menu

Tuesday 2 October 2012

ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း

Photo: ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း


ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြုံရေး အာမခံချက် ပေးရန် အတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။

“ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မဇ္ဈိမအား မိန့်ကြားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ သန်းခေါင် အချိန်ခန့်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသရှိ ဘုန်းကြီးကျောင်းများနှင့် စေတီများအား လူအုပ်ကြီးမှ စတင်
တိုက်ခိုက်ဖျက်ဆီး၍ မီးရှို့ခဲ့ကြသည်။ကော့ဘဇားခရိုင်နှင့်
စစ်တကောင်းနယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၉ ကျောင်း၊ သိမ် ၃ လုံးခန့်နှင့် လူနေအိမ်ခြေနှစ်ဆယ် ဝန်းကျင်ခန့် ပျက်စီးဆုံးရှူံး
ခဲ့ရသည်ဟု အရှင်အာနန္ဒာ က မိန့်ဆိုသည်။

“ဒီလို ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဝင်တွေကို အကြမ်းဖက်ပြုမူ
လာတဲ့အပေါ်မှာ UN (ကုလ)ရဲ့ သတိရှိရှိ ပြုမူ ဆက်ဆံဖို့ ဘုန်းဘုန်းတို့ လိုချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေ၊
ပြည်သူတွေနဲ့၊ သာသနိက အဆောက်အအုံတွေ အပေါ်မှာ လုံခြုံရေး အာမခံပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဆက်လက်မိန့်ဆို သည်။

အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ် ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင်
ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်၍ စုဝေးကြရာမှ ယခုကဲ့သို့ ဗုဒ္ဓဘာသာ အဆောက်အဦများအပေါ် အကြမ်းဖက်တုန့်ပြန်ကြသည်အထိ
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၃ဝ နှင့် ၃၁ နေ့များ၌ ဘန်ကောက်ရှိ ရဟန်းတော်များ စုပေါင်း၍ အစည်းအဝေးတခု ပြုလုပ်ခဲ့ကာ ထိုသို့ဆန္ဒပြရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟုလည်း ဘန်ကောက် ခရိုင်၊ ဗန်းခင်ရှိ ဝါဒ်တလောင် ကျောင်း၌ သီတင်း သုံးနေသည့် မြန်မာ ရဟန်းတော် အရှင်ရေဝတ က မိန့်ကြားသည်။

“ဦးဇင်းကတော့ ဆန္ဒပြတဲ့ ထဲတော့ မပါသွားဘူး။ ဒီလို အကြမ်းဖက်
တာကာတော့ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး၊ ဘယ်ဘာသာကမှ လက်မခံပါဘူး။ အထူးအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာက ဗုဒ္ဓဘာသာဝင်တွေက လူနည်းစုလေ။ ဘာသာရေးကို အကြောင်းပြပြီး ဒီလို အကြမ်းဖက်
ပြုမူတာက ဒါက မလုပ်သင့်တဲ့ကိစ္စပါ” ဟု မဇ္ဈိမအား မိန့်ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ရုံးရှေ့သို့ သွားရောက် ဆန္ဒပြရန် စီစဉ်ထားပြီး EU ရုံးနှင့် တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် သံရုံး 
များအား အိတ်ဖွင့် ပေးစာ ပေးပို့သွားမည်ဟုလည်း သိရှိရသည်။

ကော့ဘဇားခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များမှာ သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ ဘရုဝါ (မာရမာကြီး) နှင့် ရခိုင်လူမျိုးများ ပါဝင်ပြီး လူဦးရေအားဖြင့် သုံးသိန်းခန့် ရှိသည်။

တနင်္ဂနွေနေ့ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဒေသခံ ရဲစခန်းများတွင် လူပေါင်း ၁၇ဝ ကျော် ဖမ်းဆီး ထိန်းသိမ်းထားပြီး လုံခြုံရေးတပ်များ၏ ပတ်ခတ်ဟန့်တားမှုကြောင့် ခြောက်ဦး သေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ကော့ဘဇားခရိုင်၊ ရာမူး၊ အူခီးယားနှင့် တက်ခ်နက်ဖ် ဒေသများတွင် တနင်္ဂနွေနေ့ နံနက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသော်လည်း
ရာမူးဒေသတွင် အင်္ဂါနေ့က ရုတ်သိမ်းပေးခဲ့သည်။

ထိုအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေပြီး အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP ၏ ဥပဒေပြုအမတ်လည်း အားပေးအားမြှောက် ပြုသည့်အထဲတွင် ပါဝင်သည်ဟု ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆို ထားသော်လည်း BNP ပါတီက “အခြေအမြစ်မရှိ” ဟု ငြင်းဆိုထားကာ တရားမျှတသော စုံစမ်းရေးကော်မရှင် ဖွဲ့ရန် တောင်းဆိုထားသည်။

ထိုအကြမ်းဖက်မှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ဒက္ကာတက္ကသိုလ်ရှိ ရာမူး ကျောင်းသားများဖိုရမ်မှ ကျောင်းသား ၃ဝဝ ခန့်က လက်ချင်းဆက် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပြီး ရာမူး အကြမ်းဖက်မှု တရားခံအစစ်များ
ဖော်ထုတ်အရေးယူပေး ရန် တောင်းဆိုခဲ့ကြသလို Bangladesh Chhatra League မှလည်း တက္ကသိုလ်ပရဝုဏ်အတွင်း စီတန်းလှည့်လည် ကာ ထိုတောင်းဆိုချက်များအတိုင်း ဆန္ဒပြခဲ့ကြသည်။

ဟင်္သာနီ (မွန်မြေ)

News from :Mizzima - News in Burmese
Post by အေးချမ်းမွန်
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြုံရေး အာမခံချက် ပေးရန် အတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအခ
ျို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။

“ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မဇ္ဈိမအား မိန့်ကြားသည်။

ရန်ကုန်မြို့နားက ကိုရီးယားရွာများ

Photo: ရန်ကုန်မြို့နားက ကိုရီးယားရွာများ

TUESDAY, OCTOBER 02, 2012 

 ကိုရီးယားတို့ရဲ့ ကန်နမ်စတိုင်လ်က ကမ္ဘာကိုထိုးဖောက်လိုက်တဲ့အတွက် ဒီနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်တော့ဘဲ ကိုရီးယားလိုက်ဇေးရှင်းခေတ်ဖြစ်နေပြီလား။

မြန်မာပြည်မှာလည်း ကိုရီးယား ရုပ်သံဇာတ်လမ်း၊ ကိုရီးယား မုန်ညှင်းချဉ် စသဖြင့် ခေတ်စားလာအပြီး အခုနောက်ဆုံးတွေ့လာရတာကတော့ ကိုရီးယားကျေးရွာ ဖြစ်ပါတယ်။
အတိအကျ ပြောရရင် ရန်ကုန်ဝန်းကျင်က "ကိုရီးယားပုံစံ စံပြကျေးရွာ" ပါ။
သောကြာနေ့က ဗဟိုအစိုးရ၀န်ကြီးတယောက် ကိုရီးယားကျေးရွာရောက်သွားပုံ၊ လေ့လာစစ်ဆေးပုံအလုံးစုံကို ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရမှာပါ။

ဒီစံပြရွာတွေမှာ ကိုရီးယားတွေကို ထားမှာတော့ ဟုတ်ဟန် မတူပါဘူး။

သောကြာနေ့မှာ ၀န်ကြီးသွားခဲ့တဲ့ရွာက လှည်းကူး မြို့နယ်ထဲက ဖောင်ကြီးအရှေ့ကျေးရွာ ဖြစ်ပါတယ်။
စနေနေ့မှာလည်း တနေရာကို သွားခဲ့တယ်လို့ ဆိုပါတယ်။ သန်လျင်မြို့နယ် သနပ်ပင်ကျေးရွာ ဖြစ်ပုံရပါတယ်။

ဒီ စံပြကျေးရွာတွေဖြစ်မြောက်ရေးကို ကိုရီးယားအစိုးရNGO တခုဖြစ်တဲ့ KOICA ရဲ့ အကူအညီနဲ့ စီစဉ်တာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း KOICA အစီအစဉ်နဲ့ ဌာနဆိုင်ရာဝန်ထမ်း ရာပေါင်းများစွာ ကိုရီးယား ရောက်ခဲ့ပြီးပါပြီ။
အခု အလှည့်ကျတာကတော့ အရပ်သားတွေ ဖြစ်ပါတယ်။
ဒီ စံပြကျေးရွာတွေကနေ အရပ်သား ၆ ဦးကျစီ ကိုရီးယားကျေးလက်ကို သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
ကာလ ဘယ်လောက်ကြာအောင် လေ့လာခဲ့ကြသလဲ မသိရပါ။ 

တောင်ကိုရီးယားရဲ့ မြန်မာပြည်တွင်းထိုးဖောက်မှုတွေကို ရုပ်မြင်သံကြားဖန်သားပြင် နဲ့ ဖွံ့ဖြိုးရေးအကူအညီတွေမှာ တွေ့ရပါတယ်။ မြောက်ကိုရီးယားထိုးဖောက်မှုကိုတော့ ရန်ကုန်က စားသောက်ဆိုင်တခုမှာထင်ထင်ရှားရှား တွေ့ရမှာပါ။ စစ်ရေးနဲ့ သံတမန်ရေးထိုးဖောက်မှုတွေကိုတော့ မီဒီယာများက တဆင့် သိပြီးကြမှာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားစတိုင် ယူရင် အမိန့်နာခံနည်း၊ အငတ်ဘေးဒဏ်အောက် ရှင်သန်အောင် နေထိုင်နည်းတွေပဲ ရလာမှာပါ။
အခုတော့ တောင်ကိုရီးယားစတိုင်ယူနေပြီ ဆိုတာကြောင့် ဒီရွာများမှာ ကြွယ်ဝဖွံ့ဖြိုးမှု ဖော်ဆောင်နိုင်ဖွယ် ရှိပါတယ်။  

ရန်ကုန်မြို့ မြောက်ကိုရီးယား စားတော်ဆက်ရဲ့ ဖျော်ဖြေရေး  (ဓာတ်ပုံ - ဧရာဝတီ)

News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
ရန်ကုန်မြို့ မြောက်ကိုရီးယား စားတော်ဆက်ရဲ့ ဖျော်ဖြေရေး (ဓာတ်ပုံ - ဧရာဝတီ)
ကိုရီးယားတို့ရဲ့ ကန်နမ်စတိုင်လ်က ကမ္ဘာကိုထိုးဖောက်လိုက်တဲ့အတွက် ဒီနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်တော့ဘဲ ကိုရီးယားလိုက်ဇေးရှင်းခေတ်ဖြစ်နေပြီလား။

မြန်မာပြည်မှာလည်း ကိုရီးယား ရုပ်သံဇာတ်လမ်း၊ ကိုရီးယား မုန်ညှင်းချဉ် စသဖြင့် ခေတ်စားလာအပြီး အခုနောက်ဆုံးတွေ့လာရတာကတော့ ကိုရီးယားကျေးရွာ ဖြစ်ပါတယ်။
အတိအကျ ပြောရရင် ရန်ကုန်ဝန်းကျင်က "ကိုရီးယားပုံစံ စံပြကျေးရွာ" ပါ။
သောကြာနေ့က ဗဟိုအစိုးရ၀န်ကြီးတယောက် ကိုရီးယားကျေးရွာရောက်သွားပုံ၊ လေ့လာစစ်ဆေးပုံအလုံးစုံကို ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရမှာပါ။

Mark II တစ်စီး သိန်း ၃၀ သာရှိသည့် လိုင်စင်မဲ့ကားဈေးကွက်ကြီးထွားနေ

Photo: Mark II တစ်စီး သိန်း ၃၀ သာရှိသည့် လိုင်စင်မဲ့ကားဈေးကွက်ကြီးထွားနေ

မြတ်မိုးကျော်(မြစ်မခ)

ပဲခူးတိုင်းဒေသကြီး၌ လိုင်စင်မဲ့ကား အရောင်းအ၀ယ်မြင့်တက်လျှက်ရှိပြီး ဈေးနှုန်းကွာဟမှုကြောင့် လိုင်စင်မဲ့ကားများအ၀ယ် လိုက်လာခြင်းဖြစ်ကြောင်း ကားပွဲစားများက သုံးသပ်ကြသည်။

 နိုင်ငံတော်အစိုးရမှ မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ ဖြေလျှော့မှုများ လုပ်ဆောင်ပေးနေသော်လည်း တရားမ၀င်နယ်စပ်မှ ကားတင်သွင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လိုင်စင်မဲ့ကားရောင်းဝယ်မှုမှာ အထူးသဖြင့် ပဲခူးမြို့လိပ်ပြာကန်အနီးဝန်းကျင်တွင် အရောင်းအ၀ယ်ဖြစ် လေ့ရှိကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ပဲခူးမြို့ပေါ်တွင်  လိုင်စင်မဲ့ကားစီးရေ (၅၀)ခန့်နှင့် တောင်ငူမြို့ပေါ်တွင် လိုင်စင်မဲ့ကားအစီးရေ (၃၀) ခန့် ရှိနေကြောင်း ပဲခူးမြို့ရှိ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

တင်သွင်းသည့် လိုင်စင်မဲ့ကားများတွင် Honda Fit၊ Mark II၊ Light truck ကားများ အများဆုံးတွေ့ရကြောင်းကိုလည်း သိရှိရသည်။

ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့မှ ကားဝယ်လိုသူများသည် ပဲခူးနှင့် တောင်ငူရှိ ကား အရောင်းအ၀ယ်ဒိုင်များသို့ မှာယူနေခြင်း ဖြစ်သည်။

ကားအ၀ယ်ဒိုင်များ၏ မှာကြားမှုများကြောင့် မြ၀တီမြို့မှ နေ့စဉ် ပုံမှန်လိုင်စင်မဲ့ကားများ (၁၀)စီးမှ (၁၅)စီးခန့်အထိ ရောက်ရှိနေကြောင်းကိုလည်း သိရှိရသည်။

 “’ထုံးစံအတိုင်း လိုင်စင်နဲ့ လိုင်စင်မဲ့နဲ့ကတော့ ဈေးက တော်တော်ကွာမှာပေါ့နော်၊ ဒါပေမဲ့ လိုင်စင်မဲ့တွေက သူ့လူနဲ့သူ ရောင်းဖြစ် သလို လိုင်စင်ကားတွေကလည်း သူ့လူနဲ့သူတော့ ရောင်းရပါတယ်၊ အခုဒီထဲမှာ Mark II တစ်စီးကို ရောင်းဈေးက ၂၁၀ ရှိတယ်၊ Light truck တွေကတော့ ဒီမှာတင် တပ်ဆင်တဲ့ ကားတွေက (၁၀၀) လောက်ရှိပြီး သွင်းတဲ့ကားတွေကတော့ (၁၇၀) လောက် ရှိတယ်’’ ဟု ဟံသာဝတီ ကားအရောင်းအ၀ယ်စခန်းမှ ကားရောင်းဝယ်သူ ကိုထွန်းက လိုင်စင်မဲ့ကားဈေးနှုန်းကွာဟမှုနှင့်ပတ်သက် ၍ ပြောကြားခဲ့သည်။

လိုင်စင်မဲ့ကားများ၏ ဈေးနှုန်းမှာ Mark II တစ်စီးကို သိန်း ၃၀ ခန့်နှင့် Light truck တစ်စီးလျှင် သိန်း ၂၀ ခန့်သာ ရှိကြောင်း ပဲခူးမြို့ရှိ ကားဈေးကွက်မှ သိရှိရသည်။

လိုင်စင်မဲ့ကားများကို ပဲခူးမြို့မှ တဆင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အသီးသီးသို့ ကားများမှာယူမှုအပေါ် မူတည်၍ ပို့ဆောင်ပေးလျက်ရှိကြောင်းကိုလည်း ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။

`ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့မှာ တာဝန်မရှိပါဘူး၊ အခုအထိလည်း မကြားမိသေးပါဘူး၊ ပြီးတော့ အထက်ကချပေးမှပဲ ကျွန်မတို့က အရေးယူတာတို့ဘာတို့ လို့ရမှာ”ဟု ထိုလိုင်စင်မဲ့ကား များအား အရေးယူမှုနှင့်ပတ်သက်၍ က.ည.န(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။

ယခုနောက်ပိုင်းတွင် လိုင်စင်နှင့် ကားတစ်စီးလျှင်  ကျပ်သိန်း(၂၀၀)ဈေးဝန်းကျင် ဈေးပေါက်နေ သော်လည်း အဆိုပါ လိုင်စင်မဲ့ကားဈေးကွက်ကြောင့် ကားစီးသူအချို့မှာ (၂၅)သိန်းဝန်းကျင်နှင့်  ကားစီးနိုင်ကြောင်းကိုလည်း သိရသည်။

ထို့ကြောင့် ပဲခူးမြို့ပေါ်ရှိ ကားဝယ်/ရောင်းပုဂ်္ဂိုလ်များနှင့်ချိတ်ဆက်ကာ လိုင်စင်မဲ့ကားများကိုသာ အများစု ၀ယ်ယူစီးနင်းမှုများ လာကြောင်းကိုလည်း သိရသည်။ ယခုနောက်ပိုင်းတွင် တရားမ၀င် တင်သွင်းမှုများသည် ရန်ကုန်သို့ တင်သွင်းမှု အများဆုံးဖြစ်လာကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရှိရသည်။

News from : Planet Myanmar Network
Post by အေးချမ်းမွန်
ပဲခူးတိုင်းဒေသကြီး၌ လိုင်စင်မဲ့ကား အရောင်းအ၀ယ်မြင့်တက်လျှက်ရှိပြီး ဈေးနှုန်းကွာဟမှုကြောင့် လိုင်စင်မဲ့ကားများအ၀ယ် လိုက်လာခြင်းဖြစ်ကြောင်း ကားပွဲစားမျာ
းက သုံးသပ်ကြသည်။

နိုင်ငံတော်အစိုးရမှ မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ ဖြေလျှော့မှုများ လုပ်ဆောင်ပေးနေသော်လည်း တရားမ၀င်နယ်စပ်မှ ကားတင်သွင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လိုင်စင်မဲ့ကားရောင်းဝယ်မှုမှာ အထူးသဖြင့် ပဲခူးမြို့လိပ်ပြာကန်အနီးဝန်းကျင်တွင် အရောင်းအ၀ယ်ဖြစ် လေ့ရှိကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကားစီးရေ (၅၀)ခန့်နှင့် တောင်ငူမြို့ပေါ်တွင် လိုင်စင်မဲ့ကားအစီးရေ (၃၀) ခန့် ရှိနေကြောင်း ပဲခူးမြို့ရှိ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

လောပီတရေအားလျှပ်စစ်စီမံကိန်းတလျောက်ရှိမြေမြှပ်မိုင်းများအားဖယ် ရှားပေးရန်ဒေသခံများကတောင်းဆို

Photo: လောပီတရေအားလျှပ်စစ်စီမံကိန်းတလျောက်ရှိမြေမြှပ်မိုင်းများအားဖယ် ရှားပေးရန်ဒေသခံများကတောင်းဆို

ရန်ကုန်၊အောက်တိုဘာ ၂


လုံခြုံရေးအကြောင်းပြကာ မြှပ်နှံထားသည့် လောပီတရေအားလျှပ်စစ်စီမံကိန်းတလျောက်ရှိ
မြေမြှပ်မိုင်းများအားဖယ်ရှားပေးရန် ကယားပြည်နယ်ဒေသခံများက 
တောင်းဆိုလျှက်ရှိနေကြသည်။
၁၉၉၆ ခုနှစ်မှ့စတင်ကာ ကယားပြည်နယ်မြောက်ပိုင်းဒေသတွင်း စတင်တည်ဆောက်ခဲ့သည့် လောပီတရေအားလျှပ်စစ် စီမံကိန်းတစ်လျှောက်ရှိ အဆောက်အအုံ
များနှင့် လျှပ်စစ်ကြိုးများသွယ်တန်းရာ ဓါတ်မီးတိုင်များတစ်လျှောက်၌ လုံခြုံရေးအတွက်ဆိုကာ မြှပ်နှံထားခဲ့သည့် မြှေမြှပ်မိုင်းများကြောင့် ဒေသခံပြည်သူများမှာ အသက်သေကြေသည်
အထိ့ ထိခိုက်ဒဏ်ရာရမှုများ ယခုတိုင်ဖြစ်ပေါ်နေသည့်အတွက် ကြောင့် ဘ၀လုံခြုံမှုမရှိသည့်အနေထားများမှ့ကင်းဝေးစေရေးအတွက်ကို ယခုကဲ့သို့တောင်းဆိုနေကြရခြင်းဖြစ်သည်ဟု
ကယားပြည်နယ်ဖွံဖြိုးရေးအတွက်လိုက်လံဆောင်ရွက်နေသည့် ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်မှ့ အဖွဲ့ဝင် ကိုသော်ရိန်ကအောက်တိုဘာ၂ရက်ကရန်ကုန်စီတီးစတားဟိုတယ်တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။ 

စံကျော်

News from : Popular Myanmar News Journal
Post by အေးချမ်းမွန်
လုံခြုံရေးအကြောင်းပြကာ မြှပ်နှံထားသည့် လောပီတရေအားလျှပ်စစ်စီမံကိန်းတလျောက်ရှိ
မြေမြှပ်မိုင်းများအားဖယ်ရှားပေးရန် ကယားပြည်နယ်ဒေသခံများက
တောင်းဆိုလျှက်ရှိနေကြသည်။
၁၉၉၆ ခုနှစ်မှ့စတင်ကာ ကယားပြည်နယ်မြောက်ပိုင်းဒေသတွင်း စတင်တည်ဆောက်ခဲ့သည့် လောပီတရေအားလျှပ်စစ် စီမံကိန်းတစ်လျှောက်ရှိ အဆောက်အအုံ
များနှင့် လျှပ်စစ်ကြိုးများသွယ်တန်းရာ ဓါတ်မီးတိုင်များတစ်လျှောက်၌ လုံခြုံရေးအတွက်ဆိုကာ မြှပ်နှံထားခဲ့သည့် မြှေမြှပ်မိုင်းများကြောင့် ဒေသခံပြည်သူများမှာ အသက်သေကြေသည်
အထိ့ ထိခိုက်ဒဏ်ရာရမှုများ ယခုတိုင်ဖြစ်ပေါ်နေသည့်အတွက် ကြောင့်

အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ

Photo: အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ

2 Oct, 2012

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် လွန်ခဲ့သည့်(၂) လမှ စတင်၍ အလှူရှင်များ၏ ထောက်ပံ့မှု မရရှိုခြင်းကြောင့် ဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း စခန်းတာဝန်ခံများထံက သိရသည်။
...
`ကချင်တွေမှာ အမှိုက်ကောက်တာ မမြင်ဖူးပေမယ့်။ ခုမြင်ရပြီ။ ဒီမနက် ကျွန်တော်ရဲ့အိမ်မှာ ကလေး တွေ အမှိုက်ပုံက ကော်ဗူးတွေ၊ ဖိုင်ဘာ၊ အိုးဖုံး အစုတ်ပလုတ်တွေ လာကောက်နေကြတယ်။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်မိတယ်။´ ဟု ဗန်မော်မြို့နယ် ဒုက္ခသည်စခန်း တာဝန်ခံ ဆရာတူးဂျာက ပြောသည်။

ဗန်မော်မြို့နယ် ရောဘတ်ဘုရားကျောင်းဝင်းရှိ ဒုက္ခသည်စခန်းအတွင်း အလှူမ၀င်သည်မှာ (၃) လကျော်ကြာမြင့်ပြီဖြစ်ပြီး ဒုက္ခသည်များမှာ ထမင်းအား ဟင်းနှင့်မစားနိုင်သည့်ကာလမှာ ရှည်ကြာ နေပြီဖြစ်ကြောင်းကိုလည်း သိရသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဒုက္ခသည် (၂၃၀၀) ကျော်မှာ ရောဘတ်ဘုရား ကျောင်းတွင် လာရောက်ခိုလှုံနေခြင်းဖြစ်သည်။ ယင်းတို့ စားဝတ်နေရေးအခက်အခဲများကြောင့် တစ်ချို့ဒုက္ခသည်များသည် စစ်ဘေးကြောင့် သေလျှင် သေဆိုကာ ဒုက္ခသည်စခန်းမှ ရွာသို့ ပြန်ထွက်သွားကြသူများလည်းရှိနေကြောင်း သိရသည်။

ဗန်မော်မြို့နယ် အသင်းတော်မှ အောင်သာ၊ ထွယ်ဆန်၊ ရွှေဂူ၊ မန်ဂျေ စသည့် ဒုက္ခသည် စခန်းမှ စစ်ထွက်ပြေးတိမ်းရှောင်လာသူ (၁)သောင်းနီးပါးခန့်အား တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းများတွင် နေ့တိုင်း အသုံးပြုနေသည့် ရေ၊ မီး နှင့် ကျောင်းကားအတွက် စက်သုံးဆီ လိုအပ်နေပြီး၊ စခန်းအိမ်အဖီများမှာ လည်း ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြောင်းကိုလည်း သိရသည်။

ထို့အပြင် စခန်းမှ ကျန်းမာရေး ဆေးပေးခန်းများတွင်လည်း တစ်နေ့ ပျှဉ်းမျှ ၉ သောင်း ကုန်ကြသဖြင့် အလှူများ လိုအပ်နေသည်ဟု ဆရာဦးတူးဂျာက ဆိုသည်။


မြစ်ကြီးနားမြို့၏ အကြီးဆုံး ဒုက္ခသည်စခန်းတွင်လည်း အလှူမရရှိသည်မှာ (၂) လကျော်ပြီဖြစ်ကာ စခန်း ကော်မရှင်များအနေဖြင့် စီမံခန့်ခွဲမှုတွေ အခက်အခဲများစွာဖြစ်ပေါ်နေပြီး ဆေးနှင့် ဟင်းအတွက် လည်း ခက်ခဲဖြစ်နေကြောင်း သိရသည်။ ၎င်း ဒုက္ခသည်စခန်းတွင်မူ ဒုက္ခသည် ၇၅၂ ဦး ရှိသည်။

`ခု ကျွန်တော်တို့ကို အလှူပေးနေတဲ့သူတွေက ပြည်သူတွေထဲကပဲလေ။ ခုချိန်ပြည်သူတွေ အခက်အခဲဖြစ်နေတော့ အလှူမပေးနိုင်တော့ဘူးလို့ ထင်တယ်။ အဲ့လို ဘုံမှာ အလှူမ၀င်တော့ ဟင်းဝယ်စားဖို့ နဲ့ ဆေးတွေ ၀ယ်ဖို့ အခက်အခဲဖြစ်နေတယ်။ အကုန်အကုန် ခက်ခဲနေတယ်။ ဒီလိုသာ သွားမယ်ဆိုရင် ဒုက္ခသည်တွေအတွက် စိုးရိမ်ရတယ်။´ ဟု ဂျန်မိုင်ကော့ ဒုက္ခသည်စခန်း တာဝန်ခံ ကိုအောင်မြတ်က ပြောသည်။

အဆိုပါ စခန်းတွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀၁၂ခုနှစ် ဇူလိုင် ၁၅ ရက်ထိ ကော်မရှင်တွင် အလှူ ကျပ်သိန်း ၇၇၆ သိန်း ၀င်ရောက်ခဲ့သည်။ စခန်းများတွင် ဆန်၊ ဆီ၊ ဆားများအတွက် World Food မှ ပေးလှူနေခြင်းဖြစ်သည်။

လတ်တလော စစ်ဖြစ်နေသည့် မိုးကောင်းမြို့နယ်နှင့် ကားမိုင်းမြို့များတွင်မူ အသင်းတော် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများက တာဝန်ယူ စောင့်ရှောက်ထားကြောင်း သိရသည်။

ဖားကန့်မြို့တွင်မူ မြို့တွင်း ဒုက္ခသည် စခန်း (၄၁) ခုတွင် ဒုက္ခသည် (၈ )ထောင် ခန့် လာရောက် ခိုလှုံနေပြီး ဆိုင်းတောင် (ဆိပ်မူ)တွင် စက်တင်ဘာလ နောက်ဆုံးပတ်၌ စခန်း (၆) ခု တိုးလာကာ လက်ရှိ ဒုက္ခသည် (၆) ထောင်ကျော်ရှိကြောင်း ယင်းဒုက္ခသည်စခန်း၏ စာရင်းအရ သိရသည်။

`ဒီမှာက စခန်းဆောက်ဖို့ မြေရှာတာတောင် ရှာလို့ မရဘူး။ ခု တမံသလင်း ကြမ်းခင်းမှာ အိပ်နေရတယ်။´ ဟု ဖားကန့်မြို့ ဒုက္ခသည်စခန်း တာဝန်ခံ တစ်ဦးက ပြောသည်။

News from : Shwe Myitmakha Media Group 
Post by အေးချမ်းမွန်
ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် လွန်ခဲ့သည့်(၂) လမှ စတင်၍ အလှူရှင်များ၏ ထောက်ပံ့မှု မရရှိုခြင်းကြောင့် ဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိကြေ
ာင်း စခန်းတာဝန်ခံများထံက သိရသည်။
...
`ကချင်တွေမှာ အမှိုက်ကောက်တာ မမြင်ဖူးပေမယ့်။ ခုမြင်ရပြီ။ ဒီမနက် ကျွန်တော်ရဲ့အိမ်မှာ ကလေး တွေ အမှိုက်ပုံက ကော်ဗူးတွေ၊ ဖိုင်ဘာ၊ အိုးဖုံး အစုတ်ပလုတ်တွေ လာကောက်နေကြတယ်။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်မိတယ်။´ ဟု ဗန်မော်မြို့နယ် ဒုက္ခသည်စခန်း တာဝန်ခံ ဆရာတူးဂျာက ပြောသည်။

ဗန်မော်မြို့နယ် ရောဘတ်ဘုရားကျောင်းဝင်းရှိ ဒုက္ခသည်စခန်းအတွင်း အလှူမ၀င်သည်မှာ (၃) လကျော်ကြာမြင့်ပြီဖြစ်ပြီး ဒုက္ခသည်များမှာ ထမင်းအား ဟင်းနှင့်မစားနိုင်သည့်ကာလမှာ ရှည်ကြာ နေပြီဖြစ်ကြောင်းကိုလည်း သိရသည်။

အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ

Photo: အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ

ကျော်ခ --- October 2, 2012

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်မှတဆင့် ငြိမ်းချမ်းရေးအဖွဲ့က အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ကမ်းလှမ်း ထားသော်လည်း အဆင်မပြေ ဖြစ်ခဲ့ကြောင်း သိရသည်။

KIO က ၎င်းတို့နယ်မြေအတွင်း အစိုးရတပ်များဘက်က အင်အားတိုးချနေသည့် အပြင် စစ်ရေး ပြင်ဆင်မှုများ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေအနေများက နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းချက် ဖြစ်သည့် နေပြည်တော်တွင် ဆွေးနွေးရန်ကိစ္စ မဖြစ်နိုင်ကြောင်း ယခင်လ ၁၇ နှစ်ရက်နေ့က အကြောင်း ပြန်ထားသည်ဟု KIO ဘက်က ပြောသည်။

“အခုဆို ကျနော်တို့ ဗဟိုဌာနချုပ်နဲ့ အနီးဆုံးနေရာတွေကို သူတို့က အမြှောက်တပ်တွေချပြီး ပြင်ဆင်နေကြတယ်။ ဒီလိုမျိုး လုပ်နေတဲ့ အချိန်မှာ အစိုးရ ထိန်းချုပ်ထားတဲ့ မြို့တော်သွားပြီး တွေ့ဆုံဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးဆိုတာ ဦးအောင်မင်းကို စာပို့ပြီးသားပါ။ သူတို့ဘာမှ အကြောင်း ပြန်မလာသေးဘူး” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြောသည်။

KIO ဘက်က မြန်မာအစိုးရနှင့် တွေ့ဆုံရန် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်တို့ကို အဆိုပြုထားချက်အပေါ် အစိုးရဘက်က သဘောတူချက် မပေးနိုင်သကဲ့သို့ အစိုးရဘက်က ဗန်းမော်မြို့နှင့် ယခု နေပြည်တော်သို့ ကမ်းလှမ်းချက်များကိုလည်း နှစ်ဘက် ယုံကြည်မှု မပေးနိုင်သေးသော အခြေအနေများအရ ဟုဆိုကာ KIO ဘက်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့်လည်း မကြာမီ အဆင်ပြေသွားနိုင်ကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ သမ္မတ ဦးသိန်းစိန်က ၎င်း၏ အမေရိကန် ခရီးစဉ်အတွင်း ပြောဆိုသွားသည်။

သမ္မတ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးလနန်က “သမ္မတ ပြောဆိုချက်က ပေါ့ဆလွန်းတယ်၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နည်း မဟုတ်ဘဲနဲ့ ကျနော်တို့ တပ်တွေလည်း မပစ်တော့ဘူး။ KIA လည်း မပစ်တော့ဘူး ဆိုရင်တော့ ငြိမ်းချမ်းရေးရသွားမယ်ဆိုတဲ့ အလွယ်နည်း၊ ပြဿနာကို ရှောင်တဲ့ နည်းလမ်းကို သုံးတယ်၊ ဘယ်လိုဖြေရှင်းမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ အဖြစ်မှန်ကို ဖုံးကွယ်ပြီး နိုင်ငံရေးအမြတ်ထုတ်ပြောဆိုသွားတယ်” ဟု ပြောသည်။

KIA နှင့် အစိုးရတပ်များ အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကို တပ်မတော်ဘက်မှ တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတက အမိန့်ထုတ်ခဲ့သော်လည်း KIA ဘက်က ယင်းသို့ အမိန့်ထုတ်ပြန်မှုများ ပြုလုပ်ခြင်းမရှိကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

“ကျနော်တို့ ဘက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့အတွက် ကိုယ့်ကို ပစ်လာရင် ကိုယ်ကလည်း ပြန်ပြီးတော့ ပစ်ရမှာပဲ။ အဲဒီတော့ ဒီအမိန့်ကို မနာခံတာ တပ်မဟုတ်ပါဘူး၊ တပ်ကတော့ ကျနော်တို့ပေးထားတဲ့ အမိန့်အတိုင်းပဲ လိုက်နာဆောင်ရွက် ပါတယ်။ တဘက်က ပစ်လာတယ်ဆိုတော့ ပစ်ရ၊ ခတ်ရ၊ တိုက်ရတဲ့ သဘောပါ၊ တပ်က အမိန့် မနာခံဘူးဆိုတာ မရှိပါဘူး” ဟု ဦးသိန်းစိန်က ဆိုသည်။

ထို့အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက် နိုင်ခြင်း မရှိသေးသော်လည်း ထိုလုပ်ငန်းစဉ်အတွက် ဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ထံမှ အကြံဉာဏ်များ ရယူခဲ့ရကြောင်း ၎င်းက ဆက်ပြောထားသည်။

ယခုနှစ် နှစ်ဆန်းပိုင်းက KIA ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတ ညွှန်ကြားချက်များ ကြားသိရပြီးနောက် KIA ကလည်း အောက်ခြေ တပ်အဆင့်ဆင့်ကို ပစ်ခတ်မှုများ မလုပ်ရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း၊ သို့သော်လည်း ထိုအခြေအနေကို အစိုးရတပ်များက အခွင့်ကောင်းယူကာ လက်နက်ခဲယမ်းများနှင့် စစ်သည်အင်အားများ ဆက်တိုက် ဖြည့်တင်းလာမှုကြောင့် တိုက်ပွဲများ အရှိန်မြင့်လာခဲ့ရကြောင်း KIO ဘက်ကပြောသည်။

ထို့နောက် အစိုးရတပ်များက KIA ၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် စခန်းသိမ်းတိုက်ပွဲများအတွက် ၁၂၀ မမ အမြှောက်ကြီးများကိုပင် အသုံးပြု၍ ထိုးစစ်ဆင်နေကြောင်း၊ ယခုအခါတွင် KIO ဗဟိုဌာနချုပ်အနီးသို့ပင် ရောက်ရှိနေပြီဖြစ် ကြောင်းနှင့် စက်တင်ဘာလ အတွင်း၌ပင် တိုက်ပွဲပေါင်း ၁၀၅ ပွဲ ဖြစ်ပွားခဲ့ကြောင်း ဦးလနန်က ပြောသည်။

“အဆင်ပြေဖို့ကတော့ လက်ရှိ အစိုးရက တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းကြမယ်၊ အဲဒီနိုင်ငံရေး နည်းလမ်းကလည်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မူအတိုင်းသွားတဲ့ နိုင်ငံရေး နည်းလမ်း ဖြစ်မယ် ဆိုတဲ့ ကိစ္စကို သူအမှန်တကယ်ပဲ ထုတ်ဖော် ပြောဆိုလိုက်မယ်ဆိုရင်တော့ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အတိုင်းအတာ တခုအထိ ပြေလျော့သွားဖို့ ရှိတယ်” ဟု သူက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဆန် မြို့နယ်တို့တွင်လည်း KIA၊ ပလောင် လွတ်လပ်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် အစိုးရတပ်များ အကြား ယမန်နေ့နှင့် ယနေ့မနက်ပိုင်းများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိကြောင်း TNLA ၏ အတွင်းရေးမှူး မိုင်းဖုန်းကျော်က ဧရာဝတီသို့ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ သောင်းနှင့်ချီသော ဒေသခံများမှာ အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် – မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်းစစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေးခိုလှုံနေကြရပြီး နေရပ်ရင်းသို့ မပြန်နိုင်ကြသေးပေ။

စစ်ပွဲများကြောင့် တရုတ်နိုင်ငံ မန်စီဒေသသို့ ထွက်ပြေးခိုလှုံနေရသည့် ကချင်ဒေသခံ ဒုက္ခသည်များ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

News from :  ဧရာဝတီ
Post by အေးချမ်းမွန်
စစ်ပွဲများကြောင့် တရုတ်နိုင်ငံ မန်စီဒေသသို့ ထွက်ပြေးခိုလှုံနေရသည့် ကချင်ဒေသခံ ဒုက္ခသည်များ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်မှတဆင့် ငြိမ်းချမ်းရေးအဖွဲ့က အ
စိုးရရုံးစိုက်ရာ နေပြည်တော်သို့ ကမ်းလှမ်း ထားသော်လည်း အဆင်မပြေ ဖြစ်ခဲ့ကြောင်း သိရသည်။

KIO က ၎င်းတို့နယ်မြေအတွင်း အစိုးရတပ်များဘက်က အင်အားတိုးချနေသည့် အပြင် စစ်ရေး ပြင်ဆင်မှုများ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေအနေများက နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းချက် ဖြစ်သည့် နေပြည်တော်တွင် ဆွေးနွေးရန်ကိစ္စ မဖြစ်နိုင်ကြောင်း ယခင်လ ၁၇ နှစ်ရက်နေ့က အကြောင်း ပြန်ထားသည်ဟု KIO ဘက်က ပြောသည်။

ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

Photo: ပန်းဝါ အကြမ်းဖက်မှု မသင်္ကာသူများကို ဖမ်းဆီး

ငြိမ်းချမ်း   --  October 2, 2012 


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့က စတင်ခဲ့တဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာဟာ အစ္စလမ်အခြေခံ ဝါဒီတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ လူ ၁၇၀ ကျော်ထဲမှာ အတိုက်အခံ ပါတီဝင်တွေ ပါဝင်နေတယ်လို့လည်းလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေဟာ စစ်တကောင်း တိုင်းအတွင်းက ကော့စ်ဘာဇာခရိုင်၊ ဦးကီယာ၊ တက္ကနာနဲ့ စစ်တကောင်း ခရိုင် ပေါ်တီယာမြို့တွေကို ပျံ့နှံ့သွားခဲ့ပြီးနောက် အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို အာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာ အခုဆို လူ ၁၇၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာထုတ် သတင်းစာတွေနဲ့ ဒေသတွင်း သတင်းစာတိုင်းမှာ ဖော်ပြနေပါတယ်။

ဖမ်းဆီးမှုတွေအကြောင်း ကော့စ်ဘာဇာ ရဲအရာရှိတဦးက “ဖမ်းတာတွေကတော့ ၁၇၀ ကျော်ပြီ။ သူတို့ကို စစ်တကောင်းမြို့နယ်နဲ့ ကော့စ်ဘာဇာ မြို့နယ်တွေက ဖမ်းဆီးထားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ် ၄၀ လောက် မီးရှို့ဖျက်ဆီး ခံရအပြီး ဒေသတွင်းမှာ နေထိုင်ကြသူ ဒုက္ခသည် ဗုဒ္ဓဘာသာဝင်တွေ ရပ်ရွာကို ပြန်လာကြရာမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါတယ်။

ဒေသခံ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အဆိုအရ လူ တထောင်လောက် ထွက်ပြေးခဲ့ရပြီး အခု တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးမယ် လို့လည်း အစိုးရက ပြောပါတယ်။

အစ္စလမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေ ၁၅၃ သန်းမှာ ဗုဒ္ဓဘာသာဝင်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌရဲ့ အဆိုအရ ပြီးခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ချိန်ကစလို့ ဒီလိုမျိုး တခါမှ မကြုံသေးဘူးလို့ သိရပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဩဇာရှိတဲ့ လူမှုရေးခေါင်းဆောင် ၉ ဦးကလည်း တရားဥပဒေအရ စုံစမ်းစစ်ဆေးရေး အမြန်စဖို့ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ တိုက်ခိုက်မှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ အဖမ်းအဆီး ခံရမှုများလည်း မရှိသေးပါဘူး။

ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာဟာ အစ္စလမ်အခြေခံဝါဒီတွေ လက်ချက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ် (ဓာတ်ပုံ – Reuters)

News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့က စတင်ခဲ့တဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာဟာ အစ္စလမ်အခြေခံ ဝါဒီတွေ
ရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ လူ ၁၇၀ ကျော်ထဲမှာ အတိုက်အခံ ပါတီဝင်တွေ ပါဝင်နေတယ်လို့လည်းလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။

ကားမိုင်းမြို့အနီး တိုက်ပွဲဖြစ် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

Photo: ကားမိုင်းမြို့အနီး တိုက်ပွဲဖြစ် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

မနေ့က ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား ကားမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ပွါးလို့ ဒေသခံ တွေ နီးစပ်ရာ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မိုးကောင်း ဖားကန့်သွားတဲ့ကားလမ်းပေါ်မှာရှိ ကားမိုင်းမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့နေရာမှာ အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေ မနက်စောစောကစပြီး တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတစ်ယောက်က အခုလို ပြောပြပါတယ်။
...
"ကားမိုင်းနဲ့ ၂ မိုင်အကွာ ကထန်ယန်ဆိုတဲ့ ရွာနားမှာ မနေ့က ၅ နာရီကနေ စဖြစ်တာ ၈ နာရီ၉နာရီလောက်မှာ အေးဆေးဖြစ်သွားတယ်။ အကြိတ်အနယ် ပစ်ခတ်ကြတာပေါ့။ ကြာပီဖြစ်တာတော့ ၂၄ ၊ ၂၅၊ ကတည်းက ဖြစ်ကြတာ။ မနေ့ကအထိ ဗမာတပ်ကတော့ တပ်မ ၈၈၊ တပ်မ၄၄၊ တပ်ပေါင်းစုတွေ များပါတယ်။ ကထန်ယန်ဆိုရင် အားလုံးကေအိုင်အေ တပ်ပါပဲ။ အဲဒီဘက်ကို သူတို့ တမင်သက်သက်ထိုးလာတာပေါ့။ ဗမာတပ်က ၂၆ ရက်နေ့က လဘန်ကထောင်ဆိုတဲ့ရွာမှာ စစ်တပ်ရဲ့ အမြောက်လက်နက်ကြီးကြောင့် ဦးဘော်ဒွတ်နော်ရဲ့အိမ် မီးလောင်သွားပါတယ်။ သူ့ရဲ့အိမ်အပါအ၀င် ကျန်တဲ့ ၃အိမ်ပေါ့။ ကျန်တဲ့အိမ်က သိပ်မလောင်ဘူး။ ဦးဘော်ဒွတ်နော်ရဲ့ အိမ်ကတော့ လုံးဝကို လောင်ကျွမ်းသွားတယ်။"

တိုက်ပွဲကြောင့် ၂ ဘက်ထိခိုက်ကျဆုံးတာတွေ အခုအထိ စုံစမ်းလို့ မရသေးကြောင်း သူကပြောပါတယ်။ ကျေးရွာဒေသခံတွေက နီးစပ်ရာ ကားမိုင်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အကြောင်း အဆိုပါဒေသခံ က ဆက်လက်ပြောပြပါတယ်။

"ဒေသခံတွေက ကြောက်ရွံ့ပြီးမှ တချို့တွေက လယ်ယာမြေနဲ့ ကိုယ့်ရဲ့ ၀က်တွေ တိရိစ္ဆာန်တွေနဲ့ ကြောက်ရွံ့ပြီးမှ နေနေကြတယ်။ တချို့တွေက လုပ်ငန်းတွေထားပြီးမှ ကားမိုင်းဘက်ကို ပြေးလာကြတာပေါ့။ ၂ရွာ ၃ရွာပေါင်း ဆိုတော့ များတယ်။ ကထန်ယန်ရွာ၊ လွယ်ကျိုင်ရွာ၊ ဟိုပင်တံတားရွာ အဲလိုပေါင်းစုထားတာဆိုတော့ လူပေါင်းက ၂၀၀၊ ၃၀၀ လောက်တော့ခန့်မှန်းနိုင်တယ်။ ဒါပေမဲ့ မသိနိုင်တဲ့လူတွေ အများကြီး ရှိသေးတယ်။ "

၂ ဘက်တပ်တွေ အဲဒီကားမိုင်းဒေသအတွင်းမှာ အများအပြား ရှိနေသေး တာကြောင့် နောက်ထပ် တိုက်ပွဲတွေဖြစ်ဖို့ အလားအလာရှိတယ်လို့
ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်က အဲဒီဖားကန့်လမ်းကို ၂ ဘက်တပ်တွေက ပိတ်ပင်ထားခဲ့ပေမဲ့ အခု ပြန်ဖွင့်ပေးတာ ၂ ရက်လောက်ပဲရှိသေး ပြီး အခုအခါ သွားလာလို့ရနေတယ်လို့ သိရပါတယ်။ 

ဖားကန့်ဒေသအတွင်းမှာလည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂ သောင်းလောက် စစ်ဘေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအတွက် ကူညီထောက်ပံ့သူတွေကိုပဲ အားကိုးနေရတယ်လို့ သိရပါတယ်။

(Photo courtesy of Kachin Baptist Convention-an IDP camp in Hpakant)

News from : RFA Burmese
Post by အေးချမ်းမွန်
မနေ့က ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား ကားမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ပွါးလို့ ဒေသခံ တွေ နီးစပ်ရာ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မိုးကောင်း ဖ
ားကန့်သွားတဲ့ကားလမ်းပေါ်မှာရှိ ကားမိုင်းမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့နေရာမှာ အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေ မနက်စောစောကစပြီး တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတစ်ယောက်က အခုလို ပြောပြပါတယ်။
...
"ကားမိုင်းနဲ့ ၂ မိုင်အကွာ ကထန်ယန်ဆိုတဲ့ ရွာနားမှာ မနေ့က ၅ နာရီကနေ စဖြစ်တာ ၈ နာရီ၉နာရီလောက်မှာ အေးဆေးဖြစ်သွားတယ်။ အကြိတ်အနယ် ပစ်ခတ်ကြတာပေါ့။ ကြာပီဖြစ်တာတော့ ၂၄ ၊ ၂၅၊ ကတည်းက ဖြစ်ကြတာ။ မနေ့ကအထိ ဗမာတပ်ကတော့ တပ်မ ၈၈၊ တပ်မ၄၄၊ တပ်ပေါင်းစုတွေ များပါတယ်။ ကထန်ယန်ဆိုရင် အားလုံးကေအိုင်အေ တပ်ပါပဲ။

KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများဆက်တိုက်ပြုလုပ်လာ

Photo: KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများဆက်တိုက်ပြုလုပ်လာ

ငြိမ်းချမ်း(မြစ်မခ)

 ယခုရက်ပိုင်းအတွင်း  KIA စစ်တပ်အနေဖြင့် ပြည်နယ်အတွင်း၌  လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ကချင်ဒေသခံများထံက သိရှိရသည်။

အောက်တိုဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေးရပ်ကွက်နေ ကိုမင်းနိုင်အသက်(၄၂)မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှသေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့မော်ဝမ်းလေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“နေ့ခင်းကြီးကို အိမ်မှာသတင်းစာဖတ်နေတုန်းကို ပစ်သွားတာ။ သတင်းကြားတာတော့ KIA ကို ဆဲလို့ပစ်သတ်သွားတယ်လို့ ကြားတယ်။ မင်းဆဲတာ ငါပဲဆိုပြီး ပစ်သွားတာ”ဟု ဖားကန့်မြို့ မော်ဝမ်းလေးရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် KIAတပ်များအား မကောင်းပြောသူများနှင့် စစ်အစိုးရဘက်သို့ သတင်းပေးသူများကို KIA က  လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။

 KIAစစ်တပ်သည် ဒေသခံများကို တရားမဲ့ညှင်းပမ်းသတ်ဖြတ်မှု၊  ဒေသခံများထံက အခါအားလျော်စွာ ဆပ်ကြေးကောက် ပိုက်ဆံတောင်းမှု ၊ ဒေသခံများအား ပေါ်တာဆွဲမှု့များစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ကြောင်းကိုလည်း ဖားကန့်ဒေသခံများထံက သိရှိရသည်။

စက်တင်ဘာလ(၁၀)ရက်နေ့ကလည်း မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် ကားမိုင်းမှ ဦးစိုးဝင်းသမီး တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ မိုးကောင်းနှင့်ကားမိုင်း ကြားရှိသော KIAစစ်တပ်ဂိတ်မှ စစ်သားတစ်ဦးက ပါးရိုက်ခဲ့ကြောင်း သိရသည်။

ထိုကဲသို့ပါးရိုက်လိုက်သောကြောင့် ဦးစိုးဝင်းက KIAသို့တိုင်ကြားခဲ့ရာ အောက်တိုဘာလ(၁)ရက်နေ့တွင် KIAစစ်တပ်ဘက်က  ကချင်ရိုးရာအတိုင်း တောင်းပန်သည့်အတွက် အမှု့ကျေအေးခဲ့ကြောင်းကိုလည်း ဒေသခံများထံက သိရသည်။

" မြစ်ကြီးနား တက္ကသိုလ်ကကျောင်းပိတ်လို့ ပြန်လာတာသူ့အဖေလည်းပါတယ်၊ KIAစစ်တပ်ဂိတ်ကစစ်သား တစ်ဦးက အမြင်မတော်လို့ဆိုပြီး ပါးရိုက်တာတဲ့။ ပြောချင်တာက သူတို့ ကချင်အချင်းချင်းမလို့ တောင်းပန်ပြီး ကျေအေးတာ။ဒီပြင်လူမျိုးခြားဆိုဘယ်လိုလုပ်မလဲ"ဟု ဖားကန့်မှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

 သတင်းမီဒီယာသမားများအနေဖြင့်လည်း တပ်မတော်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှု၊ တပ်မတော်ကို ဆန့်ကျင်မှုများသာ ဖော်ပြနေကြပြီး KIAဘက်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ဖော်ပြမှုအားနည်း နေသည့်အပေါ်တွင် ဒေသခံများက တဖက်သတ်ဆန်နေသည်ဟု ထင်မြင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင်ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် မော်ဝမ်းလေးရပ်ကွက်မှ နမ၀တန်းကျောင်းသူ မဂျာဆိုင်းအိန် သေနတ်မှန်၍ သေဆုံးခဲ့သလို KIAစစ်တပ်မှ ဘီလူး၊မော်ဟန်၊ကန်မီးရှု့ရွာများမှ ဒေသခံ လူငယ်အယောက်(၃၀)ကိုလည်း ပေါ်တာဆွဲခဲ့ကြောင်း မိုးညှင်းမြို့ဒေသခံများထံက သိရှိရသည်။

ယခုအခါ ဖားကန့်လမ်းနှင့် မိုးကောင်းသို့သွားသော ကားလမ်းများပေါ်တွင် KIAစစ်တပ်တပ်ရင်း(၆)နှင့်တပ်ရင်း(၅)က တပ်စွဲထားကြောင်းကိုလည်း ဒေသခံတို့ကဆိုသည်။

News from : Myit Makha Mediagroup
Post by အေးချမ်းမွန်
ယခုရက်ပိုင်းအတွင်း KIA စစ်တပ်အနေဖြင့် ပြည်နယ်အတွင်း၌ လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ကချင်ဒေသခံများထံက သိရှိရသည်။

အောက်တိုဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေးရပ်ကွက်နေ ကိုမင်းနိုင်အသက်(၄၂)မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှသေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့မော်ဝမ်းလေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“နေ့ခင်းကြီးကို အိမ်မှာသတင်းစာဖတ်နေတုန်းကို ပစ်သွားတာ။ သတင်းကြားတာတော့ KIA ကို ဆဲလို့ပစ်သတ်သွားတယ်လို့ ကြားတယ်။ မင်းဆဲတာ ငါပဲဆိုပြီး ပစ်သွားတာ”ဟု ဖားကန့်မြို့ မော်ဝမ်းလေးရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

စစ်တွေ မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား

Photo: စစ်တွေ မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား

ခင်ဦးသာ -  October 2, 2012 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော် သမ္မတထံ ပြည်နယ်အစိုးရအဖွဲ့ က တင်ပြထားကြောင်း သိရသည်။

အင်ဘာလာရပ်ကွက်၌ စက်တင်ဘာလ ၂၈ ရက်က ကလေးတဦးသည် အင်ဘာလာ ရပ်ကွက်ထဲသို့ ရေခဲချောင်း ရောင်းချရန် သွားစဉ် ထိုရပ်ကွက်နေသူ များက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ကောလဟာလ သတင်းများ ရုတ်တရက်ပြန့်နှံ့ သွားခြင်း ကြောင့် စစ်တွေမြို့ဒေသခံ ထောင်ချီ၍ အင်ဘာလာရပ်ကွက်ကို ၀ိုင်းထားကာ ထိုကလေးအား ထုတ်ပေးရန် တောင်းဆိုရာမှ ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။

ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ထိုရပ်ကွက်အား မြို့ပြင်ပြောင်း ရွှေ့ပေးရန် စစ်တွေလူထုက ဆက်လက် တောင်းဆိုသောကြောင့် ပြောင်းရွှေ့ခြင်း ကိစ္စသည် ပြည်နယ်အစိုးရ လုပ်ဆောင်ရမည့် ကိစ္စ မဟုတ်ကြောင်း၊ ထို့ကြောင့် သမ္မတထံ တင်ပြပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောဆိုကြောင်း အစိုးရအဖွဲ့ က ဆိုသည်။

“ရပ်ကွက်ရွှေ့ပေးမယ်လို့ ကျနော်တို့က ကတိပေးတာ မဟုတ်ပါဘူး၊  ဒီကိစ္စဟာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်စေဖို့ အတွက် သမ္မတကို တင်ပြပေးမယ်လို့ ၀န်ကြီးချုပ် က ပြောတာပါ”ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန် ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။

အင်ဘာလာရပ်ကွက်သည် မွတ်စလင်အများစု နေထိုင်ရာ ရပ်ကွက်တခုဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား များ၊ အမျိုးသမီးများအနေဖြင့်  ထိုရပ်ကွက်ထဲမှ ဖြတ်သန်းသွားပါက ရပ်ကွက်နေသူ တချို့၏ နှောက်ယှက်မှု၊ ခြိမ်းခြောက်မှုကို ခကြာခဏ ခံနေရ ကြောင်း၊ ထို့ကြောင့် ထိုရပ်ကွက် ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆို ရခြင်းဖြစ် ကြောင်း စစ်တွေ မြို့ခံများ က ပြောသည်။

ဇွန်လအတွင်း စတင်ခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့မှ မွတ်စလင်များ ကို မြို့ပြင်ရှိ ၎င်းတို့လူမျိုးများ နေထိုင်ရာ ကျေး ရွာများသို့ ပြောင်းရွှေ့၍ နေရာချပေးထားမှု များ ရှိခဲ့ပြီး အင်ဘာလာ ရပ်ကွက်သည် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိသည့် ရပ်ကွ က်တခု ဖြစ်သည်။

မွတ်စလင်များအား သီးသန့်နေရာချထားပေးခြင်းဖြင့် လတ်တလောဖြစ်ပွားနေသည့် ပြဿနာ တည်ငြိမ်မှု ရရှိနိုင်မည် မှန် သော်လည်း ရေရှည်တွင် မွတ်စလင်များအတွက် အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း၊ ရေရှည်တည်ငြိမ်ရေးအတွက် နှစ်ဦးနှစ်ဘက် ပြန်လည် ယုံကြည်မှုရလာအောင် တည်ဆောက်ပေးသင့်ကြောင်း အစ္စလမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ ပြောခွင့် ရသူ ဦးဝဏ္ဏရွှေ က ဧရာဝတီ ကို ပြောသည်။

“ပြဿနာဖြစ်နေချိန်မှာတော့ သီးခြားစီထားတာ သဘာဝကျပါတယ်၊ ဒါပေမယ့် ရေရှည်မှာတော့ သီးခြားစီ ထားမယ်ဆိုရင် လည်းပဲ ပြဿနာက  ပြေလည်မှာမဟုတ်ဘူး၊ သူတို့နေတဲ့ နေရာကိုတော့ သူတို့ကို ပြန်ပေးသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့၏ ယနေ့အခြေအနေသည် တည်ငြိမ်မှု ရှိနေပြီး အင်ဘာလာရပ်ကွက်နှင့်အနီးတ၀ိုက်၊ မြိုပေါ်ရှိ လမ်းဆုံများ၊ လူ စည်ကားရာ နေရာတချို့တွင် လုံခြုံရေးများ ချထားကြောင်း စစ်တွေ ဒေသခံများ က ပြောသည်။

ရခိုင်ဒေသတွင်း တည်ငြိမ်နေသော်လည်း ဘင်္ဂလာေးဒ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရခိုင်ဒေသသို့ ပြန့်နှံ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြ ကြောင်းသိရပြီး စစ်တကောင်း ဒေသ၌ ဗုဒ္ဓဘာသာဝင် များနှင့် မွတ်ဆလင်များ အကြား ပဋိပက္ခ ကြောင့် ဘုန်းကြီး ကျောင်းများ၊ ဒေသခံ ဗုဒ္ဓ ဘာသာ မာရမာလူမျိုးများ၏ နေအိမ်များ မီးရှို့ ခံရခြင်း၊ လူတချို့ ဒဏ်ရာရခြင်း တို့ရှိသည်။

ပြည်နယ်အစိုးရကပြောရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ရခိုင်နယ်စပ်ဒေသဖြစ်သော မောင်တောနှင့်နယ်စပ် တ၀ိုက်၌ လုံခြုံရေး ချထားကြောင်း  ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝ တီ ကို ပြောသည်။

မောင်တောမြို့နယ်ရှိ သရေကုန်တန်းကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်အား စက်တင်ဘာလ ၃၀ ရက်နေ့က မီးရှို့ခံရကြောင်း  ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။ ထိုကိစ္စအား ပြည်နယ် အစိုးရက လည်း အတည်ပြု ပြောဆိုသည်။ ထိုနေ့၌ ပင် မင်းပြားမြို့တွင် လည်း ပဋိပက္ခ တချို့ရှိခဲ့ပြီး ယခုအခါ တည်ငြိမ်နေကြောင်း အာဏာပိုင်တို့က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသမှ ပြဿနာသည် ရခိုင်ပြည်သို့ ရိုက်ခတ်မှု ရှိလာနိုင်သကဲ့သို့ ရခိုင်ဒေသက ပြဿနာ သည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ရိုက်ခတ်မှု တချို့ ရှိခဲ့ခြင်းကြောင့် ရခိုင်ပြည်သူများ အနေဖြင့် သတိထား၍ နေထိုင်ရန် လို အပ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြော သည်။

“သွေးထိုးလှုံဆော်မှုတွေ၊ ကောလဟာလထုတ်လွှင့်မှုတွေ ရှိနေတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အရာရာကို သတိထားပြီး နေထိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် မောင်တောနှင့်စစ်တွေ တွင် ဒုက္ခသည်များ ရှိနေ ဆဲဖြစ် ပြီး၊ ၎င်းတို့ရေရှည် နေထိုင်စားသောက်ရေး အတွက် အခက်အခဲ များရှိကြောင်း သိရပြီး ရခိုင်နှင့်တခြားတိုင်းရင်းသား ဒုက္ခ သည်များသည် ဘုန်းတော်ကြီးကျောင်းများ၌ တည်းခိုနေဆဲဖြစ်ပြီး မကြာမီ နေရာချထားနိုင်မည် ဟု အာဏာပိုင်အဖွဲ့ က ဆို သည်။

စစ်တွေမြို့နယ်အတွင်းမှ မွတ်စလင် ဒုက္ခသည်များကို မြို့ပြင်၌  စခန်းများ တည်ဆောက်၍ နေရာ ချပေးထားသော် လည်း နေအိမ် လုံလောက်မှု မရှိကြောင်း၊ လူဦးရေများပြားပြီး ရေအိမ်သာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ ရှိကြောင်း ဦးဝဏ္ဏရွှေ က ပြောသည်။

“ဆောက်ပေးတဲ့ တဲအိမ်ကသေးနေပြီး လူအရေအတွက်ကများတော့ မိုးရာသီမှာ နေထိုင်ရ ခက်ခဲနေကြပါတယ်၊ လူဦးရေနဲ့ လိုက်ဖက်တဲ့ တဲအိမ်တွေနဲ့ ကျန်းမားရေးစောင့်ရှောက်မှု၊ အစားအစာ အဓိက လိုအပ်နေပါတယ်”ဟု ၎င်း က ဆိုသည်။

စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၌ မွတ်စလင်ဦးရေ ၆ သောင်းဝန်းကျင်ရှိကြောင်း၊ အစိုးရအဖွဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လှုဒါန်းမှုများ ရှိကြောင်း၊ အာဏာပိုင်များအနေဖြင့် စစ်တမ်းကောက်ယူထားသည့် လူဦးရေ စာ ရင်းအတိုင်း အားလုံးကို ထောက်ပံ့ပေးနေ၍ လုံလောက်မှု ရှိကြောင်း ဦးဝင်းမြိုင် က ပြောသည်။

၎င်းက“ကျနော်တို့ စစ်တမ်းမှာရှိတဲ့ စာရင်းအတိ အကျပေးပါတယ်၊ ဒါပေမယ့် စခန်းတွေထဲကို ခိုးဝင်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်၊ ဒီလိုမျိုး တိုးပွားလာနေသူတွေက စာရင်းမရှိတော့ ရိက္ခာမရတာနေမှာပါ”ဟု ဆိုသည်။

မွတ်စလင်ဒုက္ခသည် စခန်းများသို့ ပြည်တွင်း မီဒီယာများ အပြင် နိုင်ငံတကာ မီဒီယာများ၊ ရုပ်သံများကို လွတ်လပ်စွာ သတင်းရခွင့် ပေးထားကြောင်း၊ ဒုက္ခသည်များကိုလည်း လွတ်လပ်စွာ အင်တာဗျူးများ လုပ်ခွင့်ပေးထားကြောင်း ပြည်နယ် အာဏာပိုင် တို့က ဆိုသည်။

စစ်တွေမြို့အခြေအနေ တည်ငြိမ်နေသော်လည်း အင်ဘာလာ ရပ်ကွက်အနီးတွင် လုံခြုံရေးများ ချထားသည် (ဓာတ်ပုံ- Reuters)

News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
စစ်တွေမြို့အခြေအနေ တည်ငြိမ်နေသော်လည်း အင်ဘာလာ ရပ်ကွက်အနီးတွင် လုံခြုံရေးများ ချထားသည် (ဓာတ်ပုံ- Reuters)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော် သမ္မတထံ ပြည်နယ်အ
စိုးရအဖွဲ့ က တင်ပြထားကြောင်း သိရသည်။

အင်ဘာလာရပ်ကွက်၌ စက်တင်ဘာလ ၂၈ ရက်က ကလေးတဦးသည် အင်ဘာလာ ရပ်ကွက်ထဲသို့ ရေခဲချောင်း ရောင်းချရန် သွားစဉ် ထိုရပ်ကွက်နေသူ များက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ကောလဟာလ သတင်းများ ရုတ်တရက်ပြန့်နှံ့ သွားခြင်း ကြောင့် စစ်တွေမြို့ဒေသခံ ထောင်ချီ၍ အင်ဘာလာရပ်ကွက်ကို ၀ိုင်းထားကာ ထိုကလေးအား ထုတ်ပေးရန် တောင်းဆိုရာမှ ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။

တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

Photo: တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

ကြယ်ပြာ - October 2, 2012 

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံကြသည့် တောင်ကိုရီးယား လုပ်ငန်းရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမား များအပေါ် လုပ်ငန်းခွင်တွင်း ကိုယ်ထိလက်ရော်စော်ကားမှု များပြားလာသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးနှင့် ကိုရီးယားနိုင်ငံသို့ အသိပေး တိုင်ကြားစာများ တရားဝင် ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးအေးချိုက ပြောသည်။

ရန်ကုန် စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများတွင် တောင်ကိုရီးယား အလုပ်ရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမားများ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်များနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေသဖြင့် ပြစ်မှုကျူးလွန်သူများ၏ အမည်၊စက်ရုံ အမည်နှင့် ပြဿနာ ဖြစ်ရသည့် အကြောင်းရင်းများအား အသေးစိတ် ဖော်ပြ၍ ကိုရီးယား သံရုံးနှင့် ကိုရီးယားနိုင်ငံရှိ ကိုရီးယား အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်ထံသို့ ပေးပို့သွားမည်ဟု သူက ဆိုသည်။

“ဒီလိုကျူးလွန်သူတွေကို ကျနော်တို့ နိုင်ငံမှာ လုံးဝ အလုပ်ပြန်လာလုပ်ခွင့် မရှိအောင် အထိကို သူတို့ဘက်က အဖွဲ့တွေနဲ့ ညှိသွားမယ်။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်လို့ တရားပြန်စွဲချင်တယ် ဆိုရင် ကျနော်တို့ အဖွဲ့က ရှေ့နေတွေက အခမဲ့ ကူညီပေးသွားမှာပါ” ဟု ဦးအေးချိုက ပြောသည်။

ပြီးခဲ့သည်စက်တင်ဘာ ၂၈ ရက်နေ့က ရန်ကုန် လှိုင်သာယာမြို့နယ်တွင် ရှိသည့် The Myth Appalel Myanmar အထည်ချုပ် စက်ရုံရှိ အလုပ်သမ မစမ်းသူဇာနှင့် ရင်သားကင်ဆာ ဝေဒနာ ခံစားနေရသူ တခြား အလုပ်သမ တဦးအား တောင်ကိုရီးယား လူမျိုး ပညာရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ရာမှ ရင်သား ကင်ဆာ ဝေဒနာ ခံစားနေရသည့် အမျိုးသမီးမှာ အတွင်းဒဏ်ရာ ရသွားခဲ့ပြီး မစမ်းသူဇာမှာ ခြေချောင်း တချို့ ကျိုးကျေသွားခဲ့ကြောင်း သိရသည်။

“စက်ရုံထဲကနေ အလုပ်သမားရုံးကို သွားမယ်ဆိုရင် အလုပ်ထွက်စာ ရေးရမယ်ဆိုပြီးတော့ အတင်းအကျပ် ရေးခိုင်းတယ်၊ မရေးလို့ ဆိုပြီးတော့ စာရွက်တွေကို ကိုင်ပေါက်ပြီး ဆဲတယ်၊ စော်ကားမော်ကားလည်း ပြောပါတယ်” ဟု မစမ်းသူဇာအောင်က ပြောသည်။

တောင်ကိုရီးယားပညာရှင်၏ လုပ်ရပ်အပေါ် မကျေနပ်သည့် ကာယကံရှင် အမျိုးသမီးနှစ်ဦးနှင့် လုပ်ဖော်ကိုင်ဘက် ၀န်ထမ်း ၃၂ ဦးတို့က လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက် တိုင်ကြားခဲ့သည့် အတွက် စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီတွင် အလုပ်သမားရုံး၌ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကုမ္ပဏီ ဘက်မှ အထွေထွေ မန်နေဂျာတို့ ညှိနှိုင်း ခဲ့ကြကြောင်း၊ ညှိနှိုင်းမှု အပြီးတွင် မစမ်းသူဇာအောင်ကို ကျပ် ၇ သိန်း၊ အတွင်းဒဏ်ရာ ရသွားသော မသူဇာနွယ်အား ကျပ် ၅ သိန်းပေးလျော်ပြီး စာချုပ် ချုပ်ဆိုကာ ကျေအေးလိုက်ကြသည်။

သို့သော် ယင်း အလုပ်သမားများမှာ အလုပ်ဆက်လက် လုပ်ဆောင်လိုခြင်း မရှိတော့ကြောင်း ပြောဆို၍ ၀န်ထမ်း ၃၄ ဦးစလုံး အလုပ်မှ နုတ်ထွက်သွားကြောင်း၊ ၎င်းအလုပ်သမားများမှာ အလုပ်သမားရုံးသို့ သွားရောက် တိုင်ကြားခဲ့သည့် အတွက် အလုပ်ရှင်က အလုပ်ထွက်ရန် ဖိအားပေးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

အထည်ချုပ် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပြုခြင်း ခံနေရသော်လည်း ယင်း ကိစ္စများနှင့် ပတ်သက်၍ ပိုင်ရှင်များအား တိုင်းကြားသည့်အခါ တစုံတရာ အရေးယူပေးခြင်း မရှိကြောင်း၊ ရဲစခန်းများကလည်း အလုပ်ရှင်များနှင့်ပေါင်း၍ အမှုဖွင့်ပေးခြင်း မရှိကြောင်း The Myth Appalel Myanmar အထည်ချုပ်စက်ရုံက ၀န်ထမ်းများက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများသည် အလုပ်ရှင် အလုပ်သမား ပြဿနာအဆင့်ထက် ကျော်လွန်နေသောကြောင့် ရဲစခန်းတိုင်သင့်သည့် အခြေအနေ များသာဖြစ်ကြောင်း၊ အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် ညှိနှိုင်းဖျန်ဖြေ ပေးရုံမှလွဲ၍ မည်သို့မှ လုပ်ဆောင် ပေးနိုင်စွမ်း မရှိသေးကြောင်း ဆိုသည်။

“အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ ပြဿနာကို ဖြေရှင်း ပေးချင်ယောင်ဆောင်ပြီးတော့ စာချုပ်တွေနဲ့ ကျေအေး ခိုင်းနေတာက ဥပဒေကို ချိုးဖောက်နေတာပဲ။ ကိုယ့်လူမျိုးတွေ ကိုယ်၌က ကိုယ့်ဘက်မပါတော့ ဒီကိစ္စတွေက နောက်လည်း ဆက်ဖြစ် နေဦးမှာပဲ” ဟု စီးပွားရေး ဥပဒေ လမ်းညွှန်ပညာရှင် တဦးဖြစ်သည့် ဦးတင်သန်းဦးက ပြောသည်။

ကိုရီးယား အလုပ်ရှင်များသာမက တခြားလူမျိုး လုပ်ငန်းရှင်များက အလုပ်သမားများအပေါ် အနိုင်ကျင့်ခြင်းများ ရှိနေသော်လည်း ယခုနှစ်ပိုင်းအတွင်း ကိုရီးယားအလုပ်ရှင်နှင့် မြန်မာအလုပ်သမား ပြဿနာများ ပိုများလာသည့်အတွက် ပထမဆုံး နမူနာအနေဖြင့် ကိုရီးယား အလုပ်ရှင်များကို တိုင်ကြားသွားမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ သိရသည်။

ပြဿနာဖြစ်နေသော တောင်ကိုရီးယားလုပ်ငန်းရှင်နှင့် ပညာရှင် များအား အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိ ရန်ကုန် အခြေစိုက် တောင်ကိုရီးယား သံရုံးမှ တာဝန်ရှိသူအား ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားပေးရန် ငြင်းဆိုခဲ့သည်။

တိုင်ကြားမှုများအပေါ် အရေးယူရာတွင် ပြဿနာဖြစ်သည့် စက်ရုံအား တောင်ကိုရီးယား အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်မှနေ၍ တရားဝင် သတိပေးစာ ပို့ခြင်းမှ စ၍ နိုင်ငံတကာက ယင်းစက်ရုံထုတ် ပစ္စည်းများအား လက်သင့် မခံတော့သည် အထိ အရေးယူခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

တောင်ကိုရီးယား ပညာရှင်၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ခံခဲ့ရသည့် အထည်ချုပ် အလုပ်သမ နှစ်ဦး (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)

News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
တောင်ကိုရီးယား ပညာရှင်၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ခံခဲ့ရသည့် အထည်ချုပ် အလုပ်သမ နှစ်ဦး (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံကြသည့် တောင်ကိုရီးယား လုပ်ငန်းရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမား များအပေါ် လုပ်ငန်းခွင်တွင်
း ကိုယ်ထိလက်ရော်စော်ကားမှု များပြားလာသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးနှင့် ကိုရီးယားနိုင်ငံသို့ အသိပေး တိုင်ကြားစာများ တရားဝင် ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးအေးချိုက ပြောသည်။

ရန်ကုန် စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများတွင် တောင်ကိုရီးယား အလုပ်ရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမားများ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်များနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေသဖြင့် ပြစ်မှုကျူးလွန်သူများ၏ အမည်၊စက်ရုံ အမည်နှင့် ပြဿနာ ဖြစ်ရသည့် အကြောင်းရင်းများအား အသေးစိတ် ဖော်ပြ၍ ကိုရီးယား သံရုံးနှင့် ကိုရီးယားနိုင်ငံရှိ ကိုရီးယား အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်ထံသို့ ပေးပို့သွားမည်ဟု သူက ဆိုသည်။

စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို

Photo: စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ြီူပါတီမှာနာမည်ကြီးပါတီဖြစ် နေပြီး ပါတီတွင်းဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီ လာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လင်းက ၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၂၈)ရက်နေ့ မြို့ နယ် အစည်းအဝေးတွင် ပြော ကြားခဲ့သည်။
ယခုကာလတွင် ဖြစ်နေ သော NLD ပါတီ၏ အောက် ခြေနှင့်အလယ်ပိုင်းရှိ အကျင့်ပျက် နေမှုများနှင့်ပါတီဝင်အချင်းချင်း စိတ်ဝမ်းကွဲမှုများလည်းရှိနေပြီး၊ ထိုကဲ့သို့ ဖြစ်ပျက်နေသည်မှာ လည်းပါတီ၏ မူဝါဒနှင့်မဆိုင်ဘဲ လူပုဂ္ဂိုလ်များကြောင့်သာဖြစ် ကြောင်း ဦးကြည်လင်းက ပြော သည်။
““ဒီကနေ့ NLD ပါတီက ပေါ်ပြူလာပါတီဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမှာရှိနေတဲ့ ခေါင်းဆောင်ကြီး တွေရဲ့ နိုင်ငံရေးသြဇာညောင်း မှုနဲ့ အရှိန်အ၀ါကြီးမှုအပေါ်မှာ လူထုရဲ့ လေးစားထောက်ခံမှု အရပါတီက နာမည်ကြီးနေတယ်။
ဒါပေမဲ့ ပါတီဝင်တွေကိုစနစ်  တကျ အင်အားစုစည်းထားတာ မဟုတ်တဲ့အတွက်ကြောင့်ပါတီ အောက်ခြေမှာ ပရမ်းပတာဖြစ် နေတာကိုတွေ့ရတယ်။ ဒီပုံစံနဲ့ဆို ရင် ၂၀၁၅ရွေးကောက်ပွဲမှာ မှန်း ချက်နဲ့ နှမ်းထွက်နည်းသွားနိုင် တယ်၊ ဆိုလိုတာက နိုင်မယ် ထင် သလောက်အနိုင်ရမှာ မဟုတ် ဘူး။ ပါတီရဲ့မူဝါဒပိုင်း တွေမှန် တယ်၊ လုပ်နည်းမမှန်တာ တွေက လူပုဂ်္ဂိုလ်ပိုင်းတွေကို  ပြုပြင် ပြောင်းလဲရေး  လုပ်ယူရမယ်။ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ နောက်ပိုင်း ပါတီက ထင်သ လောက်အခြေအနေကောင်းမှာ မဟုတ်ဘူး””ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးကြည်လင်းက ပြောကြားခဲ့ သည်။
လွန်ခဲ့သည့် ၂၀၁၀ ကြား ဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ၄၄ နေရာ အနိုင်ရရှိခဲ့ပြီး လူထု ၏ လေးစားထောက်ခံမှုရရှိခဲ့ သော အင်အားကြီးပါတီတစ်ခု အဖြစ် ရပ်တည်ခဲ့ပြီးဖြစ်သော် လည်း၊ လက်ရှိအောက်ခြေနှင့် အလယ်ပိုင်းတွင်ဖြစ်နေသော ပါ တီတွင်း ပြဿနာများကို စနစ် တကျဖြေရှင်းနိုင်ခြင်းမရှိပါက နောင်လာမည့် ကာလများတွင် လူထု၏ လေးစားကြည်ညိုမှု လျော့နည်းသွားနိုင်ကြောင်း ၀ါ ရင့်နိုင်ငံရေးသမားများက သုံးသပ် ပြောဆိုကြသည်။


မျိုးမြင့်၊ တူးတူး

News from : The Hot News
Post by အေးချမ်းမွန်
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှာနာမည်ကြီးပါတီဖြစ် နေပြီး ပါတီတွင်းဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ြ
ခင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီ လာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လင်းက ၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၂၈)ရက်နေ့ မြို့ နယ် အစည်းအဝေးတွင် ပြော ကြားခဲ့သည်။
ယခုကာလတွင် ဖြစ်နေ သော NLD ပါတီ၏ အောက် ခြေနှင့်အလယ်ပိုင်းရှိ အကျင့်ပျက် နေမှုများနှင့်ပါတီဝင်အချင်းချင်း စိတ်ဝမ်းကွဲမှုများလည်းရှိနေပြီး၊ ထိုကဲ့သို့ ဖြစ်ပျက်နေသည်မှာ လည်းပါတီ၏ မူဝါဒနှင့်မဆိုင်ဘဲ လူပုဂ္ဂိုလ်များကြောင့်သာဖြစ် ကြောင်း ဦးကြည်လင်းက ပြော သည်။

ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း( တင်အောင်ကျော်)

Photo: ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း

Written by  တင်အောင်ကျော်

လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး နေရာ တွင် တည်ရှိနေသည့် နေရာသုံးခုကို JICA နှင့် ပူးပေါင်း ရေးဆွဲ နေသော မြို့တော် စည်ပင်က ရန်ကုန်၏ အနာဂတ် မြို့တော် စီမံကိန်း တည်နေရာ အတွက် အဆိုပြု လိုက်ပြီး တိုးချဲ့ တည်ဆောက်ရန် အတွက် ထိုနေရာများကို လျာထား သတ်မှတ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှု ဌာန လက်ထောက် ဌာနမှူး ဒေါ်နီလာဝင်း ကနေ ပြည်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် အမျိုးသား အဆင့် မြေယာ အသုံးချမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနေရာ သုံးခုတွင် ပြီးခဲ့သည့် လပိုင်းက မြို့တော် စည်ပင် ဝန်ထမ်းများ မြေကွက်များ အလုအယက် ဝယ်ယူသည် ဟု သတင်းထွက် နေသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက်ရှိ ခန့်မှန်း ဧရိယာ ၂၆ စတုရန်း မိုင်ကျော်၊ သန်လျင်မြို့ မြောက်ဘက်ခြမ်း ခရမ်းမြို့နယ် အစပ်မှ အစိတ်အပိုင်း ခန့်မှန်း ဧရိယာ စတုရန်း မိုင် ၅၀ ကျော်နှင့် ဒလမြို့တောင်ဘက် ခြမ်းမှ တွံတေး နယ်စပ်အထိ ၃၇ စတု ရန်းမိုင်ကျော် တို့သည်လည်း အဆိုပြုထား ရာတွင် ပါဝင်လျက် ရှိသည်။

ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးကမူ “အဲဒီ နေရာတွေမှာ စီး ပွားရေး လုပ်ငန်းရှင် အတော်များများ ဝယ်ထားပြီး ကြပြီ” ဟု ဆိုသည်။ သို့သော် ယင်းနေရာ သုံးခု အနက် မည်သည့် နေရာသည် မည်သည့် ကာလ တွင် ရန်ကုန်မြို့၏ အနာဂတ်မြို့တော် စီမံကိန်း အဖြစ် စတင် တိုးချဲ့မည်ကိုမသိ ရှိ ရသေးသော်လည်း ကော့မှူး ကွမ်းခြံ ကုန်း တစ်ဝိုက်ကိုပါ စတုရန်း မိုင်ပေါင်း ၂၉၀ ကို နောက်တစ်ဆင့် အဖြစ် တိုးမြှင့် ရန် ရန်ကုန်မြို့တော် စည်ပင်က လျာထား သတ်မှတ် လိုက်ခြင်းကြောင့် ရန်ကုန်မြို့ ၏ တောင်ဘက်ရှိ ဒလမြို့နယ် တစ်ဝိုက် သည် အနာဂတ် ရန်ကုန်မြို့တော် ဖြစ်ရန် အတွက် ပါးစပ်ပြော၊ အရပ်ပြော အဆင့် မှ တိုးကာ ရေရေရာရာ အဆင့်တစ်ခုသို့ နီးကပ်လာပြီဟု ဆိုရမည် ဖြစ်သည်။

အနာဂတ် ရန်ကုန်မြို့တော်သည် နောင်နှစ် ၅၀အတွင်း စတုရန်း မိုင်ပေါင်း ၇၀၀ ကျော် အထိ တိုးချဲ့ရန် ရှိလာနိုင်ရာ ရန်ကုန်၏ မြေဧရိယာ အကျယ်သည် ယခု မြို့၏ နှစ်ဆအထိ ဖြစ်လာရန် ရှိနေသည်။

နောင်တွင် စီမံကိန်းအရ အနာဂတ်မြို့ တော်သစ် ဖြစ်လာမည့် ဒလဘက်တွင် လေယာဉ်ကွင်း တည်ဆောက် နိုင်ပါက အလွန် အချက်အချာ ကျပြီး စီးပွားရေး လည်ပတ်မှုကို အကောင်းဆုံး ပံ့ပိုးမှု ရရှိ စေနိုင် ပါသည်။ သို့သော် လေယာဉ်ကွင်း တည်ဆောက်ရန် ကိုမူ မြေပျော့၍ အခွင့် အလမ်း နည်းသည်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နွေတွင် ပုံမှန် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လေ့ ရှိသော ဒလဘက် ခြမ်းသည် ရေချိုလှောင်ကန်များ (ဖျာပုံ၊ ကျိုက်လတ်တွင် တူးထားသော ရေလှောင် ကန်ကြီးများ ကဲ့သို့ တူး၍ မိုးရေ စုဆောင်း ၍ သော်လည်းကောင်း၊ ရန်ကုန်မှ ရေပေး ဝေရေး စီမံကိန်းနှင့် ချိတ်ဆက်၍လည်း ကောင်း ဖြေရှင်း နိုင်ပါသည်။

ဒလဘက် ရန်ကုန်ကို တိုးချဲ့ဆောက် လိုက်သည်နှင့် ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းများ လုံးဝ ကွဲလွဲသွားရန် ရှိသည်။ ဥပမာ ပေးရ လျှင် ယခုဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ သို့ သွားနေသော ရေလမ်းကြောင်းသည် ယခုလက်ရှိ ရန်ကုန်ကို လာရသကဲ့သို့ တွံတေး တူးမြောင်းကို အထက်ပြန်ဆန် ပြီး ဖြတ်နေရခြင်း မရှိတော့ဘဲ ကျိုက်ထော် သို့မဟုတ် ကွမ်းခြံကုန်း တို့သည် ပြည်တွင်း သင်္ဘော ဆိပ်ကမ်းများ ဖြစ်လာနိုင်ပါ သည်ဟု မြို့ပြပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာလှိုင်မြင့်က အွန်လိုင်း ဘလော့ဂ် တစ်ခုတွင် ရေးသား ထားသည်။

တွံတေး တူးမြောင်း ရေဆန်ကို စက်ကုန်ဖွင့် မောင်းနေရသော ရေ ကြောင်း ခရီးသွားရချိန် ကျုံ့သွားနိုင်ပြီး သင်္ဘောဆိပ်များသည် ယခုရန်ကုန်မှာ ကဲ့သို့ သင်္ဘောတစ်စင်းနှင့် တစ်စင်းထပ် ကပ် ရပ်နေစရာ မလိုအောင် သင်္ဘောဆိပ် များစွာ ထားလာနိုင်သည်ဟု ဒေါက်တာ လှိုင်မြင့်က ရေးသားသည်။

ယင်းကဲ့သို့ ထားနိုင်ပြီ ဆိုသည်နှင့် ကွမ်ဘေယာများ (Conveyors) ကုန် အတင်အချ ကရိန်းများဖြင့် ကုန်အတင် အချ သင်္ဘော အမျိုးအစားများပါ လုပ် ထားပါက ကုန်ကျစရိတ် သက်သာမြန် ဆန် လာနိုင်ပြီး လုပ်အား သက်သာသည့် နည်းစနစ်များနှင့် ကမ္ဘာကို ရင်ပေါင်တန်း လာနိုင်ကြောင်း ၎င်းက အကြံပေးထား သည်။

ဆိပ်ကမ်း ရှားပါး၍ ယခုရန်ကုန် တွင် ဆိပ်ကမ်း ဆိုလျှင် အင်အားကြီးသူ တို့သာ ရနိုင်သော အရာ ဖြစ်နေမှုသည် ပျောက်သွားပါက ဝန်ဆောင်မှု သက်သက် သာသာ ဖြစ်လာနိုင်ပြီး ဝန်ဆောင်မှု လျှော့ချ နိုင်လျှင် ကုန်ဈေးနှုန်း ကျလာ နိုင်ကြောင်း ၎င်းက ထောက်ပြသည်။

ရန်ကုန်တွင် ဆိပ်ကမ်းများ ပုဂ္ဂလိက လုပ်နိုင်မှုသည် ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် နေရာ ကွက်ကွက်သာ ရှိပြီး ဒလဘက်တွင်မူ ထိုနေရာများထက် အဆ ပေါင်း ၅၀ ခန့်ကို ဆိပ်ကမ်းတွေ ပေါ်ထွက် လာနိုင် ပါသည်။ ရန်ကုန်တွင် ပင်လယ်ကူး သင်္ဘောက ဆိပ်ကမ်း တိုးချဲ့ဖို့ စိတ်ကူး ပါကလည်း ရန်ကုန်တွင် ၁၂ စီးခန့်သာ ကပ်နိုင်သည့် ဆိပ်ကမ်း ဆောက်နိုင်ပြီး ဒလဘက်တွင် အစင်း ၅၀၊ အစင်း ၁၀၀ ဆိုက်ကပ် နိုင်သည့် အတွက် သင်္ဘောဆိပ် နေရာ အတွက်မူ ရန်ကုန်သည် ဒလကို ယှဉ်ဖို့ ဆိုသည်မှာ စိတ်တောင် မကူးနှင့် ဟု ပြောနိုင်သည် အထိ ကွာခြားလျက် ရှိသည်။

သင်္ဘောဆိပ်တွင် မယှဉ်နိုင် ရုံမက ခရီးအချိန် ကျုံ့သွားခြင်းလည်း များစွာ ကွာခြား သွားနိုင်ပါသည်။ ဒလဘက် တွင် စီးပွားရေး ဧရိယာများ တိုးလာပါက စီးပွားရေး အကျိုးသက်ရောက်မှု များ ပိုမို ကောင်းမွန် လာသည်ကို တွေ့ကြရနိုင် သည်။ ဥပမာ- ကဏန်း အရှင်များ တင် ပို့မှုတွင် ပိုမိုမြန်ဆန် လာနိုင်သကဲ့သို့ ကဏန်းမွေးကန်များ သည် မြို့တော်နှင့် လေယာဉ်ကွင်း လက်တစ်ကမ်းတွင် ရှိနေ ပါသည်။ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ မြို့မှ ငါးများသည် နေ့တစ်ဝက် ဆိုလျှင် ရန်ကုန်သို့ သင်္ဘောဖြင့် ရောက်နိုင်ပြီး တစ်နည်းအားဖြင့် တွံတေးသို့ လှိုင် သာယာမှ ဖောက်ထားသည့် လမ်းသည် ပို၍ အရေး ပါလာနိုင်သည်။ ယခုအခါ ဘိုကလေးမှ နံနက် ၁၁ နာရီ ထွက်သော ဧရာဝတီ သင်္ဘောသည် နောက်တစ်ရက် နံနက်မှသာ ရန်ကုန်သို့ ရောက်ရှိနိုင်ပြီး သင်္ဘောမောင်းချိန် ၁၅ နာရီခန့် ကြာမြင့် နေမှုမှသည် ဒလဘက်တွင် မြို့တော် သစ် တိုးချဲ့လာပါက ဘိုကလေး-ရန်ကုန် သို့ ရေလမ်းမှပင် ည ၇ နာရီလောက် ထွက်ပါက မနက်မလင်းခင်မြို့တော်ကို ရောက်ရှိ နိုင်သည်။

တွံတေးတောကြီးတန်း နားမှ ကျိုက် ထော်ရွာကြီးသည် မြစ်ပြင်ကျယ်၍ အနာဂတ် ရန်ကုန်မြို့တော်၏ ဆိပ်ကမ်း များဖြစ်လာနိုင်ရာ ရှိသည်။ နိုင်ငံ၏ အခြေခံ စားသောက်ကုန်များ အဓိက ထွက်ရှိရာ ဒေသနှင့် ဆက်သွယ်မှု လွယ် ကူလာ၍ အပိုဆောင်း ကုန်ကျ စရိတ်များ အထူး သက်သာ လာနိုင်ပါသည်။ ဒလမြို့တစ်ဝိုက် မြေဝယ်ထားသူ များ၏ မြို့သစ် စီမံကိန်း ခန့်မှန်းချက်သည် စီမံကိန်း ဧရိယာတွင်း ဝင်၍ ကံစမ်းမဲ ပေါက် သွားသည်ဟု ဆိုနိုင်သော်လည်း ဒဂုံမြို့သစ်၊ ထန်းတပင်၊ သီလဝါ တို့တွင် ပြီးခဲ့သည့်နှစ်က အလုအယက် ဒိုင်ဗင် ထိုး၍ ဝယ်ယူ ခဲ့ကြသူများ မှန်းချက်နှင့် လွဲသွားကြသည်။ အိမ်၊ ခြံ၊ မြေ ဗရုတ် ဗရက်တွင် တိုက်ဆောက် ကားစီး ရွှေတွဲလွဲ ငွေတွဲလွဲ အိမ်၊ ခြံ၊ မြေပွဲစားများ ကမူ ကွယ်ရာတွင် ကျိတ်ပြုံးကောင်း ပြုံးနေ ကြလိမ့်မည်။

သို့သော် ခန့်မှန်း ရသည်မှာ ယင်း အနာဂတ် မြို့တော်အတွက် စီမံကိန်း အဆင့်များသည် အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် အထိ အချိန်ယူ၍ အကောင် အထည် ဖော်ရဖွယ် ရှိနေပြီး အသေးစိတ် စီမံ အကောင်အထည် ဖော်ရန် အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေ သည့် မြေယာ သိမ်းမှု များကလည်း အဆင့် တစ်ဆင့် အနေဖြင့် သတိကြီးစွာ ကိုင် တွယ်ရမည့် အခြေအနေများ ရှိနေသည်။

ရန်ကုန်မြို့တော်သည် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် အပြီး တွင် ယာယီမြို့တော် တည်ခဲ့ပြီးနောက် မကြာမီ မြို့စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ စတင် တည်ဆောက် ခဲ့သည့် အချိန်က ကားများ မပေါ်သေး သည့်အတွက် မြင်း၊ ရထားများဖြင့် သွား ရန် အတွက်သာ စီမံကိန်းချ ဆောက်ခဲ့ ခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်က ရန်ကုန် မြို့ ဧရိယာသည် ၃၃ စတုရန်းမိုင် သာ ရှိပြီး နှစ်ပေါင်း ၆၀ ကျော် အကြာတွင် ၁၀ ဆနီးပါး ကျယ်ပြန့် လာခဲ့သည်။

သိမ်ဖြူလမ်း အနောက်ဘက်ခြမ်း မြို့တွင်းပိုင်း လမ်းများသည် (ရန်ကုန်မြို့ ၁ လမ်းမှ လမ်း ၄၀ အထိ) လမ်းမကြီး များမပါ ၎င်းတို့ အကျယ်သည် ပေ ၃၀ မှ ပေ ၅၀ ခန့်သာ ရှိကြသည်။ ယနေ့ အရှေ့တောင် အာရှမြို့တော်များနှင့် ယှဉ် ပါက ရန်ကုန်မြို့တော်သည် နှစ်ပေါင်း များစွာ နောက်ကျ ကျန်နေပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ကောက်ယူခဲ့ သော စာရင်းအရ ရန်ကုန် တစ်မြို့လုံး တွင် လမ်းမိုင် အရှည် စုစုပေါင်း ၂၇၆၉ မိုင်ရှိကြောင်း၊ ယင်းလမ်းများကို အမျိုး အစားများ ခွဲခြားထားပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်းတို့ဖြစ် ကြောင်း သိရှိ ရသည်။

ရန်ကုန်မြို့တွင်း ဆက်သွယ်သွား လာရေးတွင် အဓိက သွားလာ နေသည် မှာ ကားလမ်းဖြစ်ပြီး ရန်ကုန်မြို့ရှိ နေရာ အများစုတွင် လမ်းပျက်စီးမှု များပြား နေခြင်းကြောင့် ခရီးလမ်း တစ်ခုကို အချိန် တိုအတွင်း သွားလာ၍ မရနိုင်ခြင်း၊ အချို့နေရာ များတွင် လမ်းကျဉ်းမြောင်း ခြင်း တို့ကြောင့် ကားပိတ်ဆို့မှုများ တစ် နေ့ တခြား တိုးတက် ဖြစ်ပေါ်လျက် ရှိသည်။

မြို့ပတ် ရထားမှာ လူဦးရေ သိန်းဂဏန်း သာ အသုံးပြု နေကြသေးသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် အစီအစဉ် ကျနမှု မရှိသည့် မြေအသုံးချမှု များ၊ အစိုးရ ပိုင်မြေနှင့် စည်ပင် ပိုင်မြေ များကို ကျူးကျော် နေထိုင်မှုများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တွင် ကျူးကျော် နေထိုင်ခြင်း၊ ဖွံ့ဖြိုးမှု ဆောင်ရွက်နိုင်ရန် အချိန်ကိုက် စီမံကိန်း များ ရေးဆွဲနိုင်မှု မရှိခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ၊ လူနေရပ်ကွက်များ၊ စီးပွား ရေး ဧရိယာများ အတွင်း ကျယ်ပြန့်စွာ တည်ရှိနေခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်း တို့ကြောင့် မြို့ပြ အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲမှု အပိုင်းကို နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်တွင် ကျင်းပသည့် Structure Plan စာတမ်း ရှင် တစ်ဦးက ဆွေးနွေး တင်ပြခဲ့သည်။

ယနေ့ ရန်ကုန်မြို့၏ လမ်းများ အနေ အထားနှင့် ယာဉ်စီးရေ အရေအတွက် သည် ယခုအတိုင်း ဆက်ထား ပါက မကြာမီ ဘန်ကောက်ထက် ဆိုးဝါးသည့် လမ်းပိတ် ဆို့မှုကြီးများ ပေါ်လာပြီး လူ့စွမ်းအား လုပ်အား ဆုံးရှုံးမှုကြီး များစွာ ကြုံရပါလိမ့် မယ်။ မြို့လယ် စီးပွားရေးဇုန်သို့ ဦးတည် ၍ စီးလာနေသော ဘတ်စ်ကားများ ပေါ် တွင် ငါးပိသိပ်၊ ငါးချဉ်သိပ် မွန်းကျပ်မှု၊ စိတ်ဖိစီးမှုများ၊ အချိန် ဆုံးရှုံးရမှုများကို တွက်ဆတတ်သူများ (ပညာရှင်များ) သိကြ ပါလိမ့်မည်။ ရန်ကုန်၏ အခြေအနေ သည် အလွန်ပူပင်ဖွယ် ကောင်းသည့် အနုတ်လက္ခဏာကြီး ဖြစ်လာပါက နောင် တွင် တိုင်းပြည်စီးပွားရေး နှောင့်နှေးပြီး ပျက်သွားသည် အထိ တာစူသွားနိုင် စရာ ရှိပါသည်။

ရန်ကုန်မြို့တော် စည်ပင်၏ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း အဆိုပြုလွှာ တစ်ရပ် တွင် ပါရှိသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း တစ်ဝိုက် ခန့်မှန်း ဧရိယာ ၂၆ စတုရန်းမိုင် ကျော်တွင် စီးပွားရေး ဇုန် ၁၀ ရာခိုင်နှုန်း၊ စက်မှုဇုန် ၄၀ ရာခိုင်နှုန်း အထိ မြေဧရိယာ ခွဲဝေ အသုံးပြုရန် ရှိသည့် အတွက် ၁၀ စတုရန်းမိုင် ကျော်သည့် စက်မှုဇုန်နှင့် စီးပွားရေး ဇုန်များ အတွက် ဖြစ်လာရန် ရှိပါသည်။

အထူးသဖြင့် ဒလမြို့တောင်ဘက် ခြမ်း စီမံကိန်းသည် စီးပွား ဧရိယာများကို ၂၀ ရာခိုင်နှုန်း အထိ အထူး အသားပေး ထားပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်း အထိ လူနေထိုင်ရန် အတွက် ထည့်သွင်း အဆိုပြု ထားရာ အနာဂတ် ရန်ကုန်မြို့ပြ စီမံကိန်းကြီးသည် ဒလ တစ်ဖက်ကမ်း တွင် တွက်ဆ နိုင်စရာ ဖြစ်သည်။

JICA ၏လေ့လာချက်များအရ ရန်ကုန် တစ်ဖက်ကမ်း ဒလနှင့် ရန်ကုန် သည် လေးလမ်းသွား တံတား တစ်စင်း တည်ဆောက်ရန် ရှိပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကျော်နှင့် ဒေါ်လာသန်း ၅၀ ကျော် ကုန်ကျမည်ဟု မြန်မာ-ဂျပန် နှစ်နိုင်ငံက ပူးပေါင်း လေ့လာ ထားကြသည်။ အလားတူ လှိုင်မြစ်ဖြတ်ကျော် ကြည့်မြင်တိုင် တစ် ဖက်ကမ်း အေးရွာနှင့် ဆက်သွယ်မည့် တံတား စီမံကိန်းသည် ကျပ် ၃၆ ဘီလီယံ နှင့် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မကြာမီ ရန်ကုန်တွင် တည်ဆောက်ရန် ရှိသည့် လျာထားစာရင်းတွင် ပါဝင်နေရာ အနာဂတ် ရန်ကုန်မြို့တော်သည် ဒလနှင့် တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် ပိုမို အလေးသာလျက် ရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံ များအနီးတွင် မြင်ကွင်းကို ကွယ်ပျောက် စေမည့် အဆောက်အအုံသစ်များ တည် ဆောက်ခွင့်ကို ခွင့်ပြုတော့မည် မဟုတ် ကြောင်း စက်တင်ဘာလ အတွင်းက ပြောကြားခဲ့ရာ ယနေ့ ရန်ကုန်သည် ယခင် အဆောက်အအုံများကို သမိုင်းအမွေ အနှစ်အဖြစ် ထိန်းသိမ်းထားရင်း အင်ဒို နီးရှား နိုင်ငံရှိ ဂျာကာတာမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံရှိ နယူး ဒေလီမြို့တော်ဟောင်း ကဲ့သို့လည်းကောင်း မဝေးတော့သည့် အနာဂတ်တွင် မြို့တော် ဟောင်း အဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။

ရန်ကုန်မြို့ တောင်ဘက် ဒလ- တွံတေး ဘက်သို့ အနာဂတ် မြို့တော် တိုးချဲ့ ပါက ဒလဘက်ခြမ်းရှိ မြို့နယ်အားလုံး (ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ တွံတေး ရှိသမျှ အားလုံး အထိ)ကို တိုးချဲ့၍ ရနိုင်ပြီး တွံတေးတော ကြီးတန်း အထိပါ တိုးချဲ့၍ ရနိုင်ပါသည်။

သို့သော် ပြီးခဲ့သည့် ကားကိစ္စတွင် ငွေရှင်တို့က လေးဘီးယာဉ်များကို ကြို သတင်းရ၍ ဝယ်သိမ်းပြီး အညွန့်ခူးချိန် တွင် ပြည်သူ အများစုက သိမ်းထားသော လေးဘီးယာဉ် အစုတ်မှ ရွှေဖြစ်သည်ကို မသိကြခြင်းကြောင့် လူညွန့်ခူး ခံလိုက်ရ သည်ကို သင်ခန်းစာယူ၍ အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်းများကို ပွင့်လင်း ထင်သာမှု ရှိရန်မှာ အထူး အရေးကြီးပြီး သတင်းကို ဝှက်၍ လက်ဝါးကြီးအုပ် အမြတ် ထုတ်မှုများကို ယခု တစ်ကြိမ်တွင် ဂရုပြု သင့် ပါသည်။

ယင်းဒေသတွင် နံငယ် ပုဆိုးပိုင်း ဝတ်၍ တစ်နေကုန် လယ်ထွန် စားသောက် နေရသော ဓားမဦးချ နေထိုင်သူများကို ကတုံးပေါ် ထိပ်ကွက်ကာ လယ်ယာမြေ ဧကပေါင်း များစွာကို နည်းမျိုးစုံဖြင့် သတင်းကြိုတင် ရယူကာ လက်ဝါးကြီး အုပ် ဝယ်ယူသူများ၊ လူပေါ် လူညွန့်ခူးသူ များ၊ လူပါးလူနပ်များကို မည်သို့ကိုင် တွယ် ရမည်ကို အစိုးရက မူတစ်ခုထည့် သွင်း လုပ်ကိုင် ပေးနိုင်မှသာ မြန်မာ အစိုးရ သည် သိသာသော ပြောင်းလဲမှုများကို ပြည်သူ့ထံ ဆောင်ကြဉ်း လာနိုင်သူ၊ ကောင်းမွန်သော အစိုးရ မှန်ကန်မှုနှင့် အုပ်ချုပ်သူ အဖြစ် အောက်ခြေလူထုက တစ်ဆင့်တိုး၍ အသိအမှတ် ပြုကြပါလိမ့် မည်။

News from : The Voice Weekly
Post by အေးချမ်းမွန်
လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်
ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး နေရာ တွင် တည်ရှိနေသည့် နေရာသုံးခုကို JICA နှင့် ပူးပေါင်း ရေးဆွဲ နေသော မြို့တော် စည်ပင်က ရန်ကုန်၏ အနာဂတ် မြို့တော် စီမံကိန်း တည်နေရာ အတွက် အဆိုပြု လိုက်ပြီး တိုးချဲ့ တည်ဆောက်ရန် အတွက် ထိုနေရာများကို လျာထား သတ်မှတ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှု ဌာန လက်ထောက် ဌာနမှူး ဒေါ်နီလာဝင်း ကနေ ပြည်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် အမျိုးသား အဆင့် မြေယာ အသုံးချမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံကို ခေါင်းစားစေတဲ့ မြန်မာ(Kavi Chongkittavorn)

Photo: အာဆီယံကို ခေါင်းစားစေတဲ့ မြန်မာ

ကဝီ ချုံကစ်တဝန်

ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံကြဖို့ အာဆီယံဥက္ကဌရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပေမယ့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation) နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကိုတော့ မြန်မာနိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုခဲ့တာမို့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွက် စိတ်ရှုတ် ထွေးစရာဖြစ်ရပါတယ်။ မြန်မာအစိုးရက ဘယ်လို သဘောထားတာလဲပေါ့။

ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းကဆိုရင် မြန်မာအစိုးရက အာဆီယံအတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံမိတ်ဆွေတွေကို အံ့သြသွားအောင် လုပ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေနဲ့အတူ “လွတ်လပ်ပြီး တရားမျှတတဲ့” ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်အောင် အာဆီယံတာဝန်ရှိသူတွေ စေလွှတ်ပေးဖို့ ဖိတ်လိုက်တာပါပဲ။

ဒါ့ပြင် မကြာသေးခင်က တင် ဆယ်စုနှစ်နဲ့ချီပြီး သူတို့မလိုလားတဲ့သူတွေစာရင်း (Black List) ထဲထည့်ထားသူတွေ ထဲက လူ ၂၀၀၀ ကျော်ကို မြန်မာအစိုးရက ပယ်ဖျက်ပေးခဲ့ပါသေးတယ်။ အဲ့ဒီမတိုင်ခင်ကဆိုရင်လည်း နိုင်ငံက ဒီမိုကရေစီရေးအတွက် ပိုပြီးလမ်းဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြတဲ့အနေနဲ့ မီဒီယာဆင်ဆာ ကို ဖျက်သိမ်းလိုက်ပါသေးတယ်။

လာမယ့်လတွေမှာဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်၊ ပြည်သူပိုင်အသံလွှင့်ဌာနနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအပြင် တရားဥပဒေစိုးမိုးရေး၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု တွေကို အားပေးအားမြှောက် ဖြစ်စေမယ့် ဥပဒေတွေကိုလည်း ပြဌာန်းမယ့် အစီအစဉ်တွေရှိပါလိမ့်မယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာပြည်ရဲ့ လျှင်မြန်တဲ့ပြောင်းလဲမှုဖြစ်စဉ်အပေါ် တစုံတရာဆုံးဖြတ်မှု မလုပ်သေးပေမယ့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ အထူးသဖြင့် CLMV လို့ခေါ်တဲ့ ၄ နိုင်ငံအစုအဖွဲ့ထဲက ကမ္ဘောဒီး ယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက စောင့်ကြည့်နေကြတာပါ။ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ လော လောဆယ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ အဆုံးသတ်ရေးနဲ့ နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေမှုကနေ အဆုံးသတ်ရေးဆိုတဲ့ ရည်မှန်းချက် ၂ ရပ် ဒွန်တွဲနေပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးမှုတွေကို ဆိုင်းငံ့ လိုက်တာ ဒါမှမဟုတ် တစိတ်တပိုင်း ရုတ်သိမ်းလိုက်တာတွေ လုပ်ခဲ့တာမို့ ပထမရည်မှန်းချက်ကတော့ တစုံ တရာ ပြည့်သွားပါပြီ။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်မယ် ဆိုရင် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုအားလုံး အဆုံးသတ်သွားမှာပါ။

ဒုတိယရည်မှန်းချက်ကတော့ အတော်လေး ရှင်းပါတယ်။ ဆယ်စုနှစ်နဲ့ချီ အထီးကျန်ဖြစ်ခဲ့ပြီးတဲ့နောက် အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းထဲ ပြန်ဝင်လာပြီး လုပ်ငန်းဆောင်တာ ဒုနဲ့ဒေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အခက်အခဲ ဖြစ်ခဲ့တဲ့ အာဆီယံနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် ဆောင်ရွက်တဲ့နေရာမှာတော့ မြန်မာအစိုးရရဲ့ ပြုမှုပုံတွေက အခြား အာဆီယံနိုင်ငံတွေကို ခေါင်းစားစေပါတယ်။

ဥပမာပြောရရင် တောင်တရုတ်ပင်လယ်နဲ့ ရိုဟင်ဂျာအရေး ကိစ္စတွေမှာ မြန်မာက အခြားအာဆီယံနိုင်ငံတွေနဲ့ ခပ်ခွာခွာ ဆက်ရှိနေတာပါ။ အငြင်းပွားစရာ ပင်လယ်ရေပိုင်နက်ကိစ္စအတွက် မြန်မာအစိုးရက ခပ်အေးအေးနေမယ့်မူကို ကိုင်စွဲ ထားတာကိုး။ ဒါပေမယ့် လူအခွင့်အရေးနဲ့ ဒီမိုကရေစီနယ်ပယ်မှာတော့ မြန်မာက အခြားနိုင်ငံတွေနဲ့ ဆန်ကျင်ဖက်ဖြစ် နေပြန်ပါရော။

အာဆီယံအဝန်းအဝိုင်းမှာရှိနေတဲ့ အနေအထားအရတော့ မြန်မာက ရှေ့ကို အများကြီးခုန်တက်သွားပါတယ်။ ဒါကြောင့်လည်း ရှေးရိုးစွဲ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေ အာဆီယံအပေါ် ရေရှည်မှာ ဘယ်လိုကူးစက်ပြီး အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတာပေါ့။ နိုင်ငံထဲမှာ လက်ရှိဖြစ်နေတဲ့ မီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေက မြန်မာနိုင်ငံကို နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် မှတ်တမ်း တွေရဲ့ အောက်ခြေအဆင့်ကနေ အာဆီယံအဖွဲ့ဝင်နိုင်ငံထက်ဝက်ကျော်ရဲ့ အရှေ့ ရောက်သွားစေတာကိုး။

လာမယ့် အလှည့်ကျ အာဆီယံဥက္ကဌအပေါ် ဘယ်လောက်အထိ ယုံကြည်အားထားလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မေးခွန်းထုတ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်ဆိုရင် အာဆီယံဥက္ကဌရာထူးကို ရယူတော့မှာဖြစ်ပေမယ့် အာဆီယံခေါင်းဆောင်တွေ ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအထိ ဒါနဲ့ပတ်သက်ပြီး မတင်မကျ ဖြစ်နေဆဲပါပဲ။ ဒါကြောင့်မို့လည်း ဘာလီပူးတွဲ ကြေငြာချက်မှာ မြန်မာ အာဆီယံဥက္ကဌဖြစ်ရေးကို သူတို့က “အတည်ပြု” တာထက်စာရင် “ထောက်ခံ” တယ်လို့ ထည့်သွင်းရေးသားခဲ့တာပေါ့။

တချိန်တည်းမှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ပုံမှန် သံတမန် ဆက်ဆံရေးအရှိန်က အာဆီယံကို အံ့အားသင့်စေပါသေးတယ်။ တကယ်တော့ အာဆီယံက ဖြစ်နေတာတွေကို အမှီ လိုက်နေရတယ်လို့ ဆိုရင် မမှားလောက်ပါဘူး။

ဒီစိုးရိမ်ပူပန်မှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဆက်လွှမ်းမိုးနေဦးမှာပါ။ ပြီးခဲ့တဲ့ ဧပြီလ ဖနွမ်ပင် အာဆီယံထိပ်သီးအစည်းအဝေးတုန်းကဆိုရင် အာဆီယံခေါင်းဆောင်တယောက်က သမ္မတဦးသိန်းစိန်ကို တခု တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒါကတော့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဘယ်လောက်ရှိနေ သလဲဆိုတာနဲ့ ၂၀၁၄ မှာ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာတွေကို လေ့လာနိုင်ဖို့ အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို နေပြည်တော်ဖိတ်ဖို့ပါပဲ။ သူက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အာဆီယံဟာ အရေးမပါသလို ခံစားရတာမို့ တိုက်တွန်းခဲ့တာလို့ သိရပါတယ်။

သတိပြုဖို့ စိတ်ဝင်စားစရာကောင်းတာကတော့ အာဆီယံအဖွဲ့ဝင်သစ်တွေဖြစ်ကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကြား က အလားအလာရှိတဲ့ ပြိုင်ဆိုင်မှု ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဒီမိုကရေစီတည်ဆောက်မှုနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးနောက်ပိုင်းမှာ ဒီပြိုင်ဆိုင်မှုဟာ ပိုပြင်းထန်လာခဲ့တာပါ။

အဖြစ် အပျက်တွေကိုလည်း အာဆီယံအဝန်းအဝိုင်းမှာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့တုန်းက ဆိုရင် ကြိုတင်ညှိနှိုင်းတာမျိုးမရှိဘဲ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟွန် (Hor Namhong) ဆီက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အထူးအစည်းအဝေးတခုခေါ်ဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရတာမို့ အံ့အားသင့်တွေဝေသွားခဲ့ရပါတယ်။ သူက ဒီလိုဆောင်ရွက်တာဟာ “တကယ့် ကို အငိုက်ဖမ်းတာပဲ” ဆိုပြီး အစည်းအဝေးခေါ်ဖို့ အာဆီယံဥက္ကဌက တောင်းဆိုထားတာကို ပယ် ချလိုက်ပါတယ်။ အစည်းအဝေးခေါ်မယ့်ကိစ္စကို အားပေးတဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေလည်း နောက်ပိုင်းမှာ သူတို့ အစီအစဉ်ကို လက်လွတ်လိုက်ရပါတယ်။ အဲ့ဒီလိုဖြစ်ပြီး တပါတ်အကြာမှာတော့ အထူးအစည်းအဝေးမခေါ်ဘဲ ရခိုင် ပြည်နယ်အခြေအနေအပေါ် ပူးတွဲကြေငြာချက်ထုတ်ဖို့ အာဆီယံထဲမှာ သဘောတူခဲ့ကြပါတယ်။

မတူကွဲပြားတဲ့ သမိုင်းနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေရှိကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေဟာ သူတို့ရဲ့ လွတ်လပ်တဲ့ စဉ်းစားမှုနဲ့ တန်ခိုးထွားမှုတွေကို ထုတ်ပြလေ့ရှိတတ်ကြပါတယ်။ အာဆီယံမထူထောင်ခင် ၁၉၆၇ သြဂုတ်လမှာ ထိုင်းနိုင်ငံ က အဲ့ဒီ ၂ နိုင်ငံကို ချဉ်းကပ်ခဲ့တာနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေ ကောင်းကောင်း မှတ်မိကြပါလိမ့်မယ်။

အဲ့ဒီတုန်းကဆိုရင် ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟာနု (Norodom Sihanouk) က လူသိများတဲ့ သူနိုင်ငံရဲ့ “ထာဝရ ကြားနေရေးဝါဒ” အပေါ်အခြေခံပြီး အာဆီယံရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း မြန်မာ နိုင်ငံရဲ့ “တိကျတဲ့ ကြားနေရေးဝါဒ” ကို အဓိကအချက်အဖြစ် ကိုးကားပြီး ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုမျိုး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စံတန်ဖိုးတွေ အဲ့ဒီနိုင်ငံ ၂ ခုမှာ ရှိနေဆဲပဲလို့ အခြား အာဆီယံနိုင်ငံတွေက လောလောဆယ် ခံစား နေရတာဖြစ်ပါတယ်။

လာမယ့်ရက်ပေါင်း ၄၀၀ ကျော်အတွင်း မြန်မာနိုင်ငံက အာဆီယံဥက္ကဌရာထူးကို လက်ခံယူတဲ့အချိန်မှာ သမ္မတဦးသိန်း စိန်ရဲ့ အစိုးရက ပြောင်းလဲမှုအသစ်တွေနဲ့ အရင်ရှိခဲ့တဲ့ဝါဒကို ဆက်လက် ကိုင်စွဲမစွဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ၂၀၁၄ ဇူလိုင်လကစပြီး မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံဆက်ဆံရေးအတွက် ညှိနှိုင်းဆောင်ရွက်ရ တဲ့နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ထင်မြင်ချက်တွေကို အနီး ကပ် စောင့်ကြည့်လေ့လာရတော့မှာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တသီတတန်း အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီ မြှင့်တင်ရေးတွေနဲ့ ပတ်သက်တဲ့ ပြုပြုပြောင်းလဲမှုတွေဟာ အာဆီယံ အဖွဲ့ဝင်သစ်တွေနဲ့ အဖွဲ့ဝင်ဟောင်းတွေကို စိုးရိမ် တကြီး ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့ခဲ့ ပါတယ်၊ သေသေချာချာတော့ လုပ်ငန်းလည်ပတ်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုဖွဲ့လိုက်တာဟာ ဗီယက်နမ်နိုင်ငံ အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပိုပြီး စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ လှုံ့ဆော်လိုက်သလိုပါပဲ။ ဘာဖြစ်လို့လဲဆို တော့ မြန်မာနိုင်ငံက အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့လိုက်တဲ့အတွက် ဗီယက်နမ်နိုင်ငံကလည်း ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားလိုက်ရတော့တာကိုး။

အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုနဲ့ စံချိန်စံညွှန်း ပြဌာန်းချက်တွေ (Terms of Reference -TOR) ကို ၂၀၁၄ မှာ ပြန်လည် သုံးသပ်တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီပြဌာန်းချက်တွေကို ပြင်ဆင်မှုလုပ်ဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေကို လှုံ့ဆော် စည်းရုံးလိမ့်မလား ဒါမှမဟုတ် ဒီ့ထက်ပိုပြီး လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခု ချုပ်ဆိုဖို့ အာဆီယံကို အားပေးတိုက်တွန်းလိမ့်မလားဆိုတာကတော့ မေးခွန်းမေးစရာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက TOR ကို မူကြမ်းရေးဆွဲတဲ့အချိန်မှာ မြန်မာနိုင်ငံက အဲ့ဒီမူကြမ်းအပေါ် လော၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေလိုပဲ သဘောထားတင်းမာခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နောက်ဆုံးကျင်းပခဲ့တဲ့ အာဆီယံ လူအခွင့်အရေး ကြေငြာစာတမ်း မူကြမ်းရေးဆွဲတဲ့ အစည်းအဝေးတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာကျင်းပခဲ့တဲ့ အာဆီယံအခြေစိုက် လူမှု အဖွဲ့အစည်းတွေ ညှိနှိုင်းဆွေးနွေး ပွဲတွေမှာတော့ မြန်မာကိုယ်စားလှယ်တွေက လူအခွင့်အရေးအကာအကွယ်ပေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အတော်လေး သဘောထား ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံအတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံ တဖွဲ့လုံးအနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုနဲ့ ရိုဟင်ဂျာ ကိစ္စတွေအပေါ် ကူညီဖို့ အဆင်သင့်ဖြစ်နေပေမယ့် အဲ့ဒီလိုကူညီနိုင်ဖို့အရေး လောလောဆယ် အာဆီယံ ပြင်ပကို ပိုပြီး အမှီပြုခဲ့ကြရပါတယ်။

ပုံစံတခု ပေါ်ပေါက်လာခဲ့တာကတော့ မြန်မာအစိုးရအနေနဲ့ အာဆီယံနဲ့ ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ အာဆီယံအဖွဲ့ဝင်တွေ တနိုင်ငံချင်းဆီကပဲ အကူအညီယူဖို့ ပိုလိုလားတယ် ဒါမှမဟုတ်လည်း အာဆီယံတစုံလုံးခေါင်းစဉ်အောက်က မဟုတ်တဲ့ အကူအညီမျိုးကို ပိုလိုလားတယ် ဆိုတာပါပဲ။

ဒီလိုအပြုအမူက အာဆီယံ၊ နိုင်ငံတကာမိသားစုတွေနဲ့ ဆက်စပ်ဆောင်ရွက်တဲ့နေရာမှာ မြန်မာအစိုးရရဲ့ တစတစ တိုးတက်လာတဲ့ သံတမန်ရေး လွတ်လပ်မှုကို ညွှန်ပြနေတာဖြစ်ပါတယ်။ သာဓကတခုအနေနဲ့ သဘာဝပတ်ဝန်းကျင် အပေါ် ဆိုးကျိုးတွေရှိတယ်လို့ အစီရင်ခံစာတွေထွက်လာပြီးတဲ့နောက် မြန်မာအစိုးရက မြစ်ဆုံရေကာတာဆောက်ဖို့ ရပ်ဆိုင်းလိုက်တာကို ကြည့်လို့ရပါတယ်။ ဒါကို အခြားစကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ အာဆီ ယံတွင်းနိုင်ငံရေးထဲမှာရော အဲ့ဒီဘောင်ကိုကျော်ပြီးတော့ရော သူ့ရဲ့ ကိုယ်ပိုင်နေရာရာဖို့ တဖြေးဖြေး တောင်းယူနေတာ ပါ၊ အဲ့ဒီနေရာက အာဆီယံတစုံလုံးရဲ့ အကျိုးစီးပွားနဲ့ တထပ်တည်း ကျချင်ကျပါလိမ့်မယ် ဒါမှမဟုတ် ကျချင်မှလည်း ကျပါလိမ့်မယ်။

Kavi Chongkittavorn ၏ Myanmar Sending Mixed Signals to Asean ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။ စာရေးသူသည် ဘန်ကောက်အခြေစိုက် နေရှင်းမီဒီယာအဖွဲ့တွင် အကြီးတန်းအယ်ဒီတာတဦးဖြစ်သည်။

မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး အာဆီယံဟာ အရေးမပါသလို ခံစားရတယ် (ဓာတ်ပုံ – Reuters)

News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး အာဆီယံဟာ အရေးမပါသလို ခံစားရတယ် (ဓာတ်ပုံ – Reuters)
ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံကြဖို့ အာဆီယံဥက္ကဌရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပေမယ့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation) နဲ့ ကုလ
သမဂ္ဂ အေဂျင်စီတွေကိုတော့ မြန်မာနိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုခဲ့တာမို့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွက် စိတ်ရှုတ် ထွေးစရာဖြစ်ရပါတယ်။ မြန်မာအစိုးရက ဘယ်လို သဘောထားတာလဲပေါ့။

ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းကဆိုရင် မြန်မာအစိုးရက အာဆီယံအတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံမိတ်ဆွေတွေကို အံ့သြသွားအောင် လုပ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေနဲ့အတူ “လွတ်လပ်ပြီး တရားမျှတတဲ့” ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်အောင် အာဆီယံတာဝန်ရှိသူတွေ စေလွှတ်ပေးဖို့ ဖိတ်လိုက်တာပါပဲ။

အမေရိကန်က မြန်မာပြည်မှာ ဘာတွေဝယ်မှာလဲ(မောင်ယဿ)

Photo: အမေရိကန်က မြန်မာပြည်မှာ ဘာတွေဝယ်မှာလဲ


ဆန်စပါးကနေ အ၀တ်အထည်တွေ အထိ ပြီးတော့ ကျောက်မျက်ရတနာတွေ။ ဒါတွေက မြန်မာပြည်ရဲ့ အဓိကတင်ပို့ ကုန်တွေပါပဲ။အဲဒါတွေကို ပြီးခဲ့တဲ့နှစ်တွေ က အပိတ်ခံထားခဲ့ရတယ်။တရုတ်၊အိန်္ဒိယ   တို့လို အိမ်နီးချင်းနိုင်ငံတွေက ၀ယ်ယူနေ တာကလွဲရင်ပေါ့။အခုတော့ အဲဒီ အိမ်နီး ချင်းနိုင်ငံတွေက မြန်မာပြည်မှာ ရေနံနဲ့  သဘာဝဓာတ်ငွေ့တွေကိုပါ လိုချင်နေပြီ။
မြန်မာပြည်က နိုင်ငံခြားပို့ကုန်တွေ အပေါ်မှာ အမေရိကန်အပါအ၀င် အနောက်အုပ်စုတွေက ပိတ်ဆို့ထားခဲ့ တယ်။ဒါပေမဲ့ အမေရိကန်နဲ့အနောက် အုပ်စုတွေက သူတို့နိုင်ငံက စားသုံးသူ တွေအတွက် မြန်မာပြည်မှာ ၀ယ်စရာ တွေအများကြီးရှိတယ်ဆိုတာကို သိနေ ကြတယ်။သူတို့မျက်စေ့ထဲက မြန်မာ့ပို့ ကုန်တွေကို အိမ်နီးချင်းနိုင်ငံကြီး ၂နိုင်ငံ  က သယ်ယူနေတာကိုလည်း မချင့်မရဲ  ဖြစ်နေကြတယ်။
မြန်မာ့ပဲဆိုတာ အိန်္ဒိယနိုင်ငံအကြိုက် ပို့ကုန်ပါပဲ။အဲ့ဒီအချိန်မှာ တရုတ်က မြန်မာနိုင်ငံမှာ ကျွန်းသစ်နဲ့ကျောက်မျက် ရတနာတွေကို ကြိုက်ဈေးပေးဝယ်နေ တယ်လေ။တိုင်းပြည်ရဲ့အ၀တ်အထည်  ဈေးကွက်အတွက် ဂျပန်က မြန်မာပြည် မှာ တူးဖော်နေတယ်။မြန်မာပြည်ရဲ့ပို့ကုန်    တွေကို ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင် သဘာဝဓာတ်ငွေ့က ၅၇ရာခိုင်နှုန်း၊ပဲက   ၁၈ရာခိုင်နှုန်း၊ကျွန်းနဲ့သစ်မာက ၁၀ရာခိုင် နှုန်း၊အထည်အလိပ်က ၆ရာခိုင်နှုန်း၊ဆန် က ၅ရာခိုင်နှုန်းနဲ့ ငါးနဲ့ပင်လယ်စာက ၄ ရာခိုင်နှုန်း တို့ဖြစ်ကြပါတယ်။
ဒါဆိုရင် အမေရိကန်က မြန်မာ  ပြည်မှာ ဘာဝယ်ရမှာလဲ။ဆန်အကြောင်း   တွေးကြည့်မယ်။တချိန်တုန်းကတော့ ကမ္ဘာ့နံပါတ်(၁) ဆန်တင်ပို့တဲ့ နိုင်ငံအနေ အထားကနေ အခုအချိန်မှာ အောက် အဆင့်တော်တော်များများကို ကျဆင်း  ခဲ့ရပါပြီ။ထိုင်းနဲ့ဗီယက်နမ်နောက်ကို အတင်းလိုက်နေရတယ်။အဲ့ဒီအခြေအနေ  ကို ပြောင်းပြန်လှန်ပစ်ဖို့ရာက သိပ်မလွယ် ကူလှဘူး။ထုတ်လုပ်မယ်။စုဆောင်းမယ်။  ကမ္ဘာဈေးကွက်လမ်းကြောင်းထဲကို သွင်း ရမယ်။အရင်လို နံပါတ် (၁) နေရာကို  ပြန်ရဖို့က ထင်ထားသလောက်မရနိုင်ဘူး။
အမေရိကန်ကလည်း သူ့နိုင်ငံက စားသောက်ဆိုင်တွေမှာ ညစာစားဖို့ ဆန် လုံးဖြူဖြူတွေကို မျှော်လင့်နေတယ်။ဒါ ဆိုရင် အမေရိကန်က မြန်မာပြည်မှာ ဆန်လာဝယ်မှာလား။သိပ်မကြာမဲ့ကာလ  မှာတော့ အမေရိကန်တွေရဲ့ညစာက ဆန်တွေဖြစ်လာကောင်းပါရဲ့။
ကျောက်စိမ်းလို အဖိုးတန်ကျောက် မျက်ရတာတွေကရော။ပြီးခဲ့တဲ့နှစ်တွေက   ကျောက်စိမ်းအစားကြီးတဲ့ တရုတ်နိုင်ငံ ရှိနေတာတောင်မှ မြန်မာ့ကျောက်မျက် ဈေးကွက်ပျက်ခဲ့ရတယ်။ကျောက်စိမ်းကို တော့ တရုတ်က သန်းနဲ့ချီအမြောက် အများပေးဝယ်နိုင်ပေမဲ့၊ပတ္တမြားလိုအခြား ကျောက်မျက်တွေကိုတော့ ကမ်္ဘာဈေး  ကွက်ကစောင့်နေတယ်။ အဲဒီဈေးကွက်  ပေါ်မှာ အမေရိကန်က ဘယ်လောက် ဈေးမြှင့်ပြီးပေးနိုင်မှာလဲ။ဒါဆိုရင် မြန်မာ့  ကျောက်မျက်တွေပေါ်မှာ အမေရိကန်  ရဲ့စိတ်ဝင်စားမှု ဘယ်လောက်ရှိနိုင်မလဲ ဆိုတာကို စဉ်းစားစရာဖြစ်လာပါပြီ။
ဒါဆိုရင် ရေနံနဲ့သဘာဝဓာတ်ငွေ့   တွေဘက်ကို အချက်လှည့်ကြည့်ကြရ အောင်။မြန်မာပြည်ရဲ့သဘာဝဓာတ်ငွေ့  တွေက အခုဆိုရင် အရှေ့မြောက် တရုတ် နိုင်ငံနဲ့အရှေ့တောင် ထိုင်းနိုင်ငံဘက်ကို  ပိုက်ကြီးပိုက်ငယ်အသွယ်သွယ်နဲ့သွားကြ ရတော့မှာပါ။နောက်နှစ်ဆိုရင် အက်ဒမန် ပင်လယ်ထဲက သဘာဝဓာတ်ငွေ့တွေက   ယူနန်ပြည်နယ်က ကားတွေမှာ မီးဖို   ချောင်တွေမှာ အလုပ်လုပ်ကြတော့မယ်။  ဒါဆိုရင် အမေရိကန်က မြန်မာ့ရေနံလုပ်  ကွက်တွေမှာ ၀င်လုပ်ကိုင်ဖို့အတွက် အတင်းထိုးဖောက်ရတော့မယ်။သူတို့ရဲ့   ဈေးကွက်တွေဆီကိုရောက်ဖို့ဆိုရင်တော့   ကမ္ဘာ တစ်ဝက်လောက်ခရီးစရိတ်ကုန်ကျ  နေလိမ့်မယ်။ အရင်းကာမိဖို့ဆိုရင်တော့   မလွယ်လောက်ဘူး။
ဒီတော့ အခြားတင်ပို့ကုန်တွေဖြစ် တဲ့ အသီးအရွက်တွေ၊လောင်စာတွေနဲ့  သစ်မာတွေဘက်ကို လှည့်ကြည့်ကြရတော့     မှာပဲ။အဲ့ဒါတွေက အာရှရဲ့အပြင်ဘက်ကို  ထွက်ကြည့်ဖို့ဆိုရင် ကန့်သတ်ခံထားရမှာ   သေချာနေတယ်။ဒါတွေ ဘယ်လိုထွက်ရ မလဲ။ဘယ်ကိုထွက်ရမလဲဆိုတာက အခက်  အခဲပါ။ကမ္ဘာပေါ်မှာပင်လယ်စာဈေးကွက်   က ကြီးသထက်ကြီးလာနေတယ်။အဲ့ဒီ  ဈေးကွက်ကို ထိုင်းနဲ့ဗီယက်နမ်က ချုပ် ထိန်းနိုင်ဖို့ကြိုးစားနေတယ်။ပင်လယ်စာ တွေထုတ်ဖို့အတွက် ကြီးမားတဲ့ရပ်ဝန်း တွေကို တည်ဆောက်ထားကြတယ်။ဒါ ပေမဲ့ အဲဒီရပ်ဝန်းတွေကပဲ မြန်မာပြည်ကို  ပင်လယ်စာနဲ့ပတ်သက်တဲ့ လှုံ့ခေတ်မူ တွေ ပေးနေကြမယ်လို့ မျှော်လင့်ထားရ တယ်။
တောင်းဆိုမှုအားကောင်းတဲ့ နောက်  ထပ်နယ်ပယ်တစ်ခုကတော့ ဂျပန်က မြန်မာပြည်ကို လက်ဦးထားနှင့်သော အ၀တ်အထည်ကိစ္စပင်ဖြစ်သည်။တရုတ် နိုင်ငံမှာ လုပ်သားခကြီးမြှင့်လာမှုကြောင့်    တရုတ်အထည်လုပ်ငန်းများသည် လာအို၊   ကမ္ဘောဒီးယား၊ဗီယက်နမ်နှင့်မြန်မာပြည်  ဘက်ဆီသို့ ဦးတည်လာနေသည်။ Made in Myanmar ဆိုသည့် စကားလုံးကို ဂျပန်နှင့်တရုတ်တို့က လက်ဦးအောင်ယူ ထားကြသည်။ရေရှည်မှာ မြန်မာပြည်က   အာရှဈေးကွက်မှာ ကြိုးတန်းသဖွယ် ၀င် ရောက်လာမှာပါ။ပြီးတော့ စားသုံးသူ အကြိုက်ကုန်စည်တွေကို ထုတ်လုပ်နိုင် တော့မှာပါ။ထိုင်းနဲ့မလေးရှားတို့လိုပေါ့ ဗျာ။ဂျပန်စောင့်ကြည့်ရေးသမားတွေက လည်း လက်မနှေးလောက်ပါဘူး။ အခု တောင် ထားဝယ်ကို ၀င်လုံးဖို့အတွက် ဘီလီယံပေါင်းများစွာ သုံးဦးမှာတဲ့။
နောက်ဆုံးတော့ ဒါတွေက စိန်ခေါ်  မှု တစ်ရပ်အဖြစ် သက်သေဖြစ်လာမှာပါ။    လျှပ်စစ်စွမ်းအားနဲ့အခြေခံအဆောက်အအုံ   ပြဿနာတွေဖြစ်နေတယ်။အဲဒါက တကယ့် ပြဿနာအစစ်ပါ။ဒုတိယအချက်က လုပ် သားတွေက တကယ်မကျွမ်းကျင်တာပါ။   ကမ္ဘာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က  စံနှုန်းနဲ့နှိုင်းယှဉ်ကြည့်ရင် ကျွမ်းကျင်မှု မပြည့်ဝသေးတာကို တွေးနေရတယ်။ လေဆိပ်တွေ၊လမ်းတွေ၊မီးရထားလမ်းတွေ၊ ဆိပ်ကမ်းတွေနဲ့အခြေခံအဆောက်အအုံ  တွေက မပြည့်စုံသေးတာတွေရှိနေသေး တယ်။ ဒါဆိုရင် အမေရိကန်က မြန်မာ ပြည်မှာ ဘာတွေဝယ်ယူရမယ်ဆိုတာ နည်းလမ်းရှာဖို့လိုလာပါပြီ။အမေရိကန်က   မြန်မာပြည်ကို ပို့ကုန်တွေ တင်သွင်းခွင့်   ပြုလိုက်ပြီလို့ကြားနေရတယ်။မြန်မာပြည်  ကကော အမေရိကန်ကို ဘာတွေရောင်း မှာလဲ။ကမ္ဘာ့ဒီမိုကရေစီ ဘိုးအေ နိုင်ငံ ကြီးကို ဒီမိုကရေစီ (၁)နှစ်၊(၂)နှစ်၊သား ကလေးက ဘာတွေရောင်းချပေးနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒီမို ကရေစီအလေ့အထ သက်တမ်းရင့်နိုင်ငံ ရဲ့ ဥပဒေစည်းမျဉ်းတွေကို ကျော်ဖြတ်ပြီး အမေရိကန်နိုင်ငံထဲအရောက် မြန်မာ့ကုန်ပစ္စည်းတွေ ဘယ်လိုပို့မယ်ဆိုတာကိုလည်း  စောင့်ကြည့်ရဦးမှာပါ။
အမှန်တကယ်တော့ အမေရိကန် က မြန်မာနိုင်ငံမှာ သူတကယ်ဝယ်ချင်တဲ့ ပစ္စည်းတွေရှိပါတယ်။အဲဒါကတော့ ဒီမို ကရေစီကုန်တွေပဲဖြစ်မှာကတော့ မလွဲ ဧကန်ပါပဲ။

 

မောင်ယဿ

News from : The Hot News
Post by အေးချမ်းမွန်
ဆန်စပါးကနေ အ၀တ်အထည်တွေ အထိ ပြီးတော့ ကျောက်မျက်ရတနာတွေ။ ဒါတွေက မြန်မာပြည်ရဲ့ အဓိကတင်ပို့ ကုန်တွေပါပဲ။အဲဒါတွေကို ပြီးခဲ့တဲ့နှစ်တွေ က အပိတ်ခံထားခဲ့ရတယ်။တရုတ်၊အိန်္ဒိယ တို့လို အိမ်နီးချင်းနိုင်ငံတွေက ၀ယ်
ယူနေ တာကလွဲရင်ပေါ့။အခုတော့ အဲဒီ အိမ်နီး ချင်းနိုင်ငံတွေက မြန်မာပြည်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကိုပါ လိုချင်နေပြီ။
မြန်မာပြည်က နိုင်ငံခြားပို့ကုန်တွေ အပေါ်မှာ အမေရိကန်အပါအ၀င် အနောက်အုပ်စုတွေက ပိတ်ဆို့ထားခဲ့ တယ်။ဒါပေမဲ့ အမေရိကန်နဲ့အနောက် အုပ်စုတွေက သူတို့နိုင်ငံက စားသုံးသူ တွေအတွက် မြန်မာပြည်မှာ ၀ယ်စရာ တွေအများကြီးရှိတယ်ဆိုတာကို သိနေ ကြတယ်။သူတို့မျက်စေ့ထဲက မြန်မာ့ပို့ ကုန်တွေကို အိမ်နီးချင်းနိုင်ငံကြီး ၂နိုင်ငံ က သယ်ယူနေတာကိုလည်း မချင့်မရဲ ဖြစ်နေကြတယ်။
မြန်မာ့ပဲဆိုတာ အိန်္ဒိယနိုင်ငံအကြိုက် ပို့ကုန်ပါပဲ။အဲ့ဒီအချိန်မှာ တရုတ်က မြန်မာနိုင်ငံမှာ ကျွန်းသစ်နဲ့ကျောက်မျက် ရတနာတွေကို ကြိုက်ဈေးပေးဝယ်နေ တယ်လေ။

ရွှေဂတ်စ် ပိုက်လိုင်းကို ရပ်ဆိုင်းထားရန် အဖွဲ့အစည်း ၁၂ ခုမှ တောင်းဆို

Photo: ရွှေဂတ်စ် ပိုက်လိုင်းကို ရပ်ဆိုင်းထားရန် အဖွဲ့အစည်း ၁၂ ခုမှ တောင်းဆို

မင်းခိုင်မိုက် (့ရန်ကုန်)

လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်ကို စတင်ရောင်းချတော့မည့်  ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း  စီမံကိန်းကို လောလောဆယ်တွင် ရပ်ဆိုင်းထားရန် ပြည်တွင်း အဖွဲ့အစည်း  (၁၂) ခုမှ ကျေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

တောင်းဆိုသော အဖွဲ့(၁၂) ဖွဲ့ မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁)Thazin Development Foundation (ရခိုင်ပြည်နယ်)(၂)Arakan Ray Youth (ရခိုင် ပြည်နယ်), (၃) Ayarwady West Development Organization  (မင်းဘူး၊  စကု၊ပွင့်ဖြူ၊ ငဖဲ) , (၄)  Green Network  (Sustainable Development Group)(မကွေး) (၅) Green Future (ရေနံချောင်း)(၆)ပုပ္ပါးတောင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (ကျောက် ပန်းတောင်း) (၇) Green for All (တောင်သာ၊မြင်းခြံ၊  နွားထိုး ကြီး) (၈) စိမ်းရောင်စို (တံတားဦး) (၉) စိမ်းရောင်စို Activities (မန္တလေး)၊   (၁၀)စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ (၁၁) စိမ်းရောင်စို (ကျောက်မဲ)၊ (၁၂) ရှမ်းပြည်နယ်မြေက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (လားရှိုး၊သီပေါ ၊ နမ္မတူ၊ နောင်ချို ၊ နမ့်ခမ်း) တို့ဖြစ်သည်။

ထုတ်ပြန်သော ကျေညာချက် ခေါင်းစီးကို “ မြန်မာ-တရုတ် “ရွှေ”သဘာဝဓာတ်ငွေ့ နှင့် ရေနံပိုက် လိုင်းစီမံကိန်းအပေါ် မြန်မာပြည်သူလူထု၏  သဘောထားထုတ်ပြန်ချက်” ဟု ဖေါ်ပြပြီး အောက်တို ဘာလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကျေညာချက်ပါ အကြောင်းအရာများမှာ အောက်ပါ အတိုင်း အပြည့်အစုံ  ဖြစ်သည်။

မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့သွယ်တန်းမည့်  ရွှေသဘာဓာတ်ငွေ့ နှင့်ရေနံပိုက်လိုင်းစီမံကိန်း သည်မြန်မာနိုင်ငံ ၏မြို့နယ် (၂၁)မြို့နယ် ကိုဖြတ်သန်းသွားပါသည်။

ထိုစီမံကိန်းတွင် (၁) စာချုပ်ပါစီမံကိန်း အခြေခံ အချက်အလက်များကိုလည်းကောင်း ၊ နိုင်ငံရေးနှင့် ပါတ်သက်သည့် သဘောတူ ညီချက်များကို လည်းကောင်း ၊ပိုက်လိုင်းလုံခြုံဘေးကင်းရေး စံနှုန်း များကိုလည်းကောင်း ၊ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာအချက်အလက်များကို လည်းကောင်း၊ နောက်ဆက်တွဲအကောင် အထည်ဖော် မည့်အစီစဉ်များကို လည်းကောင်း ပြည်သူ လူထုအနေဖြင့်သိရှိခွင့်မရရှိခဲ့ပါ။

(၂)  စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့်လူမှုဘ၀ သက်ရောက် ထိခိုက် မှုစစ်တမ်းများ (EIA,SIA) ကောက်ယူစီစစ်ခြင်းမရှိခဲ့ပေ။ အမှန်အားဖြင့် EIA, SIAစစ်တမ်း အရသာစီမံကိန်းကို အကောင်အထည်ဖော်ရန်သင့် မသင့်ဆုံးဖြတ်ရမည်ဖြစ်သည်။

(၃) လယ်ယာမြေနှင့်စိုက်ခင်းများကိုပျက်စီးစေခြင်း၊ အများပိုင်ကျေးရွာသုံးရေကန် သာသနိက နယ်မြေများ၊ လမ်းများကိုပျက်စီးစေခြင်း၊ သဘာဝရေထွက် များနှင့်ရေ ရေထိန်းတော များပျက် စီးစေခြင်း ၊ရှားပါးရေနေ ၊ကုန်းနေသတ္တဝါများ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်ပျက်စီးစေခြင်း၊ အများပိုင် သစ်တောနှင့်ဒေသခံအစုအဖွဲ့ပိုင်သစ်တောများကို ပျက်စီးစေခြင်းများ၊ ကမ်းရိုးတန်းနှင့် သန္တာကျောက်တန်းများ ထိခိုက်ပျက်စီး ခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် နှင့်ဂေဟစံနစ်ကို အကြီးအကျယ်ထိခိုက်စေကြောင်း တွေ့ရှိရသည်။

(၄) လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကလေးအခွင့် အရေး ချိုးဖောက်မှုများ နှင့်  အမျိုးသမီးများ၏  ဘ၀အပေါ်ထိခိုက် သက်ရောက်မှုများဖြစ်ပေါ်စေပြီး  မြန်မာနိုင်ငံအတွင်း  ပြည်တွင်းစစ်  ပိုမိုကြီးထွား အောင်အားပေးနေသော အကြောင်းလည်း ဖြစ်နေ သည်။

(၅) ပိုက်လိုင်းဖြတ်သန်းရာဒေသတလျှောက်  မြေယာသုံးစွဲရာ၌လည်း ပိုင်ရှင်များကို အသိပေး ထားသည့် မှုလမြေပမာထက်ပိုမိုသုံးစွဲခြင်း၊ မြေယာလျော်ကြေး များကိုထိုက် တန်စွာပေးလျော် မှုမ ရှိခြင်း၊ဒေသခံများ၏ဘ၀  ရပ်တည်ရေးနှင့်လူမှု  ဘ၀ဖွံ့ဖြိုးရေး ကဏ္ဍမျိုးစုံကိုလည်း အနှောက် အယှက်ဖြစ်စေခြင်းများ  တွေ့ရှိရသည်။

(၆)    ဒေသခံ ဌာနေတိုင်းရင်းသားများ သိရှိခွင့်ရမည့်  မူလအခွင့် အရေးများ ကို လေးစားလိုက်နာမှု မရှိခြင်း၊ စီမံကိန်း အကောင်အထည်ဖေါ်မည့်အဆင့်တိုင်းတွင် ဒေသခံများပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့် လုံးဝ မရရှိခဲ့ခြင်း  တို့ကိုလည်း  တွေ့ရှိရသည်။

(၇) မိမိနိုင်ငံအတွက်  မဟာဗျူဟာကျသော  စီးပွားရေးစီမံကိန်းကြီးများကို တိုင်းတစ်ပါးလက် ပုံ အပ်ခြင်းမှာ နိုင်ငံအချုပ်အခြာ အာဏာနှင့်လုံခြုံရေးအတွက်စိုးရိမ် ဖွယ်ဖြစ် သည်။

မြန်မာ့မြေပေါ်မှ ဖြတ်သန်းတည်ဆောက် ထားသော ပိုက်လိုင်း၏ ပိုင်ဆိုင်ခွင့် နှင့်  စီမံခန့်ခွဲပိုင်ခွင့် သည်  မြန်မာနိုင်ငံ၏ လက်တွင် ရှိသင့်သော်လည်း မြန်မာတွင် အဆိုပါအခွင့်အရေး မရှိပေ။

ထို့ကြောင့်နိုင်ငံတော်အစိုးရ သက်ဆိုင်ရာကုမ္ပဏီများ၊ တာဝန်ရှိသူများအနေဖြင့် အထက်ပါ အခြေ အနေ များ ကို ဖြေရှင်းပေးရန်လိုအပ်သည်။ အထက်ပါအချက်များ  မဖြေရှင်းနိုင်ခင် ပိုက်လိုင်းစီမံ ကိန်းကို  လုံးဝရပ်ဆိုင်း  ထားစေလိုကြောင်း  မြန်မာပြည်သူများမှ လက်မှတ်ရေးထိုး ၍ တောင်းဆို လိုက်သည်။

မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ပိုက်လုံးများ ကျောက်ဖြူမြို့နယ်တွင် ရေထဲချနေစဉ် (ဓါတ်ပုံ – နိရဉ္စရာ)

News from : Narinjara
Post by အေးချမ်းမွန်
လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်ကို စတင်ရောင်းချတော့မည့် ရခိုင်ပြည်နယ်မှ ရွှေဂတ်စ်ပိုက်လိုင်း စီမံကိန်းကို လောလောဆယ်တွင် ရပ်ဆိုင်းထားရန် ပြည်တွင်း
အဖွဲ့အစည်း (၁၂) ခုမှ ကျေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

တောင်းဆိုသော အဖွဲ့(၁၂) ဖွဲ့ မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁)Thazin Development Foundation (ရခိုင်ပြည်နယ်)(၂)Arakan Ray Youth (ရခိုင် ပြည်နယ်), (၃) Ayarwady West Development Organization (မင်းဘူး၊ စကု၊ပွင့်ဖြူ၊ ငဖဲ) , (၄) Green Network (Sustainable Development Group)(မကွေး) (၅) Green Future (ရေနံချောင်း)(၆)ပုပ္ပါးတောင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (ကျောက် ပန်းတောင်း) (၇) Green for All (တောင်သာ၊မြင်းခြံ၊ နွားထိုး ကြီး) (၈) စိမ်းရောင်စို (တံတားဦး) (၉) စိမ်းရောင်စို Activities (မန္တလေး)၊ (၁၀)စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ (၁၁) စိမ်းရောင်စို (ကျောက်မဲ)၊ (၁၂) ရှမ်းပြည်နယ်မြေက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (လားရှိုး၊သီပေါ ၊ နမ္မတူ၊ နောင်ချို ၊ နမ့်ခမ်း) တို့ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်တွင် တိုင်းရင်းသားတပ်ပေါင်းစုနှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

Photo: ကွတ်ခိုင်မြို့နယ်တွင် တိုင်းရင်းသားတပ်ပေါင်းစုနှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

Tuesday, 02 October 2012 

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့၊ နံက် ၈း၁၅ နာရီခန့်တွင် တအာင်းဒေသ ကွတ်ခိုင်မြို့နယ် ရှိ ပိန်ပွန်၊ မန်ဆိန်၊ ပန်နျှိုးရွာ အနီးတို့တွင် T.N.L.A တပ်ရင်း-၁၁၂၊ နှင့် K.I.A တပ်ရင်း-၈ မှ တိုင်းရင်းသား ပူးတွဲ
...တပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅ဝ၂၊ ခမရ ၃၂၄ တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား
ခဲ့ကြရာ မြန်မာအစိုးရတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး ထိခိုက် ဒါဏ်ရာရရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

တိုင်းရင်းသား ပူးတွဲတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့သည် ပန်နျှိုးရွာအဝင်
တောစပ်တွင် နံက် ၈း၁၅ နာရီခန့်၌ မိနစ် ၃ဝ ခန့် ပစ်ခတ်ခဲ့ကြပြီး၊ နေ့လယ် ၁၁ နာရီခန့်တွင် ပန်နျှိုးရွာနှင့် ပိန်ပွန်ရွာအကြားရှိ တောင်တန်းတွင်လည်း မိနစ် ၃ဝ ခန့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။ နေ့လည် ၂း၃ဝ နာရီခန့်တွင် မန်ဆိန်ရွာ အနီးတွင် တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ကျနော်တို့ တအာင်း၊ ကချင်၊ ရှမ်း တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလှုပ်ရှားမှု
အနေနဲ့ ကွတ်ခိုင်ဒေသက ရွာတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ တရွာဝင်တရွာထွက် လိုက်ပြီး စည်းရုံးဟောပြောတာကို သူတို့ မြန်မာ
တပ်ဖွဲ့တွေက လိုက်နှောက်ယှက်နေတာဖြစ်တယ်။ ကျနော်တို့ကလည်း တတ်နိုင်သလောက်တော့ ပစ်ခတ်မှုမဖြစ်အောင် ရှောင်ပါတယ်။ ဒါဒီနေ့တော့ ရှောင်လို့မရတဲ့ အခြေအနေကြောင့် တိုက်ပွဲငယ်
သုံးကြိမ်လောက်ဖြစ်သွားရတာပါ” ဟု တအာင်းတပ်မှူးတဦးက ပြောပြသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A အနေဖြင့် တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး
တိုက်ဖျက်ရေး၊ နယ်မြေစိုးမိုးရေး၊ လူထုစည်းရုံးရေးများ ပိုမိုပြုလုပ်ရန် တပ်ဖွဲ့အသီးသီးကို ညွန်ကြားချက်ထုတ်ကာ လှုပ်ရှားနေလျှက်ရှိသည်။

တအာင်းဒေသ အချို့ဖြစ်သည့် နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်များတွင် K.I.A ၊ S.S.P.P/S.S.A နှင့် T.N.L.A တပ်ဖွဲ့တို့ ပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့များ
ရှိပြီး၊ မြန်မာတပ်ဖွဲ့များနှင့် တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေလျှက်
ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - P.S.L.F

pnsjapan

News from : Myanmar Online News
Post by အေးချမ်းမွန်
၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့၊ နံက် ၈း၁၅ နာရီခန့်တွင် တအာင်းဒေသ ကွတ်ခိုင်မြို့နယ် ရှိ ပိန်ပွန်၊ မန်ဆိန်၊ ပန်နျှိုးရွာ အနီးတိ
ု့တွင် T.N.L.A တပ်ရင်း-၁၁၂၊ နှင့် K.I.A တပ်ရင်း-၈ မှ တိုင်းရင်းသား ပူးတွဲ
...တပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅ဝ၂၊ ခမရ ၃၂၄ တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား
ခဲ့ကြရာ မြန်မာအစိုးရတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး ထိခိုက် ဒါဏ်ရာရရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

တိုင်းရင်းသား ပူးတွဲတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့သည် ပန်နျှိုးရွာအဝင်
တောစပ်တွင် နံက် ၈း၁၅ နာရီခန့်၌ မိနစ် ၃ဝ ခန့် ပစ်ခတ်ခဲ့ကြပြီး၊ နေ့လယ် ၁၁ နာရီခန့်တွင် ပန်နျှိုးရွာနှင့် ပိန်ပွန်ရွာအကြားရှိ တောင်တန်းတွင်လည်း မိနစ် ၃ဝ ခန့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။ နေ့လည် ၂း၃ဝ နာရီခန့်တွင် မန်ဆိန်ရွာ အနီးတွင် တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကားများရာမှတဆင့် လူသတ်မှုဖြစ်ပွားခဲ့




အင်းစိန်မြို့နယ်တွင် အပြန်အလှန်စကားများရာမှ တဆင့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၈ရက်နေ့ ည ၁၁နာရီ ၂၀အချိန်၊ အင်းစိန်မြို့နယ်၊ ကမ်းနားလမ်းအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ကုန် စုံဆိုင်တစ်ဆိုင်ရှေ့လမ်းမပေါ်တွင် အောင်ကိုကို၊ ၂၆နှစ် နှင့် ညီဖြစ်သူ ချစ်ကို၊ ၂၀နှစ် (ကုန်စုံဆိုင်လုပ်သား) တို့မှာ အရက်အတူထိုင်သောက်နေစဉ် လှိုင်မြစ်လမ်းအတိုင်း အရက်မူး ကာလမ်းလျောက်လာသည့် အမျိုးသားသုံးဦးတို့နှင့် အပြန်အလှန်စ ကားများကြပြီး အောင်ကိုကိုအား အဆိုပါ အမျိုးသားသုံးဦးမှ ၀ိုင်းဝန်းထိုးကြိတ်ကြကာ အမျိုးသားတစ်ဦးမှ အသင့်ယူလာသောဓားနှင့် ထိုးခဲ့သဖြင့် အောင်ကိုကိုမှာ ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်ခဲ့သူ အမျိုးသားသုံးဦးအနက်မှ တစ်ဦးကိုသာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။

Air Bagan လေကြောင်းလိုင်းက e-Ticket စနစ် စတင်ဝန်ဆောင်မှု ပေးမည်

Photo: Air Bagan လေကြောင်းလိုင်းက e-Ticket စနစ် စတင်ဝန်ဆောင်မှု
ပေးမည် 

2/Oct/2012

Air Bagan လေကြောင်းလိုင်းက e-Ticket စနစ်ကို အောက်တိုဘာလအတွင်းမှ စတင်ကာ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်က သတ်မှတ် လက်မှတ် အရောင်းကောင်တာများတွင် လက်မှတ် သွားရောက် ဝယ်ယူပြီး မူရင်းလေယာဉ်လက်မှတ်ကို ရရှိကာ ထိန်းသိမ်းထားရပြီး e-Ticketing စနစ်ဖြင့် ဝယ်ယူပါက လေယာဉ်လက်မှတ်မူရင်း ထုတ်ပေးမည်မဟုတ်ဘဲ လေယာဉ်လက်မှတ်တွင် ပါသော အချက်အလက်ကို A4 စာရွက်တွင် Print ထုတ်ပေးမည် ဖြစ်သည်။ အဆိုပါ e-Ticketing စနစ်ကို အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဝန်ဆောင်မှု အတွက် Bangkok Airway နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် e-Ticket များ ရောင်းချရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ Vietnam Airline နှင့်လည်း လက်မှတ် ရေးထိုးထားပြီးဖြစ်ကာ e-Ticket ထုတ်ယူနိုင်ရေးကို ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ခရီးသည်များ ကိုယ်တိုင် အင်တာနက်မှ ကြိုတင်လက်မှတ် ဝယ်ယူပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ e-Ticket ထုတ်ယူမှု အစီအစဉ်ကို ပြည်ပရှိ K-Bank နှင့်လည်းကောင်း၊ ပြည်တွင်းရှိ AGD ဘဏ်နှင့်လည်းကောင်း ချိတ်ဆက်ကာ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ e-Ticket ကို အသုံးပြုခြင်းအားဖြင့် လက်မှတ်ကိုင်ဆောင် ထိန်းသိမ်းနေရခြင်းနှင့် ပျောက်ဆုံးလက်မှတ် ကိစ္စရပ်များ ပပျောက်သွားမည်ဟု ဆိုသည်။ Air Bagan လေကြောင်းလိုင်း အနေဖြင့် လေယာဉ် လက်မှတ်များ ရောင်းချရာတွင် ပြည်တွင်း ပထမဦးဆုံးအဖြစ် Computerized Reservation System (CRS) ကိုလည်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ယခုလာမည့် ခရီးသွားရာသီတွင် ခရီးသည်နှင့် လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များ လက်မှတ်များ ဝယ်ယူခြင်း၊ ရောင်းချခြင်း ပြုလုပ်ရာတွင် အဆိုပါ စနစ်များကို အသုံးပြုသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

News from : ခေတ်လူငယ်
Post by အေးချမ်းမွန်
Air Bagan လေကြောင်းလိုင်းက e-Ticket စနစ်ကို အောက်တိုဘာလအတွင်းမှ စတင်ကာ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်က သတ်မှတ် လက်မှတ် အရောင်းကောင်တာများတွင် လက်မှတ်
သွားရောက် ဝယ်ယူပြီး မူရင်းလေယာဉ်လက်မှတ်ကို ရရှိကာ ထိန်းသိမ်းထားရပြီး e-Ticketing စနစ်ဖြင့် ဝယ်ယူပါက လေယာဉ်လက်မှတ်မူရင်း ထုတ်ပေးမည်မဟုတ်ဘဲ လေယာဉ်လက်မှတ်တွင် ပါသော အချက်အလက်ကို A4 စာရွက်တွင် Print ထုတ်ပေးမည် ဖြစ်သည်။ အဆိုပါ e-Ticketing စနစ်ကို အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဝန်ဆောင်မှု အတွက် Bangkok Airway နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် e-Ticket များ ရောင်းချရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ Vietnam Airline နှင့်လည်း လက်မှတ် ရေးထိုးထားပြီးဖြစ်ကာ e-Ticket ထုတ်ယူနိုင်ရေးကို ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis