menu

Wednesday 16 January 2013

"အီရန်သံအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်"

Photo: "အီရန်သံအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်"

ရခိုင်ပြည်နယ်အတွင်းကဒုက္ခသည် တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက-
"ကျွန်တော်တို့မနေ့က ကယ်ဆယ်ရေးစခန်း ၅ ခုကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာမြင်တွေ့ ခဲ့ရတာကတော့ နံပါတ် ၁ က အစားအသောက်ရယ်၊ နံပါတ် ၂က ဆေးဝါးလုံလောက်မှုမရှိတာရယ်၊တတိယအချက်အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ ဒုက္ခသည်စခန်းအားလုံးမှာလတ်တလောလိုအပ်နေတဲ့အရာတွေပဲ ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ လတ်တလောလိုအပ်ချက်တွေကို စီမံဖြည့်ဆည်းပြီးမှ ရေရှည်အတွက် ဆက်လက်လုပ်ကိုင်ရမယ့်အရာတွေကို စဉ်းစားသင့်ကြောင်း သံအမတ်ကြီးက ဆိုပါတယ်။

အဲဒီအဖွဲ့နဲ့ အတူပါလာတဲ့ အီရန်ပါလီမန်အမတ် Mr. Mansoor Pour ကလည်း ဒုက္ခသည်တွေအနေနဲ့ မြေပြင်ပေါ်မှာဆောက်ထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အတွက် အတော်ဒုက္ခရောက် နေကြောင်း၊ ဒါတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက်ဖြေရှင်းဖို့လိုအပ်ကြောင်း၊ ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့လည်း လိုအပ်ကြောင်း ပြောပါတယ်။

အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေပြန်လည်ထူထောင်ရေးကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို အကူအညီတွေပေးသွားဖို့အသင့်ရှိပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ နေထိုင်နိုင်တဲ့ ယာယီတဲအိမ်တွေကို လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian အပါအဝင် အီရန်ပါလီမန်အမတ် ၃ ဦးနဲ့ အီရန်လခြမ်းနီအဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် စားသောက်ကုန်အချို့နဲ့ ဆောင်းရာသီမှာ အဓိကလိုအပ်နေတဲ့ စောင်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။

အီရန်သံအဖွဲ့အနေနဲ့ ဒုက္ခသည်ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေအတွက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ နှစ်ဘက်စလုံးကကိုယ်စားလှယ်တွေနဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေအနေနဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဘက်ပြန်လည်သင့်မြတ်စွာနေထိုင်နိုင်ရေးမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် အီရန်နိုင်ငံမှာလည်း ဘာသာကွဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အဖွဲ့အစည်း ၂ ခုက ကိုယ်စားလှယ်တွေကို အီရန်နိုင်ငံကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို ထောက်ပံ့လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အေးချမ်းမွန်မှ RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရခိုင်ပြည်နယ်အတွင်းကဒုက္ခသည် တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက-
"ကျွန်တော်တို့မနေ့က ကယ်ဆယ်ရေးစခန်း ၅ ခုကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာမြင်တွေ့ ခဲ့ရတာကတော့ နံပါတ် ၁ က အစားအသောက်ရယ်၊ နံပါတ် ၂က ဆေးဝါးလုံလောက်မှုမရှိတာရယ်၊တတိယအချက်အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ ဒုက္ခသည်စခန်းအားလုံးမှာလတ်တလောလိုအပ်နေတဲ့အရာတွေပဲ ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။

"လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး" နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး

Photo: "လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး"

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး

ရေးသားသူ- အားမာန်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို 
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် 
ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ 
တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။

ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ 
အပစ်အခတ်ရပ်စဲရေး စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေမှုများကို 
အရင်ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က 
အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ်အခတ်ရပ်စဲရေး 
အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ 
ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက် 
တံခါးဖွင့်ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။

မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။

ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 
အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း 
ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာစီစဉ်ပေးတာမျိုးတော့ ရှိနိုင်ပါတယ်။

မေး- နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။ 
ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။ 
အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို  သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှမဟုတ်ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့ 
ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြားချက်ကို သိလိုပါတယ်။

ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေအဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့ 
တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင်များက 
လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန်စခန်းပတ်ဝန်းကျင်က 
တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး။ 
တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက် 
လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြစ်တဲ့ 
မိမိကိုယ်မိမိခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှုမပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။


မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ 
စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီတွေ 
ပိုနည်းသွားသလို ရာသီဥတုဒဏ်ကြောင့် အခက်ခဲဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့ ရှိပါသလဲ။ 

ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ 
ဒုက္ခသည်အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ 
စိစစ်သင့်တယ်လို့ ထင်ပါတယ်။

မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက် 
လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။

ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ 
လွတ်လပ်တဲ့အတည် ပြုချက်များရရှိဖို့လိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက် 
ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ကာကွယ်ရေးဝန်ကြီးဌာနကနေစုံစမ်း သိရှိရပါတယ်။
လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့်  ဒီပေါက်ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား 
မတော်တဆပေါက်ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။ 

မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့်  အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက   ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်းမာပြင်းထန်လာတာ တွေ့ရပါတယ်။ 
တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာ အဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖို့ 
လိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးတုန်းက တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က 
ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။  International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့ 
ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။

မေး- ရှေ့တန်းတိုက်ပွဲတွေမှာ  တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့ 
လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။

ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့ 
စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ ဒါမှမဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ 
တိုက်လိုခိုက်လိုစိတ်မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ်ချင်လို့ ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်နေတာလို့ ထင်ပါတယ်။

မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။ 
အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့ 
ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။

ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတဲ့အချိန်ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက 
မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနားရထားလမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ 
အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင်ရထားတိုက်ခိုက်ခံရတုန်းက မြန်မာ့မီးရထားက ကုန်ပစ္စည်း 
စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ပါသေးတယ်။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း 
ဒေသခံပြည်သူတွေရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြောမှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ 
ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါတယ်။

မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ 
ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း  ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။ 
အောက်ခြေပြည်သူလူထုဆီကိုပါ သက်ရောက်မှုရှိမယ့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို အစီအစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု အောက်ခြေအထိရောက်အောင် 
အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ 
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေးတိုးတက်မှု မူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာမှာလည်းကောင်း၊ နိုင်ငံတကာ 
အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို 
ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ 
အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့  ဆင်းရဲမှု 
လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက်
ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ
တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။

တပ်တွေကိုသာပြန်ဆုတ်လိုက်ပြီး စမ်းကြည့်ပါ၊ တိုက်ပွဲအရှိန်လျော့သွားမှာပါ ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် တွေ့ဆုံခြင်း

အစိုးရတပ်မတော်နှင့် ကေအိုင်အေကြား တိုက်ပွဲများနှင့်ပတ်သက်၍ ကေအိုင်အို၊ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် ဇန်န၀ါရီ ၁၄ ရက်တွင် ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသည်များကို စာဖတ်ပရိသတ်များအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ဒီနေ့မနက် ဇန်န၀ါရီ ၁၄ ရက်မှာ တပ်မတော်က ပစ်လိုက်တဲ့ အမြောက်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာတွေ ရှိတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးလိုပါသလဲ။

၂၀၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသရန် စီစဉ်သွားမည်



၂၀၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သတင်းရရှိသည်။
ယင်းကဲ့သို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသနိုင်ရန်အတွက် ကြုံ တွေ့ရနိုင်သည့် အခက်အခဲများ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ရုပ်ရှင်လောကသားများအား ညှိနှိုင်းဆွေးနွေးပြီး နောက်အများ၏ သဘောတူညီချက်ဖြင့် ယင်းကဲ့သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့ ၂၀၁၃ ခုနှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲသွားဖို့ စီစဉ်ထားပြီးပါပြီ။ အဲဒီလိုပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ရာမှာလည်း ရုပ်ရှင်လောကသားတွေကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပြီးတော့ အများ သဘောဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါ။

ဆရာမကို ဆေးခြောက်ပစ်ဖမ်းသည့် မိဘနှစ်ဦးကို အရေးယူ

Photo: ဆရာမကို ဆေးခြောက်ပစ်ဖမ်းသည့် မိဘနှစ်ဦးကို အရေးယူ

Category: မောက္ခနိုင်ငံတကာသတင်း
Published on Wednesday, 16 January 2013 08:51
Written by ရွှေမောင်

ကာလီဖိုးနီးယားမှ ဇနီးမောင်နှံနှစ်ယောက်သည် မူလတန်း လုပ်အားပေးဆရာမတစ်ယောက်အား ဆေးခြောက် ပစ်ဖမ်းမှုဖြင့် အရေးယူခံနေရကြောင်း သိရသည်။ အဆိုပါ လင်မယားနှစ်ယောက်သည် ဆရာမက သူတို့ ကလေးအပေါ် ပြုမူဆက်ဆံသည်ကို မကြိုက်သဖြင့် ထိုသို့လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားကြသည်။

ဂျေးနှင့် ကန့်အိစ်တာ အမည်ရှိ ဇနီးမောင်နှံ နှစ်ယောက်သည် ရှေ့နေများဖြစ်ကြပြီး၊ ကာလီဖိုးနီးယား၊ အာဗိုင်း မြို့မှ ပလာဇာ ဗစ္စတာကျောင်းရှိ ဆရာမတစ်ယောက်ကို ချောက်ချလိုသဖြင့် ထိုသို့စီစဉ်ကြောင်း သိရသည်။ ရဲအရာရှိများ ပြောကြားချက်အရ အသက် ၃၈ နှစ် အရွယ်ရှိ ကန့် အိစ်တာသည် အကိုက်အခဲပျောက်ဆေးများ၊ ဆေးခြောက်များ၊ ဆေးခြောက်ရှူသည့် ပြောင်းများပါဝင်သည့် အိတ်တစ်အိတ်ကို ဆရာမ၏ ကားအတွင်း ဝှက်ထားခဲ့ပြီး၊ ရဲကိုခေါ်ကာ သတင်းပေးခဲ့ခြင်းဖြစ်သည်။

ရဲများက ထိုကားကို ရှာဖွေရာတွင် မူးယစ်ဆေးများထည့်ထားသည့် အိတ်ကိုတွေ့ကြပြီး ဆရာမကို မေးကြည့်ရာ ဆရာမက အလွန်အံ့အားသင့်သွားကြောင်း ပြောကြားခဲ့သည်။ ရဲများက သတင်းပေးသည့် အိစ်တာကို မသင်္ကာ သဖြင့် ခေါ်ယူမေးမြန်းမှ ဆရာမ စာသင်နေစဉ် ဆေးခြောက်အိတ်ကို ကားထဲတွင် ဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟုဆိုသည်။

အိစ်တာအိမ်မှ ကလေးထိန်းက သူတို့လင်မယားနှစ်ယောက် အဘယ်ကြောင့် ထိုသို့လုပ်ရသည်ကို နားမလည် ကြောင်း၊ သူတို့သည် စိတ်သဘောထားကောင်းပြီး ပျော်ရွှင်စွာနေတတ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ လင်မယားနှစ်ယောက်သည် ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ် ကျခံရဖွယ် ရှိသည်ဟု သိရသည်။ 

အေးချမ်းမွန်မှ မောက္ခ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကာလီဖိုးနီးယားမှ ဇနီးမောင်နှံနှစ်ယောက်သည် မူလတန်း လုပ်အားပေးဆရာမတစ်ယောက်အား ဆေးခြောက် ပစ်ဖမ်းမှုဖြင့် အရေးယူခံနေရကြောင်း သိရသည်။ အဆိုပါ လင်မယားနှစ်ယောက်သည် ဆရာမက သူတို့ ကလေးအပေါ် ပြုမူဆက်ဆံသည်ကို မကြိုက်သဖြင့် ထိုသို့လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားကြသည်။

ဂျေးနှင့် ကန့်အိစ်တာ အမည်ရှိ ဇနီးမောင်နှံ နှစ်ယောက်သည် ရှေ့နေများဖြစ်ကြပြီး၊ ကာလီဖိုးနီးယား၊ အာဗိုင်း မြို့မှ ပလာဇာ ဗစ္စတာကျောင်းရှိ ဆရာမတစ်ယောက်ကို ချောက်ချလိုသဖြင့် ထိုသို့စီစဉ်ကြောင်း သိရသည်။ ရဲအရာရှိများ ပြောကြားချက်အရ အသက် ၃၈ နှစ် အရွယ်ရှိ ကန့် အိစ်တာသည် အကိုက်အခဲပျောက်ဆေးများ၊ ဆေးခြောက်များ၊ ဆေးခြောက်ရှူသည့် ပြောင်းများပါဝင်သည့် အိတ်တစ်အိတ်ကို ဆရာမ၏ ကားအတွင်း ဝှက်ထားခဲ့ပြီး၊ ရဲကိုခေါ်ကာ သတင်းပေးခဲ့ခြင်းဖြစ်သည်။

ည၈နာရီ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းမှာထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး၊ အမိန့် အမှတ် ၂/ ၂၀၁၃

Photo: ည၈နာရီ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းမှာထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး၊ အမိန့် အမှတ် ၂/ ၂၀၁၃ ဖြစ်ပါတယ်။ 

အေးချမ်းမွန်မှ Ye Htut( ပြန်ကြားရေးဒုဝန်ကြီး)  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia


Ye Htut( ပြန်ကြားရေးဒုဝန်ကြီး)  Facebook မှ

GSM Sim Card များ ကျပ်ငါးသောင်းဖြင့် ရောင်းချပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့သော်လည်း ရတနာပုံတယ်လီပို့စ် ရှယ်ယာရှင်များမှ သဘောမတူသဖြင့် လွှတ်တော်အဆုံးအဖြတ်ရယူမည်

Photo: GSM Sim Card များ ကျပ်ငါးသောင်းဖြင့် ရောင်းချပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့သော်လည်း ရတနာပုံတယ်လီပို့စ် ရှယ်ယာရှင်များမှ သဘောမတူသဖြင့် လွှတ်တော်အဆုံးအဖြတ်ရယူမည်

ဇန်န၀ါရီလ ၁၆ရက်၊ ၂၀၁၃

ဆက်သွယ်ရေးဝန်ကြီးအား Mobile Phone Sim Card များအား ကျပ်ငါးသောင်းဖြင့် လျှော့ချရောင်းပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့ရာ ဆက်သွယ်ရေးဝန်ကြီးမှ ရတနာပုံတယ်လီပို့စ် ရှယ်ယာရှင်များအား ဈေးနှုန်းလျှော့ချပေးနိုင်ရန် တင်ပြညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှုမရရှိသဖြင့် ရှယ်ယာရှင်များ နောက်ဆုံးလျှော့ချပေးသော သဘောတူသော ဈေးနှုန်းဖြစ်သည့် GSM Sim Card အား ၈၀၀၀၀ကျပ်နှုန်း၊ WCDMA Sim Card အား ၁၂၀၀၀၀ကျပ်နှုန်းဖြင့် သာ နောက်ဆုံးသဘော တူညီမှုရရှိခဲ့ပါသည်။

ထို့ကြောင့် ရတနာပုံတယ်လီပို့စ် ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်း (ဆက်သွယ်ရေးဝန်ကြီး) မှ
သမ္မတကြီး၏ ဆန္ဒအရ ဈေးနှုန်းလျှော့ချရန်မဖြစ်နိုင်တော့သဖြင့် ရှယ်ယာရှင်များ နောက်ဆုံးသဘောတူသည့်ဈေးနှုန်းအတိုင်း အတည်ပြုရန် လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း နေပြည်တော်သတင်းများအရ သိရှိရပါသည်။

အေးချမ်းမွန်မှ  Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ဇန်န၀ါရီလ ၁၆ရက်၊ ၂၀၁၃

ဆက်သွယ်ရေးဝန်ကြီးအား Mobile Phone Sim Card များအား ကျပ်ငါးသောင်းဖြင့် လျှော့ချရောင်းပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့ရာ ဆက်သွယ်ရေးဝန်ကြီးမှ ရတနာပုံတယ်လီပို့စ် ရှယ်ယာရှင်များအား ဈေးနှုန်းလျှော့ချပေးနိုင်ရန် တင်ပြညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှုမရရှိသဖြင့် ရှယ်ယာရှင်များ နောက်ဆုံးလျှော့ချပေးသော သဘောတူသော ဈေးနှုန်းဖြစ်သည့် GSM Sim Card အား ၈၀၀၀၀ကျပ်နှုန်း၊ WCDMA Sim Card အား ၁၂၀၀၀၀ကျပ်နှုန်းဖြင့် သာ နောက်ဆုံးသဘော တူညီမှုရရှိခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကွမ်းစားမှုကြောင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်ပွား

Photo: မြန်မာနိုင်ငံတွင် ကွမ်းစားမှုကြောင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်ပွား 

Tuesday, 15 January 2013 15:40

မြန်မာနိုင်ငံ၌ ခံတွင်းကင်ဆာ ဖြစ်ပွားသူများထဲတွင် ကွမ်းစားမှုကြောင့် အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံမှ သိရသည်။

ညီလာခံ၌ တင်သွင်းခဲ့သည့် ပိုစတာသည်  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နှင့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် အသားအစားထိုး ခွဲစိတ်ပြုပြင်မှုဌာနများမှ  ခံတွင်းကင်ဆာဝေဒနာရှင် ၁၂၀ ဦးအား စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားခြင်းဆိုင်ရာ အချက်အလက်များ၊ ဆေးကုသမှုဆိုင်ရာ အချက်အလက်များနှင့် ရောဂါဗေဒဆိုင်ရာ အချက်အလက်များကို လေ့လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အမျိုးသားများသည် အမျိုးသမီးများထက် ခံတွင်း ကင်ဆာဖြစ်ပွားမှု ပိုမိုများပြားပြီး အသက်အရွယ်အလိုက် ဖြစ်ပွားမှုနှုန်းကို လေ့လာရာတွင် အသက် ၄၅ နှစ် မှ ၆၅ နှစ်အတွင်း ရှိသူများတွင် ၅၄ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေကြောင်း သိရသည်။

ခံတွင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို လေ့လာရာတွင် ကွမ်းတစ်မျိုးတည်း စားသုံးသူ ၂၈ ဒသမ ၃၃ ရာခိုင်နှုန်း (၃၄ ဦး) ဖြင့် အများဆုံးဖြစ်နေပြီး ဆေးလိပ်နှင့် ကွမ်းနှစ်မျိုးလုံးသုံးစွဲ သူ ၁၇ ဒသမ ၅ ရာခိုင်နှုန်း (၂၂ ဦး)   ဆေးလိပ်တစ်မျိုးတည်း သုံးစွဲသူ ၁၅ ဒသမ ၈၃ ရာခိုင်နှုန်း (၁၉ ဦး) အသီးသီး ရှိနေသည်။
ကင်ဆာဖြစ်ပွားမှု၏ အများဆုံး ခံတွင်းနေရာ အစိတ်အပိုင်းမှာ ပါးစောင် အမြှေးပါးဖြစ်ပြီး ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်ရာ ကွမ်းစားသူများ၏ ကွမ်းငုံခြင်း အလေ့အထအရ ပါးစောင်အမြှေးပါး၌ ကင်ဆာဖြစ်ရခြင်းဖြစ်ကြောင်း၊ ဝေဒနာရှင်များ၏ ၆၀ ရာခိုင်နှုန်းမှာ ခံတွင်းကင်ဆာ အဆင့်(၄) အထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါပိုစတာအရ သိရသည်။

မြန်မာနိုင်ငံသည် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းအလေ့ အလွန်များပြားသဖြင့် ၎င်းနှင့် အဓိက ဆက်နွှယ်သော ခံတွင်းကင်ဆာ ရောဂါဖြစ်ပွားမှု  အန္တရာယ်မြင့်မားသော နိုင်ငံများတွင် တစ်ခုအပါအ၀င် ဖြစ်ကြောင်း၊ ခံတွင်းကင်ဆာရောဂါသည် အာဆီယံဒေသတွင် အဖြစ်အများဆုံး ကင်ဆာရောဂါ ငါးခုအနက် တစ်ခုအပါအ၀င်ဖြစ်သည်။

ထို့ပြင် ခံတွင်းကင်ဆာရောဂါ သည် ဆေးဘက်ဆိုင်ရာ ခေတ်မီနည်းပညာများနှင့် ကုသသော်လည်း အသက်ရှင်နိုင်ခြေ၊ ပျောက်ကင်းနိုင်ခြေ အနည်းဆုံး ရောဂါများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။
အလားတူ ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံ များတွင် မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်းများတွင် ဖော်ပြထားသည်။
ဆေးရွက်ကြီး ပါဝင်သည့် ကွမ်းစားသုံးမှုအပေါ် အရှေ့တောင်အာရှဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ် ဆေးလိပ်ကင်းဝေးရေး ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာညိုညိုကြိုင်က ''ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုနောက်ဆုံးထွက်တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံက အမျိုးသားတွေမှာ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားနှုန်းက ကမ္ဘာမှာ အများဆုံးဖြစ်နေပါ တယ်။ အခုနောက်ပိုင်း စားသုံးမှု ပိုလာတာက အလေ့အကျင့်တစ်ခုကို အစားထိုးတဲ့နေရာမှာ ကွမ်းကို အစားထိုးလာတာပဲ။ ဆေးလိပ်ဖြတ်တဲ့ သူက ကွမ်းနဲ့ အစားထိုးလာတယ်။ အဲဒီအခါ ဆေးလိပ်လည်းမပြတ်သလို ကွမ်းလည်း စွဲသွားကြတယ်'' ဟု ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ ကွမ်းစားသုံးမှု အများဆုံး ခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏ ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမ နေရာတွင်ရှိနေပြီး အိန္ဒိယအမျိုးသားများတွင် စားသုံးမှုနှုန်းမှာ ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါအမျိုးသားများ တွင် ၃၁ ဒသမ ၂ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားများတွင် ၂၆ ဒသမ ၄ ရာခိုင်နှုန်း၊ သီရိလင်္ကာ အမျိုးသားများတွင် ၂၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ထိုင်းအမျိုးသားများတွင် ၁ ဒသမ ၃ ရာခိုင်နှုန်းတို့ အသီးသီး ရှိနေသည်။

ထို့အတူ စားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကလည်း  ''အိန္ဒိယဘက်က သွင်းနေတဲ့ ကွမ်းစားဆေးတွေကို မြန်မာနိုင်ငံ အနေနဲ့ သွင်းကုန်လိုင်စင် ပေးမထားဘူး။ နယ်စပ်ဈေးကနေ တရားမ၀င်လမ်းကြောင်းကနေ ၀င်တာမျိုးတွေ ရှိတယ်။ အဲဒီဆေးပေါင်းတွေက အိန္ဒိယနိုင်ငံက ထုတ်ပေမယ့် သူတို့နိုင်ငံမှာ စားသုံးဖို့မသင့်ဘူးလို့ ကြေညာထားတဲ့ ဆေးအမျိုးအစားထဲမှာ ပါတယ်။ဒါတွေကို မြန်မာနိုင်ငံကို တင်သွင်းနေတာ'' ဟု ဆိုသည်။

ပြည်တွင်း ဈေးကွက်အတွင်းသို့  အဓိက ၀င်ရောက်လျက်ရှိသည့် ဆေးပေါင်းများမှာ ဘုရင်မ၊ စာခါ၊ signal ၊ star ၊100 ၊ 92 ၊ 45  တို့ဖြစ်ပြီး လက်ရှိစားသုံးမှု အများဆုံးစားသုံးနေသည့် ဆေးပေါင်းများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆေးရွက်ကြီးပါဝင် သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံထုတ် ဆေးပေါင်းများ ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈ ဒသမ ၀ ရာခိုင်နှုန်း၊ ထုံးဖြူသီးသန့် ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၂ ဒသမ ၂ ရာခိုင် နှုန်း၊ အခြားစားသုံးမှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပေါ်ရှိ ကွမ်းယာဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်


အေးချမ်းမွန်မှ Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံ၌ ခံတွင်းကင်ဆာ ဖြစ်ပွားသူများထဲတွင် ကွမ်းစားမှုကြောင့် အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံမှ သိရသည်။

ညီလာခံ၌ တင်သွင်းခဲ့သည့် ပိုစတာသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် အသားအစားထိုး ခွဲစိတ်ပြုပြင်မှုဌာနများမှ ခံတွင်းကင်ဆာဝေဒနာရှင် ၁၂၀ ဦးအား စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားခြင်းဆိုင်ရာ အချက်အလက်များ၊ ဆေးကုသမှုဆိုင်ရာ အချက်အလက်များနှင့် ရောဂါဗေဒဆိုင်ရာ အချက်အလက်များကို လေ့လာခဲ့ခြင်းဖြစ်သည်။

"ဆင်းရဲသားဘဏ် ( သို့မဟုတ် ) လက်ခံလျှင် ဘဝကိုပါ ပစ်တင်ရတော့မည့် အသက်ရှူသံများ"

Photo: "ဆင်းရဲသားဘဏ် ( သို့မဟုတ် ) လက်ခံလျှင် ဘဝကိုပါ ပစ်တင်ရတော့မည့် အသက်ရှူသံများ"

လှိုင်သာယာမြို့နယ် ၁၆ ကွေ့ မှတ်တိုင်အနီး ''ရွှေရင်အေး (၂)'' ပုဂ္ဂလိက လိုင်စင်ရငွေချေးလုပ်ငန်း ဆိုင်းဘုတ် တပ်ထားသော တိုက် အိမ်ထဲမှ ပြန်ထွက်လာသည့် ဒေါ် အေးယဉ်ရဲ့ ခြေလှမ်းတွေက ခပ် သွက်သွက်။ ဝင်သွားကတည်းက ပါသွားသောလက်ထဲက ကြွပ် ကြွပ်အိတ်ထုပ်က ပြန်ထွက်လာ တော့လည်း ပါလာသည်။

''နွမ်းနေလို့ လက်မခံဘူး။ ကျွန်မကလည်း တကယ်အရေးကြီး နေလို့ပါ။ အိမ်မှာပေါင်စရာ နှံစရာ တန်ဖိုးရှိပစ္စည်းကလည်း မရှိတော့ ရှိတဲ့ အင်္ကျီလေးတွေ လာပေါင်တာ'' ဟု ပြောရင်းထန်းတဖျားခန့် ရောက် နေ ပြီဖြစ်သောနေကို မော့ကြည့် သည်။အဖြူရောင်ပျောက်၍ သံချေး ရောင်ပေါက်နေသည့် အင်္ကျီနွမ်းနွမ်း လေးက သူမ၏ ရှိရင်းစွဲ အရွယ်ကို ပိုမို အိုမင်းနေစေသည်က အမှန်။ ၄ဝ စွန်းစွန်း အသက်အရွယ်နှင့် မျက်နှာပေါ်တွင်သိသိသာသာ မြင် နေရသော အရေးအကြောင်းများ က လောကဓံ အထုအထောင်းနှင့် မည်မျှရင်းနှီး ကျွမ်းဝင်နေခဲ့ရသည် ကို မှန်းဆမိနိုင်စေသည်။ မွေးက တည်းက မိဘမဲ့ဘဝဖြင့် ကြီးပြင်းခဲ့ ရပြီးပညာသင်ကြားခွင့်လည်း မရခဲ့ ဟု ဆိုသည့် သူမအလုပ်က ရပ် ကွက်တွင်းအိမ်တကာလှည့် အဝတ် လျှော်ခြင်းသာ။

''အလုပ်က ဘယ်လောက် လုပ်လုပ် ဘယ်တော့မှ လောက်င တယ်မရှိဘူး။ ဘယ်လောက်အလုပ် များလဲဆိုရင် သမီးမွေးနေ့တောင် မေ့နေတယ်။ သမီးက ဒီမနက်ကျ မှသူ့မွေးနေ့၊ကျောင်းက သူ့ဆရာမ ကို မုန့်နဲ့ကန်တော့ချင်လို့ ပိုက်ဆံ တောင်းမှ သတိရတယ်။ လက်ထဲမှာ ပိုက်ဆံကလည်း အပိုကို မရှိတာ'' ဟုအနည်းငယ်ရှက် ရွံ့ဟန်ဖြင့် ပြော နေသော သူမမျက်နှာတွင် မေတ္တာ အရောင်ကိုတွေ့နေရသည်။ ဟင်္သာ တ ဇာတိဖြစ်သော သူမသည် အသက် ၁၈ နှစ်အရွယ်တွင် ရန် ကုန်သား ပန်းရံသမားတစ်ဦးနှင့်
အကြောင်းပါကာ မဟာရန်ကုန်မြို့ သို့ ရောက်ရှိခြေချခဲ့ရသည်။ သို့ရာ တွင် အိမ်ထောင်သက် ၁၆ နှစ် အရောက်တွင် လုပ်ငန်းခွင် မတော် တဆဖြစ်၍ ဆုံးပါးခဲ့ရသော ခင်ပွန်း ဖြစ်သူထားခဲ့နိုင်သည်က သမီးတစ် ယောက်သာ။ တတ်စွမ်းသလောက် ထမ်းနေသော်လည်း မကျေနိုင်သေး သည့် မိခင်တာဝန် ဝတ္တရားအတွက် လည်း ရှက်ရွံ့ဟန်ရှိသည်။

''အခုအိမ်ပြန်ပြီး စားအိုး စားခွက်တွေ ပြန်ယူပြီး နောက် ထပ် သွားပေါင်ရဦးမယ်။ သမီးက သိတတ်တယ်။ တော်ရုံ တောင်းတာ မဟုတ်ဘူး။ သူ့ဆရာမကို ချစ်လွန်း လို့တောင်းတာ''ဟုပြောရင်း ထွက် သွားသော သူမ၏အလောသုံးဆယ် ခြေလှမ်းများက ''အမေ့မေတ္တာကို အပြည့်ဖော်ကျူးနိုင်သည့် စည်း ချက်များ''ဟု တင်စားသင့်သော် လည်း ''မေတ္တာတရား သက်သက် နှင့်ကိစ္စ မပြီးသော ကမ္ဘာပင် မဟုတ်လော။

သူမ လိုအပ်မည့် ငွေပမာဏ သည် ၁၉ လမ်းမှ ဘီယာတစ် ဝိုင်းစာပင် မရှိ။ ကွင်းစတားမှ ပန်းကုံးတစ်ကုံးစာပင် မရှိ။ သို့ သော်ထိုမရှိခြင်းက သူမတို့လို ဘဝ များစွာအတွက်တော့ နေ့စဉ်ပိနေ သည့်တောင်။ ထိုသို့သော အခြေ အနေများကြောင့် ဆင်ခြေဖုံးရပ် ကွက်များတွင် အပေါင်ပစ္စည်း မပါဘဲ ငွေချေးသော ငွေတိုး လုပ် ငန်းများက အစီစီအရီရီ။ သို့ရာတွင် များပြားသော အတိုးနှုန်း၊ ငွေတိုး ထုတ်ပေးမည့်သူနှင့် ရင်းနှီးခင်မင်မှ သာ ရမည်ဟူသောအချက်က သူ တို့နှင့် သိပ်မသက်ဆိုင်သလို ခပ် လှမ်းလှမ်းမှပင်။

ဤကဲ့သို့သော အောက်ခြေ လူတန်းစားများ၏ ဘဝများကား အမြဲတစေလိုအပ်ချက်များ ရှိနေပေ လိမ့်မည်။ အလုပ်နှင့်လက်နှင့်မပြတ် မှသာ နေ့စဉ် စားဝတ်နေရေးကို ပြေလည်စေမည် ဖြစ်၍ ရထားသော အလုပ်တစ်ခုကို တင်းတင်းဆုပ်ရင်း ကိုယ့်အခွင့်အရေးကိုပင် မသိကြ တော့။ ရတတ်သမျှအလုပ်အကိုင်ကို ရှိသည့်အားနှင့် သွန်လုပ်သည့်တိုင် အရေးပေါ်ဆိုသော အခြေအနေ များက ရှောင်လွှဲမရ။ ထိုအခါ သူ တို့အဖို့ အပေါင်ဆိုင်တစ်နည်း လိုင်စင်ရပုဂ္ဂလိက ငွေချေးလုပ်ငန်း များကို အားကိုးကြရသည်။ ငွေပေါ်ရန်အတွက် သူတို့သုံးသည့် ပစ္စည်း များမှာ တန်ဖိုးကြီးမဟုတ်။ တန်ဖိုး ရှိဟုပင် ဆိုနိုင်စရာ မရှိသော နေ့ စဉ်သုံး အိမ်အသုံးအဆောင်များ သာ။

''လာ ပေါင်ကြတာတော့ ပစ္စည်း အစုံပဲဗျ။ ဒီလှိုင်သာယာ (၁၉) ရပ်ကွက်က အကုန်ဆင်းရဲ သား လိုလိုချည်းပဲဆိုတော့ ကျွန် တော်တို့လည်း ရွေးပြီး လက်ခံရ တယ်။ သူတို့ မရွေးနိုင်လို့ ဆုံး သွားရင် ပြန်ရောင်းလို့ရမယ့် ဟာ မျိုးတွေပေါ့။ မဟုတ်ရင် ဒါကြီးကအဖတ်တင်နေမှာ။ ဘာမှလည်း သုံးလို့မရ၊ ရှုံးလည်းရှုံးဦးမယ်'' ဟု လှိုင်သာယာ(၁၆)ကွေ့အနီး အပေါင် ဆိုင်တစ်ခုမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ဆိုင်ရှေ့တွင် တပြန့် တပြောစီတန်း၍ ရပ်ထားသော စက်ဘီးအစီး ၅ဝ ခန့်ကို လက်ညှိုး ထိုးပြရင်း
''ဒါအပေါင်ဆုံးတွေလေ၊ ဒီလိုပြန်ရောင်းလို့ရမယ့် ပစ္စည်း တွေဆိုရင်တော့ တစ်မျိုးပေါ့''ဟု ဆိုင်ရှင်ကပြောသည်။ လူသားချင်း စာနာထောက်ထားမှု ဟူသော စကား ရပ်သည် ဂျာနယ်စာမျက်နှာ များထက်တွင်သာ ဖောဖောသီ သီ တွေ့နေရပြီး တကယ့်လက်တွေ့ ဘဝတွင် ရှားပါးနေသည်ကလည်း သဘာဝကျပါသည်။လူသည် အတ္တ ကို ဗဟိုပြု၍သာ ကျင်လည် တတ်ကြသည့် သတ္တဝါဖြစ်သည့်အ လျောက် ကိုယ့်အကျိုးကို အထိပါး ခံပြီး အများအတွက် အနစ်နာခံမည့် သူမှာ အင်မတန်မှရှားပါးပေလိမ့် မည်။

''အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေးကချည်းပဲ သိန်း၂ဝဝ ကျော် သွင်း ရတယ်။ အရင်းကလည်း သိန်းကို ထောင်ဂဏန်းလောက် ရင်းထားရတာ'' ဟု လှိုင်သာယာမြို့ နယ်မှ အပေါင်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ဤမျှများပြားသော ငွေရင်း ပမာဏဖြင့် ရင်းနှီးမြှုပ်နှံ နေခြင်းမှာ ဤအပေါင်ဆိုင်လုပ် ငန်းမှာ ရှုံးရန် ဖြစ်နိုင်ခြေနည်းပါးပြီး ပုံမှန်ဆိုပါက အလွန်ကောင်းမွန် သည့် စီးပွားရေး လုပ်ငန်းဖြစ်၍ ပင်ဖြစ်သည်။ ရန်ကုန် မြို့တွင်း အောင်မြင်ဖြစ်ထွန်းနေသော စီးပွား ရေးလုပ်ငန်းများတွင် အပေါင်ဆိုင် လုပ်ငန်းသည်လည်းတစ်ခုအပါ အဝင်ဖြစ်၍ လုပ်ကိုင်လိုသူပေါများ နေပြီး နှစ်စဉ်အပေါင်ဆိုင် အရေ အတွက် တိုးပွားလာနေသည်ကို ကြည့်ရုံနှင့်ပင် ဤသည်ကို သိသာ နိုင်ပေသည်။

သို့ရာတွင် မည်သည့် လုပ် ငန်းမဆို စွန့်စားမှုကရှိစမြဲ။ အပေါင် ဆိုင်များအတွက် အဓိက သတိ ထားရသည်မှာ ခိုးရာပါ ပစ္စည်း လက်ခံမှုပင် ဖြစ်သည်။ ထို့ကြောင့် အပေါင်ဆိုင်လုပ်ငန်းရှင် အား လုံး၏ တူညီသော စည်းမျဉ်းတစ်ခု မှာ လာရောက်ပေါင်နှံသူများ၏ ထင်ရှားသော သက်သေအထောက် အထားပါလာမှသာ လက်ခံလေ့ရှိ ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ အဓိက သတိ ထားတာ ရွှေပေါ့။ ဖြစ်နိုင်ရင် ဘောက် ချာ ပြခိုင်းတယ်။ ဒါမှမ ဟုတ်ရင် မှတ်ပုံတင်တော့ ပါရ မယ်။ ဒါမှ တစ်ခုခု ပြဿနာ ဖြစ် လာရင် ကျွန်တော်တို့ ရှင်းရပြုရ လွယ်မှာလေ'' ဟု လမ်းမတော်မြို့ နယ်မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦး
က ပြောသည်။ သို့ရာတွင် အခြေခံ အသုံးအဆောင်ပစ္စည်းများကိုမူ မှတ်ပုံတင်မပါလည်း လက်ခံလေ့ ရှိသည်ဟုဈေးကွက်တွင်းမှ သိရ သည်။

ကြီးပွားချမ်းသာ နေသော နိုင်ငံများတွင်လည်း အပေါင်ဆိုင် များ ရှိနေသော်လည်း ၄င်းတို့၏ လည်ပတ်ပုံမှာ ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများနှင့်မူ အနည်းငယ် ကွဲပြား မှုရှိပါသည်။ သို့ရာတွင် ထိုအပေါင် ဆိုင်များကိုမှီခိုနေရသော သူများမှာ အခြေခံလူတန်းစားများသာ ဖြစ် သည်ဟူသော အချက်ကတော့အတူတူပင်။

အမေရိကန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် စာရင်းများအရ အပေါင်ဆိုင် ပေါင်း ၁၂၄ဝဝဝ ကျော် ရှိပြီး ကြော်ငြာပုံတွေကလည်း ခပ်ဆန်း ဆန်း။ History Channel ရုပ်မြင် သံကြားအစီအစဉ်တစ်ခုမှ ထုတ် လွှင့်ခဲ့သော အပေါင်ဆိုင်စီးပွား ကြယ်ပွင့်များ (Pawn Stars) သည် လူကြိုက်များသော အစီအစဉ်တစ် ခုဖြစ်သည်။ လာ့စ်ဗီးဂတ်စ်မြို့မှ အပေါင်ဆိုင်မိသားစုတစ်စု အ ကြောင်း ဇာတ်အိမ်ဖွဲ့ထားခြင်းက ပင် စိတ်ဝင်စားစရာ။ ၁၉၉၈ ခုနှစ် ကတည်းက ကီဗင်ဗရိုချာစတာ ဆို သူက ဦးဆောင်ပြီး အမျိုးသားအ ပေါင်ဆိုင် လုပ်ငန်းရှင်များ အသင်း ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယခု အခါ အပေါင်ဆိုင်စီးပွားရေး လုပ် ငန်းသည် စနစ်တကျနှင့် အောင် အောင်မြင်မြင် ရပ်တည်နိုင်ခဲ့ပြီး အောက်ခြေ လူတန်းစားများ အ တွက် တကယ့်အားထားရာ နေရာ အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေခဲ့ သည်။ အမေရိကန် အပေါင်ဆိုင် များ၌အများဆုံးတွေ့ရသည့် ပစ္စည်း များမှာလျှပ်စစ်ပစ္စည်း၊ ဂီတဆိုင်ရာ ပစ္စည်း၊ စက်ပစ္စည်း အသုံးအဆောင် နှင့် အဖိုးတန် အဝတ်အထည်များ သာ။ ထိုသို့ပင် ကျွန်တော်တို့နိုင်ငံ က အပေါင်ဆိုင်များတွင် အများဆုံး အပေါင်ခံသည်က ရွှေ၊ ငွေ ပစ္စည်း တွေ၊ အိမ်သုံးပစ္စည်းတွေ၊ စက်ဘီး နှင့် အဝတ်အထည်ပစ္စည်းများ။

နေ့စဉ် လမ်းစရိတ်အတွက် ဒန်အိုး၊ဒန်ခွက်များပေါင်နှံ၍ အလုပ် သွားကြရသည်ဟူသော စကားမှာ အမှတ်တမဲ့ဆိုလျှင် ဖြစ်နိုင်ဟန် မရှိဟု ယူဆစရာပင်။ သို့ရာတွင် ယင်းကဲ့သို့သော ကိစ္စရပ်များသည် ရန်ကုန်မြို့ဆင်ခြေ ဖုံးရပ်ကွက်များ တွင် ယနေ့တိုင် တွေ့နေရသေး သည်။

''မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်လေးတွေ လာပေါင် ပြီး လမ်းစရိတ်နဲ့ မနက်စာဖို့ လုပ် ရတယ်။ ညနေ အလုပ်ကပြန်လာရင် ပေါင်ထားတဲ့ အိုးခွက်တွေ ပြန်ရွေး အဲဒါနဲ့ပဲ ထမင်းဟင်းချက်စားရ တယ်။ နောက်တစ်နေ့ကျတော့ သွားပြန်ပေါင်ပေါ့။ အဲဒီလိုလုပ်ရ တဲ့ ရက်က တစ်လမှာ ဆယ့်လေးငါး ရက်လောက်ရှိတယ်'' ဟု ပြောလာ သူက သာကေတမြို့နယ် ဝက်စု ရပ်ကွက်နေ ဦးဘဇံ (အမည်လွှဲ) ဖြစ် သည်။လက်တစ်ဖက်က ဒန် အိုးလေး ၂ လုံးဆွဲပြီးအပေါင်ဆိုင် တွင်းမှ ထွက်လာသည့် သူ့ရုပ်သွင်ကနွမ်းလျနေသည်။ ချွတ်ထား သော အင်္ကျီကိုပခုံးပေါ် လှမ်းတင် လိုက်ရင်း ခေါင်းပေါ်မှ ဖုန်မှုန့်၊ သဲ မှုန့်များကို ခါချလိုက်သည့် သူ့သွင် ပြင်က ယခုမှပင် အလုပ်ကြမ်းလုပ် ငန်းခွင်မှပြန်လာကြောင်း သံသယ ဖြစ်ဖွယ်မရှိ။ တစ်နေ့ ၃ ထောင်ရ သောအလုပ်က မိသားစုလေးဦး အတွက် ဖူလုံကောင်းဖူလုံစေနိုင် မည် တွေးမိသော်လည်းမဟုတ်။

''ကျွန်တော်တစ်နေ့ကို နှစ် လုံးထီ ၅ဝဝ၊ ၁ဝဝဝ ဖိုး အမြဲလိုလို ထိုးဖြစ်တယ်ဗျာ။ ပိုက်ဆံလုံးလုံးခဲ ခဲလေးများ ရမလားဆိုတဲ့ စိတ်ကူး ပေါ့ဗျာ။ ဒါပေမဲ့ မပေါက်တာက များပါတယ်။ မပေါက်လေ မဲချင် လေပဲဗျ'' ဟု ဦးဘဇံက ပြော သည်။

''ဒီတီဗီကို လာပေါင်တဲ့သူက အဲဒီလို လူမျိုးပေါ့။ တစ်လကို သုံး ခါလောက် လာပေါင်လိုက် ပြန်ရွေး လိုက် လုပ်ရတာ။ တစ်ခါက နင် ဟယ် . . . ချဲထိုးမနေပါနဲ့လို့ ပြောမိပါတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ ကျွန်တော်တို့မှာ ငွေ လုံးလုံးခဲခဲ ရစရာဆိုလို့ ဒါပဲရှိတာ လို့ ပြန်ပြောတယ်လေ'' ဟု ဆိုလာ သူက တောင်ဒဂုံဆိပ်ကမ်းမြို့နယ် မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်သည်။ လူတွေများ မတော် လောဘတော်တော်များ နေကြပြီ လားဟူသော တရုတ်နွယ်ဖွား ဆိုင် ပိုင်ရှင်အန်တီကြီး၏ ညည်းသံက စဉ်းစားဖွယ်ပင်။

နုံချာခဲ့သော အတိတ်ကံ ကြောင့် ဟုပဲဆိုဆို၊ အောက်ခြေ လူတန်းစား ဆင်းရဲသား မိသားစု တွင် လူဖြစ်လာခြင်းသည် အပြစ် ဆိုစရာ မရှိ။ မဆိုအပ်။ ခေတ်အ ဆက်ဆက် အစိုးရလက်ထက် ပညာရေးစနစ်ကို ဖိနှိပ်ထားသည် ဆိုသော်ငြား မြန်မာပြည်တွင် မြန်မာစာကို လူတော်တော်များ ဖတ်နိုင်သည်၊ ရေးနိုင်သည်၊ သို့ရာ တွင် အသိအမြင်ကျယ်ပြောခြင်း သည် မှန်ကန်သည့်ဆုံးဖြတ်ချက် များချမှတ်စေနိုင်သည့် အကြောင်း ရင်းတစ်ရပ်ဟု ဆိုရပါလျှင် ကျွန် တော်တို့ ပြည်သူတွေ ဤအပိုင်းတွင် အလွန် ချို့ယွင်းခဲ့သည်ဟု
သာ ဆိုရမည်။

အသိအမြင်နည်းခြင်းသည် ဆင်းရဲမွဲတေမှု အကြောင်းတစ်ရပ် ဟု ဆိုပါလျှင် အသိအမြင်နည်း ခြင်းကို အရင်တိုက်ဖျက်ရမည်။ ''ဆင်းရဲနွမ်းပါးမှု ကို လျှော့ချ နေတဲ့ နေရာမှာ လောင်းကစားကို မတားဆီးနိုင်ရင် မအောင်မြင်နိုင် ဘူး။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ချေးငွေတွေ ပေးနေရင် လည်း လောင်းကစားတွေ လုပ် ပစ်လို့ ဘာမှအရာမထင်ဘူး။ အိမ်ရှင်မ ၅ဝ ရာခိုင်နှုန်း၊ ၆ဝ ရာခိုင်နှုန်း လောက်က ချေးငွေတွေ ကိုင်လောင်းကစား လုပ်ပစ်ကြ တယ်။ ဒါကို မတွန်းလှန်နိုင်သမျှ မနှိမ်နင်းနိုင်သရွေ့ကတော့ ဆင်းရဲ နွမ်းပါးမှုဟာ ပပျောက်မှာ မဟုတ် ဘူး။ ဒါကို မတွန်းနိုင်သရွေ့ ဆင်းရဲ တွင်း နက်နေဦးမှာပဲ'' ဟူသော ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦး သိန်းထွန်း၏ စကားက လက်တွေ့ လောကနှင့် အတော်နီးစပ်သည်။ မြန်မာနိုင်ငံ တွင် ပြည်သူလူထု၏ ရွေးကောက် တင်မြှောက်မှုဖြင့် တက်လာသော ဒီမိုကရေစီအစိုးရ ဆိုသည့် အရပ်သားတစ်ပိုင်း အစိုး ရလက်ထက်တွင် ဆင်းရဲမွဲတေမှု နှုန်း လျှော့ချရေးအတွက်လုပ် ဆောင်ရန် ပြင်ဆင်နေသည်ကို တွေ့ရပါသည်။ ကောင်းမွန်သော အလားအလာဟု ဆိုရမည် ဖြစ် သော်လည်း ထည့်သွင်းစဉ်းစားရ မည်က အောက်ခြေမှ အချက် အလက် မှန်၊ အခြေအနေမှန်အပေါ် မူတည် မှသာ အကျိုးရလဒ်က မျှော်လင့် ထားသလို ဖြစ်လာမည်ဟု သုံး သပ်ရသည်။ အသိÓာဏ်နည်းပါး မှု၊ ချဲထီလောင်းကစား၊ ရှားပါး သော အလုပ်အကိုင်နေရာ စသည့် အခြေခံအကြောင်း အချက်များကို ထည့်သွင်းစဉ်းစား အဖြေရှာရန် အလွန်အရေးကြီးပါသည်။ သို့ မဟုတ်လျှင် စိုက်ဘဏ်မှချေးငွေထုတ်ပြီး အိမ်ပြန်ရောက်သည့် အခါ ဘာငွေမှ မပါလာတော့သည့် လယ်သမားကြီးများကို တွေ့နေရ ဦးမည်ကမလွဲ။

မည်သို့ပင်ဖြစ်စေ . . .

မြန်မာနိုင်ငံတွင် နံနက်ခင်း မျက်စိပွင့်သည်နှင့် သေးသေး ကုတ်ကုတ်အိမ်တွင်းမှ ရွှေ့ပြောင်း ၍ ရနိုင်မည့် ပစ္စည်းမှန်သမျှကို မကာ တစ်နေ့တာ ဘဝအတွက် ထိုးအပ်ပစ်လိုက်မည့် ဘဝများရှိ ပါသည်။
ထို့အတူ လာသမျှ ပစ္စည်းများ ကို ဖင်တပြန် ခေါင်းတပြန်လှန် လှောကြည့် ၍ ဈေးဆစ်နိုင်သမျှ ဆစ်ကာ ခါချရန် အသင့်စောင့်နေ သော အပေါင်ဆိုင်များလည်း ရှိ နေပါသေးသည်။

မျှော်လင့်ချက်အပြည့်ဖြင့် အထုပ်လေးများ လက်တွင်ဆွဲကာ သုတ်သုတ်ပျာပျာ ဝင်သွားပြီး လက်ဗလာဖြင့် ပြန်ထွက်လာသည့် လူများ၏ အိတ်ကပ်ထဲတွင် ဂဏန်း ငါးလုံး မပြည့်သော ငွေစလေးများ ရှိနေပါသည်။ တစ်နေ့တာအတွက် စောင့်မျှော်နေမည့် ဆာလောင်မှုများ အတွက် နေညိုချိန် ပါလာမည်ဟူ သော မျှော်လင့်ချက်များဖြင့် သူတို့ အလျော်အစားလုပ်နေကြခြင်းဖြစ် သည်။

တကယ်တော့ အပေါင်ဆိုင် များသည် အခြေခံ လူတန်းစားများ အတွက်တော့ အကောင် အထည်ရှိ သော ကယ်တင်ရှင်များ ဖြစ်ပြီး ပြုပြ င်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ဆိုသည်ထက် ပိုအသက်ဝင်နေ သော အားကိုးရာများလည်း ဖြစ် သည်။

တကယ်တော့ ဆင်းရဲနွမ်းပါး မှုသည် အရေးတကြီး ကာကွယ် ဆေးကျွေး၍ တိုက်ဖျက်ရမည့် ရောဂါဖြစ်ပြီး ကုသရန် ဆေးမရှိ ပါက အပေါင်ဆိုင် ကောင်တာပေါ် သူတို့ ၏ ဘဝများ ပစ်တင်လိုက်ရန်မှ လွဲ ၍ ...ဘာများ ရွေးရန် ကျန်ဦး မည်နည်းဟုသာ မေးရတော့မည် ဖြစ်သည် . . .။

ရန်ကုန်ဆောင်းက ဤတစ် နေ့တည်းကိုပင် အငြိုးဖြင့် ကွက် ၍ တာဝန်ကျေနေသည်လား မသိ။ နံနက်ခင်း အေးစက်စက်ထဲ စောင် တစ်ထည်အောက်တွင် လုံးထွေး၍ ကွေးနေကြသော ကလေးများကို ကြည့်ရင်း ဒေါ်မြသက် ရင်ထဲ မချိသော်လည်း မတတ်နိုင်။

''ဟဲ့ဟဲ့ . . .ဖယ်ကြစမ်း။ ပေးစမ်းစောင်ကို။ နင်တို့စားဖို့ လုပ် ရဦးမယ်ဟဲ့''ဟု ဆူပူပြော ဆိုရင်းမှ စောင်ကို အတင်းဆွဲ ယူလိုက်သည်။ ဟုတ်သည်။ စောင် နှင့် ဒန်အိုး ပေါင်လျှင်တောင် သုံး ထောင်ရရန် မနည်းတိုက်ပွဲ ဝင်ရဦး မည်ဖြစ်ရာ ဒေါ်မြသက် အလိုလို
ဒေါပွနေ ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အပေါင်ဆိုင်သို့ သွားရန် အိမ်အပြင် ထွက်ချိန်တွင် အေး၍ ထငိုလိုက်သော သားငယ်၏ အသံ ကြားချိန်တွင်တော့ အရာရာကို မကျေနပ်စိတ်ဖြင့် ဒေါ်မြသက် တစ်ယောက် ''အေးရင်လည်း ကိုယ့်ဟာကိုယ် ကိုင်ပြီးတော့သာ နွေးအောင် နေကြတော့ဟေ့''ဟု
နာနာကျည်းကျည်း အော်လိုက် ပါတော့သည်။

ကျော်ရဲလင်း
အောင်ခွန်းဆက် ကူညီသည်။


အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လှိုင်သာယာမြို့နယ် ၁၆ ကွေ့ မှတ်တိုင်အနီး ''ရွှေရင်အေး (၂)'' ပုဂ္ဂလိက လိုင်စင်ရငွေချေးလုပ်ငန်း ဆိုင်းဘုတ် တပ်ထားသော တိုက် အိမ်ထဲမှ ပြန်ထွက်လာသည့် ဒေါ် အေးယဉ်ရဲ့ ခြေလှမ်းတွေက ခပ် သွက်သွက်။ ဝင်သွားကတည်းက ပါသွားသောလက်ထဲက ကြွပ် ကြွပ်အိတ်ထုပ်က ပြန်ထွက်လာ တော့လည်း ပါလာသည်။

''နွမ်းနေလို့ လက်မခံဘူး။ ကျွန်မကလည်း တကယ်အရေးကြီး နေလို့ပါ။ အိမ်မှာပေါင်စရာ နှံစရာ တန်ဖိုးရှိပစ္စည်းကလည်း မရှိတော့ ရှိတဲ့ အင်္ကျီလေးတွေ လာပေါင်တာ'' ဟု ပြောရင်းထန်းတဖျားခန့် ရောက် နေ ပြီဖြစ်သောနေကို မော့ကြည့် သည်။အဖြူရောင်ပျောက်၍ သံချေး ရောင်ပေါက်နေသည့် အင်္ကျီနွမ်းနွမ်း လေးက သူမ၏ ရှိရင်းစွဲ အရွယ်ကို ပိုမို အိုမင်းနေစေသည်က အမှန်။ ၄ဝ စွန်းစွန်း အသက်အရွယ်နှင့် မျက်နှာပေါ်တွင်သိသိသာသာ မြင် နေရသော အရေးအကြောင်းများ က လောကဓံ အထုအထောင်းနှင့် မည်မျှရင်းနှီး ကျွမ်းဝင်နေခဲ့ရသည် ကို မှန်းဆမိနိုင်စေသည်။ မွေးက တည်းက မိဘမဲ့ဘဝဖြင့် ကြီးပြင်းခဲ့ ရပြီးပညာသင်ကြားခွင့်လည်း မရခဲ့ ဟု ဆိုသည့် သူမအလုပ်က ရပ် ကွက်တွင်းအိမ်တကာလှည့် အဝတ် လျှော်ခြင်းသာ။

"သုံးနိုင်ငံမှအပ တစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ"

Photo: "သုံးနိုင်ငံမှအပ တစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ"

နိုင်ငံသုံးနိုင်ငံမှအပတစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲပြောင်းပေးပို့ နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Western Union နှင့် ချိတ်ဆက်ထားသော CB ဘဏ်မှ သိရသည်။

''ဆိုမာလီ၊ အီရန်နဲ့မြောက် ကိုရီးယားနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံကလူတွေ အားလုံး မြန်မာ နိုင်ငံကို ငွေလွှဲပေးပို့လို့ရပြီ''ဟု CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးဖေမြင့်က ပြောသည်။

Western Union ကုမ္ပဏီ သည် ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုနှင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိပြီး အဆိုပါဘဏ်ခြောက် ခု၏ ဘဏ်ခွဲများ အသီးသီးတွင် လွှဲငွေများကို ထုတ်ယူနိုင်ပြီဖြစ် ကြောင်းသိရသည်။ အကျိုးအ မြတ်ခွဲဝေမှုအနေဖြင့် ပြည်တွင်း ဘဏ်များသည် လွှဲခ၏ ၂၅ ရာ ခိုင်နှုန်းကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

Western Union မှ လွှဲခကို နိုင်ငံအသီးသီးအလိုက်ကောက်ခံပြီး နိုင်ငံ အလိုက်ငွေကြေးများကို ဒေါ် လာအဖြစ်သာ ပြည်တွင်းသို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း သိရ သည်။

''ဒီကို ဒေါ်လာနဲ့လွှဲပေးတာကို ဘဏ်တွေက နေ့စဉ်ပေါက်ဈေးအ တိုင်း ကျပ်ငွေနဲ့ ပြန်ထုတ်ပေးမှာပါ'' ဟု ဦးဖေမြင့်က ပြောသည်။
လက်ရှိတွင်ပြည်ပမှ ပြည်တွင်း သို့ငွေလွှဲပေးပို့မှုကို စင်ကာပူ၊ ထိုင်း နှင့် မလေးရှားနိုင်ငံတို့နှင့် ချိတ် ဆက်ဆောင်ရွက်နေပြီး နောက်ပိုင်း တွင် ဗဟိုဘဏ်၏ခွင့်ပြုချက်အလိုက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း လုပ်ကိုင်ခွင့်ရဘဏ်များမှ သိရသည်။

အမေရိကန်အခြေစိုက် Western Union ကုမ္ပဏီသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂ဝဝ ကျော်တွင် အေ ဂျင်စီပေါင်း ၅၂ဝဝဝဝ ကျော်ရှိပြီဖြစ် ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှလွှဲငွေများကိုသာ ပြည် တွင်း၌ လက်ခံနိုင်ပြီး နောက်ပိုင်း တွင် အဆိုပါနိုင်ငံများသို့ မြန်မာ နိုင်ငံမှ လွှဲပြောင်းပေးပို့နိုင်ပြီဆိုပါကWestern Union မှတစ်ဆင့် လွှဲပို့ နိုင်မည်ဖြစ်ကြောင်းသိရသည်။

လွှဲပြောင်းပေးပို့မှုကို မြန် မာနိုင်ငံနှင့်ပေးပို့သောနိုင်ငံ အ ချိန်ကွာခြားမှုအလိုက် တစ်ရက် အတွင်းထုတ်ယူနိုင်ရန် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပြည် တွင်းဘဏ် ၆ ခု ဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ယူ နိုက်တက်အမရဘဏ်၊ မြန်မာအ ရှေ့တိုင်း ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန် မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂ လိကဘဏ်တို့တွင် လွှဲပြောင်း ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။

PN-029၊ခိုင်နွယ်ဦး


အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နိုင်ငံသုံးနိုင်ငံမှအပတစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲပြောင်းပေးပို့ နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Western Union နှင့် ချိတ်ဆက်ထားသော CB ဘဏ်မှ သိရသည်။

''ဆိုမာလီ၊ အီရန်နဲ့မြောက် ကိုရီးယားနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံကလူတွေ အားလုံး မြန်မာ နိုင်ငံကို ငွေလွှဲပေးပို့လို့ရပြီ''ဟု CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးဖေမြင့်က ပြောသည်။

Western Union ကုမ္ပဏီ သည် ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုနှင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိပြီး အဆိုပါဘဏ်ခြောက် ခု၏ ဘဏ်ခွဲများ အသီးသီးတွင် လွှဲငွေများကို ထုတ်ယူနိုင်ပြီဖြစ် ကြောင်းသိရသည်။ အကျိုးအ မြတ်ခွဲဝေမှုအနေဖြင့် ပြည်တွင်း ဘဏ်များသည် လွှဲခ၏ ၂၅ ရာ ခိုင်နှုန်းကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ

Photo: မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ

မဇ္ဈိမသတင်းဌာန  | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၃၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ မလေးရှားနိုင်ငံ၏ ကျွန်းစုလေးတခုဖြစ်သည့် Langkawi တွင် သစ်သားလှေ နှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ 

ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါများက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ လှိုင်းကာအောက်တွင် ခိုလှုံနေကြသည်ကို ကနဦးတွေ့ရပြီး ဒေသခံ ရဲများက နံနက် ၃ နာရီခန့်တွင် သွားရောက် ဝိုင်းပတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲဝန်အား ကိုးကား၍ The Star သတင်းတရပ်တွင် ရေးသားထားသည်။

မီတာ ၂၀ ခန့်ရှည်သည့် သစ်သားလှေနှစ်စီးအနက် တစီးပေါ်တွင် အမျိုးသားကြီး ၉၄ ဦး၊ အမျိုးသမီးကြီး ၁၈ ဦးနှင့် မိန်းကလေး ၃၁ ဦး ပါဝင်ပြီး အခြားတစီးပေါ်တွင် အမျိုးသားကြီး ၂၀၇ ဦးနှင့် ယောက်ျားလေး ၄ ဦးတို့ကို တွေ့ရှိရပြီး အယောက် ၄၀ မှာ ရိက္ခာရှာထွက်နေ၍ မတွေ့ရှိခဲ့ရဟု ဆိုသည်။ 

လှေတစင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လွန်ခဲ့သော ရက် ၂၀ ခန့်ကတည်းက ထိုကျွန်းစုသို့ ဦးတည်လာခဲ့ပြီး အခြားတစီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Peknaf မှ လွန်ခဲ့သော ၁၇ ရက်က ထွက်ခွါလာခဲ့ကာ ထိုကျွန်းစုသို့ပင် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ 

၎င်းတို့ အားလုံးတွင် ခရီးသွား စာရက်စာတမ်း တစုံတရာ မပါရှိကြ၍ တရားမဝင် ခိုးဝင်မှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်ရန် ခရိုင် ရဲဌာနချုပ်တွင် ဖမ်းဆီးထားသည်။ 

ဤအကြိမ်မှာ မလေးရှားနိုင်ငံသို့ ထိုကျွန်းမှတဆင့် မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် တရားမဝင် ခိုးဝင်ရန် ကြိုးစားမှု ဒုတိယအကြိမ် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ လူ ၅၀၀ မှာ လှေတစီးပေါ်မှ ခုန်ချကာ မီတာ ၅၀၀ အကွာ ထိုကျွန်းစု၏ Teluk Burau ကမ်းခြေသို့ လက်ပစ်ကူးခတ် လာခဲ့ကြဖူးသည်။ ၎င်းတို့အထဲတွင် အချို့ကလေးငယ်များမှာ အသက် ၇ နှစ်မျှသာ ရှိကြသည်။ 

၎င်းအုပ်စုအားလည်း သစ်တောအုပ်တခုတွင် ဖြတ်သန်းနေစဉ် ဒေသခံ ရဲများက အငိုက်ဖမ်းမိခဲ့သည်ဟု ဆိုသည်။ 

အလားတူ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသူ ရိုဟင်ဂျာ ၇၀၀ ခန့်ကို စံခလခရိုင်တွင်း နှစ်ကြိမ်ခွဲ၍ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်မည်ဟု ထိုင်းအာဏာပိုင်များက သောကြာနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။


အေးချမ်းမွန်မှ  Mizzima - News in Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံ၏ ကျွန်းစုလေးတခုဖြစ်သည့် Langkawi တွင် သစ်သားလှေ နှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါများက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ လှိုင်းကာအောက်တွင် ခိုလှုံနေကြသည်ကို ကနဦးတွေ့ရပြီး ဒေသခံ ရဲများက နံနက် ၃ နာရီခန့်တွင် သွားရောက် ဝိုင်းပတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲဝန်အား ကိုးကား၍ The Star သတင်းတရပ်တွင် ရေးသားထားသည်။

ဆီးဂိမ်းတွင် ပြည်တွင်းကုမ္ပဏီနှစ်ခုမှ တာဝန်ယူ၍ Wi-Fi လွှင့်ပေးမည်

Photo: ဆီးဂိမ်းတွင် ပြည်တွင်းကုမ္ပဏီနှစ်ခုမှ တာဝန်ယူ၍ Wi-Fi လွှင့်ပေးမည်


၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအတွက် Wi-Fi အင်တာနက်လွှင့်ပေးနိုင်ရန် ပြည်တွင်း ကုမ္ပဏီနှစ်ခုမှ အဓိကတာဝန်ယူလုပ်ဆောင်သွားဖွယ်ရှိကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင်ရေးဆောင်ရွက်ပေးနေ
သည့် ကုမ္ပဏီကြီးများမှာ Red link၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ ၊ အေးရှား
မက်ဂါလင့်အစရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

“ဆီးဂိမ်းကျင်းပတဲ့အခါ ပြိုင်ပွဲဝင်နိုင်ငံတွေက လာရောက်ယှဉ်ပြိုင်ကြတဲ့
ကစားသမားတွေ၊ လာရောက် ကြည့်ရှုအားပေး ကြမယ့် ပရိသတ်တွေ
အတွက် အဓိကဦးစားပေးပြီး Wi-Fi အခမဲ့သုံးစွဲနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်တယ်၊ ဒီလိုဆောင်ရွက်ပေးတာ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ အားကစားပြိုင်
ပွဲတွေလို ဆက်သွယ်ရေးဝန်ဆောင်မှု ကောင်းအောင်ပြုလုပ်ခြင်း ဖြစ်တယ်” ဟု ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆို Wi-Fi အင်တာနက်ဝန်ဆောင်မှုပေးလို၍ ဆီးဂိမ်းတွင် တင်ဒါလျှောက်
ထားသည့် ကုမ္ပဏီ(၂၇)ခု ရှိသည့် အနက်မှ လက်ရှိအချိန်၌ ပြည်တွင်း
ကုမ္ပဏီနှစ်ခုသာ ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

WIFI ထုတ်လွှင့်ပေးမည့်နေရာများမှာအားကစားကွင်းတည်ရှိရာနေရာ
များနှင့် ကစားသမား တည်းခိုမည့် နေရာနှင့် မီဒီယာစင်တာများတွင် Wi-Fi စနစ်ရရှိနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

“အခုလို Wi-Fi အသုံးပြုနိုင်အောင်ပြုလုပ်ရမှာလည်း ဆီးဂိမ်းကျင်းပမယ့်
နေပြည်တော်၊ ရန်ကုန်၊မန္တလေးနဲ့ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထားပြုလုပ်သွားမှာ ဖြစ်ပါတယ်။”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက်လိုင်းဆွဲအားပိုမိုမြန်ဆန်
စေရေးအတွက် 512 Mbအထိ မြန်နှုန်းအပြည့်အ၀ရရှိစေရေး ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းအုပ်ချုပ်
သူ နည်းပြနှင့် အားကစာသမားများအပြင် မီဒီယာသမားများ အနေဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံများနှင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်ပြောဆို ဆက်သွယ်နိုင်ရေး ဆောင်ရွက်ထားရှိ မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲကို အခြားအရှေ့တောင်အာရှိနိုင်ငံများတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲထက် ယခု(၂၇)ကြိမ် မြောက်ပွဲတော်အား ပိုမိုကောင်းမွန်ပြည်စုံ
သည့်အားကစားပြိုင်ပွဲကြီးအဖြစ် အဆင့်အတန်းမြင့်စွာ ကျင်းပ နိုင်ရေး
အတွက် ယခုကဲ့သို့ Wi-Fi ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း
ဖြစ်ကြောင်းကိုလည်းသိရသည်။

၂၇ကြိမ်မြောက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် အရှေ့တောင်
အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲအခင်းအနား ဖျော်ဖြေရေး စီအစဉ်
များတွင် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံယဉ်ကျေးမူဝန်ကြီးဌာနနှင့် China Arts and Entertainment Group မှတာဝန်ရှိသူများနှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေး
ကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူ မှ ဇန်န၀ါရီလ ဒုတိယအပတ်အတွင်းက တွေ့ဆုံခဲ့ကြောင်း
သိရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအတွက် Wi-Fi အင်တာနက်လွှင့်ပေးနိုင်ရန် ပြည်တွင်း ကုမ္ပဏီနှစ်ခုမှ အဓိကတာဝန်ယူလုပ်ဆောင်သွားဖွယ်ရှိကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင်ရေးဆောင်ရွက်ပေးနေ
သည့် ကုမ္ပဏီကြီးများမှာ Red link၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ ၊ အေးရှား
မက်ဂါလင့်အစရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့် အဆင့်သာရှိသေး

Photo: မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့် အဆင့်သာရှိသေး 

Tuesday, 15 January 2013 18:36

မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့် အဆင့်သာရှိသေးကြောင်း ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့်သူ၏ မိသားစုထံမှ သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟု မေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်း ၀န်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း  ရဲမှုခင်းစစ်ချက်များအရ သိရသည်။

မျက်နှာဖုံးစွပ် လူအုပ်စု၏ အသတ်ခံခဲ့ရသော ကိုကျော်မင်း၏  မိခင်ဖြစ်သူက ဖြစ်စဉ်ဖြစ်ပွားစဉ်တွင် ပြောကြားချက်အရ သူငယ်ချင်းဖြစ်သူနှစ်ဦး စကားများရန်ဖြစ်ရာမှ ကိုကျော်မင်းမှ ၀င်ရောက် ဖြန်ဖြေပေးရာမှတစ်ဆင့် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊   မျက်နှာဖုံးစွပ်လူအုပ်စုမှ မသတ်မီ ရက်ပိုင်းများ၌ ရန်ရှာခံရခြင်းများနှင့် ၎င်းနေထိုင်ရာ ရပ်ကွက်အတွင်း၌ ကြေးစားလူသတ်သမားများ ငှားရမ်းကာ အသေသတ်မည်ဆိုသော  သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သူမျှ ကာကွယ်စောက်ရှောက် အ ရေးယူမည့်သူများ မရှိခဲ့သည့်အတွက်ကြောင့် မင်းမဲ့စရိုက်ဆန်စွာနှင့် ကြားခဲ့ရသည့် သတင်းများအတိုင်း အသတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းအမှုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ အတွင်းမှစ၍ အရှေ့ပိုင်းခရိုင် တရားရုံး တွင် တရားလိုပြသက်သေ ၁၀ ဦးခန့် စစ်ဆေးနိုင်ခဲ့သော်လည်း လုံခြုံရေးအင်အား လိုအပ်ချက်များ ရှိသောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ရာ တရားခွင်အားအစမှ ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၂၀ ဦးခန့်သာ စစ်ဆေးနိုင်သေးကြောင်း၊ရဲမှုခင်းစစ်ချက်တွင် တရားလိုပြသက်သေ ၆၁ ဦးခန့် ပါဝင်နေကြောင်း၊တရားလိုမိသားစု သက်သေအသိမှာ ၁၀ ဦးခန့်သာ ပါဝင်ကြောင်း ကိုကျော်မင်း၏ မိသားစုထံမှ သိရသည်။

''ကျွန်မတို့အနေနဲ့ အသိချင်ဆုံးက အမိန့်ကို ဘယ်အချိန်အပြီးသတ်ချမှာလည်း ဆိုတာပါပဲ။နောက်ပြီး ကျွန်မတို့က ရှေ့နေမငှားနိုင်လို့ပဲလား။အခုစစ်ဆေးနေတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက အစိုးရစွဲချက်လည်း အဆင်သိပ်မပြေဘူး  နောက်ပြီး ကျွန်မတို့မိသားစုရဲ့တရားလိုပြသက်သေက ၁၀ ယောက်လောက်ပဲရှိတယ်။အခုက ကိုယ်မသိတဲ့ တရားလိုပြ သက်သေတွေကို တရားခွင်မှာတွေ့နေရတယ်''ဟု ကိုကျော်မင်း၏ မိခင်မှ ပြောသည်။

အဆိုပါအမှုနှင့် ပတ်သတ်၍့်   မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၂) ဦးအောင်မြတ်သိန်းအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ''ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း ဖြေကြားပိုင်ခွင့်မရှိပါဘူး။အထက်အရာရှိ တစ်ဦးဦးရဲ့ အမိန်နဲ့သာ ဖြေကြားနိုင်မှာပါ''ဟု ပြောခဲ့သည်။

အသတ်ခံခဲ့ရသော ကိုကျော်မင်း၏ မိသားစုများမှာလည်း လက်ရှိကြာမြင့်နေသော တရားခွင်နှင့် တရားခွင်အခြေအနေအား ကျေနပ်မှုမရှိ၍ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်တာဝန် ယူလျက်ရှိသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုကျော်မင်း၏ အဒေါ် ဖြစ်သူမှ ''ကျွန်မတို့အနေနဲ့ လက်ရှိ တရားခွင်အခြေအနေနဲ့ အနေအထား ကို လုံးဝကျေနပ်မှုမရှိဘူး။လက်ရှိမှာ ၁ နှစ်နဲ့ ၂လပြည့်သွားတယ် အယောက် ၂၀ ကျော်လောက်ပဲ ရှိပါသေးတယ်။ရဲမှုခင်းစစ်ချက်က အယောက် ၆၁ ယောက်ရှိတယ်။အနည်းဆုံး ၃ နှစ်ကျော်လောက် ကြာဦးမယ် အခြေအနေ ဖြစ်နေတယ်။လက်ရှိ တရားခွင် အခြေအနေကိုလည်း လုံးဝကျေနပ်အားရမှု မရှိပါဘူး၊ဒါကြောင့် ကျွန်မတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို တိုင်ကြားသွားမယ်''ဟု ပြောသည်။

မြောက်ဥက္ကလာပ ရဲစခန်းမှ ယင်းဖြစ်စဉ်နှင့်ပတ် သတ်၍ (ပ) ၅၂၄/၂၀၁၁၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး တရားခံဟု ယူဆရသူ ၂၃ ဦးအား ၂၀၁၁ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြ သက်သေများအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါအမှုကို မြောက်ပိုင်းခရိုင် တရားရုံး၌ ခရိုင်ဒုတိယတရားသူကြီး (၂) ဦးအောင်မြတ်သိန်းမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့် အဆင့်သာရှိသေးကြောင်း ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့်သူ၏ မိသားစုထံမှ သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟု မေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်း ၀န်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။

Huawei မှ 6.1-inchအရွယ်အစားရှိတဲ့ Ascend Mateဖုန်း

Photo: Huawei မှ 6.1-inchအရွယ်အစားရှိတဲ့ Ascend Mateဖုန်း

Screenကြီးကြီးနဲ့ဖုန်းတွေကို နှစ်သက်တတ်တဲ့ သူတွေအတွက် Huawei မှထပ်မံထုတ်လုပ်လိုက်တဲ. Ascend Mateကို အကြိုက်တွေ.ကြမှာပါ။ ဒီဖုန်းကို အနက်ရောင်နဲ.အဖြူရောင်နှစ်မျိုးရရှိနိုင် မှာဖြစ်ပြီး 8GB or16 GB Storage(no support for micro sd)နှစ်မျိုးနဲ.အတူ 2GB RAM ,1.5GHz quad-core processor ကိုလည်းအသုံးပြုထားပါတယ်။ 8.0 megapixel နဲ့အတူ 1.0 HD front Cameraပါရှိပြီး Android 4.1.2 ကိုအသုံးပြုထားပါတယ်။

Battery အနေနဲ.က 4030mAh Batteryကိုအသုံးပြုထားတဲ.အတွက် အချိန်တော်တော်ကြာမြှင့်စွာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Bluetooth 4.0ဟာလည်း data transfer လုပ်ရင်မြန်ဆန်စေနိုင် မှာဖြစ်ပါ တယ်။ Samsaung မှာ Note II ထွက်ပြီးတဲ.နောက် Screen ကြီးကြီးမားမားနဲ. နောက်ထပ် အဆင့်မြှင့် တဲ့ဖုန်းတလုံးကို Huaweiမှ ထုတ်လုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။

အေးချမ်းမွန်မှ  Myanmar Collection တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Screenကြီးကြီးနဲ့ဖုန်းတွေကို နှစ်သက်တတ်တဲ့ သူတွေအတွက် Huawei မှထပ်မံထုတ်လုပ်လိုက်တဲ. Ascend Mateကို အကြိုက်တွေ.ကြမှာပါ။ ဒီဖုန်းကို အနက်ရောင်နဲ.အဖြူရောင်နှစ်မျိုးရရှိနိုင် မှာဖြစ်ပြီး 8GB or16 GB Storage(no support for micro sd)နှစ်မျိုးနဲ.အတူ 2GB RAM ,1.5GHz quad-core processor ကိုလည်းအသုံးပြုထားပါတယ်။ 8.0 megapixel နဲ့အတူ 1.0 HD front Cameraပါရှိပြီး Android 4.1.2 ကိုအသုံးပြုထားပါတယ်။

"လက်နက် နှင့် အာဏာ ကို ကြောက်သောကြောင့် တောင်သူများလက်မှတ်ထိုးပေးရဟု ဆို"

Photo: "လက်နက် နှင့် အာဏာ ကို ကြောက်သောကြောင့် တောင်သူများလက်မှတ်ထိုးပေးရဟု ဆို"
နေပြည်တော် ၊ဇန်န၀ါရီ ၁၆
လယ်ယာ မြေ နှင့် ဥယျာဉ်ခြံမြေ များကို တပ်မတော်မှသိမ်းယူရာတွင် လက်နက်နှင့် အာဏာကို ကြောက်ရသောကြောင့်
တောင်သူများလက်မှတ်ထိုးပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
ဗညားအောင်မိုးကယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်တွင် ပဉ္စမ ကာလတို ငါးနှစ်
အမျိုးသား စီမံကိန်း (၂၀၁၁.၁၂)မှ (၂၀၁၅ .၁၆ )ဘဏ္ဍာနှစ် အထိ (မူကြမ်း)ဆွေးနွေးရာ၌ ထည့်သွင်းပြောကြားသွားသည်။
"လယ်ယာမြေ နဲ့ ဥယျာဉ်ခြံမြေ အများအပြားသိမ်းယူရာမှာ ဥပဒေ အတိုင်း တရားနည်းလမ်းကျစွာသိမ်းထားတယ်
လို့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက လွှတ်တော် မှာ ပြောဖူးပါတယ်။လွှတ်လပ်ရေးရကာစ က ပြုထားတဲ့ ဥပဒေအတိုင်းလျော်ကြေးပေး
တော့ ကျပ်သန်းပေါင်းများစွာတန်တဲ့ ခြံဥယျာဉ်အတွက် ကျပ်ရာဂဏန်းသာသာ ပဲ တောင်သူလယ်သမားတွေ ရခဲ့ပါတယ်၊အချို့
က ဘာမှမရတာလဲ ရှိပါတယ်၊တောင်သူလယ်သမားက လက်မှတ်ထိုးပေးလိုက်ပါတယ်၊လက်နက်နဲ့ အာဏာကို ကြောက်လို့
ထိုးပေးရတာပဲဖြစ်ပါတယ်၊တောင်သူလယ်သမားတွေ ဘယ်လောက်နစ်နာကြောင်းကို ငဲ့ညှာသင့်ပါတယ်၊"ဟု ၄င်းက ပြောသည်။
ထို့ ကဲ့သို့ ဥယျာဉ်ခြံမြေများ သိမ်းယူခြင်း၊သီးစားပြန်ချခြင်းကြောင့် ပြည်တွင်းထုတ်ကုန် ကျဆင်းလာသည့် အပြင်
ဒေသခံ ပြည်သူများပါ ဒုက္ခ ရောက်လာရ ကြောင်းထပ်လောင်းပြောသည်။
"သိမ်းယူထားတဲ့ ခြံဥယျာဉ်ကို မြေပိုင်ရှင်ဆီကို သီးစားပြန်ချပါတယ်၊ဥယျာဉ်တွေ ပျက်စီးလာတယ် ၊ကုန်ထုတ်လုပ်မှု
ကြဆင်းတယ်၊GDP က ရည်မှန်းချက်နဲ့ ပြောင်းပြန်ဖြစ်လာတယ်၊ခြံဥယျာဉ် ပိုင်ရှင်တွေ ၀မ်းစာရေး၊လူမှုရေး၊အဆင့်ကျလာ
တယ်၊ဆင်းရဲဒုက္ခ ရောက်ကြရပါတယ်၊မွေးမြူရေးလုပ်ငန်းတွေမှာလည်း ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာတာကိုတွေ့
ရပါတယ်၊ဒီအခက်တွေ ဟာ လူအခွင့် အရေး စံနှုန်းနဲ့ မကိုက်ညီပါဘူး၊ တပ်မတော်ကို ပြည်သူတို့ရဲ့ ချစ်ခင်မှု
ကျဆင်းစေပါတယ်၊ပြည်သူမှာ ထိခိုက်နစ်နာမှု ဖြစ်စေ တာ ကျွန်တော်တို့ တပ်မတော် အဖွဲ့ တစ်ခုတည်းမဟုတ်ပါဘူး၊အခြား
လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဖြစ်စေတာတွေ့ရပါတယ်"ဟု ၄င်းက မွန်ပြည်နယ် မှ အတွေ့ အကြုံ များကို ရှင်းလင်း
တင်ပြလိုက်သည်။
ဒေါက်တာ ဗညားအောင်မိုး ၏ ဆွေးနွေးမှုသည် စီမံကိန်း မူကြမ်းတွင်ပါဝင်သော စာမျက်နှာ ၂၆၆ ရှိ လုပ်ငန်းစဉ်မှ
ှ တပ်မတော်သည် ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်များကို စံကိုက်တပ်မတော် ဖြစ်ရန်အတွက် အင်အားတောင့်တင်းရေး၊ခေတ်မှီရေး
နှင့် စွမ်းရည်ထက်မြက်ရေးတို့ကိုဆောင်ရွက်သွားရမည် ဟူသော အချက်
တို့ကို ဖြည့်စွက် ထည့်သွင်းလိုသော အချက် များနှင့် ပတ်သတ်၍ ပြောကြားသွားခြင်းဖြစ်သည်။SYH/ SN


အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နေပြည်တော် ၊ဇန်န၀ါရီ ၁၆

လယ်ယာ မြေ နှင့် ဥယျာဉ်ခြံမြေ များကို တပ်မတော်မှသိမ်းယူရာတွင် လက်နက်နှင့် အာဏာကို ကြောက်ရသောကြောင့်
တောင်သူများလက်မှတ်ထိုးပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
ဗညားအောင်မိုးကယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်တွင် ပဉ္စမ ကာလတို ငါးနှစ်
အမျိုးသား စီမံကိန်း (၂၀၁၁.၁၂)မှ (၂၀၁၅ .၁၆ )ဘဏ္ဍာနှစ် အထိ (မူကြမ်း)ဆွေးနွေးရာ၌ ထည့်သွင်းပြောကြားသွားသည်။
"လယ်ယာမြေ နဲ့ ဥယျာဉ်ခြံမြေ အများအပြားသိမ်းယူရာမှာ ဥပဒေ အတိုင်း တရားနည်းလမ်းကျစွာသိမ်းထားတယ်
လို့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက လွှတ်တော် မှာ ပြောဖူးပါတယ်။လွှတ်လပ်ရေးရကာစ က ပြုထားတဲ့ ဥပဒေအတိုင်းလျော်ကြေးပေး
တော့ ကျပ်သန်းပေါင်းများစွာတန်တဲ့ ခြံဥယျာဉ်အတွက် ကျပ်ရာဂဏန်းသာသာ ပဲ တောင်သူလယ်သမားတွေ ရခဲ့ပါတယ်၊အချို့
က ဘာမှမရတာလဲ ရှိပါတယ်၊တောင်သူလယ်သမားက လက်မှတ်ထိုးပေးလိုက်ပါတယ်၊လက်နက်နဲ့ အာဏာကို ကြောက်လို့
ထိုးပေးရတာပဲဖြစ်ပါတယ်၊တောင်သူလယ်သမားတွေ ဘယ်လောက်နစ်နာကြောင်းကို ငဲ့ညှာသင့်ပါတယ်၊"ဟု ၄င်းက ပြောသည်။

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်းများ၏ ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်သမ္မတ ပေးပို့သည့် နှစ်သစ်ကူးသ၀ဏ်လွှာ၌လည်း လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

Photo: ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

သာလွန်ဇောင်းထက်| January 16, 2013 |

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်းကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ်ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။ အခု ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ တကမ္ဘာလုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေကြပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “နောက်ဆုံးကျတော့ တိုင်းရင်းသားအရေးဆိုတာက အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု စဖို့ဆိုတာ လေးစားမှုနဲ့ စရမယ်။ တယောက်နဲ့တယောက် လေးစားမှ ယုံကြည်တဲ့အဆင့်ကို ရှိသွားမယ်။ အန်တီတို့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ကို တကယ်ပဲ နားလည်ရဲ့လား၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော နားလည်ရဲ့လား၊ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လား၊ ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်းရှိရဲ့လား၊ အဲဒါတွေက အများကြီး စကားပြောသွားတယ်” ဟု ပြောသည်။

ဗြိတိသျှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Alistair Burt က ဗြိတိပါလီမန်တွင် ကချင်စစ်ပွဲအရေးကြောင့် မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားသော စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းထားခြင်းများကို ပြန်လည် သုံးသပ်ရနိုင်ခြေ ရှိနေကြောင်း မကြာသေးမီရက်ပိုင်းက ပြောဆိုလိုက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အံ့သြမှုမရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ခေတ္တဆိုင်းငံ့ထားသော နိုင်ငံများအနေနှင့် မြန်မာနိုင်ငံ အခြေအနေသည် ၎င်းတို့ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ညီ၊ မညီ လေ့လာဆန်းစစ် ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

“ဖြစ်မှာပဲလေ။ သူတို့အနေနဲ့ အစကတည်းက စီးပွားရေးပိတ်ဆို့မှုကို လုံးဝ ဖယ်ရှားတာမှ မဟုတ်ဘဲ။ ရပ်ဆိုင်းထားတယ် ဆိုကတည်းက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ကြည့်မှာပေါ့။ သူတို့ပြောတာက ဘာမှ အံ့သြစရာမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပါအ၀င် တိုင်းရင်းသားများ၏ အရေးကိစ္စသည် လွှတ်တော် ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မီဒီယာများ၊ ပြည်သူများ အားလုံးနှင့် သက်ဆိုင်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် တာဝန် အကန့်အသတ်များရှိနေပြီး ထိန်းသိမ်း လုပ်ဆောင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“ကချင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် အဆိုတင်သွင်းသွားတယ်။ အန်တီက တိုင်းရင်းသားရေးရာ ကော်မတီက မဟုတ်ဘူး။ ဒီလိုပြောခြင်းအားဖြင့် တာဝန်ရှောင်တာ၊ ခေါင်းရှောင်တာ မဟုတ်ဘူး။ ကိုယ့်စည်းဆိုတာ ရှိတယ်။ ကိုယ့်ကော်မတီ၊ ကိုယ့်လုပ်ငန်းနဲ့ရှိတယ်။ တခြားကော်မတီတွေရဲ့ လုပ်ငန်းတွေထဲမှာ ဘယ်လိုပြောရမလဲ၊ အများအသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ၀င်ပြီးတော့ မလိုအပ်လို့ရှိရင်တော့ လုံးဝ မစွတ်ဖက်ရဘူး။ လိုအပ်လို့ရှိရင်တောင် ချင့်ချင့်ချိန်ချိန် ကိုယ့်စည်းကိုယ် ထိန်းရမယ်။ အန်တီ့မှာလည်း တခြား ကော်မတီတာဝန်တွေ ရှိသေးတယ်။ တိုင်းရင်းသားအရေးက လူတိုင်းအရေးပါ။ လွှတ်တော်ထဲက လူတွေရဲ့ အရေးတင် မဟုတ်ဘူး။ မီဒီယာတွေရဲ့ အရေးလည်းဖြစ်တယ်။ ကျန်တဲ့ပြည်သူတွေရဲ့ အရေးလည်းဖြစ်တယ်။ တိုင်းရင်းသားအရေးကို ခေါင်းရှောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်စည်းကိုယ် ထိန်းလုပ်ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် တာဝန်ပေးလျှင် KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ ကူညီဆောင်ရွက်ပေးလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။

၁၈ လကြာ ဖြစ်ပွားလျက်ရှိသော KIA နှင့် အစိုးရအကြား တိုက်ပွဲများကြောင့် ကချင်စစ်ဘေးဒုက္ခသည် တသိန်းနီးပါး ရှိနေပြီး အရပ်သားများလည်း ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)


အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သည့် Neverland ခြံကြီးကို လေဒီဂါဂါ ဝယ်ယူလို”

Photo: “မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သည့် Neverland ခြံကြီးကို လေဒီဂါဂါ ဝယ်ယူလို”

တစ်ချိန်က မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သော Neverland ခြံကြီးကို လေဒီဂါဂါက ဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ Popဂီတ လောက၏ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ်သည် အဆိုပါ ခြံကျယ်ကြီးတွင် နှစ်ပေါင်း အတန်ကြာ နေထိုင် ဖြတ်သန်းခဲ့ဖူးသည်။

ယနေ့ခေတ် Popဂီတလောက၏ မင်းသမီး တစ်ပါးအဖြစ် တင်စားခံနေရသော ဂါဂါသည် သူမပိုင်ဆိုင်သည့် သန်းပေါင်းများစွာသော ဒေါ်လာများအနက် အချို့အဝက်ကို Neverlandအတွက် မြှုပ်နှံရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဂါဂါသည် မိုက်ကယ်၏ ပရိသတ် တစ်ဦးလည်း ဖြစ်ပြီး မကြာသေးမီက လေလံပွဲ တစ်ခုတွင် မိုက်ကယ် ပိုင်ဆိုင်ခဲ့သော ပစ္စည်းအချို့ကို အမှတ်တရ ဝယ်ယူခဲ့သေးသည်။


အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တစ်ချိန်က မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သော Neverland ခြံကြီးကို လေဒီဂါဂါက ဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ Popဂီတ လောက၏ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ်သည် အဆိုပါ ခြံကျယ်ကြီးတွင် နှစ်ပေါင်း အတန်ကြာ နေထိုင် ဖြတ်သန်းခဲ့ဖူးသည်။

ယနေ့ခေတ် Popဂီတလောက၏ မင်းသမီး တစ်ပါးအဖြစ် တင်စားခံနေရသော ဂါဂါသည် သူမပိုင်ဆိုင်သည့် သန်းပေါင်းများစွာသော ဒေါ်လာများအနက် အချို့အဝက်ကို Neverlandအတွက် မြှုပ်နှံရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လန်ဒန်မြို့လယ် ရဟတ်ယာဉ်ပျက်ကျ

Photo
လန်ဒန်မြို့လယ် ရဟတ်ယာဉ်ပျက်ကျမှု လန်ဒန်မြို့လယ်ရှိ Vauxhall ရထားဘူတာရုံအနီးတွင် လူအသွားအလာများသည့် ယနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားကြောင်း SkyNews က ပြောကြားသည်။ ရဟတ်ယာဉ်ပေါ်တွင် လူတစ်ဦးသာ လိုက်ပါလာပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကရိန်းနှင့် တိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပုံတွင် ရဟတ်ယာဉ်ပျက်ကျအပြီး မီးလောင်မှုဖြစ်ပွားနေသည်ကို တွေ့ရသည်။ နောက်ဆုံးသိရသော သတင်းများအရ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
 
Planet Myanmar Network 

ယာဉ်က အလိုအလျောက် စက်နိုး၍ ယာဉ်တစ်စီးအား ဝင်တိုက်

Photo: ဇန်နဝါရီ လ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်က စက်သတ် ရပ်နား ထားသော မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုး၍ အနော်ရထာလမ်းပေါ်တွင် သွားနေသည့် ယာဉ်တစ်စီးအား ဝင်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါ ကားမှာ ရပ်နားထားပြီး ၁၅ မိနစ်ခန့် အကြာတွင် ဖြစ်ပွားခဲ့သည်ဟု ယာဉ်ရပ်နားခ ကောက်ခံသည့် ဦးနိုင်ဝင်းက The Voice Weekly သို့ပြောကြားသည်။


အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်နဝါရီ လ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်က စက်သတ် ရပ်နား ထားသော မောင်းသူမဲ့ Nissan Mach ယာဉ်က အလိုအလျောက် စက်နိုး၍ အနော်ရထာလမ်းပေါ်တွင် သွားနေသည့် ယာဉ်တစ်စီးအား ဝင်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါ ကားမှာ ရပ်နားထားပြီး ၁၅ မိနစ်ခန့် အကြာတွင် ဖြစ်ပွားခဲ့သည်ဟု ယာဉ်ရပ်နားခ ကောက်ခံသည့် ဦးနိုင်ဝင်းက The Voice Weekly သို့ပြောကြားသည်။


  The Voice Weekly 

လဂျားယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ပြောကြား KIA အနေဖြင့် ခံစစ်မဟုတ်ဘဲ ရှောင်စစ်ဖြစ်နေကြောင်း ဒူဝါဇော်ဂမ် သုံးသပ်

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျားယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ဇန်န၀ါရီလ ၁၆ ရက်နေ့ထုတ် 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"လဂျားယန် စခန်း ပတ်ဝန်းကျင်က တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းခြင်း မဟုတ်ပါဘူး။ တပ်မတော် အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသ အေးချမ်း တည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက် လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ
ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အမိန့်ဖြစ် မိမိကိုယ်မိမိ ခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှု မပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။

KIA ဘက်သို့ ရောက်ရှိနေသည့် အစိုးရ တပ်သားများကို ပြန်လွှတ်ပေးပြီ

Photo: KIA ဘက်သို့ ရောက်ရှိနေသည့် အစိုးရ တပ်သားများကို ပြန်လွှတ်ပေးပြီ

လဖိုင်| January 16, 2013 |

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အစိုးရ တပ်မတော် သားများနှင့် ကလေးစစ်သားများကို ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် နေရပ်ရင်းသို့ပြန်နိုင်ရန် အတွက် စရိတ်ပေးကာ ပြန်လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

နေရပ် ပြန်စေခဲ့ သူများထဲတွင် အသက်ပြည့် အစိုးရ တပ်မတော်သားနှင့် ရဲတပ်သား ၁၅ ဦး၊ ကလေးစစ်သား ၈ ဦးတို့ ပါဝင်သည်။

ကလေးစစ်သားများ အတွက်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က တပ်ထွက်ခွင့် လက်မှတ်ရသည်အထိ ဆောင်ရွက်ပေးကာ မိဘများ လက်သို့ အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကလေး စစ်သားများကို မူဆယ်မြို့တွင် ILO ကိုယ်စားလှယ် နှစ်ဦးက လာရောက် ခေါ်ဆောင်မည်ဖြစ်သည်။

“ဒီဘက်ကပြောတော့ သုံ့ပန်းတဲ့၊ ဟိုဘက်က ပြန်ပြောတော့ ခွင့်မဲ့ပျက်ကွက် တပ်ပြေးတွေတဲ့၊ ပြန်ရင် ဘာဖြစ်မလဲဆိုတာ မစဉ်းစားရဲသေးဘူး” ဟု ဒေါ့ဖုန်းယန်မြို့နယ် ရဲစခန်းမှ ရိက္ခာပြတ်သဖြင့် ရွာထဲ ရိက္ခာဆင်းဝယ်ရာမှ KIA တပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ယခု KIA က ပြန်လည်လွှတ်ပေးလိုက်သည့် ရဲတပ်သား တဦးက ပြောသည်။

KIA က မြန်မာ့တပ်မတော်သို့ တရားဝင် လွှဲပြောင်းပေးရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ တဆင့် ကြိုးစားခဲ့သော်လည်း အစိုးရက တပ်မတော်သားများ မဟုတ်၊ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးသူများ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု KIA မဟာဗျူဟာ သုတေသနဌာနကြီးမှူး ဗိုလ်မှူးကြီး ဦးဇော်တောင်က ပြောသည်။

“သူတို့ကို လွှဲအပ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်၊ ကိုမြအေးတို့က တဆင့်လည်း ပြောတယ်။ လက်ရှိအစိုးရက သူတို့ကို လက်ခံဖို့ ပြောမလာဘူး၊ လက်ခံနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ကိုမြအေးတို့ဆီက တဆင့် ပြန်ကြားတယ်။ သူတို့ဟာ တပ်မတော် သားတွေ မဟုတ်ဘူး၊ ခွင့်မဲ့ပျက်ကွက်၊ တပ်ထွက်ပြေးသူတွေ ဆိုပြီး ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ဦးဇော်တောင်က အစိုးရ တပ်မတော်သားများကို တရားဝင်လွှဲပြောင်းခြင်း မပြုနိုင်သည့် အကြောင်းကို ရှင်းပြစဉ် ပြောခဲ့သည်။

၂၀၁၁ ဇွန်လ အတွင်းကလည်း ခလရ ၃၇ မှ အရာရှိ ၃ ဦး အပါအ၀င် တခြားအဆင့် တပ်မတော်သားများနှင့် စုစုပေါင်း ၆ ဦးကို ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်နှင့်အဖွဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသကို လာရောက်စဉ်က လွှဲပြောင်းပေးနိုင်ရန် KIA ဘက်က ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်မှူးကြီး သန်းအောင်က ငြင်းပယ်ခဲ့သည်။ ထိုစဉ်က လဂျားယန်ရှိ စရဖ တပ်ဆွယ်မှ တပ်ဆွယ်မှူးများကလည်း ညွှန်ကြားချက် မရှိဟုဆိုကာ လက်ခံနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ထို တပ်မတော်သား ၆ ဦးကို ဗိုလ်မှူးကြီး သန်းအောင် ဒုတိယအကြိမ် လဂျားယန်သို့ ပြန်လည် ရောက်ရှိ လာသည့်အခါတွင် ယင်း၏ ကိုယ်ရေးအရာရှိကို လက်မှတ်ထိုး လက်ခံစေကာ ပြန်လည်လွှဲအပ် ပေးခဲ့သည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က အစိုးရ တပ်မတော်သားများကို တရုတ် – မြန်မာ နယ်စပ် ဂျယ်ဂေါင်အထိ ပို့ပေးမည် ဖြစ်ပြီး ယင်းတပ်မတော်သားများ မြန်မာပြည်ဘက်သို့ ပြန်ချင်သည်ဆိုပါက ပြန်နိုင်သကဲ့သို့ တရုတ်ပြည်တွင် လုပ်ကိုင် စားသောက် မည်ဆိုလျှင်လည်း ၎င်းတို၏ သဘော သဘောဆန္ဒအတိုင်းပင် ဖြစ်ကြောင်း သိရသည်။

“ ကျနော်က ဟင်္သာတကပါ။ တပ်ထဲကိုပဲပြန်ပါမယ်။ ကျနော်တို့က ထွက်ပြေးတာ မဟုတ်ဘူး။ ထောင်ကျမယ်ဆိုလဲ ခံရမှာ ပေါ့” ဟု KIA ၏ ပြန်ပို့ခြင်း ခံခဲ့ရသည့် တပ်ကြပ်ကြီး တဦးက ပြောသည်။

၂၀၁၂ ဒီဇင်ဘာလ ၁၅ ရက်နေ့က လဂျားယန်တိုက်ပွဲတွင် ဒဏ်ရာများနှင့် ကျန်ခဲ့သည့် ခမရ ၃၈၃ မှ ဒုတပ်ကြပ် တဦးကလည်း ၎င်းအနေဖြင့် မည်သည့်ဒေသသို့ ပြန်ရမည်ကို မသိသေးကြောင်း၊ ၎င်းသည် ဒဏ်ရာရစဉ် KIA ၏ အဖမ်း ခံရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“ကျနော်တို့ စစ်ကြောင်းမှူး ကျော်ကျော်ဝင်းက လမ်းမလျှောက်နိုင်တဲ့ သူတွေကို သတ်ခဲ့လို့ ပြောတယ်။ ဒဏ်ရာနဲ့ ကျန်ခဲ့တုန်း အဖမ်းခံရတာ” ဟု သူက ပြောသည်။

ဦးဇော်တောင်က အစိုးရ တပ်မတော်သားများကို ပြန်လည် လွှတ်ပေးစဉ် “ခင်ဗျားတို့ ကနိုင်ငံကြီးတခုရဲ့ တပ်မတော်က တပ်မတော်သားတွေပဲ၊ ဦးသိန်းစိန် နိုင်ငံခြားမှာ ပြောခဲ့သလို စည်းကမ်းပြည့်ဝတဲ့ တပ်မတော်က တပ်မတော်သားတွေပဲ၊ အခု သူများလက်ထဲရောက်လို့ ပြန်ပို့တာကို လက်မခံနိုင်ဘူးဆိုတာ ဘယ်လိုသဘောလဲ စဉ်းစားကြည့်ပါ” ဟု ဆိုသည်။

KIA တပ်မတော်သို့ ပူးပေါင်း ၀င်ရောက်လာသော မြန်မာ့ တပ်မတော်သားများ အားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့် လက်ခံသွားမည်ဟု KIO က ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အချက် ၅ ချက်ပါ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ သတိပေးချက် ထုတ်ပြန်စဉ် ရေးသားထားသည်။

ပထမအကြိမ် လွှတ်ပေးခဲ့သည့် အစိုးရတပ်သား ၆ ဦးကို တွေ့ရစဉ်

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပထမအကြိမ် လွှတ်ပေးခဲ့သည့် အစိုးရတပ်သား ၆ ဦးကို တွေ့ရစဉ်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အစိုးရ တပ်မတော် သားများနှင့် ကလေးစစ်သားများကို ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် နေရပ်ရင်းသို့ပြန်နိုင်ရန် အတွက် စရိတ်ပေးကာ ပြန်လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

နေရပ် ပြန်စေခဲ့ သူများထဲတွင် အသက်ပြည့် အစိုးရ တပ်မတော်သားနှင့် ရဲတပ်သား ၁၅ ဦး၊ ကလေးစစ်သား ၈ ဦးတို့ ပါဝင်သည်။

ကလေးစစ်သားများ အတွက်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က တပ်ထွက်ခွင့် လက်မှတ်ရသည်အထိ ဆောင်ရွက်ပေးကာ မိဘများ လက်သို့ အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကလေး စစ်သားများကို မူဆယ်မြို့တွင် ILO ကိုယ်စားလှယ် နှစ်ဦးက လာရောက် ခေါ်ဆောင်မည်ဖြစ်သည်။

မိုဘိုင်းအင်တာနက် သုံးစွဲခ စနစ်နှစ်မျိုးဖြင့် ကောက်ခံမည်

Photo: မိုဘိုင်းအင်တာနက် သုံးစွဲခ စနစ်နှစ်မျိုးဖြင့် ကောက်ခံမည် 

16/Jan/2013

	ဖုန်းအင်တာနက် သုံးစွဲသူများ၏ ကန့်ကွက်မှုများကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခများကို အသုံးပြုသည့် အချက်အလက် ပမာဏအလိုက် ကောက်ခံမည့် စနစ်နှင့် လက်ရှိ အသုံးပြုနေသော မိနစ်အလိုက် ကောက်ခံသည့်စနစ် နှစ်မျိုးစလုံးဖြင့် ကောက်ခံသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ မိုဘိုင်းအင်တာနက် အသုံးပြုခများကို သုံးစွဲသည့် အချက်အလက် ပမာဏအလိုက်နှင့် ဒေါင်းလုဒ်ပမာဏ အလိုက် ကောက်ခံမည့် Data Volume စနစ်သို့ ပြောင်းလဲရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စီစဉ်ခဲ့သော်လည်း ကန့်ကွက်သူများစွာ ထွက်ပေါ်လာခဲ့သည်။ သို့ဖြစ်၍ ထိုစနစ်အပြင် လက်ရှိ အသုံးပြုနေသည့် မိနစ်အလိုက်သာ ကောက်ခံနေသည့် Time Base System ကိုပါ ဆက်လက်ကျင့်သုံးသွားရန် စီစဉ်နေကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ ထို့ကြောင့် မိုဘိုင်းအင်တာနက် အသုံးပြုသူများ အနေဖြင့် ထိုစနစ်နှစ်မျိုးမှ မိမိနှစ်သက်ရာ စနစ်ကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

အေးချမ်းမွန်မှ  ခေတ်လူငယ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဖုန်းအင်တာနက် သုံးစွဲသူများ၏ ကန့်ကွက်မှုများကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခများကို အသုံးပြုသည့် အချက်အလက် ပမာဏအလိုက် ကောက်ခံမည့် စနစ်နှင့် လက်ရှိ အသုံးပြုနေသော မိနစ်အလိုက် ကောက်ခံသည့်စနစ် နှစ်မျိုးစလုံးဖြင့် ကောက်ခံသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ မိုဘိုင်းအင်တာနက် အသုံးပြုခများကို သုံးစွဲသည့် အချက်အလက် ပမာဏအလိုက်နှင့် ဒေါင်းလုဒ်ပမာဏ အလိုက် ကောက်ခံမည့် Data Volume စနစ်သို့ ပြောင်းလဲရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စီစဉ်ခဲ့သော်လည်း ကန့်ကွက်သူများစွာ ထွက်ပေါ်လာခဲ့သည်။

ဂြိုလ်သားကျွန်း

Photo: ဂြိုလ်သားကျွန်း

ထူထူးဆန်းဆန်း အပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra ကျွန်းစုကတော့ တရားဝင် အမည် ဖြစ်ပါတယ်။

ရီမင်သမ္မတနိုင်ငံပိုင် ကျွန်းတစ်ခု ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ထဲမှာ တည်ရှိ ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကမ္ဘာရဲ့  ဘယ်နေရာဒေသမှာမှ မပေါက်တဲ့ အပင်များ ဖြစ်ပါတယ်။ ဧရိယာအားဖြင့် ၁၄၅၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းကျင် ရာသီဥတုကတော့ ခြောက်သွေ့ပါတယ်။ ဒါကြောင့် အပူဒဏ်ခံပြီး ရေဆုပ်ယူမှုအားနည်းတဲ့ endemic လို့ခေါ်သော အပင်များ လည်း ပေါက်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ အပင်များ လေ့လာရေး ပညာရှင်များအတွက် လေ့လာစရာ များတဲ့ နေရာ ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် များတည်ရှိရာ ကျွန်းတစ်ခုလို့လည်း တင်စားခေါ်ဆိုကြကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ထူးဆန်းထွေလာ

http://www.yoyarlay.com/entertainment/123-discovery/33860-alien-island

အေးချမ်းမွန်မှ ရိုးရာလေး  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ထူထူးဆန်းဆန်း အပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra ကျွန်းစုကတော့ တရားဝင် အမည် ဖြစ်ပါတယ်။

ရီမင်သမ္မတနိုင်ငံပိုင် ကျွန်းတစ်ခု ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ထဲမှာ တည်ရှိ ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကမ္ဘာရဲ့  ဘယ်နေရာဒေသမှာမှ မပေါက်တဲ့ အပင်များ ဖြစ်ပါတယ်။ ဧရိယာအားဖြင့် ၁၄၅၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းကျင် ရာသီဥတုကတော့ ခြောက်သွေ့ပါတယ်။ ဒါကြောင့် အပူဒဏ်ခံပြီး ရေဆုပ်ယူမှုအားနည်းတဲ့ endemic လို့ခေါ်သော အပင်များ လည်း ပေါက်ပါတယ်။

ကချင်အရေးကိစ္စအပေါ် ထားရှိသော အမေရိကန်အစိုးရ၏သဘောထား

ယမန်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအကြောင်း ထည့်သွင်းရှင်းလင်းသွားခဲ့ပါတယ်။ ဗစ်တိုရီးယားနူလန်ရဲ့ ရှင်းလင်းပြောကြားချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-

မေး - အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခင်ဗျား ရဲ့ ထင်မြင်ယူဆချက်တွေ သိရှိလိုပါတယ်။ ဒီကချင်ဆန့်ကျင်သူတွေရဲ့ မြို့ကို ဗုံးထိမှန်တဲ့အခါ အရပ်သားတေါ သေဆုံးခဲ့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး တည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေမှာ ဝိုင်းဝန်း ရင်းနှီးမြုပ်နှံကြဖို့ ပေးထားတဲ့အတွက် ဒီကိစ္စ(ကချင်ပြည်နယ်ကိစ္စ)ဟာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာအနေအထား ရောက်နေပြီလား။
Related Posts Plugin for WordPress, Blogger...

ShareThis