ဒုံးပျံနဲ့နျူကလီးယားစမ်းသပ်မှုတွေ မလုပ်ဖို့အမေရိကန် ပြည်ထောင်စုနဲ့ သဘောတူညီချက် ရယူထားတာတွေကို ဆက်လက် လိုက်နာတော့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြောဆိုလိုက်တဲ့နောက် မြောက်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်မယ့် အလားအလာတွေ မရှိတော့ဘူးလို့ နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ကပြောလိုက်ပါတယ်။
မတ်လထဲမှာတုန်းက IAEA ပြောခွင့်ရသူ Gill Tudor ရဲ့ အင်္ဂါနေ့နှောင်းပိုင်း ကြေညာချက်ကြောင့် မြောက် ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းအပြီး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သဘောတူညီချက် ရရှိထားတာတွေ ဆုံးခန်း ရောက်ခဲ့ရတာပါ။