မြိတ်ကျွန်းစုအတွင်းမှ ဒီရေတောများကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒီရေတော
ထုတ်ယူသုံးစွဲမှုများကြောင့် ဧကတစ်သိန်းခြောက်သောင်းကျော်
လျောနည်းသွားကြောင်းသိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်
အတွင်းဒီရေတောများကို လေ့လာ ဆန်းစစ်ချက်များ လုပ်ဆောင်ခဲ့ပြီး
ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီရေတောဧက ၁၆၅၄၇၁
ဒသမ ၇၄ဧက ခန့် လျော့နည်းသွားကြောင်း သိရသည်။ ၁၉၈၈ခုနှစ်တွင် တနင်္သာရီ
တိုင်းဒေသကြီးအတွင်း ဒီရေတော ဧရိယာ ၆၄၇၅၇၁ ဧကရှိခဲ့ရာမှ နှစ်ပေါင်း ၂၀
အတွင်း ထုတ်ယူသုံးစွဲမှုများ ပြုလုပ်ပြီးနောက် ၂၀၁၀ ပြည့်နှစ်အတွင်း
မှတ်တမ်းများ ပြုလုပ်ခဲ့အပြီး ဒီရေတော ဧရိယာ ၄၈၂၀၉၉ ဒသမ ၂၆ ဧက
ကျန်ရှိတော့ကြောင်း သိရသည်။