menu

Sunday 2 February 2014

မိမိ Facebook အကောင့် ကို အရေးပေါ် ကာကွယ်နည်း

Photo: မိမိ Facebook အကောင့် ကို အရေးပေါ် ကာကွယ်နည်း 

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေး လာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

Security enable လုပ်ပါ

General ရဲ့ အောက်မှာ Security  ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး
-    Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။
-     ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။
-    Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။

App တွေ ဖြုတ်ပါ

App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။

Email လုံခြုမှုရှိပါစေ

Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။

အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။

Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။
.
ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။
.
အောင်ခမ်း ( smart.com.mm )

.

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေး လာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

လှိုင်သာယာ၌ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ အမ်အေပွိုင့် (၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ခုပါဝင်

မင်းထက်ပိုင်(လှိုင်သာယာ)
ရန်ကုန်၊ ဖေဖော်ဝါရီ-၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၉) ရပ်ကွက် ဓည၀တီ(၂)လမ်း အမှတ်-၃၃၂ နေ ဦးခင်သန်း အသက်(၆၀)နှစ် နေအိမ်မှ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ ခန့် တွင် (MA. ၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ ခုနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။

၎င်းဖြစ်စဉ်အားစုံစမ်းသိရှိရသည်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ (ဆ.ခ. ခ-၃) တပ်ရင်းမှ သားဖြစ်သူ တပ်သားငယ် လေးနှင့် တပ်သား ကိုရဲ (သမက်)တို့နှင့်သွား ရောက်တွေ့ဆုံခဲ့ပြီး နေရပ်သို့ပြန်လည်ထွက် ခွာလာသော ဦးခင်သန်း၊ ဇနီးဒေါ်ငယ်လေး၊ မခင်မာထွေးနှင့် မြေးငယ်လေးတို့သည်
မိုးကောင်း မှ မန္တလေးသို့ ရထားစီးနင်း လိုက်ပါလာစဉ်က ၎င်းတို့နှင့်အတူ
မြွေရေခွံ လက်ဆွဲအိတ်တစ်လုံး၊ အလျား ၂ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မအမြင့်ရှိ အစိမ်းရောင် သံသေတ္တာ တစ်လုံးတို့ အတူ ပါရှိလာခဲ့သည်။
မြစ်ကြီးနား-မိုးကောင်း-မန္တလေး ခရီးစဉ်ပြေးဆွဲသည့် စာပို့ရထားအတွင်း ၌ တပ်မတော်သားစစ်သည်များ ရောနှောလိုက်ပါစီးနင်းခဲ့ကြပြီး ဦးခင်သန်း အပါအ၀င် မိသားစုဝင်တို့သည် မိုးကောင်း-မန္တလေးခရီးစဉ်မှ မူလနေထိုင်ရာ ရန်ကုန် မြို့ လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် နေအိမ်သို့ရောက်ရှိစဉ် သေတ္တာ သော့အားဖျက်၍ ဖွင့်လိုက်ရာ ၎င်းတို့ပိုင် ပစ္စည်းမဟုတ်သော (MA-၁၂၃၄)ဖိုင်ဘာ ကျည်ဘောက်များ အပြင် စစ်သုံးပစ္စည်းများကိုပါ တွေ့ရှိ လိုက်ရသဖြင့် ကြောက်လန့်တကြားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများကို အသိပေး အကြောင်း ကြားခဲ့သည်။

ချောင်းသာကမ်းခြေမှ ဈေးချိုချို တည်းခိုခန်းများ

ချောင်းသာကမ်းခြေမှာ အပန်းလည်းဖြေချင်တယ်၊ ငွေလည်း သိပ်အကုန်မခံချင်သူတွေအတွက် ဈေးချိုချို တည်းခိုခန်းလေးတွေအကြောင်း ပြောပြချင်ပါတယ်။
 -

ဒီတည်းခိုခန်းလေးတွေကတော့ ချောင်းသာကမ်းခြေက သဲဖြူကျွန်းကိုသွားတဲ့လမ်းအနီးမှာ တည်ရှိပြီး ပင်လယ်ကမ်းစပ်နဲ့လည်း ၅ မိနစ်လောက် လမ်းလျှောက်သွားရင်ရောက်နိုင်တဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။

တည်းခိုခန်းပိုင်ရှင်တွေကတော့ ယခင်က ကမ်းခြေက အုန်းတောမြေနေရာတွေကို အစိုးရက သိမ်းယူတာခံခဲ့ရသူတွေဖြစ်ပြီး မနှစ်ကစပြီး တပ်သိမ်းမြေတွေ ပြန်ပေးမယ်ဆိုတာနဲ့ တည်းခိုခန်းတွေ၊ ဘန်ဂလိုလေးတွေဆောက်ပြီး ၀င်ငွေရှာကြတဲ့ ချောင်းသာကျေးရွာက ဒေသခံတွေပဲ ဖြစ်ပါတယ်။

တည်းခိုဖို့ကတော့ ဘန်ဂလိုအိမ်တွေမှာ တလုံးချင်းသီးသန့်လည်း တည်းခိုလို့ရသလို အဖွဲ့လိုက် ခရီးထွက်လာသူတွေအတွက်လည်း အဖွဲ့လိုက်တည်းခိုလို့ရကြောင်း သိရပါတယ်။

စိတ်လှုပ်ရှားဖွယ် တက်တူးဖက်ရှင်

ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းထဲ ပြောင်းလဲခြင်းတွေနဲ့အတူ တကျော့ ပြန်လည်ပတ်လာတဲ့ ခေတ်စားမှုတွေထဲက ဆေးမင်ကြောင်လို့ခေါ်တဲ့ ခန္ဓာကိုယ်ပေါ် ဆေးမင်ထိုးခြင်း အလေ့အထဟာ ဒီနေ့ခေတ် လူငယ်တွေကြားမှာ တက်တူးဆိုတဲ့ အခေါ်အဝေါ်နဲ့  ပြန်လည်ဆန်းသစ်စွာ ခေတ်စားလာခဲ့တာ ဆယ်စုနှစ်တစုနီးပါး ရှိတော့မယ်လို့ ဆိုရပါမယ်။

ဟိုးရှေးခေတ်တုန်းကတော့ မြန်မာအမျိုးသား တွေဟာ ပေါင်နှစ်ဖက်မှာ ထိုးကွင်းမင်ကြောင် အပြည့်ထိုးခြယ်တတ်ကြပြီး ဒါကိုလည်း ယောကျာ်း ပီသမှုရဲ့ အင်္ဂါရပ်တခုအဖြစ် ဂုဏ်ယူတတ်ခဲ့ကြပါတယ်။
 နောက်ပိုင်းမှာ ထိုးကွင်းမင်ကြောင်ထိုးခြင်း ဓလေ့က တိမ်ကောခဲ့ပေမယ့် လက်မောင်းလက်ဖျံ အစရှိတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တမျိုးမျိုးမှာ တက်တူးရေးထိုးခြင်းကိုတော့ လူငယ်အချို့ကပြုလုပ်ကြပါသေးတယ်။
၂၀ဝ၀ ပြည့်နှစ်များ မတိုင်ခင်ကတော့ တက်တူးထိုးတယ်ဆိုရင် လမ်းသရဲဆန်တယ်၊ လူမိုက်ဆန်တယ်ဆိုပြီး အများကလက်ခံထားကြပေမယ့် ဒီနေ့ခေတ်မှာတော့ တက်တူးထိုးတာ ဖက်ရှင်တခုလို ဖြစ်လာခဲ့ပါပြီ။ အနုပညာအမြင်နဲ့ ခံစားပြီးကြည့်မယ် ဆိုရင်လည်း ဒါဟာ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ပန်းချီ ရေးဆွဲပုံဖော်ခြင်းတမျိုးပဲ မဟုတ်လား။

လိုင်းကားစီးရင်း ခန္တီပါရမီ ဖြည့်ပါ

လိုင်းကားစီးရင်း ခန္တီပါရမီ ဖြည့်ပါ
(အောင်မျိုးထက်)

“မစီးချင် ဆင်းသွား။ ပိုက်ဆံ ပြန်အမ်းလိုက်မယ်။ ရော့”

“တိုင်မယ်ဆိုပြီး ဖုန်းနံပါတ်တွေ မှတ်ထားတာ ခဏခဏပဲ။ ဒါပေမဲ့ တစ်ခါမှ မတိုင်ဖြစ်ဘူး။ တိုင်ရင်လည်း အရေးမယူဘူးလို့ ကြားထားတော့ အလုပ်ရှုပ် မခံချင်တော့ဘူး” 

“ကားချင်း ယှဉ်ဖိုက်နေတဲ့ အချိန်မှာ ဆင်းမယ့် မှတ်တိုင်ကို အနားကပ်မှ ပြောတာမျိုး၊ ဆင်းတဲ့အခါ၊ တက်တဲ့အခါမှာလည်း လေးနေတာမျိုးက ဒေါသထွက်တာပေါ့”
“တချို့နေ့တွေ အုံနာခတောင် မရတာမျိုး ရှိတတ်တယ်။ အဲဒါမျိုး နေ့တွေမှာ ပိုက်ဆံ ပိုတောင်းတာမျိုး တွေလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လူရရင် ပြီးရောဆိုပြီး ၁၅၀ တန် ခရီးကို ၁၀၀ နဲ့ ခေါ်တင်တာတွေလည်း ရှိပါတယ်”

အပြည့်အစုံဖတ်ရှုရန် -
http://thevoicemyanmar.com/2013/index.php/component/k2/item/4351-lk.html

(အောင်မျိုးထက်)
 
 ဘရိတ်အုပ်သံနှင့်အတူ ယာဉ်မောင်း၏ ဆဲဆိုရေရွတ်သံ များက တစ်ပါတည်း ထွက်ပေါ်လာသည်။ ချိုးကွေ့မလိုလို၊ အတည့် မောင်းမလိုလို လုပ်နေပြီး ရှေ့တွင် ကန့်လန့်ခံနေသည့် တက္ကစီယာဉ် တစ်စီးဆီသို့ဖြစ်၏။ ယာဉ်ချင်း ထိမိခြင်း မရှိခဲ့သော်လည်း ယာဉ်အတွင်း ပါလာသော ခရီးသည်များလည်း အလဲလဲ အယိုင်ယိုင် ဖြစ်သွားသည်။
ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားမှ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်သို့ ပြေးဆွဲနေသည့် ဘီအမ် ယာဉ်တစ်စီးပေါ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်မျိုးက ရန်ကုန်မြို့တော်ရှိ ၂ ဒသမ ၃ သန်း ဝန်းကျင်ရှိသော ဘတ်စ်ကားစီး ခရီးသည်တို့ နေ့စဉ် ကြုံတွေ့နေရသည့် အဆင်မပြေမှုများထဲမှ တစ်ခုဖြစ်သာဖြစ်၍ အခြားသော ပြဿနာများစွာ ကိုလည်း ရင်ဆိုင်နေရသည်။
မှတ်တိုင်အရပ်တွင် ရုတ်တရက် ဘရိတ်အုပ်သဖြင့် ယိုင်သွားသည်မျိုး၊ ရုတ်တရက် ဆောင့်ထွက်သဖြင့် ဟန်ချက် ယွင်းသွားသည်မျိုးမှာ ရန်ကုန် လိုင်းကားစီးသူတို့ နေ့စဉ် မရိုးတမ်း လုပ်နေရသော လေ့ကျင့်ခန်းလည်း ဖြစ်သည်။ ထိုအထဲမှ ယာဉ်မောင်းနှင့် ယာဉ်အကူတို့၏ ဆက်ဆံရေး မပြေပြစ်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုနှင့် ၎င်းတို့ လိုက်နာရန် သတ်မှတ် ပေးထားသည့် ကျင့်ဝတ်များ ပျက်ကွက်မှုများက ခရီးသည်များ ရင်ဆိုင်နေရသည့် အဆင်မပြေမှုများအနက် ရှေ့ဆုံးမှ ပါဝင်နေသည်။

တစ်လ အတွင်း အမြန်လမ်း ၌ ယာဉ်တိုက်မှု (၂၃ ) မှု ဖြစ်ပွား၊ ဆယ်ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း ၌ ဇန်န၀ါရီ လ တွင် ယာဉ်တိုက် မှု (၂၃) မှု ဖြစ်ပွား ခဲ့ပြီး၊ (၁၀) ဦး သေ ဆုံး ကာ (၃၇) ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့  မှ သိရသည်။

အမြန်လမ်းမှာက အကွေ့တွေနဲ့ နေပူ တဲ့အချိန်မှာ မောင်းတော့ တာယာ က ပွတ် တိုက်မှုများပြီး၊ ဘီး ပေါက် ပြီးဖြစ်တာတွေ များတယ်။ ဒီလက အရင်လကထက်များ တယ်။ အရင်လ က လေးဦးပဲ သေတယ်။ ဒီလ က(၁၀) ဦးအထိသေဆုံးခဲ့တယ်””ဟု အမြန် လမ်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ် ဒေါ်စန်းစန်းလှိုင်က ပြောသည်။အဆိုပါ အမြန်လမ်းတွင် သတ်မှတ် မိုင်နှုန်းထက် ပိုမမောင်းရန် သတိပေးတား မြစ်ထားသော်လည်း ယာဉ်မောင်း သူများ မှာ တစ်နာရီ ကီလိုတစ်ရာထက်ကျော်လွန်၍ မောင်းနှင်မှုများရှိနေကြောင်း၊ အဆိုပါ အရှိန် ပို၍ မောင်းနှင်သော ယာဉ်မောင်းများကို အရှိန် နှုန်းတိုင်းကိရိယာဖြင့် ဖမ်းဆီးခဲ့ရာ အမှုပေါင်း ငါးထောင် နီးပါး ရှိနေပြီဖြစ်ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့ ၏ စာရင်းများအရ သိရသည်။ အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ လျော့နည်းအောင်ဆိုပြီး၊ ကတ္တရာလမ်းတွေ လည်းစခင်းနေပါပြီ။ ယာဉ်တိုက်မှုဖြစ်ရင် လမ်းကြောင့်လို့ပြောကြတာများတယ်။ အဓိက က ယာဉ်မောင်းတဲ့သူပဲ။ လမ်းကြောင့် မဟုတ်ဘူး။ တစ်စီးကိုတစ်စီး ကျော်တက်တဲ့ နေရာတွေနဲ့ ယာဉ်မောင်း တဲ့ အချိန်မှာ အိပ် ငိုက်တာ တွေ ကြောင့် လည်း ယာဉ်တိုက်မှု တွေ မကြာခဏ ဖြစ် တာကို တွေ့ရတယ်””ဟု ဒေါ်စန်းစန်းလှိုင်က ဆက်လက်ပြောကြား သည်။

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ

Photo: လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

GoodHealths

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း ၁ဝ ချက်

Photo: ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း ၁ဝ ချက်

ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။

(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက်  တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။

(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။

(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။

(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊  မိမိရဲ့စံချိန်များ   ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။

(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး  စားသုံးနိုင်ပါတယ်။

(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက်  စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး  စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။

(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး  ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။

(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့  ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။

(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။

အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။

(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။

လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ (၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်းဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသကို ရောက်ရှိနေပါတယ်။

ဒုချီးရားတန်းရွာ ဖြစ်စဉ်မှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ်အမှန်ကို စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အစိုးရအာဏာပိုင်တွေ နဲ့ ဒေသခံ ရွာသား တွေကို သွားရောက် တွေ့ဆုံနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဒူချီရာတန်းရွာမှာ ပျောက်သွားတဲ့ ရဲတပ်ကြပ်ကြီးကိုရှာဖို့ ရဲဝန်ထမ်းတွေသွားရာမှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ အနောက်နိုင်ငံတွေက ပြောဆိုနေကြပြီး ဒါကိုစုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆို ထားပါတယ်။

ဝန်ကြီးဦးအုန်းမြင့်ပြောစကား သမ္မတကြီးအပေါ် အထင်မှားစေလို့ ဦးရဲထွဋ် ဝေဖန်

 ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှာ သောက်သုံးရေ ရရှိရေး တင်ပြတဲ့ ကျေးရွာသားတွေကို ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်း ခဲ့ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ပါ ပြောကြားချက်များနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဝန်ကြီးဦးအုန်းမြင့်ရဲ့ အဲဒီလို ပြောဆိုချက်တွေကြောင့် နိုင်ငံတော် သမ္မတကြီးရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်တွေအပေါ်မှာ အထင်အမြင်လွဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ စနေနေ့က ပြောကြားလိုက်ပါတယ်။

RFA Burmese

၉၆၉ အထည်သတင်းနဲ့ “ဦးဝီရသူ၏ တောင်းပန်လွှာ”

ပါတိတ်လုံချည်မှာ ၉၆၉ တံဆိပ် ထည့်နှိပ်ထားတယ်၊ အဲဒီလုံချည်ကို နာမည်ကြီးပါတီတခုက ဖြန့်နေတယ် ဆိုတဲ့ စွပ်စွဲချက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း facebook မှာ ပွဲဆူခဲ့တဲ့ အကြောင်းအရာတခုပါ။
  -

အဲဒီပို့စ်တွေမှာ NLD ပါတီကို ဆဲဆိုရေးသားမှုတွေ Facebook လုံး ပြည့်သွားတယ်လို့ ထင်ရလောက်အောင် မြင်ခဲ့ကြရမှာပါ။

NLD ကရော တခြား ပါတီကပါ ဒီ ပါတိတ်ဒီဇိုင်းကိစ္စကို တုန့်ပြန်ခြင်း မရှိခဲ့ပါ။

စနေနေ့မှာတော့ ဦးဝီရသူရဲ့ Facebook မှာ စာတစောင် ရောက်လာပါတယ်၊ ပါတိတ်လုံချည်ဖြန့်ဝေတာဟာ
ဘယ်ပါတီရဲ့ လက်ချက်မှ မဟုတ်ဘူးလို့ သိရတယ်၊  ကွင်းဆက်များ လိုက်နေပါတယ် လို့ ရေးထားပါတယ်။ အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။ 

တောင်တရုတ်ပင်လယ်၌ လေကြောင်း ကာကွယ်ရေးဇုန် မသတ်မှတ်ရန် တရုတ်ကို အမေရိကန် သတိပေး

Photo: တောင်တရုတ်ပင်လယ်၌ လေကြောင်း ကာကွယ်ရေးဇုန် မသတ်မှတ်ရန် တရုတ်ကို အမေရိကန် သတိပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ရေး မည်သည့် လုပ်ဆောင်မှုမျှ မလုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ပါဆယ်ကျွန်းစုများကို အဓိက အခြေပြုပြီး တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်ရန် တရုတ် လေတပ်အရာရှိများက အစီအစဉ် မူကြမ်းတစ်ခု ရေးဆွဲနေကြောင်း Asahi Shimbun သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော လုပ်ဆောင်မှုမျိုးကို ရန်လိုသည့် တစ်ဖက်သတ် လုပ်ဆောင်မှုအဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီး တင်းမာမှုများ တိုးပွားလာနိုင်ခြင်းကြောင့် အငြင်းပွား နယ်မြေများအရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးရာအရ ပါဝင် လုပ်ဆောင်မှုအပေါ်  ပြင်းထန်စွာ မေးခွန်း ထုတ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသည်။

သို့သော်လည်း လေကြောင်း ကာကွယ်ရေးဇုန်နှင့် ပတ်သက်၍  ထွက်ပေါ်နေသော သတင်းများမှာ လက်ရှိ အချိန်ထိ အတည်မပြုနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်ကြီး တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပြီး တရုတ် ကမ်းရိုးတန်းဒေသနှင့် လွန်စွာဝေးကွာသည့် နယ်မြေများကိုပါ တောင်းဆိုထားသည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း အရှေ့တရုတ်ပင်လယ် လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ကြောင်း ရုတ်တရက် ကြေညာလိုက်သဖြင့် ဂျပန်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ရသည်။

ဂျပန်နှင့်တရုတ် ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုများကိုပါ လေကြောင်းဇုန်အတွင်း ထည့်သွင်းထားသည် သာမက တောင်ကိုရီးယားနှင့် အငြင်းပွားနေသော နယ်မြေများကိုလည်း ဇုန်အတွင်း ထည့်သွင်း ဖော်ပြခဲ့သည်။
“လေကြောင်းဇုန်နဲ့ အခြားအုပ်ချုပ်ရေးဆိုင်ရာ စည်းကမ်းတွေကို အငြင်းပွား နယ်မြေအတွင်း မထုတ်ပြန်ဖို့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံ အားလုံးကို တောင်းဆိုပါတယ်။ တရုတ်နိုင်ငံကိုလည်း အဲဒီလို မလုပ်ဖို့ တောင်းဆိုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသည်။

သယံဇာတ ကြွယ်ဝပြီး မဟာဗျူဟာ ရေးရာအရ အရေးပါသည့် တောင်တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဒေသတွင်း နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် စသည့်နိုင်ငံများကြား အငြင်းပွားမှုပေါ် ပေါက်နေသည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ရေး မည်သည့် လုပ်ဆောင်မှုမျှ မလုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ပါဆယ်ကျွန်းစုများကို အဓိက အခြေပြုပြီး တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်ရန် တရုတ် လေတပ်အရာရှိများက အစီအစဉ် မူကြမ်းတစ်ခု ရေးဆွဲနေကြောင်း Asahi Shimbun သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော လုပ်ဆောင်မှုမျိုးကို ရန်လိုသည့် တစ်ဖက်သတ် လုပ်ဆောင်မှုအဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီး တင်းမာမှုများ တိုးပွားလာနိုင်ခြင်းကြောင့် အငြင်းပွား နယ်မြေများအရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးရာအရ ပါဝင် လုပ်ဆောင်မှုအပေါ် ပြင်းထန်စွာ မေးခွန်း ထုတ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသည်။

ဝန်ကြီးများ အငြိမ့်သဘင်

Photo: [ Satire ]

ဝန်ကြီးများ အငြိမ့်သဘင်
 
လော်ဘီအုတ်ခဲ စိတ်ညစ်ရ ပြန်သည်။ ပူလစီဆိုလား မူနပီဆိုလား ဂျာနယ်တစ်စောင်က ပြည်ထောင်စု ဝန်ကြီးတစ်ဦး၏ ပြောကြားချက်များကို ဘွင်းဘွင်းကြီး ဖော်ပြလိုက်လို့ ဖြစ်သည်။ အပြည့်အစုံ သိလို၍ ဖုန်း အစုတ်လေးကို အမြန်ဖွင့်ကာ ဖွဘုတ်ပေါ် ကပိုကရိုလေး တက်ကြည့်ရသည်။ 

ထုံးစံအတိုင်း ခွီးတဲ့မှ အမ်ပီတီ။ လိပ်ခရု ကော်နက်ရှင်။ 
အဝိုင်းလေး လည်နေတာ ငါးမိနစ်ခန့် ထိုင်ကြည့်နေပြီးမှ ဖွဘုတ်ကြီး ပေါ်လာသည်။ 

တွေ့ပြီ။ 
ဝန်ကြီး ကလော်တုတ်နေသည့် ဗီဒီယိုဖိုင်။ ဝန်ကြီးနောက်မှ ပုန်း၍ ဖိုသီဖတ်သီ ရိုက်ကူးထားသည့် ဗီဒီယို ဖိုင်လေးကို ကြည့်လိုက်သည်။ 

ဝန်ကြီးက အစကတော့ အကောင်း။ နောက်မှ ဘာထဖြစ်သည် မသိ။ အစက ကျွဲ၊ နွား၊ ကြက်၊ ဝက် ကိစ္စ မေးမြန်းရင်းမှ ရွာသားတစ်ဦးက ရေသန့်လိုချင်သည် ဟုဆိုသော် ဝန်ကြီးတစ်ယောက် ဗြုန်းခနဲ ဒေါသ ပေါက်ကွဲသွားသည်။ ဘာကြောင့်တော့ မသိ။ အုတ်ခဲ နားမလည်။ ဖွဘုတ်ပေါ်မှာတော့ ဝန်ကြီး ပြောစကားတွေကို ချပြကာ ပယ်ပယ်နယ်နယ် ကလော်တုတ် နေကြသည်။ အဆဲ ကောင်းကောင်းဖြင့် ဆွမ်းကြီးလောင်း နေကြသည်။ မျက်နှာ မမြင်ရတိုင်း ပျော်ပျော်ကြီး သမနေကြသည်။ ဝန်ကြီးတစ်ယောက် ဖွဘုတ်ပေါ်တွင် ဆဲနည်းပေါင်းစုံဖြင့် လူထုမေတ္တာကို ခံယူနေရသည်။ ဘာမှန်းမသိ ဝင်ဆဲလိုက်ပြီး ဆဲကောင်းသကွာ ဆိုကာ ပြုံးပျော်ကြသည်။
 
ဖွဘုတ်မှာ ဆဲတာက လွယ်သည်။ ဆဲသည်ဟု အဓိပ္ပာယ် သက်ရောက်သည့် စာလုံးလေးများကို ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်လျက် လက်ကွက်ကို တပေါက်ပေါက်နှိပ်၊ Enter တဒေါက်ဒေါက် ခေါက်နေရုံ။ သူ့လည်း ကိုယ်မသိ။ ကိုယ့်လည်း သူမသိ။ ဆဲရတာ အရသာရှိပေ၏။ 
ကောင်းလေစွ။ 

“ကျုပ်က နယ်လှည့်ပြီး ပါးရိုက်လာတာကွ” ဟု ဝန်ကြီးက ပြောသည်။ အုတ်ခဲပင် ကြက်သီး တဖြန်းဖြန်း ထ၍ ပါးနှစ်ဖက်ကို ယောင်ပြီး စမ်းမိလေသည်။ 

ဝန်ကြီးကို သံယောင်လိုက်လျက် ဖွဘုတ် ပေါ်တွင် ပါးရိုက်သည့်ဓလေ့ ခေတ်စားလာသည်။ အချင်းချင်း တွေ့လျှင် ပါးရိုက်မည် တကဲကဲ ဖြစ်ကုန်ကြသည်။ ပါးရိုက်တတ်သည့် ဝန်ကြီးက မင်းသမီး သက်သက်မို့ဥနှင့် အမျိုးတော် မတော် စုံစမ်းကြသူများလည်း ရှိသည်။ တချို့ကတော့ ပါးရိုက်ရန် အတွက်ဆို နယ်လှည့်စရာပင် မလိုဘဲ မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးထဲ ဝင်သွားလျှင်ပင် ရိုက်ရမည့် သူများကို တွေ့လိမ့်မည်ဟု ဝန်ကြီးကို အကြံပေးကြသည်။ အင်တာနက်လိုင်း မကောင်းသူများက “သားတို့အတွက်ပါ များများ ရိုက်ခဲ့ပါ အဘ” ဟု မြှောက်ပင့်ကြသည်။ 

ဝန်ကြီးက စီတန်း လှည့်လည် ဆန္ဒပြသူများကို ကြိုက်သလောက် လှည့်နိုင်ပြီး မကျေနပ်လျှင် လဲသေနိုင်ကြောင်း ဆက်ပြောသည်။ လုံးဝ မကျေနပ်သည့် ဆန္ဒပြသူများ ဘုန်းခနဲ လဲသေကုန်ကြသည်။ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်။ ထောင်ထဲပို့မည်ဟု ဆိုသည်။
 
“သွား ထောင်ထဲကို။ ငါတို့အစိုးရ ထွက်ရင် မင်းပြန်ထွက်။ ဒါပဲ” ဟု ဆိုသည်။ နိုင်ငံရေးသမားများ ထောင်ထဲ မဝင်လို၍ လမ်းကြို လမ်းကြားထဲ ပြေးပုန်းကြသည်။
 
“ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲနိုင်အောင် လုပ်လာတာ” ဟုလည်း ဝန်ကြီးက ပြောသည်။ အတိုက်အခံ ပါတီများ သနားလွန်း၍ မျက်ရည်ဖြိုင်ဖြိုင် ကျပေးရှာသည်။ ရွာသားများကို ဝန်ကြီးက ကြိမ်းမောင်းသည်။ “ခင်ဗျားတို့ ဘုကန့်လန့်လုပ်ရင် ခင်ဗျားတို့အတွက် မလုပ်ပေးဘူး။ တိုင်ချင်တဲ့ နေရာတိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါလို့ ပြောလိုက်ရုံပဲ” ဟု ပြောသည်။ ရွာသားများက မိမိတို့ အနာဂတ်အတွက် ရင်လေးလွန်းသဖြင့် ငိုချင်ပက်လက် ဖြစ်ကြကုန်သည်။ 

ဒီဝန်ကြီး ဒီလိုပြောတာ အဆန်းမဟုတ်။ ကျန်တဲ့ ဝန်ကြီးတွေလည်း ခပ်တည်တည်နှင့် ပေါက်ကရ ပြောတတ်ကြသည်။ 

နေ့စဉ် ခွက်ထိုးခွက်လန် ရယ်မောနေရသဖြင့် ဝန်ကြီး မလုပ်ဘဲ လူရွှင်တော် လုပ်ကြရန် ပြည်သူများက တိုက်တွန်းကြသည်။ လူရွှင်တော်တွေ ပြက်လုံး ထုတ်တာလောက်တော့ ဝန်ကြီးများ သနားသည်။ ဟိုဝန်ကြီး တစ်ပါးက လယ်သမားများ အကြွေး ဆပ်နိုင်ဖို့ ထမင်းတစ်နပ် လျှော့စားရန် အကြံပေးသည်။ လယ်သမားတွေ အစာအိမ်ရောဂါ ရကုန်သည်။ တချို့က မထူးဇာတ်ခင်းကာ ဘုန်းကြီး ဝတ်သွားကြသည်။ 

ငြိမ်းချမ်းရေး ဝန်ကြီးတစ်ပါးက တရုတ်ကြီးကို ကြောက်ရတယ်လို့ ပြောသည်။ ပြည်သူများက ဘယ်သူ့ ကြောက်ရမှန်းမသိ၊ ဘယ်သူ့ အဖေခေါ်ရမှန်းမသိ မျက်စိသူငယ် နားသူငယ် ဖြစ်ကုန်သည်။ 

စီးပွားရေး ဝန်ကြီးတစ်ဦးက မိမိဝန်ကြီး လုပ်လာတာ သုံးနှစ် ပြည့်တော့မည် ဖြစ်သော်လည်း မြေတစ်ကွက်တောင် မပိုင်သေးဟု မျက်ရည် ခံထိုးသည်။ ဝန်ကြီးကို သနားသူများက ကျူးကျော်တဲများတွင် သွားနေရန် အကြံ ပေးကြသည်။ 

တပ်မတော်အစိုးရ လက်ထက်က အစစအရာရာ အရှုံးခံ လုပ်ပေးခဲ့တာမို့ တိုင်းပြည်က အဆင်းရဲဆုံး ဖြစ်သွားရတာလို့ ရန်ကုန်ဝန်ကြီးချုပ်က ပြောပြန်သည်။ ဒီတစ်ခါတော့ အစကတည်းက မျက်ရည်ဝဲ နေကြသည့် ပြည်သူတစ်ရပ်လုံး မိမိတို့ဘဝကို တွေးမိကာ ဗြဲခနဲ ငိုကုန်သည်။ မြေကြီးပေါ် ခြေဆောင့် ငိုကုန်သည်။ မည်သူမှ မျက်ရည် မထိန်းနိုင်။ အုတ်ခဲတောင် အဲဒီတုန်းက တစ်ပတ်ဆယ်ရက် ငိုမဆုံး ဖြစ်ခဲ့ရသည်။ ခုတောင် ပြန်တွေးရင် ငိုချင်သည်။ နိုင်ငံတော်၏ စေတနာကြီး ကိုလည်း နားလည်သွားသည်။ အစိုးရကို အင်မတန် သနားသွားသည်။ 
သူတို့ခမျာ... ငါတို့အတွက် ဒီလောက် လုပ်ပေးလိုက်ရတာ.... ဟင့်... ရွှတ်... ငွား ဟူ၍။ 

ဒီလိုမျိုး တစ်တိုင်းပြည်လုံး မျက်ရည်လည်ရွှဲ ဖြစ်နေရချိန်မှာ ခုဝန်ကြီးက နယ်လှည့်၍ ပါးရိုက်ဦးမည် ဆိုတော့ ပြည်သူတွေ ဘာလုပ်ရမှန်း မသိတော့။ 

ဒီကိစ္စက ရှော့ရှိသည်။ 
ရှော့အကြီးကြီး ရှိသည်။ 
အုတ်ခဲပင် ဘယ်နား သွားပုန်းရ ကောင်းမည်နည်းဟု ပြေးပေါက် ရှာမိသည်။ အရေးကြုံသော် အကြံဥာဏ်ကောင်းများ ပေးတတ်သည့် ဆရာသခင် ပြည်သူ့သံချောင်းကို အကူအညီ တောင်းရမည်။ 

ပြည်သူ့သံချောင်းက အချွန်နှင့်မမည့် ပါတီတစ်ခု တည်ထောင်ရင်း ၂၀၁၅ တွင် အစိုးရဖြစ်ချင်နေသူ ဖြစ်သည်။ သူ့အစိုးရ တက်လာလျှင် ဘာညာသာရကာ လုပ်ပေးမည်ဟု အရက်ဆိုင်တကာ ပတ်ပြောနေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာထံ အုတ်ခဲ အမြန် ဖုန်းဆက်သည်။ 

ဘီယာလေးမြုံ့ရင်း ဒူးနှန့်ကာ တိုင်းရေးပြည်ရေးများ စဉ်းစားနေသည့် ဆရာသခင် သံချောင်းက စိတ်မပူရန် အုတ်ခဲကို နှစ်သိမ့်သည်။ အဲ့ဒီဝန်ကြီးက ဘာတွေပြောလို့တုံးဟု ဆရာသခင်က မေးသော် အုတ်ခဲ ဇာတ်သံနှော၍ ဝန်ကြီး ပြောသမျှ အစီရင်ခံ ပြလိုက်သည်။ ဘီယာမူးနေသည့် ဆရာသခင်က ဝန်ကြီး လေသံကို လိုက်တုကာ အုတ်ခဲကို ပယ်ပယ်နယ်နယ် ကလော်တုတ်တော့သည်။ 

“ဘယ်အရက်သမားကိုမှ ဂရုမစိုက်ဘူး၊  ခင်ဗျား မှတ်ထား။ နယ်တကာ လှည့်ပြီး ဖဲရိုက်ရဲတယ်။ သံချောင်း အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် ဖြတ်ဖောက်ချုပ် လုပ်ထည့်မှာပဲ။ နိုင်ငံတကာ မှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ 
သံချောင်းကို ဆန့်ကျင်တဲ့ကောင် ဆိုရင် သွား မင်းဖြတ်ဖောက်ချုပ်လုပ်။ ငါ့  အစိုးရထွက်ရင် မင်းအတု ပြန်တပ်။ ..ဒါပဲ... 
ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲခိုးပြီး နေရာရလာတာ။ ခင်ဗျား ဘုကန့်လန့်ပြောရင် ခင်ဗျားအတွက် အရက်မတိုက်ဘူး။ တိုင်ချင်တဲ့နေရာ တိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော် မူးနေလို့ မသိဘူးလို့ ပြောလိုက်ရုံပဲ။ 
ရှင်းတယ်နော်။ ဂေ့” ဟူ၍ဖြစ်သည်။ 

ဆရာသခင် အမူးလွန်နေပြီကို ရိပ်မိသော အုတ်ခဲတစ်ယောက် ဖုန်းအမြန်ပြန်ချကာ ကိုယ့်နဖူးကိုယ် ဖတ်ခနဲ ရိုက်လိုက်မိ တော့သတည်း။
 
လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့
(လော်ဘီအုတ်ခဲ)

လော်ဘီအုတ်ခဲ စိတ်ညစ်ရ ပြန်သည်။ ပူလစီဆိုလား မူနပီဆိုလား ဂျာနယ်တစ်စောင်က ပြည်ထောင်စု ဝန်ကြီးတစ်ဦး၏ ပြောကြားချက်များကို ဘွင်းဘွင်းကြီး ဖော်ပြလိုက်လို့ ဖြစ်သည်။ အပြည့်အစုံ သိလို၍ ဖုန်း အစုတ်လေးကို အမြန်ဖွင့်ကာ ဖွဘုတ်ပေါ် ကပိုကရိုလေး တက်ကြည့်ရသည်။

ထုံးစံအတိုင်း ခွီးတဲ့မှ အမ်ပီတီ။ လိပ်ခရု ကော်နက်ရှင်။
အဝိုင်းလေး လည်နေတာ ငါးမိနစ်ခန့် ထိုင်ကြည့်နေပြီးမှ ဖွဘုတ်ကြီး ပေါ်လာသည်။

တွေ့ပြီ။
ဝန်ကြီး ကလော်တုတ်နေသည့် ဗီဒီယိုဖိုင်။ ဝန်ကြီးနောက်မှ ပုန်း၍ ဖိုသီဖတ်သီ ရိုက်ကူးထားသည့် ဗီဒီယို ဖိုင်လေးကို ကြည့်လိုက်သည်။

ဝန်ကြီးက အစကတော့ အကောင်း။ နောက်မှ ဘာထဖြစ်သည် မသိ။ အစက ကျွဲ၊ နွား၊ ကြက်၊ ဝက် ကိစ္စ မေးမြန်းရင်းမှ ရွာသားတစ်ဦးက ရေသန့်လိုချင်သည် ဟုဆိုသော် ဝန်ကြီးတစ်ယောက် ဗြုန်းခနဲ ဒေါသ ပေါက်ကွဲသွားသည်။ ဘာကြောင့်တော့ မသိ။ အုတ်ခဲ နားမလည်။ ဖွဘုတ်ပေါ်မှာတော့ ဝန်ကြီး ပြောစကားတွေကို ချပြကာ ပယ်ပယ်နယ်နယ် ကလော်တုတ် နေကြသည်။ အဆဲ ကောင်းကောင်းဖြင့် ဆွမ်းကြီးလောင်း နေကြသည်။ မျက်နှာ မမြင်ရတိုင်း ပျော်ပျော်ကြီး သမနေကြသည်။ ဝန်ကြီးတစ်ယောက် ဖွဘုတ်ပေါ်တွင် ဆဲနည်းပေါင်းစုံဖြင့် လူထုမေတ္တာကို ခံယူနေရသည်။ ဘာမှန်းမသိ ဝင်ဆဲလိုက်ပြီး ဆဲကောင်းသကွာ ဆိုကာ ပြုံးပျော်ကြသည်။

“ကျန်းမာတော်မူကြပါစခင်ဗျာ”

Written by  အောင်စိုး 
 
“ကျန်းမာတော်မူကြပါစ ခင်ဗျာ” ဟူသော အသက်  ၃၀ ကျော် အမျိုးသားတစ်ဦး၏ အသံကို မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြား စတင် ထုတ်လွှင့်ချိန် ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလမှသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရ လက်ထက်နှင့် တပ်မတော်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်ထိ တိုင်အောင် လတစ်လ၏ နောက်ဆုံး ရက်တိုင်းတွင် တွေ့မြင်ခဲ့ကြရသည်။
ယင်းအသံပိုင်ရှင်မှာ မြန်မာနိုင်ငံတွင် မိုးလေဝသ ရုပ်မြင်သံကြား သတင်း တင်ဆက်သူအဖြစ် မှတ်တမ်းဝင်ခဲ့သော မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ပင် ဖြစ်ပါသည်။
ဒေါက်တာထွန်းလွင်မှာ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသတွင် မိုးလေဝသ ပညာရှင်အဖြစ် နာမည် ကျော်ကြားနေသော်လည်း မိုးလေဝသဌာနသို့ စတင် အမှုထမ်းချိန်တွင် မိုးလေဝသ ပညာရှင် တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်ချက် မရှိသေးဘဲ မိသားစု စားဝတ်နေရေး အခြေအနေအရ တက္ကသိုလ် မတက်နိုင်ဘဲ မဖြစ်မနေ အလုပ်လုပ်ရတော့မည် ဖြစ်သောကြောင့် ၁၉၆၅ ခုနှစ် ဆယ်တန်း စာမေးပွဲ ဖြေဆိုပြီးချိန် အသက် ၁၇ နှစ် ၄ လအရွယ် ကတည်းကပင် ဝင်ရောက် အမှုထမ်းခဲ့ရခြင်း ဖြစ်သည်။

“မိုးလေဝသကို သံယောဇဉ်ရှိလို့ လုပ်တာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဘာအလုပ်ရရ လုပ်ရမယ့် အခြေအနေပါ” ဟု ဒေါက်တာထွန်းလွင်က သူ၏ငယ်ဘဝ အခြေအနေကို ပြောပြသည်။

ထိုင်းရောက် မြန်မာတစ်သိန်းကျော် ဗီဇာသက်တမ်းတိုးရန် အခက်တွေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဗီဇာ သက်တမ်းကုန် လုပ်သားများကို သက်တမ်း တိုးပေးမှု ကြန့်ကြာနေပြီး ဗီဇာ သက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းကျော် အခက်အခဲ ကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။

ဗီဇာ သက်တမ်းကုန် မြန်မာများသည် ထိုင်းရဲများ၏ ငွေညှစ်မှုများ ကြုံတွေ့နေရပြီး အလုပ်ရှင်များကလည်း ဗီဇာ သက်တမ်းကုန် လုပ်သားများကို (အိုဗာစတေး (တရားမဝင် လုပ်သားများ) အလုပ်ရပ်ဆိုင်းထားပြီး ဗီဇာအသစ် ရရှိပြီးမှသာ အလုပ်ပြန်ဝင်ရန် ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေရကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပြဿနာများကို အခွင့်ကောင်းယူကာ ပွဲစားများကလည်း ဗီဇာသက်တမ်း ကုန်လုပ်သားများကို ဗီဇာရရှိအောင် လုပ်ဆောင်ပေးမည် ဆိုပြီး ထိုင်းဘတ် ၃၅၀၀ မှ ၅၀၀၀ ဝန်းကျင်အထိ လိမ်လည်မှု များလည်း ကြုံတွေ့နေရကြောင်း ဦးစိန်ဌေးက ပြောဆိုသည်။
“နယ်စပ်ကို သွားဆိုပြီး လိမ်တာတွေရော ဟိုမှာ (ထိုင်းနိုင်ငံအတွင်း) လိမ်တာရော အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

မြစ်ဆုံတွင် အင်အားကြီးငလျင် တစ်ကျော့ပြန် လှုပ်ခတ်နိုင်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီး မြစ်ဖျား ခံရာ မြစ်ဆုံ ဒေသတွင် စစ်ကိုင်း ပြတ်ရွေ့ကြော ပြန်လည် အသက်ဝင်ပြီး အင်အားကြီးငလျင်များ တစ်ကျော့ပြန် လှုပ်ခတ်နိုင်ခြေ ရှိသဖြင့် မြစ်ဆုံ ရေကာတာ စီမံကိန်း တည်ဆောက်ရန် မသင့်လျော်ကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောကြားသည်။

ရန်ကုန်မြို့တော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် ဘူမိသိပ္ပံ အမြင်နှင့် ဧရာဝတီ အတွက် ဘေးအန္တရာယ်များ ဆိုင်ရာ ဆွေးနွေးပွဲတွင် အဆိုပါ ပညာရှင်များက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“CPI က ငလျင်ပမာဏ ဘယ်လောက် ခံနိုင်တယ်ဆိုတာ ပြောကတည်းက မဖြစ်နိုင်ဘူး။ ရေကာတာ တည်ဆောက်ဖို့အတွက် အသေးစိတ် လေ့လာ တိုင်းထွာဖို့တွေ လိုတယ်။ မြစ်ကြီးနားက အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၅ လောက်အထိ လှုပ်နိုင်တဲ့အတွက် ဆည်ကြီးတွေကိုတောင် ချိုးပစ်လိုက်နိုင်တယ်” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်း ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သူ မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တွေ့ဆုံခြင်း

Photo: မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်း ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သူ မန္တလေး နေ့စဉ်သတင်းစာ 
သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တွေ့ဆုံခြင်း

(ရွှေရည်)

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် (၃၀) နှင့် (၃၁) အကြားအရောက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စည်ပင်သာယာရေးဝန်ကြီးတို့ လိုက်ပါလာသည့် ယာဉ်တန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်အချိန်ခန့်က ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရရာ ထိုယာဉ်တန်းတွင် ပါဝင်၍ လိုက်ပါသတင်းယူသော သတင်းထောက်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူနှစ်ဦးအနက် မန္တလေး ပြည်သူ့ဆေးရုံကြီး ပြင်ပ လူနာဌာန အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော မန္တလေး အခြေစိုက် မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးကို The Voice က ဗုံးပေါက်ကွဲမှု အခြေအနေများ တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြ ထားပါသည်။

Voice  :  ဒီဖြစ်စဉ် အကျဉ်းလေးကို ပြောပြပေးပါ။

UAMO  :  ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မိုးကုတ်မြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် မန္တလေးဝန်ကြီးချုပ် ခရီးစဉ်နဲ့အတူ သတင်းယူရင်း မန္တလေး-ပြင်ဦးလွင်- မိုးကုတ်လမ်း လမ်းသစ်ကနေ ယာဉ်တန်းနဲ့ သွားတယ်။ လမ်းသစ်ကလည်း ဒီအစိုးရသစ် လက်ထက်မှ ဖောက်ခဲ့တာလို့ ပြောတော့ ဝန်ကြီးချုပ်က လမ်းကိုစစ်ရင်း ဒီလမ်းကနေပြီး အသွားကော အပြန်ကော သွားတယ်။ မိုးကုတ်မှာ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ နှစ်ညအိပ်တယ်။ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ မိုးကုတ်က ဆင်းလာတယ်။ မိုးကုတ်ကအလွန် မိုင် ၂၀ မှာ ကျွန်တော်တို့စီးတဲ့ ပွိုင့်ကားကရေဆူပြီး ဆက်မောင်းလို့ မရတော့ဘူး။ ကျွန်တော့်ကို ကားချိန်း ပေးလိုက်တယ်။ (ပြင်ဦးလွင်မြို့မှ မိုင် ၃၀ အလို) ဟုန်းမခါးအလွန် ဟိုခိုရွာနားမှာ ၁၅ မိနစ်လောက် ခဏနားတယ်။ ယာဉ်တန်းထွက်ပြီး ၁၀ မိနစ်လောက်နေမှ ဝုန်းဝုန်းဆိုပြီးတော့ ထဖြစ်တာပေါ့။

Voice  :  ဆရာက ကားနံပါတ် ဘယ်လောက်မှာ ပါတာလဲ။ ကားကကော ဘယ်နှစီးလောက် သွားတာလဲ။

UAMO  :  ကားက ရှစ်စီးလောက်ရှိတယ်။ ကျွန်တော်က ငါးစီးမြောက်လောက်မှာ ရှိတယ်။ ကျွန်တော်တို့ နောက်ကားတွေကလည်း မဖြစ်ဘူး။ အဘ (ဝန်ကြီးချုပ်) တို့ ကားနားလေးမှာ ကွဲတာပဲ။ အဘကားနောက်က ဝန်ကြီး ဦးကျော်မြင့် ကားပေါ့။ ဝန်ကြီး ဦးကျော်မြင့်ကားလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော် ထင်တယ်။ ကွဲလိုက်တဲ့အခါမှာ ကွဲလိုက်တဲ့အစတွေ ဘာတွေများ လာမှန်သလား မသိဘူး။ တပ်နဲ့ ပတ်သက်တဲ့ ဖောက်ခွဲရေး လုပ်တယ်တို့ ဘာတို့ ကျွန်တော်လည်း မခေါ်တတ်ဘူး။ လက်နဲ့ မျက်နှာလေး နည်းနည်းမှန်သွားတယ်။ သာမန်အဆင့်ပါပဲ။

Voice  :  မန္တလေးဆေးရုံကြီးကို ဘယ်အချိန်လောက် ရောက်လဲ။

UAMO  :  မန္တလေးကို ညနေ ၆ နာရီကျော်လောက် ရောက်တယ်။

Voice  :  Operation လုပ်တာကော အခြေအနေ ဘယ်လိုရှိလဲ။

UAMO  :  ကောင်းတယ်။ ဆရာဝန်ကြီးတွေက ကြီးကြပ်နေတော့ အတော်လေး ကောင်းပါတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင် လိုက်ပို့ပေးတယ်။ သူကိုယ်တိုင် စီစဉ်ကြီးကြပ် ပေးပါတယ်။ လာလည်း လာပါတယ်။

Voice  :  လက်ရှိ ကျန်းမာရေး အခြေအနေ သိချင်ပါတယ်။

UAMO  :  လက်ပေါက်ထွက် သွားတဲ့အတွက် အရိုးနည်းနည်း ထိသွားတဲ့အတွက် စတီးချောင်း အစားထိုးထားတယ်။ သာမန်ဆိုရင် အသားပြန်တက်မှာပါ။ အဲဒီအချိန် စတီးချောင်း ပြန်ဖြုတ်လိုက်ရင် သာမန် အခြေအနေ ပြန်ဖြစ်သွားမှာပါ။ အဲဒီနေရာကို စတီးချောင်းလေး ထည့်ထားတယ်။

Voice  :  ဆေးရုံက ဘယ်နေ့ဆင်းခွင့် ပေးမယ်လို့ ပြောပါသလဲ။

UAMO  :  သူကတော့ နှစ်ညလောက် အိပ်ပြီး ဆင်းလိုက် ပြောတယ်။ မနက်ဖြန်လောက်ကို ဆင်းချင်နေတာပါ။

(ရွှေရည်)

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် (၃၀) နှင့် (၃၁) အကြားအရောက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စည်ပင်သာယာရေးဝန်ကြီးတို့ လိုက်ပါလာသည့် ယာဉ်တန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်အချိန်ခန့်က ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရရာ ထိုယာဉ်တန်းတွင် ပါဝင်၍ လိုက်ပါသတင်းယူသော သတင်းထောက်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူနှစ်ဦးအနက် မန္တလေး ပြည်သူ့ဆေးရုံကြီး ပြင်ပ လူနာဌာန အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော မန္တလေး အခြေစိုက် မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးကို The Voice က ဗုံးပေါက်ကွဲမှု အခြေအနေများ တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြ ထားပါသည်။

Voice : ဒီဖြစ်စဉ် အကျဉ်းလေးကို ပြောပြပေးပါ။

UAMO : ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မိုးကုတ်မြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် မန္တလေးဝန်ကြီးချုပ် ခရီးစဉ်နဲ့အတူ သတင်းယူရင်း မန္တလေး-ပြင်ဦးလွင်- မိုးကုတ်လမ်း လမ်းသစ်ကနေ ယာဉ်တန်းနဲ့ သွားတယ်။ လမ်းသစ်ကလည်း ဒီအစိုးရသစ် လက်ထက်မှ ဖောက်ခဲ့တာလို့ ပြောတော့ ဝန်ကြီးချုပ်က လမ်းကိုစစ်ရင်း ဒီလမ်းကနေပြီး အသွားကော အပြန်ကော သွားတယ်။ မိုးကုတ်မှာ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ နှစ်ညအိပ်တယ်။ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ မိုးကုတ်က ဆင်းလာတယ်။ မိုးကုတ်ကအလွန် မိုင် ၂၀ မှာ ကျွန်တော်တို့စီးတဲ့ ပွိုင့်ကားကရေဆူပြီး ဆက်မောင်းလို့ မရတော့ဘူး။ ကျွန်တော့်ကို ကားချိန်း ပေးလိုက်တယ်။ (ပြင်ဦးလွင်မြို့မှ မိုင် ၃၀ အလို) ဟုန်းမခါးအလွန် ဟိုခိုရွာနားမှာ ၁၅ မိနစ်လောက် ခဏနားတယ်။ ယာဉ်တန်းထွက်ပြီး ၁၀ မိနစ်လောက်နေမှ ဝုန်းဝုန်းဆိုပြီးတော့ ထဖြစ်တာပေါ့။

ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု စိတ်ချရအောင် ဆောင်ရွက်ပြီးသည့် အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

Photo: ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု စိတ်ချရအောင် ဆောင်ရွက်ပြီးသည့် အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပြီးသည့်အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဥတ္တရခရိုင်ရှိ လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယင်းကဲ့သို့ အာဏာလွှဲပြောင်းပေးနိုင်ခဲ့ခြင်းမှာ ၂၀၀၈ ခုနှစ် ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပြောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဥပဒေသာ မရှိခဲ့ပါက ယခင်အစိုးရအနေဖြင့် နောင်တစ်သက်အထိ နောင်အစိုးရကို အာဏာလွှဲပြောင်းပေးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ယခင်အစိုးရက စေတနာထားပြီး ကောင်းအောင် ဘယ်လောက်လုပ်လုပ် အမျိုးမျိုးပြောဆိုခံခဲ့ရတာတွေ ရှိတယ်။နောက်ဆုံး ယခင်အုပ်ချုပ်သူတွေရဲ့ ဘ၀လုံခြုံမှုအပါအ၀င် အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုတွေအတွက်ပါ စိတ်ချရမှုမရှိဘဲနဲတော့ သူသူကိုယ်ကိုယ် ကိုယ့်ဆီမှာရှိတဲ့အာဏာကို လွှဲပေးရဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲဒီအာဏာကို လွှဲပေးခဲ့တယ်။လွှဲပေးရဲခဲ့တယ်။ ဘာကြောင့်လဲ လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပြီးလို့ အဲဒီလိုလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမဆောင်ရွက်ခဲ့ရင် ဘာဖြစ်မလဲ။ သူများနိုင်ငံတွေမှာလို မိမိတို့နိုင်ငံမှာလည်း အများစုဒုက္ခရောက်နေရမှာ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အာဖရိကတို့၊ အာရှအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဆို အေးချမ်းမှုမရှိသေးတာကို တွေ့ရပါတယ်”ဟု ပြောကြားသည်။

လွှတ်တော်၏ ဆောင်ရွက်မှုများဖြစ်သည့် ဥပဒေပြုရေး၊ ဥပဒေများပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများသည် တစ်ခါပြဋ္ဌာန်းရုံဖြင့် အမြဲမှန်သည်ဟု မယူဆနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြင်သင့်သည်များကို မပြင်ဆင်ပါက အမှားပင်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာအပေါ် မူတည်ပြီး ပြည်ထောင်စုလွှတ်တော်က ဆက်လုပ်သွားမှာပါ။နိုင်ငံနဲ့ ပြည်သူ့အကျိုး ဖြစ်မယ်ဆိုရင် ပြင်ဆင်ရမယ်။ နိုင်ငံနဲ့ပြည်သူ့အကျိုးမဖြစ်ဘူးဆိုရင် ဖွဲ့စည်းပုံအတိုင်း ထားရှိရမယ်။ပြင်ဆင်ဖို့ စဉ်းစားရာမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ တိုးတက်ရမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အဓိကစဉ်းစားပြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ဥာဏ်ပညာအမြော်အမြင်ရှိရှိဖြင့် သတ္တိရှိရှိဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နှစ်များစွာမကြာသေးသည့် ဖွဲ့စည်းပုံကို ကောင်းသည်ဟုဆိုကာ မျက်စိမှိတ်နေ၍မရကြောင်း၊ အလောတကြီးပြောင်းလဲ၍ မဖြစ်နိုင်ကြောင်း၊ ပြောင်းသင့်သည်များကို မပြောင်းလဲပါက အမှားပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

(ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဥတ္တရခရိုင်ရှိ လူထုတွေ့ဆုံပွဲတွင် သူရဦးရွှေမန်း မိန့်ခွန်းပြောကြားစဉ်)

(ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဥတ္တရခရိုင်ရှိ လူထုတွေ့ဆုံပွဲတွင် သူရဦးရွှေမန်း မိန့်ခွန်းပြောကြားစဉ်)
ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပြီးသည့်အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဥတ္တရခရိုင်ရှိ လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယင်းကဲ့သို့ အာဏာလွှဲပြောင်းပေးနိုင်ခဲ့ခြင်းမှာ ၂၀၀၈ ခုနှစ် ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပြောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဥပဒေသာ မရှိခဲ့ပါက ယခင်အစိုးရအနေဖြင့် နောင်တစ်သက်အထိ နောင်အစိုးရကို အာဏာလွှဲပြောင်းပေးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ယခင်အစိုးရက စေတနာထားပြီး ကောင်းအောင် ဘယ်လောက်လုပ်လုပ် အမျိုးမျိုးပြောဆိုခံခဲ့ရတာတွေ ရှိတယ်။နောက်ဆုံး ယခင်အုပ်ချုပ်သူတွေရဲ့ ဘ၀လုံခြုံမှုအပါအ၀င် အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုတွေအတွက်ပါ စိတ်ချရမှုမရှိဘဲနဲတော့ သူသူကိုယ်ကိုယ် ကိုယ့်ဆီမှာရှိတဲ့အာဏာကို လွှဲပေးရဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲဒီအာဏာကို လွှဲပေးခဲ့တယ်။လွှဲပေးရဲခဲ့တယ်။ ဘာကြောင့်လဲ လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပြီးလို့ အဲဒီလိုလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမဆောင်ရွက်ခဲ့ရင် ဘာဖြစ်မလဲ။ သူများနိုင်ငံတွေမှာလို မိမိတို့နိုင်ငံမှာလည်း အများစုဒုက္ခရောက်နေရမှာ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အာဖရိကတို့၊ အာရှအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဆို အေးချမ်းမှုမရှိသေးတာကို တွေ့ရပါတယ်”ဟု ပြောကြားသည်။

“ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်အထက်ပိုင်း ဆည်တည်ဆောက်မှုများကြောင့် ထိခိုက်နိုင်မှုများအပေါ်ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ခြင်းမပြုရန် ကန့်ကွက်ဆွေးနွေးကြ

Photo: “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်အထက်ပိုင်း ဆည်တည်ဆောက်မှုများကြောင့် ထိခိုက်နိုင်မှုများအပေါ်ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ခြင်းမပြုရန် ကန့်ကွက်ဆွေးနွေးကြ

ဧရာဝတီမြစ်အထက်ပိုင်းတွင် ဆည်များတည်ဆောက်မှုကြောင့် ထိခိုက်နိုင်မှုများအပေါ် ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည်စီမံကိန်းအား ဆက်မလုပ်ရန် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)) ရုံးတွင် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီအတွက် ဘေးအန္တရာယ်များ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ဟောပြောသည့် ပညာရှင်များ၊ တက်ရောက်လာသူများက ပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေး၊ မြန်မာနိုင်ငံငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုးသူရထွန်း၊ ဒေါက်တာမျိုးသန့်၊ ဦးတင့်လွင်ဆွေ၊  ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဦးမောင်မောင်အေး၊ မိုးလေ၀သနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာထွန်းလွင်တို့က မြစ်များတွင် ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုအခြေအနေများအား ပညာရပ်ဆိုင်ရာ အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထိုပြင် နည်းပညာအဆင့်မြင့်မားသည့် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာ၌ ဆည်များတည်ဆောက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအပြင် ဆည်တည်ဆောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံအနေဖြင့် မြစ်များပေါ်တွင် ကြီးမားသည့် ဆည်များတည်ဆောက်မည်ဆိုပါက ပြည်သူများအပေါ် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပညာရှင်များက ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဘာသာရပ်ဆိုင်ရာ ဟောပြောပွဲသို့ တက်ရောက်သူ ၅၀၀ ဦးကျော်ရှိပြီး တက်ရောက်လာသူအများစုက လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတက ဆုံးဖြတ်ထားသည့် မြစ်ဆုံဆည်စီမံကိန်းအား လာမည့်အစိုးရသစ် လက်ထက်တွင် ဆက်လက်လုပ်ကိုင်မည်ကို စိုးရိမ်ကြောင်းနှင့် မည်သည့်အစိုးရတက်သည်ဖြစ်စေ မြစ်ဆုံဆည်စီမံကိန်းအား ဆက်လက်လုပ်ဆောင်ပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့်  မြစ်ဆုံဆည်စီမံကိန်းတည်ဆောက်ခြင်းကို လုံးဝကန့်ကွက်ကြောင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာထွန်းလွင်က မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကန့်ကွက်ရသည့် အကြောင်းအရင်းများစွာရှိကြောင်း၊ မြစ်ဆုံဆည်စီမံကိန်း နှင့်ပတ်သက်၍ လည်းကောင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာချက်များနှင့် ပတ်သက်၍လည်းကောင်း ပြည်သူလူထုအားချပြ ရှင်းလင်းခြင်းမရှိသည့်မှာ အဓိကကန့်ကွက်ရသည့် အချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လေ့လာချက်များအရ မုတ်သုံမိုးမှာ ရာခိုင်နှုန်း ၃၀ လျော့နည်းသွားပြီဖြစ်ကြောင်း၊ နောက်လာမည့်နှစ်များတွင်လည်း မြေအောက်ရေများ လျော့ရန်ရှိကြောင်း၊ ရေခဲမြစ်များမှလည်း ရေရနိုင်မှု လျော့နည်းနေသည့်အချိန်မျိုး ဖြစ်နေသည့်အချိန်တွင် ဧရာဝတီမြစ်ပေါ် သို့ မြစ်ဆုံဆည်ကြီး လာရောက်တည်ဆောက်ဦးမည်ဆိုပါက နံပါတ်တစ်အနေဖြင့် မန္တလေးတိုင်းအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတို့မှာ သဲကန္တာရပုံစံမျိုး ဖြစ်သွားနိုင်သောကြောင့် နားလှည့်ပါးရိုက်သည့် စနစ်များဖြင့် ဧရာဝတီကို မလဲနိုင်ကြောင်းလည်း ဦးထွန်းလွင်က ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းအား သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသည့် လက်ရှိအခြေအနေ၌ပင် မြစ်ဆုံဒေသ၀န်းကျင်၌ တရားမ၀င်သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်မှုအပါအ၀င် သဘာဝပတ်ဝန်းကျင် အခြေအနေကိုများစွာ ပျက်စီးမည့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေးက ဓာတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

“ဧရာဝတီကို ရောဂါစွဲအောင် လုပ်လိုက်တာတွေရှိတယ်။ ရွှေထုတ်တာတွေပေါ့။ ဒီကာလအတွင်းမှာပါ။ အငြင်းပွားနေတဲ့ ကာလအတွင်းမှာ ဒါကြီးရေလွှမ်းသွားရင် ဘယ်ကောင်မှ မမြင်ဘူးကွာဆိုပြီးတော့ ဒါကလည်းအာဏာပိုင်အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဘယ်လိုလုပ်လုပ်မလဲ။ ဒီနေရာမှာ တော်တော်များများလာကြတယ်။ တော်တော်ဆိုးတဲ့ အခြေအနေပဲ”ဟု  ဦးညွန့်ဌေးက ပြောကြားသည်။

မြန်မာပြည်သူများက မြစ်ဆုံဆည်မပြုလုပ်ရန် ပြင်းထန်စွာ ကန့်ကွက်တားမြစ်နေသည့်ကြားမှ မြစ်ဆုံဆည်ဆောက်လုပ်ရန် တရုတ်ကုမ္ပဏီ၏ ကြိုးစားမှုနှင့် ပတ်သက်ပြီး ဦးညွန့်ဌေးက “နေ့မအားညမအား အားသွန်ခွန်စိုက် ဘယ်သူက ဘယ်လောက်ပြောပြော ဘာဖြစ်လို့လာလုပ်ဖို့ စိတ်ကူးနေကြသလဲ။ ဒါလုပ်တဲ့အတွက် ကျွန်တော်တို့ ဘယ်လောက်အကျိုးအမြတ်ရမလဲ။ သူတို့က ကိုးဆယ်ရာခိုင်နှုန်းရမယ်။ ကျွန်တော်တို့က ဆယ်ရာခိုင်နှုန်းရမယ်။ အဲဒီတော့ ဒီဆယ်ရာခိုင်နှုန်းကို အခြားနည်းနဲ့ မရှာတတ်ကြတော့ဘူးလား။
ကျွန်တော်တို့က ခွက်ဆွဲပြီး နိုင်ငံတကာကို တောင်းပေးရမလား။အဲဒါ (မြစ်ဆုံဆည်) မလုပ်ဖို့ကို။ ဒီဆည်ဆောက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ထိန်းချုပ်မှု ဘာမှမရှိတော့ဘူး။ ကျွန်တော်မြင်တာကတော့  ကျွန်တော်တို့က ဘာမှမသိရဘူး” ဟု ဦးညွန့်ဌေးက ဆက်လက်ပြောကြားသည်။

“ဧရာဝတီဟာ ကျွန်တော်တို့နိုင်ငံရဲ့ မိခင်လို့ သတ်မှတ်ထားပါတယ်။မြစ်ဆုံဆည် ဆောက်ခြင်းအားဖြင့် ပြည်သူတွေအတွက် အဆိုးအပြစ်တွေပဲများမယ်ဆိုရင် ဒါကိုဆက်ပြီး မလုပ်သင့်တော့ဘူးပေါ့။ နောက်ဧရာဝတီနဲ့ ဆက်နွှယ်နေတဲ့ သစ်တောပြုန်းတီးမှု၊ နောက်တစ်ခါ ကချင်တွေရဲ့ ယဉ်ကျေးမှုတွေ ပပျောက်မှာ၊ သဘာဝပျက်စီးမှာ ဒါတွေကိုမဖြစ်စေချင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၅ မှာ တက်လာမယ့် အစိုးရကလည်း သူ့ဟာသူ ဘာလုပ်လုပ် ကျွန်တော်တို့က မြစ်ဆုံဆည်ကို ဆက်မလုပ်စေချင်ဘူး”ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြောက်ဥက္ကလာပမြို့နယ်မှ အသက် ၆၆ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း ဦးလှမြင့်က ဆိုသည်။

“မြစ်ဆုံဆည်ဆက်လုပ်မှာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ကျွန်တော်တို့သားသမီးတွေ အပါအ၀င် နောင်လာနောက်သားတွေ အားလုံးအတွက်ပါ။ တိုင်းရင်းသားတွေ အကုန်လုံးအနေနဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်နဲ့ သဘာဝဘေးအန္တရာယ်တွေကို မကြုံတွေ့စေချင်ဘူး”ဟုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဒုတိယစုံစမ်းရေးမှူး (ငြိမ်း) ဦးမြင့်သန်းက ပြောကြားသည်။

မြစ်ဆုံဆည်တစ်ခုတည်းကြောင့် ယင်းဒေသသာမက ဆည်အောက် မိုင်ရာပေါင်းများစွာ အကွာအဝေးထိ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ ထိခိုက်နိုင်သည်ကို တရုတ်နိုင်ငံမှ China Power Investment (CPI ) ကုမ္ပဏီ၏ အစီရင်ခံစာတွင် တိကျစွာမဖော်ပြခဲ့ ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက် ရက်စွဲဖြင့် ဖြန့်ဝေခဲ့သည့် မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်အပေါ် လွတ်လပ်သည့် ပညာရှင်ရှုထောင့်မှ ပြန်လည်သုံးသပ်ခြင်း စာတမ်းတွင် ဖော်ပြထားသည်။        
ဧရာဝတီမြစ်အထက်ပိုင်းဒေသအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် (EIA) အစီရင်ခံစာအား သုံးသပ်ကြည့်လျှင် အကဲဖြတ်ဆန်းစစ်ချက်၌ အားနည်းချွတ်ယွင်းမှုများနှင့် ပြည့်စုံမှုမရှိသော ကောက်ချက်ချမှုများကို တွေ့ရသည်ဟု အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

(ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ  UMFCCI ၌ ပြုလုပ်ခဲ့သည့် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲကျင်းပရာသို့ တက်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- ထက်ရှိုင်း))
(ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ UMFCCI ၌ ပြုလုပ်ခဲ့သည့် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲကျင်းပရာသို့ တက်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- ထက်ရှိုင်း))
ဧရာဝတီမြစ်အထက်ပိုင်းတွင် ဆည်များတည်ဆောက်မှုကြောင့် ထိခိုက်နိုင်မှုများအပေါ် ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည်စီမံကိန်းအား ဆက်မလုပ်ရန် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)) ရုံးတွင် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီအတွက် ဘေးအန္တရာယ်များ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ဟောပြောသည့် ပညာရှင်များ၊ တက်ရောက်လာသူများက ပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေး၊ မြန်မာနိုင်ငံငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုးသူရထွန်း၊ ဒေါက်တာမျိုးသန့်၊ ဦးတင့်လွင်ဆွေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဦးမောင်မောင်အေး၊ မိုးလေ၀သနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာထွန်းလွင်တို့က မြစ်များတွင် ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုအခြေအနေများအား ပညာရပ်ဆိုင်ရာ အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထိုပြင် နည်းပညာအဆင့်မြင့်မားသည့် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာ၌ ဆည်များတည်ဆောက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအပြင် ဆည်တည်ဆောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ

Photo: မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုနှင့် ၎င်းရဲတပ်ကြီးတွင် ပါရှိခဲ့သည့်လက်နက် ပျောက်ဆုံးခဲ့မှုတွင်ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ရှိ မောင်တောမြို့နယ်အပါအ၀င် အခြားဒေသများတွင်လည်း အဆိုပါပါဝင်သူ ၂၇ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ဘက်ပေါင်းစုံလုံခြုံရေးများ ချထားသည့်အပြင် ဓာတ်ပုံများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်ခဲ့သူ ၂၇ ဦးကို ဖော်ထုတ်နိုင်ရန်အတွက် အခင်းဖြစ်ပွားအပြီး တစ်ရက်အကြာတွင် ဖြစ်စဉ်ဒေသအား ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ဗလီအစောင့်အား ဦးဆုံးတွေ့ရှိခဲ့ပြီး နောက်တွင်စစ်ဆေးခဲ့ကာ ရဲတပ်ကြပ်ကြီး၏ အသုံးအဆောင်ပစ္စည်းအချို့နှင့် သွေးကွက်များအားတွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေခဲ့ရာ ရွာသူရွာသား ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာမှ  ယင်းကဲ့သို့ပါဝင်သူများကို ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားခဲ့သည်။

ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူအချို့မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ (ဘီဒီပြေး) အဖြစ် သတ်မှတ်ခံရသူများအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ RSO သင်တန်းအဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူလည်း ပါဝင်ခဲ့ကြောင်း မှုခင်းစစ်တမ်းများတွင် ဖော်ပြခဲ့သည်။ ယင်းအတွက် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ သွားရောက်ခိုလှုံနိုင်ဖွယ်ရှိနေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ပေးရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အား အကူအညီတောင်းခံထားကြောင်း ရဲမှူးချုပ် တင်ကိုကိုက သုံးသပ်ပြောကြားသည်။

“အခုအခင်းဖြစ်တဲ့ရွာက အရင်ကတည်းက တော်တော်ဆိုးတာ။ ၂၀၀၈ ခုနှစ်က ရဲတပ်ကြပ်ကြီးတစ်ယောက်လည်း  အရိုက်ခံရတယ်။ အခုထိလည်း တော်တော်ဆိုးနေတဲ့အတွက် ကျွန်တော် ရဲတပ်ရင်းနဲ့အတူ ဒီရွာရဲ့အနီးမှာ လာစောင့်နေရတာပါ” ရဲမှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများသာ အများစုနေထိုင်သော ဒူချီရားတန်းအလယ်ရွာအတွင်း ကျန်ရစ်ခဲ့သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် ၎င်း၏လက်နက်တို့ကို လက်ရှိအချိန်ထိ မရှာဖွေနိုင်သေးသော်လည်း သွေးစွန်းနေသော ၎င်း၏အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ယူနီဖောင်းအပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ်တန်ဆာ အပိုင်းအပြတ်များ လည်တိုတောစီးဖိနပ်တစ်ရန် အခင်းဖြစ်ရွာအတွင်းနှင့် ယင်းရွာရှိ ဗလီအနောက်ဘက်တွင် တွေ့ရှိထားသည့်အပြင် ကျည်အိမ်အလွတ်တစ်ခုကိုမှု တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက ရဲတပ်ကြပ်ကြီးက သေဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ဗလီအစောင့်ကို စစ်ဆေးခဲ့တဲ့အခါမှာ ရဲတပ်ကြပ်ကြီးကို တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ သွေးတွေလည်း ထွက်နေပါတယ်တဲ့။ ကျွန်တော်တို့ကတော့ ဒါဟာ အကြမ်းဖက်မှု တစ်ခုအဖြစ် မြင်ပါတယ်။ အဖြစ်မှန်ပေါ်ပေါက်အောင် အချိန်အမြန်ဆုံးနဲ့ လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

(ပျောက်ဆုံးသွားသော ရဲတပ်ကြီး၏ကျန်ရှိသော ယူနီဖောင်းအသုံးအဆောင်များအား လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ်)
(ပျောက်ဆုံးသွားသော ရဲတပ်ကြီး၏ကျန်ရှိသော ယူနီဖောင်းအသုံးအဆောင်များအား လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ်)
မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုနှင့် ၎င်းရဲတပ်ကြီးတွင် ပါရှိခဲ့သည့်လက်နက် ပျောက်ဆုံးခဲ့မှုတွင်ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ရှိ မောင်တောမြို့နယ်အပါအ၀င် အခြားဒေသများတွင်လည်း အဆိုပါပါဝင်သူ ၂၇ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ဘက်ပေါင်းစုံလုံခြုံရေးများ ချထားသည့်အပြင် ဓာတ်ပုံများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်ခဲ့သူ ၂၇ ဦးကို ဖော်ထုတ်နိုင်ရန်အတွက် အခင်းဖြစ်ပွားအပြီး တစ်ရက်အကြာတွင် ဖြစ်စဉ်ဒေသအား ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ဗလီအစောင့်အား ဦးဆုံးတွေ့ရှိခဲ့ပြီး နောက်တွင်စစ်ဆေးခဲ့ကာ ရဲတပ်ကြပ်ကြီး၏ အသုံးအဆောင်ပစ္စည်းအချို့နှင့် သွေးကွက်များအားတွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေခဲ့ရာ ရွာသူရွာသား ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာမှ ယင်းကဲ့သို့ပါဝင်သူများကို ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားခဲ့သည်။

ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက်အား အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကို ခေါ်ယူစစ်ဆေးနေ

Photo: ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက်အား အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကို ခေါ်ယူစစ်ဆေးနေ

အပတ်စဉ်ထုတ် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက်ကို အစိုးရလျှို့ဝှက်ချက်များဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဇန်န၀ါရီလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟုဆိုသော ခေါင်းစဉ်ဖြင့် သတင်းစတင်ဖော်ပြခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ်အတွဲ ၃၊ အမှတ် ၅ တွင် က.ပ.စ(၂၄) ဓာတုလက်နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံငြင်းဆို သတင်းကို ဆက်လက်ဖော်ပြခဲ့သည်။

ပထမသတင်းဖော်ပြအပြီး တစ်ပတ်အကြာ၌ ထွက်ရှိလာသော ဂျာနယ်၌ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် တာဝန်ရှိသူများအား စုံစမ်းနေကြောင်း မျက်နှာဖုံးသတင်းခေါင်းစဉ်နှင့်အတူ စက်ရုံတာဝန်ခံ၏ ငြင်းဆိုမှုသတင်းကို ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ သတင်းနှစ်ပုဒ်ဖော်ပြအပြီး ဇန်န၀ါရီ ၃၁ ရက် ည ၁၁ နာရီ ၁၀ မိနစ် အချိန်တွင် ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်(ကလောင် အမည်လူမော်)အား သက်ဆိုင်ရာမှ မေးမြန်းရန်အတွက် လာရောက်ခေါ်ယူခဲ့ကာ ထိုညမှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့၏ နေအိမ်များသို့လည်း သက်ဆိုင်ရာမှ လာရောက်မေးမြန်းမှုများရှိခဲ့ကြောင်း သိရသည်။ ထို့အတူ ယူနတီဂျာနယ် ထုတ်ဝေသူဖြစ်သော ဒေါ်လတ်လတ်၏ နေအိမ်သို့လည်း “သန်းခေါင်စာရင်း ကောက်ယူသည့် ပုံသဏ္ဌာန်”ဖြင့် လာရောက်မေးမြန်းမှုများ ရှိခဲ့ကြောင်း သိရသည်။

“မနေ့ညက ၁၁ နာရီ ၁၀ မိနစ်လောက်က ခေါ်သွားတာ။ သူတို့ပြောတာက ဒါ လာဖမ်းတာမဟုတ်ပါဘူးပေါ့လေ။ မြို့နယ်မှူးက စကားနည်းနည်း ပြောစရာရှိလို့၊ မေးစရာရှိလို့ပါ ဆိုပြီးတော့ သူတို့ပြောတယ်။ ရဲရှစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် ကိုးယောက်ပေါ့။ ရောက်သွားတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမဲ့ သူတို့က ကိုလူမော်နိုင်ကို ဖမ်းချုပ်လိုက်ပြီ ဆိုပြီးတော့ သူတို့က ပြောတယ်”ဟု ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့်က ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

“မနေ့ညကတော့ ကျွန်တော်တို့ ပေါက်က သတင်းထောက်ဖြစ်တဲ့ ကိုလူမော်နိုင်ကို သူတို့သက်ဆိုင်ရာက လာပြီးဖမ်းတယ်။  မြို့နယ်ရဲမှူးကြီးသန်းအေးဆိုတဲ့၊ သူ့ရဲ့ခိုင်းစေချက်အရ လာဖမ်းတယ်။ အဲဒီအချိန်က ကိုလူမော်နိုင်နဲ့ ဖုန်းအဆက်အသွယ်အရ သူက ကျွန်တော့်ကိုတော့ လာဖမ်းပြီ၊ လိုက်သွားရမလား မေးတယ်။ ကျွန်တော်ကလိုက်သွားပါ။ ပြဿနာမရှိဘူး။ ဖြေရှင်းလိုက်ပါလို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ကိုညက စစ်ကြောရေးလုပ်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိတ်ကျေနပ်မှုမရှိသေးတဲ့ သဘောအနေနဲ့ အခုနေပြည်တော်ကနေ ဒီနေ့လာစစ်မယ်လို့ ပြောတယ်ပေါ့”ဟု ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းက ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ အချိန် The Daily Eleven နှင့် သီးခြားတွေ့ဆုံချိန်၌ ပြောကြားသည်။

ဦးတင်ဆန်းသည်The Daily Eleven နှင့် တွေ့ဆုံအပြီး မိနစ်ပိုင်းအကြာ ၁၁ နာရီ ၃၉ မိနစ်အချိန်၌  ဒုရဲအုပ်တစ်ဦးခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်အချို့က ဦးတင်ဆန်းအား  ၎င်းတို့အရာရှိနှင့် တွေ့ဆုံရန် ယူနတီဂျာနယ်တိုက်သို့ လာရောက်ခေါ်ဆောင်သွားသည်။
ယင်းသို့ ခေါ်ဆောင်သွားပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းအချိန်အထိ ဦးတင်ဆန်းနှင့် အဆက်အသွယ် မရရှိခဲ့ပေ။

ထိုအချိန်မှာပင် ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို  ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် ပေါက်မြို့နယ်ရဲစခန်းမှ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း မလွင်လွင်မြင့်၏ အတည်ပြုပြောကြားချက်အရ သိရှိရသည်။

ကိုတင်ဆန်းအား စစ်ဆေးမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားပြီးချိန် ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းမှာပင် ယူနတီသတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ အား သက်ဆိုင်ရာက ယူနတီဂျာနယ်တိုက်သို့ လာရောက်ပြီး စစ်ဆေးမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း ယူနတီဂျာနယ်တိုက်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကနဦး ဖမ်းဆီးခံခဲ့ရသည့် ကိုလူမော်နိုင်၊ စစ်ဆေးမေးမြန်းရန်အတွက် ထပ်မံခေါ်ဆောင်ခံရသော ဦးတင်ဆန်း၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့သည်  ပေါက်မြို့နယ် လျှို့ဝှက်စက်ရုံသတင်းနှင့် ပတ်သက်၍ သွားရောက်ရေးသားခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။

ယူနတီဂျာနယ်က ဖော်ပြခဲ့သော လျို့ဝှက်လက်နက်စက်ရုံသတင်းတွင် ၎င်းတို့ကိုယ်တိုင်တွေ့ရှိမှုများဟု ဆိုသော အချက်အလက်များနှင့်အတူ ဒေသခံများ၏ ပြောကြားချက်များ၊ ၂၀၀၉ ခုနှစ်ကပင် စတင်တည်ဆောက်နေသည်ဟု ဆိုသော စက်ရုံအတွက် လယ်မြေ ၃၃၃၈၇ဧက သိမ်းယူထားမှုများ၊ ကျေးရွာများ ဖယ်ရှားခံရမှုများနှင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေ မရရှိမှုများကို ရေးသားခဲ့သည်။

ထပ်မံဖော်ပြခဲ့သော စက်ရုံတာဝန်ခံဟုဆိုသော တပ်ကြပ်ကြီးတစ်ဦး၏ ငြင်းဆိုပြောကြားချက်များကိုလည်း ဖော်ပြခဲ့သည့်အပြင် စက်ရုံသတင်းနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများက ယူနတီဂျာနယ်မှ သတင်းထောက်များ၊ သတင်းဓာတ်ပုံနှင့် သတင်းအချက်အလက်များ မည်သည့်နည်းဖြင့် ရယူသွားသည်ကို ဒေသခံရွာသားများထံ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေပြီး စက်ရုံသတင်းပါပြီး ငါးရက်အကြာတွင် ဂျာနယ်တိုက်ထုတ်ဝေသူအမည်နှင့် အမှုဆောင်အရာရှိချုပ်တို့ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာကြောင်း ရေးသားခဲ့သည်။

ယူနတီဂျာနယ်သည် ကျားဖြူပါတီဟု လူသိများသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော် ပုဂ္ဂလိက ပိုင်ဆိုင်သည့်ဂျာနယ်ဖြစ်ပြီး ဂျာနယ်ထုတ်ဝေသူ၏ အမည်မှာ ဦးစိုင်းလှကျော်၏ ချွေးမ ဒေါ်လတ်လတ်ဖြစ်ကြောင်း သိရသည်။

ယူနတီဂျာနယ်၏ လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး The Daily Eleven က ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ဦးစိုင်းလှကျော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကျွန်တော်က အသေးစိတ် သိပ်မသိဘူးဗျ။ ဟိုဘက်က ဆုံးဖြတ်ချက် ဘာမှမသိသေးဘူး ဆိုတော့လည်း ကျွန်တော်က ဘာမှလည်း မစဉ်းစားရသေးဘူးလေ။ ဟိုဘက်က ဆုံးဖြတ်ချက်တစ်ခုခုပေးရင်တော့ ကျွန်တော်တို့က ဘယ်လိုလုပ်ရမယ်ဆိုတာ  စဉ်းစားရမှာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ဂျာနယ်၏ ဖော်ပြချက်များသည် အယ်ဒီတာအဖွဲ့၏ လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီသတင်းဖော်ပြဖို့အတွက် လှမ်းတိုင်ပင်တာမျိုး မရှိပါဘူးဗျ။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်သတ်မှတ်ထားတာကိုး။ ကျွန်တော်တောင်မှ ဂျာနယ်ထွက်လာမှပဲ ဖတ်ရတာပါ။ ဒါမှမဟုတ်ပါဘူး။ စလုပ်ကတည်းက ဒီလိုပါပဲ။ အယ်ဒီတာအဖွဲ့ကို လွတ်လပ်စွာ လုပ်ခွင့်ပေးထားတာပါပဲ။ ကျွန်တော်တို့ ပါဝင်ဆုံးဖြတ်တာ မရှိပါဘူး။ သူတို့သင့်လျော်တယ်။ သူတို့မှန်ကန်တယ်။ သူတို့အထောက်အထားခိုင်လုံတယ်ဆိုရင် သူတို့ဖော်ပြတာကို ကျွန်တော်တို့ဘာမှ ပြောခွင့်မရှိဘူးလေ”ဟု ဦးစိုင်းလှကျော်က ဆက်လက်ပြောကြားသည်။

ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းသည် ၁၉၈၈-၈၉ နှစ် အချိန်များက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ထောင်နှစ်ကြိမ် ကျခံထားဖူးသူ ဖြစ်သည်။

ယူနတီဂျာနယ်အား အရေးယူဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံသို့ အီးမေးလ်ပို့ မေးမြန်းထားသော်လည်း ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကိုလူမော်နိုင်အား အရေးယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁ (က)/၉တွင် ၃/၁(က)သည် မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း  ပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးအနားတွင် ရှိနေလျှင်သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင် . . . အစရှိသော ဖွင့်ဆိုချက်ဖြစ်ကြောင်း သိရသည်။          

(ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှု မပြုမီ မိနစ်ပိုင်းအလိုတွင် ၎င်း၏ ရုံးခန်း၌ တွေ့ဆုံနေစဉ်)
(ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှု မပြုမီ မိနစ်ပိုင်းအလိုတွင် ၎င်း၏ ရုံးခန်း၌ တွေ့ဆုံနေစဉ်)
 
အပတ်စဉ်ထုတ် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက်ကို အစိုးရလျှို့ဝှက်ချက်များဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဇန်န၀ါရီလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟုဆိုသော ခေါင်းစဉ်ဖြင့် သတင်းစတင်ဖော်ပြခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ်အတွဲ ၃၊ အမှတ် ၅ တွင် က.ပ.စ(၂၄) ဓာတုလက်နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံငြင်းဆို သတင်းကို ဆက်လက်ဖော်ပြခဲ့သည်။

ပထမသတင်းဖော်ပြအပြီး တစ်ပတ်အကြာ၌ ထွက်ရှိလာသော ဂျာနယ်၌ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် တာဝန်ရှိသူများအား စုံစမ်းနေကြောင်း မျက်နှာဖုံးသတင်းခေါင်းစဉ်နှင့်အတူ စက်ရုံတာဝန်ခံ၏ ငြင်းဆိုမှုသတင်းကို ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထောပတ်သီးက ဘာတွေကောင်းလဲ

Photo: ထောပတ်သီးက ဘာတွေကောင်းလဲ

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ

အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း

ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများ အချို့က ကင်ဆာ ကလာပ်စည်း များကို ဖျက်ဆီး ပစ်နိုင်ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်း ထိခိုက်မှု မရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက OleicAcid ပါဝင်မှု များပြီး၊ ၄င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

ထောပတ်သီး တစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ်သော Folate ဖောလိတ် အမည်ရှိ ဗီတာမင်B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ်က နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီး ထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံး ကျန်းမာရေးကို အားပေး မြှင့်တင် ပေးနိုင်ပါတယ်။

(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်

ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက် စထရောလ် ပမာဏကို ကျဆင်း စေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့် စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းသွား စေပါတယ်။

(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း

ထောပတ်သီးထဲမှာ ပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ် ပေးပါတယ်။

(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း

Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်း ရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက် အရွယ်ချင်း အတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာ ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း

ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်း ဖြစ်စဉ်များ မဖြစ်အောင် တားဆီး ပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီ ပေးပါတယ်။

(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း

ကာရိုတင်နွိုက်လို့ ခေါ်တဲ့ ပစ္စည်းတွေ ပါဝင်တဲ့ အတွက် အဆီတွင် ပျော်ဝင် လွယ်သော အာဟာရ ဓာတ်များ စုပ်ယူမှု ပိုကောင်း စေပါတယ်။ ထောပတ်သီး အခွံနှင့် ကပ်လျက် အစိမ်း ရင့်ရောင်ရှိသော အပိုင်းမှာ အများဆုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီး အခွံ သင်တဲ့အခါ အဲဒီ အစိမ်း ရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲ ပါမသွားအောင် ဂရုစိုက်၍ လှီးပါ။

(၈) ထောပတ်သီး ဘယ်လိုစားမလဲ

ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုး ရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်း များကို သိထားဖို့ အရေးကြီး ပါတယ်။ ဒေါက်တာ အယ်ဒီတာ တို့နိုင်ငံတွင် အများစု ကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာ ဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်း သုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထား ရပါမယ်။ အကောင်းဆုံး ကတော့ ထောပတ်သီးကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံး ပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့်ချေကာ အဲဒီ ထောပတ်သီး အနှစ်ထဲမှာ သခွားသီး အချောင်းများ၊ မုန်လာဥနီ အချောင်းများ နှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက် နိုင်ပါ သေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီးနှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ

အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား

Photo: ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ နယ် နန့်ဟန်နဲ့ နန့်ကောက်ကျေးရွာနားက ပြီးခဲ့တဲ့လဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ပိုင်းထိ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖက်မှာ ကားမောင်းနေတဲ့ ကားသမားတစ်ဦးက တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အသေအပျောက်တော့ မရှိသေးဘူးခင်ဗျ၊ ဟိုဘက်နဲ့ ဒီဘက်ပစ်ကြတယ်ခင်ဗျ၊ ကျနော်တို့လည်း ထွက်ပြေးလာခဲ့ရတာပဲ ကားမမောင်းရဲဘူး၊ ဒီနေ့မနက် ၉ နာရီလောက်အထိ သေနတ်သံတွေ ကြားသေးတယ်ခင်ဗျ၊ ပစ်နေကြတုန်းပဲ၊ ဘယ်ကပစ်လို့ပစ်မှန်းမသိဘူး၊ ထွက်ပြေးသွားရတာပဲ၊ ဒေသခံတွေရော ဧည့်သည်တွေရော တရုတ်တွေရော ဗမာတွေရော သစ်လုပ်တဲ့သူတွေက ထောင်ချီပြီးရှိတယ်လေ”

တိုက်ပွဲစဖြစ်တာဟာ အစိုးရတပ်က သစ်ခိုးထုတ်တဲ့နေရာကို ၀င်ရောက်ရှင်းလင်းစဉ် ဖြစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီ မန်စီမြို့နယ် နန့်ဟန်သစ်ကွင်းမှာ တရုတ်ပြည်ဘက် တရားမဝင်တင်ပို့မယ့် သစ်တန်ချိန် ၉၀၀ လောက်ရှိတယ်လို့သိရပြီး အဲဒီအထဲက သစ်တင်ကား ၂၁ စီးပေါ်က သစ်တန်ချိန် ၆၀၀ ကို အစိုးရဘက်က ဖမ်းမိတယ်ထားတယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

ဒါ့အပြင် မန်စီမြို့နယ် ကောင်လွင်ရွာထဲမှာ ကေအိုင်အေတပ်ဖွဲ့က နေရာယူထားပြီး ရွာပြင်မှာ အစိုးရစစ်တပ်က နေရာယူထားတယ်လို့ ကောင်လွင်ရွာသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို RFA ကဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်တာမှန်ကန်ကြောင်း အခုလိုပြောပါတယ်။

“ကျနော်သိထားတာလည်း အဲလိုပဲ၊  သူတို့သစ်ခိုးထုတ်တဲ့ဟာကို လိုက်လံရှင်းလင်းတယ်လို့ပြောတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ သစ်ခိုးထုတ်တယ်ဆိုလို့ ဘယ်သူတွေရှိမလဲ၊ တရုတ်ပဲရှိမှာပေါ့၊ သစ်တွေက ကချင်ပြည်နယ်မှာမှ မရှိတော့တာ၊ အခုရှိတဲ့သစ်တွေက ဘယ်မှာလဲဆိုလို့ရှိရင် စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ဗန်းမော်ခရိုင် အစိုးရအုပ်ချုပ်တဲ့ဒေသ မန္တလေးတိုင်း အထက်ပိုင်း ဒီတဝိုက်မှာပဲရှိတော့တယ်၊ ကချင်ပြည်နယ်က သစ်တွေကကုန်သွားပြီ”

ဒီနေ့ညနေပိုင်း နောက်ဆက်တွဲရရှိတဲ့ သတင်းအရ ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနရုံးမှာ သစ်ခိုးထုတ်တဲ့ကိစ္စတွေနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသားအချို့ ကို စစ်ဆေးမှုနေတာကို တွေ့ရှိရတယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ နယ် နန့်ဟန်နဲ့ နန့်ကောက်ကျေးရွာနားက ပြီးခဲ့တဲ့လဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ပိုင်းထိ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖက်မှာ ကားမောင်းနေတဲ့ ကားသမားတစ်ဦးက တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အသေအပျောက်တော့ မရှိသေးဘူးခင်ဗျ၊ ဟိုဘက်နဲ့ ဒီဘက်ပစ်ကြတယ်ခင်ဗျ၊ ကျနော်တို့လည်း ထွက်ပြေးလာခဲ့ရတာပဲ ကားမမောင်းရဲဘူး၊ ဒီနေ့မနက် ၉ နာရီလောက်အထိ သေနတ်သံတွေ ကြားသေးတယ်ခင်ဗျ၊ ပစ်နေကြတုန်းပဲ၊ ဘယ်ကပစ်လို့ပစ်မှန်းမသိဘူး၊ ထွက်ပြေးသွားရတာပဲ၊ ဒေသခံတွေရော ဧည့်သည်တွေရော တရုတ်တွေရော ဗမာတွေရော သစ်လုပ်တဲ့သူတွေက ထောင်ချီပြီးရှိတယ်လေ”

တိုက်ပွဲစဖြစ်တာဟာ အစိုးရတပ်က သစ်ခိုးထုတ်တဲ့နေရာကို ၀င်ရောက်ရှင်းလင်းစဉ် ဖြစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီ မန်စီမြို့နယ် နန့်ဟန်သစ်ကွင်းမှာ တရုတ်ပြည်ဘက် တရားမဝင်တင်ပို့မယ့် သစ်တန်ချိန် ၉၀၀ လောက်ရှိတယ်လို့သိရပြီး အဲဒီအထဲက သစ်တင်ကား ၂၁ စီးပေါ်က သစ်တန်ချိန် ၆၀၀ ကို အစိုးရဘက်က ဖမ်းမိတယ်ထားတယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

ကျူးကျော်တွေကို နေရာချထားပေးမယ်လို့ သမ္မတ ပြောကြား

Photo: ကျူးကျော်တွေကို နေရာချထားပေးမယ်လို့ သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာကျူးကျော် ၀င်ရောက်နေထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက်အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွားမှုတွေရှိနေတာကို သိရပါတယ်၊ မြေယာကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲ့အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းများနဲ့အတူ နေရာချထားမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံဆောင်ရွက်လျှက်ရှိနေပါတယ်၊ သို့ပေမယ့် တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကို အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်”

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးမှာ အဓိကကျတဲ့ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေဟာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဖြစ်ပေါ်လာအောင်လည်း ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာကျူးကျော် ၀င်ရောက်နေထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက်အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွားမှုတွေရှိနေတာကို သိရပါတယ်၊ မြေယာကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲ့အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းများနဲ့အတူ နေရာချထားမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံဆောင်ရွက်လျှက်ရှိနေပါတယ်၊ သို့ပေမယ့် တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကို အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်”

ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား

ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား
( သစ်ထူးလွင် )

ထိုင်းနိုင်ငံမှာ အစိုးရက စီစဉ်ထားတဲ့ မနက်ဖြန် ရွေးကောက်ပွဲ မတိုင်ခင် ဒီကနေ့မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ အကြား ဘန်ကောက်မြို့မှာ တဘက်နဲ့ တဘ်က ထိပ်တိုက် ရင်ဆိုင် အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ရာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ နဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ ပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက်ပိုင်း ထိပ်တိုင်ရင်ဆိုင်ပွဲ မှာတော့ ဗုံးတွေပစ်သွင်း သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ ကြောင့် လူအတော်များ များ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို အဓိက အတိုက် အခံ ပါတီက သပိတ်မှောက် ထားပြီး၊ ရွေးကောက်ခံတွေ မပါတဲ့ ကြားဖြတ် ပြည်သူ့ကောင်စီမျိုးနဲ့ လက်ရှိအစိုးရကို အစားထိုးဖို့ကို တောင်းဆို ထားပါတယ်။

အတိုက်အခံ ထောက်ခံသူတွေဟာ မဲပြားတွေ ဖြန့်ဝေ နေတာတွေကိုလည်း လိုက်လံ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

http://www.thithtoolwin.com/

အိမ်ခြေ လေးရာကျော်ရှိသောရွာကို ဖယ်ရှားခိုင်း၊ ရွာသားများက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ရန်ပြင်

အိမ်ခြေ လေးရာကျော်ရှိသောရွာကို ဖယ်ရှားခိုင်း၊ ရွာသားများက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ရန်ပြင် 
( သစ်ထူးလွင် )

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း သတ်မှတ်ထားသည့် နယ်နိမိတ်အစပ်တွင်ရှိသော အိမ်ခြေ လေးရာကျော်ရှိသည့် သမီးကလေးကျေးရွာအား လှည်းကူးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ထိုရွာသည် တပ်မတော် ကျောင်းကြီး (၃)ကျောင်း၏မြေဟုဆိုကာ ဖယ်ရှားမည်ဟု အမိန့်စာထုတ်ထားပြီး အဆိုပါရွာသူရွာသားများက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ဆုံရန်စီစဉ်နေသည်။

အဆိုပါရွာကို ဇန်န၀ါရီ ၂၈ ရက်တွင် နောက်ဆုံးဖယ်ရှားရမည်ဟု လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ဇန်န၀ါရီ ၂၇ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။ ထိုသို့ အမိန့်စာထုတ်ပြန်မှုကြောင့် သမီးကလေးကျေးရွာရှိ ရွာသူရွာသားများက ၎င်းတို့ ဖယ်ရှားခံမည်မဟုတ်ဘဲ အသက်သေသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထိုကျေးရွာရှိ ရွာသူရွာသားများက တညီတညွတ်တည်း ပြောဆိုသည်။

““ကျွန်တော်တို့ရွာကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ကျူးကျော်ရွာလို့ပြောထားတယ်။ ကျူးကျော်ရွာမဟုတ်ပါဘူး။ ဟိုအရင်တည်းက ရှိခဲ့တဲ့ရွာပါ။ ကျွန်တော်တို့က လုံးဝဖယ်မပေးနိုင်ဘူး။ အသက်သေတဲ့အထိ ကာကွယ်သွားမယ်””ဟု သမီးကလေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တာကပြောသည်။

သမီးကလေးကျေးရွာ၌ နေထိုင်သူများမှာ ၎င်းတို့၏ ဘိုးဘွားအစဉ်အဆက်ကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ပြီး ယခုလက်ရှိနေထိုင်သူများပင်လျှင် အသက် (၇၀)၀န်းကျင်အရွယ် ရောက်နေသူများပင်ရှိနေသည်ဟုဆိုသည်။

သမီးကလေးကျေးရွာတွင် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းတစ်ခုကို ၂၀၀၀ပြည့်နှစ်တွင် တည်ဆောက်ထားရာ ထိုရေလှောင်တမံစီမံကိန်းကမ္ပည်းတိုင်တွင် သမီးကလေးကျေးရွာ၌ ရေလှောင်တမံစီမံကိန်း တည်ဆောက်ထားသည်ဟု ဆည်မြောင်းဝန်ကြီးဌာနမှ ရေးထိုးထားသည်။ ကျေးရွာရှိအိမ်အများစုမှာ ကျူးကျော်တဲပုံစံမျိုး တည်ဆောက်ထားခြင်းမဟုတ်ဘဲ တိုက်အိမ်၊ ပျဉ်ထောင်အိမ်အမျိုးအစား အများစု တည်ဆောက်ထားသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုရွာတွင် ဘုန်းတော်ကြီးသင် မူလတန်းစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ရွာဓမ္မာရုံ စသည်တို့ တည်ဆောက်ထားသည်ကို တွေ့ခဲ့ရသည်။ ရွာဧကလေးရာဝန်းကျင်ကျယ်ဝန်းပြီး ထိုရွာတွင် ကရင်လူမျိုးများနှင့် ဗမာလူမျိုးများနေထိုင်သည်။

အမိန့်စာကို လိုက်နာခြင်း ပျက်ကွက်လျှင် အက်ဥပဒေပုဒ်မ ၂၁(၁)အရအရေးယူမည်ဟုရေး သားထားသည်။ ထိုအမိန့်စာထုတ်ပြန်မှုနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထံသို့ ဇန်န၀ါရီ ၃၁ ရက် ညနေတွင် သွားရောက်မေးမြန်းရာ တွေ့ဆုံခွင့်မပေးခဲ့ပေ။ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေးမြန်းရာ ဦးအောင်ကိုဦးမရှိကြောင်းပြောဆိုပြီး ၎င်း၏ ဖုန်းနံပါတ်ပေးပိုင်ခွင့်မရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ  တာဝန်ရှိသူများကပြောဆိုသည်။ ထိုညနေတွင် ထွေအုပ်ရုံးသို့ အစည်းအဝေးလာတက်သော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား မေးမြန်းရာ ဦးအောင်ကိုဦးသည် ထိုရုံးတွင်ရှိနေကြောင်း အတည်ပြုပြောဆိုသည်။

သမီးကလေးကျေးရွာအနီးတွင် စီးပွားရေးလုပ်ငန်းရှင်များက ရော်ဘာခြံလုပ်ငန်းများ လုပ်ကိုင်နေသောကြောင့် မြေဈေးမှာ တစ်ဧကလျှင် ကျပ်သိန်းရာကျော် ပေါက်ဈေးရှိ၍ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ဒေသခံများယူဆနေကြသည်။

Author: ငြိမ်းချမ်း / 7day Daily

http://www.thithtoolwin.com/

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း သတ်မှတ်ထားသည့် နယ်နိမိတ်အစပ်တွင်ရှိသော အိမ်ခြေ လေးရာကျော်ရှိသည့် သမီးကလေးကျေးရွာအား လှည်းကူးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ထိုရွာသည် တပ်မတော် ကျောင်းကြီး (၃)ကျောင်း၏မြေဟုဆိုကာ ဖယ်ရှားမည်ဟု အမိန့်စာထုတ်ထားပြီး အဆိုပါရွာသူရွာသားများက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ဆုံရန်စီစဉ်နေသည်။

အဆိုပါရွာကို ဇန်န၀ါရီ ၂၈ ရက်တွင် နောက်ဆုံးဖယ်ရှားရမည်ဟု လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ဇန်န၀ါရီ ၂၇ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။ ထိုသို့ အမိန့်စာထုတ်ပြန်မှုကြောင့် သမီးကလေးကျေးရွာရှိ ရွာသူရွာသားများက ၎င်းတို့ ဖယ်ရှားခံမည်မဟုတ်ဘဲ အသက်သေသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထိုကျေးရွာရှိ ရွာသူရွာသားများက တညီတညွတ်တည်း ပြောဆိုသည်။

““ကျွန်တော်တို့ရွာကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ကျူးကျော်ရွာလို့ပြောထားတယ်။ ကျူးကျော်ရွာမဟုတ်ပါဘူး။ ဟိုအရင်တည်းက ရှိခဲ့တဲ့ရွာပါ။ ကျွန်တော်တို့က လုံးဝဖယ်မပေးနိုင်ဘူး။ အသက်သေတဲ့အထိ ကာကွယ်သွားမယ်””ဟု သမီးကလေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တာကပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis