ဧရာဝတီတိုင်း ဒေသကြီးအတွင်း မှ နိုင်ငံတော်အရန်ဆန် အတွက် ၀ယ်ယူရန်
ဧည့်မထ စပါးတင်းတစ်ရာလျှင် ၄၆ပေါင်ကိုက်ဖြင့် တင်းတစ်ရာလျှင်ကျပ် ၃၃၀၀၀၀
နှုန်းဖြင့် ငွေကြေး ပမာဏ ကျပ်သိန်းပေါင်း ၃၉၅၀၀ ဖိုး ၀ယ်ယူသွားမည်
ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကော်မတီ ညွှန်ကြားချက်ဖြင့်
ယခုကဲ့သို့ဝယ်ယူခြင်းဖြစ်ပြီး စပါးစိုက်တောင်သူများထံမှသာ အဓိကထားဝယ်ယူရန်
ညွှန်ကြားထားကြောင်း သိရသည်။ |
Thursday, 9 February 2012
ဧရာဝတီတိုင်း ဒေသကြီးအတွင်း နိုင်ငံတော် အရန်ဆန်အတွက် ကျပ်သိန်းပေါင်း ၃၉၀၀၀ကျော်ဖိုး စပါးဝယ်ယူမည်
စင်ကာပူနိုင်ငံမှ ဘဏ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်မည်
စင်ကာပူနိုင်ငံမှ ဘဏ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ
လုပ်ကိုင်နေသည့် ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့
ရင်းနှီးမြှုပ်နှံရန် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
(RUMFCCI) တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ပြင်ဦးလွင် ခရိုင် View Point အနီးမှ ဖြတ်သန်း သွယ်တန်းလျက် ရှိသည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့
ပိုက်လိုင်းသွယ်တန်းသည့် လုပ်ငန်းခွင်အား ဇန်န၀ါရီလ နောက်ဆုံးပတ်က တွေ့ရစဉ်
ဖိလစ်ပိုင်တွင် ငလျင်လှုပ်မှုကြောင့် လူ ၅၀ ခန့် သေဆုံး
ဖိလစ်ပိုင်နိုင်ငံရှိ Negros Oriential နှင့် စီဘူးပြည်နယ်တို့တွင်
ဖေဖော်ဝါရီ ၆ ရက်နေ့က ပြင်းအား ၆ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခဲ့မှုကြောင့် လူ
၅၂ ဦးထက်မနည်း သေဆုံးမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ငလျင်ကြောင့် မြေပြိုမှုများနှင့် အဝေးပြေးလမ်းမ များတွင်ကြီးမားသည့်
အက်ကွဲကြောင်းများဖြစ်ပေါ်ပြီး အဆောက်အအုံများ ပြင်းပြင်းထန်ထန်
လှုပ်ယမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ |
မတ်လအတွင်း ချပေးမည့် ဂျီအက်စ်အမ်ဖုန်းမှာ ကျပ်နှစ်သိန်းအထက်တွင်သာ ရှိမည်ဟုဆို
|
|
အနုပညာရှင် အများအပြား ပါဝင်ကုသိုလ်ယူခဲ့သည့် မိဘမဲ့ ကလေးများ ရန်ပုံငွေ ဈေးရောင်းပွဲ
ရန်ကုန်မြို့ MCC ၀င်းအတွင်း ပရိသတ်များ စည်ကားများပြားနေသည်။
မိဘမဲ့ကလေးများ ရန်ပုံငွေ အတွက် အနုပညာရှင်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲသည့်
ဈေးရောင်းပွဲတော်သို့ လာရောက် ဆင်နွှဲနေကြခြင်း ဖြစ်သည်။ အဆိုတော်
ဇော်ဝင်းထွဋ်၏ သမီးဖြစ်သူ ချန်ချန် စီစဉ်ခြင်းဖြစ်ပြီး ပဉ္စမအကြိမ်မြောက်
ကျင်းပပြုလုပ် ခြင်းဖြစ်သည်။ |
အိမ်စီးကားအပါအ၀င် ယာဉ်သုံးစီးဆင့်တိုက်မှု ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်ပွား
ယာဉ်တိုက်မှုကြောင့် ကားရှေ့ပိုင်း၊ နောက်ပိုင်းများ ပျက်စီးသွားသည့် Mark II ရွှေငါးအမျိုးအစားကားအား တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ Excel Tower အနီး ကမ္ဘာအေးစေတီလမ်းမပေါ်၌ Mark II ရွှေငါးအမျိုးအစား အိမ်စီးကားတစ်စီးအပါအ၀င် ယာဉ်သုံးစီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကမ္ဘာအေးစေတီဘက်မှ ရွှေဂုံတိုင်ဘက်သို့ ကမ္ဘာအေးစေတီလမ်းအတိုင်း မောင်းနှင်လာသော ခရေပင်ရိပ်မွန်မှ ဘုန်းကြီးလမ်းသို့ ပြေးဆွဲသည့် ၄၃ အထူးယာဉ်လိုင်းကားမှာ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အရှိန်လွန်ပြီး မိမိ၏ယာဉ်ကြောမဟုတ်ဘဲ ကွေ့ကြောဘက်၌မောင်းနှင်စဉ် ဓမ္မစေတီမီးပွိုင့်တွင် မီးနီမိ၍ ရပ်ထားသော တက္ကစီကားကိုတိုက်မိ၍ Mark II ရွှေငါးအမျိုးအစား အိမ်စီးကားကို ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ |
ကမ္ဘာကြီးကို စာဖတ်စေခဲ့သူရဲ့ နှစ် ၂၀၀ ပြည့်ပွဲ
မြန်မာအပါအ၀င် ကမ္ဘာ့စာဖတ်ပရိသတ်နှင့် အကျွမ်းအ၀င်ဆုံး စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ Charles Dickens ရဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့ပွဲတော်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ စာဖတ်ပွဲတော်များနှင့်အတူ ဆင်ယင်ကျင်းပကြပါတယ်။ ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၁၂ နေ့ဟာ ကမ္ဘာကြီးကို စာဖတ်စေခဲ့သူရဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့ရက်ပါ။
ဗြိတိန်နိုင်ငံ မင်းသား ချားစ်က အင်္ဂလိပ်စာပေမှာ နာမည်ကျော်ကြား လူသိများတဲ့ ဝတ္ထုရေးဆရာ ချားစ်ဒစ်ကင်းရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ကို ဦးဆောင်ပြီး ဗြိတိသျှပါလီမန်မှာ ဆင်ယင်ကျင်းပခဲ့ပါတယ်။

အိမ်ရှေ့မင်းသားဟာ ဝက်စ်မင်းစတာ ဘုရားကျောင်းက စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Poet Coner လို့ နာမည် ပေးထားတဲ့နေရာမှာ ၁၈၇၀ ခုနှစ်က မြှုပ်နှံထားတဲ့ ဒစ်ကင်းအုတ်ဂူမှာ အင်္ဂါနေ့မှာ လွမ်းသူ့ပန်းခွေချခဲ့တယ်။ အဲဒီနေရာမှာ သူ့ကို အခြား စာပေလောက က ထင်ရှားတဲ့ ဂျက်ဖရီ ချောဆာ (Geoffrey Chaucer)၊ တန်နီဆန် (Tennyson) ၊ နဲ့ ဆန်မြူရယ် ဂျွန်ဆင် (Samuel Johnson) တို့နဲ့ အတူမြုပ်နှံထားပါတယ်။
ဆီးရီးယားအစိုးရနှိပ်ကွပ်မှုကြောင့် အရပ်သား သေဆုံးမှုတိုး
ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့မှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့
အရပ်သူအရပ်သား သေဆုံးမှုတွေ တိုးလာနေတယ်လို့ ဆီးရီးယားအရေး
တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
ဟုမ်းစ်မြို့ဟာ ဆီးရီးယားသမ္မတ ဘက်ရှာအလ်အာဆဒ်ကို အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်နေတဲ့ မြို့တခုဖြစ်ပြီး စီးနင်းတိုက်ခိုက်မှုတွေ တလကြာ ဆက်တိုက်ခံနေရတဲ့ မြို့လည်း ဖြစ်ပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဒီကနေ့အထိ လုပ်နေတာကြောင့် သေဆုံးသူတွေ ရာနဲ့ချီ ရှိနေပြီလို့လည်း လှုပ်ရှားသူတွေကပြောပါတယ်။

ပုဂ္ဂလိကဘဏ် ၁၁ ခု နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေအထုတ်အသွင်း လုပ်ခွင့်ရှိတဲ့
အစိုးရဘဏ်တွေက တဆင့်ဝင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေကို
မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲချင်သူတွေ၊ အဲဒီဘဏ်တွေကတဆင့် နိုင်ငံခြားငွေ
အလွှဲ အပြောင်း လုပ်ချင်သူတွေအနေနဲ့ ဒီနေ့စလို့ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ
ဘဏ်စာရင်း ပြောင်းနည်းနဲ့ ရောင်း ဝယ်နိုင်ပြီဖြစ်ပါတယ်။
အစိုးရဘဏ်တွေဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်း ၀ယ်ရေးဘဏ် MICB တို့ မှာရှိတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေတွေကို အစိုးရခွင့်ပြုထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခုဆီ ကို ဒီနေ့ ကစလို့ လွှဲပြောင်း အရောင်းအဝယ်လုပ်လို့ ရသွားတာဖြစ်ပါတယ်၊ အလားတူပဲ ဒီဘဏ် တွေကနေ နိုင်ငံခြားငွေကို ဝယ်ယူလွှဲပြောင်းလို့ ရပြီ ဆိုတဲ့အကြောင်းကို မြန်မာ့ရှေ့ဆောင်ဘဏ်လိမိတက် ရဲ့ တာဝန်ရှိ သူတယောက်က ခုလို ရှင်းပြပါတယ်၊

အစိုးရနှင့် KNU/KNLA အဖွဲ့ တို့ အချက်(၇)ချက် လက်မှတ်ရေးထိုး
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA
အဖွဲ့တို့ ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် ၇- ချက် ကိုလတ်မှတ်
ရေးထိုးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမြင်ကွင်းပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် ၇- ချက်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမြင်ကွင်းပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် ၇- ချက်
Subscribe to:
Comments (Atom)
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မှ နိုင်ငံတော်အရန်ဆန် အတွက် ၀ယ်ယူရန်
ဧည့်မထ စပါးတင်းတစ်ရာလျှင် ၄၆ပေါင်ကိုက်ဖြင့် တင်းတစ်ရာလျှင်ကျပ် ၃၃၀၀၀၀
နှုန်းဖြင့် ငွေကြေး ပမာဏ ကျပ်သိန်းပေါင်း ၃၉၅၀၀ ဖိုး ၀ယ်ယူသွားမည်
ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကော်မတီ ညွှန်ကြားချက်ဖြင့်
ယခုကဲ့သို့ဝယ်ယူခြင်းဖြစ်ပြီး စပါးစိုက်တောင်သူများထံမှသာ အဓိကထားဝယ်ယူရန်
ညွှန်ကြားထားကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံရှိ Negros Oriential နှင့် စီဘူးပြည်နယ်တို့တွင်
ဖေဖော်ဝါရီ ၆ ရက်နေ့က ပြင်းအား ၆ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခဲ့မှုကြောင့် လူ
၅၂ ဦးထက်မနည်း သေဆုံးမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ငလျင်ကြောင့် မြေပြိုမှုများနှင့် အဝေးပြေးလမ်းမ များတွင်ကြီးမားသည့်
အက်ကွဲကြောင်းများဖြစ်ပေါ်ပြီး အဆောက်အအုံများ ပြင်းပြင်းထန်ထန်
လှုပ်ယမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ MCC ၀င်းအတွင်း ပရိသတ်များ စည်ကားများပြားနေသည်။
မိဘမဲ့ကလေးများ ရန်ပုံငွေ အတွက် အနုပညာရှင်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲသည့်
ဈေးရောင်းပွဲတော်သို့ လာရောက် ဆင်နွှဲနေကြခြင်း ဖြစ်သည်။ အဆိုတော်
ဇော်ဝင်းထွဋ်၏ သမီးဖြစ်သူ ချန်ချန် စီစဉ်ခြင်းဖြစ်ပြီး ပဉ္စမအကြိမ်မြောက်
ကျင်းပပြုလုပ် ခြင်းဖြစ်သည်။