menu

Tuesday 27 August 2013

အရပ်ခုနစ်ပေ ၁ဝလက်မရှိသူ မြန်မာနိုင်ငံသား ခွဲစိတ်ကုသရန် ဆုံးဖြတ်ပြီ

အရပ် ခုနစ် ပေ၁ဝလက်မရှိသည့် အခရိုမီဂ လီရောဂါသည် ကိုဝင်းဇော်ဦး အားကုသရာတွင် နည်းလမ်းနှစ် မျိုးရှိသည့်အနက် ခွဲစိတ်ကုသရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိ ရသည်။

ကိုဝင်းဇော်ဦးအား ဆေး ဆက်လက်ကုသနိုင်ရန်အတွက် ဩဂုတ် ၁၅ရက်တွင် စင်ကာပူ နိုင်ငံ အထွေထွေရောဂါကုဆေးရုံ ကြီး SGH သို့ ပို့ဆောင်ပေးခဲ့ရာ တွင် အဆိုပါဆေးရုံမှ ဆရာဝန်ကြီး များအဖွဲ့နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းတို့ ဩဂုတ် ၂၃ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ကုသရန် နည်းလမ်းနှစ်မျိုးရှိခဲ့ပြီး ဆေးသောက်မည်ဆိုပါက တစ်လ လျှင် ကျပ်သိန်း၆၀ဝကျော်ခန့် ကုန်ကျနိုင်မည်ဖြစ်ပြီး အောင်မြင် ရန်မသေချာသည့်အတွက် ခွဲစိတ် ကုသရန်ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

''ကိုဝင်းဇော်ဦးရဲ့အခြေအ နေကို စင်ကာပူမှာစစ်ဆေးလိုက် တော့ ကြီးထွားမှုဟော်မုန်းနဲ့ IGF တွေက တအားများနေပါတယ်။ ဒီလိုများနေတာကို ကုဖို့ကတော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ဟော် မုန်းထွက်တဲ့အကျိတ်ကို ခွဲထုတ် တာနဲ့ ဆေးနဲ့ကုတာပါ။ ဒီနှစ်ခု ကိုယှဉ်ကြည့်ဆွေးနွေးတော့ ဆေး နဲ့ကုတာဟာ ကြီးထွားမှုဟော်မုန်း ကို တိုက်ဖျက်တဲ့ဆေးပေးရမှာ ပါ။ တစ်လကို ကျပ်သိန်း ၆၀၀ လောက်ကုန်ကျပြီးတော့ အောင် မြင်မယ်၊ မအောင်မြင်ဘူးလို့လဲ မသိနိုင်ပါဘူး။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ

ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။

ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄
( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။

ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။

ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။

ဖမ်းဆီးသည်ဆိုသော်လည်း ယခင်း Operacy များကဲ့သို့ မှန်မှန် မမှန်မှန် ဖမ်းဆီးသည်မဟုတ်ပဲ အထောက်အထားမရှိသူများကိုသာ ဖမ်းဆီးပြီး အထောက်အထားပြနိုင်သူများကိုမူ စစ်ဆေးပြီးသည်နှင့် ပြန်လည် သွားခွင့်ပြုကြောင်းတွေ့ရသည် ။

ပြီးခဲ့သည့် August လ ၂၂ ရက်နေ့တွင် တစ်ကြိမ် ။ ယနေ့ ၂၇.၈.၂၀၁၃ တွင် ကား ၂ စီးဖြင့် ၂ ကျော့်ပြန်တစ်ကြိမ် ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းကို ကွာလာလမ်ပူသို့ အကြောင်းအမျိုးမျိုးကြောင့်လာရောက် မည့်သူများသိအောင် ရေးသားပေးပါသည် ။


သို့ကြောင့် ကွာလာလမ်ပူသို့လာမည်ဆိုပါက ကျွန်တော်တို့စာမျက်နှာတွင် အဖမ်းအဆီးရှိမရှိကို Mesage ပို့ကာ မေးမြန်းနိုင်ပြီး ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှ ဖမ်းဆီးသည်နှင့် ချက်ချင်း ရေးသားတင်ဆက်ပေးမည် ။

www.facebook.com/mmrinmy

Posted From မလေးရှားရောက်မြန်မာများ

အေးချမ်းမွန် Credit To >Thit Htoo Lwin blog < Thanks
Re-posted By ACM 27-8-2013 
https://www.facebook.com/excellencemedia

ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။

ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄
( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။

ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။

ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။

ထန်းကုန်းကျေးရွာ မီးရှို့မှု သံသယရှိသူများကို ဆက်လက် ဖမ်းဆီး

ထန်းကုန်းကျေးရွာတွင် မီးရှို့ခံရသော နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ ပဋိပက္ခတွင် ၀င်ရောက်မီးရှို့သည်ဟု သတင်းရထားသော အနီးဝန်းကျင်မှ ရွာသားများကို ရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် ဘာသာခြား ၃ ဦးက အမျိုးသမီးကို မုဒိန်းကျင့်သည်ဟူသော ကောလာဟလကို အခြေခံပြီး ထန်းကုန်းကျေးရွာရှိ မွတ်စလင် အိမ်ခြေ ၄၈ လုံးနှင့် ဈေးဆိုင် ၁၃ ခန်း မီးရှို့ခံရကာ လူ ၂၉၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က ၁၁ ဦး ဖမ်းဆီးထားပြီး ဖြစ်ပြီး ထန်းကုန်းကျေးရွာ အနီးတဝိုက်ရှိ အုတ်ဖို၊ အင်မတ်တော၊ ဇီးပင်သာ၊ ဝက်တိုး၊ မယ်ဇလီကုန်း အပါအဝင် ရွာပေါင်း ၁၂ ရွာမှ မသင်္ကာသူများကို ထန်းကုန်း ရဲစခန်းက ယနေ့ နေ့လယ်မှစ၍ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိအနေထားအရ ဘယ်နှစ်ယောက် ဖမ်းထားသလဲ ဆိုတာမျိုး အတိအကျ မသိသေးပါဘူး။ စဖြစ်ဖြစ်ချင်းကတော့ တရားခံ ၁၁ ဦး ဖမ်းဆီးထားပါတယ်။ အထက်က ဖမ်းမိန့်တော့ ကျပြီးသားပါ” ဟု ထန်းကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လွှဲသံသရာထဲမှာ ဝဲကာ လည်နေမှာလား ဗိုလ်ချုပ်ရုပ်ရှင် (မစပ်စု)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သားများ (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ facebook စာမျက်နှာမှ)
ယခင် စစ်အစိုးရလက်ထက်မှာ တွေ့ဖို့ မြင်ဖို့ သိဖို့ ခက်ခဲတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို နောင်လာနောက်သားတွေ သိရှိနိုင်အောင် ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာခဲ့တာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ရုပ်ရှင်အနုပညာရှင် တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒီကိစ္စအတွက် ကော်မတီဖွဲ့ကြလေတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ လုပ်ပြီး လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ၀ိုင်း၊ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မိုးသူ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ ကိုလွင်(စနိုးဝှိုက်)၊ သရုပ်ဆောင် ဝေဠုကျော်၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း၊ သရုပ်ဆောင် (ဦး) အောင်လွင်၊ လူရွှင်တော် အရိုင်းတို့နဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ နောက်တော့ မောင်မောင်ဦး( စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်) တို့ကို အကြောင်းတစုံတရာ မသိရဘဲ အဖွဲ့ထဲမှာ မတွေ့ရတော့ပါဘူး။

မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့် အခြားနိုင်ငံသားများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။

Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာ နေရာများတွင် ပြုလုပ်ရန် သြဂုတ်လ ၂၄ ရက်နေ့ က မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း ယင်းသတင်းဌာန တွင် ဖော်ပြသည်။

“တစ်နှစ်တစ်ခါ ရှင်းလင်းရေး လုပ်တာပါ။ အထောက်အထား မရှိတဲ့ သူတွေ ဆိုရင် အတတ်နိုင်ဆုံး အပြင် မထွက်တာ ကောင်းတယ်” ဟု ကွာလာလမ်ပူ မြို့တွင် ဈေးဆိုင် ဖွင့်ထားသူ ဦးဇော်ဇော်အောင် က ပြောကြားသည်။

ဆီးရီးယားရောက် ကုလ စုံစမ်းရေးအဖွဲ့ အတိုက်ခံရ

ဆီးရီးယားစစ်တပ်က ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ Damascus မြို့မှာ ရောက်ရှိနေသလို၊ တနင်္လာနေ့ကတော့ သူတို့ရဲ့ ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ဆီးရီးယားစစ်တပ်က ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဓာတုအဆိပ်သင့်ခဲ့သူတွေရဲ့ သွေး နမူနာတွေကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက ရယူခဲ့ပါတယ်။

အရပ်သား ရာနဲ့ချီ သေစေခဲ့တဲ့၊ တချို့အိမ်တွေမှာ မိသားစု တစုလုံး အသတ်ခံရတဲ့အထိ ဆိုးရွားခဲ့တဲ့၊ အစိုးရတပ်တွေက အဆိပ်ဓာတ်ငွေ့တွေ သုံး တိုက်ခိုက်မှုလို့ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ စွပ်စွဲပြောဆိုထားတာပါ။

အရိုက်ခံချင်လွန်းသော ကိုကိုချစ်၊ မမချစ်များ(ရေးသားသူ- ဘစီ)

Photo: အရိုက်ခံချင်လွန်းသော ကိုကိုချစ်၊   မမချစ်များ
-------------
ရေးသားသူ- ဘစီ

သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက အထင်ကရဆရာအချို့ကွယ်လွန်သွားကြတယ်မို့လား။ ရက်စက်လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီးတစ်ယောက်လိုက်သွား ကြရရှာတယ်။
	
“ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန်တုန်းက ဆရာတင်မိုးက ၀မ်းနည်းမှတ်တမ်းရေးပါသေးသကော။ သွေးထွက်အောင်မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ရက်စက်သွားမှန်းမသိတဲ့ သြဂုတ်လကြီးထဲမှာ သေမင်းက ကျုပ်တို့ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။
	
ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊ 
အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။
	
ဘာပဲပြောပြော မုန်းသူတွေကို ကျုပ်တို့ ဆက်မုန်းနေရဦးမှာပေါ့ဗျာ။ အသက်တိုကြရှာတဲ့ ချစ်ရသော သူများအတွက်တော့ လွမ်းတေးကို 
ဆက်၍ သီကုံးရပေဦးမပေါ့။ ပြည်သူအားလုံး လွမ်းမဆုံးရှိနေကြမယ်ဆိုတာလည်း ကျုပ်ယုံတယ်။ ကျုပ်မောင်ဘစီအဖို့ ကြေကွဲစွာ 
နောက်ဆုံးလိုက်ပါပို့ဆောင်ခဲ့တာကတော့ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးပဲဖြစ်သဗျ။
	
နေပြည်တော်အမြန်လမ်းကို သက်စွန့်ဆံဖျားဖြတ်သန်းခဲ့ပြီး သကာလပျဉ်းမနားက ဗိုလ်ချုပ်ကြီးများရဲ့ အိမ်နားကဖြတ်ပြီး ရှမ်းတောင်တန်းကို တက်ခဲ့တာပေါ့ဗျာ။ ဆရာကြီးဟာ သူနေချင်တဲ့၊ ပျော်ချင်တဲ့ မဲဇာကျေးလက်မှာပဲ ခေါင်းချသွားတာကိုး။ မြို့ကြီးပြကြီးက ဆရာကြီးကို ချစ်လှပါ တယ်ဆိုသူတွေလည်း ခရီးလမ်းပန်းအခက်အခဲကြောင့် မဲဇာအောင်ပန်းဆီ အရောက်မလှမ်းနိုင်ကြဘူးထင်တယ်ခင်ဗျ။
	
အောင်ပန်းက ဆရာကြီးနေ အိမ်ရှေ့ကိုရောက်တော့ ခေါင်းပေါင်းတွေနဲ့၊ ပလိုင်းကလေးတွေ ပခုံးမှာသိုင်းထားတဲ့ ဒေသခံတိုင်းရင်းသားတွေသာ စုရုံးနေတာပေါ့။ရိုးရိုးသားသားမျက်နှာကလေးတွေနဲ့ဗျာ။ ရန်ကုန်တို့၊ မန္တလေးတို့က ရောက်လာကြတဲ့ ဧည့်သည်တော်များရဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ ကင်မရာမီးတဖျပ်ဖျပ်အကြားမှာ မနေတတ်၊ မထိုင်တတ်ဖြစ်နေပုံပဲဗျ။
	
ဒေသခံတွေကသာ အနေရခက်နေတာမောင်။ ဆရာကြီးရဲ့ နောက်ဆုံးခရီးကို တစ်ခေါက်တစ်ခါအရောက်လာကြတဲ့ မြို့ပြကနိုင်ငံရေး တက်ကြလှုပ်ရှားသူအချို့ (သူတို့ထဲမှာ ဆရာကြီး အသက်ထင်ရှားရှိစဉ်တုန်းက တစ်ခေါက်တစ်ကျင်းတောင်မှ အရောက်အပေါက်မရှိသူတွေ၊ ဆရာရေးတဲ့စာတွေ မဖတ်ဖူးတဲ့သူတွေ၊ နာမည်ကိုတောင်မှ မှန်အောင်မရေးတတ်တဲ့သူတွေပါသဗျ)ကတော့ အုပ်စုဖွဲ့ပြီးတော့ လမ်းမပေါ်မှာ ဖြန့်ခင်းထားတဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေအကြားမှာ..။ နံရံမှာ ချိတ်ထားတဲ့ ဆရာဒဂုန်တာရာရဲ့ ပုံတူပန်းချီကားအမျိုးမျိုးကိုနောက်ခံထား ပြီးဓာတ်ပုံတွေ အရိုက်ခံနေလိုက်ကြတာကလား။
	
အသုဘလား၊ မင်္ဂလာဆောင်လား၊ နိုင်ငံရေးအခမ်းအနားလား ဝေခွဲမရ အမှတ်မှားနေကြပုံရပါရဲ့။ ပြုံးလိုက်ကြ၊ ရယ်လိုက်ကြနဲ့ပါဗျာတို့ရဲ့။ တစ်ယောက် ပခုံးတစ်ယောက်ဖက်ပြီး ဓာတ်ပုံတဖျပ်ဖျပ်ရိုက်လို့ပါခင်ဗျ။ အောင်မယ်။ ဒါတင်ကရိုးလားဗျာ။ ဆရာကြီးရဲ့ ရုပ်အလောင်းကို သူထမ်းမယ်၊ ငါထမ်းမယ်ဆိုသူတွေကလည်း ဆိုကြရဲ့။ အများပြည်သူဂါရ၀ပြုဖို့ ရာ ဘောလုံးကွင်းထဲကို ယူဆောင်သွားမယ်လို့ အဆိုတင် သူကတင်ရဲ့။ အလံလွှမ်းပြီး သဂြုဟ်မယ်ဆို သူကဆိုရဲ့။ အနှီလို အဝေမတည့်ဖြစ်ကြတဲ့အခါ သူတစ်မင်းငါတစ် လူငြူငြူစူစူတွေ ဖြစ်ကုန်သဗျ။
	 
သို့ကလို အဝေမတည့်ဖြစ်နေတုန်းမှာ ရန်ကုန်ကအချိန်မီ ရောက်တော်မူလာတဲ့ အဖွဲ့အစည်းဆိုလား၊ ကွန်ရက်ဆိုလား အသင်းအပင်းများ ကလည်း မသိသားဆိုးရွားစွာ သူတို့လည်း အလောင်းကို ထမ်းပါရစေလို့ ဆိုလာပြန်ရော။ အိမ်အပေါ်ထပ်က ပြင်ဆင်ထားတဲ့ခုတင်ပေါ်မှာ ထာဝရအိပ်စက်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆိုကြီးကတော့ သူ့ဈာပနကို အကြောင်းပြုပြီး အိမ်အပြင်မှာ မငြိမ်းမချမ်းဖြစ်နေတာကို သိမှာမဟုတ်ဘူးပေါ့ဗျာ။ သြော် ဆရာကြီးရေ.. ဆရာကြီး ကို ချစ်ပါတယ်ဆိုသူများ ဖြစ်ပျက်နေပုံကိုထပြီး ကြည့်ပါဦး၊ မြင်ပါဦး၊ ဆိုဆုံးမပါဦးလို့ ကျုပ်မှာ အော်ချင်စိတ်တွေ တဖျင်းဖျင်း ဖြစ်မိသဗျ။
	
ဘောလုံးကွင်းထဲယူပြီး သကာလအများပြည်သူ အသုဘရှု၊ ဂါရ၀ပြုခွင့်ပေးရမယ်ဆိုသူကတော့ နေရာမှားရောက်လာတာလား။ အခြေအနေမှန်ကို မရိပ်မိတာလား မသိပေါင်ဗျာ။ အောင်ပန်းလို မြို့ကလေးကျဉ်းကျဉ်းမှာ အခု ဆရာကြီးအိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေဟာ မြို့မှာရှိတဲ့ လူအကုန်လောက်နီးပါးရှိတယ်ဆိုတာ ရိပ်မိပုံရရဲ့လား မပြောတတ်ဘူးဗျာ။ အင်း မရိပ်မိဆိုလည်း အပြစ်မ တင်ပါဘူး။ သူတို့က အမေရိကားက လာကြတာကိုးခင်ဗျ။
	
နောက်ဆုံးတော့ ဆရာကြီးရဲ့ ခေါင်းတလားကို အိမ်ရှေ့လူမြင်ကွင်းမှာ နေရာရွှေ့ပြီး ပြင်ပေးထားလိုက်ပါတယ်။ ဒီတော့မှ အသုဘရှုလာကြတဲ့ ပရိသတ်နဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံတွေရိုက်ရတာပေါ့ဗျာ။ ဒီမှာကျုပ်ပြောချင်တာ ရောက်လာပြီဗျ။ အနှီလို ဓာတ်ပုံတွေရိုက်ကြတဲ့ 
အခါ အခုနနိုင်ငံရေးတက်ကြွ လှုပ်ရှားအဖွဲ့အစည်းအချို့က သကောင့်သား၊ သကောင့်သမီးများရဲ့ ဖြစ်ပုံပါ။
	 
ကျုပ်လည်း အိတ်ထဲက ကင်မရာအစုတ်ကလေးကိုထုတ်၊ ဆရာကြီးကို အမှတ်တရဓာတ်ပုံ ရိုက်မယ် လုပ်တာပေါ့ခင်ဗျာ။ ဆရာကြီးရဲ့တူ၊ တူမ၊ မြေးများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ရာဇာနေ၀င်းတို့၊ အဆိုတော်ဟေမာနေ၀င်းတို့ကလည်း သူတို့အဘိုးလေး ဈာပနမှာ ရှိနေကြတော့ ခေါင်းတလားကို လူမြင်ကွင်းမှာ ထားတဲ့အခါ သူတို့လည်း ရှိနေတာပေါ့။ ဒီမှာတင် တက်ကြလှုပ်ရှားနိုင်ငံရေးသမားအချို့ဟာ ဓာတ်ပုံကင် မရာချိန်တဲ့နေရာမှာ အခန့်သားလိုက်ပြီး နေရာရွှေ့ရပ်နေတာဗျ။ အချို့တက်ကြွလှုပ်ရှားသမီးပျိုကလေးများက ရာဇာနေ၀င်း နောက်မှာ မသိမသာကလေးရပ်လို့။
	  
အသုဘဆိုတော့လည်း ဣနြေသိပ်ပျက်လို့မရတော့ ဒိုင်လျှိုကလေးပေါ့ဗျာ။ ကျုပ်ကလည်း ကင်မရာမှန်ဘီလူးကြားက သူတို့ဖြစ်နေပုံကိုကြည့်ပြီး မပြုံးဘဲ ၀ါးလုံးကွဲရယ်ချင်လိုက်တာဗျာ။ နောက်တစ်ခါတက်ကြွလှုပ်ရှားသူအချို့ကျပြန်တော့လည်း  ဆရာကြီးရဲ့ခေါင်းတလားကို ဓာတ်ပုံရိုက်ရာ မှာ ဘေးမှာနေလိုက်၊ ထိပ်မှာနေလိုက်နဲ့ သတင်းသမားတွေရဲ့ ဓာတ်ပုံထဲပါအောင် လုပ်နေကြတာပြောပါတယ်။
	
ဓာတ်ပုံသမားတွေက ဆရာကြီးရဲ့ ညာဘက်ကနေရိုက်နေရင် သူတို့ကဘယ်ဘက်ကို ရောက်သွားတယ်။ တစ်ခါဓာတ်ပုံသမားတွေက ခြေရင်းဘက်ရောက်ရင် သူတို့က ခေါင်းရင်းဘက်ရောက်သွားတယ်။ ဆရာကြီးအလောင်းစင်နားမှာ ၀ိုင်းကြီးပတ်လည်လှည့်ပြီး ဓာတ်ပုံထဲမှာ ပါဖို့ရာ အားထုတ်နေကြတာ ရုပ်ပျက်ဆင်းပျက်ဗျာ။ ခက်ရချည်ရဲ့။
	
ကျုပ်မှာ အသုဘမှာ အနှီလိုရှုခင်းမျိုးကို မြင်နေတော့ ၀မ်းနည်းရမလား၊ ၀မ်းသာရမလား မိသိန်းကြည်ဆိုသလို ဖြစ်နေတာပေါ့ဗျာ။ ငို၍ ရယ်၍မရသော မျက်နှာနဲ့ပေါ့ဗျာ။ ဒီကြားတဲ့ အသုဘပို့မယ်ဆိုတော့ လွမ်းသူ့ပန်းခြင်းကို နာမည်ကြီးတွေရဲ့ လွမ်းသူ့ပန်းခြင်းမှ ရွေးကိုင်ကြတဲ့ တက်ကြလှုပ်ရှား လူငယ်အချို့ကလည်း ရောဂါတစ်မျိုးထနေပြန်သဗျ။ မိမိတို့ အဖွဲ့အစည်းရဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေကို ဓာတ်ပုံ သတင်းထောက်တွေ၊ ရုပ်သံသတင်းထောက်တွေမြင်အောင်မြှောက်ပြတာတစ်မျိုး၊ သုသာန်သို့ သွားရာလမ်းမှာ အုပ်စုလိုက်ဓာတ်ပုံ အရိုက်ခံတာတစ်မျိုးနဲ့ ပျော်ပွဲစားထွက်လာသလိုလို..။
	 
မင်းသား ရာဇာနေ၀င်းကတော့ ဆရာကြီးဒဂုန်တာရာရဲ့ ပုံတူပန်းချီကားကြီးကို တစ်ဖက်တစ်ချက်ကကိုင်ပြီး လိုက်သဗျ။ သူကမင်းသားဆိုတော့ သတင်းဓာတ်ပုံသမားတွေကလည်း ဓာတ်ကျတာပေါ့ဗျာ။ ဒေသခံတွေကလည်း အိမ်ရှေ့ထွက်ကြည့်သူကြည့်ပေါ့ဗျာ။ ဘာမှမဆန်းဘူး။
ဆန်းတာက သူ့အနားမှာနေရင် သတင်းဓာတ်ပုံထဲမှာ မလွဲမသွေပါမှာပဲဆိုတာ ရွှေဉာဏ်တော်စူးရောက်စွာ သဘောပေါက်ကြတဲ့ ကိုကိုချစ်များ ကလည်းတမှောင့်။ ရာဇာနေ၀င်းအနားက တစ်ဖ၀ါးမှမခွာ။ ငါသည်လည်း ခေသူမဟုတ်ဆိုတဲ့ လုပ်ပေါက်တွေနဲ့ခင်ဗျ။
	
အဲ နိုင်ငံရေးလှုပ်ရှားတဲ့သူများဆိုလားပဲ။ အနှီခါတော်မီလှုပ်ရှားတက်ကြွသူများကလည်း တမှောင့်ခင်ဗျ။ သူတို့ခင်ဗျာ မြို့ကြီးပြကြီးက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေလို လူအများအာရုံစိုက်တာပဲ မခံရလို့လား။ သို့တည်းမဟုတ် မြို့ပြမှာနိုင်ငံရေးလုပ်ကွက်မရကြရှာလို့ပဲလား မသိပါဘူး။ 
	
အသုဘ ယာဉ်တန်းလည်း ထွက်ကရော သူတို့ကလည်း ကားပေါ်ကနေ အုပ်စုလိုက်လက်သီးလက်မောင်းတန်းကြလေရဲ့။ ပြီးတော့ “ဒီမိုကရေစီရရှိရေး.. ဒို့ အရေး”လို့ အော်ကြပါရောဗျာ။ ကျုပ်တို့မယ် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဒေသခံတွေကလည်း ပါးစပ်အဟောင်းသားနဲ့ ငေါင်လို့။ အောင်ပန်းမြို့ကလေးမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေချိန်နဲ့ ဆရာကြီးအသုဘကြုံကြိုက်တိုက်ဆိုင်နေ လို့လားပေါ့။ ပြီးမှမဟုတ်ဘူး သိရသဗျ။ ခွကျတယ်ဆိုတာ အဲဒါပြောတာ။
	
အသုဘရှုသူတွေ၊ မိသားစုဝင်တွေကတော့ ကိုယ့်အပူနဲ့ကိုယ်ပေါ့ခင်ဗျာ။ ဘယ်မှာဒါတွေလိုက်ကြည့်နေနိုင်ပါမလဲ။ ကျုပ်ကတော့ နဂိုကမှ ဒါမျိုးစပ်စပ်စုစုဆို တော့ကာ ဟိုကြည့်ဒီကြည့်မို့ မြင် မိကြားမိတာပါ။ အခြားသော အသုဘပို့လာကြတဲ့ ဧည့်သည်တော်များလည်း စိတ်မသက်မသာဖြစ်ရတာပေါ့ခင်ဗျ။ ဆရာကြီးအသုဘနဲ့ ဒီမိုကရေစီရရှိရေး ဆန္ဒပြတာနဲ့ ဘာဆိုင်တုံးဗျာ။ နောက်ဆုံးတော့ သူတို့ကလည်း သတင်းသမားတွေ၊ ပရိသတ်တွေရဲ့ အာရုံစိုက်မှုရရှိအောင်လုပ်တာပဲလို့ ကျုပ်ထင်သဗျ။ အဲသလိုဆိုရင်လည်း ငြိမ်းချမ်းရေးစာဆိုကြီးရဲ့ နောက်ဆုံးခရီးမှာ သူဘ၀တစ်လျှောက်လုံး တောင်းဆိုသွားတဲ့ ငြိမ်းချမ်းရေးကို ကျုပ်တို့ ရွှေပြည်ကြီးမှာ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံကလေးဆိုရင် နည်းနည်းများလိုက်ဖက်ညီမလားလို့။ ခုတော့ နေရာမှားလာကြပုံပါပဲဗျာတို့။
	
ကျုပ်တော့ ဆရာကြီးရဲ့ ဈာပနမှာ အနှီလိုသော ရောဂါကြီးကြရှာတဲ့ လူပုဂ္ဂိုလ်အကြီးအငယ်၊ မောင်မယ်သစ်လွင်များကို ကြည့်ပြီးသကာလ တရားကျမိပါရဲ့။ ဆရာကြီးအသက်ထင်ရှားရှိစဉ်ကတော့ ချဉ်းကပ်မေးမြန်း၊ သူရေးတဲ့စာပေတွေလေ့လာ မလုပ်ကြဘဲနဲ့ ကွယ်လွန်ခါမှ အသုဘ မှာ နိုင်ငံရေးအမြတ်ထုတ်ခါ ချစ်ပြလာကြတဲ့ တက်ကြွလှုပ်ရှား ကိုကိုချစ်၊ မမချစ်များကို ဆလံပေးပါတယ်ဗျာ။
	
စာပေဖခင်ကြီး၊ ကဗျာဖခင်ကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးလို့ တ စီစီကြွေးကြော်နေကြပေသိ ဆရာ ကြီးဈာပနကိစ္စနဲ့ ပတ်သက်ပြီး တုတ်တုတ်မျှ မလှုပ်ကြတဲ့ အဖွဲ့ အစည်းတွေလည်းရှိသဗျ။ အစကတော့ သူတို့ပဲ ချစ်လှပါချည်ရဲ့၊ လေးစားလှပါချည်ရဲ့ ပြောခဲ့ကြ တာ။ အနှီလူကြီးများကလည်း မသိမသာ ခပ်ခွာခွာကလေးဗျ။ ဦးဦးချစ်၊ ဒေါ်ဒေါ်ချစ်တွေပေါ့လေ။ သူတို့နဲ့စာရင် ဈာပနနေ့ တုန်းက ဓာတ်ပုံအရိုက်ခံချင်ကြ လို့ ဆရာ့ခေါင်းတလားကို ပတ်လည်လှည့်နေတဲ့ ကိုကိုချစ်၊ မမချစ်တို့ကမှ တော်သေး။
	
ငြိမ်းချမ်းရေး စာဆိုကြီးအပါအ၀င် ဒီသြဂုတ်လထဲမှာ ကြွေလွင့်သွားတဲ့ ဆရာသမားများအားလုံး နောင်ဘ၀ဆက်တိုင်းမှာ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ မတွေ့ပါစေနဲ့ လို့ ကျုပ်တို့ ဆုတောင်းပေးလိုက်ကြရအောင်လားဗျ။ ကျုပ်တို့ အသက်ရှင်ကျန်ခဲ့သူတွေကတော့ ဒီလူတွေနဲ့ ဒီခေတ်ကြီးမှာ ဒီမိုး၊ ဒီလေတွေကို ဖြတ်သန်းရဦးမှာပါ။ ငို၍ ရယ်၍မရသော မျက်နှာတွေနဲ့ပေါ့ခင်ဗျာ။(ဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏
အာဘော်သာဖြစ်ပါသည်)
 သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက အထင်ကရဆရာအချို့ကွယ်လွန်သွားကြတယ်မို့လား။ ရက်စက်လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီးတစ်ယောက်လိုက်သွား ကြရရှာတယ်။

“ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန်တုန်းက ဆရာတင်မိုးက ၀မ်းနည်းမှတ်တမ်းရေးပါသေးသကော။ သွေးထွက်အောင်မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ရက်စက်သွားမှန်းမသိတဲ့ သြဂုတ်လကြီးထဲမှာ သေမင်းက ကျုပ်တို့ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။

ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊
အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။

ကလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ မိခင်က အိမ်နီးချင်းများကို အမှုဖွင့်

Tuesday, August 27, 2013

အခကြေးငွေယူပြီး သူ့သမီးလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ အိမ်နီးချင်းများကို ကလေးမိခင်က ရဲစခန်း၌ တိုင်တန်းမှုတစ်ခု သြဂုတ် ၂၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးငယ်သည် အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး သူမ၏မိဘများသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်တဲဖြင့် နေထိုင်သူများဖြစ်ကြသည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။

သြဂုတ် ၂၃ ရက်ညတွင် ထိုကလေးသည် အိမ်သို့ ပြန်မလာသဖြင့် ည ၈ နာရီကတည်းက လိုက်ရှာသော်လည်း မတွေ့ခဲ့ရကြောင်း နောက်တစ်နေ့ နံနက် ၂ နာရီအချိန်ရောက်မှ အိမ်သို့ ပြန်ရောက်လာကြောင်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း

Photo: မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အစည်းအရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice  ။         ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

L.M     ။         ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။

Voice  ။         ။ ရုပ်ရှင်လောကသားတွေရဲ့ တိုးတက်မှုအတွက် ကိုလူမင်း အပါအဝင် အမှုဆောင်အဖွဲ့က စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတဲ့သူတွေက ပြောတယ်။ ဒီအပေါ်မှာ ကိုလူမင်း ဘာပြန်ပြောချင်လဲ။

L.M     ။         ။ အခု ဒီလိုပြောလာတာက အနုပညာလောက တစ်လောကလုံးက ပြောတာလားဆိုတာ အစ်ကိုက သုံးသပ်ဆင်ခြင်ရမယ်။ တစ်လောကလုံးက ပြောလာတယ် ဆိုရင်တော့ ကိုယ်လည်းထိုင်နေစရာ အကြောင်းမရှိဘူး။ တစ်လောကလုံးကို ကိုယ်စားပြုရင် ကိုယ်ဖြေရှင်းချက် ပေးစရာအကြောင်း မရှိဘူးလေ။ တစ်လောကလုံးကို ကိုယ်စားပြုဖို့တော့ လိုတာပေါ့။

Voice  ။         ။ ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ အစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။

L.M     ။         ။ ပြဿနာတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ် ဆိုတာလည်း ကိုယ်သိတယ်။ ကိုယ်ကိုယ်တိုင်လည်း အလုပ်အားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနုပညာလောကအတွက် မို့လို့ပါ။ ကိုယ့်အတွက်မဟုတ်ဘဲ လောကအတွက် လုပ်တာဖြစ်တဲ့အတွက် ကိုယ်ရင်းနှီးရတာတွေ အများကြီး ရှိပါတယ်။ ကိုယ့်အနုပညာလောက အတွက်မို့လို့ ကိုယ်ဒီလို ရင်ဆိုင်နေတာပါ။ ဒီလိုခေတ်ကြီးမှာ အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့ရတယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာပဲ။

Voice  ။         ။ ဆု ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းမော်ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်း သိပါရစေ။

L.M     ။         ။ ပြောရမှာ ဆိုရင်တော့ အများကြီးပဲ။ ခြုံပြီးပြောရရင်တော့ ကိုယ်တို့ ရုပ်ရှင် အစည်းအရုံးမှာလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ ကိုယ်သည် တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ ငါဥက္ကဋ္ဌပဲဆိုပြီး ဆုံးဖြတ်တဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ်တို့ တစ်လောကလုံးက လေးစားရတဲ့ နာယကကြီးတွေ အားလုံးရဲ့ သဘောထားမှတ်ချက်တွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့ အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။
ပြောရရင်တော့ အများကြီးပဲ။ ပြောဖို့က အချက်အလက်တွေနဲ့ ပြောမှရမယ်။ နာမည်ကြီးတပ်ပြီး ပြောနေရမှာဖြစ်တဲ့အတွက် ကိုယ်အဲဒီလိုတော့ မပြောချင်ပါဘူး။ သေချာတာတစ်ခုကတော့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကိုယ်ယုံကြည်မှု ရှိတယ်။ ကိုယ့်အကြောင်းလည်း လောကသားတွေ သိပါ တယ်။ ကိုယ်က ရာထူးမက်စရာ အကြောင်းလည်းမရှိဘူး။ ငွေမက်စရာ အကြောင်းလည်း မရှိဘူး။ ကျော်ကြားမှုကို မက်စရာအကြောင်းလည်း မရှိဘူး။ ကိုယ်လုပ်နေတာ လောကအတွက်ပဲ။ ကိုယ့်အကြောင်းကို သိတဲ့လူကတော့ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပါလိမ့်မယ်။

Voice  ။         ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာက ပြန်ရွေးဖို့ ရှိတယ်လို့လည်း သိထားတယ်။ ကိုလူမင်းကရော အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဘယ်အချိန်လောက်အထိ တာဝန်ယူဖို့ စဉ်းစားထားလဲ။

L.M     ။         ။ ကိုယ်အမှန်အတိုင်း ဝန်ခံရရင် နောက်သက်တမ်းဆိုတာကို မစဉ်းစားထားဘူး။ ကိုယ်ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတာလည်း မလွှဲမရှောင်သာ၊ မဖြစ်မနေ ဒီတာဝန်ကို ကိုယ်ယူမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့သာ ကိုယ်ကလက်ခံပြီး ရယူလိုက်ရတာ။ ကိုယ့်စိတ်ထဲမှာ ဥက္ကဋ္ဌကြီး လုပ်မယ်ဆိုတဲ့ စိတ်လည်း ရှိမနေဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လောကကောင်းစေချင်တဲ့ စိတ်တော့ ကိုယ့်မှာအပြည့်အဝ ရှိတယ်။ ဒါ မှန်သောသစ္စာပါ။ ကိုယ့်ထက် လောကအကျိုးကို ပိုလုပ်နိုင်တဲ့သူ၊ ဘယ်သူမဆိုပေါ့ ကိုယ်အမြဲတမ်း ဖိတ်ခေါ်တယ်။

Voice  ။         ။ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို ရိုက်ကူးခွင့် သုံးလ ရပ်ဆိုင်းလိုက်တာရော ဘယ်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လဲ။

L.M     ။         ။ ဒါလည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ။ အဲဒါကလည်း ဒီလိုပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်ကြားရပါတယ်။ အရင်အစိုးရလက်ထက်က ပိတ်ပင်တားဆီးမှုမျိုး ကိုယ်တို့လက်ထက်မှာလည်း လုပ်နေတယ်ပေါ့။ အပြင်ပန်းကြည့်ရင် ဒီဝေဖန်ချက်က မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာ ကိုယ်တို့ရဲ့ စေတနာတွေက အများကြီးရှိတယ်။
ကိုယ်ဆိုလိုတာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ဆိုတာ နာမည်ပျက်လည်း မရှိဘူး။ အနုပညာအရလည်း သိက္ခာရှိတဲ့ အနုပညာသမား စစ်စစ်တစ်ယောက် နောက်တစ်ခု ကိုယ်တို့ အင်မတန်လေးစားရတဲ့ အချက်က ဒီ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စမှာ သူကလည်း ကြိုတင်ကြံစည်မှု မရှိဘဲ အမျိုးမျိုးသော အခက်အခဲတွေကြောင့် သူတစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းအဟောင်းကို ပြန်ရိုက်မိတာ။ ရိုက်တဲ့အချိန်မှာ တစ်ဖက်ကလည်း ရိုက်ပြီးသား ဖြစ်တဲ့အတွက် စာရေးသူအနေနဲ့ကလည်း ငွေကြေးနောက်ကိုလိုက်ပြီး ဟိုကိုရောင်း၊ ဒီကိုရောင်း လုပ်တယ် ဖြစ်မှာစိုးလို့ ကိုယ်တို့အစည်းအရုံးကို အကြောင်းကြားထားတာပဲ ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဒါရိုက်တာက ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ သူ့ရဲ့ပေါ့လျော့မှုကြောင့် သူ့မှာပဲ တာဝန်ရှိတယ်။ အဲဒီတော့ အပြစ်ပေးရင်လည်း ပေးပါ၊ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ရင်လည်း ပိတ်ပင်ပါဆိုပြီး သူကိုယ်တိုင် သူ့ရဲ့အမှားတစ်ခုအတွက် တာဝန်ယူပြီး ကိုယ်တို့အစည်းအရုံးကို တောင်းဆိုလာတာ။
တကယ်တော့ ဒီခေတ်ကြီးမှာ ရေပန်းစားတဲ့ စကားလုံးတွေဖြစ်တဲ့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ စကားတွေကို လူတွေ လက်တွေ့ကျင့်ကြံနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူပြတာ။ အဲဒီအပေါ် ကိုယ်တို့က သုံးလရပ်စဲကြောင်း စာကို ထုတ်ပြန်လိုက်တာ။ စာထုတ်ပြန် လိုက်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်ပဲ တစ်ဖက်ကားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူကို ညှိနှိုင်းပေးပြီးသား။ ပြေလည်း ပြေလည်တော့မှာ။ ထုတ်လုပ်သူဘက်ကလည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ကားတစ်ကားက ဒီအခက်အခဲလေး တစ်ခုကြောင့် အချိန်များစွာ ကြန့်ကြာတယ်ဆိုတဲ့ နစ်နာမှု ကလည်း ရှိတယ်။  အဲဒါကြောင့် ဒီစာကို ထုတ်ပြီးတာနဲ့ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ပြေလည်သွားတာနဲ့အတူ ဒီဇာတ်ကားကို ဘာမှတားဆီးစရာ မရှိဘူး။ Class Pass လုပ်ရုံပဲ။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ကိုလည်း သုံးလပိတ်ပင်ထားတာ ဖြေလျှော့လိုက်ရုံပဲ။ စာထုတ်လိုက်တာပဲရှိတာ။ ဘယ်သူမှ ထိခိုက်နစ်နာအောင်တော့ ကိုယ်တို့ မလုပ်ပါဘူး။

Voice  ။         ။ ဒါဆို ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရဲ့ ဇာတ်ကား ဘယ်သူ့ကားက အရင်ထွက်ခွင့်ရမလဲ။

L.M     ။         ။ ရှေ့မှာဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေအရ ဇာတ်လမ်းတွေ တူကြတယ်ဆိုတာ ဗီဒိယိုတွေက ဇာတ်လမ်းကြိုတင်စရာ မလိုဘူး။ ဇာတ်လမ်းတူတာတွေ၊ ဇာတ်လမ်း ထပ်တာတွေ ရှေ့မှာအများကြီးလည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီလိုတူတာ၊ ထပ်တာဖြစ်လာခဲ့ရင် အရင်တုန်းကတော့ ဆင်ဆာနံပါတ်စောတဲ့သူက အရင်ဖြန့်။ ဖြန့်ပြီးတာနဲ့ နောက်ကားက ခြောက်လကြာမှ ဖြန့်ဆိုပြီး ရှေ့အစဉ် အဆက်မှာ လုပ်ခဲ့ဖူးတယ်။ အခုတချို့ ဗီဒီယိုကားတွေဆို နိုင်ငံခြားကားတွေကို မှီငြမ်းပြီး ရိုက်ကြတော့ ဇာတ်လမ်းချင်း တစ်ထပ်တည်းတူပြီး ထွက်တာမျိုးတွေ ရှိတယ်။ အဲ့ဒါကြောင့် နယ်ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုးတွေ ရှိတယ်။ ဒီကိစ္စကျတော့ ရိုက်တာကိုက မရှေးမနှောင်း၊ ရှေ့ဆင့် နောက်ဆင့်လေး သွားဖြစ်နေတယ်။ တစ်ဖက်ကားကလည်း သေသေချာချာ နည်းလမ်းတကျ ဝယ်ယူပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ရိုက်ထားတာဆိုတော့ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ ရိုက်ထားတာပေါ့။ ကိုညီညီအောင်ရဲ့ ကားကျတော့လည်း ရိုက်မယ့်ရက်ကျမှ ဇာတ်ညွှန်း နှစ်ပုဒ်လောက်နဲ့ အဆင်မပြေလို့ ကြိုတင် ကြံစည်မှုမရှိဘဲ သူလည်းရိုက်မယ် မထင်လို့ပေါ့နော်၊ တစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ကားကို ပြန်ရိုက်မိရင်း အလွဲအချော်လေးတစ်ခု ဖြစ်သွားတာပေါ့။

Voice  ။         ။ ကိုလူမင်း အစည်းအရုံး ဥက္ကဋ္ဌ လက်ထက်မှာ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုဖြစ်တဲ့ အများပိုင်ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းဖြစ်တဲ့ အကြောင်းအရင်းလေး သိပါရစေ။

L.M     ။         ။ အဲဒါကလည်း ကိုယ်တို့ ဆောင်ရွက်နေဆဲပါပဲ။ လုပ်ဖြစ်တာကတော့ အစိုးရမူဝါဒ အပြောင်းအလဲတစ်ခု အပေါ်မှာ ကိုယ်တို့ လောကသားတွေ ရသင့်ရထိုက်တဲ့ဟာက ဒီလိုပုံစံနဲ့မှ ရနိုင်မယ့် အခြေအနေရှိလို့ ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ လုပ်တာပါ။ ကိုယ့်ရဲ့ Idea နဲ့ လုပ်တဲ့ အစီအစဉ် မဟုတ်ပါဘူး။

Voice  ။         ။ ဒီအဖွဲ့အစည်းကို ဖွဲ့တဲ့အခါမှာ အားလုံးကို အကြောင်းမကြားဘဲ နီးစပ်ရာလူတွေနဲ့ ဖွဲ့လိုက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

L.M     ။         ။ ဒါကအချိန်တိုတို အတွင်းမှာ အမြန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်တယ် ဆိုတာလည်း လျှောက်လွှာတို့၊ ဖောင်တို့တင်တဲ့အဆင့်ပဲ ရှိသေးတယ်။ ပြီးရင်အားလုံးကို အသိပေးမှာ။ ဒါ လောကသားအားလုံး ပါဝင်ခွင့်ရမယ့် ကိစ္စမို့လို့လုပ်တာ။ အခုအချိန်မှာ လောကသားအားလုံး သိအောင် နှံ့စပ်အောင် ရှင်းပြပြီးမှ လုပ်မယ်ဆို ကိုယ်တို့နောက်ကျသွားလိမ့်မယ်။

Voice  ။         ။ ဒီအများပိုင်ကုမ္ပဏီ ဖွဲ့ပြီးရင်ရော အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်လို့ထင်လဲ။

L.M     ။         ။ ကိုယ်တို့ရုပ်ရှင်အစည်းအရုံး ဆိုတာ NGO အဖွဲ့လေ။ NGO အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီးပွားရေးဆန်တဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် ကိစ္စတွေကို လုပ်ခွင့်ရပြီးတော့ ကိုယ်တို့ လောကသားတိုင်း၊ ထုတ်လုပ်သူ၊ မင်းသား၊ မင်းသမီးကအစ၊ မီးထိုး၊ မှန်ထိုးတွေ အကုန်ခံစားနိုင်မယ့် အခွင့်အရေးမို့လို့ ဒီလမ်းကြောင်းကို ရွေးတာပါ။

Voice  ။         ။ ရုပ်ရှင်အစည်းအရုံးကနေ နိုင်ငံခြားဇာတ်ကားတွေ တင်သွင်းပြသဖို့ လုပ်နေတယ်လို့ ကြားတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။

L.M     ။         ။ ဒီကိစ္စအတွက် ကိုယ်တို့ကုမ္ပဏီတစ်ခုနဲ့ MoU ထိုးထားတာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြားကားတွေကို ကိုယ်တို့က တိုက်ရိုက်ဝယ်ယူခွင့်ရအောင် ကြိုးစားပေးတာ။ အဲဒီရည်ရွယ်ချက်က ကိုယ်တို့ဆီမှာ နိုင်ငံခြားကားတွေ ပြသဖို့ဆို နှစ်ဆင့်ခံလောက် ဝယ်ယူတင်သွင်းရတယ်။ တိုက်ရိုက်ဝယ်ယူခွင့်ရရင် တစ်အချက် ဈေးနှုန်းသက်သာမှုတွေ ရှိမယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုခွင့်ရတဲ့ အကျိုးကျေးဇူးတွေ၊ ပရိသတ်တွေ ခံစားရမယ်။ ငွေကြေးအားဖြင့်လည်း သက်သာမှုတွေရမယ်။ အဲဒီကရတဲ့ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်းလောက်က လောကသားတွေ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပေါ်လာဖို့၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ကားတွေ ထွက်ဖို့၊ ပညာတော်သင်တွေ စေလွှတ်ဖို့ အဲဒီလိုကိစ္စတွေမှာ သုံးမယ်။ ဒီလို ကိုယ့်အနုပညာလောကအတွက် အကျိုးရှိမယ့် ကိစ္စတွေရှိလို့ လုပ်တာပါ။

Voice  ။         ။ မြန်မာရုပ်ရှင်ကား တွေထက် နည်းပညာပိုင်း မြင့်မားပြီး ရိုက်ကူးမှုပိုင်းလည်း သာလွန်တဲ့ နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့ တစ်ပြေးညီ ပြသမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက အပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ။

L.M     ။         ။ မြန်မာ့ရုပ်ရှင်လောက ကျဆင်းတယ်ဆိုတာ ပြစရာရုံတွေ မရှိလို့ပါ။ ရုပ်ရှင်ရုံတွေ ပေါ်လာအောင် ရှင်သန်နိုင်အောင် လုပ်ရမယ်။ ရုပ်ရှင်ရုံတွေမှာ ပြစရာကားတွေ ရှိနေမှ ရုပ်ရှင်ရုံဆိုတာလည်း ရှိမယ်။ ကိုယ်တို့လုပ်တာက နိုင်ငံခြားကားဈေးကွက် ရှင်သန်ရေး လုပ်နေတာ မဟုတ်ဘူး။ မြန်မာရုပ်ရှင်တွေ ရှင်သန်ကြီးထွားရေးက နံပါတ်တစ်ပဲ။ အဲဒီဟာကို လုံးဝအထိခိုက် မခံဘူး။

Voice  ။         ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားရတော့ သရုပ်ဆောင် ဘက်အပိုင်းကိုရော အချိန်ဘယ်လိုပေးဖြစ်လဲ။

L.M     ။         ။ ကိုယ့်အနုပညာအလုပ် ကတော့ ကိုယ်အရင်လျှောက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အစည်းအရုံးအလုပ်တွေ လုပ်သလို တစ်ဖက်ကလည်း ကိုယ့်အနုပညာဘက်ကို မလစ်ဟင်းအောင် ပိုပြီးတော့ ကြိုးစားပြီး လုပ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ အားလုံးက ကိုယ့်ကိုအများကြီး ကူညီကြပါတယ်။

Voice  ။         ။ ကိုယ့်ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကျတော့ ဘယ်လိုရွေးဖြစ်လဲ။

L.M     ။         ။ ထုတ်လုပ်သူနဲ့ တိုင်ပင်ပြီး ထုတ်လုပ်သူ ရွေးချယ်ပေးတဲ့ဇာတ်ကို ရိုက်တာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် နှစ်ခြိုက်ပြီးတော့ ရွေးချယ်ပြီး ရိုက်တာမျိုးလည်း ရှိတယ်။ အဓိကကတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ဖို့ပါပဲ။

Voice  ။         ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ ကြုံတွေ့လာရတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုလူမင်း ပြောချင်တာရှိရင် ပြောပေးပါဦး။

L.M     ။         ။ ရုပ်ရှင်သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာပေါ့။ ကိုယ့်အနေနဲ့ကတော့ အတိုက်အခံဆိုတာ ရှိမှာပဲဆိုတဲ့ သဘာဝတရားကို လက်ခံထားတယ်။ လူဆိုတာ အတိုက်အခံရှိမှ တိုးတက်တာလေ။ ဒါပေမဲ့ ကိုယ့်လောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း ဒီကိစ္စတွေကြောင့်တော့ မရပ်တန့်နိုင်ဘူး။ ကိုယ်လုပ်စရာ ရှိတာတွေတော့ ဆက်လုပ်မှာပဲ။ အခုဆို BC နဲ့ပေါင်းပြီး နိုင်ငံတကာဆရာတွေ လာသင်တဲ့ ဇာတ်ညွှန်းသင်တန်း ကိုယ်ဖွင့်နေတယ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းတို့၊ သရုပ်ဆောင်သင်တန်းတို့ လောကသားတွေအတွက် ကိုယ်ဖွင့်ဦးမယ်။ ပြီးရင် ကင်မရာသမားတွေကို မလေးရှားကို ပညာတော်သင် စေလွှတ်ဖို့လည်းရှိတယ်။ ဆိုချင်တာကတော့ ကိုယ်လုပ်စရာ ရှိတာတွေတော့ လုပ်ဦးမယ်။ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာက တစ်ပိုင်းပဲ။ ကိုယ့်အနုပညာလောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲ။

(သန့်ဇင်ဦး)
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အစည်းအရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။

အိန္ဒိယ ဓာတ်ပုံ သတင်းထောက် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများ အကုန် ဖမ်းမိ


အိန္ဒိယနိုင်ငံမှ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးနှင့် ပတ်သက်ပြီး မကျေနပ်မှုများ မြင့်တက်လာစေသည့် နောက်ထပ် လိင် အကြမ်းဖက်ခြင်း ရာဇဝတ်မှု တစ်ခုဖြစ်သော ဓာတ်ပုံ သတင်းထောက် အမျိုးသမီး ငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်သူများ အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ကျွန်တော်တို့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဌာနက နယူးဒေလီကနေ ငါးယောက်မြောက် ပြစ်မှု ကျူးလွန်သူကို ဖမ်းမိပြီ ဖြစ်လို့ မွန်ဘိုင်းကို ပြန်ခေါ်လာပြီ ဖြစ်ပါတယ်”ဟု အမည် ဖော်လိုခြင်း မရှိသော အစိုးရအရာရှိ တစ်ဦးက AFP ကို ပြောကြားခဲ့သည်။

အသက် ၂၀ စွန်းစွန်းသာ ရှိသေးသော အဆိုပါ ဓာတ်ပုံသတင်းထောက် မိန်းကလေးငယ်ကို လူငါးဦး ပါသော အုပ်စုက မွန်ဘိုင်းမြို့ ဈေးရပ်ကွက်တွင် အဓမ္မ ပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။

ဆီးရီးယား ဓာတုလက်နက် အသုံးပြုမှု ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန်နှင့် ဗြိတိန် သတိပေး

Photo: ဆီးရီးယား ဓာတုလက်နက် အသုံးပြုမှု ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန်နှင့် ဗြိတိန် သတိပေး

လန်ဒန်၊  သြဂုတ် ၂၅

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့ အစိုးရများကို တုန်လှုပ်စေ ခဲ့သည့် ဆီးရီးယားနိုင်ငံ၏ ဖြစ်စဉ်တွင် အာဏာရှင်သမ္မတ ဘာရှား အာဆတ် အစိုးရ တပ်ဖွဲ့ဝင်များ ဘက်က ဓာတု အဆိပ်လက်နက် အသုံးပြုခဲ့ရိုး မှန်သည် ဆိုပါက ပြင်းထန်သည့် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံ တို့က သတိပေး ခြိမ်းခြောက်လိုက်ကြောင်း ဗြိတိန် မီဒီယာများ က ရေးသား ဖော်ပြသည်။ 

လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အတိုက်အခံ သူပုန်များက စွပ်စွဲ ပြောဆိုထားသော ဆီးရီးယား ဓာတု အဆိပ်လက်နက်ဖြင့် တိုက်ခိုက်ခံ ရမှုနှင့် ပတ်သက် ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့သည် စနေနေ့က မိနစ် ၄၀ ကြာမျှ တယ်လီဖုန်း ဖြင့် ဆွေးနွေး ပြောဆိုကြသည်။ 

ထိုသို့ ပြောဆိုရာတွင် ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှုအတွက် တုံ့ပြန်မှု တစ်ရပ် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်ဟူသော အချက်ကို ၎င်းတို့နှစ်ဦး သဘောတူညီခဲ့ကြသည်ဟု Guardian သတင်းစာက ရေးသား ဖော်ပြသည်။ 

ဗြိတိန် ဝန်ကြီးချုပ် ရုံးက တနင်္ဂနွေနေ့ တွင် ထုတ်ပြန်သော ကြေညာချက်၌ “နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးသည် ဆီးရီးယား အစိုးရက ဓာတု အဆိပ် လက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ ထင်ထင်ရှားရှားပင် ဖြစ်သည် ဟူသော အရိပ်လက္ခဏာများ ပိုမို များပြားလာခြင်းကြောင့် အလွန်အမင်းပင် စိုးရိမ် ပူပန်လျက် ရှိသည်” ဟု ဖော်ပြထားသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆီးရီးယား အစိုးရက ဓာတုလက်နက် အသုံးပြုခြင်း မရှိကြောင်း ငြင်းဆိုပြီး အတိုက်အခံ သူပုန်များ ကို ပြစ်တင် ပြောဆိုသည်။ 

ဆီးရီးယားနိုင်ငံပိုင် ရုပ်သံ၏ စနေနေ့ နံနက်ပိုင်း သတင်း အစီအစဉ်တွင် ဆီးရီးယား တပ်ဖွဲ့ဝင်များ သည် ဒမတ်စကတ် အရှေ့ဘက် ဒေသရှိ လိုဏ်ခေါင်းများထဲတွင် သူပုန်များ အသုံးပြုသည့် ဓာတုပစ္စည်းများ တွေ့ရှိခဲ့ သည်ဟု ထုတ်လွှင့် တင်ဆက်ခဲ့သည်။ 

အဆိုပါရုပ်သံ ထုတ်လွှင့် တင်ဆက်မှုတွင် ဓာတ်ငွေ့ ကာကွယ်သည့် မျက်နှာဖုံးစွပ် ဝတ်ဆင်ထား သော ဆီးရီးယား စစ်သားများနှင့် ဓာတုပစ္စည်း များ ပါဝင်သည်ဟု ယူဆရသော ပလတ်စတစ်ပုံးများကို ပြသခဲ့သော်လည်း စစ်သားများ အဆိပ်ငွေ့သင့် ခံရသည့် သတင်းပေးပို့ချက် သို့မဟုတ် တရားဝင် ကြေညာချက်ကို ထုတ်လွှင့်ခြင်း မရှိခဲ့ဟု BBC သတင်းဌာန က ဖော်ပြသည်။ 

မြို့တော် ဒမတ်စကတ် အရှေ့ဘက်ရှိ ဆင်ခြေဖုံး ရပ်ကွက်တွင် အဆိပ်ငွေ့ ပါရှိသည့် ဓာတုလက်နက် အသုံးပြုကာ တိုက်ခိုက်မှု တစ်ရပ် သြဂုတ်လ ၂၁ ရက်နေ့က ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၂၀၀ ကျော်ခန့် သေဆုံးခဲ့သည်ဟု အစပိုင်းတွင် သတင်း ထွက်ပေါ်ခဲ့သော်လည်း သြဂုတ်လ ၂၂ ရက်နေ့တွင်မူ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူပေါင်း ၁၃၀၀ ခန့် သေဆုံး ခဲ့ရသည်ဟု အတိုက်အခံများက စွပ်စွဲ ပြောဆိုခဲ့သည်။ 

အဆိုပါ စွပ်စွဲချက်များ၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ်ကို ဂရုတစိုက် လေ့လာသွားရန် လိုအပ်သလို ရှင်းရှင်းလင်းလင်း သိရှိရန်လည်း လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုထားသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့ အစိုးရများကို တုန်လှုပ်စေ ခဲ့သည့် ဆီးရီးယားနိုင်ငံ၏ ဖြစ်စဉ်တွင် အာဏာရှင်သမ္မတ ဘာရှား အာဆတ် အစိုးရ တပ်ဖွဲ့ဝင်များ ဘက်က ဓာတု အဆိပ်လက်နက် အသုံးပြုခဲ့ရိုး မှန်သည် ဆိုပါက ပြင်းထန်သည့် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံ တို့က သတိပေး ခြိမ်းခြောက်လိုက်ကြောင်း ဗြိတိန် မီဒီယာများ က ရေးသား ဖော်ပြသည်။

လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အတိုက်အခံ သူပုန်များက စွပ်စွဲ ပြောဆိုထားသော ဆီးရီးယား ဓာတု အဆိပ်လက်နက်ဖြင့် တိုက်ခိုက်ခံ ရမှုနှင့် ပတ်သက် ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့သည် စနေနေ့က မိနစ် ၄၀ ကြာမျှ တယ်လီဖုန်း ဖြင့် ဆွေးနွေး ပြောဆိုကြသည်။

ထိုသို့ ပြောဆိုရာတွင် ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှုအတွက် တုံ့ပြန်မှု တစ်ရပ် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်ဟူသော အချက်ကို ၎င်းတို့နှစ်ဦး သဘောတူညီခဲ့ကြသည်ဟု Guardian သတင်းစာက ရေးသား ဖော်ပြသည်။

တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်

Photo: တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်

ရန်ကုန်၊ သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် အဿကလမ်းနှင့် ၂၅ လမ်းထိပ်တွင်  သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အနှေးယာဉ် (ဆိုက်ကား) ပေါ် လိုက်ပါလာသော အသက် ၄၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၏ မျက်နှာကို အမျိုးသား တစ်ဦးက ဓားဖြင့် ရုတ်တရက် လှီးကာ အကြမ်းဖက်ခံရသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်  လုံခြုံရေးအရေးပေါ် တိုးမြှင့်ထားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။ 

ယင်းနေ့ ညနေပိုင်း မြို့နယ် ရဲစခန်းရှေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်း လုံခြုံရေးအဖြစ် ရဲလုံခြုံရေး ရှေ့ပြေးယာဉ် ရှစ်စီးခန့်နှင့် လုံခြုံရေးယာဉ် နှစ်စီး တို့ဖြင့် တိုးမြှင့်ထားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။
 
ဒေါ်ချိုချိုဝင်းသည် (၁၃) ရပ်ကွက် အနော်မာလမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း တွင် စာသင်ကြားနေသည့် သားကို ကျောင်းသွားကြိုရာ လမ်းခုလတ်တွင် မျက်နှာကို ဓားဖြင့် အလှီးခံရ သာကြောင့် ၎င်း၏ ညာဘက် ပါးတွင် ဒဏ်ရာ ရရှိကာ ၁၆ ချက် ချုပ်ရကာ သင်္ဃန်းကျွန်း မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဆိုက်ကားရှေ့ကနေ တစ်ယောက်က ပိတ်ရပ်တယ်။ နောက်တစ်ယောက် က ဘေးမှာ တွေ့လို့ လှည့်ကြည့်လိုက်တော့ လက်မနဲ့ လက်ညှိုးကြား ညှပ်ထားတဲ့ ဘလိတ်ဓားလို ဟာမျိုးနဲ့ မျက်နှာကို ဆွဲခြစ်မိပြီး ပူခနဲ ဖြစ်သွား တယ်။ မျက်နှာသာ မလှည့်မိရင် လည်ပင်းများ လှီးမလား မသိဘူး” ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ဓားဖြင့်လှီးသူ အမျိုးသား နှစ်ဦးသည်  ဓားဖြင့် လှီးပြီးနောက် ထွက်ပြေးခဲ့ရာ အနှေးယာဉ် မောင်းသူသည် အသက်အရွယ် ကြီးရင့်သဖြင့် စတင် ဖြစ်ပွားချိန်၌ ရုတ်တရက် မှင်တက်နေခဲ့ကြောင်း၊  ပုံမှန် လူပြတ်ခြင်း မရှိသော အဆိုပါလမ်းတွင် ဖြစ်ပွားချိန်၌ လူပြတ်နေခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း အဿက ၂၅ လမ်းတွင် နေထိုင်သူ ဦးသိန်းလွင် က ပြောကြားသည်။
 
“ထွက်ပေါက် လမ်းတွေကိုလည်း သိနေတယ်။ ဆေးကြောင်နေတဲ့သူဆိုရင် တစ်ယောက်ကိုလုပ်ပြီးရင် နောက်တစ်ယောက်ကို ထပ်လုပ်ဖို့ ဝန်မလေးဘူး။ ဘာတစ်ခွန်းမှ မပြောဘဲ ဒီလို လုပ်သွားတာ စဉ်းစားစရာပဲ” ဟု ဒေါ်ချိုချိုဝင်းနှင့် မောင်နှမ တော်စပ်သူ ဦးဇော်ဝင်းက  သုံးသပ်သည်။

ယင်းနေ့ ညနေ ၅ နာရီက (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ရပ်ကွက်တွင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖြေကြားနိုင်ခြင်း မရှိကြောင်းနှင့် မြို့နယ် ရဲစခန်းကို သာ မေးမြန်းပါရန် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အမျိုးသမီးမျက်နှာ ဓားလှီးခံရမှုနှင့် ပတ်သက်၍ (ပ) ၃၁၂/၁၃၊ ပြစ်မှု ပုဒ်မ ၃၂၆၊ ၃၄၁၊ ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ပြစ်မှု ကျူးလွန်သူများကို စုံစမ်းလျက်ရှိကာ  ၎င်းတို့ နှစ်ဦးထဲမှ တစ်ဦးသည် အိန္ဒိယနွယ်ဖွားနှင့် ဆင်တူကြောင်း တောင်ဥက္ကလာပ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် အဿကလမ်းနှင့် ၂၅ လမ်းထိပ်တွင် သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အနှေးယာဉ် (ဆိုက်ကား) ပေါ် လိုက်ပါလာသော အသက် ၄၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၏ မျက်နှာကို အမျိုးသား တစ်ဦးက ဓားဖြင့် ရုတ်တရက် လှီးကာ အကြမ်းဖက်ခံရသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးအရေးပေါ် တိုးမြှင့်ထားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။

ယင်းနေ့ ညနေပိုင်း မြို့နယ် ရဲစခန်းရှေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်း လုံခြုံရေးအဖြစ် ရဲလုံခြုံရေး ရှေ့ပြေးယာဉ် ရှစ်စီးခန့်နှင့် လုံခြုံရေးယာဉ် နှစ်စီး တို့ဖြင့် တိုးမြှင့်ထားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

အမေ့ခံ ရန်ကုန်မြို့ လူငယ်များ

Photo: အမေ့ခံ ရန်ကုန်မြို့ လူငယ်များ

အယ်ဒီတာတစ်ဦး

ရန်ကုန်မြို့လယ် အချက်အချာကျသည့် ကုန်တိုက်ကြီးတစ်ခု နောက်တွင် စကိတ်ဘုတ်ပြား စီးသည့် လူငယ်တစ်စု ကစားနေကြသည်။ မွန်းလွဲ နေရောင်အောက်တွင် အက်ကွဲနေသည့် ကွန်ကရစ် လမ်းပေါ်၌ သူတို့အရိပ်တွေ လှုပ်ရှား ယိမ်းထိုးနေသည်။ စကိတ်စီးသည့် နေရာအဖြစ် သီးခြား လာဆောက်ပေးထားသည့် ဤနေရာတွင် သစ်သားတန်းများ၊ သံချေး တက်နေသည့် ရထားသံလမ်း အရံအတားများ ရှိနေပြီး ကားတာယာ သုံးလုံးကို ဆင့်ထားသည့် အပေါ်သို့ စကိတ်သမား တစ်ယောက်က ခုန်ကျော်လိုက်သည်။

မြို့တော် ဗဟိုကုန်တိုက်ကြီးဆီမှ ခပ်ဝဝ လုံခြုံရေး တစ်ယောက်က ထိုစကိတ်စီးနေသည့် အုပ်စုကို သင်္ကာမကင်းစွာနှင့် လှမ်းကြည့်နေသည်။ သူက မျက်လုံးကို မှေးပြီး နာရီကို ကြည့်လိုက်သည်။ ကုန်တိုက်က ည ၉ နာရီတွင် ပိတ်မည်။ ထိုအချိန်ကျမှ ကောင်လေးတွေကို မောင်းထုတ်ရမည်။

ဖရိုဖရဲ ပျက်စီးလုနီးပါး ဖြစ်နေသော ဤစကိတ်ကွင်းသည် လူငယ်တို့အတွက် ဒုတိယ အိမ်ဂေဟာ ဖြစ်သည်။ သူတို့မှာ အနားယူ အပန်းဖြေချိန် အတွက် ရွေးချယ်စရာတွေက နည်းပါးလှသည်။ ပျက်စီးနေသည့် လမ်းမကြီး များ၊ ချိုင့်ကျင်းများနှင့် ပြည့်နေသည့် လမ်းမကြီးများပေါ်တွင် သူတို့ စကိတ်စီးရန် ဆိုသည်မှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့တော်ကြီး ဖြစ်သည့် ရန်ကုန်မြို့က စကိတ်ဘုတ်စီးသူတို့ ဘဝသည် လက်ရှိ အနေအထားတွင် တိုက်ပွဲ ဆင်နွှဲကာ စီးကြရမည့် အနေအထားတွင် ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ကို မြို့ထဲတွင် လက်ခံမည့် အနေအထားမရှိ။ ထို့ကြောင့်လည်း လူထု နှင့် ဝေးရာ စကိတ်ကွင်းသို့ သူတို့ကို မောင်းထုတ် ထားခြင်း ဖြစ်သည်။

သူတို့ ဝါသနာပါသည့် စကိတ်ဘုတ် စီးရန် နေရာ တစ်နေရာရရေး သူတို့ အများကြီး ကြိုးပမ်းကြရ ပေလိမ့်မည်။ မြန်မာ့ အစဉ်အလာက သူတို့ ဓလေ့ကို လက်ခံလာရန် အများကြီး ကြိုးပမ်းရဦးမည်။

Youth of Yangon ဆိုသည့် မှတ်တမ်း ရုပ်ရှင်ကားလေး တစ်ကား ထွက်လာ သည်။ ထိုရုပ်ရှင်ကား ထဲတွင် ရန်ကုန်မြို့ရှိ စကိတ်ဘုတ် စီးသူ လူငယ်လေး များ၏ ဘဝကို မှတ်တမ်းတင်ထားသည်။ သူတို့သည် တရားမဝင် မြေအောက် လှုပ်ရှားမှု အသွင်နှင့်လည်း စကိတ်စီးကြသည်။ လမ်းတွေပေါ် တက်ကာ ပြောင်ပြောင်တင်းတင်း စကိတ်စီးကြပုံများကို မှတ်တမ်းတင်ထားသည်။ ထိုရုပ်ရှင်ကို ဗြိတိန်နိုင်ငံက Jamesm Holman, Ali Drummond နှင့် Toby Mills တို့ သုံးဦးက လာရောက် မှတ်တမ်းတင် ရိုက်ကူးကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ 

“မြန်မာပြည်က အလျင်အမြန် ပြောင်းလဲနေတယ်။ အဲဒီ ပြောင်းလဲမှုမှာ ကျွန်တော်တို့လည်း ပါချင်တယ်” ဟု စကိတ်သမား တစ်ဦးဖြစ်သူ အာကာဘိုက ဆိုသည်။

မှတ်တမ်းရုပ်ရှင် အစပိုင်းတွင် ရန်ကုန်မြို့လယ် ဖေဖော်ဝါရီလ မြင်ကွင်း ကို ဖော်ကျူးထားသည်။

“ကျွန်တော်တို့ အရင်က မလုပ်နိုင်ခဲ့တာတွေကို ကျွန်တော်တို့ လုပ်ပြချင် တယ်။ အဲဒါ ကျွန်တော်တို့ ဆန္ဒပဲ။ ကျွန်တော်တို့ဟာ ရန်ကုန်မြို့က လူငယ်တွေပါ”

ရုပ်ရှင်အစပိုင်း မြင်ကွင်းကို စကိတ်စီးသမား အုပ်စု တစ်စုနှင့် ဖွင့်ထားသည်။ လူသူ ကင်းမဲ့နေသည့် လမ်းမီးတိုင် အလင်းရောင်၏ ရှေ့တည့်တည့်တွင် ရန်ကုန်ရောက်တိုင်း ကမ္ဘာလှည့် ခရီးသွားများ ဦးတိုက်ရလေ့ ရှိသည့် ရွှေတိဂုံ စေတီတော်ကြီးကို ဖူးတွေ့ရသည်။ လူ နှစ်ဆယ်ခန့် ရှိမည့် အုပ်စု တစ်စုသည် တံဆိပ်ပါ တီရှပ်နှင့် မြန်မာတို့ ရိုးရာ ဝတ်ဆင်လေ့ရှိသည့် လုံချည်အစား ခပ်ကျပ်ကျပ် ဂျင်းဘောင်ဘီများကို ဝတ်ဆင်ထားကြသည်။

စကိတ်သမားများ ကျက်စားလေ့ရှိသည့် နေရာမှာ သုဝဏ္ဏစကိတ်ကွင်းဖြစ်ပြီး မြို့ပြင် တစ်နေရာ ပွဲများ ကျင်းပသည့် ခန်းမဆောင် တစ်ခုအနီးတွင် ရှိသည်။ ၁၉၉၄ ခုနှစ်ကတည်းက ထိုကွင်းကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သော်လည်း စကိတ်သမားနှင့် သိပ်အဆင်မပြေလှပေ။ သူတို့က ကွန်ကရစ် ဆင်ခြေလျှော လမ်းများ၊ စကိတ်လမ်းများကို သူတို့စိတ်ကြိုက် ဖောက်လုပ် ရန် တောင်းဆိုသော်လည်း ခွင့်မပြုခဲ့။ ၂၀၁၂ ခုနှစ် မေလတွင် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ စကိတ်ကွင်းကို ဖျက်လိုက်သည်။ 

ယခု မြို့တော် ဗဟိုကုန်တိုက် အနောက်တွင် ရှိနေသည့် စကိတ်စီးနေ သည့် နေရာကလည်း အဆောင်အယောင် အပြင်အဆင် ဘာတစ်ခုမှ မရှိသည့် နေရာသာ ဖြစ်သည်။ ထိုစကိတ်ကွင်းသည် ကုန်တိုက်နှင့် အနီးဆုံး နေရာတွင် ရှိနေပြီး ခြံစည်းရိုးများ ခတ်ထားသည့် နေရာဖြစ်ကာ ကုန်တိုက် ဖွင့်ချိန် အတွင်းသာ ကစားခွင့်ရှိသည် ဆိုသည့်သဘော ဖြစ်သည်။ ဤနေရာသည်သာ သူတို့ကို ကုန်တိုက်လာသူတွေက စိတ်ဝင်စား လျှင် စောင့်ကြည့်နိုင်သည့် နေရာ တစ်နေရာ ဖြစ်သည်။

“သူတို့ လိုအပ်တာတွေကို ဘယ်သူကမှလည်း ထောက်ပံ့ပေးကြတာ မဟုတ်ဘူး။ လိုအပ်တဲ့ ပစ္စည်းတွေလည်း ဘာမှ ရှိကြတာ မဟုတ်ဘူး။ ဒါနဲ့တောင် စကိတ်စီးသူတွေ အများကြီး ဖြစ်လာတယ်” ဟု ရုပ်ရှင် ရိုက်ကူးသည့် ဂျိမ်းစ်ဟိုးမန်းက ပြောကြားသည်။

ရုပ်ရှင်ထဲ အဖွင့်ညတွင် ပန်းဆိုးတန်း ပန်းချီပြခန်းကို တွေ့ရသည်။ ပန်းဆိုးတန်းလမ်း ဒုတိယထပ်ရှိ ဆေးများ ကွာနေသော ထိုအခန်းထဲရှိ နံရံပေါ်တွင် စကိတ်စီးသမားများ၏ အဖြူအမည်း ဓာတ်ပုံများကို ပြသထား သည်။ ထိုဓာတ်ပုံပြပွဲကို  ‘ရန်ကုန်မြို့က စကိတ်သမားများ’ ဟု အမည်ပေး ထားသည်။ ဗြိတိန် ဓာတ်ပုံဆရာ ဟင်နရီ ကင်းစ်ဖို့ဒ်က စီစဉ် ပြသခဲ့ခြင်း ဖြစ် သည်။ သူ့ပုံများထဲတွင် လူငယ် စကိတ်သမားများသည် လေထဲတွင် စကိတ် စီးပြီး ဝဲပျံနေပုံများကို ရိုက်ထားသည်။ သူတို့ မျက်နှာများတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်၊ ဂုဏ်ယူမှု အပြည့်နှင့် ဖြစ်နေကြသည်။

စကိတ်သမားတွေကို ထောက်ခံသည့် အဖွဲ့အစည်းများ၊ NGO အဖွဲ့များ ရှိနေသည်။ စကိတ်သမား တွေက သူတို့ကို အားကစား ဝန်ကြီးက လက်ခံပြီး နေရာလေး တစ်နေရာ သတ်မှတ်ပေးစေချင်သည်။ ဗြိတိန်ရှိ အမည်မဖော်သော အဖွဲ့အစည်း တစ်ခုကလည်း စကိတ်ကွင်းကို အစိုးရက ခွင့်ပြုလျှင် အခမဲ့ တည်ဆောက်ပေးမည်ဟု ကတိပေးထားသည်။ သူတို့ကို ထောက်ခံသည့် ယခင် အားကစား ဝန်ကြီး ဌာနတွင် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်သွားသူ ဗိုလ်ချုပ် တစ်ဦးလည်း ရှိသည်။ ထိုသူက သူတို့ ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုသည်။ သူတို့က မြန်မာနိုင်ငံ စကိတ်ဘုတ်အဖွဲ့ တရားဝင် ပေါ်ပေါက်လာပြီး နိုင်ငံ တကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လိုကြသည်။

“ဒီဓာတ်ပုံပြပွဲကြောင့် ကျွန်တော်တို့ကို ပြည်တွင်းကနေ ဝိုင်းဝန်း ထောက်ပံ့ လာကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က နိုင်ငံတကာနဲ့ အညီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နေကြချိန်မှာ ကျွန်တော်တို့ စကိတ်ဘုတ် လည်း အဲဒီအထဲမှာ ပါစေချင်ပါတယ်” ဟု အသက် ၂၆ နှစ်အရွယ်ရှိ ရန်ကုန်မြို့တွင် နေထိုင်ပြီး ဤလှုပ်ရှားမှုတွင် ဦးဆောင်သည့် ရဲဝင့်ကိုက ပြောကြားသည်။ 

ရဲဝင့်ကိုသည် အထက်တန်းကျောင်းသား ဘဝကတည်းက စကိတ် စတင် စီးသူ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် Speed Ring စကိတ်ဘုတ် ကလပ်သို့ ဝင်သည်။ ထိုကလပ်သည် တရားမဝင် ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်ပြီး အသင်း ဝင်ကြေးအဖြစ် တစ်နှစ် ၁၀ ဒေါ်လာ ကောက်ခံသည်။ ထိုငွေမှာ လည်း အရည်အသွေး ပိုကောင်းသည့် စကိတ်ဘုတ်များ အခြား လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ကောက်ခံခြင်း ဖြစ်သည်။ လက်ရှိ ထိုကလပ်တွင် လူငယ် ၄၀ ဦးခန့် ရှိပြီး ဆက်လက် ကြီးထွားလာရန် အလားအလာရှိသော အဖွဲ့လည်း ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်ရန် မြန်မာပြည်ရှိ ပညာရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသော ဗြိတိန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဗြိတိသျှ ကောင်စီက ရန်ပုံငွေအချို့ စိုက်ထုတ်ပေးထားသည်။

“အထောက်အပံ့ ပေးတယ် ဆိုတာပဲ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က လူငယ်တွေနဲ့ အလုပ် လုပ်နေကြရတာ မဟုတ်လား။ လူငယ်တွေက သူတို့ဘဝတွေ၊ ဖန်တီးချင်တာတွေကို ထုတ်ဖော် ပြသဖို့ ထိန်းချုပ် ခံထားရတာ မဟုတ်လား။ စကိတ်ဘုတ်ဟာ သူတို့အတွက် ဒီလို ဖော်ထုတ် ပြသဖို့ အကောင်းဆုံး ဖြစ်တယ်လေ” ဟု ဗြိတိသျှကောင်စီ မြန်မာပြည်၏ ဒါရိုက်တာ ကီဗင်မက်ကင်ဇီက ပြောကြား သည်။

“နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ မြန်မာပြည်မှာ က ပြောင်းလဲနေပါတယ်။ အရာရာကို လမ်းတွေ ဖွင့်ပေးထားတယ်။ ထိန်းချုပ်ထားတယ်ဆိုတာ နည်းနည်းတော့ ရှိတယ်။ ခုဆိုရင် ပြည်သူ တွေ လုပ်ချင်တာကို စိုးရိမ် ကြောက်ရွံ့မှု မရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်ချိန် ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဟိုးမန်းနှင့် ဒရမ်မောင်းတို့ ကိုယ်တိုင်က စကိတ်သမားများ ဖြစ်ကြသည်။ ၂၀၀၉ ခုနှစ်လောက် ကတည်းက သူတို့ မှတ်တမ်း ရုပ်ရှင်များကို ရန်ကုန်နှင့် မန္တလေးတို့တွင် ရိုက်ကူးခဲ့သည်။ နိုင်ငံ၏ နိုင်ငံရေး အခြေအနေအရ တိုင်းပြည်အတွင်း လူသိနည်းနေသည့် စကိတ် အားကစားကို သူတို့က လူသိအောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

၁၉ မိနစ် ဇာတ်လမ်းတိုလေး ဖြစ်သည့် 'Altered Focus: Burma' ဟု အမည်ပေးထားသော ရုပ်ရှင်ကားလေးသည် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာ စကိတ်ဘုတ် ရုပ်ရှင် ပြိုင်ပွဲ၌ အကောင်းဆုံး လွတ်လပ်သည့် ဖန်တီး ထုတ်လုပ်ဆုကို ရရှိခဲ့သည်။

ဟိုးမန်းနှင့် ဒရမ်မောင်းတို့သည် လက်ရှိ မှတ်တမ်း ဓာတ်ပုံများကို ကမ္ဘာ အနှံ့ရှိ ပြပွဲများတွင် လိုက်လံ ပြသရန် ကြိုးပမ်းနေကြသည်။ မေလ ၁၁ ရက်နေ့တွင် 'Youth of Yangon' ကို သူတို့ ပြသခဲ့သည်။ 

ထိုရုပ်ရှင်တွင် ပါဝင်သည့် မြန်မာ လူငယ်များသည် ထိုခေတ် နိုင်ငံရေး အခြေအနေအရ ထိန်းထိန်း သိမ်းသိမ်း ပြောဆိုနေရသည်။ ရန်ကုန်နေ အသက် ၂၃ နှစ်အရွယ်ရှိ ညီညီနိုင်ဆိုလျှင် အစိုးရအနေနှင့် လူငယ်များကို အကူအညီပေးရန် ပြောနေသည်မှာ မဝံ့မရဲ ရှိလှသည်။

“တခြား တိုင်းပြည်တွေမှာ ဆိုရင် စကိတ်သမားတွေ အများကြီး တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အစိုးရက အထောက်အပံ့ ပေးလို့ပေါ့။ ကျွန်တော် ကတော့ မျိုးဆက်သစ်တွေအတွက် စကိတ်ကွင်း အသစ်တွေ ဆောက်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ညီညီနိုင်က ဆိုသည်။ သူသည် စင်ကာပူနိုင်ငံ တက္ကသိုလ်တွင် ကျောင်းတက်ခဲ့သူ ဖြစ်သောကြောင့် ထိုနိုင်ငံ တွင် ရှင်သန်နေသည့် စကိတ်စီးခြင်းကို ဤနိုင်ငံနှင့် နှိုင်းယှဉ်ပြောဟန် တူသည်။ 

Ref: On the Deck, by Katie DeRosa and Photography by James Holman, Globe, May, 2013

ရန်ကုန်မြို့လယ် အချက်အချာကျသည့် ကုန်တိုက်ကြီးတစ်ခု နောက်တွင် စကိတ်ဘုတ်ပြား စီးသည့် လူငယ်တစ်စု ကစားနေကြသည်။ မွန်းလွဲ နေရောင်အောက်တွင် အက်ကွဲနေသည့် ကွန်ကရစ် လမ်းပေါ်၌ သူတို့အရိပ်တွေ လှုပ်ရှား ယိမ်းထိုးနေသည်။ စကိတ်စီးသည့် နေရာအဖြစ် သီးခြား လာဆောက်ပေးထားသည့် ဤနေရာတွင် သစ်သားတန်းများ၊ သံချေး တက်နေသည့် ရထားသံလမ်း အရံအတားများ ရှိနေပြီး ကားတာယာ သုံးလုံးကို ဆင့်ထားသည့် အပေါ်သို့ စကိတ်သမား တစ်ယောက်က ခုန်ကျော်လိုက်သည်။

မြို့တော် ဗဟိုကုန်တိုက်ကြီးဆီမှ ခပ်ဝဝ လုံခြုံရေး တစ်ယောက်က ထိုစကိတ်စီးနေသည့် အုပ်စုကို သင်္ကာမကင်းစွာနှင့် လှမ်းကြည့်နေသည်။ သူက မျက်လုံးကို မှေးပြီး နာရီကို ကြည့်လိုက်သည်။ ကုန်တိုက်က ည ၉ နာရီတွင် ပိတ်မည်။ ထိုအချိန်ကျမှ ကောင်လေးတွေကို မောင်းထုတ်ရမည်။

ဖရိုဖရဲ ပျက်စီးလုနီးပါး ဖြစ်နေသော ဤစကိတ်ကွင်းသည် လူငယ်တို့အတွက် ဒုတိယ အိမ်ဂေဟာ ဖြစ်သည်။ သူတို့မှာ အနားယူ အပန်းဖြေချိန် အတွက် ရွေးချယ်စရာတွေက နည်းပါးလှသည်။ ပျက်စီးနေသည့် လမ်းမကြီး များ၊ ချိုင့်ကျင်းများနှင့် ပြည့်နေသည့် လမ်းမကြီးများပေါ်တွင် သူတို့ စကိတ်စီးရန် ဆိုသည်မှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။

အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ကို ဆန္ဒပြသူများအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် ရုံးတင်

Photo: အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ကို ဆန္ဒပြသူများအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် ရုံးတင်

ကိုင်ရို၊ သြဂုတ် ၂၆

လွန်ခဲ့သော ရက်ပိုင်းက အီဂျစ် တရားရုံးက လွှတ်မိန့် ပေးခဲ့ပြီး အကျဉ်းထောင်မှ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ၂၀၁၁ ခုနှစ်က လူထု ဆန္ဒပြမှုများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က တရားရုံးတွင် အမှု စစ်ဆေးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ်က လူထုဆန္ဒပြမှု များကို သတ်ဖြတ်ခဲ့မှုဖြင့် ယမန်နှစ်က ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့သော် လည်း အယူခံ ဝင်ခဲ့ပြီးနောက် အဆိုပါအမှုကို ပြန်လည် စစ်ဆေးရန် အမိန့် ချမှတ်ထားစဉ် ယခုကဲ့သို့ ပြန်လည် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းက အကျဉ်းထောင်တွင် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ပြန်လွှတ်ပေးရန်နှင့် ၂၀၁၁ ခုနှစ်က ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုကို ပြန်လည် စစ်ဆေးရန် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းလည်း ဖြစ်သည်။

အသက် ၈၅ နှစ်အရွယ် ရှိပြီဖြစ်သော အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ် လူထုဆန္ဒပြမှုများဖြင့် ဖြုတ်ချခံရပြီးနောက် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။

အာဏာရှင် သမ္မတဟောင်း မူဘာရက်၏ ကျန်းမာရေး အခြေအနေသည် ၎င်းဖမ်းဆီးခံထားရချိန်နှင့် တရားရုံးတွင် အမှုစစ်ဆေးမှု ခံထားရချိန် ကာလတွင် လူအများအတွက် အငြင်းပွားစရာကိစ္စ ဖြစ်လာခဲ့သည်။

အီဂျစ် သမ္မတဟောင်း မူဘာရက်သည် အာဏာ စွန့်ခဲ့ရပြီးနောက် နှလုံး ရုတ်တရက် တိုက်ခိုက်ခံ ရသည့် ဝေဒနာ ခံစားခဲ့ရပြီး တရားရုံးတွင်မူ စစ်ဆေးမှု ခံနိုင်သည့် ကျန်းမာရေး အခြေအနေ မရှိကြောင်း ၎င်းက ပြောကြားထားသည်။

၎င်းကဲ့သို့ပင် လွန်ခဲ့သော ရက်ပိုင်းက ဖမ်းဆီးခံထားရသော မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘာဒီ၏ အမှုကိုလည်း တနင်္ဂနွေနေ့က စတင် ရုံးတင် စစ်ဆေးခဲ့ရာ မိုဟာမက် ဘာဒီမှာမူ တရာရုံးသို့ ရောက်လာခဲ့ခြင်း မရှိပေ။

၎င်းသည် မူဘာရက်ပြီးနောက် လူထု ထောက်ခံမှုဖြင့် တက်လာသော မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဝင် တစ်ဦးဖြစ်သော အီဂျစ် သမ္မတဖြစ်သူ မိုဟာမက် မော်စီကို အီဂျစ် စစ်တပ်က ရာထူးမှ ဖယ်ရှားခဲ့ ပြီးနောက် ဖြစ်ပေါ်လာသော အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်မှုဖြင့် ဖမ်းဆီး ခံထားရသည်။

လွန်ခဲ့သော သီတင်းပတ်က မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့၏ စိတ်ဓာတ်ရေးရာ ခေါင်းဆောင် မိုဟာမက် ဘာဒီကိုသာမက၊ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့၏ လှုပ်ရှားမှုများကို ထောက်ခံသော သဘောထား တင်းမာသည့် ဘာသာရေး တရားပြဆရာ Safwat Hegazy ကိုလည်း အီဂျစ်စစ်တပ်က ဖမ်းဆီးခဲ့သည်။

အီဂျစ် စစ်တပ်သည် သမ္မတ မော်စီကို ရာထူးမှ ဖယ်ရှားပြီးနောက် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဝင် ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။
ကိုင်ရို၊ သြဂုတ် ၂၆

လွန်ခဲ့သော ရက်ပိုင်းက အီဂျစ် တရားရုံးက လွှတ်မိန့် ပေးခဲ့ပြီး အကျဉ်းထောင်မှ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ၂၀၁၁ ခုနှစ်က လူထု ဆန္ဒပြမှုများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က တရားရုံးတွင် အမှု စစ်ဆေးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ်က လူထုဆန္ဒပြမှု များကို သတ်ဖြတ်ခဲ့မှုဖြင့် ယမန်နှစ်က ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့သော် လည်း အယူခံ ဝင်ခဲ့ပြီးနောက် အဆိုပါအမှုကို ပြန်လည် စစ်ဆေးရန် အမိန့် ချမှတ်ထားစဉ် ယခုကဲ့သို့ ပြန်လည် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းက အကျဉ်းထောင်တွင် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ပြန်လွှတ်ပေးရန်နှင့် ၂၀၁၁ ခုနှစ်က ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုကို ပြန်လည် စစ်ဆေးရန် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းလည်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis