်ချင်လည်း မ၀င်ဘူး။ ပါတီဖွဲ့ချင်လည်းဖွဲ့မယ်၊ မဖွဲ့ချင်လည်း မဖွဲ့ဘူး။ အမျိုးသားနိုင်ငံရေးက သန့်ရှင်း မြင့်မြတ်တယ်။ ပါတီနိုင်ငံရေးက ညစ်ပတ်တယ် ဆိုတဲ့ အယူအဆကတော့ လက်မခံဘူး။ နိုင်ငံရေး လုပ်ရင်လုပ်တယ်၊ မလုပ်ရင် မလုပ်ဘူး၊ နှစ်မျိုးပဲရှိတယ်။ အမျိုးသားနိုင်ငံရေး လုပ်မယ်၊ ပါတီနိုင်ငံရေး မလုပ်ဘူးဆိုတာတွေက အရင်တုန်းက အတွေးအခေါ်ဟောင်းပဲ” ဟု ဦးသီဟစောက ဆိုသည်။

ဦးခင်ညွန့် အမျိုးသား နိုင်ငံရေး လုပ်မည်ဆိုသော ပြောဆိုချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် ပြည်တွင်းနိုင်ငံရေး အင်အားစုက သတိဖြင့် စောင့်ကြည့်သွားမည်ဟု ဆိုကြသည်။

NLD ၏ နာယက ဦးဝင်းတင်က ဦးခင်ညွန့်အနေဖြင့် အမျိုးသား နိုင်ငံရေးဆိုသော အသုံးအနှုန်းနှင့် နိုင်ငံရေး မလုပ်ဆောင် သင့်ကြောင်း၊ အမျိုးသား နိုင်ငံရေးကြောင့် နှစ်ပေါင်းများစွာ ပြည်သူ့ အသက်များ ဆုံးရှုံး၊ နစ်နာခဲ့ရကြောင်း ရှင်းပြသည်။

“အမျိုးသား နိုင်ငံရေးဆိုတာ သူတို့ပြောနေတာ တလျှောက်လုံးပဲ။ ကျနော်ပြောချင်တာက ဦးခင်ညွန့် ဘာတွေလုပ်ခဲ့သလဲ၊ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးက ဘာတွေ လုပ်ခဲ့သလဲ။ နောက်တခါ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ န၀တ၊ နအဖ အစိုးရတွေက ဘာတွေ လုပ်ခဲ့သလဲ။ အဲဒီအတွက် ပြည်သူတွေ ဘာတွေ ခံစားရလဲ၊ ဘယ်လောက် နစ်နာခဲ့လဲ။ ဘယ်လောက် အကျိုးမဲ့ခဲ့လဲ၊ ဘယ်လောက်ဆုံးရှုံးခဲ့လဲ၊ ဘယ်လောက်အထိ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ကျခဲ့ရလဲ။ သူ လုပ်ခဲ့တာတွေနဲ့ ယှဉ်ပြောရမှာပဲ။ ပုဂ္ဂိုလ်ရေးအရ ပြောတာ မဟုတ်ဘူး။ အဲဒါ သူလုပ်ခဲ့တဲ့ နိုင်ငံရေးပဲ” ဟု ဦးဝင်းတင်က ပြောသည်။

အမျိုးသား နိုင်ငံရေး ဆိုသည်ကို ဦးခင်ညွန့်အနေဖြင့် ယခု ထပ်မံ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း၊ အတိတ်ကလည်း အမျိုးသား နိုင်ငံရေးများ တွေ့ခဲ့ပေါင်း များပြီဖြစ်ကြောင်း သူက ဆိုသည်။

“အမျိုးသားနိုင်ငံရေးလည်း လုပ်မနေနဲ့၊ ခင်ဗျားတို့ ဆိုလိုတဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို နားလည်တယ်။ ဒီအမျိုးသား နိုင်ငံရေးဆိုတာကို ကြွေးကြော်လာတာ နှစ်ပေါင်း များစွာ ကြာနေပြီ။ ဦးခင်ညွန့်လုပ်မယ့် အမျိုးသား နိုင်ငံရေးက နောင်နှစ်ပေါင်း ၂၀ ကြာရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျနော်တို့ စိတ်ထဲမှာ ပုံစံပေါ်ပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ နိုင်ငံရေး လုပ်ချင်ရင်လည်း ပါတီတခုမှာ နိုင်ငံရေး ၀င်လုပ်ပါ။ ဦးသန်းရွှေတို့၊ ဦးခင်ညွန့်တို့ ပြောခဲ့တဲ့ အမျိုးသား နိုင်ငံရေး ဆိုတာကြီးကတော့ တော်ပါပြီ” ဟု ဦးဝင်းတင်က ဆိုသည်။

ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကလည်း ဗိုလ်ချုပ်ခင်ညွန့်၏ နိုင်ငံရေး လုပ်ဆောင်မည်ဟု ပြောဆိုမှုအပေါ် ၀မ်းမသာကြောင်း ပြောသည်။

“ဦးခင်ညွန့်က အစတုန်းက ဘာသာရေးနဲ့ လူမှုရေးပဲ လုပ်မယ်ဆိုတော့ ၀မ်းသာတာပေါ့ဗျာ။ အခု နိုင်ငံရေး ဝင်လုပ်မယ် ဆိုတော့ ကျနော် စောင့်ကြည့်ရမှာပေါ့။ အရင်တုန်းက နိုင်ငံရေးပုံစံ၊ ခြေလှမ်းပုံစံမျိုးနဲ့ အခုခေတ်သစ်မှာ ခြေလှမ်းသစ်တွေ လာလှမ်းမယ်ဆိုရင်တော့ မကြိုဆိုဘူး။ ခြေလှမ်းပြင်တယ်ဆိုရင်၊ တနည်းတဖုံနဲ့ သူက သူ့ခြေလှမ်းသစ်၊ အိုင်ဒီယာသစ် စမယ် ဆိုရင်တော့ စောင့်ကြည့်သွားမယ်” ဟု ဦးဇိုဇမ်က ဆိုသည်။

ဦးခင်ညွန့်အနေဖြင့် အာဏာရှင်ပုံစံ၊ ထောက်လှမ်းရေးကို အသက်သွင်းသော နိုင်ငံရေးမျိုး လုပ်မည်ဆိုပါက လက်ခံမည် မဟုတ်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“လူတယောက်က အမြဲတမ်းဆိုးမနေဘူး၊ အမြဲတမ်းလည်း ကောင်းမနေနိုင်ဘူး။ အပြောင်းအလဲ ရှိနိုင်တာပေါ့။ ကောင်းတဲ့ ဘက်ကို ပြောင်းလာရင်တော့ ကြိုဆိုမယ်။ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ရမယ်။ လက်ရှိ အစိုးရလည်း ထိုနည်း လည်းကောင်းပါပဲ။ ဟိုတုန်းကတော့ တပ်မတော်အနေနဲ့ အာဏာရှင်အနေနဲ့ လုပ်ခဲ့တာပဲလေ။ အခုတော့ စနစ်ကို ပြောင်းပြီးတော့ လုပ်တော့ ကျနော်တို့က ကြိုဆိုတာပဲ။ လက်တွေ့လုပ်တဲ့ အပေါ်မှာ ကောင်းတာဆိုရင်တော့ ၀မ်းသာမယ်။ ဟိုတုန်းကလို အာဏာရှင် ပြန်လုပ်မယ်ဆိုရင်တော့ ဘယ်လက်ခံမလဲ” ဟု ဦးသုဝေက ဆက်ပြောသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရာထူးမှ အတင်းအကျပ် အနားပေးလိုက်ပြီးနောက် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ထားခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် မူလက နိုင်ငံရေးမလုပ်ဘဲ လူမှုရေးနှင့် ဘာသာရေး လုပ်ငန်းများသာ လုပ်ကိုင်မည်ဟု မီဒီယာများသို့ မကြာခဏဆိုသလို ပြောဆိုခဲ့ရာမှ မော်ဒန်ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသား နိုင်ငံရေး လုပ်ဆောင်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးခင်ညွန့်သည် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ပူးပေါင်းမှုကို ထောက်ခံလိုက်ပြီး တပ်မတော် ခေါင်းဆောင်တဦး ဖြစ်ခဲ့သော်လည်း တပ်မတော်သာလျှင် ဆိုသော ဆန္ဒစွဲမျိုး စိတ်တွင်မရှိဟု ဆိုခဲ့ဖူးသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင် လုပ်တဲ့သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာမရှိဘူး” ဟု ဦးခင်ညွန့်က ပြောခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး ၁၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး ခေါင်းဆောင် အစရှိသည့် အရေးပါသော ထိပ်တန်းရာထူး ခေါင်းဆောင်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ဦးခင်ညွန့် ဆန္ဒမဲ လာရောက်ပေးစဉ် (ဓာတ်ပုံ – Reuters)

အေးချမ်းမွန်မှ The Irrawaddy (Burmese Version)တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Irrawaddy (Burmese Version)
ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ဦးခင်ညွန့် ဆန္ဒမဲ လာရောက်ပေးစဉ် (ဓာတ်ပုံ – Reuters)
စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင်ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး
ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ထုတ် မော်ဒန် ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်း တွေ့ဆုံမေးမြန်းတွင် ဦးခင်ညွန့်က ပြည်တွင်း ငြိမ်းချမ်းရေးရှိရန် အစိုးရနှင့် တိုင်းရင်းသားများအကြား ရိုးသားမှုရှိမှ အောင်မြင်နိုင်ပြီး လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေး ပန်းတိုင်ရောက်ရန် လိုအပ်နေသေးကြောင်း၊ အစိုးရ၀န်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့် အောက်ခြေအထိ ဆင်းပြီး ပြည်သူများနှင့် ထိတွေ့ရန် လိုအပ်ကြောင်း၊ ပြည်သူနှင့် ထိတွေ့ နားထောင်မှသာလျှင် ပြဿနာများ အဖြေထွက်မည် ဖြစ်ကြောင်း ပြောထားသည်။

ရခိုင်ပါတီ(၂)ခုအား ကော်မရှင်က ခေါ်ယူ သတိပေး

Photo: ရခိုင်ပါတီ(၂)ခုအား ကော်မရှင်က ခေါ်ယူ သတိပေး

မိုးဝေ ရခိုင်ပြည်နယ်(မြစ်မခ)

  တစ်ကျောပြန်ဖြစ်ပွားလာသည့်  ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီများအနေဖြင့်  မတည်ငြိမ်မှုများအား ဝိုင်းဝန်းထိန်းသိမ်းပေးရန် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်က နိုဝင်ဘာလ(၁)ရက်နေ့က ခေါ်ယူအသိပေးခဲ့ ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတ်ီက သိရသည်။ 
 
“ထူးထူးခြားခြားပြောတာတော့ မရှိပါဘူး၊ ရခိုင်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကို ဝိုင်းဝန်းပြီး ထိန်းသိမ်း ပေးဖို့ ပြောတာဖြစ်တယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတ်ီမှ ဦးခိုင်ပြည်စိုးက ပြောသည်။
 
 
ထိုသို့ခေါ်ယူရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ  ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့်၊  အတွင်းရေးမှူးဦးမျိုးကျော် ဗဟို အလုပ်အမှုဆောင် ဦးမျိုးဆွေနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ဦးဘရှိန်နှင့် ဦးဖေသန်းတို့ တက်ရောက်ခဲ့သည်။
 
 
“ မနေ့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ RNDP ပါတီကို ကော်မရှင်က ခေါ်ပြီးပြောတယ်၊ ဒီအရေး အခင်းနဲ့ ပတ်သက်ပြီးတော့ မပါဝင်ဖို့၊ ပတ်သက်လို့ရှိရင်လည်း ကော်မရှင်ရဲ့ စည်းမျဉ်းအရ အရေး ယူမယ်ဆိုတာ ကိုလည်း ပြောပါတယ်”ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ ဦးမျိုးကျော်က ပြောသည်။
 
 
အောက်တိုဘာ (၂၁)ရက်နေ့ မင်းပြားမြို့ကင်းဆိပ်ကျေးရွာနှင့် ကပ်လျှက်ရှိသည့်ပိုက်သည်ရွာ လင်မယာနှစ်ဦး စကားများရာမှ စတင်ခဲ့သည့်ဖြစ်စဉ်ကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ ၊ကျောက်ဖြူ ၊ရမ်းဗြဲမြို့နယ်များသို့ ကူးစပ်ခဲ့ခြင်းဖြစ်သည်။
 
 
 
တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့်  အောက်တိုဘာလ(၂၁)ရက်နေ့ မှ(၃၀)ရက် နေ့အထိ စာရင်းများအရ သေဆုံးသူ(၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)လုံး နှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ(၃၂၂၃၁)ဦးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။
 
 
 
ဇွန်အတွင်းက ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၌လည်း ရခိုင်ပါတီများအား ခေါ်ယူအသိပေးမှုများရှိခဲ့ကြောင်း သိရသည်။
 
 
ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များ၌ အိမ်ခြေ ပေါင်း(၅၃၃၈) အိမ်၊ အဆောက်အဦး (၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့် အတွက် အိမ်ထောင်စုပေါင်း (၁၂၂၄၂) စု လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
 
 
လက်ရှိ အနေအထားတွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီအတွင်းရေးမှူးဦးဝင်းမြိုင်က ဆိုသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
တစ်ကျောပြန်ဖြစ်ပွားလာသည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီများအနေဖြင့် မတည်ငြိမ်မှုများအား
ဝိုင်းဝန်းထိန်းသိမ်းပေးရန် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်က နိုဝင်ဘာလ(၁)ရက်နေ့က ခေါ်ယူအသိပေးခဲ့ ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတ်ီက သိရသည်။

“ထူးထူးခြားခြားပြောတာတော့ မရှိပါဘူး၊ ရခိုင်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကို ဝိုင်းဝန်းပြီး ထိန်းသိမ်း ပေးဖို့ ပြောတာဖြစ်တယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတ်ီမှ ဦးခိုင်ပြည်စိုးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကြောင်း အများပြည်သူသို့ ကြေညာ

Photo: မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက် ဖွဲ့စည်း
တည်ထောင်ပြီးဖြစ်ကြောင်း အများပြည်သူသို့ ကြေညာ
Friday, November 02, 2012

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက်ကို
နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍအနေဖြင့် ပါဝင်ပူးပေါင်း
ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် ၃၀၅၂/၂၀၁၂-၂၀၁၃ ဖြင့် ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကြောင်း အများပြည်သူအား ကြေညာအပ်ပါသည်။

ကုမ္ပဏီရုံးခန်းတည်နေရာ- ငါးလွှာ၊ ဆရာစံပလာဇာ၊ တက္ကသိုလ်ရိပ်သာ
လမ်းသစ်နှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ကုမ္ပဏီသည် နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထား၍ ဆက်သွယ်ရေး ဝန်ဆောင်မှု
လုပ်ငန်းများ ဆောင်ရွက်ရန်၊ မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ ရုပ်မြင်သံကြား၊ သတင်းနှင့် ဆက်သွယ်ရေး၊ အင်တာနက် ဝန်ဆောင်မှုများပေးရန်၊ ဆက်သွယ်ရေးကွန်ရက် ဒီဇိုင်းရေးဆွဲခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု
အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ရန် ရှိပါသည်။

အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အများပြည်သူ၏ အစုရှယ်ယာများကို မကြာမီကာလအတွင်း ဖိတ်ခေါ်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်ဟု
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက်ကို
နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍအနေဖြင့် ပါဝင်ပူးပေါင်း
ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် ၃၀၅၂/၂၀၁၂-၂၀၁၃ ဖြင့် ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကြောင်း အများပြည်သူအား ကြေညာအပ်ပါသည်။

ကုမ္ပဏီရုံးခန်းတည်နေရာ- ငါးလွှာ၊ ဆရာစံပလာဇာ၊ တက္ကသိုလ်ရိပ်သာ
လမ်းသစ်နှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု

Photo: သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု

၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂ ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ ရုံပိုင်မှလည်း ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း သိခဲ့ရသည်။ ထိုသို့ ဖြစ်ပွားသွားခြင်း နှင့် ပတ်သက်ပြီး မှုခင်းမှတ်တမ်း လာရောက်ရယူသွားသော ရဲစခန်းအား မေးမြန်းကြည့်ရာ မြောက်က္ကလာ မြရတနာ ရဲစခန်းမှ ဓာတ်ပုံမှတ်တမ်း လာရောက်ရယူသွားသည်ဟု သိရှိရသဖြင့် သွားရောက်မေးမြန်းရာ သူ့ထံတွင် ပါလာသော ဓာတ်ပုံနှင့် ရဲစခန်းမှ မှတ်တမ်းဓာတ်ပုံကို ဖခင်ဖြစ်သူမှ တိုက်ဆိုင်ကြည့်ရာ မှန်ကန်နေကြောင်း တွေ့ရှိရပြီး မည်သို့ စီမံဆောင်ရွက်ထားပုံကို မေးမြန်းရာ ပိုင်ရှင်မဲ့ အနေဖြင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိခဲ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့ပုံကြောင်းအရာနှင့် ပတ်သက်၍ သေဆုံးသူ၏ အမဖြစ်သူ မခိုင်သဇင်မိုးမှ ရှင်းလင်း သူ၏ မောင်လေး၏ လွယ်အိတ်အတွင်း ဆက်သွယ်ရန် လိပ်စာများ ပါရှိသော်လည်း ပိုင်ရှင်မဲ့အနေဖြင့် သုဿာန်သို့ ပို့ဆောင်လိုက်ခြင်းကြောင်း မိသားစုအနေဖြင့် မည်မျှခံစားရပုံကို ` မောင်လေးက ၂၇ ရက် စနေနေ့ ၁၀နာရီခွဲလောက်ကတည်းက ထွက်သွားလိုက်ကတည်း ကအိမ်ကို ပြန်မရောက်လာတာပါ။ မင်္ဂလာဒုံက သူ့သူငယ်ချင်းအိမ်ကို စာသွားလုပ်မယ်လို့ ပြောတယ်။ အဲဒီနေ့ညကတော့ ကျွန်မတို့က လိုက်မရှာသေးဘူး။ မောင်လေးက တစ်ခါတစ်လေ အိမ်ပြန်နောက်ကျတတ်တယ်။ အသက် ၂၀ ကျော် အရွယ်ဆိုတော့လည်း သူငယ်ချင်းတွေနဲ့ သွားတာလာတာရှိတယ်။ ဘယ်ကိုမှတော့ ဟိုဟိုဒီဒီမသွားဘူး။ ညအိပ်ညနေလည်း မနေဘူး။ တနင်္ဂနွေနေ့ ပြန်လာလို ပြန်လာငြား စောင့်သေးပေမယ့် ပြန်မလာတော့ အဖေနဲ့ ညီမလေး က ကျောင်းကိုလိုက်သွားပြီး စာမေးပွဲဖြေနေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုမေးတယ်။ စနေနေ့ ကတည်းက မင်္ဂလာဒုံကနေ ရန်ကုန်ဘက်သွားတဲ့ ၃ နာရီ ရထားနဲ့ တင်ပေးလိုက်တယ်တဲ့။ သူတို့ဆီကတော့ အဲဒီလောက်ပဲ သိရတော့တယ်။ အဲဒီနေ့မှာတော့ သူသွားတတ်၊ လာတတ်တဲ့ အိမ်လေးတွေကိုပဲ သွားစုံစမ်းတယ်။ အင်္ဂါနေ့မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး တံတားလေး နေ့ဈေး ဘူတာဘက်သွားစုံစမ်းမိတယ်။ အဲဒါကလည်း စနေ့နေ့က ယဉ်တိုက်မှု ဖြစ်တယ်ဆိုတဲ့ အသံလေး ကြားလို့။ ကျွန်မမောင်လေးကလည်း အဲဒီနေ့က ပျောက်သွားတယ်ဆိုတော့ ဖြစ်လို့ဖြစ်ငြား သွားစုံစမ်းတာပါ။ ရုံပိုင် ကြီးကို မေးကြည့်တော့ ဖြစ်တာတော့ ဟုတ်တယ်။ သူ့မှာ သက်သေဘာမှ မရှိဘူး။ သေသေချာချာ မမှတ်မိလိုက်ဘူး။ လွယ်အိတ်လေးတစ်လုံးပါတာကိုတော့ သူပြောတယ်။ အမှုပိုင်းဆိုင်ရာ လုပ်တဲ့သူရှိလားလို့ မေးတော့ ရဲစခန်းက ဓာတ်ပုံလာရိုက်သွားတယ်တဲ့။ မြောက်ဥက္ကလာ မြရတနာရဲစခန်းက မှုခင်းမှုရာ အကုန်ယူသွားတယ်ဆိုလို့ လိုက်သွားတယ်။ စခန်းမှူးမရှိဘူးဆိုလို့ ဒုရဲအုပ်နဲ့ တွေ့ခွင့်ရတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သမီးကို တစ်ခုလောက် အကူအညီပေးပါဆိုပြီး အကူအညီတောင်းကြည့်တယ်။ ၂၇ ရက် စနေနေ့က တံတားလေး မှာတိုက်သွားတဲ့ ယာဉ်တိုက်မှုမှာ အတိုက်ခံရသူဟာ ကျွန်မမောင်လေးကလည်း ပျောက်နေတဲ့အတွက် တူလို့ တူငြား ပြပေးပါဆိုတော့ သမီးမှာ ပါလာတဲ့ပုံနဲ့ သူတို့ Photo စွဲထားတာကို ပြတယ်။ ကျွန်မက မယုံကြည်သေးဘူး။ အဖေ့ကို လှမ်းခေါ်တော့ အဖေက သူ့သားဆိုတာကို ပြောတာ။ မောင်လေးမှာ လွယ်အိတ် ပါတယ်လို့။ သူတို့က ဗကဗ ဘာညာလျှောက်ပြောတော့ ကျွန်မက မဟုတ်ဘူးလို့ ဂျင်းသားအညိုရောင်လေးလို့။ အဲဒီအိတ်ကို အဲဒီဒုရဲအုပ်ကိုယ်တိုင် ထုတ်ပြတယ်။ အဲဒီအထဲမှာ ကျောင်းသားကဒ် ပါတယ်။ ကဒ်မှာ အိမ်လိပ်စာ အပြည့်အစုံလည်း ပါတယ်။ စာအုပ်က မဟာစာအုပ်။ ကျွန်မတို့ရုံးက ထုတ်ပေးထားတဲ့ စာအုပ်လေးလဲ ပါတယ်။ နောက်ကျောမှာ လင်းအောင် ဖုန်းနံပါတ်ရယ် ။ တခြားသူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်ရယ် ကျွန်မဖုန်းနံပါတ်ပါ ရေးထားတယ်။ အဲဒါတွေကို မဆက်သွယ်ဘဲနဲ့ ကျွန်မတို့တွေ့မှ ဒါဟုတ်လား။ ဟုတ်ရင် ရင်ခွဲရုံမှာ ဆိုတော့ ဖေကြီးက သွားကြည့်တယ်။ မောင်လေးဟုတ်တယ်။ ပိုင်ရှင်မဲ့ဆိုပြီး သူတို့က လုပ်ထားတယ်။´ လို့ ပြောပါတယ်။

ဒီလိုဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်တွေ လိပ်စာတွေ ပါတာကို ပိုင်ရှင်မဲ့ပုံစံ လုပ်ထားရခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ပါသလားလို့ မခိုင်သဇင်မိုးအား ထပ်မံမေးမြန်းမိရာ `အမှုအခင်းဖြစ်တဲ့ နေရာမှာ စခန်းမှူးကိုယ်တိုင် စစ်ဆေးပါတယ်လို့ ပြောတယ်။ လွယ်အိတ်ကို သွန်ချတဲ့အခါမှာ ကျောင်းသားကဒ်က ပထနှစ်က ကဒ်နဲ့ ဒီနှစ်ကဒ် နှစ်ကဒ်ရှိတယ်။ ဒါတောင် စခန်းမှူးက မသိဘူးလား။ စခန်းမှူးဆိုတာ ကျွန်မတို့ သိသလောက်တော့ စခန်းမှာ အကြီးဆုံးပဲလေ။ထိုနေ့က ရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့ပြောတယ်´ဟု ပြန်လည်ဖြေကြားပါတယ်။

၎င်းတို့၏ မောင်လေးကို သေဆုံးပြီး ၄ ရက်အကြာ ၃၀.၁၀.၂၀၁၂ ရက်နေ့ကမှ သိရှိခွင့်ရခဲ့ပြီး ၃၁.၁၀.၂၀၁၂ ရက်နေ့တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။ ထိုနေ့က သေဆုံးသူ၏ ရုပ်ကလပ်ကို မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမှ ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားရာ နဖူးတွင် ရိုက်နှက်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာကို အထင်အရှားတွေ့မြင်ရသည်။ ထိုသို့မိသားစုမှ စုံစမ်းသိရှိပြီးကာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြော်ငြာပုံသဏ္ဍာန်ဖြင့် ဘူတာရုံတွင် လာကပ်သော ဓာတ်ပုံမှတ်တမ်းတွင် နဖူးပေါ်တွင် ဒဏ်ရာဒဏ်ချက်မပေါ်ဘဲ ဖြစ်နေသည့်အပေါ် သေဆုံးသူကျောင်းသား၏ ဖခင်မှ ၎င်း၏ သား သေဆုံးမှုမှာ ရိုးရိုးသားသား မဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ယူဆမိသည်။



သေဆုံးပြီး တိုက်ရိုက်ဆက်သွယ်ပြောကြားခြင်း မရှိသည့်အပြင် ဓာတ်ပုံမှတ်တမ်း နှစ်ခုမှာ ကွဲလွဲနေသည့်အပေါ် ၎င်းတို့အနေဖြင့် ဆုံးရှုံးခဲ့ပြီးဖြစ်သော သား/မောင်အတွက် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်သော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သေသေချာချာ သိရှိရခြင်းမရှိဘဲ အမျိုးမျိုးပြောဆိုနေခြင်းအပေါ် သံသယဖြစ်နေကြရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ `သဂြိုလ်တဲ့နေရကဒုရဲအုပ်အောင်မြင့်ဦး အဖေ့ကို လွယ်အိတ်ပြန်ပေးမယ်လို့ ကတိပေးတယ်။ ကျွန်မကို အဖေယူခိုင်းလို့ သွားယူတော့ စခန်းမှူး ဦးညီညီလွင်က တရားဖြေရှင်းဖို့လိုအပ်တဲ့အတွက် မပေးနိုင်ပါဘူးလို့ ပြောတယ်။ ကျွန်မတို့လည်း နားမလည်ဘူး။ မောင်လေးရဲ့ ပစ္စလေးတွေကို ကြည့်ချင်ပါသေးတယ်ဆိုတော့ စခန်းမှူးကိုယ်တိုင်ပဲ အိတ်ထဲကနေ သွန်ပြတယ်။ စာအုပ်နဲ့ ကျောင်းသားကဒ်က သက်သက် လွယ်အိတ်ကိုခေါက်ထားတယ်။ မောင်လေးမှာ ပါသွားတဲ့လက်စွပ်ကတော့ မရှိတော့ဘူး။ ´လို့ ပြောပါတယ်။

လက်စွပ်မှာ မောင်းကွင်းလေးသာ ဖြစ်ပြီး တန်ဖိုးမများလှကြောင်း တပ်မတော် အငြိမ်းစား ဖခင်ဖြစ်သူ ကရှင်းပြပါတယ်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရတပ်ဖွဲ့ဝင်များက မည်သို့ရှင်းပြကြောင်း မေးမြန်းကြည့်ရာ ` တမျိုးစီပြောကြတယ်။ ဘူတာပိုင်က ပြောတော့ သေသွားသူက ခြေထောက်ကြီး နှစ်ချောင်းက ထောင်နေတာတဲ့။ ရဲစခန်းရောက်သွားတော့ စခန်းမှူးက ပြောတော့ ရထားမောင်းတဲ့သူက ပြေးသွားတာကို မြင်တယ်တဲ့။ အမျိုးမျိုးပြောကြပါတယ်။ အခုချိန်အထိတော့ အမှန်တရားမသိသေးပါဘူး။´လို့ ရှင်းပြပါတယ်။

ဒီလိုကိစ္စမျိုးမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီပါရစေဟု ပြောဆိုထားချက်နှင့်အညီ သေဆုံးသူတွင် ဆက်သွယ်ရန် လိပ်စာများ ၊ ဖုန်းနံပါတ်များ ပါရှိနေသည်ကို မဆက်သွယ်ဘဲ ပိုင်ရှင်မဲ့ ဆောင်ရွက်ခဲ့ခြင်း အပေါ်လည်း ၎င်းတို့၏ သားအနေဖြင့် ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အပေါ်မှာ မည်သူ့ကိုမှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်သော်လည်း ထိုသို့လုပ်ကိုင်ဆောင်ရွက်ရန် မသင့်ကြောင်း ပြောဆိုလာကြပါတယ်။ ရဲတပ်ဖွဲ့မှ ကြော်ငြာကပ်မည့် ဓာတ်ပုံမှတ်တမ်းတွင် သေဆုံးသူ မောင်ငြိမ်းဇံဖြိုး၏ နဖူးပြင်ပေါ်က ဒဏ်ရာကို မတွေ့ရှိရဘဲ သဂြိုလ်သည့်နေ့က မိသားစုဝင်များ ရိုက်ကူးရရှိခဲ့သော ဓာတ်ပုံတွင် နဖူးပြင်ပေါ်၌ ရိုက်နှက် ဒဏ်ရာသဖွယ် တွေ့မြင်ရခြင်းအပေါ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မီးရထားတိုက် သေဆုံးဟု ဆိုထားသော်လည်း ၎င်းတို့အနေဖြင့် အခြေအနေမှန်ကို လုံးဝသိရှိရခြင်း မရှိသည့်အပေါ် ယူကြုံးမရ ဖြစ်နေကြရသည်။

The Season News

အေးချမ်းမွန်မှ The Season News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Season News
၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂ ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ ရုံပိုင်မှလည်း ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း သိခဲ့ရသည်။

မြန်မာ- ဘင်္ဂလာ နယ်စပ် ပင်လယ်ပြင် နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများ တိုးချ

Photo: မြန်မာ- ဘင်္ဂလာ နယ်စပ် ပင်လယ်ပြင် နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများ တိုးချ

ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ်  ပင်လယ်ပြင်တွင် နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း ရရှိသည်။

ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ်သည်ဟု သိရသည်။

“ အဓိကတော့ ဒီ ဘင်္ဂလာ ဘက်ကလည်း မြန်မာဘက်က ထွက်ပြေး လာတဲ့ လူတွေကို တားဆီးဖို့ အတွက် ရေတပ်သင်္ဘောတွေကို နယ်စပ်မှာ အများကြီးတိုးချထားပါတယ်။။ မြန်မာဘက်ကလည်း ရေတပ် သင်္ဘောတွေ အများကြီးရှိနေပါတယ်။ သူ့တို့ကလည်း နိုင်ငံကနေ ဒီဘက်ကို လူတွေကို အထွက် မပေးဘူးဗျာ” ဟု တက်ကနက် ဆိပ်ကမ်းတွင် ရှိနေသူ စီးပွားရေး သမား တစ်ဦးက ပြောသည်။

ရခိုင်အရေးတွင် ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည်များကို ဘင်္ဂလာဒေခ်ျ့က လုံးဝင် အ၀င်မပေးဘဲ ရေတပ်သင်္ဘောများကို ပင်လယ်ပြင်တွင် ဖြန့်ကျက် ချထားကာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။

မြန်မာဘက်ကလည်း ရေတပ်သင်္ဘောများဖြင့် ပင်လယ်ပြင်ကို ပိတ်ဆို့ထားသည်ဟု မျက်မြင် ရေလုပ်သားများက ပြောသည်။

သို့အတွက် ယခု အရေးအခင်းတွင် ရခိုင်မှ ထွက်ပြေးလာသူ မွတ်ဆလင် တစ်ဦးတစ်ယောက်မှ လှေဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ယနေ့တိုင် ရောက်ရှိလာခြင်း မရှိသေးဟု သူက ဆိုသည်။

“ အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက လှေစီးပြီး ထွက်ပြေးလာတာကို မတွေ့ရသေးပါဘူး။ လာရင်လည်း လက်ခံမယ့် အနေထား မရှိဘူး။ ဒီဘက်နိုင်ငံက တော်တော်ကို တင်းတင်းကျပ် လုပ်ထားပါတယ်။ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီပီ၊ ရဲတပ်ဖွဲ့နဲ့ ကမ်းခြေစောင့် တပ်ဖွဲ့လည်း နယ်စပ် တလျှောက်မှာ အပြည့်ချထားပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်နိုင်ငံ နယ်စပ် တလျှောက်ပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများ တိုးချထားသဖြင့် ထိခိုက်နေသည်မှာ မြန်မာ- ဘင်္ဂလာ နယ်စပ် စီးပွားရေးကို ဖြစ်သည်ဟု စီးပွားရေး လုပ်ကိုင်နေသူ ဦးထွန်းလှကျော်က ပြောသည်။

ရေတပ်သင်္ဘောများ ရှိနေသဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်နေသော မြန်မာဘက်က မော်တော်ဘုတ်အရေအတွက်မှာ အများကြီး လျှော့ကျသွားပြီး နယ်စပ် စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်နေသည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့ဘက်က တရားဝင်ရော၊ တရားမ၀င်ရော ဒီကိုလာတာ သိပ်မရှိတော့ဘူး။ နယ်စပ်မှာ ရေတပ် သင်္ဘောတွေက အရမ်းများနေတော့ အစစ်အဆေး အများကြီးရှိနေတယ်။ ဒါကြောင့် တရားဝင်ကုန်တွေ သယ်လာတဲ့ မော်တော်ဘုတ်တွေရော၊ မှောင်ခို မော်တော်ဘုတ်တွေရော မ၀င်တော့ဘူး။ နယ်စပ် စီးပွားရေး ကျနေပါတယ်” ဟု သူက ဆိုသည်။

၎င်းပြင် မောင်တောနှင့် တက်ကနက် အကြား နတ်မြစ်ကို မော်တော်ဘုတ်ဖြင့် ဖြတ်ကျော်ကာ ပတ်စ်ပို့နှင့် သွားလာမူကိုလည်း ယခုအခါ ပြန်လည် ရပ်ဆိုင်းထားကြောင်း သိရသည်။

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ် ပင်လယ်ပြင်တွင် နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း ရရှိသည်။

ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ်သည်ဟု သိရသည်။

ရမ်းဗြဲမြို့နယ်တွင် ရခိုင်တစ်ဦး သတ်ဖြတ်ခံရ

ရမ်းဗြဲမြို့ ရမ်ဘောက်ကုန်တိုက်နယ် ရွေကျေးရွာတွင် နိုဝင်ဘာလ တစ်ရက်နေ့ နံနက်(၁၁)နာရီခန့်က ရခိုင်တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ သတ်ဖြတ်ခံရသူမှာ ဦးမြထွန်း(၅၂)နှစ်ဖြစ်ပြီး သူ၏(၁၀)နှစ်သားအရွယ်မြေးဖြစ်သူနှင့် ကွမ်းခင်း စောင့်နေစဉ် ဘင်္ဂလီ(၄)ဦးလာရောက်ကာ ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်နေတာကိုတွေ့မြင်ရတဲ့အတွက် ကြောက်လန့်တကြား ထွက်ပြေးလွတ်မြောက်လာသည့် သူ၏မြေးပြောပြချက်အရ သိရသည်။

၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေ ဒေါ်လာ ၂၄၅ သန်းပေးရန် စီစဉ်

ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို ချေးငွေနှင့်အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၂၄၅ သန်း ထုတ်ပေးသွားရန် စီစဉ်ထားသည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာသန်း
၈၀ ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ယခင်ကယူထားသည့် အေ<ကးဟောင်း ဒေါ်လာသန်း ၄၀၀ ခန့်ကို အကြေဆပ်ပြီးပါက နောက်ထပ်ချေးငွေ ၁၆၅ သန်း ထုတ်ချေးသွားမည်ဟု ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာ ပေးပို့

နေပြည်တော်၊ နိုဝင်ဘာ၂

နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သို့ နိုဝင်ဘာ ၁ ရက်၊ ရက်စွဲဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် ယနေ့တွင် သဝဏ်လွှာ တစ်စောင် ပေးပို့လိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

လက်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနများ ဖြစ်သော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ြ
ကီးဌာနကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနဟူ ၍လည်းကောင်း၊ အလုပ်သမား ဝန်ကြီးဌာနကို အလုပ်သမားနှင့် အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဟူ၍လည်းကောင်း အမည် ပြောင်းလဲနိုင်ရန် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာပေးပို့ခဲ့သည်။

The Voice Weekly

မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ

Photo: မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ

အသရေဖျက်မှုဖြင့် ထောင် ၆ လ ကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းအား တရားစီရင်နေချိန် ၎င်းလွတ်မြောက်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံးရှေ့တွင် ယနေ့နေ့လည်ပိုင်းက ဓမ္မသတ်ရွာသား ၇၀ဝ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။

“ အမှန်တရားပေါ်ပေါက်ရေး-ဒို့အရေး၊ အမှုမှန်ပေါ်ပေါက်ရေး-ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး ဒို့အရေး စာ တမ်းတွေကိုင်ပြီး ကျွေးကြော်သံတွေနဲ့ တရားရုံးဝင်းရှေ့မှာအော်ခဲ့ကြတယ်” ဟု ခေါင်းဆောင် တစ်ဦး အဖြစ်လှုပ် ရှားနေသူ မင်းစိုးမြင့်က ပြောသည်။
...
ဆန္ဒပြပွဲအား မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်ခန့်က စတင်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာမြင့်သည်ဟုမျက်မြင်တွေ့ ရှိ သူ များ ပြောပြချက်အရ သိရသည်။

“ဦးစိုးသိန်းအမှုကို ဒီနေ့စီရင်ချက်ချမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုလာမယ့် ၈ ရက်နေ့ကို ရုံးချိန်း ထပ် ချိန်း လိုက်ပြန်ပြီး” ဟု မင်းစိုးမြင့်ကပြောသည်။

ယင်းကဲ့သို့ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ကြိုတင် ခွင့်မတောင်းခဲ့သော်လည်း အာဏာပိုင်များက တားဆီး ခဲ့ခြင်း မရှိဟု သိရသည်။

“တရားရုံးမှာအော်ဟစ်ဆန္ဒပြပြီးနောက် မော်လမြိုင်ထောင်ဘက်ကိုသွားပြီး ထပ်အော်ကြတယ်၊ ကားတန်းတွေ နဲ့ မြို့ကိုပတ်ပြီးတော့ အခုသူတို့ရွာဖက်ကို ပြန်သွားကြပြီ” ဟု သတင်းမှတ်တမ်းတင်နေသူ သံလွင်တိုင်းမ်းဂျာနယ် အယ်ဒီတာ ကိုမင်းမင်းနွယ်က ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းက ဦးစိုးသိန်း လွတ်မြောက်ရေးအတွက် ဓမ္မသတ်ရွာသားများမှ ကျိုက်မရောမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒပြခွင့် တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ပေ။

ဓမ္မသတ်ရွာဥက္ကဌဟောင်း ဦးထွန်းလင်းအား စာသင်ကျောင်းမြေရောင်းစားသည်ဟု တိုင်ကြားခဲ့ရာတွင် အခြေအမြစ်ခိုင်လုံမှုမရှိဟု ကျိုက်မရောတရားရုံးက သုံးသပ်ခဲ့ပြီး ဦးစိုးသိန်းအား ပုဒ်မ ၅၀ဝ အသရေဖျက်မှု မြောက်သဖြင့် လွန်ခဲ့သည့်အောက်တိုဘာလ ၂ ရက်နေ့၌ ထောင်ဒဏ် ၆ လကျခံစေရန်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

၎င်းကိစ္စကို မကြေနပ်ကြသောရွာသားများက အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးကိုဆန္ဒပြခြင်းဖြစ် သည်ဟု ကာယကံရှင်များထံမှ သိရသည်။

နှစ်ဖက်ပြဿနာများကြေအေးကြရန် ပြီးခဲ့သော စနေ့နေ့က ဓမ္မသတ် ရွာဥက္ကဌဟောင်းဖက်က ကိုယ်စား လှယ် ဦးထွန်းလင်းနှင့် ဆန္ဒပြ အဖွဲ့ခေါင်းဆောင် မင်းစိုးမြင့်တို့ တဖွဲ့လျင် ၅ ဦးစီ ပါဝင်သည့် ကိုယ်စား လှယ် အဖွဲ့တို့ မော်လမြိုင်မြို့၊ ကမ်းနားလမ်းဟိုတယ်၌ နှစ်ဖွဲ့မျက်နှာချင်း ဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသော် လည်း အောင်မြင်မှုမရခဲ့ပေ။

အေးချမ်းမွန်မှ သတင်း..လွတ်လပ်သောမွန်သတင်းအေဂျင်စီတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :သတင်း..လွတ်လပ်သော မွန်သတင်းအေဂျင်စီ
အသရေဖျက်မှုဖြင့် ထောင် ၆ လ ကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းအား တရားစီရင်နေချိန် ၎င်းလွတ်မြောက်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံးရှေ့တွင် ယနေ့နေ့လည်ပိုင်းက ဓမ္မသတ်ရွာသား
၇၀ဝ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။

“ အမှန်တရားပေါ်ပေါက်ရေး-ဒို့အရေး၊ အမှုမှန်ပေါ်ပေါက်ရေး-ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး ဒို့အရေး စာ တမ်းတွေကိုင်ပြီး ကျွေးကြော်သံတွေနဲ့ တရားရုံးဝင်းရှေ့မှာအော်ခဲ့ကြတယ်” ဟု ခေါင်းဆောင် တစ်ဦး အဖြစ်လှုပ် ရှားနေသူ မင်းစိုးမြင့်က ပြောသည်။
ဆန္ဒပြပွဲအား မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်ခန့်က စတင်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာမြင့်သည်ဟုမျက်မြင်တွေ့ ရှိ သူ များ ပြောပြချက်အရ သိရသည်။

ဥရောပ၏ ရှေးအကျဆုံး မြို့တော် ဘူဂေးရီးယား၌ တူးဖော်တွေ့ရှိ

Photo: ဥရောပ၏ ရှေးအကျဆုံး မြို့တော် ဘူဂေးရီးယား၌ တူးဖော်တွေ့ရှိ

ဘူဂေးရီးယား နိုင်ငံတွင် ဥရောပ၏ သမိုင်း မတင်မီ ရှေးအကျဆုံး မြို့တော်အား တူးဖော် တွေ့ရှိ ခဲ့ကြောင်းရှေးဟောင်း သုတေသန ပညာရှင် များ၏ ပြောကြားချက်အရသိရသည်။

အဆိုပါ မြို့တော်ကို တံတိုင်း များဖြင့် အခိုင်အမာ တည်ဆောက် ထားပြီး ပရိုဗာ ဒီယားမြို့ အနီးတွင် တည်ရှိသည်။ ရှာဖွေ တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းသည် ဆား အဓိက ထုတ်လုပ်သည့် နေရာ တစ်ခု ဖြစ်မည်ဟု သုတေသီ များက ခန့်မှန်း ထားသည်။
...
ဘူဂေးရီးယား အရှေ့ မြောက်ပိုင်းတွင် ရှာဖွေ တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝ နီးပါးက ရတနာသိုက် တစ်ခု ရှာဖွေ တွေ့ရှိ ခဲ့ဖူးကြောင်း ၎င်းတို့က ဆက်လက် ပြောကြား ခဲ့သည်။ ထို့အ ပြင် အဆိုပါ မြို့တော်သည် ဘီစီ ၄၇ဝဝ မှ ၄၂ဝဝ ကြားတွင် တည်ရှိ နိုင်ကြောင်း၊ ၎င်းမြို့တွင် လူဦးရေ ၃၅ဝ နီးပါး နေထိုင် ခဲ့ဟန် ရှိကြောင်း သုတေသီ များက ယူဆ ထားကြသည်။

http://www.myawady.net.mm/all-news/79-international-news/5486-2012-11-02-03-13-40

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ဘူဂေးရီးယား နိုင်ငံတွင် ဥရောပ၏ သမိုင်း မတင်မီ ရှေးအကျဆုံး မြို့တော်အား တူးဖော် တွေ့ရှိ ခဲ့ကြောင်းရှေးဟောင်း သုတေသန ပညာရှင် များ၏ ပြောကြားချက်အရသိရသည်။

အဆိုပါ မြို့တော်ကို တံတိုင်း
များဖြင့် အခိုင်အမာ တည်ဆောက် ထားပြီး ပရိုဗာ ဒီယားမြို့ အနီးတွင် တည်ရှိသည်။ ရှာဖွေ တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းသည် ဆား အဓိက ထုတ်လုပ်သည့် နေရာ တစ်ခု ဖြစ်မည်ဟု သုတေသီ များက ခန့်မှန်း ထားသည်။
...

အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ

Photo: အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ
ပြည်တွင်း သတင်း, နိုင်ငံတကာသတင်း October 31, 2012 2:44 am

အာဆီယံမှ ကြောက်မက်ဖွယ်ရခိုင်အဓိကရုဏ်းအား အဆုံးသတ်ရေးရည်သန်ပြီး မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းမှုကို မြန်မာအစိုးရဘက်မှ ငြင်းဆန်ပယ်ချလိုက်ကြောင်း စီအင်အေသတင်းတစ်ရပ်အရ သိရှိရပါသည်။ အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က သူ့အနေဖြင့် မြန်မာအသွင်းပြောင်းအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကြံပြုတင်ပြခဲ့ကြောင်း၊ သို့အားဖြင့် ဒေသတွင်းစုစည်းညီညွတ်မှုကို ပိုမိုစေနိုင်မည့်အကြောင်း ပြောဆိုခဲ့သည်။သို့သော် မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း သွေးထွက်သံယိုမှုများအား အဆုံးသတ်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချက်လိုက်ကြောင်း ဆူရင်က ပြောကြားခဲ့သည်။ 
Myanmar International News

အေးချမ်းမွန်မှ ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း
အာဆီယံမှ ကြောက်မက်ဖွယ်ရခိုင်အဓိကရုဏ်းအား အဆုံးသတ်ရေးရည်သန်ပြီး မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြောင်း
၊ ယင်းကမ်းလှမ်းမှုကို မြန်မာအစိုးရဘက်မှ ငြင်းဆန်ပယ်ချလိုက်ကြောင်း စီအင်အေသတင်းတစ်ရပ်အရ သိရှိရပါသည်။ အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က သူ့အနေဖြင့် မြန်မာအသွင်းပြောင်းအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကြံပြုတင်ပြခဲ့ကြောင်း

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်ပါဝင်

Photo: ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်ပါဝင်


ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကျောင်းသားမျိုးဆက်များ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးဘသက်အောင်က အောက်တိုဘာ ၂၉ ရက်တွင် ရှင်သန် ဖူးဝေကံ့ကော်မြေပန်းချီပြပွဲ ကျင်းပရန် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဦးဘသက်အောင်က““အောက်တိုဘာ ၂၇ ရက်နေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတယ်။ တွေ့ဆုံရတဲ့ အကြောင်းရင်းက တ-က-သ အဆောက်အအုံ ပြန်လည်ဖြစ်မြောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတာပါ။ အဲဒီမှာ နာယက အဖြစ် ပါဝင်ဖို့ တောင်းဆိုတော့ အန်တီက သဘောတူတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်”” ဟုပြောသည်။

အဆိုပါ သမဂ္ဂအဆောက်အအုံသည် ဦးနေ၀င်း၏စစ်အစိုးရလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ဖြိုချခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈ ကျောင်းသားမျိုးဆက်များနှင့် နောက်ပိုင်းကျောင်းသားမျိုးဆက်များ ပူးပေါင်း၍ ဇွန်လ ၁၇ ရက်တွင် ကော်မတီတစ်ရပ်ဖွဲ့ကာ ပူးပေါင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါအဖွဲ့တွင် နာယကများ အဖြစ် ဆရာကြီး ““ဒဂုန်တာရာနှင့် ၁၉၆၂ ကျောင်းသားဟောင်းများ ပါဝင်ပြီး ယခုတွင် ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်လာပြီဖြစ်သည်””ဟု အဆိုပါအဖွဲ့မှ ဦးညိုထွန်းက ပြောသည်။

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ ပါတီဝင်များအားလုံး မည်သည့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကိုမှ ၀င်ရောက်ပတ်သက်ဆောင်ရွက်ခြင်းမပြုရန် မကြာမီတွင် ထုတ်ပြန်ကြေညာသွားရန် ဒေါ်အောင်ဆန်းစုကြည်မှ ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများထံ ညွှန်ကြားထားကြောင်း အတည်ပြု၍မရသော သတင်းများလည်း ထွက်ပေါ်နေ သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကလည်း မသိရှိကြောင်း မြန်မာသံတော်ဆင့်သို့ ငြင်းဆိုထားသည်။      

Myanmartandawsint Newspaper

အေးချမ်းမွန်မှ Myanmartandawsint Newspaper တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmartandawsint Newspaper
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကျောင်းသားမျိုးဆက်များ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်
ပါဝင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးဘသက်အောင်က အောက်တိုဘာ ၂၉ ရက်တွင် ရှင်သန် ဖူးဝေကံ့ကော်မြေပန်းချီပြပွဲ ကျင်းပရန် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဦးဘသက်အောင်က““အောက်တိုဘာ ၂၇ ရက်နေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတယ်။ တွေ့ဆုံရတဲ့ အကြောင်းရင်းက တ-က-သ အဆောက်အအုံ ပြန်လည်ဖြစ်မြောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတာပါ။ အဲဒီမှာ နာယက အဖြစ် ပါဝင်ဖို့ တောင်းဆိုတော့ အန်တီက သဘောတူတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်”” ဟုပြောသည်။

မြန်မာနိုင်ငံ ပြည်ပကြွေးမြီ တိုး၊ ရင်း စုစုပေါင်း ကန်ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိ

Photo: မြန်မာနိုင်ငံ ပြည်ပကြွေးမြီ တိုး၊ ရင်း စုစုပေါင်း ကန်ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိ


မြန်မာနိုင်ငံတွင် ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက အောက် တိုဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ဒေါက်တာ မောင်မောင်သိမ်းက ပြည်ပကြွေးမြီတိုးရင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄သန်းရှိကြောင်း၊ ပြည်တွင်းကြွေးမြီစုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း ၉၉၈၈၈၅၇ဖြစ်ကြောင်း တစ်နိုင်ငံလုံးတွင် လက်ရှိလည်ပတ်သုံးစွဲနေသော ငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စက်တင်ဘာလ ကုန်အထိ ငွေကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးကိုမူ စိစစ်ဆောင်ရွက်လျက် ရှိကြောင်းပြောသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်း၌လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံမှပေးဆပ်ရန်ကျန်ရှိသည့် ကြွေးကျန်ကန်ဒေါ်လာ ၃၉၇ သန်းကို ပြန်ဆပ်ရန်အကူအညီ ပေးသွားမည်ဖြစ်ကြောင်း အာရှ၊ ပစိဖိတ်ဒေသကမ္ဘာ့ဘဏ်ဒုတိယဥက္ကဋ္ဌ မစ္စပယ်မယ်လာက ပြောခဲ့ဖူးသည်။

 မစ္စပယ်မယ်လာက မြန်မာနိုင်ငံအနေဖြင့် ကြွေးကျန်များ ပြန်ဆပ်နိုင်ရန် ကူညီမှုအပြီးတွင် ထပ်မံ၍ ချေးငွေထုတ်ပေးလိုကြောင်းလည်း ပြောခဲ့ဖူးသည်။ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကြွေးကျန်များကို ပြန်လည်ပေးဆပ်နိုင်ရန် ရေတိုစီမံကိန်းအနေဖြင့် ချေးငွေထုတ်ပေးသွားမည် ဖြစ်ကြောင်း ကျိုတိုသတင်းဌာနက သြဂုတ်လ ၂ ရက်တွင် ဖော်ပြဖူးသည်။

မြန်မာနိုင်ငံနေဖြင့် ကမ္ဘာ့ဘဏ်အားပေးရန် ကြွေးကျန် ကန်ဒေါ်လာ ၃၉၇ သန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်အား ပေးဆပ်ရန် ကြွေးကျန် ကန် ဒေါ်လာ သန်း ၅၀၀ ကျန်ရှိနေသည်။

အေးချမ်းမွန်မှ Myanmartandawsint Newspaper  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :asmoonsaturn.blogspot.com
မြန်မာနိုင်ငံတွင် ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက အောက် တိုဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ဒေါက်တာ မောင်မောင်သိမ်းက ပြည်ပကြွေးမြီတိုးရင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄သန်းရှိကြောင်း၊ ပြည်တွင်းကြွေးမြီစုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း ၉၉၈၈၈၅၇ဖြစ်ကြောင်း တစ်နိုင်ငံလုံးတွင် လက်ရှိလည်ပတ်သုံးစွဲနေသော ငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စက်တင်ဘာလ ကုန်အထိ ငွေကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးကိုမူ စိစစ်ဆောင်ရွက်လျက် ရှိကြောင်းပြောသည်။

ရခိုင် ဒုက္ခသည်များ အတွက် ပေါင်၂ သန်း ဗြိတိန် ကူညီ ထောက်ပံ့မည်

ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသော ရခိုင် ဒေသရှိ ဒုက္ခသည် များအတွက် ဗြိတိန် နိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ အဖြစ် ပေါင်၂ သန်း ပေးအပ်မည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြ ထားသည်။

ဗြိတိန် နိုင်ငံမှ ရခိုင် ဒေသရှိ ဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် အတွက် ရေသန့်၊ ကျန်းမာရေး ပစ္စည်းများ နှင့် အာဟာရ ပစ္စည်းများ ပေးအပ

် သွားမည် ဖြစ်ကြောင်း၊ ယင်း အကူအညီ များကို မြန်မာနိုင်ငံ ရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း သတင်း တွင် ဖော်ပြ ထားသည်။

လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍ(၀င်းနိုင်ထွန်း)





thn-31-10-3
နေ့စဉ်သုံးစွဲနေကြသည့်ပစ္စည်းများအား အခြေခံကျကျထုတ်လုပ်သည့် လုပ်ငန်းစဉ်ကွင်းဆက်များတွင် လူကုန်ကူးမှုနှင့် ကျွန်ပြုမှုတို့ ဆက်စပ်ချိတ်ဆက်မှုတချို့ရှိနေကြသည်။ထိုသို့သော ထုတ်ကုန်ပစ္စည်းများ ပေးသွင်းသည့်ကွင်းဆက်တွင် လူကုန် ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍတို့ ဆက်စပ်မှုရှိနေသည်ကို အသိပညာပေးနေကြရမည်ဖြစ်သည်။
ကမ္ဘာနှင့်တစ်ဝန်း လူသုံးကုန်အများအပြားသည် အလုပ်သမားများအပေါ် ကျွန်ပြုခိုင်းစေခြင်းဖြင့် ထုတ်လုပ်ကြသည့် စက်ရုံအလုပ်ရုံများ၏ ထွက်ကုန်များဖြစ်ကြသည်။ ယေဘုယျအားဖြင့် အလုပ်သမားများ၏ အခြေအနေကို စောင့်ကြည့်နိုင်ခြင်း မရှိသည့် အနေအထားဖြစ်သော ကုန်ထုတ်လုပ်မှုအတွက် ဖြည့်ဆည်းပေးရသည့် အနိမ့်ဆုံးအောက်ခြေအဆင့်မျိုးများတွင် အလုပ်သမားများအပေါ် အလွဲသုံးစားပြုမူမှုမျိုးများရှိကြသည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားကွင်း ကို နေလုံ၊ မိုးလုံ ပြုလုပ်မည်

အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နားကွင်း ကို ခရီးသည် များ အဆင်ပြေ ချောမွေ့ စေရန် အမိုး မိုး၍ ဆောက်လုပ် သွားမည် ဟု ယင်း ယာဉ်ရပ်နား စခန်း စည်ပင်သာယာ ဌာနမှ ဒုတိယ ဌာနမှူး ဦးဉာဏ်ထွန်းအောင် က The Voice Weekly သို့ ပြောကြားသည်။

"ရပ်နားကွင်း အမှတ် (၂) ကို ခရီးသည် တွေ အဆင်ပြေစွာ နားနေနိုင်အောင် နေလုံ မိုးလုံအောင် ပြန်လည် ဆောက်လုပ် သွားမှာပါ။ အဓိက ကတော့ ဆောက်နေတဲ့ အချိန် ယာဉ်ကြော မပိတ်အောင် ညှိနှိုင်း ဆွေးနွေး နေတုန်းပဲ၊ အတည် ပြုပြီး သွားရင် မီဒီယာ တွေကနေ တစ်ဆင့် အသိ ပေးသွား မှာပါ" ဟု ၄င်းက ပြောကြားသည်။

လ၀က ရုံး အဆောက်အဦကြီးကို ကျပ် သန်း ၁၅၀၀၀ နဲ့ ဦးဇော်ဇော် ၀ယ်ယူ

Photo: မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်တဲ့ ဦးဇော်ဇော်ဟာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦ တစ်လုံးဖြစ်တဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်
မဟာဗန္ဓုလလမ်းပေါ်က လ၀က ရုံး အဆောက်အဦကြီးကို ကျပ် သန်း ၁၅၀၀၀ နဲ့ ၀ယ်ယူလိုက်ကြောင်း အောက်တိုဘာ ၁၂ ရက် အစိုးရပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။ ဦးဇော်ဇော်ဟာ ဒီငွေကို နိုင်ငံပိုင်ပစ္စည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ဆီမှာ ငွေအ
ကြေပေးချေပြီးဖြစ်လို့ အမည်ပေါက်ဂရံကို
မြို့တော်စည်ပင်အဖွဲ့က လုပ်ပေးဖို့လည်း အမိန့်ကြော်ငြာစာမှာ ညွှန်ကြားထားပါတယ်။ အခုနှစ်အတွင်း အစိုးရပိုင်ကနေ ပုဂ္ဂလိကကို လွှဲပြောင်းရောင်းချခဲ့တာတွေမှာ ရန်ကုန် ဆုထူးပန်ရုပ်ရှင်ရုံကို
ဒေါ်ဝါ၀ါဝင်းရွှေကနေ ကျပ် သန်း ၆၁၀၀၊ မန္တလေး မစိုးရိမ် ရုပ်ရှင်ရုံကို ဦးအောင်မိုးကျော်က ကျပ် သန်း ၅၀၀၀၊ သာကေတ စည်သွတ်စက်ရုံကို ဒေါ်မေအေးမွန်က ၃၂၉၀ သန်း၊ ပုဇွန်တောင် စက်ဆန်းမြေကွက်ကို
...ဦးခင်မောင်ကျော်က ကျပ်သန်း ၁၆၀၀ နဲ့ ၀ယ်ယူခဲ့ကြ တယ်လို့  ပြန်တမ်းဖော်ပြချက်တွေအရ
သိရပါတယ်။
DVB

အေးချမ်းမွန်မှ ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်တဲ့ ဦးဇော်ဇော်ဟာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦ တစ်လုံးဖြစ်တဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်
မဟာဗန္ဓုလလမ်းပေါ်က လ၀က ရုံး အဆောက်အဦကြီးကို ကျပ် သန်း ၁၅၀၀၀ နဲ့
ဝယ်ယူလိုက်ကြောင်း အောက်တိုဘာ ၁၂ ရက် အစိုးရပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။ ဦးဇော်ဇော်ဟာ ဒီငွေကို နိုင်ငံပိုင်ပစ္စည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ဆီမှာ ငွေအ
ကြေပေးချေပြီးဖြစ်လို့ အမည်ပေါက်ဂရံကို
မြို့တော်စည်ပင်အဖွဲ့က လုပ်ပေးဖို့လည်း အမိန့်ကြော်ငြာစာမှာ ညွှန်ကြားထားပါတယ်။

လသာမြို့နယ်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူ လယ်သမားများ ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက်ရှိ

Photo: လသာမြို့နယ်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူ လယ်သမားများ ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ တရားဝင်ခွင့်ပြုမိန့် ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၂ရက်နေ့နံနက် ၁နာရီ ၃၀မိနစ် အချိန်အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော် သူများ၏ ပြောကြားချက်အရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက "ခွင့်ပြုချိန်ကို ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ ၁၈နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီထက်ပိုမို ဖြေဆိုခွင့်မရှိပါဘူး"ဟုပြောပြခဲ့ပါသည်။

လက်ရှိအချိန်တွင်မူ ဆန္ဒထုတ်ဖော်နေသူများအား စေတနာရှင်ပြည်သူအချို့မှ မုန့်၊သစ်သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ေ
ကျးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ တရားဝင်ခွင့်ပြုမိန့် ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၂ရက်နေ့နံနက် ၁နာရီ ၃၀မိနစ် အချိန်အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော် သူများ၏ ပြောကြားချက်အရသိရသည်။

မုန်တိုင်းကာလ ဈေးကွက်ထဲဝင်လာတဲ့ Google ရဲ့ ပစ္စည်းသစ်များ

Photo: မုန်တိုင်းကာလ ဈေးကွက်ထဲဝင်လာတဲ့ Google ရဲ့ ပစ္စည်းသစ်များ


နယူးယောက်မြို့ မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂူဂယ်ရဲ့ Andriod ပွဲကို စန္ဒီမုန်တိုင်းကြောင့် ဖျက်သိမ်းခဲ့ပေမယ့် ဂူဂယ် က သူရဲ့ Nexus (နက်ဆက်) ပစ္စည်းသစ်တွေကို အိုင်တီပစ္စည်းသုံးတဲ့ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။

...ဂူဂယ်က ထုတ်ဖော်ပြသလိုက်တဲ့ ပစ္စည်းသစ် (၃) မျိုးကတော့ Nexus 4 , Nexus 7 (3G) နဲ့  Nexus 10 တို့  ဖြစ်ပါတယ်။

ပစ္စည်း ၃ မျိုးစလုံးဟာ Andriod Version 4.2 ကို အသုံးပြုထားတာပါ။ ဂူဂယ်ကတော့ “ ဂျယ်လီဘင်းရဲ့ အရသာသစ် “ ကို ခံစားရမယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Nexus 4 က ဂူဂယ်ရဲ့ စမတ်ဖုန်းပစ္စည်းသစ် ဖြစ်ပြီး ကိုရီးယားကုမ္မဏီ LG တို့ နဲ့ ပူးတွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖုန်းရဲ့ မျက်နှာပြင်ဆိုဒ်က ၄.၇ ရှိပြီး quad-core processor အသုံးပြုထားပါတယ်။

ဖုန်းကို အမေရိကန်ဒေါ်လာ 299 (8GB) နဲ့  349 (16GB)နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Nexus 4 ဟာ သူနဲ့ အတူ မရှေးမနှောင်းမှာထွက်လာတဲ့၊ Windows Phone 8 OS တွေ အသုံးပြုထားတဲ့ HTC , Nokia , Samsung စတဲ့ နာမည်ကြီးဖုန်းတွေနဲ့ ဈေးကွက် လုရမှာဖြစ်ပါတယ်။

ဂူဂယ် က နောက်ထပ် မိတ်ဆက်သွားတဲ့ ပစ္စည်းသစ် ကတော့ Nexus 7 Tablet ကို သိုလှောင်မှု မြှင့်တင်ထားတဲ့ Nexus 7 (32GB) ပစ္စည်းဖြစ်ပြီး ၂၄၉ ဒေါ်လာ နဲ့ ရောင်းမှာပါ။

သြဂုတ်လ က ထွက်ရှိခဲ့တဲ့ (16GB) ဟာ ဈေးကျသွားပါပြီ။ အရင်က ၂၄၉ ဒေါ်လာရှိရက အခုတော့ ၁၉၉ ဒေါ်လာနဲ့ပဲ ရောင်းပါတော့မယ် တဲ့။

ဒါ့အပြင် Nexus 7 (32GB) 3G ပစ္စည်းအတွက် ၂၉၉ ဒေါ်လာဖြင့် ၀ယ်ယူနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

ဂူဂယ်က နောက်ထပ်ထွက်ရှိလာတဲ့ ပစ္စည်းသစ်ကတော့ ဆမ်ဆောင်းကုမ္မဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ၁၀ လက်မဆိုဒ်ရှိ Nexus 10 tablet ဖြစ်ပါတယ်။

(16GB) အတွက် ၃၉၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး (32GB) အတွက် ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ipad နဲ့ ဈေးကွက်ချင်း ပြိုင်လုမယ့် ဒီ Google Nexus 10 ကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့ က စပြီး အမေရိက၊ ယူကေ၊ သြစတေးလျား၊ ပြင်သစ်၊ ကနေဒါ၊ စပိန်၊ ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ မှာ Google Play Store ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။

အထက်ပါ နိုင်ငံမှာ နေထိုင်တဲ့သူများ ၀ယ်ယူချင်တယ် ဆိုရင် Google Nexus ပစ္စည်းသစ်တွေကို http://www.google.com/nexus/ မှာ သွားရောက် မှာယူနိုင်ပါပြီ။

ဧရာဝတီဘလော့ဂ်

အေးချမ်းမွန်မှ Myintzu Zaw တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myintzu Zaw
နယူးယောက်မြို့ မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂူဂယ်ရဲ့ Andriod ပွဲကို စန္ဒီမုန်တိုင်းကြောင့် ဖျက်သိမ်းခဲ့ပေမယ့် ဂူဂယ် က သူရဲ့ Nexus (နက်ဆက်) ပစ္စည်းသစ်တွေကို အိုင်တီပစ္စည်းသုံးတဲ့ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။

...ဂူဂယ်က ထုတ်ဖော်ပြသလိုက်တဲ့ ပစ္စည်းသစ် (၃) မျိုးကတော့ Nexus 4 , Nexus 7 (3G) နဲ့  Nexus 10 တို့  ဖြစ်ပါတယ်။

ပစ္စည်း ၃ မျိုးစလုံးဟာ Andriod Version 4.2 ကို အသုံးပြုထားတာပါ။ ဂူဂယ်ကတော့ “ ဂျယ်လီဘင်းရဲ့ အရသာသစ် “ ကို ခံစားရမယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အချိန်အကြာဆုံးဆွေးနွေးခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုဥဒေကြမ်းကို အခု ပဉ္စမအကြိမ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့

Photo: အချိန်အကြာဆုံးဆွေးနွေးခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုဥဒေကြမ်းကို အခု ပဉ္စမအကြိမ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့
...............................................
လွှတ်တော်အတွင်းအချိန်အကြားဆုံး ဆွေးနွေးခဲ့ရသည့် ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် တွင်အတည်ပြုနိုင်ခဲ့သည်။”အခု ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းက လုံးဝကို ပြီးပြတ်သွားပါပြီ သမ္နတ လက်မှတ်ထိုးပြီးအတည်ပြုဖို့ပဲကျန်ပါတော့တယ်၊ အခုအတည်ပြုတဲ့ထဲမှာ သမ္မတ ကပြန်ပို့လိုက်တဲ့ ပြင်ဆင်ချက် ၁၁ မှာတစ်ချက်ကိုပဲပြန်ဆွေးနွေးပြီးစကားလုံးပြင်တယ် ကျန်တာကတော့ အားလုံးသဘောတူတဲ့အတွက် ဒီနေ့ဥပဒေကြမ်းထွက်သွားတာပါ၊ အခု နိုင်ငံတစ်ကာရင်းနှီးမြုပ်နှံသူတွေကိုဖိတ်ခေါ်တဲ့နေရာမှာပိုပြီး တိတိကျကျပြောဆိုလို့ရသွားတာပေါ့”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်ကပြောသည်။
အဆိုပါဥပဒေကြမ်းကို တတိယအကြိမ်လွတ်တော်အစည်းအဝေးများကျင်းပချိန်ကတည်းက စတင်ဆွေးနွေးခဲ့သော ဥပဒေကြမ်းဖြစ်ပြီး အဆိုပါဥဒေကြမ်းဆွေးနွေးချိန်တွင် တပ်မတော်သားကိုယ်စားလှယ်များပါ ပါဝင်ဆွေးနွေးခဲ့သည်။

အေးချမ်းမွန်မှ Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Messenger News Journal
လွှတ်တော်အတွင်းအချိန်အကြားဆုံး ဆွေးနွေးခဲ့ရသည့် ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို ယနေ့ကျင်း
ပသော ပြည်ထောင်စုလွှတ်တော် တွင်အတည်ပြုနိုင်ခဲ့သည်။”အခု ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းက လုံးဝကို ပြီးပြတ်သွားပါပြီ သမ္နတ လက်မှတ်ထိုးပြီးအတည်ပြုဖို့ပဲကျန်ပါတော့တယ်၊ အခုအတည်ပြုတဲ့ထဲမှာ သမ္မတ ကပြန်ပို့လိုက်တဲ့ ပြင်ဆင်ချက် ၁၁ မှာတစ်ချက်ကိုပဲပြန်ဆွေးနွေးပြီးစကားလုံးပြင်တယ် ကျန်တာကတော့ အားလုံးသဘောတူတဲ့အတွက် ဒီနေ့ဥပဒေကြမ်းထွက်သွားတာပါ၊ အခု နိုင်ငံတစ်ကာရင်းနှီးမြုပ်နှံသူတွေကိုဖိတ်ခေါ်တဲ့နေရာမှာပိုပြီး တိတိကျကျပြောဆိုလို့ရသွားတာပေါ့”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်ကပြောသည်။

ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး

Photo: ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး -

ယမင်း(မြစ်မခ)

...နိုင်ငံတော်အား ထိခိုက်နစ်နာစေနိုင်သော ပြတ်လုံးများ မပျက်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော လူရွှင်တော်ပန်းသီး၏ တကိုယ်တော်နိုင်ငံရေး ဟာသတင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။

“တကိုယ်တော် ဟာသတင်ဆက်မှုလေးတွေကို ထူးထူးခြားခြားလုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်တာပါ။ လုပ်လာတဲ့အခါမှာ ပွဲချပါမစ်ပေးတဲ့အချိန်ကျတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ ဆင်ဆာအနေ နဲ့တော့အခက်အခဲမရှိပဲနဲ့ ဒီပွဲနဲ့ပါတ်သတ်လို့ နိုင်ငံတော်ကို ထိခိုက် စေနိုင်တဲ့ စကားလုံးတွေရှိခဲ့ရင် ရန်ကုန်တိုင်းတွင်းမှာ ပွဲပါမစ်ပိတ်ခံရမယ်ဆိုတဲ့ ခံဝန်ကတိတော့ ထိုးထားရတယ်” ဟု လူရွှင်တော်ပန်းသီးက ပြောသည်။ 

လူရွှင်တော် ပန်းသီးမှ တကိုယ်တော် ဟာသတင်ဆက်မူအတွက် ခံဝန်လက်မှတ်ရေးထိုးခဲ့ရခြင်း၊ ပဒေသာကပွဲကြီးအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ (၃၁)ရက်နေ့တွင် ဗိုလ်အောင် ကျော်လမ်းရှိ ဟုန်း(မ်)ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

“ကိုယ်ပြက်မဲ့ ပြက်လုံးကို တာဝန်ယူရတာပေါ့။ နဂိုကတည်းက ပြက်လုံးပြက်နေကျဆိုတော့ လက်ရှိ ဖြစ်နေတဲ့ အတိုင်းအတာတခုအနေနဲ့ ပြက်လုံးထုတ်မှာပဲ။ အဲ့ဒီအပေါ်မှာ ဖောင်းတယ်လို့ ယူဆရင် တော့ ကြိုက်တဲ့အပစ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ခေတ်ကာလပြောင်းသွားပြီ အပစ်မဖြစ်လောက် ဘူးလို့ ထင်ပါတယ် ” ဟု လူရွှင်တော် ကြယ်သီးက ၄င်း၏ အမြင်ကို ပြောသည်။ 

ပန်းသီး၏ တကိုယ်တော်တင်ဆက်မှုအတွက် ဧရာ၊ ချစ်ချော၊ ပွမ်ပွမ်၊ ကြာအေး၊ စူပါနှင့် အနုပညာ နယ်ပယ်အသီးသီးမှ အနုပညာရှင်များ၊ မန္တလေးမှအငြိမ့်အဖွဲ့များမှ အနုပညာကြေးငွေမယူပဲ မေတ္တာဖြင့် ကူညီဖျော်ဖြေကြမည်ဖြစ်သည်။

ရုံဝင်ခမှာ လက်မှတ်တစ်စောင်လျှင် ကျပ် (၅)ထောင်မှ (၁) သောင်း အထိရှိမည်ဖြစ်ပြီး လက်မှတ်များအား အွန်လိုင်းမှ လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ၀ယ်ယူ၍ရကြောင်း သိရှိရသည်။ 

နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံတွင် တင်ဆက်မည့် အဆိုပါပွဲကို စပွန်ဆာမရှိဘဲ ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်သော ပြက်လုံးများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“စပွန်ဆာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့နဲ့ ပတ်သက်လာတဲ့အခါကျတော့ စပွန်ဆာတွေက မပတ် သက်ရဲဘူး ဆိုတာတွေ ဖြစ် လာတယ်။ တစ်ချို့ကျတော့ အစိုးရနဲ့ လက်ရှိစီးပွားရေးလုပ် နေတဲ့သူတွေ ပါတယ်။ စီးပွားရေးတွေ ထိခိုက်နိုင်တယ်ပေါ့ ဆိုပြီး စပွန်ဆာမရှိပါဘူး ” ဟု ပန်းသီးက ပြောသည်။ 

အဆိုပါပွဲအတွက် ပန်းသီးမှ ငွေချေးငှား၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပွဲချိန်မှာ (၅)နာရီကြာမြင့် မည်ဖြစ်ပြီး မင်းသားမင်းသမီးနှင့် လူရွှင်တော်ဇာတ်ရုပ် (၃)မျိုး သရုပ်ဆောင်မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

အဆိုပါပွဲကို ခန်းမကြေးအဖြစ် ငွေကျပ် (၁၂)သိန်းဝန်းကျင်ကုန်ကျမည်ဟု မှန်းထားသော်လည်း နိုဝင်ဘာ(၄)ရက်နေ့မှစ၍ ခန်းမကြေး (၃)ဆခန့် မြင့်တက်ခဲ့ကာ (၃၅)သိန်းသို့ရောက်ရှိသွားခဲ့ခြင်း ကြောင့် ယဉ်ကျေးမှုဝန်ကြီးထံသို့ ခန်းမကြေးအား ယခင်ဈေးနှုန်းအတိုင်း ဆောင်ရွက်ပေးနိုင်ရန် အောက်တိုဘာ(၃၁)ရက်နေ့က အသနားခံစာ တင်ထားခဲ့ကြောင်းကိုလည်း သိရှိရသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
...နိုင်ငံတော်အား ထိခိုက်နစ်နာစေနိုင်သော ပြတ်လုံးများ မပျက်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော လူရွှင်တော်ပန်းသီး၏ တကိုယ်တော်နိုင်ငံရေး ဟာသတင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အ
မျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။

“တကိုယ်တော် ဟာသတင်ဆက်မှုလေးတွေကို ထူးထူးခြားခြားလုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်တာပါ။ လုပ်လာတဲ့အခါမှာ ပွဲချပါမစ်ပေးတဲ့အချိန်ကျတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ ဆင်ဆာအနေ နဲ့တော့အခက်အခဲမရှိပဲနဲ့ ဒီပွဲနဲ့ပါတ်သတ်လို့ နိုင်ငံတော်ကို ထိခိုက် စေနိုင်တဲ့ စကားလုံးတွေရှိခဲ့ရင် ရန်ကုန်တိုင်းတွင်းမှာ ပွဲပါမစ်ပိတ်ခံရမယ်ဆိုတဲ့ ခံဝန်ကတိတော့ ထိုးထားရတယ်” ဟု လူရွှင်တော်ပန်းသီးက ပြောသည်။

တစ်နှစ်တွင် ဆောင်းရာသီ သုံးလအကြာတွင် နေရောင်မရသော မြို့ 


Photo: တစ်နှစ်တွင် ဆောင်းရာသီ သုံးလအကြာတွင် နေရောင်မရသော မြို့ 

တစ်နှစ်မှာ သုံးလ (အတိအကျ ဆိုရင် ၈၄ရက်) တိတိ နေရောင်ခြည် လုံးဝ မရတဲ့ မြို့  ရှိပါတယ်။ အီတလီနိုင်ငံ အရှေ့ မြောက်ပိုင်း Verbano-Cusio-Ossola ပြည်နယ်ရှိ Vingnella အမည်ရ ကျေးလက်ငယ်လေး ဖြစ်ပါတယ်။ 

အဓိက နေရောင်မရတဲ့ အကြောင်းကတော့ တောင်တွေကြားမှာ တည်ရှိနေတဲ့ မြို့ ငယ်လေးမို့လို့ ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် နေရောင် မရတော့ပါဘူး။ လူဦးရေအားဖြင့်လည်း ၂၀၀ ကျော်သာ နေထိုင်ပါ တယ်။ ဆောင်းရာသီ ရောက်တဲ့အချိန်တွေဆို နေရောင်ခြည် မရရှိမှုကြောင့် စိတ်ကျရောဂါနဲ့ အခြား ဆက်စပ်ရောဂါများ ဖြစ်ကြ ရပါတယ်။ ဒါကို နှစ်ပေါင်း ၆၀၀ ကျော်မက ခံစားလာရပြီး သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာတော့ အီတလီအစိုးရက ပြုပြင်ပြောင်းလဲပေးလိုက်ပါတယ်။ 
...
ပေပေါင်း ၁၆၀၀ ကျော်မြင့်တဲ့ တောင်ထိပ်မှာ မှန်တပ်လိုက်ခြင်း ဖြစ် ပါတယ်။ ၂၆ ပေx ၁၆ ပေ အကျယ်အဝန်း ရှိတဲ့ မှန်ချပ်ကြီး ကို တောင် ထိပ်ပေါ် တင်လိုက်ပြီး ဆောင်းရာသီ ဆိုရင် နေရောင်သွား တဲ့ဘက်အလိုက် အလင်းပြန်အောင် လိုက်ပြောင်းပေး ပါတယ်။ ကွန်ပျူတာနဲ့ ထိန်းချုပ်ပေးရတဲ့ မှန်ချပ်ကြီး ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်က ယူရိုငွေ ၁ သိန်းရှိပြီး ကျေးလက်နေပြည်သူများက စုပေါင်း အကုန်ကျခံ ထားတာ ဖြစ်ပါတယ်။ 

ဒါကြောင့် Vingnella အမည်ရ ရွာငယ်လေးဟာ နှစ်ပေါင်း ၆၀၀ ကျော် အတွင်း ဆောင်းရာသီတိုင်း (၈၄ ရက်တာ)မှာ နေရောင်မရတဲ့ ဘဝက လွတ်မြောက်သွားကြပါတယ်။ 
---
Ref:wiki

http://www.innewsmyanmar.com/2012/11/blog-post_8059.html

အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar
တစ်နှစ်မှာ သုံးလ (အတိအကျ ဆိုရင် ၈၄ရက်) တိတိ နေရောင်ခြည် လုံးဝ မရတဲ့ မြို့  ရှိပါတယ်။ အီတလီနိုင်ငံ အရှေ့ မြောက်ပိုင်း Verbano-Cusio-Ossola ပြည်နယ်ရှိ Vingnella အမည်ရ ကျေးလက်ငယ်လေး ဖြစ်ပါတယ်။

အဓိက နေရောင်မရတဲ့ အကြောင်းကတော့ တောင်တွေကြားမှာ တည်ရှိနေတဲ့ မြို့ငယ်လေးမို့လို့ ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် နေရောင် မရတော့ပါဘူး။ လူဦးရေအားဖြင့်လည်း ၂၀၀ ကျော်သာ နေထိုင်ပါ တယ်။ ဆောင်းရာသီ ရောက်တဲ့အချိန်တွေဆို နေရောင်ခြည် မရရှိမှုကြောင့် စိတ်ကျရောဂါနဲ့ အခြား ဆက်စပ်ရောဂါများ ဖြစ်ကြ ရပါတယ်။ ဒါကို နှစ်ပေါင်း ၆၀၀ ကျော်မက ခံစားလာရပြီး သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာတော့ အီတလီအစိုးရက ပြုပြင်ပြောင်းလဲပေးလိုက်ပါတယ်။

ပစ္စည်းအားလုံးကို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

Photo: ပစ္စည်းအားလုံးကို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းများကို အသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်း လိုက် လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

အဓိက အသုံးပြုတဲ့ နည်းပညာ Concept ကတော့ လူမှာ ရှိနေတဲ့ လျှပ်စစ်ဓာတ်နဲ့ အရာဝတ္တုတစ်ခုခုကို ထိတွေ့တဲ့ ယင်းအရာဝတ္ထုက ပြန်လည် တန်ပြန် တုန့်ပြန်မှုပေးတဲ့ သဘောတရား ဖြစ်ပါတယ်။ ယင်း Sensitive ဖြစ်မှု ကို အထင်ရှားဆုံးဖြစ်လာအောင် Makey Makey အမည်ရ ဆားကစ်က ဖန်တီးပေးတာ ဖြစ်ပါတယ်။ တီထွင်သူ Jay Sliver ရဲ့  ဖန်တီးချက်ကို အား လုံး အံ့သြမင်သက် ခဲ့ရပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပါဘူး။ ဘာ Application မှ Install လုပ်စရာ မလိုပါဘူး။ တကယ် ခပ်ရှင်းရှင်း ဆားကစ် တစ်ခုမျှ သာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း ဖန်တီးနိုင်ပါတယ်လို့တောင် Sliver ကဆိုထားပါတယ်။ http://makeymakey.com/ ဒီဝဘ်ဆိုဒ်မှာ သူအသေး စိတ်ရှင်းလင်း ပြ သထားပါတယ်။ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Makey Makey (Make everything a key) အမည်ရ ဆားကစ်က ဘယ်လို အလုပ်လုပ်ဆိုတာ စမ်းသပ်ပြသထာတဲ့ အောက်ပါ ဗီဒီယိုမှာ လေ့လာကြည့် ရှုနိုင်ပါတယ်။
--
http://youtu.be/_DWQ6ce2Ags
--
Ref: www.makeymakey.com
Aung Kham (TSJ team)

https://techspacejournal.blogspot.com/2012/11/mit.html

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis