menu

Wednesday 19 February 2014

ဆန္ဒပြရန်...အသင့်

Photo: ဆန္ဒပြရန်...အသင့်
----------
ရေးသားသူ- ငြိမ်းချမ်း

အစိုးရအဖွဲ့၏ မူဝါဒအပြောင်းအလဲ ဆောင်ရွက်ချက်များ၊ အစိုးရအဖွဲ့ဝင်လူကြီးများ၏ လှုပ်ရှား၊ ပြောဆိုဆောင်ရွက်မှုများကို ရန်ကုန်မြို့ဆူးလေစေတီအနီးမှ လူတစ်စုက အမြဲမပြတ်စောင့်ကြည့်နေပါသည်။

ဝန်ကြီးဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်မည်ဟု ပြောခဲ့သောစကားများ၊ အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံမှ အုတ်ဂူဆောက်မည့်ကိစ္စ၊ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်သည့်ကိစ္စ စသည့်အကြောင်းအရာများအပါအ၀င် ပြည်သူများအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သည့် အကြောင်းအရာများကို ငါးရက်မကျော်စေဘဲ ဆန္ဒပြကန့်ကွက်ရန် အသင့်ရှိနေသူများရှိသည်။

အကြောင်းအရာသာပြောင်းပြီး လူမပြောင်းသည့် အသက်(၆၀)ကျော်ရှိပြီဖြစ်သော ဦးဘမြင့်၊ ဦးသန်းဆွေနှင့် ဦးဇော်ဝင်းဆိုသူတို့ဖြစ်သည်။ 

လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု၊ လယ်တီသိမ်တော်မရွှေ့ပြောင်းရေး၊ ပုဒ်မ ၁၈ ပယ်ဖျက်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ အားကစားကွင်းများပြန်ပေးရေး၊ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်းခြင်း၊ ပုဒ်မ(၅၉) ပယ်ဖျက်ရေး၊ ဦးအုန်းမြင့်၏ပြောစကား၊ အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံက အုတ်ဂူဆောက်ခြင်း စသည့်အကြောင်းအရာများအပါအ၀င် ဆန္ဒပြပွဲပေါင်း ၃၀ ကျော်ကို အကြောင်းအရာသာပြောင်းပြီး လူမပြောင်းဘဲ ဦးဆောင်ပါဝင်ခဲ့သူများဖြစ်သည်။

ဒီမိုကရေစီအင်အားစုအဖွဲ့ဟုဆိုကာဖွဲ့စည်းပြီး ဆန္ဒပြသည့်အလုပ်တစ်ခုသာလုပ်သည့် ၎င်းတို့က မည်သို့ရပ်တည်နေသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်သည်။ အရပ်သားအစိုးရလက်ထက် ဆန္ဒပြပွဲများက ဟိုမှာ၊ သည်မှာ နိုင်ငံအနှံ့မှာဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်သုံးဦးနှင့်အဖွဲ့ကမူ ပြည်သူများအကြား ရိုက်ခတ်မှုရှိသည့် လတ်တလောအကြောင်းအရာများအပေါ်တွင်သာ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လေ့ရှိကြသည်။

၎င်းတို့ဆန္ဒပြလျှင် သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်မတောင်းခံဘဲ ခွင့်ပြုမဲ့ဆန္ဒပြမှုကို ပိုမိုနှစ်သက်သည်ဆိုသည်။

“သူတို့ဆီခွင့်တောင်းရင် ငါးရက်စောင့်ရတယ်။ တကယ်လို့မပေးရင် အချိန်မရတော့ဘူး။ ဥပဒေကိုမလေးစားလို့မဟုတ်ပါဘူး”ဟု ဦးသန်းဆွေက စိတ်မရှည်သည့်လေသံဖြင့်ပြောသည်။

သူတို့သည် ခွင့်ပြုချက်မဲ့ဖြင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သော်လည်း ပြီးမြောက်ပါက သက်ဆိုင်ရာရဲစခန်းများသို့ ၎င်းတို့ကိုယ်တိုင် သွားရောက်အဖမ်းခံလေ့ရှိသည်။

“ဒီလူတွေက စိတ်ချရတယ်။ ပွဲပြီးရင် ဗီနိုင်းလေးကိုင်ပြီးလာတာပဲ။ အမြဲတွေ့နေတဲ့သူတွေဖြစ်နေပြီ”ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ထွန်းနိုင်ဇော်က 
ပြုံး၍ပြောသည်။

အုပ်စုဖွဲ့ဆန္ဒပြမှုများသည် ဗီနိုင်းကြေး၊ စာရွက်စာတမ်းကြေးများ ပိုမိုကုန်ကျသောကြောင့် တစ်ကိုယ်တော်ဆန္ဒပြမှုကို ပိုမိုနှစ်သက်ကြသည်ဟု ၎င်းတို့ကဆိုပြန်သည်။ 

တစ်ကိုယ်တော်ဆန္ဒပြမှုသည် ကတ်ထူစက္ကူပေါ်တွင် ပြမည့်အကြောင်းအရာကို ဆော့ပင်ဖြင့်စာရေးပြီး ကြိုးဖြင့်လည်ပင်းတွင်ချိတ်၍ ဆန္ဒပြခြင်းဖြစ်သည်။

“အဲလိုလေးလုပ်လိုက်တော့ တစ်ကျပ်မှမကုန်ဘူး”ဟု ဖေဖော်ဝါရီ ၂ ရက်က အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံမှ အထိမ်းအမှတ်အုတ်ဂူဆောက်မည့် အကြောင်းအရာကို လက်မခံရန်အတွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးဇော်ဝင်းကပြောသည်။

လတ်တလောဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ဆန္ဒပြလျှင် ကတ်ထူစက္ကူများကိုသာ အသုံးပြုလေ့ရှိပြီး ပုဒ်မ ၁၈ နှင့် ၅၉ (စ)၊ (ဃ) စသည့်အကြောင်းအရာ ဆိုင်းဘုတ်များသည် ကြာရှည်ပြရမည်ဖြစ်သောကြောင့် ဗီနိုင်းများအသုံးပြုပြီး တစ်ပွဲပြီးလျှင် ရိုသေစွာထိန်းသိမ်းထားကြောင်း ပြောဆိုသည်။ အဆိုပါဗီနိုင်းဖိုးများကိုလည်း အဖွဲ့ဝင်များထဲမှ အချိုးကျကျခံကာပြုလုပ်ကြကြောင်း ပြောသည်။

၎င်းတို့သည် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ဆန္ဒပြမှုများလုပ်ခဲ့ကြသော်လည်း ဆူးလေစေတီအနီးတွင် ဆန္ဒပြရခြင်းကို ပိုမိုနှစ်သက်သည်ဟုဆိုသည်။ ဆူးလေအနီးတွင် သံတမန်များရှိခြင်း၊ အစိုးရ၀န်ထမ်းများပြားခြင်း၊ ပြည်သူအများအပြား လာရောက်ခြင်းတို့ကြောင့် သတင်းပျံ့နှံ့ရာတွင် ပိုမိုလွယ်ကူသောကြောင့်ဖြစ်ကြောင်း 
ဆူးလေအနီးတွင် ဆန္ဒပြပွဲပေါင်းသုံးဆယ်ကျော်ပြုလုပ်ခဲ့သူ ဦးသန်းဆွေကပြောသည်။

သို့သော် ဆန္ဒပြသူများက အရပ်သားအစိုးရလက်ထက်တွင် ဟိုးယခင်ကလို ပြည်သူ့ထောက်ခံမှု၊ အားပေးမှုမကောင်းတော့ လုပ်စားကြသူများဟုပင် နှာခေါင်းရှုံ့ကြသူများရှိလာသည်။ သို့သော်လည်း ၎င်းတို့လူတစ်စုကတော့ ဆူးလေစေတီရှေ့မြေကွက်လပ်ကြီးကို ကိုယ့်အိမ်ကိုယ့်ရာလိုပင် သဘောထားသည်။

ဆန္ဒပြပွဲတစ်ခုပြုလုပ်လျှင် ၎င်းတို့အလေးထားပြုလုပ်သည်မှာ မီဒီယာများဖြစ်သောကြောင့် အချိန်ကိုတိကျစွာလုပ်ကိုင်လေ့ရှိသည်ဟု ဆိုသည်။ ထိုသူတို့သည် လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ၁၄ လတိတိ ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

“တစ်ခါတလေ ဆူးလေတို့ ရွှေတိဂုံစေတီတွေပေါ်မှာ ဆုတောင်းပွဲဆိုပြီးလုပ်တယ်။ ဆုတောင်းပွဲလို့ခေါင်းစဉ်တပ်တာဟာ ရဲတွေအရေးယူလို့မရအောင်လုပ်တာ။ တကယ်တော့ ဆန္ဒပြတာပဲ”ဟု ဦးသန်းဆွေကပြောသည်။ ဦးသန်းဆွေသည် ယခင်က အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ပြီး ယခုတွင် ထိုပါတီနှင့်ကင်းကွာနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
၎င်းတွင် သားသမီးလေးဦးရှိပြီး ယခင်က ကားအရောင်းအ၀ယ်လုပ်ခဲ့သော်လည်း လက်ရှိတွင် စီးပွားရေးမလုပ်ကိုင်တော့ဟုဆိုသည်။ ၈၈ အရေးတော်ပုံကာလအတွင်း ဖမ်းဆီးခံရပြီး ထိုနောက်ပိုင်းနှစ်များတွင် ခဏခဏခေါ်ယူထိန်းသိမ်းခံရသည်ဟုဆိုသည်။ ၂၀၁၃ ခုနှစ်အတွင်း ဆန္ဒပြပွဲပေါင်း ၃၀ ကျော်ပြခဲ့ပြီး ပုဒ်မ ၁၈ ဖြင့် အရေးယူခံရမှုခြောက်မှုရှိခဲ့သည်။  ထိုခြောက်မှုကို ၂၀၁၃ နှစ်ကုန်တွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပယ်ဖျက်ခြင်းခံရသည်။ ၂၀၁၄ တွင် ၀န်ကြီးဦးအုန်းမြင့်အား ဆန္ဒပြမှုကြောင့် ကျောက်တံတားရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တစ်မှုအရေးယူခံထားရပြန်သည်။

ဦးဘမြင့်၏တိုက်ခန်းထဲတွင် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၉(စ)(ဃ) ဆန္ဒပြမည့်ဆိုင်းဘုတ်များက နေရာယူထားသည်။ ၎င်းတွင်လည်း သားသမီးလေးဦးရှိကာ ယခင်က အလုံမြို့နယ်အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဖြစ်ပြီး ယခုထိုပါတီနှင့် ကင်းကွာနေသည်ဟုဆိုသည်။ သူသည် နိုင်ငံရေးလုပ်မှုကြောင့် ထောင်လေးကြိမ်ကျခဲ့ပြီး ၈၈ အရေးတော်ပုံကာလနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလများတွင် အင်းစိန်ထောင်ထဲ၌ ရောက်ရှိနေသည်။ ဦးဘမြင့် ပထမဆုံးအကြိမ် ထောင်ကျသည့်ဖြစ်စဉ်မှာ ၁၉၉၁ အောက်တိုဘာလ ညနေ ၆ နာရီတွင် ဗီအိုအေရေဒီယိုမှ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရပြီဟု ကြေညာသည်ကိုကြားသိပြီး ထိုည ၈နာရီတွင် လက်ဖက်ရည်ဆိုင်၌ပြောကြားရာမှ ထောင်လေးနှစ်ကျခြင်း ဖြစ်သည်။ ၂၀၁၃ တွင် ပုဒ်မ ၁၈ ဖြင့် ခြောက်မှုအရေးယူခံထားပြီး ပယ်ဖျက်ရာတွင် ပါဝင်ခဲ့သည်။ ယခုလက်ရှိတွင် ၀န်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြမှုကြောင့် ကျောက်တံတားရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တစ်မှုအရေးယူခံထားရသည်။

၎င်းတို့က ပုဒ်မ ၅၉(စ)နှင့် (ဃ)တို့ ပယ်ဖျက်ရန် အကြိမ်ကြိမ်ဆန္ဒပြရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန်အတွက် ပြသခြင်းမဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ဦး ပေါ်ထွက်လာရန်သာ ပြခြင်းဖြစ်ပြီး ထိုမှသာ နိုင်ငံစီးပွားရေးတိုးတက်မည်ဟုဆိုသည်။

နိုင်ငံတော်လူကြီးများကို ဆန္ဒပြမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တိုင်းမ်မဂ္ဂဇင်းအား နိုင်ငံတော်သမ္မတကြီးကန့်ကွက်မှုကို ထောက်ခံဆန္ဒပြပွဲနှင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားမှုကို ထောက်ခံဆန္ဒပြပွဲ စသည်တို့လည်း ပြုလုပ်ခဲ့ပြန်သည်။

“လူကြီးတွေရဲ့အပြစ်တွေကို လိုက်ပြနေတာချည်းမဟုတ်ဘူး။ လူကြီးတွေကောင်းရင်လည်း ထောက်ခံတဲ့ဆန္ဒပြပွဲလုပ်မှာပဲ”ဟု ၎င်းတို့ကပြောသည်။

၎င်းတို့ဆန္ဒပြမှုကြောင့် နိုင်ငံတော်မှလိုက်လျောပေးသည့် အောင်မြင်မှုများလည်း ရှိနေပါသည်။ လျှပ်စစ်မီတာခများတိုးမြှင့်မှုကြောင့် သုံးရက်ဖယောင်းတိုင်ထွန်းဆန္ဒပြခြင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အတွက် ဆန္ဒပြခြင်း၊ လယ်တီသိမ်တော်အား ရွှေ့ပြောင်းမပေးရန်အတွက်ဆန္ဒပြခြင်း စသည့်ဆန္ဒပြမှုများမှာ အောင်မြင်မှုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ များပြားလာသောကြောင့် ဆန္ဒပြသူများအပေါ် ဝေဖန်မှုများလည်းရှိနေသည်။ ဆန္ဒပြသူများသည် တစ်နှစ်ပတ်လုံး လိုက်လံဆန္ဒပြနေသောကြောင့် ၎င်းတို့အပေါ် ပြင်ပအဖွဲ့အစည်းများက ငွေကြေးထောက်ပံ့ပေးမှုများရှိနေသည်ဟု ယူဆနေကြသည်။

“ငွေကြေးနဲ့ပြတဲ့ ဆန္ဒပြသူတွေရှိပါတယ်။ ဒါပေမဲ့ ဦးတို့က သူတို့နဲ့ဝေးဝေးရှောင်တယ်”ဟု ခေါင်းဆောင်သုံးဦးကပြောသည်။

မြစ်ဆုံစီမံကိန်း ဆက်လက်ဆောက်လုပ်ရန်အတွက် ဆောက်လုပ်မည့်ဘက်မှ စတင်ကမ်းလှမ်းနေသည်ဟူသည့်သတင်းကို ထိုအဖွဲ့ကသိရှိထားပြီးဖြစ်သည်။ ထိုသတင်းမှန်ကန်လျှင် ဦးဘမြင့်တို့သုံးဦးသည် ဆူးလေစေတီအနီးသို့ လာရောက်ဦးမည်ဖြစ်သည်။

“ခေါင်းစဉ်သာပြောင်းသွားတယ်။ လူတွေကမပြောင်းဘူး။ သူတို့ ခဏခဏလုပ်တော့ ဈေးရောင်းကောင်းတယ်”ဟု မဟာဗန္ဓုလပန်းခြံအရှေ့ဘက်တွင် ကြံရည်ရောင်းသူတစ်ဦးကပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

ရေးသားသူ- ငြိမ်းချမ်း

အစိုးရအဖွဲ့၏ မူဝါဒအပြောင်းအလဲ ဆောင်ရွက်ချက်များ၊ အစိုးရအဖွဲ့ဝင်လူကြီးများ၏ လှုပ်ရှား၊ ပြောဆိုဆောင်ရွက်မှုများကို ရန်ကုန်မြို့ဆူးလေစေတီအနီးမှ လူတစ်စုက အမြဲမပြတ်စောင့်ကြည့်နေပါသည်။

ဝန်ကြီးဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်မည်ဟု ပြောခဲ့သောစကားများ၊ အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံမှ အုတ်ဂူဆောက်မည့်ကိစ္စ၊ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်သည့်ကိစ္စ စသည့်အကြောင်းအရာများအပါအ၀င် ပြည်သူများအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သည့် အကြောင်းအရာများကို ငါးရက်မကျော်စေဘဲ ဆန္ဒပြကန့်ကွက်ရန် အသင့်ရှိနေသူများရှိသည်။

အကြောင်းအရာသာပြောင်းပြီး လူမပြောင်းသည့် အသက်(၆၀)ကျော်ရှိပြီဖြစ်သော ဦးဘမြင့်၊ ဦးသန်းဆွေနှင့် ဦးဇော်ဝင်းဆိုသူတို့ဖြစ်သည်။

လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု၊ လယ်တီသိမ်တော်မရွှေ့ပြောင်းရေး၊ ပုဒ်မ ၁၈ ပယ်ဖျက်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ အားကစားကွင်းများပြန်ပေးရေး၊ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်းခြင်း၊ ပုဒ်မ(၅၉) ပယ်ဖျက်ရေး၊ ဦးအုန်းမြင့်၏ပြောစကား၊ အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံက အုတ်ဂူဆောက်ခြင်း စသည့်အကြောင်းအရာများအပါအ၀င် ဆန္ဒပြပွဲပေါင်း ၃၀ ကျော်ကို အကြောင်းအရာသာပြောင်းပြီး လူမပြောင်းဘဲ ဦးဆောင်ပါဝင်ခဲ့သူများဖြစ်သည်။

တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးအား သရုပ်ဆောင် အဆိုတော်တစ်ဦး ရိုက်နှက်ခဲ့မှု မှန်ကန်တိကျစွာ အရေးယူသွားမည်

သရုပ်ဆောင် အဆိုတော်တစ်ဦး က ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအား ရိုက် နှက်ခဲ့မှုအပေါ် နှစ်ဖက်စလုံးအား ပစ္စည်း သက်သေ၊ လူသက်သေနှင့် စစ် ဆေးနေပြီး အမှုကို တည်ဆောက်၍ မှန် ကန်တိကျစွာ ဆုံးဖြတ်ပေး မည်ဟု ယာဉ် ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးကျော် ထွေးက ပေါ်ပြူလာ နယူးစ်သို့ ပြော သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ် ဖြူလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံမီး ပွိုင့်၌ သတ်မှတ်စည်းကမ်း ဖောက်ဖျက် ပြီး မောင်းနှင်လာသော သရုပ်ဆောင်၊ အဆိုတော် နေသူ ရိန်၏ ကားကို တား ဆီးရင်း ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရမှု အပေါ် ရဲမှူးကြီးက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး လက်ရှိတွင် ယာဉ်ထိန်းရဲနှင့် ကိုနေသူရိန်နှစ်ဖက်စလုံးတို့က အပြန် အလှန် အမှုဖွင့်ထားသည်။

ရဲမှူးကြီး ဦးကျော်ထွေးက ”ကျွန် တော် နှစ်ဖက်စလုံးနဲ့ တွေ့ဆုံပြီး စစ် ဆေးတာတွေ လုပ်နေပါတယ်” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က လမ်း ရှင်းတာဝန် ထမ်းဆောင်နေစဉ် အရိုက် ခံရသောယာဉ်ထိန်းရဲတပ်ကြပ်ကြီး သောင်းဒန်က ”ဖြစ်စဉ်ကို အမှန် အတိုင်း ဖြစ်ချင်တယ်။ မဖြစ်လာခဲ့ရင် သက်သေ တွေနဲ့ အတူတူ သတင်းစာရှင်းလင်းပွဲ လုပ်မယ်” ဟုပြောသည်။

တစ်နေ့ကို လက်ဖက်ရည် လေးခွက် သောက်သူ များတွင် လေဖြတ်နိုင်ခြေ လျော့နည်း

Photo: တစ်နေ့ကို လက်ဖက်ရည် လေးခွက် သောက်သူ များတွင် လေဖြတ်နိုင်ခြေ လျော့နည်း

လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက်မျှ ပုံမှန် သောက်သုံးသူ များတွင် လေဖြတ် ဝေဒနာ ခံစားရနိုင်ချေ ၂၀% လျော့နည်း နိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။

သုတေသီများသည် ဆွီဒင် နိုင်ငံရှိ လက်ဖက်ရည် သောက်သုံးသူ များကို အထူးပြု လေ့လာခဲ့ပြီး ယင်းတို့သည် ဦးနှောက်တွင်း သွေးခဲ ပိတ်ဆို့မှုကြောင့် ဖြစ်ပွားရသော လေဖြတ် ဝေဒနာကို လျှော့ ချ ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Karolinska Instituteမှ သိပ္ပံပညာရှင် များက ဦးဆောင် လေ့လာခဲ့ပြီး စတော့ ဟုမ်းမြို့ရှိ လူဦးရေ ၇၅၀ဝ၀ခန့်ကို လေ့လာခဲ့သည်။ အင်္ဂလန် တစ်နိုင်ငံ တည်းတွင်ပင် လေဖြတ် ဝေဒ နာကြောင့် သေဆုံးရသူ များမှာ နေ့စဉ်၂၀ဝဦးခန့် ရှိပြီး အများစုမှာ မသန်စွမ်း ဖြစ်မှုနှင့် ကြောက်ရွံ့စွာ နေထိုင်ရမှုများက ရှိရင်းစွဲ ဝေဒနာကို ပိုဆိုး စေသဖြင့် သေဆုံး ရသည်ဟု ယခုစာတမ်းတွင် ရေးသား ထားသည်။ လေဖြတ်သူ ဦးရေ၏ ၈၅%မှာ Ischaemic stroke ဟုခေါ်သည့် ဦးနှောက်တွင်းသို့သွားသော သွေးကြော များတွင် သွေးခဲ ပိတ်ဆို့ခြင်းနှင့် ဦးနှောက် သွေးလှည့်ပတ်မှု ပုံမှန် မဖြစ်ခြင်းကြောင့် ဖြစ်ပွားရ သည့် လေဖြတ်ခြင်းကို ခံစားရသည်။ ကျန် ၁၅%မှာံ Haemorrhagic stroke ဟုခေါ်သည့် ဦးနှောက်တွင်းမှ သွေးကြော ပေါက်ခြင်းကြောင့် ဖြစ်ပွားရသော လေဖြတ်ခြင်းကို ခံစားရသည်။

လေ့လာမှု များစွာ အရ လက်ဖက်စိမ်း (green-tea)ရည်က ဦးနှောက် အပေါ် ကာကွယ်နိုင်မှု အပေါ် အထူးပြုခြင်းများသာ ရှိနေပြီး လက်ဖက်ရည်ကြမ်း (black-tea) အပေါ် လေ့လာမှုများ နည်းပါး နေသည်ဟု ဆိုထား သည်။ ယခုလေ့လာမှု တွင်လူပေါင်း၇၅၀ဝ၀ အနက်၄၀ဝ၀ ခန့်သည် ပြင်းထန်သော လေဖြတ် ဝေဒနာကို ခံစားနေရသူများ ဖြစ်ပြီး ယခုလေ့လာမှုကို ၁၉၉၇ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်များ အနက် လေဖြတ် ဝေဒနာကို မခံစား ရသူများသည် လက်ဖက်ရည်ကြမ်း သောက်သုံးသူ အများစု ဖြစ်နေသည်ကို တွေ့ခဲ့ရပြီး ယင်းလက်ဖက်ရည်ကြမ်း သောက်သုံး သူများသည် မသောက်သုံး သူများထက် လေဖြတ် ဝေဒနာကို၂၀% ပိုမိုလျော့ နည်းကြောင်းကို ဖော်ထုတ် နိုင်ခဲ့သည်။ ယခုလေ့လာမှုတွင် ပါဝင်သော လေဖြတ် ဝေဒနာကို လျော့ပါး စေနိုင်သည့် အာနိသင်သည် လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော နှလုံးနှင့် ဦးနှောက် ကျန်းမာရေးကို ကောင်းမွန် စေသည့် flavonoid ဓာတ်ပေါင်း များကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ ယခု လေ့လာမှုကို lnter national journal of Stroke တွင်ဖော်ပြထားခြင်း ဖြစ်သည်။

သန့်စင်

ref:ANI

Health Updates Journal

လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက်မျှ ပုံမှန် သောက်သုံးသူ များတွင် လေဖြတ် ဝေဒနာ ခံစားရနိုင်ချေ ၂၀% လျော့နည်း နိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။

သုတေသီများသည် ဆွီဒင် နိုင်ငံရှိ လက်ဖက်ရည် သောက်သုံးသူ များကို အထူးပြု လေ့လာခဲ့ပြီး ယင်းတို့သည် ဦးနှောက်တွင်း သွေးခဲ ပိတ်ဆို့မှုကြောင့် ဖြစ်ပွားရသော လေဖြတ် ဝေဒနာကို လျှော့ ချ ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Karolinska Instituteမှ သိပ္ပံပညာရှင် များက ဦးဆောင် လေ့လာခဲ့ပြီး စတော့ ဟုမ်းမြို့ရှိ လူဦးရေ ၇၅၀ဝ၀ခန့်ကို လေ့လာခဲ့သည်။ အင်္ဂလန် တစ်နိုင်ငံ တည်းတွင်ပင် လေဖြတ် ဝေဒ နာကြောင့် သေဆုံးရသူ များမှာ နေ့စဉ်၂၀ဝဦးခန့် ရှိပြီး အများစုမှာ မသန်စွမ်း ဖြစ်မှုနှင့် ကြောက်ရွံ့စွာ နေထိုင်ရမှုများက ရှိရင်းစွဲ ဝေဒနာကို ပိုဆိုး စေသဖြင့် သေဆုံး ရသည်ဟု ယခုစာတမ်းတွင် ရေးသား ထားသည်။ လေဖြတ်သူ ဦးရေ၏ ၈၅%မှာ Ischaemic stroke ဟုခေါ်သည့် ဦးနှောက်တွင်းသို့သွားသော သွေးကြော များတွင် သွေးခဲ ပိတ်ဆို့ခြင်းနှင့် ဦးနှောက် သွေးလှည့်ပတ်မှု ပုံမှန် မဖြစ်ခြင်းကြောင့် ဖြစ်ပွားရ သည့် လေဖြတ်ခြင်းကို ခံစားရသည်။ ကျန် ၁၅%မှာံ Haemorrhagic stroke ဟုခေါ်သည့် ဦးနှောက်တွင်းမှ သွေးကြော ပေါက်ခြင်းကြောင့် ဖြစ်ပွားရသော လေဖြတ်ခြင်းကို ခံစားရသည်။

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

Photo: အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

သီဟ

Source:MDI

Health Updates Journal

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

အဆစ်အမြစ်ရောင်နာ ပျောက်ဖို့ ရေကုထုံးနဲ့ ကုသမှုခံယူနေတဲ့ ၁၄နှစ်သား ကြောင်

အမေရိက South Coast Hydrotherapy School မှာ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ရေကုထုံးနဲ့ ကုသပေးလျှက်ရှိပါတယ်။ ရေကုထုံးကို အများအားဖြင့်တော့ ခွေးတွေအတွက် ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အဆစ်အမြစ်ရောင်နာ ဖြစ်နေတဲ့ ၁၄နှစ်သား ကြောင်ကို ရေကုထုံးနဲ့ ကုသခွင့် ပြုလိုက်ကြပါတယ်။ အဲ့ဒီကြောင်ဟာ အစပိုင်းမှာ မလိုလားဘဲ အင်တင်တင်ဖြစ်နေခဲ့ပေမဲ့ ခုတော့ ရေကူးကန်ထဲမှာ တဖျတ်ဖျတ်နဲ့ကို ကူးနေနိုင်ပါပြီ။
ခွေးတွေဟာ ရေကူးတာနဲ့ အကျွမ်းတ၀င်အရှိဆုံး အိမ်မွေးတိရိစ္ဆာန်တွေမို့လို့ ရေကူးရေကုထုံး စင်တာကို ခွေးတွေအတွက် ရည်ရွယ်ပြီးဖွင့်ထားခဲ့ပေမဲ့ ခု ၁၄နှစ်သားကြောင်ဟာ ရေကုထုံးနဲ့ အကျွမ်းတ၀င်ရှိသွားပြီး အဆစ်အမြစ်ရောင်နာ သက်သာတာကြောင့် နောက်ဆိုရင် ကြောင်တွေအတွက်ပါ ဖွင့်ဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် သို့မဟုတ် ၅၉ (စ)

Written by  အောင်ထက်၊ ဟိန်းသွင်ထက်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း

Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။
UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေတာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ်တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ်ဆိုရင် ပြင်ရမှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။
Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။
UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။
Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။
UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

မန္တလေး-ရန်ကုန် လမ်းဟောင်းတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူခုနစ်ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ အခါလွန် မိုးရွာသွန်းမှုများကြောင့် မန္တလေး-ရန်ကုန် အဝေးပြေး လမ်းဟောင်းတွင် ကားဘီးချော်မှုများ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်မှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇ နာရီခန့်က မန္တလေး-ရန်ကုန် လမ်းဟောင်း မိုင်တိုင် ၃၈၀/၄-၅ ကြား မြစ်သားမြို့နယ် သာလွန်ကျေးရွာတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ထော်လာဂျီယာဉ်နှင့် ရန်ကုန်ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး လိုက်ထရပ်ယာဉ်ပေါ်ပါ လူခုနစ်ဦး သေဆုံးသွားပြီး ယာဉ်နှစ်စီးပေါ်ပါ လူကိုးဦး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ယင်းယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ၁၁ ဦးအနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီးလေးဦး တို့သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကျန် ဒဏ်ရာရှိသူ လေးဦးကို မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ထော်လာဂျီယာဉ်ပေါ်ပါ ဒဏ်ရာရှိသူ ငါးဦးတို့ကို ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်၍ ကုသလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်းခဲ့

Photo: ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်းခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

ဆံပင်ပုံစံတကျ ညှပ်ထားသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆင်မြန်းရသည့် သင်္ကန်းဝတ်စုံကို အသေအချာ ၀တ်ဆင်ထားပြီး မအူကုန်းလမ်းကျယ်ပေါ်ရှိ တူဒေးလဘက်ရည်ဆိုင်အနီးမှာ အချိန်နှစ်နာရီနီးပါးခန့် ကြာအောင် ကားတစ်စီး၏ ဘော်နတ် အင်ဂျင်ဖုံးပေါ်တွင်ထိုင်၍ အော်ဟစ်ဆူပူနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ဆိုပါတယ်။

"အဆွရ် အဇန်ပေးတဲ့အချိန်လေ။ ညနေ (၅) နာရီ မတ်တင်း လောက်ပေါ့။ ပြေးလာပြီးတော့ အဲ့ဒီကားပေါ် တက်ထိုင်လိုက်တယ်။ ပြီးတော့ အော်ဟစ်နေတယ်။ သူ့ကို ကယ်ပါ။ သူ့ကို ၀ိုင်းလုပ်နေတယ်။ အနိုင်ကျင့်နေတယ်လို့ တော်တော်ကြာကို အော်ဟစ်နေတယ်။ ကတုံးတုံးမထားဘူး။ ဆံပင်အရှည်နဲ့။ ကြည့်တဲ့သူတွေများလာတော့ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းကို သင်္ကန်းစကို ခြုံတင်ပြီး ဆံပင်တွေကို အုပ်လိုက်တယ်။ လက်အုပ်ချီတာကို လူမြင်အောင် ခေါင်းပေါ်တင်ပြီး လက်အုပ်ချီထားပြီးတော့ ပွဲခံတယ်။ ဘေးကနေ အော်ဟစ်နေလို့ ရေဗူးနဲ့ ရေတိုက်နေတာလဲ ရှိတယ်။ သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ တော်တော်ကို ပွဲခံလာလို့ အင်္ကျီလဲပေးဖို့ လာပေးတဲ့သူလဲ ပေးတယ်။ ရဲစခန်းကိုလည်း လူတော်တော်များများက ဖုန်းဆက်ပြီး အကြောင်းကြားတာကို ရောက်မလာဘူး။ လူများလာလေ ပိုပြီး အော်ဟစ်လေ လုပ်နေတယ်။ မွတ်စလင်မ်ရပ်ကွက်ဆိုတော့ ကြည့်နေတဲ့သူအများစုက မွတ်စလင်မ်တွေ ဖြစ်နေလို့ ပြဿနာတွေ ပေါ်မလာအောင် လူစုကို အချင်းချင်း ခွဲခိုင်းနေရတယ်။ ဖြတ်သွားတဲ့ ကားတွေကလည်း ရပ်ကြည့်တော့ ပိတ်ဆို့ကုန်တာပေါ့။" ဒေသခံတစ်ဦးက သတင်းရယူနေတဲ့ အလင်းမျက်ဝန်း စီဂျေကို ပြောပြတာ ဖြစ်ပါတယ်။

အဆိုပါပုဂ္ဂိုလ်မှာ မိမိကိုယ်မိမိ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေမှုကြောင့် ဒေသတွင်း အာဏာပိုင်များက ထိန်းသိမ်းရန် အချိန်အတော်ကြာအောင် ခက်ခဲနေခဲ့ကြတယ်လို့ ပြောဆိုသူများလည်း ရှိနေသလို၊ အမှန်တကယ်ပင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်း၏ ဆွေမျိုးရင်းခြာတစ်ဦးလည်း ဖြစ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ ဒေသခံများက အလင်းမျက်းဝန်း၏ စီဂျေများကို ပြောပြကြပါတယ်။

အချိန်အတော်ကြာပြီးနောက် ၎င်းအား တက္ကစီအငှားယဉ်တစ်စီးဖြင့် တာမွေရဲစခန်းမှ ရဲအရာရှိများလိုက်ပါ၍ တင်ဆောင်သွားပြီးနောက် တာမွေရဲစခန်းတွင် ခေတ္တအနားယူပြီး၊ ယခင်စစ်ထောက်လှမ်းရေးဟောင်းများ စုရုံးလေ့ရှိခဲ့သည့် ခင်ညွန့်ကျောင်းဟု လူသိများသော တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းသို့ အဆိုပါသင်္ကန်းဝတ်အား သွားရောက်ပို့ဆောင်ပေးခဲ့ရာ ကျောင်းထိုင်ဘုန်းကြီးမှ ငြင်းဆိုခဲ့သောကြောင့် တာမွေမြို့နယ်ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးနောက် စိတ္တဇ္ဇဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ပြီး သတင်းကွင်းဆက် ပြတ်တောက်သွားခဲ့ရကြောင်း လေ့လာသူ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မအူကုန်းရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကတော့ "စစ်ထောက်လှမ်းရေးဆိုတာ စီပွားရေးသမားလိုလည်း နေတတ်တယ်။ ဘုန်းကြီးလိုလည်း ဟန်ဆောင်တတ်တယ်။ အရူးလိုလည်း နေတတ်တယ်။ အခု သူ ဘာလို့ မွတ်စလင်မ်အများစုရှိနေတဲ့ ဒီနေရာကိုမှ လာပြီး ဒီလိုလုပ်သွားရလဲဆိုတာ စဉ်းစားကြည့်ရင် အဖြေသိပါတယ်။ လုပ်ပြီးတော့ ရဲစခန်းမှာ မစစ်ဆေးဘဲ ဆံပင်အရှည်ကြီးနဲ့ ဘုန်းကြီးမဟုတ်တဲ့လူမှန်းကို သိသိကြီးနဲ့ ဘုန်းကြီးကျောင်းကို ပို့တယ်ဆိုတာလဲ ဘာသဘောလဲ စဉ်းစားစရာပဲ။ နောက်ပြီး ဆေးရုံကိုပို့တယ်ဆိုတာရော ဟုတ်ရဲ့လား။ ဘယ်လောက် ယုံကြည်ရမှာလဲ။ ဒီလိုတွေ လာလုပ်နေတာက ပရောဂတွေ ၀င်လာစေဖို့ ရည်ရွယ်ရှိနေတယ်ဆိုတာ ထင်ရှားလွန်းတယ်။ ဒီလိုလုပ်လို့ ဒေသခံ လူမျိုး ဘာသာစုံက စိတ်အနှောက်အယှက် ဖြစ်သွားရတယ်။ သူ့ကို ဘယ်ကိုပို့လိုက်တယ်၊ ဘာလုပ်လိုက်တယ်ဆိုတာ ထင်သာမြင်သာရှိဖို့ လိုမယ်။" စီဂျေများမှတဆင့် အလင်းမျက်ဝန်း၏ ဆက်သွယ်မှုကို ဦးညီညီက ပြန်လည် ဖြေကြား ပြောဆိုခဲ့ပါတယ်။

ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းရဲ့ သားမက်ဖြစ်ပြီး စီးပွားရေးသမားအသွင် ဟန်ဆောင်၍ ယခင်ကတည်းက မအူကုန်းရပ်ကွက်အတွင်း ၀င်ရောက်ကာ သတင်းရယူခြင်းများရှိခဲ့တဲ့ အဆိုပါပုဂ္ဂိုလ်မှာ ဒေသခံအချို့နှင့်လည်း ရင်းနှီးသူဖြစ်ကာ အစ္စလာမ်ဘာသာရေး အဆောက်အအုံများဖြစ်သော ဗလီနှင့် ဘာသာရေး စာသင်ကျောင်းများအတွင်းသို့လည်း ၀င်ရောက်လေ့ရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ယခုလို မအူကုန်းရပ်ကွက်အတွင်း အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ နေရာတွေမှာ ဘုန်းကြီးများအသွင်ဆောင်၍ လာရောက်ဆူပူခြင်းများဟာ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့ပြီးလွန်ခဲ့တဲ့ လအနည်းကလည်း သင်္ကန်းဝတ်နှစ်ဦးမှ မအူကုန်းလမ်းကျယ်အတွင်း ဆူပူရမ်းကားခဲ့လို့ အထိတ်တလန့် ဖြစ်ခဲ့ရဖူးသော်လည်း ဒေသခံများက အစ္စလာမ်ဘာသာဝင် အများစုဖြစ်တာကြောင့် အခြေအနေကို ငြိမ်းချမ်းစွာနဲ့ ထိန်းသိမ်းလိုက်နိုင်တယ်လို့ သိရပါတယ်။

မကြာခင်အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအကြို စည်းရုံးရေးခရီးစဉ်များ စတင်တော့မှာဖြစ်ပြီး၊ အာဏာရှင်အစိုးရများ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒ သက်ဆိုးရှည်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့ပြီး၊ တိုင်းရင်းသား နိုင်ငံသားအများစု ကိုးကွယ်ရာ ဘာသာတရားများအား (၄%) သာရှိသော လူနည်းစုများသဖွယ် ပုံဖော်ခဲ့သော်လည်း မကြာခင်မှာတော့ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့မှ ဦးဆောင်သည့် နောက်ဆုံးပေါ်နည်းပညာများဖြင့် လိမ်ညာခြင်းနည်းပါးစေရန် လုပ်ဆောင်၍ ကောက်ယူမည့် သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမှု အစီအစဉ်အား စတင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်များနှင့် နီးကပ်လာချိန်တွင် ယခုလို ဘာသာရေးနည်းလမ်းဖြင့် မှိုင်းတိုက်၍ ဖျက်လိုဖျက်စီးဖြစ်စေရန် လုပ်ဆောင်မှုများအား မလိုသူများက အကြမ်းဖက်သမားများအား အသုံးချ၍ နိုင်ငံအနှံ့တွင် လုပ်ဆောင်လာနိုင်ဖွယ်ရှိလို့ သတိပြု၍ နေထိုင်သင့်ကြောင်း၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အနေအထိုင်ကို အထူးဂရုစိုက်၍ ဆင်ခြင်နေထိုင်သင့်ကြပါကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုနေကြပါတယ်။

                          ဆရာဟိန်းတင့်ဇော်
Photo === Nay Htuut Gaung
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်းခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

ဆံပင်ပုံစံတကျ ညှပ်ထားသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆင်မြန်းရသည့် သင်္ကန်းဝတ်စုံကို အသေအချာ ၀တ်ဆင်ထားပြီး မအူကုန်းလမ်းကျယ်ပေါ်ရှိ တူဒေးလဘက်ရည်ဆိုင်အနီးမှာ အချိန်နှစ်နာရီနီးပါးခန့် ကြာအောင် ကားတစ်စီး၏ ဘော်နတ် အင်ဂျင်ဖုံးပေါ်တွင်ထိုင်၍ အော်ဟစ်ဆူပူနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ဆိုပါတယ်။

"အဆွရ် အဇန်ပေးတဲ့အချိန်လေ။ ညနေ (၅) နာရီ မတ်တင်း လောက်ပေါ့။ ပြေးလာပြီးတော့ အဲ့ဒီကားပေါ် တက်ထိုင်လိုက်တယ်။ ပြီးတော့ အော်ဟစ်နေတယ်။ သူ့ကို ကယ်ပါ။ သူ့ကို ၀ိုင်းလုပ်နေတယ်။ အနိုင်ကျင့်နေတယ်လို့ တော်တော်ကြာကို အော်ဟစ်နေတယ်။ ကတုံးတုံးမထားဘူး။ ဆံပင်အရှည်နဲ့။ ကြည့်တဲ့သူတွေများလာတော့ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းကို သင်္ကန်းစကို ခြုံတင်ပြီး ဆံပင်တွေကို အုပ်လိုက်တယ်။ လက်အုပ်ချီတာကို လူမြင်အောင် ခေါင်းပေါ်တင်ပြီး လက်အုပ်ချီထားပြီးတော့ ပွဲခံတယ်။ ဘေးကနေ အော်ဟစ်နေလို့ ရေဗူးနဲ့ ရေတိုက်နေတာလဲ ရှိတယ်။ သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ တော်တော်ကို ပွဲခံလာလို့ အင်္ကျီလဲပေးဖို့ လာပေးတဲ့သူလဲ ပေးတယ်။ ရဲစခန်းကိုလည်း လူတော်တော်များများက ဖုန်းဆက်ပြီး အကြောင်းကြားတာကို ရောက်မလာဘူး။ လူများလာလေ ပိုပြီး အော်ဟစ်လေ လုပ်နေတယ်။ မွတ်စလင်မ်ရပ်ကွက်ဆိုတော့ ကြည့်နေတဲ့သူအများစုက မွတ်စလင်မ်တွေ ဖြစ်နေလို့ ပြဿနာတွေ ပေါ်မလာအောင် လူစုကို အချင်းချင်း ခွဲခိုင်းနေရတယ်။ ဖြတ်သွားတဲ့ ကားတွေကလည်း ရပ်ကြည့်တော့ ပိတ်ဆို့ကုန်တာပေါ့။" ဒေသခံတစ်ဦးက သတင်းရယူနေတဲ့ အလင်းမျက်ဝန်း စီဂျေကို ပြောပြတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်ဖြစ်မှ အစိုးရအဖွဲ့ထဲ နေရာပေးမှာလား

Photo: လွှတ်တော်အမတ်ဖြစ်မှ အစိုးရအဖွဲ့ထဲ နေရာပေးမှာလား
---------------
ရေးသားသူ- အောင်သူရ

စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် အဓိကဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေ ပြင်ဆင်မည့်အချက်များထဲတွင် ဒုသမ္မတနှင့် ၀န်ကြီးအားလုံး လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသည့်အချက် ပါဝင်သည်။

တပ်မတော်မှ အငြိမ်းစားယူပြီးနောက် အုပ်ချုပ်ရေးပိုင်းတွင် နေရာယူမှုများအား လျှော့ချရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကဆိုသည်။

“တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေက ပြည်သူ့ကိုယ်စားလှယ်တွေပဲ ဖြစ်သင့်တာပေါ့”ဟုလည်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဝင်းဦးကဆိုသည်။

ဒုသမ္မတနှင့် သမ္မတတို့သည် လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒုသမ္မတသုံးဦးကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် လစ်လပ်သွားသော ဒုသမ္မတရာထူးနှင့် ၀န်ကြီးနေရာများတွင် တပ်မတော်မှ သက်ပြည့်ပင်စင်ယူသူများအား ခန့်အပ်မှုများရှိခဲ့သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်သည့် လစ်လပ်သွားသော ဒုသမ္မတနေရာတွင် လွှတ်တော်အမတ်မဟုတ်သော သက်ပြည့်ပင်စင်ယူရမည့် ရေတပ်ဦးစီးချုပ်ကို အစားထိုးခန့်အပ်ခဲ့သည်။

ထို့အပြင် အသက်(၆၀)ပြည့်သဖြင့် သက်ပြည့်ပင်စင်ယူရသော လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇေယျာအောင်ကိုလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ထိုသို့ လွှတ်တော်အမတ်မဟုတ်သူများကို ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်လာခြင်းကို မနှစ်သက်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအား လွှတ်တော်အမတ်ဖြစ်စရာမလိုဟု ပြဋ္ဌာန်းထားချက်ကိုပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီက တင်ပြထားခြင်းဖြစ်သည်။

လက်ရှိ အခြေခံဥပဒေအရ ဒုသမ္မတသုံးဦးအား ပြည်သူ့လွှတ်တော်မှတစ်ဦး၊ အမျိုးသားလွှတ်တော်မှတစ်ဦးနှင့် လွှတ်တော်နှစ်ရပ်ပေါင်းရှိ တပ်မတော်သားအစုအဖွဲ့ကိုယ်စားလှယ်များကတစ်ဦး ရွေးချယ်ခွင့်ရသည်။

ထိုသို့ရွေးချယ်ရာတွင် ဒုသမ္မတသုံးဦးမှာ လွှတ်တော်အမတ်ဖြစ်စရာမလိုဘဲ ဖွဲ့စည်းပုံပါ အခြားအချက်အလက်များနှင့်ကိုက်ညီပါက ရွေးချယ်နိုင်သည်။

ထို့အတူ အုပ်ချုပ်ရေးအဖွဲ့၏အကြီးအကဲ နိုင်ငံတော်သမ္မတကလည်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများကို လွှတ်တော်အမတ်မဟုတ်သည့် ပြင်ပမှရွေးချယ်နိုင်ပြီး လွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်နိုင်သည်။

လက်ရှိသမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးခြောက်ဦးအပါအ၀င် ၀န်ကြီးဌာန ၃၁ ခုတွင် ၀န်ကြီး ၃၆ ဦးရှိပြီး ဒုတိယ၀န်ကြီး ၅၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။

၎င်းတို့အထဲတွင် ပြင်ပမှပညာရှင်နှင့် အရပ်သားဝန်ကြီး၊ ဒုဝန်ကြီးအရေအတွက်မှာ အနည်းငယ်သာရှိသည်။

လွှတ်တော်အမတ်ဖြစ်မှ ၀န်ကြီးတာဝန်ထမ်းဆောင်ရမည်ဆိုသောအချက် ပြင်ဆင်နိုင်ခဲ့ပါက ပညာရှင်များအား ၀န်ကြီးခန့်အပ်ရန် ခက်ခဲသွားနိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။

“ပညာရှင်ကတော့ နိုင်ငံရေးသမားအလုပ်လုပ်မှာမဟုတ်ဘူး။ ပါတီအတွက်လည်း လုပ်မှာမဟုတ်ဘူး။ ပညာရပ်ဆိုင်ရာပဲ လုပ်မှာပဲ”ဟု ကွန်ပျူတာပညာရှင်ဦးရဲမြတ်သူကဆိုသည်။

ထို့ကြောင့် လွှတ်တော်အမတ်ဖြစ်မှသာ ၀န်ကြီးလုပ်ရမည်ဟု မကန့်သတ်သင့်ကြောင်း ဦးရဲမြတ်သူက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနများတွင် ပညာရှင်များနှင့်သင့်လျော်သည့် ဌာနများရှိသဖြင့် လွှတ်တော်အမတ်ဖြစ်မှ ၀န်ကြီးအဖြစ်ရွေးချယ်မည်ဟု မကန့်သတ်သင့်ခြင်းဖြစ်သည်။ 

ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့သည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ၀န်ကြီးအဖြစ်ခန့်အပ်မှသင့်လျော်သည့် ဌာနများဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကရှင်းပြသည်။

“ပညာရှင်ဆိုတာ သူ့အလုပ်ပဲ သူစိတ်ဝင်စားတာ။ ပညာရပ်ဆိုင်ရာမဟုတ်တာကို စိတ်မ၀င်စားဘူး။ ၀န်ကြီးလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးလည်း မရှိကြဘူး။ အမေရိကန်မှာလည်း ဒီလိုပဲ”ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ် စတင်ကျင့်သုံးခဲ့သည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ရွေးကောက်တင်မြှောက်မခံရသူတစ်ဦးအား ခြောက်လထက်ပိုပြီး တာဝန်ထမ်းဆောင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းချက်ပါရှိကြောင်း ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။

“နိုင်ငံတစ်ခုမှာ အရေးပေါ်အခြေအနေဖြစ်ရင် ရွေးကောက်ခံမဟုတ်တဲ့လူတွေကို ဖိတ်ခေါ်ရတဲ့အခြေအနေမျိုး တွေ့ကြုံရတတ်တယ်။ အဲဒီအခြေအနေမျိုးအတွက် ရွေးကောက်မခံရသူတွေကို တာဝန်ထမ်းဆောင်နိုင်အောင် တမင်ဖွင့်ပေးထားတာ။ ဒါကြောင့် ဒါမျိုးက လိုအပ်တယ်လို့ထင်တယ်”ဟု ဦးကိုကိုကြီးကပြောသည်။

လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကိုဖိတ်ခေါ်ပြီး တာဝန်ပေးအပ်သည့်အလေ့အထများ နိုင်ငံတကာတွင်လည်းရှိကြောင်း ဦးကိုကိုကြီးကပြောသည်။

အုပ်ချုပ်ရေးအဖွဲ့အား တာဝန်ခံဆောင်ရွက်ရမည့် သမ္မတအနေဖြင့် သူ့အဖွဲ့အစည်းအား အကောင်းဆုံးအလုပ်လုပ်နိုင်ရန် သင့်လျော်သည့်အစိုးရအဖွဲ့ဝင်များအား လွတ်လွတ်လပ်လပ်ခန့်အပ်ခွင့်ပေးသင့်ကြောင်းလည်း နိုင်ငံရေးလေ့လာသူအချို့ကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ဒုသမ္မတသုံးဦးကို လွှတ်တော်အမတ်များထဲကသာ ရွေးချယ်ခဲ့ပြီး ၀န်ကြီးအများစုကိုလည်း လွှတ်တော်အမတ်ထဲကသာ ရွေးချယ်ခဲ့သည်။

သို့သော် ဦးသိန်းစိန်အနေဖြင့် သမ္မတာဝန်ထမ်းဆောင်ပြီးနောက် လစ်လပ်သွားသည့် ၀န်ကြီးနေရာများ ပြန်လည်ရွေးချယ်ရာတွင် တပ်မတော်မှ သက်ပြည့်ပင်စင်ယူလာသော ဗိုလ်ချုပ်ဟောင်းသုံးဦးနှင့် လွှတ်တော်အမတ်မဟုတ်သည့် ပညာရှင်အချို့ကို ရွေးချယ်ခန့်အပ်လာခဲ့သည်။

လစ်လပ်သွားသော အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးအား လွှတ်တော်အမတ်မဟုတ်သည့် စီးပွားရေးပညာရှင် ဒေါက်တာကံဇော်ကို ခန့်အပ်ခြင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီအား ခန့်အပ်ခဲ့သည်။ အလားတူ တပ်မတော်မှ သက်ပြည့်ပင်စင်ရယူသူများကိုလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအဖြစ် ခန့်အပ်မှုများရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားများအနေဖြင့် အသက်(၆၀) ပြည့်ပါက ပင်စင်ယူရမည်ဟု ပြဋ္ဌာန်းသဖြင့် လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ သက်ပြည့်ပင်စင်ယူရမည့်သူများရှိသည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ၂၀၁၅ ခုနှစ်တွင် အသက်(၆၀)ပြည့်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူနှစ်ဦးမှာလည်း ၂၀၁၅ မတိုင်မီ အသက်(၆၀)ပြည့်ကြမည်ဖြစ်သည်။

၂၀၁၅ မှ ၂၀၁၀ ကြားတွင်လည်း စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၂၂ ဆင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလွဲ၍ လက်ရှိတပ်မတော်အတွင်း အဆင့်မြင့်ရာထူးယူထားသော DSA ၂၀ မှ ၂၃ အပတ်စဉ်ဆင်း ဗိုလ်ချုပ်များမှာလည်း အသက်(၆၀)ပြည့်၍ သက်ပြည့်ပင်စင်ယူရမည့်သူများစွာရှိသည်။

ထို့ကြောင့် ဒုသမ္မတနှင့် ၀န်ကြီးများ လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက် ပြင်ဆင်ထားခြင်းမရှိပါက အဆိုပါတပ်မတော်အရာရှိများ အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ထောက်ပြပြောဆိုသည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပင် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းမှုများရှိသည်။

လွှတ်တော်အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်မီပြင်နိုင်ရန် လွှတ်တော်ကကြိုးစားလျက်ရှိသည်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကလည်း ပြင်ဆင်မည့်အချက်အချို့ကို လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ အသင်းအဖွဲ့များအပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ရန် အကြံပြုချက် ၂၇၀၀၆ ချက်ရှိပြီး စုစုပေါင်းအကြံပြုချက် ၃၂၃၁၁၀ ရှိသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- အောင်သူရ

စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် အဓိကဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေ ပြင်ဆင်မည့်အချက်များထဲတွင် ဒုသမ္မတနှင့် ၀န်ကြီးအားလုံး လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသည့်အချက် ပါဝင်သည်။

တပ်မတော်မှ အငြိမ်းစားယူပြီးနောက် အုပ်ချုပ်ရေးပိုင်းတွင် နေရာယူမှုများအား လျှော့ချရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကဆိုသည်။

“တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေက ပြည်သူ့ကိုယ်စားလှယ်တွေပဲ ဖြစ်သင့်တာပေါ့”ဟုလည်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဝင်းဦးကဆိုသည်။

ဒုသမ္မတနှင့် သမ္မတတို့သည် လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။

စိတ်မနှံ့သူများနှင့် ၀န်းကျင်ဂယက်

Photo: စိတ်မနှံ့သူများနှင့် ၀န်းကျင်ဂယက်
--------------
ရေးသားသူ- အောင်သစ်လွင်

“ကိုယ့်ဘက်ကမှားပြီးမှတော့ ဘာမှဆူဆူပူပူမလုပ်ဘဲ သူတို့ခေါ်သွားတဲ့ အချုပ်ခန်းထဲရောက်ရင် ဘုရား၊ တရားကိုသာ အာရုံပြုပြီး စိတ်တည်ငြိမ်အောင်ထားဖို့ မှာလိုက်နိုင်တာပဲ တတ်နိုင်ပါတော့တယ်”ဟု ရဲလက်သို့ ၎င်း၏သားဖြစ်သူကို ကိုယ်တိုင်အပ်လိုက်သော ဦးမောင်ရွှေ(အမည်ပြောင်း)က ပါးပြင်ပေါ် ရုတ်တရက်စီးကျလာသည့် မျက်ရည်စီးကြောင်းကို သုတ်ရင်းပြောသည်။

လွန်ခဲ့သည့်ငါးနှစ်ခန့်က စိတ်ရောဂါကုဆရာဝန်နှင့် ပြသခဲ့ဖူးသည့် ဦးမောင်ရွှေ၏ အသက်(၂၅)နှစ်အရွယ် သားဖြစ်သူမှာ ညအချိန် ထမင်းလက်စုံစားနေသည့် အိမ်နီးချင်းမိသားစုတစ်စုကို နေအိမ်အတွင်းသို့ တုတ်ဖြင့်ဝင်ရိုက်သောကြောင့် ရပ်ကွက်လူကြီးများနှင့် ရဲများ၏ဖမ်းဆီးခြင်းကိုခံရပြီး စိတ်ရောဂါကုဆရာဝန်၏အကြံပြုချက်ဖြင့် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှုခင်းဆောင်တွင် ထိန်းသိမ်းခံထားရကာ ဆေးကုသမှုခံယူနေရသူဖြစ်သည်။

ထင်မှတ်မထားသည့်အခြေအနေတွင် ရုတ်တရက်စိတ်ဖောက်ပြန်ကာ ပတ်ဝန်းကျင်ကို ရန်ပြုတိုက်ခိုက်ခြင်းကြောင့် လူသေဆုံးမှုများအထိဖြစ်ပေါ်ပြီး အရေးယူခဲ့ရသည့်အမှုများမှာ ၂၀၁၄ ဇန်န၀ါရီလမှ ဖေဖော်ဝါရီတတိယပတ်အတွင်းမှာပင် ၂၀ မှုအထက်သို့ ရှိသွားပြီဖြစ်ကြောင်း နေပြည်တော်ရဲချုပ်ရုံးမှတ်တမ်းများအရသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်ကပြုလုပ်ထားသော စစ်တမ်းအရ စိတ်ဝေဒနာရှင်သုံးသိန်းခန့်ရှိနေပြီး အဓိကဆေးရုံကြီးဖြစ်သည့် ရွာသာကြီးဆေးရုံသို့ အတွင်းလူနာအဖြစ် တစ်နှစ်လျှင် ဝေဒနာရှင် ၈၀၀၀ နီးပါးသာ လာရောက်ကုသမှုခံယူနေသည့်အတွက် လူမှုစီးပွားပြဿနာမျိုးစုံ ကြုံတွေ့နေရသော နိုင်ငံမျိုးတွင် စိတ်မကျန်းမာသူများစောင့်ရှောက်မှုတွင် လိုအပ်ချက်ကွက်လပ်မှာ ကြီးမားနေဆဲဖြစ်သည်။

“စိတ်ကျန်းမာရေးဆေးရုံတွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာနိုင်တဲ့သူတွေ အများကြီးရှိနေသေးတယ်”ဟု ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ တာဝန်ခံဆရာဝန်တစ်ဦးကပြောသည်။

ထို့ကြောင့် မိမိတို့ရင်ဆိုင်နေရသော လူမှုရေး၊ စီးပွားရေးပြဿနာမျိုးစုံဖြင့် ရုတ်တရက်စိတ်ဝေဒနာခံစားရကာ ပတ်ဝန်းကျင်ကို စိတ်ထဲရှိသည့်အတိုင်းတုံ့ပြန်ရန် ပြုနိုင်မည့်သူများအား ကူညီစောင့်ရှောက်မှုနည်းလမ်းကို အဖြေရှာသင့်နေပြီဖြစ်သည်။

“အဓိကအရေးကြီးဆုံးကတော့ ကာယကံရှင်မိသားစုပါပဲ။ အကြောင်းမျိုးစုံကြောင့် ကိုယ့်မိသားစုဝင်တစ်ဦးဦး စိတ်ပိုင်းဆိုင်ရာပြဿနာ ရင်ဆိုင်နေရပြီဆိုရင် သူတို့ရဲ့ပြောင်းလဲသွားတဲ့အမူအရာကို မိသားစုဝင်အချင်းချင်းပဲ ချက်ချင်းသိနိုင်တာ။ သူ့ကို တစ်ယောက်တည်းပစ်ပယ်မထားဘဲ ဖေးဖေးမမနေပေးရင်းနဲ့ ပြဿနာတွေဟာ အကြီးကြီးတွေမဟုတ်ပါဘူးဆိုတဲ့အသိ ပေးနိုင်ဖို့လိုပါတယ်”ဟု ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာန အငြိမ်းစားစိတ်ပညာပါမောက္ခ ဒေါက်တာခင်မြင့်ကအကြံပြုပါသည်။

ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို အဓိကအန္တရာယ်ပေးနိုင်သူမှာ စိတ်ကြွရောဂါခံစားနေရသူများဖြစ်ပြီး စိတ်ဝေဒနာခံစားလာရချိန်တွင် သာမန်လူအဖြစ်မှ အသိစိတ်ကင်းမဲ့သွားသည့် ရူးသွပ်သွားသူအဖြစ် ရုတ်တရက်ပြောင်းလဲသွားတတ်ကြောင်း ဒေါက်တာခင်မြင့်ကပြောသည်။ စိတ်ကျရောဂါ၏သဘာဝမှာ တစ်စုံတစ်ယောက်သည် ဝေဒနာခံစားနေရပါက တစ်ဦးတည်းသီးသန့်နေလေ့ရှိကာ မိမိကိုယ်ကိုယ်နည်းမျိုးစုံဖြင့် သတ်သေရန်ကြိုးစားခြင်းဖြစ်ပြီး စိတ်ကြွဝေဒနာခံစားနေရသူများမှာ မိမိပတ်ဝန်းကျင်ရှိ တွေ့ရာလူကို အန္တရာယ်ပြုရန်ကြိုးစားခြင်းဖြစ်ကြောင်း ၎င်းကဆိုပါသည်။

“အိမ်မှာလည်း အရင်က ၀င်ထွက်သွားလာနေသူပါ။ ဘာရန်ငြိုးရန်စမှမရှိဘဲ ၀င်ရိုက်သွားတာ။ အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်သေးဘူး”ဟု ဦးမောင်ရွှေ၏သားက ရိုက်နှက်ခြင်းကိုခံခဲ့ရကာ ဆေးရုံတွင်ကုသနေရဆဲ အမည်မဖော်လိုသည့်အမျိုးသားက ၎င်းရင်ဆိုင်ခဲ့ရသည့်အဖြစ်အပျက်ကိုပြောသည်။

စိတ်ဝေဒနာရှင်မျိုးရိုးဗီဇမရှိသည့်အပြင် လူမှုပတ်ဝန်းကျင်တွင် ပုံမှန်အခြေအနေအတိုင်း ရပ်တည်လာခဲ့သူတစ်ယောက် ရုတ်တရက်စိတ်ကစဥ့်ကလျားဖြစ်စေသည့် အကြောင်းအရာမှာ အရက်သေစာနှစ်ရှည်လများ သောက်သုံးခဲ့ခြင်းနှင့် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲခြင်းတို့ကြောင့်ဖြစ်ကြောင်း စိတ်ပညာရှင်ဒေါက်တာမြင့်သိန်းကပြောသည်။ ထို့အပြင် မျှော်လင့်မထားသည့် လူမှုရေးနှင့် စီးပွားရေးအခြေအနေဆိုးများကြောင့် ရုတ်တရက် စိတ်ကစဥ့်ကလျားဖြစ်သွားသူများလည်းရှိကြောင်း ၎င်းကဆိုပါသည်။

မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးဆေးရုံအဖြစ် ရန်ကုန်(ရွာသာကြီး)နှင့် မန္တလေးမြို့တွင်သာရှိသေးပြီး ဝေဒနာရှင်ထောင်ဂဏန်းကိုသာ ကုသစောင့်ရှောက်မှုပေးနိုင်သည်။

“ဟိုးတုန်းကတော့ စိတ်မနှံ့သူတွေရှိတဲ့အကြောင်း အကြောင်းကြားရင် လာပြီးခေါ်သွားတာပဲ။ ဆေးကုပေးတာပေါ့လေ။ လမ်းပေါ်ကလူတွေကို”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်လက ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် မိဘများလယ်ထဲဆင်းနေခိုက် နေအိမ်တွင်ထားရစ်ခဲ့သည့် အသက်(၅)နှစ်အောက် ကလေးနှစ်ဦးအား အရက်သောက်ကာ ရုတ်တရက်စိတ်ဖောက်ပြန်သွားသူ အိမ်နီးချင်းအမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ဖခင်ထံအရက်ဖိုးတောင်းရာ မပေးသောကြောင့် သားက အဖေကို ရိုက်သတ်မှုဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်နှစ်က မန္တလေးမြို့ မောင်ကိန်းရွှေဆိုင်အား ဓားပြတိုက်ခဲ့သည့်အမျိုးသားမှာလည်း ဓားပြမတိုက်မီအချိန်ပိုင်းက ဆေးခြောက်နှင့်ဘီယာကို ရောသောက်ထားကာ ရုတ်တရက်စိတ်ဖောက်ပြန်၍ ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း
ဆရာဝန်၏ဆေးစာကိုကိုးကား၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးကပြောကြားထားသည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် သာမန်လူသားတစ်ယောက်အဖြစ် ရပ်တည်နေရာမှ အကြောင်းမျိုးစုံဖြင့် စိတ်ရောဂါဝေဒနာရှင်ဖြစ်သွားရသူများမှာ ၎င်းတို့စိတ်ခံစားချက်အတိုင်း ပတ်ဝန်းကျင်ကို မထင်ရင်မထင်သလို ရန်ပြုလေ့ရှိခြင်းကြောင့် မကြာခဏဆိုသလိုပင် ၀မ်းနည်းစရာမှုခင်းဖြစ်စဉ်များ တွေ့မြင်နေရသည်။ စိတ်ဝေဒနာရှင်အစစ်အမှန်ဖြစ်ပြီး စိတ်ပညာကျွမ်းကျင်ဆရာဝန်များက ရူးသွပ်နေသူဖြစ်ကြောင်း ထောက်ခံချက်ပေးထားသူများမှာ ပတ်ဝန်းကျင်တွင် ပြဿနာထွေထွေထူးထူးမရှိဘဲ မှုခင်းဖြစ်စဉ်များကို အဓိကဖန်တီးသူများမှာ ရုတ်တရက်စိတ်ကစဥ့်ကလျားဖြစ်သွားသူများဖြစ်နေသည်။

“အရက်မူးနေတဲ့သူကို အပြင်မှာ တစ်ယောက်ချင်းရင်ဆိုင်ရဲတယ်။ သူက အနည်းနဲ့အများတော့ weak ၀ိ(ခ်)ဖြစ်နေနိုင်တယ်လေ။ ရုတ်တရက် စိတ်ထဖောက်တဲ့သူကတော့ ကိုယ့်ကိုအချိန်မရွေးအန္တရာယ်ပြုနိုင်လို့ အရမ်းကြောက်တယ်”ဟု မကြာခဏစိတ်ဖောက်ပြန်ကာ အိမ်နီးချင်းများကို ရန်ရှာလေ့ရှိသူနှင့် အိမ်ချင်းကပ်လျက်နေထိုင်သူ ကမာရွတ်မြို့နယ်မှ ကျောင်းဆရာမတစ်ဦးကပြောပါသည်။

စိတ်ရောဂါဝေဒနာခံစားနေရသူကို စိတ်ပညာအရ လွဲမှားသောယုံကြည်မှုကြောင့် ဝေဒနာခံစားရခြင်းနှင့် အာရုံလှုံ့ဆော်မှုကြောင့် ဝေဒနာခံစားရခြင်းဟူ၍ ပညာရှင်များက နှစ်မျိုးခွဲခြားထားသည်။ လွဲမှားသောယုံကြည်မှုကြောင့် စိတ်ကစဥ့်ကလျားဖြစ်သည့်ဖြစ်စဉ်တွင် ကာယကံရှင်က မြင်သမျှအရာတိုင်းအား ရန်သူသဖွယ်သတ်မှတ်ကာ တိုက်ခိုက်ခြင်းဖြစ်သည်။ အာရုံလှုံ့ဆော်မှုဖြစ်စဉ်တွင်တော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ၎င်းအား ရန်ပြုတော့မည်ဟု ကာယကံရှင်ကိုယ်တိုင်ခံစားနေရကာ လက်ဦးမှုရယူ၍ တိုက်ခိုက်ခြင်းဖြစ်သည်။

“ကျွန်တော့်စိတ်ကို ကျွန်တော် အစိုးမရခဲ့ဘူး။ ဒီလူက ကျွန်တော့်ကို သတ်တော့မယ်လို့ထင်ပြီး ကိုယ်ကအရင်ဦးအောင်ရိုက်ခဲ့တာ။ အဲဒီတုန်းကအခြေအနေကို မမှတ်မိတော့ပါဘူး။ ဒီလိုနဲ့ ဆေးရုံရောက်ခဲ့ပေမယ့် အခု ကျွန်တော် မရူးပါဘူး။ ကျွန်တော့်ကို မိသားစုကနေ ပြန်လာခေါ်စေချင်ပြီ”ဟု ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ လူနာဆောင်တွင် တွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးက အခြားစိတ်ဝေဒနာရှင် ၃၀ ခန့်နှင့်အတူ သော့ဖြင့်ပိတ်ထားသည့် အခန်းတစ်ခုတည်းတွင်နေရသည်ကို ကြောက်ရွံ့ဟန်ဖြင့်ပြောသည်။

အဆိုပါအမျိုးသားသည် မြေလတ်ပိုင်းဒေသ မြို့နယ်တစ်ခုတွင် နေထိုင်ခဲ့သူဖြစ်ပြီး အိမ်နီးချင်းအမျိုးသမီးတစ်ယောက်အား အကြောင်းမဲ့ရိုက်နှက်ခဲ့သောကြောင့် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသူဖြစ်သည်။ အဆိုပါဆေးရုံတွင် မနေလိုတော့ကြောင်း မိသားစုအားဆက်သွယ်ပေးရန် ဂဏန်းကိုးလုံးပါ ဖုန်းနံပါတ်ကို လွယ်လွယ်ကူကူပင် ပြောပြခဲ့ပြီး ယင်းဖုန်းနံပါတ်တွင်လည်း သူ၏မိသားစုမှာ အမှန်တကယ်ရှိနေခဲ့သည်။ ထို့ကြောင့် စိတ်ပညာရှင်ဆရာဝန်များကိုယ်တိုင် ရူးသွပ်နေသူဟု သတ်မှတ်ထားကာ ဆေးကုပေးနေသည့်လူနာမှာ သာမန်လူကောင်းများအတိုင်း ပြောဆိုဆက်ဆံနေနိုင်သောကြောင့် အခြေခံကျန်းမာရေးအသိပညာအားနည်းသော မြန်မာ့လူ့အဖွဲ့အစည်းတွင် ရုတ်တရက်စိတ်ကစဥ့်ကလျားဖြစ်သွားသူတို့မှာ အချိန်မရွေးပေါက်ကွဲနိုင်သော ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။

“အချိန်အများစုတွေမှာ လူကောင်းအတိုင်းနေတာပါပဲ။ သူတို့ စိတ်အခန့်မသင့်ဖြစ်လာရင် ပတ်ဝန်းကျင်ကိုရန်ရှာတာမျိုးတွေလုပ်တယ်။ ဒါကြောင့် စိတ်ချရတဲ့အခြေအနေရောက်ကာမှ သက်ဆိုင်တဲ့ မိသားစုဝင်တွေကို လာခေါ်ဖို့ဆက်သွယ်ရတယ်။ အဓိကကတော့ ရောဂါသည် နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ကာယကံရှင်မိသားစုက သူ့အပေါ် ဘယ်လိုပြုမှုဆက်ဆံလဲဆိုတာက အရေးပါပါတယ်”ဟု ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှ သူနာပြုဆရာမတစ်ဦးကပြောသည်။

၂၀၁၃ နှစ်ကုန်ပိုင်းက ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ ကရင်ပြည်နယ်မှ လက်ဝှေ့ဝါသနာရှင်ညီအစ်ကိုနှစ်ယောက် လာရောက်ဆေးကုခဲ့ပြီး လူနာဆောင်တွင် အတူရှိနေသည့် အခြားစိတ်ဝေဒနာရှင်များအား မကြာခဏလိုက်လံထိုးကြိတ်လေ့ရှိသောကြောင့် ဆေးရုံဝန်ထမ်းများ အလုပ်ရှုပ်ခဲ့ရကြောင်း အဆိုပါသူနာပြုဆရာမက စိတ်ရောဂါဝေဒနာရှင်များ၏ စိတ်ထဲရှိသည့်အတိုင်းပြုမူတတ်သည့် အလေ့အထကို ရယ်ရွှင်ဖွယ်အတွေ့အကြုံအဖြစ် ပြောပြသည်။

စိတ်ရောဂါဆိုသည်မှာ စစ်တမ်းများအရ လူဆယ်ဦးလျှင်တစ်ဦး ဖြစ်လေ့ရှိသည့် ရောဂါဖြစ်သောကြောင့် မိမိတို့မိသားစုအတွင်း တစ်စုံတစ်ယောက်သည် စိတ်ဝေဒနာခံစားနေရပြီဟု သံသယရှိပါက ရှက်ရွံ့မနေဘဲ စိတ်ရောဂါကုဆရာဝန်နှင့် ချက်ချင်းပြသသင့်ကြောင်း ဒေါက်တာခင်မြင့်ကအကြံပြုပါသည်။

“ခန္ဓာရှိလို့ ရုပ်မှာရောဂါရှိသလို၊ စိတ်မှာလည်း ရောဂါရှိနိုင်တာပဲ။ လူတိုင်း စိတ်ရောဂါရနိုင်ပါတယ်။ ဆိုးရွားတဲ့ပြဿနာတွေ ရင်မဆိုင်ချင်ရင် ကျန်းမာရေးအမြင်ရှိရှိနဲ့ စိတ်ရောဂါကုဆရာဝန်တွေဆီမှာ အရင်ဦးဆုံးပြသဖို့ အကြံပေးချင်ပါတယ်”ဟု ပြောသည်။

စိတ်ရောဂါဝေဒနာရှင်ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အသိစိတ်လုံးဝကင်းမဲ့ကာ ရူးသွပ်နေသူများကိုသာ သတ်မှတ်ခြင်းမဟုတ်ဘဲ ညဘက်အိပ်မပျော်ခြင်း၊ တစ်ဦးတည်းအထီးကျန်နေထိုင်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုများ ခံစားနေရခြင်းများသည်လည်း စိတ်ရောဂါဟုပင် သတ်မှတ်ထားကြောင်း စိတ်ပညာဆရာဝန်ကြီး ဒေါက်တာကျော်စိန်ရေးသားခဲ့သော စာအုပ်အချို့တွင် ဖော်ပြထားသည်။ ယင်းအခြေအနေကို လွဲမှား၍အံချော်နေသော အပြုအမှုပြဿနာ (သို့မဟုတ်) အနုစားစိတ်ရောဂါဟု သတ်မှတ်ထားပြီး ကုသမှုမခံယူပါက ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်နိုင်ကြောင်း ရေးသားထားသည်။

မည်သည့်စေ့ဆော်မှုကြောင့် ရိုက်နှက်မှုကျူးလွန်ခဲ့သည်ကို ရဲတပ်ဖွဲ့မှ အဖြေမထုတ်နိုင်သေးဘဲ မိသားစုဝင်လေးဦး အကြောင်းမဲ့ရိုက်နှက်ခံခဲ့ရသည့်ဖြစ်စဉ်၏ နောက်ကွယ်တွင် ဒဏ်ရာရသူများ ဆေးရုံတွင်ကုသနေရဆဲဖြစ်သလို ရိုက်နှက်သူလည်း စိတ်ကျန်းမာရေးဆေးရုံအတွင်းရှိ မှုခင်းဆောင်တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ နောင်တစ်ချိန် စိတ်ပုံမှန်ပြန်ဖြစ်လာပါက ကျူးလွန်ခဲ့သည့်အမှုကို တရားရုံးတွင် ရင်ဆိုင်ရဦးမည့်အပြင် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့သူ အိမ်နီးချင်းအချင်းချင်းများကြားတွင်လည်း လူဆိုးစာရင်းပေါက်သွားပြီဖြစ်သည်။

ရုတ်တရက်ရိုက်နှက်ခံရကာ မိသားစုလေးဦးလုံး ဒဏ်ရာရရှိခဲ့သည့်ဘက်ကလည်း ယခင်က ရပ်ကွက်ထဲတွင် သာမန်လူကောင်းအတိုင်းနေကာ ပြစ်မှုကျူးလွန်ပြီးကာမှ စိတ်ဖောက်ပြန်နေသည်ဟူသော ဆရာဝန်၏ဆေးစာဖြင့် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနေခြင်းမှာ ပြစ်မှုကိုရှောင်လွှဲလိုခြင်းကြောင့် ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ယူဆထားသည်။

ဦးမောင်ရွှေကတော့ ရုတ်တရက်စိတ်ဖောက်ပြန်သွားသည့် သားဖြစ်သူကို စိတ်မချသောကြောင့် ရပ်ကွက်အတွင်းရှိ နေအိမ်သို့မပြန်တော့ဘဲ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရှိ ခုံတန်းလျားတစ်ခုပေါ်မှနေ၍ သားဖြစ်သူထိန်းသိမ်းခံထားရသည့် မှုခင်းဆောင်ဘက်သို့ ငေးမျှော်ကြည့်နေခဲ့သည်မှာလည်း ဆယ်ရက်ကျော်လာခဲ့ပြီဖြစ်သည်။             ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- အောင်သစ်လွင်

“ကိုယ့်ဘက်ကမှားပြီးမှတော့ ဘာမှဆူဆူပူပူမလုပ်ဘဲ သူတို့ခေါ်သွားတဲ့ အချုပ်ခန်းထဲရောက်ရင် ဘုရား၊ တရားကိုသာ အာရုံပြုပြီး စိတ်တည်ငြိမ်အောင်ထားဖို့ မှာလိုက်နိုင်တာပဲ တတ်နိုင်ပါတော့တယ်”ဟု ရဲလက်သို့ ၎င်း၏သားဖြစ်သူကို ကိုယ်တိုင်အပ်လိုက်သော ဦးမောင်ရွှေ(အမည်ပြောင်း)က ပါးပြင်ပေါ် ရုတ်တရက်စီးကျလာသည့် မျက်ရည်စီးကြောင်းကို သုတ်ရင်းပြောသည်။

လွန်ခဲ့သည့်ငါးနှစ်ခန့်က စိတ်ရောဂါကုဆရာဝန်နှင့် ပြသခဲ့ဖူးသည့် ဦးမောင်ရွှေ၏ အသက်(၂၅)နှစ်အရွယ် သားဖြစ်သူမှာ ညအချိန် ထမင်းလက်စုံစားနေသည့် အိမ်နီးချင်းမိသားစုတစ်စုကို နေအိမ်အတွင်းသို့ တုတ်ဖြင့်ဝင်ရိုက်သောကြောင့် ရပ်ကွက်လူကြီးများနှင့် ရဲများ၏ဖမ်းဆီးခြင်းကိုခံရပြီး စိတ်ရောဂါကုဆရာဝန်၏အကြံပြုချက်ဖြင့် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှုခင်းဆောင်တွင် ထိန်းသိမ်းခံထားရကာ ဆေးကုသမှုခံယူနေရသူဖြစ်သည်။

ထင်မှတ်မထားသည့်အခြေအနေတွင် ရုတ်တရက်စိတ်ဖောက်ပြန်ကာ ပတ်ဝန်းကျင်ကို ရန်ပြုတိုက်ခိုက်ခြင်းကြောင့် လူသေဆုံးမှုများအထိဖြစ်ပေါ်ပြီး အရေးယူခဲ့ရသည့်အမှုများမှာ ၂၀၁၄ ဇန်န၀ါရီလမှ ဖေဖော်ဝါရီတတိယပတ်အတွင်းမှာပင် ၂၀ မှုအထက်သို့ ရှိသွားပြီဖြစ်ကြောင်း နေပြည်တော်ရဲချုပ်ရုံးမှတ်တမ်းများအရသိရသည်။

အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

ရဲရင့်ပွင့်လင်းပြီး ကိုယ်စိတ်ထဲက ပုံစံအတိုင်း နေထိုင်ပြုမူတတ်သူလေးကတော့ သင်ဇာဝင့်ကျော်ပါပဲ။ အားလုံးနဲ့ မတူတဲ့ ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ ၀င်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။ ဖန်စီဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက ခပ်စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။ နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့ ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။
ချစ်သူများနေ့ကိုသူမဖြတ်သန်းဖြစ်တဲ့အကြောင်းကိုတော့ သူမက ‘အလုပ်တွေနဲ့ပဲဖြတ်သန်းဖြစ်ပါတယ်။ သင်ဇာအိမ်ထောင်ပြုဖို့လဲ စိတ်ကူးမရှိဘူး။ စဉ်းလဲမစဉ်းစားထားဘူး။ ကိုယ့်အဖေနဲ့ ကိုယ့်အမေကို ဘယ်လို စိတ်ချမ်းသာအောင်ထားရမလဲဆိုတဲ့ အတွေးမျိုးပဲရှိပါတယ်။ သူတို့နဲ့ပဲနေဦးမယ်။ အချစ်ဆိုတာ သင်ဇာဘ၀မှာမရှိလဲ ဖြစ်တဲ့အရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒီဟာမရှိတော့လဲ နေလို့ရတယ်။

တစ်ချိန်တုန်းက အမေရိကန်တို့ ကျည်ကာ ဝတ်စုံ စမ်းသပ်မှု

တစ်ချိန်တုန်းက အမေရိကန်တို့ ကျည်ကာ ဝတ်စုံ စမ်းသပ်မှု

ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။ 

၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ- ပထမ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကျည်ကာ ဝတ်စုံ စမ်းသပ်ထုတ်လုပ်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှာ ကတော့ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလက ဝါရှင်တန် ဒီစီမှာ အမေရိကန်တို့ ကျည် မပေါက် ဝတ်စုံ လက်တွေ့ စမ်းသပ်နေမှု ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း အများအပြား ထုတ်လုပ် ရောင်းချနိုင်မှုကြောင့် စီးပွား တစ်ဟုန်ထိုး မြင့်တက်ခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ 

အမှန်တကယ် အရည်အသွေးကောင်းမွန်တဲ့ လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကျည်ကာ ဝတ်စုံများ ထုတ်လုပ်သည့် နိုင်ငံအဖြစ်လည်း အမေရိကန်က အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။ 
--
Ref: wiki

အောင်ခမ်း (ရိုးရာလေး)

.

ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ- ပထမ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကျည်ကာ ဝတ်စုံ စမ်းသပ်ထုတ်လုပ်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှာ ကတော့ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလက ဝါရှင်တန် ဒီစီမှာ အမေရိကန်တို့ ကျည် မပေါက် ဝတ်စုံ လက်တွေ့ စမ်းသပ်နေမှု ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း အများအပြား ထုတ်လုပ် ရောင်းချနိုင်မှုကြောင့် စီးပွား တစ်ဟုန်ထိုး မြင့်တက်ခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကင်တာနား တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားဟာ  နေပြည်တော်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကင်တာနား၊ ဓာတ်ပုံ- NLD Chairperson's Office

နေပြည်တော် နှင်းဆီအိမ်တော်လို့ ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ မစ္စတာ ကင်တာနားကို ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ 
ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်က လက်ခံတွေ့ဆုံပြီး 
ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေကိုတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ 

အိမ့်သံစဉ် ~ 

Irrawaddy News

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဗေဒင်ကိစ္စ ငြင်းခုံစဉ် စည်ပင် အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်း အသက် ၃၀ အရွယ် ကိုအရှည်ကြီးက ယူလာသော အရှည်တစ်ပေခန့်ရှိ ဝါးရိုးတပ်ဓားဖြင့် ဗေဒင်ဆရာ ကိုထိုးခဲ့ပြီး သီဟဆိုသူက ကိုအရှည်ကြီးထံမှ ဓားကိုလုကာ ဗေဒင်ဆရာကို ထပ်မံထိုးခဲ့သဖြင့် ဘယ်လက်ချောင်းများတွင် ပြတ်ရှဒဏ်ရာများနှင့် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗေဒင်ဆရာ၏ တူဖြစ်သူ တိုင်တန်းချက်အရ သိရှိရသည်။

အဆိုပါ ဗေဒင်ဆရာမှာ မန္တလေးမြို့ အမရပူရမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တူဖြစ်သူ စည်ပင်ဝန်ထမ်း နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဓားထိုးခံရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက်ခံရမှု ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းလုပ်ဆောင်ရန် ဦးရဲထွဋ် အကြံပြု

Photo: စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက်ခံရမှု ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းလုပ်ဆောင်ရန်   ဦးရဲထွဋ် အကြံပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေး၊ ရန်ကုန် ကဲ့သို့သော မြို့ကြီး အချို့တွင် စာပေဟောပြောပွဲများကို ဟန့်တား နှောင့်ယှက်ခံရမှုများ ကြုံတွေ့ လာရသောကြောင့် စာပေဟောပြောပွဲ မကျင်းပမီ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ကြိုတင် ညှိနှိုင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အကြံပြု ပြောကြားသည်။ 

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ်နှင့် တပ်ကုန်းမြို့တို့တွင် စာပေဟောပြောပွဲ ကျင်းပခွင့် ပိတ်ပင်ခံရခြင်း၊ စာရေးဆရာများ ဟောပြောခွင့် ပိတ်ခံရခြင်းနှင့် ဟောပြောခွင့်ရ စာရေးဆရာ အချို့ကို လူပုဂ္ဂိုလ်နှင့် ရဟန်းသံဃာ အချို့က ဟန့်တား နှောင့်ယှက်ခဲ့မှုများနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“ဒီလိုဟန့်တား ပိတ်ပင်တာတွေက အခြေခံ ဥပဒေနဲ့လည်း မညီပါဘူး။ အကောင်းဆုံးကတော့ တိုင်းဒေသကြီး အစိုးရတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သင့်တယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်လို့ ရပေမယ့် နောက်ဆုံးအဆင့်မှ အဲဒီလို စဉ်းစားတာ ကောင်းပါတယ်” ဟု ဦးရဲထွဋ်က အကြံပြုသည်။

ထိုသို့ စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက် ခံရမှုများမှာ ဒီမိုကရေစီကို ဆန့်ကျင်သော လုပ်ရပ်များ ဖြစ်ပြီး အခြားသော ရည်ရွယ်ချက်များလည်း ပါရှိနေကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ထုတ်ပြန် ပြောဆိုသည်။

ယင်းအတွက် အာဏာရှင်စနစ်ချုပ် ငြိမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး လိုလားသော နိုင်ငံသားများအနေနှင့် စာရေးဆရာများ၏ အခွင့်အရေးကို ဝိုင်းဝန်း ကာကွယ်ရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဟောပြောခွင့် ဟန့်တားခံရသူ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေးကလည်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ၎င်း၏ စာပေဟောပြောခွင့်ကို လူပုဂ္ဂိုလ်နှင့် ရဟန်းသံဃာအချို့က လာရောက် ဟန့်တားသည့်အပေါ် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း The Voice သို့ ပြောဆိုသည်။
“ဒါတွေက ဘာသာရေးနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေး ကိစ္စတွေပါ” ဟု အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သူ ဦးမြအေးက ဆိုသည်။

မြန်မာနိုင်ငံရှိ နေရာဒေသ အချို့တွင် စာပေဟောပြောပွဲများကို ဒေသအာဏာပိုင်များက ပွဲမိန့် ကန့်သတ်နေမှုကိုလည်း ဖြေလျှော့ ပေးသင့်ကြောင်း၊ ပွဲစီစဉ်သူများကလည်း သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ အစိုးရအဖွဲ့ထိတိုင် ညှိနှိုင်း လုပ်ဆောင်ခွင့် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောဆိုသည်။

မစိုးရိမ်တိုက်သစ် နာယက ဆရာတော် တစ်ပါးဖြစ်သူ အရှင်ဝီရသူကမူ “ဦးကိုနီကို အယုံအကြည် မရှိလို့ဖြစ်တာ။ ကိုမြအေးကတော့ သမီးရဲ့အရိပ် လွှမ်းခံရတာပေါ့။ သားသမီးမကောင်း မိဘခေါင်းလေ” ဟု စာပေဟောပြောပွဲခွင့် ဟန့်တားခံရမှုများနှင့် ပတ်သက်၍ မိန့်ကြားသည်။

ဇန်နဝါရီလမှ စတင်၍ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ စသည့် နိုင်ငံရေး ခေါင်းဆောင် စာရေးဆရာနှစ်ဦး၏ တပ်ကုန်းမြို့စာပေ ဟောပြောပွဲကို ပိတ်ပင်ခြင်း၊ ပျော်ဘွယ် မြို့နယ်တွင် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဦးဘုန်း (ဓာတု) တို့ကို ဟောပြောခွင့် ပိတ်ပင်ခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အစ္စလာမ် ဘာသာဝင် စာရေးဆရာ ရှေ့နေဦးကိုနီနှင့် နိုင်ငံရေး ခေါင်းဆောင် စာရေးဆရာ ဦးမြအေးတို့၏ စာပေဟောပြောပွဲ ပိတ်ပင် ဟန့်တားခံရခြင်းများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေး၊ ရန်ကုန် ကဲ့သို့သော မြို့ကြီး အချို့တွင် စာပေဟောပြောပွဲများကို ဟန့်တား နှောင့်ယှက်ခံရမှုများ ကြုံတွေ့ လာရသောကြောင့် စာပေဟောပြောပွဲ မကျင်းပမီ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ကြိုတင် ညှိနှိုင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အကြံပြု ပြောကြားသည်။

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ်နှင့် တပ်ကုန်းမြို့တို့တွင် စာပေဟောပြောပွဲ ကျင်းပခွင့် ပိတ်ပင်ခံရခြင်း၊ စာရေးဆရာများ ဟောပြောခွင့် ပိတ်ခံရခြင်းနှင့် ဟောပြောခွင့်ရ စာရေးဆရာ အချို့ကို လူပုဂ္ဂိုလ်နှင့် ရဟန်းသံဃာ အချို့က ဟန့်တား နှောင့်ယှက်ခဲ့မှုများနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“ဒီလိုဟန့်တား ပိတ်ပင်တာတွေက အခြေခံ ဥပဒေနဲ့လည်း မညီပါဘူး။ အကောင်းဆုံးကတော့ တိုင်းဒေသကြီး အစိုးရတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သင့်တယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်လို့ ရပေမယ့် နောက်ဆုံးအဆင့်မှ အဲဒီလို စဉ်းစားတာ ကောင်းပါတယ်” ဟု ဦးရဲထွဋ်က အကြံပြုသည်။

ထိုသို့ စာပေဟောပြောပွဲများ ဟန့်တား နှောင့်ယှက် ခံရမှုများမှာ ဒီမိုကရေစီကို ဆန့်ကျင်သော လုပ်ရပ်များ ဖြစ်ပြီး အခြားသော ရည်ရွယ်ချက်များလည်း ပါရှိနေကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ထုတ်ပြန် ပြောဆိုသည်။

GTC ဆရာမ တစ်ဦးစစ်တွေတွင် ကြိုးဆွဲချသေဆုံး

ရခိုင်ပြည်နယ်စစ်တွေမြို့ ရှိ ကျောင်းတက်လမ်း ရပ်ကွက်မှာနေထိုင်သော နည်းပညာကောလိပ် GTC က ဆရာမတစ်ဦးကြိုးဆွဲချ သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ နံနက် ၄နာရီခွဲ အချိန်တွင်  ကြိုးတွဲချပြီး သေဆုံးသွားကြောင်း အိမ်နီးနားချင်းများက ပြောသည်။

၎င်းဆရာမသည် ကျန်းမာရေးချို့တဲ့နေပြီး စိတ်မမှန် ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခင်ကလည်း သေကြောင်းကြံစည်မူ (၂) ကြိမ် ရှိခဲ့ကြောင်း ရဲတာဝန်ရှိသူမှ ပြောကြားသည်။

၎င်းအမျိုးသမီးမှာ မခင်မိုး ဖြစ်ကြောင်း သိရပြီး +++ ဇနီးဖြစ်ကြောင်း သိရသည်။

narinjara

စစ်ကိုင်းတိုင်းအတွင်း ကြိုးဆွဲချ၍ အဆုံးစီရင်မှု တစ်လအတွင်း လေးခုထိဖြစ်ပွား

ကိုတိုးကြီး| ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

မုံရွာ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီအတွင်း မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီးရင်သည့် သေမှုသေခင်း လေးခုရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက
ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၁၈ တစ်ရက်တည်း၌ပင် မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီးရင်သူ လူနှစ်ဦးရှိနေသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းအတွင်း ထူးခြားဖြစ်စဉ် နေ့စဉ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဖြစ်စဉ်များမှာ ဖေဖော်ဝါရီ ၁၈ ရက်က တမူးမြို့၊ မြို့ မ(၁၂/ခ)ရပ်ကွက်၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လူမနေသည့် တောတွင်း ကောက်ရိုးစင်တွင် ၄၅ နှစ်အရွယ်ရှိ ကိုဂျဲနာရမ်း ဆိုသူသည် ဝါယာကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့သည်။ ထို့ကြောင့် တမူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/ ၂၀၁၄ အရ အမှုရေးဖွင့်ခဲ့သည်။

ဂုဏ်သိက္ခာဆိုတာ ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ရွှေမှုံရတီ

February 19, 2014 at 1:34pm
မြင့်မြင့်စိုး

 “မျက်လုံးကလေး ကလယ်ကလယ်” ဇာတ်ကားဖြင့် ပရိသတ်တွေ ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့ ရွှေမှုံ ရတီရဲ့သရုပ်ဆောင်ချက်ဟာ ပီပြင်လွန်းလှပါတယ်။ ဒီဇာတ်ကားနဲ့ စန်းထခဲ့တဲ့ ရွှေမှုံရတီဟာ မျိုး ဆက်သစ် လူငယ်သရုပ်ဆောင်များထဲမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်သူရယ်လို့ ယခုအချိန်မှာ အများက မှတ်ချက်ပြုခြင်းခံရသူ တစ်ဦးပါ။ ဒါကြောင့်မို့ ရွှေမှုံရတီရဲ့ အနုပညာ၊ကိုယ်ကျင့်သိက္ခာ တရားတွေနဲ့ ပတ်သက်ပြီး မဇ္ဈိမက ပွင့်လင်းစွာမေးကြည့်တော့ . . .

အခုတစ်လော ဘာတွေလုပ်နေလဲ။

လတ်တလောကတော့ မတ်လမှာ စာမေးပွဲဖြေရမှာဖြစ်လို့ ဒီတစ်လလုံး အလုပ်တွေ နားထားတယ်။

အနုပညာပျိုးခင်းနဲ့ လက်တွဲလုပ်ကိုင်လာရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ကောလာဟလတွေကို ဘယ် လိုမြင်လဲ။

ကောလာဟလကို ဘယ်လိုမှ မမြင်ပါဘူး။ သူတို့ဘာသာ သူတို့ပြောချင်တာ ပြောပေါ့။ ရွှေမှုံဆရာတွေက ဘာမှဂရုမစိုက်တတ်အောင် ရွှေမှုံတို့ကို သင်ပေးထားတယ်။

ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်

ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ပြိုင်ကားဖမ်းဆီးရေးအဖွဲ့ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ည ၈ နာရီခွဲက သာကေတမြို့နယ် ဦးစီးရုံးမှ ရဲအုပ် စိုးဝဏ္ဏအောင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမကြီး၊ ရှုခင်း သာဟိုတယ်ရှေ့တွင် ပြိုင်ကားဖမ်းဆီးရေးတာဝန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၉ နာရီ ၄၅ မိနစ်တွင် ဒေါပုံဘက်မှ သန်လျင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမပြုဘဲ အော်ဟစ်စီးနင်းသွားသည်ဟုလည်း ထည့်သွင်းပြောပြတိုင် တန်းထားသည်။

အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့်ရောင်းမည်

စ,ချိုကိုကို|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော ကာတာနိုင်ငံအခြေစိုက် အူရီးဒူး ကုမ္ပဏီက ၂၀၁၄ ဇူလိုင်လ၀န်းကျင်တွင် မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့် စတင်ရောင်းချပေးသွား မည်ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် 2nd Telecoms Infrastructure Summit 2014 တွင် ပြောသည်။

Mr. Ross Cormack က “ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ကို အဆင်သင့်လုပ် နေပါပြီ။ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ဆင်းမ်ကတ်တွေကို ကျပ် ၁၅၀၀ နှင့် ရောင်းချပေးမှာဖြစ်ပြီး ဖုန်းပြော ဆိုခတွေကတော့ အခုအချိန်မှာ ပြောဖို့စောသေးပါတယ်”ဟု သတင်းထောက်များကို ပြန်လည်ဖြေကြား သည်။

မိုဘိုင်းဝန်ဆောင်မှုပေးသည့်အခါတွင်လည်း 3G ကွန်ရက်ရရှိအောင် ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံး ပေါ်3G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

နိမ့်ကျခံစားမှုနဲ့ လူ့တန်ဖိုး

Photo: #emg_opinions

နိမ့်ကျခံစားမှုနဲ့ လူ့တန်ဖိုး 

(Written by: တင့်ခိုင်)

အတန်းထဲတွင် အဆင့် (၁) ရသဖြင့် ဆရာမက သမီးငယ်ကရုဏာကို ဆုပေးလိုက်သည်။ ထိုဆုဖြစ်သော ဘော့ပင်လေးကိုကိုင်ကာ သမီးငယ်သည် ကျွန်တော့်ရင်ခွင်သို့ ပြေးဝင်လာသည်။ ကျွန်တော်က "ငါ့သမီးက သိပ်တော်တာပဲ" ဟုပြောပြီး သမီးငယ်၏ ပါးနှစ်ဖက်ကို အားရပါးရနမ်းသည်။ ဒါသည်ပင် ကျွန်တော်ပေးလိုက်သော ဆုတစ်ဆုဖြစ်သည်။

သမီးငယ်ထပြန်သွားသောအခါ ကျွန်တော်စဉ်းစားကြည့်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူများ တစ်ပြည်လုံး လူတစ်သိန်းဝင်ဖြေသည် ဆိုကြပါစို့။ ထိုအထဲမှ အတော်ဆုံး ၁၀ ယောက်ကိုရွေးပြီး ဆုပေးလိုက်သည်။ သို့ဆိုပါလျှင် ကျန် ၉၉၉၉၀ သည် မတော်သူများ ဖြစ်သွားပြီလား။ တစ်သိန်းမှာ ဆယ်ယောက်ကိုသာ ထူးချွန်ပြောင်မြောက်သူအဖြစ် 'စံ' ထားပြီး ချီးမြှောက်လိုက်ခြင်းဖြင့် မရည်ရွယ်ပါဘဲလျက်နှင့် ကျန်လူအများစုသည် အသုံးမကျသော၊ အရာမရောက်သော လူ့အန္ဓများ အလိုလိုဖြစ်သွားပေလိမ့်မည်။

လူ့တန်ဖိုးသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံးရသည်နှင့် မည်သို့ပတ်သက် ဆက်စပ်နေပါသနည်း။ ပညာရေးနှင့် ဆက်စပ်သူများ စဉ်းစားရန်လိုပြီ။ ပြဋ္ဌာန်းစာကိုမကျက်၍ စာမေးပွဲကျသည်။ အမှတ်နည်းသည်။ ပြဋ္ဌာန်းစာကို '၏-သည်' မလွဲ ကျက်မှတ်ဖြေဆိုနိုင်သဖြင့် ဆေးတက္ကသိုလ်၊ ရေကြောင်း၊ UFL တို့ကို တက်ခွင့်ရသည်။ အဆိုပါကျောင်းသား နှစ်မျိုးနှစ်စားတို့တွင် မည်သည့်အရာက ကွာနေပါသနည်း။ IQ လား၊ ကြိုးပမ်းအားထုတ်မှုလား၊ လူ့တန်ဖိုးသည် ထိုကျက်မှတ်နိုင်မှုအပေါ် အခြေခံပါသလား။ ဤကိစ္စကို လူတိုင်းစဉ်းစားကြမည်မဟုတ်ပါ။ သို့ရာတွင် ပညာရေးကို ပြောင်းလဲတော့မည်ဆိုသောအခါ ဤကိစ္စသည် ထည့်သွင်းစဉ်းစားရမည့် ကိစ္စဖြစ်သည်။ လူငယ်တစ်ယောက်၊ ကျောင်းသားတစ်ယောက်၏ အနာဂတ်တက်လမ်းကို ပိတ်ဆို့ပစ်လိုက်သော မည်သည့်ပညာရေးစနစ်ကိုမှ မပြဋ္ဌာန်းသင့်ပါ။

ကလေးတိုင်းသည် တန်ဖိုးရှိပါ၏။ မိမိကိုယ်ကိုယ် တန်ဖိုးမရှိဟူသော အသိစွဲငြိသွားခဲ့ပါလျှင် သိမ်ငယ်ခံစားမှု၊ နိမ့်ကျခံစားမှုများ ၀င်လာမည်။ ထိုအခါ ထိုကလေးသည် အနာဂတ်တွင် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် အပေါင်းလက္ခဏာ မဆောင်နိုင်တော့ပါ။ စိတ်ပညာဘာသာရပ်တွင် inferiority complex သည် လူသားတစ်ဦး၏ဘ၀ကို ရိုက်ချိုးပစ်လိုက်သော၊ မလိုလားအပ်သော စိတ်ခံစားမှုတစ်ခုဖြစ်သည်။ ဆယ်ကျော်သက်အရွယ်လူငယ်များတွင် မကြာခဏတွေ့မြင်နေရသော ကလန်ကဆန်လုပ်မှုများ၊ မကျေနပ်မှုများ၊ ပေါက်ကွဲမှုများနှင့် ရန်လိုမှုများသည် ထိန်းချုပ်၍ မရနိုင်သော သိမ်ငယ်ခံစားမှုများနှင့် မပြည့်စုံမှုများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။ 

ကျောင်းသားလူငယ်တစ်ဦး၏ နောက်ကွယ်တွင် သူ့မိသားစုဘ၀လေးတစ်ခုရှိသည်။ ထိုဘ၀မှန်ကို လက်ခံပြီးကြီးပြင်းရန် လိုသည်။ ထိုအခါ ကလေးနှင့်တိုက်ရိုက်ဆက်စပ်နေသော အိမ်နှင့်ကျောင်းသည် ကလေးမိမိကိုယ်ကိုယ် မိမိယုံကြည်စိတ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားသောစိတ် ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးရန် တာဝန်ရှိလာသည်။ ယနေ့ကျောင်းများသည် ကလေးငယ်တစ်ဦး၏ လူ့တန်ဖိုးကို မည်မျှအသိအမှတ်ပြုကြပါသနည်း။ စာသင်ကျောင်းတစ်ကျောင်းသည် သူ့ရင်ခွင်ရှိ ကလေးများကို လူ့သိက္ခာရှိမှု၊ မိမိကိုယ်ကို လေးစားယုံကြည်မှုတို့ ပြည့်ဝအောင် မြေတောင်မြှောက်ပေးရန် တာဝန်ရှိသည်။

သိမ်ငယ်စိတ်ဝင်နေသူတစ်ဦးသည် မိမိကိုယ်ကိုမိမိ ယုံကြည်မှုမရှိတော့။ ကိုယ့်သိက္ခာ ကိုယ့်တန်ဖိုးကိုလည်း ထားရကောင်းမှန်းမသိတော့ပါ။ ထို့ကြောင့် အောင်မြင်မှုနှင့် ဝေးကွာသွားတတ်ပါ၏။
ပုဂ္ဂိုလ်ရေးတန်ဖိုးဟူသည် မိမိကိုယ်ကို တန်ဖိုးမဲ့သူဟု ထင်နေသူအချို့အတွက်သာမဟုတ်၊ လူ့အဖွဲ့အစည်းဝင်အားလုံးနှင့် ပတ်သက်နေသော အချင်းအရာဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းကြတော့မည်ဆိုသောအခါ အရေးတကြီးလိုအပ်လာသည်မှာ ပုဂ္ဂိုလ်ရေးရာတန်ဖိုးဖြစ်သည်။ လူတိုင်းသည် မိမိကိုယ်ကိုယ်တန်ဖိုးရှိသူဟု ယုံကြည်လက်ခံပြီး အခြားခံလူများကိုလည်း တန်ဖိုးရှိသူများအဖြစ် သတ်မှတ်လက်ခံနိုင်ပါမှသာ ဤလူ့ဘောင်လောကကြီးသည် ငြိမ်းချမ်းသာယာလာမည်။ အသားအရောင်၊ လူမျိုး၊ ဘာသာများနဲ့ လူ့တန်ဖိုးကိုသတ်မှတ်ပြီး ခွဲခြားဆက်ဆံနေသော လူ့အဖွဲ့အစည်းတစ်ခုသည် မည်မျှပင် ဒီမိုကရေစီဟု အော်ဟစ်အော်ဟစ်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမဟုတ်ပါ။ လူ့တန်ဖိုးအစစ်ကို နားလည်နိုင်စွမ်းမရှိသောသူများက လွှမ်းမိုးနေမှုကြောင့်ပင် ထိုသို့ဖြစ်နေခြင်းဖြစ်သည်။ လူ့တန်ဖိုးကို အကဲဖြတ်မှုနှင့် စပ်လျဉ်း၍ လုံးဝတရားမျှတမှုမရှိသော စနစ်ကြောင့်ပင် ဤသို့ဖြစ်နေခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခုကို  တဖြည်းဖြည်းပြောင်းလဲရယူဖို့ဟု ဆိုရာတွင် အဓိကအားဖြင့် ပညာရေးပညာရှင်တို့လိုသည်။ အာဏာရှိသူတို့သည် ထိုသူတို့ကို ယုံယုံကြည်ကြည် အပ်နှံရမည်ဖြစ်သည်။ မိမိကိုယ်တိုင် ကမ္ဘာကြီးကို ခေတ်မီမီမကြည့်တတ်သူများသည် ပညာလူ့အဖွဲ့အစည်းကို မြင်နိုင်လောက်သော ကိုယ်ရည်ကိုယ်သွေးမရှိပါ။ ကိုယ်ရည်ကိုယ်သွေး အဆင့်မမီသူများသည် နိုင်ငံ၏ကံကြမ္မာကို ဖန်တီးသူများ၏နေရာတွင် မနေသင့်ပါ။ ထိုသို့သောနေရာတွင် ရောက်နေခြင်းဖြင့် သူလည်းအရာမရောက်သလို၊ နိုင်ငံ၏ အနာဂတ်သည်လည်း မရေမရာ မသေမချာဖြစ်နေတတ်ပါ၏။

ယနေ့ကလေး၊ လူငယ်ကျောင်းသူ ကျောင်းသားများသည် အနာဂတ်လူ့အဖွဲ့အစည်းသစ်ကို စီမံဖန်တီးကြရမည့် ဗိသုကာလေးများဖြစ်သည်။ သူတို့ကို မှန်ကန်စွာ ကြီးပြင်းနိုင်ရန်လိုသည်။ သူတို့ဘ၀တွင် ကြုံတွေ့ရင်ဆိုင်ရမည့် အတားအဆီး အခက်အခဲဟူသမျှတို့ကို ကျော်လွှားပြီး အောင်မြင်မှုကို သိမ်းပိုက်နိုင်ရန်လိုပါသည်။ သည့်အတွက် ဘ၀ကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်မည့် စိတ်အင်အားရှိရန် လိုပါသည်။ သိမ်ငယ်စိတ်၊ နိမ့်ကျစိတ်များဝင်နေသာ ကလေးငယ်တစ်ဦးတွင် ရင်ဆိုင်နိုင်သော စိတ်အရည်အချင်း မရှိနိုင်ပါ။

အဆိုးဆုံးမှာ တာဝန်ရှိသူများကိုယ်တိုင်က လူမမယ်ကလေးအပေါ် လူမျိုးအရ၊ ဘာသာအရ၊ အသားအရောင်အရ၊ ရုပ်ရည်အရ၊ မိဘဆွေမျိုးအသိုက်အ၀န်းအရ ခွဲခြားဆက်ဆံလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါကလေး၏ ရင်တွင်း၌ inferiority complex သည် ချက်ချင်းပေါ်လာတော့သည်။ ထိုသိမ်ငယ်ခံစားမှုသည်ပင် ကလေး၏ အနာဂတ်ကို ရိုက်ချိုးပစ်လိုက်ပါ၏။

လူပင်ဖြစ်သော်လည်း အပယ်ခံဘ၀၊ အနှိမ်ခံဘ၀၊ တန်ဖိုးမဲ့ဘ၀လူသားများအဖြစ် သတ်မှတ်ခြင်းခံရသည့်အခါ အကြမ်းဖက် ရန်လိုတိုက်ခိုက်မှု၊ ဆက်ဆံရေးမတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးပျက်ပြားမှုတို့ ဖြစ်ပေါ်လာသည်။
မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်မျိုးနွယ်ပင်ဖြစ်ပါစေ လူသားဟူသမျှသည် တန်ဖိုးရှိသည်သာဖြစ်သည်။ လူမျိုးရေးအမြင်ကျဉ်းမှု၊ ဘာသာရေးအယူသည်းမှုများကို အကြမ်းဖက်နည်းဖြင့် အပြုတ်တိုက်၍ ရနိုင်မည်မဟုတ်။ သြဇာရှိသူ၊ သြဇာကြီးသူများက နှစ်သိမ့်ပညာပေးမှု တဖြည်းဖြည်း ပြုပြင်ပေးမှ ရမည်ထင်ပါသည်။ ပုဂ္ဂိုလ်ရေးတန်ဖိုး၊ တစ်နည်းဆိုသော လူ့တန်ဖိုးဆိုသည်က မွေးရာပါ ကိုယ်ပိုင်လက္ခဏာများဖြင့် ရှိသူကရှိပြီး မရှိသူက မရှိဟူ၍ မဖြစ်စကောင်းပါ။ လူအဖြစ်မွေးလာပြီးကတည်းက လူ့တန်ဖိုးက ပါပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ ကလေးသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။ ကျောင်းသည် ဗိသုကာကောင်းများ မွေးထုတ်ရာနေရာဖြစ်သည်။ မိဘနှင့်ဆရာများသည် ကလေးတစ်ယောက်၊ အနာဂတ်ပညာလူ့အဖွဲ့အစည်းတွင် အရာရောက်သော လူသားတစ်ဦးဖြစ်လာစေရန်အတွက် သူတို့ကို မိမိကိုယ်မိမိ ယုံကြည်စိတ်ရှိလာအောင် ကိုယ့်သိက္ခာကိုကိုယ် လေးစားစိတ်တို့ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးရမည်။ သို့မှသာ ယနေ့အချိန်၌ ဆင်းရဲတွင်းနက်နေသော မြန်မာနိုင်ငံသည် တစ်နေ့တွင် တန်းမီ၊ အဆင့်မီနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

(Written by: တင့်ခိုင်)

အတန်းထဲတွင် အဆင့် (၁) ရသဖြင့် ဆရာမက သမီးငယ်ကရုဏာကို ဆုပေးလိုက်သည်။ ထိုဆုဖြစ်သော ဘော့ပင်လေးကိုကိုင်ကာ သမီးငယ်သည် ကျွန်တော့်ရင်ခွင်သို့ ပြေးဝင်လာသည်။ ကျွန်တော်က "ငါ့သမီးက သိပ်တော်တာပဲ" ဟုပြောပြီး သမီးငယ်၏ ပါးနှစ်ဖက်ကို အားရပါးရနမ်းသည်။ ဒါသည်ပင် ကျွန်တော်ပေးလိုက်သော ဆုတစ်ဆုဖြစ်သည်။

သမီးငယ်ထပြန်သွားသောအခါ ကျွန်တော်စဉ်းစားကြည့်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူများ တစ်ပြည်လုံး လူတစ်သိန်းဝင်ဖြေသည် ဆိုကြပါစို့။ ထိုအထဲမှ အတော်ဆုံး ၁၀ ယောက်ကိုရွေးပြီး ဆုပေးလိုက်သည်။ သို့ဆိုပါလျှင် ကျန် ၉၉၉၉၀ သည် မတော်သူများ ဖြစ်သွားပြီလား။ တစ်သိန်းမှာ ဆယ်ယောက်ကိုသာ ထူးချွန်ပြောင်မြောက်သူအဖြစ် 'စံ' ထားပြီး ချီးမြှောက်လိုက်ခြင်းဖြင့် မရည်ရွယ်ပါဘဲလျက်နှင့် ကျန်လူအများစုသည် အသုံးမကျသော၊ အရာမရောက်သော လူ့အန္ဓများ အလိုလိုဖြစ်သွားပေလိမ့်မည်။

လူ့တန်ဖိုးသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံးရသည်နှင့် မည်သို့ပတ်သက် ဆက်စပ်နေပါသနည်း။ ပညာရေးနှင့် ဆက်စပ်သူများ စဉ်းစားရန်လိုပြီ။ ပြဋ္ဌာန်းစာကိုမကျက်၍ စာမေးပွဲကျသည်။ အမှတ်နည်းသည်။ ပြဋ္ဌာန်းစာကို '၏-သည်' မလွဲ ကျက်မှတ်ဖြေဆိုနိုင်သဖြင့် ဆေးတက္ကသိုလ်၊ ရေကြောင်း၊ UFL တို့ကို တက်ခွင့်ရသည်။

သမီးကလေးကျေးရွာ ဖြစ်စဉ်အပါအ၀င် ကျူးကျော်ကိစ္စများအတွက် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြောကြား

Photo: ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှစ၍ သမီးကလေးကျေးရွာအား အင်အားသုံးဖယ်ရှားခြင်းအပါအ၀င် မြေယာမဲ့ပြည်သူများအရေး၊ သိမ်းဆည်းခံ တောင်သူ လယ်သမားတို့ အရေးအား ဖြေရှင်းရန် ဆန္ဒပြကြစဉ်

သမီးကလေးကျေးရွာ ဖယ်ရှားခံရမှု ဖြစ်စဉ်အပါအ၀င် ကျူးကျော်ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းမှုကို အခြားဒေသများမှ ရန်ကုန်သို့ပြောင်းရွှေ့လာပြီး ငှားရမ်းနေထိုင်သူများ၊ ငှားရမ်းခ မပေးရသည့်နေရာတွင် ကျူးကျော်နေထိုင်သူများ မိမိနေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ်ရယူလိုသောကြောင့် မြေဦး၊ နေရာဦးပြီး နေထိုင်သူအများစုဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စများကို ဖြေရှင်းရန် အစိုးရအနေဖြင့် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က The Daily Eleven သတင်းစာသို့ ပြန်လည်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာအား ဖေဖော်ဝါရီ ၄ ရက် အစောပိုင်းအချိန်တွင် တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ ဖျက်သိမ်းခဲ့ပြီး ကျေးရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်း၌ ခိုလှုံနေရလျက်ရှိသည်။ သို့သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက အဆိုပါရွာသားများကို ကျောင်းတိုက်အတွင်းမှ ထွက်ပေးရန် အမိန့်ထုတ်ခဲ့ခြင်းကြောင့် အဆိုပါဖြစ်စဉ်အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ကျူးကျော်ဖယ်ရှားမှု ပြဿနာများအပေါ် အစိုးရအနေဖြင့် မည်သို့ကိုင်တွယ်လုပ်ဆောင်ရန် စီစဉ်ထားမှု ရှိ မရှိ သိလိုကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ထံသို့ ဆက်သွယ်မေးမြန်းခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မူဝါဒချမှတ်ပြောကြား

Photo: ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မူဝါဒချမှတ်ပြောကြား 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မူဝါဒချမှတ် ပြောကြားသည်။

ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွက် အခြေခံမူများ ချမှတ်ရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခြေခံမူများကို ပြည်ထောင်စုလွှတ်တော်နာယက အနေဖြင့် သတ်မှတ်လမ်းညွှန်ပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဥက္ကဋ္ဌက စာရေးသားတောင်းဆိုလာသဖြင့် ယခုကဲ့သို့ မူဝါဒများ ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ချမှတ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခြေခံမူများတွင် ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံး ခြောက်လအလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြဇယား သတ်မှတ်ဆောင်ရွက်ရန်ဟူ၍ ပါရှိသည်။

ထို့ပြင် “နိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေး” ဟူသည့် ဦးတည်ချက် အောင်မြင်ရေးအတွက် တပ်မတော်၏ လက်ရှိပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင်မည့် နည်းလမ်းများကို လေ့လာသုံးသပ်ခြင်း ဆောင်ရွက်ရန် ပါဝင်သည်။

ထို့ပြင် “တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချိမ်းရေးကို ဖော်ဆောင်ရေး” ဟူသောဦးတည်ချက် အောင်မြင်စေရေးအတွက် ဗဟိုဦးစီးစနစ် များလွန်းနေသည့် ကိစ္စရပ်များကို လျှော့ချရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းဆောင်ရွက်ရန် ပါဝင်သည်။

“နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး” ဟူသည့်ဦးတည်ချက် အောင်မြင်စေရေးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေသော ကိစ္စရပ်များနှင့် ဆက်စပ်လျက်ရှိသည့် သမ္မတအုပ်ချုပ်ရေးစနစ်နှင့် ပါလီမန်အုပ်ချုပ်ရေးစနစ် ပေါင်းစပ်ထားသော ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးလျက်ရှိခြင်း၊ နိုင်ငံတော်သမ္မတ ရွေးချယ်မှုပုံစံသည် ပါလီမန်အုပ်ချုပ်ရေးစနစ်၏ ၀န်ကြီးချုပ်ရွေးချယ်မှုပုံစံနှင့် တူညီစွာသတ်မှတ်ထားခြင်း၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ပေးအပ်ခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့် နိုင်ငံရေးပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိခြင်းအပေါ် လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းတို့ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရာတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှုအတွက် အထောက်အကူပြုရေး၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှုနှင့် ညီညွတ်မှုရှိစေရေး အချက်များကို ထည့်သွင်းစဉ်းစား သုံးသပ်ရမည်ဟု ပါရှိသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ အချိန်လိုတယ်။ လွှတ်တော်တစ်ခုတည်းဆိုတာထက် အခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးဖြစ်ရမယ့် အချိန်ကာလ သတ်မှတ်ချက်တစ်ခုကို တိတိကျကျ သိလိုက်ရတဲ့အတွက် ယေဘုယျအားဖြင့် ဒီအခြေခံမူတွေကို လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်” ဟု NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။ 

(ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တွေ့ရစဉ်)
(ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တွေ့ရစဉ်)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မူဝါဒချမှတ် ပြောကြားသည်။

ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွက် အခြေခံမူများ ချမှတ်ရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခြေခံမူများကို ပြည်ထောင်စုလွှတ်တော်နာယက အနေဖြင့် သတ်မှတ်လမ်းညွှန်ပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဥက္ကဋ္ဌက စာရေးသားတောင်းဆိုလာသဖြင့် ယခုကဲ့သို့ မူဝါဒများ ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

“၀” တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားကြားရေးတာဝန်ခံ ပြောကြား

‘ဝ’တပ်သားများကို ရဟတ်ယာဉ်မောင်းသင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏နယ်မြေနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားရေးတာဝန်ခံ မစ္စတာ Lei Zhen က ဖေဖော်ဝါရီ ၁၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ‘ဝ’ တပ်သား ၃ဝ အား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်းများ မမှန်ကြောင်း ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSP)၏ ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့်က ငြင်းဆိုခဲ့သည်။

ထိုသတင်းများ စတင်ထွက်ပေါ်ချိန်ကပင် သတင်းများမှန်ကန်ခြင်း ရှိ၊ မရှိကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ The Daily Eleven က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်းအကြောင်းပြန်ခဲ့ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၇ ရက်ရောက်မှသာ ထွက်ပေါ်ခဲ့သော သတင်းမှားကြောင်း အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား

Photo: မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား 

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံတွင် ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းရှိ ဇေယျဝတီကျေးရွာမှ ဦးကျော်နိုင်+ဒေါ်အေးမြမွန်တို့၏ ဒုတိယမြောက်ကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ ရင်ချင်းဆက်အမြွှာ ဖြစ်နေသောကြောင့် ခွဲစိတ်မွေးဖွားရန်အတွက် မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ယခုလ ၁၇ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရင်ချင်းဆက် အမြွှာကလေးနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး ယခုအခါ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခေါ်ယူထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ဆေးရုံကို ည ၇ နာရီ မိနစ် ၅၀ မှာရောက်ပြီး မွေးကင်းစကလေးများ အထူးကြပ်မတ် ကုသဆောင်မှာ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါရှိလာပါတယ်။ အဲဒီလို ပါလာတဲ့အတွက် လက်ရှိအချိန်မှာ နှစ်ဦးစလုံးကို အသက်ရှူစက် အကူအညီနဲ့ အသက်ရှူပေးထားပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ အနီးကပ်ပြုစု စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက် အမြွှာများတွင် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းများ၌ မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာများမှာ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မနန်းစိုး၊ မနန်းစံ၊ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည့် အေးအေးငြိမ်း၊ အိအိငြိမ်း၊ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စိုပြေလင်း၊ စိုပြေ၀င်း၊ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်၊ အဆိုပါနှစ်တွင်ပင် ရန်ကုန်မြို့၌ ရန်ကင်း၊ ရန်ရှင်းနှင့် ယခု ၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ ယောက်ျားလေးနှစ်ဦး (နာမည်မပေးရသေး) ကို ထပ်မံမွေးဖွားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပါးဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက်အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။ 

(ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်)
(ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်)

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံတွင် ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းရှိ ဇေယျဝတီကျေးရွာမှ ဦးကျော်နိုင်+ဒေါ်အေးမြမွန်တို့၏ ဒုတိယမြောက်ကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ ရင်ချင်းဆက်အမြွှာ ဖြစ်နေသောကြောင့် ခွဲစိတ်မွေးဖွားရန်အတွက် မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ယခုလ ၁၇ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရင်ချင်းဆက် အမြွှာကလေးနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး ယခုအခါ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခေါ်ယူထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယာဉ်ပေါ်ပါထင်းများ ပြုတ်ကျ၍ ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

Photo: ယာဉ်ပေါ်ပါထင်းများ ပြုတ်ကျ၍ ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
 ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ  ဆီဆုံကုန်း ကျေးရွာနေ ကွယ်ကပေါ်(၃၂)နှစ်မောင်းနှင်သော ၉ဌ/xxxxx ဖောယာဉ်သည် ကျား ၁၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း(၁၃)ဦးနှင့်အတူ တောင်ပေါ်မှထင်းများခုတ်ယူပြီးအပြန် မိုင်တိုင်အမှတ်(၇၉/၂-၃)ကြားသို့ အရောက်တွင် ယာဉ်ပေါ်ရှိထင်းများချည်နှောင်ထားသောကြိုးများပြတ်ကာ ထင်းများအောက်သို့ပြုတ်ကျ၍ ယာဉ်ပေါ်ပါသူများအနက်  ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်းရွာနေ မောင်ဝေကူစော (၂၆)နှစ်ပါ(၂)ဦးမှာ  နဖူးမှဦးခေါင်းထိပ်ထိကွဲအက် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ဦးဝင်းဗိုလ်(၄၆)နှစ်ပါ ကျား ၇ ဦးနှင့် မနားကဖော(၂၈)နှစ် တို့မှာ ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကွယ်ကပေါ်အား မြို့ချောင်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Galaxy S5 သည် Figerprint Sensor ပါဝင်ခဲ့သည်

Photo: Galaxy S5 သည် Figerprint Sensor ပါဝင်ခဲ့သည် 

Samsung ရဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ Sammobile ရဲ့ ပြောကြားချက်အရ ထို finger print ပါဝင်လာမူကို အတည်ပြုပြီးပါပြီးလို့ သိရပါတယ်။
ဖုန်းရဲ့ Home botton မှာ လက်ဗွေရာစနစ်ဖတ်နိင်သည့် နည်းပညာနဲ့အတူ Galaxy S5 အသစ်ကို နောက်တစ်ပတ်အတွင်းမှာ ထွက်ရှိမိတ်ဆက်လာနိင်ဖို့
Samsung ဟာမျှော်လင့်နေတယ်လို့ ဆိုပါတယ်။ 

ဆမ်ဆောင်းရဲ့ ပရိသတ်တွေအနေနဲ့လည်း အဆိုပါ လက်ဗွေရာပေးရုံနဲ့ ဖုန်းကို Unlock လုပ်နိင်သည့် ထိုနည်းပညာကို ရင်းနှီးနေပြီးသား ဖြစ်ပါလိမ့်မယ်။ User တွေအနေနဲ့ အခြား လက်ချောင်း ၇ ချောင်းလောက်ကို မှတ်တမ်းတင် register လုပ်ထားနိင်မှာ ဖြစ်ပါတယ်။ အခြား လုံခြုံရေး ထိန်းသိမ်းမူတွေဖြစ်တဲ့ PIN code လိုမျိုး အစိတ်အပိုင်းတွေကိုလည်း S5 တွင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ထို လက်ဗွေရာ ဖတ်နိင်သော နည်းပညာမှာ Apple ရဲ့ နောက်ဆုံးထွက်  i Phone မှ မဟုတ်ပါဘူး။ ယခု galaxy S5 တွင်သာမက နောက်တွင် HTC One Max တွင်လည်း ပါရှိလာမှာ ဖြစ်ပါတယ်။ 

နောက်ထပ်အနေနဲ့ ဆမ်ဆောင်းဟာ  iris-scanning security technology ကဲ့သို့သော်နည်းပညာတွေကို ထုတ်လုပ်ဖို့ရည်ရွယ်နေကြောင်း သိရပါတယ်။

Aung Heine ( www.smart.com.mm )

If You like it , Please like & Share.

Read more for latest news and update !

>>>>>  http://goo.gl/3S9GSQ

Samsung ရဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ Sammobile ရဲ့ ပြောကြားချက်အရ ထို finger print ပါဝင်လာမူကို အတည်ပြုပြီးပါပြီးလို့ သိရပါတယ်။
ဖုန်းရဲ့ Home botton မှာ လက်ဗွေရာစနစ်ဖတ်နိင်သည့် နည်းပညာနဲ့အတူ Galaxy S5 အသစ်ကို နောက်တစ်ပတ်အတွင်းမှာ ထွက်ရှိမိတ်ဆက်လာနိင်ဖို့
Samsung ဟာမျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်းရဲ့ ပရိသတ်တွေအနေနဲ့လည်း အဆိုပါ လက်ဗွေရာပေးရုံနဲ့ ဖုန်းကို Unlock လုပ်နိင်သည့် ထိုနည်းပညာကို ရင်းနှီးနေပြီးသား ဖြစ်ပါလိမ့်မယ်။ User တွေအနေနဲ့ အခြား လက်ချောင်း ၇ ချောင်းလောက်ကို မှတ်တမ်းတင် register လုပ်ထားနိင်မှာ ဖြစ်ပါတယ်။ အခြား လုံခြုံရေး ထိန်းသိမ်းမူတွေဖြစ်တဲ့ PIN code လိုမျိုး အစိတ်အပိုင်းတွေကိုလည်း S5 တွင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၃၇ တန်ရှိသော ကျောက်စိမ်းတုံး တွေ့ပြီးနောက် ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်မှု ကန့်သတ်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်း တစ်ခုတွင် ကျောက်တူးဖော်သော လုပ်သားအချို့ လုပ်ငန်းခွင်ဝင်နေသည်ကို ၂၀၁၃ ဇူလိုင်လက တွေ့ရစဉ် ဓာတ်ပုံ - စိုးဇေယျာထွန်း/ ရိုက်တာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က ၃၇ တန်ရှိသည့် ကျောက်စိမ်းတုံးကြီး တွေ့ရှိပြီးနောက် ဝေခါမှော် အပါအ၀င် ဖားကန့်ဒေသရှိ ကျောက်မျက်မှော်အချို့တွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများအား ကျောက်တူးခြင်းမပြုရန် ဒေသအာဏာပိုင်များနှင့် တပ်မတော်မှ တားဆီးကန့်သတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဝေခါမှော်နှင့် အနီးဝန်းကျင်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သည့် မှော်များတွင် ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ လုံခြုံရေးအပြည့်ချထားပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်သူများ၊ ရေမဆေးကျောက် ရှာဖွေသူများအား ကျောက်မျက်တူးဖော်ရှာဖွေခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

အခြားမှော်များဖြစ်သည့် ဆိုင်းတောင်၊ ဆိပ်မူ၊ မမုံ၊ မှော်ဆီဇာ စသည့် ကျောက်မျက်လုပ်ကွက်များတွင်လည်း တစ်နိုင်တစ်ပိုင် ကျောက်တူးသူများနှင့် ရေမဆေးကျောက်ရှာသူများအား တားဆီးကန့်သတ်မှုများရှိပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခြင်း၊ ဖမ်းဆီးပြီး မိုးကောင်းမြို့သို့ ပြန်ပို့ခြင်းများ ပြုလုပ်နေကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်မျက်တူးဖော်နေသူများက ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis