menu
Friday 19 July 2013
တပ်မတော် ဘာလဲ.... ဘယ်လဲ.... ၁၆(ရဲမိုး)
၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့ မှာ ကျိုင်းတုံ အခြေစိုက် အမှတ်(၃) တပ်မတော်ထောက်လှမ်းရေးတပ်ရင်း
 တပ်ရင်းမှူးဟာ အမှတ် (၂၂) တပ်မတော်ထောက်လှမ်းေ၇းတပ် (ကျိုင်းတုံ) နဲ့  အမှတ် (၂၄) တပ်မတော်ထောက်လှမ်းရေးတပ် (တာချီလိတ်) တို့ က ချက်ချင်း ပေးပို့ လိုက်တဲ့ 
ထိပ်တန်းလျှို့ ဝှက် ကြေးနန်းစာ ၂စောင်ကို အလျင်အမြန်ဖတ်ရှုနေပါတယ်…..
ဒီကြေးနန်းမှာ ဖော်ပြထားတဲ့ သတင်းတွေဟာ မကြာမီ နာရီပိုင်း အတွင်းမှာပဲ  ရန်ကုန်မြို့ မှာရှိတဲ့  တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး၊ပြည်တွင်းထောက်လှမ်းရေးဌာန တိုက်ပွဲထောက်လှမ်းရေးဌာနခွဲ နဲ့  ပြည်ပထောက်လှမ်းရေးဌာန နိုင်ငံခြားထောက်လှမ်းရေးဌာနခွဲတို့ ကို
အထူးဆက်သားနဲ
့ပေးပို့ ခြင်းခံရတော့မှာလည်း ဖြစ်ပါတယ်….။
၂၀၀၂ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ယိုးဒယားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့  အမှတ် ၃ စစ်တိုင်းမှာ SURASI 143 လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို
ပြုလုပ်သွားမယ်လို့ ရုတ်တရက်ကြေငြာခဲ့ ပါတယ်…။
အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ယိုးဒယားဘတ်ငွေ သန်း ၂၀၀ကျော် ကုန်ကျပြီး စစ်သည် အင်အား ၂၀၀၀၀ ကျော်နဲ့ သံချပ်ကာကား တင့်ကား အမြောက်အများပါဝင်မှာလဲ ဖြစ်ပါတယ်...။
လေ့ကျင့်မှု ပြုလုပ်မယ့် နယ်မြေဟာ မြန်မာနယ်နိမိတ် နဲ့  အလွန်အမင်းနီးကပ်နေတဲ့ အပြင် ယိုးဒယားတပ်စခန်း ၂၆ ခုနဲ့  တပ်မတော်က ရှေ့တန်းစခန်းတွေချင်း ထိပ်တိုက်ရင်ဆိုင်ထားတဲ
အပြင်းအထန် ကန့် ကွက်ခဲ့ ပေမယ့် ယိုးဒယား အစိုးရကတော့ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မပြုခဲ့ပါဘူး…..။
နိုင်ငံတော်လုပ်ကြံမှုကြီး (သို့မဟုတ်) မမေ့နိုင်သော ဖြစ်ရပ်တစ်ခု(Written by တင်နိုင်တိုး)
7.18.22
၁၉ ဇူလိုင် ၁၉၄၇ တွင် ဂဠုန်ဦးစောနှင့် အပေါင်းပါတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ နှစ်ပေါင်း ၆၆ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် မမေ့နိုင်သော ဖြစ်ရပ်တစ်ခုအဖြစ် အမှတ်ရနေဆဲ ဖြစ်သည်။
လုပ်ကြံရန် အကြံအစည်
ဂဠုန်ဦးစောသည် ၂၁ စက်တင်ဘာ ၁၉၄၆ တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)အား တွေ့ဆုံပြီးအပြန် မြေနီကုန်း စိန့်ဗင်းဆင့် ဘုရားကျောင်းရှေ့၌ သေနတ်ပစ်ခံ ခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ပယောဂ ပါသည်ဟု မှတ်ယူကာ ဗိုလ်ချုပ်အပေါ် ရန်ငြိုးထားခဲ့သည်။ စက်တင်ဘာ ၂၆ ရက်တွင် ဦးစော ပညာရေး ၀န်ကြီးရာထူး ခန့်အပ်ခံရသည်။ သို့သော် ဦးစောသည် မည်သည့်အခါမျှ အတွင်းဝန်ရုံးတွင် ရုံးထိုင်ခဲ့ခြင်း မရှိဟု ဆိုပါသည်။ ဗိုလ်ချုပ်အား လုပ်ကြံရန် အကြံအစည်ရှိသော ဦးစောသည် ဇနီးနှင့်သမီးတို့အား အင်းစိန်ဘက်သို့ ပို့ထားကာ စနစ်တကျ စီစဉ်တော့သည်။
အံ့ရော
ကံကောင်း၍ အာဇာနည် မဖြစ်ခဲ့သူများ( ရေးသားသူ- မျိုးအောင်(အငြိမ်းစား) )
Photo: ကံကောင်း၍ အာဇာနည် မဖြစ်ခဲ့သူများ
--------------------------------
ရေးသားသူ- မျိုးအောင်(အငြိမ်းစား)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။ မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။
အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။ ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အစ်မကြီးက ဖုန်းကို နားထောင်တော့ “၀န်ကြီးရုံးခန်းကို ချောချောမောမောပြန်ရောက်ပါတယ်” လို့
ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့ ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့
ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။
နေ့လယ်ကျမှ မျှော်လင့်မထားတဲ့ သတင်းဆိုးကြီးကို ကြားရတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့လုပ်ကြံခံရတယ်တဲ့။ အဖေပါ၊ မပါ ချက်ချင်းမသိသေးဘူး။ နောက်မှ ရုံးကဖုန်းဆက်ပြောတယ်။ အဖေအသက်ဘေးမှ လွတ်ပေမယ့် ဗိုလ်ချုပ်နဲ့ သေဆုံးသူများအတွက် မဖော်ပြနိုင်တဲ့ ၀မ်းနည်းကြေကွဲမှုကို ခံစားရတယ်။
အဖေအိမ်ပြန်မရောက်ခင် ညနေကပင် လက်နက်ကိုင်ရဲတပ်သား အနည်းငယ် လုံခြုံရေးအတွက်ဆိုပြီး အိမ်ရောက်လာတယ်။ အဖေအိမ်ပြန်ရောက်တော့ အတော်ညဥ့်နက်နေပြီ။ အစ်မကြီးက အဖေကိုဖက်ပြီး ဗိုလ်ချုပ်ကောပါသလားလို့မေးတယ်။ ဗိုလ်ချုပ်ပါတယ်ပြောတော့ “ဖေဖေနိုင်ငံရေး မလုပ်ပါနဲ့တော့” လို့ဆိုပြီး ငိုပြောတယ်။ အဖေက “သမီး.. ခုအချိန်ဟာ ပိုအရေးကြီးတယ်။တိုင်းပြည်မှာ အာဏာလိုချင်တဲ့သူတွေက များနေတယ်။ ရှေးတုန်းကလို ရှင်ဘုရင်ကိုသတ်ရင် ရှင်ဘုရင် ဖြစ်မယ်လို့ ထင်နေကြတယ်။ ရှေ့ဘာဖြစ်မလဲမသိသေးဘူး” လို့ ပြန်ပြောတယ်။ အဖေ့ကြည့်ရတာ စိတ်တွေမတည်ငြိမ်၊ အတော်လှုပ်ရှားနေပုံရတယ်။ ခုခေတ်ဆရာဝန်ကြီးတွေအဆိုရ (trauma) ဖြစ်တာပေါ့။ ဒီနေ့မနက်ပဲ အစည်းအဝေးမှာ အတူထိုင်စကားပြောကြပြီး ချက်ချင်းကြီး မျက်စိရှေ့မှာ လုပ်ဖော်ကိုင်ဖက်တွေ သွေးအရဲရဲနဲ့ သေဆုံးသွားတာမြင်ရတော့ စိတ်တွေချောက်ချားပြီး သွေးလန့်နေမှာပေါ့။
နောက်မှ အဖေက စိတ်ကိုထိန်းပြီး မနက်ကဖြစ်စဉ်ကို ပြောပြတယ်။ အရင်တုန်းက ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီ (Governor's Executive Council) အစည်းအဝေးကို အလုံလမ်းမှာရှိတဲ့ ဘုရင်ခံအိမ်တော် (မဆလခေတ် လွှတ်တော်ဝင်းရှိ ယခင်သမ္မတ အိမ်တော်)မှာလုပ်တယ်။ ဘုရင်ခံကိုယ်တိုင်လည်း ဥက္ကဋ္ဌအနေနဲ့ ထိုင်တယ်။ တကယ်တော့ ဘုရင်ခံနဲ့ ကောင်စီဆိုတာ ၀န်ကြီးအဖွဲ့ (Cabinet) ပါပဲ။
လွတ်လပ်ရေးရခါနီးတော့ ဘုရင်ခံက အစည်းအဝေးမတက် တော့ဘူး။ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကဦးဆောင်ပြီး အတွင်းဝန်များရုံး (Secretariate) (ယခင်ဝန်ကြီးများရုံး)မှာ တစ်ပတ်တစ်ကြိမ်လုပ်တယ်။ ပုံမှန်မှာ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်နေလို့ ၁၉ ရက် စနေနေ့ကိုရွှေ့ပြီး ခေါ်လိုက်တာဖြစ်တယ်။
အစည်းအဝေးလုပ်တဲ့ ခန်းမကြီးက (ဂ)ပုံသဏ္ဌာန် (U shape) ဖြစ်တယ်။ စားပွဲရဲ့ အလယ်တည့်တည့်မှာ ဗိုလ်ချုပ်ကထိုင်ပြီး စားပွဲရဲ့ ဘယ်ဘက်မှာ ၀န်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော် (ICS) ထိုင်တယ်။ နောက်ပြီး ၀န်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ ထိုင်ကြတယ်။ စားပွဲရဲ့ညာဘက် မှာ ၀န်ကြီးသခင်မြ၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းနဲ့ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်ကြတယ်။ ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက်ဦးပါတယ်။
အစည်းအဝေးက ၁၀ နာရီ ၁၀ မိနစ်လောက်မှာစတယ်။ နာရီဝက်ခန့်အကြာမှာ စစ်ဝတ်စုံဝတ်ထားတဲ့ သေနတ်ကိုင်လေးယောက်
ဆင်နားရွက်တံခါးကိုဖွင့်ပြီး အစည်းအဝေးခန်းထဲကို ရုတ်တရက်ဝင်လာတယ်။ ရှေ့ဆုံးက ၀င်လာတဲ့ သေနတ်သမားက (ဂ)ပုံစံစားပွဲ အလယ်မှာ ခြေစုံရပ်၊ နေရာယူပြီး ဗိုလ်ချုပ်အောင်ဆန်းကို တည့်တည့်ချိန်စပစ်တယ်။ ဗိုလ်ချုပ်က ထိုင်ရာကထပြီး လက်ကာပြတယ်။ ပါးစပ်ကလည်း တစ်ခုခုအော်ပြောတယ်။ အဲဒီအချိန်မှာ တခြားသေနတ်သမားတွေကပါ မောင်းပြန်သေနတ်တွေနဲ့ တရစပ် ပစ်ခတ်နေတော့ သေနတ်သံကလွဲပြီး ဘာသံမှမကြားရတော့ဘူး။ သေနတ်သမားတွေဟာ ဗိုလ်ချုပ်ကိုပစ်ပြီး ညာဘက်မှာရှိတဲ့ လူတွေဆီကို သဲသဲမဲမဲပစ်တယ်။ နောက်ဘယ်ဘက်ကလူတွေကို ဆက်ပစ်တယ်။ အစည်းအဝေးခန်းတစ်ခုလုံးဟာလည်း မီးခိုးတွေနဲ့ပြည့်နေတယ်။ 
အဲဒီအခိုက်အတန့်လေးမှာ ဗိုလ်ချုပ်ရဲ့ ဘယ်ဘက်မှာရှိတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ၀န်ကြီးပျော်ဘွယ်ဦးမြတို့ဟာ ရုတ်တရက်ထပြီး ပြတင်းပေါက်ရှိရာကို ပြေး၊ ပြတင်းပေါက်ကိုကျော်၊ တံစက်မြိတ်အတိုင်း ကပ်ပြီးလျှောက်ပြီး ဦးရွှေဘော်ရုံးခန်းမှာ ခေတ္တငြိမ်နေလိုက်တယ်။ တစ်ချိန်တည်းမှာ ၀န်ကြီးဦးဘဂျမ်းက ထိုင်ရာမှကြမ်းပြင်ကို လှဲချလိုက်ပြီး သူနဲ့ကပ်ထိုင်နေတဲ့ ၀န်ကြီးဦးအောင်ဇံဝေရဲ့ လက်ကိုဆွဲချပြီး နှစ်ယောက်သား ကြမ်းပြင်မှာ မှောက်နေလိုက်တယ်။ သေနတ်သမားများဟာ
မတ်တတ်ရပ် အားရပါးရပစ်ပြီးနောက် ဒူးထောက်လျက် စားပွဲများအောက်ရှိလူများကို ဝှေ့ရမ်းပစ်ခတ်လိုက်သေးတယ်။ ကျည်ဆည်တစ်တောင့်က ၀န်ကြီးဦးဘဂျမ်းရဲ့ ညာဘက်လက်သူကြွယ်ထိပ်ကို လာမှန်တယ်။ ဒါပေမဲ့ ကံကောင်းလို့ ဒဏ်ရာမပြင်းထန်ဘူး။
ဒီလေးယောက်ဟာ သတိရှိပြီး ကံကောင်းလွန်းလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ကြတယ်။ ကျန်တဲ့ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက် ယောက်ကတော့ အားလုံးသိတဲ့အတိုင်း နေရာမှာပင် ကျဆုံးခဲ့ရရှာတယ်။ 
အဖေက အတွင်းဝန် ဦးရွှေဘော်ရုံးခန်းရောက်တော့ အခြေအနေကိုစောင့်ပြီး ဘုရင်ခံဆီ တယ်လီဖုန်းဆက် သတင်းပို့တယ်။ အဲဒီတုန်းက ဘုရင်ခံက Sir Hubert Rance ။ ဘုရင်ခံက ချက်ချင်း မော်တော်ကားနဲ့ လုံခြုံရေးပါထည့်လွှတ်လိုက်တယ်။ အဖေနဲ့ ၀န်ကြီးဦးအောင်ဇံဝေတို့ ဘုရင်ခံအိမ်လိုက်သွားတယ်။ ဟိုရောက်တော့ trauma ကြောင့်နှစ်ယောက်စလုံး စကားကောင်းကောင်းမပြောနိုင်
ကြဘူး။ ဘုရင်ခံက ရိပ်မိပြီး Cognac  နဲ့ ဖန်ခွက်နှစ်ခွက်ချပေးတယ်။ နည်းနည်းစီသောက်ပြီးမှ နှစ်ယောက်သား ပြောနိုင်ဆိုနိုင်ဖြစ်လာတယ်။ ဘုရင်ခံက တိုင်းပြည်အခြေအနေကို တည်ငြိမ်အောင် အစိုးရအဖွဲ့ အမြန်ဆုံးဖွဲ့ဖို့ ညွှန်ကြားတယ်။ အဖေက သခင်နုနဲ့တိုင်ပင်ပြီးလုပ်စရာကိစ္စတွေကို အမြန်ဆက်လုပ်ကြတယ်။ 
အဖေက လယ်ယာစိုက်ပျိုးရေးဝန်ကြီးပါ။ ဒါပေမဲ့ ၀န်ကြီးဦးကျော်ငြိမ်း ပြည်ပခရီးသွားနေလို့ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ယူထားရတဲ့အချိန်ဖြစ်တယ်။ အဲဒီအချိန်က ဗိုလ်တထောင်ရှိ စစ်လက်နက်ပစ္စည်းတပ်က လက်နက်တွေ ပျောက်တဲ့ကိစ္စကို စုံစမ်းနေဆဲဖြစ်တယ်။ ရန်ကုန်မြို့မှာလည်း ဗိုလ်ချုပ်ကိုလုပ်ကြံမယ့် ကောလာဟလ သတင်းတွေပြန့်နေတယ်။ ပုလိပ်မင်းကြီး ဦးအောင်ချိန်(ရဲချုပ်)က ဂဠုန်ဦးစောနဲ့ပတ်သက်ပြီး မသင်္ကာဖွယ်သတင်းတွေ ရနေတယ်လို့ သတင်းပို့တယ်။ ဒါကြောင့် မှုခင်းရဲတပ်ဖွဲ့ကလည်း အေဒီလမ်းမှာရှိတဲ့ ဂဠုန်ဦးစောရဲ့ အိမ်အ၀င်အထွက်ကို စောင့်ကြည့်နေတယ်။
ဒါနဲ့ အဖေက ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်လုံခြုံရေးအတွက် အတွင်းဝန်များရုံးဂိတ်မှာ လက်နက်ကိုင်ရဲတွေချထားလိုက်တယ်။  
ယခင်က လုံခြုံရေးမထားဘူး။ ဒါပေမဲ့ ကံကြမ္မာကဖြစ်ချင်တော့ တစ်နေ့မှာ ဗိုလ်ချုပ်က အတွင်းဝန်ရုံး လုံခြုံရေးဂိတ်က လက်နက်ကိုင်ရဲတွေကို တွေ့သွားတယ်။ ဒါတွေဘယ်သူချထားတာလဲလို့မေးတော့ အပါးတော်မြဲ (P.A) ဗိုလ်ထွန်းလှက ပြည်ထဲရေးဝန်ကြီးပျော်ဘွယ်ဦးမြက လုံခြုံရေးအတွက် ချထားတာလို့ ပြောလိုက်တယ်။ 
ဒီတော့ ဗိုလ်ချုပ်က အဖေ့ကိုခေါ်ပြီး “ကျွန်တော့်ကို မုန်းရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ ဦးမြကိုမုန်းရင် ဦးမြကိုသတ်လိမ့်မယ်။ တစ်ဖွဲ့လုံးတော့ သတ်မှာမဟုတ်ပါဘူး။ မလိုပါဘူး” လို့ ပြောတော့ အဖေကလက်နက်ကိုင် ရဲတွေကို ရုပ်ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်က သူ့ကိုယ်သူယုံတယ်။ သူဟာ ပြည်သူအတွက်၊ လွတ်လပ်ရေးအတွက်၊ နေ့မအားညမနားလုပ်နေတဲ့လူ။ 
ငါ့လိုလူ သန့်သန့်ရှင်းရှင်း မတရားမလုပ်တဲ့သူကိုဘယ်သူက ဘာကြံမှာလဲ။ သူ့ကို မုန်းလို့ သတ်မယ့်သူမရှိလို့ ယုံကြည်တယ်။ သူ့အတွက် လုံခြုံရေးထားတာ လုံးဝမကြိုက်။ သူ့ကားပေါ်မှာ တပ်ကြပ်တစ်ယောက်သာ လိုက်ခွင့်ပြုတယ်။ 
လုံခြုံရေးနဲ့ပတ်သက်လို့ စစ်တပ်ကလည်း သတင်းတွေရလို့ ဗိုလ်မှူးစိန်မှန်က တပ်ရင်း(၆)က တပ်စုတစ်စုကို လုပ်ကြံမှုဖြစ်မယ့် ၁၉ ရက် နေ့လယ် ၂ နာရီမှာ ဂဠုန်ဦးစောအိမ်ကို ၀င်ရှာဖို့ အားလုံး အဆင်သင့်လုပ်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ ရန်သူကို လျှော့တွက်လို့ ရန်သူရဲ့ လက်ဦးမှုကို ခံလိုက်ရပြီး ဗိုလ်ချုပ်နဲ့ ၀န်ကြီးများ အသက်ဆုံးရှုံးခဲ့ရတယ်။ အစိုးရအဖွဲ့ကို လုပ်ကြံမယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းတွေ၊ ကောလာဟလတွေ ထွက်နေတာတော့ ကြားနေတယ်။ ဒါပေမဲ့ ဒီလောက်ရက်ရက်စက်စက် လုပ်လိမ့်မယ်၊ မြန်မြန်လုပ်လိမ့်မယ်လို့တော့ မထင်ကြဘူး။
နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဥပစေဒကကံ မထိုက်လို့သေဘေးက လွတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်လေးဦးရှိတယ်။ သူတို့ကတော့  (၁)၀န်ကြီး ဦးဘဂျမ်း၊ (၂)၀န်ကြီး ဦးအောင်ဇံဝေ၊ (၃) ၀န်ကြီး ပျော်ဘွယ်ဦးမြ၊ (၄)အတွင်းဝန် ဦးရွှေဘော်တို့ဖြစ်တယ်။
သူတို့ဟာ အတိတ်ကံကောင်းလို့ သေနေ့မစေ့ သေဘေးမှလွတ်မြောက်ခဲ့ပေမယ့် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များ သူတို့မျက်စိအောက်မှာ ကျဆုံးသွားတဲ့ အနိဋ္ဌာရုံမြင်ကွင်းကိုတော့ တစ်သက်မေ့ပျောက်မည်မဟုတ်ပါ။
နှစ်စဉ် အာဇာနည်နေ့ရောက်ရင် ပြည်သူအားလုံး ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ် သတိရကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နဲ့အတူ အစည်းအဝေးလုပ်နေပြီး လုပ်ကြံမှုကြီးက လွတ်မြောက်၍ သေကံမရောက် သက်မပျောက်ခဲ့သူတွေအကြောင်း သိသူနည်းပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးကိုရေးပြီး မျှဝေလိုက်ပါတယ်။
(၀န်ကြီးပျော်ဘွယ်ဦးမြသည် ၁၉၅၃ခုနှစ်၊ ဒီဇင်ဘာ၁၄ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီး ဆောင်းပါးရှင် မျိုးအောင်သည် ပျော်ဘွယ်ဦးမြ၏ ဆဋ္ဌမမြောက်သားဖြစ်သည်။)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။ မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။
အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။ ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အစ်မကြီးက ဖုန်းကို နားထောင်တော့ “၀န်ကြီးရုံးခန်းကို ချောချောမောမောပြန်ရောက်ပါတယ်” လို့
ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့ ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့
ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။
နေ့လယ်ကျမှ မျှော်လင့်မထားတဲ့ သတင်းဆိုးကြီးကို ကြားရတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့လုပ်ကြံခံရတယ်တဲ့။ အဖေပါ၊ မပါ ချက်ချင်းမသိသေးဘူး။ နောက်မှ ရုံးကဖုန်းဆက်ပြောတယ်။ အဖေအသက်ဘေးမှ လွတ်ပေမယ့် ဗိုလ်ချုပ်နဲ့ သေဆုံးသူများအတွက် မဖော်ပြနိုင်တဲ့ ၀မ်းနည်းကြေကွဲမှုကို ခံစားရတယ်။
မေ့ဖျောက်ခံ အထင်ကရနှင့် ပစ်ပယ်ခံ မျိုးဆက်များ
Photo: မေ့ဖျောက်ခံ အထင်ကရနှင့် ပစ်ပယ်ခံ မျိုးဆက်များ  
=============================
အစသည် ၁၉၈၈ ခုနှစ် ကာလ များဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ စတင်ရေ တွက်လျှင် ၆၆ နှစ် တိုင်လာခဲ့ပြီဖြစ် သော်လည်း မှိန်ဖျော့ရီမှုန် ပစ်ပယ်ခံ ခဲ့ရ သော နှစ်ကာလများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ပီပြင် လာခဲ့ခြင်းဖြစ် သည်။ ထိုခုနှစ်များနောက်ပိုင်း အရာ အားလုံးသည် ရှိခြင်း၏ အခြားတစ်ဖက် သို့ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်က မြန်မာနိုင်ငံ သမိုင်းတွင် ဆိုးရွားသော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သော နိုင်ငံတော် လုပ်ကြံ မှုကြီးဖြစ် ပွားခဲ့သည်။ (အားလုံးသိထားပြီးဖြစ်သည့် ) ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ပုဂ္ဂိုလ်ကိုးဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်၏။
 ယာယီအစိုးရဖွဲ့ရန်၊ တိုင်းပြည်၏ အသက် သွေးကြောဖြစ်သော လမ်းပန်း ဆက်သွယ်ရေးကိစ္စများ ဆွေးနွေးမှု အ တွက် တိုင်ပင်ရန် ထိုနေ့က (ထိုစဉ်က) ဖဆပလဥက္ကဋ္ဌလည်းဖြစ် အစိုးရ အဖွဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဗိုလ်ချုပ်အောင် ဆန်း အပါအဝင်၊ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို ၊ ထောက်ပံ့ရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း၊ ဘဏ္ဍာရေးဝန်ကြီး သခင်မြ၊ စက်မှုလက် မှုနှင့် အလုပ်သမား ဌာနဝန်ကြီး မန်း ဘခိုင်၊ တောင်တန်းဒေသဆိုင်ရာဝန်ကြီး မိုင်းပွန်စော် ဘွားကြီး စဝ်စံထွန်း၊ ပညာ ရေး အမျိုးသားစီမံကိန်းဌာန ဝန်ကြီး ဦးရာဇတ် အစရှိသော ဝန်ကြီး ၇ ဦး၊ လမ်းပန်းသယ်ယူပို့ဆောင်ရေး အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင်တို့သည် အတွင်းဝန်များရုံးရှိ အစည်းအဝေး ခန်း မ၌ အစည်းအဝေးကျင်းပရန်နှင့် တိုင် ပင်ရန် ရောက်ရှိနေချိန်ဖြစ်၏။ ထိုစဉ် အမှတ် ၁၂ တပ်မတော် ယူနီဖောင်းဝတ် ဆင်ထားသူ ( ဂဠုန်ဦးစော၏ အပေါင်း အပါ)လူတစ်စုမှ အစည်းအဝေးခန်းမ တွင်းဝင်ရောက် ၍ သေနတ်များဖြင့် ပစ် ခတ်လုပ်ကြံခဲ့ကြခြင်း ဖြစ်သည်။
(လုပ်ကြံသူများ ပြန်ရာလမ်းတွင် ဆုံမိသော ဦးရာဇတ်၏ သက်တော်စောင့် ဖြစ်သူရဲဘော်ကိုထွေးလည်း သေနတ် ဖြင့် ပစ်ခတ်ခံရ မှုကြောင့် သေဆုံး ခဲ့ခြင်း ဖြစ်သည်။)
ထိုနေ့သည် မြန်မာတစ်ပြည်လုံး ဝမ်းနည်းပူဆွေး ယူကြုံးမရဖြစ်ခဲ့ ရသော နေ့ဖြစ်ခဲ့သည်။လွတ်လပ်ရေးနှင့် တိုင်းပြည်၏ အနာဂတ် အတွက်   မျှော်လင့်ချက် နေ မင်းကြီးတစ်စင်း ပျောက်ကွယ်ခဲ့ခြင်းဖြစ်၏။ ထို့အတူ တိုင်းပြည်အနာဂတ်အတွက် အဖိုးတန်လွန်းလှသော အလင်းပုဂ္ဂိုလ် များ ကွယ်ပျောက်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့်ပင် လုပ်ကြံသတ်ဖြတ်မှု ကြီးဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ (ဇူလိုင် လ ၂ဝ ရက်)တွင် ထွက်ရှိလာသော ဟံ သာဝတီသတင်းစာ၌ ”တစ်မြို့ လုံးကြိမ် မီးအုံးပမာ ယူကျုံးမရ ဖြစ်ကြရသော နေ့” ဟု ခေါင်းစီးအမည်းဖြင့် သတင်း ဖော်ပြခဲ့သလို မြန်မာ့အလင်း၊ ရန်ကုန် အစရှိသော သတင်းစာ များတွင်လည်း အာရှခေါင်းဆောင်အသီးသီး၏ ဝမ်း နည်းကြောင်း သဝဏ်လွှာများ၊ ပြည်သူ လူထု၏ ဝမ်းနည်းပူးဆွေးမှုများ ကို ဖော် ပြခဲ့ကြသည်။
 ထိုစဉ်က ဖဆပလအဖွဲ့ တာဝန်ရှိ သူများမှ ဈာပနအခမ်းအနား ကျင်းပ ရေးကော်မတီဖွဲ့စည်း၍အာဇာနည်များ ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ် များ ကို (ဦးရာဇာတ်နှင့်ရဲဘော် ကိုထွေးတို့၏ ရုပ်ကလာပ်မှအပ) ဂျူဗလီဟော ( ယခု စစ်သမိုင်းပြတိုက်နေရာ)တွင် ပြင်ဆင်၍ ရဟန်း ရှင်လူပြည် သူများ ဂါရဝပြုကြည့် ရှုနိုင်ရန် ဆယ်လတိတိထားရှိ စီစဉ်ပေး ခဲ့သည်။ တိုး၍ မပေါက်အောင်ပင် များ ပြားလှစွာသော လူထုကြီးက လည်း နေ့ စဉ်ပင် အာဇာနည်များ၏ ရုပ်ကလာပ် ကို လာရောက်ဂါရဝပြု ကြည့်ရှုခဲ့ကြ သည်။ ယူကျုံးမရ ဝမ်းနည်းပူဆွေးသော ကရောက်မှုနှင့် နှမြော တသခြင်း စိတ် အလျဉ်ကလည်း ထိုစဉ်က တစ်နိုင်ငံလုံး လွှမ်းခြုံလျက် ရှိခဲ့ခြင်း ဖြစ်သည်။
ဝမ်းနည်းခြင်း အထိမ်းအမှတ် အ ဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက် လွှင့်ထူခဲ့သည်။အဖွဲ့ဝင် ၃၅ ဦးပါ ကော် မတီတစ်ရပ်ကို ဖွဲ့စည်း ၍   ပြည်သူ့ဈာပန အဖြစ် နိုင်ငံတော်အခမ်းအနားဖြင့် ဈာ ပနကို ကျင်းပခဲ့သည်။  ဆွမ်းသွတ်အလှူဒါနများကို အစိုးရ အဖွဲ့အစည်းများ အပါအဝင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ကြ သည်။
 ယင်းသည် ၁၉၄၇ ခုနှစ်ဖြစ်သည်။ ယင်းမှ စတင်ရေတွက်လျှင် ယနေ့ ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၁၉ ရက်သည် အာဇာနည်များကျဆုံးခဲ့ခြင်း ၆၆ နှစ် တိုင်ခဲ့ပြီဖြစ်၏။ သေသောသူကြာလျှင် မေ့ဆိုသော်လည်း မြန်မာတစ်မျိုးသား လုံး၏ရင်ထဲ၌ ထိုနေ့နှင့် ထိုသူတို့သည် မေ့ဖျောက်ပစ်ရန် မသင့်ေ သာနေ့ နှင့် ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည်။
 သို့သော် ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်အင်္ဂါနေ့ထုတ် ရန်ကုန်သတင်း စာအမှတ် ၇၉ တွင် ဖော်ပြထားချက်အရ အာဇာနည်ပုဂ္ဂိုလ်များသည် ထိုစဉ် ကပင် မေ့ဖျောက်ခံထားရခြင်းကို တွေ့ရ၏။  ထိုစဉ်က သတင်းစာပါ ရေး သား ဖော်ပြထားချက်အရ အာဇာနည်နေ့ အား နှစ်စဉ် ပုံမှန်ကျင်းပသော် လည်း တာဝါလိမ်းရှိ ဗိုလ်ချုပ်နေအိမ်သည် ပျက် စီးယိုယွင်းလျက် ရှိခြင်းကြောင့် ဇနီးဖြစ် သူ ဒေါ်ခင်ကြည်ပင်လျှင် ဟယ်ပင်လမ်း  ခေါ် ပြည်ထောင်စု ရိပ်သာလမ်းရှိ တိုက် တန်းလျားနှင့် အင်းလျားကန်ဘေးရှိ ပန်း ချီဦးခင်မောင်နေအိမ် တို့တွင်ပြောင်းရွှေ့ နေ ထိုင်ရလျက် ရှိကြောင်း၊ ဗိုလ်ချုပ်   အောင်ဆန်းနှင့် သခင်မြတို့၏ အထိမ်း အမှတ်နေရာများ သတ်မှတ်ထားရှိသော် လည်း အခြားသောခေါင်းဆောင် များ၏ အထိမ်းအမှတ် သတ် မှတ်နေရာများ မရှိသေးကြောင်း၊ ခေါင်းဆောင် ကြီးများ ၏အထိမ်းအမှတ် မော်ကွန်း ကျောက် တိုင်အား အတွင်းဝန်များရုံး အတွင်းထား ရှိသော် လည်း ပြည်သူများ ကြည့်ရှု အ လေးပြုနိုင်ခြင်း မရှိကြောင်း၊ တည် ဆောက်ရန် ဒီဇိုင်းရေးဆွဲထားပြီးဖြစ် သော အာဇာနည်ဗိမာန်အဆောက်အအုံ ကြီးအား တည်ဆောက်နိုင်ခြင်း မရှိ သေးကြောင်း သိရခြင်း ဖြစ်၏။
ဖြေသိမ့်နိုင်သေးသည်က ထိုစဉ်က အာဇာနည်နေ့ အခမ်းအနားဆို လျှင် နိုင်ငံတော်သမ္မတ ကိုယ်တိုင်တက်ရောက် ၍ ကျဆုံးလေပြီးေ သာ   ခေါင်းဆောင်ကြီး များ၏ မိသားစုများနှင့် တွေ့ဆုံနှုတ် ဆက်စကားဆို၊ ကိုယ်တိုင်လွမ်းသူ့ပန်း ခွေချ၊ အာဇာနည်များ၏ မိသားစုဝင် များ ဝမ်းနည်း ပူဆွေးနေမည် စိုးရိမ်သ ဖြင့် လှိုင်မြစ်ကြောင်းအတိုင်း မအူပင်မြို့ ထိ စုန်ဆန်အပန်းဖြေခရီးအဖြစ် ပို့ ဆောင်ပေးခဲ့သည်။ ယင်းသည် တစ်နှစ် တည်း တစ်မျိုးတည်းမဟုတ်ချေ။ နှစ်စဉ် မရိုးနိုင်သော အစီအစဉ်များကို စီစဉ် ပေးခဲ့ခြင်းဖြစ်၏။
သင်္ဘောတစ်နည်း၊ ရ ထား တစ်ဖုံ၊ အမှတ် ၁၄ အင်းလျားလမ်း ဧည့်ခံပွဲ တစ်သွယ် စသဖြင့် အမျိုးမျိုး သောနည်းများဖြင့် ကျန်ရစ်သောမိသား စုဝင်များ ဖြေသိမ့်နိုင်မှုကို နိုင်ငံတော် သမ္မတ(ထိုစဉ်က သမ္မတသည် မန်းဝင်း မောင်ဖြစ်၏)က စီစဉ်ပေးခဲ့ခြင်း ဖြစ်၏။ မြို့တော်ဝန်၏ အစီအစဉ်ဖြင့် ဆွမ်းကပ် အလှူဒါန ပြုလုပ်ခြင်းများလည်း ရှိခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များ၊ အာဇာနည်သီချင်းများကို ရေဒီယို များမှ ထုတ်လွှင့်ပေး ခဲ့သည်။ အာဇာ နည်များကျဆုံးခဲ့သော ဇူလိုင်လ ၁၉ ရက် ၁ဝ နာရီ ၃၇ မိနစ်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်ဥသြ ဆွဲ၍ ရောက် ရှိရာအရပ်တွင် မတ်တပ်ရပ်ကာ ၂ မိနစ် ငြိမ်သက် အလေးပြုခြင်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။
ယင်း အစဉ်အလာသည် တော် လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းလက် ထက် ၁၉၆၂ ခုနှစ် ကာလနှောင်းပိုင်းများ တွင် မှိန်ဖျော့လာခဲ့သော်လည်း အာဇာ နည်နေ့၌ ဦးနေဝင်းကိုယ်တိုင် လွမ်းသူ့ ပန်းခွေချ၊ကျန်ရစ်သူမိ သားစုဝင်များဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာနှုတ်၏စောင်မ ခြင်းများ (၁၉၇၁ ခုနှစ်)ထိတိုင်ရှိခဲ့သည်။ ယင်းနောက်ပိုင်းနှင့် နိုင်ငံတော် ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ လက်ထက်၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက် ထက် ၁၉၈၈ခုနှစ် နောက်ပိုင်းကာလ များတွင် ထိုအရာများသည် လုံးလုံးလျား လျားပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
 ထို့အတူ ကျဆုံးခဲ့သော အာဇာနည် များ၏ ပုံရိပ်များ၊ သမိုင်းမှတ်တမ်းများ၊ အထိမ်းအမှတ်များ၊ မိသားစုဝင်များ သည် မေ့ဖျောက်ခံ အထင်ကရ များနှင့် ပစ်ပယ်ခံမျိုးဆက်များ ဖြစ်လာခဲ့သည်။
”ပြီးခဲ့တာတွေပေါ့ သားရယ်။ ဒါ တွေက အခု ပြန်ပြောရင် ကိုစိတ်မကောင်း ဖြစ်ရတာတွေပါ။ ဘယ်လိုမှ မဖော်ပြနိုင် တဲ့ ခံစားမှုပါပဲ”ဟု လုပ်ကြံ သတ်ဖြတ်မှု ကြောင့် လမ်းပန်းသယ်ယူပို့ဆောင်ရေး အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင် ၏ဇနီးဖြစ်သူ အသက် ၈၉ နှစ်အရွယ် အဘွားဒေါ် သိန်းကြွယ်က ပြောသည်။
ကျဆုံးခဲ့သော အာဇာနည်ခေါင်း ဆောင်အသီးသီး၏ဇနီးသည် အသီးသီး အနက် အဘွားဒေါ်သိန်းကြွယ် တစ်ဦး တည်းသာ လက်ရှိအချိန်တွင် သက် ရှိ ထင်ရှားကျန်ရစ်သူဖြစ်၏။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားချိန်တွင် အသက် ၂၄နှစ်အရွယ် ရှိပြီဖြစ်ပြီး ခေတ်အဆက် ဆက်အာဇာနည် နေ့အခမ်းအနား များကို ဖြတ်သန်းကြုံတွေ့ လာခဲ့သူတစ်ဦး ဖြစ်သည်။
 သမ္မတ မန်းဝင်းမောင်လက်ထက် အလေးထားမှုများရှိခဲ့သည်။ ဦးနေဝင်း လက်ထက်နှုတ်၏စောင်မခြင်းရှိခဲ့သည်။ သို့သော်ယင်းနောက်ပိုင်း အာဇာနည်နေ့ အခမ်းအနားနှင့် မိသားစုဝင်များသည် မေ့ဖျောက် ပစ်ပယ်ခံ ဖြစ်လာခဲ့ပြီး အ လေးထား ဂါရဝပြုမှုအဆင့်သည်လည်း လျော့ကျ လာခဲ့ကာ မြို့တော်ဝန် အဆင့် သာတက်ရောက်သော အခမ်းအနား တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကျဆုံး ခဲ့သော အာဇာနည်ပုဂ္ဂိုလ်များ၏ မိသား စုဝင်များအနေဖြင့်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
    ”အပစ်ပယ်ခံထားရတဲ့ ခံစားချက် က သိပ်များနေပြီ။ မြန်မာပြည်မှာ လူ လာဖြစ်တော့လည်းကံဆိုးတယ်လို့ပဲ ခံ စားရမိတယ်”ဟု လုပ်ကြံ သတ်ဖြတ် မှု ကြောင့် ကျဆုံးခဲ့သော ထိုစဉ်ကထောက် ပံ့ ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဘဝင်း၏သားဖြစ်သူ ဦးထွေးဝင်း က မေ့ဖျောက် ထားမှုနှင့် ပစ်ပယ်ခံထားရမှု အပေါ် ဝမ်းနည်းစကား ဆိုသည်။
 သားသမီးများကို ပစ်ပယ်ထားရုံ သာမက မြေးဖြစ်သူများထိပင် ပစ်ပယ် ခံခဲ့ရပြီး လူမှုဘဝဆိုင်ရာ ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရကြောင်း ဦးထွေးဝင်း ကပြော သည်။
 ”အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ အန်တီ့ အဖေနေအိမ်အကျယ်ချုပ်နဲ့ ရှိ စဉ်တုန်းကဆို စောင့်ရတဲ့ ထောက်လှမ်း ရေးအရာရှိတွေက သခင်မြဆို တာသူပုန် လားလို့တောင် မေးတာခံရဖူးတယ်” ဟု လုပ်ကြံသတ်ဖြတ် မှုကြောင့်ကျဆုံးခဲ့သော ဘဏ္ဍာရေးဝန်ကြီး သခင်မြ၏ တူမ သခင်ခင်အောင် ၏သမီးဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်းက ပြော သည်။
 ၁၉၈၈ ခုနှစ်နောက်ပိုင်း သတင်း စာ၊ ရုပ်မြင်သံကြား စသည်တို့ ဘယ်နှခု နှစ်မြောက် အာဇာနည်နေ့ဆိုသော စာ တမ်းမျှပင် ဖော်ပြခြင်းမရှိဘဲ တိုင်းပြည် အတွက်ကောင်းမွန်ရာလုပ် ဆောင်ပေး ခဲ့သူများကို မေ့ဖျောက် ထားခဲ့ခြင်း အ ပေါ်ဖော်မပြတတ်အောင် ခံစားရကြောင်း သခင်မြ၏ မိသားစုဝင်များကလည်း ဆို သည်။
 ”အရမ်းခံစားရတယ်” ဟု သခင်မြ ၏သားဖြစ်သူ ဦးရဲမြင့်အောင်က ပြော သည်။
”ပြောမယ်ဆိုရင် သေးသိမ်သွား အောင် လုပ်တာပေါ့။ တဖြည်းဖြည်းနဲ့ သေး သိမ်သွားအောင် လုပ်တာပေါ့။ ၈၈ ခုနှစ်နောက်ပိုင်းမှာ တော်တော်ဆိုး ရွား သွားတာ။ အဖြစ်လောက်ပဲ လုပ်တော့ တာ။ မိသားစုဝင်တွေကတော့ ဒီလိုလုပ် ရက်လေခြင်းဆိုပြီး စိတ်ထိခိုက်တာပေါ့” ဟု လုပ်ကြံသတ်ဖြတ် မှုကြောင့် ကျဆုံး ခဲ့သော ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဦးရာဇတ် ၏သားဖြစ်သူ ဦးတင် မြင့်က ပြောသည်။၎င်းသည် အာဇာနည် နေ့ အခမ်းအနားများကို အသက် ၇ နှစ် အရွယ်ကပင်စတင်၍ ခေတ်အဆက် ဆက် ကြုံတွေ့ခဲ့သူတစ်ဦး ဖြစ်သည်။
 ကျဆုံးခဲ့သော အာဇာနည် ၉ ဦး အနက် ၇ ဦး (ထိုစဉ်က ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့သည် ဘာသာရေးအရ မွတ်စလင်သုသာန်တွင် သင်္ဂြိုဟ် ပြီးဖြစ် သည်)၏ ရုပ်ကလာပ်ကို ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်) ၌ ၁ဝ လကြာ ထားရှိပြီးနောက် ၁၉၄၈ ခုနှစ် ဧပြီလ ၁ဝ ရက်တွင်ရွှေတိဂုံစေ တီတော် မြောက် ဘက်မုခ် သွေးဆေးကန်အနီးရှိ အာ ဇာနည်ကုန်း သို့ ရွှေ့ပြောင်း ဂူသွင်းမြှုပ်နှံ ကာ အာဇာနည်ဗိမာန်အဖြစ်ထားရှိခဲ့သည်။
   ယင်းသည် ၁၉၈၃ခုနှစ် အောက် တိုဘာလ ၉ ရက် တောင်ကိုးရီးယားနိုင်ငံ ငါးယောက်မြောက်သမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အာဇာနည် ဗိမာန်သို့လာရောက်ဂါရဝပြုစဉ် မြောက် ကိုးရီးယားသူလျှိုများမှ ဗုံးခွဲလုပ်ကြံ မှု ကြောင့် (အာဇာနည်ဗိမာန်သည်) ပျက် စီးသွားခဲ့သည်။
 ယင်းကြောင့် ယခု ဗိမာန်ဒီဇိုင်း သစ်အားပြန်လည်တည်ဆောက်၍ ဗိုလ် ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးခဲ့ သော ခေါင်းဆောင်များ၏ ရုပ် ကလာပ် ကို ရွှေ့ပြောင်းထားရှိခြင်း ဖြစ်၏။  ”ဗိမာန်အဟောင်းကနေ အသစ် ကိုရွှေ့တော့ အန်ကယ်တို့ သိတောင် မသိခဲ့ဘူး။ အကြောင်းကြား တာဘာ ညာ လည်းမရှိဘူး”ဟု ဦးထွေးဝင်း က ပြော သည်။
 ”ဘယ်လောက်ဆိုးလဲဆိုရင် ပြီးခဲ့ တဲ့ တစ်နှစ်တုန်းက ပန်းခွေ ချတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဘက် မှာ ချရတယ်။ ဘယ်ဘက်မှာချဖို့ စီစဉ် ပေးတယ်။ မနှစ်ကကျတော့ ညာဘက်မှာ ချရတယ်။ ဗိမာန်အနောက်မှာအပေါက် ရှိပြီး အခေါင်းတွေကို တစ်နှစ်တစ်ခါ များ ရွှေ့နေသ လား လို့တောင် မေးချင်မိ တယ်” ဟု ဦးထွေးဝင်းက ထပ်လောင်း ပြောသည်။
၎င်းကဲ့သို့သော အဖြစ်အပျက် သည် ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ် များ၏ ကျန်ရစ်သောမိသားစုဝင်များ အားလုံးနီးပါး ကြုံတွေ့ရသော အဖြစ် အပျက်ပင် ဖြစ်သည်။ အာဇာနည်ဗိမာန်အသစ်သည် ဗိုလ်ချုပ်အောင်ဆန်း အား အလယ်ထား၍ ကျန်သောပုဂ္ဂိုလ်များကို ဘေးတစ်ဖက်တစ်ချက် ထားရှိ မြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်သည်။ သို့ သော် မည်သူသည် မည်သည့်ဘက်တွင် ရှိသနည်းဆိုသည်ကို သက်ဆိုင်သူ မိ သားစုဝင်များ ယနေ့တိုင်သိရှိခြင်း မရှိခဲ့ ပေ။ (မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ ရုပ်ကလာပ်အား ရှမ်းပြည်နယ်သို့ ပြန် လည်သယ်ဆောင်၍ ရှမ်းပြည်နယ် တွင် မြှုပ်နှံခဲ့သည်ဟု သိရသည်။)
ထို့အတူ ယခင်တုန်းက အာဇာ နည်နေ့ဆိုလျှင် ကျဆုံးခဲ့သော အာဇာ နည်များ၏ အတ္တုပ္ပတ္တများကို မိသားစု ဝင်များနှင့် ပြည်သူများ ထံ ပေးေ ဝခြင်း များရှိခဲ့သည်။ မိန့်ခွန်းနှင့် သီချင်းများ လွှင့်ခဲ့သည်။ ဥသြဆွဲခဲ့သည်။ အထူး သဖြင့် ဥသြဆွဲခြင်းသည် အာဇာနည် နေ့၏ အမှတ်အသားပင်   ဖြစ် ခဲ့သည်။ ထိုနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ပြည်သူလူထုသည် ဥသြသံကို နားဆွံရင်း ငြိမ်သက်ခြင်း ၂ မိနစ်ဖြင့် အာဇာနည်များ ကျဆုံးခဲ့ခြင်း အပေါ် ဝမ်းနည်းတသခြင်းကို ပြသခဲ့သည်။
 ”အန်တီတို့ကတော့ သူတို့ ဥသြ မစွဲရင် တို့ဟာတို့လုပ်မယ်ဆိုပြီး အိမ်က ကားတွေကို ဟွန်းတီးတာ။ ဟွန်းတီးတဲ့ အချိန်မှာ အားလုံးမတ်တပ်ရပ်ပြီး အ လေးပြုတယ်။ အရမ်းဝမ်းနည်းတယ်။ အရင်တုန်းကဆို ဇူလိုင်လ ဆန်းလောက် ကတည်းကသတင်းစာထဲမှာလည်း တစ် ကွက်ကလေးတွေ (အာဇာနည်နေ့ တို့ မမေ့ဆိုတာ)ပါနေပြီ။ ညဘက်ဆိုသီချင်း တွေ လာနေပြီ”ဟု သခင်မြ၏ တူမနှင့် သားဖြစ်သူတို့က ပစ်ပယ်မေ့ဖျောက်ခံ ထားရမှုအပေါ် ဝမ်းနည်းစကား ဆို သည်။
ယခင်က သီချင်းများညစဉ် လွှင့် ပေးပြီး ယင်းသီချင်းသံကို နားထောင် ရင်း အာဇာနည်များကို အောက်မေ့တသ စွာ ငိုကြွေးမိကြောင်း ဦးရဲမြင့်အောင် ၏ဇနီးဖြစ်သူ သခင်မြ၏ချွေးမ ဒေါ်ပြုံးက ပြောသည်။
 ”ဘယ်လောက်ထိ မေ့ဖျောက်ခံရ လဲဆိုရင် သခင်မြဆိုတာ ပန်းခြံနာမည် လို့ပဲသိကြတော့တယ်”ဟု သခင်မြ၏ မြေး ဖြစ်သူ အသက် ၂၇နှစ်အရွယ် မကေခိုင် က သူဖြတ်သန်းခဲ့ရသော ပစ်ပယ်ခံ မျိုး ဆက်နှင့်ပတ်သက် ပြီး ပြောပြသည်။
   ယခင်ကကျောင်းများတွင် ” ဖေ ဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ” အစရှိသော ဗိုလ်ချုပ်အောင်ဆန်းကဗျာ ကို သင်ကြားရွတ်ဆိုမှုပြုခဲ့ခြင်း၊ အာဇာ နည်နေ့ဆိုလျှင် ကျောင်းများ၌ စာစီစာ ကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများ ပြုလုပ်၍ အာဇာနည်ပုဂ္ဂိုလ်များ၏ ဂုဏ် ကျေးဇူးကိုသိတတ် နားလည်ရန် သင် ကြားပြသစီစဉ်ပေးခဲ့ခြင်းများ ရှိခဲ့သော် လည်း ယင်းအစဉ်အလာများသည် အစ အန ရှာဖွေမတွေ့ရှိအောင်ပင် ကွယ်ပ သွားခဲ့ခြင်း ဖြစ်သည်။
 အဆိုးရွားဆုံး ဖျောက်ဖျက်မှုသည် အာဇာနည်ကုန်းအား အများပြည်သူ လာရောက်ဂါရဝပြုခြင်း၊ အလေးပြုခြင်း မပြုနိုင်ရန် ပိတ်ပင်လိုက်ခြင်း ပင် ဖြစ် သည်။ အာဇာနည်နေ့မှပင် မိသားစု ဝင်များ လွမ်းသူ့ပန်းခွေချခြင်းနှ င့် အာ ဇာနည်နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်းအချို့မှလွဲ၍ တစ်နှစ်ပတ် လုံးပိတ် ပင်ထားခဲ့ခြင်း ဖြစ်၏။ ယင်းသည် ဆယ် စုနှစ် နှစ်ခုကျော် ပင် ဖြစ်ခဲ့သည်။
(အရပ်သားအစိုးရ လက်ထက် ၂ဝ၁၂ ခုနှစ်တွင်မှ စတင်၍ အာဇာနည်နေ့ တွင် (ယင်းနေ့ တစ်နေ့တည်းသာ ဖြစ်၏) အများပြည်သူများ အာဇာနည် ကုန်းသို့ တက်ရောက် ဂါရဝပြု၊ အလေးပြုခြင်း များကို ခွင့်ပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလ မှစတင်၍ အာဇာကုန်းအား အစိုးရ ရုံးပိတ်ရက်များမှအပ အများပြည်သူ များလာရောက်ဂါရဝပြု၊ အလေးပြုခြင်း ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်၏။)
”ဒီလိုပစ်ပယ်တယ်ဆိုတာကဘာကြောင့်လဲ။ အဲဒါက အရေးကြီးတယ်။ ဘာကြောင့်လုပ်တာလဲ။ လုပ်တဲ့အတွက် ကြောင့်ဘာထူးသွားလဲ။ ဒီလိုေ မ့ပျောက် အောင်လုပ်လိုက်တယ်ဆိုတော့ ရယ် စရာစကားပြောရရင် အာဇာနည်နေ့ဆို တာအဆိုတော် အာဇာနည်ရဲ့ မွေးနေ့လို့  ပြောတဲ့ဟာ   ပြောကုန်ကြပြီလေ။ ဒါတွေ က တော်တော်လေးကို ဝမ်းနည်းစရာ ကောင်းတာပေါ့။ မဖြစ်သင့်တဲ့ဟာတွေ”ဟု မေ့ဖျောက် ပစ်ပယ်ခံခဲ့ရသော ဆယ် စုနှစ်များ၏ အကျိုးဆက်အား ဦးတင် မြင့်ကစိတ်မကောင်းကြီးစွာ ပြောသည်။
   အထင်ကရဖြစ်မှုနှင့် မျိုးဆက် သွေးတို့အား ပစ်ပယ်ဖျောက်ဖျက်မှုသည် ဆယ်စုနှစ်နှစ်ခုကျော် ကြာခဲ့ပြီး နောက် ပြန်လည် လင်းပွင့်မှုရောင်ခြည် အချို့ကို မြင်တွေ့လာခဲ့ရသည်။ သို့သော် ထူးမခြား နားသော အနေအထား ပင် ရှိသေးသည် ဟုဆိုရမည်ဖြစ်သည်။  မြို့တော်ဝန် အ ဆင့်သာတက်ေ ရာက်ခဲ့သောအာဇာနည် နေ့ အခမ်းအနားအား ၂ဝ၁၂ ခုနှစ်မှ စတင်၍ ဒုတိယသမ္မတအဆင့် တက် ရောက် ဂါရဝပြုခဲ့သည်ကို တွေ့ရသည်။ သို့သော် အာဇာနည်များ၏ မိသားစုဝင် များသည် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတင်၍ တိုင် တစ်ဝက် ပြန်ချ လွှင့်ထူခြင်း၊ ဂုဏ်ပြုတပ် ဖွဲ့ဂုဏ်ပြုခြင်း၊ နိုင်ငံတော် အဆင့်ရှိသော ပုဂ္ဂိုလ်၏ နွေးထွေးနှစ်သိမ့်ဆက်ဆံ ခြင်း များသိရှိခြင်း၊ လက်ခံရရှိခြင်း မရှိသေး ဘဲ အလုပ်တစ်ခုသဖွယ် လွမ်းသူ့ပန်း ခွေချဂါရဝပြုခြင်း ကိုသာ ဆောင် ရွက်ရ သော အနေအထား၌ပင် ရှိသေးသည်ဟု ဆိုရမည် ဖြစ်၏။ ၂ဝ၁၃ ခုနှစ်တွင် ကျ ရောက်သော ၆၆နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က အာဇာနည် များ၏ ကျန်ရစ်သောမိသားစုဝင်များနှင့် တွေ့ဆုံ မည်ဖြစ်သော်လည်း အခြားသော အစီအစဉ်များသည် ယခင် ဆယ်စုနှစ် နှစ်ခုကျော်ကာလက အခြေအနေ အတိုင်း ပင် ဖြစ်သည်။
”ကိုယ်တွေကတော့ ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိတာပါ။ ဥသြဆွဲတာလေးဖြစ်စေ ချင်တယ်။ ဒီနေ့ဆိုတာကို လူသိထင်ရှား ဖြစ်စေချင်တယ်။ အရင်တုန်း ကလိုပဲ အိမ်တွေရုံးတွေမှာ အလံတိုင်တစ်ဝက် လွှင့်ထူတာတွေပြန် ထုတ်ဖော်စေချင် တာပေါ့။ အာဇာနည်နေ့ဆိုတာ လူသိ စေချင်တယ် ။ ဒါမှ လည်း နောင်မျိုးဆက် တွေသိလာမှာပေါ့။နို့မဟုတ်ရင် တဖြည်း ဖြည်းေ ပျာက်တော့မလိုဖြစ်နေပြီ”ဟု ဦး ရဲမြင့်အောင်က ပြောသည်။
   ”ပြီးခဲ့တာတော့ ပြီးပါပြီပေါ့လေ။ ရှေ့ဆက်ပြီးဘာလုပ်ကြမလဲဆိုတော့ သ ဘောထားကြီးကြရမယ်” ဟု ဦးရာဇတ် ၏သားဖြစ်သူ ဦးတင်မြင့်က မှတ်ချက်ပြု သည်။
   ထိုသို့ပြန်လည်ဖော်ထုတ်မှလည်း မေ့ဖျောက်ခံ အထင်ကရနှင့် ပစ်ပယ်ခံ မျိုးဆက်များကျိန်စာမှ အားလုံးကင်း လွတ်မည်ဖြစ်၏။ ဆယ်စုနှစ်   နှစ် ခုကျော် ကြာ အကြောင်းမဲ့ ပစ်ပယ်ခံမေ့ဖျောက် ခံထားရသော သမိုင်းအရောင်ခြယ်မှု များသည် ဤနေရာမှစတင်၍ လွတ် မြောက်မည် လားဆိုသည်က နိုင်ငံခေါင်း ဆောင်များ၏နှလုံးသားဖြူစင်မှု ပေါ်မူ တည်မည်ထင်မိသည်။ ကျဆုံးခဲ့သော ဦးဘဝင်း၏သားဖြစ်သူ ဦးထွေးဝင်း က တော့ယင်းသည် အစိုးရတာဝန်ရှိသူများ လုပ်ဆောင်ချင်လျှင် လွယ်လင့်တကူဖြစ် ပေါ်လာမည့်ကိစ္စဖြစ်သလို မလုပ်ဆောင် ချင်လျှင် မလုပ်ေ ဆာင်ချင်သည့် စိတ် ဆန္ဒအလျောက် နှောင့်နှေးနေဦးမည်ဟု မှတ်ချက်ပြုခဲ့သည်။
နိုင်ငံလွတ်လပ်ရေးအတွက်၊ နိုင်ငံ ကောင်းကျိုးအတွက်  အကြွင်း မဲ့ခေါင်း ဆောင်မှုပေးခဲ့သော၊ အုတ်တစ်ချပ် သဲ တစ်ပွင့်ဖြစ်ခဲ့ကြသော၊ ထိုထို ပုဂ္ဂိုလ်တို့၏ မေ့ဖျောက်ခံအထင်ကရနှင့် ပစ်ပယ်ခံ မျိုးဆက်များ ကျိန်စာမှ အမြန်ကင်းလွတ် ပါစေလို့သာ ဆုတောင်းရင်း…….
ဥာဏ်လင်းအောင်
အစသည် ၁၉၈၈ ခုနှစ် ကာလ များဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ စတင်ရေ တွက်လျှင် ၆၆ နှစ် တိုင်လာခဲ့ပြီဖြစ် သော်လည်း မှိန်ဖျော့ရီမှုန် ပစ်ပယ်ခံ ခဲ့ရ သော နှစ်ကာလများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ပီပြင် လာခဲ့ခြင်းဖြစ် သည်။ ထိုခုနှစ်များနောက်ပိုင်း အရာ အားလုံးသည် ရှိခြင်း၏ အခြားတစ်ဖက် သို့ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်က မြန်မာနိုင်ငံ သမိုင်းတွင် ဆိုးရွားသော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သော နိုင်ငံတော် လုပ်ကြံ မှုကြီးဖြစ် ပွားခဲ့သည်။ (အားလုံးသိထားပြီးဖြစ်သည့် ) ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ပုဂ္ဂိုလ်ကိုးဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်၏။
ယာယီအစိုးရဖွဲ့ရန်၊ တိုင်းပြည်၏ အသက် သွေးကြောဖြစ်သော လမ်းပန်း ဆက်သွယ်ရေးကိစ္စများ ဆွေးနွေးမှု အ တွက် တိုင်ပင်ရန် ထိုနေ့က (ထိုစဉ်က) ဖဆပလဥက္ကဋ္ဌလည်းဖြစ် အစိုးရ အဖွဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဗိုလ်ချုပ်အောင် ဆန်း အပါအဝင်၊ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို ၊ ထောက်ပံ့ရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း၊ ဘဏ္ဍာရေးဝန်ကြီး သခင်မြ၊ စက်မှုလက် မှုနှင့် အလုပ်သမား ဌာနဝန်ကြီး မန်း ဘခိုင်၊ တောင်တန်းဒေသဆိုင်ရာဝန်ကြီး မိုင်းပွန်စော် ဘွားကြီး စဝ်စံထွန်း၊ ပညာ ရေး အမျိုးသားစီမံကိန်းဌာန ဝန်ကြီး ဦးရာဇတ် အစရှိသော ဝန်ကြီး ၇ ဦး၊ လမ်းပန်းသယ်ယူပို့ဆောင်ရေး အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင်တို့သည် အတွင်းဝန်များရုံးရှိ အစည်းအဝေး ခန်း မ၌ အစည်းအဝေးကျင်းပရန်နှင့် တိုင် ပင်ရန် ရောက်ရှိနေချိန်ဖြစ်၏။ ထိုစဉ် အမှတ် ၁၂ တပ်မတော် ယူနီဖောင်းဝတ် ဆင်ထားသူ ( ဂဠုန်ဦးစော၏ အပေါင်း အပါ)လူတစ်စုမှ အစည်းအဝေးခန်းမ တွင်းဝင်ရောက် ၍ သေနတ်များဖြင့် ပစ် ခတ်လုပ်ကြံခဲ့ကြခြင်း ဖြစ်သည်။
ရွာလည်တဲ့ စာ ( တိုင်းလုံးကျော် )
Photo: ရွာလည်တဲ့ စာ
=========
ခုတလော တိုင်းလုံးကျော်တို့ အပေါင်းအသင်းတွေကြား ရေပန်း စားနေတာကတော့ ဥသြဆွဲခြင်းပါပဲ။ ဥသြဆွဲခြင်းဆို တော့ မထိတ်သာ မလန့်သာ ရင်တုန်ပန်း တုန် ဖြစ်မ သွားကြပါနဲ့ဗျာ။ရန်ကုန်မှာကလည်း ကူးတို့ဆိပ် မီးဘေးကစလို့ မကြာ ခဏ မီးသတ်ဥသြသံတွေ ဟိုနေရာ ကကြား၊ ဒီနေရာကကြားခဲ့ရ တာကတစ် မျိုး။ တစ်ခုခုဆို မီးရှို့တယ် ဆိုတာတွေက ဒီနှစ်ထဲ ရေပန်းစားနေတော့ ဥသြဆွဲခြင်းကို အဓိပ္ပာယ် တစ်မျိုးနဲ့ အဆိုး မတွေးလိုက်ကြပါနဲ့ဗျာတို့။
ဒီလက ဇူလိုင်လ။ ဇူလိုင်ဆိုရင် မြန်မာနိုင်ငံသားအားလုံး အလိုလိုရွတ်မိတဲ့ စကားရှိပါတယ်။ သိကြတဲ့အတိုင်း အထူးတ လည် စဉ်းစားစရာမလိုပါဘူး။ ‘၁၉ ဇူလိုင် မမေ့နိုင်’။ အမှန် ပါပဲဗျာ။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ခုနှစ်ထက် ဒီလ ဒီ ရက်ကို အားလုံး အလွယ်တကူ သတိတရရှိနေကြဆဲပါ။ အဲ…သို့သော်လည်းပေါ့လေ။ အသက်အရွယ် နဲ့အတွေ့အကြုံ အရတော့ တန်ဖိုးထား လေးနက်မှု ကတော့ ကွာမှာ သေချာပါတယ်။ တိုင်းလုံးကျော် ဒီလို ဘာဖြစ်လို့ ပြောရလဲဆိုရင် အစကရေးခဲ့တဲ့ ဥသြဆွဲခြင်းကြောင့်ပါပဲ။
အထူးသဖြင့် ၈၈ နှောင်း ပိုင်း မွေးလာကြတဲ့ မျိုးဆက်တွေအတွက်တော့ ဒီဇူုလိုင်လနဲ့ ဥသြဆွဲခြင်းဆိုတာ မယုံရင်ပုံပြင်မှတ် လို့ ဆိုရတော့မယ့် သမိုင်းပဲ မဟုတ်လားဗျာ။ဇူလိုင် ၁၉ ဟာ အာဇာနည်နေ့လို့ အားလုံး သိကြပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ် ကြီးများ ရက်ရက် စက်စက် လုပ်ကြံခံခဲ့ရတဲ့ သွေး စွန်းသော နေ့ပါ။ ၁၉၄၇ ခုနှစ် ဒီလို မိုးတွေစွေနေ တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ သိမ်ဖြူလမ်းပေါ်က အခုဟောင်းနွမ်းနေတဲ့ ဝန်ကြီးများရုံးထဲ နိုင်ငံ လွတ်လပ်ရေး အတွက် အရေးတကြီး စည်းဝေး နေတဲ့ ဗိုလ်ချုပ်နဲ့ တိုင်းပြည်ခေါင်းဆောင်ကြီး များ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရပါတယ်။ ဒီ သမိုင်းကတော့ အားလုံးသိပြီးသားမို့ တိုင်းလုံး ကျော် ပြန်ပြောလိုစိတ် မရှိပါဘူး။
အဲဒီ့နောက်ပိုင်း ဒီလို ဇူလိုင်လ အာဇာနည် နေ့ရောက်ပြီဆို မနက်ခင်းမှာ ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် အာဇာနည်ကြီးများ ကျဆုံးချိန်မှာ သင်္ဘောတွေ၊ ကားတွေကဥသြသံရှည်ကြီးများ ဆွဲကြပါတယ်။ မတူတဲ့ ဥသြသံတွေစုပြီး အသံတစ်ခုတည်း လို ထွက်လာတဲ့အခါ ကြားလိုက်ရတာနဲ့ စိတ်တွေ မှုန်မှိုင်းဆို့နင့်လာပြီး အလိုလိုမျက်ရည်ဝဲ ဝမ်းနည်း မိရတာမျိုးပါ။ အဲဒီအချိန်မှာ လမ်းပေါ်ကကားတွေ၊ ဆိုင်ကယ်၊ စက်ဘီးတွေသာမက လူတွေပါရောက်တဲ့နေရာမှာရပ်ပြီး သတိ အနေအထားနဲ့ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်များ ကို စိတ်တွင်းကနေ အလေးဂရုပြုလွမ်း ဆွတ်တမ်းတမိကြပါ တယ်။ တိုင်းပြည်အတွက် နစ်နာလေခြင်း၊ ဖြစ် မှဖြစ်ရလေခြင်း ဆိုတဲ့ခံပြင်း နာကြည်းစိတ်တွေကလည်း တဖွားဖွားပေါ့ဗျာ။
အာဇာနည်ဆိုတာက လွယ်လွယ်ဖြစ်တာမျိုး၊ ပေါ်ပေါက် လာတာမျိုးမှ မဟုတ်တာကလား။ အသက်ကို မပြောနဲ့ ရာထူး စည်းစိမ် အာဏာလောက် ကိုမှ မစွန့်နိုင် တဲ့ခေတ်ကြီးကို အား လုံးဖြတ်သန်းလာခဲ့ပြီးမှတော့ အာဇာနည်ရဲ့ အဓိပ္ပာယ်နဲ့တန် ဖိုးကို ပိုပြီး နားလည်မယ် ထင်မိပါရဲ့ဗျာ။ ဒါပေမဲ့ ဝမ်းနည်းဖို့ ကောင်းတာက ဒီလိုနေ့၊ ဒီလိုသမိုင်းနဲ့ ဒီလို အဓိပ္ပာယ်မျိုးကို နှစ်ပေါင်းများစွာ ဖယ်ရှားပိတ်ဆို့ထားခြင်းခံခဲ့ရ တာပါပဲ။ ဟော ဒီလိုအချိန်မှာပဲ အစိုးရသစ်က ဘွားခနဲပြောင်းပြီးနောက် အာ ဇာနည်နေ့ဆိုတဲ့ အသံတွေနဲ့ အိမ်ခန်းနံရံတွေပေါ်ကနေ ဖြုတ် ပြီး သိမ်းဆည်းထားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေ လည်း လမ်းဘေးအထိ ပလူပျံခွင့်ရလာပါရော လား။ ဒီတော့ ဟိုးယခင်က အစဉ်အလာအတိုင်း အာဇာနည်နေ့မှာ ဥသြဆွဲ ခြင်းဓလေ့ ပြန်အသက် သွင်းဖို့ဆိုတဲ့ခေါင်းစဉ်က ခုတလော သောသောညံနေတာပေါ့ဗျာ။
တိုင်းလုံးကျော်တို့ရဲ့ ဇာတ်လိုက်ကြီး ဖေ့စ်ဘွတ်တစ်ခွင် မှာလည်း ဒီနေ့မှာ ဥသြဆွဲဖို့အရေး စာကဗျာတွေ ရေးကြ၊ ပေါက်ကွဲကြ၊ ငြင်းခုန်ကြနဲ့။ တိုင်းလုံးကျော်တို့ကလည်း အစွယ် မရှိတဲ့ သူတွေဆိုတော့ ပွဲကြည့် ပရိသတ်ပေါ့လေ။အဟဲ…ဒီလို ဒီလိုတွေ မြင်တော့ တစ်ယောက်သောသူ ကို တိုင်းလုံးကျော် သတိရမိသားဗျာ။ အခုလိုပဲ အာဇာနည်နေ့ မှာ အရင်ကလို တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဥသြသံပေးဖို့အရေး လွှတ်တော်တွင်း ဆွေးနွေးတော့ ထိုတစ်ယောက်သောသူ ဝန်ကြီးတစ်ပါးက ကန့်ကွက်ပုံလေး လွှတ်လှမဟုတ်လားဗျာ။ အဓိက ဆိုလိုရင်းကတော့ဗျာ။ ဘာ တဲ့ ဒီလိုမျိုး ဥသြဆွဲပြီး လမ်းပေါ်သွားနေသောကားများ ရပ် တန့်ထားပါက ယာဉ်ကြောပိတ်ဆို့ပြီး လမ်းသွားလမ်းလာများ အတွက် အနှောင့်အယှက်ဖြစ်မည်စိုး၍ ဆိုသကိုး။
အဲဒီတုန်းကလည်း ဒီပြက်လုံး။ အဲ… ဒီလျှောက်ထုံး တအုန်းအုန်းပွဲ ကျခဲ့ကြပြီး ရွှေဥာဏ်တော်စူးရောက်တဲ့ ဝန်ကြီး ရဲ့ စိတ်ဓာတ် ကို တောက်ခေါက်ခဲ့ကြသေး မဟုတ်လား။ ဘယ့် နှယ်များဗျာ။ ဒီလိုဥသြဆွဲရင်ဖြင့် သွားလေသောကားများသာ မက လူများပါ ရောက် တဲ့နေရာရပ် တန်ဖိုးထား တမ်းတစွာ လေးလေးနက်နက် ဂါရဝပြုရမှာ မဟုတ်လား။ အဲဒီ့အချိန် ဘယ်သကောင့်သားက ရပ်ထားတဲ့ ကားတွေ၊ လူတွေကြား မျက်နှာပြောင်တိုက်ပြီး စပ်ဖြီးဖြီးနဲ့ လမ်းလျှောက်နေပါ့မလား။ သို့သော်လည်း အလျှောက်ကောင်းတော့ အဲဒီအဆိုလည်း နိဋ္ဌိတံ။ ခံလက်စနဲ့ ဆက်ဆက်ခံနေရတဲ့ တိုင်းလုံးကျော်တို့ မြန်မာပြည် သားများလည်း ချော် လဲရောထိုင်၊ ရယ်သလို ချေသလိုနဲ့ ဟပ် ချိုး..ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ လုပ်ခဲ့ရတာပါပဲလေ။
တိုင်းလုံးကျော်သဘောကတော့ ဒါဟာနိုင်ငံအတွက်တစ် သက်မှတစ်ခါ ဆိုသလောက် တိုင်းပြည်အတွက် အသက်ကိုပင် ရဲရဲစွန့်သွားနိုင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများကို အလေးဂရုပြု ခြင်းဖြစ်သလို နှစ်ပေါင်းများစွာ သမိုင်းဖျောက်ထားခဲ့ရတဲ့ တန် ဖိုးများအရိုးတွန်ခြင်းလို ခံစားစေနိုင်တာ မို့ ထောက်ခံကြောင်းပါ။အဲ..ထုံးစံအတိုင်း သို့သော်လည်းပေါ့လေ။ တိုင်းလုံး ကျော်တို့ ဘော်ဒါတစ်သိုက် ဥသြဆွဲခြင်းကို အရေး တယူ ဆွေး နွေးနေခိုက်မှာ မျိုးဆက်သစ်မောင်မယ်တစ်စုက နားထောင် ရင်း မိန့်တာက ”ဆရာတို့ကလည်း အဲလိုသာဆို ဒီလောက်ကား တွေများလာရတဲ့အထဲ ဥသြသာအကုန်ဆွဲကြမယ်ဆို ဆူညံ ပွက်လောရိုက်နေတော့မှာပဲ။ နားညည်းလို့ မခံနိုင်ဘဲ ထွက် ပြေးရမှာ” ဟူသတတ်။ ဂဏှာဟိ။ မှတ်လေလော့..။ တိုင်း လုံးကျော်လည်း ရှက်ရှက်နဲ့ ပါးစပ်သာ ပိတ်ထားရတော့သကိုး။ အင်း မိတ်ဆွေ တစ်ယောက် ပြော သလိုပေါ့လေ။
”အဓိက ကတော့ဗျာ။ သမိုင်းတန်ဖိုးကို သိဖို့ပါပဲ။ ဗိုလ် ချုပ်တို့ ပေးခဲ့တဲ့ အသက်သွေးချွေးတွေရဲ့ အရင်းအနှီးကြောင့် လွတ်လပ်ရေးရခဲ့သလို ဘာပဲဖြစ်ဖြစ်နိုင်ငံဟာ သူ့ကျွန်အောက် ကနေ လွတ်ပြီး အသက်ဝဝရှူနိုင် ခဲ့တာကို သတိတရ တန်ဖိုး ထားတတ်ကြဖို့လိုတယ်။ ဥသြဆွဲတာ မဆွဲတာထားပါ။ အခု ခင်ဗျား ဘယ်ရုပ်ရှင် ရုံမှာ နိုင်ငံတော် သီချင်းနဲ့ စဖွင့်သေးလို့လဲ။ ဖွင့်ခဲ့ရင်လည်း အကုန်လုံး သီချင်းဆုံးအောင် မတ်တတ်ရပ်အရို အသေပြုနေဖူးလို့လဲ။ လူမမြင်ရတဲ့ အမှောင်ထဲ မှာတော င် နိုင်ငံတော်အလံကို အလေးပြုဖို့ ကျုပ်တို့လူမျိုးတွေ ရှက်တတ် နေပြီဗျ”တဲ့။
ဒီလို မဖြစ်ချင် ဒါကိုရှောင်ဆိုသလို ဒီလိုဖြစ်အောင် ဒါ တွေ လုပ်ခဲ့တယ်လို့ လက်ညှိုးထိုးရတာများနေတော့လည်း ငယ်ငယ်က ဘူးသီးလက်ညှိုး ထိုးမိရင်ပုပ် တတ်တယ် ဆိုလို့ ကိုယ့် လက်ညှိုးလေးကိုယ်ပြန်ကွေး ထားရသလိုပေါ့လေ။ ခေတ် စနစ်ဆိုးအောက် တန်ဖိုးများပျောက်ခဲ့သည်လို့ပဲ တိုင်းလုံးကျော် ဆိုချင်ပါတော့ တယ်လေ။ ကဲကဲ…အာဇာနည်လွမ်း ဇာတ်တစ်ခန်းရပ်လို့ အုတ် အော်သောင်းတင်း မကောင်းသတင်းနဲ့ အတင်းအဖျင်း မဟုတ် တဲ့ ဖြစ်ရပ်မှန် အထုပ်လေးတွေ လည်း ဖြည်ပါရစေဦး လားဗျာ။
တိုင်းလုံးကျော်လည်း သာမန်ပြည်သူ ပြည်သားဆိုတော့ အများတကာလို လည်း ကျီးလန့်စာစား မနေလိုတာအမှန်။ ဒါ ပေမဲ့ ခေတ်ပြောင်း ပြီ ခေတ်ပြောင်းပြီနဲ့ ဝမ်းသာရမယ်မှ မကြံ သေး။ လူမျိုးရေး၊ဘာသာရေး၊ ဟိုအရေးဒီအရေးတွေက မိုးဦး ကျမှိုတွေလို ပေါက်ဖွားလာလိုက်တာ တိုင်းလုံးကျော်ကတော့ ကန်စွန်းရွက်အနားမရှိလို့ မတို့မထိရဲပေါ့လေ။ ဒါပေမဲ့ တိုင်းလုံးကျော်လည်းနိုင်ငံရေးပရောဟိတ်မဟုတ်ပေမယ့် ရင်စည်း ခံလာရတဲ့အတွေ့အကြုံတွေအရ သုမနကျောကဒဏ်ရာတွေက မတော်တဆလား၊ အထူးပြုလုပ်ချက်လားဆိုတာဇဝေဇဝါပါပဲ။အခုပဲကြည့် မကြာသေးခင်က ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာနေရာဖြစ်တဲ့ ဗုဒ္ဓဂယာမှာ မကြားဝံ့မနာ သာ ဗုံးပေါက်ပါရောလား။ ဘုရားပွင့်တော်မူရာ အရပ်လို အလွန်မြင့်မြတ်တဲ့ အရပ်ဌာနမှာ ဒီလိုယုတ်ယုတ်မာမာ ကြံဝံ့၊ ပြုဝံ့တာကို သတင်းတွေမှာ ကြားရမြင်ရတော့ လူအဖြစ်ရဲ့ မြင့် မြတ်မှုဆိုတာ ရေပေါ်အရုပ်ရေးသလိုလားလို့ တိုင်းလုံးကျော် မေးရတော့မယ်။
သူကိုငါသတ်၊ ငါ့ကိုသူသတ်ဆိုတဲ့ ဇာတ်မျိုးဟာ သံသရာ တစ်ဆုံး နိဂုံးမချုပ်တတ်တဲ့ အမုန်းတရားပါ။ ဒီလိုနေရာမျိုး မှာတောင် ဒီလိုရက်စက်နိုင်မှတော့ တိုင်းလုံးကျော်တို့လို ဘဝ လုံခြုံမှု အာမခံချက် နည်းရှာတဲ့ ပြည်သူများအတွက် ရတက်မ အေး၊ အသက်လေးမှ ဝဝမရှူနိုင်တာ အမှန်ပါပဲဗျာ။ အထူး သဖြင့် အများပြည်သူ လုံခြုံရေးအတွက် ဘယ်သူတွေကိုများ ယုံမှတ်လို့ ပုံအပ်ရပါ့မလဲ။    လူမျိုးဘာသာမရွေး အဆီးအတားမရှိ ဝင်ထွက်ခွင့်ရှိတဲ့ သာသနာ့နယ်မြေ များမှာပါ မလုံခြုံနိုင်တော့တဲ့ အခြေအနေမို့ တိုင်းလုံးကျော်တို့ခေတ်မှာမှ ဘုရားတန်ဆောင်း ဘုန်းကြီး ကျောင်းတွေကို မှတ်ပုံတင်ပြ၊ ထောက်ခံစာပြမှ ဝင်ခွင့်၊ ဖူးခွင့် ကုသိုလ်ပြုခွင့် ရရတော့မှာလား။ လက်ရှိ အစိုးရသက်တမ်း ကလည်း တစ်ဝက်ကျိုး၊ ပထမ အကြိမ်နဲ့ ခတ်ကွင်းမတူတဲ့ ဒုတိယ အကြိမ် ပြည်လုံးကျွတ် ရွေး ကောက်ပွဲကလည်းမဝေးတော့တဲ့ အခြေအနေမှာ မဖြစ်နိုင်ဘူး ဆိုတဲ့ဝေါဟာရ ကျုပ်အဘိဓာန်မှာမရှိဘူး’ ဆိုတဲ့ နပိုလီယံ ကြီးရဲ့စကား တိုင်းလုံးကျော် ကြားယောင်လာသဗျာ။
လွန်တယ် မထင်ပါနဲ့ဗျာတို့၊ ဒီလတွေထဲ ညဘက်တွေမှာ လမ်းပေါ် အကာအရံထား၊ ဖြတ်သွားဖြတ်လာ ကားများကို ရှောင်တခင် စစ်ဆေးနေ တာ တွေ့ရပါတယ်။ တကယ်တော့ဒီ စစ်ဆေးတာမျိုးကို တိုင်းလုံးကျော် ဘဝင်မကျတာ ကြာပါပြီ။ ကြည့်လေ၊ ကားတစ်စီးလာ၊ ယာဉ်မောင်း လိုင်စင်ပြ၊ ကား ထဲဓာတ်မီးနဲ့ထိုး။ ရဲဘော်လေးတွေ ဖြစ်ဖြစ်၊ မီးသတ် ပဲဖြစ်ဖြစ် အိပ်ချင်မူးတူး စူစူပုပ်ပုပ်နဲ့ပါလာတဲ့ ခရီးသည်အရေ အတွက်ကို အော်၊ ကားထွက်စေ သတည်း။ တိုင်းလုံးကျော်လည်း တွေးပါ တယ်။ ပေါင်ပေါ်တင်ထားတဲ့ လွယ်အိတ်ထဲဗုံးတို့၊ ဘိန်းတို့ ပါ လာရင် ဘယ်နှယ်လုပ်ကြမလဲကွယ်တို့လို့။ ဒီလိုစစ်ပုံမျိုးနဲ့ ကား ပေါ် အလောင်းသယ်လာရင်တောင် ရလောက်တယ်လေ။
ဒီကြားထဲ တစ်ည မိတ်ဆွေတစ်ယောက်နဲ့ ကားစပ်တူ ငှားပြန်ကြတော့ ကားဆရာက လမ်းမပေါ်ကနေဖဲ့ဆင်းပြီး လမ်းကြိုလမ်းကြား ကနေ မောင်းပါတယ်။ အကြောင်းရင်းမေး တော့ ပိုက်ဆံတောင်းလို့တဲ့။ တိုင်းလုံးကျော်လည်း နားရွက်တွေ ဘာတွေထောင်ပြီး ရေးကွက်တော့ ရပြီပေါ့လေ။ သေချာမေး တော့မှပဲ လိုင်စင်တို့ ဘာတို့ မပါရင် ပိုက်ဆံတောင်းတာပါတဲ့။အေးပေါ့လေ။ ပါသင့်ပါထိုက်တာ မပါရင်တော့ခံပေါ့။ အဲ….ဒါပေမဲ့ လုံခြုံရေးအတွက် လုပ်နေတာဆိုတော့ တ ကယ်လို့များ မသမာသူတွေကရော ဒီလို လိုင်စင်တို့၊ ဘာတို့ မပါဘဲ မောင်းလာတာတွေ့လို့ ပိုက်ဆံတောင်း ဘာညာညှိပြီး ရပြီဆက်မောင်းလို့ လွှတ်ပေးမိမှဖြင့် အမယ်မင်း-ရွှေသမင်များ အတွက် ထွက်လမ်းပေါပါ့ဗျာလို့သာ ငိုချင်းချရတော့မှာပဲ။
ဒီတစ်ပတ်တော့ တိုင်းလုံးကျော်လည်း ရပ်ထဲရွာထဲလည် ပတ်မိတာ ဆိုတော့ ပြည်သူကြားက ရင်မအေးတဲ့ အကြောင်း များနဲ့ နှစ်ပါးသွား ရတာပေါ့ဗျာ။ တိုင်းလုံးကျော်တို့အမြဲ ဂရုထား ပွားများနေရတဲ့ အင်တာ နက်ဖေ့စ်ဘွတ်ဆိုတာကြီးကလည်း တစ်နေ့တစ်နေ့ တို့မီးရှို့မီး တွေသာမက စိတ်ညစ်စရာသတင်းတွေ၊ ပုဂ္ဂိုလ်ရေးအပုတ်ချ စော်ကားမှုတွေ နဲ့ ဝေလေလေတွေက ပိုများလာနေသလိုမို့ တစ်ခါတစ်ခါလည်း ဒီလိုလေး ရပ်ထဲရွာထဲ ဆင်းရသေးပေါ့ဗျာ။ အဲဒီလိုဆင်းတော့ လည်း အောက်ခြေမှာက ဘဝကိုယ်စီက ထုံး စံမပျက် ရှေ့ဆက်နေတုန်းဗျ။
ဖေ့စ်ဘွတ်နိုင်ငံတော်ကြီးမှာ ပွက်ပွက်ညံနေတာတွေက ပြင်ပကမ္ဘာနဲ့ လားလားမျှမဆိုင်သလိုကြီးဗျာ။ နေမြဲအတိုင်းလူ မျိုးပေါင်းစုံ သူ့အလုပ်နဲ့သူ သူ့ဘဝနဲ့ သူ နေနေကြတာပါပဲ။ အားလုံးက စားဝတ်နေရေးနွံထဲမှာ ကိုယ့်လက်ကိုယ့်ခြေ တစ် နိုင်တစ်ပိုင်ရုန်းကန်နေရတုန်းဗျ။ ဒါကလည်း အထူးအ ဆန်း တော့ မဟုတ်ပါဘူး။ တိုင်းလုံးကျော်တို့လည်း လူလတ်တန်းစား ဆိုပေမယ့် ကာယနဲ့ဥာဏသာ မတူတယ်၊ လက်လှုပ်မှ ပါးစပ် လှုပ်ရတာချင်းအတူတူလေ။ တိုင်းလုံးကျော်နဲ့ နီးစပ်သူအများ စုက ဝန်ထမ်းတွေများတော့ သူတို့တွေရဲ့ ညည်းချင်းပေါင်းစုံ ကိုသာ ဒီရက်ထဲ ပိုပို ကြားနေရသဗျာ။ အားလုံးဆိုကြတာက အဆင်မပြေဘူးဆိုတာပဲ။ အထူးသဖြင့် ပုဂ္ဂလိက ဝန်ထမ်းတွေ။ အလုပ်ကိုသာ သေအောင်ခိုင်းကြ တယ်။ ပေးထားတဲ့ လစာက မလောက်မင။ ဆုကြေးနဲ့ ခံစားခွင့်ကနတ္ထိ။ တိုင်းလုံးကျော်သိတဲ့ ကုမ္ပဏီတစ်ခုက မာကက်တင်းဝန်ထမ်းလေး တွေနဲ့ စကားစပ်မိ ရင်း မေးမိတော့ သူတို့လစာက ငါးသောင်းတည်းပါတဲ့။ ငါး သောင်းဆိုတာက တစ်ရက်ကို ၁၆ဝဝ စွန်းစွန်းလောက်လေးဗျ။
တခြားဘာပေးထားလဲဆိုတော့ ဟင့်အင်းတဲ့။ အလိုဗျာ။ ကော်မရှင်ဆို တာရှိပေမယ့် ဒီအတွက် သတ်မှတ် ထားတဲ့ ဘတ်ဂျက်ကိုရောက်ဖို့ အသေအလဲ ရုန်းရ တာကလား။ ဒီတော့ မလောက်မင၊ မလောက်တော့ အင်း…။ လူတွေရဲ့စာရိတ္တပျက်စီးခြင်းအတွက် မကောင်းဘူး၊ မလုပ်သင့်ဘူးဆိုတဲ့စကားထက် ပိုလက်တွေ့ကျတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ ပိုလိုအပ်နေပြီလို့ တိုင်းလုံးကျော်တော့ ဆိုချင်ပါ သဗျာ။ ဘာလို့လဲဆို သူတို့ပြောပုံအရဆို ဈေးဖိုး ကြွေးတွေ လိုက်သိမ်းရင်း သုံးမိကြ။ ငွေကများလာမှ စာရင်းကပေါ်။ လျော်မယ်ဆိုပြီး ပြန်မလာတော့တဲ့ ဝန်ထမ်းတွေကြောင့် သူတို့ခမျာ ကြားထဲက ငထွား ခါးနာသလိုကော်မရှင်လည်းမရ၊ အထုအထောင်း လည်း ခံကြရပါသတဲ့ဗျာ။ သူဌေးများ အတွက်ကျ ငကန်းသေ ငစွေလာမဟေ့ဆိုတဲ့ ပုံစံမျိုးကနေ မပြောင်းလဲပါဘူးတဲ့။ ထုံစံအတိုင်း လစာကတော့ တက်မလာဇာတ် ပေါ့လေ။ ဒါဆိုမလုပ်နဲ့ပေါ့ဗျာလို့ ဆိုမိရင်ဖြင့် ဆက်လက်ကြားရမယ့် ဘဝအမောတွေ ကို နားမထောင်ရဲတာကြောင့် တိုင်းလုံးကျော်လည်း ခပ်သုတ်သုတ် စကားဖြတ် လစ်ထွက်ရတာတွေ လည်း များနေပါပြီ။ ဒါနဲ့ လမ်းထိပ်က ကွမ်းယာ ဆိုင်မှာဝယ်ရင်း မနေနိုင်တဲ့ပါးစပ်က စပ်စုမိပြန် ရော။ ကွမ်းရောင်းတာက ကောင်မလေးတွေပါ။ ဆိုင်ခွဲသုံးလေးဆိုင်နဲ့ စီးပွားဖြစ်ထွန်းနေတဲ့ဆိုင် မဟုတ်လား။ ညည်းတို့ အဆင်ပြေလား ဘယ် လောက်ရကြလဲပေါ့။ လစာကလေးသောင်း၊ မုန့်ဖိုး က တစ်နေ့ ငါးရာပေးပါတယ်တဲ့။ ဒီတော့ ငါး သောင်းခွဲပေါ့လေ။ စုမိကြတယ် မဟုတ်လားမေးတော့ ထူး ထူးခြားခြား မကြားဖူးတာ ကြားလိုက်ရပါသကောလားဗျာ။ သူတို့အလုပ်ရှင်က ပိုက်ဆံစုတာ လက်မခံဘူး။ ခွင့်မပြုပါ ဘူးတဲ့။ အလိုဗျာ။ ကြားသားမိုးကြိုး။ ချွေတာစုဆောင်း သူဌေး လောင်းဆိုတာ မလိုအပ်တော့ဘူးလား။ အကြောင်းရင်းမေးမိတော့ ပိုဆိုးသွားရသဗျာ။ အလုပ်သမား တွေ အဲလိုငွေစုထားရင် ထားနိုင်တယ်ဆိုရင် ရောင်းရငွေထဲက ခိုးတယ်လို့ ယူဆပါ သတဲ့။ အင်မတန် အောက် တန်းကျ စွာ စော်ကားခြင်းလို့ပဲ တိုင်းလုံးကျော်တော့ ခံစားလိုက်ရတယ်ဗျာ။ ဒါပေမဲ့ မပြောမိ ပါဘူး။ ပြောမထွက်ပါဘူး။ သူတို့လေးတွေ ဒီလိုအခြေအနေ မျိုးမှာ သူတို့ရိုး သားမှုကို စော်ကားသလို မတွေးမိဘဲ အလုပ် လုပ်နေရတဲ့ နောက်ကွယ်မှာ ဘယ်လိုငဲ့နေရတဲ့ ဘဝတွေရှိနေ မလဲ။ အလုပ်သမားများ ဘဝအဆင်ပြေဖို့ကို အလုပ်ရှင်သူဌေး များ မလိုအပ်ဘူးလား။ မတွေးဘူးလား။ သူတို့အဆင်မပြေလေ ငါတို့ဆီမှာ ကျွန်ခံလုပ်လေလို့များ တွေးမိနေကြသလား။
ငါတို့ကျေးဇူးကြောင့် သူတို့ ဒီလို စားသောက်နေရတာ လို့များ တွေးမိနေကြ သလား။ ဘုရား ဘုရား…။ တိုင်းလုံးကျော် တကယ်ပဲ ဘုရားတ သံဝေဂရမိ ပါတယ်။ တကယ်တော့ ကြား ကြားနေရသလို လူမှောင်ခိုကူးတာတို့၊ လိင်အလုပ်သမအဖြစ် ရောင်းစားခံရတာတို့ကိုသာ ဆိုးတယ်ထင်ကြတာ။ ဒီလိုအဖြစ် မျိုးကမှ လူအခွင့်အရေးနဲ့ လူ့တန်ဖိုးကို ရက်ရက်စက်စက် စော် ကားခံမျက်ကွယ်ပြုခံနေကြရတာပဲမဟုတ်လားဗျာ။ ခေတ်ကြီး ကပြောင်းနေပါပြီတဲ့ ။ လူတွေကလည်းခေတ်ပြောင်း စနစ်ပြောင်း နဲ့ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံတော်ကြီးကို လိုချင်နေပါပြီတဲ့။ တိုင်းလုံးကျော်တော့မောတယ်။ အသက် ရှူကျပ်အောင် ကို မောပါတယ်ဗျာ။ ရှေးစကားနဲ့သုံးရရင် ဒီမိုး ဒီလေ ဒီလူ တွေနဲ့ အင်း………..ထူးထူးခြားခြားဗျာ။
တိုင်းလုံးကျော်စိတ်ထဲ ဘာကို တွေးမိလိုက်လဲဆိုရင် ဆိုင်လား မဆိုင်လားတော့မသိ။ ရွှေတိဂုံဘုရားပေါ် လင်းတ ငှက်နားတာကို အလိုလိုသတိရလိုက်မိ တယ် ဗျ။ ခေတ်ဆိုတာက ကာလအပိုင်း အခြားတစ်ခုခုကို သတ်မှတ်ခေါ်ဝေါ်တာဖြစ်သ လို အဲဒီခေတ်ရဲ့အဓိပ္ပာယ် ကိုလည်း လူတွေကသာ ဆေးရောင် ခြယ်စမြဲမို့ လူတွေ ပျက်၊ လူတွေပျက်တော့ ဓာတ်တွေပျက်၊ ဓာတ်တွေပျက်တော့ မှီတင်းနေတဲ့ ကံစိတ် ဥတုအာဟာရတွေ ပျက်… နောက်ဆုံး ခေတ်ပါ ပျက်ရကိန်းဆိုက်တတ်ကြောင်း ကို နှလုံးသွင်းရင်း ဒီတစ်ပတ်တော့ တိုင်းလုံးကျော်လည်း စိတ် ပျက်လက်ပျက်ခြင်းများစွာနဲ့ ဘုရားတက်ပြီး ပုတီးသက်စေ့စိပ် ဖို့ပြင်လို့ ဒီတစ်ပတ်ရွာလည်ခြင်း တရားဓမ္မနဲ့ ပုဒ်မချလိုက်ရ ကြောင်းပါ ဘုရားဒကာတို့။ အားလုံး ဓါးပြ ဓါးပြ အဲ မှားလို့ ဗျာ…အမျှ အမျှ အမျှ ….ပါဗျို့ ။
တိုင်းလုံးကျော်
ခုတလော တိုင်းလုံးကျော်တို့ အပေါင်းအသင်းတွေကြား ရေပန်း စားနေတာကတော့ ဥသြဆွဲခြင်းပါပဲ။ ဥသြဆွဲခြင်းဆို တော့ မထိတ်သာ မလန့်သာ ရင်တုန်ပန်း တုန် ဖြစ်မ သွားကြပါနဲ့ဗျာ။ရန်ကုန်မှာကလည်း ကူးတို့ဆိပ် မီးဘေးကစလို့ မကြာ ခဏ မီးသတ်ဥသြသံတွေ ဟိုနေရာ ကကြား၊ ဒီနေရာကကြားခဲ့ရ တာကတစ် မျိုး။ တစ်ခုခုဆို မီးရှို့တယ် ဆိုတာတွေက ဒီနှစ်ထဲ ရေပန်းစားနေတော့ ဥသြဆွဲခြင်းကို အဓိပ္ပာယ် တစ်မျိုးနဲ့ အဆိုး မတွေးလိုက်ကြပါနဲ့ဗျာတို့။
ဒီလက ဇူလိုင်လ။ ဇူလိုင်ဆိုရင် မြန်မာနိုင်ငံသားအားလုံး အလိုလိုရွတ်မိတဲ့ စကားရှိပါတယ်။ သိကြတဲ့အတိုင်း အထူးတ လည် စဉ်းစားစရာမလိုပါဘူး။ ‘၁၉ ဇူလိုင် မမေ့နိုင်’။ အမှန် ပါပဲဗျာ။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ခုနှစ်ထက် ဒီလ ဒီ ရက်ကို အားလုံး အလွယ်တကူ သတိတရရှိနေကြဆဲပါ။ အဲ…သို့သော်လည်းပေါ့လေ။ အသက်အရွယ် နဲ့အတွေ့အကြုံ အရတော့ တန်ဖိုးထား လေးနက်မှု ကတော့ ကွာမှာ သေချာပါတယ်။ တိုင်းလုံးကျော် ဒီလို ဘာဖြစ်လို့ ပြောရလဲဆိုရင် အစကရေးခဲ့တဲ့ ဥသြဆွဲခြင်းကြောင့်ပါပဲ။
"မလိုသည်ကို ခြစ်ပစ်ပါ" (မင်းလူ)
Photo: "မလိုသည်ကို ခြစ်ပစ်ပါ" (မင်းလူ)
===================
 ငှက်ကလေးတွေကိုတော့ ဘယ်တုန်းကမှအနိုင်မရခဲ့။ သူအိပ်ရာမှနိုးသည့်အခါတိုင်း ဦးစွာနိုးနေသော ငှက်ကလေးများ၏အော်မြည်သံကို ကြားရစမြဲဖြစ်သည်။ ဩော် သူတို့ကတော့ ညည ဟိုတွေးသည်တွေးနှင့် အိပ်မပျော်တာမျိုးမှ မရှိကြဘဲဟု တွေးမိသည်။ သူ့မှာသာ လကုန်ခါနီးရက်များဆိုလျှင် အိပ်မပျော်နိုင်တာမျိုးကြုံရသည်။
 ဘယ်လောက်ပင်အိပ်ရေးပျက်ပျက် မနက်ငါးနာရီခွဲဆိုလျှင် နိုးရစမြဲဖြစ်သည်။ နာရီဝက်လောက် ပိုမှိန်းမိလျှင် အစီအစဉ်တွေအကုန်ကမောက်ကမ ဖြစ်ကုန်လိမ့်မည်။
 ဒီနေ့လည်း ခါတိုင်းလိုပင် အချိန်မှန်နိုးသည်။ ကိုယ့်မျက်လုံးကို ကိုယ်စိတ်ချသော်လည်း ပြုမြဲထုံးစံအတိုင်း အစ်ကို့ခေါင်းအုံးအောက်လက်လျှို၍ လက်ပတ်နာရီကိုယူကြည့်သည်။ ညကြည့်နာရီ၏ ဒိုင်ခွက်မှာ ငါးနာရီသုံးဆယ့်လေးမိနစ်ကိုပြနေသည်။ အစ်ကို့နာရီနည်းနည်းမြန်နေတာဖြစ်ရမည်။
 အစ်ကိုသည် စောင်ကိုတင်းတင်းခြုံပြီး စန့်စန့်ကြီးအိပ်နေသည်။ သူတို့နှစ်ယောက်ကြားမှာအိပ်သော သမီးငယ်က သူ့ရင်ခွင်ကြားမှာ အတင်းတိုးဝင်နေသည်။ အစ်ကို့ ဟိုဘက်မှာ အိပ်သည့် သားငယ်သည် ထုံးစံအတိုင်း စောင်လွတ်နေမှာ သေချာသည်။
 သားကြီးနှင့်သားငယ်တို့အတွက်စောင်တစ်ထည်ပေးထားရာ သားကြီး အရအမိ လုခြုံတတ်သည်။
 အစ်ကို့ကိုယ်ပေါ်ကကျော်ပြီး စမ်းကြည့်သောအခါ အေးစက်နေသော သားငယ်၏လက်မောင်းကို စမ်းမိသည်။ အစ်ကို့စောင်ကို သားငယ်အားမျှခြုံပေးလိုက်ရသည်။ သူတို့လင်မယား ညားခါစတုန်းက စောင်တစ်ထည်တည်း နှစ်ယောက်ပူးကပ်ပြီးခြုံသဖြင့် စောင်တစ်ထည်ပိုနေသည်ကိုသတိရသည်။
 အိပ်ရာမှ အသာထသည်။ ခဏကြာလျှင် သမီးငယ်သည် သူ့အဖေဘက်တိုးကပ်သွားပေလိမ့်မည်။
 မီးဖိုချောင်ဘက်သို့လာခဲ့သည်။ ခုချိန်မှစ၍ မနက်ပိုင်းလုပ်ငန်းအစီအစဉ်ကို မရပ်မနားဆက်တိုက်လုပ်ရတော့မည်ဖြစ်သည်။
 ကျွမ်းကျင်သောတိုက်ခိုက်ရေးခေါင်းဆောင်တစ်ယောက်သည် ရန်သူ့စခန်းကို ဝင်စီးရာတွင်ဘယ်အပိုင်းကိုဘယ်နှမိနစ်နှင့် အပြီးလုပ်၊ ဘယ်နေရာကို ဘယ်အချိန်အရောက်သွား၊ ဘယ်ဗုံးကို ဘယ်အချိန်မှာဖောက်ခွဲစသည်ဖြင့် အချိန်အတိအကျလုပ်ရသည်။
 ခုလည်းသူသည် စက္ကန့်များကို အကျိုးရှိစွာကွက်တိအသုံးချရပေလိမ့်မည်။
 မီးဖိုထဲရောက်ရောက်ချင်း မီးသွေးမီးဖိုကို မွှေးရသည်။ အစဦး မီးရှိန်ရအောင် ထင်းရှူးချောင်းကလေးကို အသုံးပြုရ၏။ 
 ကျွမ်းကျင်နေပြီဖြစ်၍ ခဏအတွင်းမှာ မီးရှိန်ကောင်းလာသည်။ ရေနွေးအိုး တင်လိုက်သည်။
 ထို့နောက် ရေကပြင်ဘက်ထွက်သည် တံခါးကို ဖွင့်လိုက်သည်။ ဆောင်းလေအေးက ပက်လိုက်သည်။ တုံ့ခနဲဖြစ်သွားသည်။ ကိစ္စမရှိ။ ခဏကြာလျှင် ချွေးပင်ပြန်လာလိမ့်ဦးမည်။
 သွားတိုက်သည်။ မျက်နှာသစ်သည်။ ရေနွေးကိုအရင်တည်ထားနှင့်သဖြင့် ခုချိန်မှာ အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်နေသလို ဖြစ်သွားသည်။
 စဥ့်အိုးထဲမှရေက ရေခဲရေလို အေးစက်နေသည်။ သို့ရာတွင် လူကိုလန်းဆန်းသွားစေသည်။ အိပ်ခန်းထဲဝင်ပြီး မျက်နှာသုတ်ရင်း ခြင်ထောင်ထဲသို့ချောင်းကြည့်လိုက်၏။ သားငယ်စောင်လွတ်နေပြန်ပြီ။ ခြင်ထောင်ထဲပြန်ဝင်၍ သားငယ်ကို သားကြီးခြုံထားသောစောင်ကြားထဲ ထည့်ပေးလိုက်ရသည်။ အစ်ကို့အသက်ရှူသံကခပ်ပြင်းပြင်း။
 ထိုအချိန်မှာပင် 'ပဲပြုတ်'ဆိုသော အသံကြားရသည်။ ဝယ်နေကျဖြစ်၍ တမင်အသံပြုခြင်းပင်။ နောက်ဖေးဘက်သို့ ပြန်ထွက်လာသည်။ ပဲပြုတ်သည်ကြီးက တောင်းကို ရေကပြင်ပေါ်ချပြီးစောင့်နေသည်။ သံပန်းကန်ပြားလှမ်းပေးသောအခါ အဆင်သင့် ချိန်ထားပြီးသားပဲပြုတ်တစ်ဆယ်သားထည့်ပေးသည် ငွေတစ်ကျပ်ပေးလိုက်သည်။
 မီးတောက်နည်းသွားသော မီးဖိုကို ယပ်ခတ်ပြီး မီးရှိန်ပြန်မြှင့်သည်။
 ကြောင်အိမ်ထဲက ထမင်းအိုးကိုထုတ်၍မီးဖိုဘေးချလိုက်သည့်အချိန်မှာပင် ရေနွေးအိုးဆူသည်။ ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ဆီနည်းနည်းဖြူးလိုက်၏။ ရေနွေးကြမ်းအိုးထဲသို့ ရေနွေးထည့်သည်။ လက်ဖက်ခြောက်ခတ်ပြီး အဝတ်အုပ်ဆောင်းဖြင့်ပြန်အုပ်ထားလိုက်သည်။
 ဒယ်အိုးထဲကဆီကျက်ပြီးတဖျစ်ဖျစ်မြည်လာသည်။ အိုးထဲကို ထမင်းကြမ်းတစ်ခဲလုံးထည့်လိုက်သည်။ ပြီးတော့ သံယောက်မဖြင့်ချေသည်။ တရှဲရှဲမြည်လာသောအခါ ပဲငံပြာရည်လောင်းထည့်ပြီးမွှေသည်။ ဆားနည်းနည်း အချိုမှုန့်နည်းနည်းခတ်သည်။ ခဏအုပ်ထားပြီးသောအခါ ထမင်းကြော်ကျက်၏။ ဒီနေ့တော့ ကြက်သွန်ကလေးတောင်မထည့်ဖြစ်တော့။
 သံပန်းကန်ပြားလေးချပ်နှင့် ကြွေပန်းကန်ပြားတစ်ချပ်ကို ရေနည်းနည်းဖြင့်ကျင်းလိုက်သည်။ ကြွေပန်းကန်ထဲကိုများများထည့်သည်။ အစ်ကို့အတွက် ကလေးသုံးယောက်ဖို့ အညီအမျှ ထည့်သည်။ ပြီးတော့ ပန်းကန်တွေထဲကို ပဲပြုတ်မျှထည့်သည်။ ကျန်တာကို ချိုးကပ်နေတာတွေပါခြစ်ထည့်ပြီး သူစားလိုက်သည်။
 ကိုယ်ကိုယ်တိုင်ကြော်ချက်ပြီး ကိုယ်စားချင်သလောက်အရင်စားလို့ရပါလျက် လျှော့စားတတ်သည်မှာအိမ်ရှင်မတို့၏ သဘာဝပင်။
 ရေနွေးကြမ်းပူပူတစ်ခွက်ကိုမှုတ်သောက်လိုက်သောအခါ နွေးထွေးသွားသည်။
 ခြောက်နာရီဆယ့်ငါးလောက်ရှိပြီဖြစ်၏။ သားနှစ်ယောက်ကို သွားနှိုးရသည်။ သားကြီးကလှုပ်နှိုးလိုက်သည်နှင့် ငေါက်ခနဲထလာသည်။ သားငယ်က နှိုးလို့မရ။ ခြေနှစ်ချောင်းကိုကိုင်ပြီးဆွဲရာ လျှောပြီးပါလာသည်။ အတင်းဆွဲထူရသည်။ သူ့လည်ပင်းကိုဖက်ပြီးခိုလိုက်သည်။ သားငယ်ကိုရေကပြင်သို့ချီသွားရသည်။ ခြောက်နှစ်သားရှိပြီဖြစ်၍ တစ်နင့်တစ်ပိုးကြီး။
 သားငယ်ကိုရေကပြင်မှာချလိုက်သည်။ သားငယ်ကဆောင့်ကြောင့်ထိုင်ပြီး ဒူးပေါ်လက်တင်ကာ မျက်စိမှိတ်ထားဆဲ။ ရေအေးအေးနှင့်မျက်နှာသစ်ပေးလိုက်တော့မှ ကိုယ်ကလေးတွန့်ပြီး မျက်စိပွင့်လာသည်။
  'အေးလိုက်တာ မေမေရာ'
  'သားငယ် မျက်နှာမြန်မြန်သွားသုတ်ဦး၊ ထမင်းကြော်လာစား၊ တော်ကြာကျောင်းနောက်ကျနေမယ်'
 ထိုအချိန်တွင်သားကြီးသည် စားပွဲမှာထိုင်နှင့်ပြီး ထမင်းကြော်ပန်းကန်များအနက် ဘယ်ဟာကပဲပြုတ်ပိုများသလဲဟု ရွေးချယ်နေပြီဖြစ်၏။
 အိပ်ခန်းထဲသို့ပြန်ဝင်ခဲ့ပြန်သည်။ သားနှစ်ကောင်ကျောင်းသွားလျှင်ဝတ်ဖို့ အဝတ်အစားတွေစီစဉ်ပေးရဦးမည်။ သားကြီး၏ အင်္ကျီနှင့်ဘောင်းဘီက သိပ်မပေရေသေး။ မနေ့ကဟာတွေပြန်ဝတ်လို့ရသည်။ သားငယ်၏အင်္ကျီကညစ်ပတ်ပေရေနေပြီ။
 အသစ်တစ်ထည်ထုတ်ပေးရ၏။ ဘောင်းဘီကတော့ မနေ့ကဟာပဲဝတ်ခိုင်းရမည်။
 သားငယ် အင်္ကျီအဟောင်းမှာ ရွှံ့စက်တွေစင်နေသည်။ ဒီအတိုင်းထားလျှင် စွဲသွားလိမ့်မည်။ မြန်မြန်လျှော်မှ။ မြန်မြန်ဆို ခုလျှော်လိုက်တာကောင်းပါတယ်ဟုတွေးပြီး ရေကပြင်သို့ထွက်လာသည်။
 အင်္ကျီကို ကတိုက်ကရိုက်လျှော်ဖွတ်ပြီး တန်းမှာလှန်းနေတုန်း သားနှစ်ကောင် အိမ်သာရှေ့မှာ ပြဿနာတကနေသည်ကိုတွေ့ရ၏။
 သားကြီးက အိမ်သာထဲမှာ ဆောင့်ကြောင့်ထိုင်နေသည်။ သားငယ်က ဖွင့်ထားသော အိမ်သာတံခါးကိုကိုင်ပြီး 
  'ကိုကို မညစ်စုတ်နဲ့ကွာ၊ အိမ်သာကိုငါအရင်ရောက်တာ'
 သားကြီးကလည်း
  'ဟ၊ ငါအရင်ရောက်လို့ ငါက ခုအိမ်သာထဲတောင်ရောက်နေတာပေါ့ကွ'
  'ဘာလဲ၊ မဟုတ်ဘူး၊ ငါက တံခါးကို အရင်ကိုင်မိတာ၊ ငါတံခါးကိုဆွဲဖွင့်နေတုန်း ကိုကိုက အတင်းဖြတ်ဝင်တာ၊ ကိုကိုပြန်ထွက်ကွာ'
  'ထွက်လို့မရတော့ဘူး၊ ငါ ပါတောင်ပါနေပြီ'
  'မင်းသိပ်ယုတ်တယ်'
 သူတို့ပြောနေသည်ကို အတိုင်းသားကြားနေရသော်လည်း သွားရောက်မဖြေရှင်းပေးနိုင်တော့။ ဈေးသွားဖို့အချိန်ကျပြီ။
 ဈေးခြင်းတောင်းနှင့်ပိုက်ဆံအိတ်ယူပြီး နောက်ဖေးပေါက်မှပင်ထွက်လိုက်သည်။ 
  'သားကြီး သားငယ်မြန်မြန်လုပ်ကြနော်၊ ကျောင်းနောက်ကျနေမယ်'
 ဟု လှမ်းအော်ခဲ့ရသေးသည်။ သားကြီးက
  'မေမေမုန့်ဖိုး'
 ဟု သတိတရလှမ်းပြောသည်။
  'ကြောင်အိမ်ပေါ်မှာ ငါးမူးစေ့တစ်စေ့နဲ့ ဆယ်ပြားစေ့နှစ်စေ့ တင်ခဲ့တယ်၊ တစ်ယောက် သုံးဆယ့်ငါးပြားစီ'
   * * *
 ကြိုတင်စီစဉ်တွက်ချက်လို့မရသောကိစ္စတွေထဲတွင် ဈေးဝယ်ခြင်းလည်းပါဝင်သည်။ ဒီနေ့ဘာချက်မယ်ဆိုသည်ကို အတိအကျစိတ်ကူးထားလို့မဖြစ်။ ငါးဝယ်မယ်စိတ်ကူးထားသော်လည်း ဟိုရောက်မှ ငါးဈေးကခေါင်ခိုက်ချင်ခိုက်နေတတ်သည်။ တွက်ခြေကိုက်အောင်ဝက်သားပဲဝယ်မည် စဉ်းစားသွားသော်လည်း ငါးတွေဖောချင်းသောချင်းဖြစ်နေတတ်၏။
 ဒီနေ့အဖို့တော့ သိပ်ပြဿနာမရှိ။ ဘာအသားငါးမှဝယ်မည်မဟုတ်သောကြောင့်ပင်။ ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံး၊ ဟိုချေးသည်ချေးနှစ်ဆယ့်လေးကိုကျော်၍ သက်သက်လွတ်စားနှစ်ဆယ့်ငါးပင်ရောက်လာပြီမဟုတ်လား။
 ထို့ကြောင့် ဟင်းသီးဟင်းရွက်တစ်ခုခုဝယ်မည်ဟုသာစိတ်ကူးထားသည်။
 အိမ်နောက်ဖေးဘက်မှထွက်၍ ရပ်ကွက်တွင်းရှိလမ်းကြိုလမ်းကြားက သွားရသည်။ ဈေးသို့ရောက်ရန်ဆယ်မိနစ်နီးပါးတော့လျှောက်ရ၏။ ဈေးကြီးမဟုတ်၊ ရပ်ကွက်တွင်းရှိ ဈေးတန်းကလေးသာဖြစ်သည်။
 ငါးသည်၊ အသားသည်တို့၏ ခေါ်သံများကိုလျစ်လျူရှု၍ ဆက်လျှောက်လာခဲ့သည်။ ပန်းဂေါ်ဖီပွင့်တွေက ပေါ်ဦးပေါ်ဖျားမို့ ဈေးကြီးလှ၏။ မိုက်ကရိုဖုန်းသာသာလောက် အပွင့်ကလေးတွေက တစ်ပွင့်တစ်ကျပ်တဲ့။
 ဘူးသီးအလုံးလတ်လတ်တွေသုံးကျပ်၊ တစ်ခြမ်းဆိုလျှင် သူတို့မိသားစုအနေတော်ပဲ။ ဦးနှောက်ကကွန်ပျူတာလိုချက်ချင်း အဖြေထုတ်ပေးသည်။ ဘူးသီးကို အတုံးကြီးကြီးတွေတုံးပြီးနှပ်မည်။ အစ်ကို့အတွက်ကြက်ဥတစ်လုံးကျန်တာကြော်ပေးလိုက်မည်။ ဘူးသီးနှပ်လျှင် ပုဇွန်ခြောက်ကလေးတော့ နည်းနည်းဝယ်ရမည်။
   * * *
 ဒီနှစ်ဆောင်းကတော်တော်အေးသည်ဟု ပြောကြသည်။ သူကတော့ ဈေးကအပြန်ခပ်သုတ်သုတ်လျှောက်လာခဲ့သဖြင့် ချွေးတောင်စို့နေပြီ။
 ရေကပြင်မှာ ငုတ်တုတ်ကလေးထိုင်စောင့်နေသောသမီးငယ်က သူ့မြင်သောအခါပြေးလာပြီးကြိုသည်။ ခြင်းတောင်းကိုကူဆွဲပေး၏။ ပေါ့ပေါ့လေးဖြစ်သောကြောင့် ပေးဆွဲလိုက်သည်။ သမီးငယ်ကခြင်းတောင်းထဲငုံ့ကြည့်ပြီး
  'မေမေပုဇွန်မပါဘူးလား'
 ဟုမေးသည်။
 ဟိုတစ်ရက်ပုဇွန်ဆိတ်ကလေးတွေဝယ်ရာတွင် ပုဇွန်ကျော့ကြီးတစ်ကောင်ညပ်ပါလာသည်။ သမီးငယ်ကိုမီးဖုတ်ကျွေးလိုက်သည်။ ထို့ကြောင့်သမီးငယ်ကမေးခြင်းဖြစ်၏။
  'ဘူးသီးကိုအတုံးကြီးကြီးတုံးပြီး ဝက်သားတုံးကြီးလို ပုဇွန်ခြောက်နဲ့ကောင်းကောင်းနှပ်မှာ သမီးကြိုက်တယ်မဟုတ်လား'
 သမီးငယ်က ဝက်သားတုံးကြီးတွေလိုဆိုသောစကားလုံးကြောင့် ကျေနပ်သွားသည်။ ခေါင်းညိတ်ပြီး
  'တကယ့်ဝက်သားလိုပဲလား'
  'တကယ်လိုပဲပေါ့၊ သမီးထမင်းကြော်စားပြီးပြီလား'
  'စားပြီးပြီ'
  'ဖေဖေကောနိုးပြီလား'
  'နိုးသေးဘူး'
 အစ်ကိုလည်း ညကအိုဗာတိုင်ဆင်းရသဖြင့် ဆယ့်နှစ်နာရီလောက်မှအိမ်ပြန်ရောက်သည်။ ရှစ်နာရီလောက်ထိတော့ အိပ်ပေလိမ့်မည်။
 အစ်ကိုသည် အိမ်ထောင်ရှင်ပီသသောယောက်ျားတစ်ယောက်ဖြစ်၏။ ရသမျှလခကိုအကုန်အပ်သည်။ အသောက်အစား၊ အပျော်အပါး၊ လောင်းကစားကင်းသည်။ မိသားစုအပေါ်သံယောဇဉ်ကြီးသည်။
 အပြစ်ရှာမည်ဆိုလျှင်တော့ အအိပ်မက်တာတစ်ခုပဲရှိသည်။ အိပ်ချိန်ကိုအပြည့်အဝရအောင်ယူတတ်သည်။ ဒါကလည်းပိုက်ဆံကုန်တာမဟုတ်၍ ခွင့်လွှတ်ထိုက်ပေသည်။ တစ်ခါတစ်ရံသူက ချက်ရေးပြုတ်ရေးဖြင့် အလုပ်ရှုပ်နေချိန် အစ်ကိုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုသာ မကျေမနပ်သလိုဖြစ်မိ၏။
 သူဈေးသွားတုန်းက အစ်ကိုက ထမင်းအိုးတည်ထားနှင့်လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။ ခုတော့ တစ်ယောက်တည်းပင် တက်သုတ်ရိုက်၍ ကြဲရပေတော့မည်။
 ထမင်းအိုးတင်ထားလိုက်ပြီးနောက် ဘူးသီးအခွံနွှာရသည်။ ပုဇွန်ခြောက်မညက်တစ်ညက်ထောင်းရသည်။ ကြက်သွန်နွှာပြီးထောင်းရသည်။ 
 သမီးငယ်ကဘေးမှာထိုင်နေသည်။ သမီးက ကူညီချင်သောအမူအရာပြသည်။ သို့ရာတွင် ငယ်သေးသဖြင့် ဖြစ်ဖြစ်မြောက်မြောက် မကူညီနိုင်ရှာ။ ကြက်သွန်သွားနှိုက်ခိုင်းရုံ၊ နနွင်းပုလင်းယူခိုင်းရုံလောက်သာ ခိုင်းလို့ရသည်။
 ဟင်းအိုးကိုပြင်ပြီးနောက် သားနှစ်ကောင်ပစ်ချထားခဲ့သော ပန်းကန်တွေနှင့်ဒယ်အိုးကိုဆေးရသည်။ ထမင်းအိုးကရေခန်းချက်ခြင်းဖြစ်၍ ငဲ့စရာမလိုပေ။
 ထမင်းအိုးနပ်ပြီး အဆင်သင့်နယ်ထားပြီးသားဟင်းအိုးကိုတင်လိုက်သည်။ 
 အချိန်နည်းနည်းရသည်။ ဘာလုပ်စရာရှိသလဲ။ အိမ်သာမဝင်ရသေးတာခုမှသတိရသည်။ ထိုအခါကျမှပင်ဝမ်းထဲကရစ်လာတော့သည်။ အိမ်သာထဲဝင်သည်။ တစ်ဖက်အိမ်ရှိ ရေဒီယိုမှ မြန်မာစံတော်ချိန်ကြေညာသံထွက်ပေါ်လာသည်။ ရှစ်နာရီတိတိ။
 အိမ်သာထဲမှ ထွက်လိုက်သည်။ စားပွဲဝိုင်းမှာအစ်ကိုက ထမင်းကြော်စားနေ၏။ သမီးက အစ်ကို့ဘေးမှာ ထိုင်နေသည်။ အစ်ကိုက သမီးကိုပဲပြုတ်နှစ်စေ့သုံးစေ့ခွံ့သည်။
  'အစ်ကိုရုံး ဘယ်အချိန်သွားမှာလဲ'ဟု သူမေးသည်။
  'ဒီနေ့ မနက်ပိုင်းအွန်ဂျူတီ၊ နေ့လည်မှ ရုံးသွားရမယ်၊ ဘဏ်ဝင်စရာရှိလို့'
 အစ်ကိုသည် ကိုးနာရီကျော်မှ အိမ်ကထွက်ဖြစ်လိမ့်မည်။ ဟင်းအိုးအဖုံးကိုဖွင့်ပြီး ဘူးသီးနူးမနူးသံယောက်မနှင့်ထိုးကြည့်သည်။
 သမီးကို မူကြိုကျောင်း သွားပို့ပေးဖို့ အစ်ကို့ကိုပြောရင်ကောင်းမလားဟု စဉ်းစားသည်။ လှည့်ကြည့်သောအခါ အစ်ကိုမရှိတော့၊ အိမ်သာထဲဝင်သွားတာဖြစ်မည်။ ကိုယ့်ဘာသာကိုယ်ပဲပို့လိုက်တော့မည်ဟုဆုံးဖြတ်လိုက်၏။
 ဟင်းအိုးကျက်ပြီ။ ဒယ်အိုးကိုတင်ပြီး ဆီဆမ်းလိုက်သည်။ မီးရှိန်ကောင်းပြီဖြစ်၍ ချက်ချင်းကျက်လာသည်။ ကြက်ဥကြော်လိုက်သည်။
 ထို့နောက်ထမင်းဘူးတွေထည့်သည်။ မီးဖိုချောင်အလုပ်ပြီးချိန်တွင် တစ်ကိုယ်လုံးချွေးရွှဲရွှဲနစ်နေပြီ။
  'ဤတွင်သတင်းများကို ကြေညာလို့ပြီးပါပြီ'
 ရေဒီယိုမှအသံရှစ်နာရီခွဲမှာ အိမ်ကထွက်နိုင်မှဖြစ်မည်။ မိနစ်နှစ်ဆယ်ပဲအချိန်ရတော့သည်။ ထိုအချိန်အတွင်းမှာ ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ရမည်။ သမီးကိုကိုယ်လက်သန့်စင်ပြီး ကျောင်းဝတ်စုံလဲပေးရမည်။
   * * *
 ရှစ်နာရီခွဲသာသာလောက်တွင် သမီးကိုလက်ဆွဲပြီးထွက်လာခဲ့သည်။ သမီးတို့ မူကြိုကျောင်းက အိမ်နှင့်ဘတ်စ်ကား နှစ်မှတ်တိုင်လောက် ဝေးသည်။ မြို့ထဲဘက်မှလာသော ဘတ်စ်ကားကိုစီးသွားလျှင်ဖြစ်သော်လည်း နှစ်မှတ်တိုင်လောက်နှင့်ပြားသုံးဆယ် အကုန်မခံချင်။ သို့ဖြင့် လမ်းလျှောက်သွားသည်။ သမီးကိုကျောင်းပို့ပြီးတော့မှပင် မြို့လယ်ရှိရုံးကို သွားရန်ကားမှတ်တိုင်သို့လာခဲ့သည်။
 ကားမှတ်တိုင်ရှိ လူအုပ်ကြီးမှာ ဘတ်စ်ကားနှစ်စင်းစာလောက်တောင်ရှိမည်။ ဆိုက်လာသမျှ ဘတ်စ်ကားတို့ကား နဂိုကပင်  'သံယောဇဉ်'တွေတိုးလို့တွဲလောင်း ပါလာပြီးသား။
 အတန်ကြာအောင် စောင့်ပြီးနောက် 'ဖုတ်သွင်းဘတ်စ်ကား'ဆိုက်ရောက်လာ၏ ရှေ့ပေါက်က သူနှင့်တည့်တည့်နေရာမှာ ကွက်တိလာကျခြင်းပင်ဖြစ်သည်။
 တုံ့ဆိုင်းမနေတော့ဘဲ အားနေသော လက်တစ်ဖက်ဖြင့် သံလက်ကိုင်ကိုင်းကို ဖမ်းကိုင်သည်။ ခြေထောက်တစ်ချောင်းကို ခြေနင်းခုံ ပထမအဆင့်ကို လှမ်းတက်သည်။ နောက်က လူအုပ်က ဆောင့်တွန်းလိုက်သဖြင့် ကားပေါ်သို့အလိုက်သင့်မြောက်တက်သွားသည်။
 ရပ်စရာတစ်နေရာတော့ ရသွားပြီ။
 ကားထဲတွင်လူတွေကျပ်ညပ်နေသည်။ ထမင်းဘူးထဲသို့ အပြည့်အသိပ်ထည့်ထားသော ထမင်းစေ့များလိုပင်။ ချွေးနံ့၊ ကိုယ်နံ့၊ ပေါင်ဒါနံ့တွေရောထွေးပြီး ဘာမှန်းမသိသော အနံ့ကြီးကို တစ်လမ်းလုံးရှူသွားရသည်။ ကားကြီးကအိုနေပြီဖြစ်၍ အိပဲ့အိပဲ့သာမောင်းနိုင်သည်။
 ရုံးနှင့်အနီးဆုံးမှတ်တိုင်တွင် ကားရပ်သောအခါ ငရှဥ့်တိုး တိုး၍ဆင်းခဲ့သည်။ ပလက်ဖောင်းပေါ် ခြေချမိတော့မှ အသက်ကိုဝအောင်ရှူလိုက်ရသည်။
 နေ့တစ်နေ့၏ အချိန်ကာလ သုံးပုံတစ်ပုံ မကျိုးခင်မှာပင် အင်အားတစ်ဝက်လောက် ကုန်ဆုံးသွားပြီဖြစ်၏။
 ရုံးက အထက်ဘလောက်မှာဖြစ်၍ ငါးမိနစ်လောက်လမ်းလျှောက်သွားရသေးသည်။ ရုံးရောက်တော့ ကိုးနာရီသုံးဆယ့်ငါးမိနစ်။ သက်သာလက်ဖက်ရည်ဆိုင်မှာ လူစည်ကားစပြုပြီ။
 ရုံးအပေါ်ထပ်သို့ တက်လာခဲ့သည်။ အခန်းထဲဝင်သည်။ စားပွဲပေါ်မှာခြင်းတောင်းကိုချသည်။ ကုလားထိုင်ပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
 ခုမှပင် အေးအေးဆေးဆေးနားရပေတော့မည်။
မင်းလူ
----------------------------
(လုံမလေး၊ ဇန်နဝါရီ၊ ၁၉၈၅)
ငှက်ကလေးတွေကိုတော့ ဘယ်တုန်းကမှအနိုင်မရခဲ့။ သူအိပ်ရာမှနိုးသည့်အခါတိုင်း ဦးစွာနိုးနေသော ငှက်ကလေးများ၏အော်မြည်သံကို ကြားရစမြဲဖြစ်သည်။ ဩော် သူတို့ကတော့ ညည ဟိုတွေးသည်တွေးနှင့် အိပ်မပျော်တာမျိုးမှ မရှိကြဘဲဟု တွေးမိသည်။ သူ့မှာသာ လကုန်ခါနီးရက်များဆိုလျှင် အိပ်မပျော်နိုင်တာမျိုးကြုံရသည်။
ဘယ်လောက်ပင်အိပ်ရေးပျက်ပျက် မနက်ငါးနာရီခွဲဆိုလျှင် နိုးရစမြဲဖြစ်သည်။ နာရီဝက်လောက် ပိုမှိန်းမိလျှင် အစီအစဉ်တွေအကုန်ကမောက်ကမ ဖြစ်ကုန်လိမ့်မည်။
ဒီနေ့လည်း ခါတိုင်းလိုပင် အချိန်မှန်နိုးသည်။ ကိုယ့်မျက်လုံးကို ကိုယ်စိတ်ချသော်လည်း ပြုမြဲထုံးစံအတိုင်း အစ်ကို့ခေါင်းအုံးအောက်လက်လျှို၍ လက်ပတ်နာရီကိုယူကြည့်သည်။ ညကြည့်နာရီ၏ ဒိုင်ခွက်မှာ ငါးနာရီသုံးဆယ့်လေးမိနစ်ကိုပြနေသည်။ အစ်ကို့နာရီနည်းနည်းမြန်နေတာဖြစ်ရမည်။
အစ်ကိုသည် စောင်ကိုတင်းတင်းခြုံပြီး စန့်စန့်ကြီးအိပ်နေသည်။ သူတို့နှစ်ယောက်ကြားမှာအိပ်သော သမီးငယ်က သူ့ရင်ခွင်ကြားမှာ အတင်းတိုးဝင်နေသည်။ အစ်ကို့ ဟိုဘက်မှာ အိပ်သည့် သားငယ်သည် ထုံးစံအတိုင်း စောင်လွတ်နေမှာ သေချာသည်။
Related Posts Plugin for WordPress, Blogger...
ShareThis