menu

Sunday 5 August 2012

ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ခုနစ်ခုနှင့် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ်တို့ ပူးပေါင်း၍ ပညာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန် ဆွေးနွေး





7447
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံအား သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ခုနစ်ခုနှင့် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တို့ ပူးပေါင်း၍ တက္ကသိုလ်ပညာရေး အဆင့်အတန်း မြင့်မားလာစေရေးအတွက် ပညာရပ် ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းများအနက် ရန်ကုန်တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်၊ ပညာရေးတက္ကသိုလ်၊ ရန် ကုန်စီးပွားရေးတက္ကသိုလ်၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့ပါဝင်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပြည်တွင်းလူမှုရေး အဖွဲ့အစည်း မင်္ဂလာမြန်မာက ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရသည်။

ထမင်းရှင်ကို ကြင်နာပါ(ဦးရှိန်မြင့်)

မတရားသိမ်းယူ၊ ပေးသလောက်နဲ့ ကျေနပ်ကြ စတာတွေအပြင် သိမ်းယူလယ်ယာမြေတွေမှာ အသက်ရှုကျပ်လောက်တဲ့ သီးစားခတွေနဲ့ ပြန်အမြတ်ထုတ်ကြ၊ လျော်ကြေးငွေ အဆသုံးရာလောက်ရှိတဲ့ တန်ဖိုးနဲ့ မြေကွက်ဖော် ရောင်းစားနေကြတာ ချစ်တီးခေတ်က လယ်ယာသိမ်းစနစ်ထက်ပိုပြီး အကျည်းတန် အရုပ်ဆိုးပါတယ်  . . .

ကျွန်တော်ဟာ သာမန်လယ် သမားမိဘတွေက မွေးဖွားပြီး ငါးပိရည်ကျိုချိုချိုလေးကို ၀အောင်စားခဲ့ရတဲ့ မြို့ကြီးရောက် တောသာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် တောသူတောင်သား လယ်သမားအများစုဟာ ငါးပိရည်ကျို ကို မစားနိုင်ကြတော့ပါဘူး။ အညံ့စား ငါးပိစိမ်းစားနဲ့ ငရုတ် သီးဆားထောင်းကိုတောင် ငရုတ်ဈေးကောင်းရင် စပ်စပ်အာသီသမပြေနိုင်ကြတော့တဲ့ ဘ၀ပါ။
ယခုအချိန်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်ဝင်ငွေဟာ လယ်ယာထွက်ကုန်(ဆန်၊ ပဲမျိုးစုံ)အပေါ် အဓိက မှီခိုနေရတုန်းဖြစ်ပါတယ်။

အာဖရိက သို့ ဗုဒ္ဒသာသနာ ပြန့်ပွါးပြီ


 အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ…

အခန်း (၁)
 ဇာတိ...
…မြေလတ်ဟုခေါ်သော မြန်မာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခုရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်းတစ်ဝက်ခန့်တွင် အပူပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ ပဲနှင့် ၄င်းဆီများထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေးတစ်မြို့ရှိလေသည်။

…မီးရထားဘူတာအနီးအနားတွင် မီးရထားဘက်မှဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ၀ဲယာပတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များ ကို တွေ့နိုင်ပေ သည်။ ထိုဂူ၏ အနောက်မြောက်ယွန်း ကိုက်လေးရာခန့်ပေါ်၌ “ခပေါင်းကုန်း” (သို့မဟုတ်) န-ကျားကူးခေါ်သော အိမ်ခြေတစ်ရာခန့်ရှိ ရွာကလေးရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်းပြင် များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှ လွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ (၂၀၀)ခန့်ရှိ ရွာတစ်ရွာ ရှိလေသည်။

ကျူရှင်မလိုတဲ့ စာမေးပွဲ


အပြောင်းအလဲများစွာနဲ့ ဂီတအစည်းအရုံးအခြေအနေ ရွေးကောက်ပွဲရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရ

၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့က အလွှာသစ်တောင်းခံရေးအတွက် လူငယ်ဂီတသမားများ စုပေါင်းလက်မှတ်ရေးထိုးနေကြစဉ်။
အနုပညာရပ်ဝန်းမှာ လတ်တလော ရေပန်းစားနေတဲ့ သတင်းတစ်ခု
ကို ပြော ပါဆိုရင် ဂီတအစည်းအရုံး(ဗဟို)ရဲ့ အမှုဆောင်သစ် ပြန်လည်ရွေးချယ်မယ့် ကိစ္စပဲ ဖြစ်ပါတယ်။
အစည်းအရုံးကို လက်ရှိမှာ အလွှာ ငါးလွှာနဲ့ဖွဲ့စည်းထားရာက အလွှာသစ် တိုးရေးနဲ့ မတိုးရေးပြဿနာ၊ အမှုဆောင် ရွေးချယ်ပွဲ
အတွက် ကြီးကြပ်ဆောင်ရွက် ပေးဖို့ ရွေးချယ်ခံရတဲ့ ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ကလည်း လက်ခံ ထားတဲ့ တာဝန်ပြန်လည်
အပ်နှင်းလာ ပြန်၊ နောက်ဆုံးမှာတော့ သတ်မှတ်ထား တဲ့ ရွေးကောက်
ပွဲရက်ကို ဖျက်သိမ်းပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ရတာ
ကြောင့် လူတိုင်းစိတ်ဝင်စားနေတဲ့ ဟော့သတင်းကတော့ ဂီတအစည်း အရုံးအကြောင်းပဲ ဖြစ်နေပါတယ်။
ဒါကြောင့် မြန်မာတိုင်း(မ်)မှ လူမှုဘ၀ သတင်းထောက် နွမ်ဘွိုင်းက အမှုဆောင် သစ်ရွေးပွဲကျင်းပဖို့ ရက်ကြေညာချိန် ၂၀၁၂ ခုနှစ်၊ မေလမှ
စပြီး ခုနောက်ဆုံး အခြေအနေအထိ ကြားကာလတွေမှာ ဖြစ်ပျက်
ခဲ့တာတွေကိုပါ စုစည်းပြီး သတင်းအစုံအလင်ကို ဖော်ပြပေးထား ပါတယ်။

အဆိုတော်မာမာအေးဘ၀အကြောင်း ကိုယ်တိုင်ရေးစာအုပ် 'ရင်ဖွင့်ကြည့်ပါသူငယ်ချင်း' ဖြန့်ချိ

အဆိုတော်မာမာအေး ကိုယ်တိုင်ရေးစာအုပ်မိတ်ဆက်ပွဲတွင် အမှတ်တရစကား ပြောကြားနေတဲ့ စည်သူဘိုကလေးတင့်အောင်။
ဓာတ်ပုံ - သီရိလု
လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က နိုင်ငံတော် အဆိုတော်ကြီး မာမာအေး သူ့ဘ၀ အကြောင်းရေးသားထားတဲ့ နေ့စဉ်မှတ် တမ်းကို 'ရင်ဖွင့် ကြည့်ပါ သူငယ်ချင်း' အမည်နဲ့ ၀တ္ထုအဖြစ် အသက်သွင်းပြီး လင်းလွန်း
ခင်စာပေကနေ ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖြန့်ချိလိုက်ပြီမို့ အဆိုတော်ကြီးရဲ့ဘ၀အကြောင်းကို စိတ်ဝင်စားသူတွေ ၀ယ်ယူဖတ်ရှု
နိုင်ကြပါပြီ။
'အဆိုကဝေ' လို့ခေါ်ရလောက် အောင် အဆိုထူးချွန်လွန်းလှတဲ့ ဒေါ်မာ မာအေးဟာ သူ့ရဲ့နေ့စဉ်မှတ်တမ်းကို ၁၉၇၀ ပြည့်နှစ်ကတည်းက စတင် ရေးသားခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာ ရပ်တန့်ခဲ့ပါတယ်။

ရှော့ရိုက်ငါးဖမ်းခြင်းကြောင့် ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သား အတူတကွ ငါးဖမ်းသည့် အလေ့ အထ ပျောက်ကွယ်လုနီးပါးဖြစ်လာ

ရှော့တိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ။
ဓာတ်ပုံ-ကိုဝီရ

ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဖြင့် ရှော့တိုက်ငါးဖမ်းနေကြသည့် သူများကို တွေ့ရစဉ်။
ဓာတ်ပုံ-ကိုဝီရ
ရှော့ရိုက်ငါးဖမ်းခြင်းကြောင့် မြန်မာတစ်နိုင်ငံတည်းတွင်သာ တွေ့ရသော ထူးခြားသည့် လင်းပိုင်နှင့် ရေလုပ်သား အတူတကွငါးဖမ်းသည့် အလေ့ အထ ပျောက်ကွယ်လုနီး ဖြစ်နေကြောင်း ဧရာဝတီလင်းပိုင် လေ့လာသူ များက ပြောသည်။
"၂၀၁၂ ခု မေလထဲမှာ လင်းပိုင် ထိန်းသိမ်းရေးဧရိယာထဲကို ရောက် တော့ လျှပ်စစ်ရှော့တိုက်နေတဲ့လှေက ရှိမ်းမကားနဲ့ မြေစွန်းကြားထဲမှာ ခြောက်စီး၊ စိန်ပန်းကုံးနားမှာ ငါးစီး၊ အင်တောင်းအရှေ့ဘက်ခြမ်းမှာ ငါးစီး၊ ကမ်းဖြူမှာ ငါးစီး၊ မှော်ဦးမှာ ၁၂ စီး၊ စည်ပင်ကျွန်းနဲ့ မြစ်ကမ်းကြီး နားမှာ ငါးစီး တွေ့တယ်။ နောက် လျှပ်စစ်နဲ့ ပိုက်ချပြီးဖမ်းတာ နှစ်ခု တွေ့တယ်။ ထုံးကြီးမှာ ခြောက်စီးတွေ့တယ်။ လင်းပိုင်ကတော့ ပထမ တစ်ခေါက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရောက်တုန်း ကဆိုရင် ၂၇ ရက် သွားတာ ၂၅ ရက်က လင်းပိုင် တွေ့ရတယ်။ လူနဲ့ လင်းပိုင်နဲ့ အတူ ငါးဖမ်းတဲ့ဓလေ့ကိုလည်း တွေ့ရ တယ်။ အခုနောက်ဆုံးရောက်ခဲ့တဲ့ အခေါက်မှာ ၁၈ ရက်သွားတာ ၁၁ ရက် လောက်ပဲ လင်းပိုင်တွေ့ရတယ်။ ဒါပေမယ့် ခုနစ်ရက်လောက်က လှေနား ကို လုံးဝကပ်မလာဘူး။ လှေနား ကို ခေါ်ပေမယ့် အနီးအနားမှာ စက်လှေသံ ကြားတာနဲ့ ထွက်ပြေးရော။

ကျွန်တော့်ဘ၀ထဲက နာရီများ၊ အပိုင်း(၃)+အပိုင်း(၄)(ငြိမ်းအေးအိမ်)

တောကရလာဖူးသည့် နာရီအကြောင်းပြောရင်း နောက်ထပ် တောတိုးနာရီတစ်လုံးကို ဖျတ်ကနဲသတိရသွား ပြန်သည်။ ပတ်ခဲ့ရသောနာရီများအနက် ထိုနာရီသည် ကျွန်တော့်ခိုင်းစေမှုကိုအသေလဲ ခံခဲ့ရပြီး သုံးနှစ်အတွင်း အသက်ကုန် သွားခဲ့သည်။ ဆီကိုအမျိုးအစား ခရီးကြမ်းသွားနာရီဖြစ်သည်။ သံလိုက်အိမ်မြှောင်၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်ပြ ဂဏန်းများ၊ အပူချိန်ပြဂဏန်းများ၊ ရာဦဥတုခန့်မှန်းသည့် ဂရဖ်များပါသည်။ ညဘက်တွင် နာရီပတ်ထား သောလက်ကို ကိုယ့်ဘက်ကိုလှည့်စောင်းလိုက်သည်နှင့် ဒိုင်ခွက်က မီးလင်းလာသောဖန်ရှင်များရှိသည်။ သူလုပ်နိုင်သည့် အလုပ်ကများလှ သည်။ နာရီကလေးလုပ်နိုင်သမျှကိုလည်း ကျွန်တော်မညှာမတာခိုင်းစေခဲ့သည်မှာ ရက်မပျက်။

ကျွန်တော့်ဘ၀ထဲက နာရီများ၊ အပိုင်း(၁)+အပိုင်း(၂)(ငြိမ်းအေးအိမ်)

ကျွန်တော်တို့သည် အချိန်ကြည့်ရန်သက်သက် ဖန်တီးထားသော နာရီများစွာကိုပိုင်ဆိုင်နိုင်ကြပါသည်။  သို့သော် အချိန်များကိုတော့ မပိုင်ဆိုင်ပါ။ မပိုင်ဆိုင်နိုင်ပါ။ ပိုင်ဆိုင်ခွင့်မရရှိခဲ့ကြပါ။
ဝယ်ယူစုဆောင်း၍မရနိုင်သလို ပိုင်ဆိုင်ခွင့်လည်းမရှိသောအချိန်များကို ရေတွက်စောင့်ကြည့်ရန်အသုံးပြုသည့် နာရီ များကိုတော့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့ကြဖူးပါလိမ့်မည်။ ကျွန်တော့်ဘ၀ထဲက နာရီအချို့ကတော့အချိန်ကိုကြည့်ရန်သက်သက် မဟုတ်ပဲ၊ ဖြတ်သန်းလာခဲ့ရဖူးသော ကိုယ့်ဘ၀ကို ကိုယ်ပြန်ကြည့်ရန် (သို့မဟုတ်) ပြန်လွမ်းတ,သရန် ဖလင်လိပ်များ  ဖြစ်နေ တတ်သေးကြောင်း ကျွန်တော်မေ့လျော့နေခဲ့သည်။ နာရီများအကြောင်း ပြန်တွေးမိ၊သတိရမိတိုင်း ကျော်လွန်ခဲ့ပြီးဖြစ်သော ဘ၀မှတ်တိုင်များ တဖြတ်ဖြတ်ခုန်ကာ သက်ဝင်လှုပ်ရှားလာတတ်၏။ နာရီများသည် ကျွန်တော့်အတွက် အတိတ်ဆီသို့ (စိတ်ဖြင့်) အချိန်မရွေးသွားလာနိုင်သော ကာလယန္တရားတစ်ခုလည်း ဖြစ်နေတတ်ပြန်ပါသေးသည်။

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်

လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
AFP
တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ် တွေ့ရပုံ။
ဦးတင်အောင်မြင့်ဦး  ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။

"သိက္ခာဆယ် လူသတ်မှူ တွင် မိဘနှစ်ပါး ပြစ်မှုထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်"

ပြီးခဲ့တဲ့သောင်္ကြာနေ့က ဗြိတိန်နိုင်ငံ လန်ဒန် မြို့ရှိ တရားရုံးတစ်ခုက
ပါကစ္စတန်နိုင်ငံဖွား မိဘနှစ်ပါးကို သူတို့ရဲ့ဆယ်ကျော်သက်အရွယ်

သမီးဖြစ်သူအားသတ်မှူနဲ့ပြစ်မှူထင်ရှားသည်ကိုတွေ့ရှိရကြောင်း
ဆုံးဖြတ်လိုက်ပါတယ်။

ဒီဂျူရီဆုံးဖြတ်ချက်ချလိုက်တာဟာ ၁၇နှစ်အရွယ် ရှာ့ဖီလီယာကို
မိဘတွေက သူတို့ကိုအရှက်ခွဲတဲ့ အတွက် ပလပ်စတစ်အိပ်ကို
ပါးစပ် ပေါက်ထဲဆို့ပြီး သတ်ခဲ့တာပါ လို့ ညီမဖြစ်သူရဲ့
ထွက်ဆိုချက် နောက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။

နည်းပညာ အားနည်းချက်ကြောင့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံပေါက်ကွဲမှုဖြစ်ရဟု စက်ရုံမှူးပြော


ဝါဆိုလပြည့်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ချောက်မြို့နှင့် စလေမြို့အကြားရှိ စက်မှုဝန်ကြီး
ဋ္ဌာနပိုင် အိမ်သုံးပစ္စည်းစက်ရုံ  မှ ဓါတုပစ္စည်း ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ရခြင်းမှာ တရုတ် ကုမ္ပဏီမှ တည်ဆောက်သည့် စက်ရုံ၏ နည်းပညာဆိုင်ရာ အားနည်းမှုကြောင့် ဟု စက်ရုံမှူးက သုံးသပ်ပြောဆိုသည်။

စက်ရုံတွင် ကွန်ပျူတာစနစ်နှင့် လူကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ရသည့် (Manual) ဖြင့်လုပ်ဆောင်ရသည့် စနစ် ၂ မျိုးရောနှောနေကာ ဗား(valve) အဖွဲ့အပိတ်ကဲ့သို့သော လုပ်ဆောင်မှုမျိုးကို လူကိုယ်တိုင် ဆောင်ရွက်ရသည်ဟု ၎င်းကပြောသည်။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရဟု သတင်းများ ထွက်ပေါ်

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။
ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)
  ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

ရခိုင်အရေး နှင့် စပ်လျဉ်း၍ ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana ပြောကြား




Tomás Ojea Quintana အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
ရခိုင်အရေး စွပ်စွဲပြောဆိုချက်များနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana က သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။
Tomás Ojea Quintana က မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာပါ။ ကျွန်တော့်အနေနဲ့ အဓိကရုဏ်းတွေကြောင့် နေအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေး ပြန်လည်ဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျွန်တော်ရရှိခဲ့တာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မိပါတယ်။ ဒီစွပ်စွဲချက်တွေထဲမှာ ထိန်းသိမ်းထားတဲ့ နေရာတွေမှာ နှိပ်စက်ခြင်း၊ ထင်ရာ ဖမ်းဆီးခြင်းနှင့် ထိန်သိမ်းခြင်း၊ သတ် ခြင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားအလွန်အကျွံသုံးခြင်းတွေ စတဲ့အချက်တွေ ပါဝင်ပါတယ်''
Related Posts Plugin for WordPress, Blogger...

ShareThis