
ဗုံးပေါက်ကွဲမှုများမှာ
KNU နှင့် မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားနေသည့်
ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။
“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အနေနဲ့လည်း အခုချိန်မှာ ဖမ်းဆီးရမိတဲ့သူကို လာရောက်တွေ့ဆုံ မေးမြန်းမှုတွေ လုပ်နေပါတယ်။သံသယ ရှိသူတွေရဲ့ လုပ်ဆောင်ချက်ဟာ လူတချို့ရဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ပြောသည်။
ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် KNU ဘက်မှ ကူညီပေးခဲ့မှုများ ရှိကြောင်း၊ သံသယ ရှိသူများကို KNU ဘက်မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး မည်သူက လာရောက်တွေ့ဆုံသည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။












![ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူအထက်၌ မြန်မာအသင်း အံ့ဩဖွယ်ရပ်တည်
[ မင်းသန့် ၊ ရန်ကုန် ၊ အောက်တိုဘာ ၁၇ ]
မြန် မာ့လက်ရွေးစင်ဘောလုံးအသင်း သည် အောက်တိုဘာ ၁ရရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်ရပ် တည်မှုတွင် ၁၄၉ဖြင့် ဒေသတွင်းပြိုင်ဘက်ကောင်းများဖြစ်သည့် မလေးရှား၊ စင်ကာပူနှင့်ဗီယက်နမ် အသင်းတို့အထက်တွင် အံ့အား သင့်ဖွယ်ရပ်တည်လျက်ရှိသည်။
ဖီဖာ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် မြန်မာ့လက်ရွေး စင်အသင်းအနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုပွဲကစားထားသည့် ပွဲစဉ်မှာ ၂၀၁၃ခုနှစ် ဇွန် ၄ရက်က စင်ကာပူနှင့်ကစားထားခြင်းမှာ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ယင်းပွဲမှာ လည်းနှစ်ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သည်။ မြန်မာအသင်းအနေဖြင့် ၂၀၁၃ခုနှစ် ဇူလိုင် ၁ရက်မှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃ဝရက်အထိ နိုင်ငံတကာအသိအမှတ်ပြု ခြေစမ်း ပွဲများကစားထားခြင်းမရှိဟု ဖီဖာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယင်းကာလတွင် ဗီယက်နမ်အသင်း မှလွဲ၍ စင်ကာပူမှာ အိုမန်၊ တရုတ်၊ ဟောင်ကောင်တို့နှင့် ခြေစမ်းပွဲသုံး ပွဲယှဉ်ပြိုင်ခဲ့ပြီး မလေးရှားမှာ တရုတ် နှင့်ခြေစမ်းခဲ့ကာ ယင်းနှစ်သင်းမှာ ပွဲတိုင်းအားရှုံးနိမ့်သော်လည်း ဖီဖာ ၏ ကမ္ဘာ့အဆင့်ရပ်တည်မှုတွက် ချက်ရာတွင် ပွဲ၏အရေးပါပုံ (ခြေ စမ်းပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အဖွဲ့ ချုပ်ပြိုင်ပွဲအဆင့်အတန်း၊ ကမ္ဘာ့ ဖလားဝင်ပြိုင်မှု)၊ ပြိုင်ဘက်အသင်း တောင့်တင်းမှု စသည်တို့ကိုပါထည့်သွင်းတွက်ချက်ခြင်းကြောင့် ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲများ မကစားထားသည့် မြန်မာအသင်း အနေဖြင့် ယင်းသုံးသင်းအထက် ရပ်တည်နေသည်မှာ အံ့ဩဖွယ် ရာပင်ဖြစ်သည်။
မြန်မာယူ-၂၃အသင်း အ နေဖြင့် မာဒေးကားဖလားတွင် မလေးရှားယူ-၂၃အသင်းနှင့် နှစ် ကြိမ်ရင်ဆိုင်ခဲ့ရာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ခြင်း၊ ဗီယက်နမ်ယူ- ၂၃ အသင်းနှင့် ခြေစမ်းရာတွင် ၃- ၁ဂိုးဖြင့်ရှုံးထားခြင်း၊ စင်ကာပူ လက်ရွေးစင်အသင်းနှင့် ခြေစမ်း ရာတွင် နှစ်ဂိုးပြတ်ရှုံးထားရာ ဖီဖာ ၏ကမ္ဘာ့အဆင့်တန်း သတ်မှတ်မှု မှာ အံ့အားသင့်ဖွယ်ရာပင်ဖြစ်နေ သည်။](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s403x403/1004547_663986606953596_685722031_n.jpg)

















