“ကျွန်တော်တို့လူမျိုးစုအရေးပေါ့နော်
ဒါကသမိုင်းပေးတာဝန်လို့ခံယူထားတာကို… မပြီးမမြောက် မခြင်းတော့
တတ်နိုင်သမျှလုပ်ဆောင်သွားမှာပါ” (နိုင်မျိုးသွေး)
ပြီးခဲ့တဲ့လ ဧပြီလ ၃၀ ရက်နေ့က မော်လမြိုင်မြို့ strand ဟိုတယ်မှာ
ရာမညမြေအတွက် သမ္မတဦးသိန်းစိန်ရဲ့လက်ဆောင်အနေနဲ့
မွန်ပြည်သစ်ပါတီကတောင်းဆိုထားတဲ့ အကျဉ်းကျနေတဲ့ပါတီဝင်နှစ်ဦးကို
မိခင်ပါတီ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။လွတ်မြောက်လာတဲ့ နိုင်ယက္ခနဲ့ နိုင်မျိုးသွေး နှစ်ဦးထဲမှ မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက် ရေးတပ်မတော်မှ ယခင်ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၄၀ အရွယ်ရှိတဲ့ နိုင်မျိုးသွေးကို YPI မှ တွေ့ဆုံမေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။





မိုးကြိုမိုးလေးတွေ တဖွဲဖွဲရွာစပြုတဲ့ မေလဆန်းကို ချဉ်းနင်း
ဝင်ရောက်လာခဲ့ပါပြီ။ ရာသီစက်ဝန်းက တစ်ပတ်လည်လုပြီ။ မနှစ်က ဇွန်လ။ မိုးတွေ
တစ်ပြိုက်ပြိုက်ရွာတုန်း အိမ်ငယ်လေးတွေကို စွန့်လို့ တိမ်းရှောင်သူတွေ
တိမ်းရှောင်ကြရတယ်။ ကချင်တောင်တန်းတွေပေါ်မှာ မိုးစက်တွေကြား ကူကယ်ရာ
လက်တွေရှိမယ်လို့ မျှော်လင့်ရတဲ့ နေရာတွေဆီ စွန့်ခွာကြရတယ်။ အဲဒီတုန်းကတော့
ဒါဟာ မကြာပါဘူးလို့ အားလုံးက ထင်ခဲ့ကြပါတယ်။ မကြာခင်
အိမ်ပြန်နိုင်မှာပဲလို့ ထင်ခဲ့ကြပါတယ်။ အခုတော့ သူတို့မျှော်လင့်ခဲ့ကြတဲ့
အိမ်အပြန်လမ်း ဝေးခဲ့တာဟာ ရှေ့လာမယ့် ဇွန်လဆိုရင် တစ်နှစ်ပြည့်တော့မှာပါ။


