menu

Tuesday 14 August 2012

အဂတိလိုက်စားမှု အောက်ခြေအဆင့်တွင် နေရာတိုင်းနီးပါး ရှိနေကြောင်း သမ္မတပြောကြား

ရန်ကုန်၊ သြဂုတ် - ၁၄
အဂတိလိုက်စားမှုသည် အောက်ခြေအဆင့်ဆင့်၌ နေရာတိုင်းလိုလို ရှိနေသေးသည့်အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း သြဂုတ်လ ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

သြဂုတ်လ ၁၃ ရက်က ကျင်းပသော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးတွင် စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတက လာဘ်ပေးလာဘ်ယူမှုသည် ပေးသူရော ယူသူပါ အကျင့်ပျက်သည့် သိက္ခာမဲ့လုပ်ရပ်ဖြစ်သည့်အပြင် အစိုးရ၏ ဂုဏ်သိက္ခာပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် အပြစ်ပေးအရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အုပ်ချုပ်သူအကြိုက်

ပြည်သူ့ခေတ်ဂျာနယ်

ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဝန်းအတွင်း မြင်ကွင်း (ဓာတ်ပုံ – memories-of-mstint.blogspot.com)
စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။
နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ရမှတ် ၄၅၀ အထက်ရရှိသူ ၂၅၀ ဦးကို ရွေးချယ်ကာ ဘွဲ့ကြိုအတန်းများအတွက် သင်ကြားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စနေနေ့ထုတ် သတင်းစာများတွင် ရေးသားထာသည်။

ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ရုပ်ရှင်ကုမ္ပဏီထုတ် တိုက်တန်းနစ်ဇာတ်ကား ပထမဆုံးအကြိမ်သရီးဒီဖြင့် ပြသမည်

လော့စ်အိန်ဂျလိစ်၊ သြဂုတ် - ၁၄
ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရုပ်ရှင်ကုမ္ပဏီ 20th Century Fox သည် မြန်မာနိုင်ငံတွင်း၌ ၄င်းတို့၏ တိုက်တန်းနစ်(သရီးဒီ) ရုပ်ရှင်ကားကို ပြသပေးသွားရန် သဘောတူညီခဲ့သည်။

သြဂုတ် ၁၃ရက် (တနင်္လာနေ့)က Fox ကုမ္ပဏီသည် ၄င်းတို့၏ဇာတ်ကားကို မြန်မာနိုင်ငံတွင်း ပြသခွင့်အား မင်္ဂလာကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပေးအပ်ခဲ့ကြောင်း၊ လူကြိုက်များသည့် ယင်းတိုက်တန်းနစ်သရီးဒီကားကို သြဂုတ် ၁၇ရက်တွင် မြန်မာနိုင်ငံ၌ ပြသမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း၌ နောက်ဆုံးရုံတင်ပြသခဲ့ဖူးသော အမေရိကန်ရုပ်ရှင်မှာ မည်သည့်ရုပ်ရှင်ကားမှန်း သေချာမသိရသော်လည်း Fox ၏ ထုတ်ပြန်ချက်၌ ၄င်းတို့သည် မြန်မာနိုင်ငံ၌ အမေရိကန်ရုပ်ရှင်ကား ရုံတင်ပြသရန် ဆယ်စုနှစ်များစွာချီ၍ စောင့်ဆိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

ရေနံတွင်းဟောင်းတူးဖော်ရာမှ ပေါက်ကွဲသဖြင့် လူတစ်ဦးသေဆုံး

ပခုက္ကူမြို့နယ်အတွင်းရှိ ဘီအိုစီခေတ်အတွင်းက ရေနံတွင်းဟောင်းတစ်ခုအား ခိုးယူတူးဖော်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တူးဖော်သူများအနက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးပိတ်မိလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု၊ ကျောက်ဆောင်းကျေးရွာ မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ ဘီအိုစီခေတ်က ရေနံတွင်းဟောင်းတစ်တွင်းကို သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ချိန်ခန့်တွင် ကျောက်ဆောင်းကျေးရွာနေ သိန်းဋ္ဌေး၊ နိုင်လင်းဦးနှင့် ၀င်းကိုတို့ (၃)ဦးက ရေနံများ ခိုးယူတူးဖော်နေခဲ့သည်။ ထိုသို့တူးဖော်နေစဉ် ရေနံတွင်းဟောင်းမှ လေဖိအားနည်းကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သစ်ပင်လည်းစိုက် .. . . ခုတ်နေတာလည်း ရပ်ကြပါ . . .( ဇော်ဝင်းချစ်(တောင်ငူ))



မိုးတွင်းကာလ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များရဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲဆိုတဲ့သတင်းက နိုင်ငံပိုင်မီဒီယာများမှာ ဖော်ပြခဲ့ကြသည်ကို မြင်တွေ့ ကြားသိနေရသည်။
တစ်ချိန်ချိန်တွင်တော့ မြန်မာနိုင်ငံ ရာသီဥတုကြီး အောက်မေ့ဖွယ် ယခင်အချိန်သို့ ပြန်လည်ရောက်ရှိလာမည်လောဟု ယုံကြည်စရာပင် ဖြစ်လာသည်။ သို့သော်...အခုရေတွင်းတူး၍ အခုရေကြည်သောက် မရနိုင်သည်မှာ မမေ့အပ်ဖို့ လိုပါပေသည်။ ယနေ့စိုက်သော သစ်ပင်များ ဘယ်အချိန်ကာလမှာ တိုင်းပြည်အတွက် အကျိုးသက်ရောက်မည်နည်း။ ဆေးပညာလောကမှာ သုံးနေကျ စကားတစ်ခွန်းတော့ ရှိပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည်။ လတ်တလော ဖြစ်ပေါ်နေတဲ့(Global Warming) ကမ္ဘာကြီး ပူနွေးနေတဲ့ပြဿနာက အခု အခြေအနေထက် ပိုဆိုးမသွားအောင်တော့ သစ်ပင်စိုက်နေတာတွေထက် ရှိပြီးသား သစ်ပင်တွေကို ထိရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းက အမှန်တကယ် လိုအပ်လျက် ရှိနေတာပါပဲ။

အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တစ်ပတ်အတွင်း နှုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များ တောင်းဆို

နေပြည်တော်၊ သြဂုတ် ၁၄

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ အကြောင်းကြား သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် ( ၂ ) ပါ ပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ( င ) အရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် နိုင်ခြင်းတို့ကြောင့် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် သြဂုတ်လ ၈ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က လွှတ်တော် အခွင့်ရေး ကော်မတီမှ တင်ပြခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် စပ်ဆက်သော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မထိခိုက်စေရေး အတွက် စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစား အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။

ဝါ၀ါဝင်းကုမ္ပဏီနှင့် ညှိနှိုင်းမှု အဆင်မပြေသည့် လယ်သမားများ နေပြည်တော်တွင် ဆန္ဒပြမည်


 အိုးအိမ်ရုံးရှေ့ ဆန္ဒပြခဲ့ကြသည့် လယ်သမားများနှင့် ၀ါဝါ၀င်းကုမ္ပဏီအကြား ညှိနှိုင်းမှုများ သဘောတူညီမှုမရ ဖြစ်ခဲ့သည့်အတွက် လယ်သမားများက နေပြည်တော်သို့ သွားရောက်ဆန္ဒပြမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

နေပြည်တော်သို့  စက်တင်ဘာ ၁၈ ရက်တွင် သွားရောက်ဆန္ဒပြရန် အပြင်ပဒံကျေးရွာ မဟာဒီပ၀ံသဘုန်းကြီးကျောင်းတွင် ယနေ့ သြဂုတ် ၁၄ ရက်က ကျင်းပသည့် အစည်းအဝေးတွင် လယ်သမားများက ဆုံးဖြတ်လိုက်ကြသည်။ လယ်သမားများသည် တစ်နိုင်ငံလုံးမှ ၎င်းတို့နှင့်ဘ၀တူ လယ်သမားများအား လာရောက်ပူးပေါင်းရန်လည်း ဖိတ်ခေါ်လိုက်သည်။ ၎င်းတို့ကိုယ်စားလှယ် ဦးဝင်းချိုကလည်း အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်ကို “မလွဲမသွေလုပ်ဆောင်မှာ ဖြစ်တယ်”ဟု ပြောကြားသည်။

ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရွေးချယ်ခံရ

ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထား  ကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။

ဒုသမ္မတအမည် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည်

ထူးအိမ်သင် ကွယ်လွန်ခြင်း ၈နှစ်ပြည့် ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၄

ကိုဌက်ကြီးဟု ချစ်စနိုး ခေါ်ကြသည့် တေးသံရှင် ထူးအိမ်သင်၏ သြဂုတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အမှတ်တရပွဲကို ၄င်း၏ လူငယ် ပရိတ်သတ်များ ဦးစီး၍ ရန်ကုန်မြို့တော် ဗိုလ်ရာညွှန့်လမ်းရှိ New Zero Art Space ခန်းမတွင် ကျင်းပခဲ့သည်။

၎င်း၏ ပရိတ်သတ် လူငယ်များ စုလုပ်သည့်ပွဲဖြစ်ပြီး New Zero Art Space အဖွဲ့နှင့် အခြား အနုပညာ ၀ါ

နာပါသူများ ပေါင်းပြီး ကျင်းပခြင်း ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သည့် လူငယ် ကဗျာဆရာ ကိုဇော်ရန်နိုင် က ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆွေနွေးပွဲ ကျင်းပနေစဉ်။
သမ္မတ ဦးသိန်းစိန်အနေနဲ့  တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်ထားပြီး (၂၀၁၅) ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခု ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာအီးဂရက်အဖွဲ့  ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား

 နယူးဒေလီ (မဇ္ဈိမ) ။      ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ အကြုံးဝင်သည့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပေါ်လစီတရပ် ချမှတ်လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်း ထိုအစည်းအဝေးကြီး၏ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းတွင် ပါရှိသည်။

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြသည့် OIC အထူး အစည်းအတွက် အဓိက ခေါင်းစဉ်များ အဖြစ် ဆီးရီးယား၊ မြန်မာ၊ မာလီ၊ ပါလက်စတိုင်းနှင့် ဂျေရူဆလင် အရေးကိစ္စများ ဆွေးနွေးကြသည်။

Google က ၀န်ထမ်း ၄,၀၀၀ အလုပ်ဖြုတ်မယ်

http://www.thehindu.com/multimedia/dynamic/01175/TH13_IT_PAGE_1175185f.jpg
(photo - AP)
Google က ၀န်ထမ်း ၄,၀၀၀ အလုပ်ဖြုတ်ဖို့ ပြင်နေပြီ ဆိုပြီး နည်းပညာလောကမှာ သတင်းကြီးနေပါတယ်။

ဒီဝန်ထမ်းတွေဟာ Motorola Mobility ၀န်ထမ်းတွေ ဖြစ်ပါတယ်။

Motorola မှာ လတ်တလော ရှိတဲ့ ၀န်ထမ်း အရေအတွက်က၂၀,၀၀၀ ၀န်းကျင်ပါ။

အလျှော့ခံရမယ့် ၀န်ထမ်းတွေထဲက သုံးပုံနှစ်ပုံက အမေရိကန်နိုင်ငံအပြင်ဘက်က ၀န်ထမ်းတွေပါ တဲ့။

အမေရိကန်အင်တာနက်ကုမ္ပဏီကြီး Google က ဗိုက်နာ အရှုံးပြနေတဲ့ Motorola ကို ၀ယ်ထားတာ ၃ လပဲ ရှိပါသေးတယ်။

ဒါဟာ Google က သူ့ထက် အသက်ကြီးတဲ့ နည်းပညာကုမ္ပဏီကို ၀ယ်လိုက်တာပါပဲ။

Google က တခြားနည်းပညာနည်းပညာကုမ္ပဏီတွေကို လိုက်ဝယ်ပြီး အိတ်ထဲထည့်နေတာ ကြာပါပြီ။ သူဝယ်ထားတဲ့ထဲက အင်တာနက်လောက်မှာ နာမည်အကြီးဆုံးက Youtube ဖြစ်ဖွယ် ရှိပါတယ်။

ရေနံတွင်းမီးလောင်လူသုံးဦးသေဆုံးအမှုမှန်မပေါ်ပေါက်

 မကွေးတိုင်းဒေသကြီးသရက်ခရိုင် မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေ ဦးစိုင်းဝဏကျော်၏ S-5 company တွင် ၂၆.၇.၂၀၁၂ ရက်နေ့နံနက် ၀၆း၃၀ နာရီခန့်အချိန်တွင်ရေနံလက်ယက်တူးဖော်ရေးတွင်းအမှတ် ၁၁၀၂ ကန်ထရိုက် ငသော်ပိုင်တွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ဖြစ်စဉ်မှာ ၎င်းမီးလောင်သောရေနံတွင်းမှာ တရက်လျှင်ရေနံပေပါ အလုံး ၂၀၀ခန့် ထွက်သောလျှံတွင်းဖြစ်ပြီး ထိုတွင်းမှ gas များထွက်လာကာထမင်းချက်တဲမှ တဆင့်မီးကူးဆက်လောင်ခဲ့ရာ ရေနံခတ်နေသောထွန်းဝင်း(ကွမ်းတောရွာ)မင်းလှမြို့နယ် မီးလောင်သေဆုံးသဖြင့် ဦးခေါင်းရိုး နှင့် တင်ပါးဆုံးရိုးသာ ကျန်ရှိ အလောင်းမတွေ့ရသရက်မြို့ နယ်နေပေသီးဆိုသူ မီးပုံထဲတွင် ရှာဖွေရာ အလောင်းမတွေ့ရပဲ အူအခွေလိုက်သာတွေ့ရှိရမင်းလှမြို့နယ် မိုးနတ်ကုန်းရွာနေခင်မောင်ဆွေအား မီးလောင်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ပြီး ချောက်မြို့နေရဲနိုင်ဦးမှာ မီးလောင်ဒဏ်ရာဖြင့် မင်းဘူးဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိပါသည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် VOA ဌာနမှူး အင်တာဗျူး

 
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် VOA ဌာနမှူး ဦးသန်းလွန်ထွန်းတို့သည် ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ (၁၃) ရက်နေ့ ညနေ (၀၄း၀၀)နာရီခန့်တွင် နိုင်ငံတော် သမ္မတရုံး၌ တွေ့ဆုံရန် ရခိုင်အရေး နှင့် ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးခဲ့မှုအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မေး။    ။ အခုရက်ပိုင်းတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက ရခိုင်ပြည် ရိုဟင်ဂျာကိစ္စပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော်မရှင်အစည်းအဝေးပွဲတွေလုပ်တော့မယ်။ ကုလသမဂ္ဂအစည်းဝေးတွေလုပ်မယ်။ နိုင်ငံတကာ အစ်စလန်မစ်ကောင်စီအစည်းအဝေးတွေလုပ် တော့မယ်ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာရှိ  နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူစလင်တွေအကြောင်း ပါရှိလာပါလိမ့်မယ်။ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်ရေး ချိုးဖောက်မူတွေရှိနေတယ်လို့ စွပ်စွဲမူတွေရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံကနေ ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေး ၀န်ကြီးက အကူအညီတွေပေးသွားတာတွေရှိနေတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာကနေပြီးတော့ လူအခွင့်ရေးဆိုပြီးထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မူ တွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေကြားနေရပါတယ်။ အဲကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။

မြန်မာပြည်မှာ လှုပ်ရှားခဲ့တယ်ဆိုတဲ့ သေနတ်သမားကို အသေမိပြီ

After an eight-year manhunt across four provinces, involving tens of thousands of police officers, China's most-wanted criminal died nine miles from his mother's home.
လူ ၉ ဦးသတ်မှုနဲ့ သံသယဖြစ်ခံရတဲ့ သေနတ်သမား Zhou Kehua ကို ဒီနေ့ တရုတ်ပြည်အနောက်တောင်ပိုင်း ချုံကင်း(Chongqing) မှာ အသေမိပြီ တဲ့။
ဒီသေနတ်သမားဟာ မြန်မာပြည်မှာ လေ့ကျင့်လှုပ်ရှားခဲ့ဖူးသူဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ သူ့ကို တရုတ်ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပါတယ်

ပြီးခဲ့တဲ့ ၈ နှစ်အတွင်း လူ ၉ ဦးကို သတ်ဖြတ်မှုနဲ့ သူဟာ တရုတ်ပြည်ရဲ့ အလိုအရှိဆုံးရာဇ၀တ်သားစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးသူရတင်ဦးကာကွယ်ရေးဦးစီးချုပ်အဖြစ်က ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ

 တစ်ချိန်က မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ်အဆင့်မှ စတင်ကာ မြန်မာ နိုင်ငံ၏ (၄)ဦးမြောက် ကာကွယ်ရေး ဦးစီး ချုပ်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သောလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦးအနေဖြင့် ကာကွယ်ရေးဦးစီး ချုပ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၆ခုနှစ် မတ်လ ၆ ရက် ရက်စွဲပါ နိုင်ငံတော်ကောင်စီ၏ ကြေညာချက် အမှတ်(၂၆/၇၆)အရ ကာကွယ်ရေးဦးစီး ချုပ်အဖြစ် ၆-၃-၇၆မှစတင်ကာ နှုတ် ထွက်ခွင့်ပြုကြောင်း (က-က-ထူး)၏ ၂၀ ရာထူး(၆)ဖြင့် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရပြီး နှုတ်ထွက်ခဲ့ရသည့်အကြောင်းအရင်းအား ထိုစဉ်က နိုင်ငံပိုင်သတင်းစာအချို့နှင့် ၁၉၉၀ နောက်ပိုင်း ထုတ်ဝေခဲ့သော တပ် မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း စာအုပ်၌ ““ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ် သူ ဒေါက်တာဒေါ်တင်မိုးလွင်အနေဖြင့် လူကြီးမိသားစုလိုက်နာရမည့်စည်းမျဉ်း များကို ထိပါးမှုကြီးနှင့်စပ်လျဉ်း၍ ထိန် ချန်မှုကိုပါကျူးလွန်ခဲ့သည့်အတွက် တာ ၀န်မှ ရပ်စဲသည့်အပြင် ထောင်ဒဏ်(၇) နှစ်ပါကျခံစေရန် ချမှတ်အတည်ပြုခဲ့ ကြောင်းရေးသားပါရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ်။
တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ပိုမို ဆိုးရွားလာသော မူးယစ် ဆေးဝါး ပြဿနာ မြန်မာ ရင်ဆိုင် နေရ


ဇူလိုင်လ အတွင်းက အမ်ဖီတမင်း  ဆေးပြား ၁.၄ သန်းနှင့် ဘိန်းဖြူ ၁၁၆ ကီလိုအပါအဝင် မူးယစ်ဆေး ပြားများ ဖမ်းဆီးရမိပြီးနောက် ပိုမို နက်ရှိုင်းလာသော မူးယစ်ဆေးဝါး အကြပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း၊    မြန်မာ အာဏာပိုင်များ က ဗုဒ္ဓဟူးနေ့တွင် သတိပေး ပြောကြား လိုက်သည်။
“အခု မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပြဿနာဟာ သိပ်ကို အန္တရာယ် ကြီးလှတယ်။ ပိုမိုပြီး ဆိုးလာတယ်”ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အေအက်(ဖ)ပီသို့ ပြောသည်။ ၂ဝ၁၄ တွင် မူးယစ်ဆေးဝါး ကင်းစင်စေရမည်ဟု သံန္နိဋ္ဌာန် ချခဲ့သော်လည်း စိတ်ကြွဆေးပြား ပြဿနာကြောင့် မြန်မာအနေဖြင့် ဘိန်းကင်းစင်ရေးသာ လုပ်နိုင်မည့်ပုံ ရှိသည်။

ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး စတင်စစ်ဆေး

ရန်ကုန်မြို့ အင်းစိန်ပန်းခြံအနီးမှာ ဆက်လက် ဈေးရောင်းချခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လမ်းဘေး ဈေးသည် (၁၁) ဦးကို တရားမ၀င် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။
အဲဒီ ဈေးသည် ၁၁ ဦးကို စစ်ဆေးပြီးတဲ့နောက် ကိုယ်ပိုင် ခံဝန်ချက်ပေးပြီး နောက်တစ်ပတ် အင်္ဂါနေ့ကို ရုံးချိန်းထပ်မံ သတ်မှတ်လိုက်တယ်လို့ ဈေးသည်တွေရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis