ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် ပါဝင်သရုပ်ဆောင်ရန် ပထမအကြိမ် လူတွေ့စစ်ဆေးစဉ်
ထပ်မံဖိတ်ခေါ်မှုအတွက် လျှောက်လွှာပေးပို့မှုကို ဧပြီလ ၂၅ ရက်နေ့မှ စတင်ကာ မေလ ၇ ရက် နောက်ဆုံးထားပြီးပေးပို့ရမည် ဖြစ်ပါသည်။ |
Tuesday, 1 May 2012
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်နေရာ၌ ပါဝင်သရုပ်ဆောင်မည့်သူအား ထပ်မံဖိတ်ခေါ်
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း(သန်းမင်းထွဋ်)
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးချိန်ဖြစ်သဖြင့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် မစ္စတာဘန်ကီမွန် တိုက်တွန်း
![]() မေလ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်အား တွေ့ရစဉ် မြန်မာနိုင်ငံသို့ သုံးရက်တာ အလည်အပတ် လာရောက်ခဲ့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်က မေလ ၁ ရက်နေ့ ညနေတွင် ကန်တော်ကြီး ပတ်လမ်းရှိ White Rice စားသောက်ဆိုင်တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ |
မန္တလေးမြို့ ရုတ်တရက်လေပြင်းတိုက်ခတ်မှုဖြစ်ပွား
မန္တလေးမြို့တွင်
ဧပြီလ ၃၀ရက်နေ့ ညနေပိုင်းအချိန်တွင် ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့်
ဧရာဝတီမြစ်ကမ်းဘေးရှိ မော်တော်ရေယာဉ်အစီး၂၀ ကျော် နစ်မြုပ်မျောပါ
ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် လေ တိုက်နှုန်း ၂၅မိုင်နှုန်းကျော်ရှိကြောင်းသိရပြီး
မြန်မာ့ Icon ရဲ့ ဖက်ရှင်(ဇာနည်မာန်)
ကျော်ကြားသူတွေရဲ့ ၀တ်စားဆင်ယင်မှု ဖက်ရှင်တွေက နိုင်ငံတကာဖက်ရှင်လောကကို လွှမ်းမိုးနေတာမှာ နာမည်ကျော် သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေသာမက နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဇနီးတွေ၊ နိုင်ငံ့အကြီးအကဲ အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေဟာလည်း ဖက်ရှင်ချစ်သူ အမျိုးသမီးထုတွေကို ကိုင်လှုပ်နေတာပါ။

ယမန်နှစ် ဒီဇင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်း မစ္စ ဟီလာရီ ကလင်တန်နှင့် အတူ (ဓာတ်ပုံ - Reuters)
ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်များအနက်မှ တစ်စီးကို လေလံတင်မည်
ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်များအနက်မှ တစ်စီးဟုဆိုနိုင်မည့်
လွန်ခဲ့သော နှစ် ၁၀၀ ကျော် ၀ိတိုရိယခေတ်မှ မော်တော်ဆိုင်ကယ်တစ်စီးကို
လေလံတင်မည်ဖြစ်ကြောင်း သိရသည်။ယင်းဆိုင်ကယ်မှာ စက်ဘီးနှင့် အသွင်များစွာ ကွဲပြားခြင်းမရှိဘဲ နောက်ဘီးတွင် အင်ဂျင်တပ်ထားခြင်း၊ ဘားတန်းတွင် ဆီကန်တပ်ထားခြင်းသာ ကွဲပြားသည်။ ၁၈၉၉ ခုနှစ်က 'Motor Wheel' အမည်ဖြင့် မှတ်ပုံတင်ခဲ့သည့် ယင်းဆိုင်ကယ်များသည် ဂန္ထ၀င်ဆင်းဂါးစက်ဘီးကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ |
နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်
ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။
ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။
ဆာကော်ဇီ၏ ၂၀၀၇ ခုနှစ် မဲဆွယ်မှုအတွက် ကဒါဖီက ယူရိုသန်း ၅၀ ကူညီပေးခဲ့သည်ဟု သတင်းထွက်
ပြင်သစ်သမ္မတ နီကိုလတ်စ်ဆာကော်ဇီ၏ ၂၀၀၇ ခုနှစ်က မဲဆွယ်စည်းရုံးမှုအတွက်
သေဆုံးသွားပြီဖြစ်သော လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီက ယူရိုသန်း ၅၀
(အမေရိ ကန်ဒေါ်လာ ၆၆ ဒသမ ၃ သန်း) ကူညီပေးခဲ့သည်ဟု ပြင်သစ်အွန်လိုင်း
မဂ္ဂဇင်းတစ်ခုက ဧပြီလ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။မေလ ၆ ရက်တွင် ပြုလုပ်ရန်ရှိသော ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မတိုင်မီ ယင်းသတင်းထွက်ပေါ်ခဲ့ပြီး ပထမအကျော့တွင် ကပ်နိုင်ထားသော ဖရန်ဆွာဟော်လန်ဒီက ယင်းသတင်းနှင့်ပတ်သက်၍ ဆာကော်ဇီအား စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ကြောင်း တောင်းဆိုခဲ့သည်။ |
တရားမ၀င်အင်တာနက်ဖုန်းလိုင်းများကို စတင်အရေးယူတော့မည်ဟုဆို
အများပြည်သူသုံးအင်တာနက်ဆိုင်များ၌
အသုံးပြုနေကြသည့် တရားမ၀င်အင်တာနက်ဖုန်းလိုင်းများကို မကြာမီကာလတွင်
စစ်ဆေးအရေးယူသွားတော့မည်ဟု Y Talk အင်တာနက်ဖုန်းလိုင်းများကို
ရောင်းချပေးနေသည့် VGM ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ထွန်းကပြောသည်။
““အရင်တုန်းက Y Talk အနေနဲ့ကလည်းဈေးကြီးတယ်။ ကိုယ်ကဈေးကြီးနေပြီးတော့
သူများကို အရေးယူရင်လည်း မကောင်းဘူး။ မတရားရာကျတယ်။
အသုံးပြုသူတွေလည်းနစ်နာတယ်။ အခု Y Talk ကိုဈေးလျှော့ပေးလိုက်ပြီ။ MPT
(မြန်မာ့ဆက်သွယ်ရေး) အနေနဲ့ကလည်း တရားမ၀င်အင်တာနက်ဖုန်း လိုင်းတွေကို
အရေးယူဖို့စီစဉ်နေတယ်”” ဟု ဦးအောင်ထွန်းကဆိုသည်။ Y Talk
အင်တာနက်ဖုန်းလိုင်း၏ ပြည်ပတယ်လီဖုန်းခေါ်ဆိုမှုနှုန်းထားကို မေလ ၁
ရက်နေ့မှစတင်၍ နိုင်ငံအပေါ်မှုတည်ကာ ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်သည်။
Samsung Exhibit II 4G
KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြား ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အတည်ပြုပြောကြား
|
ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ |
ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့
ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း
မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့
သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ
PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ
လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃
လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး
မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။
မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃ လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး
မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။
ဘန်ကီမွန်းပြောတဲ့ သူ့ငယ်စဉ်ဘ၀နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး(၀င့်ထန်း)

ကိုရီးယားစစ်ပွဲကာလမှာ ကျနော် ကလေးအရွယ်ပဲ ရှိသေးပေမဲ့၊ ဆင်းရဲမွဲတေမှုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ ကျနော့်် ပတ်လည်မှာ ဆင်းရဲတဲ့ မြင်ကွင်းတွေ နေ့တိုင်း မြင်ခဲ့ရသလို၊ ကျနော်ကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရပါတယ်။
ကျနော့်ငယ်စဉ်ဘ၀ အမှတ်ရစရာတွေထဲကတခုကတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာက လွတ်မြောက်ဖို့ ရွှံ့ညွန်တွေဖြတ်ပြီး တောင်တန်းတွေဆီ ပြေးခဲ့ရတာပါ။ နောက်ဘက်မှာ ကျနော်တို့ တစ်ရွာလုံး မီးလောင်ကျန် ခဲ့ပါတယ်။ ရှေ့မှာ ကျနော်နဲ့ ကျနော့်မိသားစုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ရင်တမမပါ။
နောက်ဆုံး အဖြေကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေပါ။ နိုင်ငံပေါင်းစုံက မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ကျနော်တို့နိုင်ငံဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်လာနိုင်ပါတယ်။ ကြောက်မက်ဖွယ် ပဋိပက္ခတွေအပြီး၊ အပျက်အစီးပုံတွေကြားကနေ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။
တရုတ်ကျောင်းတွင် ရည်းစား လုံးဝမထားရ။
အရှေ့တရုတ်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အငြင်းပွားဖွယ်ရာဖြစ်သော ရည်းစား လုံးဝမထားရဆိုသည့် အမိန့်ကို ချမှတ်လိုက်သည်။
ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများအနေဖြင့် ဆန့်ကျင်ဖက်လိင်၊ အခြားကျောင်းသူကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ သစ်ပင်အောက်၊ ကျောင်းထောင့်စသည့် လူမရှိသော နေရာတွင် တစ်ဦးတည်း စကားမပြောရဟု ကန့်သတ်ထားသည်။

လက်တွဲလမ်းလျှောက်ခြင်း၊ ဖက်ပွေ့ခြင်းနှင့် နမ်းခြင်းတို့ကိုလည်း ပြင်းထန်စွာ တားမြစ်ထားသည်။ ကစားကွင်းထဲတွင် လည်း ယောက်ျားလေး- မိန်းကလေး အချင်းချင်းယှဉ်တွဲပြီး လမ်းမလျှောက်ရဟု ပိတ်ပင်ထားလိုက်သည်။
''ကျွန်ုပ်တို့ကျောင်းသားတွေအားလုံးဟာ ကျိုးကြောင်းဆင်ခြင်တုံတရားရှိပြီး ချုပ်တည်းနိုင်စွမ်းရှိရှိ နေနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက် အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့ပါ။ ဒါမှ စာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်လေ့လာနိုင်မှာ" ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများအနေဖြင့် ဆန့်ကျင်ဖက်လိင်၊ အခြားကျောင်းသူကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ သစ်ပင်အောက်၊ ကျောင်းထောင့်စသည့် လူမရှိသော နေရာတွင် တစ်ဦးတည်း စကားမပြောရဟု ကန့်သတ်ထားသည်။

လက်တွဲလမ်းလျှောက်ခြင်း၊ ဖက်ပွေ့ခြင်းနှင့် နမ်းခြင်းတို့ကိုလည်း ပြင်းထန်စွာ တားမြစ်ထားသည်။ ကစားကွင်းထဲတွင် လည်း ယောက်ျားလေး- မိန်းကလေး အချင်းချင်းယှဉ်တွဲပြီး လမ်းမလျှောက်ရဟု ပိတ်ပင်ထားလိုက်သည်။
''ကျွန်ုပ်တို့ကျောင်းသားတွေအားလုံးဟာ ကျိုးကြောင်းဆင်ခြင်တုံတရားရှိပြီး ချုပ်တည်းနိုင်စွမ်းရှိရှိ နေနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက် အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့ပါ။ ဒါမှ စာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်လေ့လာနိုင်မှာ" ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အမေရိကန်အခြေစိုက် MFFLA အဖွဲ့မှ အနုပညာသက်တမ်း ၄၀နှစ် နှင့် အထက်ရှိ မြန်မာအနုပညာရှင် တစ်ဦးကို ရွေးချယ်ပြီး တစ်သက်တာ အနုပညာထူးချွန်ဆု ပေးအပ်ရန် စီစဉ်
NetMAA အဖွဲ့မှပြုလုပ်သော Myanmar Film Festival 2011သို့ တက်ရောက်ခဲ့သည့် အနုပညာရှင်များ
ယခုလက်ရှိတွင် အနုပညာသက်တမ်း နှစ်(၄၀)နှင့်အထက်ရှိ သည့် အနုပညာရှင်ဆယ်ဦးကို ရွေးချယ်ထားပြီး ၎င်းတို့မှာ မင်းသား ကြီးစိုးရွှေ၊ ညွန့်ဝင်း၊ ကြည်စိုး၊ ဇော်ခင်နှင့် မင်းသမီးကြီးများ ဖြစ်ကြသည့် မေလွင်၊ နွဲ့နွဲ့စန်း၊ ခင်ယုမေ၊ မြင့်မြင့်ခင်၊ စံရှားတင်နှင့် မေသဇင်တို့ ဖြစ်ကြသည်။ ထိုသို့ ရွေးချယ်ထားသည့် ဆယ်ဦးကို www.myanmarfilmfest.org တွင် ပရိသတ်၏ မဲပေးမှုဖြင့် မဲအများဆုံး ရရှိသူအား ဆုချီးမြှင့်မည်ဖြစ်သည်။ |
မန္တလေး-မြစ်ကြီးနား အဆန်ရထားတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လမ်းချော်မှုကြောင့် ခရီးစဉ်များ ရပ်ဆိုင်းထား
ပေါက်ကွဲမှုကြောင့် လမ်းချော်သွားသည့် မန္တလေး-မြစ်ကြီးနား (၃၃) အဆန်ရထားကို တွေ့ရစဉ်
''မန္တလေး-မြစ်ကြီးနားကို ပြေးဆွဲတဲ့ရထားက တစ်နေ့ကို ခြောက်စင်းရှိတဲ့ထဲမှာ နံနက်၇ နာရီထွက်တဲ့ လော်ကယ်(နဘား)ရထားကတော့ ဒီနေ့ ထွက်သွားပြီ။ ကျန်တဲ့ ရထားငါးစင်းမှာလိုက်ပါမယ့် ခရီးသည်တွေကို လက်မှတ် ပိုက်ဆံတွေပြန်အမ်းပြီးတော့ ဒီနေ့ ပြေးဆွဲမှု ရပ်ထားတယ်။ အစုန်ရထားတွေကတော့ ဒီနေ့ အကုန်ဝင်နိုင်မယ်လို့ ထင်ပါတယ်''ဟု မန္တလေးဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ်ကြီးက ပြောကြားသည်။ |
ဆီးရီးယား အကြမ်းဖက်မှု လူ ၂၀ သေ
ဓာတ်ပုံ ASSOCIATED PRESS
ဆီးရီးယား အစိုးရ
သတင်းဌာန ဆာနား (SANA) မှ ထုတ်ပြန်သော အစ်ဒ်လစ်ဘ်(Idlib)မြို့
ဗုံးပေါက်ကွဲရာ နေရာ တစ်ခုအား တွေ့ရစဉ်။ ဧပြီ ၃၀၊ ၂၀၁၂။
ဒီကနေ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒ်လစ်ဘ်(Idlib)မြို့မှာ ဗုံးပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံးလူ(၂၀) သေဆုံးသွားခဲ့တယ်လို့၊ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး (Syria Observatory for Human Rights) အဖွဲ့က ပြောလိုက်ပြီးတော့၊ ဒီတိုက်ခိုက်မှုတွေဟာ ဆီးရီးယား ကြည်းတပ်၊ လေတပ်တို့ရဲ့ ထောက်လှမ်းရေး အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ SOHR အဖွဲ့က ဆိုပါတယ်။
NLD ပါတီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက်ချ
ယခုကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ NLD က ဒီကနေ့ ကြေညာလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
လူထုဆန္ဒကို လိုက်လျောလိုက်တဲ့အပြင် လွှတ်တော်တွင်းရှိ တိုင်းရင်းသား ပါတီတွေက RNDP ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို စေလွှတ်ပြီး လွှတ်တော်မှာ ပါဝင်တက်ရောက်ဖို့ တိုက်တွန်းတာကို တန်ဖိုးထား လေးစားတဲ့အနေနဲ့ ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားပါတယ်။
ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။
ထိုကဲ့သို့ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန် အတွက် သာကတေ တွင်
တည်ရှိသည့် ယိုယွင်းပျက်စီးနေသော လျှပ်စစ် မဂ္ဂါဝပ် ၉၀ ထုတ်လုပ်နိုင်သည့်
လျှပ်စစ်တာဘိုင်စက် ၂ လုံးကို ပြင်ဆင်ရန် GE ကုမ္ပဏီက အခမဲ့ ကူညီ
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Comments (Atom)



ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်များအနက်မှ တစ်စီးဟုဆိုနိုင်မည့်
လွန်ခဲ့သော နှစ် ၁၀၀ ကျော် ၀ိတိုရိယခေတ်မှ မော်တော်ဆိုင်ကယ်တစ်စီးကို
လေလံတင်မည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ နီကိုလတ်စ်ဆာကော်ဇီ၏ ၂၀၀၇ ခုနှစ်က မဲဆွယ်စည်းရုံးမှုအတွက်
သေဆုံးသွားပြီဖြစ်သော လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီက ယူရိုသန်း ၅၀
(အမေရိ ကန်ဒေါ်လာ ၆၆ ဒသမ ၃ သန်း) ကူညီပေးခဲ့သည်ဟု ပြင်သစ်အွန်လိုင်း
မဂ္ဂဇင်းတစ်ခုက ဧပြီလ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။



