menu

Monday 4 November 2013

အခွန်အသစ်ကို ဆန့်ကျင်သည့် လူသောင်းချီသော ပြင်သစ်ဆန္ဒပြ လူအုပ်ကို ရဲက မျက်ရည်ယိုဗုံး သုံး၍ဖြိုခွဲ

forei_aktsksdpybk_afp

ပါရီ၊ နိုဝင်ဘာ ၃
ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူသောင်းချီသော ဆန္ဒပြအုပ်စုက အလုပ်များစွာ ပြုတ်စေသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခွန်ကောက်ခံမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြုလုပ်နေစဉ် အဓိကရုဏ်း နှိမ်နင်းရေးရဲက မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အချို့ကလည်း ကျောက်တုံးများ၊ သံချောင်းများဖြင့် ပြန်လည်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဆန္ဒပြသူ သုံးဦးကို ဖမ်းဆီးထားပြီး လူအုပ်ထဲမှ လေးယောက်နှင့် ရဲအရာရှိ တစ်ဦးတို့ ဒဏ်ရာ ရရှိသွားခဲ့သည်။
ဆန္ဒပြပွဲကို စည်းရုံးလှုံ့ဆော်သူများက ကုန်ပစ္စည်းသယ်ပို့သူများ၊ ရေလုပ်သားများနှင့် စားသောက်ကုန် လုပ်သားများ အပါအဝင် စုစုပေါင်း လူသုံးသောင်းခန့် လာရောက် ပူးပေါင်း ကြသည်ဟု ပြောဆိုထားသည်။
ဒေသထွက် ကုန်ပစ္စည်းများကို သယ်ပို့ပေးသော ကုန်တင်ယာဉ်များကို သဘာဝပတ်ဝန်းကျင် အခွန်ကောက်ခံမည့် Ecotax အစီအစဉ်ကို အစိုးရက ဆိုင်းငံ့ ပေးထားသော်လည်း ယင်းဥပဒေသစ်ကြောင့် ဘရစ်တနီဒေသမှ နစ်နာသူများက ဆန္ဒပြနေကြခြင်း ဖြစ်သည်။
အာဏာပိုင်များက အဆိုပါ ဆန္ဒပြပွဲနှင့် ဆက်စပ်အကြမ်းဖက် အဓိကရုဏ်း ဖြစ်စဉ်များအပေါ် လက်ယာယိမ်း အုပ်စုများတွင် တာဝန်ရှိကြောင်း ပြစ်တင် ပြောဆိုထားသည်။

ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

inter_bkgmhtsk_kka
“ပြည်ထောင်စု တပ်မတော်မှာ အားလုံး ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်”
သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရ သက်တမ်းအတွင်း အပြီးဆောင်ရွက်မည်ဟု ပြောဆိုထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ရေး အဓိက ကျန်ရှိနေသည့် ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို လိုင်ဇာညီလာခံ သတင်းစာရှင်းလင်းပွဲတွင် The Voice Daily အပါအဝင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက တွေ့ဆုံ မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
Voice : ခုလိုင်ဇာညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေ မူဘောင်ကို သဘောတူထားပြီ ဆိုတော့ ကေအိုင်အိုနဲ့ အစိုးရတို့ ဘယ်အချိန် နောက်ဆုံး အပစ်ရပ် လက်မှတ်ထိုးဖို့ စီစဉ်ထားပါသလဲ။
ဗိုလ်ချုပ်ဂွမ်မော် : ခုကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး အချိန်ကို သတ်မှတ်လို့ မရပါဘူး။ အစိုးရကတော့ ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးစေချင်တယ်။ ကေအိုင်အို အနေနဲ့ကတော့ အပစ်အခတ် ရပ်စဲရေးကို စာချုပ်သက်သက် မလုပ်ချင်ဘူး။ အပစ်အခတ် ရပ်စဲရေး စာချုပ်ဆိုတာက လက်နက်ကိုင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ကြားထဲက ကတိကဝတ် ဖြစ်ပါတယ်။ ကေအိုင်အိုက ပြောနေတာက အခြားသူတွေပါဝင်နိုင်ပြီးတော့ ရှေ့ဆက်ပြီး သွားနိုင်မယ့် အစီအစဉ်များအတွက် ချုပ်ဆိုတဲ့ ကတိကဝတ်မျိုး ဖြစ်ချင်ပါတယ်။ ဘယ်အချိန်မှာ ထိုးမလဲလို့ ပြောရတာ ခက်ပါတယ်။ ဒီဟာကို အဖြေရှာနိုင်ဖို့ ကွန်ဖရင့် ကျင်းပရတာ ဖြစ်ပါတယ်။ ဒီကွန်ဖရင့်က ၁၃ ဦး ကော်မတီကနေပြီးတော့ ဘယ်အချိန်မှာ ထိုးနိုင်မလဲ ဆိုတာကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲ၊ အစိုးရနဲ့ ဘယ်လောက်အထိ ဆွေးနွေးနိုင်မလဲ၊ ကျွန်တော်တို့ဘက်က ဘယ်လောက် ညီညွတ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးမှပဲ အချိန်ကို ပြောနိုင်မှာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ

အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ
Monday, November 4, 2013

iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာ

iPhone 5S အသစ်ထွက်ပေါ်လာသည်မှာ မကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ် iPhoneအတွက် ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာခဲ့သည်။ Apple ထုတ်ကုန်များအကြောင်း အနုစိတ် ဖော်ပြလေ့ရှိသည့် Mac Fan မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလတွင် iPhone 6ကို Appleက စတင်မိတ်ဆက် ရောင်းချလိမ့်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့သည်။ အဆိုပါ ဖုန်းသည် Full HD ပုံရိပ်ဖော် အရည်အသွေးကို ထောက်ပံ့သည့် (၅)လက်မအရွယ် Retina Displyဖြင့် ပွဲထွက်လာမည်ဟု မဂ္ဂဇင်းက ဆိုသည်။

Appleသည် Retina Display နည်းပညာဖြင့် အောင်မြင်မှုများစွာ ရရှိနေသည့်နောက် iPhone 6တွင်လည်း ယင်းအခြေအနေကို ဆက်လက် ခိုင်မာစေဖွယ် ရှိနေသည်။ Mac Fanက Googleထုတ် Android OS ဖုန်းများ၏ Screen အရွယ်အစား ကြီးမားလာမှုကို ယှဉ်ပြိုင်ရန်အတွက် Appleသည် (၅)လက်မအရွယ် Displayမျိုးကို စတင် အသုံးပြုလာမည်ဟု ဆိုသည်။ အကယ်၍ ယင်းသတင်း အမှန်ဖြစ်လာပါက လက်ရှိ iPhone 5Sထက် (၁)လက်မ ပိုကြီးသွားပြီး Googleထုတ် Nexus 5နှင့် Screen အရွယ်အစား တိုက်ရိုက် အားပြိုင်သွားမည့်သဘော ဖြစ်လာသည်။

Mac Fanက iPhone 6သည် Apple၏ မူပိုင်ခွင့်ရ နည်းပညာဖြစ်သော လက်ဗွေ Scanဖတ် လုံခြုံရေးစနစ်ကိုလည်း ဆက်လက် အသုံးပြုကာ Hardwareပိုင်း သိသိသာသာ မြှင့်တင်မှုများ ရှိလာမည်ဟုလည်း ရေးသားခဲ့သည်။ Apple အနေဖြင့် iPhoneများ ရောင်းချမှုတွင် ကြီးမားစွာ အောင်မြင်နေသည့်တိုင် ပြိုင်ဘက်ကြီး Samsung၏ နယ်ပယ်ချဲ့ထွင်မှုများကြောင့် ဈေးကွက်အစိတ်အပိုင်းအချို့ ဆုံးရှုံးနေကြောင်းလည်း သိရှိရသည်။


credit : Planet Myanmar Network

Monday, November 4, 2013

iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာ

iPhone 5S အသစ်ထွက်ပေါ်လာသည်မှာ မကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ် iPhoneအတွက် ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာခဲ့သည်။ Apple ထုတ်ကုန်များအကြောင်း အနုစိတ် ဖော်ပြလေ့ရှိသည့် Mac Fan မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလတွင် iPhone 6ကို Appleက စတင်မိတ်ဆက် ရောင်းချလိမ့်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့သည်။ အဆိုပါ ဖုန်းသည် Full HD ပုံရိပ်ဖော် အရည်အသွေးကို ထောက်ပံ့သည့် (၅)လက်မအရွယ် Retina Displyဖြင့် ပွဲထွက်လာမည်ဟု မဂ္ဂဇင်းက ဆိုသည်။

Appleသည် Retina Display နည်းပညာဖြင့် အောင်မြင်မှုများစွာ ရရှိနေသည့်နောက် iPhone 6တွင်လည်း ယင်းအခြေအနေကို ဆက်လက် ခိုင်မာစေဖွယ် ရှိနေသည်။ Mac Fanက Googleထုတ် Android OS ဖုန်းများ၏ Screen အရွယ်အစား ကြီးမားလာမှုကို ယှဉ်ပြိုင်ရန်အတွက် Appleသည် (၅)လက်မအရွယ် Displayမျိုးကို စတင် အသုံးပြုလာမည်ဟု ဆိုသည်။ အကယ်၍ ယင်းသတင်း အမှန်ဖြစ်လာပါက လက်ရှိ iPhone 5Sထက် (၁)လက်မ ပိုကြီးသွားပြီး Googleထုတ် Nexus 5နှင့် Screen အရွယ်အစား တိုက်ရိုက် အားပြိုင်သွားမည့်သဘော ဖြစ်လာသည်။

ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်

Photo: ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်
Monday, November 4, 2013

ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်

ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေစခန်း ကမ်းလွန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပို့ဆောင်ပေးသည့် ကူးတို့သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့ရာ နိုင်ငံခြားသား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးသည်။ ထို့အပြင် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း အခြားလူများ ပိတ်မိနေနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦးသတင်းများအရ သင်္ဘောနစ်မြုပ်မှုအတွင်း ထိုင်းလူမျိုး ၃ ဦးနှင့် နိုင်ငံခြားသား ၃ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ AFP သို့ အတည်ပြုသည်။ သို့သော် သေဆုံးသွားသည့် နိုင်ငံခြားသား ၃ ဦးမှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိချေ။

ကူးတို့သင်္ဘောသည် တနင်္ဂနွေနေ့ ညနေပိုင်းက ပတ္တရားကမ်းလွန်းရှိ ခိုလန်းန် (Koh Larn) ကျွန်းငယ်လေးအနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသူတို့၏ ဆွေမျိုးများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောကြားပြီး ဖုန်းခေါ်ဆိုသူကိုမူ လျှို့ဝှက်ထားသည်။ သင်္ဘောနစ်မြုပ်မှုအတွင်း လိုက်ပါလာသူများကို ရှာဖွေကယ်ဆယ်လျက်ရှိကြောင်းနှင့် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း လူများ ပိတ်နေခြင်းရှိ မရှိ မသေချာကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးနှင့် ပျောက်ဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ သို့သော် ဒေသခံ သတင်းများ၏ အဆိုအရ ဒါဇင်နှင့်ချီသော အရေးပေါ်လူနာတင်ယာဉ်များ ပတ္တရားကမ်းခြေတွင် စောင့်ဆိုင်းနေကြောင်း ဖော်ပြသည်။ နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် ခန့်မှန်းခြေ ခရီးသည် ၁၀၀ ခန့် လိုက်ပါသွားကြောင်းနှင့် ညနေ ၅ နာရီဝန်းကျင်တွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း ပတ္တရားကမ်းခြေ ကမ္ဘာလှည့်ခရီးသည်များ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ရုရှားမှလာသော သတင်းများအရ သင်္ဘောနစ်မြုပ်မှုကြောင့် ကလေးတစ်ဦးအပါအဝင်ရုရှားလူမျိုး ၃ ဦးကို ဆေးရုံသို့ တင်ပို့လိုက်ရပြီး အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရသည်။ နစ်မြုပ်သွားသည့် ကူတို့သင်္ဘောပေါ်တွင် လိုက်ပါလာသူများအနက် အနည်းဆုံး ထက်ဝက်ခန့်မှာ ရုရှားလူမျိုး ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ရုရှားကောင်စစ်ဝန် အင်ဒရူး ဒီဗိုညက်ကော့ဗ်က ပြောကြားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏တောင်ဘက် ၉၃ မိုင်ခန့်အကွာတွင် တည်ရှိသော ပတ္တရားကမ်းခြေ အပန်းဖြေစခန်းမှာ ညပိုင်း လည်ပတ်ပျော်ရွှင်ဖွယ်ကောင်းခြင်းနှင့် တည်းခိုနေထိုင်စရိတ်များ သက်သာခြင်းတို့ကြောင့် ရုရှားလူမျိုးများ အားလပ်ရက် အပန်းဖြေထွက်သည့် နေရာအဖြစ် ရေပန်စားလာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ယမန်နှစ်အတွင်းက ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၂၂ သန်း လာရောက်ခဲ့သော်လည်း လုံခြုံရေးအခြေအနေ လျော့ရဲမှုနှင့် မတော်တဆမှုများ မကြာခဏဖြစ်ပေါ်မှု ပြဿနာများ ရှိနေဆဲဖြစ်သည်။

Planet Myanmar Network

Monday, November 4, 2013

ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်

ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေစခန်း ကမ်းလွန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပို့ဆောင်ပေးသည့် ကူးတို့သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့ရာ နိုင်ငံခြားသား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးသည်။ ထို့အပြင် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း အခြားလူများ ပိတ်မိနေနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦးသတင်းများအရ သင်္ဘောနစ်မြုပ်မှုအတွင်း ထိုင်းလူမျိုး ၃ ဦးနှင့် နိုင်ငံခြားသား ၃ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ AFP သို့ အတည်ပြုသည်။ သို့သော် သေဆုံးသွားသည့် နိုင်ငံခြားသား ၃ ဦးမှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိချေ။

ကူးတို့သင်္ဘောသည် တနင်္ဂနွေနေ့ ညနေပိုင်းက ပတ္တရားကမ်းလွန်းရှိ ခိုလန်းန် (Koh Larn) ကျွန်းငယ်လေးအနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသူတို့၏ ဆွေမျိုးများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောကြားပြီး ဖုန်းခေါ်ဆိုသူကိုမူ လျှို့ဝှက်ထားသည်။ သင်္ဘောနစ်မြုပ်မှုအတွင်း လိုက်ပါလာသူများကို ရှာဖွေကယ်ဆယ်လျက်ရှိကြောင်းနှင့် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း လူများ ပိတ်နေခြင်းရှိ မရှိ မသေချာကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

နေပြည်တော်ရှိ ကျောင်းများ မတ်လတွင်အစားထိုးပြန်တက်ရမည်


ရန်ကုန်၊ နိုဝင်ဘာ ၄။

ဆီးဂိမ်းပြိုင်ပွဲကျင်းပချိန်တွင် နေပြည်တော်ရှိ အခြေခံ
ပညာကျောင်းများကို ဒီဇင်ဘာတစ်လလုံး ပိတ်ထား
ပေးမည်ဖြစ်ရာ မတ်လတွင် အစားထိုးပြန်လည်တက်
ရမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပချိန်တွင် နေပြည်တော်ရှိ အခြေခံ
ပညာကျောင်းများကို တရားဝင်ပိတ်မည်ဟု သတင်း ထုတ်ပြန်ထားသော်လည်း အခြား တိုင်းဒေသကြီးများမှာ
ကျောင်းများကို ဒီဇင်ဘာတွင် ပိတ်မည်ကို လက်ရှိအချိန်တွင် သတင်းထုတ်ပြန်ပေးရခြင်း မရှိသေးကြောင်း အားကစား
ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု တွင်ပါရှိသည်။

အရှုံးတွေများလို့


Eleven Media Group

မြစ်ကြီးနား ဆွေးနွေးပွဲ စတင်၊ ဖယ်ဒရယ်တပ်မတော်ဖြစ်ဖို့ လုပ်လို့မရသေးဟု အစိုးရပြော

Photo by ဧရာဝတီ
လိုင်ဇာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ဟာ မြစ်ကြီးနားမြို့မှာ မြန်မာအစိုးရနဲ့ ပထမဆုံး ဆွေးနွေးပွဲတွေ နိုဝင်ဘာ ၄ရက်နေ့မှာ စတင်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိ သွားဖို့ ဆုံးဖြတ်ထားတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အစိုးရအနေနဲ့ လက်ဦးမှုယူပြီး ရေးဆွဲမှာ မဟုတ်ဘူးလို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။

၁၉၉ဝကစပြီး မြန်မာစစ်တပ်ဟာ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တာကြောင့် နိုင်ငံရေးဆွေးနွေးမှုတွေ မလုပ်ဆောင်ဘူးဆိုတဲ့ ပုံစံနဲ့ ရပ်တည်လာခဲ့ပြီး အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သမ္မတက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ ကမ်းလှမ်းခဲ့တာမို့ လက်ရှိအစိုးရဟာ စစ်အစိုးရမဟုတ်ဘဲ နိုင်ငံရေးအစိုးရဖြစ်တယ်လို့ PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုပါတယ်။

လော့စ်အိန်ဂျလိစ်လေဆိပ်တွင် သေနတ်ပစ်ခတ် တိုက်ခိုက်မှုတရားခံ လူသတ်မှုဖြင့် စွဲချက်တင်

[ လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၃ ၊ Ref-AFP ]

လော့စ်အိန်ဂျလိစ် လေ ဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုတွင် သံသယရှိသူ အမျိုးသားတစ်ဦးအား လူသတ် မှုဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရ သည်။ သံသယရှိသူမှာ အသက် ၂၃နှစ်အရွယ်ရှိ ပေါလ်အန်သိုနီ ဆီယန်စီယာဆိုသူဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း တွေ့ရှိပါက သေဒဏ်အပြစ်ပေးနိုင်ရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း တရား ရုံးရှေ့နေတို့က ပြောခဲ့သည်။

မစ္စတာ ဆီယန်စီယာသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကို ခံရ ပြီးနောက် ဆေးရုံတွင် ဆေးကုသ မှုခံယူနေရသူဖြစ်သည်။ လော့စ် အိန်ဂျလိစ်လေဆိပ် သေနတ် ဖြင့် ပစ်ခတ်မှုတွင် ပြည်ထောင်စု လုံခြုံရေး အေးဂျင့်တစ်ဦးသေ ဆုံးကာ အခြားသူများ ဒဏ်ရာ ရရှိခဲ့သည်။ လေဆိပ်သေနတ် ပစ်ခတ်မှုဖြစ်ပွားရာတွင် လေ ကြောင်းခရီးစဉ် ၁၅၅ဝနှင့် ခရီး သည် ၁၆၇၀၀ဝတို့အပေါ် သက် ရောက်မှုရှိခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ဖလား ဖွင့်ပွဲတွင် မြန်မာရိုးရာခြင်းလုံး သရုပ်ပြရန် ဖိတ်ကြားခံရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့ရိုးရာခြင်းလုံးကို သရုပ်ပြ ကစားပေးရန် ဖိတ်ခေါ်မည်ဟု ဖွင့်ပွဲ ကျင်းပရေး တာဝန်ယူထားသည့် Panorama အဖွဲ့က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို ဘရာဇီးနိုင်ငံက တရားဝင် ဖိတ်ကြားထားခြင်း မရှိသေးသော်လည်း ဖိတ်ကြားခဲ့ပါက လက်ခံသွားမည် ဖြစ်ကြောင်း၊ SEA Games ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လက်ရွေးစင် ကစားသမားများနှင့် သွားရောက် ဖျော်ဖြေရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ရိုးရာခြင်းလုံး အနေဖြင့် ကမ္ဘာ့အဆင့်သို့ ထိုးဖောက်ရန် ပြင်ဆင်နေချိန်တွင် ယင်းသို့ သွားရောက်ဖျော်ဖြေခွင့် ရရှိခဲ့ခြင်းသည် တစ်ကမ္ဘာလုံးကို ပြသနိုင်မည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

ဗိုလ်ချု​ပ်ကြီးများ Gmail သုံးနေကြပြီလား

ခေါင်းစဉ်က ဗိုလ်ချု​ပ်ကြီးများ Gmail သုံးနေကြပြီလား ဖြစ်ပါတယ်။
သုံးနေကြပါပြီ တဲ့။


အိုင်တီသတင်းတွေ ဖော်ပြတတ်တဲ့ engadget.com သတင်းတပုဒ်မှာ အဲဒီလို သတင်းအစအန တွေ့ပါတယ်။

Google ရဲ့ ဥက္ကဋ္ဌ Eric Schmidt ကို ကိုးကားပြီး ရေးထားခြင်းပါ။
"ဝါရင့်ခေါင်းဆောင်တွေ အားလုံး
Gmail အကောင့် ရှိနေကြပါပြီ" လို့ Google ဥက္ကဋ္ဌက ပြောပါတယ်။ ဟောင်ကောင်မှာလုပ်တဲ့ ဟောပြောပွဲတခုအတွင်း အဲဒီလို ပြောလိုက်တာပါ တဲ့။

မြန်မာပြည်အကြောင်း တခြား ထူးထူးထွေထွေ ရေးထားတာ မရှိပါ။

ဗိုလ်ချု​ပ်ကြီးများ Gmail သုံးနေကြပြီလား ဆိုတာကတော့ ဗိုလ်ချုပ်ကြီးများကို သွားမေးမှပဲ တိတိကျကျ သိနိုင်မယ် ထင်ပါတယ်။
အိုင်တီခေတ်ရောက်ပြီ ဆိုတော့လည်း
ဗိုလ်ချုပ်ကြီးများမှာ Gmail အကောင့် တခုစီတော့ ရှိနေကြလိမ့်မယ်လို့ ယူဆရပါတယ်။ ပုံမှန် သုံးမသုံးဆိုတာကတော့ တကဏ္ဍ ဆိုပါစို့။

မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။

“တရားခံကိုတော့ မနေ့ နေ့လည်က ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိထားလိုက်ပါပြီ။ သူ့ကိုတော့ တရားဥပဒေအရ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားရမယ်။”ဟု ရဲမှူးကြီးဦးစိန်လွင်က ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ အသက် ၂၅နှစ်အရွယ်ရှိ ကျောက်တောင်ရွာသား ဖိုးထောင်ဆိုသူက ကော့တာဟိုးရွာသူ အဆိုပါ မိန်းကလေးငယ်ကို လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူကျေးရွာအုပ်စုဝင် ကျောက်တောင်နှင့် ကော့တာဟိုးရွာအကြားတွင် အောက်တိုဘာလ ၂၉ရက်၊ (ဗုဒ္ဓဟူးနေ့) ည ၇နာရီအချိန်က အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း အမည်မဖော်လိုသူ ကျောက်တောင်ရွာသားက ပြောသည်။

မီးပုံးပျံ ပြိုင်ပွဲဝင်ရန် စပ်ထားသည့် ယမ်းများမှ ပေါက်ကွဲမှု ဖြစ်ပွား

မီးပုံးပျံ ပြိုင်ပွဲဝင်ရန် စပ်ထားသည့် ယမ်းများမှ ပေါက်ကွဲမှု ဖြစ်ပွား

ဂျွန်ချစ်ငြိမ်း

တောင်ကြီးမီးပုံးပျံပွဲတွင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရန် စပ်ထားသည့် ယမ်းများ ပေါက်ကွဲကာ နာရီဝက်ခန့်ကြာ မီးလောင်ကျွမ်းမှု နိုဝင်ဘာလ ၃ ရက် နံနက် ၁နာရီခွဲခန့်က တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းမှာ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နီလာလမ်း ၊ အိမ်အမှတ် ရ/၃၄တွင် တောင်ကြီး  တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် စပ်ထားသည့် ယမ်းများ လေလုံကာ အပူချိန်လွန်ပြီး ဓါတ်ပြု ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ  တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။ 

"ဖိုးလမင်း"လူငယ် မီးပုံးပျံအဖွဲ့မှ ညမီးကြီး ၀င်ရောက်ယှဉ်ပြိုင်ရန် စပ်ထားသော ယမ်းများဖြစ်ပြီး မီးပုံးပျံ အဖွဲ့ခေါင်းဆောင်၏ နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 တောင်ကြီးမြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက "သူတို့က ယမ်းအရောင်ထုတ်တွေ၊ ကာလာထုတ်တွေ၊ စပ်ပြီးတော့ သိမ်းထားတယ်၊ လေလုံတော့ ငွေမင်တွေနဲ့ဓာတ်ပြုပြီး လောင်ကျွမ်းပေါက်ကွဲခဲ့တာဖြစ်တယ်" ဟု ပြောသည်။

 မီးလောင်ကျွမ်းမှုသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး  ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သောကြောင့် ရပ်ကွက်သူ၊သားများ လန့်နိုးခဲ့ပြီး ရေများ၊ မီးသတ်ဆေးဗူးများ၊ သဲများဖြင့် ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ပေးခဲ့ရကြောင်း ကူညီခဲ့သူ  ရပ်ကွက်သား တစ်ဦးဖြစ်သည့် ကိုစိုင်းတီက မဇ္ဈိမ ကို ပြောသည်။

 အဆိုပါ လောင်ကျွမ်းမှုကို နံနက် ၂ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ မတွက်ချက်ရသေးပေ။

"ဒီလို တန်ဆောင်တိုင်အချိန်ဆို လောင်ကျွမ်းမှုတွေ ဖြစ်တတ်ပါတယ်။  ယခင်နှစ်ကလည်း  ပြိုင်ပွဲဝင် အဖွဲ့သုံးလေးဖွဲ့လောက် ဖြစ်ပွားခဲ့ပါသေးတယ်"ဟု မီးသစ်ဦးစီးဌာနက တာဝန်ရှိသူက ဆိုသည်။

 တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

(မဇ္ဈိမသတင်းဌါန)

ဂျွန်ချစ်ငြိမ်း

တောင်ကြီးမီးပုံးပျံပွဲတွင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရန် စပ်ထားသည့် ယမ်းများ ပေါက်ကွဲကာ နာရီဝက်ခန့်ကြာ မီးလောင်ကျွမ်းမှု နိုဝင်ဘာလ ၃ ရက် နံနက် ၁နာရီခွဲခန့်က တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းမှာ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နီလာလမ်း ၊ အိမ်အမှတ် ရ/၃၄တွင် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် စပ်ထားသည့် ယမ်းများ လေလုံကာ အပူချိန်လွန်ပြီး ဓါတ်ပြု ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

"ဖိုးလမင်း"လူငယ် မီးပုံးပျံအဖွဲ့မှ ညမီးကြီး ၀င်ရောက်ယှဉ်ပြိုင်ရန် စပ်ထားသော ယမ်းများဖြစ်ပြီး မီးပုံးပျံ အဖွဲ့ခေါင်းဆောင်၏ နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

တောင်ကြီးမြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက "သူတို့က ယမ်းအရောင်ထုတ်တွေ၊ ကာလာထုတ်တွေ၊ စပ်ပြီးတော့ သိမ်းထားတယ်၊ လေလုံတော့ ငွေမင်တွေနဲ့ဓာတ်ပြုပြီး လောင်ကျွမ်းပေါက်ကွဲခဲ့တာဖြစ်တယ်" ဟု ပြောသည်။

အွန်လိုင်းပေါ်က လေးဖြူရဲ့ ဒိုင်ယာရီကို နိုင်ငံခြားက ပရိသတ် ပိုဝယ်ယူ

သီချင်း, ဒေါက်တာကိုကိုလွင်, လေးဖြူ, ဒိုင်ယာရီ, အွန်လိုင်း

အွန်လိုင်းပေါ်က လေးဖြူရဲ့ ဒိုင်ယာရီကို နိုင်ငံခြားက ပရိသတ် ပိုဝယ်ယူ
အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပြီး အွန်လိုင်းကနေ ရောင်းချတဲ့ မြန်မာရော့ကာကြီး လေးဖြူရဲ့ ဒိုင်ယာရီ သီချင်းကို နိုင်ငံခြားက ပရိသတ်တွေ အဝယ်များနေတယ်လို့ သိရပါတယ်။
တေးထုတ်လုပ် ဖြန့်ချိရေးတွေက ၀ယ်ယူတဲ့ သူလက်ထဲကို အခွေတွေ တိုက်ရိုက် မပို့နိုင်ဘဲ ခိုးကူးဒဏ်ကို ခံခဲ့ရ တာကြောင့် အွန်လိုင်းကနေတဆင့် ကိုယ်ပိုင်သံစဉ် သီချင်းတွေကို စတင် ရောင်းချဖြစ်တာလို့ Myanmar Music Store တည်ထောင်သူ LEGACY Music Network က ဒေါက်တာ ကိုကိုလွင်က ဧရာဝတီကို ပြောပါတယ်။
Myanmar Music Store ဟာ  မြန်မာပြည်က ရော့ကာကြီး လေးဖြူရဲ့ ဒိုင်ယာရီ သီချင်း တပုဒ်ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင် ရောင်းချနေသလို တခြား ဆက်သွယ်လာတဲ့ အဆိုတော်တွေရဲ့ အယ်လ်ဘမ်တွေ ကိုလည်း အွန်လိုင်းမှာ တင်ရောင်းနေတယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ တေးသီချင်းတွေ ရောင်းချတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မယ်ဆိုရင် ခိုးကူးသူတွေ ရန်က ကာကွယ်ရာမှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့ တွေးမိပြီး အခုလို စတင် လုပ်ကိုင်ဖြစ်ခဲ့တာလို့ ဒေါက်တာ ကိုကိုလွင်က ဆိုပါတယ်။

မြန်မာကို သံသယနဲ့ ပြန်ကြည့်နေပြီလား....(.ရေးသားသူ- ထားထားမြင့် )

Photo: မြန်မာကို သံသယနဲ့ ပြန်ကြည့်နေပြီလား
--------------
ရေးသားသူ- ထားထားမြင့်

ဆောင်းဦးဟုခေါ်သော သစ်ရွက်များ အရောင်ပြောင်းလဲတတ်သည့်အချိန်သည် ၀ါရှင်တန်ဒီစီမြို့တော် ကျက်သရေဆောင် အမေရိကန်ကွန်ဂရက်အဆောက်အအုံ တည်ရှိရာ ကတ်ပီတယ်ဟေးလ်၏ အလှဆုံးအချိန်ဖြစ်ပါသည်။ သို့သော်လည်း နီညိုရောင်သစ်ရွက်ကြွေများ လွမ်းမောဖွယ်ရာ အုပ်ဆိုင်းနေသည့် အဆောက်အအုံတွင်းမှာတော့ အခြေအနေများက သိပ်မလှပပါ။ အထူးသဖြင့် ယခုရက်ပိုင်းပြုလုပ်လာသော မြန်မာပြည်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ကြားနာပွဲများတွင် ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေးက တစ်ရှိန်ထိုး ချောမွေ့တိုးတက်လာခဲ့သည်။ သို့သော် မြန်မာစစ်တပ်၏ လက်စမသတ်နိုင်သေးသော လူ့အခွင့်အရေးချိုးဖောက်မှုက ကြိုးကြားကြိုကြားပေါ်လာသလို တစ်ပြည်လုံးအနှံ့ဖြစ်ပွားခဲ့သော လတ်တလော ဘာသာရေးအကြမ်းဖက်မှုများကလည်း နိုင်ငံတကာအလယ်တွင် ဖုံးမရဖိမရ။ သို့အတွက် အမေရိကန်လွှတ်တော်၏ နိုင်ငံခြားရေးမူဝါဒကြားနာပွဲများတွင် မြန်မာအပေါ် ဆက်ဆံရေးကို သံသယနှင့် ပြန်လည်သုံးသပ်ရန် အိုဘားမားအစိုးရကို တိုက်တွန်းသောအသံများ ပိုမိုဆူညံလာပါသည်။

ထောက်ပြသူ လွှတ်တော်အမတ်များက မြန်မာနှင့်ဆက်ဆံရေးသည် အမေရိကန်၏ အာရှချိန်ခွင်လျှာညှိရေးမူဝါဒကို ပံ့ပိုးမှုသိပ်မရှိဟု သုံးသပ်တင်ပြကြသည်။ အမေရိကန်အစိုးရ၏ အဓိက နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာအာဏာကျယ်ပြန့်လာမှုကို ကန့်သတ်တုံ့ပြန်ရန်ဖြစ်သည်။ ထို့ကြောင့် အာရှတွင် အမေရိကန်၏ စစ်ရေးဆက်ဆံမှုကို တိုးမြှင့်ရေးက ဦးစားပေးဖြစ်၏။ သို့သော်လည်း ထိုရည်မှန်းချက်ကို ပြီးမြောက်အကောင်အထည်ဖော်ရန် အမေရိကန်သည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများနှင့်သာ ဆက်ဆံရေးတိုးချဲ့သင့်ပြီး မြန်မာစစ်တပ်နှင့် စစ်ရေးဆက်ဆံရေး စတင်ရန်မလိုဟု အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ ကိုယ်စားလှယ် ထရင့်ဖရင့်ခ်က ပြတ်ပြတ်သားသားဆိုပါသည်။

မြန်မာစစ်တပ်သည် ဟိုတုန်းကရော၊ ယခုရော လူ့အခွင့်အရေးများကို ချိုးဖောက်သည့် သမိုင်းကြောင်းရှိသော စစ်တပ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရာတွင် အိုဘားမားအစိုးရအနေဖြင့် မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုသမိုင်းကြောင်းကို ပြန်ကြည့်ရန်လိုသည်ဟု သူကဆိုသည်။ ဒါတင်မက မြန်မာသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့် နိုင်ငံတစ်ခုဖြစ်လာရန် အဝေးကြီးလိုနေသေးသည်ဟု အမေရိကန်လွှတ်တော်အမတ်များက ထောက်ပြသွားကြသည်။

လွှတ်တော်အမတ်အချို့ အဓိကဟန့်တားနေသည်မှာ သမ္မတအိုဘားမားအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်သွားမည့်အရေးဖြစ်ပါသည်။ မြန်မာစစ်တပ်အနေဖြင့် နောက်ထပ်ပြောစမှတ်ဖြစ်သော  ပြုပြင်ပြောင်းလဲမှုများလုပ်ပြီး ယခုထက်သိသာသော ပြောင်းလဲမှုများကို လုပ်ဆောင်မှသာ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကို စတင်သုံးသပ်သင့်သည်ဟု သူတို့က အမေရိကန်နိုင်ငံခြားရေးဌာနသို့ တင်ပြသွားကြသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးသည် အချိန်တိုအတွင်း မြန်ဆန်စွာပြောင်းလဲခဲ့သည်။ လွန်ခဲ့သည့်သုံးနှစ်ခန့်က မြန်မာသည် အမေရိကန် စီးပွားရေးပိတ်ဆို့မှုများနှင့် ဒဏ်ခတ်ထားသည့် အထီးကျန်နိုင်ငံဖြစ်၏။ ယခုအချိန်မှာ သမ္မတဦးသိန်းစိန်ပင် အမေရိကန်သမ္မတ အိမ်ဖြူတော်အထိ ရောက်လာခဲ့ချေပြီ။ မြန်မာအစိုးရ၏တာဝန်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဒီမိုကရေစီစနစ်လုံးဝရောက်သည်အထိ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်သည်။ သို့သော်လည်း နိုင်ငံရေးဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ဆောင်ရွက်နေဆဲဟု ကြားနာပွဲများတွင် လွှတ်တော်အမတ်များက ထောက်ပြဆွေးနွေးလာကြသည်။

ထို့ကြောင့် အမေရိကန်လွှတ်တော်သည် အိုဘားမားအစိုးရကို မြန်မာတွင် ခိုင်မာသော ပြောင်းလဲမှုရှိမှသာ စီးပွားရေးနှင့် သံတမန်ရေး ညှိနှိုင်းဆောင်ရွက်မှုများလုပ်ရန် ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံရေးမူဝါဒပညာရှင် ရိုင်ယန်မက်ကလူယာကပြောကြားသည်။

(ဒုတိယပိုင်း) https://www.facebook.com/photo.php?fbid=613833248678313&set=a.613833235344981.1073741887.103865773008399&type=1&theater

ဆောင်းဦးဟုခေါ်သော သစ်ရွက်များ အရောင်ပြောင်းလဲတတ်သည့်အချိန်သည် ၀ါရှင်တန်ဒီစီမြို့တော် ကျက်သရေဆောင် အမေရိကန်ကွန်ဂရက်အဆောက်အအုံ တည်ရှိရာ ကတ်ပီတယ်ဟေးလ်၏ အလှဆုံးအချိန်ဖြစ်ပါသည်။ သို့သော်လည်း နီညိုရောင်သစ်ရွက်ကြွေများ လွမ်းမောဖွယ်ရာ အုပ်ဆိုင်းနေသည့် အဆောက်အအုံတွင်းမှာတော့ အခြေအနေများက သိပ်မလှပပါ။ အထူးသဖြင့် ယခုရက်ပိုင်းပြုလုပ်လာသော မြန်မာပြည်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ကြားနာပွဲများတွင် ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေးက တစ်ရှိန်ထိုး ချောမွေ့တိုးတက်လာခဲ့သည်။ သို့သော် မြန်မာစစ်တပ်၏ လက်စမသတ်နိုင်သေးသော လူ့အခွင့်အရေးချိုးဖောက်မှုက ကြိုးကြားကြိုကြားပေါ်လာသလို တစ်ပြည်လုံးအနှံ့ဖြစ်ပွားခဲ့သော လတ်တလော ဘာသာရေးအကြမ်းဖက်မှုများကလည်း နိုင်ငံတကာအလယ်တွင် ဖုံးမရဖိမရ။ သို့အတွက် အမေရိကန်လွှတ်တော်၏ နိုင်ငံခြားရေးမူဝါဒကြားနာပွဲများတွင် မြန်မာအပေါ် ဆက်ဆံရေးကို သံသယနှင့် ပြန်လည်သုံးသပ်ရန် အိုဘားမားအစိုးရကို တိုက်တွန်းသောအသံများ ပိုမိုဆူညံလာပါသည်။

ထောက်ပြသူ လွှတ်တော်အမတ်များက မြန်မာနှင့်ဆက်ဆံရေးသည် အမေရိကန်၏ အာရှချိန်ခွင်လျှာညှိရေးမူဝါဒကို ပံ့ပိုးမှုသိပ်မရှိဟု သုံးသပ်တင်ပြကြသည်။ အမေရိကန်အစိုးရ၏ အဓိက နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာအာဏာကျယ်ပြန့်လာမှုကို ကန့်သတ်တုံ့ပြန်ရန်ဖြစ်သည်။ ထို့ကြောင့် အာရှတွင် အမေရိကန်၏ စစ်ရေးဆက်ဆံမှုကို တိုးမြှင့်ရေးက ဦးစားပေးဖြစ်၏။

လူကို အန္တာရယ်ပြုနေသော ဒီရေတော ဆင်တစ်ကောင်အား မြောက်ဇာမဏီ ကြိုးဝိုင်းသို့ ပို့ရန် စီစဉ်နေ

အောင်အောင်

ရန်ကုန် ၊ နိုဝင်ဘာ ၃ ။ ။ မျိုးသုဉ်း ပျောက်ကွယ်တော့မည့် ဒီရေတော ဆင်သုံးကောင်အနက် တစ်ကောင် မှ လူတချို့ကို နင်းသတ်ခဲ့မှုများနှင့် စိုက်ခင်းများဖျက်ဆီးမှုကြောင့် ဖမ်းဆီးကာ မြောက်ဇာမဏီကြိုး ဝိုင်းသို့ ပို့ဆောင်သွားမည်ဖြစ် ကြောင်း ဖျာပုံမြို့နယ်သစ်တော ဦးစီးမှူးဦးမျိုးနိုင်က ပြောသည်။

အဆိုပါ ဒီရေတောဆင်မှာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလခန့်မှ စတင်ကာ ဘိုကလေးမြို့နယ် သစ် တောကြိုးဝိုင်းများမှထွက်ခွာပြီး ဖျာပုံခရိုင်အတွင်းသို့ရောက်ရှိ ကာ အမျိုးသမီးတစ်ဦးနှင့် အမျိုး သားတစ်ဦးကို နင်းသတ်မှုများနှင့် စိုက်ခင်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးမျိုးနိုင်က ''အခု ဆင် ရောက်နေတဲ့နေရာက အရင်ဆင် တွေကို လေ့ ကျင့်ပေး တဲ့ နေရာပါပဲ။ ဒီဆင်က အဲဒီလောက် မရိုင်းပါ ဘူး။ တော်တော်ယဉ် တယ်။ လူ တချို့က ခဲတွေနဲ့ပေါက်တာ တော် တော်များတယ်။ ဆင်ကပြန်ပြီး တုံ့ပြန်တဲ့အခါမှာ လူသေမှုတွေဖြစ် ကုန်တာပါ''ဟုပြောသည်။

အဆိုပါဒီရေတောဆင် ရောက်ရှိနေသောနေရာမှာ ဖျာပုံ ခရိုင် အမာမြို့နယ်ခွဲ မမွေးကွင်း ကျေးရွာနှင့် ကညင်ကုန်ကျေးရွာ များအကြားရှိ ကျွန်းပေါ်တွင် နေ ထိုင်နေပြီး ယနေ့ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း သိရသည်။

ဆင်ဖြူတော်ကြောင့် နာမည်တူသူတစ်ဦး သေဆုံး၍ သမ္မတဦးသိန်းစိန်အတွက် နိမိတ်ကောင်းဟု ဗေဒင်၊ နက္ခတ်ပညာရှင်များဆို


ရန်ကုန်- ဆင်ဖြူတော်ကို စောင့်ရှောက်ရသူ ဆင်ဦးစီးဦးသိန်းစိန်သည် ၎င်းဦးစီးကိုင်တွယ်သော ဆင်ဖြူတော်၏ ဆင်စွယ်ဖြင့် ထိုးသတ်ခံရမှုသည် နိမိတ်အဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန် အပေါ်ကျရောက်နေသော အ ခက်အခဲများလွတ်မြောက်ပြီး သေကိန်းက လွတ်မြောက်သွားသည်ဟု နိမိတ်ယူဆနိုင်ကြောင်း ဗေဒင်နှင့် နက္ခတ်သိပံ္ပပညာရှင်များက ပြောသည်။

အစိုးရအတွက် အထွတ်အမြတ်ထားရာ လောကီရတနာတစ်ပါးဖြစ်သော ဆင်ဖြူတော်၏ ဆင်စွယ်ဖြင့် ထိုးသတ်ခံရသော
ဆင်ဦးစီးဦးသိန်းစိန်သေဆုံးမှုသည် ၁၃၇၅ ခုနှစ် သီတင်းကျွတ်လကွယ်နေ့တွင်ဖြစ်ခြင်း၊ သောကြာဂြိုဟ်သည် ဗြိစာရာသီမှဓနုရာသီသို့ ကူးပြောင်းချိန်ဖြစ်ပြီး နေကြတ်ရန် တစ်ရက်အလို၌ ဖြစ်သောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် နိမိတ်ကောင်းဟု မှတ်ယူနိုင်ကြောင်း ဆရာစံဇာဏီဘိုကပြောသည်။

“ဆင်ဖြူတော်ကို စောင့်ရှောက်ရတဲ့သူ၊ ဦးစီးကိုင်တွယ်ရတဲ့သူကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ နာမည်ချင်းတူနေတယ်။ အဲဒါကြောင့် ဆင်ဖြူတော်ကို ဦးစီးတဲ့သူက သူနဲ့အတူ အဆင့်မြင့်တဲ့ သူသမ္မတကြီးဦးသိန်းစိန်အစားခံ သွားရတယ်လို့ပြောလို့ရပါတယ်” ဟု ဆရာစံဇာဏီဘိုက ဆိုသည်။

ရန်ကုန်တွင် တစ်ရက်တည်း လူငါးဦး ရေနစ်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာလ ၂ ရက်နေ့ တစ်ရက်တည်းတွင် ရေနစ်သေဆုံးမှုပေါင်း ငါးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်၊ ဂန္ထဝင်လမ်းတွင် နေထိုင်သူ ဦးဝင်းမြင့်စိုး ဆိုသူသည် ယင်းလမ်းရှိ အကျယ်လေးပေ၊ အနက်နှစ်ပေရှိ ရေမြောင်းထဲတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က သေဆုံးခဲ့ကြောင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နံနက် ၉ နာရီခန့်က ဦးထွန်းလင်းမြတ် (ခ) ကြက်ဖကြီး (ခ) ဆံရှည် ဆိုသူမှာ ဝေဘာဂီမြို့သစ် ၄ ရပ်ကွက် မလိခလမ်း အတွင်းရှိ လမ်းဘေးရေအိုင် အတွင်းတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံး အရက်သောက်သုံး ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကျန်ရေနစ် သေဆုံးမှုမှာ ပြည်လမ်းရှိ အင်းလျားကန်ထဲတွင် နံနက် ၁၁ နာရီ ဝန်းကျင်က အသက် ၅၅ နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးနေသည်ကို တံတားဖြူ မှတ်တိုင်အနီး ကန်ဘောင်ပေါ် ရောက်ရှိနေသူ များက တွေ့မြင်ခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယုဇနပလာဇာအနီး အုပ်စုလိုက် ရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ


ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့ ယုဇနပလာဇာ အနီးတွင်ရှိသော MM (2) ဆေးဆိုင် ဝန်ထမ်းများကို ရိုက်နှက်ကာ ဆိုင်ကိုဖျက်ဆီးခဲ့သည်ဟု တိုင်ကြားခံရသူများကို ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေသူ နှစ်ဦးကို စုံစမ်းလျက် ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများမှာ တာမွေမြို့နယ်အတွင်း နေထိုင်သည့် ထက်မြက်နိုး (ဘ) ဦးမောင်မောင်ဆွေ၊ ကျော်ဒင်ဖြိုး (ဘ) ဦးကျော်ဦး၊ ဇော်မင်းထွေး (ဘ) ဦးစိုးနိုင်တို့ ဖြစ်ကာ ၎င်းတို့ကို အခင်းဖြစ်သည့် ညတွင်းချင်းပင် ဖမ်းဆီးရမိကြောင်း ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

၎င်းတို့ သုံးဦးနှင့် အခြားနှစ်ဦးတို့ အရက်သောက်ပြီး ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခွဲခန့်က MM (2) ဆေးဆိုင်ဝန်ထမ်း ဦးအောင်မင်းသက် တွန်းလာသည့် စက်ဘီးသည် လမ်းလျှောက် ပြန်လာသည့် ၎င်းတို့ငါးဦးမှ တစ်ဦးကို ပွတ်မိရာမှ စကားများကာ အဆိုပါ ငါးဦးက ထိုးကြိတ်ပြီး ထွက်သွားကြောင်း၊ ဦးအောင်မင်းသက်၏ အစ်ကိုဖြစ်သူ ဦးဝေမင်းဟန်က ဆေးဆိုင်သို့ ခေါ်ကာ ဆေးထည့်ပေးနေစဉ် သုံးဦး ဆိုင်သို့ ပြန်လာကာ ရိုက်နှက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။

Samsung ဖုန်း မဟန်းအောင် သုံးမယ်

Photo: Samsung ဖုန်း မဟန်းအောင် သုံးမယ်


Samsung User အတော်များများ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုပါ။ ဖုန်းက သုံးတာ ကြာရင် စက် ဟန်းသွားသလို ဖြစ်ပြီး ဖုန်း Power off လိုက်ရတဲ့ အထိ ဖြစ်ပါတယ်။

ဖုန်း စက်ဟန်းတာတင်မက၊ Batter အကုန်မြန်တယ် ဆိုတဲ့ Problem issue တစ်ခုလည်း ရှိနေပါတယ်။ ယင်း issue နှစ်ခုနဲ့တင် Samsung Product အပေါ် rely လုပ်နေတဲ့ Customer တို့ ဝမ်းနည်းရတာပါ။ ဘက်ထရီ ကိစ္စ အတွက် Samsung က တရားဝင်တာဝန်ယူပါတယ်။ စက်ဟန်းတာကိုလည်း အသုံးပြုလို့မရလောက်အောင် သိသိသာသာ ဖြစ်နေရင် တာဝန်ယူပေမယ့် ကြာကြာ တစ်ခါ ဖြစ်တာတော့ ကိုယ်တိုင် ဖြေရှင်းရပါမယ်။ ဒီတော့ ဖြေရှင်း နည်းလေး ပြောပြပါမယ်။ 

RAM Cache Clear ကို တစ်နေ့ တစ်ခါတာ့ အနည်းဆုံး လုပ်ဖို့လိုပါမယ်။ အလယ် Button , Main menu ကို ကြာကြာနှိပ် ( Long Press) နှိပ်ပြီး ပေါ်လာတဲ့ Task manger ( အဝိုင်းသဏ္ဍန် လိုဂို)၊ Google နဲ့ Trash မှာ Task Manager ကို ရွေးရပါမယ်။ ပြီးရင် RAM menu ကို ဝင်ပြီး Clear memory လုပ်ပေးရပါမယ်။ 

Active application ကနေလည်း မသုံးတော့ပဲ ထွက်ခဲ့တဲ့ app များကို တစ်ခုချင်း ပိတ်နိုင်ပါတယ်။ စက်ဟန်းတယ်ဆိုတာ အမှန်တော့ RAM က multitask လုပ်နေရလို့ပါ။ 

အဲ့လို ပုံမှန်လုပ်ပေးရင် စက်ဟန်တယ်ဆိုတာ Samsung မှာ ဖြစ်ခဲတဲ့ ပြဿနာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ Third Party Cleaner ကို လည်း အသုံးပြု နိုင်ပါတယ်။ 

ဒီလောက်ဆိုရင် Samsung ဖုန်းတို့ ဟန်းတဲ့ ပြဿနာ အနည်းဆုံး အခြေအနေ သို့ ရောက်ရှိသွားမှာပါ။ 

အောင်ခမ်း ( smart.com.mm )

http://smart.com.mm/index.php?option=com_content&view=category&layout=blog&id=79&Itemid=435

.

Samsung User အတော်များများ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုပါ။ ဖုန်းက သုံးတာ ကြာရင် စက် ဟန်းသွားသလို ဖြစ်ပြီး ဖုန်း Power off လိုက်ရတဲ့ အထိ ဖြစ်ပါတယ်။

ဖုန်း စက်ဟန်းတာတင်မက၊ Batter အကုန်မြန်တယ် ဆိုတဲ့ Problem issue တစ်ခုလည်း ရှိနေပါတယ်။ ယင်း issue နှစ်ခုနဲ့တင် Samsung Product အပေါ် rely လုပ်နေတဲ့ Customer တို့ ဝမ်းနည်းရတာပါ။ ဘက်ထရီ ကိစ္စ အတွက် Samsung က တရားဝင်တာဝန်ယူပါတယ်။ စက်ဟန်းတာကိုလည်း အသုံးပြုလို့မရလောက်အောင် သိသိသာသာ ဖြစ်နေရင် တာဝန်ယူပေမယ့် ကြာကြာ တစ်ခါ ဖြစ်တာတော့ ကိုယ်တိုင် ဖြေရှင်းရပါမယ်။ ဒီတော့ ဖြေရှင်း နည်းလေး ပြောပြပါမယ်။

RAM Cache Clear ကို တစ်နေ့ တစ်ခါတာ့ အနည်းဆုံး လုပ်ဖို့လိုပါမယ်။ အလယ် Button , Main menu ကို ကြာကြာနှိပ် ( Long Press) နှိပ်ပြီး ပေါ်လာတဲ့ Task manger ( အဝိုင်းသဏ္ဍန် လိုဂို)၊ Google နဲ့ Trash မှာ Task Manager ကို ရွေးရပါမယ်။ ပြီးရင် RAM menu ကို ဝင်ပြီး Clear memory လုပ်ပေးရပါမယ်။

အမျိုးသမီးတို့အတွက် ဖက်ရှင်ကျကျ စမတ်နာရီ MEMI

Photo: အမျိုးသမီးတို့အတွက် ဖက်ရှင်ကျကျ စမတ်နာရီ MEMI

အမေရိကန် ကုမ္မဏီတစ်ခုက ထုတ်လုပ်ရောင်းချလိုက်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ စမတ်နာရီ အများစုက သိထားကြတဲ့အတိုင်း မျက်နှာပြင်မလှ သလို၊ ဖက်ရှင်လည်းမကျပါဘူး။ 

ယခုတော့ ယင်း အလေ့အထကို ဆန့်ကျင်တဲ့ MEMI အမည်ရ စမတ်နာရီလေး ပေါက်ပေါက်လာပါပြီ။ သူက အမျိုးသမီးတို့အတွက် ပိုပြီးတော့ ရည်ရွယ်တဲ့ နာရီ ဖြစ်ပါတယ်။ နာရီဆိုပေမယ့် လက်ကောက်ဝတ် လက်ပတ် လိုပါပဲ။ LED မီးလုံးလေးနဲ့ အချိန်ကို ပြနိုင်တာက လွဲလို့ သူ့မှာ Screen မပါဝင်ပါဘူး။ ဒီတော့ သူက လုပ်ပေးနိုင်မယ့် Function and Feature တွေကလည်း Limit တစ်ခုမှာ ရှိနေပါသေးတယ်။ လောလော ဆယ် ကတော့ Android ဖုန်းတို့နဲ့ Bluetooth ချိတ်ပြီး အရေးကြီးဖုန်းနံပါတ် ကိုရွေးထည့်ထားပေးရင် ဖုန်းလာတဲ့ အခါ တုန်ခါပြီး အချက်ပေးတာတို့၊ မီးလင်းတာတို့၊ အသံမည်တာတို့ ဖြစ်အောင် alarm ပေးထားလို့ ရပါတယ်။ 

အဓိကကတော့ အရေးကြီး ဖုန်း call တွေကို အလွယ်တကူ ပြန် respone လုပ်နိုင်အောင်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ User function လည်းသိပ်မများတော့ ဈေးလည်း သိပ်မများပါဘူး။ အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ ရောင်းချပါတယ်။ အရောင်စုံရွေးချယ်လို့ရသလို၊ ဖက်ရှင်ကျဖို့အတွက် ရည်ရွယ်ပြီးလုပ်တဲ့ အတွက် ပစ္စည်းကြောင့် ဈေးကြီး သွားတာပါ။ လာမယ့် ၂၀၁၄ နှစ်လယ်လောက်ကနေ စတင်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( smart.com.mm )
.
http://smart.com.mm/index.php?option=com_content&view=category&layout=blog&id=79&Itemid=435

.

အမေရိကန် ကုမ္မဏီတစ်ခုက ထုတ်လုပ်ရောင်းချလိုက်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ စမတ်နာရီ အများစုက သိထားကြတဲ့အတိုင်း မျက်နှာပြင်မလှ သလို၊ ဖက်ရှင်လည်းမကျပါဘူး။

ယခုတော့ ယင်း အလေ့အထကို ဆန့်ကျင်တဲ့ MEMI အမည်ရ စမတ်နာရီလေး ပေါက်ပေါက်လာပါပြီ။ သူက အမျိုးသမီးတို့အတွက် ပိုပြီးတော့ ရည်ရွယ်တဲ့ နာရီ ဖြစ်ပါတယ်။ နာရီဆိုပေမယ့် လက်ကောက်ဝတ် လက်ပတ် လိုပါပဲ။ LED မီးလုံးလေးနဲ့ အချိန်ကို ပြနိုင်တာက လွဲလို့ သူ့မှာ Screen မပါဝင်ပါဘူး။ ဒီတော့ သူက လုပ်ပေးနိုင်မယ့် Function and Feature တွေကလည်း Limit တစ်ခုမှာ ရှိနေပါသေးတယ်။ လောလော ဆယ် ကတော့ Android ဖုန်းတို့နဲ့ Bluetooth ချိတ်ပြီး အရေးကြီးဖုန်းနံပါတ် ကိုရွေးထည့်ထားပေးရင် ဖုန်းလာတဲ့ အခါ တုန်ခါပြီး အချက်ပေးတာတို့၊ မီးလင်းတာတို့၊ အသံမည်တာတို့ ဖြစ်အောင် alarm ပေးထားလို့ ရပါတယ်။

၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း

၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း

၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ လေ့လေ့ရေး သုတေသနဌာန NASA မှ ထုတ်ပြန်တဲ့ ခန့်မှန်း ချက် ဖြစ်ပါတယ်။ ယင်းခန့်မှန်းချက်အရ Apophis အမည်ရ ဥက္ကာခဲ ကြီး တစ်ခု ကမ္ဘာဝင်တိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

မီတာ ၃၀၀ (ပေ ၉၈၀ကျော်) လောက် ဗျက်အကျယ်ရှိတဲ့ ဥက္ကာခဲ ဖြစ်ပြီး ယင်း ပေါက်ကွဲမှုကြောင့် ဟီရိုရှီးမားမြို့ မှာ ကွဲတဲ့ နျူကလိယဗုံးထက် အဆ ပေါင်း တစ်သန်းမက ပြင်းအား ရှိကြောင်း သိရပါတယ်။ ဒီတော့ ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တဲ့ ကပ်ဘေး တစ်ခု ဖြစ်ပါတယ်။ 

ရှေးအခါ အီဂျစ် နက္ခတ်ပညာရှင်များ ပေးထားတဲ့ အမည်ရ Apphis လို့ ခေါ်ဆိုပြီး မှောင်လောကနဲ့ မရဏ တရားတို့ရဲ့  ဘုရားသခင်လို့ မှတ်ယူ ထားပါတယ်။ ဒါကြောင့် Apophis ဟာ တကယ်ပဲ ကမ္ဘာဖျက်မယ့် ဥက္ကာခဲ/ ဂြိုလ်သိမ်ဂြိုလ်မွားကြီး တစ်ခု ဖြစ်ကြောင်း သိရပါတယ်။ 

အီဂျစ် နက္ခတ်ပညာအရရော၊ ယနေ့ နာဆာနဲ့ ခေတ်မှီနည်းပညာ အရရော ထောက်လှမ်းမှုက လာမယ့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာကို ဥက္ကာခဲ ဝင်တိုက်မယ်ဆိုတာ သေချာ ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် ယင်း ကပ်ဘေးကို ဘယ်လိုရှောင်တိမ်းမယ်ဆိုတာကို နာဆာတို့ အစည်းအဝေး ထိုင် ဆွေးနွေးနေပြီလို့ ဆိုပါတယ်။ လန်ဒန်အခြေဆိုက် Near Earth Objects (ကမ္ဘာနှင့်နီးစပ်သော အရာဝတ္ထုများ) စောင့်ကြည့်ရေး အဖွဲ့ကလည်း ယင်းဥက္ကာခဲဟာ ကမ္ဘာကို တိုက်နိုင်ချေ ရှိမရှိ ပြန်လည် တွက်ချက်နေပါတယ်။ အကယ်၍ တိုက်ရင်တောင် ကမ္ဘာ့လေထုကြောင့် အားလျော့ပြီး ပျက်ပြယ်သွားနိုင်မနိုင်ဆိုတာတွေကိုလည်း အဖြေရှာနေပါတယ်။ 

မဖြစ်မနေ ကြုံတွေ့ရမယ်ဆိုရင်တောင် ယင်းကပ်ဘေးအတွက် ကမ္ဘာ့ထိပ်တန်း အာကာသ ခရီးသွားနိုင်ငံများ ပူးပေါင်းလို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။ 
---
Ref: guardian.co.uk
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/usa/38475-impact-is-20136-is-possible

.

၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ လေ့လေ့ရေး သုတေသနဌာန NASA မှ ထုတ်ပြန်တဲ့ ခန့်မှန်း ချက် ဖြစ်ပါတယ်။ ယင်းခန့်မှန်းချက်အရ Apophis အမည်ရ ဥက္ကာခဲ ကြီး တစ်ခု ကမ္ဘာဝင်တိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မီတာ ၃၀၀ (ပေ ၉၈၀ကျော်) လောက် ဗျက်အကျယ်ရှိတဲ့ ဥက္ကာခဲ ဖြစ်ပြီး ယင်း ပေါက်ကွဲမှုကြောင့် ဟီရိုရှီးမားမြို့ မှာ ကွဲတဲ့ နျူကလိယဗုံးထက် အဆ ပေါင်း တစ်သန်းမက ပြင်းအား ရှိကြောင်း သိရပါတယ်။ ဒီတော့ ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တဲ့ ကပ်ဘေး တစ်ခု ဖြစ်ပါတယ်။

ရှေးအခါ အီဂျစ် နက္ခတ်ပညာရှင်များ ပေးထားတဲ့ အမည်ရ Apphis လို့ ခေါ်ဆိုပြီး မှောင်လောကနဲ့ မရဏ တရားတို့ရဲ့  ဘုရားသခင်လို့ မှတ်ယူ ထားပါတယ်။ ဒါကြောင့် Apophis ဟာ တကယ်ပဲ ကမ္ဘာဖျက်မယ့် ဥက္ကာခဲ/ ဂြိုလ်သိမ်ဂြိုလ်မွားကြီး တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

ကိုနေရွှေသွေးအောင်ကို ဦးသန်းရွှေက နေပြည်တော် ပြန်ခေါ်ထား

 နေရွှေသွေးအောင်, မီဒီယာ, ၈၈ မျိုးဆက်, မိုးစက်ဝိုင်, ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ကိုနေရွှေသွေးအောင် (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)

သူရိယအလင်း ဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းမှုမှာ ပါတယ်ဆိုပြီး သတင်းထွက်ပြီးနောက် ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ကို အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လည် ခေါ်ယူထားလိုက်ပြီလို့ နေပြည်တော် သတင်းရပ်ကွက်ကနေ သိရပါတယ်။
ဒီလို ကိုနေရွှေသွေးအောင်ကို နေပြည်တော် ပြန်ခေါ်ထားလိုက်ရတာကတော့ သူရိယအလင်း ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် (CEO) ဦးမိုးဟိန်းဟာ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတဦး ဖြစ်တာကြောင့် နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့ ပတ်သက်ရှုပ်ထွေးမှု ဖြစ်မှာ စိုးတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ရှိ သူရိယအလင်း ဂျာနယ်ရုံးခန်းကို လူတစုက ဝင်ရောက်ပြီး ကွန်ပြူတာနဲ့ ရုံးသုံးပစ္စည်းတချို့ ဝင်ရောက် သိမ်းဆည်းရာမှာ ကိုနေရွှေသွေးအောင် ပါဝင် ပတ်သက်ကြောင်း၊ ဂျာနယ်တိုက်ထဲကို ကိုနေရွှေသွေးအောင် ကိုယ်တိုင် မဝင်ရောက်ပေမယ့် ပစ္စည်းတွေ လာရောက် သိမ်းဆည်းသူတွေနဲ့အတူ ပါလာကြောင်း ဦးမိုးဟိန်းက ညစောင့်ဝန်ထမ်း ၂ ဦးကို ကိုးကားပြီး အောက်တိုဘာ ၁၉  ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အဲဒီ သူရိယအလင်း ဂျာနယ်တိုက် ကိစ္စနဲ့ ပတ်သက်ပြီး ကိုနေရွှေသွေးအောင်ဘက်က ပြန်လည် ရှင်းလင်းတာမျိုးမရှိသလို ဦးမိုးဟိန်းဘက်ကလည်း တရားစွဲဆို အမှုဖွင့်တာမျိုး မလုပ်ခဲ့ပါဘူး။
သူရိယအလင်း ဂျာနယ် ထုတ်ဝေသူ ဦးယုတင်ကိုယ်တိုင်က စက်ပစ္စည်းတွေ သိမ်းယူသွားတာလို့ သိရပြီး နောက်တရက်မှာပဲ သူရိယအလင်း ဂျာနယ် ထုတ်ဝေမှုကို ရပ်ဆိုင်းကြောင်း အစိုးရ သတင်းစာတွေထဲမှာ ကြေညာခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသ လယ်တီသိမ်တော်နှင့် စေတီတွင် လုံခြုံရေးအင်အားငါးဆတိုးမြှင့်


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်ထဲရှိ လယ်တီသိမ်တော်နှင့် စေတီတော်ပရဝုဏ် ပတ်ဝန်းကျင်တွင် ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် နိုဝင်ဘာလ ၂ရက်မှစကာ လုံခြုံရေးအင်အား ငါးဆခန့် တိုးမြှင့်ချထားလိုက်ကြောင်း ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုနေရာတွင် ယခင်က ဒုရဲအုပ် တစ်ယောက်နှင့် အခြားအဆင့် (ဒု-ရဲအုပ်လက်အောက်ရဲဝန်ထမ်း) လေးယောက် စုစုပေါင်းငါးယောက်ခန့်သာ လုံခြုံရေး ရယူခဲ့သော်လည်း နိုဝင်ဘာလ ၂ရက် ညပိုင်းမှစတင်ကာ ဒု-ရဲမှူး ဇော်ဝင်းထွန်း ဦးစီး၍ ရဲအရာရှိသုံးဦး အခြားအဆင့် ရဲဝန်ထမ်း ၂၈ ဦးကို တိုးမြှင့်ချထားခဲ့သည်ဟု အဆိုပါရဲဝန်ထမ်းက ဆိုသည်။

တောင်ကြားစေတီနှင့် လယ်တီသိမ်တော်သို့ ခွင့်ပြုချက်မရှိဘဲ ၀င်ထွက်သွားလာခြင်းနှင့် မလိုလားအပ်သည့် လူပုဂ္ဂိုလ်များ ၀င်ရောက်မလာနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ချထားရန် သက်ဆိုင်ရာက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မင်းကိုနိုင်ဟောပြောပွဲတွင် တက်ရောက်သူများ ကိုယ်ရေးအချက်အလက် စရဖ စုဆောင်း


ရန်ကုန်၊ နိုဝင်ဘာ ၎

ကယားပြည်နယ် လွိုင်ကော်မြို့ တွင်မြို့ခံ လူငယ်များ ဦးစီးကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောပွဲတွင် တက်ရောက်လာသူများ ကိုယ်ရေးအချက်အလက်များကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှ လိုက်လံစုဆောင်းမှု ပြုလုပ်နေကြောင်း ဟောပြောပွဲတက်လာသော ဒေသခံများထံမှ သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် ပတ်သတ်သော အချက်အလက်များ စုဆောင်းသည့်အပြင် တက်ရောက်လာသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံမှုကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ကိုယ်ရေးအချက်အလက်ပေးခဲ့ရသည့် လွိုင်ကော်မြို့ ဒေသခံ ကိုခွန်းအဘန်းက ပြောကြားသည်။

ယင်းဟောပြောပွဲ ဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY)နှင့် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) တို့၏ အဖွဲ့ဝင်များ ကိုယ်ရေးအချက် အလက်များ ပေး ရန် စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) က အောက်တိုဘာ၎ရက်နေ့မှာ လာရောက်ပြီး ပြောဆိုသွားခဲ့ ကြောင်း ၎င်းက ဆိုသည်။

ရဲစခန်းသို့ ခေါ်ရာ မလိုက်သောကြောင့် အမျိုးသမီးကိုရိုက်နှက်

ပဲခူး၊ နိုဝင်ဘာ ၃။
အောက်တိုဘာ ၂ရက်နေ့ နေ့လည်ပိုင်းတွင် ပဲခူးတိုင်း
ဒေသကြီး၊ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာနေ
ဒေါ်အေးရီသည်နေအိမ်၌ ရှိနေစဉ် အုပ်ချုပ်ရေးမှူးနှင့်
ရဲများရောက်လာပြီး ရိုက်နှက်ကြောင်း ဒေါ်အေးရီက
People Power သို့ ပြောကြားသည်။

ဒေါ်အေးရီမှာ အကြွေးသိန်း ၂၀ပေးစရာရှိသောကြောင့်
တရားရုံးတွင် တရားမမှုဖြင့် တရားစွဲဆိုခံထားရ သူဖြစ်ပြီး တရားရုံးသို့လာရောက်ရန် တရားရုံးမှတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူုးနှင့် ရဲများသွားရောက် ခေါ်ယူ
ခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ရဲစခန်းထံမှ သိရသည်။

“သူတို့က အဖမ်းမခံနိုင်ဘူးဆိုပြီး တုတ်နဲ့ရန်မူတာ ရဲတွေကရိုက်တာမဟုတ်ဘူး၊အခုလည်း အထက်ကို တိုင်ထားတယ်လို့ကြားတယ်။ ဥပဒေ အတိုင်းဆောင်ရွက်သွားမယ်”ဟု စခန်းမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပေါက်တောမြို့နယ်တွင် အကြမ်းဖက် တိုက်ခိုက်သူ တရားခံများကို ဖမ်းဆီးခြင်း မရှိသေး

အကြမ်းဖက်ဓါးခုတ်ခံခဲ့ရသည့်
ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်သူ မမေသန်းခင်(Photo-Facebook)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ငါးရှာ ဂုံး (အခွံပါ ရေနေသတ္တ၀ါ) သွားကောက်သည့် ရခိုင်အမျိုးသမီးများကို တိုက်ခိုက်သည့် အကြမ်းဖက်သမားများကို ယခုတိုင် အာဏာပိုင်များမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

“ အခုအချိန်ထိ မဖမ်းသေးဘူး။ ဒီမှာအခု စစ်တပ်လည်းရှိတယ်။ ရဲလည်းရှိတယ်။ မဖမ်းနိုင်သေးတာလား၊ ဖမ်းဖို့ ကြောက်နေသလား၊ ဘာကြောင့်မဖမ်း နိုင်ဘဲ ဖြစ်နေဆိုတာ ကျမတို့လည်းမသိဘူး”  ဟု ဆင်အိုင်ရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

အာဏာပိုင်များ (စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်) များအနေဖြင့် ယခုလို လူမျိုးရေး၊ ဘာရေးဆံဆံ အကြမ်းဖက် တိုက်ခိုက်သူများကို မဆိုင်းမတွ ဖမ်းဆီးလေ့ရှိကြောင်း၊ အထူးသဖြင့် ရခိုင်လူမျိုးများဆိုလျှင် ချက်ချင်း ဖမ်းဆီး အရေးယူလေ့ရှိကြောင်း၊ သို့သော်လည်း ယခု ဖြစ်စဉ်တွင် လူသတ်မူကျူးလွန်သူများကို ယခုအချိန်ထိ ဥပဒေနှင့် အညီ ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း၊ ရွာသားများ အနေဖြင့် အာဏာပိုင်များ၏ လုပ်ရပ်ကို အားမလို အားမရ ဖြစ်နေကြောင်း ဆင်တက်မော်ကျေးရွာသား တစ်ဦးဖြစ်သူ ဦးကျော်သာချေက ပြောသည်။

မီတာခတိုးမြှင့်ကောက်ခံခြင်းကိုပြည်သူ့ဆန္ဒ ကောက်ခံကာ သမ္မတရုံးသို့ တင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၃။

မီတာခများတိုးမြှင့်ကောက်ခံသော ကိစ္စရပ်အား ပြည်သူ
လူထုမှကျေနပ်မှုမရှိသောကြောင့် ပြည်သူလူထုသဘော
ထား ကောက်ခံမည့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၇ ၇က်နေ့တွင်
ပြုလုပ်၍ ရရှိလာသောအချက်များကို သမ္မတရုံးသို့ တင်ပြ သွားမည်ဖြစ်ကြောင်း Generation wave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။

ပြည်သူလူထုသဘောထားကောက်ခံသော ဆွေးနွေးပွဲတွင်
နိုင်ငံရေးတက်ကြွစွာလှုပ်ရှားသူများ အခြားလူမှုရေး အဖွဲ့ အစည်းများနှင့် ပြည်သူလူထု အားလုံးမှ ပါဝင်ဆွေးနွေးကြ
မည်ဖြစ်ပြီး ရရှိလာသောအချက်များကို သက်ဆိုင်ရာသို့ တင်ပြတောင်းခံမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း
သိရသည်။

“မီတာခတိုးကောက်တာ ပြည်သူတွေမကျေနပ်မှုတွေ
အများကြီးရှိတယ်။ ဆန္ဒပြမယ့်အစား သဘောထား
ကောက်ခံမှုတစ်ရပ် လုပ်လိုက်ရင် ဖြစ်စေချင်တဲ့ အချက် အလက်တွေထွက်လာမယ်။ အဲဒီ့အချက်အလက်တွေထဲ
မှာမှ ဘယ်အချက်ကိုသဘောတူနိုင်မယ်။ ဘယ်အချက်ကို သဘောမတူနိုင်ဘူးက တော့ သက်ဆိုင်ရာတွေရဲ့အပိုင်းပါ”ဟု
Generation Wave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။

Samsung နှင့် Google ကို အင်အားကြီးနည်းပညာလုပ်ငန်းများ တရားစွဲဆို

အောင်မင်း ဘာသာပြန်သည်

Rockstar Consortium ဟု လူသိများထင်ရှားသည့် အင်အားကြီးနည်းပညာလုပ်ငန်းစုတစ်ခုမှာ Google, Samsung, HTC နှင့် အခြားသောနည်းပညာလုပ်ငန်းများအား မိုဘိုင်းဖုန်းမူပိုင်ခွင့်အား ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။

Apple, Microsoft, Blackberry, Ericsson နှင့် Sony တို့က ပူးတွဲပိုင်ဆိုင်သည့် Rockstar မှ အဓိကပြိုင် ဘက်ဖြစ်သည့် Google Android စနစ်သုံးဖုန်း ထုတ်လုပ်သူများအား အဓိကထားကာ ယခုကဲ့သို့တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

Rockstar ၏ တရားစွဲဆိုမှုတွင် Google အနေဖြင့် ပတ်သက်ဆက်နွှယ်သောကြော်ငြာများအား အင်တာ နက်မှတစ်ဆင့် ရှာဖွေသည့်နည်းလမ်းများနှင့် ဆက်စပ်သည့် မူပိုင်ခွင့်ခုနစ်ခုအား ချိုးဖောက်ထားသည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့သော တရားစွဲဆိုမှုမှာ ကမ္ဘာအနှံ့ဖြစ်ပွားနေသော မိုဘိုင်းဖုန်း မူပိုင်ခွင့်အပေါ် အငြင်းပွားသည့် နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။ အမြတ်အစွန်းများများစားစားရသည့် စမတ်ဖုန်း တက်ဘလက်နှင့် ဂိမ်း ဈေးကွက်အား လွှမ်းမိုးနိုင်ရန်အတွက် ကြိုးပမ်းနေခြင်းကြောင့် ၎င်းဖြစ်ရပ်များ ပေါ်ပေါက်နေရခြင်းဖြစ် သည်။

လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာများ (Credit: AFP)
မြန်မာနိုင်ငံ ​ကမ်းရိုးတမ်းဒေသကနေ ​တခြားနိုင်ငံကို ​ခိုလှုံခွင့်တောင်းဖို့ ​လှေတွေနဲ့ ​ထွက်ခွာကြတဲ့ ​ရိုဟင်ဂျာ ​အယောက် ​၇၀ ​နီးပါးရဲ့ ​လှေတိမ်းမှောက်ခဲ့ပြီး ​လူပေါင်း ​၆ ​ယောက်ကိုသာ ​ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ​ဦးတည်တဲ့ ​လှေပေါ်မှာ ​ရိုဟင်ဂျာ ​အမျိုးသား ​၃၈ ​ယောက် ​အမျိုးသမီး ​၂၈ ​ယောက် ​စုစုပေါင်း ​၆၆ ​ဦးပါဝင်ပြီး ​ဘင်္ဂလားပင်လယ်အော်မှာ ​လှေတိမ်းမှောက်ခဲ့တာ ​ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်တွေအကြား ​ပဋိပက္ခတွေ ​ဖြစ်ခဲ့ပြီးနောက် ​ရိုဟင်ဂျာမွတ်စလင်တွေ ​အမြောက်အများ ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ပြေးတိမ်းရှောင်နေကြရင်း ​လမ်းမှာ ​မတော်တဆဖြစ်ခဲ့လို့ ​သေဆုံးသူ ​ဒါမှမဟုတ် ​ပျောက်ဆုံးသူ ​အယောက် ​၄၀၀ ​ကျော် ​ရှိသွားပြီ ​ဖြစ်ပါတယ်။

ကလေးငယ်များအပြင် မသန်စွမ်းအမျိုးသမီးများကို ပစ်မှတ်ထား အဓမ္မပြုကျင့်မှုများပြားလာ


အသက်မပြည့်သေးသော ကလေးငယ်များအပြင် မသန်စွမ်းသူ အမျိုးသမီးများကိုပါ ပစ်မှတ်ထား အဓမ္မပြုကျင့်မှုများ ဖြစ်နေပြီး ယခုအချိန်ထိထိရောက် ဟန့်တားနိုင်သော ကာကွယ်ပေးမှုမျိုးမရှိသေးဘဲ အမှုများမှာ ပိုမိုများပြားလာနေပြီဖြစ်သည်။

ယင်းသို့သော မသန်စွမ်းအမျိုးသမီးငယ်များအား အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ် တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “မသန်စွမ်း အမျိုးသမီးတွေ အပေါ်ကို အဓမ္မကျင့်တာဟာ တော်တော်လေးကို လူမဆန်တဲ့ အပြုအမှုတစ်ခုပါ၊ ဒီလိုလူမျိုးတွေကို လူလို့တောင် မသတ်မှတ် သင့်တော့ဘူး၊ မသန်စွမ်းသူတွေကို စောင့်ရှောက်မယ့်အစား အမြတ်ထုတ်တာဟာ အရိုင်းစိုင်းဆုံးသော လူတန်းစားတစ်ရပ်ပါပဲ” ဟု သူမက ရှုံ့ချ ပြောဆိုခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လကအသက် ၁၃ နှစ်အရွယ် မွေးရာပါ စကားမပီ မသန်စွမ်းအမျိုးသမီးငယ်လေး တစ်ဦးအား နေအိမ်၌ တစ်ဦးတည်း ရှိနေချိန်များတွင် အသက် ၄၈ နှစ်ရှိ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက မကြာခဏ သားမယားပြုကျင့်ခဲ့မှု ကွမ်းခြံကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခံနေရကြောင်း သမီးငယ်၏ ခြေဟန်လက်ဟန်ဖြင့် ပြောပြမှုကို မင်္သကာသဖြင့် မိခင်ကိုယ်တိုင် ဈေးမသွားဘဲ နေအိမ်ရှေ့ သစ်ပင်ပေါ်တက်၍ ချောင်းကြည့်ခဲ့ရာမှ ကိုယ်တိုင်တွေ့ရှိခဲ့သည်ဟု တိုင်တန်းခဲ့ခြင်းလည်းဖြစ်သည်။

ဖိုးချစ်က မိမိမွေးရပ်မြေတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိနိုင်ရန် ကြိုးပမ်း


ဇာတ်မင်းသားဖိုးချစ်သည် ၎င်း၏ မွေးရပ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးသွန်းရုပ်တုထားရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖိုးချစ်ကမဇ္ဈိမသို့ ပြောကြားလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော လူငယ်များပေါ်ထွက်ရန်နှင့် တိုင်းပြည်အပေါ် အသက်ပေးပြီး စွန့်လွှတ်ခဲ့ သည့် ပုဂ်္ဂိုလ်များကို ဂုဏ်ပြုရန် ရည်ရွယ်ချက်ဖြင့် ထားရှိရန်ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည်။ ၎င်းရုပ်တုမှာ အရွယ်အစားအားဖြင့် ခြောက်ပေမှ ကိုးပေအထိရှိ မည်ဖြစ်သည်။

ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းကြေး သွန်းရုပ်တု ထုလုပ်ခြင်းနှင့်ပတ်သက်ပြီး ဖိုးချစ်က “ဗိုလ်ချုပ်အောင် ဆန်းက လေးစားပြီး အတုယူဖို့ကောင်းတဲ့ ရာဇ၀င် ရှိတယ်။ ရိုးရိုးကုတ်ကုတ်နဲ့ ကြိုးစားတတ် တဲ့ ဗိုလ်ချုပ် ရဲ့စိတ်ဓာတ်ကို နောင်လာကြ မယ့်မျိုးဆက်သစ်တွေက မှတ်မှတ်ရရနဲ့ စိတ်ထဲမှာရှိနေစေချင်တာပါ။ ကျွန် တော် တို့တွေ ကိုယ့်မြေပေါ်မှာ ထည်ထည်ဝါ၀ါ နေထိုင်ရအောင်လို့ လုပ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကို မမေ့ ဖို့အတွက် ကျွန်တော့် အနေနဲ့ ကြေးရုပ်ကိုထားဖို့ ကြိုးစားတာ ပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်လို


အေးမြင့်စံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး CAIFC သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုသည်ဟု ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့တို့ ဘေကျင်းမြို့၊ ပြည်သူ့လွှတ်တော် ကွန်ဂရက် အဆောက်အအုံအတွင်းရှိ တိဗက် ခန်းမတွင် အောက်တိုဘာ ၂၉ရက်က တွေ့ဆုံစဉ် CAIFC ဥက္ကဋ္ဌ (ယခင် တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဟောင်း)Li Zhaoxing (လီဇောက်ရှင်း)က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တွေ သွားရောက်နေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေ တယ်။ ဥရောပနိုင်ငံတွေအပေါ် ဒေါ်စုနဲ့ မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာ သူတို့က စိုးရိမ်တယ်။ ဒေါ်စုကို တရုတ်ပြည်လာဖို့ သူတို့ဘက်က ကမ်းလှမ်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ် တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တင်ပြသွားဖို့ရှိတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မန္တလေး လေဆိပ်တွင် အသေးစား မီးလောင်မှုဖြစ်


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၁၃

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပထမထပ်ရှိ ESPACE CAFÉ & BAR ဆိုင်တွင် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၀၀း ၁၅ နာရီ အချိန် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ ၀ါယာရှော့ဖြစ်၍ မီး လောင်ကျွမ်းမှုတရပ်ဖြစ်ပွားခဲ့ပြီး မနက် ၀၂း၀၀ နာရီ မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း၊ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်း ၃၅၀ ခန့် ဖြစ်ကြောင်း တံတားဦးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


ဧရာဝတီ

ဖေ့စ်ဘုတ်မောင်မောင်....

satire_fbmm_MOG

စနေမောင်မောင်၊ ရာဟုမောင်မောင်၊ ကာတွန်းမောင်မောင်၊ ဒေါက်တာမောင်မောင် စသဖြင့် မြန်မာပြည်တွင် မောင်မောင် များစွာရှိသည်။ အခု ကျွန်တော် ပြောပြမည့် မောင်မောင်ကား ဖေ့စ်ဘုတ် မောင်မောင် ဖြစ်လေသည်။
ဖေ့စ်ဘုတ်မောင်မောင် အင်တာနက် မသုံးခင်ကနာမည်မှာ မောင်မောင်သာ ဖြစ်သည်။ သို့သော် အင်တာနက် စသုံးတတ်ပြီး နောက်ပိုင်း ချက်တင် (Chatting) မောင်မောင်၊ ဂျီတော့ (G-talk) မောင်မောင်ဟု ခေါ်ကြ သည်။ အခုတော့ ချက်တင်မောင်မောင်၊ ဂျီတော့မောင်မောင် မဟုတ်တော့။ ပိုအဆင့် မြင့်လာကာ တော်လှန်ရေးသမား မျိုးချစ် ပုဂ္ဂိုလ်ကြီး ဖေ့စ်ဘုတ်မောင်မောင် ဖြစ်လာပြီ။ မောင်မောင် ရိုးရိုးမောင်မောင်မှ စပယ်ရှယ် ဖေ့စ်ဘုတ်ဂုရုကြီး မောင်မောင်။ ဘယ်လိုဖြစ် တာလဲဆိုတာကို ကျွန်တော်တင်ပြပါမည်။
မောင်မောင်သည် ၁၀ တန်းကျကာ ဘာလုပ်ရမှန်းမသိ။ ယောင်ပေယောင်ပေ လတ်လျားလတ်လျား ဖြစ်နေချိန်တွင် အစ်ကိုတစ်ဝမ်းကွဲက မောင်မောင် ပျက်စီးမည့်အရေး မြင်သဖြင့် သူဖွင့်ထားသော အင်တာနက်ဆိုင်တွင် ဆိုင်စောင့်ရန် တာဝန်ပေးအပ်လိုက်သည်။ ဒီအချိန်မှစ၍ မောင်မောင်သည် အင်တာနက်ကို စတင် သုံးတတ်လာလေသည်။
မောင်မောင်က ၁၀ တန်းမအောင် သော်လည်း လေ့လာမှုအားကောင်းသည်။ အင်တာနက်ဆိုင်မှာ ဆိုင်စောင့်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း တစ်ပတ်လောက် အတွင်း G-talk, MIRC စသည်တို့တွင် ချက်တင်ပြောခြင်း အမှုကို အလောင်းတော် များသာ ရလေ့ရှိသော ဇာတိဿရဉာဏ်ဖြင့် တတ်သကဲ့သို့ ချက်ချင်းတတ်မြောက် ကျွမ်းကျင်သွားသည်။ ချက်တင်ပြောခြင်း အမှုကို ကောင်းစွာ တတ်မြောက်ပြီး နောက်ပိုင်း အွန်လိုင်းမှ ကျူခြင်းအမှုပါ ထူးချွန် ပြောင်မြောက်စွာ တတ်ကျွမ်းလာပြီး အွန်လိုင်း ရည်းစား ၁၀၁ ယောက်တိတိ ရရှိလေသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လိုင်ဇာမူ အစိုးရနှင့် ယနေ့ စတင်ဆွေးနွေးမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လိုင်ဇာမူ အစိုးရနှင့် ယနေ့ စတင်ဆွေးနွေးမည်

မြစ်ကြီးနား၊ နိုဝင်ဘာ ၃

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးကို ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် လက်နက်ကိုင် ထိပ်သီးညီလာခံ (လိုင်ဇာ) က ချမှတ်ထားသည့် အပစ်ရပ် မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့စတင် ဆွေးနွေးမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

အစိုးရ ရည်မှန်းထားသည့် နိုဝင်ဘာလအတွင်း နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ နိုဝင်ဘာလ ၄ ရက် နေ့မှ ၅ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဦးနိုင်ဟံသာ၊ ဖဒို စောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသော်လည်း အသေးစိတ်ကို မပြောဆိုနိုင်သေးကြောင်း ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက ပြောကြားသည်။
“လိုင်ဇာမူဘောင်ကို ဦးအောင်မင်းတို့နဲ့ ဆွေးနွေးမယ်။ သူတို့ဘက်က အဖြေချက်ချင်း ပေးဖို့တော့ နည်းနည်းခက်မယ်” ဟု ဦးခွန်ဥက္ကာက ဆိုသည်။

ကေအိုင်အိုအဖွဲ့ ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှ မြစ်ကြီးနားမြို့သို့ နိုဝင်ဘာလ ၃ ရက်နေ့တွင် လာရောက်ရာ လမ်းခရီး တစ်လျှောက် ဒေသခံ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြောင်း PCG ကဆိုသည်။
“လိုင်ဇာ ညီလာခံမူကို လက်ခံတဲ့အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြည်သူတွေ ကြိုဆိုတာ အရမ်းကို ဂုဏ်ယူတယ်။ ဒါဟာ ဘုံသဘောတူညီချက်ကို ကျွန်တော်တို့ လက်မှတ်ရေးထိုးဖို့ အားတစ်ခု ဖြစ်သွားနိုင်ပါတယ်” ဟု လိုင်ဇာသဘော တူညီချက် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် RCSS မှ ဗိုလ်မှူးစိုင်းလက ဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ရန်နှင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အသီးသီးက ထပ်တူ ရည်မှန်းထားကြောင်း လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောဆိုထားသည်။

မြစ်ကြီးနား၊ နိုဝင်ဘာ ၃

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးကို ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် လက်နက်ကိုင် ထိပ်သီးညီလာခံ (လိုင်ဇာ) က ချမှတ်ထားသည့် အပစ်ရပ် မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့စတင် ဆွေးနွေးမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

အစိုးရ ရည်မှန်းထားသည့် နိုဝင်ဘာလအတွင်း နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ နိုဝင်ဘာလ ၄ ရက် နေ့မှ ၅ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဦးနိုင်ဟံသာ၊ ဖဒို စောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသော်လည်း အသေးစိတ်ကို မပြောဆိုနိုင်သေးကြောင်း ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက ပြောကြားသည်။

အရပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦး သေနတ်ဒင်ဖြင့် ဝင်ရိုက်

မော်လမြိုင်၊ နိုဝင်ဘာ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်နှစ်ဦးက ယင်းရပ်ကွက်နေ ဦးသင်းကိုကိုကို နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဦးသင်းကိုကို၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည်က ပြောကြားသည်။

အဆိုပါ လက်နက်ကိုင် နှစ်ဦးသည် မြေနီကုန်းရပ်ကွက် မဟာမြိုင် (၉) လမ်းထိပ်တွင် ဦးသင်းကိုကိုနှင့် ဦးကျော်ကိုကိုတို့ ညီအစ်ကိုနှစ်ဦး ထိုင်နေစဉ် သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်ခဲ့ပြီး သေနတ်ဒင်ဖြင့် ထုသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သင်းကိုကိုက လမ်းထိပ်မှာ ထွက်ထိုင်နေတာကို ဆိုင်ကယ်စီးပြီး သေနတ်ကိုင် ထားတဲ့သူတွေ ရောက်လာပြီး သူကို့ထိုးတယ် အဲဒါကို သူ့ညီကျော်ကိုကို လိုက်သွားတာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခေါင်းကို သေနတ်ဒင်နဲ့ ထုသွားတယ်” ဟု ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးသာစိန်က ဆိုသည်။

သေနတ်ဒင်ဖြင့် ရိုက်နှက်ခံရသည့် ဦးသင်းကိုကိုကို မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ထားရကြောင်း ဦးသာစိန်က ထပ်လောင်း ပြောကြားသည်။

လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်.....(အရှင်ပညာ သီဟာဘိဝံသ (တရားဦးဓမ္မစကြာ))

B-4-11
ရွှေတိဂုံစေတီတော်တွင် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ (အဖိတ်နေ့ည)ပြုလုပ်သော မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ အခမ်းအနား

မြောက်ပြန်လေ ဆော်သွန်းစ၊ ငွေနှင်းရီတို့ ဆွတ်ဖျန်းပြုစ၊ ၀န်းကျင်တစ်ကြော၌ ရွှေပွင့်ခ၀ဲတို့ ၀တ်မှုန်ကြဲပက်စ တန်ဆောင်မုန်းလရာသီ ရောက်ပြီဆိုမှဖြင့် ဘာသာရေးနှင့် စပ်ယှဉ်သော ပွဲတော်များအနက် အထင်ကရ ပွဲတော်ကား ကထိန်ပွဲတော်ပင် ဖြစ်၏။ ထိုကထိန်သင်္ကန်း ကပ်လှူပွဲကို နိုင်ငံတစ်ဝန်းလုံးသော သောညံညံမျှ အားထုတ်ကြ၏။

ကထိန်ဟူသည်
အကျိုးအာနိသင် ငါးမျိုးကို အတွင်း၌ ပြုခြင်းငှာ စွမ်းနိုင်သဖြင့် ခိုင်မြဲသောကြောင့် လည်းကောင်း၊ အကျိုးအာနိသင် ငါးမျိုးကို အခြားသို့ မရောက်စေဘဲ တစုတပေါင်းတည်း သိမ်းယူတတ်သောကြောင့် လည်းကောင်း၊ ဘုရားစသော အရိယာ သူတော်ကောင်းတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း ကထိန (ကထိန်) မည်၏။
ဗုဒ္ဓခေတ် အခါက ယနေ့အခါကဲ့သို့ ချုပ်ပြီးဆိုးပြီး သင်္ကန်းဖြင့် ကထိန်ခင်းရန် လှူဒါန်းကြခြင်း မဟုတ်။ ကထိန်အတွက် အ၀တ်များကို လှူဒါန်းကြခြင်းဖြစ်၍ အ၀တ်စများကို သင်္ကန်းဖြစ်စေရန် ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်းစသော ကထိန်နှစ် စပ်သမျှ အရာအားလုံးကိုခြုံ၍ ကထိန်ဟု ခေါ်ဆိုခြင်းဖြစ်၏။

ကထိန်ပေါ်ပေါက်ခဲ့ခြင်း
ပါဝေယျကတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်တို့ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓသည် ကထိန်ကို ခွင့်ပြုတော် မူခဲ့ပါသည်။ ဘုရားရှင်နှင့်အတူ ၀ါကပ်ရန် ပါဝေယျကမြို့မှ သာဝတ္ထိမြို့သို့ ၀ါဆိုအမီ ကြွလာကြသော်လည်း မမီနိုင်သဖြင့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာဝေးသော သာကေတမြို့တွင် ၀ါဆိုကြရပါသည်။
ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည်။

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် အတည်ပြုပြီး သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၈ ဒသမ ၁ ထရီလျံနှင့် ခန့်မှန်းခြေ ကျောက်မီးသွေးတန်ချိန် သန်း ၄၉၀ တန် ရှိနေကြောင်း သိရ

O-4-11
ထိုင်းနိုင်ငံသို့ တင်ပို့မည့် ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၈ ဒသမ ၁ ထရီလျံနှင့် ခန့်မှန်းခြေ ကျောက်မီးသွေးတန်ချိန် သန်းပေါင်း ၄၉၀ တန် ရှိနေကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာဖြစ်သော မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ဖွဲ့စည်းမှုအသစ် (New Energy Architecture: Myanmar) ဟူသော အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်း လေးခုရှိနေပြီး၊ ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီမှ ထုတ်ယူနေသော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ Patronus ကုမ္ပဏီမှ ဦးဆောင်ရှာဖွေ တူးဖော်နေသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ဒေ၀ူးမှ ဦးဆောင်ထုတ်ယူနေသော ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီမှ ဦးဆောင်တူးယူနေသော မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းများဖြစ်ကြောင်း သတင်းရရှိသည်။
"လောလောဆယ်မှာ ပြင်သစ်နိုင်ငံက Total Company ရတနာ သဘာဝဓာတ်ငွေ့သိုက် ကနေပြီးတော့ ကမ်းလွန်မှာ ဓာတ်ငွေ့တွေ ထုတ်ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေပါတယ်။ ကုဗပေ တစ်နေ့ကို သန်း ၆၀၀ ရှိပါတယ်။ ဒီကနေပြီး ပြည်တွင်းသုံးဖို့အတွက် တစ်နေ့ကို ကုဗပေ သန်း ၁၈၀ ပေးပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ် ရောင်းချတဲ့နှစ်က ၁၉၉၈ ခုနှစ် ဖြစ်ပါတယ်။ ပါတနာတွေနဲ့ ဆောင်ရွက်တဲ့ နေရာမှာတော့ ၉၈ ခုနှစ် က ထုတ်လုပ်ရောင်းချ ခဲ့တဲ့အတွက်ကြောင့် ၂၀၁၃ ဆိုတော့ ၁၅ နှစ်နီးပါး ရှိပါပြီ။ သူ့ရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ ရှိပါတယ်။ နောက်တစ်ခုကတော့ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက် ဖြစ်ပါတယ်။ သူ့ကိုလည်း ဓာတ်ငွေ့ထုတ်ပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချ နေပါတယ်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး


နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍ ရောင်းချသွားတော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့် လုပ်ငန်းရှင်များသို့ အသိပေးထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

"မီတာခတွေတက်တော့ ၀န်ဆောင်စရိတ်တွေ တက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ပစ္စည်းတွေကို ဈေးနှုန်းတက်ယူခွင့် ပြုပါရန်ဆိုပြီး လက္ကားသမားကြီးတွေက လက်လီသမားတွေဆီကို စာရွက်တွေ လိုက်ဝေနေတယ်" ဟုလည်း ကုန်မျိုးစုံ လက်လီရောင်းချနေသူ တစ်ဦးက နိုဝင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားအသုံးပြုမှု မှစတင်၍ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် အများပြည်သူ (အိမ်သုံး) တွင် တစ်ယူနစ်မှ ၁၀၀ ယူနစ် အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက် ၅၀ ကျပ်၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) အတွက် တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်နှင့် အစိုးရဌာနတွင် ရုံးသုံးကို ၅၀ ကျပ်၊ စက်မှုသုံး ၁၀၀ ကျပ်အထိ ဓာတ်အားသုံးစွဲမှု ပမာဏများအပေါ် တွက်ချက်ကာ ဒီဇင်ဘာလမှ စတင်၍ ငွေတောင်းခံလွှာများ ပြုစုတောင်းခံ သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်းများ မြှင့်တင်ကောက်ခံမည်ဟု လျှပ်စစ်ဓာတ်အား ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မင်္ဂလာစုံတွဲတို့အတွက်မင်္ဂလာခန်းမရွေးချယ်စရာ


သီတင်းကျွတ်မင်္ဂလာရာသီရောက်ပြီဆိုတာနဲ့ တူနှစ်ကိုယ်လက်တွဲ ဘဝခရီး ဆက် ကြတော့မယ် ချစ်သူစုံတွဲများဟာ နှစ်ကိုယ်တူဘဝရဲ့ အရေးကြီးတဲ့ ပွဲတစ်ပွဲလို့ ဆိုရမယ့် မင်္ဂလာဧည့်ခံပွဲများ ပြုလုပ်ဖို့အတွက် တိုင်ပင်စီစဉ်ကြပါပြီ။ တစ်သက်မှာတစ်ခါသာ ဆင်နွှဲ ကြရတဲ့ သူတို့ရဲ့ မင်္ဂလာပွဲတွေကို အကောင်းဆုံးဖြစ်စေချင်တဲ့ ဆန္ဒကတော့ မင်္ဂလာစုံတွဲတိုင်း မှာ ရှိကြစမြဲပါ။ တိုးတက်လာတဲ့ခေတ်နဲ့အညီ မိမိရဲ့ မင်္ဂလာပွဲကိုလည်း တတ်နိုင်သမျှ အဆင့် အတန်းမြင့်စေချင်ကြပါတယ်။ ဝါကျွတ်ကာလ မင်္ဂလာပွဲ များ ဆင်နွှဲကြတော့မယ့် ရန်ကုန်မြို့နေ လူငယ်စုံတွဲများ အနေနဲ့ မင်္ဂလာနေရာရွေးချယ်မှုအတွက် အတတ်နိုင်ဆုံး လွယ်လင့်တကူ ရှိစေဖို့် ရန်ကုန်မြို့တွင်းရှိ ဟိုတယ်၊ မင်္ဂလာခန်းမ တချို့ရဲ့ မင်္ဂလာဝန်ဆောင်မှုစရိတ်များကို ဖော်ပြလိုက်ရပါတယ်။
Central Hotel
Central Hotel အနေနဲ့ ခန်းမလေးခု Jade Hall(100 Pax မှ 250 Pax) ကို ကျပ်ခုနစ်သောင်း၊ade Hall (251 Pax မှ 450  Pax) ကို ကျပ်ရှစ်သောင်း၊ Jade Hall (450 Pax  အထက်) ကို ကိုးသောင်းကျော်၊ Ruby House (80 Pax) ကို ကျပ်ခြောက် သောင်းသတ်မှတ်ထားပြီး မင်္ဂလာစင်မြင့်ပန်းအိုး တစ်အိုးကို ငွေ ကျပ်တစ်သောင်းခွဲ၊ မင်္ဂလာနာမည်ထိုး မြန်မာဘာသာတစ်မျိုး ကျပ် တစ်သောင်းခုနစ်ထောင် ၊ တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာကျပ် နှစ်သောင်းသတ်မှတ်ထားပါတယ်။ အချိန်အနေနဲ့ မနက် ၉နာရီ က ၁ဝနာရီခွဲ၊ နေ့လယ်၁၂နာရီက ၁နာရီခွဲ၊ ညနေ ၃နာရီက ၄နာရီခွဲ၊ ညနေ၆နာရီက ၇နာရီခွဲရှိပြီး အစားအသောက် အနေနဲ့ ကြက်သား (ထောပတ်ထမင်း /ဒံပေါက်) ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီး ငရုတ်သီးစပ်ချဉ်၊ သရက်သီးသနပ်၊ ရေခဲမုန့်ကို တစ်ဦးစာ ကျပ်၄၅ဝဝ၊ ဆိတ်သား(ထောပတ်ထမင်း /ဒံပေါက်)၊ ချဉ်ပေါင်ဟင်း ချို၊ ဘာလချောင်ကြော်၊ သခွားသီး ငရုပ်သီးစပ်ချဉ်၊ သရက်သီးသနပ်၊ ရေခဲမုန့်ကို တစ်ဦးစာ ကျပ် ၄၇ဝဝ၊  ပေါက်စီ(ကြက်၊ဝက်၊ပဲ)၊ ငါးဖယ်၊ ငုံးဥ ပေါင်း၊ ပုစွန်ကော်ပြန့်လိပ် ကြော်၊ ကြက်ဘဲဥအငံ၊ ပုစွန်ရေညှိလိပ်၊ ကော်ဖီ၊ သီးစုံရေခဲမုန့်ကို တစ်ဦးစာ ကျပ်၃၅ဝဝ၊Cheese Sandwich, Sweet Roll, Chocolate Eclair, Muttom Puff, Coffee, Strawberry Ice Cream  ကို တစ်ဦးစာ ကျပ် ၃၄ဝဝ တို့ဖြစ်ပါတယ်။

မယ်စကြာဝဠာဖြစ်မယ့် မိုးစက်ဝိုင်လား

ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူကို မိုးစက်ဝိုင် ဆောင်းမယ်လို့ ခန့်မှန်းနေကြကြောင်း  International Business Times အွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။
 
ဟိုတနေ့က မိုးစက် ဂဏန်းစတိုင် လျှောက်ပြခြင်းကိုလည်း ချီးကျူးထားပါတယ်၊ amazing walk တဲ့။
အဲဒီသတင်းမှာ နောက်ခံအချက်အလက် အနေနဲ့ ထည့်ရေးထားတာက မိုးစက်ဟာ ဒဂုံတက္ကသိုလ်ကျောင်းဆင်း ဆိုတဲ့အချက်ပါ။

ဒဂုံတက္ကသိုလ်က ဂုဏ်ယူမယ်ဆို ယူနိုင်တဲ့အချက်ပါပဲ။
မယ်စကြာဝဠာ သရဖူ မိုးစက်ဝိုင် ဆောင်းမယ်လို့ ခန့်မှန်းနေကြကြောင်း  ရေးထားပေးမယ့်လည်း ဘယ်သူတွေက ဘယ်တုန်းက ခန့်မှန်းတယ် ဆိုတာတော့ မသိရပါ။

အဲဒီ အွန်လိုင်းစာမျက်နှာက တခြားသတင်းတပုဒ်မှာတော့ မယ်စကြာဝဠာ အကဲဖြတ်ဒိုင်လူကြီး တယောက်ဆီက  အတွင်းရေးတချို့ ပေါက်ကြားတယ်လို့လည်း ဆိုထားပြန်ပါတယ်။ ဒါကလည်း ခိုင်လုံတဲ့သတင်း မဟုတ်ဘူးလို့ ယူဆပါတယ်။
ပေါက်ကြားတယ် ဆိုတဲ့ အချက်တွေကို ကြည့်လိုက်တော့ ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူ ဘယ်သူ့ကို ပေးမယ်ဆိုပြီး စဉ်းစားထားချက်တွေပါ တဲ့။

ဆင်တက်မော် ဒုက္ခသည် စခန်းတွင် ဆူပူမှု ဖြစ်ပွားသောကြောင့် လူစုခွဲခဲ့ရ


ဘင်္ဂလီ ဒုက္ခသည်အများစု နေထိုင်သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ဆင်တက်မော် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီ ခြောက်ဦး ပျောက်ဆုံးသွားခြင်းကြောင့် ယင်းစခန်းမှ ဒုက္ခသည် ၅၀၀ ခန့် စုရုံးကာ ဆူပူသည့် ပုံစံ ဖြစ်ပေါ်လာပြီး လုံခြုံရေး ရဲဝန်ထမ်းများက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု စစ်တွေမြို့နယ် မင်းဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောသည်။

နိုဝင်ဘာ ၂ ရက်က ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ခြောက်ဦး ထင်းရှာရန် သွားရာ ပျောက်ဆုံးနေသည်ဆို၍ ဒေသခံ ရဲဝန်ထမ်းများက သွားရောက်ရှာဖွေခဲ့ပြီး ဘင်္ဂလီအမျိုးသား တစ်ဦးမှာ ဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကာ ကျန်ငါးဦးမှာ ပျောက်ဆုံးနေသည်ဟု  ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“ဒုက္ခသည် စခန်းက လူခြောက်ဦး ပျောက်သွားတယ်လို့ သတင်းတွေ ရတယ်။ ဘင်္ဂလီတစ်ဦးကို တောထဲမှာ သေဆုံးနေတာတွေ့တယ်၊ တစ်ဖက်မှာလဲ ပေါက်တောက ဂုံးကောက်တဲ့ အမျိုးသမီးအုပ်စုကို ဘင်္ဂလီသုံးဦးက အကြမ်းဖက်တဲ့အတွက် တစ်ဦးသေဆုံးသွားပြီး သုံးဦး ဒါဏ်ရာရတယ်”ဟု ဦးလှသိန်းက မဇ္ဈိမ ကို ပြောသည်။

ဆင်ထိန်းဦးသိန်းစိန်သေဆုံးမှုနဲ့ ဗေဒဆရာတို့အမြင်


ရန်ကုန်မှာ မွေးထားတဲ့ ဆင်ဖြူတော်တွေထဲတစီးရဲ့ တိုက်ခိုက်ချက်ကြောင့် 
နေကြတ်ဖို့ တရက်အလို၊ သီတင်းကျွတ်လကွယ်နေ့မှာ ဆင်ဦးစီးတယောက် သေဆုံးသွားပါတယ်။ ဒီအကြောင်းကို ဒီဘလော့ http://blog.irrawaddy.org/2013/11/blog-post_3.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
ဆင်ဦးစီးအမည်က သမ္မတအမည်နဲ့ သွားတူနေတဲ့အတွက် ဒီသတင်းက  အများစိတ်ဝင်စားတဲ့သတင်း ဖြစ်နေပါတယ်။ ဗေဒင်၊ နက္ခပညာရှင်တို့ကလည်း ဒီအကြောင်း စိတ်ဝင်စားကြပုံရပါတယ်။ သူတို့ရဲ့ ပြောဆိုချက် ခန့်မှန်းချက်တွေကို ဒီနေ့ထုတ် သတင်းစာတချို့မှာ တွေ့ရပါတယ်။

"ဆင်ဖြူတော်တွေက သစ္စာ ရှိကြတယ်။ ဒီလို ဆင်ဖြူတော်က လူသတ်တယ် ဆိုတော့ ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး" လို့ ဒေါက်တာဦးကံမင်းက 7Day သတင်းစာကို ပြောပါတယ်။
သမ္မတဦးသိန်းစိန်အတွက်တော့ ယတြာကျေသွားတာပဲ လို့ သူက ဆက်ပြောပါတယ်။

Related Posts Plugin for WordPress, Blogger...

ShareThis