menu

Wednesday 22 August 2012

ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားများ တွဲဖက်ငါးဖမ်းသည့် အလေ့အထကို ရိုက်ကူးထားသည့် မှတ်တမ်းဇာတ်ကားကို ရုပ်သံလိုင်းများတွင် ပြသရန်စီစဉ်




e7462
ဧရာဝတီလင်းပိုင် မှတ်တမ်းကားရိုက်ကွင်း တစ်နေရာ

ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားများ တွဲဖက်ငါးဖမ်းသည့် အလေ့အထကို ရိုက်ကူးထားသည့် မှတ်တမ်းဇာတ်ကားကို ပြည်တွင်းရှိ ရုပ်သံလိုင်းများတွင် ပြသရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။
“ကျွန်တော်ဧရာဝတီလင်းပိုင် နဲ့ ရေလုပ်သားတွေတွဲပြီး ငါးဖမ်းတဲ့ လုပ်ငန်းစဉ်အကြောင်းကို မှတ်တမ်းဇာတ်ကား ရိုက်ကူးထားတာ အားလုံးပြီးစီးသွားပါပြီ။ အချိန်နှစ်နှစ်နီးပါးလောက် ယူခဲ့ပါတယ်။ အဓိကကတော့ ဧရာဝတီလင်းပိုင်ဆိုတာ  ကမ္ဘာမှာရှားပါးငါးမျိုးဖြစ်တဲ့အပြင် ရေလုပ်သားတွေနဲ့တွဲပြီးငါးဖမ်းတဲ့ အလေ့အထကတော့ ကျွန်တော်တို့ နိုင်ငံမှာပဲရှိတာပါ။ ဒီလို အလေ့အထ မျိုးကိုအများသိစေဖို့၊ အကောင်ရေ အနည်းငယ်သာ ကျန်တော့တဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ရိုက်ကူးဖြစ်တာပါ။ ပြည်တွင်းက ရုပ်သံလိုင်းတွေမှာပြသသွား ဖို့စီစဉ်ညှိနှိုင်းနေပါပြီ”ဟုရိုက်ကူး သည့်ဒါရိုက်တာဝီရကရှင်းပြခဲ့သည်။
“ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တော်တော်လေး လိုအပ်တယ်။

ပြည်တွင်းရုပ်သံလိုင်းများ ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်လာပြီးနောက် ...

စကိုင်းနက် ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်များ မလွှင့်တော့
ရန်ကုန်၊ သြဂုတ်-၂၁

ပြည်တွင်း အခပေး ရုပ်သံလိုင်း တစ်ခုဖြစ်သော စကိုင်းနက် (Sky Net)က ယခုနှစ် အတွက် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ် များကို ပြသနိုင်တော့မည် မဟုတ်ကြောင်း ယင်းရုပ်သံလိုင်း၏ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ယမန်နှစ်က စကိုင်းနက် ရုပ်သံလိုင်းများတွင် ပြသနိုင်ခဲ့သည့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များကို ယခုနှစ်ရာသီတွင် ပြသနိုင်ခြင်း မရှိခြင်းမှာ ၎င်းတို့၏ လုပ်ငန်းတူ ရုပ်သံလိုင်းတစ်ခုဖြစ်သော Forever Group က ယင်းဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လုပ်ခွင့် ရရှိသွားခြင်းကြောင့်ဖြစ်သည်။

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ပွဲတွေကို အိမ်အရောက် ၀န်ဆောင်မှုစနစ်နဲ့  ပြသဖို့အတွက် သွားပြီးဝယ်ယူခဲ့တဲ့အခါ နိုင်ငံခြားကုမ္ပဏီက ကျွန်တော်တို့ကို မရောင်းပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ဟိုဘက်ကကုမ္ပဏီ (Right Owner) ကို ကျွန်တော်တို့ဟာ ဒီတီအိတ်(ချ)စနစ်နဲ့ ပြသနေတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တယ်လို့ ထောက်ခံပေးတာတောင် ၀ယ်လို့မရတာပါ”ဟု အထက်ပါရုပ်သံလိုင်းမှ တာဝန်ရှိသူက ပြောသည်။

အခြေခံဥပဒေ ခုံရုံး အရှုပ်တော်ပုံ

အခြေခံဥပဒေခုံရုံး အရှုပ်တော်ပုံဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ ဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်ကြား အားပြိုင်တဲ့ ပွဲလား (ဓာတ်ပုံ – ဧရာဝတီ)
လွှတ်တော် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ရေးရာ ကော်မတီတွေ၊ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် သတ်မှတ် မပေးခဲ့တဲ့  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကို အမျိုးသားလွှတ်တော်က စွပ်စွဲပြစ်တင်မှု ပြုလုပ်တော့ မယ် လို့ သိရပါတယ်။
လွှတ်တော်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် သတ်မှတ်လို့ မရဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ခုံရုံး အဖွဲ့ကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေ က နှစ်ကြိမ် အထိ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
ပြည်ထောင်စု အဆင့် ဟုတ်ခြင်း မဟုတ်ခြင်း ပြဿနာဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ့ ဘတ်ဂျက် တောင်းခံမှု ကိစ္စကို ပယ် ချတာ၊ ဖြတ်တောက် ကန့်ကွက်တာ၊ ဌာန ဆိုင်ရာ ကိစ္စတွေအတွက် ၀န်ကြီးတွေကို ဆင့်ခေါ် မေးမြန်းတာ၊ လာရောက် ဖြေရှင်း ပေးရတာ စတဲ့ ကိစ္စတွေကြောင့် လွှတ်တော် နဲ့ အစိုးရ အဖွဲ့ အကြား မပြေလည်မှုတွေ ဖြစ်ပေါ်ရာက စခဲ့တယ်လို့ သိရတယ်။

ပွဲမလန့်ခင် ဖျာခင်း(နီမင်းဆွေ)

ကိုယ်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံထဲကလေးနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ သူပုံသဏ္ဍန်တစ်မျိုးစီနဲ့ အင်အားကြီးနေကြလို့ပါပဲ။ ဒီလေးနိုင်ငံထက် အခြေအနေ ပိုမြင့်မားမလာတောင်မှ အချိန်မရွေး ပခုံးချင်း ယှဉ်နေနိုင်ဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ လူဦးရေများဖို့ မလိုပါဘူး။ နိုင်ငံကြွယ်ဝချမ်းသာနေဖို့နဲ့ အသိပညာ၊ အတတ်ပညာအရာမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်နေဖို့သာ လိုတာပါ . . .


ငယ်စဉ်ကလေးဘ၀တုန်းက ဇာတိချက် မြှုပ်ရွာလေးကနေ မြို့တက် ဈေးဝယ်မယ့် ကြီးဒေါ်နဲ့အတူ လိုက်သွားခဲ့ရတာလေးကို ပြန်သတိရနေမိတယ်။ ပထမတော့ အမေက အသက် ၉ နှစ်ပဲရှိသေးတဲ့ ကိုယ့်ကို စိတ်မချလို့ ထည့်မပေးချင်ဘူး။ ဒါပေမဲ့ ကိုယ်က တအားလိုက်ချင် နေတာကတစ်ကြောင်း ကိုယ့်ကိုခေါ်သွားမယ့်သူက အမေ့အစ်မကြီးကိုယ်တိုင် ဖြစ်နေတာကတစ်ကြောင်းမို့ အမေက စိတ်မပါ့တပါနဲ့ ထည့်လိုက်ပါတယ်။ ဒါပေမဲ့ ရွာကထွက်ကာ နီးမှာ အမေကကိုယ့်ကို စကားတစ်ခွန်းတော့မှာ လိုက်ပါတယ်။

ဝီကီလိခ် ပျောက်ကွယ်သွားရန် ကြိုးပမ်းနေမှုရပ်တန့်ရန် ဂျူလီယန်အဆန်ဂ်က အမေရိကန်ကို တောင်းဆို




ဝီကီလိခ်ကို ပျောက်ကွယ်သွားအောင် ကြိုးပမ်းနေမှုများအား ရပ်တန့်ရန် ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်က အမေရိကန်ကို သြဂုတ်လ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။ အဆန်ဂ်သည် လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် ဇွန်လကတည်းက ခိုလှုံနေခဲ့ပြီး နှစ်လခန့် အကြာတွင် ပထမဆုံးအကြိမ် မြင်ကွင်းရှေ့သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။
ဝီကီလိခ်မှာ ခြိမ်းခြောက်မှုရင် ဆိုင်နေရသလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်မှာလည်း ခြိမ်းခြောက်ခံနေရကြောင်း အဆန်ဂ်က အီကွေဒေါ သံရုံးလသာဆောင်သို့ထွက်၍ အပြင်တွင်စောင့်နေသည့် သူ့ကိုထောက်ခံသူများအား ပြောကြားခဲ့သည်။ ၀ီကီလိခ်ဝက်ဘ်ဆိုက်သို့ အမေရိကန် အစိုးရ၏ လျို့ဝှက်မှတ်တမ်းများစွာ လွှဲပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန်စစ်သား ဘရက်ဒလေမန်နင်းကိုလည်း လွှတ်ပေးရန် အဆန်ဂ်က တောင်းဆိုခဲ့သည်။

မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား


သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြတောင်းဆိုပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနက ရခိုင် လူမျိုးများအား ကမ္ဘာအလယ်တွင်  သိက္ခာကျ နာမည်ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေးသား ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။
ဆန္ဒပြ ရခိုင်လူငယ်များသည် မည်သည့် ဘာသာ၊ မည်သည့် လူမျိုးကိုမှ တိုက်ခိုက် စော်ကားမူ မရှိခဲ့ပါ။
မစ္ဈိမ သတင်းဌာမှ အဆိုပါ သတင်းအား အင်္ဂလိပ်လို “Anti-Rohingya demonstration held in Rangoon”  ခေါင်းစည်းတပ်ကာ သြဂတ်စ်လ ၂၀ ရက်နေ့က ဖေါ်ပြရာတွင်   ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည် အနောက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြသော ရိုဟင်ဂျာမွတ်ဆလင်များအား ကုလသမဂ္ဂမှ အကူအညီပေးနေမှုများအား ရပ်တန့်ရန် ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများကို တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖေါ်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ နှင့် တွေ့ဆုံ

Photo: သမ္မတ ဦးသိန်းစိန် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ
နှင့် တွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၁

နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဇွန်လ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော  အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (National Economic and Social Advisory Council - NESAC ) နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာ စနစ် တောင်သူ ပညာပေး ဧက (၅၀၀) စိုက်ခင်းရှိ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာ၌ လယ်ယာ ကဏ္ဍတွင် အသက်မွေး ဝမ်းကျောင်း ပြုနေကြသည့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ဝန်ကြီးဌာနများ၏ ဝန်ထမ်းရေးရာဆိုင်ရာ အထောက် အကူပြု လုပ်ငန်းစဉ်များနှင့်ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ကြကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာဆက်အောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ဒေါက်တာဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးသန်းလွင်၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်နှင့် ဦးခင်မောင်အေးတို့ တက်ရောက် ကြသည်။

မြန်မာ အနောက်ဘက် နယ်စပ် လုံခြုံရေး တိုးမြှင့်


မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလာဒေ့ခ်ျ-ရခိုင် နယ်စပ်တလျှောက်တွင် မနေ့က စပြီး လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်း သတင်း ရရှိသည်။
မောင်တော မြောက်ပိုင်း နံသာတောင် ကျေးရွာသားတစ်ဦးက “ အခု ကျွန်တော် တို့ မောင်တောမြို့ နယ် မှာရှိတဲ့ နစက တွေအပါအ၀င် စစ်သားတွေ တိုးချဲ့ ချထားတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တာကတော့ အခု မူဆလင်တွေရဲ့ ဥပုသ်လ အပြီး တခုခု ဖြစ်လာမှာ စိုးရိမ်လို့ အ ခုလို စစ်သားတွေ တိုးချဲ့ ချထားတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
Photo: AFP
၎င်းပြင်  မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နစက စခန်း ၉ ခုနှင့် ရသေ့တောင်မြို့ နယ် နစက စခန်း တစ်ခုတွင်လည်း စစ်သားများကို အင်အား ဖြည့်တင်းထားသည်ဟု ဆိုသည်။
“ နယ်စပ်တလျှောက် လုံခြုံရေးအတွက် ဒီလ အစောပိုင်းကတည်းက စစ်သား ၁၀၀၀ ခန့် ရှိမယ် ထင် ပါတယ်။ အခု တစ်ခါ တခြား မြို့ နယ်မှာရှိတဲ့ တပ်ရင်းတွေက စစ်သားတွေကို ခေါ်ယူပြီး  တိုးချဲ့ အင် အား ဖြည့်ထား ပါတယ်။ သူတို့ အပြောအရတော့ အထက်အရာရှိတွေက မင်းတို့ နယ်စပ်ကို သွားရ မယ်။ ဘာကြောင့် ဆိုတာကို မပြောဘူးလို့ စစ်သားတွေက ပြောပါတယ်” ဟု သူက  ပြောသည်။

ဂျပန်အမျိုးသမီး ဂျာနယ်လစ် တစ်ဦး စစ်သတင်း လိုက်ရင်း ဆီးရီးယားတွင် အသတ်ခံရ

Mika Yamamoto
တိုကျို၊ သြဂုတ် ၂၀

ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစို

က် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

မြန်မာ့စပါးကျီ ရေကြီးရေလျှံ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာပင် လယ်ဧက နှစ်သိန်းခန့် ရေနစ်ပြီး လူရှစ်သောင်းခွဲခန့် ရေဘေးသင့်နေ

 
ဧရာဝတီတိုင်းသားတစ်ယောက်ဖြစ်ပြီး လူမှန်းသိတတ်စ အရွယ်ကတည်းက ရေကူးကျွမ်းကျင်ခဲ့သော အသက် ၅၄ နှစ်အရွယ် ဦးလှကြိုင်သည် သြဂုတ်လ ၁၃ ရက်က ရေနစ်သေဆုံးသွားခဲ့သည်။ ပုံမှန်ထက် ၁၀ ပေကျော် မြင့်တက်လာသော ရေပြင်တွင် ၎င်း၏သစ်သားလှေကို လှော်ခတ်ခဲ့ပြီး မိတ်ဆွေတစ်ယောက် အိမ်မှအပြန် ဓာတ်ကြိုးနှင့် တိုက်မိကာ ရေထဲသို့ ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေများ တလိမ့်လိမ့် မြင့်တက်လာသောကြောင့်
ဦးလှကြိုင်တို့၏ ဘုရားကုန်းကျေးရွာအပါအ၀င် သာပေါင်းမြို့နယ်တွင် ကာလရှည်ကြာ ရေလွှမ်းမိုးမှုကို တွေ့ကြုံနေကြရသည်။

မလေးတွင် မြန်မာ အလုပ်သမားများ ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦးသေဆုံး

မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမား ၃ ဦး ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦး သေဆုံး သွားကြောင်း  New Straits Times က ဖေါ်ပြသည်။

အဆိုပါ မူခင်းသည် သြဂတ်စ်လ ၂၀  က  ပီနန် Bukit Mertajam  မြို့တွင်  ဖြစ်ပွားခဲ့သည် ဟုဆိုသည်။
အင်ဒိုနီးရှား အလုပ်သမား ပူရာဝတီ (Purawadi) ၂၄ နှစ်သည် ကြက်သွန် စက်ရုံ တစ်ခုတွင် အလုပ် သမား ပါမတ်ဖြင့် အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အဆိုပါနေ့ အခင်းမဖြစ်ပွားမီ မြန်မာ အလုပ်သမားများနှင့် အတူ အနီးအနားက ဆိုင်တစ်ခုတွင် အရက် သောက်ခဲ့ကြသည်ဟု သတင်းတွင် ဖေါ်ပြသည်။
အခင်း မဖြစ်ပွားမီ  ပူရာဝတီသည် မြန်မာ အလုပ်သမားများနှင့် အငြင်းအခုံ ဖြစ်ခဲ့ကြသည်။

မလေးရှားတွင် ဓာတ်ငွေ့ဖြည့်ဂိုဒေါင် ပေါက်ကွဲ၍ မြန်မာလုပ်သား လေးဦးသေ၊ တစ်ဦးဒဏ်ရာရ


မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသ၀က်ရပ်ကွက်တွင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ရာ မြန်မာလုပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ပီနန်မြို့ရှိ မြန်မာနာရေးကူညီမှုအသင်း တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။

သြဂုတ် ၄ ရက် နံနက် ၃ နာရီခန့်က မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံတွင် (ဓာတ်ငွေ့)ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမားသုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည်။ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

“ကျန်တဲ့နှစ်ယောက်က ၅၀ ရာခိုင်နှုန်းစီပဲ အခုချိန်ထိ သတိမရသေးဘူး။ မလေးနှစ်ကူးနဲ့ တိုက်နေလို့ နောက်တစ်ပတ်ကျရင် သေဆုံးသူသုံးဦးကို သင်္ဂြိုဟ်မယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ဗုဒ္ဓရုပ်ထု အနမ်းချွေတဲ့ ပြင်သစ် မိန်းခလေး ထောင် (၆)လ ချမှတ်ခံရ

သီရိလင်္ကာနိုင်ငံကို အားလပ်ရက် အတွင်း လာရောက် လည်ပတ်တဲ့ ပြင်သစ် မိန်းခလေး တစ်ဦးဟာ ဗုဒ္ဓရုပ်ထုကို အနမ်းချွေတဲ့ အတွက်  တခြား သူ့အဖေါ် နှစ်ဦးနဲ့ အတူ ဆိုင်ငံ့ ပြစ်ဒဏ် (၆)  လ ချမှတ်ခံလိုက်ရပါတယ်။

အင်္ဂါနေ့က သူတို့ ပြစ်ဒဏ်ချမှတ်တဲ့ အခါ ဆိုင်းငံ့ ထောင် (၆) အပါအ၀င် ရူပီ ၁၅၀၀ စီ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အားလပ်ရက် ဓါတ်ပုံတွေအထဲမှာ အမျိုးသမီး တစ်ဦးက  နုတ်ခမ်းနဲ့ ဗုဒ္ဓရုပ်ထုကို အနမ်းချွေနေတာကို တွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာ ခုလို ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

အမွေကိစ္စစကားများရာမှ မယားညီအစ်ကိုနှစ်ဦး ဓားရေးယှဉ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အမွေကိစ္စဖြင့် မယားညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားဖြင့် အပြန်အလှန် တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ရွှေပြည်သာမြို့နယ် ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၃ ရက်က ရွှေပြည်သာမြို့နယ်နေသူ အသက် ၂၄ နှစ်ရှိ ကိုညီညီထွန်း ၎င်း၏ဇနီး မ...တို့နှင့် မယားညီအစ်က

ိုတော်သူ အသက် ၄၁ နှစ်ရှိ ကိုဝင်းဇင်သည် ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် မဟာမြိုင်လမ်းဘေးတွင် စကားများရန်ဖြစ်ပြီး ဓားကိုယ်စီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရန်ဖြစ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုညီညီထွန်းမှာ သေဆုံးသွားပြီး ကိုဝင်းဇင်မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။

မျှော်လင့်ချက်ပျောက် အိမ်ခြေမဲ့ဘ၀များ

တောင်ဒဂုံမြို့နယ်ရှိ သိမ်ကျောင်းသုသာန်ဟောင်းအနီးရှိ နေထိုင်သူ မိသားစု
ကျူချောင်သင်္ချိုင်းဝင်းအတွင်း မြေပုံမို့မို့နှင့် ရေညှိတက်မည်းညစ် နေသော အုတ်ဂူများကို ကွေ့ကာ ရှောင်ကာ လျှောက်ရသည်။  တာလမ်းပေါ် အဝေးမှပင် လှမ်းမြင်ခဲ့ရသော်လည်း ယခု လက် တစ်ကမ်းမျက်စိရှေ့တွင်တော့ ပလတ် စတစ်အိတ်များ၊ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းအစုတ်အပြတ်များစွာဖြင့် အမှိုက်ပင်လယ်ကြီးတစ်ခု။ ထောင်း ခနဲ လွင့်တက်လာသော အနံ့ဆိုးများ ကြောင့် အသက်ကိုခိုးရှူရင်း ပတ်ဝန်း ကျင်ကို ကြည့်မိသည်။ယခင်က ဤနေရာ တစ်ဝိုက် တွင် စိုက်ခင်းများ၊ လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များ၏အသံ၊ ဆော့ ကစားနေသော ကလေးငယ်များ ရှိခဲ့ဖူးသော်လည်း ယခုတော့ ဗလာ နတ္ထိဟင်းလင်းပြင်။''အဒေါ်ကြီးတို့ တစ်သက်လုံး နေရရေးကို ကျွန်တော်ကြံတာ။ ငွေ ငါးသောင်းကို မမြင်ပါနဲ့လို့ ပြောခဲ့ တယ်။ ကျွန်မတို့လည်း တကယ် နေရတော့မယ် ထင်ပြီး လက်မှတ် ထိုးခဲ့တာပါ'' ဟု ပြောရင်းမှ စီးကျ လာသော မျက်ရည်များကို သူမက ကပျာကယာ သုတ်လိုက်သည်။

လွတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခြင်းသည် ဥပဒေနှင့်မညီညွတ်ဟု ဦးပီတာလင်းပင် ဆို

"ရက်၂ဝကျော်အတွင်း ရေဘေးသင့်ပြည်သူဦးရေ ကိုးသောင်းနီးပါး ရှိပြီ"

ဇူလိုင် ၁၆ ရက်နေ့မှစသည့် မြစ်ရေကြီးမှုအပါအဝင် မိုးသည်းထန် စွာရွာသွန်းခြင်းများကြောင့် ရက် ၂ဝ ကျော်ကာလအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁ဝ ခု၌ ရေဘေးသင့်ဦးရေ ကိုးသောင်းနီးပါးအ ထိ ရောက်ရှိသွားပြီဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနစာရင်းများအရ သိရသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူး

ဒေါ်မြင့်မြင့်အေး က စတင်ဖြစ်ပွားချိန်မှ သြဂုတ်လ ၁၆ ရက်နေ့အထိ ၄င်းတို့ဝန်ကြီးဌာန မှ ရရှိသည့်စာရင်းများအရ ရေဘေး သင့်ဦးရေ ၈၈၂၅၈ ဦးကို ဒုက္ခသည် စခန်း ၂၂၅ ခုတို့တွင် စောင့်ရှောက် ထားသည်ဟု ပြောသည်။

"သက်ဆိုင်ရာမှ ဆောင်ရွက်မပေးလျှင် မန်း မြရည်နန္ဒာမှ ကျူးကျော်များ ဖယ်ရှားရန် ဒုတိယသမ္မတထံ အကူအညီတောင်းခံမည်ဟု ဆို"


မန္တလေးတိုင်းဒေသကြီးချမ်းမြသာစည
်မြို့နယ် မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် ၅၃၇ တွင် ကျူးကျော်နေသူများအား သက်ဆိုင်ရာမှ ဖယ်ရှားပေးခြင်းမပြုပါက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ ဆုံအကူအညီတောင်းခံသွားမည်ဟုKIO ခွဲထွက်အဖွဲ့မှ ဗိုလ်ကြီး နန်းမြသစ် က ပြောသည်။

''ကျွန်မတို့ ဝယ်ယူထားတဲ့ မြေပေါ်
က ကျူးကျော်တွေကို သက်ဆိုင်ရာက ဖယ်ရှားမပေးဘူး ဆိုရင် ကျွန်မ ဦးကြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနဲ့တွေ့ပြီး အကူအညီတောင်းသွားမှာပါ''ဟု ၄င်းက ပြောသည်။

ဒုတိယသမ္မတဒေါက်တာ စိုင်း မောက်ခမ်းနှင့် ၄င်း၏မိခင်ဒေါ်မန်ဆိုင် ပန်ပုံသည် မောင်နှမအရင်းဖြစ်ပြီး ဒုတိယသမ္မတဒေါက်တာစိုင်းမောက် ခမ်းသည်အစ်ကိုကြီးဖြစ်ကာ ၄င်းနှင့် ဦးကြီးတော်စပ်သည်ဟု ၄င်းကပြောသည်။

အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် မန္တလေး ကားလမ်းနံဘေးက ရတနာပုံ တက္ကသိုလ်လမ်းမှာရှိတဲ့ အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် ၁၀ ဦးကို အလုပ်ပြန်ခန့်ပြီး စက်ရုံမှာ အရင်လို နေထိုင်စားသောက်ခွင့်ပေးဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုတိုးက RFA ကိုပြောပါတယ်။
RFA
အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံတွင် အမျိုးသမီး အလုပ်သမား ၁၀၀ ကျော် စက်ရုံတွင်း ဆန္ဒပြနေစဉ်။
"သူတို့ရဲ့ အလုပ်ခေါင်းဆောင်တွေ ၁၀ ယောက်ထုတ်ထားတာ မကျေနပ်တဲ့အတွက် သူတို့ကို အလုပ်ခန့်ဖို့ရာအတွက် ပြောဆိုကြတာပေါ့။ ဆန္ဒပြကြတာပေါ့။ ငြိမ်းချမ်းစွာနဲ့ သူတို့ ဆန္ဒထုတ်ဖော်တယ်။ သူတို့တောင်းဆိုကြတယ်ပေါ့နော်။ မဟုတ်တဲ့ အချက်အလက်တွေပေါ့နော်။ ဥပဒေထဲမပါတဲ့ အချက်အလက်တွေကို သူတို့လက်မခံဘူး။ ဥပဒေပါတဲ့ အချက်အလက်တွေကို အလုပ်သမားတွေက လက်ခံမယ်ဆိုတဲ့ အကြောင်း"
အလုပ်ကထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၁၀ ဦး ကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ အလုပ်ရှင်က သဘောတူညီခဲ့ပေမယ့် အရင်တုန်းကလို စက်ရုံထဲမှာနေထိုင်ခွင့်၊ စားသောက်ခွင့်တွေ မပေးဘူးလို့  ပြန်ကြားထားတဲ့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းထောက်များ ဆန္ဒပြခွင့်လျှောက်ထား

သတင်းလွတ်လပ်ခွင့် ကော်မတီက သတင်းထောက်တွေ စုရုံးပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အခုလ ၂၈ ရက်နေ့ ဆန္ဒပြကြဖို့ အာဏာပိုင်တွေထံ ဒီကနေ့ ခွင့်ပြုချက် လျှောက်ထားတယ်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဗီနပ်စ် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို အတည်ပြု ပြောကြားပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်က ရန်ကုန်မြို့တွင် စာနယ်ဇင်း အယ်ဒီတာနှင့် သတင်းထောက် ၈၀ ကျော် မီဒီယာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုပြုလုပ်နေကြစဉ်။
အခုလို တရားဝင် စုဝေးဆန္ဒပြခွင့် လျှောက်ထားရတာဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သတင်း လွတ်လပ်ခွင့် ရရှိဖို့၊ ကျင့်ဝတ်နှင့်အညီ သတင်းရေးသားနေတဲ့ သတင်း မီဒီယာတွေအပေါ် အစိုးရ ၀န်ကြီးဌာနတွေရဲ့ တရားစွဲဆိုမှုတွေ ရပ်ဆိုင်းစေဖို့နဲ့ မီဒီယာသမားတွေရဲ့ သဘောဆန္ဒ မပါဘဲ ရေးဆွဲထားတဲ့ မီဒီယာ ဥပဒေကို ကန့်ကွက်ဖို့အတွက် ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

"HIV ပိုးရှိသူ မိဘမဲ့ ဆယ်တန်းကျောင်းသူနှစ်ဦး ဝိုင်းကျူရှင်မှ ထုတ်ပယ်ခံရ"

အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်(HIV Positive) ၁ဝ တန်းကျောင်းသူနှစ်ဦးအား ဝိုင်းကျူရှင်ဆရာမကကျူရှင်လာရောက်မတက်ရန် ပြောကြားခဲ့ကြောင်းNational NGOs Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''HIV Positive ဖြစ်နေတဲ့ ကျောင်းသူနှစ်ဦးကို သူတို့ ဝိုင်းကျူ ရှင်ဆရာမက လာမတက်ဖို့ ပြော ခဲ့တယ်။ သူတို့က မိဘမဲ့တွေလည်း ဖြစ်တယ်။ အမှန်တော့ ဒါဟာ ပညာေ

ပးအစီအစဉ်တွေ၊ ကာကွယ် ရေးအစီ အစဉ်တွေ ပေးနေတယ် ဆိုပေမယ့်လည်းအားနည်းနေသေး တယ်လို့ပဲ ပြောရမယ်'' ဟု National NGOs Network မှ ကိုစိုးမိုး အောင်က ပြောသည်။

လားရှိုးမြို့၌ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူညီစောင့် ရှောက်ရေးလုပ် ငန်းများ လုပ်ဆောင် နေသောNational NGOs Network အဖွဲ့၏ပြောပြချက်အရအခြား ကျောင်းသူများအား ကူးမည်ကို စိုးရိမ်၍ဟု ကျူရှင်ဆရာမက အ ကြောင်းပြကာထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis