menu

Thursday 19 December 2013

ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲသို့ လာသည့် ယာဉ်အရှိန်လွန်တမ်းမှောက်

ရေဖြူ ဒီဇင်ဘာလ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက် ဆိပ်ကမ်းဇုံ (Road Link To Thalaid) လမ်းမကြီး (8+000) ကီလိုမီတာအနီးတွင် ဒီဇင်ဘာ (၁၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီခန့်က ဒေါက်လောက်ကျေးရွာ ဘုန်းတော် ကြီး ကျောင်းအဆောက် အဦး အသစ်ဖွင့်ပွဲသို့ ခရီးသည်များ တင်ဆောင်လာပြီး လောင်းလုံးမြို့နယ်၊ သကျက်တော ကျေးရွာမှ ဦးအောင်သန်းဦး မောင်းနှင်သည့် (၃/စ ၆၇၂၄) ဟီးနိုးကား (DUTRO) ခြောက်ဘီး အဖြူရောင် ယာဉ်အရှိန် လွန်၍ ညာဘက်သို့ တိမ်းမှောက် သွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရေဖြူရဲစခန်း မှ ဒုရဲအုပ် ရဲထွဋ်ကို နှင့် အဖွဲ့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယာဉ်ပေါ်ပါ (၃၉)ဦး အနက် ဦးဘ သီးတင် အသက် (၇၅) နှစ်၊ သကျက်တောရွာ နေသူမှာ အခင်းဖြစ်နေ ရာတွင် သေဆုံးပြီး ကျန် (၃၈) ဦးမှာ ဒဏ်ရာများ အသီးသီးရရှိသဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းသော ဦးအောင်သန်းဦး အား ရေဖြူရဲစခန်းက ဒုရဲအုပ် ရဲထွဋ်ကိုက တရားလိုပြု၍ အမှုဖွင့် အရေးယူထားကြောင်း သိရရှိရသည်။

MOI Webportal Myanmar

ဝိတ်ချနေသူတွေ မစားသင့်တဲ့ အစားအစာ (၅)မျိုး

ဆောင်းရာသီ ရောက်လာပြီဆိုရင် တခြားရာသီတွေထက် အနည်းငယ်လေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်တက်ဖို့ အခွင့်အလမ်းပိုများ ပါတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေဆိုရင်တော့ အစားအစာကို ချင့်ချိန်စားသုံးရမှာ ဖြစ်သလို ၀ိတ်ချဖို့အတွက် လေ့ကျင့်ခန်းလုပ်နေသူ diet လုပ်နေသူတွေအတွက်လည်း မစားသုံးသင့်တဲ့ အစားအစာတွေကိုသိပြီး ရှောင်ကျဉ်သင့်ပါတယ်။ ဒီဆောင်းပါးမှတော့ ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်စေဖို့ ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုပါတယ်။

(၁) ကြော်ထားတဲ့ အစားအစာများ
ကြော်ထားတဲ့ အစားအစာများမှာ အာဟာရတန်ဖိုး ရာခိုင်နှုန်းပိုနည်းပြီး အဆီနဲ့ ကယ်လိုနီပိုတက်နိုင်ပါတယ်။
(၂) အချိုဓာတ်များသော အစားအစာများ
အချိုဓာတ်တွေကို အများကြီး စားသုံးမိခြင်းဟာ အ၀လွန်စေနိုင်တဲ့ အပြင် သွေးတွင်းကိုလက်စတီရောတွေလည်း မြင့်တက်လာနိုင်ပါတယ်။

ခွေးရဲ့အတွေးတွေကို လူဘာသာစကား အဖြစ် အသံထွက်ပေးနိုင်မယ့် ခွေးလည်ပတ်

ခွေးရဲ့အတွေးတွေကို လူဘာသာစကား အဖြစ် အသံထွက်ပေးနိုင်မယ့် ခွေးလည်ပတ်

ငွေကြေးအခက်အခဲကြောင့် ပစ္စည်းတွေမတီထွင် နိုင်တဲ့ ခေတ်ကာလ ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပစ္စည်းတွေတီထွင်ဖို့အတွက် လူအများက ငွေကြေးစိုက်ထုတ်ပေးတဲ့ kickstarter, Indiegogo တို့လို ၀က်ဆိုက် တွေ တွင်ကျယ်စွာ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း အဲဒီ စီမံကိန်း တွေက နေ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတွေ အများကြီးထွက်ပေါ်လာခဲ့ပြီးပါပြီ။ အခုတစ်ခါမှာလည်း ထူးဆန်းအံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတစ်ခုပေါ်ထွက်လာပြန်ပါပြီ။ No More Woof လို့နာမည်ပေးထားတဲ့ ခွေးလည်ပတ်လေး က ခွေးရဲ့ အတွေးတွေကို သိရှိအာရုံခံနိုင်ပြီး လူသာသာစကားအဖြစ်ပြောင်းလဲ အသံထွက်ဖတ်ပေးနိုင်ပါတယ်။ No More Woof က နည်းပညာဆန်းသစ်ပေမယ့် စတာလင်ပေါင် ၄၀ သာကုန်ကျမှာဖြစ်ပါတယ်။

Nordic Society for Invention အဖွဲ့မှ Scandinavian လူမျိုးတွေက Indiegogo ၀က်ဆိုက်မှတစ်ဆင့် No More Woof အတွက် ရန်ပုံငွေ ကောက်ခံနေကြပြီဖြစ်ပါတယ်။ တိရိစ္ဆာန် တွေရဲ့ အတွေးတွေကို English အပြင် Mandarin, French, Spanish ဘာသာစကားတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ စီမံကိန်း ကို ပြုလုပ်နေပါတယ်။

No More Woof ခွေးလည်ပတ်မှာ EEG Recorders ပါရှိပြီး Raspberry Pi ကွန်ပြူတာအသေးလေးနဲ့ချိတ်ဆက်တပ်ဆင်ထားပါတယ်။ Loudspeaker အသေးလေးလည်းပါရှိပြီး ခွေးရဲ့အတွေးတွေကို လူတွေနားလည်တဲ့ ဘာသာစကားအဖြစ် အသံထွက်ပေးမှာဖြစ်ပါတယ်။ ခွေးရဲ့ အခြေခံ စိတ်ကူးအတွေးတွေဖြစ်တဲ့ မောပန်းတာ ၊ ဆာလောင်တာ စတဲ့ အတွေးတွေကို ခြေရာခံနိုင်တဲ့ Patterns တွေကိုလည်း ဖော်ထုတ်သိရှိပြီးဖြစ်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။
No More Woof ကို ရောင်းချမယ့် ဈေးဟာ စတာလင်ပေါင် ၄၀ (ဒေါ်လာ ၆၅) ၀န်းကျင်ဖြစ်ပြီး Patterns နှစ်မျိုး သို့မဟုတ် သုံးမျိုး ပါရှိမှာဖြစ်ပါတယ်။ Nordic Society for Invention က ဒေါ်လာ တစ်သောင်း(စတာလင်ပေါင် ၆၁၀၀) ရန်ပုံငွေကောက်ခံထားပြီး အခုလောလောဆယ်မှာ ဒေါ်လာ ၃၀၀၀ နီးပါး ရရှိနေပြီဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း ဟာ အခုလောလောဆယ်မှာ စိတ်ကူးပုံဖော်နိုင်တဲ့ အဆင့်သာရှိသေးပေမယ့် တီထွင်သူတွေက လက်တွေ့စမ်းသပ်ပြီးပြီလို့ပြောပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ လူတွေနဲ့ ခွေးတွေကြားမှာ စကားပြောဆိုနိုင်မယ့် No More Woof လို Translators တွေပေါ်ထွက်လာမယ်လို့မျှော်လင့်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

http://mmconsumerguide.com/?p=2350

KTY

www.mmconsumerguide.com | The Best Reviews & Ratings Website in Myanmar

ကြေးမုံသတင်းစာ

ငွေကြေးအခက်အခဲကြောင့် ပစ္စည်းတွေမတီထွင် နိုင်တဲ့ ခေတ်ကာလ ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပစ္စည်းတွေတီထွင်ဖို့အတွက် လူအများက ငွေကြေးစိုက်ထုတ်ပေးတဲ့ kickstarter, Indiegogo တို့လို ၀က်ဆိုက် တွေ တွင်ကျယ်စွာ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း အဲဒီ စီမံကိန်း တွေက နေ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတွေ အများကြီးထွက်ပေါ်လာခဲ့ပြီးပါပြီ။ အခုတစ်ခါမှာလည်း ထူးဆန်းအံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတစ်ခုပေါ်ထွက်လာပြန်ပါပြီ။ No More Woof လို့နာမည်ပေးထားတဲ့ ခွေးလည်ပတ်လေး က ခွေးရဲ့ အတွေးတွေကို သိရှိအာရုံခံနိုင်ပြီး လူသာသာစကားအဖြစ်ပြောင်းလဲ အသံထွက်ဖတ်ပေးနိုင်ပါတယ်။ No More Woof က နည်းပညာဆန်းသစ်ပေမယ့် စတာလင်ပေါင် ၄၀ သာကုန်ကျမှာဖြစ်ပါတယ်။

Nordic Society for Invention အဖွဲ့မှ Scandinavian လူမျိုးတွေက Indiegogo ၀က်ဆိုက်မှတစ်ဆင့် No More Woof အတွက် ရန်ပုံငွေ ကောက်ခံနေကြပြီဖြစ်ပါတယ်။ တိရိစ္ဆာန် တွေရဲ့ အတွေးတွေကို English အပြင် Mandarin, French, Spanish ဘာသာစကားတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ စီမံကိန်း ကို ပြုလုပ်နေပါတယ်။

စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်

စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ  ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်

စင်ကာပူ၊ ဒီဇင်ဘာ ၁၈

စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားတစ်ဦး ဘတ်စ်ကား တိုက်မိပြီး သေဆုံးသွားခြင်းကို အစပြု၍ အိန္ဒိယနိုင်ငံလေးဟု တင်စားခေါ်ဝေါ်သည့် စင်ကာပူရှိ အိန္ဒိယနိုင်ငံသားများ နေထိုင်ရာ ရပ်ကွက်တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူပူမှုတွင် နိုင်ငံခြားသား လုပ်သား ၄၀၀ ခန့်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ရဲကားများ၊ အရေးပေါ် ကားများကို မီးရှို့ခဲ့ကြရာ ဒီဇင်ဘာလ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြသည်။

ယခုစင်ကာပူမှ နှင်ထုတ်မည့် နိုင်ငံခြား လုပ်သား ၅၃ ဦးတွင် အိန္ဒိယ နိုင်ငံသား ၅၂ ဦး ပါဝင်ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း စင်ကာပူ ရဲမင်းကြီး Ng JooHee က ပြောကြားသည်။

ဒီဇင်ဘာလ အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဆူပူဆန္ဒပြမှုသည် တင်းတင်းကျပ်ကျပ် အုပ်ချုပ်လေ့ရှိသော စင်ကာပူ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးဆုံး ဆူပူမှု ဖြစ်သည်။

တရားစစ်ဆေးခြင်း မရှိဘဲ ခုံသမာဓိ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံမှ နှင်ထုတ်ခြင်းမှာ  စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း စင်ကာပူရှိ အလုပ်သမားများ၏ အခြေအနေနှင့် ပတ်သက်၍ လှုပ်ရှားနေသော အဖွဲ့ဖြစ်သည့် Workfair Singapore အဖွဲ့က ပြောကြားသည်။

ယမန်နှစ်က စင်ကာပူတွင် ဘတ်စ်ကား မောင်းနှင်နေသော တရုတ်နိုင်ငံသား ယာဉ်မောင်းတစ်ဦး၏ ဆန္ဒပြမှုကြောင့် စင်ကာပူရှိ အချို့သော နိုင်ငံခြားသား လုပ်သားများ၏ လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေကို လူအများ အာရုံစိုက်မှု ဖြစ်စေခဲ့သည်။

ထို့ပြင် စင်ကာပူ နိုင်ငံသား ယာဉ်မောင်းများထက် လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေအပေါ် မကျေမနပ်ဖြစ်ကာ တောင်းဆိုခဲ့သော နိုင်ငံခြားသား ယာဉ်မောင်းလေးဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

စင်ကာပူ၊ ဒီဇင်ဘာ ၁၈

စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားတစ်ဦး ဘတ်စ်ကား တိုက်မိပြီး သေဆုံးသွားခြင်းကို အစပြု၍ အိန္ဒိယနိုင်ငံလေးဟု တင်စားခေါ်ဝေါ်သည့် စင်ကာပူရှိ အိန္ဒိယနိုင်ငံသားများ နေထိုင်ရာ ရပ်ကွက်တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူပူမှုတွင် နိုင်ငံခြားသား လုပ်သား ၄၀၀ ခန့်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ရဲကားများ၊ အရေးပေါ် ကားများကို မီးရှို့ခဲ့ကြရာ ဒီဇင်ဘာလ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြသည်။

ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ‘လက်ပံ’ ရုပ်ရှင် ဇာတ်ကားကြီး

၅၇ကြိမ်မြောက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း တဖြည်းဖြည်း နီးသထက် နီးလာပြီဖြစ် သည်။ ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဆန်ခါတင်ခုနစ် ကား ရှိခဲ့သည့်အနက် ကယန်းအလှ၊ အမွေခံထိုက်သူဖြစ်ပါစေ၊ မော်ကင်း ဥဒါန်း၊ ဥ၊ အမုန်းမီးတောက်၊ တိမ် မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ထုတ်လုပ်သူ၊ စက်မှုပိုင်းဆိုင်ရာအတတ်ပညာရှင်တို့၏ ဇာတ်ကားရိုက်ကူးခဲ့စဉ်က အတွေ့ အကြုံများ၊ အကယ်ဒမီအကြို ရင်ခုန်သံများကို အပတ်စဉ်တစ်ပတ် တစ်
ကားနှုန်းဖြင့်ဖော်ပြဖြစ်ခဲ့သည်။ ယခုဆန်ခါတင် ခုနစ်ကားထဲတွင်နောက် ဆုံးတစ် ကားတည်းကျန်ရှိသည့် ‘လက်ပံ’ ဇာတ်ကားကို ဖော်ပြပေးချင်ပါ သည်။
ဒါရိုက်တာဝိုင်းအကောင်းဆုံး ပုံဖော်ရိုက်ကူးသည့် ‘လက်ပံ’ ဇာတ် ကားအနေဖြင့် အကယ်ဒမီရထိုက်ကြောင်း ပရိသတ်တော်တော်များ များထင် ကြေးပေးနေကြပြီဖြစ် သည်။ လက်ပံဇာတ်ကားသည် ဆန်ခါတင် ခုနစ် ကားအနက် တစ်မူထူးခြားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ တစ် ယောက်နှင့်တစ်ယောက်ကြားက နားလည်ရခက် ခဲ့သည့် စိတ်ခံစားမှုမျိုး ကို အဓိကပေါ်လွင်အောင် သီချင်း၊ မြူးဇစ်ကလည်း အကောင်း ဆုံးပံ့ပိုးပေးထားသည်။ သို့သော်လည်း ကျိန်စာသင့်လက်ပံဆိုသည့် နဂိုမူလခေါင်းစီး အတိုင်း ကျိန်စာသင့်သလို အမျိုးမျိုးအခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူ၊ ထုတ်လုပ်မှုအပိုင်းက အစ အလွှာအသီးသီးက ပါဝင် အားဖြည့် ခဲ့ သူများ၏ ဇာတ်လမ်းရိုက်ကူးခဲ့စဉ်က အတွေ့ အကြုံ၊ အကယ်ဒမီ အကြိုရင်ခုန်သံများကို တစ်ဆင့်ဝေမျှလိုက်ပါသည်။
►ဦးဝင်းကြည်
(စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေး)
“ဒီ ‘လက်ပံ’ ဇာတ်ကားကို ပထမဆုံးထုတ်လုပ် သူက မဖြူနှင်းဖွေး (Golden Virgo) ပါ။ ရိုက် ကူးရင်းရပ်သွားလို့ ဒါရိုက်တာကိုဝိုင်း၊ ပြေတီဦး တို့နဲ့တိုင်ပင်တယ်။   နောက်   မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လူကြီးတွေ ရှေ့မှောက် မှာလွှဲပြောင်းဝယ်ယူပြီးတော့ ဆက်လက်ရိုက်ကူးခဲ့တာပေါ့ ဝတ္ထုဇာတ်လမ်းကို မဖြူနှင်း ဖွေး မရိုက်ခင်က တည်းကပင် ပြေတီ ဦးပေးလို့ ဦးရဲ့အမျိုးသမီးက အရင် ဖတ်ကြည့်တော့ကြိုက်တယ်။ နောက် တော့ ဦးဖတ်ကြည့်တယ်။ အဲဒီက တည်းက ကြိုက်နှစ်သက်ခဲ့တာပါ။ အခုလို အကယ်ဒမီဆန်ခါတင် စာရင်းဝင်သွားတော့ ဝမ်းသာရတာပေါ့။ ဒီကားကို ဇာတ်လမ်းအရ ဘယ်နှခါ ပြန်ကြည့် ကြည့်ကျေနပ်အားရမိ တယ်။ အားနည်းချက်တချို့က လွဲ ရင် ပေါ့လေ။ အခု အကယ်ဒမီဆန်ခါ တင် ခုနစ်ကားထဲမှာ  ပါဝင်နေတဲ့ အတွက် ပရိသတ်ကလည်း အကယ်ဒမီရစေချင်ကြတယ်လို့ ကြားရတော့ ဝမ်းသာရတာပေါ့။ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင် ပါတယ်။ အခုလက်ပံ ရုပ်ရှင်ဇာတ် ကားကမျှော်လင့်မထားပါဘဲ အကယ် ဒမီဆုရခဲ့ရင်တော့ အတိုင်းမသိဝမ်းသာ ရမှာပေါ့။ ထုတ်လုပ်သူတစ်ယောက် အနေနဲ့တော့ သရုပ်ဆောင်အားလုံး ကို ရစေချင်ပါတယ်”

မရမ်းကုန်း ၉ ရပ်ကွက်တွင် လူနေအိမ် ၁၅ လုံးမီးလောင် လူ ၂၀၀ နီးပါး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရ

နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ သူရလမ်းတွင် ဒီဇင်ဘာ ၁၉၊ နံနက် ၂ နာရီခန့်က လူနေအိမ် ၁၅ လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက်ဆုံးရရှိသည့် သတင်းအရ ကယ်ဆယ်ရေးစခန်းဖွင့်ကာ လူ ၂၀၀ နီးပါး ပြောင်းရွှေ့ထားရသည်။

ဖြစ်စဉ်မှာ အိမ် အမှတ် ၉၀၊ အိမ်ရှင်ဒေါ်ခင်သန်း၊ အိမ်ငှား ဦးမျိုးမြင့်အောင်နေထိုင်သည့် သွပ်မိုး၊ပျဉ်ထောင်၊ ပျဉ်ခင်းနှစ်ထပ်အိမ်တွင် လျှပ်စစ်မီးပူ အသုံးပြုပြီး ခလုပ်မပိတ်ဘဲ ထားရာမှ အပူလွန်ကဲ၍ စတင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက အတည်ပြုထားသည်။

မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက “မီးလောင်တဲ့ နေရာ ရောက်ဖို့က လမ်းက ကျဉ်းတယ်။ လမ်းပေါ်က ဓာတ်ကြိုးတွေက ၁၅ ပေ မြင့်ရမှာ။ ဒီထက်နိမ့်နေတော့ မီးကြိုးတွေကလည်း မီးသတ်ကားနဲ့ မလွတ်ဘူး။ မြောင်းတွေမှာ တံတားထိုးထားတာကလည်း
အိမ်စီးကားလောက်ပဲ သွားလို့ရတယ်။ အိမ်တွေကလည်း ကျပ်တယ် တော်သေးလို့ ဒီလောက်နဲ့ပဲပြီးသွားတာ။ အဲဒီလမ်းနောက်မှာလဲ အိမ်တွေ အများကြီးပဲ။ အဓိက လမ်းဘေးမှာ ရှိတဲ့ အိမ်တွေက လမ်းကို မီးမကူးဖို့ပါပဲ” ဟု ၎င်းတို့ ကြုံတွေ့ခဲ့ရသည့်အခက်အခဲကို ရှင်းပြသည်။

ယင်းမီးလောင်မှုကြောင့် အကျယ်အ၀န်း သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်အိမ် ရှစ်လုံး၊ သွပ်မိုး အုပ်ညှပ် နှစ်ထပ်အိမ် သုံးလုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ်အိမ် လေးလုံး၊ စုစုပေါင်း အိမ် ၁၅ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၇၃ သိန်းဖိုးခန့်ရှိသည်ဟု
မီးသတ်ဦးစီးဌာနက ခန့်မှန်းထားသည်။

အမျိုးသမီး သံတမန် အဖမ်းခံရမှု အိန္ဒိယတုံ့ပြန်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့ နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါတယ်။

သံတမန်တစ်ဦးအပေါ် အမေရိကန်တို့ရဲ့ အခုလို ပြုမူ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အိန္ဒိယက စိတ်ဆိုး ဒေါသထွက်နေတာ ဖြစ်ပါတယ်။

အဲဒီ သံတမန်အမျိုးသမီးကို ပြန်ခေါ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေးဟာ သူတို့ရဲ့ တာဝန် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ သံတမန် အမျိုးသမီးကို လိမ်လည်ပြီး ဗီဇာရယူမှု၊ အိမ်အကူကို ပေးသင့်တဲ့လစာ မပေးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်အောင် ကြိုးစားနေပြီး ဒီကိစ္စကြောင့် အမေရိကန် အိန္ဒိယ ဆက်ဆံရေးကို မထိခိုက်စေသင့်ဘူးလို့ ပြောခဲ့ပါတယ်။

အိန္ဒိယကတော့ လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ကောင်စစ်အရာရှိတွေ အိန္ဒိယနိုင်ငံတွင်း မြန်မြန်ဆန်ဆန် ခရီးသွားနိုင်အောင် ထုတ်ပေးထားတဲ့ လေယဉ်ကွင်းဝင်ခွင့် ကတ်တွနဲ့ အိုင်ဒီကတ်တွကို ပြန်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
 
BBC

အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးများ ထွက်ပေါ်လာတော့မည်

သြစတေးလျနိုင်ငံမှ သိပံ္ပပညာရှင်များက အမျိုးသားများအတွက် ကိုယ်ဝန်တားဆေး ထွက် ပေါ်လာတော့မည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ယင်း စမ်းသပ်မှုအား Monash University မှ သိပံ္ပပညာရှင်များက လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က သုက်ပိုးများ ထိန်းသိမ်းထားသည့်နေရာမှ သုက်ပို့ပြွန်သို့ ရွေ့လျားမှုအား လေ့လာခဲ့ကြသည်။

ထိုအခါ ၎င်းတို့က သုက်ပိုးများသည် ယင်းကဲ့သို့ ပုံမှန်အတိုင်း ရွေ့လျားနိုင်ရန်အတွက် ပရိုတင်းနှစ်မျိုး ခန္ဓာကိုယ်မှ ထုတ်ပေး နိုင်ရန်လိုကြောင်း တွေ့ရသည်။ ထို့ ကြောင့် ကြွက်များတွင် ယင်းပရိုတင်း (၂)မျိုးအား မထုတ်ရန်တားထားသည့်အခါ ၎င်းကြက်ထီးများသည် သန္ဓေမအောင်တော့ကြောင်း တွေ့ရသည်။

၎င်းကြက်များသည် သန္ဓေ မအောင်တော့သော်လည်း သာမန် ကြက်များကဲ့သို့ပင် လိင်ဆက်ဆံနိုင်ပြီး သန္ဓေမအောင်ခြင်းမှာလည်း ယာယီသာဖြစ်၍ အောင်စေချင်သည့်အချိန်တွင် ပြန်၍ သန္ဓေအောင်စေနိုင်ကြောင်း တွေ့ခဲ့ရသည်။

အမျိုး သမီးများအတွက် သန္ဓေတားဆေးမှာ ၁၉၆၀ခုနှစ်မှ စတင်တွေ့ရှိသော်လည်း အမျိုးသားများအတွက် ဆေးများမှာမူ ဆဲလ်များအား ထာဝရပျက်စီးသွားစေသောကြောင့် မအောင်မြင် ခဲ့ကြသေးပေ။

မိုင်ကိ
ref:Netdoctor.co.uk

Health Updates Journal

ရည်းစားဘ၀မှာ အပျိုစင်ဘ၀ကို ထိန်းသိမ်းခြင်းက ဂုဏ်သိက္ခာ တက်စေတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)

ညီမ ကျောင်းမပြီးခင်က ဆရာဝန်အလုပ်နဲ့ အနုပညာအလုပ်ကို ဘယ်လိုခွဲခြားပြီးလုပ်ခဲ့လဲ။

ဖြေရတာလဲ ခက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘွဲ့သာရသွားတယ်။ ဆမလည်း မရခဲ့ပါဘူး။ ကျောင်းမပြီး ခင်ကတော့ ညီမစာကိုပဲ အာရုံထားပြီးလုပ်ခဲ့ပါတယ်။အနုပညာအလုပ်ကိုတော့ လုံးဝမေ့ထားခဲ့ပါတယ်။ အဲဒီအချိန်တော့ လစ်ဟာခဲ့တာပေါ့။ နောက်ပြီး အနုပညာနဲ့ပတ်သက်ပြီး အခွင့်အရေးတွေလည်း အများ ကြီးဆုံးရှုံးခဲ့ရပါတယ်။

ညီမအနေနဲ့ အခုချိန်မှာ နေရာတစ်နေရာရရှိပြီး ပရိသတ်တွေ လက်ခံအားပေးနေခြင်းကို အောင်မြင်မှု လို့ထင်လား။ ဒါကိုရော သာယာမိလား။

သာယာမိတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ အောင်မြင်နေပြီလို့လည်း မှတ်ယူလို့မရသေးပါဘူး။ ကိုယ်လုပ် ခဲ့တဲ့ အနုပညာအလုပ်မှာ မှတ်တိုင်တွေစိုက်ထူပြီး စွယ်စုံတတ်ကျွမ်းတဲ့ အနုပညာရှင်တစ်ဦးဖြစ်အောင် လို့ ကြိုးစားပြီး ပရိသတ်ရင်ထဲ ရောက်တဲ့ အနုပညာရှင်မျိုးပဲ ဖြစ်ချင်ခဲ့တာပါ။ အဲဒီလိုဖြစ်ဖို့အတွက် လို အပ်ချက် တွေလဲရှိတာကြောင့် အနုပညာခြေလှမ်းတွေ ရှေ့ဆက်လှမ်းနိုင်ဖို့အတွက် အခုအချိန်မှာ ကြိုး စားနေရပါတယ်။

တရုတ်ခေါင်းဆောင်တွေနဲ့ လိင်အရှုပ်တော်ပုံကိစ္စ ကျန်ဇီယီ တရားနိုင်

 နာမည်ကြီး တရုတ်မင်းသမီး ကျန်ဇီယီဟာ တရုတ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ လိင်ကိစ္စကို အမေရိကန် ကုမ္ပဏီတခုရဲ့ အွန်လိုင်း သတင်းဖော်ပြချက် မှားယွင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်တရားရုံးမှာ ဖြေရှင်း ခဲ့ ရာ အမှုနိုင် သွားပါတယ်။ 

 မင်းသမီး ကျန်ဇီယီ၊ ဓာတ်ပုံ- ရာဟူးနယူးစ်
 
တရုတ်နိုင်ငံ ပါတီခေါင်းဆောင်တွေ၊ အရာရှိကြီးတွေဟာ ကျန်ဇီယီနဲ့ အိပ်ဖို့ ဒေါ်လာသန်း ၁ဝဝ ပေးရတယ် ဆိုတဲ့ အမေရိကန်အခြေစိုက် Boxun ဝက်ဆိုက်မှာ ဖော်ပြချက်ကို မရေးသင့်လို့ ပြန်ရုပ်သိမ်းသွားခဲ့တယ်လို့ ဘီဘီစီ သတင်း တပုဒ်က ဆိုပါတယ်။ 

နာမည်ကြီး Crouching Tiger, Hidden Dragon၊ Rush Hour 2၊ ဂေးရှားမယ်စတဲ့ဇာတ်ကားတွနဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး ကျန်ဇီယီကိုလည်း မှားယွင်းဖော်ပြခဲ့တဲ့အတွက် တောင်းပန်စာကို ရေးသား
ဖော်ပြခဲ့ပါတယ်။ 

အမေရိကန် တရားရုံးတခုက အခုလို ကျန်ဇီယီကို အနိုင်ပေးဆုံးဖြတ်ခဲ့လို့ Boxun က တောင်းပန်လိုက်ရ တာပါ။

မကန်ပါတော့နဲ့

ဇနီး ကို သတ်တဲ့ အမေရိကန် ရောက် မြန်မာ ကို ရဲက ဖမ်း

အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ် ဘာသလင်ဟမ် မြို့ 
မှာ နေ ထိုင် တဲ့ မြန်မာ လူမျိုး အသက် ၃၇ နှစ် အရွယ် ၀င်းမင်းထွတ် က က
အသက် ၃၆ နှစ် အရွယ် ဇနီး ဖြစ်သူ မသီတာ မြင့် ကို ကလေး သုံးယောက်
အရှေ့  မှာ ပဲ သေနတ် နဲ့  ပစ်သတ်ခဲ့ တဲ့ အတွက် ရဲ က ဖမ်းဆီး ပြီး လူသတ်မှု
ဖောက်ထွင်း ၀င်ရောက် မှု ၊ အခွင့် မရှိ ပဲ ကျုးကျော် မှု တွေ နဲ့  အမှု ဖွင့်ထား
ပါတယ်။

ဝင်းမင်းထွတ် ဟာ ဇနီး ဖြစ်သူ နေတဲ့ နေရာ ဆီ ပြန်လာ ခွင့် မပေး ကြောင်း ကို နို
ဝင်ဘာလ ၁၈ ရက် နေ့  မှာ တရား ရုံး က အမိန့် ချမှတ်ထား ပါတယ်။ အင်္ဂါ နေ့ ညနေ
မှာ တော Central Park Avenue မှာ နေ တဲ့ ဇနီး ဖြစ်သူ ဆီ ပြန်လာ ပြီး ညနေ
၃ နာရီ ၄၅ မိနစ် မှာ ပစ်သတ် ခဲ့ တာ ဖြစ် ပါတယ်။

ဝင်းမင်းထွတ် မှာ အသက် ၁၆ နှစ် အရွယ် ၊ ၁၀ နှစ် အရွယ် နဲ့  ၃ နှစ် အရွယ် ကလေး
တွေ ရှိ ပါတယ်။

ဇနီး ကို ပစ်သတ် ပြီး နောက် မှာ ၀င်းမင်းထွတ် က ၃ နှစ် အရွယ် ကလေး ကို ခေါ် ပြီး
ကားမောင်း ထွက် သွား ပေမယ့် ၁၆ နှစ် အရွယ် သမီး အကြီး က ရဲ တပ် ဖွဲ့  ကို ဖုန်း
ဆက် ပြီး တိုင်ကြား ခဲ့ ပါတယ်။

ရဲ က ၀င်းမင်းထွတ် ထွက် ပြေး တဲ့ လမ်းကြောင်း နောက် ကို ခြေရာခံ လိုက် ပြီး မိသွား
တာ ဖြစ် ပါတယ်။

အိမ်နီးနား ချင်း ဂယ်ရီ ယိုစ် က ” ကျွန်တော် ရင်ထဲမယ် အတော် ထိတ်သွား တယ်။ သူတို့  က
သေချာ မသိပေမယ့် မြန်မာ ပြည်က လာ တဲ့ လူကောင်း တွေ ပါ ” WFMZ TV ကို ပြော ပါတယ်။

အတော်လေးကြာပြီ ဖြစ်တဲ့ တနင်္ဂနွေ တစ်ပတ် တုန်း က သူတို့  အိမ်ကို ခုလို ရဲ တွေ လာ တယ်
မိသားစု ပြဿနာ လို့  ရဲ့  တွေ က ပြော တယ်လို့  အိမ်နီးနားချင်း က ပြော ပါတယ်။

ဝင်းမင်းထွတ် ဟာ အမေရိကန် နိုင်ငံ သား ဟုတ် မဟုတ် ကို တော့ ရဲ က စုံစမ်း နေ တုန်း ဖြစ် ပါတယ်။

Freedom News Group

ငွေနှစ်ရာကျပ်နှင့် အသက်ရင်းသူများ

ငွေနှစ်ရာကျပ်နှင့် အသက်ရင်းသူ များမှာ ရန်ကုန်မြို့တော်နှင့် အလွန်ဝေး ကွာ၍ ခေါင်သီသော နယ်မြို့များတွင် မဟုတ်ဘဲ ရန်ကုန်မြို့တွင်းတွင်ပင် ဖြစ် ပျက်နေသည်ကို ကျွန်ေ တ်ာတွေ့ရှိခဲ့ရပါ သည်။ ကျွန်တော်သည် ပြီးခဲ့သော အောက်တိုဘာလဆန်းက ပင်စင်ထုတ် ရန်အတွက် ကျွန်တော်နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ ပင်စင်ထုတ် ရ မည့် စက်ရုံခွဲတည်ရှိရာ ဘုရင့်နောင် လမ်း ချောင်းဝကျောင်းတိုက်အနီးသို့ သွားရောက်ခဲ့ပါသည်။
သင်္ဃန်းကျွန်းမှ ရန်ကင်းဖြတ်သည့် လိုင်းကားစီး၍ ဆင်မလိုက်အဝေးပြေး ဂိတ် ကားမှတ်တိုင်ဆင်းပြီး တစ်ဖန် ဘုရင့်နောင်ဘက်သွားမည့် ကားများဖြင့် နှစ်ဆင့်စီး ရပါ သည်။ အပြန်လည်း ဒီအ တိုင်းဖြစ်ပါသည်။ သို့အတွက် ဆင်မ လိုက်အဝေးပြေးဂိတ် မှတ်တိုင်တွင် ရန် ကင်းဘက်သွားမည့် ကားစောင့်နေရာ နေလယ်ပိုင်း ထမင်း စားချိန်ဖြစ်၍ ကား စောင့်ချိန် အတန်ကြာသွားပါသည်။
ကြည့်မြင်တိုင်ကမ်းနားလမ်းသည် လိုင်းကားလည်း အလွန်များပြီး ကား အသွားအလာ အလွန်ရှုပ်ထွေးသော နေရာဖြစ်ပါသည်။ ထိုအချိန်တွင် ဘုရင့် နောင်ဘက်သွားမည့် လိုင်းကားကြီး တစ်စီးသည် အရှိန်နှင့် ဂိတ်ကို ဝင် ရောက်လာပါသည်။ ဆင်းမည့်တက်မည့် သူလည်း မရှိပါ။ ထိုအချိန်တွင် ကျွန် တော့်ဘေးမှ ၁၈ နှစ်၊ ၁၉ နှစ်အရွယ် မိန်းကလေး တစ်ဦး လှစ်ခနဲ ပြေးသွားပြီး ကားစပယ်ယာလက်ထဲသို့ အထုပ်က လေးတစ်ခုပေး ပြီး စပယ်ယာပေးသော ငွေနှစ်ရာကျပ်တန်ကို ယူလိုက်ပါသည်။ သို့သော် ကားက မရပ်ဘဲ အရှိန်သတ် ရုံသာ သတ်သဖြင့် ယူလိုက်သော ပိုက် ဆံမှာ လက်ထဲ မရောက်ဘဲ ကားဘေးသို့ ကျသွားရာကောင်မလေးလည်း ပိုက်ဆံ ဇောဖြင့် ကောက် လိုက်စဉ် ကားအမြီး ပိုင်းဖြင့် တိုက်မလို ဖြစ်ပြီး ယိုင်လဲသွား ပါသည်။ ထိုအချိန် ကားမှတ်တိုင်မှ တက္ကစီတစ်စီးကလည်း အရှိန်နှင့် ထွက် လိုက်ရာ ထပ်မံ၍ တိုက်မလိုဖြစ် ပါသည်။ ကောင်မလေးမှာ ကြီးကြီးမားမား မဖြစ် ဘဲ မှတ်တိုင်ရှိ လူအားလုံးကတော့ အ လန့်တကြား ဖြစ်ရပါသည်။ သူတို့က တော့ ဘာမှမဖြစ်သလို ကွမ်း ယာပြန် ရောင်းေ နပါသည်။

အခွင့်အရေး ချိုးဖောက်ခံရ၍ ထိုင်းတွင် မြန်မာလုပ်သားများ ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်

Photo: အခွင့်အရေး ချိုးဖောက်ခံရ၍ ထိုင်းတွင် မြန်မာလုပ်သားများ ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

အခွင့်အရေး ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ်စခွန် ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောကြားသည်။

အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့်ပေးရန်၊ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်နေသည့် MoU စနစ်ဖြင့် သွားရောက် လုပ်ကိုင်သူ အများစု စာချုပ်ပါ အခွင့်အရေးများ မရရှိသဖြင့် ယင်းစနစ်ကို ခိုင်မာအောင် လုပ်ရန်၊ ထိုင်းရဲများ၏ ဖမ်းဆီးမှုများ ခံနေမှု စသည့် အခွင့်အရေး ချိုးဖောက် ခံနေရမှုများကို ဖြေရှင်းပေးရန် ထိုင်းအစိုးရကို တောင်းဆိုခြင်း ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

အလားတူ မြန်မာအစိုးရကိုလည်း ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေးနှင့် စွမ်းရည် ဖွံ့ဖြိုးမှုကို အလေးထားသည့် ရွှေ့ပြောင်းရေးရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း အကောင်အထည် ဖော်ရန်၊ ငါးဖမ်းလုပ်ငန်းနှင့် အိမ်ဖော် လုပ်သားများကို အကာအကွယ် ပေးရေးနှင့် ခံစားခွင့်များကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မြန်မာလုပ်သားများ သွားလုပ်သည့် နိုင်ငံတိုင်းတွင် ကျွမ်းကျင်သည့် လုံလောက်သော သံအရာရှိ ထားပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်းဆိုကြောင်း MWRN က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိ အခြေအနေတွင် လုံခြုံစိတ်ချရသော ရွှေ့ပြောင်း သွားလာမှု စနစ်မရှိခြင်း၊ ပွဲစားများနှင့် အကျင့်ပျက် အလုပ်အကိုင် အေဂျင်စီများကို ထိန်းချုပ် အရေးယူမှု အားနည်းခြင်း၊ ရွှေ့ပြောင်း လုပ်သားများကို ကာကွယ်သည့် ဥပဒေ၊ မူဝါဒများ အားနည်းခြင်း၊ တာဝန်ရှိသူများ၏ အကျင့်ပျက်မှု များကို မထိန်းချုပ်နိုင်ခြင်း၊ သံရုံး၊ လုပ်သား သံအရာရှိတို့က ရွှေ့ပြောင်း လုပ်သားများကို ကာကွယ်မှု အားနည်းခြင်းတို့ ဖြစ်ပေါ်လျက် ရှိပြီး ရွှေ့ပြောင်း ကလေးငယ်များ ပြဿနာကိုလည်း ကြုံတွေ့နေရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွှေ့ပြောင်း လုပ်သားများ သင့်တင့် ကောင်းမွန်သည့် အလုပ် လုပ်ကိုင်နိုင်ရန်၊ ဥပဒေပါ အခွင့်အရေးများ ရရှိရေး လုပ်ဆောင်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နေပြည်တော်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနားတွင် ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် လုပ်သားများကို ဗီဇာသက်တမ်း တိုးပေးရေး၊ ယာယီနိုင်ငံကူး လက်မှတ်အစား နိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကို ထုတ်ပေးရေးတို့ကို လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂သန်းခန့် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

အခွင့်အရေး ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ်စခွန် ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောကြားသည်။

အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့်ပေးရန်၊ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်နေသည့် MoU စနစ်ဖြင့် သွားရောက် လုပ်ကိုင်သူ အများစု စာချုပ်ပါ အခွင့်အရေးများ မရရှိသဖြင့် ယင်းစနစ်ကို ခိုင်မာအောင် လုပ်ရန်၊ ထိုင်းရဲများ၏ ဖမ်းဆီးမှုများ ခံနေမှု စသည့် အခွင့်အရေး ချိုးဖောက် ခံနေရမှုများကို ဖြေရှင်းပေးရန် ထိုင်းအစိုးရကို တောင်းဆိုခြင်း ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

အလားတူ မြန်မာအစိုးရကိုလည်း ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေးနှင့် စွမ်းရည် ဖွံ့ဖြိုးမှုကို အလေးထားသည့် ရွှေ့ပြောင်းရေးရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း အကောင်အထည် ဖော်ရန်၊ ငါးဖမ်းလုပ်ငန်းနှင့် အိမ်ဖော် လုပ်သားများကို အကာအကွယ် ပေးရေးနှင့် ခံစားခွင့်များကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မြန်မာလုပ်သားများ သွားလုပ်သည့် နိုင်ငံတိုင်းတွင် ကျွမ်းကျင်သည့် လုံလောက်သော သံအရာရှိ ထားပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်းဆိုကြောင်း MWRN က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

မလေးရှား ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော် တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း စကိုင်းလိုင်း ကားတစ်စီး မှာမော်တော်ယာဉ် ဘယ်နှင့်ညာ ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး မီးလောင်ကျွမ်းသဖြင့် သေဆုံးသွားကြောင်း New Straits Times သတင်း အရသိရပါသည်။

ယာဉ်မောင်းသူမှာ အသက် ၄၀ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား Simon John Hall ဖြစ်ပြီး ၎င်းတို့နှင်အတူဖီလိပိုင် အမျိုးသမီး ၃ဦးလည်း သေဆုံး သွားပါသည်။

မြန်မာ အမျိုးသမီးနှစ်ဦးမှာ ပီးပီး ၂၀ နှစ် နှင့် အက်စတာဆွီး ၂၆ နှစ်ဖြစ်ပါသည်။

ပူဒူးနှင့် ဟန်တွာ့ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁၃ ဖြင့် တစ်နာရီခန့် ငြိမ်းသတ်လိုက်ရကြောင်း ၊ သေဆုံးသူများ၏ အလာင်းများမှာ ခွဲခြား မရနိုင်သည်အထိ လောင်ကျွမ်းသည်ဟု မီးသတ်ဦးစီးဌာနမှ Deputy Superintendent Abdullah Roning ကပြောကြားပါသည်။

chinlandguardian သတင်းတွင်ဖော်ပြချက် အရ သေဆုံးသွားသူ မြန်မာ အမျိုးသမီး နှစ်ဦး မှာ ညစာ စားသောက်ရန် ဖိတ်ကြားခံရပြီး အိမ်သို့မရောက်နိုင်သဖြင့် သူငယ်ချင်း ဖြစ်သူ Sonera Tinpar ကဖုန်းအကြီမ်ပေါင်းများစွာ ခေါ်ဆိုသည့်နောက် ရဲတပ်သားတစ်ဦးက ဖုန်းကိုင်ကာဆေးရုံသို့လိုက်လာရန် အကြောင်းကြားသည်ဟု ဆိုပါသည်။

သေဆုံးသည် အက်စတာဆွီးမှာ ၂၀၁၃ ခရစ်မတ်ရက်အတွင်း တတိယနိုင်ငံ ထွက်ခွါမည့်ရက်ကိုစောင့်ဆိုင်နေသူဖြစ်သည်ဟုလည်း chinlandguardian သတင်းတွင် ဖော်ပြထားသည်။

Malaysia News
Admin
Thu Tatuam
Free Online Radio Media (Malaysia)

မန္တလေးတွင် အအေးလွန်ကဲသဖြင့် အိမ်ရာမဲ့ အမျိုးသားတစ်ဦး သေဆုံး

မန္တလေး၊ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍ မြို့ကြီးအချို့တွင် အအေးပိုလျက် ရှိရာ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး အဆုတ်အအေးမိ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသူ အသက် ၄၀ နှစ်ခန့် အမျိုးသားသည် အခြေအနေမဲ့ သွားလာနေထိုင်သူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်း သေဆုံးသူ၏ အလောင်းကို အမရပူရဆေးရုံတွင် ရင်ခွဲစစ်ဆေးချက်အရ လမ်းဘေးတွင် အိပ်နေရာမှ အအေးမိ သေဆုံးခြင်း ဖြစ်သဖြင့် အမရပူရ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောကြားသည်။

မန္တလေးမြို့တွင် ယခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က အနိမ့်ဆုံးအပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်ရှိပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၁၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ရှိကြောင်း၊ နှစ် ၃၀ ကို အခြေခံ တွက်ချက်ထားချက်အရ မန္တလေးမြို့၏ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်မှာ ၁၄ ဒသမ ၉ ဒီဂရီစင်တီဂရိတ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံသြ

ဆီးဂိမ်းပွဲတော်, နေပြည်တော်,ကမ္ဘာလှည့် ခရီးသွား
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော အဆောက်အဦများစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည်များက မှတ်ချက်ပြု ကြသည်။
နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး  ကြီးမားကျယ်ပြန့်သော လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။
“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။
နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ ပြောပြသည်။
“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု Markက မှတ်ချက်ပြု ပြောဆိုသည်။

နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ

နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ

ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။

ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

အသက်စွန့်ပြီး ရိုက်ကူးနေစဉ် မမျော်လင့်ပဲ ရဲက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ဆီကို တည့်တည့်တိုးလာပါတယ်။ ကံကောင်းပါတယ်။ ကျည်ဆံက ကိုင်ထားတဲ့ ဖုန်းကို ထိသွားပြီး နိုကီယာမှာပဲ တစ်သွားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ ကျည်ဆည်ပေါက်သွားတဲ့နေရာကို မြင်တွေ့ ရမှာပါ။

Nokia ဖုန်း Hardware အကြမ်းခံမှုက အံ့သြဖွယ် ကောင်းလှပါတယ်။ Nokia က အသက်ငယ်သူပါ။ Nokia X2 တင်မက အရင်က ထုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ ယနေ့ထွက်တဲ့ စမတ်ဖုန်းတွေလည်း အကြမ်းခံတယ်လို့ Nokia မှ ပြောဆို ထားကြောင်း သိရပါတယ်။

Ref: phonearena
အောင်ခမ်း ( ရိုးရာလေး )

.

YoYarLay

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း 

အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

မိုဘိုင်းဗားရှင်း m

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com/

https://touch.facebook.com/

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။

https://upload.facebook.com/

ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။

ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

တစ်ချိန်က ရွှေဆုများရှင်

Photo: တစ်ချိန်က ရွှေဆုများရှင်
--------------------
ရေးသားသူ- ထွန်းခိုင်

လေးဖက်လေးတန် ပရိသတ်များပြည့်နေသည့် အမျိုးသားရေကူးကန်ထဲ ရောက်လာချိန်တွင် စိတ်လှုပ်ရှားနေခဲ့သည်။ ရန်ကုန်ဆောင်း၏အငွေ့အသက်ကြောင့် ရာသီဥတုမှာ အတန်ငယ် အေးစိမ့်စိမ့်ဖြစ်နေခဲ့သော်လည်း စိုးရိမ်စိတ်ကြောင့် သူ့ရင်မှာ အနည်းငယ်ပူလောင်နေခဲ့သည်။ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ လုံးဝမရှိသေးသည့် ရေတပ်သားလေး၏ စိတ်လှုပ်ရှားမှုသည် ရေကူးကန်ဒိုင်ဗင်စင်ပေါ်ရောက်သည်အထိ မရပ်သေး။

“ဒိုင်ဗင်စင်ပေါ်ရောက်တော့ ကြောက်နေတာပေါ့။ အသားတွေလည်းတုန်နေတယ်”ဟု လွန်ခဲ့သော နှစ် ၅၀ ကျော်ကြာက အတွေ့အကြုံကို ဦးချစ်စိန်ကပြန်ပြောပြသည်။

၁၉၆၁ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ (၁၉၇၇ မှစတင်ပြီး ဆီးဂိမ်းဟုအမည်ပြောင်းခဲ့သည်)တွင် ၀င်ရောက်ယှဉ်ပြိုင်စဉ်က သူတွေ့ကြုံရပုံကို တပ်မတော်ရေအရာရှိဟောင်း ဦးချစ်စိန်က ပြန်ပြောပြနေခြင်းဖြစ်သည်။

ထိုနေ့သည် နောင်တွင် မြန်မာနိုင်ငံ ရေကူးသမိုင်းအတွက် အရေးပါသည့်နေ့တစ်နေ့ ဖြစ်လာခဲ့သည်။ ဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပချိန်တွင် မြန်မာ့ရေကူးအားကစားသမားများအတွက် ပထမဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရမည့်နေ့ဖြစ်သည်။

ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် လာအိုကစားသမားများနှင့် ဦးချစ်စိန်တို့ ဒိုင်လူကြီးက အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ရေထဲဒိုင်ဗင်ထိုးဆင်း လိုက်ကြသည်။

ထိုနေ့ပြိုင်ပွဲက လေးယောက်တွဲလေးမျိုးကူးပြိုင်ပွဲဖြစ်သည်။ ဦးချစ်စိန်တစ်ယောက် သူ့အလှည့်ပြီးသွားတော့ ကမ်းပေါ်တက်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ၏ကစားဖော်များကို စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးကူးခတ်ရသည့် တင်မောင်နီအလှည့်အပြီးတွင် မြန်မာတို့ ရှေ့ဆုံးကပန်းဝင်ခဲ့ပြီး မြန်မာ့မြေပေါ်တွင် မြန်မာရေကူးသမိုင်းအတွက် ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

ဒိုင်ဗင်စင်ပေါ်ရောက်နေစဉ် စိတ်လှုပ်ရှားနေသည်ဟုပြောသည့် ဦးချစ်စိန်ကို ရေထဲတွင်ရော ဘယ်လိုနေလဲဟုမေးတော့ “ရေထဲရောက်တယ်ဆိုကတည်းက ဘယ်ကောင်မှသောက်ဂရုမစိုက်ဘူးလို့ တွေးတယ်”ဟု သူကပြောသည်။

“ကျွန်တော် အမြဲအကောင်းဆုံးလုပ်တယ်။ ဒါပေမဲ့ ကျွန်တော့်အယူအဆက ဘယ်အချိန်ဖြစ်ဖြစ် ရှုံးရှုံးနိုင်နိုင်ဂရုကိုမစိုက်ဘူး။ လက်ဝှေ့သမားက ဖူးရောင်နေသေးတယ်။ ကျွန်တော်တို့က ဒီဘက်ကမတက်ရင် ဟိုဘက်ကတက်ပြီး တစ်ဖက်တစ်ယောက်ယူခိုင်းပြီးတော့ အခန်းထဲဝင်သွားရုံပဲ”ဟု ရေကူးအားကစားနှင့်ပတ်သက်သည့် သူ၏ဒဿနကို ဦးချစ်စိန်ကပြောသည်။

ရေကူးနှင့်ပတ်သက်ပြီး ဒီလိုအတွေးအခေါ်မျိုးရှိတာ သူတစ်ယောက်တည်းတော့မဟုတ်။ အကောင်းဆုံးလုပ်ခဲ့ပြီး ဆီးဂိမ်း (ထိုစဉ်ကျွန်းဆွယ်) သမိုင်းတစ်လျှောက် မြန်မာ့ရေကူးသမိုင်းတွင် ပထမဆုံးဆုတံဆိပ်ရခဲ့သော်လည်း အရှုံးအနိုင်ကို ဂရုမစိုက်သူများလည်းရှိခဲ့သည်။

သူရွှေတံဆိပ်ရပြီး ၅၂ နှစ်ကြာမှ ပြန်လည်ကျင်းပသည့် နေပြည်တော်ဆီးဂိမ်းအတွက် နိုင်ငံဂုဏ်ဆောင်အားကစားသမားဟောင်းများ လာရောက်စာရင်းပေးရန် အားကစားဝန်ကြီးဌာန၏ ကြေညာချက်ကြောင့် ဦးချစ်စိန်တစ်ယောက် ပြန်လည်ဆက်သွယ်စာရင်းပေးသည်။

ထို့အတွက် ဂုဏ်ပြုပွဲလာတက်ရန် ဖုန်းဖြင့်အကြောင်းကြားတော့ ယခု အသက်(၇၀)ကျော်ရှိနေပြီဖြစ်သည့် ဦးချစ်စိန်တစ်ယောက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပြီး ရန်ကုန်ကျိုက္ကဆံကွင်းဆီသို့ ချီတက်ခဲ့သည်။

“ဟိုကျတော့ ကျွန်တော့်နာမည်မပါဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတာပေါ့။ ရေကူးအဖွဲ့မပါဘူးဆိုတော့ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်”ဟု နိုင်ငံ့ဂုဏ်ဆောင်ကစားသမားများအပေါ် အလေးမထားသလိုခံစားရကြောင်း ဦးချစ်စိန်ကပြန်ပြောသည်။

ဒီလိုကြုံရသည်မှာ သူတစ်ယောက်တည်းမဟုတ်။ အခြားကစားသမားဟောင်းအချို့လည်း ပြန်သွားခဲ့ရသည်ဟု သူကပြောသည်။

“ဘယ်ပွဲမှာ ဘယ်သူတွေနိုင်ထားတယ်။ ဘာရတယ်ဆိုတာ သူတို့သိသင့်တာပေါ့”ဟု နိုင်ငံတကာအဆင့် ရွှေတံဆိပ်လေးခုအထိ နိုင်ငံအတွက်ယူပေးခဲ့သည့် ဦးချစ်စိန်ကပြောသည်။

နိုင်ငံအတွက် ရွှေတံဆိပ်များရယူပေးခဲ့သည့် သူ့အတွက် ရေကူးအားကစားမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြစ်ခဲ့သလို စိတ်ပျက်စရာများလည်းရှိခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့်အတွက် ငွေကြေးဆိုင်ရာချီးမြှင့်မှုများမှာ လုံလောက်အောင်မရခဲ့ဟု သူကပြောသည်။

ထိုစဉ်က တစ်ယောက်ချင်း မီတာ ၁၀၀ ပတ်လက်ကူးတွင်ပါ ရွှေတံဆိပ်ရခဲ့သည့် ဦးချစ်စိန်တစ်ယောက် ရေတပ်သားရာထူးမှ တပ်ကြပ်ရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရခြင်းကသာ မှတ်လောက်သားလောက်သည့်ချီးမြှင့်မှုဟု သူကပြောသည်။

သူသာမက အာရှအဆင့်တွင် ရွှေတံဆိပ်ရခဲ့သည့် သူ၏ကစားဖော်ဖြစ်သူ နာမည်ကျော် မြန်မာ့ရေကူးချန်ပီယံ တင်မောင်နီတစ်ယောက်သည်လည်း ထိုနည်းလည်းကောင်းဟု သူကပြောသည်။

“တင်မောင်နီ အာရှဂိမ်းမှာ ရွှေရတုန်းက ကမ္ဘာပတ်ရတယ်။ ရာထူးတိုးပေးလိုက်တယ်။ အဲဒီလောက်ပဲ။ ကျွန်တော်တို့ ၆၁ မှာ ရွှေရတုန်းကလည်း ဘာမှမရဘူး”ဟု သူကပြောသည်။

ထိုစဉ်က မြန်မာ့ရေကူးသည် အရှေ့တောင်အာရှသာမက အာရှတွင်ပင် လူသူလေးစားသည့်အဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်း၌  အခြေအနေအမျိုးမျိုးကြောင့် အောင်မြင်မှုများနှင့် ဝေးသွားခဲ့ရသည်။ နည်းပြအလုပ်ဖြင့်လည်း အသက်မွေးခဲ့ဖူးသည်။ သူက တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် မြန်မာ့ရေကူးမှာ အနာဂတ်တွင် အလားအလာမကောင်းဟု သုံးသပ်ခဲ့သည်။

“နောက်လည်း ကျွန်တော် ထင်တယ်။ အလားအလာမကောင်းဘူး။ သုံးနှစ်လောက်လုပ်မှ အရှေ့တောင်အာရှမှာ နည်းနည်းရမှာ။ အာရှအဆင့်ဆိုရင် သိပ်မလွယ်ဘူး။ တော်တော်လုပ်ရမှာ”ဟု ဆိုသည်။

ယခု မြန်မာ့လက်ရွေးစင်ဝါတာပိုလိုအသင်း ဂိုးပြတ်ရှုံးနိမ့်သည်မှာလည်း ရေကူးအားကစား အောင်မြင်မှုကျဆင်းလာသည်နှင့် ပတ်သက်မှုရှိကြောင်း သူ့အမြင်ကိုပြောသည်။

“၀ါတာပိုလိုဆိုတာမျိုးကလည်း ရေကူးသမားအသက်ကြီးရင် ၀ါတာပိုလိုကစားရတယ်။ အခုက ၀ါတာပိုလိုလည်း အခြေအနေမကောင်းဘူး”ဟု သူကပြောသည်။

မြန်မာ့ရေကူးအားကစားအဆင့်အတန်း ကျဆင်းရခြင်းမှာ ၁၉၆၄ ၀န်းကျင်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။ အားကစားသမားများနှင့် နည်းပြများအား လုံလောက်စွာထောက်ပံ့မှု မပေးခြင်း၊ ရေကူးကန်များသည် အားကစားလုပ်ဖို့ထက် ဇိမ်ခံသည့် တန်ဖိုးကြီးပစ္စည်းတစ်ခုအနေဖြင့် ရှိနေခြင်းက ရေကူးအားကစားအဆင့်အတန်း ကျဆင်းလာခြင်း၏ အကြောင်းရင်းဟု သူကသုံးသပ်သည်။

ထို့အပြင် အားကစားအသင်းအဖွဲ့များကို အားကစားမကျွမ်းကျင်သည့် စီးပွားရေးသမားများက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာများ ယူခြင်းကလည်း မြန်မာ့အားကစားအဆင့်အတန်းကို ကျဆင်းစေခဲ့ကြောင်း သူက ပွင့်ပွင့်လင်းလင်းထောက်ပြခဲ့သည်။

မြန်မာ့ရေကူးအားကစားအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် အသက်(၇၀)ကျော်အရွယ်ရှိနေပြီဖြစ်သော ဦးချစ်စိန်တစ်ယောက် အခြားသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းများနှင့်အတူ ရန်ကုန်တွင် ဆီးဂိမ်းမီးရှူးတိုင် သယ်ဆောင်ခွင့်ရခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က အားကစားသမားများ တာဝန်ကျေခဲ့သော်လည်း သူတို့အားထောက်ပံ့ပေးရန် တာဝန်ရှိသူများက တာဝန်မကျေခဲ့ကြ။

အားကစားသမားများ အောင်မြင်မှုရရန် ကျပ်သိန်းရာချီထောက်ပံ့ပေးရန် အဆင်သင့်ရှိနေခဲ့သည့် ယနေ့အချိန်တွင်တော့ မြန်မာ့ရေကူးအားကစားက ကြေးတံဆိပ်နားပင် ကပ်ခွင့်ရရန်မလွယ်တော့။

“ငါ အခုနေ အသက်ပြန်ငယ်ချင်တဲ့စိတ်ရှိတာပေါ့။ သူတို့လို ကိုယ်လည်းကြိုးစားချင်တာပေါ့။ ပိုက်ဆံလိုချင်လို့မဟုတ်ပါဘူး။ တိုင်းပြည်က ဒီလောက်အခွင့်အရေးပေးနေတာ။ ကျွန်တော်တို့တုန်းကလည်း မကြုံခဲ့ဘူး။ ဘောလုံးသမားတွေလည်း မကြုံခဲ့ဘူး”ဟု နိုင်ငံ့ဂုဏ်ဆောင် ရေတပ်သားဟောင်းကြီးက အတိတ်နှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်ပြီးပြောကြားသည်။

ဓာတ်ပုံ- ထွန်းခိုင်

ရေးသားသူ- ထွန်းခိုင်

လေးဖက်လေးတန် ပရိသတ်များပြည့်နေသည့် အမျိုးသားရေကူးကန်ထဲ ရောက်လာချိန်တွင် စိတ်လှုပ်ရှားနေခဲ့သည်။ ရန်ကုန်ဆောင်း၏အငွေ့အသက်ကြောင့် ရာသီဥတုမှာ အတန်ငယ် အေးစိမ့်စိမ့်ဖြစ်နေခဲ့သော်လည်း စိုးရိမ်စိတ်ကြောင့် သူ့ရင်မှာ အနည်းငယ်ပူလောင်နေခဲ့သည်။ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ လုံးဝမရှိသေးသည့် ရေတပ်သားလေး၏ စိတ်လှုပ်ရှားမှုသည် ရေကူးကန်ဒိုင်ဗင်စင်ပေါ်ရောက်သည်အထိ မရပ်သေး။

“ဒိုင်ဗင်စင်ပေါ်ရောက်တော့ ကြောက်နေတာပေါ့။ အသားတွေလည်းတုန်နေတယ်”ဟု လွန်ခဲ့သော နှစ် ၅၀ ကျော်ကြာက အတွေ့အကြုံကို ဦးချစ်စိန်ကပြန်ပြောပြသည်။

၁၉၆၁ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ (၁၉၇၇ မှစတင်ပြီး ဆီးဂိမ်းဟုအမည်ပြောင်းခဲ့သည်)တွင် ၀င်ရောက်ယှဉ်ပြိုင်စဉ်က သူတွေ့ကြုံရပုံကို တပ်မတော်ရေအရာရှိဟောင်း ဦးချစ်စိန်က ပြန်ပြောပြနေခြင်းဖြစ်သည်။

ထိုနေ့သည် နောင်တွင် မြန်မာနိုင်ငံ ရေကူးသမိုင်းအတွက် အရေးပါသည့်နေ့တစ်နေ့ ဖြစ်လာခဲ့သည်။ ဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပချိန်တွင် မြန်မာ့ရေကူးအားကစားသမားများအတွက် ပထမဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရမည့်နေ့ဖြစ်သည်။

ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် လာအိုကစားသမားများနှင့် ဦးချစ်စိန်တို့ ဒိုင်လူကြီးက အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ရေထဲဒိုင်ဗင်ထိုးဆင်း လိုက်ကြသည်။

အကျဉ်းထောင်များအတွင်းက ဘောက်ချာများ

Photo: အကျဉ်းထောင်များအတွင်းက ဘောက်ချာများ
----------------------
ရေးသားသူ- အေးသူစံ၊ အောင်သစ်လွင်

“မင်းဘယ်လောက်ပညာတတ်လဲ၊ ဘယ်လောက်ချမ်းသာလဲ ထောင်ဘူးဝမှာထားခဲ့”

“ပြစ်မှုကြွေးကို ချွေးနှင့်ပေးဆပ်ရမည်”

ထိုဆောင်ပုဒ်များနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းသားနှစ်မျိုးနှစ်စားသာ ရှိပါသည်။ အာဏာပိုင်နှင့်နီးစပ်သူ၊ ငွေကြေးတတ်နိုင်သည့်
အကျဉ်းသားနှင့် ကျောထောက်နောက်ခံမဲ့ ငွေမတတ်နိုင်သည့် ထောင်ကျအကျဉ်းသား။ ထိုနှစ်မျိုးပင်။

အာဏာပိုင်နှင့်နီးစပ်သူများ၊ ငွေကြေးတတ်နိုင်သူများအတွက်မူ ထောင်သည် အပြင်လောကနှင့် ၀င်းထရံတစ်ခုသာခြားသည့် သဘောဆောင်ပြီး ကြောက်စရာလောကငရဲမဟုတ်ပါ။

ထောင်ကျတစ်ဦး ဘုရားခန်းမှာအိပ်မလား။ ထမင်း၊ ဟင်း ပူပူနွေးနွေးချက်စားချင်လား။ အဆင်သင့်ပင်။ မိလ္လာသွားချင်လား။ ခွက်လေးထိုးပေး။ ဆေးတဲ့သူကသွားဆေး။ သူ့ဈေးနှင့်သူရှိကြသည်။ နှစ်ထောင်ကျော်ပေးရမည့် ဂရန်းရွိုင်ရယ်အရက်ပုလင်းတစ်ပြားကို တစ်သောင်းခွဲပေးလျှင်ရနိုင်သည်။ ငွေခုနစ်သိန်းပေးနိုင်လျှင် တစ်သောင်းတန်ငွေဖြည့်ကတ်ထည့်ထားသည့် ဂျီအက်စ်အမ်ဖုန်းတစ်လုံးရနိုင်သည်။ အကပ်ကောင်းဖို့နှင့် ငွေရှိဖို့သာလိုပါသည်။

ပိုက်ဆံတတ်နိုင်သော်လည်း ယင်းအခွင့်အရေးများကို လွယ်လွယ်နှင့်မရသည့်အကျဉ်းသား နောက်တစ်မျိုးရှိသေးသည်။ နိုင်ငံရေးအကျဉ်းသား ဘယ်တုန်းကမှမရှိခဲ့ဟု စစ်အစိုးရလက်ထက်က ကြွေးကြော်ခဲ့သည့် နိုင်ကျဉ်းများပင်ဖြစ်ပါသည်။

ပိုက်ဆံရှိသူတစ်ဦး ထောင်ကျလာပါက ထောင်ထဲတွင် ၎င်းကိုဘောက်ချာဟုခေါ်သည်။ ထောင်အာဏာပိုင်တွေက ပြန်ခန့်ထားသည့် ရာဇ၀တ်အကျဉ်းသား တန်းစီးများက ပိုက်ဆံပေးလျှင်ရသည့် အခွင့်အရေးများပေးလျက် ထောင်မှူးအတွက် ၎င်းထံမှဖန်တီးပေးသည်။ ထောင်မှူးက ထောင်ပိုင်အတွက် ပြန်ခွဲပေးသည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့် ကိုးကွယ်သည့် တိံကြားမင်းခေါင်ဆိုလျှင် အင်းစိန်ထောင်တွင်း အကျဉ်းကျနေစဉ် စင်ကာပူနိုင်ငံမှ ဒိုးနတ်မုန့်ကို နေ့ချင်းပြီးမှာစားခဲ့ပြီး သူ့ကိုပင် မျှဝေကျွေးခဲ့ကြောင်း စစ်အစိုးရလက်ထက်က နိုင်ငံရေးပုဒ်မဖြင့် အကြိမ်ကြိမ်ထောင်ကျခဲ့သည့် ဇာဂနာကပြောသည်။

“မနက်လေယာဉ်နဲ့ပါလာတဲ့ ဒိုးနတ်မုန့် ချက်ချင်း သူစားရတယ်။ ကျွန်တော့်တောင် ကျွေးလိုက်သေးတယ်”ဟု ၎င်းကပြောသည်။

ယခင် န၀တအစိုးရလက်ထက်တွင် ထောင်တွင်းလူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ထောင်ဝင်စာတွေ့လျှင်ပင် အကျဉ်းသားထံမှ ဖြတ်တောက်သိမ်းဆည်းပစ်ခြင်း၊ နေမကောင်းလျှင် ထိရောက်သည့်ကုသစောင့်ရှောက်မှုနှင့် ဆေးဝါးလုံလောက်မှုမရှိခြင်းတို့ ရှိခဲ့သော်လည်း ငွေကြေးတတ်နိုင်သူတို့ကတော့ ထောင်ဆေးရုံ၌ ခုတင်အပိုင်စားဝယ်နိုင်ပါသည်။

အချို့အကျဉ်းသားများဆိုလျှင် အလုပ်ကြမ်းစခန်းမလိုက်လို၍ ထောင်ဆရာဝန်ထံလာဘ်ပေးကာ HIV ပိုးရှိကြောင်း ထောက်ခံစာကို တောင်းယူတတ်ကြသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ၀င်းနိုင်ဦးရေးသားသည့် “ရာဇ၀င်ရှင်းတမ်း”ကိုယ်တွေ့စာအုပ်တွင် မှတ်သားရသည်။ HIV ပိုးရှိလျှင် အလုပ်ကြမ်းစခန်းမလိုက်ရပေ။

“ငွေကြေးချမ်းသာတဲ့သူတွေ၊ အာဏာပိုင်နဲ့ အဆင်ပြေတဲ့သူတွေအနေနဲ့ အကျဉ်းထောင်ထဲမှာ လုပ်နိုင်တာတွေ အများကြီးရှိခဲ့တာကတော့ အသေအချာပါ။ အဲဒီအနေအထားတွေကို ပြုပြင်နိုင်ဖို့ နိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီတဲ့ အကျဉ်းထောင်ဥပဒေ၊ အဲဒီဥပဒေနဲ့အညီ စီမံအုပ်ချုပ်မှု အဲဒါတွေဟာ အရေးကြီးပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထောင်ဝန်ထမ်းများ၏လစာ၊ ခံစားခွင့်များကို လိုအပ်သလိုပြုပြင်ပေးပြီး အကျဉ်းထောင်များကို သီးခြားလွတ်လပ်သည့် စောင့်ကြည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးလိုက်ပါက အခွင့်ထူးခံလူတန်းစားပြဿနာ ပြေလည်သွားမည်ဟု ၎င်းကအကြံပြုသည်။

ပြစ်မှုကြွေးကို ချွေးဖြင့်မဆပ်ရသူတို့အတွက် ထောင်သည်ကြောက်စရာမကောင်းသည့်အပြင် နောက်ထပ်ပြစ်မှုများကို အလွယ်တကူကျူးလွန်ရန် အားပေးရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။

“အခုက ထောင်ကထွက်လာရင် ကောင်းဖို့ကိုထားလိုက်၊ ထောင်ကိုမကြောက်တဲ့အဆင့်ကို ရောက်သွားတာ။ ထောင်ကိုမကြောက်တော့ဘူးဆိုတာက ပြစ်မှုကျူးလွန်ဖို့ကို မကြောက်တော့ဘူးဆိုတဲ့အဆင့် ဖြစ်သွားတာပါ။ အမှန်က ထောင်ထဲတစ်ခါရောက်သွားဖူးလို့ရှိရင် နောက်တစ်ခါ ထောင်ထဲပြန်မလာနိုင်အောင် ဒီလူရဲ့ စိတ်ဓာတ်စာရိတ္တအားလုံးကို ပြုပြင်ပေးတာမျိုးပဲ ဖြစ်သင့်တယ်”ဟု ၎င်းကပြောသည်။

အင်္ဂလိပ်လက်ထက်က ရေးသားခဲ့သော အကျဉ်းထောင်လက်စွဲဥပဒေသည် ယနေ့အထိ ခေတ်မီနေဆဲဖြစ်ပြီး ယင်းဥပဒေအတိုင်း အကျဉ်းသားအခွင့်အရေးကို ထောင်အာဏာပိုင်တို့က အပြည့်အ၀ပေးသင့်ကြောင်း၊ ဥပဒေကိုမျက်ကွယ်ပြု၍ ဥပဒေကပေးထားသည့် အခွင့်အာဏာကို လက်တစ်လုံးခြား လိုရာယူသုံးစွဲနေကြသည့်အတွက် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်ရာရောက်ကြောင်း အဆိုပါတရားလွှတ်တော်ရှေ့နေက ဆက်လက်ပြောဆိုသည်။

လူကုန်ကူးမှုဖြင့် ၄၄ နှစ် ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသားတစ်ဦးဆိုလျှင် အင်းစိန်ထောင်တွင်း မနက်စာကို သူ့စိတ်ကြိုက် အပြင်ကတပည့်တပန်းများက ပြင်ဆင်ဝယ်ကျွေးရကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောကြားသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးအတွက် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် လွှတ်တော်များက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် ယနေ့ကာလတွင်ပင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကော့သောင်းထောင်ပြဿနာက မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ 

ကော့သောင်းထောင်ဆူပူမှုဟု အစိုးရကထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်တွင် ထောင်ပိုင်က အကျဉ်းသားအချင်းချင်း ခွဲခြားဆက်ဆံသည်ကို မကျေနပ်၍ အကျဉ်းသားရာချီဆန္ဒပြခဲ့ပြီး ထောင်အာဏာပိုင်တို့က သေနတ်နှင့် ပစ်ခတ်ဖြေရှင်းခဲ့ရသည်။ ထောင်ဆူပူမှု၏ အဓိကပြဿနာမှာ မူးယစ်ဆေးဝါးမှုနှင့် ထောင်ကျနေသော အကျဉ်းသားအချို့ ဟန်းဖုန်းကိုင်ဆောင်ခွင့်ရသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲနေသည်ကိုပါ မြင်တွေ့ရခြင်းကြောင်း အကျဉ်းသားများ ဆန္ဒပြရခြင်းဖြစ်ကြောင်း အကျဉ်းသားမိသားစုဝင်တစ်ဦးကပြောသည်။

“ဟိုတုန်းက ပွင့်လင်းမြင်သာမှုမရှိတဲ့အချိန်မှာ အပေါ်ကညွှန်ကြားတာတစ်မျိုး။ အောက်ခြေကလုပ်တာတစ်မျိုး ရှိကောင်းရှိနိုင်တယ်။ လူကြီးတွေကြည့်ကောင်းသလောက်လုပ်ပြီး ထောင်ပိုင်အချို့ လာဘ်ပေးလာဘ်ယူမှုရှိခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာတော့ ဘယ်သူမှ အမှားခံကြတော့မှာ မဟုတ်ပါဘူး။ ကော့သောင်းဖြစ်စဉ်မှာလည်း လိုအပ်တဲ့အရေးယူအပြစ်ပေးမှု အမြန်ဆုံးလုပ်ခဲ့ပါတယ်”ဟု နေပြည်တော်အကျဉ်းဦးစီးရုံးချုပ်မှ အရာရှိတစ်ဦးက ထောင်တွင်းအကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားသည်။

သို့သော် ယနေ့အထိ သက်သာချောင်ချိရေးအကြောင်းပြချက်ဖြင့် ဖွင့်ထားသော အကျဉ်းထောင်ဝင်းပြင်ပသက်သာချောင်ချိရေးဆိုင်များသည် ငွေကြေးတတ်နိုင်သူတို့ မိသားစုဖြင့် ချိန်းဆိုတွေ့ဆုံရာ၊ ထောင်တွင်း၊ ထောင်ပြင် အပေးအယူလုပ်ရာနေရာတစ်ခုအဖြစ် ဆက်ရှိနေဆဲပင်။

နိုင်ငံတကာအကျဉ်းထောင်များတွင်လည်း သတ်မှတ်ထားသောကာလအတွင်း ကောင်းမွန်စွာနေထိုင်ပါက အိမ်ကမိန်းမနှင့် ထောင်တွင်းသုံးလတစ်ကြိမ် ပေးနေသည့်စနစ်ရှိသည်။ သို့သော် မြန်မာနိုင်ငံက အချို့ရဲဘက်စခန်းများတွင်မူ အုပ်ချုပ်ရေးနှင့်ပေါင်း၍ လွတ်လပ်စွာနေထိုင်ခွင့်ရထားခြင်းကြောင့် မည်သည့်အရံအတားအဆီးများကိုမှ ခက်ခဲစွာမဖြတ်သန်းရဘဲ စက်ဘီးတစ်စီးနောက်တွင် လမ်းကြုံစီး၍ ရဲဘက်စခန်းမှ လွတ်မြောက်ခဲ့ကြောင်း စာရေးဆရာမင်းဒင်က သက်ခိုင်ဝတ္တုတွင် ရေးသားထားသည်။

နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC)ကဲ့သို့ အဖွဲ့အစည်းများ ထောင်တွင်းဝင်ရောက်လေ့လာခဲ့သည့်အတွက် ထောင်ဝန်ထမ်းအာဏာပိုင်တို့ဘက်ကလည်း အကျဉ်းသားများကို အရင်လို ညှဉ်းပန်းနှိပ်စက်မှုမျိုး၊ မ၀ရေစာကျွေးမှုမျိုး၊ ခွဲခြားဆက်ဆံမှုမျိုးတို့ကို အစိုးရသစ်လက်ထက်တွင် သိသာစွာလျှော့ပေါ့လိုက်သည်။

သို့သော် သူ့ဈေးနှင့်သူ ထောင်တွင်းဘောက်ချာဖြတ်သည့်စနစ်ကတော့ သက်ဆိုးရှည်နေပါသေးသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- အေးသူစံ၊ အောင်သစ်လွင်

“မင်းဘယ်လောက်ပညာတတ်လဲ၊ ဘယ်လောက်ချမ်းသာလဲ ထောင်ဘူးဝမှာထားခဲ့”

“ပြစ်မှုကြွေးကို ချွေးနှင့်ပေးဆပ်ရမည်”

ထိုဆောင်ပုဒ်များနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းသားနှစ်မျိုးနှစ်စားသာ ရှိပါသည်။ အာဏာပိုင်နှင့်နီးစပ်သူ၊ ငွေကြေးတတ်နိုင်သည့်
အကျဉ်းသားနှင့် ကျောထောက်နောက်ခံမဲ့ ငွေမတတ်နိုင်သည့် ထောင်ကျအကျဉ်းသား။ ထိုနှစ်မျိုးပင်။

အာဏာပိုင်နှင့်နီးစပ်သူများ၊ ငွေကြေးတတ်နိုင်သူများအတွက်မူ ထောင်သည် အပြင်လောကနှင့် ၀င်းထရံတစ်ခုသာခြားသည့် သဘောဆောင်ပြီး ကြောက်စရာလောကငရဲမဟုတ်ပါ။

ထောင်ကျတစ်ဦး ဘုရားခန်းမှာအိပ်မလား။ ထမင်း၊ ဟင်း ပူပူနွေးနွေးချက်စားချင်လား။ အဆင်သင့်ပင်။ မိလ္လာသွားချင်လား။ ခွက်လေးထိုးပေး။ ဆေးတဲ့သူကသွားဆေး။ သူ့ဈေးနှင့်သူရှိကြသည်။ နှစ်ထောင်ကျော်ပေးရမည့် ဂရန်းရွိုင်ရယ်အရက်ပုလင်းတစ်ပြားကို တစ်သောင်းခွဲပေးလျှင်ရနိုင်သည်။ ငွေခုနစ်သိန်းပေးနိုင်လျှင် တစ်သောင်းတန်ငွေဖြည့်ကတ်ထည့်ထားသည့် ဂျီအက်စ်အမ်ဖုန်းတစ်လုံးရနိုင်သည်။ အကပ်ကောင်းဖို့နှင့် ငွေရှိဖို့သာလိုပါသည်။

ပိုက်ဆံတတ်နိုင်သော်လည်း ယင်းအခွင့်အရေးများကို လွယ်လွယ်နှင့်မရသည့်အကျဉ်းသား နောက်တစ်မျိုးရှိသေးသည်။ နိုင်ငံရေးအကျဉ်းသား ဘယ်တုန်းကမှမရှိခဲ့ဟု စစ်အစိုးရလက်ထက်က ကြွေးကြော်ခဲ့သည့် နိုင်ကျဉ်းများပင်ဖြစ်ပါသည်။

ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည်

Photo: ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည်

ကျပ် ၃၀၀၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

"ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက မဲဆောက်မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်" ဟု Yangon Air Bus-Taxi လိုင်းသစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇွန်မောင်မောင်က ပြောကြားသည်။

ခရီးစဉ်တွင် အသုံးပြုမည့် အဲကွန်းနှစ်ထပ် ဘတ်စ်ကားများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ခရီးသည်တင် ဘတ်စ်ကားထုတ် ကုမ္ပဏီများမှ တင်သွင်းရောင်းချသည့် ကားများကို ပြန်လည်ဝယ်ယူ ထားခြင်းဖြစ်ပြီး ခရီးသည် ၁၂၀ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ် ပြေးဆွဲရာတွင် (၁) ရန်ကုန်-ဘားအံ-မြ၀တီ-မဲဆောက်-ဘန်ကောက်ခရီးစဉ်၊ (၂) ရန်ကုန်-ထားဝယ်-ထီးခီး-ကန်ချနာပူရီ-ဘန်ကောက်ခရီးစဉ်၊ (၃) ရန်ကုန်-ထားဝယ်-မြိတ်-မောတောင်-ပရာကျွတ် ခရီးစဉ်၊ (၄) ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း-ဟိုင်းဂျိုင်း-ပီနန်-ကွာလာလမ်ပူ ခရီးစဉ်၊ (၅) ရန်ကုန်-နေပြည်တော်-မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ-ယူနန်-ကူမင်း ခရီးစဉ်၊ (၆) ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ကလေး-တမူး-မိုးရေး-အင်ဖာလ်ခရီးစဉ်နှင့် (၇) ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-ချင်းမိုင်-ဘန်ကောက်ခရီးစဉ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

ခရီးစဉ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းမှ နံနက် ၆ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး ဘားအံမြို့သို့ နံနက် ၁၀ နာရီ၊ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ၊ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်မြို့သို့ ည ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အတွက် စုစုပေါင်းအချိန် ၁၂ နာရီ ကြာမြင့်မည်ဖြစ်ပြီး တစ်ရက်ခြားစီ ပြေးဆွဲမည်ဟု သိရသည်။   

(ခရီးစဉ်ပြေးဆွဲမည့် နှစ်ထပ်ဘတ်စ်ကားအား တွေ့ရစဉ်)

ကျပ် ၃၀၀၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

"ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက မဲဆောက်မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်" ဟု Yangon Air Bus-Taxi လိုင်းသစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇွန်မောင်မောင်က ပြောကြားသည်။

ခရီးစဉ်တွင် အသုံးပြုမည့် အဲကွန်းနှစ်ထပ် ဘတ်စ်ကားများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ခရီးသည်တင် ဘတ်စ်ကားထုတ် ကုမ္ပဏီများမှ တင်သွင်းရောင်းချသည့် ကားများကို ပြန်လည်ဝယ်ယူ ထားခြင်းဖြစ်ပြီး ခရီးသည် ၁၂၀ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားတွင် အယ်လ်ကေဒါနှင့် ဆက်စပ်နေသော သူပုန်အဖွဲ့က အရပ်သား ၁၀၀ ကျော်ကို သတ်ဖြတ်

Photo: ဆီးရီးယားတွင် အယ်လ်ကေဒါနှင့် ဆက်စပ်နေသော သူပုန်အဖွဲ့က အရပ်သား ၁၀၀ ကျော်ကို သတ်ဖြတ်

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၇

အစိုးရနှင့် အစိုးရ ဆန့်ကျင်သူများအကြား တိုက်ပွဲများ ဖြစ်ပွားနေသော ဆီးရီးယားတွင် ဆီးရီးယား သူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်သော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော Nusra သူပုန်အဖွဲ့သည် မြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံးဒေသရှိ ဆီးရီးယားပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ် သွားကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို Xinhua သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဆီးရီးယားအစိုးရက ကုလသမဂ္ဂသို့ တိုင်ကြားသည့်စာတွင် ဆီးရီးယားတွင်ရှိသော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် Nusra သူပုန်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံး ဒေသဖြစ်သော Adra Umalyeih ရှိ လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းကို ဖော်ပြခဲ့ကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ Nusra အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားအစိုးရ ဝန်ထမ်းများ၏ အိမ်များကို မီးရှို့ခဲ့ပြီး အရပ်သား များစွာကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂသို့ တိုင်ကြားစာတွင် ဆီးရီးယားသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ 
အကြမ်းဖက်သမားများ ဝင်ရောက်လျက် ရှိသောကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ဆီးရီးယားကို လွှမ်းမိုးလာသည့် အကြမ်းဖက်မှုကို ဝိုင်းဝန်းရှုတ်ချ ပေးရန်ကိုလည်း ဆီးရီးယားအစိုးရက တိုက်တွန်းထားသည်။

အစိုးရနှင့် သူပုန်များအကြား တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားတွင် စစ်တပ်က အဆိုပါ အကြမ်းဖက်သူပုန်များရှိသော Adra ဒေသကို သောကြာနေ့က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားမှ သတင်းရင်းမြစ် တစ်ခုကို ကိုးကား၍ ဆီးရီးယား မီးဒီယာတွင် ဖော်ပြထားသည်။

ဆီးရီးယားစစ်တပ်က Adra ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် အဆိုပါဒေသရှိ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော သူပုန် Nusra အဖွဲ့က ယင်းဒေသနေ အယ်လ်ဝတ် လူနည်းစုများကို သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ဦးခေါင်းများကို လူစည်ကားရာဈေးတွင် ချိတ်ဆွဲထားခြင်း များ ပြုလုပ်ခြင်းကို တွေ့ရခြင်း ဖြစ်သည်။

ဆီးရီးယား အစိုးရကကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များတွင် Nusra, Islamic State of Iraq နှင့် Levant ကဲ့သို့သော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသာ အဖွဲ့များမှာ အရေးပါသော တပ်ဖွဲ့များအဖြစ် ပေါ်ထွက်လာကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက် သူပုန်အဖွဲ့များသည် မြို့တော် ဒမတ်စကတ်၏ မြောက်ဘက်ရှိ နာဘိတ်၊ ဒီယာအတိဟ်နှင့် ကာရာမြို့များတွင် ဆီးရီးယားအစိုးရနှင့် တိုက်ပွဲဖြစ်ပွားရာ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအရပ်သားများကို သတ်ဖြတ်ခဲ့သည့် Adra မြို့ကို တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၇

အစိုးရနှင့် အစိုးရ ဆန့်ကျင်သူများအကြား တိုက်ပွဲများ ဖြစ်ပွားနေသော ဆီးရီးယားတွင် ဆီးရီးယား သူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်သော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော Nusra သူပုန်အဖွဲ့သည် မြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံးဒေသရှိ ဆီးရီးယားပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ် သွားကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို Xinhua သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဆီးရီးယားအစိုးရက ကုလသမဂ္ဂသို့ တိုင်ကြားသည့်စာတွင် ဆီးရီးယားတွင်ရှိသော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် Nusra သူပုန်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံး ဒေသဖြစ်သော Adra Umalyeih ရှိ လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းကို ဖော်ပြခဲ့ကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ Nusra အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားအစိုးရ ဝန်ထမ်းများ၏ အိမ်များကို မီးရှို့ခဲ့ပြီး အရပ်သား များစွာကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂသို့ တိုင်ကြားစာတွင် ဆီးရီးယားသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ
အကြမ်းဖက်သမားများ ဝင်ရောက်လျက် ရှိသောကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ဆီးရီးယားကို လွှမ်းမိုးလာသည့် အကြမ်းဖက်မှုကို ဝိုင်းဝန်းရှုတ်ချ ပေးရန်ကိုလည်း ဆီးရီးယားအစိုးရက တိုက်တွန်းထားသည်။

အမေရိကန်အရေးယူမှု ကို မြန်မာ အစိုးရ တုံ့ပြန်

မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ အရာရှိ တယောက်နဲ့ စီးပွားရေး လုပ်ငန်း ၃ ခုကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှု အသစ်တရပ် အင်္ဂါနေ့က ပြုလုပ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အခုလို အရေးယူလိုက်တာပါ။

အရေးယူပိတ်ပင်ခံရသူတွေကတော့ ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ အေးရှ မက်တဲလ် ကုမ္ပဏီ၊ စိုးမင်းထိုက် ကုမ္ပဏီ၊ အိတ်ဇဲလန့်စ် ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယား နဲ့ မြန်မာနိုင်ငံ ဟာ သံတမန် အဆက်အသွယ် ရှိတဲ့ အကြောင်း၊ နိုင်ငံတကာ နဲ့ ချစ်ကြည်ရင်းနှီးစွာ ရှိတဲ့ မူဝါဒ ကြောင့် ဖြစ်ကြောင်း၊ ဒါပေမယ့် အစိုးရသစ် တာဝန်ယူပြီးတဲ့ နောက်မှာ မြောက်ကိုးရီးယား နဲ့ ပတ်သက်ရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာ ဆောင်ရွက် တယ် လို့ နိုင်ငံတော် သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

အိန္ဒိယဒိုင် အဆုံးအဖြတ်ကို အာရှ ဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားမည်

မန္တလေး၊ ဒီဇင်ဘာ ၁၈

မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ဂျပန်လူမျိုး နည်းပြက အိန္ဒိယဒိုင်၏ ဆုံးဖြတ်ချက်ကို အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) သို့ တိုင်ကြားသွားမည်ဟု ဆီးဂိမ်း အကြိုဗိုလ်လုပွဲ မြန်မာနှင့် ထိုင်းပွဲအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒိုင်၏ မှားယွင်းမှုကြောင့် ဂိုးပေးလိုက်ရသောအခါ ကစားသမားများ အနေနှင့် နောက်မှလိုက်ကာ ကစားရသည့် အခြေအနေသို့ ရောက်ရှိ သွားကြောင်း၊ ပင်နယ်တီ အဆုံးအဖြတ်တွင်မူ ဂိုးသမားနှင့် ကန်သွင်းသည့်သူ နှစ်ဦးတည်းနှင့်သာ သက်ဆိုင်သောကြောင့် မည်သူမှားသည်၊ မှန်သည်ဟုပြော၍ မရကြောင်း၊ ၎င်းအနေနှင့် ယခုဒိုင်များအပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် တိုင်ပင်ကာ AFC သို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ အမျိုးသမီး ဘောလုံး မျိုးဆက်သစ်ကိုလည်း မွေးမြူသွားမည် ဖြစ်ကြောင်း မြန်မာအသင်း နည်းပြက ဆိုသည်။

“ဂိုးမပေးသင့်တဲ့ ဂိုးနဲ့ ဂိုးပေးရမယ့် ဂိုးကို မပေးခဲ့တဲ့ ဒိုင်တွေက level အရမ်းနိမ့်လွန်းအား ကြီးနေတယ်။ ဒီလောက်အဆင့်နဲ့ ဒီလိုပွဲမျိုးမှာ ဒိုင်မလုပ်သင့်ဘူး” ဟု မြန်မာနည်းပြက ဆိုသည်။
“ထိုင်းအမျိုးသမီးအသင်း နည်းပြ ဖြစ်သူကမူ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ မပြောလိုပါဘူး။ ချန်ပီယံဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။

The Voice Weekly

ကွမ်းလုံတွင် ချိန်ကိုက်ဗုံးပေါက်၍ တပ်မတော်သားတစ်ဦး သေဆုံး

လားရှိုး၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထော်လာဂျီ ယာဉ်ပေါ်တွင် ချိန်ကိုက်မိုင်းဟု ယူဆရသော မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် တပ်မတော်သားတစ်ဦး ယင်းနေရာ၌ပင် သေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် များထံမှ သိရှိရသည်။

ကွမ်းလုံမြို့အတွင်း ကွမ်းလုံ-သိန်းနီ ကားလမ်းမကြီးပေါ်တွင် မောင်းနှင် လာသော အဆိုပါ ထော်လာဂျီသည် ကွမ်းလုံ ကြိုးတံတားအနီး ဝန်ထမ်းရပ်ကွက် ခရိုင်သာသနာရေးရုံးနှင့် အကောက်ခွန်ရုံးအနီး အရောက်တွင် အသင့်စီမံထားသည့် အချိန်ကိုက် မိုင်းဗုံးဟု ယူဆရသော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အာဏာပိုင်များထံမှ သိရှိရသည်။

ပေါက်ကွဲမှုကြောင့် ယင်းနေရာတွင် အကျယ် ၁၂ ပေ၊ အနက်လေးပေခန့်ရှိ ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့ပြီး ထော်လာဂျီ ယာဉ်မှာလည်း တစ်စစီလွင့်စဉ်ကာ ယင်းနေရာအနီး လမ်းလုပ်ငန်း လုပ်ကိုင်နေသည့် အေးရှားဝေါလ် ကုမ္ပဏီပိုင် လမ်းခင်း စက်တစ်စီးကို ထိမှန်ပျက်စီးခဲ့ကြောင်း၊ လမ်းခင်းစက် မောင်းနှစ်ဦးနှင့် ပေါက်ကွဲမှု ဖြစ်ပွားမှု အနီးတွင် ဆိုင်ကယ်စီးလာသည့် တပ်မတော်သား တစ်ဦးတို့ကို ထိမှန်သဖြင့် အဆိုပါ တပ်မတော်သား သေဆုံးခဲ့ပြီး အခြားမော်တော်ဆိုင်ကယ် စီးနင်းလာသူ တစ်ဦးနှင့် အေးရှားဝေါလ် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံမှ သိရှိရသည်။

မန္တလေးလေဆိပ်တွင် ဂရိတ်ဖရုသီးထဲ ဝှက်ထည့်ထားသည့် ကျောက်စိမ်းတုံးများတွေ့

မန္တလေး၊ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခန္တီးလေဆိပ်မှ ဆိုက်ရောက်လာသည့် လေယာဉ်ဖြင့် ပါရှိလာသည့် ခရီးသည်များ၏ အိတ်များကို စစ်ဆေးရာမှ ပိုင်ရှင်မဲ့ ဂရိတ်ဖရုသီး (Great Fruit) ထဲတွင် ဝှက်၍ထည့် ထားသည့် ကျောက်စိမ်းတုံးများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ခရီးဆောင်အိတ်များကို ခရီးသည်များနှင့် လေဆိပ်တာဝန်ကျ အကောက်ခွန်မှူးများ ပူးပေါင်း စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ကြောင်း မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ပိုင်ရှင်မပါ ဂရိတ်ဖရုသီး ၁၅လုံးပါ လက်ဆွဲခြင်း တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဂရိတ်ဖရုသီး များကို ခွဲစိတ်စစ်ဆေးရာ သစ်သီးများအတွင်း သိုဝှက် သယ်ဆောင်လာသော ကျောက်စိမ်းတုံးငယ် ၂၄ တုံး အလေးချိန် ၂၈ ကျပ်သားခန့်ကို တွေရှိခဲ့ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

အဆိုပါတွေ့ရှိသော ကျောက်စိမ်းတုံး များကို အကောက်ခွန်ဥပဒေ နှင့်အညီ သိမ်းဆည်း ထားရှိပြီး တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

ပတ်ဆောင်ဟွာ၏ စကားပြန်နှင့် အင်တာဗျူး

““သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့””

အင်ဒိုနီးရှားကို  မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။ ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာများကို ပြောပြခဲ့သည်။

ခပ်အေးအေးနေတတ်ပြီး မြန်မာကစားသမားများ ချစ်ခင်ကြသည့်  ကိုနိုင်ဝင်းသည် ပတ်ဆောင်ဟွာဒဏ် မခံနိုင်သောကြောင့် ထွက်စာတင်သည့် စကားပြန်သုံးဦးနောက်တွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။  မြန်မာဘောလုံးအသင်းအတွက် နည်းပြပတ်၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုပင် ခံခဲ့ရသည့် ဦးဝင်းနိုင်နှင့် 7Day Daily တွေ့ဆုံခန်းမှ အချို့ကို ဖော်ပြလိုက်ပါသည်။

နည်းပြနဲ့ ကစားသမားတွေကြားမှာ အစ်ကိုက အနီးကပ်ဆုံးနေရတာဆိုတော့ ပထမဆုံးမေးချင်တာ မနေ့က ဘာတွေဖြစ်သွားခဲ့တာလဲ။

ဘာဖြစ်လို့ဆိုတာကတော့ အဓိကကိုင်တွယ်တဲ့ ကာယကံရှင်တွေရဲ့ သိသိကြီးနဲ့ အမှားလား၊ မသိဘဲနဲ့မှားတဲ့ အမှားလားဆိုတာ ကာယကံရှင်ကလွဲလို့ မသိဘူး။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရတာက မဖြစ်သင့်တဲ့ကိစ္စလို့ ဒီလိုပဲပြောနိုင်တယ်။ မမှားသင့်တဲ့ကိစ္စ။ အသေးအဖွဲ မဟုတ်ဘူး။ အကြီးကြီး။
Related Posts Plugin for WordPress, Blogger...

ShareThis