menu

Saturday 24 August 2013

အငွေ့ ထွက်တဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးကရက် ကုမ္ပဏီ BritishAmerican Tobacco က ရန်ကုန်မြို့ပြင်မှာ စက်ရုံတည်နေပြီ။
ကမ္ဘာ့ တတိယအကြီးဆုံး စီးကရက် ကုမ္ပဏီ Japan Tobacco လည်း ရောက်နေပါပြီ။
လုပ်ငန်းရှင်ကြီးဦးကျော်ဝင်းနဲ့တွဲဖက်ပြီး လုပ်နေတာ တနှစ်လောက်တော့ ရှိပြီပေါ့။
တရုတ်ပြည်က အကြီးဆုံး စီးကရက် ကုမ္ပဏီလည်း ရောက်ချလာပြီ၊ ဖက်စပ်လုပ်မယ် တဲ့။



ဆေးလိပ်ငွေ့ရှူသူနဲ့ ဆေးလိပ်သောက်သူ။
ဧရာဝတီ ပင်မ စာမျက်နှာ တွေ့ရတဲ့ ဓာတ်ပုံပါ - (Photo: Reuters / Soe Zeya Tun)
ပြည်ပရင်းနှီးမြှုပ်နှံခြင်းတွေ ဝင်လာတာတော့ ကောင်းသပေါ့၊ အလုပ်အကိုင်သစ်တွေ ပေါ်ပေါက်လာမယ်၊ ဖွံ့ဖြိုးတိုးတက်မယ် ဆိုပါတော့။
အဲသလိုပဲ ... ကျန်းမာရေး၊ သဘာဝ ဝန်းကျင် ပျက်ယွင်းခြင်း နဲ့ လူမှုရေးဆိုင်ရာနောက်ဆက်တွဲပြဿနာများလည်း တိုးတက်လာမယ် ဆိုပါတော့။
အထက်ဖော်ပြပါ စီးကရက်ကုမ္ပဏီကြီးများ ဝင်ရောက်မှုကို ကျန်းမာရေးဝန်ကြီးဌာနက ကြိုဆိုသမှု မပြုနိုင်ပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ ကော်ဇောနီခင်းခဲ့သလိုများ ဖြစ်နေမလား။

ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်

Photo: ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်

နေပြည်တော်၊ သြဂုတ် ၂၃

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ယင်းသို့ နေရာဒေသအလိုက် ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့် မြေဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းပေါက်ဈေးအတိုင်း အခွန်အခများ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“မြေဈေးတွေ တစ်ပေနှုန်းသတ်မှတ်ရင် သတ်မှတ်တဲ့အတိုင်း အခွန်တော့ရမယ်၊ မြေဈေးတော့ ကျသွားမှာ မဟုတ်ဘူး။ ကြိုက်ရောင်းကြိုက်ဝယ် မြေမှောင်ခို ဈေးကွက်သဘောတွေ ရှိလာမယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က သုံးသပ်သည်။

မြေဈေးနှုန်းကို ယင်းသို့ သတ်မှတ်ပါက စာချုပ်ပေါ်တွင်သာ သတ်မှတ်နှုန်းဖြင့် စာချုပ်ချုပ်ဆိုသော်လည်း ဈေးနှုန်း ပိုပေးဝယ်ခြင်းမျိုးကို အစိုးရက ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 

“ဒီလိုဈေးနှုန်း သတ်မှတ်လို့ မြေဈေး မကျနိုင်ဘူး။ ဈေးကွက် သဘောအရဈေးက ဝယ်သူရှိရင် ဆက်တက်နေမှာပဲ” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယင်းသို့ သုံးသပ်နေသော်လည်း ယခုဆောင်ရွက်ချက်မှာ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး ကျဆင်းစေရေး အစိုးရ၏ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း၊ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး မြင့်တက်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးစေမှုတို့တွင် ကြီးစွာသော အဟန့်အတား ဖြစ်နေသဖြင့် အစိုးရက မြေဈေးကျဆင်းစေရန် ကာလအတန်ကြာကပင် စီစဉ်ထားသည်ဖြစ်ရာ ဆင့်ကဲလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပေါ်လာမည် ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

မြေဈေးနှုန်း ကြီးမြင့်မှုကို တားဆီးရာတွင် တဇွတ်ထိုး ဆောင်ရွက်၍ မရသည်ကို သိရှိကြောင်း၊ ယခုအခါ အခွန်အဖွဲ့ (Tax Monitoring Board) ကို ဖွဲ့စည်းထားပြီးနောက် အခွန်အခများ ပိုမို ကောက်ခံသည့် နည်းဖြင့်သာ မြေဈေးနှုန်းများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေနှေးတာ မြေဈေးကလည်း အဓိကအကြောင်း ဖြစ်နေတော့ အဲဒါ ပြန်စိစစ်ပြီး အခွန်နဲ့ ထိန်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာဈေးနှုန်း တွက်ချက်သည့် လုပ်ငန်းကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးစီ ပါဝင်သည့် ဈေးနှုန်းတွက်ချက်သည့်အဖွဲ့  ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

စီမံကိန်းသတင်းများနှင့် အခြားဆက်စပ် အကြောင်းအရာ များကြောင့် မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား ပြုလုပ်လိုသည့် အလေ့အထများကြောင့်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို ထိန်းသိမ်းရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် နေရာတစ်ခု ဖြစ်လာရေးအတွက် ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းတစ်ခုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေများကို ငွေပိုငွေလျှံ ရှိသူများက လုပ်ငန်းတစ်ခုသဖွယ် အကျိုးအမြတ်ရရှိရန် ဈေးကစားမှုကြောင့် ကာလအတန်ကြာကပင် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အစိုးရသစ်လက်ထက်တွင် ဝင်ရောက်လာရန်ရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဈေးကိုင်ထားနိုင်ရန် အတွက်လည်း ငွေပိုငွေလျှံ ရှိသူများက မြေကွက်များကို ဈေးမြင့်ပေးဝယ်ကာ ကိုင်ထားကြ၍ ပြည်တွင်းမြေဈေးများ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
နေပြည်တော်၊ သြဂုတ် ၂၃

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ကုလအထူးကိုယ်စားလှယ်ခရီး နောက်ဆက်တွဲစာမျက်နှာများ(ရေးသားသူ- ထားထားမြင့်)

တီဗွီခလုတ်ကိုဖွင့်၍ စီအင်န်အင်န်ကို ကြည့်မလား။ သို့မဟုတ် ဘီဘီစီကို၊ အေဘီစီ၊ အင်န်ဘီစီ။ အယ်လ်ဂျာဇီးယား။ ဘယ်ရုပ်မြင်သံကြားလိုင်းကို ကြည့်ကြည့်ထိုသတင်းက ထိပ်ဆုံးက။ အင်တာနက်စာမျက်နှာပေါ်က ဂူးဂဲလ်၊ ရာဟူးသတင်းစာမျက်နှာများကို ကြည့်မလား။ ထိုသတင်းကိုရှောင်လွှဲ၍မရ။ အင်တာနက် တီဗီရေဒီယိုမကြည့်၊ နားမထောင်သူဆို လည်းမလွတ်နိုင်ပါ။ စတိုးဆိုင်များ၊ သတင်းစာရောင်းသည့်စင်တာများမှာ တင်ထားသည့် ၀ါရှင်တန်ပို့စ်။ နယူးယောက်တိုင်းမ်သတင်းစာများမှာလည်း ထိုသတင်းက အပြည့်။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်ကို မြန်မာပြည်က လူအုပ်နှင့်တိုက်ခိုက်လိုက်သည့် သတင်းက နေရာတကာမှာပျံ့နှံ့ ရောက်ရှိနေသည်။

ဒေါသထွက်နေသောဗုဒ္ဓဘာသာလူအုပ်ကြီးက ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို တိုက်ခိုက်ခြင်းဟု ၀ါရှင်တန်ပို့စ်သတင်း စာက ခေါင်းစဉ်တပ်ထားသလို နယူးယောက်တိုင်းမ်ကလည်း ခပ်ဆင်ဆင်သတင်းရေးထားသည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တိုက်ခိုက်မှုကိုမြန်မာပြည်အစိုးရက မကာကွယ်ဘဲကြည့်နေခဲ့သည်ဟု ဖောက်စ်ရုပ်မြင်သံကြားဌာနက သတင်းကြေညာသူကလည်းအာပေါင်အာရင်းသန်သန်ဖြင့် ကြေညာနေသည်။

သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားများနှင့် မသက်ဆိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် သူငယ်တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့် ပတ်သက်၍ အခြေခံပညာ မူလတန်းကျောင်းရှိ အတန်းဖော် ကျောင်းသားများနှင့် ပတ်သက်မှုမရှိကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ ပြောကြားကြောင်း အဆိုပါ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက The Voice သို့ ပြောကြားသည်။

“ကျောင်းကို အဲဒီနေ့ (သြဂုတ် ၇ ရက်နေ့) ညနေ ၃ နာရီခွဲ ကျောင်းလွှတ်ချိန်လောက်မှာ CID က ဆိုပြီး လူသုံးဦး လာတယ်။ မြေပြင်အနေအထားကို စစ်ဆေးတယ်။ ၈ ရက်နေ့ နံနက်မှာ တစ်ခေါက်လာပြီး သူတို့ စစ်ဆေးသုံးသပ်ချက်အရ ကျောင်းနဲ့ ပတ်သက်မှု မရှိပါဘူး။ ကလေးမိဘတွေကိုလည်း အကြောင်းကြားပေးပါလို့ ပြောသွား တယ်” ဟု ၎င်းက ဆိုသည်။

မုဒိမ်းမှု ကျူးလွန်ခံရသော ကျောင်းသူက အတန်းဖော်တစ်ဦးက ကျောင်း အိမ်သာတွင် ကျူးလွန်ပါသည်ဟု အဓမ္မပြုခံရသည့် ဒုတိယအကြိမ် ထွက်ချက်တွင် ပြောကြားချက်သည် ပထမအကြိမ် ထွက်ဆိုစဉ်က အချက်များနှင့် ကွဲလွဲနေသောကြောင့် သူငယ်တန်းအရွယ် ကျောင်းသားများ အစစ်ခံရမည်ကို ကျောင်းသားမိဘများက စိုးရိမ်ခဲ့ကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။

ရှစ်လေးလုံး အခမ်းအနား သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့၍ ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမ ဖြစ်စဉ်ကို ပြန်လည် စုံစမ်းသွားမည်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအကြို စာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမအား ပညာရေး ၀န်ကြီးဌာနက အသေးစိတ် ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက် စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် ၀န်ကြီးများနှင့် စာနယ်ဇင်း သမားများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဆက်လက် ပြောကြားရာတွင် ''ကျွန်တော် သတင်းစာမှာပါလို့ သိပြီးပါပြီ။ ကျွန်တော်ထင်တယ်။ ပွဲတက်တဲ့ ကိစ္စနဲ့တော့ မဖြစ်နိုင်ဘူး။ ခွင့်မတောင်းဘဲ ရန်ကုန်ကို သွားတာဖြစ်မယ်။ အဲဒီအခမ်းအနားကို ကျွန်တော်တို့ဆီက ပြည်ထောင်စု ၀န်ကြီးတောင် တက်တယ်။ ဒါနဲ့တော့ အရေးယူစရာ မရှိပါဘူး။ အရေးယူတာက အခြားစည်းကမ်း ဖောက်မှုကြောင့်လား၊ ၀န်ထမ်းဆိုရင် ရန်ကုန်သွားရင် ခွင့်ယူသွားရမှာပေါ့။ သူ့ရဲ့ဖြစ်စဉ် အသေးစိတ်ကို ကျွန်တော်တို့ ပြန်လည်စစ်ဆေး မေးမြန်းသွားမှာပါ'' ဟု ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis