menu

Friday 26 October 2012

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား




26mt1
SNLD တည်ထောင်ခြင်း ၂၄ နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် ဦးခွန်ထွန်းဦးအား တွေ့ရစဉ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှု မရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောပါသည်။
ဦးခွန်ထွန်းဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော SNLD တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် Eleven Media Group နှင့် တွေ့ဆုံရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဆွေးနွေးတာတွေ ရှိပေမယ့်လို့ မသဲကွဲဘူး ဖြစ်နေတယ်။ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးတာလား။ ယုံကြည်မှု တည်ဆောက်ဖို့ ဆွေးနွေးတာလား။ နိုင်ငံရေးအရ ဆွေးနွေးတာလား။ မသဲကွဲဘူး ဖြစ်နေတယ်။ အခုဆို KIO က နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြောနေတယ်”ဟု ဦးခွန်ထွန်းဦးက ပြောပါသည်။

ရခိုင်ပြည်နယ်ပဋိပက္ခ သေဆုံးသူ ဦးရေ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင
်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓား၊ လှံ၊ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊

နှစ်ငါးဆယ်ကျော် ဟိုအတိတ်ကိုပင်လွမ်း(ရေးသားသူ- သင်းရီ)

Photo: နှစ်ငါးဆယ်ကျော် ဟိုအတိတ်ကိုပင်လွမ်း

ရေးသားသူ- သင်းရီ

တစ်နေ့က မဂ္ဂဇင်းတစ်အုပ်ကို ထိုင်ဖတ်နေသော ကျွန်တော့်အပါးသို့ ဒုတိယတန်းတွင် ကျောင်းတက်နေသည့် မြေးမလေးက သူ့လေ့ကျင့်ခန်းစာအုပ်ကလေးကိုင်ကာ ရောက်လာသဖြင့် ဖတ်လက်စစာအုပ်ကို ဘေးချထားလိုက်ရသည်။ ကျွန်တော် သဘောပေါက်ပြီးသားဖြစ်၏။ သူကျက်ထားသည့်စာတွေကို ကျွန်တော့်ထံ နှုတ်တိုက်အာဂုံ အလွတ်ပြန်ဆိုဖို့ ရောက်လာခြင်းဖြစ်သည်။ သူက ဉာဏ်အလွန်ကောင်းသည်။ စာတစ်ပုဒ်ကို ခဏလေးကျက်ရုံနှင့် အလွတ်ရတတ်သည်။ လစဉ်စာမေးပွဲတွေ၌လည်း အဆင့်ကောင်းကောင်းရသည်။ သူ့ရမှတ်တွေက ဘာသာတိုင်းတွင် ၉၅-၁၀၀ တွေချည်းလိုလိုဖြစ်သည်။

“ဘဘ.. သမီး သိပ္ပံအလွတ်ဆိုမယ်”

သူဖွင့်လျက်သား ကိုင်လာသည့် သူ့လေ့ကျင့်ခန်းစာအုပ်ကလေးကို ယူဖတ်ကြည့်လိုက်သည့်အခါ မေးခွန်းက “သင့်ကျောင်းတွင်ရှိသော အစိုင်အခဲငါးမျိုးကိုဖော်ပြပါ” ဖြစ်လျက် အဖြေက “ကျွန်ုပ်၏ကျောင်းတွင်ရှိသော အစိုင်အခဲငါးမျိုးမှာ ကျောက်သင်ပုန်း၊ စားပွဲ၊ ကုလားထိုင်၊ သောက်ရေအိုး၊ တံမြက်စည်းတို့ ဖြစ်ပါသည်”ဟု ဖြစ်၏။

မေးခွန်းနှင့်အဖြေကို ဖတ်မိသည့်အခါ ကျွန်တော် မျက်မှောင်ကုပ်သွားရသည်။ သည်စာကို အလွတ်ကျက်ရန် လိုအပ်သည့်စာဟု ကျွန်တော်မထင်။ ထို့ကြောင့် “ဒီ အဖြေက မြေးဘာသာမြေး ရေးလာခဲ့တာ မဟုတ်ဘူးလား။ ကျက်စရာလိုသေးလို့လား မြေးရယ်”ဟု ကျွန်တော်မေးသည့်အခါ “ဆရာမ သင်ပုန်းပေါ်မှာ ရေးပေးတာကို သမီးကူးလာခဲ့တာ ဘဘ”ဟု ဆိုသဖြင့် ကျွန်တော့်စိတ်ထဲ ပို၍ဘ၀င်မကျ ဖြစ်လိုက်ရ၏။

ပညာသင်ကြားခြင်း၏ အဓိက ရည်ရွယ်ချက်ဟာ ဘာလဲဟု ကျွန်တော်တွေးမိရသည်။ ကျွန်တော် နားလည်သလောက်ဖြင့် ပညာသင်ကြားခြင်း ဆိုသည်မှာ မိမိဘာသာ ကြည့်မြင်စဉ်းစားတွေး ခေါ်ချင့်ချိန်ဆုံးဖြတ် လုပ်ကိုင်တတ်အောင် မူလတန်းကျောင်းသားလေးဘ၀မှပင် စတင်လျက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်ဟု မြင်သည်။ ရေးပေးသည်ကိုသာ နှုတ်တိုက်ကျက်ရသည့် ကြက်တူရွေးစာအံ သင်ကြားပုံကို စစ်မှန်သော ပညာသင်ကြားနည်းဟု ကျွန်တော်ကလက်မခံချင်။

တကယ်တော့ ဆရာမက သင်ပုန်းပေါ်တွင် ချရေးပေးလိုက်မည့်အစား အခန်းထဲတွင်ရှိသော အစိုင်အခဲအရာဝတ္ထုတွေကို ကလေးတွေကိုယ်တိုင် ကြည့်ရှုမှတ်သားစေပြီးမှ ကျောင်းသားကို သူ့ဘာသာသူ ပြန်ရေးခိုင်းလျှင် မကောင်းပေဘူးလားဟု တွေးမိသည်။

ထို့ကြောင့် “မြေးရယ် မြေးတို့ စာသင်ခန်းထဲမှာ ကျောက်သင်ပုန်း၊ စားပွဲ၊ ကုလားထိုင်တွေပဲရှိသလား။ တခြားမရှိတော့ဘူးလား။ မြေးပဲ အခုတွေးကြည့် လိုက်စမ်းပါဦး”ဆိုသည့်အခါ မြေးမလေးက ခေါင်းခါသည်။ ဆရာမရေးပေးလိုက်သည့်အတိုင်းပဲ ကျက်မည်။ အဲဒီထဲကအတိုင်းသာ ဘဘက လိုက်ကြည့်ပေးပါဟု ဆိုသည်။ ဆရာမ ရေးပေးလိုက်သည့်အတိုင်း မဟုတ်လျှင် အမှတ်မရမှာ စိုးရိမ်ပုံရသည်။ ကျွန်တော်ပြောသည့်စကားကို လက်ခံမည့်ပုံမပေါ်သဖြင့် လက်လျှော့ကာ သူဆိုတာကိုပဲ နားထောင်ပေးလိုက်ရ၏။

နောက်တစ်ခု မှတ်မှတ်သားသား ထားမိခဲ့တာတစ်ခုလည်း ရှိသေးသည်။ တမြန်နှစ် ဆယ်တန်းစာမေးပွဲ နီးချိန်တုန်းကဖြစ်၏။ ဆယ်တန်းဖြေမည့် တူမ၀မ်းကွဲလေးတစ်ယောက် ကျွန်တော့်ဆီရောက်လာသည်။

“ဦးဦး သမီးကို စာမေးပွဲအတွက် “မေ့မရသော သူငယ်ချင်းတစ်ယောက်”ဆိုတဲ့ စာစီစာကုံးရယ်၊ “အနှစ်သက်ဆုံးဂျာနယ်တစ်စောင်”ဆိုတဲ့ စာစီစာကုံးရယ် နှစ်ပုဒ်လောက် ရေးပေးစမ်းပါ”ဟုဆိုလာသဖြင့် ဘာလုပ်ဖို့တုံးသမီးရဲ့ မေးတော့ သူကဖြေသည်။ “စာမေးပွဲအတွက် ကျက်ဖို့ပေါ့ ဦးဦးရဲ့”တဲ့။

ကျွန်တော်မျက်ခုံးအနည်းငယ် ပင့်သွားသည်။ သည်တူမလေးက ပညာရေးတွင် ခပ်ညံ့ညံ့ထဲမှမဟုတ်။ သူ့မိဘများကဆို သည်နှစ်ဆယ်တန်းတွင် သူ့ကို ဂုဏ်ထူးတွေ ဘာတွေတောင် မှန်းထားသည်။ သည်လိုကလေးက ကျွန်တော့်ဆီလာပြီး အလွတ်ကျက်ဖို့ မြန်မာစာ စာစီစာကုံးရေးပေးပါဆိုတော့ “ဟ ဘယ်လိုကြီးတုံး”ဟု အံ့သြရသည်။

“သမီးရယ် ကိုယ့်သူငယ်ချင်းအကြောင်းရေးတာပဲ သမီးကိုယ်တိုင်ရေးတာထက်ပဲ ဦးဦးရေးတာက ပိုကောင်းနိုင်ပါ့မလား” ကျွန်တော်ပြောတော့ သူက ခပ်တိုတိုပဲ လိုရင်းကိုပြောသည်။ “သမီးမှ မရေးတတ်တာ”တဲ့။ မြန်မာစာ စာစီစာကုံးကိုပင် မရေးတတ်ပါဘူးဟု ဆိုနေသော စာတော်သည့် ဆယ်တန်းကျောင်းသူ တူမလေးကို ကျွန်တော် တအံ့တသြ ကြည့်မိရသည်။ သို့သော် မကျေနပ်နိုင်သေးသဖြင့် တိုက်တွန်းစကားဆိုမိပြန်သည်။

“အကြိုက်ဆုံး ဂျာနယ်ဆိုတာလေး ရေးကြည့်ပါလား။ ဂျာနယ်တွေမှ အပုံအပင် အမျိုးပေါင်းတစ်ရာကျော်လောက်တောင် ရှိမလားပဲ။ အဲဒီအထဲက တစ်စောင်စောင်လောက်အကြောင်း ရေးကြည့်ပါလား သမီးရယ်”

သည်တော့လည်း သူက ခေါင်းခါပြန်သည်။ ခေါင်းခါရုံမျှမဟုတ် ပွင့်ပွင့်ဟဟပင် ရိုးသားဖြူစင်စွာ ရယ်လိုက်သေးသည်။

တူမလေး၏ ဟန်ပန်မျက်နှာထား အဖြူထည်သက်သက်ပေါ်တွင် မြန်မာစာ စာစီစာကုံးမရေးတတ်သည့် ဆယ်တန်းကျောင်းသူတစ်ဦး၏ ရှက်ရွံ့နေသော အရိပ်အယောင်တစ်ခုမျှ မတွေ့ရ။

“အဲဒါမှ ပိုဆိုးရော ဂျာနယ်မှ သမီး မဖတ်ဖူးတာ ဦးဦးရဲ့။ ကဲပါ ဦးဦးရယ် အဲဒီနှစ်ပုဒ်ကို ရေးသာပေးပါ။ စာမေးပွဲမှာ ပါမယ်လို့ သမီး စပေါ့တ်ရထားလို့ပါ။ သန်ဘက်ခါကျရင် လာယူမယ်နော်။ ဦးဦးကို ရက်ဒ်လေဘယ်တစ်လုံး ကန်တော့ပါ့မယ် ဦးဦးရယ်နော်” ရောင်းတန်းစာစီစာကုံးစာအုပ်တွေထဲက ကျက်ရင် သူများတွေနဲ့ တူနေမှာစိုးလို့ ရေးပေးပါနော် ဦးဦး။ သမီးက စာစီစာကုံးတစ်ခုပဲလိုနေတာ။ ကျန်တာတွေက အကုန်လုံးကို အပိုင်ကျက်ထားပြီးသား စာစီစာကုံးသာရ မြန်မာစာ ဒီထွက်ပြီပဲ””

ကျွန်တော်က ရေးပေးပါ့မယ် မပြောသရွေ့ သူပြန်မည့်ပုံမပေါ်။ သူတကယ် မရေးတတ်တာသေချာသည်။

“ကဲကဲ ရက်ဒ်လေဘယ်တွေ ဘာတွေ လုပ်မနေပါနဲ့ကွာ။ ဦးဦးရေးပေးပါ့မယ်”ပြောလိုက်မှ ပြုံးပြုံးရွှင်ရွှင်နှင့် သူပြန်ပြေးသွားတော့သည်။

ပျော်ရွှင်စွာ ပြန်သွားသည့် တူမလေးကိုကြည့်ရင်း ကျွန်တော်ကဖြင့် ရင်မော၍ ကျန်ခဲ့ရပါသည်။

အတန်းစဉ်တွင် အမှတ်ကောင်းကောင်းဖြင့် အောင်လာခဲ့သည့် ဆယ်တန်းကျောင်းသူတစ်ယောက်က မြန်မာစာ စာစီစာကုံး တစ်ပုဒ်ကိုပင် မရေးတတ်သဖြင့် တစ်ပါးသူရေးပေးသည့် စာစီစာကုံးကို အလွတ်ကျက်၍ ဆယ်တန်းစာမေးပွဲကို ဖြေရမည်ဆိုသည့်အခါ ကျွန်တော့်စိတ်ထဲ မကြည်လင်နိုင်တော့။

သည်ခေတ်ပညာရေးဆိုတာက အဲဒီလိုကြီးလားတွေးမိသည်။ သည်လိုဆိုလျှင် ဉာဏ်ပညာဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မည်လဲ။ ဘောင်တစ်ခုအတွင်းမှ ကျက်မှတ်ထားသည်များကို ပြန်လည်ရွတ်အံ အာဂုံဆောင်ရသည့် အလုပ်သက်သက်ဖြင့် အတန်းစဉ်ကို ဖြတ်သန်းကာ ဘွဲ့လက်မှတ်တစ်ခုခု ရရှိသွားခြင်းသည်ပင် ပညာ၏ ပြီးပြည့်စုံသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဟုဆိုလျှင် သေးသိမ်လွန်းစွတကားဟု ကျွန်တော် ညည်းတွားမိရသည်။

ပညာဆိုသည့် စကားလုံးကို အဘိဓာန်တွင် ကြည့်မိတော့ “အသိဉာဏ်၊ အပြားအားဖြင့် သိတတ်သောဉာဏ်၊ ဆည်းပူးယူရသော အသိဉာဏ်၊ ယင်းအသိဉာဏ်ကို ရရာရကြောင်း ရှာဖွေဆည်းပူးအပ်သောအတတ်”ဟု တွေ့သည်။

အခြား အဘိဓာန်တစ်ခု၌လည်း ပညာအပြားမျိုးသုံးပါးဟု ပညာကို ဖွင့်ဆိုရာ၌ စိန္တာမယပညာ (ကြံစည်သဖြင့် သိအပ်သော အရာမျိုး)၊ သုတမယပညာ (သူတစ်ပါးထံမှာကြား၍သိသော အရာမျိုး)၊ ဘာဝနာမယပညာ (ပွားများသဖြင့် သိသောအရာမျိုး)ဟု တွေ့ရသည်။ ပညာရခြင်း၏ အကြောင်းရှစ်ပါးထဲတွင်လည်း ပရိပုစမေးမြန်းခြင်းဖြင့် ရခြင်း။ ယောနိသော မနသိကာယ ဝေဖန်ကြံဆခြင်းဖြင့် ရခြင်းဟု တွေ့ရသည်။

အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်တွင်မူ (experience and knowledge together with the power of applying them critically or partically) ဟု Wisdom ဟူသော ဉာဏ်ပညာကို ဖွင့်ဆို၏။ အတွေ့အကြုံနှင့် အသိပညာကို ပေါင်းစပ်ကာ ဆင်ခြင်တိုင်းတွာ လက်တွေ့ဆောင်ရွက်နိုင်ခြင်းဟု အဓိပ္ပာယ်ရပေမည်။

သို့ဆိုလျှင် ပေးထားရင်းစွဲကို ထိုးထွင်းဉာဏ်မဲ့စွာ နှုတ်တိုက်ကျက်မှတ်ရသည့် ယခုခေတ် သင်ကြားရေးစနစ်က ကိုယ်ပိုင်ဦးနှောက်အပေါ် အားကိုးအားထားပြုရဲသည့် ပီဘိလူချွန်လူတော်လေးတွေ ပေါ်ပေါက်အောင် မွေးထုတ်ပေးနိုင်ပါ့မလားဟု သံသယပွားပူပန်မိသည်။

ဆယ်တန်းရောက်သည့်တိုင် ကိုယ့်ပတ်ဝန်းကျင်တွင် တောင်လိုပုံနေသည့် ဂျာနယ်တွေထဲမှ တစ်စောင်တလေကိုတောင် ယောင်လို့မှ ဖတ်မကြည့်ခဲ့ဖူးသည့်၊ မြန်မာလိုရေးရသည့် စာစီစာကုံးမျှကိုပင်လည်း တစ်ပုဒ်ဖြစ်အောင် မရေးဖူးသေးသည့် တူမလေးအကြောင်းတွေးရင်းနှင့်မှ စာရေးသူငယ်စဉ်မူလတန်းကျောင်းသားလေးဘ၀ကို ပြန်လည်သတိရမိသည်။

စာရေးသူတို့ငယ်ငယ် တတိယတန်း၊ စတုတ္ထတန်းကျောင်းသားအရွယ်ကပင် စာစီစာကုံးရေးတတ်အောင် ငယ်ဆရာများက သင်ကြားပေးခဲ့ဖူးပါသည်ဟုဆိုလျှင် ပုံပြင်ဟုပင် ထင်ကြလေမည်လားမသိပါ။ ပုံပြင်ဟုပင်ထင်ဦးတော့ ပြန်ပြောပြချင်ပါသေးသည်။

တကယ်တော့ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမတန်း၊ ဒုတိယတန်းဆိုသည့် လက်ဦးမဆွကတည်းကပင် မြန်မာစာကို ရေရေလည်လည် ရေးတတ်ဖတ်တတ်အောင် အပိုင်အနိုင်သင်ကြားပေးခဲ့ကြသည့် ကံ့ကူလက်လှည့်ငယ်ဆရာများ၏ ကျေးဇူးကို ယနေ့အထိမေ့လို့မရ။

အထူးသဖြင့်ကား ကျွန်တော်၏ ငယ်ဆရာတစ်ဦးဖြစ်သော တတိယတန်းအတန်းပိုင် ဆရာကြီးဦးလှမောင်ကို အမြဲလို သတိရနေမိသည်။ ယခုတော့ ဆရာကြီးကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းကြာလှပြီ။ ကျွန်တော်ကဖြင့် မမေ့နိုင်သေးပါ။

ဆရာကြီးက စေတနာအသင်အပြ ကောင်းသလောက် စိတ်တော့ဖြင့် နည်းနည်းတိုတတ်၏။ လက်သံကလည်းပြောင်သည်။ ထိုဆရာနှင့်မှ ကျွန်တော်က တည့်တည့်တိုးလေ၏။

ကျွန်တော်ဆိုသည့် အကောင်ကလည်း ခွပ်မယ့်ကြက် အမောက်ကလေးအရဲသားနှင့်ဆိုသလို အကောင်မျိုး။ တွေ့ကြပြီဆိုတော့ တကယ့်ကိုမှ မှတ်မှတ်ရရ...။

အဲဒီနေ့က ကျွန်ုပ်တို့၏ ကျောင်းပတ်ဝန်းကျင်ဆိုသည့် စာစီစာကုံးကို အိမ်စာအဖြစ် ရေးခိုင်းလိုက်သည်။ အရေးမခိုင်းခင်လည်း ဆရာကြီးက ကျောင်းဝင်းအနီးအပါးတွင်ရှိသော စေတီတော်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရေကန်တွေ၊ ရထားလမ်း၊ လယ်ကွင်းတွေအကြောင်း ကျောင်းသားတွေကို မေးလိုက်ပြောလိုက်ဖြင့် အချိန်အတော်ယူလိုက်သေးသည်။ ပြီးမှရေးခိုင်းလိုက်ခြင်းဖြစ်သည်။

သို့ပါလျက် ကျွန်တော်က အတတ်ဆန်းပြီး လက်စွမ်းပြဖြစ်အောင် ပြလိုက်မိသည့်အတွက် ပြဿနာပေါ်တော့၏။

တတိယတန်းကျောင်းသား ဆိုသည့်တိုင် မြန်မာစာကို လည်လည်ပတ်ပတ် ဖတ်တတ်နေပြီဖြစ်သည့် ကျွန်တော်က ထိုစဉ်က နာမည်ကြီးသည့် စာရေးဆရာကြီးမြစင်္ကြာရေးသော သရဲတစ္ဆေ၀တ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်ထားမိသည်က ပြဿနာ၏အစ ဖြစ်မည်လားတော့ မပြောတတ်။ ကျွန်တော်၏ကြီးတော်၊ ဘထွေးတို့က သရဲတစ္ဆေအကြောင်း ကြုံတိုင်းအပြောကောင်းကြတာလည်း ပါမည်ထင်သည်။ ထိုအတွေးစိတ်ကူး ပယောဂနှစ်ခုကြောင့်ပင် ကျွန်ုပ်တို့၏ ကျောင်းပတ်ဝန်းကျင် စာစီစာကုံးကို ဆရာ အညွှန်းပြောလိုက်သလို မဟုတ်ဘဲ ကျွန်တော့်သဘောနှင့်ကျွန်တော် ထွင်ရေးရေးမိသွားတော့သည်။

ရေးပုံက ကျောင်းနှင့်မလှမ်းမကမ်းတွင် မြင်နေရသည့် ရွာသင်္ချိုင်းကုန်းအကြောင်း ဖြစ်လေသည်။ ထိုသင်္ချိုင်းတွင် စာရေးဆရာကြီးမြစင်္ကြာ ၀တ္ထုထဲကအတိုင်း အောက်လမ်းဆရာနှင့် သရဲမတို့ အစွမ်းပြိုင်သည့်အကြောင်း တုရေးတာလည်းပါ၊ ကြီးတော်ကြီးတွေ ပြောဖူးတာတွေ ထည့်ရေးတာလည်းပါနှင့် ကျွန်ုပ်တို့၏ ကျောင်းပတ်ဝန်းကျင် စာစီစာကုံးထဲတွင် အောက်လမ်းဆရာတွေ သရဲမတွေထည့်ပြီး ဖန်ဆင်းလိုက်မိသည့်အခါ ပြဿနာကကြီးတော့ပြီ။

ကျွန်တော်ရေးသည့် စာစီစာကုံးကိုဖတ်ပြီး ဒေါသထွက်နေသည့် ဆရာကြီးဦးလှမောင်က ကျွန်တော့်ကိုခေါ်ပြီး ဒါဘာလဲကွဟု မေးသည်။ ကျွန်တော်ကလည်း ကိုယ့်ဟာကိုယ်စိတ်ချစွာနှင့်ပင် “၀တ္ထုပါဆရာကြီး”ဟုဖြေသည်။ စာရေးဆရာကြီးမြစင်္ကြာ၏ ၀တ္ထုဝိဉာဉ်က ကျွန်တော့်တွင် ပူးကပ်နေသည်ကိုး...။

ဆရာကြီးက “ဘာကွ”ဟု ဒေါသဖြင့်အော်မှ ကျွန်တော်နည်းနည်းတုန်လှုပ်သည်။ “၀တ္ထုဆိုရင်ဖြင့်လည်း အဲဒီ သမံတလင်းပေါ်မှာဝပ်စမ်းကွာ” ဆရာကြီးဝပ်ခိုင်းသဖြင့် သမံတလင်းကြမ်းခင်းပေါ်မှာ ဘာမှန်းမသိဘဲ ကျွန်တော်ဝပ်ရသည်။

“တစ်တန်းလုံးပြောကြစမ်း။ ဒီကောင် ဘာလုပ်နေတာလဲ”ဟု အတန်းကိုမေးတော့ အတန်းထဲမှ သူငယ်ချင်းတွေလည်း မဖြေတတ်။ 
ကျွန်တော်လည်း ဘာကြောင့် သည်လိုလုပ်ခိုင်းသည်မသိ။ သို့သော် ဆရာကြီးက “ဒီကောင် ၀ပ်နေတာမဟုတ်လား”ဟု အတန်းကိုမေးတော့ တစ်တန်းလုံးက “ဟုတ်ပါတယ် ဆရာကြီး”ဟု တညီတညာတည်း ဖြေကြသည်။ သည်တော့မှ ဆရာကြီးက “အဲဒီလိုဝပ်နေတာကို ဟော့ဒီလိုထုတော့ ၀ပ်ထုမဖြစ်လားဟေ့ တပည့်တို့”ပြောရင်း ကျွန်တော့်ကျောကို သူ့လက်သီးဆုပ်ဖြင့် အုန်းခနဲထုမှ “အောင်မလေး တီးပဟ”ဟု ကျွန်တော် သဘောပေါက်သည်။ ဆရာကြီးက “၀ပ်ဦးဟ ထုဦးဟ အဲဒါမှ ၀ပ်ထုဖြစ်တာဟ”နှင့် ကျွန်တော့်ကျောကို စိတ်တိုတိုနှင့် သုံးလေးချက်ထုတော့သည်။ ကျွန်တော်လည်း အတော်လေး အီစလံဝေသွားသည်။ စိတ်ကျေနပ်အောင်ထုပြီးသွားမှ ကျွန်တော့်ကို ပြန်အထခိုင်းသည်။ ခဏအကြာတွင်မူ ကျွန်တော့်စာအုပ်ကို နောက်တစ်ခေါက်ထပ်ဖတ်ပြီးသွားပုံရသည့် ဆရာကြီးက ဘာစိတ်ကူးရသည်မသိ ကျွန်တော့်ကို အတန်းရှေ့ပြန်လာရပ်ခိုင်းပြီး     ကျွန်တော်ထွင်ထားသည့် ၀တ္ထုဟုဆိုသောစာကို တစ်တန်းလုံးသို့ သူကိုယ်တိုင်ဖတ်ပြသည်။ ကျွန်တော်ကမူ သူ့ဘေးမှာ ရပ်နေရ၏။

ဆရာကြီးဖတ်ပြနေသည့် ကျွန်တော့်ဝတ္ထုကို ကျောင်းသားတွေ တ၀ါးဝါးရယ်တော့ ဆရာကြီး နည်းနည်းပြုံးစပြုသည်။ အစအဆုံးဖတ်ပြပြီးသည့်အခါတွင်မှ “ခွေးကောင် လုပ်လာလိုက်တာ ကြီးကြီးကျယ်ကျယ် ၀တ္ထုတဲ့”ဟုပြောရင်း ကျွန်တော့်ခေါင်းမှ ဆံပင်တွေကို သူ့လက်ဖြင့်ထိုးဖွပြီး ကျွန်တော့်ခေါင်းကို ကိုင်လှုပ်ဆွဲရမ်းနေသဖြင့် ကျွန်တော့်ကိုယ်လုံးသေးသေးလေး ယိမ်းထိုးနေသေးတာ ကျွန်တော်မှတ်မိသည်။ ဆရာကြီးကို ကျွန်တော်မော့ကြည့်တော့ သူပြုံးနေပါသည်။ ထိုအပြုံးသည် သူရေးခိုင်းလိုက်သည့်အတိုင်း ရေးလာတာမဟုတ်သည့်တိုင် ကျွန်တော့်ကိုယ်ပိုင်စိတ်ကူးဖြင့် အားထုတ်တီထွင်ကြိုးစားရေးလာသည့် စာကြောင်းတွေအပေါ် ခွင့်လွှတ်နိုင်သည့် အပြုံးမျိုးဟု ကျွန်တော်ထင်သည်။

ဆရာကြီးထုထားသည့် ကျွန်တော့်ကျောကုန်းက အနည်းငယ်နာဆဲဖြစ်သော်လည်း ကျွန်တော့စာကို အားလုံးကို ဖတ်ပြသဖြင့် ကျွန်တော်ပျော်ပါသည်။ ဆရာကြီးဦးလှမောင်၏ ထိုနေ့က အပြုံးသည်လည်း ကျွန်တော့်မျက်လုံးထဲမှ ယနေ့ထက်တိုင် ထွက်မသွားနိုင်ခဲ့သေးပါ။

အခုပြန်တွေးတော့ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်ကျော် တစ်ခေတ်တုန်းက ပညာသင်ကြားပုံနည်းစနစ်နှင့် ဆရာများကို ကျွန်တော့်ရင်ထဲ လွမ်းတသသ...။
တစ်နေ့က မဂ္ဂဇင်းတစ်အုပ်ကို ထိုင်ဖတ်နေသော ကျွန်တော့်အပါးသို့ ဒုတိယတန်းတွင် ကျောင်းတက်နေသည့် မြေးမလေးက သူ့လေ့ကျင့်ခန်းစာအုပ်ကလေးကိုင်ကာ ရောက်လာသဖြင့် ဖတ်လက်စစာအုပ်ကို ဘေးချထားလိုက်ရသည်။ ကျ
ွန်တော် သဘောပေါက်ပြီးသားဖြစ်၏။ သူကျက်ထားသည့်စာတွေကို ကျွန်တော့်ထံ နှုတ်တိုက်အာဂုံ အလွတ်ပြန်ဆိုဖို့ ရောက်လာခြင်းဖြစ်သည်။ သူက ဉာဏ်အလွန်ကောင်းသည်။ စာတစ်ပုဒ်ကို ခဏလေးကျက်ရုံနှင့် အလွတ်ရတတ်သည်။ လစဉ်စာမေးပွဲတွေ၌လည်း အဆင့်ကောင်းကောင်းရသည်။ သူ့ရမှတ်တွေက ဘာသာတိုင်းတွင် ၉၅-၁၀၀ တွေချည်းလိုလိုဖြစ်သည်။

“ဘဘ.. သမီး သိပ္ပံအလွတ်ဆိုမယ်”

မှော်ရုံတောထဲက မှော်ဆရာအိပ်မက်များ(ရေးသားသူ- မောင်သာချို)

Photo: မှော်ရုံတောထဲက မှော်ဆရာအိပ်မက်များ

ရေးသားသူ- မောင်သာချို

(တစ်)

ဟိုးခပ်ငယ်ငယ်တုန်းကတော့ အမေ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ မှော်ဆရာဆိုတာကို စပြီးကြားဖူးခဲ့ပါသည်။ မှော်ဆရာနှင့်အတူ မှော်ပညာတွေရော၊ ဆယ့်နှစ်ကြိုးတွေရော၊ ကဝေတွေရော၊ တစ္ဆေတွေရော၊ စုန်းတွေရော၊ သိုက်တွေရော၊ အိုစုံလို့။ နောက်တော့ ကိုကိုလေးအမည်ခံ ဒဂုန်ခင်ခင်လေး၏ “မှော်ဆရာမှတ်တမ်း”ကို ဖတ်ရပါသည်။ တကယ့်မှော်ဆရာဇာတ်လမ်းတွေ။ ထို့နောက် ဆရာမြသန်းတင့် ဘာသာပြန်သော “မှော်ရုံတောမှာ မောလှပြီ” ပန်းချီကျော်ဂေါ်ဂင်၏ ဘ၀ပုံရိပ်။ ထို့နောက် ထူးအိမ်သင်၏ “မှော်ဆရာအိပ်မက်”သီချင်းအယ်လ်ဘမ်။ မှော်ဆိုတာ လှည့်စားတတ်တယ် ထင်ပါရဲ့။သီတာဒေ၀ီပူဆာ၍ ရာမမင်းသား သမင်လိုက်ရင်း မျက်စိလည်သွားခဲ့ရသည့် တောမှာ မှော်ရုံတောပဲမဟုတ်လား။

နောက်တော့ လူ့ဘ၀ရဲ့ မှော်သားဆန်ဆန် အသက်ရှင်နေထိုင် ရုန်းကန်ရသော ဘ၀မှော်တောကြီးများရှိရာဆီသို့ တစ်ခါတစ်ခါ ရောက်သွားရပြန်ပါလေသည်။

(နှစ်)

မြန်မာနိုင်ငံ မြောက်ဖျားရှိ နာမည်ကျော် ဖားကန့်ဒေသ ကျောက်စိမ်းမှော်များရှိရာသို့ ရောက်သွားခဲ့ဖူးပါသည်။ “မှော်ဆိုတာ လုပ်ကွက်ကို ခေါ်တာဗျ”ဟု လိုရင်းတိုရှင်း ရှင်းပြသော ဒေသခံများနှင့်အတူ တစ်တောင်တက် တစ်တောင်ဆင်းကာ မှော်တွေထဲမှာ လျှောက်သွားခဲ့ဖူးပါသည်။ ချင်းတွင်းမြစ်    အနောက်ဘက် ကမ်းပါးပေါ်က ဟုမ္မလင်း၊ ခန္တီး ဒေသတစ်ဝိုက် နာဂတောင်တန်းများဆီက ရွှေမှော်များရှိရာဆီသို့လည်း ရောက်ခဲ့ဖူးပါသည်။

ကမ္ဘာကြီးကိုယ်တိုင်က မှော်ရုံတောကြီးများလား။ သူ့ဝမ်းဗိုက်ကြီးထဲကနေ ဟိုနားဆီမှာ ကျောက်စိမ်းတွေ ထုတ်ပေးလိုက်။ သည်နားဆီမှာ ရွှေတွေထုတ်ပေးလိုက်။ သည့်အပြင် ပတ္တမြားတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ရေနံတွေ။ 

တစ်ခါက ရေနံများရှိရာဆီသို့ ဖျိုးခနဲဖျတ်ခနဲဆိုသလို ရောက်သွားဖူးပါသည်။ ရန်ကုန်ကနေ ပုဂံညောင်ဦးအထိ လေယာဉ်နှင့် ပျံသန်းချိန်က တစ်နာရီဝန်းကျင်။ ထို့နောက် လေဆိပ်ရှေ့ရှိ အဆင့်သင့်စောင့်နေသော ကားပေါ်သို့တက်ကာ ပုဂံညောင်ဦးကနေ ဧရာဝတီမြစ်ကိုဖြတ်ပြီး အနောက်ဘက်ကမ်းပါးရှိ ပခုက္ကူသို့။ ထို့နောက် ချင်းတွင်းမြစ်ကိုယှဉ်ကာ သွားနေရင်း ရေစကြိုဘက်သို့ မလိုက်ဘဲ မြိုင်ဘက်သို့လှည့်ကာ မြိုင်ကနေ ကျောက်ခင်းလမ်းအတိုင်း လမ်းကြမ်းကြီးထဲ မောင်းချသွားလိုက်ရာ ဘောင့်ဘင်၊ ဗဟင်းစသည့် ရွာများကို ဖြတ်သန်းသွားပြီးသည့်နောက် တောင်ခြေအစပ်က ၀ယ်လောင်ရွာ၌ လမ်းဆုံးသွားပါသည်။ ၀ယ်လောင်ရွာ၏ အနောက်ဘက်၌ တန့်ကြည့်တောင်၏အဆွယ် တောင်တန်းခပ်ရွယ်ရွယ်က တောင်မြောက်တန်းလျက် ရှိပါသည်။ သူ့ဟိုဘက်မှာက ပုံတောင်ပုံညာတောင်တန်း။ ရေနံမှော်တွေက ပေါက်နယ်နှင့် မြိုင်နယ်စပ်ကြား တန့်ကြည်တောင်စွယ်တွေ တစ်ဝိုက်မှာရှိနေခြင်း ဖြစ်ပါသည်။ 

ရေနံမှော်တွေထဲ ရှိရာဆီသို့ ကားနှင့်သွားဖို့ကတော့ မလွယ်လှ။ တရုတ်ဆိုင်ကယ်များသာ ဖုန်အလူးလူး၊ ရွံ့အလူးလူးဖြင့် အဆင်းအတက် ခက်ခဲလှသော မတ်စောက်ကျဉ်းမြောင်းသည့် တောင်ရိုးတောင်စွယ်လမ်းတွေပေါ်မှာ လွန်းထိုးနေကြခြင်းဖြစ်ပါသည်။ အားအကိုးရဆုံးကတော့ နွားလှည်းတွေ၊ ရေနံတိုင်ကီတွေကို သယ်တာလည်း သည်နွားလှည်းတွေ။ မှော်ထဲက စားသောက်ဆိုင်ကလေးများ၊ စတိုးဆိုင်ကလေးများအတွက် လိုအပ်သမျှ ပစ္စည်းတွေကို သယ်တာလည်း သည်နွားလှည်းတွေ။ ရေနံတွင်းတူးဖို့အတွက် လိုအပ်သမျှ သံပိုက်ကအစ မီးစက်အဆုံးကို သယ်တာလည်း သည်နွားလှည်းတွေ။ ရေနံတူးသူများ ခပ်သူများ ယာယီခိုနားနေထိုင်ဖို့ တဲဆောက်ရန် ၀ါးလုံးကအစ ၀ါးကပ်အဆုံးကို သယ်တာလည်း သည်နွားလှည်းတွေ။

“ခေတ်အဆက်ဆက်ကတော့ ဓားမဦးချမြေမှာ စိုက်ပျိုးစားသောက်လာကြတာပေါ့ဗျာ။ အခုတော့လည်း မှော်တောပေါ့။ ၁၉၉၈ လောက်တုန်းက ဦးဖိုးနီဆိုတဲ့လူကြီးကစပြီး စမ်းတူးကြည့်တာ။ အဲသည့် ဦးဖိုးနီကလည်း ဆူးဝင်းဘက်မှာ အင်္ဂလိပ်ခေတ်က တစ်ပိုင်တစ်နိုင် ရေနံတွင်းကလေးတွေ တူးခဲ့ကြဖူးတာကို သိထားတော့သည်မှာလည်း ရမယ်ထင်ပြီး တူးကြည့်တော့ အဲသမှာ ရေနံရတာနဲ့ သူလိုက်တူး ကိုယ်လိုက်တူး တူးကြရင်း ခုလိုများလာတာဆိုပါတော့”

ဟုတ်ပါသည်။ ဆူးဝင်းဘုရားလေး ကုန်းဘက်က မှော်တွေက အင်္ဂလိပ်ခေတ်ကတည်းက လက်စလက်နရှိခဲ့ဖူးသော မှော်များဖြစ်ပါသည်။ အခုဝယ် တောင်ရွာပတ်ဝန်းကျင်မှာက ၀ယ်တောင်တရုတ်ကုန်းမှော်တဲ့။ ၀ယ်တောင်ဆီ ကြည်ကုန်းမှော်တဲ့။ ၀ယ်တောင်ကျောက်စ လောင်းမှော်တဲ့။ ၀ယ်တောင် တောင်ကြပ်မှော်တဲ့။ ၀ယ်တောင် ထောက်ခွမှော်တဲ့။ မှော်တွေ မှော်တွေ။ ရေနံမှော်ကလေးတွေ။ တောင်ကုန်း တောင်တန်းတွေကြားမှာ ဟိုနားဆီမှာ ရေနံတစ်တွင်း၊ သည်နားဆီမှာ ရေနံတစ်တွင်း။ ဟိုနားဆီမှာ တဲအစုစု သည်နားဆီမှာ တဲအစုစု။ ပေါက်တို့ မြိုင်တို့ ရေစကြိုတို့ဝန်းရံ စသည့်
နယ်မြေမို့လားမသိ။ သနပ်ခါးပင်တွေကတော့ ဘယ်နေရာကိုကြည့်ကြည့် မိုးတိုးမတ်တတ်။

အ၀ီစိတွင်းတူးသလို နှစ်လက်မသံပိုက်ကို မြေကြီးထဲ ပေတစ်ထောင်၊ တစ်ထောင့်ငါးရာဝန်းကျင်အထိ စက်နှင့်တူးသွင်းကာ ရေနံကြောကို ရှာကြရသည့် လုပ်ငန်းဖြစ်ရာ တွေ့သည်လည်းရှိ မတွေ့သည်လည်းရှိမို့ မှော်ဆန်သည်ကတော့ အမှန်ပဲဖြစ်ပါသည်။ ရေနံကြောကိုတွေ့ကာ ရေနံကလည်း အထွက်ကောင်းပြီဆိုလျှင်ဖြင့် မှော်ပေါက်သည်ဟု သူတို့ဆိုကြပါသည်။

မှော်ပေါက်သော ရေနံတွင်းတစ်ကွင်းဘေးသို့ ရောက်သွားပါသည်။ ရေနံအကြည်က ပိုက်ခေါင်းကနေ တဗွမ်းဗွမ်းထွက်ကျနေရာ ခပ်၍မနိုင်တော့။ မြေကြီးကိုကျင်းတူးကာ တာလပတ်ဖြင့်ခံပြီး ခပ်ယူနေကြရပါသည်။

“သည်မှော်ကပေါက်တာ လေးငါးရက်ပဲ ရှိသေးတယ်။ တစ်နေ့ တိုင်ကီအလုံးငါးဆယ်”

ကြားရုံနှင့်လန့်သွားလောက်သည့် ကိန်းဂဏန်းဖြစ်ပါသည်။ ရေနံအကြည်က တိုင်ကီတစ်လုံးကို တစ်သိန်းနှစ်သောင်းဈေးလောက် ပေါက်နေရာ အလုံးငါးဆယ်နှင့် မြှောက်လိုက်ပေတော့။

ရေနံချေးအနှစ်တွေချည်းပဲ ထွက်သည့်တွင်း တစ်ခုနားသို့လည်း ရောက်သွားပါသည်။ သည်တွင်းကတော့ ခပ်တွင်း။ စက်ဖြင့်မောင်းကာ ရေနံချေးကို အပေါ်သို့တက်လာအောင် ငင်ယူပြီး ပုံးထဲသို့ခပ်ထည့်နေရခြင်း ဖြစ်ပါသည်။

“တစ်နေ့လုံးမှ ရေနံချေးက သံပုံးလေးငါးလုံးစာပဲ ရတော့တယ်။ တွင်းကခန်းစပြုပြီလေ”

ရေနံဈေးကတော့ တိုင်ကီတစ်လုံးကို ကိုးသောင်းဝန်းကျင်သာ ဈေးပေါက်ပါသည်။ သူ့ဈေးနှင့်သူ မဆိုးလှသော်လည်း တွင်းက ခန်းစပြီးမို့ အားမကိုးလောက်တော့။

“တဗွမ်းဗွမ်းထွက်နေတဲ့ ရေနံအကြည်တွင်းတွေက အလွန်ဆုံးခံလှရင် ခြောက်လပေါ့။ စိမ့်ထွက်နေတဲ့တွင်းရယ် ရေနံချေးတွင်းရယ်ကတော့ ကံကောင်းရင် သုံးလေးနှစ် ဆက်ထွက်နေတတ်တယ်” 

ဒေသခံက မှော်ပုံကြမ်းကို အဆက်မပြတ်ဆိုသလို ပါးစပ်ဖြင့် ရေးခြစ်ပြ၍သာ နေပါသည်။ မှော်ဆရာတွေကတော့သည် မှော်တောထဲမှာ တစ်တွင်းခန်းသွားလိုက် နောက်တစ်တွင်း ထပ်စမ်းလိုက်။

“ဓားမဦးချ စိုက်ပျိုးစားခဲ့တဲ့ မြေတွေဆိုတော့ ပိုင်ရှင်ရှိတယ်ပေါ့။ သူ့မြေထဲမှာ ကိုယ်ကရေနံဝင်တူးရင် တိုင်ကီခုနစ်လုံး။ ဒါမှမဟုတ် ရှစ်လုံး။ ဒါမှမဟုတ် ကိုးလုံးထွက်ရင် မြေရှင်ကို တစ်လုံးပေးရတယ်။ တွင်းတစ်တွင်းတူးတဲ့ စရိတ်ကလည်း သိန်းတစ်ရာ တစ်ရာ့ငါးဆယ်ဝန်းကျင်ဆိုတော့ တချို့မြေရှင်က ပထမတွင်းကို ကြိုက်သလောက်ထွက်၊ လုံးဝမယူဘဲ အလကားပေးတာမျိုးလည်း ရှိတတ်ပါတယ်”

ရေနံက ဆောင်းတွင်ပိုထွက်တတ်ပြီး နွေ၌ ဆွံ့အသွားလေ့ရှိသည်ဟု ဆိုပါသည်။ ၀ယ်တော်ရွာက တစ်လကို တိုင်ကီအလုံး သုံးထောင်ခန့်ထွက်ပြီး သည်နားတစ်ဝိုက် မှော်တွေကနေ လစဉ်အလုံးတစ်သောင်းလောက် ထွက်သည်ဟု ဆိုပါသည်။ သည်ကနေ ရေနံချက်သည့် မုံရွာ၊ ကျောက္ကာဒေသများသို့ သယ်ယူကြရခြင်းဖြစ်ပါ၏။

ဝယ်လောင်က ရပ်ရွာဖွံ့ဖြိုးရေးအတွက် ရေနံတစ်တိုင်ကီ သယ်ဆောင်သွားတိုင်း ငွေ ၈၀၀၀ (သို့မဟုတ်) ၉၀၀၀ ကောက်ယူကာ ရပ်မိရပ်ဖ တာဝန်ရှိသူများနှင့် ရန်ပုံငွေ စုဆောင်းကြသည်ဟု ဒေသခံတချို့ကရှင်းပြလာပါ၏။ 

သည်ရန်ပုံငွေက ဒေသဖွံ့ဖြိုးရေးအတွက် တကယ့်ကို အသုံးချသင့်သည့် ငွေပဲဖြစ်ပါသည်။ လျှပ်စစ်မီးရဖို့။ ကတ္တရာလမ်းခင်းဖို့။ စာသင်ကျောင်းဆောက်ဖို့။ ဆေးရုံဆေးခန်းဆောက်ဖို့။ စာကြည့်တိုက်ဆောက်ဖို့။ စသည်ဖြင့် စသည်ဖြင့်။

သဘာဝသယံဇာတဆိုသည်က အမြဲတမ်းမထွက်။ အချိန်တန်တော့ ခန်းကြမြဲခြောက်ကြမြဲ။ ကာရာအိုကေလေးဆိုလိုက်။ Black Label လေး သောက်လိုက်၊ ပခုက္ကူတို့၊ မကွေးတို့ဘက်သို့ တက်ကာ အညောင်းအညာဖြေလိုက်၊ ကိုယ်ပိုင်ကားကြီးတွေကို တောလမ်းတွေထဲ ၀ုန်းဒိုင်းကြဲ ဖြတ်မောင်းသွားနေလိုက်နှင့် ကျေနပ်ကာ အနာဂတ်ကို မျက်စိမှောက်မနေဖို့ကိုတော့ ဆရာချစ်ဦးညိုတို့ မနုနုရည်(အင်းဝ)တို့ကိုယ်စား ကျွန်တော်က သတိပေးခဲ့မိပါသည်။

မှော်ရုံတောတွေက ပဉ္စလက်ဆန်လှသည် မဟုတ်လား။ ရေနံမှော်တွေကရော ဘာသားနဲ့ထုထားလို့တဲ့တုံး။ ဘယ်နေ့ခန်းမလဲမသိ။ ဘယ်နေ့ခြောက်မလဲ မသိ။ အခုတော့ မှော်ဆရာအိပ်မက်တွေမက်ကာ မှော်ရုံတောမှာ မောကြပေဦးပေါ့။       ။
(တစ်)

ဟိုးခပ်ငယ်ငယ်တုန်းကတော့ အမေ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ မှော်ဆရာဆိုတာကို စပြီးကြားဖူးခဲ့ပါသည်။ မှော်ဆရာနှင့်အတူ မှော်ပညာတွေရော၊ ဆယ့်နှစ်ကြိုးတွေရော၊ ကဝေတွေရော၊ တစ္ဆေတွေရော၊ စုန်းတွေရော၊ သိုက်တွေရော၊ အိုစုံလို့။ နောက်တော့ ကိုကိုလေးအမည်ခံ ဒဂုန်ခင်ခင်လေး၏ “မှော်ဆရာမှတ်တမ်း”ကို ဖတ်ရပါသည်။ တကယ့်မှော်ဆရာဇာတ်လမ်းတွေ။ ထို့နောက် ဆရာမြသန်းတင့် ဘာသာပြန်သော “မှော်ရုံတောမှာ မောလှပြီ” ပန်းချီကျော်ဂေါ်ဂင်၏ ဘ၀ပုံရိပ်။ ထို့နောက် ထူးအိမ်သင်၏ “မှော်ဆရာအိပ်မက်”သီချင်းအယ်လ်ဘမ်။ မှော်ဆိုတာ လှည့်စားတတ်တယ် ထင်ပါရဲ့။သီတာဒေ၀ီပူဆာ၍ ရာမမင်းသား သမင်လိုက်ရင်း မျက်စိလည်သွားခဲ့ရသည့် တောမှာ မှော်ရုံတောပဲမဟုတ်လား။

CPI ကုမ္ပဏီ မြစ်ဆုံစီမံကိန်းမှ လက်ကျန်စက်ပစ္စည်းများသိမ်း၍ ပြန်တော့မည်

ဧရာဝတီမြစ်ဆုံစီမံကိန်းမှ CPI (China Power Investment) ကုမ္ပဏီက ပြန်ရန်အတွက် နောက်ဆုံးကျန်ရှိသော စက်ပစ္စည်းများကို သိမ်းဆည်းနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

“အခုပြန်ဖို့ နောက်ဆုံးအသုတ်ပစ္စည်းတွေ သိမ်းနေပြီ၊ ပစ္စည်းတွေသိမ်းပြီး ပြန်ကြတော့မယ်”ဟု ဦးအောင်မင်းက

အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။ မြစ်ဆုံစီမံကိန်းဆောင်ရွက်ခဲ့ရာတွင် မြေအတွင်းဝင်သွားသော ကုန်ကျစရိတ်တန်ဖိုးမှာပင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

နေရာ


မာစီဒီးမှ ထုတ်လုပ်မည့် concept ကား Biome

Photo: မာစီဒီးမှ ထုတ်လုပ်မည့် concept ကား Biome

ပုံစံကြည့်လိုက်ရင် ကားလို့တောင် ထင်ရက်စရာ မရှိပါဘူး။ ဂြိုလ် သားလေယာဉ်လိုလို ပုံစံဖြစ်နေပြီး ဘီးတောင် မမြင်ရပါဘူး။

အမှန်တော့ ကားရဲ့ဘော်ဒီကို ဘိုင်အိုဖိုက်ဘာနဲ့ ဖုံးအုပ် ထားခြင်းဖြစ်ပါတယ်။ ဘိုင်အိုဖိုက်ဘာဆိုတာ သာမန် ကာဘွန်ဖိုက်ဘာတွေနဲ့မတူပါ ဘူး။ နေရောင်ခြည်ကို ဆုပ်ယူနိုင်စွမ်းရှိပြီး ကားပတ်ပတ်လည်မှာ ယင်းနေရောင် ခြည်စွမ်းအင်ကို ဓာတုဗေဒ ဓာတ်ပေါင်းအင် အဖြစ်ပြောင်း လဲပြီး သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကားကို ဘိုင်အိုဖိုက်ဘာတစ်ခုလုံး နဲ့ဖုံးအုပ်ထား ပါတယ်။ အရည်ပြောင်းလဲသိမ်းဆည်းထားပေးတဲ့ အလွာလည်း တစ်ထပ်ပါ ဝင်နေပါသေးတယ်။ ကာဘွန် ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လုပ်မှု လုံးဝမရှိစေပဲ၊ လျှပ်စစ် စွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုစေ မှာ ဖြစ်ပါတယ်။

လေးယောက်စီး တံခါးနှစ်ပေါက် ဇိမ်ခံ မာစီဒီးကားအဖြစ် ထုတ်လုပ်မှာ ဖြစ် ပါတယ်။ ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပတဲ့ မာစီဒီး မျိုးဆက်သစ်ကား ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ ကားဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ၂၀၁၃ခုနှစ်မှာ ထုတ် လုပ်နိုင်မယ်လို့ ကြေညာထားပေမယ့် လက်ရှိ အချိန် အထိ Biome ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။

ဘိုင်အိုဖိုက်ဘာ (ဇီဝဖိုက်ဘာ)သတ္တုကိုအသုံးပြုလို့ ရတဲ့အခြား အားသာချက်တစ်ခု ကတော့ အလေးချိန်ဖြစ်ပါ တယ်။ ကားရဲ့ဝိတ် ဟာ ပေါင်ချိန် ၁၀၀၀ ထက်မပိုဘူးလို့ဆို ပါတယ်။ သာမန် ပလက် စတစ်ဘော်ဒီနဲ့ တည်ဆောက်မယ် ဆိုရင်တောင် ပေါင် ၁၀၀၀ ရဖို့ မနည်းကြိုးစားရမှာ ဖြစ်ပါ တယ်။

အတွေးအခေါ်ဆန်းသစ်ပြီး ဒီဇိုင်းအားဖြင့် ခေတ်ဆန်လွန်း လှတဲ့ မာစီဒီး Biome concept ကားကို ထွက်ရှိနိုင်ဖို့ မာစီဒီးမှာ ကြိုးစားလျက် ရှိပါတယ်။
---
Ref:Mercedes-Benz
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/concept-biome.html

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
ပုံစံကြည့်လိုက်ရင် ကားလို့တောင် ထင်ရက်စရာ မရှိပါဘူး။ ဂြိုလ် သားလေယာဉ်လိုလို ပုံစံဖြစ်နေပြီး ဘီးတောင် မမြင်ရပါဘူး။

အမှန်တော့ ကားရဲ့ဘော်ဒီကို ဘိုင်အိုဖိုက်ဘာနဲ့ ဖုံးအုပ် ထားခြင်းဖြစ်ပါတယ်။ ဘိုင်အိုဖိ
ုက်ဘာဆိုတာ သာမန် ကာဘွန်ဖိုက်ဘာတွေနဲ့မတူပါ ဘူး။ နေရောင်ခြည်ကို ဆုပ်ယူနိုင်စွမ်းရှိပြီး ကားပတ်ပတ်လည်မှာ ယင်းနေရောင် ခြည်စွမ်းအင်ကို ဓာတုဗေဒ ဓာတ်ပေါင်းအင် အဖြစ်ပြောင်း လဲပြီး သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်

Photo: သည်ကနေ့ လွှတ်တော်အစည်းဝေး အပြီးမှာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်နဲ့အရေး ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းက အခုလိုဖြေကြားသွားပါတယ်။
အခုက ဥက္ကဌအနေနဲ့ ကြီးကြပ်ရမယ်ဆိုတော့ ဆက်ပြီးတော့ကြီးကြပ်ဖို့ ကိစ္စတွေ ဆက်ဆွေးနွေးရမှာပေါ့။ ဒါကတော့ ကော်မတီတွင်းမှာ ဆွေးနွေးရမှာ။
အခြေခံဥပဒေအခန်း ၁၁ အရေးပေါ်ပြဌာန်းချက်၊ အရေးပေါ်ဥပဒေဆိုတာ တကယ်ဆိုရင် ဥပဒေစိုးမိုးရေးရှိတဲ့ အသိုင်းအ၀ိုင်းတွေမှာဆိုရင် အရေးပေါ်ဥပဒေတွေ ခဏခဏထုတ်ဖို့ မလိုအပ်ဘူး။ သာမန်အားဖြင့်တော့ ဥပဒေစိုးမိုးရေးရှိသွားရမယ်။ ဒါကြောင့်မို့ ပြောနေတာလေ။ အစကတည်းက ဖြစ်ဖြစ်ချင်းကို ချက်ချင်း တရားဥပဒေအရ တရားဥပဒေနည်းလမ်းကျကျနဲ့ ပွင့်လင်းမြင်သာစွာ အရေးယူခဲ့မယ်ဆိုရင် ဒီလောက်ထိရန်မီးတွေ မပွားသွားဘူး။ ဒါပဲ ဆက်လုပ်ရမှာပဲ။
အမြဲဥပဒေစိုးမိုးရေးကို အဓိကထားပြီးပြောတယ်။ တချို့က မကြိုက်ကြဘူး။ တချို့က ကတိဖျက်တဲ့အပေါ်ကို မီးမောင်းထိုးချင်တယ်။ ကျွန်မတို့ အမြင်ကတော့ ခုချိန်မှာ ဒီပဋိပက္ခ မြန်မြန်ရပ်သွားဖို့ဟာ မှန်ကန်တဲ့ ဥပဒေစိုးမိုးရေးပဲ။ ပွင့်လင်းမြင်သာမှုက အင်မတန်အရေးကြီးတယ်။ ပြည်သူတွေအနေနဲ့ ဒါ တရားမျှမျှတတဖြစ်နေပါတယ် ဆိုတာကို မယုံကြည်နိုင်ရင် ဆက်ပြီးပြဿနာတွေဖြစ်မှာပဲ။

အေးချမ်းမွန်မှ The Modern News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Modern News Journal
သည်ကနေ့ လွှတ်တော်အစည်းဝေး အပြီးမှာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်အရေး ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားသွားပါတယ်။
အခုက ဥက္ကဌအနေနဲ့ ကြီးကြပ်ရမယ်
ဆိုတော့ ဆက်ပြီးတော့ကြီးကြပ်ဖို့ ကိစ္စတွေ ဆက်ဆွေးနွေးရမှာပေါ့။ ဒါကတော့ ကော်မတီတွင်းမှာ ဆွေးနွေးရမှာ။
အခြေခံဥပဒေအခန်း ၁၁ အရေးပေါ်ပြဌာန်းချက်၊ အရေးပေါ်ဥပဒေဆိုတာ တကယ်ဆိုရင် ဥပဒေစိုးမိုးရေးရှိတဲ့ အသိုင်းအ၀ိုင်းတွေမှာဆိုရင် အရေးပေါ်ဥပဒေတွေ ခဏခဏထုတ်ဖို့ မလိုအပ်ဘူး။

ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံ ဥပဒ အခန်း (၁၁) ပါ ပါ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ရာ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအ

နေ ကြေငြာသည့်ကိစ္စရပ်တွင်

ရှေးဟောင်း ခေါင်းလောင်းကြီး မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် တူးဖော်ရရှိ

Photo: ရှေးဟောင်း ခေါင်းလောင်းကြီး မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် တူးဖော်ရရှိ
FRIDAY, OCTOBER 26, 2012

မန္တလေးမြို့ တမ္မဝတီ ဝလုံး တံတား ရပ်ကွက် အကွက် ၄၆၆ မန္တလေး – စစ်ကိုင်းလမ်းပေါ်မှာရှိတဲ့ မဟာစန္ဒာမုနိမြတ်စွာ ဘုရားကြီးဝင်းအတွင်းမှာ
အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၉ နာရီခန့်က သစ်ပင်စိုက်ဖို့ မြေကျင်း
တူးရာက ရှေးဟောင်း ခေါင်းလောင်း တလုံး တွေ့ရှိခဲ့ပါတယ်။

ရှေးဟောင်း ခေါင်းလောင်းဟာ အထက်အောက် အမြင့် ၃ ပေ ၂ လက်မ၊
ခေါင်းလောင်းဝ အကျယ် ၂ ပေ၊ လုံးပတ်က ၆ ပေ ၄ လက်မ၊
ခေါင်းလောင်း သက်တမ်းက နှစ် ၁၅၀ နဲ့ ၂၀၀ ကြား ရှိတယ်လို့ သတ်မှတ်
ထားပါတယ်။

ဘုရားသက်တမ်းက နှစ် ၂၀၀ ကျော်ပြီလို့လည်း သိရပါတယ်။ ဒီဘုရားဟာ အမရပူရ မြို့တည်မင်း ဗဒုံမင်း ခေါ် ဘိုးတော် ဦးဝိုင်း တည်ထားခဲ့တဲ့ ဘုရားလို့လည်း သိရပါတယ်။

မဟာစန္ဒာမုနိမြတ်စွာဘုရားကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယက “သစ်ပင်စိုက်ဖို့ တူးတာလေ။ နည်းနည်းထူးခြားလို့ ဆက်တူးရင်းနဲ့ တွေ့တာပါ” လို့ မိန့်ပါတယ်။

DVB

အေးချမ်းမွန်မှ Myanmar Online Newsတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
မန္တလေးမြို့ တမ္မဝတီ ဝလုံး တံတား ရပ်ကွက် အကွက် ၄၆၆ မန္တလေး – စစ်ကိုင်းလမ်းပေါ်မှာရှိတဲ့ မဟာစန္ဒာမုနိမြတ်စွာ ဘုရားကြီးဝင်းအတွင်းမှာ
အောက်တိုဘာ
၂၅ ရက်နေ့ မနက် ၉ နာရီခန့်က သစ်ပင်စိုက်ဖို့ မြေကျင်း
တူးရာက ရှေးဟောင်း ခေါင်းလောင်း တလုံး တွေ့ရှိခဲ့ပါတယ်။

ရှေးဟောင်း ခေါင်းလောင်းဟာ အထက်အောက် အမြင့် ၃ ပေ ၂ လက်မ၊
ခေါင်းလောင်းဝ အကျယ် ၂ ပေ၊ လုံးပတ်က ၆ ပေ ၄ လက်မ၊
ခေါင်းလောင်း သက်တမ်းက နှစ် ၁၅၀ နဲ့ ၂၀၀ ကြား ရှိတယ်လို့ သတ်မှတ်
ထားပါတယ်။

လေပျံသစ်တော် ရုပ်ရှင်တော်မြတ်ကြီး ဒေသစာရီ ကြွချီရာတွင် ထူးခြားချက်များဖြစ်ပေါ်

Photo: လေပျံသစ်တော် ရုပ်ရှင်တော်မြတ်ကြီး ဒေသစာရီ ကြွချီရာတွင် ထူးခြားချက်များဖြစ်ပေါ်

24 OCTOBER 2012  

မြန်မာနိုင်ငံအတွင်း သာမက ပြည်ပနိုင်ငံ များသို့ပါ ဒေသစာရီ ကြွချီ တော်မူ လျက်ရှိသည့် စဥ့်ကိုင်မြို့ အောင်မြေတွင် သီတင်းသုံး တော်မူ သော "ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်" သည် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၆ ရက်ညပိုင်းက မုံရွာမြို့၊ သလ္လာအမှတ် ၉ ရပ်ကွက်၊ မိုးကောင်းလမ်း၊ စိန်ပန်းကျောင်း မြောက်ဘက်ရှိ အောင် ချမ်းငြိမ်း မုန့်တိုက်သို့ပင့်ဆောင်၍ အောက်တို ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက် ၃ ညတိုင် သီတင်း သုံးတော်မူကြောင်း ဖူးတွေ့ရ သည်။ အောက်တိုဘာလ ၆ ရက်နေ့ည ကြွရောက်တော် မူလာသော လေပျံသစ်တော် ရုပ်ရှင်တော်မြတ်သည် အောက်တိုဘာလ ၇ ရက် တစ်နေ့ လုံး မျက်နှာတော်မှာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးတော်မူနေသည်ကို ဖူးတွေ့ရပြီး အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် သွားရောက်ဖူးမျှော် မှတ်တမ်းတင်ရာ တွင် မျက်နှာတော်မှာ တည်တော်မူ သွားသည်ကို ဖူးတွေ့ခဲ့ရသည်။
ရုပ်ပွား တော်သည် မုံရွာမြိုသို့ မကြွမီ စက်တင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်ဝန်း ကျင်က တောင်ကြီးမြို့ ဦးမောင်မောင်၊ ဒေါ်အုန်းမေတို့၏ နေအိမ်၌ သီတင်းသုံး သောမြွေတစ်ကောင်ကား လမ်းပေါ် တွင်တွေ့ ခဲ့ကြောင်း၊ ထိုအိမ်၌ ပင် စက်တင်ဘာ ၂၀ရက်နေ့တွင် ကပ်လှူ ထားသော တယ်သီးမှာ ပွင့်ထွက်လာ တွင် တောင်ကြီးမြို့၊ ဦးစံဝင်း + ဒေါ်သန်းသန်းဋ္ဌေးနေအိမ်တွင် အပူ ဇော်ခံနေရာအခင်းတွင် တစ်တောင်ခန့် အရွယ်ရဟန္တာခြေရာကို ဖူးတွေ့ရ ကြောင်း၊ ထို့ပြင် အပူဇော်ခံရာနေရာ သည် သမံတလင်းခင်းပြီး ထိုအပေါ်မှ ပျဉ်ပြားခင်းထားရာ လှုပ်မည်ဆိုလျှင် သိသိသာသာ မလှုပ်နိုင်သလို၊ လှုပ်လျှင် လည်း လှူထားသည့် ပစ္စည်းမှာ အ ကုန်လှုပ်ရ မည်ဖြစ်သော်လည်း စိုက် ထားသော ကြံပင်သည် အထက်မှ အောက်သို့ နဂါးတွန့်သကဲ့သို့ ထူးထူး ခြားခြားတွန့်ခဲ့ကြောင်း သိရသည်။
ထို့ နောက် တောင်ကြီးမြို့ အ . ထ . က (၅)သို့ကြွချီရာ သစ်သီး ၉ မျိုးအနက် အခွံချွတ်ထားသော အုန်းသီးထဲမှ ရေ များလျှံကျလာခြင်း၊ ရုပ်ပွားတော် ပြန်ြွကသည့်အခါ ဘုရား၏ တင်ပါးအရာ ကျန်ခဲ့ကြောင်း သိရသည်။ ထိုမှ တစ်ဆင့် ဟိုပုံးသို့ကြွချီခဲ့ပြီး တောင်ကြီး ပြန်ကာ အောက်တိုဘာ ၁ ရက်နေ့တွင် စဥ့်ကိုင်သို့ပြန်ရောက်ပြီး မုံရွာသို့ ၆ ရက်နေ့တွင်ြွကလာခြင်းဖြစ်ကြောင်း မုံရွာမှတစ်ဆင့် ရွှေဘိုမြို့တွင် အောက် တိုဘာ ၉၊ ၁၀၊ ၁၁ တွင် သီတင်းသုံး၍ စစ်ကိုင်းတွင် တစ်ပတ်၊ မန္တလေးတွင် ၈ ရက် သီတင်းသုံး မည်ဖြစ်ကြောင်း သိရသည်။

ထူးဝေမောင်

အေးချမ်းမွန်မှ THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : THE PUBLIC IMAGE
မြန်မာနိုင်ငံအတွင်း သာမက ပြည်ပနိုင်ငံ များသို့ပါ ဒေသစာရီ ကြွချီ တော်မူ လျက်ရှိသည့် စဥ့်ကိုင်မြို့ အောင်မြေတွင် သီတင်းသုံး တော်မူ သော "ရွှေကံကူ
လေပျံသစ်တော် ရုပ်ရှင်တော်မြတ်" သည် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၆ ရက်ညပိုင်းက မုံရွာမြို့၊ သလ္လာအမှတ် ၉ ရပ်ကွက်၊ မိုးကောင်းလမ်း၊ စိန်ပန်းကျောင်း မြောက်ဘက်ရှိ အောင် ချမ်းငြိမ်း မုန့်တိုက်သို့ပင့်ဆောင်၍ အောက်တို ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက် ၃ ညတိုင် သီတင်း သုံးတော်မူကြောင်း ဖူးတွေ့ရ သည်။

EMG သတင်းထောက်၏ ကင်မရာ Memory Card သိမ်းဆည်းခံရ

ကျောက်ဖြူမြို့မှ သတင်းထောက်တစ်ဦး၏ ကင်မရာ memory ကဒ်အား
ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ ယနေ့ ၂၅ ရက်နေ့ ၊နေ့လည် ၁
နာရီခန့်အချိန်တွင် သိမ်းဆည်းသွားခဲ့ကြောင်း မျက်မြင်သက်သေများကပြော
ဆိုပါသည်။
ကျောက်ဖြူမြို့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုများနှင့်ပတ်သက်ပြီး EMG
မှသတင်းထောက်သည် အချိန်နှင

့် တစ်ပြေးညီ သတင်းများကို
ဂျာနယ်တိုက်သို့အရောက်ပို့ပေးခဲ့ကြောင်းလည်းသိရသည်။ ဂျာနယ်တိုက်မှ တရား
ဝင်ခန့်ထားသော သတင်းထောက်တစ်ဦး၏ ဓါတ်ပုံရိုက်ခွင့်ကို ပိတ်ပင်ခြင်း၊
နှောက်ယှက်ခြင်းများသည် ဂျာနယ် လွတ်လပ်ခွင့်များအား ပိတ်ပင်တားဆီးနေသည်ဟု
တွေးမြင်ခံစားမိပါသည်။

တရားဥပဒေစိုးမိုးရေးကော်မတီက လက်ရှိဖြစ်ပေါ်နေသောရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုအဖြစ်တင်သွင်း

တရားဥပဒေစိုးမိုးရေးကော်မတီက လက်ရှိဖြစ်ပေါ်နေသောရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ လုံခြုံရေး အင်အား တိုးမြင့်ရန်နှင့်အဆင့်တိ
ုးမြှင့်ရန်နှင့်ဥပဒေ ချိုးဖောက်ခြင်းနှင့်အခြေခံလူ့အခွင့်အရေး ချိုး ဖောက်ခြင်း တို့ကို တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစေရန် အမြန်ဆုံး စီစဉ်ဆုံးဖြတ်ပေးရန် ပြည်ထောင်စု အစိုး ရသို့တိုက်တွန်းကြောင်းအဆိုအား ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေး ကြီး အဆိုအဖြစ်တင်သွင်းဆွေးနွေး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုအစိုးရ သို့တိုက်တွန်းကြောင်းအရေးကြီး အဆိုမှာ ဒေါ်အောင်ဆန်းစုကြည်ကော် မတီဥက္ကဌ အဖြစ်ဆောင် ရွက်နေသော တရားဥပဒေ စိုးမိုးမှုနှင့်တည်ငြိမ်းအေး မှုကော်မတီ ကိုယ် စား အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ် စား လှယ်ဦးမန်းမောင်မောင်ဉာဏ်မှ တင် သွင်းခဲ့ခြင်းဖြစ်ပြီး

လိုင်းကားပေါ်တွင် ဆံပင်ဖြတ်ယူသူများ ရှိနေ

Photo: လိုင်းကားပေါ်တွင် ဆံပင်ဖြတ်ယူသူများ ရှိနေ
Friday, October 26, 2012 

မြို့တွင်းလိုင်းကား အချို့ပေါ်တွင်စီးနင်းလာသော ဆံပင်ရှည်သည့် အမျိုးသမီး
များ၏ ဆံပင်ကို ခိုးယူ ဖြတ်တောက်ခြင်းများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ
့ခဲ့ရသူ မခိုင်မာလာမှ ပြောပြသည်။ "ကျွန်မက ကိုးမိုင်ဂိတ်က တက်လာတာ
ကျောက်တော်ကြီးဂိတ်ထိ စီးသွားတာပါ။ နှစ်ဂိတ်ပဲခြားတာ၊ဆံပင်က မြှင့်ပြီး 
စည်းထားတာ အထဲက ဖြတ်ယူသွားတာကို မသိလိုက်ဘူး ကျွန်မဆံပင်က ခါးလောက်ထိတော့ ရှိတယ်။ တိုသွားတယ်၊ ပါးသွားတယ်၊ ပခုံးကျော်ပဲ ကျန်တော့တယ်၊ သတိထားရင်းနဲ့ ဖြစ်သွားရတာပါ။ 

ဆံပင်ဖြတ်တဲ့သူတွေ ပေါ်နေတယ် ကြားတာ ကြာပြီ။ အခုတော့ ကိုယ်ပါသွား
တော့မှပဲ ယုံတော့တယ် စပယ်ယာတွေကတော့ ဆယ်မိုင်မှတ်တိုင်မှာ ဆင်းတဲ့သူ ဖြစ်နိုင်တယ် ပြောတယ်။ ဂိတ်တွေမှာ လူဆင်းတာဆိုလို့ အဲဒီလူတစ်ယောက်ပဲ ရှိတာ၊ ဖြတ်သွားပြီး ဆင်းသွားပြီးမှ သိတာဆိုတော့ ဘာမှ မတတ်နိုင်ပါဘူး။ အဲဒီလူ အနားမှာ ကပ်နေတာတော့ သိတယ်။ ဆံပင် တင်းကနဲ ဖြစ်သွားတာကို ဖိမိတယ်လို့ ထင်တာလေ ကိုယ်ဆင်းရမယ့် မှတ်တိုင်ရောက်မှ သိတော့တယ်"ဟု မခိုင်မာလာမှ ၎င်းကိုယ်တိုင်ကြုံတွေ့
ရပုံကို ပြောပြသည်။ ယခင်က ခါးပိုက်နှိုက်များသာ ရှိခဲ့သော်လည်း ယခု
နှစ်ပိုင်းတွင် ဆံပင်အဝယ်ဒိုင်များမှ ဆံပင် ဈေးကောင်းပေး ဝယ်ယူလာခြင်း
များကြောင့် မသမာသူများက ဆံပင်ကို လိုက်လံဖြတ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ရပ်များမှာ ဘတ်စ်ကားကြီးများပေါ်တွင် အဖြစ်များ
ကြောင်း သိရသည်။

Hot News Weekly Journal

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
မြို့တွင်းလိုင်းကား အချို့ပေါ်တွင်စီးနင်းလာသော ဆံပင်ရှည်သည့် အမျိုးသမီး
များ၏ ဆံပင်ကို ခိုးယူ ဖြတ်တောက်ခြင်းများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ
့ခဲ့ရသူ မခိုင်မာလာမှ ပြောပြသည်
။ "ကျွန်မက ကိုးမိုင်ဂိတ်က တက်လာတာ
ကျောက်တော်ကြီးဂိတ်ထိ စီးသွားတာပါ။ နှစ်ဂိတ်ပဲခြားတာ၊ဆံပင်က မြှင့်ပြီး
စည်းထားတာ အထဲက ဖြတ်ယူသွားတာကို မသိလိုက်ဘူး ကျွန်မဆံပင်က ခါးလောက်ထိတော့ ရှိတယ်။ တိုသွားတယ်၊ ပါးသွားတယ်၊ ပခုံးကျော်ပဲ ကျန်တော့တယ်၊ သတိထားရင်းနဲ့ ဖြစ်သွားရတာပါ။

ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်လှန့်ထား

Photo: ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်လှန့်ထား
Friday, 26 October 2012

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများနှင့် အဓိဂရုဏ်းများကြောင့် သူ၏ နယ်စပ်ကို တပ်လှန့်
ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရခိုင် ဇွန်လအရေးအခင်း ဖြစ်ပွားစဉ် နယ်စပ်ကို စောင့်ကြပ်နေကြစဉ်။

ကော့စ်ဘဇားခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်က မိမိတို့ အနေဖြင့်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့်
မြန်မာနိုင်ငံသားများ မိမိတို့ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းနေကြသည်ကို သိရှိပါကြောင်း၊ သို့အတွက် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် လက်နက်ကိုင် အဖွဲ့များသို့ တပ်လှန့်ထားပါကြောင်း သတင်းဌာန
များသို့ ပြောကြားသည်။

ခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်သည် ရခိုင်တွင် အဓိဂရုဏ်းများ
နောက်ထပ် တဖန်ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာနယ်စပ် မောင်တောမြို့နှင့် မျက်နာချင်း
ဆိုင်တွင် တည်ရှိသော တက်ကနက်မြို့သို့လည်း သွားရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ နယ်စပ် အရာရှိများ၊ နယ်ခြား စောင့်တပ်ဖွဲ့မှ အရာရှိများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တက်ကနက် ဒေသဆိုင်ရာ အဏာပိုင်များကလည်းရခိုင်ပြည်နယ်
ကျောက်ဖြူဒေသမှ မွတ်ဆလင်များ ဘုတ်အစီး ၄၀ ဖြင့် ဘင်္ဂလာဒေခ်ျ့သို့
ဦးတည် ထွက်ပြေးလာသည်ဟု သတင်းရရှိကြောင်း၊ သို့အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ၀င်ရောက်မလာရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ( ဘင်္ဂလာနယ်ခြားစောင့်
တပ်ဖွဲ့) တပ်ရင်း တပ်မှူး ဒုဗိုလ်မှူးကြီး ဇာဟိန် ဟာဆန်ကလည်း ရခိုင်ဖြစ်ပေါ်နေသော အရေးအခင်းကြောင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ ၀င်ရောက်ကောင်း ၀င်ရောက်လာနိုင်သဖြင့် သူ၏ တပ်ဖွဲ့ကို တပ်လှန့် သတိပေးထားသည်ဟု ပြောဆိုသည်။

မြန်မာ မွတ်ဆလင်များ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်ရန် နယ်စပ်တွင် စုရုံးနေသည်ဟု သတင်းများ ရရှိကြောင်း၊ သို့သော်လည်း အတည်မပြုနိုင်
ကြောင်း ဒုဗိုလ်မှူးကြီး ဟာဆန်က ဆက်ပြောကြားသည်။

နတ်ကျောက်ဆရီအခြေစိုက် အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး
ခါလစ်ကွာဇမန်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေ
သော ခေါင်းတုံးဒေသမှ တရားမ၀င်ဝင်ရောက်လာသော ဘင်္ဂလီမွတ်ဆလင်
၄၃ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ကော့စ်ဘဇားမြို့တွင်လည်း မြန်မာဘက်က မတည်ငြိမ်မူများ
ကြောင့် ရဲတပ်ဖွဲ့ အရာရှိများကို ယမန်နေ့က အစည်းအဝေး ခေါ်ယူခဲ့ပြီး သတိ အနေအထားနှင့် လုပ်ကိုင် ဆောင်ရွက်ကြရန် ရဲမင်းကြီး ဆလိမ်း အမ်း ဂျေဟင်ကြီးက ညွှန်ကြားထားသည်ဟု သိရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘင်္ဂလာ အစိုးရ၏ အထောက်အပံ့ အကူ
အညီဖြင့် ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ်မြို့တွင် ရခိုင်အမျိုးသားများက ၀ါကျွတ်ပွဲတော်ကို အထူးစည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

Narinjara

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများနှင့် အဓိဂရုဏ်းများကြောင့် သူ၏ နယ်စပ်ကို တပ်လှန့်
ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ကော့စ်ဘဇားခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်က မိမိတို့ အနေဖြင့်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့်
မြန်မာနိုင်ငံသားများ မိမိတို့ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းနေကြသည်ကို သိရှိပါကြောင်း၊ သို့အတွက် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် လက်နက်ကိုင် အဖွဲ့များသို့ တပ်လှန့်ထားပါကြောင်း သတင်းဌာန
များသို့ ပြောကြားသည်။

မီဒီယာသမားများ ဖြောင့်မတ်တဲ့ ဂုဏ်ကို ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: မီဒီယာသမားများ ဖြောင့်မတ်တဲ့ ဂုဏ်ကို ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

by Burma VJ Media Network on Thursday, October 25, 2012 

"သတင်းတွေ ယူတဲ့အခါမှာ၊ သတင်းမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာက အခြေအနေတွေ သုံးသပ်တဲ့နေရာမှာ လေးလေးနက်နက်လုပ်ပါ၊ အပေါ်ယံကြော မကြည့်နဲ့။ လူတွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ အရှေ့အနောက် ညီလားဆိုတာ အမြဲစစ်ဆေးနေ၊ အဲတာ အရေးကြီးတယ်။ ဟိုတမျိုး အခုတမျိုးဆိုတာက ဘယ်တော့မှ စိတ်မချရဘူးဆိုတာ သိရမယ်။ နောက်ပြီးတော့ အပေါ်ယံကြောလေး ကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် နိုင်ငံ့အကျိုးမပြုနိုင်ဘူး။ 

အမေကတော့ တချိန်လုံး သတိပေးနေတယ်။ အထူးသဖြင့် မီဒီယာက လူငယ်တွေကိုပေါ့ အခုတည်းကကိုယ့်ကိုကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ်မှာတင်ထားကြပါ။ နောက်အသက်ကြီးလာရင် ပြောင်းရပြုရ ခက်တယ်။ ဘာလို့ဆိုတော့ လူက ပိုးဝင်သွားနိုင်တယ်။ နေရာ၊ အာဏာ၊ သြဇာကို သာယာသွားနိုင်တယ်။ အဲတာတွေကို အမြဲသတိထားနေရမယ်။ ကိုယ့်ကိုကိုယ်လဲ သတိထား၊ သူများကိုလဲ ကြည့်နေ ဘယ်သူက ပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေ ပြတတ်တယ်။ အဲတော့ ကိုယ့်ကိုကိုယ် ညှိရမယ်။ ရှေ့နောက် မညီတဲ့ကိစ္စတွေ သာယာလာတဲ့ကိစ္စတွေ မီဒီယာတွေမှာလဲ ဖြစ်တတ်တယ်။ 

သတိထားရမှာက အခုခေတ်က မီဒီယာက တော်တော်သြဇာရှိတယ်။ သြဇာရှိတော့ လူတွေဟာ သြဇာရှိရင် မြှောက်သွားတတ်တယ်။ သူတို့အင်္ဂလိပ်အဆိုအရဆိုရင် Power Collapse ဆိုတာပေါ့ သြဇာအာဏာဟာ လူကို ပျက်စီးစေတယ်။ ကိုယ့်ကိုကိုယ်လဲ ဒီဟာကို အမြဲဆင်ခြင်ရမယ်။ ငါတို့က ပြောလိုက်ရင် တယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အသိဟာ ဒါဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့၊ ဒါဟာ တာဝန်လို့ မြင်။ ကိုယ့်ကြောင့် လူတယောက်ရဲ့ ဘဝ ပျက်သွားမယ်ဆိုရင် ကိုယ့်ရဲ့တိုင်းပြည်ရဲ့ အနာဂတ် ထိသွားမယ်။ ဒီလို ဖြစ်နိုင်သလားဆိုတာကို အမြဲပဲ စဉ်းစားရမယ်။ 

အဲတော့ အမေကတော့ လူငယ်တွေကိုပဲ ပြောရမှာပဲ၊ လူကြီးတွေကတော့ အစကတည်းက အဲဒီစိတ်ဓာတ် မရှိရင် အခုပြင်ပေးလို့ မရတော့ဘူး၊ ခက်ပြီ။ ဒါပေမယ့် သတင်းစာဆရာကြီးတွေထဲမှာဆိုရင် လူရိုသေ၊ ရှင်ရိုသေ တသက်လုံး ခိုင်ခိုင်မာမာနဲ့ လုပ်သွားတဲ့ သတင်းစာဆရာကြီးတွေရဲ့ နမူနာကို ယူပါ။ အခု တချို့ဆိုရင် ပိုက်ဆံရရေးပေါ့ ပိုက်ဆံရရေးလုပ်တဲ့အခါမှာ တချို့ကိစ္စတွေကျတော့ ပြောရမယ်ဆိုရင် ဥပဒေအရတော့ ဘာမှလုပ်လို့မရဘူးပေါ့၊ ဒါပေမယ့် ဒီလိုအတင်းအဖျင်းတွေ ဘာတွေ လူရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖော်ထုတ်တာတွေဟာ တကယ်တော့လဲ တိုင်းပြည်နဲ့လဲ မဆိုင်ဘူး၊ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းရဲ့ အကျိုးအမြတ်နဲ့လဲ မဆိုင်ပဲနဲ့ လူတွေ ဖတ်လို့ကောင်းအောင်ဆိုပြီး ရေးတာပြုတာတွေဟာ ပုဂ္ဂိုလ်တွေရဲ့ဘဝတွေ ပျက်စေတာ ရှိတယ်။ 

အဲတာတွေကျတော့ အမေအနေနဲ့ ဒါဟာ မြင့်မြတ်တဲ့ မီဒီယာ အလုပ်အကိုင်လို့ မမြင်ဘူး၊ ထောက်ပြသင့်တာ ထောက်ပြတာက တမျိုးပေါ့၊ အလကားသက်သက် သတင်းထူးဆိုပြီး လူဝယ်ဖတ်အောင်လို့ လုပ်တာမျိုးဟာ တခြားလူတွေပေါ်မှာလဲ ကိုယ့်ရဲ့လူသားတယောက်အနေနဲ့ တာဝန်ရှိတယ်ဆိုတာ ကလေးတွေ မှတ်ထားကြ။ 

အမေတို့ မီဒီယာက ကံကောင်းတာ ဘာလဲဆိုတော့ အခုမှ စတယ်ဆိုတော့ လူငယ်တွေ အရမ်းများတယ်။ လူငယ်တွေဆိုတော့ ကိုယ့်ကိုကိုယ် တည့်သွားနိုင်တယ်။ တည့်သွားလို့ရတယ်။ ခေါက်ရိုးကျိုးနေတဲ့လူကတော့ ကျိုးနေပြီ ဘယ်လိုမှ ပြန်ပြင်လို့ မရဘူး။" 

ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အောက်တိုဘာလ ၂၄ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာနဲ့ ပတ်သတ်ပြီး အခုလို ပြောကြားခဲ့ပါသည်။

အေးချမ်းမွန်မှ Burma VJ Media Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma VJ Media Network
"သတင်းတွေ ယူတဲ့အခါမှာ၊ သတင်းမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာက အခြေအနေတွေ သုံးသပ်တဲ့နေရာမှာ လေးလေးနက်နက်လုပ်ပ
ါ၊ အပေါ်ယံကြော မကြည့်နဲ့။ လူတွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ အရှေ့အနောက် ညီလားဆိုတာ အမြဲစစ်ဆေးနေ၊ အဲတာ အရေးကြီးတယ်။ ဟိုတမျိုး အခုတမျိုးဆိုတာက ဘယ်တော့မှ စိတ်မချရဘူးဆိုတာ သိရမယ်။ နောက်ပြီးတော့ အပေါ်ယံကြောလေး ကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် နိုင်ငံ့အကျိုးမပြုနိုင်ဘူး။

အမေကတော့ တချိန်လုံး သတိပေးနေတယ်။ အထူးသဖြင့် မီဒီယာက လူငယ်တွေကိုပေါ့ အခုတည်းကကိုယ့်ကိုကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ်မှာတင်ထားကြပါ။ နောက်အသက်ကြီးလာရင် ပြောင်းရပြုရ ခက်တယ်။ ဘာလို့ဆိုတော့ လူက ပိုးဝင်သွားနိုင်တယ်။ နေရာ၊ အာဏာ၊ သြဇာကို သာယာသွားနိုင်တယ်။ အဲတာတွေကို အမြဲသတိထားနေရမယ်။ ကိုယ့်ကိုကိုယ်လဲ သတိထား၊ သူများကိုလဲ ကြည့်နေ ဘယ်သူက ပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေ ပြတတ်တယ်။ အဲတော့ ကိုယ့်ကိုကိုယ် ညှိရမယ်။ ရှေ့နောက် မညီတဲ့ကိစ္စတွေ သာယာလာတဲ့ကိစ္စတွေ မီဒီယာတွေမှာလဲ ဖြစ်တတ်တယ်။

နိုင်ငံတော်သမ္မတ အနေဖြင့် ကုရ်ဘာနီပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိကြောင်း ထုတ်ပြန်

Photo: နိုင်ငံတော်သမ္မတ အနေဖြင့် ကုရ်ဘာနီပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိကြောင်း ထုတ်ပြန်  
 
Friday, 26 October 2012 10:30

နိုင်ငံတော်သမ္မတအနေဖြင့် ကုရ်ဘာနီပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(Hmuu Zaw) ၏ facebook စာမျက်နှာ တွင် ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄တွင် ဖော်ပြထားသည့်အတိုင်း ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့် တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး လွတ်လပ်စွာကိုးကွယ် တည်ဆောက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည် ဟူသော အချက်များပါရှိပြီး ဖြစ်ကြောင်း ၎င်း၏ facebook တွင် ဖော်ပြထားသော အသိပေးကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားပါသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ (၂၇-၁၀-၂၀၁၂) ရက်နေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက် ဖြစ်ကြောင်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံများတွင် ပါရှိပြီးဖြစ်ကြောင်းကိုလည်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၄င်း၏ facebook စာမျက်နှာတွင် အသိပေးချက်တစ်ရပ် အဖြစ် ဖော်ပြထားပါသည်။ 

အေးချမ်းမွန်မှEleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
နိုင်ငံတော်သမ္မတအနေဖြင့် ကုရ်ဘာနီပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါေ
ကြာင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(Hmuu Zaw) ၏ facebook စာမျက်နှာ တွင် ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄တွင် ဖော်ပြထားသည့်အတိုင်း ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့် တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး လွတ်လပ်စွာကိုးကွယ် တည်ဆောက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည် ဟူသော အချက်များပါရှိပြီး ဖြစ်ကြောင်း

အမျိုးသားများအတွက် အရေးကြီးဆုံး အာဟာရဓာတ် လေးမျိုး

Photo: အမျိုးသားများအတွက် အရေးကြီးဆုံး အာဟာရဓာတ် လေးမျိုး

တချို့ အာဟာရ ဓာတ်တွေဟာ အမျိုးသမီး တွေအတွက် အလွန် အရေးကြီးတယ် ဆိုတာကို အားလုံး သိကြတယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် အမျိုးသမီး တွေဟာ အမျိုးသား တွေထက် သံဓာတ်ကို ပိုမို လိုအပ် ပါတယ်။ 

ဒါပေမဲ့ တချို့ အာဟာရ တွေဟာလည်း အမျိုးသားတွေမှာ အမျိုးသမီး တွေထက် ပိုမို လိုအပ်တာကြောင့် အမျိုးသား တွေအတွက် အရေးကြီးဆုံး အာဟာရဓာတ် လေးမျိုးကို အောက်မှာ ဖော်ပြ လိုက်ပါတယ်။

မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသား တွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင် နိုင်အောင် ကူညီ နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။

ဗီတာမင်စီ

ဗီတာမင်စီ ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိအောင် လွှမ်းမိုး မှုလည်း ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။ 

အမျှင် (Fibre)

သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံလောက်လောက် ရရှိရင် အူမကြီးကင်ဆာ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

www.myawady.com.mm/mwdhealth

အေးချမ်းမွန်မှ Royal Hero Mediaတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Royal Hero Media

တချို့ အာဟာရ ဓာတ်တွေဟာ အမျိုးသမီး တွေအတွက် အလွန် အရေးကြီးတယ် ဆိုတာကို အားလုံး သိကြတယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် အမျိုးသမီး တွေဟာ အမျိုးသား တွေထက် သံဓာတ်ကို ပိုမို လိုအပ် ပါတယ်။

ဒါပေမဲ့
တချို့ အာဟာရ တွေဟာလည်း အမျိုးသားတွေမှာ အမျိုးသမီး တွေထက် ပိုမို လိုအပ်တာကြောင့် အမျိုးသား တွေအတွက် အရေးကြီးဆုံး အာဟာရဓာတ် လေးမျိုးကို အောက်မှာ ဖော်ပြ လိုက်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်

Photo: ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်

သာလွန်ဇောင်းထက်| October 26, 2012 

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရ အစိုးရက ဦးဆောင်ဖွဲ့စည်းမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လုပ်ပိုင်ခွင့်များစွာ ရှိနေသောကြောင့် လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်ကန်မှုများ ဖြစ်ပွားနိုင်ခြေရှိသဖြင့် ပြင်ဆင်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အဆိုတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်များ ပြန်လည်ပေးပို့လာသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးရန် ယခု လွှတ်တော် အစည်းအဝေးများတွင် ဆုံးဖြတ်ရာ NLD လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏  ဆုံးဖြတ်ချက်နှင့် လုပ်ပိုင်ခွင့်များ အပေါ် ပြန်လည်ပြင်ဆင်နိုင်ရေး အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဥပဒေတွေက ထင်သာမြင်သာရှိရမယ်။ ဥပဒေဆိုတာ မြန်ဆန်စရာ မလိုဘူး။ မှန်မှန်ကန်ကန်နဲ့ ပြည်သူနဲ့ နိုင်ငံအကျိုးပေါ်ထွန်းဖို့ အဓိက ဦးတည်ရမယ်လို့ ပြောထားတယ်။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ကော်မရှင်က ဥပဒေထဲမှာ ဖော်ပြထားခြင်း မရှိတဲ့ လုပ်ပိုင်ခွင့်တွေကို တော်တော်လေးကို ပေးထားတာ တွေ့ရပါတယ်” ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ၀င်ရောက်ဆွေးနွေးကြရန် NLD လွှတ်တော်အမတ် ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဝင်းထိန်၊ ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းတို့ကို တာဝန် ပေးအပ်ထားကြောင်း သိရှိရသည်။

“အဓိက ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်တို့က ဆွေးနွေးကြမှာပေါ့။ တာဝန်ပေးထားတာကတော့ လေးယောက်ကို တာဝန်ပေးထားတာ။ ဆွေးနွေးဖို့လည်း နာမည်စာရင်း သွင်းထားပြီးပါပြီ” ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ အခန်း ၇ တွင်  ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ခြင်း၊ ခွင့်ပြုပေးခြင်းနှင့် တားမြစ်ခြင်းအပါအ၀င် လုပ်ပိုင်ခွင့်နှင့်တာဝန်များစွာ ရရှိထားသည်။

NLD မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း ဥပဒေကြမ်းများကို ပြည်သူများထံ အရင်တင်ပြပြီးမှ လွှတ်တော်တွင်း ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိတွင် ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးအတည်ပြုပြီးမှ ပြည်သူများသိခွင့်ရရှိနေခြင်းမှာ ထင်သာမြင်သာ နည်းပါးမှုကို ပြရာရောက်နေကြောင်း ပြောဆိုသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေက များလွန်းတော့ သူနဲ့အဆင်ပြေတဲ့သူကို လုပ်ပိုင်ခွင့်ပေးမယ်။ အဆင်မပြေတဲ့ လုပ်ပိုင်ခွင့် မပေးတာတွေ ဖြစ်လာရင် လာဘ်ပေးလာဘ်ယူမှုတွေ ဆက်စပ်ဖြစ်လာနိုင်တယ်။ အဲဒီတော့ ဥပဒေကြမ်းလုပ်ကတည်းက ထင်သာမြင်သာ ရှိရှိနဲ့ ပြည်သူကို ချပြ။ ပြည်သူတွေဆီက အသံကို ပြန်နားထောင်ပြီးတော့ ဥပဒေကြမ်းကို ဆုံးဖြတ်ဆွေးနွေးတာတွေလုပ်ရင် ပိုပြီးတော့ အကျိုးဖြစ်ထွန်းမယ်” ဟု ဒေါ်ဖြူဖြူသင်းက  ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပုံစံသုံးမျိုးဖြင့် လုပ်ပိုင်ခွင့်ပေးထားပြီး နိုင်ငံခြားသားက မတည် ရင်းနှီးငွေအပြည့်ဖြင့် လုပ်ကိုင်ခွင့်ပြုခြင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသား သို့မဟုတ် အစိုးရ၊ ဌာန၊ အဖွဲ့အစည်းတို့နှင့် ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီသော ပဋိညာဉ် စာချုပ်ပါစနစ်တခုခုဖြင့် ဆောင်ရွက်ခြင်းတို့ဖြင့် ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် လွှတ်တော်အမတ်များက အတည်ပြုခဲ့သော FDI ဥပဒေ မူကြမ်းထက် ပို၍ ရှင်းလင်းသော၊ ပြုလွယ်ပြင်လွယ်ဖြစ်သော မူကြမ်းတခုဖြစ်အောင် လွှတ်တော်ကို ဆောင်ရွက်စေလိုကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုပြီး မူကြမ်းကို လွှတ်တော်သို့ ပြန်ပို့ထားသည်။ သမ္မတအနေနှင့် နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ၅၀ အထက်အထိ တိုးမြှင့်ပေးစေလိုသည်ဟု သမ္မတရုံးအရာရှိများက ပြောဆိုသည်။ ပထမမူကြမ်းတွင် ၄၉  ရာခိုင်နှုန်းအဖြစ် ကန့်သတ်ထားသည်။

စီးပွားရေးလုပ်ငန်းအပေါ် မူတည်၍ နိုင်ငံခြားသား ပိုင်ဆိုင်မှု ရာခိုင်နှုန်းကို ပြုလွယ်ပြင်လွယ် ထားသင့်သည်ဟု သမ္မတက တောင်းဆိုနေသည်။ ယခု မူကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် ကန့်သတ်ထားသဖြင့် သမ္မတက ၎င်းကိစ္စနှင့် ပတ်သက်ပြီး  ရှင်းလင်းချက်လည်း တောင်းဆိုထားသည်။

နိုင်ငံခြား ရင်းနှီးမှုမြှုပ်နှံမှု ဥပဒေကြမ်းတွင် အခန်း ၁၇ ခန်းပါဝင်ပြီး ဥပဒေကြမ်းတွင် လွှတ်တော်နှင့် အစိုးရအကြား အငြင်းပွားဖွယ် အချက်များရှိနေခြင်းကြောင့် ယခုအချိန်အထိ ဥပဒေအဖြစ် အတည်ပြုရေး ကြန့်ကြာလျက်ရှိသည်။

မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မူလက်မူအသင်း ဥက္ကဌ ဦးဝင်းအောင်က ဥပဒေကို နိုင်ငံခြားသားများ လုပ်သာကိုင်သာရှိအောင် ဖန်တီးပေးထားရမည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် Protectionism (အကာအကွယ်ပေးရေးမူဝါဒ) ကို မျှော်လင့်မနေဘဲ အများနှင့် ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားသင့်ကြောင်း ဦးဝင်းအောင်က ပြောသည်။

သို့ရာတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမူများကို လက်ခံလိုက်ပါက ပြည်တွင်းလုပ်ငန်းရှင်များအတွက် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းနှင့် ကျောင်းသူလေးများအသင်းတို့ကို ယှဉ်ပြိုင်ခိုင်းသည့်နှယ် ဖြစ်သွားမည်ဟု ပြောကြသူများ ရှိကြောင်း၊ ကျောင်းသူလေးများနှင့် တင်စားထားသည့် ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ်ရန် လိုအပ်သော်လည်း အလွန်အကျွံ အကာအကွယ်ပေးပါကလည်း ကျောင်းသူလေးများသာ စီမံသည့် ဘောဂဗေဒ အခင်းအကျင်း ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ပြောသည်။

“လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ပူနေတာက အပြင်ကလာမယ့် မန်ချက်စတာ ယူနိုက်တက်ကို ကြောက်တာ မဟုတ်ဘူး။ အတွင်းက ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကြောက်နေရတာ။ အခုအတိုင်း ဆက်သွားရင် ခရိုနီမောင်းနှင်တဲ့ တိုင်းပြည်စီးပွားရေး အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်။ Crony driven economy ဖြစ်ပြီး ၀င်ငွေခွဲဝေမူကြီးက ပိုကြီးသွားမယ်ဆိုရင် မကောင်းပါဘူး” ဟု ဒေါက်တာ ဦးမြင့်က ပြောသည်။

လတ်တလော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူမှာ စွမ်းအင်ကဏ္ဍ၊ သံယံဇာတ ထုတ်ယူသည့် ကဏ္ဍတွင်သာ များနေပြီး တခြားကဏ္ဍများတွင် နည်းနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမူဆောင် ဒေါက်တာ စိုးထွန်းက ပြောသည်။

“လက်ရှိအချိန်ထိ လယ်ယာကဏ္ဍက ၀.၅ ရာခိုင်နှုန်းအောက် နည်းပါတယ်။ ဒီ ကဏ္ဍ ၀င်လုပ်ချင်တယ်လို့ ပြောတဲ့သူ တထောင် လောက်ရှိတယ်။ ပြောတိုင်းသာဝင်ရင် ပြည့်နေပြီ။ ဗီယက်နမ်နဲ့ MOU ထိုးထားတာ ရှိတယ်။ အဲလို လက်မှတ်ထိုးထားတာတွေတောင် မလာနိုင်တာ။ ကျန်တာတွေလဲ ဒီလိုပါပဲ” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။

အငြိမ်းစား ဘောဂဗေဒပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ် ဆွဲဆောင်မှုရှိရန် လိုအပ်ပြီး ကန့်သတ်ချက်များစွာ ရှိမနေသင့်ဟု ပြောဆိုသည်။

“ဥပဒေဆိုတာက ကန့်သတ်ချက်တွေ များလို့မရဘူး။ ဥပဒေဆိုတာက ခွင့်ပြုပေးချင်လို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်စေချင်လို့ ပြဋ္ဌာန်းထားတာပဲလေ။ မလုပ်စေချင်ဘူး၊ မလာစေချင်ဘူးဆိုရင် ဘာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာ ထုတ်နေမလဲ။ ဘာမှ ထုတ်နေစရာကို မလိုဘူး” ဟု ဒေါက်တာ မောင်မောင်စိုးက ဆိုသည်။

ဧရာဝတီ သတင်းထောက် လဖိုင် ပူးတွဲ ရေးသားသည်။

နိုင်ငံခြား ရင်းနှီးမှုမြှုပ်နှံမှု လာမှ ငွေအရင်းအနှီး၊ နည်းပညာနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများ ရနိုင်မည် (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)

အေးချမ်းမွန်မှ ဧရာဝတီ Blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ Blog
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရ အစိုးရက ဦးဆောင်ဖွဲ့စည်းမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လုပ်ပိုင်ခွင့်များစွာ ရှိနေသောကြောင့်
လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်ကန်မှုများ ဖြစ်ပွားနိုင်ခြေရှိသဖြင့် ပြင်ဆင်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အဆိုတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်များ ပြန်လည်ပေးပို့လာသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးရန် ယခု လွှတ်တော် အစည်းအဝေးများတွင် ဆုံးဖြတ်ရာ NLD လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် လုပ်ပိုင်ခွင့်များ အပေါ် ပြန်လည်ပြင်ဆင်နိုင်ရေး အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူမှထွက်ပြေး စက်လှေ(၄၀)စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်

Photo: ကျောက်ဖြူမှထွက်ပြေး စက်လှေ(၄၀)စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်

Written by သဇင်ဥ     Friday, 26 October 2012
  
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး စက်လှေ(၄၀)စီးခန့်ဖြင့် ထွက်ပြေးတိမ်းရှောက်သွားသော ရာပေါင်းများစွာသော ဘင်္ဂလီမူဆလင်များမှာ ယမန်နေ့ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်၊ အလယ်သံကျော်နယ်မြေ ကျောက်ပန်းတူနယ်မြေတွင် သက်ဆိုင်ရာမှ ယင်းတို့အား စခန်းဖွင့်လက်ခံနေကြောင်းနှင့် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း တာခ်နာမြို့နယ်သို့ ယင်းစက်လှေတစ်ချို့ ထပ်မံထွက်ပြေး သွားရောက်နိုင်ကြောင်း နယ်စပ်မှ သတင်းများထွက်ပေါ်လာနေသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းတူနယ်မြေတွင် ရခိုင်ကျေးရွာ အိမ်ခြေမှာ(၇၀)ကျော်ခန့်သာရှိ၍ ဘင်္ဂလီရွာများမှာ(၃)ရွာခန့်ရှိပြီး အိမ်ခြေမှာ(၁၀၀၀)ကျော်ခန့်ရှိသည်ဟု သိရသည်။ ယခု ဒုက္ခသည်စခန်းချမည့် ရွာအမည်မှာ သင်္ဘောကွေ့ရွာဟုသိရပြီး မောင်တောမြို့မှ (၅)မိုင်ခန့်၊ ကျောက်ပန်းတူရွာမှ နာရီဝက်ခန့်သာဝေးသည်ဟု သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် လ၀က၊ ရဲ၊ လုံထိန်းတာဝန်ရှိ တစ်ချို့အနေဖြင့် ယနေ့မနက်(၅)နာရီချိန်တွင် ယင်းကျောက်ပန်းတူသို့ သွားရောက်ပြီး ဘင်္ဂလီမူဆလင်များအား လက်ခံနေရာချပေးမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းဖွင့်ရန် ရောက်ရှိလာပုံကို ကျောက်ပန်းတူရွာမှ ဒေသခံအမျိုးသမီးအား မေးမြန်းရာ " ကျမတို့ရွာ ကျောက်ပန်းတူရွာ (နတလရွာ)လို့ ခေါ်ပြီးတော့ ဘင်္ဂလီရွာကိုကျတော့ ကျောက်ပန်းတူ ဘင်္ဂလီရွာလို့ခေါ်ပါတယ်။ ဒီနေ့ နံနက် (၉)နာရီကျော်လောက်မှာ မောင်တောကွပ်ကဲရေးမှူး၊ နစက၊ နဝတ၊ လဝကနှင့် နိုင်ငံခြားဧည့်သည်များ(၄၀)ကျော်က သင်္ဘောကွေ့ရွာမှာ ဘင်္ဂလီတွေအတွက် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ နေရာကိုကြည့်ရန် ရောက်လာကြပါတယ်။ အဲဒါကို ရွာသူရွာသားတွေကကြားတော့ ရွာဦးကျောင်းနှင့် စခန်းက စောင့်နေပြီးတော့ စခန်းကိုမဖွင့်ဖို့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ မောင်တောကွပ်ကဲရေးမှူးကတော့ ဘာမှ စိတ်မပူကြဖို့နှင့် အားလုံးကို သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။ သင်္ဘောကွေ့ရွာက ပင်လယ်နဲ့ ပင်လယ်ကမ်းခြေနီးပြီးတော့ မောင်တောကားလမ်းအောက်မှာ ရှိတာပါ။ အခု အဲဒီရွာမှာ ပြေးလာကြတဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားပြီးသွားလျှင် တစ်ခုခုဖြစ်မှာကို ရွာသူရွာသားတွေက အရမ်းစိုးရိမ် နေကြပါတယ်။ " ဟု ပြောပြသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းတူရွာနှင့် အနီးနားတွင်ရှိသော ဘင်္ဂရွာမှ ရွာသူရွာသားများသည် အေးအေး ချမ်းချမ်းနဲ့ နေထိုင်နေကြကြောင်း၊ အခု ထွက်ပြေးလာကြသော ဘင်္ဂလီမျာအတွက် သင်္ဘောဆိပ်ကွေ့တွင် ဒုက္ခသည်စခန်းဖွင့်ပြီးသွားလျှင် ဆူပူမှုများဖြစ်လာမည်ကို ရွာသူရွာသားများ စိုးရိမ်နေကြောင်း၊ ဒုက္ခသည်စခန်းထားမည်၊ မထားမည်ကို သေချာစွာ မသိရှိရသေးကြောင်း မောင်တောဒေသခံ အမျိုးသီးတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

အေးချမ်းမွန်မှ The Arakan Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Arakan Times
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး စက်လှေ(၄၀)စီးခန့်ဖြင့် ထွက်ပြေးတိမ်းရှောက်သွားသော ရာပေါင်းမျာ
းစွာသော ဘင်္ဂလီမူဆလင်များမှာ ယမန်နေ့ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်၊ အလယ်သံကျော်နယ်မြေ ကျောက်ပန်းတူနယ်မြေတွင် သက်ဆိုင်ရာမှ ယင်းတို့အား စခန်းဖွင့်လက်ခံနေကြောင်းနှင့် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း တာခ်နာမြို့နယ်သို့ ယင်းစက်လှေတစ်ချို့ ထပ်မံထွက်ပြေး သွားရောက်နိုင်ကြောင်း နယ်စပ်မှ သတင်းများထွက်ပေါ်လာနေသည်။

တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ

Photo: တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ


ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက် ပန်းသစ္စာ လမ်းတွင် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက်သူ များ အား အောက်တိုဘာ
၁၉ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ရွှေ ဟော်ကုန်း ရပ်ကွက် နယ်မြေ(၂) ခြင်္သေ့လမ်းနေ ဦးငွေစိုး သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်း၏ ညီဖြစ်သူ ဦးငွေတိုး ၅၇ နှစ် 
(ဘ) ဦးခွေးမှာ လွန်ခဲ့သော ၁ဝ ရက်ခန့်က နေအိမ်မှ TOYOTA VITZ မော်တော် ယာဉ်တစ်စီး၊ တရုတ်နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီးနှင့် ဝ၉-၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး တို့နှင့် အတူ ပျောက်ဆုံး နေကြောင်း လာရောက် သတင်း ပို့ခဲ့သည်။ ဆက်လက်၍ တောင်ကြီး အမှတ်(၂) ရဲစခန်းမှ (၁/၂ဝ၁၂)ဖြင့် ရေးဖွင့်၍ ဦးငွေတိုးနှင့် အတူ ပါသွားသော လက်ကိုင်ဖုန်းအား ဆက်သွယ်ရာ ကလောမြို့ရှိဖုန်းအရောင်း ဆိုင်တွင် ရောက်ရှိ နေသည်ကို သိရှိ ရသဖြင့် ၎င်းဖုန်းဆိုင် သို့သွား ရောက် စုံစမ်းရာ ဖုန်းကို အမည်မသိ လူတစ်ဦးမှ လာရောက် ရောင်းချခြင်း ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီက ငွေလာ ရောက်ယူမည်ဟု သိရှိ ရသဖြင့် ရဲတပ်ဖွဲ့ ဝင်များမှ ဖုန်းလာ ရောင်းချ သူအား စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ ဇော်မျိုးစိုး (ခ)မျိုးစိုး ၂၄ နှစ်၊ (ဘ) ဦးစိုးတင့် အမှတ်(၄) ရပ်ကွက် ကလော မြို့နေ သူကို ဖမ်းဆီးရမိ ခဲ့သည်။

၎င်း၏ ထွက်ဆိုချက် အရ အောက်တိုဘာ ၁၁ရက် ည ၁၁ နာရီခွဲက ညီညီဝင်း(ခ) ထက်မြက် အောင် (၁၈)နှစ် (ဘ) ဦးအောင်စိုး အမှတ်(၁ဝ) ရပ်ကွက် ကလောမြို့နယ် နေသူနှင့် အတူ ဦးငွေတိုးကို ၎င်း၏ နေအိမ်တွင် သတ်ခဲ့ပြီး TOYOTA VITZ မော်တော်ယာဉ် တစ်စီး၊ တရုတ် နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီး၊ ဝ၉- ၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေဒင်္ဂါး ဆွဲပြား (၂)ပြား၊ ကျောက်လက်စွပ် (၁)ကွင်း၊ ငွေလက်ကောက် တစ်ကွင်း စုစုပေါင်း တန်ဖိုး ငွေကျပ် ၉၅ သိန်း ကျော်ကို ယူဆောင်ပြီး ဦးငွေတိုး အလောင်းအား ၎င်းမော်တော် ယာဉ်ဖြင့် တင်ဆောင်၍ ရပ်စောက်- ပင်းတယသွား ကားလမ်း လမ်းဘေး မြောင်းအတွင်း ပစ်ထား ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက် သူ ဇော်မျိုးစိုး (ခ) မျိုးစိုးနှင့် ညီညီဝင်း
(ခ) ထက်မြက်အောင် တို့နှစ်ဦးကို တောင်ကြီး အမှတ် (၂) ရဲစခန်းမှ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂/ ၃၉၂/ ၂ဝ၁/ ၁၁၄အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်း ရရှိသည်။

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက် ပန်းသစ္စာ လမ်းတွင် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက်သူ များ အား အောက်တိုဘာ
၁၉ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ရွှေ ဟော်ကုန်း ရပ်ကွက် နယ်မြေ(၂) ခြင်္သေ့လမ်းနေ ဦးငွေစိုး သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်း၏ ညီဖြစ်သူ ဦးငွေတိုး ၅၇ နှစ်
(ဘ) ဦးခွေးမှာ လွန်ခဲ့သော ၁ဝ ရက်ခန့်က နေအိမ်မှ TOYOTA VITZ မော်တော် ယာဉ်တစ်စီး၊ တရုတ်နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီးနှင့် ဝ၉-၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး တို့နှင့် အတူ ပျောက်ဆုံး နေကြောင်း လာရောက် သတင်း ပို့ခဲ့သည်။

စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ

Photo: စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ

ရေးသားသူ- အားမာန်

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်ဖြစ်ပွားမှု အရှည်ကြာဆုံးနိုင်ငံဟု မှတ်တမ်းဝင်နေသော မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှဦးဆောင်လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တာဝန်ပေးမှုအရ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်မှ ငြိမ်းချမ်းရေးဖော်ဆောင်
သူဖြစ်လာသော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးအောင်မင်းက ၂၀၁၁ အောက်တိုဘာ ၁၉ တွင် အပစ်အခတ်ရပ်စဲရေးကိုပင် နှစ် ၆၀ ကျော်ကြာ သဘောတူညီချက်မရခဲ့ဖူးသော ကေအင်န်ယူအဖွဲ့နှင့် ဆွေးနွေးပြီးစတင်ခဲ့သည်။ တစ်နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် ၄၅ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုအထဲတွင် ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်)မှအပ ကျန်တိုင်းရင်းသားအဖွဲ့များအားလုံးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
ရရှိခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏ သက်တမ်းတစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့နိုင်ငံများကပင် အံ့သြရလောက်အောင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ အပြောင်းအလဲများခဲ့သော မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရန်မှာ နိုင်ငံအတွက် အရေးကြီးဆုံး အကြောင်းအရာများထဲက တစ်ခုဖြစ်သည်။ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိအောင် ဦးဆောင်ဆွေးနွေးနေသူလည်းဖြစ်သော နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကို အောက်တိုဘာ ၂၁ ရက်၌ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အစိုးရသစ်လက်ထက်မှာ ရထားပို့ဆောင်ရေးဝန်ကြီးကနေ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ဦးဆောင်လုပ်ကိုင်တော့ နိုင်ငံရေးလေ့လာသူတွေ မျက်စိလည်သွားတယ်။ ဘာကြောင့် ရထားပို့ဆောင်ရေးဝန်ကြီးကနေ ငြိမ်းချမ်းရေးဖော်ဆောင်သူ ဖြစ်လာရတာလဲ။

လူတစ်ယောက်ရာထူးရတယ်။ အာဏာ၊ လုပ်ပိုင်ခွင့်ရတယ်ဆိုတာ ခေါင်းဆောင်လုပ်တဲ့သူအပေါ်မှာ မူတည်တယ်။ ခေါင်းဆောင်ဆိုတာ အခုလောလောဆယ် ဦးသိန်းစိန်ပေါ့။ ဗိုလ်ချုပ်မှူးကြီးတို့လက်ထက်ကလည်း ဒီလိုပဲ။ ကျွန်တော်တို့ကြိုးစားပြီး လုပ်ခဲ့တာပဲ။ သူတို့က ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို မသိတော့ ကျွန်တော်တို့ကိုမခိုင်းဘူး။ ဘာလို့ မခိုင်းလဲဆိုတော့ အဲဒီမှာ ဘာသာရပ် Attachment ဆိုတာရှိတယ်။ သူက အရင်တုန်းက တွဲလုပ်ခဲ့ဖူးတဲ့သူတွေ၊ သူနဲ့ ခင်တဲ့သူတွေ၊ ဒီ Attachment ဖြစ်တဲ့သူတွေကိုပဲခိုင်းတာ။ အခုသမ္မတကြီး၊ သမ္မတဖြစ်လာတော့ သူက ကျွန်တော်တို့ကို ခိုင်းတယ်။ သမ္မတကြီးနဲ့ ကျွန်တော်တို့ပြောကြကြေးဆို ငယ်ငယ်လေးကတည်းက အတူနေခဲ့ဖူးတယ်။ နေခဲ့ဖူးတော့ ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ကို ခိုင်းရင်ရမယ်ဆိုတာသိလို့ ကျွန်တော်တို့ကို ခိုင်းတာပဲ။ ဒါကြောင့် Attachment က စကားပြောတယ်။ အခုက သမ္မတကြီးကနေ တိုက်ရိုက်ခိုင်းလို့ ဟိုမှာသွားပြောတယ်။ သမ္မတကြီးကိုယ်စား ကျွန်တော်က လိုအပ်တာတွေ ဆုံးဖြတ်ချက်တွေ ရဲရဲတင်းတင်း ဆုံးဖြတ်တယ်။ ဒီကိုပြန်လာတော့လည်း သမ္မတကြီးက ကျွန်တော် ဆုံးဖြတ်တာတွေကို တာဝန်ယူတယ်။ သမ္မတကြီးကဘာလို့ခိုင်းလဲဆိုတော့ ယုံလို့ခိုင်းတာ။ ကျွန်တော့်ရဲ့အားသာချက်တွေက ဘာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံး မြေပုံမလို၊ စကားပြန်မလိုဘဲ လမ်းပြမလိုဘဲနဲ့ သွားလို့ရတယ်။ ဘာလို့သွားလို့ရလဲဆိုတော့ ၁၉၆၈ တပ်ထဲဝင်တယ်။ ၁၉၇၁ မှာ ဗိုလ်ဖြစ်တယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်တစ်ပြည်လုံးကို မရောက်တဲ့နေရာ တစ်ခုမှမရှိဘူး။ မဆက်ဆံဖူးတဲ့ တိုင်းရင်းသား တစ်ယောက်မှ မရှိဘူး။ တိုင်းရင်းသားတွေနဲ့ တွေ့ရင် သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေခံစားနေရသလဲ၊ သူတို့အတွက် ဘာတွေလိုလဲဆိုတာ အမြဲစဉ်းစားတယ်။ ကိုယ်ချင်းစာတရားထားတယ်။ ကိုယ်မလုပ်နိုင်တာ တိုင်းရင်းသားကိုမခိုင်းဘူး။ ကျွန်တော်စစ်တပ်ထဲမှာ လုပ်ခဲ့ပေမယ့် နာမည်ပျက်တစ်ခုမှ မရှိဘူး။ ရောက်တဲ့နေရာတိုင်း တိုင်းရင်းသားတွေက ချစ်တယ်။ ဒါတွေကို သမ္မတကြီးကသိတယ်။

ကျွန်တော်ကိုယ်တိုင်က ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်ငယ်တုန်းက ထောက်လှမ်းရေးမှာကျတယ်။ ထောက်လှမ်းရေးမှာ များသောအားဖြင့် သူများတွေထောင်ကျမှ ရာထူးတက်တယ်။ သူများတွေ အပြစ်များများ ပေးနိုင်တဲ့အခါမှ ရာထူးတက်တာ၊ ကိုယ့်ထောက်လှမ်းရေးသမိုင်းမှာ တစ်ဦးတစ်ယောက်ကိုမှ ထောင်မချခဲ့ဘူး။ လူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဘူး။ ဒုက္ခရောက်တဲ့သူတွေကို လိုက်ကယ်တာပဲ ရှိတယ်။ ခင်ဗျားတို့ ဒီလူကို အပြစ်ချတာ မှားတယ်။ ဒီလူမှာ အပြစ်မရှိဘူး။ ခင်ဗျာတို့ ဒီလောက်အပြစ်ကြီးချလို့ မရဘူးလို့ ရှေ့နေလိုက်တော့ ကျွန်တော့်ကို ဘယ်လောက်ထိ အပြောခံရဖူးလဲဆိုတော့ ဗိုလ်ချုပ်တင်ဦး(မျက်မှန်ဦးတင်ဦး)က မင်းပွဲခဘယ်လောက်ရလို့ ရှေ့နေလိုက်တာလဲလို့ မေးဖူးတယ်။ ကျွန်တော်ပွဲခရလို့လိုက်တာ မဟုတ်ဘူး။ တကယ်နစ်နာတဲ့သူတွေရှိလို့ သူတို့ဘက်ကရပ်တည်ပြီး ပြောပေးတာလို့ ပြန်ပြောလိုက်တယ်။

ကျွန်တော်ရဲ့စိတ်ဓာတ်က ငြိမ်းချမ်းရေးလိုလားတယ်။ နယ်မြေလည်းကျွမ်းတယ်။ တိုင်းရင်းသားတွေရဲ့ နစ်နာချက်တွေ ခံစားချက်တွေကိုလည်းသိတယ်။ အဲလိုလူမျိုးမှမခိုင်းရင် ဘယ်လိုလူခိုင်းမလဲ။

ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ တွေ့ဆုံဆွေးနွေးမှုတွေ အများကြီး လုပ်ရတယ်။ အလုပ်သဘောဆွေးနွေးမှုတွေ အများကြီးလုပ်ရတယ်။ ငြိမ်းချမ်းရေးလုပ်တဲ့အခါ သူတို့နယ်မြေကို သွားရတယ်။ စခန်းထဲသွားတဲ့အခါ ကိုယ်ပေါ်မှာ လက်နက်ပါ၊ မပါ၊ Body Search လုပ်တယ်။ ၀န်ကြီးတစ်ဦးအနေနဲ့ Body Search လုပ်တာခံရတယ်။ ကျွန်တော်စိတ်မဆိုးဘူး။ ကျွန်တော်က သူတို့စားစေချင်လို့ မုန့်ဝယ်သွားတယ်။ မစားဘူး။ အဆိတ်ခတ်မှာကြောက်လို့။ ပေးတဲ့ဖောင်တိန်တွေ၊ နာရီတွေ သူတို့မယူဘူး။ ဒီထဲမှာ ချိန်ကိုက်ဗုံးတွေ၊ ဘာတွေ သူတို့ကိုဒုက္ခပေးမှာကြောက်လို့ မယူဘူး။ အဲလိုကနေယုံကြည်မှု စတည်ဆောက်ရတာ။ ငြိမ်းချမ်းရေးလက်မှတ်ထိုးတာ ကျွန်တော်ကိုယုံတာလည်း တစ်ပိုင်းပါတယ်။ သမ္မတကြီးပေါ်မှာ ယုံတာလည်း တစ်ပိုင်းပါတယ်။ လူတွေမြင်တာက အခုချက်ချင်းသွား၊ အခုလက်မှတ်ထိုးတယ်လို့ ထင်နေတာ။ အဲဒီမတိုင်ခင်မှာလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲတွေမှာ အများကြီးညှိခဲ့ပြီးခါမှ အဲဒီလို လက်မှတ်ထိုးနိုင်တာ။ ဆွေးနွေးမှုတွေသွားတဲ့အခါ အောင်မြင်ချင်မှအောင်မြင်တာ။ စကားလေးနည်းနည်းမှားသွားတာနဲ့ နောက်ပြန်ဆုတ်သွားမယ်။ ဥပမာ မွန်ပြည်သစ်ပါတီနဲ့ ဘုရားသုံးဆူမှာ စကားသွားပြောတဲ့အခါ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟန်သာက ကျွန်တော့်ကို ဘယ်လောက်ထိပြောလဲဆို တစ်နာရီခွဲကြာတယ်။ နှစ်ပေါင်း ၆၀ လုံးမှာ အစိုးရအပေါ် မကျေနပ်တာပုံပြီး ပြောတယ်။ ကျွန်တော်ပြုံးပြီး နားထောင်တယ်။ အဲဒီမှာ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဆို ဒီလောက်အကြာကြီးပြောလို့ စိတ်တွေတိုနေတယ်။ သူ့ကို ခင်ဗျားစိတ်တိုရင် အစည်းအဝေးခန်းထဲက ထွက်သွား။ ဘာမှဝင်မပြောနဲ့။ ခင်ဗျားပြောရင် ပျက်သွားလိမ့်မယ်။ တစ်နာရီခွဲကြာ သူပြောပြီး ပြောစရာမရှိတော့မှ ကျွန်တော်ပြောတာ။

တိုင်းရင်းသားတွေတောင်းတဲ့ အဓိကအချက်က တန်းတူညီတူမှု၊ ကြီးကြီးကျယ်ကျယ်ပြောရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နိုင်ငံရေးအသုံးအနှုန်းနဲ့ပြောရင် Power Sharing (အာဏာခွဲဝေအသုံးပြုမှု)ပေါ့။ နောက်တစ်ခု သူတို့ဘာတောင်းဆိုလဲဆိုရင် စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာလဲဆိုတော့ Resource Sharing ။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်းထွက်တယ်။ ကျောက်စိမ်းကထွက်တဲ့ ရာခိုင်နှုန်းအမြတ်ကို သူတို့လိုချင်တယ်။ သူတို့ပြည်နယ်တွေကထွက်တဲ့ သတ္တုတွေရဲ့ ရာခိုင်နှုန်းကို သူတို့လိုချင်တယ်။

Power Sharing နဲ့ ပတ်သက်လို့ ကျွန်တော်ရဲ့ခံယူချက်ကတော့ ကရင်ပြည်နယ်ကို ကရင်တွေ အုပ်ချုပ်ရမယ်။ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အုပ်ချုပ်ရမယ်။

Resource Sharing လွှတ်တော်က ဆွေးနွေးတော့မယ်။ ကျောက်စိမ်းဆိုရင် ဘယ်လောက်ပေးခဲ့ပါ။ ရေနံဆိုရင် ဘယ်လောက်ပေးခဲ့ပါ။ ပေးပုံပေးနည်း ရာခိုင်နှုန်းတူချင်မှတူမယ်။ ပေးတဲ့ပိုက်ဆံကိုလည်း တိုင်းနဲ့ပြည်နယ်အစိုးရကိုပဲ ပေးမှာပေါ့။ အစိုးရကလည်း သူ့တိုင်းနဲ့ပြည်နယ်ထဲမှာ လိုတဲ့လမ်းတွေ၊ တံတားတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ စတာတွေ လုပ်မှာပေါ့။ ကျွန်တော်တို့က ကြိုစဉ်းစားထားပါတယ်။

အရင်းအမြစ် ခွဲဝေသုံးစွဲမှု (Resource Sharing)နဲ့ပတ်သက်ပြီး ဘယ်လွှတ်တော်မှာ ဆွေးနွေးမှာပါလဲ။

အခုကျင်းပနေတဲ့ လွှတ်တော်မှာ ဆွေးနွေးတော့မှာ။

ဝန်ကြီး ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးမှု ကေအင်ယူနဲ့လုပ်ဖို့ မဲဆောက်ကို မြ၀တီကနေ ကိုယ်တိုင်ကားမောင်းပြီး သွားခဲ့တာ သိရပါတယ်။ ဒီလိုပဲ ဆွေးနွေးမှုတွေလုပ်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေထဲကို အကြိမ်ပေါင်းများစွာသွားခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့အသက်အန္တရာယ်ကို စိုးရိမ်တာမျိုးဖြစ်ဖူးလား။

ငယ်ငယ်တုန်းက စစ်သားလုပ်တဲ့အခါမှာ စိတ်တစ်ခုပဲထားတယ်။ အဲဒီစိတ်က ဘာလဲဆိုတော့ သေရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ ဆိုတော့ ဘာမှမကြောက်တော့ဘူး။ အခု အစိုးရ၀န်ကြီး ဖြစ်လာတော့ ပြုတ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ ကျွန်တော်လည်း အာဂတိလိုက်စားတာလည်း မရှိဘူး။ ကျွန်တော့်ကို ဘာလို့ထောင်ချမှာလဲ။ မှားခြင်းမှားရင် လုပ်ရင်ကိုင်ရင်း မှားတဲ့အမှားပဲ ရှိမယ်။ ကျွန်တော့်ကို ဖြုတ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ သေရုံကလွဲလို့လည်း ဘာမှမဖြစ်ဘူး။ ပြုတ်ရုံကလွဲလို့လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ လူတစ်ယောက်က ဘာမှမကြောက်တော့ဘူး။ ဒီလိုပဲသွားရတာ။ ချင်းမိုင်ကို ကျွန်တော်သွားတဲ့အခါ ကျွန်တော့်ကို မကျေနပ်တဲ့အဖွဲ့အစည်းတစ်ခုက စာအိတ်ထဲမှာ ပစ္စည်းတစ်ခုထည့်ပြီး ပေးလိုက်တယ်။ တိုင်းရင်းသားတွေမှာ အစဉ်အလာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် လူတစ်ယောက်ကို စိန်ခေါ်တဲ့အခါမှာ အဲဒီပစ္စည်းတစ်ခုကို ထည့်ပေးတယ်။ အဲဒီစာအိတ်က ဘာလဲဆိုရင် ကျည်ဆန်တောင့် ထည့်ပေးထားတယ်။ ဒါ ကျွန်တော်ကို စိန်ခေါ်တာ။ ဒီကိစ္စကို မရှုပ်ပါနဲ့ဆိုတဲ့ သဘောပေါ့။ ဒီလို စိန်ခေါ်ခံရတာ။ နောက် သူတို့ဘာပြောလဲဆိုတော့ ဥပမာ အဆင့်အမြင့်ဆုံး အိုဘားမားတောင် သတ်ဖို့လူငှားရင် ဘတ် ၄၂၀၀၀ ပဲပေးရတယ်။ ဘတ် ၄၂၀၀၀ ပေးရင် သတ်ရဲတဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ဦးအောင်မင်းဆိုရင်တော့ ဘတ် ၁၀၀၀၀ တော့ တန်ကြေးရှိမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ မစိုးရိမ်ဘူး။

ပထမဆုံး ကေအင်ယူနဲ့တွေ့တဲ့အခါ ဘန်ကောက်ကနေ မဲဆောက်ကို ၆ နာရီပဲ ကားမောင်းရတဲ့ခရီးက ရေကြီးနေလို့ ရေလွတ်တဲ့တောင်ပေါ်လမ်းတွေက မောင်းရင်းနဲ့ ၁၃ နာရီ မောင်းရတယ်။ ကချင်ဘက်ကိုသွားတော့လည်း ပထမလွယ်ဂျယ်မှာ တွေ့မယ်ဆိုပေမယ့် မိုင်းဂျာရန်အထိခေါ်တယ်။ လိုက်သွားတယ်။ ဒီလိုပဲ စွန့်စွန့်စားစားသွားရတာပဲ။

အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကေအင်ယူနဲ့ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်နိုင်တာ တွေ့ရတယ်။ တခြား အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အေနဲ့တော့ အခြေအနေက မထူးသေးဘူး။ ဒီအဖွဲ့ကြီးနှစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ ကြုံရတဲ့အတွေ့အကြုံက ဘာဖြစ်မလဲ။

ကေအင်န်ယူက နှစ်ပေါင်း ၆၀ လောက် အစိုးရအဖွဲ့နဲ့ ထိတွေ့မှု လုံးဝမရှိဘဲနဲ့ အထင်လွဲနေတယ်။ ယုံကြည်မှုကင်းမဲ့နေတယ်။ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကျွန်တော့်ကိုယုံလာတယ်။ ကျွန်တော်ဘယ်လောက်ထိ ပြောလဲဆိုတော့ ထမင်းစားတဲ့အခါမှာ ခင်ဗျားတို့မစားနဲ့။ ကျွန်တော်အရင်စားမယ်။ ကျွန်တော်မသေတော့မှ ခင်ဗျားတို့စား။ သူတို့အဖွဲ့က ကျွန်တော်တို့ကို ပြောတာရှိတယ်။ ဦးအောင်မင်း ကျွန်တော်တို့ဘက်ကတော့ ကတိတည်မယ်နော်။ ခင်ဗျားတို့ စစ်တပ်က ကတိမတည်ရင် ကျွန်တော်တို့ အပြစ်မပြောနဲ့။ ငြိမ်းချမ်းရေး ပြန်ပျက်နိုင်တယ်လို့ပြောတယ်။ ကျွန်တော်က ပြန်ပြောတယ်။ မှန်တဲ့ဘက်က ရပ်တည်မယ်။ မှန်တဲ့ဘက်က ၀င်ကူမယ်။

ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အချက်ခြောက်ချက်နဲ့ ကိုက်ညီရမယ်။ နံပါတ်တစ် ခေါင်းဆောင်လုပ်တဲ့ သမ္မတကြီးကိုယ်တိုင် ငြိမ်းချမ်းရေးလိုလားရမယ်။ နံပါတ်နှစ် လက်နက်ကိုင်တဲ့ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ နံပါတ်သုံး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တကယ်ထိတွေ့ဆက်ဆံနေတဲ့ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ နံပါတ်လေး ပြည်သူပြည်သား သန်း ၆၀ လုံးကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးအတွက်က အားလုံးမှာ တာဝန်ရှိတယ်။ နံပါတ်ငါး နိုင်ငံတကာကလည်း ထောက်ခံအားပေးဖို့ လိုအပ်တယ်။ နံပါတ်ခြောက် ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတဲ့ ပလေယာတွေကောင်းဖို့ အရေးကြီးတယ်။ ဒီအချက် ခြောက်ချက်နဲ့ကိုက်ညီမှ ငြိမ်းချမ်းရေးရတာ။ အခုချိန်က ဒီအချက်ခြောက်ချက်နဲ့ကိုက်ညီတဲ့အချိန် ဖြစ်တယ်။

ဒီအချိန်က အကောင်းအခါဖြစ်တယ်။ ကချင်က တပ်မတော်အစိုးရလက်ထက်ထဲကပါလာတဲ့ ပြဿနာဖြစ်တယ်။ ပြဿနာကို သုံးသပ်တဲ့အခါမှာ ကျွန်တော် ကရင်ကိုကိုင်တယ်။ ကယားကိုကိုင်တယ်။ မွန်ကိုကိုင်တယ်။ သုညကနေစရတာ။ သုညကနေတစ်။ တစ်ကနေနှစ်။ နှစ်ကနေသုံး၊ လေး
စသည်ဖြင့်။ ကချင်ကိစ္စကို တာဝန်ယူရတဲ့အခါကျတော့ သုညကနေ စရတာမဟုတ်ဘူး။ အနုတ်လေးကနေ စရတာ။ အနုတ်လေးကနေ အနုတ်သုံးကိုဆွဲတင်။ အနုတ်သုံးကနေ အနုတ်နှစ်ကိုဆွဲတင်။ အခုဆို အနုတ်တစ်လောက်ကို ရောက်လာပြီ။ မူလအခြေအနေကို မရောက်သေးဘူးနော်။ မူလအခြေအနေကို ရောက်ဖို့က အပစ်အခတ်ရပ်စဲရေး အဓိကလိုပါတယ်။ အပစ်အခတ်ရပ်စဲဖို့လည်း တပ်တွေက ရောထွေးနေတယ်။ ဒီဘက်က တပ်မတော်ကလည်း ရှေ့ကိုကျော်နေတယ်။ သူတို့တပ်တွေကလည်း ဒီဘက်ကိုကျော်နေတယ်။ ဒီဘက်တပ်တွေကလည်း သူတို့နယ်မြေထဲကို ရိက္ခာပို့ရမယ်။ နေမကောင်းတဲ့ လူနာတွေသွားခေါ်ရမယ်။ အဲဒီအခါမှာ ကြားကဖြတ်ဆွဲတာပေါ့။ သူတို့ဘက်ကလူတွေကလည်း ဒီဘက်ကိုကျော်နေတော့ ရိက္ခာပို့တာတို့၊ ဆက်ကြေးကောက်တာတို့မှာ တပ်ကတိုက်တာပေါ့။ အဲဒီတော့ ဘာလုပ်ရမလဲဆိုရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ဘာသာရပ်မှာ တပ်တွေက နောက်ပြန်ဆုတ်ရမယ်။ ဘယ်လောက်ထိ ဆုတ်ရမလဲဆိုတော့ ငါးကီလိုမီတာအထိ ဆုတ်ရမယ်။ ငါးကီလိုမီတာဆိုတာ လက်နက်ငယ်တစ်ကမ်း။ သုံးကြိမ်အလွတ်သဘောဆွေးနွေးပြီး အခုဆွေးနွေးမယ့်အကြိမ်က တပ်တွေရွှေ့ဖို့ကိစ္စပဲ။ တပ်တွေ သူ့နေရာသူ ရောက်သွားရင် တိုက်ပွဲမဖြစ်တော့ဘူး။ အဲဒီကျမှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လုပ်ငန်းစဉ်ကို သွားရမယ်။ အခုဆွေးနွေးမှာက သုညအဆင့်ကိုရောက်အောင် လုပ်မယ့်ဆွေးနွေးပွဲပဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြောတာရှိပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တပ်မတော်က အတိုင်အဖောက်မညီဘူး။ ဥပမာကေအိုင်အိုနဲ့ ကေအိုင်အေနဲ့ ဦးတို့က ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက်ကလည်း စစ်တိုက်တာမရပ်ဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးချင်လဲ။

တပ်တွေက သိပ်ရှုပ်ထွေးနေတဲ့အခါမှာ တပ်မှာက Never Say Sorry ။ မှားပစ်ပြီးမှ၊ လူသေပြီးမှ ဆောရီးပြောလို့မရဘူး။ ဟိုဘက်ကလည်း ဆောရီးလို့ မပြောဘူး။ ဦးအောင်ချမှာ။ ဒီလိုရှုပ်ထွေးနေတဲ့ ကာလမှာဖြစ်တာ။ ဒါကို အချိန်နဲ့ကုစားရမယ်။

အခု ကေအိုင်အို၊ ကေအိုင်အေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အောင်မြင်ဖို့ ယုံကြည်မှုဘယ်လောက်ရှိလဲ။

ယုံကြည်မှုအပြည့်ပဲ။

ယူအင်န်အက်ဖ်စီ(တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)နဲ့ ဘယ်တော့ဆွေးနွေးမှာပါလဲ။

ဒီဇင်ဘာလ ၃၁ ရက်ပါ။

လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပဲ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်ရအောင် လုပ်နေတယ်။ အဲဒီဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့အသံကို နားမထောင်ဘူးလို့ ပြောတာရှိပါတယ်။ ပြည်သူတွေမပါဘဲနဲ့ ထာဝရငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပြောကြတဲ့အပေါ်မှာ ဘာများမှတ်ချက်ပေးချင်ပါလဲ။

ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လက်နက်ကိုင်နှစ်ဖွဲ့ချင်းပဲ ဆွေးနွေးတာပဲ။ နောက်ပိုင်းကျမှ ပြည်သူလူထုတွေ နိုင်ငံတကာက စောင့်ကြည့်တဲ့သူတွေပါမယ်။ ပြည်သူတွေအခန်းကဏ္ဍလာမယ်။ ဒီအချိန်မှာအရေးကြီးဆုံးက ပြည်သူလူထုပဲ။ သန်း ၆၀ ရှိတဲ့ ပြည်သူလူထုက လက်မခံရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ရပ်တည်လို့မရဘူး။ အစိုးရလည်း ရပ်တည်လို့မရဘူး။ ဘယ်သူမှရပ်တည်လို့မရဘူး။ နောက်ဆုံး အဆုံးအဖြတ်က ပြည်သူလူထုပဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ စတဲ့
သက်ဆိုင်သူအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို လွှတ်တော်မှာကျင်းပပြီး ထာဝရငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေးပြီး အဖြေရှာ လက်မှတ်ထိုးမယ်လို့ ရည်မှန်းထားကြောင်း သိရပါတယ်။ ဒီအခြေအနေကို ဘယ်တော့ရောက်မယ်လို့ ခန့်မှန်းလဲ။

၂၀၁၅ မှာ နောက်ရွေးကောက်ပွဲလာမယ်။ နောက်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြန်ပါနိုင်စရာ အကြောင်းမရှိဘူး။ ၂၀၁၅ မတိုင်ခင် ကျွန်တော်ရှိတုန်း ပြီးအောင်လုပ်သွားမယ်။ သမ္မတကြီးလည်း ဒီလိုစိတ်မျိုးပဲ။

ကျေးဇူးတင်ပါတယ်။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း
ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်ဖြစ်ပွားမှု အရှည်ကြာဆုံးနိုင်ငံဟု မှတ်တမ်းဝင်နေသော မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့
တန်းမှဦးဆောင်လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တာဝန်ပေးမှုအရ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်မှ ငြိမ်းချမ်းရေးဖော်ဆောင်
သူဖြစ်လာသော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးအောင်မင်းက ၂၀၁၁ အောက်တိုဘာ ၁၉ တွင် အပစ်အခတ်ရပ်စဲရေးကိုပင် နှစ် ၆၀ ကျော်ကြာ သဘောတူညီချက်မရခဲ့ဖူးသော ကေအင်န်ယူအဖွဲ့နှင့် ဆွေးနွေးပြီးစတင်ခဲ့သည်။ တစ်နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် ၄၅ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရခိုင်အရေး ပြတ်သားစွာ ဆောင်ရွက်ပေးရန် သမ္မတကို ရဟန်းတော်များ ရန်ကုန်တွင် တောင်းဆို

Photo: ရခိုင်အရေး ပြတ်သားစွာ ဆောင်ရွက်ပေးရန် သမ္မတကို ရဟန်းတော်များ ရန်ကုန်တွင် တောင်းဆို

မင်းခိုင်မိုက် (ရန်ကုန်)

လတ်တလော ဖြစ်ပေါ်နေသော ရခိုင်အရေးနှင့် ပတ်သက်၍ ပြတ်သားစွာ အရေးယူ ဆောင်ရွက် ပေးရန် ယမန်နေ့က ရန်ကုန်တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် သမ္မတဦးသိန်းစိန်ကို ရဟန်းတော်များ တောင်းဆိုခဲ့ကြသည်။

ယမန်နေ့ နေ့လည် ၁နာရီ အချိန်တွင် ဆူးလေဘုရား၌ ဆုတောင်း မေတ္တာပို့ခဲ့ကြပြီးနောက် မြိ့တော်ခန်းမရှေ့တွင် ပြုလုပ်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွင် ရဟန်းတော် ၁၀၀ ခန့်က တောင်းဆိုချက် (၅) ချက်နှင့် အတူ သမ္မတကို ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

တောင်းဆိုချက်များထဲတွင်  (ရခိုင်လူမျိုးများအား ဘင်္ဂလီရန်မှ ကာကွယ်ပေးပါ)  (စစ်တပ်မှ တိုင်းရင်းသားလူမျိုးများအား ပစ်ခတ် သတ်ဖြတ်ခြင်းကိုရပ်)  ( ဘင်္ဂလီမူဆလင်များနှင့် အတူယှဉ်တွဲ (လုံးဝ) မနေလို)   သမ္မတဦးသိန်းစိန်မှ ရခိုင့်အရေးကို ပြတ်သားစွာ ဆောင်ရွက်ပါ) ပါစသည်တို့ ပါဝင်ကြောင်း သိရသည်။

ဆန္ဒပြတောင်းဆိုသူ သံဃာလူထုမှ ပိုစတာကိုယ်စီကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

“ ဦးဇင်းတို့တောင်းဆိုတာက နိုင်ငံတော်အစိုးရကနေပြီးတော့ ရခိုင်လူမျိုးတွေရဲ့ အသက် အိုးအိမ်တွေကို ချက်ချင်း ကာကွယ်ပေးပါ။ ပြီးတော့ အခုပြဿနာက ကျူးကျော်သူ ဘင်္ဂလီ မူဆလင် တွေကြောင့် ဖြစ်တဲ့အတွက် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ဒီကိစ္စ အပေါ် တောင်းဆိုဖို့ လိုတယ်လို့  ဦးဇင်းတို့ မြင်တဲ့ အတွက် ခုလို ပြုလုပ်ရတာဖြစ်ပါတယ်”  ဟု ဦးဆောင် ဆရာတော်မှ မိန့်ကြားသည်။



ယခု အရေးအခင်းတွင် စစ်တပ်က ပစ်ခတ်၍ ရခိုင်လူမျိုးများ သေဆုံးနေမူကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း၊ ယခုလို ပစ်ခတ်သတ်ဖြတ်နေမူကို အမြန်ဆုံး ရပ်တန့်လိုကြောင်း ဦးဆောင် လူငယ် တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းက ပြောသည်။

“ ကျနော်တို့ အစိုးရကို တောင်းဆိုချင်တာက အခုချက်ချင်း အကြမ်းဖက် ဘင်္ဂလီတွေရဲ့ရန်ကို ထိထိ ရောက်ရောက် ကာကွယ်ပေးဖို့။ နောက် ရခိုင်တိုင်းရင်းသားတွေကို စစ်တပ်က ပစ်ခတ်နေတာကို အခု ချက်ချင်းရပ်တန့်ပေးဖို့။ နောက်ဆုံးတခုပြောချင်တာက တရားမ၀င် လာရောက် နေထိုင်နေတဲ့ ဘင်္ဂလီတွေကို အမြန်ဆုံး မောင်းထုတ်ပေးပါလို့ ပြောချင်ပါတယ်”  ဟု ဆိုသည်။

ဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်လူမျိုးအများအပြားပါဝင်ပြီး တခြားတိုင်းရင်းသားလူမျိုးများလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဆန္ဒပြပွဲအား တစ်စုံတစ်ရာ အနှောင့်အယှက် မရှိဘဲ  နေ့လည် ၂နာရီခွဲခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
လတ်တလော ဖြစ်ပေါ်နေသော ရခိုင်အရေးနှင့် ပတ်သက်၍ ပြတ်သားစွာ အရေးယူ ဆောင်ရွက် ပေးရန် ယမန်နေ့က ရန်ကုန်တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် သမ္မတဦး
သိန်းစိန်ကို ရဟန်းတော်များ တောင်းဆိုခဲ့ကြသည်။

ယမန်နေ့ နေ့လည် ၁နာရီ အချိန်တွင် ဆူးလေဘုရား၌ ဆုတောင်း မေတ္တာပို့ခဲ့ကြပြီးနောက် မြိ့တော်ခန်းမရှေ့တွင် ပြုလုပ်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွင် ရဟန်းတော် ၁၀၀ ခန့်က တောင်းဆိုချက် (၅) ချက်နှင့် အတူ သမ္မတကို ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြသာနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို

Photo: OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြသာနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို

ဇော်မိုး (မြစ်မခ)

  OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် အစ္စလာမ်လူမျိုးတို့မှ မကျေနပ်သည့် တုန့်ပြန်မှု   ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကျေးရွာများတွင်  ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
 
 အဆိုပါနေ့ညနေပိုင်းတွင် ပိတ်သေရွာရှိရခိုင်လူမျိုးထမင်းစားနေသည်ကို အစ္စလာမ်လူမျိုးတစ်ဦးမြှား နှင့်ပစ်ရာမှ ၄င်းဘေးရှိအိမ်တိုင်ကို လာရောက်ထိမှန်သည်မှ အစပြုပြီးး ရွာသားများမှ သံချောင်း ခေါက်စဉ် စုရုံးလာသော   ဒေသခံ ရခိုင်လူမျိုးများနှင့် တဖက်နှင့် တဖက် ရန်ပြုရာမှ ကျေးရွာ(၇)ခန့် မီးရှို့သည် အထိ ဖြစ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
 
 
မင်းပြားမြို့၌  အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့ပြီးသော အစ္စလာမ်များ နေထိုင်ရာ ကျေးရွာ မီးလောင်မှုများ သည် OIC ကို လက်မခံသည့်  ဆန္ဒဖော်ထုတ်ပွဲများကို တုန့်ပြန်သည့်အနေ ဖြင့် ကြိုတင်ကြံစည်မှုများကြောင့်  ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင် လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။
 
 
အစ္စလာမ်လူမျိုးများ နေထိုင်ရာ ကျေးရွာများ OICကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများး မီးလောင်မှု များကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများ ကို တုန့်ပြန်သည့်အနေဖြင့် ကြိုတင် ကြံစည်မှုများကြောင့်  ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင်လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။
 
 
မင်းပြားမြို့တွင် မွတ်ဆလင်လူမျိုးများ နေထိုင်ရာ ပိတ်သေရွာမှလူနည်းစု ရခိုင်လူမျိုးများကို ရန်ပြုရာမှ စတင်ဖြစ်ပွားခဲ့ရပြီး တစ်ဖက်နှင့် တစ်ဖတ် ခိုက်ရန်ပြုရာမှ ရခိုင်လူမျိုးများ စုရုံးခဲ့ခြင်းကြောင့် မွတ်စလင် လူမျိုးအများစုနေထိုင်သည့် သရက်အုပ်၊ အောက်တိုင်၊ ပုတ်ဖြတ်၊ စမ္ဘလေ၊ ပိတ်သေ၊ ကာဒါ၊ ကန်ထိုး တန်း၊ နဂါးယက်-ပေါက်တော စသည့်ကျေးရွာများမှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။
 
 
 “ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်ပွားနေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီးခြုံငုံပြောချင်ပါတယ်၊ရာဇ၀တ်မှုတွေ  ထူပြော လာရတာနဲ့ ပတ်သက်ပြီး၊ တရားဥပဒေယုံကြည်စိတ်ချမှုရှိလာအောင် ပြည်သူတွေကြားမှာ စေ့ဆော်ဆောင်ရွက် ဖို့လိုပါတယ်၊ အပိုင်း(၂) ပိုင်းနဲ့ပြောရရင် တစ်ပိုင်းက တရားဥပဒေ စိုးမိုးမှု ရှိရပါမယ်၊ ကျန်တစ်ပိုင်းက အခုဖြစ် နေတဲ့ ဘာသာကြီးနှစ်ခုကြားမှာ ချစ်ကြည့်မှုတွေရှိလာအောင် တာဝန်ရှိသူတွေ က ဆောင်ရွက်ပေးနိုင်မယ်ဆို ရင် ပိုကောင်းပါမယ် ”ဟု အစ္စလာမ်ကောင်စီ ဥက္ကဋ္ဌ ဦးဝဏ္ဏရွှေက ပြောသည်။
 
 
မွတ်စလင်လူမျိုးများအနေဖြင့် က ပုဒ်မ(၁၄၄) အား  မသိသလိုနေ၍ ညဘက်တွင် သွားလာလှုပ်ရှားမှုများ ရှိနေပြီး ကားလမ်းပေါ်တွင် အများဆုံး သွားလာကာ နွား၊ ဆိတ်များကို ကားလမ်းပေါ်တွင်လွှတ် ကျောင်းမှုများရှိခဲ့ပြီး ကားလာလျှင် နွားကို ခဲဖြင့် ပေါက်သလိုနှင့် ကားကို ပစ်ပေါက်မှုများရှိခဲ့သည်ဟု ဒေသခံ အချို့က ဆိုသည်။
 
 
“ည (၇) နာရီကနေ မနက် (၆) နာရီအထိ မထွက်ရဟု ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ဘက်က ဥပ ဒေကို လိုက်နာလို့ မထွက်ရဲဘူး သူတို့မီးလာရှို့ရင်လည်း ခံရဦးမယ်။ အိမ်ပေါ်က ဆင်းပြန်ရန်လည်း ညမထွက်ရဆိုပြီး သေနတ်နဲ့ အပစ်ခံရဦးမယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။
 
 
မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော ပြဿနာမှာ OIC ကိုလက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲကြောင့် မွတ်ဆ လင်လူမျိုးများက သူတို့ဆီကို လာမည့်အကူအညီများမရနိုင်တော့သည့်အတွက် မခံမရပ်နိုင်ဖြစ်ကာ ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်ပွားမီ ပိတ်သေရွာတွင် မွတ်ဆလင်လူမျိုးများက မိန်းမနှင့် ကလေးများကို တခြားရွာသို့ ပို့ဆောင်ပြီး အသင့်ပြင်ဆင်ထားသည်ဟု သိရသည်။
 
 
အောက်တိုဘာလ (၂၅) ရက်နေ့က မင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် မင်းပြားမြို့ တပ်နယ်မှူး ဒုတိယ ဗိုလ်မှုးကြီး ခင်မောင်ညွန့်က ဦးစီးပြီး မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်ကျော်နှင့် မြို့နယ် ပြည် ခိုင်ဖြိုးအဖွဲ့ဝင် များ မြို့နယ်ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ မင်းပြားမြို့ တည်ငြိမ် အေးချမ်းရေး အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှုး ကိုအောင်စိုးသန်းမှ ပြောသည်။
 
 
“ကျွန်တော်တို့ မြို့မိမြို့ဖတွေကလည်း မင်းပြားမြို့က ဆရာတော်တွေရဲ့ သြ၀ါဒခံယူပြီး ဒေသခံတွေကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံမင်းက ပြောသည်။
 
 
ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်သွားရန် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ပူးပေါင်းဆောင်ရွက် မှုစာချွန်လွှာ (MOU)ကို စက်တင်ဘာ လ(၁၁)ရက်နေ့က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ၀န်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ သော် လည်း မြန်မာနိုင်ငံ၌ (OIC)ရုံးဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ် ကြောင်း အောက်တိုဘာ(၁၅)ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် အစ္စလာမ်လူမျိုးတို့မှ မကျေနပ်သည့် တုန့်ပြန်မှု ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကေ
ျးရွာများတွင် ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

အဆိုပါနေ့ညနေပိုင်းတွင် ပိတ်သေရွာရှိရခိုင်လူမျိုးထမင်းစားနေသည်ကို အစ္စလာမ်လူမျိုးတစ်ဦးမြှား နှင့်ပစ်ရာမှ ၄င်းဘေးရှိအိမ်တိုင်ကို လာရောက်ထိမှန်သည်မှ အစပြုပြီးး ရွာသားများမှ သံချောင်း ခေါက်စဉ် စုရုံးလာသော ဒေသခံ ရခိုင်လူမျိုးများနှင့် တဖက်နှင့် တဖက် ရန်ပြုရာမှ ကျေးရွာ(၇)ခန့် မီးရှို့သည် အထိ ဖြစ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

လည်ပြန် လှည့် မကြည့်ချင်တော့ပါ(နေဘုန်းလတ်)

Photo: လည်ပြန် လှည့် မကြည့်ချင်တော့ပါ

နေဘုန်းလတ်~

ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးစဉ်ကို နောက်ပြန်လှည့်သွားမှာ တကယ်ကိုပဲ စိုးရိမ်ကြတယ် ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များဆိုတဲ့ အခန်း (၁၁) ကိုတော့ နည်းနည်းဖြစ်ဖြစ် လေ့လာကြည့်ကြစေချင်ပါတယ် ...။ 

ပုဒ်မ ၄၁၂၊ (က) 
  
တိုင်းဒေသကြီး တခုတွင်ဖြစ်စေ၊ ပြည်နယ် တနယ်တွင်ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေ တခုတွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တခုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ 
ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော် လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။ 

(ခ) ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာ တွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး တို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်။ 

ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။ 

ပုဒ်မ ၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် - 

(က) အရေးပေါ် အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့်နယ်မြေဒေသအတွင်း မူလ အခြေ အနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်း ဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။ 

(ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်း စစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင် ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်း
ပြုနိုင်သည်။ 

ဒါက အရေးကြီးတဲ့ ပုဒ်မ ၄၁၂ နဲ့ ၄၁၃ တို့ ကိုပဲ ထုတ်နှုတ်ပြထားတာပါ ...။ 

သေချာသဘောပေါက် ချင်တယ်ဆိုရင်တော့ အခန်း ၁၁ တစ်ခန်းလုံးမှာပါတဲ့ ပုဒ်မ (၄၁၀) ကနေ ပုဒ်မ (၄၃၂) အထိကို သေချာလေ့လာရမှာပါ ...။ 

ပုဒ်မ ၄၁၂ ပုဒ်မခွဲ(ခ) မှာ Bold လုပ်ပြထားတာတွေကိုကြည့်မယ်ဆိုရင် ... 

လူပုဂ္ဂိုလ်ငါးဦးရဲ့ သဘောတူညီချက်နဲ့ အရေးပေါ်အခြေအနေထုတ်ပြန်လို့ရနေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခုရှိတာက တိုင်းပြည်တည်ငြိမ်အေးချမ်းနေရင်တော့ ... အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ ခက်ပါလိမ့် မယ်။ 

အဲဒီ့တော့ ကျနော့်အမြင်အရ ကျနော်တို့ အားလုံး စိုးရိမ်နေကြတဲ့ နောက်ပြန်လှည့်သွားမယ့် အခြေအနေ တစ်ခုကို ... ပြန်ရောက်ချင်နေတဲ့သူတွေရှိမယ်ဆိုရင် သူတို့ရဲ့ ပထမဆုံး အလုပ်က တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်၊ ဆူဆူပူပူတွေဖြစ်အောင် လှုံ့ဆော်ရမယ့်အလုပ်ပါပဲ ...။ 

ဒါမှလည်း ... ပုဒ်မ ၄၁၂ ပုဒ်မခွဲ(က) အရ ... အရေးပေါ်အခြေအနေကြေညာနိုင်မှာပါ ... 

အဲဒီ့အခါမှာ တိုင်းပြည်ရဲ့အုပ်ချုပ်ခွင့်အာဏာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) စစ်ဘက် အာဏာပိုင်တစ်ဦးဦး လက်ထဲကို ပြန်ရောက်မှာပါ။ ပြည်နယ်တစ်ခုခု၊ တိုင်းဒေသကြီးတစ်ခုခု ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုခုမှာ ဖြစ်တဲ့ ပြဿနာတွေကို အဲဒီ့ဒေသတွေမှာတင်မဖြေရှင်းနိုင်ပဲ တစ်နိုင်ငံလုံးအတိုင်းအတာကူးစပ်လာပြီး ... မငြိမ်မသက်မှုတွေ တစ်နိုင်ငံလုံးမှာ ပေါ်ပေါက်လာပြီ ဆိုရင်တော့ ... အဲဒီ့အခြေအနေဟာ နောက်ပြန်ဆုတ်ချင်နေသူတွေ အကြိုက်ဖြစ်သွားမှာပါပဲ။ 


သမ္မတလဲ အဲဒီ့အချိန်ရောက်မှတော့ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဖဆပလ ခေတ်တုန်းက ဝန်ကြီးချုပ်ဦးနုဟာ တိုင်းပြည်ကို ဦးနေဝင်းလက်ထဲ ဒီလိုပဲ ထိုးအပ်ခဲ့ရဖူးပါတယ် ...။

သွေးထိုးလှုံ့ဆော်မှုတွေ ဘယ်လောက်ပဲများများ ... ပြဿနာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကူးစပ်မလာအောင်ဝိုင်းထိမ်းဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

အခု လက်ရှိပြဿနာ တွေနဲ့ပတ်သက်ပြီးတော့လဲ ... မွတ်ဆလင်တွေ၊ ရခိုင်တွေ၊ ကချင်တွေ၊ ဗမာတွေ ဆိုတာကို ခဏထားလိုက်ပြီး ကျနော်တို့ တကယ် စည်းခြားရမှာက အကြမ်းဖက်သမားနဲ့ ငြိမ်းချမ်းရေး လိုလားသူ လို့ ထင်ပါတယ် ...။ 

တကယ်လို့များ ကိုယ်က သိသိနဲ့ ဖြစ်စေ မသိလိုက်ဘဲ ဖြစ်စေ ပြဿနာကို ပိုမိုကြီးထွားလာစေ ဖို့ 
သွေးထိုးလှုံ့ဆော်မိသူတွေ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ကြမယ် ဆိုရင် အဲဒီ အဆင့်ကနေပြီး ... ပြဿနာကို တကယ်ပြေလည်သွားအောင် ဖြေရှုင်းပေးနိုင်ကြသူတွေဆိုတဲ့ အဆင့်ကို တက်လှမ်းနိုင်ကြပါစေ။ 

 နိုင်ငံရေးအကျဉ်းသားဟောင်း ဘလော့ဂ်ဂါ နေဘုန်းလတ်


အေးချမ်းမွန်မှ Irrawaddy-Burmeseတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Irrawaddy-Burmese
နိုင်ငံရေးအကျဉ်းသားဟောင်း ဘလော့ဂ်ဂါ နေဘုန်းလတ်
ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးစဉ်ကို နောက်ပြန်လှည့်သွားမှာ တကယ်ကိုပဲ စိုးရိမ်ကြတယ် ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များဆိုတဲ့ အခန်း (၁၁) ကိုတော့
နည်းနည်းဖြစ်ဖြစ် လေ့လာကြည့်ကြစေချင်ပါတယ် ...။

ပုဒ်မ ၄၁၂၊ (က)

တိုင်းဒေသကြီး တခုတွင်ဖြစ်စေ၊ ပြည်နယ် တနယ်တွင်ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေ တခုတွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တခုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊
Related Posts Plugin for WordPress, Blogger...

ShareThis