menu

Friday 31 August 2012

မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲပြုလုပ်



မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်း တမ်းသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။၁၉၉၁ခုနှစ် သြဂုတ်လ ၈လေးလုံး သုံးနှစ်ပြည့် အခမ်းအနားကျင်းပရန် စီစဉ်နေစဉ် ABSDF (ဗဟို)မှ တပ်သားစိုးမင်းအောင် ထွက်ပြေးရာ ဖမ်းဆီးခဲ့ပြီး ဗန်းမောခရိုင်တွင် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရဟုဆိုကာ နောက်ထပ်ဖမ်းဆီးမှုများကိုလည်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း စုစုပေါင်း ၁၀၇ဦးအား ဖမ်းဆီးစစ် ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးစစ် ဆေးနေစဉ်အတွင်း ၃၈ဦးအား ညှင်း ပမ်း နှိပ်စက်သက်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ တစ်ရက်တည်း၌ အထက်ဗမာပြည် ဗကသ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် အ၀ါအ၀င် လူ ၁၅ဦးအား သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့်

ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ( ဂျူး )

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။
ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီလက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို “တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်” လို့ သူက ပြောရတယ်။

" ၀ါခေါင်လနှင့် ဗုဒ္ဓဘာသာတို့ရဲ့ကောင်းမှုပွဲတော်များ "


                    
" မေတ္တာအခါသမယ ၀ါခေါင်လ "

ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ၊ ရဟန်း ၅၀၀ တို့ သည်ဘုရား
ထံမှ ကမ္မဋ္ဌာန်းတရားယူပြီးနောက် တောအုပ်တခု အတွင်းသို့ ဝင်ရောက်၍ ၀ါဆိုဝါကပ်
ပြုတော်မူကြသည် ၊ ရဟန်းများ သစ်ပင်ဝါးပင်များအောက်တွင် ၀င်ရောက်သီတင်းသုံး
ကြသောအခါ ၊ သစ်ပင်စောင့်နတ်များ နှင့် ရုက္ခစိုးနတ်တို့ မှာရဟန်းများ၏သီလတန်းခိုး
ကြောင့် မိမိတို့ နေရာသစ်ပင်များတွင် မနေနိုင်ဖြစ်ကြခါ၊ရဟန်းတို့ ကို အသံအမျိုးမျိုးတို့ 
ဖြင့်မနေနိုင်အောင်ခြောက်လှန့် ကြကုန်၏ ၊ရဟန်များလဲရုက္ခစိုးနတ်များ၏ခြောက်လှန့်
 မှုများကြောင့် တရားကိုကောင်းစွာအားမထုတ်နိုင်သောကြောင့် ၀ါတွင်းမှာပင်မြတ်စွာ
 ဘုရားသီတင်းသုံးနေရာဖြစ်သောသာဝတ္တပြည်ဇေတ၀န်ကျောင်းသို ပြန်ကြွသွားကြရလေသည်။

ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး

ရန်ကုန် ဩဂုတ် ၃၁

အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

 The Voice Weekly

မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်သော အဆိုကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း


တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်ရန် သီးခြား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း အဆိုကို ၂ဝ၁၂ခုနှစ် သြဂုတ်လ ၃ဝရက်နေ့၊ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
 
'' ဆယ်တန်းအောင်ပြီး ကိုယ်ကြိုက်တဲ့ တက္ကသိုလ်တက်နိုင်ဖို့ကို ဆယ်တန်းအမှတ်စာရင်းကို မကြည့်တော့ဘဲနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲထပ်ဖြေဖို့ ဦးနုကအဆိုတင်သွင်းတာပေါ့ ဒီကိစ္စကိုလာမယ့် နှစ်ဆိုရင်တော့ အကောင်အထည်ဖော်ဖြစ်မယ် ထင်ရတယ်။'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
 
၎င်းအဆိုတင်သွင်းခြင်းအား ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃)အခြေခံပညာရေး၊ ညွှန်ကြားရေးမှူးဟောင်း ဦးနုမှ တင်သွင်းကာ ပညာရေးဒုဝန်ကြီးမှလည်း လက်ခံသဘောတူခဲ့ပြီး အခြေအနေပေးပါက ဆွေးနွေးန် အမျိုးသားလွှတ်တော် နာယကမှ အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အလုပ်သမားဝန်ကြီး ဌာနက အလုပ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်း

အစိုးရ အလုပ်သမားဝန်ကြီး ဌာနက အလုပ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ ဒီကနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီ ရှင်းလင်းပွဲကို လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အဖွဲ့အစည်းတွေက

ခေါင်းဆောင်တွေ၊ အလုပ်ရှင်တွေ အပါအ၀င် ရန်ကုန် အခြေစိုက် IKO နိုင်ငံတကာ အလုပ်သမားအဖွဲ့ တာဝန်ရှိသူ Ross Wilson လည်း တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ
မှာ အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံ၊ အလုပ်သမားဥပဒေ စိစစ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး


ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။ လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။

“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်ဖို့ စီစဉ်နေတယ်” ဟု ဒေါ်အေးအေးမင်း က ဆိုသည်။

ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်


မဇ္ဈိမသတင်းဌာန ။        ။ သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။


အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီပေးအပ် ကူညီဖို့ ဖြစ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)

ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် သီးနှံပင်များအား ပြန်လည် အစားထိုး စိုက်ပျိုးရန် အတွက် မျိုးစေ့များနှင့်
မြေသြဇာများကိုလည်း ပေးအပ်ကူညီသွားမည် ဖြစ်သည်။

သတင်းထောက်များအား ဇာဂနာ ညစ်ညမ်းစွာဆဲဆို


Friday, 31 August 2012

ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာနို င်အောင် မြ န်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပသတင်းထောက်များအားစွယ်စုံရ
အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးသစ်နဲ့ မူဝါဒအပြောင်းအလဲ


ဝန်ကြီးဦးအောင်ကြည်က သူကိုင်တွယ်ရမယ့် ပြန်ကြားရေးဌာနရဲ့ မူဝါဒတချို့ကို အပြောင်းအလဲ လုပ်မယ်လို့ သိရပါတယ်။
အဲဒီထဲမှာ "မီဒီယာကို မီဒီယာနဲ့တိုက်" ဆိုတဲ့ အစီအစဉ်ကို ဖျက်သိမ်းရေးဟာ ထိပ်ဆုံးက ပါဝင်နေပါတယ် တဲ့။
ဒီမူဝါဒအပြောင်းအလဲကြောင့် ၀န်ကြီးသစ်လက်ထက်မှာ တန်ပြန် ဝါဒဖြန့်တာတွေ ရပ်နားသွားဖွယ်ရှိပါတယ်။
သီချင်းဦးစားပေး ပိတောက်မြေ FM က ဆိုရင် ၀ါဒဖြန့်တာတွေတင်မက စော်ကားရိုင်းပျတာတွေကိုပါ ထုတ်လွှင့်ခဲ့တာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူသည်အဓိက(ရေးသားသူ-ထင်အောင်ကျော်)


ကမ္ဘာ့နေရာ အများအပြားမှာပင် အဂတိလိုက်စားမှုက ဘ၀၏တစ်စိတ်တစ်ပိုင်းလို ဖြစ်နေပါသည်။ သမ္မတဦးသိန်းစိန်ကလည်းမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုသည်

အောက်ခြေအဆင့်၌ နေရာတိုင်းလိုလိုတွင် ရှိနေသေးသည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ပြီဆိုသောသတင်းကိုလည်း ကြားလိုက်ရပါသည်။ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားရန် အဆင့်များတော့ ကျန်နေပါသေးသည်။
    မည်သို့ဆိုစေ ဤသည်ကား အဂတိလိုက်စားမှုသည် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကင်ဆာရောဂါလို လှိုက်စားနေတာကို
 ဆက်ပြီးမျက်နှာလွှဲမထားတော့ဘူးဆိုခြင်း၏ နိမိတ်ပုံပေတည်း။

ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ရေး နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့သ၀ဏ်လွှာပေးပို့

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူလ ပြည်ထောင်စုဝန်ကြီးဌာန ၃၄ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ခဲ့ရာမှ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပိ
ု့သည်။

နိုင်ငံတော် သမ္မတက ပြင်ဆင် ဖွဲ့စည်းလိုသော ပြည်ထောင်စုဝန်ကြီးဌာနများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပြင်ဆင်ဖွဲ့စည်းမှု အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှစ်ခုမှ တစ်ခုတည်းသာဖြစ်လာပြီး၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းကာ၊ သမ္မတရုံး ၀န်ကြီးဌာနအောက်တွင် ၀န်ကြီးဌာန ၆ ခုရှိလာသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမည့် ဂီတဖြေဖျော်ပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် ဦးအောင်ကြည် ခွင့်ပြု

 ရန်ကုန်၊ သြဂုတ်-၃၁

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်ကျင်းပမည့် “စေတနာ့ဝသန်” ဂီတဖျော်ဖြေပွဲကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ ၈၈ အဖွဲ့ခေါင်းဆောင်များ စာတင်လျှောက်ထားခဲ့ရာ ထုတ်လွှင့်ပြသခွင့်

ပြုခဲ့ကြောင်း ၈၈ အဖွဲ့မှ ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကပြောသည်။

Sky Net ရုပ်သံလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် အခပေး ရုပ်သံလိုင်းတစ်လိုင်းဖြစ်ပြီး ဖျော်ဖြေပွဲအများစုကို တိုက်ရိုက်ထုတ်လွှင့် ပြသလေ့ရှိနေသော်လည်း ၈၈ ကျောင်းသားများအဖွဲ့မှ စီစဉ်သည့်ပွဲ ဖြစ်နေခြင်းကြောင့် Sky Net ကုမ္ပဏီဘက်မှ တိုက်ရိုက်ခွင့်ပြုချက် မရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

ABSDF (မြောက်ပိုင်း)စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုရန် စီစဉ်

ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)
ရန်ကုန်၊ သြဂုတ်-၃၁

ABSDF (မြောက်ပိုင်း)တွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်များက သြဂုတ်လ ၃၁ ရက် မနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အမှုတည်ဆောက်နေပါ

တယ်”ဟု ကိုဆမားညီညီက ပြောသည်။ အချက်ခြောက်ချက်ပါ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများ၏ မိသားစုဝင်ဟောင်းများက တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းပါက လက်တွဲမည်ဟုပါရှိပြီး ကာယကံရှင်ကိုယ်တိုင် တရားဥပဒေကြောင်းအရ ဖြေရှင်းရန် ရှိ၊ မရှိ မေးမြန်းရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဟာအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း ဖြစ်ပြီးတော့မှ စွဲဆိုနိုင်အောင် ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။ အမှုတည်ဆောက်ပြီးပါက တရားရေးနှင့် ပြည်ထဲရေးတို့ကို သီးခြားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသွားရန် အစီအစဉ်ရှိကြောင်း ၎င်းတို့ကပြောသည်။

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်( ဒေါက်တာသန်းထွဋ်အောင်)

ဒေါက်တာ(ကျော်မင်းဦး)၊ (ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်


လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။

ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက  Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။

ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး

ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့ အစည်းအဝေး ကျင်းပနေစဉ်။
"နိုင်ငံတော် လှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်"
ဦးသိန်းစိန်အစိုးရဟာ အရင်စစ်အစိုးရ လက်ထက်က နာမည်ပျက် စာရင်းထဲ ထည့်သွင်းထားခဲ့တဲ့ လူပုဂ္ဂိုလ် ၆၁၆၅ ဦးထဲက ၂၀၈၂ ဦးကို အခုလ ၂၈ ရက်နေ့က အမည်မဲ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ ယနေ့ (သြဂုတ်လ ၃၁ရက်နေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
ရန်ကုန်၊ သြဂုတ် ၃၀

မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကခ

ျင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။

အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။

ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ချယ်ရီကား အစီး ၂၀၀ ခန့် မြန်မာနိုင်ငံတွင်း ရောင်းချမည်

ရန်ကုန်၊ သြဂုတ် ၃၀

အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ ပါဝင်သည်ဟု သတင်းထွက်သော တရုတ်နိုင်ငံထုတ် ချယ်ရီ ဝက်ဂွန် မီနီ စလွန်းကား အစီး ၂၀၀ ခန့်ကို စက်တင်ဘာလ မှ စတင်ကာ ရောင်းချပေးမည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သြဂုတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

တရုတ် နိုင်ငံထုတ် ချယ်ရီ ဝက်ဂွန် ကား

များ၏ အင်ဂျင် ဂတ်စ်စကတ် ( gasket ) နှင့် မီးခိုး စွန့်ထုတ် စနစ်များတွင် “Asbestos” ဟုခေါ်သော အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ တွေ့ရှိရသဖြင့် သြစတြေးလျ နိုင်ငံတွင်းတွင် အဆိုပါ ကားများ ရောင်းချခြင်းကို ရပ်ဆိုင်းထားရန် ကားတင်သွင်းသည့် ကုမ္ပဏီ Ateco Aumotive က ညွှန်ကြား ထားကာ သြစတြေးလျ နိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင် ( ACCC ) က အဆိုပါ ကားများ သိမ်းဆည်းမှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း AFP သတင်းတွင် သြဂုတ်လ ၂၅ ရက်နေ့က ရေးသားထားသည်။

ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။
တရုတ်အစိုးရက ကချင်ဒုက္ခသည် တစ်ထောင်လောက်ကို စစ်ပွဲဖြစ်နေရာ ဒေသတွေကို ပြန်ပို့ခဲ့ပြီး နောက်ထပ် လေးထောင်လောက်ကိုလည်း ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့HRW က ပြောဆိုထားပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis