menu

Sunday 23 September 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးယောက်မြန်မာမိသားစုတွေ့ဆုံပွဲ၌ မြန်မာစကားမပြောတတ်သော ရိုဟင်ဂျာဆိုသူများဆန္ဒပြ


Photo: ရိုဟင်ဂျာအယောက်(၂၀) ခန့်သည် မြန်မာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အောင်ဆန်းကြည်ဟုခေါ်ဝေါ်သုံးစွဲပြီး ရိုဟင်ဂျာအရေးကမ္ဘာကသိအောင်ဘာမှမပြောဆိုသည့်အတွက် ဆန္ဒပြ/အဆိုပါ ဆန္ဒပြသူရိုဟင်ဂျာ (၂၀)ဦးတွင် မြန်မာစကားပြောတတ်သူတဦးမှာ ကုလားလေးနေဆန်းဦးဖြစ်ပြီး ကျန်(၁၉)ဦးမှာမြန်မာစကား မပြောတတ်ကြ

ဒေါ်အောင်ဆန်းစုကြည်နှင့်
နယူးယောက်မြန်မာမိသားစုတွေ့ဆုံပွဲ၌ မြန်မာစကားမပြောတတ်သော ရိုဟင်ဂျာဆိုသူများဆန္ဒပြ။
ဒေါ်အောင်ဆန်းစုကြည်နှင့် Queens College ၌ နယူးယောက်မြန်မာမိသားစုများတွေ့ဆုံပွဲအခမ်းအနားသို့ ဧည့်ပရိတ်သတ် ၃၀၀၀ ကျော်တက်ရောက်ခဲ့ပြီးခန်းမပြည့်လျံသွားခဲ့ရသည်။ မြန်မာမိသားစုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ပရောက်မြန်မာများအားအမှာစကား၊စိတ်ဓါတ်ခွန်အား အရေးကြီးပုံအကြောင်းကိုပြောဆိုခဲ့သည်။အခမ်းအနားအပြီးတွင် ခန်းမအပြင်ဘက်၌ ရိုဟင်ဂျာအယောက်(၂၀) ခန့်သည် မြန်မာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အောင်ဆန်းကြည်ဟုခေါ်ဝေါ်သုံးစွဲပြီး ရိုဟင်ဂျာအရေးကမ္ဘာကသိအောင်ဘာမှမပြောဆိုသည့်အတွက် ဆန္ဒပြကြကြောင်း အခမ်းအနားတက်ရောက်သူတဦးကပြောပြသည်။ အဆိုပါ ဆန္ဒပြသူရိုဟင်ဂျာ (၂၀)ဦးတွင် မြန်မာစကားပြောတတ်သူတဦးမှာ ကုလားလေးနေဆန်းဦးဖြစ်ပြီး ကျန်(၁၉)ဦးမှာမြန်မာစကား မပြောတတ်ကြကြောင်းဆက်လက်ပြောပြပါသည်။ အခမ်းအနားတက်ရောက်သူတဦးမှ ဆန္ဒပြသူများအား " ကျနော် စကားတစ်လုံးပြောလိုက်တယ် ဟေ့ကောင်လို့ မင်း ငါတို့နိုင်ငံရဲ့ခေါင်းဆောင်ကို ဒေါ်တပ်ခေါ်ပါလို့ ဒေါ်အောင်ဆန်းစုကြည် အသက်က မင်းအမေလောက်ရှိပါတယ်လို့ ပြီးတော့ကျနော်ပြောတယ် ဒီနေ့လို လူထုတွေ ဘာသာစုံကိုးကွယ်သူတွေဟာ အကျယ်ချုပ်ကလွတ်လာတဲ့သူ အင်မတန် ချစ်စရာ လေးစားစရာ ကောင်းသူ လူထုခေါင်းဆောင်ကို တွေ့ကြရလို့အားလုံး ပျော်နေကြချိန်မှာ ဒီလိုလာပြီး ဗမာစကားမတတ်တဲ့ ရိုဟင်ဂျာ အယောက် ၂၀ လောက်နဲ့ ဒီလို ဒီနေရာမှာ ဒီနေ့ ဆန္ဒပြတာ မထောက်ခံကြောင်း ရှင်းပြလိုက်တယ်။" သိရှိရသည်။

News From --Chitthuco Coco
Post By : အေးချမ်းမွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် Queens College ၌ နယူးယောက်မြန်မာမိသားစုများတွေ့ဆုံပွဲအခမ်းအနားသို့ ဧည့်ပရိတ်သတ် ၃၀၀၀ ကျော်တက်ရောက်ခဲ့ပြီးခန်းမပြည့်လျံသွားခဲ့ရသည်။ မြန်မာမိသားစုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ပရောက်မြန်မာများအားအမှာစကား၊စိတ်ဓါတ်ခွန်အား အရေးကြီးပုံအကြောင်းကိုပြောဆိုခဲ့သည်။အခမ်းအနားအပြီးတွင် ခန်းမအပြင်ဘက်၌ ရိုဟင်ဂျာအယောက်(၂၀) ခန့်သည် မြန်မာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အောင်ဆန်းကြည်ဟုခေါ်ဝေါ်သုံးစွဲပြီး ရိုဟင်ဂျာအရေးကမ္ဘာကသိအောင်ဘာမှမပြောဆိုသည့်အတွက် ဆန္ဒပြကြကြောင်း အခမ်းအနားတက်ရောက်သူတဦးကပြောပြသည်။ အဆိုပါ ဆန္ဒပြသူရိုဟင်ဂျာ (၂၀)ဦးတွင် မြန်မာစကားပြောတတ်သူတဦးမှာ ကုလားလေးနေဆန်းဦးဖြစ်ပြီး ကျန်(၁၉)ဦးမှာမြန်မာစကား မပြောတတ်ကြကြောင်းဆက်လက်ပြောပြပါသည်။

"နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ"

Photo: "နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ"

နေပြည်တော် စက်တင်ဘာ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမိနစ် (၄၀) တွင် နန်နင်းမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Lu Zhi တို့က နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသောဦးစိုးသိန်း၊ ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် သူရဦးသောင်းလွင်၊ ဌာနဆိုင်ရာအကြီးအကဲများ ပြန်လည် လိုက်ပါလာ ကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2012/09/22/id-1325

News From: Popular Myanmar News Journal
Post By: အေးချမ်းမွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမိနစ် (၄၀) တွင် နန်နင်းမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊

မညီညွတ်သူတွေ ချန်ခဲ့မည်ဟု NLD ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ်ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များအချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်းအကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

ယင်းသို့ ဖြစ်ပွားနေခြင်းကို အချင်းချင်း ညီညွတ်ရေးရရှိရေး ညှိနှိုင်းရန် ဗဟိုက အကြောင်းကြားထားကြောင်း၊ သို့ရာတွင် ညှိနှိုင်းနိုင်မှုမရှိသော နေရာများကို ညီလာခံသို့ ခေါ်မည်မဟုတ်ဘဲ ချန်ခဲ့မည်ဟု NLD တနိုင်ငံလုံး ပါတီဝင် စုဆောင်းရေး တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။

ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်

Photo: ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်  

SUNDAY, 23 SEPTEMBER 2012 11:05

မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း လျာထားပုံစံအကြမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခုကို တည်ဆောက် သွားမည့်စီမံကိန်းများရှိနေသည်ဟု  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။

ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ကိုးသောင်းကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။

အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း(ရှစ်သိန်း)ခန့်မှာ CBD သို့ နေ့စဉ် သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်းသိပ်သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန် များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနေပြီဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရုံးခန်းလိုအပ်ချက်များ မြင့်မားလာနေသည်ဟု စီးပွားရေးအသိုက်အ၀န်းမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း မြေအသုံးချမှုများတွင် ဗဟိုစီးပွားရေးဇုန်များအတွက် အသုံးချမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။

ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်းများကို မင်းဓမ္မလမ်းပေါ်ရှိ ၁၃၅ ဧကခန့် အကျယ်ရှိသည့် မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၂၀ ခန့်ရှိ ၈ မိုင်လမ်းဆုံ မြိုင်ဟေ၀န် ဖွံ့ဖြိုးရေးစီမံကိန်း၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အကျယ်အ၀န်းဧက ၁၉ ဒသမ ၆ ဧကရှိ ဂန္ဓမာဖွံ့ဖြိုးရေးစီမံကိန်း၊ ၅၀ ဒသမ ၃ ဧကအကျယ်ရှိ ကျောက်ရေတွင်း ဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၈၀၀ ခန့် အကျယ်ရှိ ခရေဖွံ့ဖြိုးရေးစီမံကိန်းများရှိနေသည်ဟု အဆိုပါတင်ပြချက်အရ သိရသည်။

အဆိုပါ CBD များတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ လျှပ်စစ်စင်တာ၊ ကျောင်း၊ အိမ်ရာများနှင့် ခန်းမပါရှိရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိပြီး အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသော နိုင်ငံများမှ လာရောက်လေ့လာမှုများ ရှိနေကြောင်းလည်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်မည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း''အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အ ဆိုပါစီမံကိန်းမှ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်က စက်တင်ဘာလ၊ တတိယပတ်အတွင်းက ပြောကြားခဲ့သည်။

News From : Eleven Media Group
Post By : အေးချမ်းမွန်
မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း လျာထားပုံစံအကြမ်းအား တွေ့ရစဉ်
ရန်ကုန်မြ
ို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခုကို တည်ဆောက် သွားမည့်စီမံကိန်းများရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။

ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ကိုးသောင်းကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။

အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း(ရှစ်သိန်း)ခန့်မှာ CBD သို့ နေ့စဉ် သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်းသိပ်သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန် များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။

ပေါင်းသော နုတ်သော ကိန်းဂဏန်းများ (လှမြင့်အောင် (တောင်ကုတ်))




သင်္ချာ ပညာတွင် အသုံးပြုသော ကိန်းဂဏန်းများမှာ သုညမှ ကိုးအထိသာ ရှိသဖြင့် များပြားသည်ဟု မဆိုသာချေ။
ထိုကိန်းဂဏန်းများကို ပေါင်းနုတ် မြှောက်စားသည့် နည်းပညာများဖြင့် လှည့်စားလိုက်သော အခါမှသာ ရှုပ်ထွေး ပွေလီ သွားသယောင် ထင်ရခြင်း ဖြစ်သည်။ တကယ်ဆိုလျှင် သင်္ချာကိန်းဂဏန်းများထက် လူအချင်းချင်း ကြားတွင် ဖြစ်ပေါ်နေသည့် လူမှုရေး ကိန်းဂဏန်းများက ပိုမို များပြားပြီး ဆင့်ကဲဆင့်ကဲ ရှုပ်ထွေး နေကြမြဲဖြစ်သည်။ ဤလူ့ ဘောင်အရှုပ်အထွေးကြား ကိန်းဂဏန်းများကို တွက်ချက် ဖြေရှင်းကြရာတွင် တိကျရေရာသော အဖြေရဖို့ ဆိုသည်က သင်္ချာ ကိန်းဂဏန်းများလောက် မသေချာ။

အဘယ်ကြောင့် ဆိုသော် သင်္ချာ ကိန်းဂဏန်းများက ထားရာ နေကြသော်လည်း လူမှုရေး ကိန်းဂဏန်းများကား စေရာသွားလေ့ မရှိကြသော ကြောင့် ဖြစ်ပါသည်။ မည်သို့ ဆိုစေ လောက သဘာဝ အရ ကိန်းဂဏန်းများနှင့် ဆက်လက် စခန်းသွားနေကြရဦး မည်သာ ဖြစ်ချေ၏။ ထိုကိန်း ဂဏန်းများကား။

“ဘုံး” “အုံး”
ဘုံးနှင့်အုံး မြည်သံစွဲ အလင်္ကာတို့ နှစ်ထွေရော၍ ထွက်လာသော အိမ်အောက် ထပ်မှ အသံများကြောင့် နေ့လယ်က မပြီးပြတ်ခဲ့သော ရုံးစာများကို စူးစိုက်ဖတ်နေ သော မိမိ၏ စိတ်အစဉ်တို့ ကစဥ့်ကလျား ဖြစ်ကုန်ရသည်။

ရေပေါ်ညဈေးနှင့် အပန်းဖြေ နေရာ မော်လမြိုင်တွင် တည်ဆောက်မည်

မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ရေပေါ်ညဈေးနှင့် အပန်းဖြေနေရာကို ယခုနှစ်တွင် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ တွင် ရေးသားထား ချက်များအရ သိရသည်။

အဆိုပါအပန်းဖြေနေရာကို ပြည်သူများ ကျန်းမာရေးလုပ်ရှားမှုများကို စနစ်တကျပြုလုပ်နိုင်ရန်၊ သံလွင
်မြစ် ပတ်ဝန်းကျင် အလှကို ကြည့်ရှုနိုင်ရန်နှင့် ကမ်းနားလမ်းတွင် ညဈေးရောင်း ချသူများကို စနစ်တကျ ရောင်းချနိုင်ရန် ရည်ရွယ်ကာ ပြည်နယ်အစိုးရ ညွှန် ကြားချက်ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
တည်ဆောက်နေသော ရေပေါ်ညဈေး နှင့် အပန်းဖြေ နေရာစီမံကိန်းမှာ အလျား ပေ ၆၀၀ နှင့် အနံပေ ၅၀ တည်ဆောက်ရန် ရည်ရွယ်ထားသောလည်း၊ ယခုနှစ်တွင် အလျားပေ ၃၀၀ နှင့် အနံပေ ၅၀ ကို ကနဦး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယင်းတွင်ဖော်ပြ ချက်အရသိရသည်။

တောင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား

Photo: တောင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား 	

Sunday, 23 September 2012 12:23

တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃ နာရီတွင် စတင်ထွက်ခွာသောအမှတ် ၅ အဆန် အမြန်ရထားနှင့် လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံအမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ယာဉ်မောင်းသော ရယ်လွှီစီး၊(ဘ)ဦးဟယ်ရယ် အသက် ၄၂ နှစ်(ကယားလူမျိုး) မောင်းနှင်လာသော ခရီးသည် ၄၂ ဦးပါ ယာဉ်အမှတ်  ၆(ဂ) ၅၅၉၂ ရွှေရာဇာ နီညိုရောင် ခရီးသည်တင် မှန်လုံအမြန်ယာဉ်သည် ပြည်ထောင်စု အမြန်လမ်းမကြီးမှ တောင်ငူမြို့တွင်း လွိုင်ကော်ဂိတ်သို့ ၀င်ရောက်ပြီး ပြည်ထောင်စု အမြန်လမ်းမပေါ်သို့ ပြန်တက်ရန် ထွက်ခွာလာစဉ် တောင်ငူမြို့ မြောက်ဘက်အထွက်ရှိ ပေါ်တော်မူ မီးရထားသံလမ်းဂိတ်တွင် တောင်ငူဘူတာကြီးမှ မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာလာသော အမှတ် ၅ အဆန် အမြန်ရထားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားရာတွင် မီးရထားခေါင်းမှာ မှန်လုံယာဉ်၏ ခါးလယ်ကိုတိုက်ကာ ချိတ်လျှက် မီးရထားတွဲ ၈ တွဲအရှည်ရှိ ပေ ၄၀၀ ခန့်အထိ ဒရွတ်တိုက်အနေအထားဖြင့် ပါသွားခဲ့သည်။

မှန်လုံယာဉ်၏ ကိုယ်ထည်ဝဲဘက်တစ်ခြမ်းလုံး ရထားခေါင်းစိုက်ဝင် ပျက်စီးသွားပြီး  ရထားတွဲများလည်း လမ်းချော်ကျသွားခဲ့ကာ ရထားသံလမ်းများလည်း ပျက်စီးသွားခဲ့သော်လည်း ကားပေါ်တွင်ပါလာသော ခရီးသည်များအနက် ၆ ဦးသာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပြီးကျန်လူများမှာ တစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။

"ကျွန်တော်က တစ်ဖက်ကဂိတ်တံခါးကိုပိတ်ပြီး ဒီဘက်ကဂိတ်တံခါးကို ပိတ်မယ်လုပ်တော့ အဲဒီကားက အမြန်မောင်းလာတာ တွေ့ရတယ်၊ အဲဒါနဲ့ ကျွန်တော်လည်း ရထားကိုတောင် မီးမခေါ်တော့ပဲ ကားဆီကိုပဲ ဓါတ်မီးနဲ့ လှမ်းထိုးပြီး အချက်ပြသေးတယ်၊ ဒါပေမယ့် မရဘူးကျွန်တော်တံခါးပိတ်ချိန်တောင် မရလိုက်ဘူး ကားကမောင်းဝင်လာတာ ကျွန်တော်လည်း လမ်းဘေးဘက်ကို အမြန်ခုန်ပြီး ရှောင်လိုက်ရတယ်"ဟု မီးရထားသံလမ်း ဂိတ်တာဝန်ကျသူမှ ပြောပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသော ရယ်လွှီစီ(ဘ) ဦးဟယ်ရယ်၊ အသက် ၄၂ နှစ် လွိုင်ကော်မြို့နေသူအား တောင်ငူမြို့အမှတ် ၁ ရဲစခန်းမှ မီးရထားအက်ဥပဒေ (၁၂၉)၊(ပ) ၅၂၃/၂၀၁၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေသောမီးရထားနှင့် ကားအား ကရိန်းဖြင့်မတင်ဖယ်ရှားခြင်း လမ်းပြုပြင်ခြင်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်ကြရာ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဖယ်ရှားရှင်းလင်းခဲ့ပြီး ရထားများ ပြန်လည်သွားလာခွင့်ရပြီဖြစ်ကြောင်း သိရှိရသည်။


News From: Eleven Media Group
Post By : အေးချမ်းမွန်
တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃ နာရီတွင် စတင်ထွက်ခွာသောအမှတ် ၅ အဆန် အမြန်
ရထားနှင့် လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံအမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ယာဉ်မောင်းသော ရယ်လွှီစီး၊(ဘ)ဦးဟယ်ရယ် အသက် ၄၂ နှစ်(ကယားလူမျိုး) မောင်းနှင်လာသော ခရီးသည် ၄၂ ဦးပါ ယာဉ်အမှတ် ၆(ဂ) ၅၅၉၂ ရွှေရာဇာ နီညိုရောင် ခရီးသည်တင် မှန်လုံအမြန်ယာဉ်သည် ပြည်ထောင်စု အမြန်လမ်းမကြီးမှ တောင်ငူမြို့တွင်း လွိုင်ကော်ဂိတ်သို့ ၀င်ရောက်ပြီး ပြည်ထောင်စု အမြန်လမ်းမပေါ်သို့ ပြန်တက်ရန် ထွက်ခွာလာစဉ် တောင်ငူမြို့ မြောက်ဘက်အထွက်ရှိ ပေါ်တော်မူ မီးရထားသံလမ်းဂိတ်တွင် တောင်ငူဘူတာကြီးမှ မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာလာသော အမှတ် ၅ အဆန် အမြန်ရထားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားရာတွင် မီးရထားခေါင်းမှာ မှန်လုံယာဉ်၏ ခါးလယ်ကိုတိုက်ကာ ချိတ်လျှက် မီးရထားတွဲ ၈ တွဲအရှည်ရှိ ပေ ၄၀၀ ခန့်အထိ ဒရွတ်တိုက်အနေအထားဖြင့် ပါသွားခဲ့သည်။

အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်၊ ဦးဆောင်လှုပ်ရှားသူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူမည်ဟု သိရ



စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင် လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက ''ဒီနေ့ဖြစ်သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်းလည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ငြင်းပယ်ခဲ့ပါတယ်။

ချစ်ခြင်းရဲ့ အာဏာဖြင့်သာ . . .( ဇေဝင်းနောင်)




w751article
ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် ငြိမ်းချမ်းရေးသင်္ကေတအထိမ်းအမှတ်အဖြစ် အပြာရောင်မိုးပျံပူဖောင်းများလွှတ်တင်နေသည်ကို စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းကတွေ့ရစဉ်
"အာဏာကိုချစ်ခြင်းထက် ချစ်ခြင်းရဲ့အာဏာက သာလွန်လာတဲ့ အခါမှာ ကမ္ဘာကြီးဟာ ငြိမ်းချမ်းလာလိမ့်မယ်"
ဂျင်မီဟင်းဒရစ် (ဂီတသမိုင်း၏ အထင်ရှားဆုံး လျှပ်စစ်ဂီတာသမား)

လူတွေက အပြာရောင် အင်္ကျီတွေနဲ့။ စာတန်းတွေကိုင်လို့။ အဲဒီနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လေ။ လမ်းပေါ်မှာ လူတွေ၊ ရက်ပါတွေ၊ ပန့်ခ်တွေလည်း ပါကြပါသေးတယ်။
နယူးယောက်မှာရှိတဲ့ ကုလရုံးချုပ်က ငြိမ်းချမ်းရေးခေါင်းလောင်းကြီးလည်း အဲဒီနေ့မှာ ထိုးမြဲထိုးကြဦးမယ်။ ၂၀၁၂ အတွက် ထူးခြားချက်က အဲဒီနေ့ဟာ ကမ္ဘာ့အပစ် အခတ်ရပ်စဲရေးနေ့။ အဲဒီနေ့တော့ မပစ်ကြနဲ့ဆိုတာထက်ပိုတယ်။
နိုင်ငံတကာမှာ ဘာတွေများ ထူးထူးခြားခြားလုပ်ကြသလဲ ရှာကြည့်တော့ မြန်မာပြည်က အထူးခြားဆုံး ဖြစ်နေတာကိုလည်း တွေ့လိုက်ရတယ်။ ၁၉၈၁ ခုနှစ်က စသတ်မှတ်ခဲ့တာဆိုတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဆိုတာ ၃၁ နှစ်ကြာခဲ့ပြီပဲ။ ကျွန်တော်တို့ဆီမှာတော့ အခုမှ လုပ်ခွင့်ရလို့ လုပ်ကြတာ အပြစ်တင်စရာမဟုတ်။ ၀မ်းသာစရာလို့ပဲ မြင်မိတယ်။(တစ်ပါတည်းတွဲပါလာတဲ့ ၀မ်းနည်းစရာက ဖမ်းမယ်၊ ဆီးမယ်ဆိုတာပဲ။ ဒီလိုအသွင်ကူးပြောင်းစ ခေတ်ကာလမှာ လျှော့လျှော့ပေါ့ပေါ့လုပ်ဖို့ လိုပါတယ်။

ရှယ်ယာများ ပြည်သူလူထုသို့ ရောင်းနိုင် ရန် မြန်မာ့ဆက်သွယ်ရေးက ရည်မှန်းထား

Photo: ရှယ်ယာများ ပြည်သူလူထုသို့ ရောင်းနိုင် ရန် မြန်မာ့ဆက်သွယ်ရေးက ရည်မှန်းထား

22 SEPTEMBER 2012  

နိုင်ငံတကာ အော်ပရေတာ ကုမ္ပဏီများ ကဲ့သို့ ရှယ်ယာများ ပြည်သူ လူထု သို့ ရောင်းချနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရည်မှန်းထားကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တစ်ဦးတည်း လုပ်လို့မဖြစ်တဲ့ အတွက် ပုဂ္ဂလိကရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်ယှဉ်ပြိုင်မှုတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ လိုက်မီနိုင်မယ်လို့ မျှော်မှန်းထားတယ်။ ဒီတော့ ဥပဒေခိုင်မာမှ အော်ပရေတာတွေကို ပြိုင်စေမှာပါ။ ဒါမှ နည်းလမ်းကျတဲ့ ပြိုင်ပွဲကို ဥပဒေခိုင်ခိုင်မာမာနဲ့ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
ဥပဒေမခိုင်မာဘဲနဲ့ အော်ပရေတာတွေကို ပိတ်လိုက်တဲ့အခါ မြို့ပေါ်မှာပဲ လုပ်ငန်းလုပ်တာများပြီး နယ်တွေမှာ ပိုက်ဆံရဖို့မလွယ်တဲ့ အတွက် လုပ်ငန်းလုပ်ဆောင်တာ နည်းတယ်။ ဒီတော့ ဥပဒေမှာ နယ်မြို့တွေမှာပါ လုပ်ငန်းလုပ်ဆောင်ဖို့ ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လိုစနစ်တွေ သုံးတယ်ဆိုတာတွေကို လေ့လာရမှာ ဖြစ်တယ်” ဟု ယင်းက ပြောကြားသည်။
“လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံတော်အစိုးရ ဘတ်ဂျက်ကို မှီခိုပြီး လုပ်နေတာပါ။ မြန်မာ့ဆက်သွယ်ရေးကတော့ FDI Law ကို လက်ခံပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဝင်လာမယ့် အော်ပရေတာတွေကလည်း နည်းပညာပိုင်းအရ၊ ငွေကြေးအရ အင်မတန် ကြီးမားတဲ့အတွက် ကျွန်တော်တို့က ဘတ်ဂျက်ပေါ်မှာပဲ မှီခိုမှာဆိုရင် အဆင်မပြေဘူး။
ဒါကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း အနေနဲ့ ရပ်တည်သွားမှာ ဖြစ်တယ်။ ကော်ပိုရေးရှင်း အနေနဲ့ ရပ်တည်တဲ့အခါမှာ နိုင်ငံတော်ရဲ့ ရင်းနှီးမတည်ငွေကိုသာ ပြန်ထုတ်ပေးပြီးတော့ စီးပွားရေးဆန်ဆန် လုပ်ငန်းတွေ လုပ်သွားဖို့ ရှိတယ်။ စီးပွားရေးဆန်ဆန် လုပ်နိုင်ဖို့အတွက် စတော့အိတ်ချိန်းတွေ၊ အများပိုင် ကုမ္ပဏီတွေ ပေါ်ပေါက်လာရင် ကျွန်တော်တို့မှာ ရင်းနှီးငွေလိုမယ်။
ဒါကြောင့် အော်ပရေတာ ကုမ္ပဏီတွေကို နိုင်ငံတကာနည်းတူ ပြည်သူလူထုကို ပိုမို ပါဝင်လာအောင် ရှယ်ယာတွေ ရောင်းနိုင်အောင် ရည်မှန်းထားတယ်။ ဒါကို မြန်မာတယ်လီကွန်း ကုမ္ပဏီနဲ့ ရတနာပုံတယ်လီကွန်း ကုမ္ပဏီကို ရည်မှန်းထားပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တယ်လီဖုန်း အသုံးပြုမှု၊ အင်တာနက် အသုံးပြုမှုများစွာ နောက်ကျနေပြီး လက်ရှိလူတစ်ရာတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ တယ်လီဖုန်း အသုံးပြုနိုင်ကြောင်း သိရသည်။

ပြည့်ရည်ဖူး

News From:   PYI MYANMAR
Post By : အေးချမ်းမွန်
နိုင်ငံတကာ အော်ပရေတာ ကုမ္ပဏီများ ကဲ့သို့ ရှယ်ယာများ ပြည်သူ လူထု သို့ ရောင်းချနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရည်မှန်းထားကြောင်း ဆက်သွယ်ရေး၊
စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တစ်ဦးတည်း လုပ်လို့မဖြစ်တဲ့ အတွက် ပုဂ္ဂလိကရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်ယှဉ်ပြိုင်မှုတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ လိုက်မီနိုင်မယ်လို့ မျှော်မှန်းထားတယ်။ ဒီတော့ ဥပဒေခိုင်မာမှ အော်ပရေတာတွေကို ပြိုင်စေမှာပါ။ ဒါမှ နည်းလမ်းကျတဲ့ ပြိုင်ပွဲကို ဥပဒေခိုင်ခိုင်မာမာနဲ့ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
ဥပဒေမခိုင်မာဘဲနဲ့ အော်ပရေတာတွေကို ပိတ်လိုက်တဲ့အခါ မြို့ပေါ်မှာပဲ လုပ်ငန်းလုပ်တာများပြီး နယ်တွေမှာ ပိုက်ဆံရဖို့မလွယ်တဲ့ အတွက် လုပ်ငန်းလုပ်ဆောင်တာ နည်းတယ်။

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ


Photo: သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

By Good Health

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်

ပဲသုပ် စားပေးပါပဲမှာ

ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်

ကန်စွန်းဥထောင်းစားပါ

ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်

အသားစားပါ

အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်

ငရုတ်သီးစားပါ

ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်

ကော်ဖီသောက်ပါ

ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်

အစေ့အဆန်စားပါ

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်

ပျားရည်သောက်ပါ

ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

News From: Good Health
Post By : အေးချမ်းမွန်
ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထား
တဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်

 ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး


ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦးသည် ယနေ့ (စက်တင်္ဘာလ ၂၁ ) ရက်နေ့ နံနက်က အချုပ်ခန်းကို ဖေါက်ပြီး ထွက်ပြေး  လွှတ်မြောက်သွားကြောင်း သတင်း ရရှိသည်။


ဦးကျော်မောင်ချေအား သတ်ဖြတ်သည့် စွပ်စွဲချက်ဖြင့် ကျောက်တော် မွတ်ဆလင် ပိုက်သည်ရပ်မှ ဖမ်းဆီးခံထားရသူ (၇) ဦး ရှိရာ ထိုအထဲမှ (၂) ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။
“ဒီနေ့ မနက်ပိုင်းညဥ့် ၂ နာရီကျော်ခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဘယ်လိုထွက်ပြေးသွား တယ်ဆိုတာကို အသေးစိတ်တော့ မသိပါဘူး” ဟု ကျောက်တော်မြို့မှ ဒေသခံ  တစ်ဦးကပြောသည်။
သူတို့ နှစ်ဦးမှာ ယမန်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ဦးကျော်မောင်ချေကို သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးသူ နှစ်ဦး ဖြစ်သည်ဟု ရဲအဖွဲ့ကို ကိုးကားပြီး  အမည် မဖေါ်လိုသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ  တစ်ဦးကပြောသည်။

အမေရိကန်မြန်မာစစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ရှိ

မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား စစ်ရေးအရ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မယ့် အစီစဉ်တွေပြန်ပြီး အကောင်အထည်ဖေါ်နိုင်ရေး
နှစ်ဘက် ကာကွယ်ရေးထိပ်တန်းအရာရှိ တွေ ဆွေးနွေးခဲ့ကြတယ်လို့ Financial Times သတင်းစာကြီးကဒီကနေ့ဖေါ်ပြလိုက်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အာဏာနိုင်ငံရေးထဲပါဝင်စွက်ဖက်နေတာထက် ကာကွယ်ရေးလုပ်ငန်းတွေမှာ စနစ်တကျ ဆောင်ရွက်လာနိုင်အောင် အမေရိကန်ဘက်က က

ူညီပံပိုးပေးလိုတဲ့သဘောမျိုးတွေ့ရတယ်လို့ ဗဟုဖွံဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဦးအောင်သူငြိမ်းကပြောပါတယ်။

စစ်ရေးအရပူးပေါင်းဆောင်ရွက်ရာမှာ သင်တန်းပေးမယ့်အစီစဉ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။

NY ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Photo: NY ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဦးရော်နီညိမ်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက် အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ တွေ့ဆုံခဲ့ပါတယ်။ လူအင်အား သုံးထောင်လောက် တက်ရောက်ကြတဲ့ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူတွေ နေထိုင်ရာနိုင်ငံ ဖြစ်တာကြောင့် ဒီလို မတူကွဲပြား ခြားနားမှုတွေကို အင်အားအဖြစ် ပေါင်းစည်းပြီး အားလုံး စည်းလုံးညီညွတ်ကြဖို့ နဲ့ နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ တတ်နိုင်တဲ့ ကဏ္ဍတွေကနေ ပါဝင် ကူညီဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်စုံကိုတော့ နယူးယောက်မြို့ကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့က Queens College မှာ နယူးယောက်မြို့နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားအရေးနဲ့ ဘာသာမတူသူတွေ အကြား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးဂရုပြုပြီး အခုလို ပြောကြားသွားခဲ့ပါတယ်။

“နှစ်ဘက်စလုံးမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ ထားလိုက်ဦး။ တဘက်ကို ပြင်းပြင်းထန်ထန် ပြောရင် ဟိုတဘက်က ကျေနပ်မှာ မဟုတ်ဘူး၊ မကျေနပ်တာ ကျမကို မကျေနပ်တာ ပြောတာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်တာ ပြောတာ။ အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေဟာ ပိုပြီးတော့ ကြီးသွားနိုင်တယ်။ အဲဒီတော့ ကျမကနေပြီးတော့ ပြင်းပြင်း ထန်ထန် ဝေဖန်ပြောလို့ မကျေနပ်ရင် မကျေနပ်တာ ရတယ်။ ဒါပေမဲ့ ဒီပဋိပက္ခတွေ ပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ ကျမ မလုပ်နိုင်ဘူး။ အခြေခံအားဖြင့် ကျမ ဘက်ကနေပြီးတော့ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင် ဘာ ပြင်းပြင်းထန်ထန် ပြောရမလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကျမ ပြောပါရစေ။”

ပြဿနာကို မီးမွေးတဲ့အလုပ်ကို မစဉ်းစားဘဲနဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတာကိုပဲ စဉ်းစားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆိုခဲ့ပါတယ်။

“ကျမတို့ အားလုံး ၀ိုင်း စဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လို လုပ်မလဲ ဆိုတာကို စဉ်းစားရမှာပါ။ ဘာကြောင့် ဆိုတဲ့ ဇစ်မြစ်ကို သွားရမယ်။ ပြဿနာတခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ ဘာလဲ ဆိုတာကို သေချာ စဉ်းစားရမယ်။ လေ့လာရမယ်။ အဲဒီ ပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာပြီးတော့ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ တယောက်နဲ့တယောက် လက်ညှိုးထိုးတာ၊ ဟိုဘက် လက်ညှိုးထိုးတာ၊ ဒီဘက် လက်ညှိုးထိုးတာ၊ အဲဒါတွေကို လုပ်မယ့်အစား တကယ့် ပြဿနာက ဘာလဲ။ တချိန်မှာ တဘက်က လွန်မယ်၊ တချိန်မှာ နောက်တဘက်က လွန်မယ်။ တဘက်တည်းက အမြဲပဲ လွန်နေတယ် ဆိုတာ ရှိခဲပါတယ်။ အဲဒါကြောင့်မိုလို့ သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လို ဖြေရှင်းရမလဲ ဆိုတဲ့ အဖြေကို ရှာရမှာပါ။”

ပြည်ထောင်စု မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံကို ကိုးကွယ်ကြသူတွေ နေထိုင်ရာ ဒေသဖြစ်တယ် ဆိုတဲ့အချက်ကို သတိထားဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံက ပြည်ထောင်စု ဖြစ်တယ်။ ပြည်ထောင်စု ဆိုတာ တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ အင်အားစု၊ ဒီလို မတူတဲ့ ယဉ်ကျေးမှုတွေ၊ မတူတဲ့ ဘာသာစကားတွေ၊ မတူတဲ့ ကိုးကွယ်တဲ့ဘာသာတွေ၊ အားလုံးနဲ့ စုပြီးတော့ ဖွဲ့ထားတဲ့ ပြည်ထောင်စု ဆိုတာ မတူကွဲပြားမှုတွေ ကြောင့်ကို သူ့မှာ အင်အားရှိတယ်။ ကျမတို့သာ နေတတ်မယ်၊ ထိုင်တတ်မယ်၊ စဉ်းစားတတ်မယ်ဆိုရင် ကျမတို့ အချင်းချင်း မတူ ကွဲပြားမှုများ ရှိခြင်းကိုက ကျမတို့ရဲ့ ကြွယ်ဝမှုပဲလို့ ကျမကတော့ ဒီလိုပဲ မြင်ချင်ပါတယ်။”

ဒီပွဲကို တက်ရောက်လာကြတဲ့ ရပ်ဝေးရပ်နီး မြန်မာနိုင်ငံသားတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရတဲ့အတွက် သူတို့ရဲ့ ခံစားချက် ထင်မြင်ချက်တွေကို အခုလို ပြောဆိုသွားခဲ့ပါတယ်။

“သူပြောသွားတာတွေထဲက ကျနော် အကြိုက်ဆုံးက ကိုယ့်တိုင်းပြည်က ကိုယ့် အတွက် ဘာလုပ်ပေးနိုင်လဲ လို့ မေးတာထက်စာရင် ကိုယ်က ဘာလုပ်ပေးနိုင်တယ် ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ အရေးကြီးတယ် ဆိုတာကို၊ အဲဒီစကားကို ကျနော် အရမ်းသဘောကျတယ်။ အဲဒါ ကျနော်တို့ အကုန်လုံး လုပ်သင့်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံကနေ လာတဲ့လူတွေ အတွက် ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ တခုခုတော့ ပြန်လုပ်ပေးသင့်တယ်လို့၊ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော် ယူဆတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက နိုင်ငံရေး လုပ်စားဖို့ မဟုတ်ဘူးဆိုတာကို အကြိုက်ဆုံးပဲ။”

ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာကြသူတွေဟာ သုံးထောင်ကျော် လေးထောင် နီးပါးလောက် ရှိပြီး နယူးယောက်နဲ့ အနီးတ၀ိုက်တင် မက ရပ်ဝေးဖြစ်တဲ့ ဘက်ဖလိုး၊ ယူတီကာ၊ အီတာကာ စတဲ့ နယူးယောက် အထက်ပိုင်း ပြည်နယ်က လာကြတဲ့သူတွေ၊ တောင်ပိုင်းမှာရှိတဲ့ ဖလော်ရီဒါ နဲ့ တက်ခ်ဆက် ပြည်နယ်က လာကြသူတွေလည်း ဒီပွဲမှာ ရောက်ရှိလာကြပါတယ်။

နယူးယောက်မြို့က တိုင်းရင်းသား တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုလံဘီယာ တက္ကသိုလ်ကို သွားရောက်ပြီး တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သြ၀ါဒစကား ပြောကြားတာ၊ ကျောင်းသားတွေ နဲ့ အမေးအဖြေ လုပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အကြောက်တရားနဲ့ အမုန်းတရားဟာ သိပ်ပြီး နီးကပ်နေတာကြောင့် အကြောက်တရားကြောင့် အမုန်းတရား ဖြစ်ပေါ်လာတယ် ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကိုလံဘီယာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို အထူး ဂရုပြု ပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ သူ့ရဲ့ အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ဒုတိယ ခရီးတထောက် ဖြစ်တဲ့ နယူးယောက်မြို့မှာ ဒုတိယနေ့ အဖြစ် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာ၊ အမေရိကန် တက္ကသိုလ်နှစ်ခု က ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
တတိယ ခရီးတထောက် အဖြစ် Kentucky ပြည်နယ်က Louisvilleမြို့ကို
သွားရောက်မှာ ဖြစ်ပါတယ်။

News From : VOA
Post By : အေးချမ်းမွန်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက် အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတေ
ာ့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ တွေ့ဆုံခဲ့ပါတယ်။ လူအင်အား သုံးထောင်လောက် တက်ရောက်ကြတဲ့ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူတွေ နေထိုင်ရာနိုင်ငံ ဖြစ်တာကြောင့် ဒီလို မတူကွဲပြား ခြားနားမှုတွေကို အင်အားအဖြစ် ပေါင်းစည်းပြီး အားလုံး စည်းလုံးညီညွတ်ကြဖို့ နဲ့ နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ တတ်နိုင်တဲ့ ကဏ္ဍတွေကနေ ပါဝင် ကူညီဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်စုံကိုတော့ နယူးယောက်မြို့ကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

မလေးတွင် ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦး အထဲမှ တစ်ဦးကို ကယ်တင်နိုင်


မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေထွေအတွင်းရေးမှူး ကိုစောသန်းက နိရဉ္စရာသို့ပြောသည်။
ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရသည်။

မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက်ဆုံးနေသည်ဟု သိရသည်။
ဖြစ်စဉ်အကျဉ်းချုပ်နှင့် ပတ်သက်၍ ကိုစောသန်းက ယခုလို နိရဉ္စရာသို့ ပြောသည်။
“သူတို့ရန်ကုန်မှာ စက်ရုံအလုပ်သမားတွေပါ။ မာန်အောင်သား (ရခိုင်) ပွဲစား ဦးဥာဏ်ထွန်းနဲ့ “ကြည့်မြင်တိုင် သဲတန်းမှတ်တိုင်”မှာ အဲဒီအမျိုးသမီး ၂ယောက်နဲ့ဆုံတော့ မလေးရှား ကော်ဖီမစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်။ လစာကောင်းကောင်းရမယ်။ ကျပ်ငွေ ၁သိန်းပေးရင် အဆင်ပြေပြီ။ အဲဒီကို ရောက်တာနဲ့ လုပ်ခထဲက ၆လစာ ဖြတ်မယ်ဆိုပြီး မလေးရှားမှာရှိတဲ့ ပွဲစား ဗမာ- မွတ်ဆ လင် နေသန်းဌေး (မလေးနာမည် အီပ) လက်ထဲကို ပို့ပေးတာဖြစ်ပါတယ်” ဟုပြောသည်။
ရန်ကုန်ကနေ ဦးဥာဏ်ထွန်းကတဆင့် မလေးရှားဘက်မှ ပွဲစား နေသန်းဌေး လက်ထဲ သို့ရောက် ပြီးနောက် သူတို့ ရောင်းစားခံခဲ့ရပုံကို ယခုလိုပြောပြသည်။

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို




GSM ဖုန်းများ ကိုနှစ်သိန်းကျပ်သို့ ပြောင်းလဲရောင်းချစဉ် စောင့်ဆိုင်းဝယ်ယူနေကြသူများကို ဧပြီလအတွင်းက တွေ့ရစဉ်
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမနှစ်စီမံကိန်းအတွက် မိုဘိုင်း ဖုန်းအလုံးရေ လေးသန်းကို၂၀၁၂ခုနှစ်၊ မတ်လမှစတင်ပြီး GSM ဖုန်း Sim  Card တစ်ကဒ်ကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ WCDMA  ဖုန်းတစ်လုံးလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွား

Photo: ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွား  

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကောမတီမှ ကျုးကျော်နေအိမ်များဟု သတ်မှတ်ထားသည့် ပြည် ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ် ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းများအား  စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်မှ  ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မန္တလေးမြို့တော်စည်ပင်မှ လူအင်းအားများဖြင့် ခြံဝန်းနေအိမ်များကို ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ရာတွင် အိမ်မြေနေရာ ပိုင်ဆိုင်ထားသူများ၊ မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူနှင့် မန္တလေးမြို့ ၈၈မျိုးဆက် ကျောင်းသားများမှ ၀ိုင်းဝန်း မေတ္တာရပ်ခံခဲ့သဖြင့် ဖယ်ရှားရှင်းလင်းမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

''အခုရှင်းလင်းဖယ်ရှားခံရတဲ့ မြေနေရာတွေကို ပြီးခဲ့တဲ့နှစ်လောက်ကတည်းကစပြီး အရောင်းအ၀ယ် လုပ်နေကြတာ။ တစ်ချို့ဆိုရင် နယ်တွေ၊ ရွာတွေကနေ မရှိမဲ့ ရှိမဲ့ လယ်လေးတွေရောင်းပြီး မန္တလေးမြို့က လုပ်ကိုင်စားလို့ကောင်းတယ် ဆိုတော့ ဒီမှာဝယ်ပြီး လာနေကြတာ။ စရောင်းတုန်းက မြေဈေးကလည်း တစ်နှစ်စာအိမ်လခနဲ့ ယှဉ်ရင်သိပ်မကွာတော့ ၀ယ်နေကြတာပေါ့။ အစောကြီးကတည်းက နိုင်ငံတော်ပိုင် လယ်မြေတွေပါလို့ ထုတ်ပြန်ခဲ့ရင် အခုလို ဆင်းရဲသားတွေ ပါမလာ နိုင်ဘူး။ ၀ါတွင်းကြီး ဖျက်ခိုင်းရွှေ့ခိုင်းတယ်ဆိုတော့ အကုန်အခက်အခဲ ဖြစ်ကုန်တာပေါ့။ မြေရောင်းချတဲ့သူ တွေကိုတော့အရေးမယူဘဲ မရှိမဲ့ ရှိမဲ့နဲ့ ၀ယ်တဲ့သူတွေကိုမှ အရင်ဖယ်ရှား ရှင်းလင်းခိုင်းတာ''ဟု ကံကြီးကုန်းကျေးရွာအတွင်း မြေကွက်ဝယ် ယူထားရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''အခုဖျက်ဖို့ လုပ်တဲ့အိမ်တွေက ပြီးခဲ့တဲ့ သြဂုတ်လပိုင်းတုန်းကမှ အိမ်ထောင်စုစာရင်းတွေကောက်ပြီး ဆောက်ခိုင်းထားတဲ့ အိမ်တွေ။ တစ်ချို့အိမ်တွေဆိုရင် အိမ်နံပါတ်တွေတောင် ကျနေပြီ။ အိမ်နံပါတ်ချပေးမယ်ဆိုလို့ ငါးထောင်၊ တစ် သောင်းပေးဆိုလည်း ပေးလိုက်ရတယ်။ ရပ်ကွက်ရုံးက အိမ်ထောင်စုဇယားတွေကို ဇီးအုပ်ထဲမှာ တိုးဆိုလို့လည်း ငွေသုံးသောင်းပေးပြီး တိုးခဲ့ရတယ်။ အမျိုးမျိုးပေး၊ အမျိုးမျိုးလုပ်နေလည်း အဖျက်ခံရတာပဲ''ဟု ဇီးအုပ်ကျေးရွာမှ အိမ်အဖျက်ခံရသူတစ် ဦးက ပြောကြားခဲ့ပါသည်။

ထို့နောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင်  မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်မောင်းက ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်း ၀ယ်ယူထားရှိသူများအား ကံကြီးကုန်းကျေးရွာ မကွေးဘုန်းတော် ကြီးကျောင်းတိုက်၌ ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းဖယ်ရှားပေးရန် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မြို့တော်ဝန်မှ ခြံဝန်းနေအိမ်ဝယ်ယူထားရှိသူများအား ဖယ်ရှားပေးရန် မေတ္တာရပ်ခံပြောကြားပြီးနောက် မကွေးဘုန်တော်ကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာရာတွင် ၀ယ်ယူထားရှိသူများက ကျေနပ်မှုမရှိသဖြင့် မြို့တော်ဝန်၏ ယာဉ်တန်း ရှေ့တွင်ဖယ်ရှားမှု မပြုရန်အတွက် ၀ိုင်းဝန်းပိတ်ဆို့ ဆန္ဒပြုရာမှ လုံခြုံရေး ရဲဝန်းထမ်းများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြသည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် မန္တလေးမြို့တော်ဝန်သည် မကွေးကျောင်းတိုက်ဆရာတော်၊ ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး အချိန်ခုနစ်ရက်အတွင်း အဆိုပါနေအိမ်များအား ဖယ်ရှားရှင်းလင်းမှု မပြုလုပ်သေး ကြောင်း၊ နောက်ပိုင်းတွင်ကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်ဟု တွေ့ဆုံညှိနှိုင်းမှုတွင်ပါဝင်သော ၈၈မျိုး ဆက် ကျောင်းသားအဖွဲ့မှ ကိုမောင်ခိုင်က ပြောကြားခဲ့သည်။

News From : Eleven Media Group
Post By : အေးချမ်းမွန်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိ
မ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကောမတီမှ ကျုးကျော်နေအိမ်များဟု သတ်မှတ်ထားသည့် ပြည် ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ် ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းများအား စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်မှ ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မန္တလေးမြို့တော်စည်ပင်မှ လူအင်းအားများဖြင့် ခြံဝန်းနေအိမ်များကို ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ရာတွင် အိမ်မြေနေရာ ပိုင်ဆိုင်ထားသူများ၊ မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူနှင့် မန္တလေးမြို့ ၈၈မျိုးဆက် ကျောင်းသားများမှ ၀ိုင်းဝန်း မေတ္တာရပ်ခံခဲ့သဖြင့် ဖယ်ရှားရှင်းလင်းမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

မန္တလေးဈေးချို နဲ့ ဓာတ်ဆီထုပ်

ကြာသပတေးနေ့က မန္တလေးဈေးချိုမှာ ဓာတ်ဆီထုပ်တွေချပြီး မီးရှို့ဖို့ စီစဉ်ခဲ့တဲ့သူဟာ ဈေးသည်တယောက်ဖြစ်တယ်၊ ဂိုဒေါင်မှာထားတဲ့ သူ့ပစ္စည်း တချို့ အဖောက်ခံရလို့  ဂိုဒေါင်ပိုင်ရှင် စကားပြောဆိုရာမှာ အဆင်မပြေတဲ့အတွက် ဓာတ်ဆီထုပ်များကို ဆိုင်ခန်းတွေကြားထဲ သွားထားတယ်၊ ဓာတ်ဆီထုပ်တထုပ်မှာ ဆက်ထားတဲ့ပီနံကြိုးကို မီးရှို့ခဲ့သေးတယ် တဲ့။ သူ့ကိုဖမ်းပြီး နောက်ပိုင်း ရဲစခန်းမှာ ထွက်ဆိုတာတွေကို အခြေခံ ရေးထားပုံရပါတယ်။

ဒီနေ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့သတင်း ဖြစ်ပါတယ်။  
Irrawaddy Blog

တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် သမ္မတဦးသိန်းစိန်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်ဟု ဘန်ကီမွန် မျှော်လင့်




BankiDawsu
ကုလသမဂ္ဂ ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံနေစဉ် (UN Photo/Eskinder Debebe)
မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် သမ္မတဦးသိန်းစိန်နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်ဟု ကြီးမားသည့် မျှော်လင့်ချက်ထားရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်  ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒါနဲ့ ပတ်သက်လို့လည်း ကျွန်တော့်အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး တည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ အတူတကွ လမ်းလျှောက်နေကြပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက် ထောက်ခံမှုအပေါ်မှာလည်း တကယ့်ကို အားကိုးအားထားပြုပါတယ်" ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။  

ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ)၏ အတွင်းရေးမှူး ကိုကျော်မင်းဆွေအား ဒဂုံမြို့နယ်တရားရုံးက အသရေဖျက်မှုဖြင့် စွဲချက်တင်



Eleven Media Group ၀က်ဆိုက်ဘ်တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ တရားစီရင်ရေးမဏ္ဍိုင်အပေါ် ပြည်သူလူထု၏ သဘောထားကို တွေ့ရစဉ်
မကြာသေးမီက(စက်တင်ဘာလ ၁၇ ရက်) ဖွဲ့စည်းခဲ့သည့် ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ)၏ အတွင်းရေးမှူး ကိုကျော်မင်းဆွေ(The Vocie ဂျာနယ်အယ်ဒီတာချုပ်) ကို ဒဂုံမြို့နယ်တရားရုံးက  အသရေဖျက်မှု(ပုဒ်မ ၅၀၀)ဖြင့် စွဲချက်တင် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် ဒဂုံမြို့နယ်တရားရုံးသို့ လျှောက်ထားမှုအပေါ် တရားရုံးကရုံးချိန်း (၁၄)ကြိမ်မြောက်တွင် The Voice ဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့အား အသရေဖျက်မှု(ပုဒ်မ ၅၀၀) ဖြင့် စွဲချက်တင်လိုက်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအမိန့်နှင့်ပတ်သက်ပြီး The Voice ဂျာနယ်ဘက်မှ ခရိုင်သို့ ပြင်ဆင်မှု လျှောက်ထားသွားမည်ဖြစ်ကြောင်း The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။ ''ဒီအမှုဟာ ဘယ် သူနိုင်နိုင် တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ဒီစွဲချက်တင်တဲ့ကိစ္စကို ခရိုင်ကိုတက်မယ်။ ဒီအမှုသည် စတုတ္ထမဏ္ဍိုင်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ဖြစ်တဲ့ပွဲဖြစ်သွားပြီ။ အဲဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူး''ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးကျောက်တိုင် ဖြိုဖျက်ခံရ

Photo: ငြိမ်းချမ်းရေးကျောက်တိုင် ဖြိုဖျက်ခံရ
2012-09-22

ရန်ကုန်တက္ကသိုလ်အနီး အင်ယားကန်ဘောင်မှာ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေ မနေ့က အင်္ဂတေနဲ့ စိုက်ထူထားခဲ့တဲ့ ငြိမ်းချမ်းရေး
ကျောက်တိုင်ကို ဒီကနေ့ ဖြိုဖျက်ခံထားရတာ တွေ့ရတယ်လို့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အတည်ပြု ပြောပါတယ်။

ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးခံရမှုဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်မှုဖြစ်ပြီး မနေ့က ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ နောက်ယောင်ခံ လိုက်ခံရတာ၊ လူကြားထဲဆွဲခံရတာ၊ မြို့နယ်က တရားစွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ တာဝန်ခံတွေဖြစ်တဲ့ ကိုမိုးသွေး၊ ကိုကျော်ကိုကို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည် မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

ဒီအတောအတွင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူ သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာဝံသကို ဒီကနေ့မှာ မြို့နယ်သံဃာ့ မဟာနာယကက ခေါ်ယူပြီး ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ဦးပညာဝံသက ပြောပါတယ်။

တချိန်တည်းမှာဘဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်
အဖြစ် ပြည်မြို့မှာ လုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဝိမလကိုလည်း သာသနာရေးရုံးက ခံဝန်ကတိ လက်မှတ်ရေး ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

မနေ့က ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူတွေထဲက
လောလောဆယ်အထိ (၉) ဦး တရားစွဲဆို ခံထားရတယ်လို့လည်း သိရပါတယ်။

News From : RFA
Post By :အေးချမ်းမွန်
ရန်ကုန်တက္ကသိုလ်အနီး အင်ယားကန်ဘောင်မှာ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေ မနေ့က အင်္ဂတေနဲ့ စိုက်ထူထားခဲ့တဲ့ ငြိမ်းချမ်းရေး
ကျောက်တိုင်ကို ဒီကနေ့ ဖြိုဖျက်ခံထားရတာ တွေ့ရတယ်လို့ ငြိမ်းချမ်းေ
ရး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အတည်ပြု ပြောပါတယ်။

ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးခံရမှုဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်မှုဖြစ်ပြီး မနေ့က ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ နောက်ယောင်ခံ လိုက်ခံရတာ၊ လူကြားထဲဆွဲခံရတာ၊ မြို့နယ်က တရားစွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ တာဝန်ခံတွေဖြစ်တဲ့ ကိုမိုးသွေး၊ ကိုကျော်ကိုကို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည် မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းပြော

Photo: လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းပြော

2012-09-22

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ အပေးအယူ မှန်သမျှကို မြန်မာအစိုးရက လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကိုရောက်စဉ် မနေ့က ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဌာချုပ်ကို ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့
ရောက်ရှိစဉ် ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဦးအောင်မင်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလို မှတ်ချက်ပေးပါတယ်။

"ဒါကတော့ ဦးအောင်မင်းတစ်ယောက်ထဲရဲ့ အပြောပဲလေ။ ဦးအောင်မင်းနဲ့ စကားပြောလိုက်ရင် ဘာမဆို အားလုံးလွယ်နေတာချည်းပဲဗျ။ ဒါပေမဲ့ လက်တွေ့ကြတော့ ဒါကအများနဲ့ကိစ္စ၊ ဘာမှဖြစ်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ အစိုးရတစ်ဖွဲ့လုံးရဲ့ကိစ္စ၊ တပ်မတော်ကိစ္စဆိုတဲ့ဟာမှာ အမှန်က လက်တွေ့အရ ပြောင်းလဲဖို့ မလွယ်ဘူး"

ဒါ့အပြင် ကချင် KIA တပ်တွေနဲ့ အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် ရထားပေမယ့် လာမယ့်ဒီဇင်ဘာလ UNFC လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့
တွေ့ဆုံချိန်မှာ အပြီးသတ် လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့
မျှော်လင့်ကြောင်း ဝန်ကြီးဦးအောင်မင်းက (ရိုက်တာ) သတင်းဌာနကို
ပြောဆိုပါတယ်။

News From: RFA Burmese
Post By :အေးချမ်းမွန်
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ အပေးအယူ မှန်သမျှကို မြန်မာအစိုးရက လုပ်ဆောင်သ
ွားဖို့ ရှိတယ်လို့ သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကိုရောက်စဉ် မနေ့က ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဌာချုပ်ကို ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့
ရောက်ရှိစဉ် ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဦးအောင်မင်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလို မှတ်ချက်ပေးပါတယ်။

လာမည့် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်လေးလုံး ထပ်မံဖြည့်တင်းရန် စီစဉ်




သာကေတ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - အောင်ဇော်ထွန်း
ယခုနှစ် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ လျှပ်စစ်ဓာတ်အား အခက်အခဲဖြစ်မှု နည်းပါးစေရန်အတွက် မဂ္ဂါဝပ် ၂၀၀ ရရှိနိုင်မည့်  ၅၀ မဂ္ဂါဝပ် ဂက်စ်အင်ဂျင်လေးလုံးဖြင့် ဖြည့်တင်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
'' အခုနှစ်နွေရာသီမှာတော့ ဂက်စ်အင်ဂျင်လေးလုံးက မဂ္ဂါဝပ် ၂၀၀ လောက်ရမယ်။ ရှိပြီးသား သဘာဝဓာတ်ငွေ့စက်တွေကလည်း မဂ္ဂါဝပ် ၃၀၀ လောက်ရယ်၊ ရေအားလျှပ်စစ်က ရတာနဲ့ဆိုရင် အခက်အခဲ လျော့သွားမှာပါ။ ထုတ်လုပ်မယ့် နေရာတွေကတော့ ရွာမ၊ အလုံ၊ သာကေတနဲ့ လှော်ကား စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အဆိုးဆုံးဆိုရင်တောင် တစ်အုပ်စုလောက်ပဲ ပျက်မှာ။ စက်မှုဇုန်တွေကတော့ ပေးနိုင်မှာပါ။ အရင်နှစ်လောက်တော့ ပြဿနာ မရှိနိုင်ပါဘူး။ ရာသီဥတုပူတော့ လျှပ်စစ်ပိုသုံးဖြစ်ကြတာပေါ့။ ဂက်စ်ရယ်၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရယ်၊ ရေအားလျှပ်စစ်စက်ရုံတွေက ရရှိမယ့် ဓာတ်အားတွေနဲ့ပေါင်းပြီးတော့ ဖြည့်ဆည်းသွားဖို့ စီစဉ်ထားပါတယ်''ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

နာမည်ကြီး သတင်းသမား သောမတ်စ်ဖူလာ မုံရွာမှာ ယာယီ ထိမ်းသိမ်း တားမြစ်ခံရ

 သတင်းဆောင်းပါးရှင် သောမတ်စ်ဖူလာ၊ ဓာတ်ပုံ-International Herald Tribune

International Herald Tribune ရဲ့ နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမား တဦးတို့ဟာ မုံရွာ မြို့က အပြန် မြို့အထွက် ဂိတ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက တားမြစ်ကာ ယာယီထိမ်းသိမ်းတာ ခံလိုက်တယ်လို့ မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဧရာဝတီကို ပြောပါတယ်။

"သူတို့ကို မုံရွာ Toll Gate မှာ တားလိုက်တာ" လို့ မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းက သူ တဦးက ပြောပါ တယ်။ 

သူ့ရဲ့ စကားပြန်ကိုလည်း အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့ပါတယ်တဲ့။  နောက် သူတို့ကို တားမြစ်ပြီး တဲ့နောက် သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမားတို့ဟာ မန္တလေးကို ပြန်လည် ထွက်ခွာသွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ 
Related Posts Plugin for WordPress, Blogger...

ShareThis