menu

Wednesday 21 December 2011

Press Any Key

လူကြီးနဲ့ကလေးကြားစကားဘယ်လိုပြောကြမယ်

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားတဲ့စာအုပ်
ဖြစ်ပါတယ်။သဘာဝချင်းမတူညီသော လူမှုပတ်ဝန်းကျင်တွင်ရင်ဆိုင်နေရသည့် လူကြီးနှင့်ကလေးကြား
ကပြသနာအများစုကို ဖေါ်ပြရှင်းလင်းထားပါတယ်။မိမိကလေး
စိတ်အမာရွတ် မဖြစ်စေဘဲနားဝင်လက်ခံလာအောင်ပြောဆိုဆုံး
မသင့်သည့်နည်းလမ်းများ၊မပြုလုပ်သင့်သည့်အပြစ်ပေးနည်း
များ၊မိဘဆရာများမှားယွင်းတတ်သည့်အမှားများ၊မိသားစုအ
သိုက်အ၀န်းအတွင်းအပြုအမူမှန်ကန်အောင်သင်ကြားနည်းများ
၊သရော်ခြင်း၊အမည်ဆိုးပေးခြင်း၊ခြိမ်းခြောက်ခြင်း၊မပြီးနိုင်အောင်
ပြောဆိုသွန်သင်ခြင်းစသည့်မှားယွင်းသည့်ဆုံးမနည်းများ၊မိမိက
လေးအကြောင်းနားလည်အောင်လေ့လာနည်းများစသည်ဖြင့်
ပြည့်ပြည့်စုံစုံရေးသားထားပါတယ်။မိမိတို့ပတ်ဝန်းကျင်နယ်ပယ်
အတွေ့အကြုံနှင့်ယှဉ်ကာ လိုအပ်သလိုလေ့လာအသုံးပြုနိုင်ပြီး
သားသမီးရှိတဲ့မိဘတိုင်းဖတ်ရှုထားသင့်တဲ့စာအုပ်ဖြစ်ပါတယ်။
နန့်ချစ်ကြည်စာပေမှထုတ်ဝေပြီးတန်ဖိုး(၂၃၀၀)ကျပ်ဖြစ်ပါတယ်။

ဂျာမန်ဗိုလ်ချုပ်များပြောပြသော ဒုတိယကမ္ဘာစစ်သမိုင်း(THE GERMAN GENERALS TALK)

အင်္ဂလိပ်လူမျိုး စစ်ပညာပါရဂူကြီး လစ်ဒယ်ဟာ့(တ်)ရေးသားသော
စာအုပ်ကို ဒုဗိုလ်မှူးကြီးသောင်းထိုက်ဘာသာပြန်ဆိုရေးသားထားသောစာ
အုပ်ဖြစ်ပါတယ်။စစ်မစတင်မှီမှပြီးဆုံးသည်အထိ ပြည့်ပြည့်စုံစုံ
ရေးသာထားပြီး ဂျာမန်တပ်မတော်ရဲ့ကောင်းကွက်ဆိုးကွက်တွေကို
ရှင်းရှင်းဖတ်ရှုရမှာဖြစ်ပါတယ်။ဂျာမန်တပ်မတော်နှင့်ဟစ်တလာတို့
ရဲ့အတွင်းရေးတွေနဲ့မည်သည့်အတွက်ကြောင့်ဂျာမဏီစစ်ရှုံးရ
သည်စသည့် အတွေးအခေါ်၊အယူအဆ အမှားအမှန်တွေကိုချိန်
ထိုးသိရှိနိုင်သည့်အတွက် ဒုတိယကမ္ဘာစစ်အကြောင်းပြည့်ပြည့်
စုံစုံသိရှိလိုသူတိုင်း ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။စိတ်ကူးချိုချို
မှထုတ်ဝေပြီးတန်ဖိုး (၂၅၀၀)ကျပ် ဖြစ်ပါတယ်။

Microsoft ရဲ့အရေးအကြီးဆုံးခလုတ် ၃ ခု

ကျယ်ကျယ်ပြောပါဟ

ကွမ်းယာသည် ရူနီ

ထစမ်း

ကိုလက်ရှည်

Related Posts Plugin for WordPress, Blogger...

ShareThis