menu

Wednesday 1 August 2012

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

 ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။

၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင် “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်” ဟု ဖေါ်ပြပါရှိသည်။

“ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၀ ခုလောက် လုပ်ကိုင်ခွင့် ပေးသွားမှာပါ”(ဒေါက်တာ မောင်မောင်သိမ်း မြန်မာ့အာမခံလုပ်ငန်း (အထွေထွေ မန်နေဂျာ၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး) နှင့် တွေ့ဆုံခြင်း)

  ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်တွင်း အာမခံလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ တခုတည်းသော အာမခံ လုပ်ငန်း အဖြစ် မြန်မာ့အာမခံလုပ်ငန်း က ရပ်တည်ခဲ့ရာမှ မကြာမီ ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုတော့မည် ဖြစ်သည်။

အလျော်အစား ရှိသည့် အာမခံလုပ်ငန်းများအတွက် မည်မျှ ငွေအရင်းလိုသည်၊ နိုင်ငံခြား အာမခံကုမ္ပဏီများအား ဖက်ပြိုင်နိုင်ရန်အတွက် တိုင်းရင်းသားကုမ္ပဏီများအား မည်သို့ အားမွေးရမည်၊ ထိန်းကျောင်း သွားရမည် စသည်တို့ကို သိရှိနိုင်ရန်အတွက် မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာတဦး ဖြစ်ပြီး အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ပါ ယူထားသူ ဒေါက်တာ မောင်မောင်သိမ်း အား မဇ္ဈိမ က တွေ့ဆုံ မေးမြန်းထားသည်။

မြန်မာပြည်၏ ပထမဆုံး Digital လျှပ်စစ်မီတာအား နေပြည်တော်ဒေသတွင် စတင်တပ်ဆင်



မြန်မာပြည်၏ ပထမဦးဆုံး Digital လျှပ်စစ်မီတာအား နေပြည်တော်ကောင်စီနယ်မြေဖြစ်သော နေပြည်တော်လယ်ဝေးဒေသတွင်၂၀၁၂ ခုနှစ်ဇူလိုင်လ ၁၅ ရက်နေ့က တပ်ဆင်လိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကပြောသည်။ ယခင် လျှပ်စစ်အားကောက်ခံရာတွင် တပ်ဆင်ထားသော Analog လျှပ်စစ်မီတာများသည် သုံးစွဲသူ၏နေအိမ်တွင် တပ်ဆင်ထားလေ့ရှိသော်လည်း

ယခုတပ်ဆင်အသုံးပြုသော Digital လျှပ်စစ်မီတာများမှာ (၄) လုံးတစ်တွဲဖြင့် လျှပ်စစ်မီတာတိုင်များတွင် တပ်ဆင်ခြင်းဖြစ်ကြောင်း၊ ထိုသို့တပ်ဆင်ထားခြင်းသည် နိုင်ငံတကာအဆင့်မီနည်းစနစ်ဖြင့် မီတာဖတ်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါနည်းစနစ်မှာ ဂျပန်၊ ကိုရီးယားအပါအ၀င် ခေတ်မီနိုင်ငံကြီးများတွင် အသုံးပြုလျက်ရှိသော နည်းပညာဖြစ်ကြောင်း သိရသည။်

မြန်မာနိုင်ငံမှာ အီရန်နိုင်ငံ သံရုံး ဖွင့်လှစ်ဖို့ စီစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင်သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဖွယ်ရှိ


ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလအတွင်းသွားရောက်မည့်အမေရိကန်ခရီးစဉ်တွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာဝေးကွာနေသော သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။

မြန်မာနာမည် ကိုမြင့်ဆန်းအောင်ဟုခေါ်သော မစ္စတာအလက်ဇန္ဒားအဲရစ်သည် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် ပြည်
နယ်ရှိ  စီရက်တဲလ်မြို့တွင်  နေထိုင်လျက်ရှိပြီး လေယာဉ်စီးရန် အဆင်မပြေသည့် ဝေဒနာရှိသည့်အတွက် မိခင်ဖြစ်သူထံလာရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သော အင်္ဂလန်ခရီးစဉ်အတွင်း မိသားစုပြန်လည်   တွေ့ဆုံမှုတွင်လည်းသားကြီးအလက်ဇန္ဒားတက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မရွှေဒေါင်း မရေသည် ငဘနှင့် ကြုံရာကျရာ မောင်ဘသာ(လေးလွင်လတ်)

()
ဘာမှမပေးရင် ဘာမှမရဘူးဆိုတဲ့ စကားဟာ အလွန်ရိုးစင်းတဲ့ စကားဖြစ်ပေမဲ့ ဒီကနေ့အထိ မရိုးနိုင်ဘဲ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ Give and Take ဆိုတာ လည်း ဒီသဘောပဲ ဖြစ်ပါလိမ့်မယ်။ အပေးရှိမှ အယူရှိနိုင်မယ်၊ မပေးရင်  မရနိုင်ဘူးဆိုတဲ သဘောပေါ့။ ကျောင်းပညာသင်ရာမှာလည်း ခေတ်အဆက်ဆက် အဲဒီသဘောတရားအတိုင်း ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။ ပညာကို ငွေကြေးနဲ့ ဆက်ပြီး သင်ယူခဲ့ကြရတာပါ။
အခုအခါ မူလတန်းပညာ အခမဲ့သင်ကြားနိုင်ရေးဆိုတဲ့ အစိုးရရဲ့အစီအစဉ်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ကြပြီ ဆိုရင်တော ၀မ်းပန်းတသာ ကြိုဆိုရမှာပါ။ တစ်ဆက်တည်းမှာပဲ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုတဲ ဦးတည်ချက်နဲ့ ဆွေးနွေးတိုင်ပင်မှု သတင်းတွေ ကိုပါ ကြားရပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း တွေ့နေရပါတယ်။

အစိုးရ မဖြစ်မီနှင့် ဖြစ်အပြီး(ရေးသားသူ- မောင်သာချို)


(တစ်)
ဟုတ်မှ ဟုတ်ပါရဲ့လားဟုဆိုကာ ကိုယ့်မျက်လုံးကို ကိုယ်ပြန်ပွတ်သပ်ပြီး နောက်တစ်ခါ ပြန်ကြည့်ရသည့် သတင်းတစ်ပုဒ်ကို ယခုရက်ပိုင်း
ကလေးများအတွင်း သတင်းစာမျက်နှာများပေါ်၌ ဖတ်ခွင့်ရရှိခဲ့ပါသည်။ ယခင်အစိုးရ အဆက်ဆက်မရှိခဲ့ဖူးသည့် သတင်း။   Clean Government
ခေါ် သန့်ရှင်းသော အစိုးရအတွက် မရှိမဖြစ်သတင်း၊   Good Governanceခေါ် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အလိုအပ်ဆုံးသတင်း။

အစိုးရအဖွဲ့ဝင်တွေ ကိုယ့်အိတ်ထဲမှာ ရှိသမျှကို အိတ်သွန်ဖာမှောက်ချပြထားကြရလေမတဲ့။ ပြည်ထောင်စုအဆင့် အစိုးရအ ဖွဲ့ဝင်များ၊
 တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအ ဖွဲ့ဝင်များသည် မိမိတို့၏ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေညာကာ မှတ် တမ်းတင်ထားရန်ဖြစ်ပါသည်။ အဆိုတင်သွင်းသူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ထောက်ခံသူကမြေပုံမဲဆန္ဒနယ်က ဦးဖေသန်း။

လျှပ်တပြက်သတင်းဂျာနယ် ပြန်လည် ထုတ်ဝေခွင့်ရ

ရန်ကုန်၊ သြဂုတ် ၁

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ဇွန်လ တတိယပတ်ခန့်မှ စတင်ကာ ထုတ်ဝေခွင့် ယာယီ ရပ်နားခံထားရသော လျှပ်တပြက်သတင်းဂျာနယ်ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှ စတင်၍ ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောကြားသည်။

“၉ ရက်နေ့ သို့မဟုတ် ဒီတစ်ပတ် ၁၀ ရက်နေ့ ထွက်ဖြစ်မယ်လို့ ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ပိတ်ခံရတာချင်း မတူဘူး။ အားလုံးကတော့ ကျင့်ဝတ်အတိုင်း ရေးကြတာပဲ။ သူတို့ကတော့ စာပေစိစစ်ရေးရဲ့ စည်းကမ်းတွေကို မလိုက်နာလို့ လို့တော့ ပြောတယ်။ ဘာစည်းကမ်းတွေမှန်း မသိဘူး။ ကျွန်တော် ၂ လတောင် ကြာသွားတယ်။ အရင်ကလည်း ထောက်လှမ်းရေးခေတ်ကလည်း ၉ နှစ်တောင် အပိတ်ခံရဖူးတယ်” ဟု ဦးမြတ်ခိုင်က ဆိုသည်။

" အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်လေ့လာရန် ပါတီ ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား"

"တရားမဝင် မြန်မာလုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရ"

တရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် စတင် လိုက်သည်။
မဲဆောက်မြို့ပြင်ရှိ မဲ့ကဆာ ရွာအမှတ် ၂၆၁ ရပ်က
ွက် ၁ဝတွင် တည်ရှိသည့် စိုင်းမွန်းအမှတ်တံဆိပ် ဖိနပ်စက်ရုံကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက မဲဆောက်အာဏာပိုင် များက ရှောင်တခင် ဝင်ရောက်စစ် ဆေးခဲ့ပြီး တရားမဝင်အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမား ၆၈ ဦးကို ထိုင်းရဲက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။
ရှောင်တခင်ဖမ်းဆီးမှုတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်နှင်ဒဏ်ပေးမည်ဖြစ်ပြီး အလုပ်ရှင်ကို ဥပဒေအရ အရေးယူမှုများ ဆောင် ရွက်သွားမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက သတင်း ထောက်များကို ပြောသည်။

တံငါနားနီး တံငါ(နီမင်းဆွေ)

'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရမယ်၊ အဲဒီလိုမှ မခိုင်းခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်းတာတွေကို လုပ်ပေးရတဲ့ ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမစကားလေးကို ပြန်သတိရပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို . . .


'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့် ကိုယ်ကိုယ်ခိုင်းရမယ်၊ အဲဒီလိုမှမခိုင်း ခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်း တာတွေကို လုပ်ပေးရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမ စကားလေးကို ပြန်သတိ ရ ပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့် စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်လို့ လည်း ဖြည့် စွက်ပြီး စဉ်းစားနေမိပါတယ်။

မီးသတ်ယာဉ်အစီး ၁၀၀ တင်သွင်းမည်


မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ် စခန်းများ၌ လိုအပ်ချက်ရှိနေသော မီးသတ်ယာဉ်အသစ်အစီး ၁၀၀ကို မီးသတ်ဦးစီးဌာနက တင်သွင်းမည် ဖြစ်ရာ ပထမအသုတ်အနေဖြင့် အစီး ၂၀ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ဒါတင်သွင်းရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။

မီးသတ်ဦးစီးဌာနတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင်ပြုလုပ်သော အိတ်ဖွ
င့် တင်ဒါအရ ရေဂါလန် ၈၀၀ မှ ၁၂၀၀ ဆံ့ မီးသတ်ယာဉ်အသစ် ၁၀၀ စီးကို ပစ္စည်း ၀ယ်ယူမှု စိစစ်ရေးကော်မတီက ရွေးချယ်ခွင့်ပြုခဲ့သည့် ကုမ္ပဏီအနေဖြင့် ယင်းမီးသတ်ယာဉ်များကို ငါးကြိမ် ထက် မများသော အသုတ်အလိုက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးပေးသွင်းရမည်ဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ကုလ အထူးကိုယ်စားလှယ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှု

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့ မနက်က စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
UN Photo/Eskinder Debebe
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe)
မနက်ပိုင်းမှာ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပြီး မွတ်စလင်ဘာသာဝင်တွေ ခိုလှုံနေတဲ့ စခန်းတချို့ကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ခုံတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်ချမှတ်ခဲ့သည့် ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရန် ဂျပန် TBS မှလာရောက်ရိုက်ကူး




5182
ဂျပန် TBS မှ ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား ရိုက်ကူးမှုပြုလုပ်ခဲ့မှုများ တွေ့ရစဉ်
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နောက်ပိုင်း ၁၉၄၆ ခုနှစ်က အင်္ဂလိပ်မဟာတပ်များက စစ်ခုံးတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်အမိန့်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော် ခန်းမ အပေါ်ဆုံးထပ်အား ဂျပန် ပြည်သူများနှင့် နိုင်ငံတကာသို့ အချိန် ၃ မိနစ်စာ သတင်းပုံစံမျိုးပြသရန် အတွက် ဂျပန် TBS (Tokyo Broadcasting Station) ဇူလိုင်လ၇ ရက် နေ့တွင် လာရောက်ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
“TBS က သတင်းပုံစံမျိုး ၃ မိနစ်စာ ဂျပန်ပြည်သူနဲ့ နိုင်ငံတကာကို ပြသထုတ်လွှင့်ပြသဖို့အတွက်  လာရောက်ရိုက်ကူးတာ ဖြစ်ပါတယ်။ သူတို့က ပြန်ကြားရေးဝန်ကြီးဌာန က တစ်ဆင့် ဆက်သွယ်ပြီးလာတာပါ။ အဖွဲ့ကဂျပန် ၃ ပါပါတယ်။ JICA ကတစ်ဦး နဲ့ TBS က နှစ်ဦးပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူးဦးလှမြင့်ဆွေက ပြောပြခဲ့သည်။

စာနယ်ဇင်းအချို့ အရေးယူခံနေရခြင်းများနှင့်စပ်လျ ဉ်း၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေညာချက်(၄/၂၀၁၂)ထုတ်ပြန်

၁။ ပြည်တွင်းထုတ် The Voice နှင့် Envoy ဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနက ချမှတ်ထားသည့် စည်းကမ်းအချို့ကို ဖောက်ဖျက်သည်ဆိုကာ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

၂။ မကြာသေးမီကလည်း ပြည်တွင်းထုတ် လျှပ
်တစ်ပြက်ဂျာနယ်အား စည်းကမ်းဖောက်ဖျက်မှုဖြင့်ပင် ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်မှာ ယနေ့တိုင် ထုတ်ဝေခွင့်ပြန်လည်မရရှိသေးဘဲဖြစ်နေပါသည်။

၃။ယခုလို အုပ်ချုပ်ရေးနည်းလမ်းဖြင့် အရေးယူနေသလို တစ်ဖက်တွင်လည်း တရားဥပဒေဖြင့်လည်းအရေးယူခြင်းများပြုလုပ်နေရာ The Voice နှင့် လျှပ်တစ်ပြက်ဂျာနယ်နှစ်စောင်မှာ ယနေ့တိုင် တရားရင်ဆိုင်နေရဆဲဖြစ်ပါသည်။

ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် ပိတ်ပင်

ရန်ကုန်မြို့မှာ အပတ်စဉ် ထုတ်ဝေနေတဲ့ The Voice ဂျာနယ်နဲ့ အင်ဗွိုင်းဂျာနယ်တွေကို အစိုးရ စာပေစိစစ်ရေး ဌာနက စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့ကစလို့ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပါတယ်။
photo: The Voice Weekly Journal
ဝန်ကြီး (၅) ဦး အပြောင်းအရွှေ့ သတင်း ဖော်ပြထားသည့် The Voice weekly ဂျာနယ်
အခုတစ်ပတ်အတွက် ထုတ်ဝေတဲ့ The Voice ဂျာနယ်မှာ ဖော်ပြထားတဲ့ ၀န်ကြီး (၅) ဦး အပြောင်းအရွှေ့ သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေတာကို သရော်ထားတဲ့ ကာတွန်းရွှေဘိုရဲ့ လက်ရာကာတွန်းကို ဖော်ပြခဲ့တဲ့ အတွက်ကြောင့် အခုလို ပိတ်ပင်ခံရတာလို့ ဂျာနယ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ပြန်လည် ရေးဆွဲရန် အတည်ပြု

မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ တက္ကသိုလ် ပညာရေး ဥပဒေ မူကြမ်းအသစ် ပြန်လည် ရေးဆွဲရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။
အဲဒီ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပါဝင်ဆွေးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားတာ ဖြစ်ပါတယ်။

ရွှေသံလွင် ကုမ္ပဏီ ရုပ်သံလိုင်းသစ် ထပ်မံ ထုတ်လွှင့်မည်

ရန်ကုန်၊ သြဂုတ် ၁

အင်္ဂလိပ်ဘာသာ စကားဖြင့် နိုင်ငံတကာသို့ အခမဲ့ ထုတ်လွှင့်ပြသနေသည့် Myanmar International နှင့် Sky Net အခပေး ရုပ်သံလိုင်းများကို ထုတ်လွှင့်နေသည့် ရွှေသံလွင် ကုမ္ပဏီက အခမဲ့ရုပ်သံလိုင်းသစ် တစ်လိုင်း ထုတ်လွှင့်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အရင်ဦးဆုံး Testing အနေနဲ့ Sky Net ကနေ တစ်လ နှစ်လလောက
် ထုတ်လွှင့်သွားဦးမယ်။ နောက်ပိုင်းကျရင်တော့ Free to Air ပေါ့” ဟု ၎င်းက ဆိုသည်။

မင်နီတားခံ ကာတွန်းများ၏ တစ်ခေတ်အလွန်(ရေးသားသူ- ဥက္ကာကိုကို)

 တိုက်ပုံ၊ ခေါင်းပေါင်းဝတ်ဆင်ထားသည့်လူတစ်ဦးက အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟု
ကမ္ပည်းထိုးထားသောအုတ်ဂူရှေ့သို့သွား၍ “ငွေစက္ကူအသစ်မှာ ဗိုလ်ချုပ်ပုံမပါတာ ၀မ်းနည်းမိပါတယ်ခင်ဗျာ”ဟုပြောနေသည်။ ဤတွင်
 ဗိုလ်ချုပ်အောင်ဆန်း၏ အုတ်ဂူထံမှ အသံပြန်ထွက်လာပါသည်။ ထိုအသံမှာ “၀မ်းမနည်းပါနဲ့ ကိုယ့်လူ၊ လာဘ်ပေးလာဘ်ယူကို ဒီငွေနဲ့
 လုပ်ကြတာဆိုတော့ ငါ့ပုံနဲ့ဆို ငါလည်းကြံရာပါ ဖြစ်နေမှာ။ ဒီအတိုင်းပဲကောင်းပါတယ်”ဟူ၍ဖြစ်လေသည်။

တိုင်းပြည်တစ်ပြည် ပွင့်လင်းလာသည်နှင့်အမျှ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ မီဒီယာတို့လည်း ပိုမိုပွင့်လင်းလာရပြီး ပညာရှင်တို့မှာလည်း
 အတွေးရဲရဲ၊ အရေးရဲရဲဖြင့် လွတ်လပ်စွာ တစ်ဖန်ဆန်းသစ်နိုးထလာကြသည်သာ ဖြစ်သည်။ ထိုအခြင်းအရာသည် အသစ်
အသစ်များဖြင့် ပြန်လည်တည်ဆောက်နေသော  မြန်မာနိုင်ငံကဲ့သို့သော   တိုင်းပြည်အတွက် အလားအလာကောင်းမွန်သည့်
တိုးတက်မှုများပင်ဖြစ်ပါသည်။ ပွင့်လင်းမှုများနှင့်အတူ ဖြစ်ပေါ်လာရသည်ဟု ဆိုရမည်ဖြစ်သည့် ကာတွန်းပြပွဲကြီးတစ်ခုကို ဇူလိုင်
လ ၂၆ရက်မှ ၂၉ရက်အထိ ရန်ကုန်မြို့ရှိ လောကနတ်အနုပညာပြခန်းတွင် ခြိမ့်ခြိမ့်သဲသဲကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုရန်အတွက် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်




5187
ကမ္ဘာ့ဘဏ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်စဉ်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုရန် အတွက် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရန် ပြင်ဆင်နေကြောင်း ကမ္ဘာ့ဘဏ်အုပ်စုက သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။
ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ်က အဆိုပါ ထောက်ပံ့ကြေးငွေကိစ္စကို ရန်ကုန်မြို့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ကြေးငွေ များကို ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က သဘောတူညီပါက အောက်တိုဘာလ တွင် စတင်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis