menu

Tuesday 11 September 2012

မုံရွာမြို့တွင် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၄၄ထုတ်ပြန်

စက်တင်ဘာလ ၁၀ရက်နေ့တွင် မုံရွာမြို့ အမှတ် (၁)ရဲစခန်း၌ လယ်ယာမြေမတရားသိမ်းဆည်းခံရခြင်းကြောင့် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရား တွင် လာရောက်ဆုတောင်းသည့် ဆားလင်းကြီးမြို့နယ် ဝက်မှေးတောင်သူ (၁၂)ဦးအား ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁၁ရက်နေ့ မနက် ၂နာရီကျော်တွင် ၁၀ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံရရသူ တောင်သူအမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"အထဲမှာ ဆုတောင်းပွဲကို ဦးဆောင်တဲ့ မသဲ့သဲ့ဝင်းအပါအဝင် ကျွန်မတို့ ၁၂ယောက်ကို ဖမ်းဆီးပြီး အချုပ်ထဲမှာ အကြမ်းဖက်နှိပ်စက်တာတွေ လုပ်တယ်။ မနက် ၂နာရီမှာ ကျွန်မတို့ ၁၀ယောက်ကို ပြန်လွှတ်ပေးတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရား၌ လာရောက်ဆုတောင်းမှုပြုလုပ်သူများတွင် တောင်သူအမျိုးသမီး ၁၂ဦး ဖမ်းဆီးထိန်းသိမ်းခံရ သည့်အချိန်မှစ၍ အဆိုပါ ဖမ်းဆီးထားသည့် ရဲစခန်းရှေ့၌ မုံရွာမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂအဖွဲ့နှင့် လက်ပံတောင်းတောင်ခြေမှ လယ် သမားအချို့အပါအဝင် အင်အား ၁၈၀၀ကျော်မှ ဆန္ဒပြမှုများအား စက်တင်ဘာလ ၁၁ရက်နေ့အထိ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ယင်းသို့ ဆန္ဒပြလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်သည့် မုံရွာခရိုင်ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့ ညနက်ပိုင်းအချိန်တွင် ၎င်းတို့၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုအောင်မြင့်ဦးအား ပြန်လည်လွှတ်ပေးရန်ဆိုသည့် တောင်းဆိုချက်တစ်စောင်နှင့် သဘော ထားထုတ်ပြန်ချက်တစ်စောင်တို့အား အသီးသီးထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့ ဗကသများအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

"ဒီ အမှတ် (၁)ရဲစခန်းက ဖမ်းတဲ့အထဲမှာ ရဲစခန်းရှေ့မှာ ဦးဆောင်ဆန္ဒပြတဲ့ မုံရွာက ဗကသအဖွဲ့ချုပ်က အဖွဲ့ဝင် ကိုအောင်မြင့်ဦးကိုလည်း စက်တင်ဘာလ ၁၀ရက်နေ့ ညနက်ပိုင်းမှာ လာဖမ်းသွားတယ်။ ပြီးတော့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သြဂုတ်လ ၃၁ရက်နေ့မှာလည်း ကိုဝေဋ္ဌုကို ဖမ်း ထားသေးတယ်။ အဲဒီလို ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်တွေကိုလုပ်ပြီး ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အခုလိုမျိုး သဘောထားကြေညာချက် ထုတ်လိုက်တာပါ "ဟု ၎င်းက ပြောကြားသည်။

အဆိုပါ မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်း၌ ဖမ်းဆီးခဲ့သည့် လယ်သမားအမျိုးသမီး ၁၂ဦးအနက် ၁၀ဦးအား ပြန်လည်လွှတ်ပေးခဲ့ရာ ယင်းဆု တောင်းမှုနှင့် ဆန္ဒပြမှုအား ဦးဆောင်ပြုလုပ်၍ ကျန်ရှိနေသည့် မသဲ့သဲ့ဝင်း၊ မအေးနက်၊ ကိုအောင်မြင့်ဦးနှင့် သြဂုတ်လ ၃၁ရက်နေ့တွင် ကြေးနီစီမံကိန်း ကြောင့် လယ်သမားများနှင့် မြေသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဋ္ဌုအား ပုဒ်မ ၂၉၅(က) ၁၁၇ဖြင့် အမှုဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းများရှိသောကြောင့် ၎င်းတို့အား ပြန်လည်လွှတ်ပေးရန်အတွက် စက်တင်ဘာလ ၁၁ရက်နေ့တွင် ဆက်လက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

"အခုလိုဆန္ဒပြလို့ဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို စက်တင်ဘာလ ၁၀ရက်နေ့ကနေစပြီး အောက်တိုဘာ လ ၃၁ရက်နေ့အထိ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ဆားလင်းကြီးနဲ့ ညောင်ပင်ကြီးကြားမှာရှိတဲ့ ကားလမ်းရယ်၊ မိုးကြိုးပြင်ကျေးရွာအုပ်စုရယ် ချောင်း တကာကျေးရွာနဲ့ ညောင်ပင်ကြီး ယင်းမာပင်ကားလမ်းတစ်လျှောက်ဆိုပြီး ပါတယ်"ဟု အဆိုပါဆန္ဒပြမှု၌ ပါဝင်လှုပ်ရှားသူ လက်ပံတောင်းတောင်သူတစ်ဦး က ဆိုသည်။

ယင်းသို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄အား စက်တင်ဘာလ ၁၀ရက်နေ့၌ပင် ထုတ်ပြန်ကြေညာ၍ အဆိုပါကြေညာချက်စာအား လိုက်လံဖြန့်ဝေ ခဲ့ကြောင်း သိရှိရပြီး မီးဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါရဲစခန်းရှေ့တွင် ဆန္ဒပြနေသည့် လက်ပံတောင်းတောင်မှ လယ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၁ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ယင်းသို့ဆန္ဒပြနေသည့်နေရာသို့ ရဲကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင် ဖြတ်သန်းမှု ကြောင့် ဆန္ဒပြနေသည့် တောင်သူလယ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားကာ ယင်းဖြစ်ရပ်အား မုံရွာမြို့နယ် တရားရုံးသို့ တရားဥပဒေအတိုင်း ဆောင်ရွက်ရန်အတွက် ဆန္ဒပြလှုပ်ရှားသူများမှ အမှုဖွင့်လျှောက်ထားကြောင်း သိရသည်။

ATM
Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis