menu

Monday 21 January 2013

ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်

ဟိုပင်၊ ဇန်နဝါရီ ၂၀

ကချင်ပြည်နယ် မိုညှင်း ခရိုင် ဟိုပင် မြို့နယ်ခွဲ မြသီတာ ရပ်ကွက်တွင် နေထိုင်သော ဦးဝင်မြင့်အား ဟိုပင် ရဲစခန်းမှ ဒုရဲအုပ် ဦးအောင်မျိုးအေး က ဆိုင်ကယ် အချက်ပြမီး မပြသည့် ကိစ္စဖြင့် ထိုးနှက် ကာ လက်နက်ပြ ခြိမ်းခြောက် ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေး သွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း တွင် ပြည်ထောင်စု လမ်းမကြီး အတိုင်း မောင်းနှင် လာသော ဦးဝင်းမြင့်သည် အောင်သုခ ဆေးခန်းအနီး မြသီတာ ရပ်ကွက်သို့ အချက်ပြမီး မပြဘဲ ချိုးကွေ့ လိုက်စဉ် နောက်မှ ကပ်ပါလာသော ဒုရဲအုပ် အောင်မျိုးဝင်းက ကျော်တက်ပြီး ပြဿနာ ရှာကာ လက်သီးဖြင့် ထိုးသည့်အပြင် ခါးတွင် ပါလာသော သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက် ခဲ့သည် ဟု ဦးဝင်းမြင့်၏ တိုင်ကြားချက် အရ သိရသည်။

ရွှေပြည်သာစက်မှုဇုံ (၂) ရှိ ကျူးကျော်များ နှင်ထုတ်ခံရ

Photo: ရွှေပြည်သာစက်မှုဇုံ (၂) ရှိ ကျူးကျော်များ နှင်ထုတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁။

ရွှေပြည်သာ စက်မှုဇုံ(၂)တွင်ရှိသော စီမံကိန်းအဆောက်အဦး
များအား ဝန်ကြီးချုပ်မှ ခြံစည်းရိုးခတ်ရန် အမိန့်ပေးပြီးနောက် အကြောင်းအမျိုး မျိုးကြောင့် ကျူးကျော်မြေဟု နာမည်တပ် ခံရသည့် မြေကွက်များတွင်းနေထိုင်သူများသည်လည်း
နှင်ထုတ်ခံရသည့် အခြေအနေများ ရှိနေ ကြောင်း ရွှေပြည်သာ
မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ အတွင်းရေးမှူး ဒေါ်မိုးမိုးအေးက ပြောကြားသည်။


အဆိုပါ ရွှေပြည်သာ စက်မှုဇုံ(၂)တွင် အဆောက်အဦးများသာ ရှိပြီးစီမံကိန်းများလုပ်ဆောက်ခြင်းမရှိဘဲ အဆိုပါ စီမံကိန်း
မြေကွက်လပ်ကို ဝန်ကြီးချုပ်မှ ခြံစည်းရိုးခတ်ရန် အမိန့်ပေး
ထားကြောင်းနှင့် ကျူးကျော်နေထိုင်သူများအား မြို့နယ်စည်ပင်မှ တာဝန်ရှိသူများက တစ်ပါတည်း နှင်ထုတ်မည်ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

"ဒါတွေက ကျူးကျော်မြေ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်မြေလို့ နံမည် တပ်ခံထားရတာပါ။ စည်ပင်နဲ့ အိုးအိမ်တို့က
သူတို့ကို ဒီမှာနေပါလို့ နေရချခဲ့တယ်။ နေလာတာ ၁၀ နှစ်ကျော်ပြီ
ရွှေပြည်သာကို စတင်တည်ကတည်းက နေလာတဲ့သူတွေလည်း
ဖြစ်ပါတယ်" ဟုဒေါ်မိုးမိုးအေးက ပြောကြားသည်။

ရွှေပြည်သာ၊အမှတ် ၁၈ ရပ်ကွက်၊စက်မှုဇုန်(၂) အနီးနေထိုင်
သော အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်နေထိုင်ဟု သတ်မှတ်ခြင်းခံရသူ များကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း
သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ " တစ်နှစ်တစ်ခါ ရပ်ကွက် လူကြီးကို နှစ်သောင်းပေးရတယ်။ နောက်ပြီး ဧည့်စာရင်းလည်း
တိုင်ရတယ်။ အရင်တုန်း က ဧည့်စာရင်းဘိုးပေးရတယ်။ တကယ်
နေခဲ့တယ်ဆိုတဲ့သက်သေတွေပါ" ဟု အဆိုပါ ကျူးကျော်မြေတွင်
နေထိုင်သူတစ်ဦးက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေး
ပါတီက ၎င်းတို့အား မဲပေးပါက အဆိုပါ ကျူးကျော်မြေတွင်
နေထိုင်သူများအားမပြောင်းရွေ့စေရဘူးဟု အာမခံခဲ့သော် လည်း ရွေးကောက်ပွဲအပြီးတွင် ယခုကဲ့သို့ နှင်ထုတ်ခြင်း
ဖြစ်ကြောင်း စည်ပင်နှင့် အိုးအိမ်မှ ချပေးထားသော်လည်း
ယနေ့အထိ ကျူးကျော်အဖြစ်သတ်မှတ်ခြင်းခံရသူ ဦးလှမြင့်က ပြောကြားသည်။

"အိမ်ဂရံ မရရင်လည်း နေခွင့်ရချင်တယ်။ ဒီလူတွေက တိုက်
မဆောက်နိုင်ရင်တောင်ဝါးထရံ ဆောက်ပြီးနေနိုင်တယ်။
နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး လိုချင်တယ်" ဟု
ဒေါ်မိုးမိုးအေးက ပြောကြားသည်။

အိအိ


အေးချမ်းမွန်မှThe Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်၊ ဇန်နဝါရီ ၂၁။

ရွှေပြည်သာ စက်မှုဇုံ(၂)တွင်ရှိသော စီမံကိန်းအဆောက်အဦး
များအား ဝန်ကြီးချုပ်မှ ခြံစည်းရိုးခတ်ရန် အမိန့်ပေးပြီးနောက် အကြောင်းအမျိုး မျိုးကြောင့် ကျူးကျော်မြေဟု နာမည်တပ် ခံရသည့် မြေကွက်များတွင်းနေထိုင်သူများသည်လည်း
နှင်ထုတ်ခံရသည့် အခြေအနေများ ရှိနေ ကြောင်း ရွှေပြည်သာ
မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ အတွင်းရေးမှူး ဒေါ်မိုးမိုးအေးက ပြောကြားသည်။

အဆိုပါ ရွှေပြည်သာ စက်မှုဇုံ(၂)တွင် အဆောက်အဦးများသာ ရှိပြီးစီမံကိန်းများလုပ်ဆောက်ခြင်းမရှိဘဲ အဆိုပါ စီမံကိန်း
မြေကွက်လပ်ကို ဝန်ကြီးချုပ်မှ ခြံစည်းရိုးခတ်ရန် အမိန့်ပေး
ထားကြောင်းနှင့် ကျူးကျော်နေထိုင်သူများအား မြို့နယ်စည်ပင်မှ တာဝန်ရှိသူများက တစ်ပါတည်း နှင်ထုတ်မည်ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

ကျွန်းစုများနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် လုပ်ဆောင် မှုများကို ကလင်တန် သတိပေး ပြောကြား

Photo: ကျွန်းစုများနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် လုပ်ဆောင် မှုများကို ကလင်တန် သတိပေး ပြောကြား

အိုကီနာဝါ စီရင်စုရှိ ဆန်ကာကူကျွန်း သည် ဂျပန် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ဂျပန် အစိုးရ၏ အုပ်ချုပ်မှု လျော့ပါး စေရေးအတွက် မည်သည့် တစ်ဖတ်သတ် လုပ်ဆောင်မှုကို မဆို ကန့်ကွက် သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော ကြား ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သော ကလင်တန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီရှီဒတို့ အကြား ပြုလုပ် ကျင်းပခဲ့သည့် ဆွေးနွေးမှုတွင် ကလင်တန်က အထက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရတ်အိုဘား မားနှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဂိုအဘေးတို့ အကြား ပထမ အကြိမ် ဂျပန်- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ ရက်၌ ကျင်းပရန် ကလင်တန်နှင့် ကီရှီဒတို့က သဘောတူ ခဲ့ကြောင်း သိရသည်။

ဂျပန်- အမေရိကန် လုံခြုံရေး စာချုပ်အရ အမေရိကန် ပြည်ထောင်စုသည် အငြင်းပွားလျက် ရှိသော ကျွန်းနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွား လာခဲ့ပါက ဂျပန် နိုင်ငံ၏ လုံခြုံရေးအား အကူအညီ ပေးမည် ဖြစ်ကြောင်းနှင့် ကာလ ကြာရှည် ကျင့်သုံး လာခဲ့သော အမေရိ ကန် မူဝါဒနှင့် စာချုပ်ပါ အချက်အလက် များကို ရည်ညွှန်း၍ ကလင်တန်က ထပ်လောင်း ပြောကြားခဲ့သည်။

ဆန်ကာကူ ကျွန်းသည် ဂျပန် နိုင်ငံ၏ မူလပိုင်ကျွန်း ဖြစ်သဖြင့် ဂျပန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်လက် အငြင်းပွားမည် မဟုတ်သလို အလျှော့ပေးမည် မဟုတ်ကြောင်း ကီရှီဒက ပြောကြားခဲ့ သည်။

ကီရှီဒနှင့် ကလင်တန်သည် အမေရိကန်- ဂျပန် ပူးပေါင်းမှုကို တိုးမြှင့်ရန် အတွက်လည်း သဘောတူ ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/4903-2013-01-21-10-22-22#.UP0RA528B8E

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အိုကီနာဝါ စီရင်စုရှိ ဆန်ကာကူကျွန်း သည် ဂျပန် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ဂျပန် အစိုးရ၏ အုပ်ချုပ်မှု လျော့ပါး စေရေးအတွက် မည်သည့် တစ်ဖတ်သတ် လုပ်ဆောင်မှုကို မဆို ကန့်ကွက် သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော ကြား ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သော ကလင်တန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီရှီဒတို့ အကြား ပြုလုပ် ကျင်းပခဲ့သည့် ဆွေးနွေးမှုတွင် ကလင်တန်က အထက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရတ်အိုဘား မားနှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဂိုအဘေးတို့ အကြား ပထမ အကြိမ် ဂျပန်- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ ရက်၌ ကျင်းပရန် ကလင်တန်နှင့် ကီရှီဒတို့က သဘောတူ ခဲ့ကြောင်း သိရသည်။

ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းစတင်

Photo: ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ကို ရွှေည၀ါဆရာတော်က လာရောက်တွေ့ဆုံပြီး အခုလုပ်ရပ်ကို ထောက်ခံကြောင်း မိန့်ကြားကာ ငွေကျပ်- ၄သိန်း လှူဒါန်းသွားပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို လမ်းကြောင်းကူရှင်းပေးတာ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ က သောက်ရေသန့်ဘူးတွေ လှူဒါန်းတယ်လို့ ဦးဆောင်လူငယ် ကို၇န်နိုင်ထွန်းက ပြောပါတယ်။ သူတို့အဖွဲ့ ထောက်ကြံ့တိုးဂိတ်ကို ဖြတ်သန်းလမ်းလျှောက်နေတဲ့ မြန်မာစံတော်ချိန် ၆နာရီ ၁၅မိနစ်မှာ ဆက်သွယ်မေးမြန်းစဉ် သူက ခုလို ပြောတာပါ။

အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ကို ရွှေည၀ါဆရာတော်က လာရောက်တွေ့ဆုံပြီး အခုလုပ်ရပ်ကို ထောက်ခံကြောင်း မိန့်ကြားကာ ငွေကျပ်- ၄သိန်း လှူဒါန်းသွားပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို လမ်းကြောင်းကူရှင်းပေးတာ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ က သောက်ရေသန့်ဘူးတွေ လှူဒါန်းတယ်လို့ ဦးဆောင်လူငယ် ကို၇န်နိုင်ထွန်းက ပြောပါတယ်။ သူတို့အဖွဲ့ ထောက်ကြံ့တိုးဂိတ်ကို ဖြတ်သန်းလမ်းလျှောက်နေတဲ့ မြန်မာစံတော်ချိန် ၆နာရီ ၁၅မိနစ်မှာ ဆက်သွယ်မေးမြန်းစဉ် သူက ခုလို ပြောတာပါ။

DVB TV News

မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်

Photo: မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်

ရန်ကုန်၊ ဇန်န၀ါရီ ၂၁။

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်
များကို တင်သွင်းလျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များ
ကိုသာ တင် သွင်းခဲ့ပြီး ယခုအခါတွင် CDMA800mhz ဖုန်းဟန်း
ဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကို
စတင်ပြီး သွင်းတာပါ။ ဒီဖုန်းကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။ ဒီဖုန်းကို
Network Setting ပြောင်းစရာမလိုပဲ အသုံးပြုနိုင်အောင်
ပြုလုပ်ပေးထားတယ်။” ဟု Samsung မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Samusung မှ ယခုတရားဝင်တင်သွင်းလာသော Galaxy
Amazing မှာ Touch Screen အမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာ
ပြင်မှာ 3.5လက်မ ကျယ်ဝန်းသည်။ internal memory 3GB
ပါဝင်ပြီး Micro SD ဖြင့် 32GB အထိတိုးမြှင့်အသုံးပြုနိုင်သည်။ ဖုန်းကင်မရာတစ်လုံးပါဝင်ပြီး 3MP အမျိုးအစားဖြစ်သည်။

Android OS, v2.3 (Gingerbread) အမျိုးအစား Android ကို ထည့်သွင်းအသုံးပြုထားသည်။ Bluetooth ပါဝင်ပြီး အရောင်မှာ
အဖြူနှင့် အမည်းနှစ်မျိုး ထုတ်လုပ်ထားသည်။ Samsung brand ဖုန်းဟန်းဆက်ကိုကြိုက်နှစ်သက်သူများအတွက် CDMA 800mhz အမျိုးအစား အတွက် ယခုထုတ်လုပ်ဖြန့်ချီလိုက်သော Samsung
Galaxy Amazing တန်ဖိုးမှာ ငွေကျပ် ၁သိန်း၅သောင်းကျပ်
ဖြစ်ကြောင်း၊ ၀ယ်ယူ သူများအတွက် 2GB MicroSD ကတ်ကို လက်ဆောင်အဖြစ် ထည့်သွင်းပေးမည်ဖြစ်ပြီး အာမခံ ၁ နှစ်
ပေးထားကြောင်း သိရသည်။

ဆုဝေ

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်၊ ဇန်န၀ါရီ ၂၁။

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်
များကို တင်သွင်းလျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များ
ကိုသာ တင် သွင်းခဲ့ပြီး ယခုအခါတွင် CDMA800mhz ဖုန်းဟန်း
ဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကို
စတင်ပြီး သွင်းတာပါ။ ဒီဖုန်းကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။

အိန္ဒိယ-မြန်မာနယ်စပ်လူ/ယာဉ် အသွားအလာပိတ်ထား၍ ကုန်သွယ်မှု ရပ်တန့်

Photo: အိန္ဒိယ-မြန်မာနယ်စပ်လူ/ယာဉ် အသွားအလာပိတ်ထား၍ ကုန်သွယ်မှု ရပ်တန့်
____________________________________________-
အိန္ဒိယ-မြန်မာနယ်စပ် အင်ဖန် မိုးကားလမ်းတွင် လူ/ယာဉ် သွားလာမှုကိုဇန်နဝါရီ (၁၄)ရက်နေ့မှ စ၍ ပိတ်ထားသဖြင့် ၄င်းလမ်းပေါ် ရှိတမူးနယ်စပ်ဂိတ်တွင် ကုန်သွယ် မှုရပ်တန့်လျက်ရှိကြောင်းနယ်စပ် ကုန်သွယ်ရေးမှ သတင်းရရှိသည်။
အိန္ဒိယနိုင်ငံမဏိပူရပြည်နယ် ချန်ဒဲလ်ခရိုင်ရှိမိုးရေးဒေသတွင် မျိုး နွယ်စုတစ်ခု၏ ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားခဲ့သောကြောင့်လူနှင့်ယာဉ်သွားလာမှုများပိတ်ပင်လိုက်ခြင်းဖြစ် ကြောင်းသိရသည်။
''ကားလမ်းတွေဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတယ်။ မိုးရေဘက်မှာဖြစ်တာ။ တလောကဗုံးပေါက်တာလဲပါမှာပေါ့။ မိုးရေးကအိမ်တစ်အိမ်မှာ ဖြစ်တာ။ အင်ဖာမိုးရေးကားလမ်းအသွားအလာပိတ် ထားပြီးလုံခြုံရေးသတိရှိဖို့မှာထားတယ်။ ကုန်သွယ်မှုပိတ်တယ်လို့ တော့မပါဘူး''ဟုနယ်စပ်ကုန် သွယ်ရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
အန္ဒိယ-မြန်မာနယ်စပ်ကုန် သွယ်ရေးတွင် ယခင်ကကုန်ပစ္စည်းအမည် (၄ဝ) မျိုးကိုသာကုန်သွယ်ခွင့် ပြုထားရာမှ လက်ရှိတွင် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆေးဝါးအပါအဝင် ကုန် ပစ္စည်း (၆၂)မျိုးအထိကုန်သွယ် ခွင့်ရရှိခဲ့သည်။ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးသည်နေ့စဉ် ရူပီငွေကုဋေချီရှိကြောင်း၊ ယခုကဲ့သို့ပိတ်ပင်ခဲ့ ခြင်းကြောင့် ကူးသန်းရောင်းဝယ်သူများကိုထိခိုက်စေမည့်အပြင် နိုင်ငံတော်အခွန်ငွေကိုလည်းထိခိုက်စေကြောင်းဒေသခံများကပြောသည်။
''တမူးဘက်ကခဏခဏ ဖြစ်တတ်တယ်။ သူတို့ဘက်ကကုန် သွယ်ကားတွေကိုရပ်ထားပြီးဆက် မသွားခိုင်းတာတို့ပေါ့။ တမူး-မိုးရေးမှာအဲဒီပြသာနာတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့ကလဲများတယ်။ ကုန်သည်တွေသွားလာဖို့ ခက်ခဲတယ်''ဟုရန်ကုန်တိုင်းဒေသကြီးနယ်စပ်ကုန်သွယ်ရေးဌာနမှ အဆင့် မြင့် အရာရှိတစ်ဦးကပြောသည်။
တမူးဂိတ်မှ အိန္ဒိယသို့နယ်စပ် ကုန်သွယ်မှုမှာဧပြီလတွင် အမေရိကန် ဒေါ်လာ ဝ ဒသမ ၆၈၁ သန်း၊မေလတွင် ၁ဒသမ ၂၂ သန်း၊ ဇွန်လတွင် ဝ ဒသမ ၉၅၇ သန်းဇူလှိုင်လတွင် ၁ ဒသမ ၆၄၃ သန်း၊သြဂုတ်လတွင် ၂ ဒသမ ၃၇၃ သန်း၊ စက်တင်ဘာလတွင် ၂ဒသမ ၆၄၆သန်း၊ အောက်တိုဘာတွင် ၁ဒသမဝ၈၄သန်း၊ နိုဝင်ဘာတွင် ၂ ဒသမ၇၅၃ သန်း၊ ဒီဇင်ဘာလတွင် ၃ဒသမ ၃၁၂သန်းရှိခဲ့သည်။
မြန်မာအိန္ဒိယနယ်စပ် တွင် တမူးဂိတ်နှင့် ရိဒ်ဂိတ်နှစ်သာရှိ၍ တမူးဂိတ်၏ ၂ဝ၁၂ ကုန်သွယ်မှု ပမာဏမှာအမေရိကန်ဒေါ်လာ ၉ ဒသမ ၂၃၆ သန်းရှိကြောင်းနယ်စပ်ကုန်သွယ်ရေးစာရင်းဇယားများအရသိရသည်။

အေးချမ်းမွန်မှ Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အိန္ဒိယ-မြန်မာနယ်စပ် အင်ဖန် မိုးကားလမ်းတွင် လူ/ယာဉ် သွားလာမှုကိုဇန်နဝါရီ (၁၄)ရက်နေ့မှ စ၍ ပိတ်ထားသဖြင့် ၄င်းလမ်းပေါ် ရှိတမူးနယ်စပ်ဂိတ်တွင် ကုန်သွယ် မှုရပ်တန့်လျက်ရှိကြောင်းနယ်စပ် ကုန်သွယ်ရေးမှ သတင်းရရှိသည်။
အိန္ဒိယနိုင်ငံမဏိပူရပြည်နယ် ချန်ဒဲလ်ခရိုင်ရှိမိုးရေးဒေသတွင် မျိုး နွယ်စုတစ်ခု၏ ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားခဲ့သောကြောင့်လူနှင့်ယာဉ်သွားလာမှုများပိတ်ပင်လိုက်ခြင်းဖြစ် ကြောင်းသိရသည်။
''ကားလမ်းတွေဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတယ်။ မိုးရေဘက်မှာဖြစ်တာ။ တလောကဗုံးပေါက်တာလဲပါမှာပေါ့။ မိုးရေးကအိမ်တစ်အိမ်မှာ ဖြစ်တာ။ အင်ဖာမိုးရေးကားလမ်းအသွားအလာပိတ် ထားပြီးလုံခြုံရေးသတိရှိဖို့မှာထားတယ်။ ကုန်သွယ်မှုပိတ်တယ်လို့ တော့မပါဘူး''ဟုနယ်စပ်ကုန် သွယ်ရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

တပ်မတော်စစ်ဗိုလ်တစ်ဦးပါအဖွဲ့နှင့်အရပ်သားတို့ခိုက်ရန်ဖြစ်ပွားပြီးအပြန်အလှန်အမှုဖွင့်


အစိုးရတပ်မတော်မှ သုံးပွင့် အဆင့်ရှိစစ်ဗိုလ်တစ်ဦးပါ အဖွဲ့နှင့် အရပ်သားပြည်သူများခိုက်ရန်ဖြစ် ပွားခဲ့ကြပြီးကမာရွတ်ရဲတပ်ဖွဲ့စခန်းတွင် အပြန်အလှန်အမှုဖွင့်တိုင်ကြားမှုတစ်ခုဇန်နဝါရီလ ၁၆ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းမှသိရသည်။
ဖြစ်စဉ်မှာဇန်နဝါရီလ ၁၅ ရက်နေ့ည ၁၁ နာရီ ၃ဝ မိနစ်အချိန် က မဥမ္မာကျော် (၃၄) နှစ်၊ ဈေးရောင်း၊ (ဘ) ဦးဝင်းထိန်၊ မ-၂ဝ၊ စံပယ်ခြံ (၁)လမ်း (၃) ရပ်ကွက်၊ ကမာရွတ် မြို့နယ်နေသူသည် အမှတ် (၃)ရပ်ကွက်၊ စံပယ် (၂)လမ်းတွင် မောင်တော်စပ်သူတင်မောင်ဌေး (၃၁)နှစ်နှင့် တစ်ဝမ်းကွဲမောင်တော် သူကျော်ဝေတို့နှင့်အတူစကားထိုင် ပြောနေခဲ့ကြသည်။
ထိုအချိန်တွင် ဗိုလ်ကြီး နန္ဒမင်း (၃၁)နှစ်၊ ကြည်း ၃၆၉၂၅ ရမက (လားရှိုး)၊ (ဘ) စိုးသောင်းထွန်း၊ မ-၄၊ စံပယ်(၂ ) လမ်း (၃) ရပ် ကွက်ကမာရွတ်မြို့နယ်၊ (နောက်မှ သိရသူ) အောင်ဟိန်းစိုး (၁၉)နှစ် (ပ)နှစ်ဥပဒေ၊ (ဘ) ဦးတင်တိုး (ဗိုလ်ကြီးနန္ဒမင်း)နှင့် လိပ်စာတူနှင့် နောက်မှသိရသူအမည်မသိ (စုံစမ်းဆဲ) တို့ (၃) ဦးရောက်ရှိလာ ပြီးခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘဟားမားမှ ကြောက်စရာ ရေလွှာလျောစီး

Photo: ဘဟားမားမှ ကြောက်စရာ ရေလွှာချောစီး


ဘဟားမားနိုင်ငံမှာ ရှိတဲ့ Mayan Temple ရေလွှာချောစီးကန် တစ်ခုမှာ ဖြစ်ပါတယ်။

ရေလွှာချောစီးကို ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မာယာဗိသုကာ ကျောင်းဆောင် ကနေ ပြုလုပ်ထားပေးပါတယ်။ ပေ ၆၀ အမြင့်လောက်ကနေ ချောဆင်းပြီး တစ်နာရီ ၃၅ မိုင်နှုန်းလောက် မြန်ပါတယ်။ ကန်ထဲမှာ အသားစား ငါးမန်းများ မွေးမြူထားတဲ့အတွက် ချောစီးရင် ငါးမန်းတွေကို အနီးကပ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူသွားတဲ့ ပိုက်လိုင်းကို မှန်နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ လုံခြုံ ရေး စနစ် အပြည့်အဝ ထားရှိပြီး ရေလွှာချောစီး ကန်မှာ ငါးမန်းများ မွေး ထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသွားများ အတွက် လည်ပတ်စရာ နေရာ တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: weirdworld
International news for myanmar

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘဟားမားနိုင်ငံမှာ ရှိတဲ့ Mayan Temple ရေလွှာလျောစီးကန် တစ်ခုမှာ ဖြစ်ပါတယ်။

ရေလွှာချောစီးကို ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မာယာဗိသုကာ ကျောင်းဆောင် ကနေ ပြုလုပ်ထားပေးပါတယ်။ ပေ ၆၀ အမြင့်လောက်ကနေ ချောဆင်းပြီး တစ်နာရီ ၃၅ မိုင်နှုန်းလောက် မြန်ပါတယ်။ ကန်ထဲမှာ အသားစား ငါးမန်းများ မွေးမြူထားတဲ့အတွက် ချောစီးရင် ငါးမန်းတွေကို အနီးကပ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်။

အစိုးရတပ် ထိုးစစ်များ ဆက်လက် ရှိနေဆဲဟု KIO နှင့် ကျောင်းသားတပ် ပြော

· ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၀၇ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လဂျားယန်ဒေသသို့ ထိုးစစ်ဆင်မှုများ စနေနေ့မှ စတင်ကာ ရပ်တန့်မည်ဟု အစိုးရအဖွဲ့က ကြေညာထားသော်လည်း လဂျားယန်ဒေသအနီး ခရာဘွမ်တွင် တနင်္လာနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIO ပြောရ ဦးလနန် က ပြောသည်။

“လဂျားယန်ဒေသမှာ စစ်ဆင်ရေး ရပ်ဆိုင်းတယ်ပြောပေမယ့် ဆက်ပြီး ဖြစ်နေတုန်းပါ။ မနေ့ကလည်း တနေကုန်ဖြစ်တယ်။ ဒီနေ့မနက်လည်း ၇ နာရီခွဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး မြေပြင် တိုက်ပွဲတွေ ရှိနေတယ်။ တိုက်လေယာဉ်နဲ့ ပစ်ကူပေးတာ မရှိဘူးဆိုတာပဲ” ဟု မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်-နမ်ခမ်းဘက်မှ KIO ၏ တပ်မဟာ ၃ နယ်မြေ မန်ဝင်းဘက် အစိုးရ စစ်ကား ၂၀ စီး အင်အား ၂၀၀ ဝန်းကျင်ခန့် တနင်္ဂနွေနေ့က ရောက်ရှိလာသည်ဟု ၎င်းက ဆိုသည်။

မြန်မာGSMများအား ဆီးဂိမ်းအမီ နိုင်ငံပါင်း ၁၀၀ ကျော်သို့ သယ်ယူအသုံးပြုနိုင်ရန် စီစဉ်

မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ယူပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆိုထားသည်။

ယခင်က မြန်မာGSM ဖုန်းလိုင်းများကို နိုင်ငံတကာသယ်ဆောင်အသုံးပြုခွင့်အနေဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်အပါအ၀င် အာဆီယံနိုင်ငံများ၌ အသုံးပြုနိုင်မည်ဟု သတင်းများ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ခေါ်ဆို၍ မရသေးကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ အမီတော့ ပြည်ပနိုင်ငံအများစုနဲ့ဆက်သွယ်ပြောဆိုနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်”မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

“သူပုန်များ ချုံခိုတိုက်ခိုက်ခဲ့သော်လည်း မာလီတွင် ပြင်သစ်ထိုးစစ် အသာရနေ”

Photo: “သူပုန်များ ချုံခိုတိုက်ခိုက်ခဲ့သော်လည်း မာလီတွင် ပြင်သစ်ထိုးစစ် အသာရနေ”

အယ်လ်ကေးဒါး အကြမ်းဖက် တပ်ဖွဲ့များနှင့် ဆက်နွယ်နေသည့် သူပုန်တပ်များက ချုံခို တိုက်ခိုက်ခဲ့သော်လည်း မာလီမြောက်ပိုင်းသို့ ထိုးစစ်ဆင်နေသည့် ပြင်သစ်တပ်များ၏ စစ်ကြောင်းသည် စစ်ရေးသာနေဆဲ ဖြစ်သည်။

တနင်္ဂနွေနေ့က မာလီ အစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့များက ပြင်သစ် စစ်ကြောင်းများကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော်လည်း ပြင်သစ်၏ သတိကြီးစွာ ရှေ့တိုး ချီတက်လာမှုကို မတားဆီးနိုင်သေးချေ။ တစ်ဖက်တွင် တင်ဘက်တူ သဲကန္တာရ အနီးရှိ သူပုန် အခြေစိုက် စခန်းများကို ပြင်သစ် တိုက်လေယာဉ်များက ပြင်းပြင်းထန်ထန် ဗုံးကြဲနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့က သူပုန်တပ်များ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည့် နိုင်ငံအလယ်ပိုင်း ဒေသရှိ ဒီယာဘာလီ မြို့တွင်လည်း လေတပ်၏ ဗုံးကြဲမှုကြောင့် အပျက်အစီးများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ 

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အယ်လ်ကေးဒါး အကြမ်းဖက် တပ်ဖွဲ့များနှင့် ဆက်နွယ်နေသည့် သူပုန်တပ်များက ချုံခို တိုက်ခိုက်ခဲ့သော်လည်း မာလီမြောက်ပိုင်းသို့ ထိုးစစ်ဆင်နေသည့် ပြင်သစ်တပ်များ၏ စစ်ကြောင်းသည် စစ်ရေးသာနေဆဲ ဖြစ်သည်။

တနင်္ဂနွေနေ့က မာလီ အစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့များက ပြင်သစ် စစ်ကြောင်းများကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော်လည်း ပြင်သစ်၏ သတိကြီးစွာ ရှေ့တိုး ချီတက်လာမှုကို မတားဆီးနိုင်သေးချေ။ တစ်ဖက်တွင် တင်ဘက်တူ သဲကန္တာရ အနီးရှိ သူပုန် အခြေစိုက် စခန်းများကို ပြင်သစ် တိုက်လေယာဉ်များက ပြင်းပြင်းထန်ထန် ဗုံးကြဲနေဆဲ ဖြစ်သည်။

“Batman ဇာတ်ကားမှ ပထမဆုံး သိပ္ပံမော်တော်ကား လေလံတင်ရောင်းချ”

Photo: “Batman ဇာတ်ကားမှ ပထမဆုံး သိပ္ပံမော်တော်ကား လေလံတင်ရောင်းချ”

Batman ဇာတ်ရုပ်အတွက် ပထမဆုံး အသုံးပြုခဲ့သော စိတ်ကူးယဉ် သိပ္ပံ မော်တော်ကား Batmobileကို လေလံတင် ရောင်းချရာ ဒေါ်လာ (၄.၂)သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

Batman ဇာတ်ကားများမှ အမှတ်တရ ပစ္စည်းများ လေလံတင် ရောင်းချမှု အခမ်းအနားတွင် ပထမဆုံးသော Batman ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ၌ မင်းသား အဒမ်ဝက်စ် အသုံးပြုခဲ့သော ကားက ယင်းဈေးကို ရရှိသွားခြင်း ဖြစ်သည်။

အဆိုပါ ကားကို အရီဇိုးနား အခြေစိုက် Logistic ကုမ္ပဏီ တစ်ခုပိုင်ရှင် ရစ်ခ်ချမ်ပက်ဂ်နေးက ဝယ်ယူသွားခြင်း ဖြစ်သည်။ (၁၉၆၆)ခုနှစ်က အဆိုပါ ဇာတ်လမ်းတွဲများကို စတင် ပြသစဉ်က ရစ်ခ်မှာ အသက် (၁၀)နှစ်သာ ရှိသေးသည်။ ၎င်းသည် ထိုစဉ်က Batmanကို သူရဲကောင်း တစ်ဦးသဖွယ် စွဲလန်းနှစ်သက်နေခဲ့သည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Batman ဇာတ်ရုပ်အတွက် ပထမဆုံး အသုံးပြုခဲ့သော စိတ်ကူးယဉ် သိပ္ပံ မော်တော်ကား Batmobileကို လေလံတင် ရောင်းချရာ ဒေါ်လာ (၄.၂)သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

Batman ဇာတ်ကားများမှ အမှတ်တရ ပစ္စည်းများ လေလံတင် ရောင်းချမှု အခမ်းအနားတွင် ပထမဆုံးသော Batman ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ၌ မင်းသား အဒမ်ဝက်စ် အသုံးပြုခဲ့သော ကားက ယင်းဈေးကို ရရှိသွားခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ကြီး နုတ်ထွက်မှု ဂယက်များ ဆက်တိုက်ထွက်ပေါ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဦးသိန်းထွန်း အား နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က ကြေညာလိုက်ပြီး နောက်ပိုင်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းဂယက်များ အင်တာနက် စာမျက်နှာများတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ယခင် မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်း ၏ ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ရေး ဝန်ကြီးနှင့် နာမည်တူသူထံသို့ ငွေသိန်းပေါင်း သုံးထောင် လွှဲပေးသည့် ဘဏ်စာရွက် အချက်အလက်များ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ယင်းအချက်အလက်များနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အီရန်သံရုံးဖွင့်လှစ်ရေး ညှိနှိုင်းနေ

တီဟီရန်၊ ဇန်န၀ါရီ-၂၁

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏သံရုံး ထားရှိဖွင့်လှစ်ရေးအတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းနေကြောင်း Presstv သတင်းဌာနက သတင်း ဖော်ပြသည်။

အီရန်နိုင်ငံ၏ မာဂ်ျလစ်(ပါလီမန်) အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆေယတ်ဟိုစိန်နာကာဗီ-ဟိုဆနီက မြန်မာအစိုးရက နိုင်ငံ၌ အီရန်ဘက်မှ မြန်မာနိုင်ငံတွင် သံရုံးတစ်ခု တည်ထောင်ရေးကမ်းလှမ်းချက်ကို စဉ်းစားနေကြောင်း၊ မြန်မာနိုင်ငံတွင် အီရန်သံရုံး တည်ထောင်ရေးအတွက် ထိုင်းအစိုးရသည် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

ယမ်းငွေ့ဝေဆဲ ကချင်မြေ (၃) ( နေထွန်းနိုင်)

Photo: 
ယမ်းငွေ့ဝေဆဲ ကချင်မြေ (၃) 	

Written by နေထွန်းနိုင်   
Sunday, 20 January 2013 16:13


(၇)

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကျော်ချိန်မှာတော့ တရုတ်နိုင်ငံထဲကို ရောက်ခဲ့ပါပြီ။ အချိန်တစ်နာရီကျော်လောက် သွားပြီးချိန်မှာ ကူယုံးမြို့ကို ရောက်ပါတယ်။ ဒီမြို့လွန်ရင်တော့ မှောင်ခိုလမ်းကို အသုံးပြုပြီး လိုင်ဇာကို ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ကူယုံးမှာ ခဏနားမယ်လို့ တရုတ်ယာဉ်မောင်းက ပြောပါတယ်။ မှောင်ခိုလမ်းမှာ ရဲတွေရောက်နေလို့ ရဲရှင်းမှ ဆက်သွားနိုင်မယ်လို့ သူကဆက်ပြောပါတယ်။

ကူယုံးလွန်ပြီး သိပ်မကြာခင်မှာ မှောင်ခိုလမ်းကို ဖြတ်ရပါတယ်။ ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဆိုတာ ထိန်ချုံး-ရွှေလီ အစရှိတဲ့ တယ်ဟုန်တိုင်းအတွင်းထဲပဲ ဖြတ်သန်းခွင့်ရှိပါတယ်။ ကန်ပိုက်တီးကနေ ရင်ကျန်း၊ ရွှေလီ သွားသူတိုင်း မှောင်ခိုလမ်းကို ဖြတ်ရပါတယ်။ အဝေးပြေးလမ်းမပေါ်မှာ ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို ကျော်ဖြတ်ဖို့အတွက် မှောင်ခိုလမ်းကို အသုံးပြုခဲ့ရတာပါ။ လူဝင်မှုကြီးကြပ်ရေးရုံးက ပေါက်ဆန်းခရိုင် ဖြတ်သန်းခွင့်ကို စိစစ်တာ ဖြစ်ပါတယ်။ ပေါက်ဆန်းခရိုင်ကို တရုတ်နိုင်ငံသားတွေပဲ ဖြတ်သန်းခွင့် ရှိပါတယ်။ ပေါက်ဆန်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို ကျော်နိုင်ဖို့ မှောင်ခိုလမ်းကို သုံးရတာပါ။ မှောင်ခိုလမ်းက နှစ်ခုရှိပါတယ်။ တစ်ခုက သစ်၊ ကျောက်စိမ်း အစရှိတာတွေကို ခိုးထုတ်တဲ့ တောလမ်းဖြစ်ပြီး နောက်တစ်လမ်းက တရုတ်-ရှမ်းတွေ နေထိုင်တဲ့ ကျေးရွာအတွင်း လမ်းလျှောက်ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ယာဉ်မောင်းက တောလမ်းကို ရွေးချယ်ခဲ့ပါတယ်။  

ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီကျော်ချိန်မှာ ရင်ကျန်းကို ရောက်ပါတယ်။ လိုင်ဇာကို ဆက်သွားဖို့အတွက် ပုံမှန်ပြေးဆွဲနေတဲ့ လိုင်းကားတွေ မရှိတော့တဲ့ အချိန်မို့ ကားငှားပြီး သွားရပါတယ်။ ည ၁၀ နာရီ ၀န်းကျင်အချိန်မှာ လိုင်ဇာ (တရုတ်ဘက်ခြမ်း) ကို ရောက်ပါတယ်။ လိုင်ဇာ (တရုတ်ဘက်ခြမ်း) က တရုတ်လူဝင်မှုကြီးကြပ်ရေးမှူးရုံး ပိတ်သွားပြီမို့ တရုတ်ဘက်ခြမ်းမှာပဲ တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

(၈)
ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းမှာတော့ လိုင်ဇာကို ခြေချနိုင်ခဲ့ပါပြီ။ KIO က ဖွင့်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ရောက်ချိန်မှာ "ခင်ဗျားတို့က ဘယ်သူတွေလဲ" ဆိုတဲ့ မေးခွန်းကို တာဝန်ကျ KIA စစ်သားတစ်ဦးက မေးပါတယ်။ "ဂျာနယ်လစ်တွေ၊ ရန်ကုန်က လာခဲ့တာပါ။ ဗိုလ်မှူးကြီး ဂျီးနောင်ဆီကို ဖုန်းဆက်ထားပါတယ်" လို့ ပြောပြီးချိန်မှာ ခဏစောင့်ဖို့ ပြောပါတယ်။  ခဏအကြာမှာ KIA စစ်ဗိုလ်တစ်ဦး ရောက်လာခဲ့ပါတယ်။  ကျွန်တော်တို့ကို ဘယ်သူတွေလဲလို့ ထပ်မေးပါတယ်။ မူလက ပြောခဲ့တဲ့အတိုင်း ဂျာနယ်လစ်တွေပါ၊ ဗိုလ်မှူးကြီး ဂျီးနောင်ကို အကြောင်းကြားထားပါတယ်လို့ ထပ်ပြောလိုက်ပါတယ်။ "ဗိုလ်မှူးကြီး ဂျီးနောင်တို့ အစည်းအဝေးလုပ်နေတယ်" လို့ သူက ပြန်ပြောပါတယ်။ နောက်ပြီး မြစ်ကြီးနားဟိုတယ်-၂ ကို လိုက်ပို့ပါတယ်။ လိုင်ဇာကို ရောက်ရှိချိန်မှာတော့ လက်နက်ကြီးကျသံတွေကို ဆက်တိုက်နီးပါး ကြားလာရပါတယ်။

မြစ်ကြီးနားဟိုတယ်ကို ကျွန်တော်တို့ ရောက်သွားချိန်အထိ KIO ဘက်က ဘာမှတုံ့ပြန်တာ မရှိသေးပါဘူး။ ဟိုတယ်မှာပဲ စောင့်ခိုင်းထားပါတယ်။ လိုင်ဇာမြို့တွင်း အခြေအနေ သိရဖို့ အပြင်ထွက်ခဲ့ပါတယ်။ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်တွေမှာ ၀င်ရောက်ခိုလှုံနေတဲ့ လိုင်ဇာမြို့ခံတွေ၊ ကလေးတွေကို မြင်တွေ့ရပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က လိုင်ဇာမြို့ပေါ် ပျံဝဲပြီး လဂျားယန်ကို ပစ်ခတ်သွားတဲ့ တပ်မတော်တိုက်လေယာဉ်တွေကို ထိတ်လန့်နေပုံ ရပါတယ်။ လိုင်ဇာကို လေကြောင်းတိုက်ခိုက်မှု လုပ်လိမ့်မယ်ဆိုတဲ့ ကောလာဟလက ပျံ့နှံ့နေပါတယ်။

လိုင်ဇာမနောကွင်းနား ရောက်ချိန်မှာ KIO ပြန်ကြားရေးဌာနက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို ပြထားတဲ့ ကြော်ငြာဘုတ်တွေကို တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ခဲ့ရတယ်။ သူတို့ဘာကြောင့် စစ်တိုက်နေရတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘာတွေကို ဆွေးနွေးခဲ့တယ် အစရှိတာတွေအပြင် ဘိန်းဖြူရောင်းချတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေရဲ့ သတင်း၊ ဓာတ်ပုံတွေကိုလည်း ပြသထားခဲ့ပါတယ်။

လိုင်ဇာဟိုတယ်အနီးကို ပြန်ရောက်ချိန်မှာ KIA ပြန်ကြားရေး အရာရှိတစ်ဦးက ကျွန်တော်တို့ကိုခေါ်ပြီး တွေ့ပါတယ်။ "ဘာကြောင့် လိုင်ဇာကို ရောက်လာခဲ့သလဲ" ဆိုတာကို မေးပါတယ်။ "လိုင်ဇာမှာ သတင်းယူဖို့ ဗိုလ်မှူးကြီး ဂျီးနောင်နဲ့ ဆက်သွယ်ထားပါတယ်" လို့ ပြောတော့ သူက "ဗိုလ်မှူးကြီး ဂျီးနောင်နဲ့ တွေ့ပြီးရင် ပြန်မှာလား" လို့ မေးပါတယ်။ "တိုက်ပွဲအခြေအနေတွေကို သတင်းယူချင်ပါသေးတယ်" လို့ ပြန်ပြောလိုက်ပါတယ်။ ဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်မိတ္တူနဲ့ သတင်းထောက်ကတ် မိတ္တူလိုချင်ပါတယ်လို့ ပြောပါတယ်။ လိုင်ဇာမြို့ထဲကို ရောက်လာတဲ့ ကျွန်တော်တို့အတွက် သူတို့မှာ တာဝန်ရှိတယ်။ Press Card ထုတ်ပေးမယ်။ လိုအပ်တာတွေ စီစဉ်ပေးမယ်။ သူတို့ ထုတ်ပေးတဲ့ Press Card မရှိဘူးဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာတွေကို သူတို့ တာဝန်မယူနိုင်ဘူးလို့ ပြောပါတယ်။ Press Card လုပ်ဖို့အတွက် ရှင်းပြတာတွေကို ကျွန်တော်တို့ လက်ခံလိုက်ပါတယ်။ ဟိုတယ်မှာပြန်ပြီး စောင့်နေပါ။ သူပြန်ပြီး ဆက်သွယ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်ကို ပြန်ခဲ့ကြပါတယ်။ အချိန်တော်တော် ကြာတဲ့အထိ ကျွန်တော်တို့ကို ပြန်ပြီး ဆက်သွယ်မလာပါဘူး။ ပြဿနာတစ်ခုခု ဖြစ်နေပြီလားဆိုတဲ့ အတွေးက ၀င်လာပါတယ်။

(၉)
ပုံမှန်အားဖြင့်တော့ လိုင်ဇာကိုလာတဲ့ ဂျာနယ်လစ်တိုင်းက ရွှေလီဘက်က လာကြတာပါ။ မြစ်ကြီးနား-ကန်ပိုက်တီး လမ်းဘက်က လာလေ့မရှိပါဘူး။ မြစ်ကြီးနား-ကန်ပိုက်တီး လမ်းဘက်က ၀င်လာတဲ့ ကျွန်တော်တို့တွေကို သူတို့ဘက်က ယုံကြည်ပုံ မရှိပါဘူး။ နောက်တစ်ချက်က စစ်ရှိန်မြင့်တဲ့အချိန်မှာ ရောက်လာခြင်းပါ။ ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာ သိဖို့အတွက် သူတို့ဘက်က စိစစ်မှုကို အချိန်အတော်ကြာ လုပ်လိုက်ရပါတယ်။

မွန်းလွဲ တစ်နာရီကျော်ချိန်မှာတော့ KIA ပြန်ကြားရေးဗိုလ်ကြီး ပြန်ရောက်လာခဲ့ပါတယ်။ သူ့လက်ထဲမှာ Press Card တွေ ကိုင်လာပါတယ်။ စိတ်သက်သာရာ ရသွားပါတယ်။ ကျွန်တော်တို့အကြောင်း မြစ်ကြီးနားကိုရော၊ ရန်ကုန်ဘက်ကိုပါ လှမ်းစုံစမ်းပြီးပြီလို့ သူက ထုတ်ပြောခဲ့ပါတယ်။ စောင့်နေရတဲ့အတွက် တောင်းပန်ကြောင်း ပြောပါတယ်။ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ "မြစ်ကြီးနားမှာ ကင်မရာတောင် ကိုင်ခွင့်မရှိတဲ့အတွက် ခင်ဗျားတို့ ဒီရောက်လာတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ" လို့ သူကပြောပါတယ်။

"ခင်ဗျားတို့ ဘာလုပ်ချင်တယ်ဆိုတာကို သိချင်ပါတယ်၊ ဒါမှ စီစဉ်ပေးလို့ရမယ်" ဆိုပြီး သူကဆက်ပြောပါတယ်။ ကျွန်တော်တို့ဘက်က အချက်သုံးချက် တောင်းဆိုပါတယ်။ ရှေ့တန်းစခန်း သွားချင်တယ်။ ဒုက္ခသည်စခန်းကို သွားချင်တယ်။ ဗိုလ်ချုပ်ဂွမ်မော် (ဒါမှမဟုတ်) စစ်ပိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်မယ့်သူကို တွေ့ချင်တယ်။ အစရှိတဲ့ သုံးခုကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။   
"လိုင်ဇာမှာ ဓာတ်ပုံရိုက်လို့ မရတဲ့ နေရာဆိုတာ မရှိဘူး။ မေးလို့ မရတဲ့ မေးခွန်းဆိုတာ မရှိပါဘူး"


KIA ပြန်ကြားရေး အရာရှိက ပြောခဲ့တာပါ။ ဒီအချိန်မှာ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ ရထားလမ်း၊ ကားလမ်းတွေကို KIO က ဘာကြောင့် ဖျက်ဆီးသလဲဆိုတဲ့ မေးခွန်းပါ။
"ကျွန်တော်တို့ ဖောက်ခဲ့တဲ့ လမ်းတွေ၊ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ တံတားတွေ၊ ကျွန်တော်တို့ အချိန်မရွေး ပြန်ဆောက်ပေးလို့ ရပါတယ်။ စစ်ရေးအရ ဒါတွေကို မလုပ်ရင် ကျွန်တော်တို့ ဌာနချုပ်ကို အလုံးအရင်းနဲ့ ၀င်တိုက်လိမ့်မယ်"

ဒီလိုအရာတွေကို သူတို့ မလွှဲမရှောင်သာ လုပ်ခဲ့ရတယ်၊ လုပ်တဲ့အခါမှာ အလုံးစုံ ပျက်စီးအောင် မလုပ်ခဲ့ဘူး။ အစိုးရတပ်ယာဉ်တန်း၊ ရိက္ခာပို့ဆောင်မှု ရက်အနည်းငယ် အဟန့်အတားဖြစ်အောင် တံတားတစ်ခြမ်းတည်းကို ပျက်စီးအောင်လုပ်တယ်လို့ သူကပြောပါတယ်။ စစ်ဗျူဟာအရ သူတို့လုပ်ရတယ်လို့ ပြောလာတာကြောင့် စောဒကတက်စရာ မရှိတော့ပါဘူး။ ဆဒုံးလူသတ်မှုကိစ္စ အတွက်လည်း သူတို့မှာ အဖြေရှိနေခဲ့ပါတယ်။

"ကျွန်တော်တို့ နယ်မြေထဲကို ရောက်လာတဲ့အတွက် ကျွန်တော်တို့ ကောင်းကြောင်းရေးရမယ်လို့
မပြောချင်ဘူး။ ခင်ဗျားတို့ကိုယ်တိုင် လေ့လာပါ။ ခင်ဗျားတို့ကိုယ်တိုင် ကြည့်ပါ။ မီဒီယာဆိုတာ အမှန်တရားကိုပဲ ရေးရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သမ္မတကြီးလည်း စတုထ္ထမဏ္ဍိုင်ဆိုပြီး ပြောထားတာပဲ" လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ကို လဂျားယန် စစ်မြေပြင် ခေါ်သွားတဲ့ KIA ပြန်ကြားရေး စစ်ဗိုလ်တစ်ဦးက ပြောခဲ့တာပါ။
လဂျားယန်ကို သိမ်းပြီးဖြစ်လို့ လဂျားယန် စစ်ဆင်ရေးကိုသာ ရပ်ခြင်းလား။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ဖားကန့်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ကချင်ပြည်နယ် တစ်ခုလုံးအတွက် ထိုးစစ်ရပ်ခြင်း မဟုတ်ဘူးလား။ ဒေသခံတွေက သိချင်နေပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ပျံ့လွင့်နေတဲ့ ယမ်းငွေ့တွေဟာ လွင့်ပြယ်ဦးမှာ မဟုတ်သေးပါဘူး  .  .  .

ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ လဂျားယန် စစ်မြေပြင်ကို ရောက်ခဲ့ပါတယ်။ တပ်မတော် ဂျက်တိုက်လေယာဉ်တွေရဲ့ ပစ်ခတ်မှုကိုလည်း မြင်ခဲ့ကြရပါတယ်။ အဲဒီနေ့မှာပဲ KIA ရဲ့ ရှေ့တန်းတပ်စခန်း ပွိုင့် ၇၇၁ ကို တပ်မတော်တပ်တွေက သိမ်းယူခဲ့ပါတယ်။ ပွိုင့် ၇၇၁ လက်လွှတ်လိုက်ခြင်းက လိုင်ဇာလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီစိုးရိမ်မှုက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ကို လိုင်ဇာကနေ ထွက်ခွာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ "ကိုယ့်အသက်ကိုယ် အာမခံပြီး နေမယ်ဆိုရင်တောင် ကျွန်တော်တို့ နယ်မြေထဲမှာ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်။ အခုချိန်က စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ခင်ဗျားတို့အတွက် ဆက်ပြီး မကူညီနိုင်တာကို ကျွန်တော်တို့ တောင်းပန်ပါတယ်။ မီဒီယာကို အားကိုးပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ မီဒီယာတစ်ခုတည်းကပဲ လုပ်ဆောင်နိုင်တော့မယ်ဆိုတာ သိနေပါတယ်။ နောင်တစ်ချိန်မှာ ပြန်ဆုံချင်ပါသေးတယ်" လို့ KIO ပြန်ကြားရေးအရာရှိက ထပ်ခါတလဲလဲ တောင်းပန်ရင်း ပြောကြားခဲ့ပါတယ်။

အစိုးရဘက်က တိုက်ပွဲသတင်းတွေကို ဘာမှမပြောတဲ့အချိန်မှာ လိုင်ဇာဘက်ကို သတင်းထောက်တွေ ရောက်ခဲ့ပါတယ်။ သတင်းရေးခဲ့ကြပါတယ်။ ကိုယ်တိုင်လည်း အခြေအနေတွေကို ထိတွေ့ခဲ့ရတယ်။ ရေးတဲ့သတင်းတွေက ဘက်လိုက်ခဲ့ကြတာ မဟုတ်ပါဘူး။ "မမှား သို့သော် မမှန်" ဆိုတဲ့ အခြေအနေတစ်ရပ်မှာ ဘက်နှစ်ဖက်စလုံးက အမှန်တကယ် ပွင့်လင်းမြင်သာမှုရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရေးသားမှုတွေက ပိုပြီး သက်ရောက်မှု ရှိမှာပါ။ တစ်ဖက်က ပွင့်လင်းမြင်သာမှုရှိပြီး တစ်ဖက်က ပွင့်လင်းမြင်သာမှု မရှိရင်တော့ ဒါဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အခြေအနေပါပဲ။  
ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ တပ်မတော်တပ်တွေက လဂျားယန်ကို သိမ်းနိုင်ခဲ့ပါတယ်။ ညပိုင်းမှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကချင်စစ်ပွဲ စစ်ရှိန်မြင့်တဲ့နေရာမှာ လဂျားယန်၊ ပန်ဝါ၊ ဖားကန့် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ လဂျားယန်နဲ့ ပန်ဝါဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေက ပိုပြီး အရှိန်မြင့်ခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်ခဲ့တယ်။

လဂျားယန်ကို သိမ်းပြီးချိန်မှာ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှာ ရပ်ဆိုင်းမယ်လို့ ပြောခဲ့ပါတယ်။ လဂျားယန်ကို သိမ်းပြီးဖြစ်လို့ လဂျားယန်စစ်ဆင်ရေးကိုသာ ရပ်ခြင်းလား။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ဖားကန့်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ထိုးစစ်ရပ်ခြင်း မဟုတ်ဘူးလား။ ဒေသခံတွေက သိချင်နေပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ပျံ့လွင့်နေတဲ့ ယမ်းငွေ့တွေဟာ လွင့်ပြယ်ဦးမှာ မဟုတ်သေးပါဘူး။

KIA စစ်သားတစ်ဦး၏ နာရေးအခမ်းအနား မတိုင်မီ တွေ့ရသော KIA စစ်သားနှစ်ဦးအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။

အေးချမ်းမွန်မှEleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
KIA စစ်သားတစ်ဦး၏ နာရေးအခမ်းအနား မတိုင်မီ တွေ့ရသော KIA စစ်သားနှစ်ဦးအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကျော်ချိန်မှာတော့ တရုတ်နိုင်ငံထဲကို ရောက်ခဲ့ပါပြီ။ အချိန်တစ်နာရီကျော်လောက် သွားပြီးချိန်မှာ ကူယုံးမြို့ကို ရောက်ပါတယ်။ ဒီမြို့လွန်ရင်တော့ မှောင်ခိုလမ်းကို အသုံးပြုပြီး လိုင်ဇာကို ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ကူယုံးမှာ ခဏနားမယ်လို့ တရုတ်ယာဉ်မောင်းက ပြောပါတယ်။ မှောင်ခိုလမ်းမှာ ရဲတွေရောက်နေလို့ ရဲရှင်းမှ ဆက်သွားနိုင်မယ်လို့ သူကဆက်ပြောပါတယ်။

ကူယုံးလွန်ပြီး သိပ်မကြာခင်မှာ မှောင်ခိုလမ်းကို ဖြတ်ရပါတယ်။ ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဆိုတာ ထိန်ချုံး-ရွှေလီ အစရှိတဲ့ တယ်ဟုန်တိုင်းအတွင်းထဲပဲ ဖြတ်သန်းခွင့်ရှိပါတယ်။ ကန်ပိုက်တီးကနေ ရင်ကျန်း၊ ရွှေလီ သွားသူတိုင်း မှောင်ခိုလမ်းကို ဖြတ်ရပါတယ်။ အဝေးပြေးလမ်းမပေါ်မှာ ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို ကျော်ဖြတ်ဖို့အတွက် မှောင်ခိုလမ်းကို အသုံးပြုခဲ့ရတာပါ။ လူဝင်မှုကြီးကြပ်ရေးရုံးက ပေါက်ဆန်းခရိုင် ဖြတ်သန်းခွင့်ကို စိစစ်တာ ဖြစ်ပါတယ်။ ပေါက်ဆန်းခရိုင်ကို တရုတ်နိုင်ငံသားတွေပဲ ဖြတ်သန်းခွင့် ရှိပါတယ်။

အချုပ်သားများကိုပို့ဆောင်သည့် ဟောင်းနွမ်းနေသော ယာဉ်များကို လဲလှယ်ပေးသွားမည်ဟုသိရ

၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်အတွင်း အချုပ်သားများကိုပို့ဆောင် သည့် ဟောင်းနွမ်းနေသော ယာဉ်များကို လဲလှယ်ပေးသွား မည်ဟု ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ် ကျော်ကျော်ထွန်း က ပြောကြားသည်။

သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အင်းစိန်အကျဉ်း ထောင်မှ တရား ရုံးများတွင် အချုပ်တရားခံများနှင့် အမှုထပ်တိုးအကျတရားခံများကို ရုံး ချိန်းအလိုက် သက်ဆိုင်ရာတရားရုံး များသို့ ရုံးထုတ်သည့် အခါ အထူး သဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးသို့ ရုံးထုတ်တရားခံများ ပို့ဆောင်ရာ တွင် အင်အားမမျှ မတဖြစ်နေ သဖြင့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ် ဒုက္ခကြီးစွာလိုက်ပါနေရသည်နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြည်သူ့ လွှတ်တော်တွင် မေးမြန်းရာ၌ ပြည် ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်ကျော်
ကျော်ကျာ်ထွန်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

ထိုင်းရောက် မြန်မာ လုပ်သား များ၏ သားသမီးများကို တရားဝင် မှတ်ပုံတင် ခွင့်ပြု

Photo: ထိုင်းရောက် မြန်မာ လုပ်သား များ၏ သားသမီးများကို တရားဝင် မှတ်ပုံတင် ခွင့်ပြု

ရန်ကုန်၊ ဇန်န၀ါရီ ၂၀

မြန်မာ အလုပ်သမား နှစ်သန်းကျော် ရှိသော ထိုင်းနိုင်ငံတွင် အဆိုပါ လုပ်သားများ၏ သားသမီးများ တရားဝင် မှတ်ပုံတင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက ဇန်နဝါရီ ၁၈ရက် နေ့တွင် သတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင် နေသော အလုပ်သမား များနှင့် အသက် ၁၅နှစ် အောက် သားသမီး များကို တရားဝင် မှတ်ပုံတင်ခွင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ မေ ၁၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ အစိုးရက သက်တမ်းတိုး လုပ်ခွင့် ပြုထားသည်။

တရားဝင် မှတ်ပုံတင်ရေး အစီစဉ်တွင် ပထမ အဆင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ထိ အလုပ်ရှင် များမှ တဆင့် နီးစပ်ရာ ထိုင်း အလုပ်သမား ဌာန များတွင် မှတ်ပုံ တင်ရမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅မှ မေ ၁၅ ရက်နေ့ အထိကို မှတ်ပုံတင် စခန်း ၁၀ခု တွင် One Stop Service ဖြင့် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ယင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

အသက် ၁၅ နှစ်အောက် သား၊ သမီး များကိုပါ ယာယီ နိုင်ငံကူး လက်မှတ် (သို့မဟုတ်) သက်သေခံ အထောက် အထား (Certificate of Identity) ပြုလုပ် စေပြီး မိဘများ နေထိုင်ခွင့် သက်တမ်း အတိုင်း နေထိုင်ခွင့် ဗီဇာ ထုတ်ပေးမည် ဖြစ်ကြောင်း၊ ဗီဇာ တစ်ကြိမ် ပြုလုပ်လျှင် ဘတ် ၅၀၀ ကောက်ခံမည် ဖြစ်ပြီး သက်တမ်း တိုးပါက နောက်ထပ် ဘတ် ၅၀၀ ကောက်ခံမည် ဖြစ်ကြောင်း ထိုင်းအစိုးရ အဖွဲ့က ဇန်နဝါရီ ၁၅ ရက် နေ့တွင် ဆုံးဖြတ် ခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမားများ တရားဝင် မှတ်ပုံတင်ရေး အတွက် သက်တမ်းတိုး တောင်းဆို ခဲ့မှုကို ထိုင်းနိုင်ငံ အစိုးရက ဇွန်လ ၁၄ရက်သို့ တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၄ရက်သို့ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် သက်တမ်း တိုးပေးခဲ့ပြီး ယခု သုံးကြိမ်မြောက် သက်တမ်း တိုးခြင်း ဖြစ်သည်။

အေးချမ်းမွန်မှ The Voice Weekly  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာ အလုပ်သမား နှစ်သန်းကျော် ရှိသော ထိုင်းနိုင်ငံတွင် အဆိုပါ လုပ်သားများ၏ သားသမီးများ တရားဝင် မှတ်ပုံတင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက ဇန်နဝါရီ ၁၈ရက် နေ့တွင် သတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင် နေသော အလုပ်သမား များနှင့် အသက် ၁၅နှစ် အောက် သားသမီး များကို တရားဝင် မှတ်ပုံတင်ခွင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ မေ ၁၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ အစိုးရက သက်တမ်းတိုး လုပ်ခွင့် ပြုထားသည်။

တရားဝင် မှတ်ပုံတင်ရေး အစီစဉ်တွင် ပထမ အဆင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ထိ အလုပ်ရှင် များမှ တဆင့် နီးစပ်ရာ ထိုင်း အလုပ်သမား ဌာန များတွင် မှတ်ပုံ တင်ရမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅မှ မေ ၁၅ ရက်နေ့ အထိကို မှတ်ပုံတင် စခန်း ၁၀ခု တွင် One Stop Service ဖြင့် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ယင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး

Photo: အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး

အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။

သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁) ရင်သားကင်ဆာ

ရင်သား ကင်ဆာ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါ ပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ် ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို မသိရှိပါက သုံးနှစ် တစ်ကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူ သင့်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ်ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ် ကြည့်ရှုပြီး သိရှိ နိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပြီးလည်း စစ်ဆေး ကြည့်နိုင်ပါတယ်။ အမေရိကန် ကင်ဆာ ရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့ အမျိုးသမီးတိုင်း ရင်သားကို ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြု ထားပါတယ်။ အသက် ၅၀နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြား တစ်ကြိမ် ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammogramy) ရိုက်သင့် ပါတယ်။

၂) သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်း ကင်ဆာက အမျိုး သမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်ခုပါ။ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ Human Papilloma Virus (HPV)က သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါ။ ပုံမှန် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါရှိ၊ မရှိ အစောဆုံး သိရှိနိုင်ပြီး ရောဂါရှိပါက ကုသမှုမှာ အကျိုးများ စေပါတယ်။ သားအိမ်ခေါင်း အဝမှာ ကင်ဆာ ဖြစ်ချင်နေတဲ့ ဆဲလ်တွေ့ရှိပါက ကင်ဆာ ရောဂါအဖြစ် ပြောင်းလဲ မသွားခင်မှာဘဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ်ရှား ပစ်နိုင်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

ဆရာဝန်က သားအိမ်ခေါင်း ကင်ဆာရှိ၊ မရှိ သိရှိနိုင်အောင် သားအိမ် အဝရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှုကို အသက် ၂၁ နှစ်အရွယ်ကစလို့ စစ်ဆေး သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကုသမှုမှာ ထိရောက်တဲ့ နည်းလမ်း ကောင်းတွေပါ။

၃) အရိုးပါးခြင်း

အမျိုးသမီးတွေက သွေးဆုံး ပြီးချိန်မှာ အရိုး ဆုံးရှုံးမှု များပြီး အရိုးပါး လာပါတယ်။ အရိုးတွေ ပါးလာတဲ့ အခါ အနည်းငယ် ထိခိုက် မိရုံနဲ့ ကျိုးလွယ် လာပါတယ်။ အမေရိကန် နိုင်ငံရဲ့ အသက် ၅၀နှစ်နဲ့ အထက်အရွယ် တွေရဲ့ ထက်ဝက်လောက်က အရိုးပါး ရောဂါကို ခံစား နေရပါတယ်။ အရိုးပါးတာကို ကာကွယ်မှုနဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ပြုလုပ် နိုင်ပါက အရိုးကျိုးတဲ့ အဆင့်ကို မရောက်နိုင်ပါဘူး။

- ဘယ်လိုရှာဖွေမလဲ

အရိုး သိပ်သည်းဆကို တိုင်းတာ စစ်ဆေး နိုင်ပါတယ်။ အရိုး သိပ်သည်းဆ တိုင်းတာ ထားတာကြောင့် အရိုး မကျိုးခင်မှာ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ် ထားနိုင်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အမျိုး သမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်း တာသင့်ပါတယ်။ အသက် ၆၅ နှစ်အောက် အမျိုးသမီးတွေလည်း အရိုးပါး နိုင်ခြေ ရှိတာကြောင့် အရိုး သိပ်သည်းဆကို တိုင်းတာဖို့ လိုပါတယ်။

၎) အရေပြားကင်ဆာ

အရေပြား ကင်ဆာထဲမှာ အန္တရာယ် ရှိတဲ့ Melanoma ရှိ၊ မရှိကို အမျိုးသား တွေမှာ စစ်ဆေးသင့် သလို အမျိုးသမီး တွေမှာလည်း စစ်ဆေး သင့်ပါတယ်။ တချို့တွေက မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း ပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ နေပူ ဆာလှုံတာတွေက အရေပြားကင်ဆာ ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီး သိရှိပြီး ကုသမှု ခံယူ နိုင်ပါက အကျိုးများ စေပါတယ်။

- ဘယ်လိုရှာဖွေမလဲ

အရေပြား ကင်ဆာ ရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက် နေ့စဉ် ကြည့်ရှုတာ ပါပဲ။ မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊ မရှိ ကြည့်ရပါမယ်။ ဝေခွဲမရတဲ့ ပြောင်းလဲမှုမျိုး တစ်စုံတစ်ရာကို တွေ့ရှိပါက ဆရာဝန်နဲ့ ပြသ စစ်ဆေးပါ။

၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ

အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံက သူတို့မှာ ဆီးချို သွေးချို ရောဂါ ရှိနေ တာကို မသိရှိကြပါဘူး။ ဆီးချိုသွေးချို ရောဂါရှိတာကို စောစောစီးစီး သိရှိပါက အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချ မှုတွေ ပြုလုပ်ပြီး သွေးတွင်း အချိုဓာတ်ကို လျှော့ချကာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။ သင်ဟာ ကျန်းမာနေသူ တစ်ယောက် ဖြစ်ရင်တော့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလန်း ရှိနေပါတယ်။ အသက် ၄၅ နှစ်က စလို့ သုံးနှစ်တစ်ကြိမ် ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေး သင့်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

အေးချမ်းမွန်မှ  မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။

သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

Photo: ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

မန်ဝိန်းကြီး၊ ဇန်န၀ါရီ ၂၀

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများဖြစ်ကြောင်းသိရသည်။

“ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။
မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။

အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့် ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

“ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ”” ဟု ၄င်းကပြောသည်။

အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်းမရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင် ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

ဥာဏ်လင်းအောင်
(နမ့်ခမ်းမှ ပေးပို့သည်)

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မန်ဝိန်းကြီး၊ ဇန်န၀ါရီ ၂၀

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။

တပ်မတော်က ငြိမ်းချမ်းရေးလိုလားသည်ကို သက်သေထူလိုက်ပြီဖြစ်ကြောင်း သမ္မတ ပြော

Photo: တပ်မတော်က ငြိမ်းချမ်းရေးလိုလားသည်ကို သက်သေထူလိုက်ပြီဖြစ်ကြောင်း သမ္မတ ပြော

အေးချမ်းမြေ့| January 20, 2013 |

သမ္မတ ဦးသိန်းစိန်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပထမဆုံး ဆုံတွေ့သည့် အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ခြေမှုန်း သိမ်းယူမှု မပြုခြင်းက အစိုးရ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသည်ကို သက်သေထူလိုက်ခြင်းပင် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံတွင် သမ္မတနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ  ပထမဆုံးအကြိမ် တွေ့ဆုံစဉ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခိုက် သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“KIO၊ KIA ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် KIO၊ KIA ရဲ့ လိုင်ဇာ ဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ် ဆိုတဲ့အချက်ကို အမှန်တကယ်ဖြစ်ကြောင်း သက်သေထူခြင်းပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ KIA နှင့် ပဋိပက္ခ ပြန်လည် ဖြစ်ခဲ့စဉ်ကတည်းက စတင်၍ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်ရောက်ရန် စဉ်ဆက်မပြတ်ကြိုးခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁ နှစ်ကျော် ကာလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် နှစ်ဘက်စလုံးက ဆုံးရှုံးနစ်နာခဲ့သည့် အသက်အိုးအိမ် စည်းစိမ်များအားလုံးကို နိုင်ငံတော်၏ ဆုံးရှုံးမှုဟုသာ ယူဆကြောင်း ဦးသိန်းစိန်က ဆိုသည်။

“ဒီဆုံးရှုံးမှုတွေ ရပ်တံ့နိုင်ဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာတဲ့ နည်းကလွဲလို့ တခြားနည်းလမ်း မရှိတဲ့အတွက် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်လာဖို့အတွက် အစဉ်တစိုက် တိုက်တွန်းရခြင်း ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ KIO ကို အပစ်အခတ်ရပ်စဲရေးအတွက် ဖိတ်ခေါ်ရခြင်းမှာ တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ရရှိရန်အတွက် ထပ်မံဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ တောင်းဆိုထားသည့် တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေးဆိုသည်မှာ လက်ရှိအစိုးရ တာဝန်ယူသည့်နေ့မှ စတင် တောင်းဆိုခြင်း ဖြစ်သည်ဟု ထပ်လောင်း အတည်ပြုလိုကြောင်း သမ္မတက ဆိုသည်။

“ပြည်တွင်းငြိမ်းချမ်းရေးကို ဆေးမှီးတိုနဲ့ ကုသတဲ့ ချဉ်းကပ်မှုမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက် စေဘဲ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အခြေခံမူရဲ့ အောက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားရပါမယ်” ဟု ၎င်းက ပြောသည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးမှ သွေဖည်မသွားဘဲ စားပွဲပေါ်တွင် ဆွေးနွေးသည့်နည်းဖြင့် အဖြေရှာသွားမည်ဟုလည်း သူက ဆိုသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ရုံ၊ လက်မှတ်ထိုးရုံနဲ့ မလုံလောက်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ဖို့ လူထုပါဝင်ဖို့လိုပါတယ်” ဟု သမ္မတက ပြောသည်။

ဆက်လက်၍ သမ္မတ ဦးသိန်းစိန်က ခေါင်းဆောင်များ၏ ဆွေးနွေးမှုများကို လူထုသိရှိစေရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် အရပ်ဘက် အဖွဲ့အစည်း များ၏ အသံများကို နားထောင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အရပ်ဘက် လူမှု အဖွဲ့အစည်းတခု ဖြစ်သော ငြိမ်းအဖွဲ့မှ ဒေါ်နန်းရော်က လဂျားရန်ဒေသ ထိုးစစ်ဆင်မှု ရပ်ဆိုင်းသည့် ကိစ္စကို ဝမ်းမြောက်သော်လည်း တခြားဒေသများတွင် အပစ်အခတ် မရပ်တံ့မည်ကို စိုးရိမ်သည်ဟု ယင်း အခမ်းအနားတွင် ပြောခဲ့သည်။

“အပြန်အလှန် တောင်ကုန်သိမ်းဖို့ တိုက်ပွဲတွေ ဖြစ်ရာမှာ ပြည်သူတွေ ဒီလောက်တော့ မနစ်နာသင့်ဘူး။ နိုင်ငံ့ ဘဏ္ဍာ၊ ပြည်သူ့ ဘဏ္ဍာကို စစ်စရိတ် မဖြစ်စေချင်ဘူး” ဟု သူက ဆိုသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြန်လည်စတင်ခဲ့သည့် KIA နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အရေအတွက် စုစုပေါင်း ၁၀၉၅ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

“၁၇ တာ တည်ဆောက်ပြုပြင်ခဲ့သမျှ တွေဟာ တနှစ်ခွဲအတွင်းမှာ အားလုံး ပျက်စီးကုန်တယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်” ဟု ဒေါ်နန်းရော်က ပြောသည်။

ပြည်သူရွေးချယ်သည့် သမ္မတ ဖြစ်သောကြောင့် ပြည်သူအားလုံးအတွက်၊ ကချင်ပြည်သူများ အတွက် မဖြစ်မနေ ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်းလည်း သူက တင်ပြသွားသည်။

ငြိမ်းအဖွဲ့မှ ဒေါက်တာ Sa Boi Jum ကလည်း ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာ့တပ်မတော်က လိုင်ဇာတဝိုက်တွင် ဇန်နဝါရီ ၂၀ ရက်နေ့ မနက်အထိ ထိုးစစ်ဆင်ဆဲ ဖြစ်ကြောင်း၊ သမ္မတ၏ အမိန့်ကို စစ်တပ်က မနာခံဟု ယူဆကြောင်း ဧရာဝတီကို ပြောသည်။

အဆိုပါ အခမ်းအနားသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၀ ကျော်တက်ရောက်ခဲ့ပြီး၊ ကချင်ဒေသ ပဋိပက္ခ ကိစ္စ အပါအဝင် ဝန်ကြီးဌာနများနှင့် ဆက်ဆံရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ တွေ့ကြုံနေရသည့် ကိစ္စ အဝဝများကို ဆွေးနွေးတင်ပြ ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ် မိန့်ခွန်း ပြန်လည် ပြောကြားရာတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ တင်ပြဆွေးနွေး ချက်များထဲမှ တချို့ ကိစ္စရပ်များမှာ နိုင်ငံတော်အနေဖြင့် လုပ်ဆောင်ပေးရမည့် လုပ်ငန်းတာဝန်များဖြစ်ကြောင်း၊ နောက်ပိုင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ ပြုလုပ်ရာတွင် အခမ်းအနား ပုံသဏ္ဍန် မလုပ်တော့ဘဲ ဆွေးနွေးကာ အမြင်ချင်း ဖလှယ်သည့် ပုံစံဖြင့် လုပ်ဆောင်သွားလိုကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများအား လိုအပ်သည့် အကူအညီများ ပေးသွားရန် လိုအပ်ကြောင်း၊ တလှေတည်းစီး၊ တခရီးတည်း သွားနေသူများ ဖြစ်သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စက အမှန်တကယ်လိုအပ်နေတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေအတွက် အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သမ္မတက ပြောသည်။

အေးချမ်းမွန်မှ   ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
     သမ္မတ ဦးသိန်းစိန်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပထမဆုံး ဆုံတွေ့သည့် အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ      – ဂျေပိုင်/ ဧရာဝတီ)

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ခြေမှုန်း သိမ်းယူမှု မပြုခြင်းက အစိုးရ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသည်ကို သက်သေထူလိုက်ခြင်းပင် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံတွင် သမ္မတနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပထမဆုံးအကြိမ် တွေ့ဆုံစဉ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခိုက် သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“KIO၊ KIA ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် KIO၊ KIA ရဲ့ လိုင်ဇာ ဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ် ဆိုတဲ့အချက်ကို အမှန်တကယ်ဖြစ်ကြောင်း သက်သေထူခြင်းပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

မျက်ဝန်းလှလှတွေ လိုချင်ပါသလား LED နဲ့ အလှဆင်မယ်

Photo: မျက်ဝန်းလှလှတွေ လိုချင်ပါသလား LED နဲ့ အလှဆင်မယ်

THA: TSJ Tech Team

မိန်းကလေးတွေက ဘာလို့ ပိုကြီးပြီး ပိုကျယ်တဲ့ မျက်ဝန်းတွေကို လိုချင်ကြတာလဲ.. အာရှက မိန်းကလေးတွေအတွက် ကြီးမားတဲ့ မျက်လုံးတွေက ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတယ်နဲ့တူ ပါတယ်။

သို့ပေမဲ့လည်း မျက်ဝန်းကျယ်ကျယ်နဲ့ အားကောင်းတဲ့ မျက်လုံးတွေကို မိန်းကလေးတွေ တိုင်းတော့ မပိုင်ဆိုင်ကြပါဘူး။ အဲ့လို မျက်လုံးဝိုင်းဝိုင်း ခပ်မာမာနဲ့ ဆွဲဆောင်ချင်တဲ့သူတွေက မျက်လုံးတွေကို ပိုကြီးအောင် ပိုလှအောင် ပြုလုပ်ကြရတယ် မဟုတ်ပါလား။

မိက်ကပ်တွေ၊ မျက်လုံးအရောင် ချယ်တာတွေ၊ Big eyes မျက်ကပ်မှန်တွေတပ်ပြီး ဆွဲဆောင်မှုရှိအောင် လုပ်ယူကြတာ နေစဉ်နှင့်အမျှ မြင်တွေ့နေကြရပါတယ် အဲ့ဒီလိုမျိုး ချယ်သပြင်ဆင်ကြတဲ့နေရာမှာ နည်းပညာနဲ့ရော ဘယ်လို မျက်လုံးကြီးကြီးတွေ ဖြစ်အောင် လုပ်ယူကြပါမလဲ..

ကိုရီးယားက multimedia artist Soomi Park က LED Eyelash တွေကို ဖန်တီးပေးခဲ့ပါတယ်။ LED Eyelash တွေကတော့ မိန်းကလေးတွှေ လိုချင်တဲ့ bigger eyes တွေရအောင် လူအများကိုဆွဲဆောင်နိုင်အောင် လုပ်ဆောင်ပေးမှာ အမှန်ပါပဲ.. မာကျူရီနဲ့ sensor ကို အဖွင့်အပိတ် ပြုလုပ်နိုင်မှာ ဖြစ်ပြီး မျက်ခွံ အဖွင့်အပိတ်မှာ sensor က အလင်းအဖွင့်အပိတ် ထိန်းပေးမှာ ဖြစ်ပါတယ်။ မိမိရဲ့ လှုပ်ရှားမှုနဲ့ လိုက်ပြီး မီးကလည်း လိုက်ပါပြောင်းလဲနေမှာ ဖြစ်ပါတယ်။ အလွယ်တကူပဲ ဖြုတ်နိုင်တက်နိုင်ပြီး လူများစွာရဲ့ ဂရုစိုက်မှုကို ရရှိစေမှာတော့ သေချာပါတယ်။

http://youtu.be/N5484m-tCeA

Reference: http://soomipark.com/main/?portfolio=led-eyelash

အေးချမ်းမွန်မှ  TechSpace Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မိန်းကလေးတွေက ဘာလို့ ပိုကြီးပြီး ပိုကျယ်တဲ့ မျက်ဝန်းတွေကို လိုချင်ကြတာလဲ.. အာရှက မိန်းကလေးတွေအတွက် ကြီးမားတဲ့ မျက်လုံးတွေက ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတယ်နဲ့တူ ပါတယ်။

သို့ပေမဲ့လည်း မျက်ဝန်းကျယ်ကျယ်နဲ့ အားကောင်းတဲ့ မျက်လုံးတွေကို မိန်းကလေးတွေ တိုင်းတော့ မပိုင်ဆိုင်ကြပါဘူး။ အဲ့လို မျက်လုံးဝိုင်းဝိုင်း ခပ်မာမာနဲ့ ဆွဲဆောင်ချင်တဲ့သူတွေက မျက်လုံးတွေကို ပိုကြီးအောင် ပိုလှအောင် ပြုလုပ်ကြရတယ် မဟုတ်ပါလား။

မိက်ကပ်တွေ၊ မျက်လုံးအရောင် ချယ်တာတွေ၊ Big eyes မျက်ကပ်မှန်တွေတပ်ပြီး ဆွဲဆောင်မှုရှိအောင် လုပ်ယူကြတာ နေစဉ်နှင့်အမျှ မြင်တွေ့နေကြရပါတယ် အဲ့ဒီလိုမျိုး ချယ်သပြင်ဆင်ကြတဲ့နေရာမှာ နည်းပညာနဲ့ရော ဘယ်လို မျက်လုံးကြီးကြီးတွေ ဖြစ်အောင် လုပ်ယူကြပါမလဲ..

ကေအင်ယူဆက်ဆံရေးရုံးခွဲ တာဝန်ရှိ သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး

Photo by The Myanmar Age
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကျောက်ကြီးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဆက်ဆံရေးရုံးခွဲမှာ KNU တပ်မဟာ (၃) က ဗိုလ်မှူးကြီး စောအယ်ကလူသိန်းအဖွဲ့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား

Photo: ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား
Monday, January 21, 2013

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့
စီမံကိန်းအတွက် ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုမှာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊
ရေဖြူမြို့နယ်၊ ဖောင်းတော ကျေးရွာအုပ်စု၊ မော်ကြီးကျေးရွာနှင့် ရေမိုင် တစ်မိုင်ခန့် အကွာတွင် ရေအောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခြင်း
ဖြစ်ကြောင်းလည်း သိရှိရပါသည်။

“သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိနစ်မြုပ်တယ်လို့ပဲ သိရပါသေးတယ်။ အသေးစိတ် အချက်အလက် တွေကတော့ ရုံးဖွင့်မှပဲ ဆက်သွယ် သိရှိနိုင်ပါမယ်” ဟု အဆိုပါ ကုမ္ပဏီမှ မတင်နီလာစိုးက ပြောပါသည်။

အဆိုပါ သင်္ဘောပေါ်တွင် နိုင်ငံခြားသား လူမျိုး ၄၂ ဦး အလုပ် လုပ်ကိုင်နေပြီး သင်္ဘောနစ်မြုပ်မှုကြောင့် ၂ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။ သင်္ဘော နစ်မြုပ်နေစဉ် စက်လှေနှစ်စီးဖြင့် ကယ်ဆယ်၍ အနီးရှိ CONQUST သင်္ဘော ပေါ်သို့ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် ပါဝင်သည့် စက်သုံးဆီများ၊ လုပ်ငန်းခွင်သုံး ဓာတု ဆေးဝါးများကြောင့် ပင်လယ်တွင်း ထိခိုက်မှုများနှင့် သဘာဝ ဂေဟစနစ်များ ထိခိုက်မှုများ ကြုံတွေ့မည်ကို ပူပန်နေကြောင်း Dawei Development Association မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Monday, January 21, 2013

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့
စီမံကိန်းအတွက် ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုမှာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊
ရေဖြူမြို့နယ်၊ ဖောင်းတော ကျေးရွာအုပ်စု၊ မော်ကြီးကျေးရွာနှင့် ရေမိုင် တစ်မိုင်ခန့် အကွာတွင် ရေအောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခြင်း
ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Dangerous 10 Phones (ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး)

Photo: Dangerous 10 Phones (ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး)
>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လော

က်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

--

Ref: gizmocrazed.com
Ref:TechSpace

@Einstein Kelvin@

အေးချမ်းမွန်မှ ITgroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်

ဆိုးလ်၊ ဇန်န၀ါရီ-၂၁

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ ရက်တွင် တွေ့ဆုံဖွယ်ရှိကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ်သတင်းကဖော်ပြသည်။

ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

Photo: ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်


ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။

ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။

ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
Aung Kham (TSJ team)
TechSpace Journal

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ငွေကျပ်(၆၆၆)သိန်းခိုးယူသူ တက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်န၀ါရီ ၂၁

၇-၁-၂၀၁၃ ရက်နေ့ ၁၃၁၀ အချိန် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်နေ အောင်ဇေယျ(၂၇)နှစ်၊ ““သလ္လာမွန်”” ပဲကုမ္ပဏီကိုယ်စားလှယ်သည် သူငယ်ချင်းဖြစ်သူ နှင်းမောင်မောင် နှင့်အတူ ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ ကုမ္ပဏီပိုင်ငွေကျပ်(၆၆၆)သိန်းအား ထုတ်ယူ၍ ဘဏ်အနီးရှိ ချယ်ရီဝက်ဂွန်အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ရာ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေးမှတ်တိုင်အနီးအရောက်တွင် ကားစက်ပျက်သွား၍ ၎င်းတို့(၂)ဦးမှ ကားပေါ်မှဆင်းပြီး တွန်းပေးစဉ် ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသဖြင့် ကမာရွတ်ရဲစခန်း(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၁၇-၁-၂၀၁၃ ရက်နေ့ ၀၈၂၅ အချိန်တွင် ဒဂုံမြောက်မြို့နယ်နေ သိုးကိုကိုမောင် ဆိုသူမှာ ယခင်က ချယ်ရီအ၀ါရောင်တက္ကစီယာဉ်အား မောင်းနှင်ပြီး ယခု ကျပ်သိန်း(၃၀၀)တန် ကားတစ်စီးအား ၀ယ်ယူထားသည်ကိုတွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ကမာရွတ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စုံစမ်းခဲ့သည်။

၅.၈ လက်မ Samsung Foneblet ထွက်ရှိမည်


Photo: ၅.၈ လက်မ Samsung Foneblet ထွက်ရှိမည်

Samsung မှ အသစ်ထုတ်အုံးမယ့် စမတ်ဖုန်း+Tablet ဖြစ်ပါတယ်။ စမတ်ဖုန်း အနေနဲ့ကော၊ Tablet အနေနဲ့ကော အသုံးပြုလို့ရမယ့် Samsung Galaxy Note တွေလိုပဲ ဖြစ်ပါတယ်။

သို့ပေမယ့် Foneblet ဆိုတော့ ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှ မသိသေး ပါဘူး။ ဖုန်း ကတော့ 960 x 540 LCD AMOLED display ကို အသုံးပြု တယ်လို့လည်း ဆိုနေကြပါတယ်။ ဒီတော့ resolution အရမ်းကောင်းတဲ့ ဖုန်းထဲမှာတော့ မပါပါဘူး။

ဆင်းမ်ကဒ် နှစ်ခု ထည့်သွင်းလို့ရမယ့် Dual Sim card ဖုန်း လည်း ဖြစ်ပါတယ်။ လာမယ့် Mobile World Congress မှာ ဝင်ရောက် ပြသမှာ ဖြစ်ပြီး Samsung Galaxy S4, ၈ လက်မ Galaxy Note Talet တို့နဲ့ အတူတူ ထွက်ရှိနိုင်ချေ ရှိကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/samsung-foneblet.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Samsung မှ အသစ်ထုတ်အုံးမယ့် စမတ်ဖုန်း+Tablet ဖြစ်ပါတယ်။ စမတ်ဖုန်း အနေနဲ့ကော၊ Tablet အနေနဲ့ကော အသုံးပြုလို့ရမယ့် Samsung Galaxy Note တွေလိုပဲ ဖြစ်ပါတယ်။

သို့ပေမယ့် Foneblet ဆိုတော့ ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှ မသိသေး ပါဘူး။ ဖုန်း ကတော့ 960 x 540 LCD AMOLED display ကို အသုံးပြု တယ်လို့လည်း ဆိုနေကြပါတယ်။ ဒီတော့ resolution အရမ်းကောင်းတဲ့ ဖုန်းထဲမှာတော့ မပါပါဘူး။

တောင်ကိုရီးယားမှ အိမ်သာပြတိုက်

Photo: တောင်ကိုရီးယားမှ အိမ်သာပြတိုက်

ဘိုထိုင် အိမ်သာပုံသဏ္ဍာန်နဲ့ ပြုလုပ်ထားတဲ့ အဆောက်အအုံ တစ်ခုကို တောင်ကိုရီးယားနိုင်ငံ၊ Suwon မြို့ မှာ မြင်တွေ့ရပါတယ်။

Suwon မြို့ ဝန်ဟောင်း Sim Jae Duck မှ တည်ဆောက်ထားတဲ့ အိမ် ဖြစ်ပြီး ပြတိုက် တစ်ခုအနေနဲ့ ထားရှိပါတယ်။ မြို့ ဝန်ဟောင်း Sim jae Duck ကိုယ်တိုင်ဟာ အဖွားဖြစ်သူ အိမ်ရဲ့  သန့်စင်ခန်းထဲမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး သူ့ရဲ့  ဘဝကို အမှတ်တရ ဖြစ်စေတဲ့ အနေနဲ့ ယခုလို အိမ်သာပုံစံ အဆောက် အအုံ နဲ့ အိမ်သာ ပြတိုက်ကို ဖန်တီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အတွင်းမှာလည်း သန့်စင်ခန်းနဲ့ ပက်သက်တဲ့ အနုပညာနဲ့ ပစ္စည်း အမြောက် အများကို ခင်းကျင်းပြသထားပြီး တောငကိုရီးယားမှာ လူစည်တဲ့ နေရာ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: mazeland
International news for myanmar

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘိုထိုင် အိမ်သာပုံသဏ္ဍာန်နဲ့ ပြုလုပ်ထားတဲ့ အဆောက်အအုံ တစ်ခုကို တောင်ကိုရီးယားနိုင်ငံ၊ Suwon မြို့ မှာ မြင်တွေ့ရပါတယ်။

Suwon မြို့ ဝန်ဟောင်း Sim Jae Duck မှ တည်ဆောက်ထားတဲ့ အိမ် ဖြစ်ပြီး ပြတိုက် တစ်ခုအနေနဲ့ ထားရှိပါတယ်။ မြို့ ဝန်ဟောင်း Sim jae Duck ကိုယ်တိုင်ဟာ အဖွားဖြစ်သူ အိမ်ရဲ့  သန့်စင်ခန်းထဲမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး သူ့ရဲ့  ဘဝကို အမှတ်တရ ဖြစ်စေတဲ့ အနေနဲ့ ယခုလို အိမ်သာပုံစံ အဆောက် အအုံ နဲ့ အိမ်သာ ပြတိုက်ကို ဖန်တီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန်

Photo: UNFC အနေနှင့်သာ အစိုးရနှင့် ဆွေးနွေးလိုဟု KIO ထုတ်ပြန်

နန်းသီရိလွင်| January 21, 2013 | 

ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)က ထုတ်ပြန်လိုက်သည်။

“လဂျားယန် စစ်ဆင်ရေးကို ရပ်လိုက်ပြီလို့ ပြောပေမယ့် ၁၉ ရက်၊ ၂၀ ရက်တွေမှာ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေရှိနေတယ်။ ဒီလို အခြေအနေမှာ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သီးခြား ၂ ဖွဲ့တည်း တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UNFC အနေနဲ့သာ တွေ့ဆုံမယ်”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်း ထားမည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သော်လည်း ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀ ရက်နေ့အထိ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ဆက်လုပ်ပြုလုပ်နေကြောင်း KIO ၏ ဇန်န၀ါရီ ၂၀ ရက် သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် KIO သို့ ဇန်န၀ါရီ ၁၉ ရက် က ကမ်းလှမ်းချက်ကို ဇန်န၀ါရီ ၂၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“တရားဝင် သတင်းထုတ်ပြန်ချက်မှာ လဂျားယန် ဒေသမှာ စစ်ဆင်ရေး ရပ်ဆိုင်းမယ်လို့ပဲ ပါတယ်။ အစိုးရဘက်က မီဒီယာ ကနေ ပြောတဲ့အခါမှာ သူတို့ဘက်က ထိုးစစ်အားလုံး ရပ်လိုက်သလို ပြောတယ်။ အဲဒီလို ပြောနေပေမယ့် လဂျားယန်မှာကိုပဲ တိုက်ပွဲပြင်း ထန်နေတယ်။ ဖားကန့်နဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်”ဟု ဦးလနန်က ဆိုသည်။

နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျရောက်မှု မရှိတော့သော်လည်း တိုက်ပွဲပြင်းထန်နေမှုကို
ကြားသိနေရကြောင်း ၎င်းက ဆက်ပြောသည်။

UNFC ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို နှစ်သိမ့်စေရုံ ၀ါဒဖြန့်မှု သက်သက်သာဖြစ်ပြီး KIA ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဇန်န၀ါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

UNFC အဖွဲ့ဝင်များ အနေဖြင့် အပတ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်း လုပ်ဆောင်ထားသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုကိုမူ UNFC အနေဖြင့်သာ ဆောင်ရွက်သွားမည်ဟု အဖွဲ့ခေါင်းဆောင်များ က ပြောဆိုထားသည်။

စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

UNFC ၌ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ KIO ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့ အပါအ၀င် ဆက်စပ် အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

KIO နှင့် အစိုးရ သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာ စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ စခန်းကို အစိုးရစစ်တပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်တွင် အစိုးရတပ်များက လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် က အစိုးရ စစ်တပ်အနေဖြင့် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း ဇန်န၀ါရီ ၂၀ ရက် ရန်ကုန်မြို့တွင် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွတ်တော် အစည်းအဝေးတွင်လည်း ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့တွင်ပင် အတည်ပြုခဲ့သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလလယ်က တွေ့ရစဉ် (ဓာတ်ပုံ- Steve Tickner/ ဧရာဝတီ)

အေးချမ်းမွန်မှ ဧရာဝတီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလလယ်က တွေ့ရစဉ် (ဓာတ်ပုံ- Steve Tickner/ ဧရာဝတီ)
ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)က ထုတ်ပြန်လိုက်သည်။

“လဂျားယန် စစ်ဆင်ရေးကို ရပ်လိုက်ပြီလို့ ပြောပေမယ့် ၁၉ ရက်၊ ၂၀ ရက်တွေမှာ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေရှိနေတယ်။ ဒီလို အခြေအနေမှာ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သီးခြား ၂ ဖွဲ့တည်း တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UNFC အနေနဲ့သာ တွေ့ဆုံမယ်”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

ပြည်ထောင်စုဝန်ကြီးနှစ်ပါး တာဝန်မှ နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ ပွင်းလင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဆို

Photo: ပြည်ထောင်စုဝန်ကြီးနှစ်ပါး တာဝန်မှ နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ ပွင်းလင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဆို

January 21, 2013  သတင်း, ပြည်တွင်း

ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့်အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းသည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်းခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။
““ပြည်ထောင်စုအဆင့်ဝန် ကြီးနှစ်ဦး နုတ်ထွက်သွားတယ်၊ လက်ရှိအနေအထားအရ ဆက် သွယ်ရေးကဏ္ဍဆိုလည်း အရှိန် အဟုန်နဲ့ ဆောင်ရွက်နေတဲ့ အချိန်၊ ဒါပေမဲ့ ဒီပြည်ထောင် စုဝန်ကြီးတွေတာဝန်က နုတ်ထွက် ခွင့်ပြုတာနဲ့ပတ်သက်ပြီး၊ ဘာ အကြောင်းကြောင့်လဲ၊  ဘာ အားနည်းချက်ရှိလို့လဲ၊  ပြည် သူကို အစိုးရက တင်ပြရမယ်၊ ပွင့်လင်းမြင်သာမှုဆိုတာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့မှာကို မရှိသေးဘူး၊ ဒီလို ပွင့်လင်းမြင်သာမှုဆိုတာဟာ ယခင်ပါတီလမ်းစဉ်ခေတ်တည်းက  ၀န်ကြီးတွေ နုတ်ထွက်သွားရင် ဘာကြောင့်မှန်းမသိလိုက်ဘဲ အစိုးရကလည်း ပြည်သူကို ဘာမှ မတင်ပြတာ ခု အစိုးရလက်ထက် ထိပဲ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဆိုရင် နုတ်ထွက်ခွင့်ပြု လိုက်ရတဲ့ ၀န်ကြီးတွေမှာ ဘာ အားနည်းချက်တွေရှိနေလဲ၊  ဘာကြောင့်များ ပေးလိုက်ရတာ လဲ၊ ပြည်သူကိုတင်ပြရမယ်”” ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်ကHot News သတင်းထောက်ဖြင့်  တွေ့ဆုံစဉ် ပြောကြားသွားခဲ့ သည်။
သမ္မတရုံး၏ ကြေညာချက် အရ တာဝန်မှ အနားယူခွင့်ပြု လိုက်သော ပြည်ထောင်စုဝန်ကြီး များအနက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်သည် ယခင် အစိုးရလက်ထက်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်၊ ဒုဝန်ကြီး နှင့် ၀န်ကြီးအဆင့်များထိ အဆင့် ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းထွန်းသည်လည်း ယခင် အစိုးရလက်ထက်၌ ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၌ ဒုဝန်ကြီး၊ ဗိုလ်ချုပ်အဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ရာ အစိုး ရသစ်တက်ပြီးသည့်အချိန်တွင် အစိုးရအဖွဲ့သစ်၌လည်း ပြည် ထောင်စုဝန်ကြီးများအဖြစ် ပါဝင် ခဲ့သူများဖြစ်သည်။

ခန့်ခန့်(ဒဿနိက)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့်အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းသည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်းခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis