menu

Friday 16 August 2013

မြန်မာမှ အင်ဒိုနီးရှား၊ မလေးရှားအထိ ရေအောက်တစ်လျှောက် ဆက်နေသည် ဆိုသော ရွှေကြောကြီးကို အစိုးရ ကြိုးပမ်း လေ့လာနေ


မြန်မာနိုင်ငံမှ အင်ဒိုနီးရှား၊ မလေးရှားအထိ ရေအောက်တစ်ခွင် ဆက်စပ်လျက် ရှိသည်ဟု ယူဆရသော ရွှေကြောကြီးအတွက် သတ္တုတွင်းဝန်ကြီးဌာနက တူးဖော် ရရှိနိုင်ရေး သီးသန့် ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း သတ္တုတွင်းလုပ်ငန်းရှင် အချို့ထံမှ သတင်း ရရှိသည်။ အဆိုပါ ရွှေကြောကြီးမှာ မြန်မာနိုင်ငံ ၀န်းသိုမြို့မှစတင်ကာ မိုးထိ၊ မိုးမိ၊ယင်းမှတစ်ဆင့်
ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည်ဖြင့် ဆက်တိုက် တစ်ကြောတည်း
ဖြစ်ပေါ်နေပြီး အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ ရေအောက်ပင်လယ်ပြင်အထိဆက်စပ်လျက် ရှိသည်ဟု ဂြိုဟ်တုစနစ်ဖြင့် မှတ်တမ်းတင်ထားမှု အရ တွေ့ရကြောင်းသတင်းများထွက်ပေါ်
လာခဲ့ပြီး အများပြည်သူကြား သတင်းပျောက်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ 

''မီဒီယာတွေကတောင် ရေးသား ဖော်ပြလာကြတဲ့အထိ နာမည်ထွက်ခဲ့တာ။ဒီရွှေကြောကြီးက တူးရခက်မယ့် အနေအထားမျိုး ဖြစ်သလို မြန်မာအစိုးရဘက်က ပုဂ္ဂလိကကိုဝင်ခွင့်မပေးဘဲ ဒီရွှေကြောအတွက် ကြိုးစားနေဆဲလို့သိရတယ်'' ဟု နာမည်ကြီး သတ္တုတူးဖော်ရေး လုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ကျုံးဘေးမှာ ဓားနဲ့ အခုတ်ခံခဲ့ရတဲ့ အတွေ့အကြုံ

ကျွန်တော့်နာမည် စည်သူအောင်ပါ။
(၂၀.၇.၂၀၁၃) ည၈နာရီခွဲအချိန်လောက်မှာ ကျုံးဘေးမှာ ဓားနဲ့ အခုတ်ခံခဲ့ရပါတယ်။ ကျုံးဘေးမှာ ည ည ဆိုင်ကယ်သမားတစ်စုက ရှေ့ကသွားနေတဲ့ ဆိုင်ကယ်နောက်ကိုလိုက်ပြီး ဓားနဲ့ခုတ်တယ်ဆိုတဲ့ သတင်းကို ကြားနေတာကြာပါပြီ။ အခုတ်ခံရတဲ့သူတွေလည်း တွေ့ဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတင် ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူ ၈ဦးလောက် ရှိပါတယ်။ အားလုံး ဒီလ(၂၀၁၃၊ ဇူလိုင်လ)ထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။

ကျွန်တော် ဓားနဲ့အခုတ်ခံရတဲ့အတွေ့အကြုံကတော့ သူတို့နဲ့ မတူပါဘူး။ အဲဒီညက တိရစ္ဆာန်ဥယျာဉ် ရှေ့မှာ ကျွန်တော်နဲ့အတူ ရပ်ကွက်ထဲက လူတွေ (ကလေးငယ်တွေအပါအ၀င်) လူ၁၀ယောက်လောက် ထိုင်နေ ကြပါတယ်။ အဲဒီတုန်းမှာ ဆိုင်ကယ်(၃)စီး ၊ လူ(၉)ယောက် ရောက်လာပြီး မလှမ်းမကမ်းမှာ ဆိုင်ကယ်များကို ရပ် လိုက်ပါတယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး ကျွန်တော်တို့ထိုင်နေတဲ့နေရာကို ပြေးလာပါတယ်။ ပြီးတော့ ကျွန်တော့် ရဲ့ဦးခေါင်းပိုင်းကို ဓားနဲ့ ၀ိုင်းပြီးခုတ်ကြပါတယ်။ ကျွန်တော်က လက်နဲ့ကာပြီး ကာကွယ်လိုက်လို့ ဘယ်ဖက်လက် တံတောင်ဆစ်ကို ခုတ်မိသွားပါတယ်။ ( ၁၆ )ချက် ချုပ်ခဲ့ရပါတယ်။ ဓားနဲ့ခုတ်ပြီးပြီးချင်း သူတို့အုပ်စုက ဆိုင်ကယ် တွေပေါ်တက်ပြီး ထွက်ပြေးသွားကြတာပါ။

ဓားနဲ့ခုတ်တဲ့လူတွေက ကျွန်တော်နဲ့ ဘာရန်ညှိုးမှ မရှိပါဘူး။ တစ်ခါမှလည်း မမြင်ဖူးပါဘူး။ ဒါပေမယ့် သူတို့ မျက်နှာတွေကိုတော့ နောက်တစ်ခါမြင်ရင် ကျွန်တော်မှတ်မိပါတယ်။ သူတို့ဟာ ဆေးပေါက်နေပုံ၊ အရက်မူးနေပုံ လည်း မရပါဘူး။ သက်သက်မဲ့ကို တွေ့ရာလူကို ခုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွေးအေးအေး လိုက်ခုတ်နေကြပုံပါ။

Telenor ငွေဖြည့်ကတ်များ စတင် ဝယ်ယူစဉ် တစ်နာရီထက် မနည်းအခမဲ့ ပြောနိုင်မည်

ရန်ကုန်   သြဂုတ်   ၁၄

နော်ဝေနိုင်ငံ အစိုးရ၏ ရှယ်ယာ ထက်ဝက်ကျော် ပါဝင်သော Telenor ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆ဝ ကို ကိုယ်စီကိုယ်ငှ ဖုန်းအသုံးပြု နိုင်စေရန်  ရည်ရွယ်၍ လုပ်ဆောင်နေ သကဲ့သို့ စထုတ်မည့် ငွေဖြည့်ကတ်များတွင် တစ်နာရီစာထက် မနည်း အခမဲ့ပြောဆို နိုင်အောင် စီစဉ်နေပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာပြည်သူ အားလုံးကို မိုဘိုင်းလ်ဖုန်း ပြောနိုင်သူများ ဖြစ်စေရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆိုင်ရာ  Telenor ၏ CEO Mr. Petter Furberg က ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဇွန် ၂၇ ရက်က ချပေးခဲ့ပြီးနောက် နော်ဝေ ကုမ္ပဏီနှင့် ကာတာ ကုမ္ပဏီတို့ လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့ပြီး နော်ဝေကုမ္ပဏီက ဒုတိယ အကြိမ်အဖြစ် သတင်းစာရှင်းလင်း ပွဲပြုလုပ်ကာ အတိအလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ် အောက်နှုန်း ဖြင့်သာ ကောက်ခံသွားမည် ဟုဆိုခဲ့သော အဆိုပါ ကုမ္ပဏီမှာ ယခုဒုတိယအကြိမ်  သတင်းစာ ရှင်းလင်းပွဲတွင်

MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ


စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသားကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၎င်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက မူးယစ်ရမ်းကားမှု၊ ရဲအက်ဥပဒေ ပုဒ်မ- ၄၁/၁၄ ဖြင့် အမှုဖွင့်ကာ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထောက်ဒဏ်ရှစ်ရက် သို့မဟုတ် ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူက ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို ဓားဖြင့် ခြိမ်းခြောက်လုယက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီ ခန့်အချိန်တွင် လူသူကင်းမဲ့ သည့်နေရာဖြစ်သည့် မြိတ်ဂေါက်ကွင်းအတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အင်္ကျီ အနက်ရောင်ဝတ် အမည်မသိလူနှစ်ဦးက ဓားဖြင့်လာရောက်ခြိမ်းခြောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်းများကို လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြိတ်မြို့ အမှတ် (၁) နယ်မြေ ရဲကင်းမှူး နှင့်အဖွဲ့သည် ထိုနေ့ ည ၈ နာရီအချိန်တွင် လှည့်ကင်းလှည့်နေ စဉ်ယင်းသို့ လုယက်ခံရသူနှစ်ဦးကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လုယက်ခံရသူနှစ်ဦးက လုယက်ခံရသည့် ဖြစ်စဉ်ကို ပြောပြခဲ့ကြောင်း ကလွင်ကျေးရွာ အုပ်ချူပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါနေ့ ညအချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရအောက် ကျောင်းရပ်ကွက်၊ ပေါ်တော်မူ စေတီဘုရားတည်ရာ ဂေါက်ကွင်းပြင်အတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ်အနားသို့ အနက်ရောင်ဝတ်စုံဖြင့် အမည်မသိ လူနှစ်ဦးရောက်ရှိလာပြီး ဓားဖြင့်ထောက်ကာ အဖိုးတန် ပစ္စည်းများ အကုန်ထုတ်ပေးရန် ခြိမ်းခြောက် ပြောဆိုသဖြင့်

အစိုးရဝန်ထမ်းတစ်ဦး၏ ၁၂၅ သိန်းတန် ရတနာများအခိုးခံရ

စီးပွားကူးသန်းဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦး၏ ကျပ် ၁၂၅ သိန်းတန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံရမှုတစ်ခု ကမာရွတ်ရဲစခန်းတွင် သြဂုတ် ၁၄ ရက်က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

ပစ္စည်းများ ပျောက်ဆုံးသွားသည်မှာ စီးပွားကူးသန်းဌာနတွင် စာရေးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦဖြစ်ပြီး သူမနေထိုင်ရာ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်ရှိ အိမ်မှပစ္စည်းများ ကို ခိုးယူခံရခြင်းဖြစ်သည်ဟု သိရသည်။
သူမသည် သြဂုတ် ၁၄ ရက် ညနေ၅ နာရီအချိန်တွင် အိမ်ပြန်ရောက်ရာ အိပ်ခန်းအတွင်းရှိ ဗီရိုအံဆွဲများ ပွင့်နေသည် ကို စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ရေတမာ၊ ပန်းကျောင်းတို့ကိုဖန်တီးသူ ဆရာမင်းလူအား ကွယ်လွန်ပြီဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ

Photo: ရေတမာ၊ ပန်းကျောင်းတို့ကိုဖန်တီးသူ ဆရာမင်းလူအား ကွယ်လွန်ပြီဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ
--------------------
ရေးသားသူ- ဥက္ကာကိုကို

တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ”
အလိုဗျာ...
ဘာတွေဖြစ်ကုန်ကြပြီလဲ...။

အထက်ပါကဗျာကို ၁၉၈၉ ခုနှစ်တွင် ရေးသားခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ထောင်နံရံနှင့် သံတိုင်များကြား စံမြန်းခဲ့ဖူးသည့် သာဓုမျိုးဆက်၏ အငယ်ဆုံးသား စာရေးဆရာမင်းလူသည် ဒီမိုကရေစီခေတ်အရောက် သူ့ကိုချစ်သော စာဖတ်ပရိသတ်ပြည်သူအပေါင်းကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

စာပေလက်ရာဖွဲ့နွဲ့ရေးသားမှုတွင် ပြောင်မြောက်လှသည့်အတွက် မင်းလူဟူသည့် ကလောင်တစ်ချောင်းကို အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက်ခဲ့ကြသလို ယခုထက်တိုင် မျိုးဆက်သစ်လူငယ်များက သူ၏ နာမည်ကျော်ခဲ့သည့် စာအုပ်ဟောင်းများကို တခုတ်တရ လိုက်လံဖတ်ရှုနေရဆဲဖြစ်သည်။ 

ထို့ကြောင့် ဆရာမင်းလူသည် လူသေသော်လည်း အမည်မသေ။ လူထဲမှ လူတစ်ဦးဖြစ်သည့် ဆရာမင်းလူသည် စာပေ၀တ္ထုများ ရေးဖွဲ့ရာတွင် အခြေခံလူတန်းစားဘ၀များကို ပီပြင်စွာသရုပ်ဖော်နိုင်သကဲ့သို့ လူငယ်ထုကြားမှ စိတ်ခံစားမှုနှင့် အချစ်ဇာတ်လမ်းများကိုလည်း ပီပြင်စွာရေးဖွဲ့ခဲ့သည့်အတွက် ပရိသတ်များ နှစ်ခြိုက်စွဲလမ်းသည့် စာရေးဆရာတစ်ဦးဖြစ်ခဲ့သည်။

“ဆရာမင်းလူကို လူတွေ နှစ်သက်ကြတယ်ဆိုတာကလည်း ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ်ပေးနိုင်တာကြောင့်လည်း ပါပါတယ်”ဟု မင်းလူပရိသတ်တစ်ဦးဖြစ်သည့် အသက်(၂၈)နှစ်အရွယ် ဒေါက်တာဟိန်းဇော်ညိုက ပြောသည်။

“တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ...”
(မင်းလူ-တကယ်မသေပါနဲ့ ကဗျာမှ)
ဆရာမင်းလူသည် အချစ်ကဗျာလေးများကိုလည်း နှလုံးသားလှပစွာဖြင့် ဖွဲ့နွဲ့ရေးသားခဲ့သည်။ ဒဿနဆန်ဆန် ကဗျာလေးများကိုလည်း လေးနက်စွာ ရေးဖွဲ့ခဲ့သည်။ 

သူသည် တစ်ခေတ်တစ်ယောက်ထွန်းသည့် စာရေးဆရာများထဲတွင် အပါအ၀င်ဖြစ်သည်။ဆရာမင်းလူ ကွယ်လွန်ခြင်းအတွက် စာဖတ်ပရိသတ်ပေါင်းများစွာက ၀မ်းနည်းကြေကွဲခဲ့ကြသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင်လည်း များစွာသော ပရိသတ်တို့က ၀မ်းနည်းကြောင်း အမှတ်တရစကားများကို အသီးသီးရေးသားခဲ့ကြသည်။

“တန်ဖိုးရှိတဲ့ စာရေးဆရာဆိုတာ မြေကြီးအောက်ရောက်သွားရင်လည်း အမည်နာမကို တွေးလိုက်ရုံနဲ့ အသစ်ပြန်ပိုင်လိုက်ရသလို အရသာရှိတယ်”ဟု ကဗျာဆရာ နက္ခတ်နီက အမှတ်တရစကားဆိုသည်။နာမည်ကျော်စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာကြီး ဦးသာဓုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့က ၁၉၅၄ ခုနှစ် မေ ၁၈ ရက် တွင် ရန်ကုန်မြို့ ၄၇ လမ်း၌ မောင်ဉာဏ်ပေါ်ကို မွေးဖွားခဲ့သည်။ ထိုမှ ၂၂ နှစ်အကြာ ၁၉၇၆ ခုနှစ်တွင် စာပေသူရဲကောင်းတစ်ဦးဖြစ်လာမည့် မင်းလူ၏ “နေ၀င်သွားတော့ လထွက်သည်”၀တ္ထုတိုကို ရုပ်ရှင်ပဒေသာမဂ္ဂဇင်းက စတင်ဖော်ပြခဲ့သည်။

အထက(၆) ဗိုလ်တထောင် (စိန်ပေါလ်)၊ သင်္ဃန်းကျွန်း အထ က(၁)ကျောင်းတို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ထိုစဉ်ကတည်းကပင် ဆရာမင်းလူသည် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်လာခဲ့သူဖြစ်သည်။ 

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်း တက္ကသိုလ်ကျောင်းသားဘ၀၌ ကျင်လည်ခဲ့သည်။ ထိုအငွေ့အသက်တို့က ဆရာမင်းလူ၏၀တ္ထုများအတွက် နောက်ခံပန်းချီကားချပ်များ ဖြစ်ခဲ့သည်။ တက္ကသိုလ်နံရံကပ်စာစောင် နှင့် နှစ်ပတ်လည်မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားလက်စွမ်းပြခဲ့ပြီး ဆရာ့၏အချစ်ကဗျာလေးများမှာ ရေပန်းစားခဲ့သည်။ 

ထိုစဉ်က ဆရာမင်းလူ၏ ကလောင်အမည်မှာ တောကျောင်းဘုန်းကြီးဖြစ်ပြီး ထိုအမည်က ဆရာ့ကလောင်ခွဲတစ်ခုလည်း ဖြစ်ခဲ့သည်။ 

ဆရာသည် ဒဿနိကဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။အိမ်သူသက်ထားဖြစ်လာမည့် သွား/ဆေးတက္ကသိုလ် စာကြည့်တိုက်မှူး မစန်းစန်းအောင် နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ ယခုကွယ်လွန်ချိန်တွင် မသူမ၊ မယုယဟူသည့် သမီးနှစ်ဦး ထွန်းကားကျန်ရစ်ခဲ့သည်။ 
ရုပ်ရှင်နယ်ပယ်တွင်လည်း ဆရာမင်းလူသည် ဇာတ်ညွှန်းများရေးသားခြင်းကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး သူရေးသားသည့်ဝတ္ထုများကို ရုပ်ရှင်အဖြစ် အသက်သွင်းရာ၌လည်း ကိုယ်တိုင်ပင် ဇာတ်ညွှန်းရေးသားပေးခဲ့သည်။ 

ဆရာမင်းလူသည် တက္ကသိုလ်နောက်ခံ အချစ်နှင့်ဘ၀သရုပ်ဖော်ဝတ္ထုလုံးချင်း ၆၀ နီးပါးကို ပြောင်မြောက်စွာရေးသားခဲ့ရာ စာဖတ်သူများ လက်ကမချနိုင်အောင်ပင် တသသ ဖတ်ရှုစွဲလမ်းရသည့် ဇာတ်လမ်းများဖြစ်လာခဲ့သည်။ ပန်းကျောင်း၊ ရေတမာ၊ သံယောဇဉ်အဖွဲ့  စသည့် တက္ကသိုလ်နောက်ခံဝတ္ထုများသည် လူငယ်ထုအကြား ရေပန်းစားခဲ့သည်။

ငှက်ကလေး၊ ခိုးခိုးခစ်ခစ်၊ အတွေ့လေးရယ်တဲ့ အိုအကြုံ၊ အော်ဆွေး၊ ပန်းကျောင်း၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ၊ အောင်ဘာလေ၊ အလွမ်းသစ်၊ အများနှင့်မသက်ဆိုင်သောသူ၊ မိညီမ၊ ရင်ထဲကဆောင်းရာသီ၊ သူငယ်ချင်းတစ်ယောက်အကြောင်း စသည့် လုံးချင်းဝတ္ထုများသည် ဆရာမင်းလူကို ပရိသတ်များစွာ ရရှိစေခဲ့သည်။ 

ပန်းကျောင်းသည် ဆရာ့၏ ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည်။ မဂ္ဂဇင်းနှင့် စာစောင်များတွင်လည်း ၀တ္ထုတိုပေါင်းများစွာ ရေးသားခဲ့ပြီး ၀တ္ထုတိုစုစည်းမှုအဖြစ် ပြန်လည်ထုတ်ဝေခဲ့ရာ လူကြိုက်များခဲ့ပြန်သည်။ စာပေစတိတ်ရှိုးပွဲတော်နှင့် အခြားဝတ္ထုတိုများ၊ လမ်းဖြတ်ကူးသောဝတ္ထုတိုများ၊ အချစ်သက်သက်ဝတ္ထုတိုများ၊ အခြား...၀တ္ထုတိုများ၊ အမုန်းခွန်အား ၀တ္ထုတိုများ၊ အက်ဆေးချစ်သူ စသည့် ၀တ္ထုတိုပေါင်းချုပ်စာအုပ်များကို စုစည်းထုတ်ဝေခဲ့သည်။ 

ဆရာမင်းလူသည် ၀တ္ထုတိုပေါင်း ၉၀ ကျော် ရေးသားခဲ့သည်။ စာရေးဆရာမင်းလူသည် ၀တ္ထုရေးသားခြင်းဖြင့် နာမည်ကျော်သော်လည်း ကဗျာဆရာအဖြစ်ကို ပိုမိုမြတ်နိုးသည်ဟုဆိုခဲ့သည်။ စာပေအမျိုးအစားပေါင်းစုံ ရေးသားသည့်အပြင် ဆရာမင်းလူကို ပရိသတ်များနှင့် စာပေလုပ်ဖော်ကိုင်ဖက်များချစ်ခင်ကြသည့် အချက်တစ်ခုက သရော်စာနှင့် ဟာသ၀တ္ထုတိုများ ဖန်တီးရာတွင် သူမတူအောင် ပြောင်မြောက်သည့်အတွက်ပင် ဖြစ်သည်။

စာပေလေလံပွဲ၊ စာပေကယ်ရီကေးချား စသည့် ၀တ္ထုတိုစုစည်းမှုများတွင် သူ၏မိတ်ဆွေ စာရေးဆရာပေါင်းမြောက်မြားစွာကို ဇာတ်ကောင်ပြု၍ ချစ်စနိုးဖြင့် သရော်ရေးသားခဲ့သည့်အတွက် ဖတ်ရှုသူ စာဖတ်ပရိသတ်များ ပွဲကျခဲ့ရသည်။ ယမကာလုလင်ဟူသည့် အရက်သမားဇာတ်လမ်းများကို ရေးဖွဲ့ခဲ့ခြင်းကလည်း ဆရာမင်းလူ၏ စာပေမှတ်တိုင်တစ်ခုဖြစ်သည်။ 

ဆရာမင်းလူသည် အနုပညာမျိုးရိုးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစုသည် အနုပညာရှင်များအဖြစ် အသက်ထက်ဆုံး ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။ ဦးသာဓုမှသည် မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ မင်းလူမှသည် ဖိုးသောကြာ၊ သူမ၊ ယုယ စသည့် မျိုးဆက်သစ်များအထိ ရုပ်ရှင်၊ ဂီတနှင့် စာပေလောကသားများအဖြစ် ရှင်သန်ကြသူများဖြစ်သည်။

“ဆရာမင်းလူကို ဆုံးရှုံးတာ စာပေလောကအတွက် ဒေါက်တိုင်တစ်တိုင် ကျိုးသွားသလိုပါပဲ။ ဆရာ့စာတွေက လူငယ်တွေအတွက် အတိတ်ကို လှည့်ကြည့်လို့ ရစေသလို အနာဂတ်ကိုလည်း မျှော်ကြည့်လို့ရတဲ့စာတွေပါ”ဟု အသက်(၂၇)နှစ်အရွယ် သတင်းအယ်ဒီတာ ကိုထက်နေကဆိုသည်။ 

“ဘ၀မှာ တော်တော်များများကို ကျွန်တော် သိပ်မလေးစားတတ်ဘူးဗျ။ သူကတော့တကယ့်ကို ရှားရှားပါးပါး ကျွန်တော်လေးစားတဲ့ အထင်လည်းကြီးတဲ့ လူတစ်ယောက်ပါ။ ထုတ်ဝေသူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် သူ့နေပုံထိုင်ပုံက အင်မတန်ရှင်းတယ်။ ဘယ်တော့မှ ထုတ်ဝေသူတွေမျက်နှာကို မကြည့်ဘူး။ စာဖတ်ပရိသတ်မျက်နှာပဲ သူကြည့်တယ်။ သူ့သမိုင်းတစ်လျှောက်မှာ ရိုက်စားလုပ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး”ဟု ငါတို့စာပေမှ ထုတ်ဝေသူတစ်ဦးဖြစ်ပြီး စာရေးဆရာလည်းဖြစ်သော မြေမှုန်လွင်က ဆရာမင်းလူနှင့်ပတ်သက်၍ ပြောပြသည်။

၂၀၁၃ သြဂုတ်လသည် သတင်းစာဆရာ၊ စာရေးဆရာမောင်ဝံသကို တမလွန်သို့ ခေါ်ငင်သွားခဲ့ပြီး ၀ိတိုရိယဆေးရုံကြီးတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့် ဆရာမောင်ဝံသ၏ ဈာပနမြေချမည့်ရက်မတိုင်မီညတွင် အဆိုပါဆေးရုံ၌ ကင်ဆာရောဂါဖြင့်ပင် အခန်းချင်းနီးလျက်တက်ရောက်နေသည့် ဆရာမင်းလူကိုပါ ထပ်မံခေါ်ဆောင်သွားခဲ့ပြန်ပါသည်။ 

သြဂုတ်လသည် လွန်ခဲ့သည့် ခြောက်နှစ်၊ သြဂုတ် ၅ ရက်ကလည်း နိုင်ငံကျော်စာရေးဆရာ၊ ကဗျာဆရာ တာရာမင်းဝေကို ခေါ်ဆောင်သွားခဲ့ဖူးသည်။ ယခုတော့ ဆရာမင်းလူသည် သူချစ်သောပရိသတ်ကို နှုတ်ဆက်သွားလေပြီ။ သြဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကိုယ်ထည်သေးသေး၊ နဖူးပြောင်ပြောင်နှင့် ပြည်သူချစ်သော စာပေသမားကြီးသည် ကမ္ဘာမြေပေါ်မှ ပျောက်ဆုံးသွားပြီဖြစ်သော်လည်း မင်းလူဟူသည့် ကလောင်တစ်ချောင်းသည် စာမွေ့သူတို့ နှလုံးသားတွင် ခေတ်အဆက်ဆက် ကမ္ပည်းတင်ကျန်နေဦးမည်သာဖြစ်သည်။               ။

ရေးသားသူ- ဥက္ကာကိုကို

တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ”
အလိုဗျာ...
ဘာတွေဖြစ်ကုန်ကြပြီလဲ...။

အထက်ပါကဗျာကို ၁၉၈၉ ခုနှစ်တွင် ရေးသားခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ထောင်နံရံနှင့် သံတိုင်များကြား စံမြန်းခဲ့ဖူးသည့် သာဓုမျိုးဆက်၏ အငယ်ဆုံးသား စာရေးဆရာမင်းလူသည် ဒီမိုကရေစီခေတ်အရောက် သူ့ကိုချစ်သော စာဖတ်ပရိသတ်ပြည်သူအပေါင်းကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

စာပေလက်ရာဖွဲ့နွဲ့ရေးသားမှုတွင် ပြောင်မြောက်လှသည့်အတွက် မင်းလူဟူသည့် ကလောင်တစ်ချောင်းကို အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက်ခဲ့ကြသလို ယခုထက်တိုင် မျိုးဆက်သစ်လူငယ်များက သူ၏ နာမည်ကျော်ခဲ့သည့် စာအုပ်ဟောင်းများကို တခုတ်တရ လိုက်လံဖတ်ရှုနေရဆဲဖြစ်သည်။

"သိန်းပေါင်း များစွာကုန်ကျမယ့် ဆေးရုံ ကြီးတည်ဆောက်နိုင်ဖို့ နိုင်ငံတော်ကို ခွင့်ပြုချက်တင်ထားတဲ့ ဝေဠုကျော်"

Photo: "သိန်းပေါင်း များစွာကုန်ကျမယ့် ဆေးရုံ ကြီးတည်ဆောက်နိုင်ဖို့ နိုင်ငံတော်ကို ခွင့်ပြုချက်တင်ထားတဲ့ ဝေဠုကျော်"

ဝေဠုကျော်က သွေးမေတ္တာ ပရဟိတ အသင်း (ရန်ကုန်) ဆိုတဲ့ ၂၄ နာရီ သွေးလှူဒါန်းနေတဲ့ အသင်း တစ်သင်းရှိသလို လူမှုကူညီရေး အသင်း (ရန်ကုန်) နဲ့ နာရေးကိစ္စများကို အကူအညီပေးနေတဲ့ အသင်း တစ်သင်း ကိုလည်း ဆောင်ရွက် နေပါတယ်။ လူမှုကူညီရေးအသင်း (ရန်ကုန်) ကို ဆက်သွယ်ချင်ရင်တော့ ဖုန်း နံပါတ်- ဝ၉ ၄၂ဝဝ၁၁၁၈၁ ကို ဆက်သွယ် နိုင်ပြီး ပြည်သူတွေအပူမီးလောင် ကျွမ်းနေတဲ့အချိန်မှာ ဘယ်နေရာက ကူညီလို့ရမလဲ ဆိုတဲ့ စိတ်ကလေးတစ် ခုနဲ့ ဒီအသင်းကို ထူထောင်ခဲ့ခြင်းဖြစ် ကြောင်း ဝေဠုကျော်ကပြောပါတယ်။

 ဝေဠုကျော်က အခမဲ့ဆေးရုံတွေကို ဆောက်ဖို့စီစဉ်နေပြီး ခွင့်ပြုချက်ရ ဖို့ နိုင်ငံတော်ကို တင်ပြထားကြောင်းကိုလည်း "ကျွန်တော်ဆောက်ချင် တဲ့ ဆေးရုံ က ရန်ကုန်မှာဆိုရင် ၃ နေရာ လောက်ဆောက်ချင်တယ်။ အဓိက လှိုင်သာ ယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နဲ့ မင်္ဂလာဒုံလို နေရာမျိုးတွေ မှာ ဆောက်ချင်ပါ တယ်။ အရင်ဆုံးတော့ လှိုင်သာယာမှာ စပြီးဆောက် ဖို့ ပြင်ဆင်နေပါပြီ။ နိုင်ငံ တော်ကို ခွင့်ပြုချက် တောင်းထားပါတယ်။ ကျွန်တော့် ဆေးရုံ အတွက် ကုန်ကျစရိတ် အားလုံး ဟာ သိန်းပေါင်း နှစ်သိန်း လောက် ကုန်ကျပါမယ်။ အဲဒီငွေကိုကျွန်တော် အလှူ မခံ ပါဘူး။ ကျွန်တော် တစ်ယောက်တည်းလည်း အဲဒီငွေကို မနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအတွက် အလုပ်တွေပိုလုပ် ပါမယ်။ အဲဒီငွေကြေးနဲ့ ရလာတဲ့ အမြတ်အစွန်းတွေကို ကျွန်တော်လှူလိုက်ပါမယ်။ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ ဆေးရုံတစ်ရုံ ဆောက်လှူတယ်ဆိုတာ ဆေးရုံကြီး ဆောက်လှူလိုက်ရုံ နဲ့တင်မပြီးသွားဘူး။ ဒီဆေးရုံကို အခမဲ့ဖြစ်အောင် လည်ပတ်နိုင်ဖို့ အတွက် ကုသစရိတ်ရော၊ ဆေးဝါးရော၊ ခွဲခန်းစရိတ်၊ မွေးဖွားစရိတ်ဆိုတာ အားလုံးက အခမဲ့ဖြစ် အောင်လုပ်ချင်ပါတယ်။အဲဒီအတွက် သိန်း ပေါင်း တစ်သိန်းခွဲလောက်ကို ဘဏ်ထဲမှာ ထည့်လိုက်ပါပြီ။ ငွေပဒေသာပင်ပေါ့။ တစ်လကိုသိန်းပေါင်းကိုးရာလောက် အတိုးထွက်ပါမယ်။ အဲဒီငွေနဲ့ လစဉ်လည် ပတ်ဖို့အတွက်ကျွန်တော်ကြိုးစားပါ မယ်။ ဆေးရုံဆောက် ဖို့ကသိန်း ပေါင်း ၅ သောင်း လောက် ဆိုရင်ရပြီလေ။ နိုင်ငံတော်အနေနဲ့ ခွင့် ပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ခွင့်ပြုချက်ရဖို့ အတွက်ပြည်သူလူထုက ဝိုင်းဆုတောင်းပေးကြပါ။ ခွင့်ပြုချက်ရတာ နဲ့ ၂နှစ် အတွင်းဆေးရုံကို အပြီး ဆောက်ပါမယ်"လို့ ပြောပါတယ်။          

ခိုင်ဝေလွင်
ဝေဠုကျော်က သွေးမေတ္တာ ပရဟိတ အသင်း (ရန်ကုန်) ဆိုတဲ့ ၂၄ နာရီ သွေးလှူဒါန်းနေတဲ့ အသင်း တစ်သင်းရှိသလို လူမှုကူညီရေး အသင်း (ရန်ကုန်) နဲ့ နာရေးကိစ္စများကို အကူအညီပေးနေတဲ့ အသင်း တစ်သင်း ကိုလည်း ဆောင်ရွက် နေပါတယ်။ လူမှုကူညီရေးအသင်း (ရန်ကုန်) ကို ဆက်သွယ်ချင်ရင်တော့ ဖုန်း နံပါတ်- ဝ၉ ၄၂ဝဝ၁၁၁၈၁ ကို ဆက်သွယ် နိုင်ပြီး ပြည်သူတွေအပူမီးလောင် ကျွမ်းနေတဲ့အချိန်မှာ ဘယ်နေရာက ကူညီလို့ရမလဲ ဆိုတဲ့ စိတ်ကလေးတစ် ခုနဲ့ ဒီအသင်းကို ထူထောင်ခဲ့ခြင်းဖြစ် ကြောင်း ဝေဠုကျော်ကပြောပါတယ်။

ဝေဠုကျော်က အခမဲ့ဆေးရုံတွေကို ဆောက်ဖို့စီစဉ်နေပြီး ခွင့်ပြုချက်ရ ဖို့ နိုင်ငံတော်ကို တင်ပြထားကြောင်းကိုလည်း "ကျွန်တော်ဆောက်ချင် တဲ့ ဆေးရုံ က ရန်ကုန်မှာဆိုရင် ၃ နေရာ လောက်ဆောက်ချင်တယ်။ အဓိက လှိုင်သာ ယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နဲ့ မင်္ဂလာဒုံလို နေရာမျိုးတွေ မှာ ဆောက်ချင်ပါ တယ်။ အရင်ဆုံးတော့ လှိုင်သာယာမှာ စပြီးဆောက် ဖို့ ပြင်ဆင်နေပါပြီ။ နိုင်ငံ တော်ကို ခွင့်ပြုချက် တောင်းထားပါတယ်။ ကျွန်တော့် ဆေးရုံ အတွက် ကုန်ကျစရိတ် အားလုံး ဟာ သိန်းပေါင်း နှစ်သိန်း လောက် ကုန်ကျပါမယ်။ အဲဒီငွေကိုကျွန်တော် အလှူ မခံ ပါဘူး။ ကျွန်တော် တစ်ယောက်တည်းလည်း အဲဒီငွေကို မနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအတွက် အလုပ်တွေပိုလုပ် ပါမယ်။ အဲဒီငွေကြေးနဲ့ ရလာတဲ့ အမြတ်အစွန်းတွေကို ကျွန်တော်လှူလိုက်ပါမယ်။ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ ဆေးရုံတစ်ရုံ ဆောက်လှူတယ်ဆိုတာ ဆေးရုံကြီး ဆောက်လှူလိုက်ရုံ နဲ့တင်မပြီးသွားဘူး။

" ရွှေနန်းတော့ ထိုက်စေချင် "

Photo: " ရွှေနန်းတော့ ထိုက်စေချင် "
================

(၁)
ယခုအခါ ပညာရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် စေတနာကောင်းဖြင့်ဝိုင်း ဝန်း ပြောဆိုချက်များ ပေါ်ထွက်လာနေ သည်မှာ ဝမ်းမြောက်စရာပင် ဖြစ်သည်။ ပညာရေးအပေါ် လူအများက စိတ်ဝင် တစားရှိကြပြီး တိုင်းပြည်၏အကျိုးစီးပွား သည် ပညာရေးတွင်မူတည်နေကြောင်း လက်ခံထားကြသည်မှာ ကောင်းသော လမ်းစပင်ဖြစ်သည်။ ယင်းသို့ ဝိုင်းဝန်း ပြောဆိုမှုများထဲမှ အခြေခံအကျဆုံးအ ချက်မှာ သင်ကြားရေးရာ လိမ္မာသည့် အပြင် စေတနာရင့်မာပြီး ဝါရင့်ဆရာ များအား ဆွဲဆောင်ထားနိုင်ရေးနှင့် ထို ဆရာများ အနားမယူမီ ကြားကာလတွင် အလားတူဆရာများ (သို့မဟုတ်) ပိုမို ထူးချွန်သူဆရာများ နောက်ထပ် ပေါ် ထွက်လာစေရန် ဆရာငယ်အ သစ်များ နှင့်အ တူတွဲဖက်လုပ်ကိုင်ရေးတို့ပင် ဖြစ် သည်။

(၂)

သင်ကြားရေးရာ လိမ္မာသည့် အ ပြင်စေတနာရင့်မာပြီး ဝါရင့်ဆရာများ အားဆွဲဆောင်ထားနိုင်ရေး ဆိုရသည် မှာ အတိတ်ကာလနှင့် ဆက်စပ်နေပါ သည်။ အတိတ်ကာ လက ဆိုးဝါးလှသော ဖိအားများကြောင့် အလုပ်ခွင်ပြင်ပသို့ ရောက်ရှိသွားကြသော အဖိုးတန်ဆရာ ဆရာမများရှိခဲ့ဖူးသည်။ ဥပမာအားဖြင့် နည်းပညာ တက္ကသိုလ်တစ်ခုမှ ဆရာ တစ်ယောက်အကြောင်း တင်ပြလိုပါ သည်။ သူသည် G.T.I  ဆင်းတစ်ဦးသာ ဖြစ်ပါသည်။ သို့သော် ကျောင်းသားများ ကို စာတွေ့ရောလက်တွေ့တွင်ပါ တတ် မြောက်အောင်သင်ကြားပေးနိုင်သူ တစ် ဦးဖြစ်ပြီး အင်ဂျင်နီယာနှင့် ပတ်သက် သည့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုပင် ထူ ထောင်ထားပြီး ဦးစီးဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။ တပည့်များက ချစ် ကြောက်ရိုသေသူတစ်ဦးလည်း ဖြစ်သည်။ သူသင်ကြားပေးလိုက်သော တပည့်များ မှာယခုအခါနိုင်ငံခြားကုမ္ပဏီများ၊ အစိုးရ ဌာနများ တွင် တာဝန်ကြီးများ ထမ်း ဆောင်နေကြပြီဖြစ်သည်။

သို့သော် G.T.I  များကို GTC, TU အစရှိသဖြင့် အဆင့်မြှင့်တင်လိုက်သည့်အခါ လူငယ်မျိုးဆက်သစ်ဟု ခေါ်ဆိုသော မဟာဘွဲ့ရ ဒေါက်တာဘွဲ့ရများ အများအပြားရောက် ရှိလာပါသည်။  ထို လူငယ်ကလေးများ တွင် သူ့တပည့်အရွယ်များပါသလို သူ့ တပည့်များလည်း ပါသည်။ သူတို့သည် ဌာနမှူးတာဝန်၊ ဒု ကျောင်းအုပ်တာဝန် စသည်တို့ကို လက်ထောက်ကထိက ရာ ထူးဖြင့်ယူကြရပြီး အထက်မှ ချမှတ်ပေး သောအမိန့်အာဏာများဖြင့် တက္ကသိုလ်၊ ကောလိပ်တို့ကို စီမံခန့်ခွဲကြသည်။ လူ ငယ်ကလေးများသည် ဝန်ထမ်းသင်တန်း သားများအဖြစ် ပညာသင်ကြားရင်း ပညာသင်ကာလများကိုပါ ဝန်ထမ်းလုပ် သက်အဖြစ် ရယူလာကြသူများဖြစ်၍ စာသင်သက် စီမံခန့်ခွဲသက်များ မရှိကြ ပါ။ မိုးကျရွှေကိုယ်များဟုပင် ဆိုနိုင် လောက် ပါသည်။ သူတို့အများစုမှာ တာဝန်ကြီး များရယူထားကြသော်လည်း အထက်မှ ချပေးလိုက်သော အမိန့်များ ကိုသာ တစ်သဝေမတိမ်း ကြောက်လန့် တကြီးဆောင်ရွက်တတ်ကြသည်။

အဘ မှတစ်ပါး အခြားမရှိကြသူများဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆရာ၊ ဆရာမများအား ကြီးငယ်မရွေး ဂိတ် စောင့်တာဝန်၊ စာသင်ခန်းများအား အ လှည့်ကျလိုက်လံစစ်ဆေးရသောတာဝန် စသည့် သင်ကြားရေးနှင့် မပတ်သက် သည့် တာဝန်များအပြင် တစ်နေ့လျှင် လက်မှတ်သုံးကြိမ်ထိုးရခြင်း တို့ကိုပါ ဆောင် ရွက်စေတော့သည်။ အကြောင်း ကြောင်းကြောင့် လက်မှတ်ထိုးပျက် ကွက်လျှင်လည်း လစာဖြတ်တောက် ခြင်းဖြင့် အပြစ်ပေး အရေးယူသည်။ ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက် ခတ်ပြီးတစ်ရက်နှစ်ရက်တွင် ဆရာဆရာမ များသည် ကိုယ်ရေးကိုယ်တာအကြောင်း များကြောင့် တစ်နေ့ သုံးကြိမ်လက်မှတ် ထိုးရန်ပျက် ကွက်ကြသည်။ သုံးကြိမ်အ ပြည့်မထိုးနိုင်ကြ။

ယင်းကို အကြောင်း ပြု၍ လစာဖြတ်သည့်အခါ ဆရာလည်း လစာ အဖြတ်ခံရသူထဲတွင်ပါသွားသည်။ ဆရာသည် စားဝတ်နေရေးအတွက် ဆရာလုပ်နေသူမဟုတ်ပါ။ ကိုယ်ပိုင် လုပ်ငန်းဖြင့် ထည်ထည်ဝါဝါ ရပ်တည် နိုင်သူဖြစ်ပါသည်။ ဆရာဘဝကိုမက် မောသောကြောင့် သင်ကြားရသည်ကိုစွဲ လမ်းသောကြောင့် ဆရာလုပ်နေသူ သာ ဖြစ်သည်။ လုပ်သက် ၂၉ နှစ်ကျော်ပြီဖြစ် သော်လည်း အသက် ၆ဝ မပြည့်သေး၍ သင်ကြားရေးတွင် မွေ့ပျော်နေသူဖြစ် သည်။

”ဖြတ်လိုက်တဲ့လစာက မဖြစ် လောက် ပါဘူး။ တကယ်ဆို အရေးယူ ချင်ရင် ခွင့်တင်ခိုင်းတာတို့ ဘာတို့လုပ် ခိုင်းသင့်တာပေါ့။ ခုတော့ ဝန်ထမ်းသက် ၃ဝ နီးနီးမှာ တစ်ခါမှ အပြစ်ပေးအရေး ယူမခံရဖူးဘဲ အခုမှ ဘာမဟုတ်တာ လေးနဲ့ အရေးယူခံရတယ်”ဟုဆိုကာ လ အနည်းငယ်အတွင်း ပင်စင်တင်လိုက်ပါ သည်။ ဆရာပင်စင်ယူ လိုက်ပြီးနောက် ဆရာအငယ်များသာ ကျန်ရစ်သော သူတာဝန်ထမ်းဆောင်ရာ ဌာနတွင် လက်တွေ့သင်ကြားရေးအခက်အခဲများ နှင့် ရင်ဆိုင်နေရသည်မှာ ယနေ့တိုင် ဖြစ် သည်။ ဆရာငယ်ကလေးများမှာ အတတ်ပညာအတွေ့အကြုံများ မရ လိုက်ကြ။ 

ထိုကဲ့သို့ပင် မြန်မာနိုင်ငံတွင် အတိတ်ကာလဆီက ဝါရင့်ဆရာအ မြောက်အမြား နည်းမျိုးအသွယ်သွယ် ဖြင့် ဆုံးရှုံးခဲ့ရသည့်အတွက် ယခုအခါ စာတွေ့လက်တွေ့ သင်နိုင်သူဆရာများ ရှားပါးလာခဲ့ရသည်။ ဆရာအငယ်များ သည် ဝါရင့်ဆရာများနှင့် တွဲဖက်လုပ် ကိုင်ရင်း အတွေ့အကြုံအတတ်ပညာ များကို ရယူကြရသည်ကို လူလား မြောက်ခဲ့သူ ဆရာတိုင်းအသိပင်ဖြစ် သည်။ လူငယ်မျိုးဆက်သစ်များ မွေး ထုတ်ရာ တွင် အမှန်တကယ်ထူးချွန်သူ များ ဖြစ်ရန်လိုအပ်သည့်အပြင် ဝါရင့် ဆရာကြီးများ၏ ဆုံးမသွန်သင်မှုနည်း ပေးလမ်းပြမှုတို့ဖြင့် ဆရာဘဝကို ဖြည့် တင်းရသည် ကိုမမေ့ အပ်ပါ။ ထို့အတွက် အကြောင်းအမျိုးမျိုးကြောင့် ပညာဆက် မသင်နိုင် ဘွဲ့ကြီးများမယူနိုင်သော် လည်း အတွေ့အကြုံရှိပြီး ဝါရင့်ဆရာ ကြီးများ၏ ဘဝကိုစာ နာထောက်ထား အသိအမှတ်ပြုပြီး ထူးချွန်သူ ဆရာငယ် များကို ဆရာဂုဏ်ရည်ပြည့်ဝလာစေရန် မွေးထုတ်ခြင်းဖြင့် တဖြည်းဖြည်း အစား ထိုးခြင်းသည်သာ သင့်တော်မည်ဟု ထင်ပါသည်။

(၃)
ထူးချွန်၍ စေတနာပါသော လူ ငယ်များ ပေါ်ထွက်လာရေးမှာလည်း အနာဂတ်အတွက် အရေးကြီးလှသည်။ တစ်ခါက ဝန်ကြီးဌာနတစ်ခု၏ လက် အောက်ခံ တက္ကသိုလ်၊ ကောလိပ်များ တွင် ”အပြင်မှာ အလုပ်ရှာမရ၊ ဆရာဝင် လုပ်ကြ”ဟု ပြောရလောက်အောင်ပင် ဆရာ၊ ဆရာမအလုပ်များ လွယ်ကူခဲ့ ဖူးပါသည်။ ယင်း၏အကျိုးသက်ရောက် မှုကို ယနေ့တိုင် နင့်နင့်နာနာ ခံစားနေရ ဆဲပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ”တပည့်မကောင်း ဆရာ့ခေါင်း”ဟူသည့် ဆိုရိုးပေါ်လာသည် အထိပင် ဆရာ၏ အခန်းကဏ္ဍသည် အရေးပါအရာ ရောက်လှပါသည်။ ထို့ကြောင့် ဆရာ တို့သည် ”ကောင်းရာညွှန်လတ် အတတ် သင်စေ”ဟူသည့်တာဝန်ကို မိရိုးဖလာ ရယူထားသူများဖြစ်ကြသည့်အတွက် တာဝန်ကြီးလှသည်။ ထူးချွန်သူ စေတနာကောင်းသူ ဆရာများပေါ်ထွက် လာဖို့လိုနေသည်။ သို့သော် လက်တွေ့ တွင် ထူးချွန်သူ၊ တော်သူများမှာ အခြား အလုပ်အကိုင်များဆီသို့ စီးဆင်းသွားကြ ပြီး ကျန်အနည်းငယ်မျှကိုသာ ဆရာ လောက က ရရှိလိုက်သည်မှာ စိုးရိမ် ဖွယ်ရာပင်ဖြစ်သည်။

 အချို့တော်သူ ထူးချွန်သူများမှာ ဝါသနာမပါသော်လည်း ဆရာအလုပ် တွင် အစမ်းသဘောမျိုး ဝင်လုပ်ကြည့် ကြရာမှ စေတနာပေါက်သွားသော အ ဖြစ်လည်း ရှိတတ်ကြသည်။ စေတနာ ဓာတ်ခံရှိသူများမှာ ဝါသနာမပါသော် လည်း ပညာဖြန့်ဝေပေးရသည့်အလုပ်ကို စွဲသွားတတ်ကြသည်။ စားဝတ်နေရေး တစ္ဆေခြောက်နေသော ယနေ့ခေတ် ပညာရေးလောကတွင် စေတနာ၊ ဝါသ နာနောက်မှ အနစ်နာဖြုတ်နိုင်မှသာ ထူးချွန်သော လူငယ်မျိုးဆက် ဆရာများ ရရှိလာနိုင် မည်ဖြစ်သည်။ အများစု သည်မိမိတို့ဘဝ  အဆင့်ရှိရှိနေနိုင်သော လမ်းကိုရွေးချယ်ကြမည်သာဖြစ်သည်။ အခြားသော တိုးတက်သည့်နိုင်ငံများ တွင် ဆရာ တစ်ယောက်၏ လစာခံစား ခွင့်တို့မှာ အမြင့်ဆုံးဖြစ်ပြီး ဆရာဖြစ်ရန် လည်း မလွယ်၊ ဂုဏ်သိက္ခာလည်းကြီး ကြသည်ဟု ကြားဖူးပါသည်။

 မြန်မာ နိုင်ငံတွင် တပ်မတော် သားများသည် တပ်မှ ပင်စင်ယူပြီးသည့်တိုင်အောင် နောက်ထပ်အစိုးရခန့်အလုပ်တစ်ခု ထပ်လုပ်ခွင့်ရှိပြီး ပင်စင်နှစ်ခုလည်း ခံစားခွင့်ရှိနေကြသည်။ အခြားဝန်ထမ်း များထက်လည်း လစာရိက္ခာ၊ ခံစားခွင့် ဆေးကုသခွင့်များရရှိကြသည်။ တိုင်း ပြည်အတွက် စွန့်လွှတ်အနစ်နာခံကြသူ များဖြစ်သောကြောင့် ခံစားခွင့်ရှိကြ သည်ဟုဆိုလျှင်လည်း ဥပဒေပြဋ္ဌာန်း ပြီးဥပဒေနှင့်အညီ ခံစားရမည်ဖြစ်သည်။ သို့သော် ဆရာများအတွက် ထိုနည်းတူ အခွင့်အလမ်းများ ပေး၍မရဘူးလား၊ မ ပေးလိုဘူးလား ဟု မေးစရာရှိပါသည်။

နိုင်ငံ တိုးတက်လာသည့်အခါ ပေးမှာ ပေါ့ဟုဆိုလျှင် နိုင်ငံတိုးတက်အောင် လုပ်ပေးနေသည့်သူများကို ချီးမြှောက် ပေးလျှင် မြန်မြန်တိုးတက်မည်ဟု ဆို ချင်ပါသည်။ တပ်မတော်က တိုင်းပြည် ကို ကာကွယ်ပြီး ဆရာတို့က တိုင်းပြည် ကို တိုးတက်အောင်လုပ်နေကြခြင်းဖြစ် သည်။ တပ်သားအစ တပ်မှူးအလယ် ဗိုလ်ချုပ်မှူးကြီးအဆုံး လွှတ်တော်အမတ် အစ ဝန်ကြီးဝန်ကလေးအလယ် သမ္မတ အဆုံး ဆရာများ၏တပည့်ဖြစ်ခဲ့ဖူးသူ များသာ ဖြစ်သည်။ 

ပညာရေးဖြင့် လူ လားမြောက်ပြီး ပညာရေးကောင်းကြောင်း ပြောနေကြသူများသာ ဖြစ်ကြသော် လည်း ဆရာများအား လစာအမြင့် ဆုံးပေးရန်၊ အခမဲ့ဆေးကုသခွင့် ရရန်၊ အိုမင်းနာမကျန်း ရန်ပုံငွေ တစ်ရပ်ထူ ထောင်ပေးရန် မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကမျှ အဆိုများဥပဒေ ကြမ်းများ တင်သွင်းကြသည်ကို မတွေ့ ဖူးသေးပါ။ ဆရာများ၏ဘဝအာမခံချက် နှင့် အခွင့်အလမ်းများ ပေါ်ထွက်လာ သည့်အခါ ထူးချွန်သောလူငယ်များကို ဆွဲဆောင် ရရှိလာနိုင်ပါသည်။ သို့မှသာ ဆရာကောင်းတပည့် ပန်းကောင်းပန်ကြ ရပါလိမ့်မည်။

(၄)

ပညာရေးအတွက် ဝိုင်းဝန်းဆွေး နွေးအကြံပေးကြသည်မှာ ဝမ်းသာစရာ ကောင်းပါသည်။ သို့သော် အကြံများ ချည်းဖြင့်တော့ အလုပ်မဖြစ်နိုင်ပါ။ တာ ဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ အပေါင်းက တာဝန်ယူလိုစိတ်ဖြင့် အကြံပြုချက်များ ကို စိစစ် စဉ်းစားအကောင်အထည်ဖော်ကြမှသာ 
ပညာရေးတိုးတက်လာနိုင်မည် ဟု မျှော်မှန်းရနိုင်ပါ လိမ့်မည်။

စည်သူငြိမ်း

(၁)
ယခုအခါ ပညာရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် စေတနာကောင်းဖြင့်ဝိုင်း ဝန်း ပြောဆိုချက်များ ပေါ်ထွက်လာနေ သည်မှာ ဝမ်းမြောက်စရာပင် ဖြစ်သည်။ ပညာရေးအပေါ် လူအများက စိတ်ဝင် တစားရှိကြပြီး တိုင်းပြည်၏အကျိုးစီးပွား သည် ပညာရေးတွင်မူတည်နေကြောင်း လက်ခံထားကြသည်မှာ ကောင်းသော လမ်းစပင်ဖြစ်သည်။ ယင်းသို့ ဝိုင်းဝန်း ပြောဆိုမှုများထဲမှ အခြေခံအကျဆုံးအ ချက်မှာ သင်ကြားရေးရာ လိမ္မာသည့် အပြင် စေတနာရင့်မာပြီး ဝါရင့်ဆရာ များအား ဆွဲဆောင်ထားနိုင်ရေးနှင့် ထို ဆရာများ အနားမယူမီ ကြားကာလတွင် အလားတူဆရာများ (သို့မဟုတ်) ပိုမို ထူးချွန်သူဆရာများ နောက်ထပ် ပေါ် ထွက်လာစေရန် ဆရာငယ်အ သစ်များ နှင့်အ တူတွဲဖက်လုပ်ကိုင်ရေးတို့ပင် ဖြစ် သည်။

(၂)

သင်ကြားရေးရာ လိမ္မာသည့် အ ပြင်စေတနာရင့်မာပြီး ဝါရင့်ဆရာများ အားဆွဲဆောင်ထားနိုင်ရေး ဆိုရသည် မှာ အတိတ်ကာလနှင့် ဆက်စပ်နေပါ သည်။ အတိတ်ကာ လက ဆိုးဝါးလှသော ဖိအားများကြောင့် အလုပ်ခွင်ပြင်ပသို့ ရောက်ရှိသွားကြသော အဖိုးတန်ဆရာ ဆရာမများရှိခဲ့ဖူးသည်။

ဆရာမောင်ဝံသ ဈာပန အခမ်းအနား နိုင်ငံရေးနှင့် စာပေနယ်မှ ထင်ရှားသူများ တက်ရောက်

Photo: မောင်ဝံသ ဈာပန အခမ်းအနား နိုင်ငံရေးနှင့် စာပေနယ်မှ ထင်ရှားသူများ တက်ရောက်

ရန်ကုန် ၊ သြဂုတ် ၁၅

အဆုတ်ကင်ဆာဖြင့် သြဂုတ်လ ၁၁ ရက်နေ့က ကွယ်လွန်သွား ခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ၊ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာနှင့် သတင်းစာဆရာ မောင်ဝံသ၏ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၅ ရက် ညနေ ၄ နာရီမှ ၆ နာရီ အထိ ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးနှင့် စာပေနယ်မှ ထင်ရှား ကျော်ကြားသူများ တက်ရောက်ခဲ့သည်။

ဆရာမောင်ဝံသ သင်္ဂြိုဟ်ခြင်း အခမ်းအနားကို အဆိုပါနေ့ ညနေ ၄နာရီတွင် ဆရာ့ အတ္ထုပ္ပတ္တိ ဖတ်ကြားခြင်းဖြင့် စတင်ခဲ့ကာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဆရာဖေမြင့် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် တို့က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် စသည့် သတင်းစာ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ဖတ်ကြားခဲ့သည်။

ဆရာမောင်ဝံသသည် စာမရေးနိုင်တော့သော်လည်း နောက်ဆုံးအချိန် အထိ နှုတ်မှ ရွတ်ဆိုကာ သမီးဖြစ်သူကို ရေးသားစေပြီး သတင်းစာလောက တိုးတက်ရေးအတွက် ပေးဆပ်ခဲ့ကြောင်း ဆရာ၏ သမီးကြီးဖြစ်သူ မထိုက်ထိုက်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းနေချိန်တွင် တိုင်းပြည်၏ အခြေအနေများကို ထောက်ပြ ရေးသားသော ဝါရင့် နိုင်ငံရေး သတင်းစာဆရာ တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသော စာရေးဆရာ ချစ်ဦးညိုက ထောက်ပြ ပြောဆိုသည်။

ဆရာမောင်ဝံသသည် ၁၉၄၅ ခုနှစ် ဧပြီလတွင် ပဲခူးတိုင်း ဝေါ မြို့နယ် မြစ်ကျိုးရွာတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ကျောင်းသားဘဝမှ စတင်ကာ ကျောင်း မဂ္ဂဇင်းနှင့် စာနယ်ဇင်း အချို့တွင် ပါဝင် ရေးသား ခဲ့ပြီး တက္ကသိုလ် သတင်းထောက် အယ်ဒီတာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ လွှတ်တော် ကိုယ်စားလှယ်၊ ဂျာနယ် ထုတ်ဝေသူ စသည်တို့ကို လုပ်ဆောင် ခဲ့သည်။

ဆရာမောင်ဝံသ၏ အကျော်ကြားဆုံး လုံးချင်းစာအုပ်မှာ ၁၉၇၃ ခုနှစ်က ထုတ်ဝေခဲ့သော ဒေါက်တာ ဟင်နရီ ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပြီး စာအုပ်ပေါင်း ၆၂ အုပ်ကို ရေးသားခဲ့သည်။

ဆရာ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး ၎င်းသေဆုံးချိန် တွင် ဇနီး၊ သမီး နှစ်ဦး၊ သား နှစ်ဦးနှင့် မြေး နှစ်ဦး ကျန်ရှိခဲ့ကြောင်း မိသားစု ထံမှ သိရသည်။

ဟိန်းသွင်ထက်

အေးချမ်းမွန် Credit To >The Voice Weekly< Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia

အဆုတ်ကင်ဆာဖြင့် သြဂုတ်လ ၁၁ ရက်နေ့က ကွယ်လွန်သွား ခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ၊ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာနှင့် သတင်းစာဆရာ မောင်ဝံသ၏ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၅ ရက် ညနေ ၄ နာရီမှ ၆ နာရီ အထိ ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးနှင့် စာပေနယ်မှ ထင်ရှား ကျော်ကြားသူများ တက်ရောက်ခဲ့သည်။

ဆရာမောင်ဝံသ သင်္ဂြိုဟ်ခြင်း အခမ်းအနားကို အဆိုပါနေ့ ညနေ ၄နာရီတွင် ဆရာ့ အတ္ထုပ္ပတ္တိ ဖတ်ကြားခြင်းဖြင့် စတင်ခဲ့ကာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဆရာဖေမြင့် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် တို့က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် စသည့် သတင်းစာ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ဖတ်ကြားခဲ့သည်။

ရထားပေါ်မှာ ၇ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ

အသက် ၇ နှစ် အရွယ် မိန်းကလေး ကို ရထားတွဲ အိမ်သာထဲ မှာ အဓမ္မပြုကျင့်ခဲ့ တဲ့ သံသယ ရှိသူ တွေ ကို အိန္ဒိယ ရဲတပ် ဖွဲ့  က အပူ တပြင်း လိုက်လံ ဖမ်းဆီးနေ ပြီ ဖြစ်ပါတယ်။

သောကြာနေ့  ည ဘက် ဒါမှမဟုတ် စနေ နေ့ မနက် လင်းအားကြီး အချိန် မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော် ကား ခံရတာ ဖြစ် တယ်လို့  ရဲတပ် ဖွဲ့  က အင်္ဂါနေ့ ကျမှ သတင်း ထုတ် ပြန်ပါတယ်။


လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေး ကို စနေ နေ့ မနက် မှာ ရထား ဘူတာရုံ မှာ တွေ့ ရှိ ပြီး နောက် ရဲတပ် ဖွဲ့  က ဆေးရူံ ကို ပို့ ဆောင်ခဲ့ ပါတယ်။

မိန်းကလေး ရဲ့  ပြော ပြ ချက် အရ သူ့ ကို သားမယား ပြု ကျင့်ခဲ့ သူဟာ အသက်၄၀ လောက်ရှိ ပြီ လို့  ဆိုပါတယ်။

လေယာဉ်ပေါ်တွင် မြန်မာတစ်ဦး မူးပြီးရမ်းသဖြင့် အမှုဖွင့်ခံရ


စင်္ကာပူမှ မြန်မာနိုင်ငံသို့ ပျံသန်းလာသော လေယာဉ်ပေါ်တွင် မူးယစ်ရမ်းကားသဖြင့် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးကို သြဂုတ် ၁၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းဖြစ်ရပ်သည် ယင်းနေ့ မွန်းလွဲပိုင်းက MAI ၏ စင်္ကာပူ- မြန်မာပျံသန်းသော လေကြောင်းခရီးစဉ် အမှတ် 8M – 232 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
မူးယစ်ရမ်းကားသူအဖြစ် စွပ်စွဲကာအမှု ဖွင့်ခံထားရသူမှာ စင်္ကာပူနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုကျော်ဝင်းစိန်ဖြစ်သည်ဟုလည်း ရဲများက အတည်ပြု ထားသည်။
၎င်းသည် အရက်သေစာသောက်စားပြီး လေယာဉ်အမှုထမ်းများဖြစ်သည့် ကိုတေဇာတင်ထွဋ်နှင့် မမြင့်မြင့်ဇင်တို့ထံ ၀ိုင်အရက် တောင်းသောက်ရာ ၀န်ထမ်းများက၎င်းကို အရက်မူးနေသဖြင့် မပေးနိုင်တော့ကြောင်းပြောသဖြင့် ရန်ပြုခဲ့သည်ဟုလည်း ရဲများက မှတ်တမ်းတင်ထားသည်။

သြစတြေးလျ James Cook University မှ အိုင်တီနှင့်စီးပွားရေး ဒီပလိုမာသီးခြားပေးအပ်မည်

Photo: သြစတြေးလျ James Cook University မှ အိုင်တီနှင့်စီးပွားရေး ဒီပလိုမာသီးခြားပေးအပ်မည်
=====================================
ရန်ကုန်၊ သြဂုတ် ၁၆

သြစတြေးလျနိုင်ငံ James Cook University မှ စီးပွားရေးနှင့် အိုင်တီ ဘာသာရပ်တို့အတွက် ဒီပလိုမာအောင်လက်မှတ် သီးခြားပေးအပ် သွားမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။

ယခင်က အင်္ဂလန်နှင့် သြစတြေးလျတက္ကသိုလ်များအနေဖြင့် ဒီဂရီ(၃)နှစ် တက်မြော်ကပြီးမှ သာဘွဲ့၊ အောင်လက်မှတ်ချီးမြှင့်လေ့ရှိပြီးလာမည့် ၂၀၁၄ခုနှစ်ပညာသင်နှစ်မှစ၍ အထက်ပါ ဘာသာရပ်နှစ်ခု အတွက် (၈)လသင်ကြားပြီးရုံဖြင့် ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးသွားမည်
ဖြစ်သည်။

အဆိုပါဘာသာရပ်များလျှောက်ထားရာတွင် တက္ကသိုလ် ၀င်တန်းအောင်မြင် ပြီးသူများအပြင် တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားပြီးသူများပါ Joint Master ဘွဲ့အနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်သစ်နှင့်ကျောင်းလခနှုန်းထားများ၊ အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ယခုလ(၂၄)ရက်နေ့တွင် နံနက်(၁၀)နာရီ မှ နေ့လည်(၁၂)နာရီထိ ရန်ကုန်မြိုပ ပြည်လမ်း ရှိ Crown Education တွင်ဆွေးနွေးမှုပြုလုပ်ပေးမည်ဖြစ်ပြီး James Cook University မှ
တာဝန်ရှိသူတစ်ဦးမှ လာရောက်ဆွေးနွေးပေးသွားမည်ဟုသိရသည်။
ကျောင်းလျှောက်ထားလိုသူများနှင့်အသေးစိတ်သိရှိလိုသူများအနေဖြင့် Crown Education ဖုန်း 0973273277 သို့ဆက်သွယ်မေးမြန်းနိုင်သည်။

သုတလင်း

အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia
ရန်ကုန်၊ သြဂုတ် ၁၆

သြစတြေးလျနိုင်ငံ James Cook University မှ စီးပွားရေးနှင့် အိုင်တီ ဘာသာရပ်တို့အတွက် ဒီပလိုမာအောင်လက်မှတ် သီးခြားပေးအပ် သွားမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။

ယခင်က အင်္ဂလန်နှင့် သြစတြေးလျတက္ကသိုလ်များအနေဖြင့် ဒီဂရီ(၃)နှစ် တက်မြော်ကပြီးမှ သာဘွဲ့၊ အောင်လက်မှတ်ချီးမြှင့်လေ့ရှိပြီးလာမည့် ၂၀၁၄ခုနှစ်ပညာသင်နှစ်မှစ၍ အထက်ပါ ဘာသာရပ်နှစ်ခု အတွက် (၈)လသင်ကြားပြီးရုံဖြင့် ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးသွားမည်
ဖြစ်သည်။

အဆိုပါဘာသာရပ်များလျှောက်ထားရာတွင် တက္ကသိုလ် ၀င်တန်းအောင်မြင် ပြီးသူများအပြင် တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားပြီးသူများပါ Joint Master ဘွဲ့အနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သွေးစွန်းသော အာရပ်နွေဦး(နိုင်မင်းသွင်)

Photo: သွေးစွန်းသော အာရပ်နွေဦး
နိုင်မင်းသွင်| August 15, 2013 | 
  
အာရပ်နွေဦး စတင်ချိန်မှစ၍ သွေးထွက်သံယို အများဆုံးသော အဖြစ်တခု ယမန်နေ့က အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ဖြုတ်ချခံလိုက်ရသော အစ္စလာမ်ဝါဒီသမ္မတကို ထောက်ခံ ဆန္ဒပြသူများ၏ စခန်းနှစ်ခုကို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာတွင် လူ ၄၀၀ ကျော် သေဆုံးခဲ့သည်။ ဒေါသတကြီး ဖြစ်နေသည့် လမ်းများပေါ်မှ အကြမ်းဖက်မှုများကြောင့် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသော ကြားဖြတ်အစိုးရ ခေါင်းဆောင်များက အရေးပေါ်အခြေအနေနှင့် ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာခဲ့ရသည်။

ထိုကဲ့သို့ တိုက်ခိုက်ဖြိုခွင်းခဲ့ခြင်းကို မွတ်စလင်ကမ္ဘာ၊ အနောက်နိုင်ငံများနှင့် အမေရိကန်တို့က ကန့်ကွက်အပြစ်တင်ခဲ့ကြသည်။ ကြားဖြတ်အစိုးရ၏ ဒုတိယသမ္မတ ဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ် ဘာရာဒီလည်း ယုံကြည် လက်ခံနိုင်သော ခေါင်းဆောင်မှုအသစ်အတွက် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို အားပေးသည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ မွတ်ဆလင်ညီအကိုများ အဖွဲ့ ခေါင်းဆောင်များကမူ အစုအပြုံလိုက် သတ်ဖြတ်ခြင်းဟု သတ်မှတ်ခဲ့ကြသည်။

သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၇နာရီအချိန်တွင် အီဂျစ်လုံခြုံရေးတပ်ဖွဲ့များက မြို့တော် ကိုင်ရိုရှိ အကြီးဆုံး ထိုင်သပိတ်စခန်း နှစ်ခုကို ဖြိုခွဲခဲ့ကြသည်။ ကိုင်ရိုတက္ကသိုလ်အနီးမှ စခန်းကို အလျှင်အမြန်ချေမှုန်း နိုင်ခဲ့သော်လည်း Nasr City ခရိုင် ရှိ  Rabaa al-Adawiya ဗလီတ၀ိုက်မှ စခန်းမှာ ပို၍ ကြီးမားသဖြင့် နေ့လည်ခင်းအထိ အချိန်ယူခဲ့ရသည်။ အထဲတွင် သမ္မတဟောင်း မော်စီကို ထောက်ခံသူ ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး အားအင်ကုန်ခမ်းနေသူများနှင့် ထိခိုက်ဒဏ်ရာရသူများ ပြည့်နှက်နေခဲ့သည်။

မတည်ငြိမ်မှုများက ကိုင်ရို၏ အခြားနေရာများနှင့် ဝေးလံသောဒေသများသို့ပါ ပျံ့နှံ့သွားကာ သမ္မတဟောင်းမော်စီ ကို ထောက်ခံသူများက လက်စားချေသည့် အနေဖြင့် ရဲစခန်းများ၊ အစိုးရ အဆောက်အဦးများ၊ ခရစ်ယာန်ဘုရားကျောင်းများ နှင့် ခရစ်ယာန်ဘာသာဝင်များ၏ ပိုင်ဆိုင်မှုများကိုပါ တိုက်ခိုက်ခဲ့ကြသည်။ မီးရထား ခရီးစဉ်များကိုလည်း တနိုင်ငံလုံးတွင် ဆိုင်းငံ့ထားလိုက်ရပြီး အဓိက လမ်းမကြီးများလည်း ပြတ်တောက်သွားရသည်။ ကိုင်ရိုစတော့အိတ်ချိန်းကိုလည်း အချိန်စော၍ ပိတ်လိုက်ရသည့်အတွက် အမေရိကန် ဒေါ်လာ ၄.၆ ဘီလီယံခန့် ဆုံးရှုံးခဲ့ရသည်ဟုလည်း သိရသည်။

ယခုအချိန်အထိ သေဆုံးသူအရေအတွက် ၄၀၀ ကျော်သွားပြီဖြစ်သည်။ ထိုထက်ပို၍ များပြားနိုင်သည့် အလားအလာများလည်း ရှိနေသည်။ မွတ်ဆလင်ညီအကိုများအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူအချို့က သေဆုံးသူ အရေအတွက် ၆၀၀ ခန့်ရှိသည်ဟု ဆိုကြသလို အီဂျစ်နိုင်ငံပြင်ပရှိ အစ္စလမ် ဘာသာ ရေး အင်တာနက် ၀က်ဆိုက်များကလည်း သေဆုံးသူ ၅၀၀၀ ရှိသည်ဟု စွပ်စွဲဖော်ပြခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့သည် လက်နက်များသုံးစွဲခြင်းကို ရှောင်ကျဉ်ခဲ့သည်ဟု ငြင်းဆိုသော်လည်း မျက်မြင်သက်များက နေရာ အနှံအပြားတွင် သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရမှု အများစုမှာ သေနတ်ဒဏ်ရာကြောင့် ဖြစ်ကြောင်း ပြောကြသည်။ သမ္မတဟောင်းကို ထောက်ခံသူများက ကျောက်ခဲများနှင့် ပြန်လည်ပစ်ပေါက်ခြင်းဖြင့်သာ တုန့်ပြန်ခဲ့သည်ဟု ပြောသော်လည်း ယုံကြည်လောက်သော မျက်မြင်သက်သေများက ၎င်းတို့သည်လည်း သေနတ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့ကြပြီး အချို့က မောင်းပြန် သေနတ်များ ကိုင်စွဲထားကြသည်ဟု ဆိုသည်။

အီဂျစ်နိုင်ငံ၏ လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဘဒူလ် ဖာတာ အယ်လ် စီစီ၏ နိုင်ငံရေးပါး မ၀မှုနှင့် ယခုပြုလုပ်ခဲ့သည့် အကြမ်းဖက်နှိမ်နင်းမှုတို့ကြောင့် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး လူပေါင်းများစွာ သေကြေပျက်စီးရမည့် ပြည်တွင်းစစ်တခုဆီကို ဦးတည်သွားစေနိုင်ခြင်းက ဖိနှိပ်ကန့်သတ်မှုနှင့် အာဏာရှင် ခေတ်ကာလများကို အဆုံး သတ်နိုင် ခဲ့ပြီဟု မကြာသေးခင်အချိန်တွေအထိ ယုံကြည်နေခဲ့သော အီဂျစ်နိုင်ငံကို ခြိမ်းခြောက်လာသော ကြမ္မာဆိုးဖြစ်သည်။

ယမန်နေ့က စစ်တပ်နှင့် ရဲအဖွဲ့က ရဟတ်ယာဉ်များ၊ လက်ဖြောင့်သေနတ်သမားများ၊ မြေထိုးစက်များ နှင့် မျက်ရည်ယိုဗုံးများ အသုံးပြု၍ ကိုင်ရိုမြို့မှ သပိတ်စခန်းများကို ဖြိုခွဲခဲ့သည်မှာ ရွေးကောက်ခံသမ္မတကို စစ်တပ်က အာဏာသိမ်းကာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအသစ် ၂၅ ဦးပါဝင်သည့် အသွင်ကူးပြောင်းရေး အစိုးရကို ဖွဲ့စည်းပြီး အရေးပေါ် အခြေအနေ ကြေညာထားမှုအောက်တွင် ဖြစ်သည်။

အသွင်ကူးပြောင်းရေး အစိုးရသည် စစ်အုပ်ချုပ်ရေးထက် အမြင်အရ အနည်းငယ်သာ သာခဲ့သည်။ စစ်တပ်ကို အားပေး ထောက်ခံခဲ့သော လစ်ဘရယ်များနှင့် အလယ်အလတ် လမ်းစဉ်သမားများသည်လည်း အဆိုပါလှည့်ဖျားမှုတွင် ကြံရာပါများဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကျော်ကြားသော လစ်ဘရယ်ဒီမိုကရက်တဦး ဖြစ်သည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ် ဘာရာဒီ ကြားဖြတ်အစိုးရ၏ ဒုတိယသမ္မတရာထူးမှ ဗုဒ္ဓဟူးနေ့တွင် နှုတ်ထွက်သွားခဲ့သည်။

မွတ်ဆလင်ညီအကိုများ အဖွဲ့လည်း တစိတ်တပိုင်း တာဝန်ရှိသည်။ ဇူလိုင်လ ၃ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီး ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သမ္မတဟောင်းမော်စီက ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးဖို့ စိတ်ဝင်စားမှု အနည်းငယ်သာ ပြခဲ့သည်။ စစ်တပ် အာဏာသိမ်းမှု မဖြစ်ပေါ်ခင်ကတည်းက သမ္မတဟောင်းနှင့် မွတ်ဆလင်ညီအကိုများအဖွဲ့မှ ခေါင်းဆောင်များသည် နိုင်ငံရေး နှင့် ဘာသာရေး အယူဝါဒကို ခွဲခြားထားနိုင်သည့် အခြေအနေကိုသွားနိုင်ရန် စိတ်ဝင်စားမှု နည်းပါးခဲ့ကြသည်။

ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရထံမှ အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီး စီစီလည်း တာဝန်ရှိသည်။ သူက လုံခြုံရေးတပ်ဖွဲ့များကို ထိန်းချုပ်ပြီး နိုင်ငံရေးပြိုင်ဖက်များကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သည်။ ထို့ပြင် အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီနည်းဖြင့် ပထမဆုံးရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတကို ရာထူးမှ ဖယ်ရှားကာ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံရေးအရ တရားဝင် ဝေဖန်ကန့်ကွက်ခဲ့ကြသည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေကြေပျက်စီးသည်အထိ အင်အားသုံးပြီးဖြိုခွင်းရန် အမိန့်များကိုလည်း သူက အတည်ပြုပေးခဲ့သည်။

အာရပ်ကမ္ဘာတွင် တော်လှန်ရေးများပေါ်ပေါက်ခဲ့သည်မှာ ၂ နှစ်ခွဲ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မည်သည့်နိုင်ငံတခုတွင်မှ တည်ငြိမ်၍ ငြိမ်းချမ်းသော ဒီမိုကရေစီစနစ်တွင် ရောက်ရှိနေပြီဟု သတ်မှတ်၍ မရနိုင်သေးပါ။ တူနီးရှား၊ လစ်ဗျားနှင့် ယီမင် အစရှိသော နိုင်ငံများကို များစွာမျှော်လင့်၍ စောင့်ကြည့်ခဲ့ကြသော်လည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရဆဲပင်။ ၎င်းတို့ထဲမှ လူဦးရေ အများဆုံးဖြစ်သော အီဂျစ်နိုင်ငံတွင် ဒီမိုကရေစီနှင့် ပတ်သက်၍ ပရမ်းပတာဖြစ်ခဲ့ရသည်။ ဆီးရီးယား နိုင်ငံသည်လည်း ပြည်တွင်းစစ်ကြောင့် သွေးလွှမ်းနေရသည်။

စင်စစ်အားဖြင့် အာရပ်နွေဦးသည် နိုးထမှုတခုအဖြစ် အမြဲတမ်း သရုပ်ဖော်ခဲ့ကြသည်။ စစ်မှန်သော တော်လှန်ရေးကို လမ်းတွေပေါ်မှာထက် ရင်ထဲမှာပို၍ တွေ့နိုင်ပါသည်။ အင်တာနက်၊ လူမှုရေးမီဒီယာများ၊ ဂြိုလ်တုရုပ်မြင်သံကြား နှင့် တန်းတူရေးအတွက် အာရပ်အမျိုးသမီးများ၏ ပညာရေးငတ်မွတ်မှုတို့သည် အာဏာရှင် စနစ်ဟောင်းနှင့် အတူယှဉ်တွဲ၍ တည်ရှိနိုင်မည် မဟုတ်ပါ။ သို့သော် အီဂျစ်နိုင်ငံသားများက ဒီမိုကရေစီဆိုသည်မှာ ရွေးကောက်ပွဲများအတွက် မေးခွန်းတခု သက်သက်မဟုတ်ဘဲ သန်းနှင့် ချီသော ဆန္ဒပြသူများကို လမ်းပေါ်သို့ခေါ်ယူနိုင်စွမ်းဟု နားလည်ခဲ့ကြပုံပေါ်သည်။ ထိုနည်လမ်းက ရှုပ်ထွေးပွေလီခြင်း နှင့် သွေးထွက်သံယိုဖြစ်ခြင်းများကိုသာ အမြဲဖြစ်စေခဲ့သည်။ ယခုအတိုင်းဆိုလျှင် အာရပ်နွေဦး၏ ဒီမိုကရေစီ ခရီးက ဆယ်စုနှစ်များစွာ ကြာကောင်းကြာသွားနိုင်ပါတော့သည်။

ကိုးကား။     ။ The Economist, The New York Times

သမ္မတဟောင်းမော်စီ ထောက်ခံသူများကို အီဂျစ်ရဲတပ်ဖွဲ့က ဝင်ရောက် နှိမ်နင်းစဉ် (ဓာတ်ပုံ – Reuters)

အေးချမ်းမွန် Credit To > ဧရာဝတီ< Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
သမ္မတဟောင်းမော်စီ ထောက်ခံသူများကို အီဂျစ်ရဲတပ်ဖွဲ့က ဝင်ရောက် နှိမ်နင်းစဉ် (ဓာတ်ပုံ – Reuters)
အာရပ်နွေဦး စတင်ချိန်မှစ၍ သွေးထွက်သံယို အများဆုံးသော အဖြစ်တခု ယမန်နေ့က အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ဖြုတ်ချခံလိုက်ရသော အစ္စလာမ်ဝါဒီသမ္မတကို ထောက်ခံ ဆန္ဒပြသူများ၏ စခန်းနှစ်ခုကို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာတွင် လူ ၄၀၀ ကျော် သေဆုံးခဲ့သည်။ ဒေါသတကြီး ဖြစ်နေသည့် လမ်းများပေါ်မှ အကြမ်းဖက်မှုများကြောင့် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသော ကြားဖြတ်အစိုးရ ခေါင်းဆောင်များက အရေးပေါ်အခြေအနေနှင့် ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာခဲ့ရသည်။

ထိုကဲ့သို့ တိုက်ခိုက်ဖြိုခွင်းခဲ့ခြင်းကို မွတ်စလင်ကမ္ဘာ၊ အနောက်နိုင်ငံများနှင့် အမေရိကန်တို့က ကန့်ကွက်အပြစ်တင်ခဲ့ကြသည်။ ကြားဖြတ်အစိုးရ၏ ဒုတိယသမ္မတ ဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ် ဘာရာဒီလည်း ယုံကြည် လက်ခံနိုင်သော ခေါင်းဆောင်မှုအသစ်အတွက် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို အားပေးသည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ မွတ်ဆလင်ညီအကိုများ အဖွဲ့ ခေါင်းဆောင်များကမူ အစုအပြုံလိုက် သတ်ဖြတ်ခြင်းဟု သတ်မှတ်ခဲ့ကြသည်။

ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲ ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်

Photo: ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲ ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်

    Created on Friday, 16 August 2013 02:09 

ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲကို သြဂုတ် ၁၅ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် Air Supply တေးဂီတ အဖွဲ့နှင့်အတူ Iron Cross တီးဝိုင်းကလည်း အားဖြည့်ပါဝင် ဖျော်ဖြေခဲ့သည်ဟု သိရသည်။

ဖျော်ဖြေပွဲကို Iron Cross တီးဝိုင်းနှင့် အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့၏ တွဲဖက်သီဆိုမှုဖြင့် စတင်ခဲ့ပြီး Air Supply တီးဝိုင်း၏ ဖျော်ဖြေမှုဖြင့် ဆက်လက်တင်ဆက်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခဲ့သည့် Air Supply တေးဂီတအဖွဲ့က ဖျော်ဖြေရေး ခရီးစဉ်နှင့် ပတ်သက်၍ အမှတ်တရ စကားကို ပြောကြားသည်။ ထို့နောက် ၎င်းတို့အဖွဲ့ သီဆိုပြီးနောက် ပရိသတ်များကြား ထင်ရှားခဲ့သည့် တေးသီချင်းများဖြစ်သည့် Nothing's Gonna Change My Love For You ၊ All out of Love၊ Goodbye၊ Making Love Out of Nothing at All၊ Lost in Love၊ Without You စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအလှမယ် နန်းခင်ဇေယျာက အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။

''ကမ္ဘာကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေလုပ်တာ ကောင်းပါတယ်။ ကိုယ်တိုင် ကြည့်ခွင့်ရဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေလေ။ ဒါပေမဲ့ ကမ္ဘာကျော် အဆိုတော်တွေ၊ တီးဝိုင်းတွေလာရောက် ဖျော်ဖြေဖို့အတွက် နေရာတွေ၊ ခန်းမတွေ၊ အသံစနစ်တွေ အများကြီး အားနည်းနေပါတယ်။ ကမ္ဘာကျော် အဆိုတော်တွေလာပြီး ဖျော်ဖြေရမယ့် နေရာက အ၀တ်အစားလဲခန်း ကောင်းကောင်း မရှိတာမျိုး၊ မီးအလင်း အမှောင်စနစ်တွေ ညံ့ဖျင်းနေတာမျိုးတွေက တော်တော်လေး ဆိုးပါတယ်။ လာဖျော်ဖြေတဲ့ သူတွေအတွက် တကယ်ကို အဆင့်မီတဲ့၊ လာကြည့်တဲ့သူတွေ အတွက်လည်း ဈေးဘယ်လောက်ကြီးကြီး ၀ယ်ကြည့်ရတာ တန်စေမယ့် နေရာမျိုးတွေရှိဖို့ လိုအပ်ပါတယ်'' ဟု ဗဟန်းမြို့နယ်မှ လာရောက် ကြည့်ရှုခဲ့သည့် ကိုထွန်းထွန်းက ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲသည် ကမ္ဘာကျော် အဆိုတော် Jason Maraz နှင့် Michael Learns to Rock အဖွဲ့တို့၏ ဖျော်ဖြေပွဲများအပြီး တတိယမြောက် လာရောက် ဖျော်ဖြေသည့် ကမ္ဘာကျော် အဆိုတော်အဖွဲ့၏ ဖျော်ဖြေပွဲဖြစ်သည်။

Air Supply ဂီတ အဖွဲ့သည် ၁၉၇၅ ခုနှစ် ၀န်းကျင်ခန့်က စတင် ဖွဲ့စည်းခဲ့သော ဂီတအဖွဲ့ဖြစ်ပြီး ၎င်းတို့အဖွဲ့ သီဆိုခဲ့သည့် 'Making Love(Out of Nothing At All)' သီချင်းမှာ ထင်ရှားခဲ့သော တေးသီချင်း တစ်ပုဒ်ဖြစ်သည်။

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia
ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲကို သြဂုတ် ၁၅ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် Air Supply တေးဂီတ အဖွဲ့နှင့်အတူ Iron Cross တီးဝိုင်းကလည်း အားဖြည့်ပါဝင် ဖျော်ဖြေခဲ့သည်ဟု သိရသည်။

ဖျော်ဖြေပွဲကို Iron Cross တီးဝိုင်းနှင့် အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့၏ တွဲဖက်သီဆိုမှုဖြင့် စတင်ခဲ့ပြီး Air Supply တီးဝိုင်း၏ ဖျော်ဖြေမှုဖြင့် ဆက်လက်တင်ဆက်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခဲ့သည့် Air Supply တေးဂီတအဖွဲ့က ဖျော်ဖြေရေး ခရီးစဉ်နှင့် ပတ်သက်၍ အမှတ်တရ စကားကို ပြောကြားသည်။ ထို့နောက် ၎င်းတို့အဖွဲ့ သီဆိုပြီးနောက် ပရိသတ်များကြား ထင်ရှားခဲ့သည့် တေးသီချင်းများဖြစ်သည့် Nothing's Gonna Change My Love For You ၊ All out of Love၊ Goodbye၊ Making Love Out of Nothing at All၊ Lost in Love၊ Without You စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအလှမယ် နန်းခင်ဇေယျာက အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို ခွဲစိတ်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူသို့ ထွက်ခွာခဲ့ပြီး ရာနှုန်းပြည့် ကျန်းမာနိုင်မည် ဖြစ်ကြောင်း သိရ

Photo: အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို ခွဲစိတ်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူသို့ ထွက်ခွာခဲ့ပြီး ရာနှုန်းပြည့် ကျန်းမာနိုင်မည် ဖြစ်ကြောင်း သိရ

    Created on Thursday, 15 August 2013 22:30 

မကွေးတိုင်း ဒေသကြီးမှ အရပ် ခုနစ်ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေးခွဲစိတ်မှုများ ပြုလုပ်ရန်အတွက် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွား ပြီဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးသည် အသက် ၃၅ နှစ်ရှိပြီဖြစ်ကာ Acromegaly ဟုခေါ်သည့် ရောဂါခံစားနေရပြီး ယင်းရောဂါသည် Pituitary Gland အကျိတ်ကြောင့် Growth Hormone အထွက်လွန်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေမှုများ အတွက် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမြတ်သူ၊ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်မြင့်နှင့် အဏုဇီဝဗေဒ ဆရာဝန်ကြီး ဒေါက်တာဦးသိန်းသန်းတို့ ပူးပေါင်း၍ ထိရောက်သည့် ကုသမှုများ ပေးနိုင်ရန် အတွက် လိုအပ်သည့် စစ်ဆေးမှုများကို ပြည်တွင်း ပြည်ပ ဓာတ်ခွဲခန်းများသို့ ဇူလိုင်လ အတွင်းက ပေးပို့စစ်ဆေးခဲ့ပြီး စစ်ဆေးမှု ရလဒ်များအရ စင်ကာပူနိုင်ငံ အထွေထွေရောဂါ အထူးကု ဆေးရုံကြီးသို့ သွားရောက်ကုသရန် စီစဉ်သည်။

လက်ရှိတွင် ကိုဝင်းဇော်ဦး၏ ဆေးကုသမှု ကုန်ကျစရိတ်များကို ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပံ့ပိုးပေးမည်ဖြစ်ပြီး စင်ကာပူမှ ဆေးကုသပြီး ပြန်လာပါက ရောဂါဆက်လက် ကုသရန်နှင့် နေထိုင်စားသောက် စရိတ်များအတွက် ငွေကြေးများ လိုအပ်နေသည့် အတွက် "Save Win Zaw Oo" ဆိုသည့် ဆောင်ပုဒ်နှင့် အသက်ကယ် ရန်ပုံငွေများ ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။

''ဒီလိုရောဂါက မကုသနိုင်ရင် တစ်နှစ်ကနေ သုံးနှစ်အတွင်း အသက်ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ခုလိုသွားရောက် ကုသလိုက်ရင်တော့ ရာနှုန်းပြည့်ပြန်ပြီး ကျန်းမာနိုင်မယ်။ ခုလို သွားရောက် ကုသဖို့အတွက် တာဝန်ယူထားပေးပေမယ့် ပြန်လာရင် သူ့အတွက် ဆက်လက်ရှင်သန်ဖို့ နေထိုင်စားသောက် စရိတ်တွေ ဘာတွေက လိုအပ်နေဦးမယ်။ အဲဒါကြောင့် သူပြန်လာရင် ကြော်ငြာတွေမှာ သူနဲ့တွဲရိုက်တာတို့ ဘာတို့ပေါ့ စသဖြင့် သူ့ဘ၀ ဆက်လက် ရပ်တည်ဖို့ ရန်ပုံငွေရှာပေးဖို့ စဉ်းစားထားတယ်'' ဟု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆိုသည်။

ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေးမှုများ အတွက် စင်ကာပူသို့ စတင်ရောက်ရှိသည့် နေ့တွင် MRI ရိုက်မည်ဖြစ်ပြီး စင်ကာပူ အထွေထွေရောဂါ အထူးကု ဆေးရုံကြီးမှ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီး Dr.Ang Beng Ti နှင့် တွေ့ဆုံပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခွဲစိတ် မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးအား စင်ကာပူသို့ မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်တွင် သြဂုတ် ၁၅ ရက်က တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia
ကိုဝင်းဇော်ဦးအား စင်ကာပူသို့ မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်တွင် သြဂုတ် ၁၅ ရက်က တွေ့ရစဉ်
မကွေးတိုင်း ဒေသကြီးမှ အရပ် ခုနစ်ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေးခွဲစိတ်မှုများ ပြုလုပ်ရန်အတွက် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွား ပြီဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးသည် အသက် ၃၅ နှစ်ရှိပြီဖြစ်ကာ Acromegaly ဟုခေါ်သည့် ရောဂါခံစားနေရပြီး ယင်းရောဂါသည် Pituitary Gland အကျိတ်ကြောင့် Growth Hormone အထွက်လွန်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေမှုများ အတွက် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမြတ်သူ၊ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်မြင့်နှင့် အဏုဇီဝဗေဒ ဆရာဝန်ကြီး ဒေါက်တာဦးသိန်းသန်းတို့ ပူးပေါင်း၍ ထိရောက်သည့် ကုသမှုများ ပေးနိုင်ရန် အတွက် လိုအပ်သည့် စစ်ဆေးမှုများကို ပြည်တွင်း ပြည်ပ ဓာတ်ခွဲခန်းများသို့ ဇူလိုင်လ အတွင်းက ပေးပို့စစ်ဆေးခဲ့ပြီး စစ်ဆေးမှု ရလဒ်များအရ စင်ကာပူနိုင်ငံ အထွေထွေရောဂါ အထူးကု ဆေးရုံကြီးသို့ သွားရောက်ကုသရန် စီစဉ်သည်။

ရန်ကုန်မြို့အတွင်း ဆိုင်ကယ် စည်းကမ်းမဲ့ စီးနင်းသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို အရေးယူမည်

Photo: ရန်ကုန်မြို့အတွင်း ဆိုင်ကယ် စည်းကမ်းမဲ့ စီးနင်းသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို အရေးယူမည်

    Created on Thursday, 15 August 2013 22:26 

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများ စည်းကမ်းမဲ့ စီးနင်းပါက စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ဌာနဆိုင်ရာများ အနေဖြင့် တစ်ဦးထက်ပိုပြီး စီးနင်းခွင့် မရှိကြောင်း၊ ဌာနဆိုင်ရာ၏ သတ်မှတ်ဝတ်စုံဖြင့် မောင်းနှင် သွားလာခြင်းနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ ဦးထုပ်မေးသိုင်းကြိုး တပ်ဆင်ကာ စီးနင်းရမည် ဖြစ်ကြောင်း သိရသည်။

''မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမှု မရှိဘဲ မောင်းနှင်နေတဲ့ ၀န်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်။ သက်ဆိုင်ရာ ဌာနတွေ အနေနဲ့လည်း အရေးယူပေးဖို့ တင်ပြသွားမည့်အပြင် ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့လည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားပါမယ်'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ဒုတပ်ဖွဲ့ခွဲမှူးက သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် မရှိဘဲ မောင်းနှင်နေသည့် ဆိုင်ကယ် အစီးရေ ၅၈၀ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ် ၁ ရက်မှ ၁၁ ရက်ထိ လိုင်စင်ရှိ မော်တော်ဆိုင်ကယ် ၁၀၂ စီးနှင့် လိုင်စင်မဲ့ ၇၅ စီးကို အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ပေါ်ရှိ မြို့နယ် ၃၁ မြို့နယ်တွင် တပ်ဖွဲ့စုမှူးရုံးများ မြို့နယ်အလိုက် ထားရှိထားပြီး မြို့နယ် ၁၄ မြို့နယ်တွင် တပ်ဖွဲ့စုမှူးရုံး ခုနစ်ခု ထားရှိထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

သတ်မှတ်ထားသည့် ၀န်ကြီးဌာန ၀တ်စုံမ၀တ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးကို ရွှေဂုံတိုင် မီးပွိုင့်အနီး တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia
သတ်မှတ်ထားသည့် ၀န်ကြီးဌာန ၀တ်စုံမ၀တ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးကို ရွှေဂုံတိုင် မီးပွိုင့်အနီး တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများ စည်းကမ်းမဲ့ စီးနင်းပါက စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ဌာနဆိုင်ရာများ အနေဖြင့် တစ်ဦးထက်ပိုပြီး စီးနင်းခွင့် မရှိကြောင်း၊ ဌာနဆိုင်ရာ၏ သတ်မှတ်ဝတ်စုံဖြင့် မောင်းနှင် သွားလာခြင်းနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ ဦးထုပ်မေးသိုင်းကြိုး တပ်ဆင်ကာ စီးနင်းရမည် ဖြစ်ကြောင်း သိရသည်။

''မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမှု မရှိဘဲ မောင်းနှင်နေတဲ့ ၀န်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်။ သက်ဆိုင်ရာ ဌာနတွေ အနေနဲ့လည်း အရေးယူပေးဖို့ တင်ပြသွားမည့်အပြင် ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့လည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားပါမယ်'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ဒုတပ်ဖွဲ့ခွဲမှူးက သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

တပ်သိမ်းမြေကိစ္စ အငြင်းပွားမှုကြောင့် ဆက်မဆွေးနွေးရန် သူရဦးရွှေမန်း တားမြစ်

Photo: တပ်သိမ်းမြေကိစ္စ အငြင်းပွားမှုကြောင့် ဆက်မဆွေးနွေးရန် သူရဦးရွှေမန်း တားမြစ်
Friday, August 16, 2013

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ (၃) နှင့် ပတ်သက်ပြီး ဆွေးနွေးချိန်တွင် အငြင်းပွားမှု ဖြစ်ပေါ်သဖြင့် တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေများကိစ္စ ဆက်လက် ဆွေးနွေးခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တားမြစ်လိုက် သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အဆိုပါ အစီရင်ခံစာကို ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်တို့ အငြင်းပွားမှု ဖြစ်ပွားခဲ့သောကြောင့်
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းသို့ တားမြစ် ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က သံတွဲမြို့
နယ် ဇီးကုန်းကျေးရွာတွင် တပ်မတော်က သိမ်းဆည်းထားသော မြေ များကြောင့် ပြည်သူများ ဒုက္ခရောက်နေကြောင်း လွှတ်တော်သို့ ဆွေးနွေး တင်ပြနေစဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ကန့်ကွက်သည့်အတွက် တပ်မတော်က သိမ်းယူထားသည့် မြေယာ ကိစ္စများ ဆက်မဆွေးနွေးရန် သူရဦးရွှေမန်းက တားမြစ်လိုက်ခြင်း ဖြစ်သည်။

တပ်မတော်က အုန်းခြံမြေများ သိမ်းဆည်းလိုက်သည့်အတွက် ဒေသခံ
ပြည်သူများ နစ်နာမှုများကို စာနာပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်က စိစစ်နိုင်ရန် တင်ပြခြင်း ဖြစ်ကြောင်း ဦးဘရှင်က သတင်း မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“တပ်မတော်ကို မနာလို မရှုစိမ့်လို့ ပြောတာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

“အစီရင်ခံစာ အပိုင်း(၃) နဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲ ဆွေးနွေးမှုများဟာ တပ်မတော်နဲ့ ပြည်သူ အကြား သွေးခွဲတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် နာယကကြီး အနေနဲ့ တားမြစ်ပေးရန်နဲ့ ဆွေးနွေးမှု ကို မှတ်တမ်း မတင်ပေး ရန် တောင်းဆိုပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဦးဘရှိန်၏ ဆွေးနွေးမှု သည် တပ်မတော်ဘက်မှ ဂုဏ်သိက္ခာ ထိခိုက်စေမည့် ထင်ယောင် ထင်မှား ဖြစ်အောင် ပြောဆိုမှုများ ဖြစ်သောကြောင့် ဦးဘရှိန် အနေနှင့် ဆက်လက် ဆွေးနွေးခြင်း မပြုရန် တားမြစ်လိုက်ခြင်း ဖြစ်သည်။

“ဦးဘရှိန် ဆွေးနွေးတာကလည်း အမှန်ပါပဲ။ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးတာလည်း ဒီလိုသာ ဆက်ဆွေးနွေးနေရင် တပ်မတော်အပေါ် ပြည်သူတွေ အထင်မှားမယ်။ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်နေတဲ့ တပ်မတော်က သိက္ခာကျတယ် ဆိုရင် ရှေ့ဆက်လုပ်မယ့်ဟာ လုပ်ငန်းစဉ်တွေ ခက်တယ်။ အဲဒါလဲ မှန်တယ်” ဟု သူရ ဦးရွှေမန်းက ဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) ကို လွှတ်တော် ကိုယ်စားလှယ်များ မဆွေးနွေးမီ သူရဦးရွှေမန်းက ခွင့်ပြု ထားခြင်း မရှိသော၊ ဆုံဖြတ်ချက် မပြုနိုင်သော တင်ပြချက်များ မဆွေးနွေးရန် သူရဦးရွှေမန်းက သတိပေး ထားမြစ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဇူလိုင်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်ကို ပုတ်ခတ် စော်ကားသည့် စကားလုံးများ အသုံးပြုပြီး အဆိုတင်ခြင်း၊
ဆွေးနွေးခြင်းမပြုရန် တားမြစ်ခဲ့ဖူးသည်။

အေးချမ်းမွန် Credit To >The Voice Weekly Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia
Friday, August 16, 2013

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ (၃) နှင့် ပတ်သက်ပြီး ဆွေးနွေးချိန်တွင် အငြင်းပွားမှု ဖြစ်ပေါ်သဖြင့် တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေများကိစ္စ ဆက်လက် ဆွေးနွေးခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တားမြစ်လိုက် သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အဆိုပါ အစီရင်ခံစာကို ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်တို့ အငြင်းပွားမှု ဖြစ်ပွားခဲ့သောကြောင့်
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းသို့ တားမြစ် ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က သံတွဲမြို့
နယ် ဇီးကုန်းကျေးရွာတွင် တပ်မတော်က သိမ်းဆည်းထားသော မြေ များကြောင့် ပြည်သူများ ဒုက္ခရောက်နေကြောင်း လွှတ်တော်သို့ ဆွေးနွေး တင်ပြနေစဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ကန့်ကွက်သည့်အတွက် တပ်မတော်က သိမ်းယူထားသည့် မြေယာ ကိစ္စများ ဆက်မဆွေးနွေးရန် သူရဦးရွှေမန်းက တားမြစ်လိုက်ခြင်း ဖြစ်သည်။

ဆိုတေး သတိပြန်လည်ပြီ

Photo: ဆိုတေး သတိပြန်လည်ပြီ

16/8/2013

တေးသံရှင်ဆိုတေး သတိရလာပြီ ဆိုပေမယ့် သူနဲ့အတူ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူချစ်သူ ချောချော သေဆုံးမှုကို မသိသေးဘူးလို့ ဆိုတေးရဲ့ အဒေါ် ဒေါ်ချို ဆီက သိရပါတယ်။

“ချောချော သေဆုံးတဲ့ကိစ္စကို ပြောဖို့လောက်အထိ သတိမရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ သတိကလည်း အကောင်းကြီး မဟုတ်သေးဘူး။ အန်တီတို့ပြောတာကို ခေါင်းခါတယ်၊ ခေါင်းညိတ်တာ လောက်ပဲရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စကိုလည်း ကောင်းကောင်းကြီး သတိမရသေးတော့ ပြောလို့မရသေးဘူးပေါ့။ သတိရခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ဖြစ်မလဲ” လို့ ဒေါ်ချိုက ပြောပြပါတယ်။

ဆိုတေးကို မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာပဲ ကုသနေဆဲ ဖြစ်ပြီး ပုံမှန်အနေအထား ရောက်မလာသေးဘူးလို့ ဆိုတေး ရပါတယ်။

လက်ရှိမှာ နှလုံး အထူးကု၊ အာရုံကြော အထူးကု ဆရာဝန်တွေနဲ့ ကုသနေရ သေးပေမယ့်လည်း နိုင်ငံခြားမှာ ဆေးသွားကုဖို့ လုံးဝ အစီအစဉ်မရှိဘူးလို့ ဒေါ်ချိုက ပြောပါတယ်။

“ဖြစ်ဖြစ်ချင်းထက် စာရင် ပိုကောင်းပါတယ်။ ပုံမှန်လိုမျိုးတော့ သတိတော့ ကောင်းကောင်း မရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ မျက်လုံးကလည်း လူကောင်းတွေလိုမျိုး မဖွင့်နိုင်သေးပါဘူး။ ဆရာဝန်ကြီးတွေကတော့ နည်းနည်း ထပ် ကုသရဦးမယ် ပြောတယ်။ ပုံမှန်အနေအထား ရဖို့တော့ ခက်ခဲဦးမယ်။ စိတ်တော့ရှည်ရမယ် ပြောတယ်။ အဓိက ကတော့ အာရုံကြောထိတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ခွဲစိတ်ပြီး ၃ ရက်အကြာမှာ သတိပြန်ရလာပြီး ကိုယ်လက်တွေလည်း လှုပ်ရှားလို့ ရတယ်လို့ သိရပါတယ်။

ဆိုတေးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေထဲက တဦးဖြစ်တဲ့ မန္တလေးဆေးရုံက တာဝန်ရှိ ဆရာဝန်တဦးက လက်ရှိ အခြေအနေကတော့ တိုးတက်မှုရှိကြောင်းနဲ့ အာရုံကြောတွေ ထိခိုက်သွားတဲ့အတွက် ပုံမှန်အနေအထား ပြန်ရောက်ဖို့ အချိန် ကြာကြာ ယူဖို့ လိုတဲ့အကြောင်း ရှင်းပြပါတယ်။

“အခုအချိန်မှာတော့ သူ့ကိုကြပ်မတ်ဆောင်ထဲ မှာပဲ ကုသနေတုန်းပါပဲ။ ကိုယ်လက်တွေတော့ လှုပ်ရှားနိုင်တယ်။ မှတ်ဉာဏ် အနေနဲ့ကတော့ အရင်က ဖြစ်တာထက်စာရင် တော်တော် ကောင်းလာပါတယ်။ အရှင်းကြီး ပျောက်ဖို့တော့ နည်းနည်း ကြာမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ဆိုတေးနဲ့ ပတ်သက်မှုရှိတယ်လို့ ဆိုလာတဲ့ ထိုင်းနိုင်ငံက ချိုချို ဆိုတဲ့ အမျိုးသမီးနဲ့ ပတ်သက်လို့ အုပ်ထိန်းသူတွေရဲ့ သဘောထားကို မေးကြည့်တဲ့အခါ ဘာမှပြောစရာမရှိဘူးလို့ပဲ သူ့အဒေါ်ဖြစ်သူက ဆိုပါတယ်။

တေးသံရှင် ဆိုတေးဟာ ၂၀၁၁ ခုနှစ်မှာ မီးအိမ်ရှင်စီးရီးနဲ့ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး ၂၀၁၃ ဇူလိုင် ၁၃ ရက်နေ့မှာ အဝေးပြေးကားလမ်း၊ အမြန်လမ်းမကြီး မိုင်တိုင်၂၉၁/ ၃ မှာ ယာဉ် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ၁၄ ရက်နေ့မှာ ဦးခေါင်းပိုင်း ကို မန္တလေး ဆေးရုံမှာခွဲစိတ်ခဲ့ရပြီး ဇူလိုင် ၁၇ ရက်နေ့မှာ သတိ ပြန်ရလာခဲ့ပါတယ်။ ချစ်သူ ချောချောကတော့ ဇူလိုင်
၁၃ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။


Irrawaddy

တေးသံရှင်ဆိုတေး သတိရလာပြီ ဆိုပေမယ့် သူနဲ့အတူ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူချစ်သူ ချောချော သေဆုံးမှုကို မသိသေးဘူးလို့ ဆိုတေးရဲ့ အဒေါ် ဒေါ်ချို ဆီက သိရပါတယ်။

“ချောချော သေဆုံးတဲ့ကိစ္စကို ပြောဖို့လောက်အထိ သတိမရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ သတိကလည်း အကောင်းကြီး မဟုတ်သေးဘူး။ အန်တီတို့ပြောတာကို ခေါင်းခါတယ်၊ ခေါင်းညိတ်တာ လောက်ပဲရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စကိုလည်း ကောင်းကောင်းကြီး သတိမရသေးတော့ ပြောလို့မရသေးဘူးပေါ့။ သတိရခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ဖြစ်မလဲ” လို့ ဒေါ်ချိုက ပြောပြပါတယ်။

ဆိုတေးကို မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာပဲ ကုသနေဆဲ ဖြစ်ပြီး ပုံမှန်အနေအထား ရောက်မလာသေးဘူးလို့ သတင်း ရပါတယ်။

Appleနဲ့ Samsungတို့ရဲ့ တိုက်ပွဲ


ပြိုင်ဆိုင်မှုအင်အား ပြင်းထန်လာနေတဲ့ ကမ္ဘာကျော်မိုဘိုင်း လုပ်ငန်း စုကြီးနှစ်ခုဖြစ်တဲ့ Appleနဲ့ Samsungတို့ဟာ ပြင်းထန်တဲ့ မိုဘိုင်း ဈေးကွက်တစ်ခုကို ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံမှာ ရင်ဆိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ Samsung ဘက်ကအရေးနိမ့်ခဲ့တာကို Appleရဲ့အင်တာနက် စာမျက်နှာတစ်ချို့မှာ ကြေညာထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို အရေးနိမ့်ခဲ့တဲ့အတွက် Samsungတံဆိပ် မိုဘိုင်းပစ္စည်းအချို့ အမေရိကန်မှာ ရောင်းချခွင့် ပိတ်ပင်ခံရနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံက မိုဘိုင်းဈေးကွက်တွေရဲ့ စစ်တမ်းအရ Appleထက် Samsungက ရောင်းချမှုအား အကောင်းဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် အဲဒီတံဆိပ်နှစ်မျိုးစလုံးကို အမေရိကန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ကော်ပိုရေးရှင်း (ITC)မှ ဦးဆောင်စစ်ဆေးမှုများ ပြုလုပ်ကာ အဲ့ဒီတံဆိပ်နှစ်မျိုးစလုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ထုတ်ဖော်ကြေညာပေးခဲ့ပါတယ်။ အဲ့ဒီလို စစ်ဆေး ဖော်ထုတ်ရာမှာ Samsungဘက်က နည်းပညာတစ်ချို့က Appleရဲ့ နည်းပညာအချို့ကို တုပပြုလုပ်ထားတာ တွေ့ရပါတယ်လို့ဆိုပါတယ်။ ဒီစစ်ဆေးမှုမှာ Apple ကို Samsung က ရှုံးနိမ့်သွားတဲ့အတွက် ၎င်းအမှတ်တံဆိပ် ပစ္စည်းအချို့ကို အမေရိကန်နိုင်ငံမှာ ရောင်းချခွင့် ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

ShareThis